နဂါးညှိုးရော်မြက်ပင်ကို သန့်စင်ခြင်း
Vol. 46 Ch. 635
ကျန်းရီသည် ဧကရီနန်းတော်ထဲသို့ ဝင်လိုက်ရသည့် အကြောင်းအရင်းမှာ တစ်စုံတစ်ခု လုပ်စရာရှိသောကြောင့် ဖြစ်သည်။ သူသည် နဂါးညှိုးရော်မြက်ကို သန့်စင်ရန် ပြင်ဆင်နေတာပဲဖြစ်၏။
ထိုကဲ့သို့သော ရတနာကို သိမ်းထားလျှင် ဖြုန်းတီးရာ ရောက်ပေမည်။ ရန်သူများ မည်သည့်အချိန်တွင် လိုက်လာမည်တောင် သူမသိပေ။ ရန်သူများကို လွယ်လင့်တကူ ယူသွားခွင့်ပေးရာ ရောက်ပေလိမ့်မည်။ ရက်ပေါင်းများစွာ ကြာပြီးနောက် ကျန်းရီသည် ကောင်းကင်သိမြင် နားလည်ခြင်းဖြင့် အကြိမ်ပေါင်းများစွာ စစ်ဆေးပြီး ဘေးကင်းကြောင်း အတည်ပြုပြီးနောက် သူသည် ဧကရီနန်းတော်ထဲသို့ ဝင်ရောက်လိုက်၏။
ယွင်ဖေး၏ အစီအရင် အတတ်က အမှန်တကယ် မယုံနိုင်စရာကောင်းသည်။ သူတို့ရှိနေသည့်ဂူကို ဝှက်ထားနိုင်ရုံသာမက အစွမ်းထက်သော ပုံဖျက်ခြင်း အစီအရင်ကိုတောင် တစ်ကျွန်းလုံး၌ ချမှတ်ထားသည်။ အစီအရင် ချမှတ်ပြီးသည်နှင့် ကျန်းရီနှင့် ဖုန်းလန်တို့က ကောင်းကင်စိတ်အာရုံကို သုံးလျက် နေရာကိုစစ်ဆေးကြည့်ခဲ့သည်။ ကျန်းရီ၏ အစွမ်းထက်သော စိတ်ဝိညာဉ်ဖြင့်တောင် အနီးကပ် မကြည့်မိလျှင် ကျွန်းထဲတွင် ပုန်းနေသည့်လူကို ရှာတွေ့ဖို့ မဖြစ်နိုင်ချေ။
ယွင်ဖေးက ကျွန်းပေါ်တွင် စုစုပေါင်း ပုံရိပ်ယောင် အစီအရင်သုံးခုကို ချမှတ်ခဲ့၏။ အကြောင်းမှာ သူမသည် အပင်ဝိညာဉ်အတတ်ကို သိသောကြောင့် အပင်များကို ရွေ့ပြောင်းနိုင်ရာ မည်သည့်အစီအရင် ကျောက်တုံးမှမပါဘဲ အစီအရင်များ ခင်းကျင်းနိုင်သောကြောင့်ဖြစ်သည်။ သူမသည် အပင်များ ရွေ့ပြောင်းသည့်နည်းကိုသာ အသုံးပြုပြီး သဘာဝပုံဖျက်ခြင်း အစီအရင်တစ်ခုကို ခင်းကျင်းခဲ့ရာ အာရုံစိုက်မှုကို ရနိုင်တော့မှာ မဟုတ်ပေ။
ဧရိယာကို ကင်းလှည့်နေသော နတ်ဆိုးသားရဲများစွာ ရှိသည်။ တစ်ခုခုထူးလျှင် နတ်ဆိုးဧကရာဇ်က ဦးစွာသွားရှာပြီး ဖုန်းလန်နှင့် ကျန်သည့်သူများက သတင်းအချက်အလက် ရရှိပေလိမ့်မည်။ ကျန်းရီက ဖုန်းလန်ကို ကျောက်စိမ်းတံဆိပ်ပြား ပေးထား၏။ သူမ၎င်းကို ချေမွလိုက်သည်နှင့် အရေးပေါ်ကိစ္စ ဖြစ်ပြီမှန်း သူသိလိမ့်မည်။ အားလုံးကို သင့်တော်အောင် စီစဉ်ပြီးနောက် သူသည် ယခုအချိန်တွင် နဂါးညှိုးရော်မြက်ပင်ကို မသန့်စင်လျှင် မည်သည့်အချိန်ကျမှ သန့်စင်နိုင်မည်နည်း။
နဂါးညှိုးရော်မြက်ပင် သန့်စင်သည့်နည်းက အလွန်ရိုးရှင်းပြီး ဖုန်းလန်နှင့် ချင်ယွီ နှစ်ယောက်လုံးသိသည်။ ကောင်းကင်နှင့် မြေကြီးမှလာသော ဝိညာဉ်ရတနာများသည် လူတစ်ယောက်၏ ခန္ဓာကိုယ်ကို မည်သည့်အခါကမှ ဒုက္ခပေးနိုင်ခြင်း မရှိချေ။ ထို့ကြောင့် ကျန်းရီက ကြောက်ရွံ့မနေဘဲ လွယ်လင့်တကူ သန့်စင်လိုက်၏။ ၎င်းကို သန့်စင်ရန်အတွက် အချိန်ရှည်ကြာပြီး အနည်းဆုံး ဆေးအာနိသင်များကို စုပ်ယူရန်အတွက် သုံးလခန့်ကြာမည်။
ကျန်းရှောင်နူက တံခါးပိတ် ကျင့်ကြံနေသေးဆဲဖြစ်ပြီး မှင်ရည်တောင်ပံ နတ်ဘုရားသိုင်း ဒုတိယအဆင့်ကို ဆင်ခြင်နေတာ ဖြစ်နိုင်သည်။ ချမ်ဝမ်ကွမ်းကမူ တံခါးပိတ် ကျင့်ကြံနေသေးဆဲဖြစ်ပြီး သူသည် စိတ်ဝိညာဉ်တာအို အက်ကွဲမှုပုံစံကို မသန့်စင်ပြီးမချင်း ထွက်လာမှာ မဟုတ်ပေ။ မြေခွေးလေးက မည်သည်ကို ကျင့်ကြံနေသည်တောင် မသိရသော်ငြား နက်နဲစွာ အိပ်စက်နေလေသည်။
ကျန်းရီက ချီလော့၊ ကျူးဆွေ့နှင့် ကူလောင်တို့ကို အပြင်သို့ ခေါ်လိုက်ပြီး ကျန့်ဝူရွှမ်းနှင့် ယွင်ဖေးတို့ကို အထဲသို့ ထည့်လိုက်သည်။ ယွင်ဖေးကမူ သူမက အစီအရင်များကို ဆင်ခြင်နေသည်ဖြစ်ရာ မည်သည့်နေရာတွင်မဆို ကိစ္စမရှိပေ။ သူမက သူတို့အခန်းအတွင်းသို့ မဝင်ခင် ကျန့်ဝူရွှမ်းနှင့် စကားပြောပြီးနောက် အစီအရင်များကိုဖွင့်ကာ တံခါးပိတ် ကျင့်ကြံနေတော့၏။
“နဂါးညှိုးရော်မြက်”
ကျန်းရီသည် ကျောက်စိမ်းသေတ္တာကို ထုတ်လိုက်ရာ သူ၏မျက်လုံးရှေ့၌ အလင်းများ တောက်ပသွား၏။ ထိုပစ္စည်းကို သူသန့်စင်လိုက်သ၍ ပိုသန်မာလာပြီး လျှင်မြန်စွာ တိုးတက်လာမှာ သေချာသည်။
ကျန်းရီသည် အသက်ပြင်းပြင်း တစ်ချက်ရှုပြီးနောက် အတွေးများအားလုံးကို ဖယ်ရှားလိုက်သည်။ သူကကျောက်စိမ်းသေတ္တာကို ဖြေးဖြေးချင်းဖွင့်လျက် ဆေးပင်၏ရိုးတံကို သူ၏းလက်ဖဝါးပေါ် တင်လိုက်သည်။ ထိုဆေးပင်က သူ့လက်ပေါ်ရောက်သည်နှင့် သက်ရှိသတ္တဝါ တစ်ကောင်ပမာ တွန့်နေတော့သည်။ အနံ့ဖျော့ဖျော့ ထွက်လာပြီး နှာခေါင်းဝဆီ ရောက်လာကာ အခန်းတစ်ခုလုံး မွှေးရနံ့ ပြန့်သွားလေ၏။
“ဒါကိုမြန်မြန် သန့်စင်ရမယ်”
ထိုမွှေးရနံ့သည် ဆေးအာနိသင်ဖြစ်ကြောင်း သူသိလိုက်၏။ ပိုပြန့်လွင့်လေ ဆေးအာနိသင် လျော့နည်းလေဖြစ်သည်။ လက်ဖဝါးထဲ၌ အတွင်းအားများ ပေါ်လာပြီး နဂါးညှိုးရော်မြက်ပင်ကို လွှမ်းခြုံသွားကာ မွှေးရနံ့က ချက်ချင်း ပျောက်ကွယ်သွားသည်။ နဂါးညှိုးရော်မြက်ပင်သည် ပိုတောင် မြန်မြန်ဆန်ဆန် တွန့်လိမ်နေပြီး သန့်စင်ခံလိုခြင်း မရှိကြောင်း ခံစားမိသည်။
ကျန်းရီက စိတ်သဘောထား နုညံ့သည့်သူ မဟုတ်လေရာ အတွင်းအားကို အမြန်ထည့်ပြီး နဂါးညှိုးရော်မြက်ပင်ကို ဖြေးဖြေးချင်း ပျောက်ကွယ်သွားအောင် လုပ်လိုက်၏။ စွမ်းအင်အမျှင်က လက်ဖဝါးကနေ သူ၏ချီသွေးကြောထဲ ဝင်ရောက်သွားသည်။
“ရှီး ရှီး ပူလိုက်တာ”
နဂါးညှိုးရော်မြက်သည် ချီသွေးကြောထဲ ဝင်ရောက်သည်နှင့် ကျန်းရီသည် သူ၏ချီသွေးကြောများ မီးလောင်သည့်ပမာ ခံစားလိုက်ရပြီး နဂါးညှိုးရော်မြက်ပင်ကို အဝေးသို့ ပစ်ထုတ်လုနီးပါး ဖြစ်သွားသည်။ သူကသန့်စင်တာကို ရပ်တန့်လိုက်ပြီး ခန္ဓာကိုယ်ထဲ စွမ်းအင်ဝင်နေတာကို အရှိန်လျော့ချလိုက်၏။ သူ့တစ်ကိုယ်လုံး စွမ်းအင်ပျံ့နှံ့သွားမှာကို စောင့်ဆိုင်းနေချိန်၌ တစ်ကိုယ်လုံး လောင်ကျွမ်းနေသည်ကို ခံစားလိုက်ရသည်။ စွမ်းအင်က လျှင်မြန်စွာ ပျော်ဝင်သွားပြီး သူ၏ကြွက်သား သွေးကြောများက ပုံမှန်မဟုတ်အောင် ပူလောင်နေပြီး သူသည် ပူလောင်သည့်အိုးထဲ ကူးခတ်နေရသည့်ပမာ တစ်ကိုယ်လုံး ဆူပွက်နေတော့၏။
“ဘာကြောင့်ဒီလောက် ပူနေတာလဲ။ မီးဝိညာဉ်ပုလဲက ပိုင်ရှင်ကို ဘာကြောင့် မကာကွယ်ပေးရတာလဲ ရှုး ရှုး”
ကျန်းရီက အင်မတန် နာကျင်နေပြီး မျက်လုံးဖွင့်ကာ အဝတ်အစားများကို ဆုပ်ဖြဲလိုက်တော့သည်။ မီးဝိညာဉ်ပုလဲကို တစ်ချက်ကြည့်ပြီး မည်သည့် ပြောင်းလဲမှု အရိပ်အယောင်မျှ မရှိတာကို သူသဘောပေါက်လိုက်သည်။ နဂါးညှိုးရော်မြက်ကို နောက်ထပ် တစ်ချက်ကြည့်ပြီး တိတ်တဆိတ် ကျိန်ဆဲလိုက်တော့၏။
ယခုသူသည် နဂါးညှိုးရော်မြက်ကို စတင်သန့်စင်နေပြီဖြစ်ရာ ရပ်တန့်ရန် မဖြစ်နိုင်တော့ပေ။ မဟုတ်လျှင် ဆေးအာနိသင်က ဆက်လက် ပျော်ဝင်သွားရုံသာရှိပြီး ထိုရတနာကို ဖြုန်းတီးရာ ရောက်ပေလိမ့်မည်။ သူက အမည်မဲ့ နတ်ဘုရားသိုင်းကို လှည့်ပတ်ပြီး ခန္ဓာကိုယ်ထဲ ဝင်ရောက်နေသော စွမ်းအင်များကို လမ်းပြလိုက်ပြီး ခန္ဓာကိုယ် စုပ်ယူနိုင်အောင် ရွေ့လျားပေးကာ လောင်ကျွမ်းနေသည့် အထိအတွေ့ကို လျော့ချနေ၏။
“ဆက်သွားမယ်”
သူ၏ခန္ဓာကိုယ် အနည်းငယ် ကောင်းလာသည်နှင့် ကျန်းရီက နဂါးညှိုးရော်မြက်ကို ဆက်လက် သန့်စင်၏။ ရလဒ်အနေဖြင့် စွမ်းအင်တစ်မျှင်က သူ၏ချီသွေးကြောကို ဝင်ရောက်သည့်အချိန်တွင် ကျန်းရီ၏ တစ်ကိုယ်လုံး တုန်ယင်သွားတော့သည်။ ဒုတိယစွမ်းအင် အမျှင်သည် အပူချိန် ပိုမြင့်နေ၏။ သူမီးလောင်ပြီဟုတွေးလျှင် မမှားပေ။ သူ့ကိုယ်သူ အတင်းသာ ထိန်းချုပ်ထားခြင်းသာ မရှိလျှင် မြေပြင်ပေါ် လူးလိမ့်နေလောက်၏။
ပူတယ် သိပ်ပူတယ်။ ထိုစွမ်းအင်သည် ခန္ဓာကိုယ်ထဲ ဝင်ရောက်သည့်အချိန်တွင် ခန္ဓာကိုယ်အနှံ့ အလိုအလျောက် ပြန့်သွားကာ တစ်ကိုယ်လုံးကို အကင်ခံရသည့်ပမာ ခံစားရစေသည်။ ခန္ဓာကိုယ်ထဲရှိ မွေးညင်းပေါက်တိုင်းက မီးလောင်နေပြီး ချွေးစေးများပျံနေကာ ခန္ဓာကိုယ်ထဲမှ အနက်ရောင်အရာများ ထွက်ပေါ်လာလေ၏။ ထိုအထိအတွေ့က မခံစားနိုင်စရာ ဖြစ်စေပြီး သူ့ကိုရူးလုနီးပါး ဖြစ်စေသည်။
“ငါဘာလုပ်သင့်လဲ ဒီအတိုင်းတော့ မဆက်နိုင်ဘူး။ နာလွန်းလို့ ငါသတိလစ်သွားနိုင်တာ သေချာတယ်။ သတိလစ်သွားရင် နဂါးညှိုးရော်မြက်ပင်က သူ့စွမ်းအင်ကို အပြည့်အဝ မထုတ်ဖော်နိုင်ဘဲ ကုန်သွားမှာ သေချာတယ်။ ဖုန်းအာနဲ့ ချင်ယွီရဲ့ သန့်စင်တဲ့ နည်းလမ်းက မှားနေတာများလား”
ကျန်းရီသည် သူ၏တစ်ကိုယ်လုံး အကင်ခံရသည့်ပမာ ခံစားနေရပြီး ထိုခံစားချက်ကို သည်းခံနေရသည်က သူ့ကိုရူးစေ၏။ စိတ်က ဖြေရှင်းနည်းကို လျှင်မြန်စွာ တွေးနေသည်။ ထိုအတိုင်း ဆက်ဖြစ်ပွားနေပါက သူသည် သန့်စင်တာကို ရပ်တန့်လျှင်ရပ်တန့် မဟုတ်လျှင် သတိလစ်သွားမှာပဲ ဖြစ်သည်။ မည်သည့်နည်းနှင့်မဆို နဂါးညှိုးရော်မြက်ပင်က ဆေးအာနိသင် ဆုံးရှုံးသွားမည်။ ယင်းက နတ်ဆေးပင်ကို ဖြုန်းတီးရာသာ ရောက်လိမ့်မည်။
“အား ငါ့ရဲ့တစ်ကိုယ်လုံး ဘာကြောင့် စေးကပ်နေရတာလဲ။ ဒီအနက်ရောင် အရည်တွေကရော ဘာတွေလဲ”
ကျန်းရီက သူ၏တစ်ကိုယ်လုံး အနက်ရောင်ပြောင်းလျက် နံစော်နေကြောင်း သိလိုက်သည်။ သူက ဝေခွဲမရ ဖြစ်နေလေ၏။ တစ်စုံတစ်ခုကို ရုတ်တရက် သဘောပေါက်သွားချိန် မျက်လုံးများ လက်သွားတော့သည်။
နဂါးညှိုးရော်မြက်ကို သန့်စင်ခြင်းမှ အပူသည် သူ၏ခန္ဓာကိုယ်ကို ပြုပြင်ပေးနေသော ဆေးပင်ဖြစ်ပြီး မသန့်စင်မှုများ အားလုံးကို တွန်းထုတ်ပေးနေသော ဆေးပင်ဖြစ်သည်။ ထိုမသန့်စင်မှုများအားလုံး ဖယ်ရှားပြီးသည်နှင့် ခန္ဓာကိုယ်က ပြီးပြည့်စုံသော အခြေအနေသို့ ရောက်သွားပေလိမ့်မည်။
ယင်းက သံစတစ်စကို မီးပြင်းဖိုထဲ ပစ်ထည့်ပြီး တောက်လောင်နေသည့်မီးဖြင့် အရည်ဖျော်သည်နှင့် ဆင်တူ၏။ သွန်းလုပ်သည့် ဖြစ်စဉ်ပြီးနောက် မသန့်စင်မှုများက သင့်လျော်သည့် အနေအထားထိ ရောက်သွားပေလိမ့်မည်။ ဆိုလိုသည်က ခန္ဓာကိုယ်၏ ထိခိုက်သော ပုံစံသည် ပျောက်ကွယ်သွားပြီး အပြစ်အနာအဆာကင်းသော အခင်းအကျင်းအဖြစ် ပြန်ဖွဲ့တည်သွားမှာပဲဖြစ်သည်။
“သည်းခံ ငါသည်းခံရမယ် မဟုတ်ရင် နဂါးညှိုးရော်မြက်ပင်ရဲ့ ဆေးအာနိသင်တွေကို ဖြုန်းတီးမိပြီး ငါ့ရဲ့ခန္ဓာကိုယ်က ပြစ်မျိုးမှည့်မထင်တဲ့ အခြေအနေကို မရောက်နိုင်တော့ဘူး”
ကျန်းရီသည် ဤမဟာအခွင့်အရေးကို မဆုံးရှုံးစေရန် သူ့ကိုယ်သူ တိတ်တဆိတ် သတိပေးနေလေ၏။ နဂါးညှိုးရော်မြက်သည် နှစ်တစ်သောင်းလျှင် တစ်ကြိမ်သာ ပေါ်လာတတ်၏။ သူအခွင့်အရေးကို လွဲချော်သွားလျှင် သူ့တစ်သက်၌ နောက်ထပ် အခွင့်အရေးကို တွေ့နိုင်မှာ မဟုတ်တော့ပေ။ ဤအခွင့်အရေးကို တန်ဖိုးထားရန် နည်းမျိုးစုံ တွေးရမည်။ သို့သော် တတိယအကြိမ် စွမ်းအင် သူ၏ခန္ဓာကိုယ်ထဲ ဝင်ရောက်သောအခါ ခန္ဓာကိုယ်က အနည်းငယ် ပိုနွေးလာသည်။ သူသည်းမခံနိုင်တော့ဟု ခံစားမိသည်။ သူ၏ရင်ထဲ၌ ခုခံလိုသော်ငြား ခန္ဓာကိုယ်က မခုခံနိုင်ပေ။ သူက သတိလစ်တော့မယောင် ဖြစ်နေသည်။
“အား ဟုတ်သား”
သူသည် ရုတ်တရက် ဉာဏ်အလင်းပွင့်သွားပြီး အကြွင်းမဲ့သိုင်း အကြွင်းမဲ့ပညာရပ် မိုးနှင့်မြေ တစ်သားထဲ အခြေအနေကို အမှတ်ရသွားသည်။ ခန္ဓာကိုယ်ထဲရှိ နာကျင်မှုကို တင်းခံရန် ဖိအားပေးလျက် ဆန်းကြယ်သော အခြေအနေထဲ ဝင်ရောက်ရန် အရာအားလုံးကို မေ့လျော့အောင် နေလိုက်၏။
ထင်သည့်အတိုင်းပင် မိုးနှင့်မြေ တစ်သားထဲ အခြေအနေထဲ ဝင်ရောက်ပြီးနောက် အရာအားလုံးက မတူညီတော့ပေ။ ကျန်းရီက သူ၏စိတ်ဝိညာဉ်သည် ခန္ဓာကိုယ်ထဲမှ ထွက်သွားသည့်ပမာ ခံစားလိုက်ရပြီး ခန္ဓာကိုယ်က မီးပြင်းဖိုထဲ အကင်ခံနေရလျှင်တောင် သူ၏စိတ်ဝိညာဉ်က အာရုံမစိုက်သ၍ နာကျင်မှုကို ခံစားရမှာ မဟုတ်ပေ။
ယခုအချိန်တွင် သူ၏စိတ်ဝိညာဉ်က မိုးနှင့်မြေဖြင့် တစ်သားထဲ ပေါင်းစည်းနေသည့်ပမာ ဖြစ်နေပြီး သူ၏ခန္ဓာကိုယ်က သူဟာအပိုင် မဟုတ်တော့ပေ။ မည်သည့် နာကျင်မှုကိုမျှ မခံစားရ။ သတိလည်း လစ်တော့မှာမဟုတ်ပေ။
မိုးနှင့်မြေတစ်သားတည်း အခြေအနေသည် ကောင်းကင်စိတ်အာရုံနှင့် မတူညီပေ။ ကောင်းကင်စိတ်အာရုံက ကျန်းရီသည် အပြင်ဘက်ရှိ အခြေအနေကို စုစည်းရန် စိတ်ဝိညာဉ်ကို အသုံးပြုတာ ဖြစ်သော်ငြား သူ့ခန္ဓာကိုယ်၏ နာကျင်မှုက စိတ်ဝိညာဉ်ထဲ ကူးပြောင်းနိုင်သေးဆဲရှိသည်။ မိုးနှင့်မြေ တစ်သားထဲ အခြေအနေက သူ၏စိတ်ဝိညာဉ်သည် ခန္ဓာကိုယ်ထဲမှ ထွက်သွားပြီး လောကကြီး၏ ပြင်ပအရာနှင့် ပေါင်းစည်းသွားခြင်းသာဖြစ်သည်။ သူ့ခန္ဓာကိုယ်ကို ကရုမစိုက်သ၍ ခန္ဓာကိုယ်သည် အခန်းတစ်ခန်းထဲရှိစားပွဲ သို့မဟုတ် ကျောက်တုံးတစ်တုံးနှင့် တူနေမှာပဲဖြစ်သည်။
“သန့်စင်”
နဂါးညှိုးရော်မြက်ပင်သည် အမှန်တကယ် မကင်နိုင်ဘဲ ခန္ဓာကိုယ်ကို ဖွဲ့တည်ပေးနေရုံသာဖြစ်သည်။ ကျန်းရီက အညှာအတာ ကင်းမဲ့လျက် သူ၏ခန္ဓာကိုယ်ကို ကရုမစိုက်တော့ပေ။ အတွင်းအားကို ထိန်းချုပ်လျက် နဂါးညှိုးရော်မြက်ပင်ကို သန့်စင်နေပြီး သူ၏ခန္ဓာကိုယ်ထဲ မရပ်မနား စွမ်းအင်များထည့်ကာ ခန္ဓာကိုယ်ကို ပြန်လည်ဖွဲ့တည်ပြီး ခန္ဓာကိုယ်ကို သန့်စင်ခွင့်ပေးကာ ပြစ်မျိုးမှည့်မထင် ဖြစ်စေ၏။
လောင်ကျွမ်းနေသည့် ခန္ဓာကိုယ်ကို ခံစားမိပြီး အနက်ရောင် ပြောင်းလာသည်ကို မြင်လိုက်ရသောအခါ ကျန်းရီက နဂါးညှိုးရော်မြက်ပင်သည် ခန္ဓာကိုယ် ပြန်ဖွဲ့တည်ပြီးနောက် သူ၏ခန္ဓာကိုယ် မည်မျှ ပြီးပြည့်စုံနေပြီဆိုတာ မြင်ချင်နေ၏။
***