အခန်း (၅၃၈-၅၃၉)
Vol. 47 Ch. 538-539
အခန်း ၅၃၈ အန္တရာယ်
စက္ကူစွန် ၆ စောင်ကို ဖွင့်ကြည့်လိုက်ရာ ကျန်းပေရန် ထင်ထားသည့်အတိုင်း ခရမ်းရောင် အခိုးအငွေ့ အကြောင်းသာ ဖြစ်နေသည်။
ချီ၊ ထုန်၊ ထန်၊ ဇန် စသည့် တိုင်းပြည် ၄ ခုလုံးတွင် ခရမ်းရောင် အခိုးအငွေ့များ ပေါ်ထွက်လာခြင်း ဖြစ်သည်။
ကမ္ဘာပျက်မည့် အရိပ်အယောင်များ ပေါ်ပေါက်နေပြီ ဖြစ်သည်။
'အရင်တစ်ခါက အစမ်းသဘောလောက်ပဲလား'
နိုင်ငံ ၆ ခုလုံးကို တပြိုင်နက် တိုက်ခိုက်ရဲသည် ဆိုကတည်းက ဒီတစ်ခါ လာမည့် ပိုးကောင် မွေးမြူသူများသည် အရင်တစ်ခါကလို အသေးအဖွဲများ မဟုတ်တော့ကြောင်း သေချာသည်။
ကျန်းပေရန်က လက်ကောက်ဝတ်ရှိ အနက်ရောင်နှင့် အဖြူရောင် လက်ကောက်များကို ကြည့်လိုက်သည်။ စနစ်၏ ရွေးချယ်မှုအရ ထိုဆားကျွယ် ဓားအစုံသည် ဤကပ်ဘေးကို ကျော်လွှားနိုင်မည့် သော့ချက် ဖြစ်နိုင်သည်။
ကိစ္စကြီးကြီးမားမား ဖြစ်လာပါက အခြေအနေကို ပြောင်းလဲနိုင်မည့် သော့ချက်ပင် ဖြစ်လာနိုင်သည်။
သို့သော် ယခုအချိန်သည် စဉ်းစားခန်း ဖွင့်နေရမည့် အချိန် မဟုတ်ပေ။ လက်အောက်ငယ်သားများကို စာရေးပြီး ငြိမ်ငြိမ်နေရန် မှာကြားလိုက်သည်။ ထို့နောက် ပျံသန်းသော စံအိမ်ပေါ် ပြန်တက်ပြီး ရှီဖုန်းလန်ကို ပြောလိုက်သည်။
"ဂိုဏ်းကို ပြန်မယ်... မြန်မြန် မောင်း"
ကျန်းပေရန်၏ ပါးစပ်မှ မြန်မြန်ဆိုသည့် စကား ထွက်လာသည်မှာ ပထမဆုံး အကြိမ် ဖြစ်သဖြင့် ရှီဖုန်းလန် အံ့သြသွားသည်။
ထို့ကြောင့် ချက်ချင်းပင် စံအိမ်ကို အမြင့်ဆုံး အရှိန်ဖြင့် မောင်းနှင်လိုက်သည်။
မောင်းနှင်နေစဉ် ခရမ်းရောင် တိမ်တိုက်ကြီးများ သူတို့ဘက်သို့ ရွေ့လျားလာသည်ကို တွေ့လိုက်ရသည်။
"ပေရန်လေး... အဲဒီ ခရမ်းရောင် တိမ်တိုက်တွေက ဘာတွေလဲ"
ရှီဖုန်းလန် မေးလိုက်သည်။
"ငါလည်း မသိသေးဘူး... ဒါပေမဲ့ အန္တရာယ် ရှိတယ် ဆိုတာတော့ သေချာတယ်"
'ခရမ်းရောင် တိမ်တိုက်'
စံအိမ်ထဲရှိ အခြားသူများလည်း ကောင်းကင်မျက်လုံး အစီအရင်မှတဆင့် အပြင်ကို ကြည့်လိုက်ကြသည်။ သူတို့ မျက်နှာတွင် အံ့သြထိတ်လန့်မှုများ ပေါ်လာကြသည်။
"သူငယ်ချင်း... အဲဒါ ဘာကြီးလဲ"
ခြံဝင်းထဲမှ အမှောင်ချုံးချီက ခေါင်းပြူပြီး မေးလိုက်သည်။
"ခဏနေ ရောက်ရင် သိရလိမ့်မယ်"
ထိုအချိန်တွင် ယန်ယန်က ဆံပင်အဖြစ်မှ လူပုံစံ ပြောင်းလဲပြီး ပြောလိုက်သည်။
"အပြင်ထွက်ခါမှ ကံဆိုးမိုးမှောင် ကျတာပဲ... ဘယ်သူ လုပ်တာလဲ မသိဘူး"
ဘယ်သူ လုပ်တာလဲ ဆိုတာ ကျန်းပေရန် လည်း သိချင်သည်။
ယုတ္တိရှိရှိ စဉ်းစားကြည့်လျှင် ဒီတစ်ခါ အခိုးအငွေ့များသည် အရင်တစ်ခါထက် ပိုမို ပြင်းထန်သဖြင့် ပိုးကောင်မျိုးနွယ်၏ လက်ချက် ဖြစ်နိုင်ချေ များသည်။ သို့သော် ပိုးကောင်မျိုးနွယ် ဆိုတာ ဘယ်လို အရာလဲ ဆိုတာ ကျန်းပေရန် ယခုထိ နားမလည်သေးပေ။
ဒဏ္ဍာရီအရ သူတို့သည် ကျင့်ကြံနည်း ကြမ်းတမ်းလွန်းသဖြင့် မျိုးဖြုတ် သတ်ဖြတ်ခံခဲ့ရသည်ဟု ဆိုသည်။ သို့သော် ချူယန်ဇယ်ကို ကြည့်လျှင် ကြမ်းတမ်းသည့် ပုံစံ မတွေ့ရပေ။
သို့သော် အရင်တစ်ခါ ငါးဖမ်းရွာလေး တစ်ရွာလုံး ယဇ်ပူဇော်ခံလိုက်ရသည်ကို ပြန်စဉ်းစားကြည့်လျှင် ချူယန်ဇယ်၏ ကျင့်ကြံနည်းက မကြမ်းတမ်းခြင်းသာ ဖြစ်နိုင်ပြီး တခြားသူများကမူ လူမဆန်သည့် အလုပ်များ လုပ်ကောင်း လုပ်နိုင်သည်။
ယခု ပိုးကောင် မွေးမြူသူများ ပြန်လည် ပေါ်ထွက်လာခြင်းသည် သူတို့ မျိုးမတုံးသေးကြောင်း ပြသနေသည်။ တစ်နေရာရာတွင် ပုန်းခိုနေပြီး ယခုမှ လက်စားချေရန် ပြန်လာခြင်း ဖြစ်နိုင်သည်။
'ဒါပေမဲ့ ဒီအခြေအနေကို ကြည့်ရတာ လက်စားချေရုံ သက်သက် မဟုတ်လောက်ဘူး'
ကျန်းပေရန် စဉ်းစားနေစဉ် စံအိမ်သည် ဂိုဏ်းသို့ ရောက်ရှိလာသည်။
ရှီဖုန်းလန်နှင့် ရှဲ့လင်းတန်းကို ထားခဲ့ပြီး ကျန်းပေရန်က ချူယန်ဇယ်၊ အမှောင်ချုံးချီနှင့် ယန်ယန်တို့ကို ခေါ်ပြီး ဆင်းသွားလိုက်သည်။
စိတ်နှလုံးပြန် ဂိုဏ်း တစ်ခုလုံး ခရမ်းရောင် အခိုးအငွေ့များ ဖုံးလွှမ်းနေသည်။ သို့သော် ရှန့်တိုင်းပြည်က ကြိုတင် ပြင်ဆင်မှုများ လုပ်ထားသဖြင့် အခိုးအငွေ့ ဒဏ်ကို အပြည့်အဝ မခံရပေ။ ဂိုဏ်းကာကွယ်ရေး အစီအရင်နှင့် အခြား အစီအရင်များက ကာကွယ်ပေးထားသည်။
သို့သော် အပြည့်အဝ ကာကွယ်နိုင်ခြင်း မရှိပေ။ ဂိုဏ်း၏ နေရာ အများစုကို သိမ်းပိုက်ခံထားရပြီး ဂူကျင့်ကြံသူများက ဂိုဏ်းသားများကို လိုက်လံ သတ်ဖြတ်နေကြသည်။
ကျန်းပေရန်က သူတို့ကို ကြည့်ရုံဖြင့် ဂူကျင့်ကြံသူများ ဖြစ်ကြောင်း သိလိုက်သည်။ အကြောင်းမှာ သူတို့သည် ချူယန်ဇယ် ကဲ့သို့ပင် လူပုံစံ မဟုတ်ကြ၍ ဖြစ်သည်။
...
ရေမှန်ခန်းမ အတွင်းတွင် ဒဏ်ရာများ ပြည့်နှက်နေသော ယွီမန်ဝင်းသည် ခေါင်းနှစ်လုံးပါ ဂူကျင့်ကြံသူ တစ်ယောက်နှင့် တိုက်ခိုက်နေသည်။ တကယ်တမ်းတွင် တိုက်ခိုက်နေသည် မဟုတ်ဘဲ အဖိနှိပ်ခံနေရခြင်း ဖြစ်သည်။
ယွီမန်ဝင်းသည် ပြိုင်ဘက် မဟုတ်ပေ။ လက်နက်၏ အစွမ်းဖြင့် တောင့်ခံနေရခြင်း ဖြစ်သည်။
"ဆရာ"
ထိုအချိန်တွင် လျူဇီဂျင်းက ကျောက်စိမ်း ဝိညာဉ်ဓားကို ကိုင်ဆောင်ပြီး ဝင်ရောက် ကူညီလိုက်သည်။ ယွီမန်ဝင်းကို ထိမှန်တော့မည့် တိုက်ခိုက်မှုကို ကာကွယ်ပေးလိုက်သည်။
"အဟွတ် အဟွတ်... မင်းတို့ ပြေးကြလို့ ပြောထားတယ် မဟုတ်လား"
ယွီမန်ဝင်းက အော်ငေါက်လိုက်သည်။
"စိတ်မပူနဲ့ ဆရာ... ညီမလေးတွေကို လုံခြုံတဲ့ နေရာ ပို့ပြီးပြီ"
လျူဇီဂျင်း စကားပြောနေစဉ် ဝမ်းဗိုက်ကို အထိုးခံလိုက်ရပြီး သွေးအန်သွားသည်။
"အစ်မဇီဂျင်း... တို့တွေ လာပြီ"
ယွီ ညီအစ်မ ၃ ယောက်နှင့် ဖန်းချိုးယောင် ရောက်လာပြီး ခေါင်းနှစ်လုံး သတ္တဝါကို ဝိုင်းတိုက်ကြသည်။
"မိုက်မဲလိုက်တာ... အဟွတ် အဟွတ်"
ယွီမန်ဝင်း ဆက်ပြောရန် ပြင်လိုက်သော်လည်း ချောင်းဆိုးသွားသည်။ အခိုးအငွေ့ထဲ ကြာကြာ နေမိသဖြင့် မခံနိုင်တော့ပေ။
"လေပြာကြယ်"
လျူဇီဂျင်းက ဓားကွက် တစ်ကွက် သုံးပြီး သတ္တဝါကို တွန်းထုတ်လိုက်သည်။
"မင်းတို့ ဆရာ့ကို ခေါ်ပြီး ပြေးကြတော့... ငါ ခဏ တောင့်ခံထားမယ်"
"မဖြစ်ဘူး... သွားရင် အတူတူ သွားရမယ်"
ဖန်းချိုးယောင် ငြင်းလိုက်သည်။
"စကားများမနေနဲ့... မြန်မြန်..."
လျူဇီဂျင်း စကားမဆုံးခင် နောက်ထပ် သတ္တဝါ တစ်ကောင် ရောက်လာသည်။ အမြီးရှည်ကြီး ပါရှိပြီး သွေးများ ပေကျံနေသည်။
"ချိုးယောင်... ဆရာ့ကို ခေါ်ပြီး ပြေးတော့... ငါနဲ့ ညီမလေးယွီ တို့ တားထားမယ်... မြန်မြန်"
နောက်ထပ် သတ္တဝါ တစ်ကောင် ထပ်ရောက်လာသဖြင့် ဖန်းချိုးယောင် သိလိုက်သည်။ သူက အားအနည်းဆုံး ဖြစ်သဖြင့် ကူညီနိုင်မည် မဟုတ်ပေ။ ဝန်ထုပ်ဝန်ပိုးသာ ဖြစ်နေလိမ့်မည်။
"ကောင်းပြီ... ငါ လူသွားခေါ်လိုက်မယ်... မင်းတို့ တောင့်ခံထားကြ"
ဖန်းချိုးယောင်က ယွီမန်ဝင်းကို ပွေ့ချီပြီး ထွက်ပြေးရန် ပြင်လိုက်သည်။
"ဘုန်း"
သို့သော် နောက်ထပ် သတ္တဝါ တစ်ကောင် ရှေ့ပိတ်ရပ်လိုက်သည်။ ခြေထောက် ၄ ချောင်း ပါရှိပြီး လက်မောင်းက စပါးအုံးမြွေကဲ့သို့ ဖြစ်နေသည်။ အရှိန်အဝါက ကျန် ၂ ကောင်ထက် ပိုကြောက်စရာ ကောင်းသည်။
ခြေ ၄ ချောင်း သတ္တဝါက ရယ်မောပြီး မြွေလက်မောင်းဖြင့် ရိုက်ချလိုက်ရာ ဖန်းချိုးယောင် လေပေါ် မြောက်တက်သွားသည်။
"ချိုးယောင်"
လျူဇီဂျင်း အော်ဟစ်ပြီး ကူညီရန် ပြေးသွားသော်လည်း ခေါင်းနှစ်လုံး သတ္တဝါက လက်သီးဖြင့် ထိုးလိုက်သဖြင့် သွေးအန်ပြီး လွင့်ထွက်သွားသည်။
ယွီ ညီအစ်မ ၃ ယောက်လည်း ကူညီချင်သော်လည်း အမြီးရှည် သတ္တဝါကို တားဆီးနေရသဖြင့် မအားလပ်ပေ။
"အား"
ယွီကွေ့မြောင် အော်ဟစ်လိုက်သည်။ ညာဘက် လက်မောင်းကို အမြီးဖြင့် ရစ်ပတ်ခံလိုက်ရပြီး သွေးများ ထွက်လာသည်။
"မြောင်မြောင်"
ယွီကွေ့ကျွေးက ဝင်ရောက် ကယ်တင်သော်လည်း တိုက်ခိုက်မှုများကို ရှောင်တိမ်းနေရသည်။
"ဇီဂျင်း... ချိုးယောင်... မြောင်မြောင်"
မြေကြီးပေါ် လဲကျနေသော ယွီမန်ဝင်းက ထပြီး ကယ်တင်ချင်သော်လည်း စွမ်းအင် ကုန်ခမ်းနေပြီ ဖြစ်သည်။ အခိုးအငွေ့များကြောင့် စွမ်းအင် ပြန်လည် ဖြည့်တင်း၍ မရပေ။
ဖန်းချိုးယောင်၏ လက်မောင်း နှစ်ဖက် ကျိုးသွားသည်ကို မြင်လိုက်ရသည်။
"မလုပ်နဲ့"
ယွီမန်ဝင်း အော်ဟစ်လိုက်သော်လည်း အသံမထွက်ပေ။
"ဘုန်း"
ယွီမန်ဝင်း မျှော်လင့်ချက် ကုန်ဆုံးသွားချိန်တွင် မြွေလက်မောင်း သတ္တဝါ၏ ခေါင်း ပျောက်ထွက်သွားသည်။
ဝမ်းသာရန် ပြင်လိုက်သော်လည်း သတ္တဝါကို သတ်လိုက်သူကလည်း သတ္တဝါ တစ်ကောင် ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
အတောင်ပံ ပါရှိပြီး မျက်လုံးများက ပိုးကောင် မျက်လုံးများကဲ့သို့ ပြူးထွက်နေသည်။
'အချင်းချင်း ပြန်သတ်နေတာလား'
ယွီမန်ဝင်း ကြောင်နေစဉ် ထိုသတ္တဝါက ခေါင်းနှစ်လုံး သတ္တဝါဆီ ပြေးသွားပြီး နှစ်ပိုင်း ဆွဲဖြဲလိုက်သည်။
ကျန်ရှိနေသော အမြီးရှည် သတ္တဝါက ထွက်ပြေးရန် ကြိုးစားသော်လည်း အမှီလိုက်ခံရပြီး ခေါင်းဖြတ်ခံလိုက်ရသည်။
"ဟူး... ဟူး... ဟူး..."
ဖန်းချိုးယောင်က အမောဖြေနေသည်။ ကယ်တင်ခံလိုက်ရသော်လည်း မိတ်ဆွေလား ရန်သူလား မသိသေးပေ။
"ဒါကို သူ့ကို တိုက်လိုက်"
ထိုအချိန်တွင် ရင်းနှီးသော အသံတစ်သံ ကြားလိုက်ရသည်။
"အစ်ကိုကြီး"
ဖန်းချိုးယောင် မော့ကြည့်လိုက်ရာ ကျန်းပေရန် လမ်းလျှောက်လာသည်ကို တွေ့လိုက်ရသည်။ သူက မိန်းကလေး တစ်ယောက်ကို ဆေးလုံး ပေးနေသည်။
"ဟေ့လူ... ငါ့ကို မခိုင်းနဲ့... ငါက ရှင့် အစေခံ မဟုတ်ဘူး"
ယန်ယန်က ပြောသော်လည်း ဆေးလုံးကို ယူပြီး တိုက်လိုက်သည်။
"သနားလို့ ကူညီပေးတာနော်"
ကျန်းပေရန်က ယန်ယန်ကို ဂရုမစိုက်ဘဲ ယွီမန်ဝင်း ဆီ သွားပြီး ဆေးလုံး ၂ လုံး ပေးလိုက်သည်။
"တစ်လုံးက အဆိပ်ဖြေဆေး... တစ်လုံးက ဒဏ်ရာ ကုဆေး"
ယွီမန်ဝင်းက ကျန်းပေရန်ကို အံ့သြစွာ ကြည့်ပြီး ဆေးလုံး ယူသောက်လိုက်သည်။
"ကျေး... ကျေးဇူးပဲ"
ကျန်းပေရန် ပေါ်လာတာကို မအံ့သြပေမယ့် ဒီလို ပုံစံနဲ့ ပေါ်လာတာကို အံ့သြမိသည်။
အစကတည်းက ကျန်းပေရန်က သာမန် မဟုတ်မှန်း သိသော်လည်း ဒီလောက် စွမ်းမယ် မထင်ထားခဲ့ပေ။
ရုတ်တရက် သတိရသွားပြီး အော်ပြောလိုက်သည်။
"သတိထား... နောက်ထပ် သတ္တဝါ တစ်ကောင် ရှိသေးတယ်"
အတောင်ပံပါသော သတ္တဝါကို ညွှန်ပြလိုက်သော်လည်း ထိုသတ္တဝါက လူပုံစံ ပြောင်းလဲသွားပြီး ယွီကွေ့မြောင်ကို ဆေးတိုက်နေသည်ကို တွေ့လိုက်ရသည်။
ယွီမန်ဝင်း မျက်လုံး ပုတ်ခတ်ပုတ်ခတ် ဖြစ်သွားသည်။ ဘာတွေ ဖြစ်နေမှန်း နားမလည်တော့ပေ။
ယွီမန်ဝင်း သက်သာသွားသည်ကို မြင်တော့ ကျန်းပေရန်က လျူဇီဂျင်း ဆီ သွားပြီး ဒဏ်ရာ စစ်ဆေးလိုက်သည်။ သိပ်မပြင်းထန်သဖြင့် ဆေးတစ်လုံး ပေးလိုက်သည်။
"ကျေးဇူးပါ အစ်ကိုကြီး"
လျူဇီဂျင်း ဆေးသောက်လိုက်သည်။
"လုဘိုကွေး ဘယ်မှာလဲ သိလား"
ဒဏ်ရာ သက်သာလာလို့ အံ့သြနေတဲ့ လျူဇီဂျင်းက မေးခွန်းကြားတော့ ချက်ချင်း ဖြေလိုက်သည်။
"သိတယ်... လျန်ကျိုး မှာ"
အစ်ကိုကြီး လို့ ခေါ်နိုင်တဲ့သူက တစ်ယောက်ပဲ ရှိသည်။ ကျန်းပေရန်၏ အသက်သခင် လုဘိုကွေး ဖြစ်သည်။
"အတိအကျ သိလား"
"အတိအကျ ဆိုရင်..."
လျူဇီဂျင်း စဉ်းစားလိုက်သည်။
"ချန်ယန်ခရိုင် ရှုကျန်းမြို့ မှာ... ဟုတ်တယ်မလား ချိုးယောင်"
"ဟုတ်တယ်... အစ်ကိုကြီးလု က အဲဒီမှာ ဓားစောင့် လုပ်နေတာ"
နေရာ သိရတော့ ကျန်းပေရန် မတ်တတ်ရပ်ပြီး မေးလိုက်သည်။
"ဂိုဏ်းက အကြီးအကဲတွေ ဘယ်ရောက်ကုန်ကြလဲ"
ကျန်းပေရန်က စိတ်စွမ်းအင်နဲ့ စစ်ဆေးကြည့်တော့ တိုက်ခိုက်နေတဲ့ ဂူကျင့်ကြံသူတွေက အဆင့်နိမ့်တွေ ဖြစ်နေသည်။ အဆင့်နိမ့်တွေနဲ့တောင် ဂိုဏ်းက အထိနာနေသည်။
ယွီမန်ဝင်း ထရပ်ပြီး ဖြေလိုက်သည်။
"ဂိုဏ်းချုပ်က အကြီးအကဲ အများစုကို လျန်တိုင်းပြည် က နယ်မြေသစ်တွေဆီ လွှတ်လိုက်လို့... ဂိုဏ်းမှာ လူသိပ်မရှိဘူး"
'အိမ်ကို ဒီလောက် ပစ်ထားရလား'
ဒါပေမဲ့ လုယင်လုံကို အပြစ်တင်လို့ မရပေ။ နယ်မြေသစ် ရထားတော့ လူအင်အား လိုအပ်မှာ သဘာဝပါပဲ။ ဂူမျိုးနွယ်တွေ ပြန်လာမယ်လို့ ဘယ်သူ ထင်မှာလဲ။
ထင်ခဲ့ရင်တောင် ဒီလောက် မြန်မြန် ပြန်လာမယ်လို့ မထင်လောက်ဘူး။
ကျန်းပေရန်က ချူယန်ဇယ် ပခုံးကို ပုတ်လိုက်သည်။
"ဝတ်စုံဝတ်ပြီး ဒီမှာ စောင့်နေ"
ပြီးတော့ အမှောင်ချုံးချီ ဘက် လှည့်ပြောလိုက်သည်။
"ကူညီပေးပါဦး... သူနဲ့ အတူ အမှိုက်တွေ ရှင်းပေးလိုက်"
"ကိစ္စ မရှိဘူး"
အမှောင်ချုံးချီ လက်ခံလိုက်သည်။
ကျန်းပေရန်က ချူယန်ဇယ် ကို ပြန်ပြောသည်။
"ချုံးချီ မင်းနောက် လိုက်လိမ့်မယ်... သွားတော့... ဂိုဏ်းထဲက ဂူကျင့်ကြံသူတွေကို ရှင်းပစ်လိုက်"
"ဟုတ်ကဲ့"
ချူယန်ဇယ် နဲ့ အမှောင်ချုံးချီ ထွက်သွားတော့ ကျန်းပေရန်က ယွီမန်ဝင်း တို့ကို ပြောလိုက်သည်။
"သတိထားကြ... လုံခြုံတဲ့ နေရာ ရှာပုန်းနေကြ"
ပြောပြီးတာနဲ့ ပျောက်ကွယ်သွားသည်။
"အစ်ကိုကြီး"
ယွီကွေ့မြောင် လှမ်းခေါ်ပေမယ့် အဖြေ မရတော့ပေ။
ကျန်းပေရန် ပုံစံကို ရင်းနှီးနေပြီမို့ လျူဇီဂျင်းက ယွီမန်ဝင်း ဆီ ပြေးသွားသည်။
"ဆရာ အဆင်ပြေရဲ့လား"
"ရပါတယ်"
ယွီမန်ဝင်းက ကျန်းပေရန် ပျောက်သွားတဲ့ နေရာကို ကြည့်ပြီး ပြောလိုက်သည်။
"ဒီနေရာက မလုံခြုံဘူး... ပုန်းစရာ နေရာ ရှာကြရအောင်"
"ဟုတ်ကဲ့"
စံအိမ်ပေါ် ပြန်ရောက်တော့ ရှုကျန်းမြို့ကို မောင်းခိုင်းလိုက်သည်။
လမ်းမှာ ရှီဖုန်းလန်က မေးသည်။
"ပေရန်လေး... မန်ဝင်းတို့ကို ဘာလို့ မခေါ်လာတာလဲ... အန္တရာယ် များတယ်မလား"
တကယ်တော့ ခေါ်လာလို့ ရပါတယ်။ ဒါပေမဲ့ ယွီမန်ဝင်း ကို စမ်းသပ်ချင်သေးလို့ မခေါ်တာပါ။
ပြီးတော့ ကွေ့ရှင်းဂိုဏ်းမှာ အဆင့်မြင့် ဂူကျင့်ကြံသူ တစ်ယောက်မှ မရှိဘူး။ ချူယန်ဇယ် တစ်ယောက်တည်းတောင် ရှင်းနိုင်တယ်။ အဆင့် ၈ သားရဲ အမှောင်ချုံးချီ ပါ ကူညီရင် ပိုလွယ်သွားပြီ။
ဒီတစ်ခါ တိုက်ခိုက်မှုမှာ ဂူမျိုးနွယ်က လူအင်အား သိပ်မသုံးထားဘူး။ အဓိက လူတွေကို တခြား နိုင်ငံတွေဆီ ပို့ထားပုံရတယ်။ ရှန့်တိုင်းပြည်လို နိုင်ငံငယ်လေး အတွက် အားနည်းသူတွေကိုပဲ လွှတ်ထားတာ။
"အခု အချိန်မှာ ရှန့်တိုင်းပြည်က ဘယ်နေရာထက်မဆို ပိုလုံခြုံတယ်"
ကျန်းပေရန် ပြောလိုက်သည်။
ရှန့်တိုင်းပြည်မှာ ရောက်နေတာက အားအနည်းဆုံးတွေ ဖြစ်ပြီး ရှန့်တိုင်းပြည်ကလည်း အခိုးအငွေ့ ကာကွယ်ရေးတွေ လုပ်ထားတော့ လုံခြုံမှု ရှိသည်။
ဂိုဏ်းလို လူမရှိတဲ့ နေရာမျိုး မဟုတ်ရင် အဆင်ပြေပါတယ်။
ခဏကြာတော့ ရှုကျန်းမြို့ ရောက်လာသည်။ ကျန်းပေရန်က ယန်ယန်ကို ခေါ်ပြီး ခုန်ဆင်းလိုက်သည်။
မြေကြီးပေါ် ရောက်တာနဲ့ စိတ်စွမ်းအင် ဖြန့်ကြက်ပြီး ရှာဖွေလိုက်သည်။
"ဟူး..."
ရှုကျန်းမြို့က သိပ်မကျယ်တော့ ခဏလေးနဲ့ ရှာတွေ့သွားသည်။
'အစ်ကိုကြီး ဘေးကင်းပါစေ'
အခန်း ၅၃၉ ကျိုင်းကောင်များ
"ဓားစောင့်ကို အစီရင်ခံအပ်တယ်။ ပျံသန်းသော ဓားခန်းမက တပည့်တွေ အားလုံး လုံခြုံတဲ့ နေရာ ရောက်ကုန်ပြီ"
ခန်းမကြီးထဲတွင် ကွေ့ရှင်းဂိုဏ်း တပည့်တစ်ယောက်က လုဘိုကွေးကို အလေးပြုပြီး ပြောလိုက်လေသည်။
"ကောင်းပြီ... မင်းလည်း မြန်မြန် သွားပုန်းတော့... ကျန်တာ ငါ့တာဝန် ထားလိုက်"
"ဒါပေမဲ့..."
"ဒါပေမဲ့ လုပ်မနေနဲ့... သွားတော့"
"ဟုတ်ကဲ့... ကျေးဇူးတင်ပါတယ် ဓားစောင့်"
တပည့် ထွက်သွားသည်နှင့် လုဘိုကွေး၏ မျက်နှာမှာ ချက်ချင်း ညှိုးငယ်သွားလေသည်။
"အဟွတ် အဟွတ်"
ပြင်းပြင်းထန်ထန် ချောင်းဆိုးပြီးနောက် ကျင့်စဉ်ကို လည်ပတ်ရန် ကြိုးစားသော်လည်း ခန္ဓာကိုယ်အတွင်းရှိ စွမ်းအင်များကို ထိန်းချုပ်ရန် ခက်ခဲနေပြီ ဖြစ်သည်။
'ဒီအခိုးအငွေ့တွေက တော်တော် ဒုက္ခပေးတာပဲ'
လုဘိုကွေးက ကျောက်စိမ်း ပုလင်းလေး ထုတ်ပြီး ဆေးတစ်လုံး သောက်လိုက်လေသည်။
ခဏကြာသော် ကျင့်စဉ်ကို ပြန်လည် လည်ပတ်နိုင်လာပြီး အသက်ရှူ ချောင်သွားသည်။
'ပေရန်လေး လုပ်ပေးတဲ့ဆေးက တကယ် စွမ်းတာပဲ'
ကျန်းပေရန် ထွက်မသွားမီ ဒဏ်ရာ ကုဆေး၊ အဆိပ်ဖြေဆေးများ ပေးခဲ့ဖူးသည်။ ထိုအထဲတွင် အခိုးအငွေ့ ဖြေဆေးလည်း ပါဝင်သည်။
ထို့ကြောင့်လည်း လုဘိုကွေးသည် ယခုထိ တောင့်ခံနိုင်နေခြင်း ဖြစ်သည်။ သို့မဟုတ်ပါက သူလည်း အစီအရင်ထဲ ဝင်ပုန်းနေရလောက်ပြီ ဖြစ်သည်။
အသက်ဝဝ ရှူပြီးနောက် လုဘိုကွေးသည် ခန်းမထဲမှ ပျံသန်း ထွက်ခွာလာခဲ့လေသည်။
"ဘုန်း ဘုန်း"
အခိုးအငွေ့များကြားထဲတွင် တိုက်ပွဲသံများ ဆူညံနေသည်။ ဤနေရာသည် စိတ်နှလုံးပြန်ဂိုဏ်း၏ နယ်မြေသစ် ဖြစ်ပြီး ပင်မဂိုဏ်းထက်ပင် အင်အားကြီးမားသည်။
ဂိုဏ်းချုပ် ကိုယ်တိုင် ဦးဆောင်ပြီး အစွမ်းထက်သော သတ္တဝါများကို တိုက်ခိုက်နေသော်လည်း ကျန်ရှိနေသော သတ္တဝါများက ဂိုဏ်းသားများကို သတ်ဖြတ်နေကြသည်။
ထိုတပည့်များသည် အနာဂတ် မျိုးဆက်သစ်များ ဖြစ်သဖြင့် တစ်ယောက် သေဆုံးလျှင်ပင် ကြီးမားသော ဆုံးရှုံးမှု ဖြစ်ပေသည်။
ထို့ကြောင့် လုဘိုကွေးကဲ့သို့သော အကြီးအကဲများသည် တပည့်များကို ကယ်ထုတ်ရန် ကြိုးစားနေကြသည်။ သို့သော် အခိုးအငွေ့များ ပိုမို ပြင်းထန်လာသဖြင့် တော်တော်များများ မခံနိုင်ကြတော့ပေ။
လုဘိုကွေးကမူ ကျန်းပေရန် ပေးထားသောဆေး ရှိသဖြင့် ဆက်လက် ကယ်တင်ရန် ဆုံးဖြတ်လိုက်လေသည်။
"ကယ်ကြပါဦး... ကယ်ကြပါဦး"
အကူအညီ တောင်းသံ ကြားလိုက်ရသဖြင့် လုဘိုကွေး ချက်ချင်း ပြေးသွားလိုက်သည်။
"သွားစမ်း သတ္တဝါကောင်... ကယ်ကြပါဦး"
ကွေ့ရှင်းဂိုဏ်း တပည့် ၃ ယောက်က အစိမ်းရောင် အခွံမာသတ္တဝါ တစ်ကောင်နှင့် ရင်ဆိုင်နေရသည်။
ဂူကျင့်ကြံသူက လှောင်ပြောင်ပြီး ဘယ်ဘက်မှ တပည့်ကို စတင် တိုက်ခိုက်လိုက်သည်။
"အား"
တပည့်ဖြစ်သူမှာ ကြောက်ရွံ့လွန်းသဖြင့် လက်နက်ပင် မသုံးနိုင်ဘဲ ခေါင်းငုံ့ထားလိုက်သည်။
"ဒိုင်း"
သတ္တုချင်း ရိုက်ခတ်သံ ကြားလိုက်ရသဖြင့် မော့ကြည့်လိုက်ရာ ကျောက်စိမ်းရောင် ဝတ်စုံ ဝတ်ဆင်ထားသော အမျိုးသား တစ်ဦး ရပ်နေသည်ကို တွေ့လိုက်ရသည်။
"ကျေး... ကျေးဇူးတင်ပါတယ်"
လုဘိုကွေးက သတ္တဝါ၏ အစွမ်းကို ခန့်မှန်းမိပြီး တပည့်များကို အော်ပြောလိုက်သည်။
"လေပြည်ခန်းမကို ပြေးကြ... အဲဒီမှာ ကာကွယ်ပေးမယ့်သူ ရှိတယ်"
တပည့် ၃ ယောက်က သတိဝင်လာပြီး အလေးပြုလိုက်ကြသည်။
"ကျေးဇူးတင်ပါတယ် အကြီးအကဲ"
ထို့နောက် လှည့်ပြေးကြလေသည်။
သားကောင်များ လွတ်မြောက်သွားသဖြင့် ဂူကျင့်ကြံသူမှာ ဒေါသထွက်ပြီး လုဘိုကွေးကို တိုက်ခိုက်လိုက်သည်။
လုဘိုကွေးက ဓားကို ဝှေ့ယမ်းလိုက်ရာ အစိမ်းရောင် ဓားအရှိန်အဝါများ ထွက်ပေါ်လာသည်။
"အရပ် ၈ မျက်နှာ လေပြင်း"
လုဘိုကွေး အော်လိုက်သည်နှင့် ဓားအရှိန်အဝါ ၇ ခုက သတ္တဝါဆီ ဝင်ရောက် တိုက်ခိုက်လိုက်လေသည်။
ဂူကျင့်ကြံသူက အခွံမာ ရှိသဖြင့် ဂရုမစိုက်ဘဲ ဝင်တိုက်သော်လည်း အခွံများ ကွဲထွက်ကုန်သည်။
မယုံနိုင် ဖြစ်နေစဉ် လုဘိုကွေး၏ ဓားက ရင်ဘတ်ကို ထိုးဖောက်သွားလေသည်။
ဂူကျင့်ကြံသူက စူးစူးဝါးဝါး အော်ဟစ်လိုက်သည်။
လုဘိုကွေးက ဓားကို ပြန်ဆွဲထုတ်ရန် ပြင်လိုက်သော်လည်း သတ္တဝါက ဓားကို အတင်း ဆွဲထားလိုက်သည်။
လုဘိုကွေးက မျက်နှာကို ကန်လိုက်သော်လည်း လွှတ်မပေးပေ။
ထိုအချိန်တွင် တံစဉ် လက်မောင်းနှင့် သတ္တဝါ တစ်ကောင် ကောင်းကင်မှ ကျလာပြီး လုဘိုကွေးကို ခုတ်ပိုင်းလိုက်လေသည်။
လုဘိုကွေးက ဓားကို လွှတ်ပြီး ရှောင်တိမ်းလိုက်ရသည်။ ပြန်တိုက်ရန် ပြင်လိုက်စဉ် ခြေထောက်ကို တစ်ခုခု လာရောက် ဆွဲကိုင်သည်ကို ခံလိုက်ရသည်။
စောစောက အော်သံမှာ အကူအညီ တောင်းသံ ဖြစ်ကြောင်း သဘောပေါက်လိုက်သည်။
'သူတို့က အုပ်စုလိုက် တိုက်တာပဲ'
လုဘိုကွေးက အချိန်မဆွဲတော့ဘဲ အပြင်းထန်ဆုံး သိုင်းကွက်ကို သုံးလိုက်လေသည်။
"ဓားတစ်ရာ နတ်ဘုရား တံဆိပ်"
ဓားအရှိန်အဝါများ ပတ်ပတ်လည်တွင် ပေါ်လာပြီး ဝင်ရောက်လာသော သတ္တဝါများကို တိုက်ခိုက်လိုက်သည်။ သတ္တဝါများ ခြေပြတ် လက်ပြတ် ဖြစ်ပြီး လွင့်စင်ထွက်ကုန်သည်။
ဒီသိုင်းကွက်က ယခုမှ ကျင့်ကြံအောင်မြင်ထားခြင်း ဖြစ်သော်လည်း တကယ် ထိရောက်လှသည်။
'အဝါရောင်အဆင့် အလယ်အလတ်တန်းစား သိုင်းကျမ်းဆိုတော့ တကယ် စွမ်းတာပဲ... ပေရန်ရေ မင်းကို ကျေးဇူးတင်ရဦးမယ်'
လုဘိုကွေး ကျင့်ကြံနေသည်မှာ ကျန်းပေရန် ပေးထားသော "မြောက်ပိုင်း ကြယ်စဉ် သိုင်းကျမ်း" ဖြစ်သည်။
ဒီသိုင်းကျမ်းကြောင့် လုဘိုကွေးက အဆင့်မြင့်တပည့် ဖြစ်လာပြီး ဓားစောင့် ရာထူး ရရှိခဲ့ခြင်း ဖြစ်သည်။
လုဘိုကွေး ထွက်ပြေးရန် ကြံလိုက်သော်လည်း သတ္တဝါများ ပိုမို များပြားလာပြီး ဝိုင်းရံထားလိုက်ကြသည်။
"ကျိုင်းကောင်တွေလို အုပ်စုလိုက် လာနေကြတာပဲ"
ဓားအရှိန်အဝါများကြောင့် အနားမကပ်ရဲကြသော်လည်း လုဘိုကွေးကို ပိတ်မိနေစေသည်။
လုဘိုကွေးက အချိန်ဆွဲမခံဘဲ ထပ်မံ တိုက်ခိုက်လိုက်သည်။
"ကြယ်ကြွေ ပုံစံ"
ဓားအရှိန်အဝါများ အကုန် ပစ်လွှတ်လိုက်ပြီး လမ်းဖွင့်လိုက်လေသည်။
သတ္တဝါများ ကြောင်အနေစဉ် လုဘိုကွေး ထွက်ပြေးလိုက်သည်။ စောစောက သိုင်းကွက်ကြောင့် စွမ်းအင် ကုန်ခမ်းနေပြီ ဖြစ်သည်။
ဒဏ်ရာရထားသော ဂူကျင့်ကြံသူများသည် ဒေါသတကြီး လိုက်လာကြသည်။
လုဘိုကွေးက မကြောက်ရွံ့ဘဲ ဝမ်းသာသွားသည်။ သူက သတ္တဝါများကို ဆွဲထားနိုင်လျှင် တပည့်များ လွတ်မြောက်ဖို့ အခွင့်အရေး ပိုရမည် ဖြစ်သည်။
"လာကြ... လိုက်ခဲ့ကြစမ်း"
လုဘိုကွေးက အနက်ရောင်ပုလင်းထဲမှ စွမ်းအင်ဖြည့်ဆေး တစ်လုံး သောက်လိုက်ပြီး အရှိန်တင် ပြေးလိုက်လေသည်။
"ဘုန်း"
ရုတ်တရက် အားပြင်းသော တိုက်ခိုက်မှု တစ်ခုကြောင့် လုဘိုကွေး လွင့်စင်ထွက်သွားသည်။
'အားကြီးလိုက်တာ'
လုဘိုကွေး ပြန်မထနိုင်မီ အရိပ်မည်းကြီး တစ်ခု ရောက်ရှိလာသည်။
'အနက်ရောင်ဧကရာဇ်အဆင့် ပါလား'
လုဘိုကွေး သေပြီဟု ထင်လိုက်သည်။
နောက်ဆုံး အသက်ရှူချိန်တွင် ခုခံရန် ပြင်လိုက်သော်လည်း ရုတ်တရက် လေပေါ် မြောက်တက်သွားသည်။
အဖြူရောင် အမွေးပွပွ အမြီးကြီး တစ်ခုက သူ့ကို ရစ်ပတ်ပြီး ဘေးသို့ ချပေးလိုက်လေသည်။
တစ်ချိန်တည်းမှာပင် အရိပ်မည်းကြီးကို ရိုက်ချလိုက်ရာ ပွဲချင်းပြီး သေဆုံးသွားသည်။
"အား"
"ဝေါင်း"
"အား"
ပတ်ဝန်းကျင်မှ သတ္တဝါများလည်း အော်ဟစ်သံများ ထွက်ပေါ်လာသည်။ အမြီးများက ရစ်ပတ်ပြီး ရိုက်ချလိုက်ရာ အကုန် သေဆုံးကုန်သည်။
"အစ်ကိုကြီး... ဒီဆေး သောက်လိုက်ပါ"
ရင်းနှီးသော အသံ ကြားလိုက်ရသဖြင့် လုဘိုကွေး မော့ကြည့်လိုက်သည်။
"ပေရန်... မင်း ဘယ်လို ရောက်လာတာလဲ"
"အဲဒါ အရေးမကြီးပါဘူး... ဆေးသောက်လိုက်ပါဦး... ဒဏ်ရာ ပြင်းတယ်"
လုဘိုကွေး၏ မျက်နှာ တစ်ခြမ်းလုံး ပိန်ချိုင့်ဝင်နေသည်။
လုဘိုကွေးက ဆေးသောက်လိုက်ရာ အေးမြသော ခံစားမှု ရရှိလိုက်ပြီး သက်သာသွားသည်။
ဒဏ်ရာ သက်သာသည်နှင့် ကျန်းပေရန်က လုဘိုကွေးကို စံအိမ်ပေါ် ခေါ်တင်သွားလေသည်။
"ဒါ ဘယ်နေရာလဲ"
ပန်းများ ဝေဆာနေသော ဥယျာဉ်ကို မြင်တွေ့ရသဖြင့် လုဘိုကွေး အံ့သြသွားသည်။
"ဒါက ရေမှန်ခန်းမ ခန်းမသခင် ရှီ ရဲ့ စံအိမ်ပါ... ကျွန်တော် ဒါနဲ့ လာခဲ့တာ"
ကျန်းပေရန်က လျှို့ဝှက်ထားချင်သော်လည်း အခြေအနေအရ ခေါ်လာခဲ့ရသည်။
ရှီဖုန်းလန်က ရင့်ကျက်သော ပုံစံ ဖမ်းပြီး လမ်းလျှောက်လာလေသည်။
"ဓားစောင့်လု... အဆင်ပြေရဲ့လား"
လုဘိုကွေးက ရှီဖုန်းလန်ကို တစ်ခါမှ မမြင်ဖူးသော်လည်း နာမည်တော့ ကြားဖူးသည်။ ဂိုဏ်းထဲတွင် အထူးခြားဆုံး ခန်းမသခင် ဖြစ်သည်။
"ဂါရဝပြုပါတယ် ခန်းမသခင် ရှီ... ကယ်တင်ပေးလို့ ကျေးဇူးပါ"
"မလိုပါဘူး... ဒဏ်ရာ မပြင်းရင် အပေါ်ထပ်မှာ သွားနားလိုက်ပါ... အခန်း ပြင်ဆင်ခိုင်းထားပါတယ်... ပေရန် လိုက်ပို့ပေးလိုက်"
"ဟုတ်ကဲ့... ကျေးဇူးပါ ခန်းမသခင် ရှီ"
ကျန်းပေရန်က လုဘိုကွေးကို ခေါ်ပြီး အပေါ်ထပ် တက်သွားလေသည်။
လုဘိုကွေး မေးချင်သည်များ များပြားနေသော်လည်း သူများနေရာ ဖြစ်သဖြင့် မမေးတော့ပေ။
အခန်းထဲ ရောက်သောအခါ ကျန်းပေရန်က လက်ဖက်ရည် ငှဲ့ပေးသည်။
"အစ်ကိုကြီး... အခိုးအငွေ့တွေ မပျောက်မချင်း ဒီမှာပဲ နားနေပါ"
လုဘိုကွေးက လက်ဖက်ရည် သောက်ပြီး ပြုံးလိုက်လေသည်။
"ပေရန်... မင်းနဲ့ တွေ့တိုင်း အံ့သြစရာတွေချည်းပဲ... ခန်းမသခင်ရှီက လူတွေ့ရ ခက်တယ် ကြားဖူးတယ်... မင်းနဲ့ကျတော့ ရင်းနှီးနေပါလား"
"တိုက်ဆိုင်သွားလို့ပါ... ခန်းမသခင် ရှီက ပန်းကြိုက်တယ်... ကျွန်တော်က ပန်းအကြောင်း နားလည်တော့ ကူညီရင်း ရင်းနှီးသွားတာပါ"
လုဘိုကွေး ခေါင်းညိတ်လိုက်သည်။
"စောစောက သတ္တဝါတွေကို သတ်လိုက်တာကလည်း ခန်းမသခင် ရှီရဲ့ သားရဲလား"
စံအိမ်ပေါ် မရောက်မီ အမြီး ၉ ချောင်းပါသော မြေခွေးကြီးကို တွေ့လိုက်ရသည်။ ဒဏ္ဍာရီလာ ကိုးမြီးမြေခွေး ဖြစ်ပုံရသည်။
"ဟုတ်တယ်... ဒါကြောင့် အစ်ကိုကြီး စိတ်မပူပါနဲ့... ကျန်နေတဲ့ တပည့်တွေကို ခန်းမသခင်ရှီက ကယ်တင်ပေးပါလိမ့်မယ်"
"ဒါဆိုရင် စိတ်အေးရပါပြီ"
"အစ်ကိုကြီး နားလိုက်ပါဦး... ကျွန်တော် လုပ်စရာ ရှိသေးလို့ သွားလိုက်ဦးမယ်"
"ကောင်းပြီ"
ကျန်းပေရန် ထွက်သွားသောအခါ လုဘိုကွေး လက်ဖက်ရည် ဆက်သောက်လိုက်လေသည်။
ကျန်းပေရန် ဧကရာဇ် ဖြစ်လာကတည်းက ကလေး မဟုတ်တော့မှန်း သိခဲ့ရသည်။ ကိုယ်ပိုင် စွမ်းရည်ဖြင့် ရပ်တည်နိုင်နေပြီ ဖြစ်သည်။
အစတုန်းက စိတ်ပူခဲ့သော်လည်း အဆင့်မြင့် သိုင်းကျမ်းများ၊ ဆေးဝါးများ ယူလာပေးတော့မှ စိတ်အေးသွားရသည်။
ကျန်းပေရန်က ဘာလုပ်နေလဲ မပြောပြသော်လည်း လုဘိုကွေးက မမေးမြန်းပေ။ ပြောချင်သော အချိန်ကျလျှင် ပြောပြပေလိမ့်မည်။
"လက်ဖက်ရည်က ကောင်းလိုက်တာ"
...
"ပေရန်လေး... ငါ့ စွမ်းဆောင်ရည် ဘယ်လိုလဲ"
ဧည့်ခန်းထဲ ရောက်သည်နှင့် ရှီဖုန်းလန်က အပြေးရောက်လာပြီး မေးလေသည်။
အသံလုံသော အခန်းမို့ လုဘိုကွေး ကြားမည် မဟုတ်ပေ။
"ကောင်းတယ်... ညကျရင် ဝက်နံရိုးကြော် ကျွေးမယ်"
"ဟီးဟီး"
ရှီဖုန်းလန် ပျော်ရွှင်သွားသည်။
ကျန်းပေရန်က အပြင်ပြန်ထွက်ပြီး သေဆုံးနေသော ဂူကျင့်ကြံသူများကို စစ်ဆေးကြည့်လိုက်လေသည်။
'အရင်တစ်ခါနဲ့ မတူပါလား'
အရင်တစ်ခါတုန်းက ကိုယ်တွင်းကလီစာများ ပျက်စီးနေသော်လည်း ဒီတစ်ခါတော့ လူသားများနှင့် တူညီနေသည်။
'ဟိုးအရင်က မောင်းထုတ်ခံရတဲ့ ဂူမျိုးနွယ်တွေ ပြန်လာတာ ဖြစ်မယ်'