အခန်း (၅၃၄-၅၃၅)
Vol. 46 Ch. 534-535
အခန်း ၅၃၄ တစ်ခါတလေ ကောင်းကောင်း ငိုလိုက်ရတာလည်း ကောင်းပါတယ်
"ကျေးဇူးတုံ့ပြန် လက်ဆောင်"
ကျန်းပေရန် မထင်ထားမိပေ။
လုနင်ရှန်သည် သူများအိမ်တွင် ခိုကပ်နေရသူ ဖြစ်သည်။
ဘာပစ္စည်းတွေ ပေးနိုင်မလို့လဲ။
လုနင်ရှန်က အလျင်စလို ရှင်းပြသည်။
"မဟုတ်ပါဘူး ကျွန်မ ပေးတာ မဟုတ်ပါဘူး ကျွန်မက..."
ယန်ကွမ်ချင်းက လက်ကာလိုက်သည်။
"မင်းက ရတနာတိုက်ထဲမှာ သူ့အတွက် လက်ဆောင် တစ်ခု ပေးချင်တယ်လို့ ပြောလို့ ငါက ပေးတာပါ ဒါကြောင့် မင်းပေးတာလို့ သတ်မှတ်လို့ ရတယ်"
ပြီးတော့ ကျန်းပေရန်ကို ကြည့်ပြီး ပြောလိုက်သည်။
"မင်း သိလား သူတို့ မိသားစုကို ခေါ်ထုတ်လာရတာ မလွယ်ဘူး အရှုံးခံပြီး လုပ်ပေးလိုက်ရတာ"
ကျန်းပေရန် ပြုံးလိုက်သည်။
"ဂိုဏ်းချုပ်ယန်က သဘောကောင်းလွန်းတယ် ချီတိုင်းပြည် ပြည်သူတွေအတွက် ကံကောင်းခြင်းပါပဲ"
လုနင်ရှန်လည်း ဂါရဝပြုလိုက်သည်။
"ဂိုဏ်းချုပ်ယန်က ကျွန်မတို့ မိသားစုကို ကယ်တင်ပေးခဲ့တာပါ ကျေးဇူးကြီးလှပါတယ်"
"ရပါတယ် ရပါတယ် ငါက ဒီကောင်လေးကို စနေတာပါ စိတ်ထဲ မထားပါနဲ့"
ထမင်းစားပြီးနောက် ယန်ကွမ်ချင်းက ကျန်းပေရန်ကို ခေါ်လိုက်သည်။
"လာ လက်ဆောင် သွားကြည့်ကြမယ်"
လုနင်ရှန်နှင့် ယန်ကွမ်ယွဲ့လည်း လိုက်ပါလာကြသည်။
စင်္ကြံလမ်း ၂ ခု ဖြတ်ကျော်ပြီးနောက် ခံတပ်ကြီး တစ်ခုရှေ့ ရောက်လာသည်။
အခြား အဆောက်အဦးများကဲ့သို့ပင် ဘယ်ညာ ညီညာစွာ ဆောက်လုပ်ထားသည်။
ကာကွယ်ရေး အစီအရင် ၃ ခု ဖွင့်ပြီးမှ ဝင်လို့ ရသည်။
အတွင်းပိုင်းက ခမ်းနားထည်ဝါလှသည်။
နံရံမှာ ချိတ်ထားတဲ့ လှံရှည် တစ်ချောင်းက အနက်ရောင်အဆင့် လက်နက် ဖြစ်ပုံရသည်။
"ကြိုက်တာ ရှိရင် ပြောနော် ဈေးလျော့ပေးမယ်"
"..."
ကပ်စေးနှဲကြီး
လက်ဆောင် ပေးမယ် ထင်နေတာ ရောင်းစားမလို့ ဖြစ်နေသည်။
"ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်ယန်"
"ဟားဟားဟား"
ရယ်မောပြီးနောက် သိုလှောင်ခန်းကြီး တစ်ခုထဲ ခေါ်သွားသည်။
"ဒီမှာ ရှိသမျှ အကုန်ပဲ ကြိုက်တာ ရွေး"
ကျန်းပေရန် ဝင်ကြည့်လိုက်သည်။
ဘုရင်ဟောင်းက တော်တော် ချမ်းသာတာပဲ
အနက်ရောင်အဆင့် အထက် လက်နက်တွေ အများကြီး ရှိသည်။
ယန်ကွမ်ချင်းက ပြုံးပြီး ကြည့်နေသည်။
"ဂိုဏ်းချုပ်ယန် ကံကောင်းတာပဲ ဂုဏ်ပြုပါတယ်"
ဘုရင် မိသားစုကို ကယ်တင်ပေးလိုက်ရပေမယ့် အကျိုးအမြတ် အများကြီး ရလိုက်ပုံရသည်။
"ဟားဟားဟား ကောင်းမှု ပြုရင် ကောင်းကျိုး ရတာပဲလေ ရွေးပါ ကြိုက်တာ ယူ"
ကျန်းပေရန်က တန်ဖိုးကြီးတာတွေ မယူဘဲ လိုအပ်တာကို ရှာဖွေလိုက်သည်။
အပြာရောင် ကျောက်တုံး တစ်တုံးကို တွေ့လိုက်ရသည်။
တောင်ဝူ အတွက် ကာကွယ်ရေး လက်နက် လုပ်ပေးဖို့ လိုအပ်နေသည်။
ဒီကျောက်တုံးက အဆင်ပြေမည့်ပုံရသည်။
"ဒီ အပြာရောင် နတ်ဆိုး ကျောက်တုံးကိုပဲ ယူပါရစေ"
"အားမနာနဲ့နော် ငါ တကယ်ပြောတာ ကြိုက်တာ ယူ"
"လက်နက် တစ်ခု လုပ်စရာ ရှိလို့ ဒါလေး လိုနေတာ အတော်ပဲ"
ပြီးတော့ လုနင်ရှန်ဘက် လှည့်ပြောလိုက်သည်။
"ကျေးဇူးပါပဲ အများကြီး အထောက်အကူ ဖြစ်တယ်"
"မလိုပါဘူး ရှင်... ကျွန်မ ဘာမှ မလုပ်ပေးရပါဘူး"
ကျန်းပေရန်က လုနင်ရှန် ပခုံးကို ပုတ်လိုက်သည်။
"အရာရာ အဆင်ပြေသွားမှာပါ"
ဒီစကား ကြားတော့ လုနင်ရှန် မျက်ရည် ကျလာသည်။
သုတ်လိုက်လေ ပိုထွက်လာလေ ဖြစ်နေသည်။
နောက်ဆုံးတော့ အော်ငိုလိုက်မိသည်။
မိသားစု လွတ်မြောက်သွားပေမယ့် ဖခင် ဆုံးပါးသွားတာကို သတိရပြီး ဝမ်းနည်းသွားခြင်း ဖြစ်သည်။
"ကျွတ်... သူများက လက်ဆောင် ပေးတာကို ငိုအောင် လုပ်ရလား"
ယန်ကွမ်ချင်းက အပြစ်တင်လိုက်သည်။
"တစ်ခါတလေ ကောင်းကောင်း ငိုလိုက်ရတာလည်း ကောင်းပါတယ်"
ယန်ကွမ်ချင်း သဘောပေါက်သွားသည်။
လုနင်ရှန်က စိတ်ဖိစီးမှုတွေ များနေခဲ့တာ ဖြစ်သည်။
လုနင်ရှန်က ယန်ကွမ်ယွဲ့နဲ့ သူငယ်ချင်း ဖြစ်သွားတာကို ယန်ကွမ်ချင်း သဘောကျနေသည်။
သမီးဖြစ်သူက သူငယ်ချင်း မရှိသလောက် ရှားပါးသည်။
လုနင်ရှန်ကြောင့် သမီးဖြစ်သူ ပျော်ရွှင်လာတာ မြင်ရတော့ ကျေးဇူးတင်မိသည်။
လုနင်ရှန် ငိုပြီးသွားတော့ ပြန်ထွက်လာကြသည်။
"ဒါနဲ့ ရှန့်တိုင်းပြည်နဲ့ ကုန်သွယ်ရေး ကိစ္စ အဆင်ပြေသွားပြီ နောက်ထပ် ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဖို့ ရှိတယ်"
"ဝူရာဂိုဏ်း ကိစ္စ ပြီးတော့မှာလား"
"အင်း ပြီးသင့်နေပြီ ကြာရင် ပြဿနာ တက်နိုင်တယ်"
ယန်ကွမ်ချင်းက နောက်ကွယ်ကနေ ကြိုးကိုင်နေပုံရသည်။
"လက်ဆောင်အတွက် ကျေးဇူးပါ"
ကျန်းပေရန်က လုနင်ရှန်ကို ပြောလိုက်သည်။
"ကျေးဇူးရှင် ကြိုက်ရင် ပြီးတာပါပဲ"
ယန်ကွမ်ချင်းက သမီးဖြစ်သူကို ခေါ်ပြီး ထွက်သွားသည်။
နှစ်ယောက်တည်း လွတ်လပ်စွာ စကားပြောခွင့် ပေးလိုက်ခြင်း ဖြစ်သည်။
ကျန်းပေရန် သက်ပြင်းချလိုက်မိသည်။
ဘာတွေ လုပ်နေကြတာလဲ
ထွက်ပြေးချင်ပေမယ့် အခြေအနေက မပေးပေ။
"ဂိုဏ်းမှာ နေရတာ အဆင်ပြေရဲ့လား"
"ပြေပါတယ်ရှင်... ယန်မင်းသမီးလေးက ကူညီပေးတယ်"
"သူနဲ့ ခင်သွားတာ ကောင်းပါတယ်"
"ဟုတ်ပါတယ် သူက သဘောကောင်းပါတယ် လူတွေက သူ့ကို ကြောက်နေကြလို့သာ အပေါင်းအသင်း မရှိကြတာ"
"ဘယ်လို ခင်သွားကြတာလဲ"
"ဥယျာဉ်ထဲမှာ လမ်းလျှောက်ရင်း တွေ့တာ ဝတ်ထားတဲ့ အင်္ကျီချင်း တူနေလို့ စကားပြောဖြစ်သွားကြတာ ဝါသနာတွေလည်း တူနေတော့ ခင်သွားကြတာ"
အင်္ကျီတူတာကို သဘောကျတယ်ပေါ့
ပုံမှန် မိန်းကလေးတွေဆိုရင် အင်္ကျီတူရင် မကြိုက်ကြပေ။
ယန်ကွမ်ယွဲ့ကတော့ ခြွင်းချက် ဖြစ်သည်။
လုနင်ရှန်က စကားတွေ အများကြီး ပြောပြသည်။
ကျန်းပေရန်က နားထောင်ပေးနေသည်။
"အဆင်ပြေတယ် ဆိုရင် ပြီးတာပဲ"
"ကျေးဇူးရှင်ကြောင့်ပါ"
"ကျေးဇူးကြွေးတွေ ကျေပါပြီ ရှေ့ဆက်ပြီး ကိုယ့်ဘဝကိုယ် လျှောက်လှမ်းတော့"
ကျန်းပေရန် လှည့်ထွက်လိုက်သည်။
"မဖြစ်ဘူး"
လုနင်ရှန် အော်လိုက်သည်။
"ကျေးဇူးကြွေးက ဘယ်တော့မှ မကျေပါဘူး တစ်နေ့ကျရင် ကျေးဇူးဆပ်ပါ့မယ်"
ကျန်းပေရန် ဘာမှ ပြန်မပြောဘဲ ထွက်သွားလိုက်သည်။
မျှော်စင်နား ရောက်တော့ ယန်ကွမ်ချင်း စောင့်နေသည်။
"ငါပြောတာ မှတ်မိလား"
"ကောင်းကင်ကျောက်စိမ်းခန္ဓာ အကြောင်းလား"
လုနင်ရှန်က အသက် ၂၀ ပြည့်တဲ့အထိ မကျင့်ကြံဘဲ နေရင် စွမ်းအားတွေ တိုးလာမည့် ခန္ဓာကိုယ် ပိုင်ရှင် ဖြစ်သည်။
"ဟုတ်တယ် အနာဂတ် ကောင်းမွန်မယ့် ကလေးမလေးပဲ"
"ဂိုဏ်းချုပ်ယန် အတွက် အားဖြည့်ပေးမယ့်သူ ရပြီပေါ့"
"သူ့စိတ်က မင်းဆီမှာလေ မင်းလူ ဖြစ်မှာပါ အခု ကိစ္စတွေ ပြီးပြီ ဆိုတော့ ခေါ်သွားပြီး လေ့ကျင့်ပေးလိုက်ပါလား"
"မလိုပါဘူး ကျွန်တော်က တစ်ယောက်တည်း နေရတာ ကြိုက်တယ်"
"ဒါဆို မင်းနောက်က ကောင်မလေးကရော"
"သူက အကြောင်းအမျိုးမျိုးကြောင့် ခေါ်ထားရတာ အစေခံ မဟုတ်ဘူး"
"ထားလိုက်ပါတော့ ဆက်လေ့လာကြရအောင်"
"တောင်းပန်ပါတယ် ဂိုဏ်းချုပ်ယန် ကိစ္စလေး ပေါ်လာလို့ သွားရဦးမယ်"
"မင်းက ငါ့ထက်တောင် အလုပ်ရှုပ်နေပါလား"
"လူငယ်ဆိုတော့ ရုန်းကန်ရတာပေါ့"
"ကောင်းပြီ သွား သွား မြန်မြန် ပြန်လာခဲ့"
"စိတ်ချပါ"
ကျန်းပေရန် ပျံသန်းသော စံအိမ်ပေါ် ပြန်ရောက်လာသည်။
ရှီဖုန်းလန်က နှုတ်ခမ်းဆူနေသည်။
"ပေရန်လေး ဆင်းသွားရင် ကြာလိုက်တာ"
"အင်း ဘာဖြစ်လို့လဲ"
"နောက်တစ်ခါကျရင် လိုက်မယ်"
"မရဘူး"
"ရှေးဟောင်း အပျက်အစီးများ နယ်မြေကို သွားမယ်"
"လိုက်မယ်ဆို လိုက်မယ်ကွာ... လိမ္မာပါ့မယ်"
"မရဘူးဆို မရဘူးပဲ"
ရှီဖုန်းလန် စိတ်ကောက်သွားသည်။
ခဏကြာတော့ ပန်းချီကားတွေ ကိုင်ပြီး ပြန်ရောက်လာသည်။
"ကြည့်ပါဦး"
"ဒါက ခြံဝင်းပုံ... ဒါက ပန်းပွင့်ပုံ..."
"မဆိုးဘူး တိုးတက်လာတယ် မနက်ဖြန်ကျရင် အသစ် သင်ပေးမယ်"
"ရေး... ပျော်လိုက်တာ"
အခန်း ၅၃၅ လက်နက်သွန်းလုပ်နည်း
ရှေးဟောင်း အပျက်အစီးများ နယ်မြေဆီ ပြန်ရောက်သောအခါ ပျံသန်းသော စံအိမ်က တောင်ဝူ မျိုးနွယ်စု အပေါ်တွင် ရပ်တန့်လိုက်လေသည်။
ရှဲ့ကျစ် တစ်ကောင်က လမ်းလျှောက်နေရင်း ညစာ ဘာစားရမလဲ စဉ်းစားနေသည်။
မီးကင်ထားသော အစားအစာများကို ပြန်သတိရနေခြင်း ဖြစ်သည်။
သွားရည်များ ကျလာပြီး နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်လေသည်။
ရုတ်တရက် လူရိပ်တစ်ခု ပေါ်လာသည်။
အရင်တုန်းကဆိုလျှင် တိုက်ခိုက်ရန် ပြင်လိုက်မည် ဖြစ်သော်လည်း ယခုအခါ ဝမ်းသာအားရ နှုတ်ဆက်လိုက်လေသည်။
"အရသာရှိတဲ့ လူသားကြီး ဘယ်တွေ သွားနေတာလဲ"
ကျန်းပေရန်က ရှဲ့ကျစ်၏ အခေါ်အဝေါ်ကို မပြင်ပေးတော့ဘဲ ဖြေလိုက်သည်။
"ကိစ္စလေး ရှိလို့ သွားလိုက်တာ"
ရှဲ့ကျစ်က ဘာမျှ ပြန်မပြောဘဲ နောက်မှ လိုက်ပါလာသည်။
အစားကောင်း စားရတော့မည် ဆိုတာ သိနေ၍ ဖြစ်သည်။
ကျန်းပေရန်က ခေါင်းဆောင် နေထိုင်ရာ ဂူဆီသို့ သွားလိုက်လေသည်။
အစောင့်များက မတားဆီးဘဲ မေးလိုက်သည်။
"ဒီည အစားကောင်း စားရမလား"
"ရချင် ရမှာပါ"
ကျန်းပေရန်က လက်ပြပြီး ဝင်သွားလိုက်သည်။
အစောင့်နှစ်ယောက်က တီးတိုး ပြောနေကြသည်။
"ရမှာလား မရဘူးလားကွ"
"ငါ ဘယ်သိမလဲ"
ဂူထဲ ရောက်သောအခါ တောင်ဝူက မျက်လုံးဖွင့်ပြီး မေးလိုက်သည်။
"ကတိ တည်မလို့လား"
"ဟုတ်တယ် ငါက ကတိတည်ပါတယ်"
ကျန်းပေရန်က ဆေးပုလင်းထဲမှ ဆေးလုံး တစ်လုံး ထုတ်ပြီး ပစ်ပေးလိုက်သည်။
တောင်ဝူက ပါးစပ်ဟပြီး မျိုချလိုက်လေသည်။
ဆေးစွမ်းအင်များက ခန္ဓာကိုယ်ထဲ ပြန့်နှံ့သွားပြီး ဒဏ်ရာဟောင်းများကို ကုစားပေးလိုက်သည်။
"ကျေးဇူးတင်ပါတယ် သူငယ်ချင်း"
"သူငယ်ချင်း အချင်းချင်း ကျေးဇူးတင်စရာ မလိုဘူး အခု ကာကွယ်ရေး လက်နက် လုပ်ပေးမယ်"
ကာကွယ်ရေး လက်နက် ဆိုသည့် အသံ ကြားသောအခါ တောင်ဝူ မျက်လုံးများ အရောင်တောက်လာသည်။
လိုက်ပါသွားချင်သော်လည်း ခေါင်းဆောင် ဆိုသည့် ဂုဏ်သိက္ခာကြောင့် ထိန်းချုပ်ထားလိုက်ရသည်။
ကျန်းပေရန် အပြင်ပြန်ထွက်လာသောအခါ သားရဲများ အများအပြား စောင့်ဆိုင်းနေသည်ကို တွေ့လိုက်ရသည်။
အစားကောင်း စားချင်၍ စောင့်နေကြခြင်း ဖြစ်သည်။
ကျန်းပေရန်က ဂရုမစိုက်ဘဲ မြင့်မြတ်သော ရေစင် ရှိရာသို့ သွားလိုက်သည်။
"မြင့်မြတ်သောရေစင် အိမ်ရာစီမံကိန်း အပိုင်း ၁" ထဲ ဝင်ရောက်သွားသည်။
တောင်ဝူကို မှာထားသည့်အတိုင်း မည်သည့် သားရဲမျှ ဝင်မလာကြပေ။
လက်နက်သွန်းလုပ်ခန်းထဲ ဝင်ပြီး ပစ္စည်းကိရိယာများ ထုတ်လိုက်သည်။
မီးဖိုကို နေရာချရင်း ဂူသင်္ချိုင်း အကြောင်း စဉ်းစားမိသည်။
နောက်ရက်ကျလျှင် ပြန်သွားကြည့်ဦးမည်။
မီးဖိုကို မီးညှိပြီး အပြာရောင် နတ်ဆိုး ကျောက်တုံးကို ထုတ်လိုက်လေသည်။
ဒါက အဓိက ပစ္စည်း ဖြစ်သည်။
လက်နက်သွန်းလုပ်နည်းများ အများအပြား ရှိသည်။
စာအုပ်အတိုင်း လုပ်ဆောင်ပါက ပြဿနာ မရှိသော်လည်း ကိုယ်ပိုင် ဖန်တီးမှု ဆိုလျှင် နည်းစနစ်က အရေးကြီးသည်။
အဓိက နည်းစနစ် ၃ မျိုး ရှိသည်။
၁။ ခြောက်ပါး ပေါင်းစည်း လက်နက်သွန်းလုပ်နည်း - အဆင့်ဆင့် သန့်စင်ပြီး ထုရိုက်ခြင်း ဖြစ်သည်။ အသုံးအများဆုံး နည်းစနစ် ဖြစ်သည်။
၂။ နက်နဲသော အရိုး လက်နက်သွန်းလုပ်နည်း - စွမ်းအားကြီးမားသော စွမ်းအင်များနှင့် ပစ္စည်းကို ပြုပြင်ပြောင်းလဲခြင်း ဖြစ်သည်။ အဆင့်မြင့်သော်လည်း ခက်ခဲသည်။
၃။ မြင့်မြတ်သော ကောင်းကင် လက်နက်သွန်းလုပ်နည်း - အကြိမ် သိန်းချီ ထုရိုက်ပြီး စိတ်ဝိညာဉ် ထည့်သွင်းခြင်း ဖြစ်သည်။ ဆရာကြီးများမှသာ လုပ်ဆောင်နိုင်ခြင်း ဖြစ်သည်။
ကျန်းပေရန်က ဒီ ၃ မျိုးကို ပေါင်းစပ်ပြီး ကိုယ်ပိုင် နည်းစနစ် ဖန်တီးထားသည်။
"ပေရန် လက်ရာ စစ်စစ်"
ကျန်းပေရန်က တူကို ကိုင်ပြီး ယုံကြည်မှု ရှိရှိ စတင်လိုက်လေသည်။
"ဘုန်း"
မီးဖိုထဲ ကျောက်တုံး ပစ်ထည့်လိုက်သည်။
...
"ဟာ ဒီနေ့တော့ စားရတော့မယ် မထင်ဘူး"
အပြင်မှ သားရဲများ စောင့်ရသည်မှာ ကြာမြင့်လှသဖြင့် စိတ်ပျက်နေကြသည်။
ကျန်းပေရန် ဝင်သွားသည်မှာ တော်တော် ကြာမြင့်နေပြီ ဖြစ်သည်။
"ဟုတ်တယ် ပြန်ကြစို့ကွာ"
"မင်း အရင် ပြန်လေ"
"ငါ ခဏနေ ပြန်မှာ"
"ဟွန်း ငါ ယုံမယ် မှတ်နေလား"
...
တစ်ရက် ကုန်ဆုံးသွားသည်။
တချို့ ပြန်သွားကြသော်လည်း အများစုက ကျန်ရစ်နေသေးသည်။
လေးရက်မြောက် ညတွင် အပြာရောင် အလင်းတန်းကြီး ထွက်ပေါ်လာသည်။
"ဟေး ကြည့်လိုက်ဦး"
တောက်ပသော အလင်းရောင်က မျိုးနွယ်စု တစ်ခုလုံးကို လင်းထိန်သွားစေသည်။
အရောင်က သိပ်မကောင်းသော်လည်း အရည်အသွေး ကောင်းမွန်လှသည်။
ကျန်းပေရန်က ခမောက်ကို ကိုင်ကြည့်ပြီး ကျေနပ်သွားသည်။
တောင်ဝူက ခွန်အားကြီးသော်လည်း စွမ်းအင် တိုက်ခိုက်မှုများကို မကာကွယ်နိုင်ပေ။
ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုများကို ခံနိုင်ရည် ရှိသော်လည်း စိတ်စွမ်းအင်နှင့် ဂါထာမန္တန်များကို မခံနိုင်ပေ။
ထို့ကြောင့် မှော်ခုခံမှု မြင့်မားသော ခမောက် လုပ်ပေးလိုက်ခြင်း ဖြစ်သည်။
အပြာရောင် နတ်ဆိုး ကျောက်တုံးက စွမ်းအင် တိုက်ခိုက်မှုများကို ကာကွယ်ရာတွင် အကောင်းဆုံး ဖြစ်သည်။
ဒါ့အပြင် အစီအရင်နှင့် ယန္တရားများပါ ပေါင်းစပ်ထားသဖြင့် ဓာတ်ကြီး ၅ ပါး တိုက်ခိုက်မှုများကိုလည်း ကာကွယ်ပေးနိုင်သည်။
"အင်း လိုက်လျောညီထွေ ခမောက်လို့ နာမည်ပေးလိုက်မယ်"
နာမည်က ခေတ်မမီသော်လည်း သားရဲ သုံးစွဲမည့် ပစ္စည်းမို့ ကိစ္စ မရှိပေ။
အပြင်ထွက်လာသောအခါ သားရဲများ ဝိုင်းကြည့်နေကြသည်။
ဒီကောင်တွေ စောင့်နေကြတုန်းလား
ကျန်းပေရန်က ခေါင်းခါပြီး တောင်ဝူ ဂူဆီသို့ သွားလိုက်လေသည်။
"ဟေ"
ဂူဝ ရောက်သောအခါ တောင်ဝူက အပြင်ထွက် စောင့်နေသည်ကို တွေ့လိုက်ရသည်။
"ကွေနွားက ပြောတယ် ထူးခြားတဲ့ အလင်းရောင် တွေ့တယ် တဲ့ မင်း လုပ်လိုက်တာလား"
ကျန်းပေရန် ခေါင်းညိတ်ပြီး ခမောက်ကို ထုတ်ပြလိုက်သည်။
"ဟုတ်တယ်"
တောင်ဝူ မျက်လုံးများ အရောင်တောက်လာသည်။
"လာ အထဲ ဝင်ကြမယ်"
ဂူထဲ ရောက်သောအခါ ကျန်းပေရန်က ရှင်းပြလေသည်။
"ခေါင်းဆောင်ကြီး မကြိုက်တဲ့ ဂါထာမန္တန် တိုက်ခိုက်မှုတွေကို ဒီခမောက်က ကာကွယ်ပေးလိမ့်မယ်"
"တကယ်လား ဒီသံတုံးလေးက ကာကွယ်နိုင်ပါ့မလား"
တောင်ဝူ မယုံသင်္ကာ ဖြစ်နေသည်။
"အပြည့်အဝ မကာကွယ်နိုင်ပေမယ့် တော်တော်များများတော့ သက်သာစေမှာပါ"
ကျန်းပေရန်က ခမောက်ကို ပစ်ပေးလိုက်သည်။
ခမောက်က ကြီးမားလာပြီး တောင်ဝူ ခေါင်းနှင့် ကွက်တိ ဖြစ်သွားသည်။
မျက်နှာဖုံး တစ်ခုကဲ့သို့ ဖြစ်သွားလေသည်။
တောင်ဝူက လက်ဖြင့် စမ်းကြည့်သည်။
ဘာမှ မထူးခြားပါလား
"တိုက်ခိုက်ခံရမှ အစွမ်းပြမှာ"
ကျန်းပေရန်က ရှင်းပြလေသည်။
တောင်ဝူက စိတ်မရှည်တော့ပေ။
"ခဏနေ ပြန်လာခဲ့မယ်"
လေပြင်း တစ်ချက် တိုက်ခတ်သွားပြီး တောင်ဝူ ပျောက်ကွယ်သွားသည်။
"ဟာ ဒီကောင် စမ်းသပ်ဖို့ ရန်သွားဖြစ်တော့မလို့လား"
ကျန်းပေရန် လိုက်ထွက်ကြည့်သော်လည်း မမီတော့ပေ။
မဖြစ်လောက်ပါဘူး တောင်ဝူက အဲဒီလောက် မတုံးပါဘူး
"သူငယ်ချင်း"
အသံကြား၍ မော့ကြည့်လိုက်ရာ အမှောင်ချုံချီ ဖြစ်နေသည်။
"ဒီတစ်ခါ ဘယ်လောက်ကြာကြာ နေမှာလဲ"
"ဘာကိစ္စ ရှိလို့လဲ"
"နောက်တစ်ခါ သွားရင် င့ါကို ခေါ်သွားပါလား"
ကျန်းပေရန် ကြောင်သွားသည်။
အရင်တုန်းက နေရာချပေးဖို့ ပြောပြီး အခု ပြန်လိုက်ချင်နေပြန်ပြီ။
"ဒီမှာ နေရတာ အဆင်မပြေလို့လား"
"ပြေပါတယ် အရမ်း ပြေလွန်းလို့ ပြဿနာ ဖြစ်နေတာ"
ဒီမှာက အေးဆေးလွန်းပြီး တိုးတက်မှု မရှိဘူးဟု ပြောချင်ပုံရသည်။
"ငါ့ညီတွေကို စိတ်ချရပြီ ဆိုတော့ ငါ အစွမ်းထက်လာဖို့ လိုတယ် အစ်ကိုကြီး အတွက် လက်စားချေပေးရမယ်"
"ဒီမှာ ကျင့်ကြံလို့ မရဘူးလား"
"ဒီမှာက စည်းကမ်း တင်းကျပ်တယ် အပြင်ထွက်ခွင့် မရှိဘူး တိုက်ခိုက်စရာလည်း မရှိဘူး"
ကျန်းပေရန် ငြင်းမလို့ လုပ်ပြီးမှ စဉ်းစားလိုက်သည်။
တကယ်တမ်းတော့ ခေါ်သွားလို့လည်း ရတာပဲ