အခန်း (၅၄၀-၅၄၁)
Vol. 47 Ch. 540-541
အခန်း ၅၄၀ အစွမ်းထက်သူများ၏ ကူညီမှု
"မင်းမှာ ဒီလို ဝါသနာ ရှိမှန်း မသိခဲ့ဘူး"
ကျန်းပေရန် အလောင်းများကို ထိုင်ကြည့်နေသည်ကို မြင်သောအခါ ယန်ယန် လျှောက်လာပြီး မေးလိုက်လေသည်။
ကျန်းပေရန်က ပြန်မဖြေဘဲ နောက်ထပ် အလောင်းများကို ဆက်လက် စစ်ဆေးလိုက်သည်။
ဒီအလောင်းများ၏ ခန္ဓာကိုယ် တည်ဆောက်ပုံမှာ လူသားများနှင့် တူညီနေကြောင်း သေချာသွားသောအခါမှ မတ်တတ်ရပ်ပြီး ယန်ယန်ကို မေးလိုက်လေသည်။
"ဂိုဏ်း ပတ်ဝန်းကျင်က ဂူကျင့်ကြံသူတွေကို ရှင်းလင်းပြီးပြီလား"
"ငါက ရှင့် လက်အောက်ငယ်သား မဟုတ်ဘူးလို့ ပြောထားတယ်လေ"
ယန်ယန် မကျေမနပ် အော်ပြောလိုက်သည်။
"ဒီနားတဝိုက်မှာ အကောင်သေးတွေ မရှိတော့ဘူး ပြီးတော့ မေ့လဲနေတဲ့ လူသား တချို့ တွေ့လို့ ဆေးတိုက်ပြီး လမ်းပြပေးခဲ့တယ် လူသားတွေက သိပ်အားနည်းတာပဲ"
ကျန်းပေရန် ကြည့်လိုက်သောအခါ ယန်ယန်က အမြီး ၇ ချောင်းကို ယမ်းခါပြီး ဆက်ပြောသည်။
"စိတ်မပူပါနဲ့ ရှင် မှာတဲ့အတိုင်း ဆေးတိုက်ပေးခဲ့တယ်"
"ကျေးဇူးပဲ"
ကျန်းပေရန် ခေါင်းညိတ်ပြီး ယန်ယန်ကို ခေါ်ကာ စံအိမ်ပေါ် ပြန်တက်သွားလေသည်။
လုဘိုကွေး လုံခြုံသွားပြီ ဖြစ်သဖြင့် ရှီဖုန်းလန်ကို စိတ်နှလုံးပြန်ဂိုဏ်းဆီ ပြန်မောင်းခိုင်းလိုက်သည်။
စိတ်စွမ်းအင် ဖြန့်ကြက်ပြီး ချူယန်ဇယ်နှင့် အမှောင်ချုံးချီကို ရှာဖွေလိုက်သည်။
"အစ်ကိုကြီး ပတ်ဝန်းကျင်ကို ရှင်းလင်းပြီးပါပြီ ဒဏ်ရာရတဲ့ တပည့်တွေကိုလည်း လုံခြုံတဲ့ နေရာ ပို့ပေးလိုက်ပြီ"
"ကောင်းတယ်"
ကျန်းပေရန် စစ်ဆေးကြည့်သောအခါ ဂူကျင့်ကြံသူ အများစု သေဆုံးကုန်ပြီ ဖြစ်ကြောင်း သိရသည်။ ကျန်နေသည်မှာ အနည်းငယ်မျှသာ ရှိတော့သည်။
ကျန်ရှိနေသည်များကို ရှင်းလင်းပြီးနောက် ချီယွင်တောင်ထွတ်ဆီ သွားလိုက်လေသည်။
ချီယွင်တောင်ထွတ်သည် ဂိုဏ်း၏ အဓိက တောင်ထွတ် ဖြစ်ပြီး ကာကွယ်ရေး အစီအရင်များ အကောင်းဆုံး ဖြစ်သည်။
ထို့ကြောင့် အခိုးအငွေ့များ လာရောက်သောအခါ ဤနေရာကို အဓိက ခံစစ်စခန်း အဖြစ် သတ်မှတ်ထားကြသည်။
ကျန်းပေရန် ဝင်သွားသောအခါ ရင်းနှီးသော မျက်နှာများ တွေ့လိုက်ရသည်။ ယပ်တောင်ဖြူ အကြံပေး ကျူးချီရိနှင့် ညာလက်ရုံး ပိုင်အန်းဖူတို့က ကာကွယ်ရေးကို ဦးဆောင်နေကြသည်။ ဘယ်လက်ရုံး ဂူရီက အစီအရင်ကို ပြင်ဆင်နေသည်။
"ဂိုဏ်းချုပ်နဲ့ အဆက်အသွယ် ရပြီလား"
ကျူးချီရိက ပိုင်အန်းဖူကို ကြည့်ပြီး မေးလိုက်သည်။
ပိုင်အန်းဖူ ခေါင်းခါလိုက်လေသည်။
"ဒီ အခိုးအငွေ့တွေထဲမှာ ငါတို့တောင် သွားဖို့ မလွယ်ဘူး စာပို့လင်းယုန်တွေလည်း လျန်ကျိုးကို ရောက်ဖို့ မလွယ်လောက်ဘူး"
ကျူးချီရိ မျက်မှောင်ကြုတ်သွားသည်။ ပထမ အသုတ်လောက်နှင့်ပင် ဤမျှ အထိနာနေပြီ ဖြစ်သည်။ နောက်တစ်ခေါက် ထပ်လာလျှင် လွယ်ကူမည် မဟုတ်ပေ။
"ဒါပေမဲ့ ပြန်ရောက်လာတဲ့တပည့်တွေဆီက ထူးဆန်းတဲ့ သတင်း ကြားရတယ်"
"ဘာသတင်းလဲ"
"အမြီးပါတဲ့ မိန်းကလေး တစ်ယောက်က သူတို့ကို ကယ်တင်လိုက်တာတဲ့ အမြီးနဲ့ ရိုက်လိုက်ရင် သတ္တဝါတွေ အကုန် သေကုန်ရော တဲ့"
"မိန်းကလေး ဟုတ်လား"
"ဟုတ်တယ် အသေးစိတ်တော့ မသိရဘူး ထွက်ပြေးနေရတာ ဆိုတော့ မေးချိန် မရလိုက်ဘူး"
"ရန်သူလား မိတ်ဆွေလား"
"ရန်သူသာ ဆိုရင် ငါတို့ အခုချိန် အသက်ရှင်မှာ မဟုတ်တော့ဘူး"
"ဒါဆို သွားရှာပြီး ကျေးဇူးတင်စကား ပြောရမယ်"
ကျူးချီရိ ထွက်သွားရန် ပြင်လိုက်သောအခါ ပိုင်အန်းဖူ တားလိုက်သည်။
"မလုပ်နဲ့ သတ္တဝါတွေကို သတ်တိုင်း မိတ်ဆွေ ဖြစ်ချင်မှ ဖြစ်မှာ"
"အခြေအနေက စိုးရိမ်ရနေပြီ မျှော်လင့်ချက် ရှိရင် ဖမ်းဆုပ်ရမှာပဲ"
ပိုင်အန်းဖူ စဉ်းစားပြီး ပြောလိုက်သည်။
"ဒါဆို ငါ လိုက်ခဲ့မယ်"
"မလိုဘူး တစ်ယောက်ယောက်တော့ ကျန်နေခဲ့မှ ဖြစ်မယ်"
"ဒါဆို ဂရုစိုက်"
"ကောင်းပြီ"
"အကြံပေး အကြံပေး"
ဂူရီ အော်ဟစ်ပြီး ပြေးလာသည်။
"ဘာဖြစ်လို့လဲ"
"ထူးဆန်းတဲ့ ကိစ္စ ဖြစ်နေပြီ"
"ဒီနေ့ ထူးဆန်းတာတွေ မလုံလောက်သေးဘူးလား"
"ဒီတစ်ခါ ကောင်းတဲ့ ကိစ္စပါ"
"ဘာကိစ္စလဲ"
"ကာကွယ်ရေး အစီအရင်က ရုတ်တရက် အဆင့်မြင့် အစီအရင် အဖြစ် ပြောင်းလဲသွားတယ် ယင်ကျန်းဟုန် လာရင်တောင် ဖောက်ဝင်နိုင်မှာ မဟုတ်ဘူး"
"ဘာ"
နှစ်ယောက်လုံး အံ့သြသွားကြသည်။
"ဘယ်လို ဖြစ်တာလဲ"
"မသိပါဘူး ပြင်ဆင်နေတုန်း ရုတ်တရက် ပြောင်းလဲသွားတာ ဘယ်ဆရာကြီး လက်ချက်လဲ မသိဘူး"
ကျူးချီရိ စဉ်းစားလိုက်သည်။
မိန်းကလေး တစ်ယောက်၏ ကူညီမှု ယခု အစီအရင် ပြောင်းလဲမှု
အကူအညီ ရနေသည်မှာ သေချာသည်။
"ငါ သွားရှာပြီး ကျေးဇူးတင်စကား ပြောရမယ်"
ကျူးချီရိ အခိုးအငွေ့များထဲ ပျံသန်း ထွက်ခွာသွားသည်။
ဂူရီ နားမလည် ဖြစ်နေသဖြင့် ပိုင်အန်းဖူက မိန်းကလေး အကြောင်း ရှင်းပြလိုက်လေသည်။
...
အခြားတစ်ဖက်တွင် ကျန်းပေရန်သည် ရေမှန်ခန်းမ တပည့်များ နားခိုရာနေရာကို တွေ့ရှိသွားသည်။ လျူဇီဂျင်းနှင့် ယွီကွေ့ကျွေးတို့က တံခါးဝတွင် စောင့်နေသည်ကို တွေ့လိုက်ရသည်။
ဒီနှစ်ယောက်က ဘုရင်အဆင့်ကို တက်လှမ်းနေပြီ ဖြစ်သဖြင့် အစွမ်းထက်နေပြီ ဖြစ်သည်။
"အစ်ကိုကြီး"
လျူဇီဂျင်းနှင့် ယွီကွေ့ကျွေး အံ့သြသွားကြသည်။
ကျန်းပေရန်က တိတ်တိတ်နေရန် လက်ဟန်ပြပြီး မေးလိုက်သည်။
"အကြီးအကဲယွီ ဘယ်မှာလဲ"
"ဆရာအထဲမှာ တပည့်တွေကို နှစ်သိမ့်ပေးနေပါတယ်"
"သွားခေါ်လိုက်"
"ဟုတ်ကဲ့"
ယွီကွေ့ကျွေး ဝင်သွားပြီး ယွီမန်ဝင်းကို ခေါ်လာသည်။ ယွီမန်ဝင်းက ကျေးဇူးတင်စကား ပြောမလို့ လုပ်တုန်း ရှီဖုန်းလန် ပေါ်လာသည်။
"မန်ဝင်း အဆင်ပြေရဲ့လား"
"ပြေပါတယ် ခန်းမသခင် ရှီ"
"ကောင်းတယ် လာ ကောင်းတဲ့ နေရာ ခေါ်သွားမယ်"
ရှီဖုန်းလန်က ယွီမန်ဝင်းကို ခေါ်ပြီး ပျောက်ကွယ်သွားသည်။
လျူဇီဂျင်းနှင့် ယွီကွေ့ကျွေး ကြောင်သွားကြသည်။
ခဏကြာတော့ သူတို့လည်း ဥယျာဉ်ထဲ ရောက်သွားကြသည်။
"မန်ဝင်း စိတ်မပူနဲ့တော့ အစီအရင် အဆင့်မြှင့်ထားပြီးပြီ ဘယ်သူမှ ရှာတွေ့မှာ မဟုတ်ဘူး"
ယွီမန်ဝင်းက ကျန်းပေရန်ကို ကြည့်လိုက်သည်။ ကျန်းပေရန် လက်ချက် ဖြစ်မယ်လို့ ထင်နေမိသည်။
ကျန်းပေရန်က ဘာမှ မပြောပေ။ ရှီဖုန်းလန်က စိတ်မချလို့ ခေါ်လာခိုင်းတာ ဖြစ်သည်။
"ကျေးဇူးတင်ပါတယ် ခန်းမသခင် ရှီ"
"ရပါတယ် ချိုးယောင်လေး တို့ရော"
"အနားယူနေကြတယ်"
"သွားခေါ်လိုက်ကြ"
ရှီဖုန်းလန် ပျော်ရွှင်နေစဉ် ကျန်းပေရန် စဉ်းစားနေသည်။
ရှန့်တိုင်းပြည်မှာပဲ ပုန်းနေမလား ဒါမှမဟုတ်...
စဉ်းစားနေတုန်း စနစ်က ရွေးချယ်မှု ပြသလိုက်သည်။
[ရွေးချယ်မှု ၁ - ရှန့်တိုင်းပြည်တွင် နေပြီး အခိုးအငွေ့ ပျောက်ကွယ်သည်အထိ စောင့်ပါ။ ဆုလဒ် - ရွှေရောင် နေမင်း သိုင်းကျမ်း (ကောင်းကင်အဆင့် အလယ်အလတ်)]
[ရွေးချယ်မှု ၂ - အခိုးအငွေ့ အရင်းအမြစ်ကို ရှာဖွေပြီး ဖြေရှင်းပါ။ ဆုလဒ် - ကျပန်း အခြေခံ ဂုဏ်သတ္တိ အမှတ် +၁]
'...'
'သောက်ကျိုးနည်း ကွာ'
ကျန်းပေရန် စိတ်ထဲက ဆဲလိုက်သည်။
'ဒီလောက် အဆင့်မြင့် ကျင့်ကြံသူတွေ ရှိနေတာကို ငါ့ကိုမှ ခိုင်းရလား ငါ မရှိရင် ကမ္ဘာကြီး ရပ်သွားမှာမို့လို့လား'
ရွေးချယ်မှု ၁ ရဲ့ ဆုလဒ်က ကောင်းကင်အဆင့် အလယ်အလတ် ဆိုတော့ အန္တရာယ် ဘယ်လောက် ကြီးမားလဲ ခန့်မှန်းလို့ ရသည်။
သူသာ ဘာမှ မလုပ်ဘဲ နေလိုက်ရင် ကမ္ဘာပျက်သွားမယ့် သဘော ရှိသည်။
ကျန်းပေရန် လက်ကောက်ဝတ်က လက်ကောက်တွေကို ကြည့်လိုက်သည်။ ဒီလက်ကောက်တွေက အဖြေ ဖြစ်နိုင်တယ်။
'ဟူး...'
ကျန်းပေရန် သက်ပြင်းချလိုက်သည်။ အစတုန်းက စိတ်နှလုံးပြန်ဂိုဏ်း၊ နောက်တော့ ရှန့်တိုင်းပြည်၊ အခုတော့ တိုက်ကြီး တစ်ခုလုံးကို ကယ်တင်ရတော့မယ်။
'ဖိအားတွေ များလိုက်တာ'
ရွေးချယ်မှု ၂ ကို ရွေးလိုက်သည်။
လျူဇီဂျင်းတို့ကို နေရာချပေးပြီးနောက် ရှီဖုန်းလန်ကို ပြောလိုက်သည်။
"လျန်ကျိုးကို သွားမယ်"
"ဟုတ်ကဲ့"
ရေထဲ ဆင်းရတော့မယ် ဆိုပေမယ့် ရေတိမ်က စဆင်းတာ ပိုကောင်းတယ်။ ရှန့်တိုင်းပြည်က စရှင်းမယ်။
လျန်ကျိုး ရောက်တော့ ချူယန်ဇယ်၊ ယန်ယန်နဲ့ အမှောင်ချုံးချီကိုခေါပြီး ဆင်းလိုက်သည်။
"ဆရာ... ကယ်ပါဦး... ကျွန်တော် မနိုင်တော့ဘူး"
ကောင်းကင်ပေါ်မှာ ကျိချင်းလင်က ရင်ဘတ်မှာ ဒဏ်ရာကြီးနဲ့ အော်ဟစ်နေသည်။
"ဟွန်း... အခုမှ ဆရာ လာခေါ်နေတယ်"
ယင်ကျန်းဟုန်က ပြန်ပြောလိုက်သည်။
"ဆရာ့ကို အမြဲ လေးစားပါတယ်ဗျာ... အဟွတ် အဟွတ်"
ကျိချင်းလင်း စကားမဆုံးခင် ယင်ကျန်းဟုန် မျက်နှာ အရောင် ပြောင်းသွားသည်။ အခြေအနေ မကောင်းတော့ပေ။
"အဘိုးကြီး အဆင်ပြေရဲ့လား"
ကျိချင်းလင် စိုးရိမ်သွားသည်။
"ပြဿနာ မရှိပါဘူး... အခိုးအငွေ့တွေက ဒုက္ခပေးနေတာ"
ကျင့်ကြံသူတွေက သဘာဝ စွမ်းအင်ကို စုပ်ယူပြီး တိုက်ခိုက်ရတာ ဖြစ်သည်။ အခိုးအငွေ့တွေကြောင့် စွမ်းအင် စုပ်ယူဖို့ ခက်ခဲနေပြီး အဆိပ်သင့်နေတာ ဖြစ်သည်။
"အသက်ကြီးရင် အိမ်မှာ နေပါလား... တောက်... ခွေးကောင်တွေ လာပြန်ပြီ"
ကျိချင်းလင်က လှံရှည်ကို ကိုင်ပြီး ဝင်တိုက်လိုက်သည်။
"ဒုန်း"
တစ်ချက် တိုက်ပြီး နောက်ဆုတ်လိုက်သည်။
"အဘိုးကြီး ရှောင်... အဆိပ်တွေနဲ့"
ယင်ကျန်းဟုန် ရှောင်မလို့ လုပ်တုန်း နောက်တစ်ကောင် ရောက်လာသည်။
"မင်းတို့လို ကောင်တွေကို မုန်းတာ"
ယင်ကျန်းဟုန်က မီးမည်းနှစ်ခု ပစ်လွှတ်လိုက်သည်။
ပုဆိန်ကိုင်ထားတဲ့ကောင်က ရှောင်လိုက်ပေမယ့် ဓားကိုင်ထားတဲ့ကောင်က ဝင်တိုက်လိုက်သည်။
"ရှဲ"
ဓားနဲ့ လက်မောင်း အရည်ပျော်သွားသည်။
ဒါပေမဲ့ ချက်ချင်း ပြန်ပြည့်လာသည်။
"သတ္တဝါဆိုးတွေ... အဟွတ်"
ယင်ကျန်းဟုန် ရင်ဘတ် အောင့်သွားသည်။
ပုဆိန်သမားက အခွင့်ကောင်း စောင့်ပြီး ဝင်တိုက်သည်။
"ငါ့ကို လာတိုက်စမ်း"
ကျိချင်းလင်က လှံ ပစ်လွှတ်လိုက်သည်။
ပုဆိန်သမားက ရှောင်လိုက်ပြီး ယင်ကျန်းဟုန် ကို ဆက်တိုက်ဖို့ လုပ်တုန်း အော်သံ ကြားလိုက်ရသည်။
"သတိထား... လှံ ပြန်လာနေတယ်"
အခန်း ၅၄၁ အသီးသီး၏ စစ်မြေပြင်
"ရွှပ်"
ပုဆိန်ကိုင် ဂူကျင့်ကြံသူသည် အဖော်၏ သတိပေးချက်ကြောင့် နောက်သို့ ချက်ချင်း ခုန်ဆုတ်လိုက်ရာ နဂါးမြွေလှံရှည်ကို ကပ်သီးလေး ရှောင်တိမ်းနိုင်လိုက်သည်။
သို့သော် နောက်တစ်ဆင့် မလှုပ်ရှားနိုင်မီ လှံရှည်သည် တုန်ခါသွားပြီး ကျိချင်းလင်အဖြစ် ပြောင်းလဲသွားလေသည်။
"လဖြူလက်ညှိုး"
ရုတ်တရက် ပေါ်လာသော ကျိချင်းလင်က ပုဆိန်ကိုင် ဂူကျင့်ကြံသူ၏ မျက်နှာကို လက်ညှိုးဖြင့် ထိုးလိုက်သည်။ မြန်ဆန်လွန်းသဖြင့် လေထဲတွင် အရိပ်ဖြူ တစ်ခု ကျန်ရစ်ခဲ့သည်။
'ကောင်းတယ်'
ယင်ကျန်းဟုန် စိတ်ထဲမှ ကြိတ်ချီးကျူးလိုက်သည်။ ကျိချင်းလင်၏ တိုက်ခိုက်မှုသည် ရုတ်တရက် ဖြစ်သည့်အပြင် အလွန် မြန်ဆန်သဖြင့် ရှောင်တိမ်းရန် အခွင့်အရေး မရှိပေ။
ကျိချင်းလင် ကိုယ်တိုင်လည်း ပြုံးလိုက်သည်။ ဤတိုက်ခိုက်မှုသည် သေချာပေါက် ထိမှန်မည်ဟု ယုံကြည်ထားသည်။
သို့သော် လက်ညှိုး ထိမှန်ခါနီးတွင် ဂူကျင့်ကြံသူ၏ ခေါင်းသည်... အရင် ကွဲထွက်သွားလေသည်။
ကျိချင်းလင် အံ့သြနေစဉ် ဂူကျင့်ကြံသူ၏ ခေါင်းသည် နှစ်ပိုင်း ကွဲသွားပြီး ခန္ဓာကိုယ်ပါ ဆက်လက် ကွဲထွက်သွားသည်။
လက်ညှိုး လွဲချော်သွားသော ကျိချင်းလင် အနေအထား မပြင်နိုင်မီ ခန္ဓာကိုယ် တစ်ဝက်သာ ကျန်ရှိသော ဂူကျင့်ကြံသူသည် ပုဆိန်ဖြင့် ခုတ်ပိုင်းလိုက်သည်။
"မသာကောင်"
ကျိချင်းလင် ဆဲရေးလိုက်ပြီး ကိုယ်ယောင်ဖျောက်ကာ နဂါးမြွေလှံရှည် အဖြစ် ပြန်လည် ပြောင်းလဲလိုက်သည်။
"ဒိုင်း"
ပုဆိန်သည် လှံရှည်၏ အရိုးတံကို ထိမှန်ပြီး သတ္တုချင်း ရိုက်ခတ်သံ ထွက်ပေါ်လာသည်။
"တောက်"
နှစ်ဖက်လုံး အသာမရဘူးဟု ယင်ကျန်းဟုန် ထင်လိုက်စဉ် ကျိချင်းလင် ၏နာကျင်စွာ အော်ဟစ်သံ ထွက်ပေါ်လာသည်။
လှည့်ကြည့်လိုက်ရာ ဂျီချင်းလင်း၏ ရင်ဘတ်ကို သံကြိုးတစ်ချောင်း ထိုးဖောက်ထားသည်ကို တွေ့လိုက်ရသည်။ သွေးများ စီးကျနေသည်။
သံကြိုး ပစ်လွှတ်လိုက်သူမှာ စောစောက မီးမည်းကြောင့် လက်မောင်း ပြတ်သွားသော ဂူကျင့်ကြံသူ ဖြစ်သည်။
'ပြန်ကောင်းသွားပြီလား'
လက်မောင်း ပြန်ထွက်လာသည်ကို မြင်ပြီး ယင်ကျန်းဟုန် ကြက်သီးထသွားသည်။
ဂူကျင့်ကြံသူများသည် ပြန်လည် ကုစားနိုင်စွမ်း အလွန် မြင့်မားကြသည်။ တစ်ချက်တည်း အသေမသတ်နိုင်ပါက ဒဏ်ရာ ဘယ်လောက်ရရ အလကား ဖြစ်သည်။
တကယ့် သတ္တဝါဆိုးများ ဖြစ်သည်။
ရင်ဘတ် ထိုးဖောက်ခံရသော ဂျီချင်းလင်းသည် ဒေါသတကြီး အော်ဟစ်ပြီး သံကြိုးကို ဆွဲထုတ်လိုက်သည်။ ထို့နောက် ညာလက်ကို ဝှေ့ယမ်းလိုက်ရာ လခြမ်းပုံစံ စွမ်းအင်ဓား တစ်ခု ထွက်ပေါ်လာပြီး တိုက်ခိုက်လိုက်သည်။
ဂူကျင့်ကြံသူသည် နောက်သို့ ဆုတ်ပြီး ရှောင်တိမ်းလိုက်သည်။ သို့သော် လခြမ်းဓားသည် လေထဲတွင် ပေါက်ကွဲသွားပြီး အပိုင်းအစများစွာ အဖြစ် ပြောင်းလဲကာ ဂူကျင့်ကြံသူနောက်သို့ လိုက်ပါသွားသည်။
"ဟူး... ဟူး..."
ကျိချင်းလင် အမောဖြေရင်း အနက်ရောင် ကြာပန်းဆေးလုံး တစ်လုံး သောက်လိုက်သည်။ ဒဏ်ရာ သက်သာသွားသည်နှင့် နောက်ထပ် လခြမ်းဓား တစ်ခု ပစ်လွှတ်လိုက်သည်။
တကယ်တမ်းတွင် ကျိချင်းလင် သည် စွမ်းအင် သိုင်းကွက်များဖြင့် တိုက်ခိုက်ရသည်ကို ပိုမို ကျွမ်းကျင်သည်။ သို့သော် အခိုးအငွေ့များကြောင့် စွမ်းအင် ဖြည့်တင်းရန် ခက်ခဲသဖြင့် အနီးကပ် တိုက်ခိုက်နေရခြင်း ဖြစ်သည်။ အနီးကပ် တိုက်ခိုက်ရာတွင် သတ္တဝါဆိုးများက ပိုမို အားသာနေသည်။
"ဒီအတိုင်း ဆက်တိုက်ရင် ငါတို့ သေလိမ့်မယ်... ဆရာ တစ်ခုခု ကြံပါဦး"
အခိုးအငွေ့ စတင်ကတည်းက ကျိချင်းလင် ရှေ့ဆုံးမှ တိုက်ခိုက်ခဲ့သဖြင့် စွမ်းအင် ကုန်ခမ်းလုနီးပါး ဖြစ်နေသည်။
ယင်ကျန်းဟုန် အခြေအနေလည်း မထူးမခြားနားပင်။ ဒီတစ်ခါ ဂူကျင့်ကြံသူများသည် အရင်တစ်ခါထက် ပိုမို သန်မာပြီး အရေအတွက်လည်း များပြားသည်။ စွမ်းအင် အတင်း စုပ်ယူခဲ့သဖြင့် အဆိပ်သင့်နေပြီ ဖြစ်သည်။
အဆိပ်အမျိုးအစား မသိသဖြင့် ဖြေဆေးလည်း သောက်၍ မရပေ။
ဆရာတပည့် နှစ်ယောက် အခက်တွေ့နေစဉ် ပုဆိန်ကိုင် ဂူကျင့်ကြံသူ၏ ခန္ဓာကိုယ် ပြန်ဆက်သွားသည်။ ဓားကိုင် ဂူကျင့်ကြံသူလည်း ဒဏ်ရာများ ပျောက်ကင်းသွားသည်။
ဂူကျင့်ကြံသူ နှစ်ကောင် ရှေ့တိုးလာသည်ကို ကြည့်ပြီး ကျိချင်းလင် လှံရှည်ကို ဝှေ့ယမ်းလိုက်သည်။
"အဘိုးကြီး... တကယ် မနိုင်တော့ရင် ထွက်ပြေးလိုက်... ငါ ဆွဲထားပေးမယ်"
"ဟွန်း"
ယင်ကျန်းဟုန် မထီမဲ့မြင် ပြုလိုက်သည်။ လက်ထဲတွင် မီးမည်း တစ်ခု ဖန်တီးလိုက်သည်။
"မင်း ကယ်စရာ မလိုပါဘူး... မင်းက ကျွန်းကို သွားရဦးမယ် မဟုတ်လား... ဒီမှာ လာသေနေလို့ ဘယ်ဖြစ်မလဲ"
"ကောင်းပြီလေ... ငါ အရင် ပြေးရင် ဆရာ့ကို ပစ်သွားတယ် မပြောနဲ့နော်"
"ဟားဟားဟား... ပြေးချင် အခု ပြေးလိုက်"
"ကြိုပြောထားတာပါ... ဘယ်သူ သေမလဲ မသိသေးပါဘူး"
ကျိချင်းလင်က လှံရှည်ကို ကိုင်ပြီး ဝင်တိုက်လိုက်သည်။
ယင်ကျန်းဟုန် ပြုံးလိုက်ပြီး ကြာပန်း မီးအိမ် တစ်လုံး ထုတ်လိုက်သည်။
"မီးတစ်သောင်း မန္တန်"
ကြာပန်း မီးအိမ်တွင် မီးမည်းများ တောက်လောင်လာပြီး ဓားမည်း တစ်ချောင်းကဲ့သို့ ဖြစ်သွားသည်။
...
အခြား စစ်မြေပြင် တစ်ခုတွင် ဖီးနစ်ငှက် ပုံစံ ပြောင်းလဲထားသော မုန်စီပေ့၏ အတောင်ပံ တစ်ဖက် ကျိုးပဲ့နေသည်။ စွမ်းအင် ကုန်ခမ်းနေပြီ ဖြစ်သည်။
"ဟူး... ဟူး..."
ခန္ဓာကိုယ် နာကျင်နေသော်လည်း စွမ်းအင် ထပ်မစုပ်ယူရဲတော့ပေ။ အဆိပ်ကို မထိန်းနိုင်တော့မည်ကို စိုးရိမ်၍ ဖြစ်သည်။
အဆိပ်ဖြေဆေး သောက်ချင်သော်လည်း အကြီးအကဲ မှာထားသည်ကို သတိရပြီး အောင့်အီးထားလိုက်သည်။
"ဟီး"
နောက်ကျောဘက်မှ စူးရှသော အသံ ကြားလိုက်ရသည်။
'မသေသေးဘူးလား'
မုန်စီပေ့ မျက်လုံး ပြူးသွားသည်။ စောစောက ဖီးနစ်ငှက် မြည်သံဖြင့် ၄ ကြိမ်ဆက်တိုက် တိုက်ခိုက်ခဲ့သော်လည်း မသေသေးပေ။
အတောင်ပံပါသော ဂူကျင့်ကြံသူ တစ်ကောင်က တံစဉ်နှစ်ချောင်း ကိုင်ပြီး ဝင်တိုက်လိုက်သည်။
"ကောင်းကင် ဖီးနစ် ပညာ"
မုန်စီပေ့က နောက်ဆုံး လက်ကျန် စွမ်းအင်ဖြင့် တိုက်ခိုက်လိုက်သည်။ အနီရောင် မီးတောက်များ ထွက်ပေါ်လာသည်။
"ဖီးနစ်ငှက် မြည်သံ"
မီးပွားများစွာ ပစ်လွှတ်လိုက်သော်လည်း ဂူကျင့်ကြံသူက လျင်မြန်စွာ ရှောင်တိမ်းပြီး အနား ရောက်လာသည်။
"မီးဟိန်းသံ"
မုန်စီပေ့က မီးတောက်များကို လက်ဝါးတွင် စုစည်းပြီး ခုခံလိုက်သည်။
"ဒိုင်း ဒိုင်း ဒိုင်း"
တိုက်ခိုက်သံများ ဆက်တိုက် ထွက်ပေါ်လာသည်။
ဂူကျင့်ကြံသူ သတိမထားမိသည်မှာ ရှောင်တိမ်းလိုက်သော မီးပွားများက ပြန်လှည့်လာနေခြင်း ဖြစ်သည်။
"ဘုန်း ဘုန်း ဘုန်း"
ပေါက်ကွဲမှုများ ဖြစ်ပေါ်ပြီး ဂူကျင့်ကြံသူ အပိုင်းပိုင်း ပြတ်သွားသည်။
မုန်စီပေ့ သက်ပြင်းချလိုက်သည်။ အနီရောင် မီးတောက်များ ပျောက်ကွယ်သွားသည်။
"ဟူး..."
မြေပြင်ပေါ် ဆင်းသက်ရန် ပြင်လိုက်စဉ် တုန်လှုပ်သွားသည်။
အန္တရာယ် အငွေ့အသက် ရလိုက်သဖြင့် လှည့်ကြည့်လိုက်ရာ အသားစများက ပိုးကောင်များ အဖြစ် ပြောင်းလဲပြီး ပျံသန်းလာသည်ကို တွေ့လိုက်ရသည်။
"ခန်လန် မီးလှိုင်း"
မုန်စီပေ့က မီးလှိုင်းများ ပစ်လွှတ်လိုက်သော်လည်း ပိုးကောင် အများစုက ဖောက်ထွက်လာကြသည်။
"ဘုန်း ဘုန်း ဘုန်း"
ပိုးကောင်များက မုန်စီပေ့ အနား ရောက်သည်နှင့် ပေါက်ကွဲကုန်သည်။ အဆိပ်ရည်များ စင်ထွက်လာသည်။
မုန်စီပေ့က ဖီးနစ်မီးတောက်ဖြင့် ကာကွယ်သော်လည်း အဆိပ်ရည်များ ထိမှန်သွားသည်။
အဆိပ်ရည်များသည် အရေပြားထဲ စိမ့်ဝင်သွားပြီး နာကျင်မှုကို ဖြစ်စေသည်။
ပထမ အသုတ် ပေါက်ကွဲပြီးနောက် ကျန်ရှိသော ပိုးကောင်များက ကိုက်ခဲ တိုက်ခိုက်ကြသည်။
နာကျင်မှုကြောင့် မုန်စီပေ့ ရူးသွပ်မတတ် ဖြစ်နေသည်။ မီးတောက် အားနည်းသွားပြီး ပိုးကောင်များကို မမောင်းထုတ်နိုင်တော့ပေ။
"ဝေါင်း..."
မုန်စီပေ့ အကိုက်ခံရတော့မည့် အချိန်တွင် သားရဲ ဟိန်းသံကြီး ထွက်ပေါ်လာသည်။ အသံလှိုင်းကြောင့် ပိုးကောင်များ လွင့်ထွက်ကုန်သည်။
ဘာဖြစ်မှန်း မသိခင် အပြာရောင် မီးတောက်တစ်ခု ရောက်လာပြီး ပိုးကောင်များကို လောင်ကျွမ်းပစ်လိုက်သည်။
ကျန်ရှိသော ပိုးကောင်များက ထွက်ပြေးရန် ကြိုးစားသော်လည်း နောက်ထပ် ဟိန်းသံကြောင့် မလှုပ်ရှားနိုင်တော့ပေ။
ပိုးကောင်များက တစ်နေရာတည်း စုစည်းပြီး ဂူကျင့်ကြံသူ အဖြစ် ပြန်လည် ပြောင်းလဲကာ တိုက်ခိုက်ရန် ပြင်လိုက်သည်။
"သေစမ်း"
သို့သော် ဘာမှ မလုပ်နိုင်ခင် အမှောင်ချုံးချီက ခေါင်းကို ကိုက်ချလိုက်ပြီး ခန္ဓာကိုယ်ကို လက်ဝါးဖြင့် ရိုက်ချလိုက်သည်။
"ထွီ... ထွီ... ထွီ"
ဂူကျင့်ကြံသူ၏ ခေါင်းက အရသာ မရှိသဖြင့် အမှောင်ချုံးချီ ထွေးထုတ်လိုက်သည်။
'ဘာ... ဘာဖြစ်တာလဲ'
မြေပြင်ပေါ် လဲကျနေသော မုန်စီပေ့ အံ့သြနေသည်။ သားရဲကြီးက ဘယ်က ရောက်လာပြီး ဘာလို့ ကယ်တင်လိုက်တာလဲ။
"လှုပ်လို့ ရသေးလား"
ရင်းနှီးသော အသံ ကြားလိုက်ရသဖြင့် မော့ကြည့်လိုက်သည်။
"ရှင်... ရှင်လား"
မုန်စီပေ့ မထင်ထားခဲ့ပေ။ သူမကို တစ်ခါ ကယ်တင်ဖူးသော အကြီးအကဲ ဖြစ်နေသည်။ ယခုဆိုလျှင် အကြီးအကဲ ဟု ခေါ်ရပေမည်။
"ကျွန်မ..."
မုန်စီပေ့ ထရန် ကြိုးစားသော်လည်း ခန္ဓာကိုယ်က မလှုပ်ရှားပေ။
ကျန်းပေရန်က ထိုင်ချပြီး သွေးခုန်နှုန်း စမ်းကြည့်လိုက်သည်။
"အခြေအနေ ဆိုးနေတယ်... အဆိပ်တွေ များနေတယ်"
ကျန်းပေရန်က သစ်သား ပုလင်းလေး ထုတ်ပြီး အဖြူရောင် အငွေ့ထွက်နေသော ဆေးလုံး တစ်လုံး ယူလိုက်သည်။
"ဒီဆေး အရင် သောက်လိုက်... အဆိပ်ကို ခဏ ထိန်းထားပေးလိမ့်မယ်"
မုန်စီပေ့က ပါးစပ် မဟဘဲ မေးလိုက်သည်။
"အကြီးအကဲ... ဒါ အဆိပ်ဖြေဆေးလား"
ကျန်းပေရန် ကြောင်သွားသည်။
"ဘာဖြစ်လို့လဲ"
"မဟုတ်ပါဘူး... တစ်ခါတုန်းက အကြီးအကဲ တစ်ယောက်က ပြောဖူးတယ်... အဆိပ်ဖြေဆေး လျှောက်မသောက်ရဘူး တဲ့... သောက်ရင် ပိုဆိုးမယ် တဲ့"
"..."
ကျန်းပေရန် ရယ်ချင်သွားသည်။ ဒီစကားကို သူကိုယ်တိုင် ပြောခဲ့တာ ဖြစ်သည်။ မုန်စီပေ့က တကယ် လိုက်နာတာပဲ။
ဒီလောက် နာကျင်နေတာတောင် သတိရှိရှိ မေးနိုင်သေးသည်။
"ဒီဆေးက အဆိပ်ဖြေဆေး မဟုတ်ဘူး... ခဏ ထိန်းထားပေးရုံပဲ... မသောက်ရင် အဆိပ်ဖြေဆေး အစစ် မရခင် သေသွားလိမ့်မယ်... ရုပ်ပျက်ဆင်းပျက် သေမှာ"
ရုပ်ပျက်ဆင်းပျက် ဆိုတဲ့ စကား ကြားတော့ မုန်စီပေ့ မျက်နှာ ပျက်သွားသည်။
"ကျေးဇူးတင်ပါတယ် အကြီးအကဲ"
ပါးစပ် ဟပေးလိုက်သည်။
'ရိုးသားလိုက်တာ'
ကျန်းပေရန်က ဗျိုင်းဖြူဆေးလုံးကို ထည့်ပေးလိုက်သည်။
ဆေးလုံးက အရည်ပျော်ပြီး လည်ချောင်းထဲ ဝင်သွားသည်။
ခဏကြာတော့ နာကျင်မှု သက်သာသွားပြီး စိတ်ကြည်လင်လာသည်။
"ကျေးဇူးတင်ပါတယ် အကြီးအကဲ... နောက်တစ်ကြိမ် ကယ်တင်ပေးပြန်ပြီ"
အမှောင်ချုံးချီက တံတွေးထွေးပြီးလို့ ပြန်ရောက်လာသည်။
"သူငယ်ချင်း... မင်း လက်ရာ စားချင်နေပြီ"
"ပင်ပန်းသွားပြီ... ပြန်ရောက်ရင် အသားတုံးကြီး လုပ်ကျွေးမယ်"
အမှောင်ချုံးချီ ပျော်သွားသည်။
"မပင်ပန်းပါဘူး... ရတယ်"
မုန်စီပေ့က လူနဲ့ သားရဲ စကားပြောနေတာ မြင်ပြီး အံ့သြနေသည်။ ဒါပေမဲ့ အရင်တုန်းက အကြီးအကဲ ပြောဖူးတာ သတိရသွားသည်။
"လူကို လူက မွေးတယ်... သားရဲကို သားရဲက မွေးတယ်... သားရဲမှာလည်း မိဘ ရှိတယ်"
"လောကကြီးက ညစ်နွမ်းနေပေမယ့် ငါက သန့်ရှင်းတယ်... လူတွေ မူးယစ်နေပေမယ့် ငါက သတိရှိတယ်"
...
အဲဒီအချိန်က စပြီး မုန်စီပေ့က သားရဲတွေကို သတ်ဖို့ ဝန်လေးခဲ့သည်။ သားရဲတွေမှာလည်း ခံစားချက် ရှိတယ် ဆိုတာ နားလည်ခဲ့သည်။
စောစောက သားရဲကြီးက ဂူကျင့်ကြံသူကို တစ်ချက်တည်း သတ်လိုက်တာ ကြည့်ရင် အဆင့်မြင့် သားရဲ ဖြစ်လောက်သည်။
ဒါပေမဲ့ ဒီလို သားရဲကြီးက အကြီးအကဲ စကားကို နားထောင်နေသည်။
ဘယ် သားရဲထိန်းကျောင်းသူမှ ဒီလို အဆင့်မြင့် သားရဲကို မခိုင်းစေနိုင်ဘူး။ ဒီလို ရင်းနှီးမှုမျိုးလည်း မရှိဘူး။
'အကြီးအကဲ ပြောတာတွေက အမှန်တွေပဲ... သူက ငါတို့ လိုက်မမီနိုင်တဲ့ အဆင့်ကို ရောက်နေပြီ'
"မတ်တတ်ရပ်ကြည့်ပါလား"
ကျန်းပေရန် ပြောလိုက်သည်။
"ဟုတ်"
မုန်စီပေ့ ကြိုးစားပြီး ရပ်လိုက်သည်။ အားနည်းနေသေးပေမယ့် ရပ်လို့ ရသွားပြီ။
"သိပ်မလှုပ်ရှားနဲ့ဦး... အဆိပ်ကို ထိန်းထားရုံပဲ ရှိသေးတာ... အပြီး မပျောက်မချင်း စွမ်းအင် မသုံးနဲ့တော့"
"ဟုတ်ကဲ့... ကျေးဇူးတင်ပါတယ်"
မုန်စီပေ့ အရိုအသေ ပေးလိုက်သည်။
မေးချင်တာတွေ ရှိသေးပေမယ့် အရိပ်ကြီး တစ်ခု ကျလာလို့ မော့ကြည့်လိုက်သည်။
ဧရာမ မြေခွေးကြီး ဖြစ်နေသည်။ ကိုးမြီးမြေခွေး ဖြစ်ပုံရသည်။
ဒါပေမဲ့ ပိုအံ့သြစရာ ကောင်းတာက မြေခွေးကြီးရဲ့ ပါးစပ်ထဲမှာ လူနှစ်ယောက် ကိုက်ချီထားခြင်း ဖြစ်သည်။
ယင်ကျန်းဟုန်နှင့် ကျိချင်းလင်တို့ ဖြစ်နေသည်။