အခန်း (၅၄၄-၅၄၅)
Vol. 47 Ch. 544-545
အခန်း ၅၄၄ ကံကောင်းခြင်း သင်္ကေတ
"မလိုတော့ဘူး"
ယင်ကျန်းဟုန် ကြောင်သွားသည်။
"တခြားနည်းလမ်း ရှာတွေ့သွားလို့လား"
"မဟုတ်ဘူး ထုန်တိုင်းပြည်ကို သွားမလို့"
ထုန်တိုင်းပြည် ဆိုသည့် အသံကြားတာနှင့် ယင်ကျန်းဟုန် သဘောပေါက်သွားပြီး ခေါင်းညိတ်လိုက်သည်။
"ရှန့်တိုင်းပြည်ဘက်ကို မင်းတို့ပဲ တာဝန်ယူ ကြည့်ရှုပေးကြပါ၊ ငါ အမြန်ဆုံး ပြန်လာခဲ့မယ်၊ ပြဿနာရှိရင် စာပို့လိုက်"
ကျန်းပေရန်က ယန်ယန် သို့မဟုတ် အမှောင်ချုံးချီကို ထားခဲ့ရန် စဉ်းစားသော်လည်း အဆင်မပြေဟု ယူဆလိုက်သည်။ နှစ်ကောင်စလုံးက သူ့၏ တကယ့် လက်အောက်ငယ်သားများ မဟုတ်ပေ။ အမှောင်ချုံးချီက သန်မာချင်လို့ လိုက်လာတာဖြစ်ပြီး၊ ယန်ယန်ကလည်း ရည်ရွယ်ချက် မသေချာသေးသော်လည်း ဒီမှာထားခဲ့ရင် လုံးဝ သဘောတူမည် မဟုတ်ပေ။
ရှန့်တိုင်းပြည်ကို ကျူးကျော်လာသော အစွမ်းအထက်ဆုံး ဂူကျင့်ကြံသူများကို ရှင်းလင်းပြီးပြီဖြစ်သလို၊ ဂူမျိုးနွယ်များက နိုင်ငံ ၆ ခုကိုသာ အဓိကထား တိုက်ခိုက်နေတာမို့ ရှန့်တိုင်းပြည်အပေါ် အာရုံစိုက်လာနိုင်ချေ နည်းပါးသည်။
ကျန်းပေရန်၏ စကားကို ကြားပြီးနောက် ယင်ကျန်းဟုန်က ချဲ့ကားသော ပုံစံဖြင့် အရိုအသေပြုကာ ပြုံးလျက် ပြောလိုက်သည်။
"အမိန့်အတိုင်းပါ အကြီးအကဲ"
ယင်ကျန်းဟုန်ကို ပြုံးပြပြီးနောက် ကျန်းပေရန်သည် ဆေးဖော်ခန်းထဲမှ ထွက်လာခဲ့သည်။
စံအိမ်ပေါ်သို့ တက်ရန် ပြင်လိုက်စဉ် မျက်စိရှေ့၌ စနစ်၏ ရွေးချယ်မှုများ ပေါ်လာသည်။
[ရွေးချယ်မှု ၁ - ထုန်တိုင်းပြည်သို့ တန်းသွားပါ။ ဆုလဒ် - ကောင်းကင်နေမင်း ညှို့ယူခြင်း (မြေကမ္ဘာအဆင့် အထက်တန်းစား)]
[ရွေးချယ်မှု ၂ - မုန်စီပေ့ကိုပါ ခေါ်သွားပါ။ ဆုလဒ် - ကျပန်း အခြေခံ ဂုဏ်သတ္တိ အမှတ် +၁]
'ဟမ်'
'ဟမ်'
ရွေးချယ်မှု နှစ်ခုကို ကြည့်ပြီး ကျန်းပေရန် နားမလည်နိုင် ဖြစ်သွားသည်။
'ဒါ ဘာသဘောလဲ'
စနစ်က တစ်ခါတလေ ကြောင်တောင်တောင် နိုင်တတ်သော်လည်း ဒီတစ်ခါတော့ သူ့မျက်နှာကို လာပွတ်သီးပွတ်သပ် လုပ်နေသလိုပင်။
မုန်စီပေ့က ဘုရင်အဆင့် အထွတ်အထိပ်သာ ရှိသေးတာ ဖြစ်သည်။ ထုန်တိုင်းပြည်ကို ခေါ်သွားပြီး ဘာလုပ်ရမှာလဲ။ ကံကောင်းခြင်း သင်္ကေတ အဖြစ် ခေါ်သွားရမှာလား။
'ကံကောင်းခြင်း သင်္ကေတ...'
ဒီအချက်ကို တွေးမိတော့ ကျန်းပေရန် ရပ်တန့်သွားသည်။
အခုချိန်ထိ အတိအကျ မပြောနိုင်သေးသော်လည်း မုန်စီပေ့တွင် ကံကောင်းခြင်း အရှိန်အဝါများ ရှိနေသည်မှာ သေချာသည်။ ယခင် အခိုးအငွေ့ ကိစ္စတုန်းက ဖြစ်စေ၊ လျန်ကျိုး ပြိုကွဲမယ့် ကိစ္စတုန်းက ဖြစ်စေ သူမ၏ ကံကောင်းခြင်းများကြောင့် ကျန်းပေရန် အသက်သာခဲ့ရသည်။
'ဒီတစ်ခါလည်း သူမရဲ့ ကံကောင်းခြင်းကို လိုအပ်နေတာလား'
နဖူးကို ခေါက်ပြီးနောက် ကျန်းပေရန်က ရွေးချယ်မှု ၂ ကို ရွေးလိုက်သည်။
...
ကွမ်ရှီအန်း နားနေသည့် အိမ်အပြင်ဘက်တွင် မုန်စီပေ့သည် အမှောင်ချုံးချီကို အကဲခတ်နေသည်။ သို့သော် အမှောင်ချုံးချီက သူမကို စိတ်မဝင်စားပေ။ သူမ ဘယ်လောက်ပဲ မိတ်ဖွဲ့ချင်ကြောင်း ပြသနေပါစေ အရာမထင်ပေ။
အမှောင်ချုံးချီက မျက်လုံးထောင့်ကပင် လှည့်မကြည့်ပေ။
ပါးစပ်ကသာ လူသားတွေကို မုန်းတီးတာ အဓိပ္ပာယ်မရှိဘူး၊ အားနည်းသူက အားကြီးသူရဲ့ သားကောင်ဖြစ်တာ သဘာဝပဲဟု ပြောနေသော်လည်း၊ သူ့အစ်ကိုကြီး လူသားတွေ ဖမ်းခေါ်သွားတာကို တွေးမိတိုင်း စိတ်ထဲ မကျေမနပ် ဖြစ်နေဆဲ ဖြစ်သည်။
ထိုအချိန်တွင် အိမ်ထဲမှ ကျိချင်းလင် ထွက်လာပြီး မုန်စီပေ့ကို ပြောလိုက်သည်။
"ဒီကောင်ကြီးက မင်းကို ကြည့်မရ ဖြစ်နေပုံပဲ ဝေးဝေးနေတာ ကောင်းမယ် စိတ်ဆိုးရင် မင်းလို လူ ၁၀ ယောက်လောက် ရှိလည်း သူ့ကို နိုင်မှာ မဟုတ်ဘူး"
မုန်စီပေ့က အမှောင်ချုံးချီ၏ အစွမ်းကို မမြင်ဖူးသဖြင့် ကျိချင်းလင်ကို စပ်စုလိုက်သည်။
"ဂိုဏ်းချုပ်ကျိက သူ့အစွမ်းကို မြင်လိုက်ရလို့လား"
"မြင်တော့ မမြင်လိုက်ရဘူး၊ ဒါပေမဲ့ သူက ဂူကျင့်ကြံသူ ၂ ကောင်ကို အလွယ်တကူ သတ်နိုင်တာ ကြည့်ရင် ငါ့ထက် အများကြီး သာတာ သေချာတယ်၊ အနည်းဆုံးတော့ အဆင့် ၈ သားရဲ ဖြစ်လောက်တယ်"
"အဆင့် ၈..."
မုန်စီပေ့ ရေရွတ်လိုက်သည်။
ကိုးမြီးမြေခွေးကလည်း အဆင့် ၈ ဖြစ်သည်ကို တွေးမိပြီး မုန်စီပေ့ အံ့သြသွားသည်။
'အကြီးအကဲက ဘယ်သားရဲမဆို သူ့အတွက် အလုပ်လုပ်ပေးအောင် ခိုင်းစေနိုင်တာလား... မဟုတ်ဘူး... ဒါကို ခိုင်းစေတာလို့ မခေါ်ဘူး၊ သားရဲတွေက အကြီးအကဲကို မိတ်ဆွေအဖြစ် သဘောထားပြီး လိုလိုလားလား ကူညီကြတာ'
အဆင့် ၈ သားရဲ နှစ်ကောင်တောင် ကူညီနေလျှင် နောက်ထပ် ကူညီချင်နေသည့် အဆင့် ၈ သားရဲတွေ အများကြီး ရှိဦးမည်ဟု မုန်စီပေ့ ယုံကြည်လိုက်သည်။ ဖြစ်နိုင်ချေ ရှိသည်မှာ...
'အဆင့် ၉'
မုန်စီပေ့ ကိုယ့်အတွေးနှင့်ကိုယ် လန့်သွားသည်။ အကြီးအကဲသာ အဆင့် ၉ သားရဲကိုပါ ခိုင်းစေနိုင်လျှင်... ဘယ်လို အခြေအနေမျိုး ဖြစ်သွားမလဲ။
"မုန်စီပေ့"
မုန်စီပေ့ စိတ်ကူးယဉ်နေစဉ် သူမ နားထဲသို့ ခေါ်သံတစ်သံ ဝင်လာသည်။
မော့ကြည့်လိုက်ရာ မလှမ်းမကမ်းတွင် ရပ်နေသော အကြီးအကဲကို တွေ့လိုက်ရသည်။
မုန်စီပေ့ အမြန်ပြေးသွားပြီး ဂါရဝပြုလိုက်သည်။
"အကြီးအကဲ ကျွန်မကို ဘာကိစ္စများ ခေါ်တာပါလဲ"
"နောက်ရက်တွေမှာ မင်း ဖြေရှင်းရမယ့် အရေးကြီး ကိစ္စတွေ ရှိလား"
"အရေးကြီး ကိစ္စ..."
မုန်စီပေ့ ခေါင်းခါလိုက်သည်။
"အဓိက ရန်သူတွေကို အကြီးအကဲ ရှင်းပေးလိုက်ပြီဆိုတော့ ကျွန်မတို့က ဒီနေရာမှာပဲ စောင့်ကြပ်ဖို့ ပြင်ထားပါတယ်"
"ကိစ္စ မရှိရင် ငါနဲ့ လိုက်ခဲ့"
မုန်စီပေ့ ကြောင်သွားပြီးနောက် ရင်ထဲ လှုပ်ရှားသွားသည်။
'အကြီးအကဲက ငါ့ကို ခေါ်သွားမလို့လား'
အကြီးအကဲနှင့် အကြိမ်ကြိမ် တွေ့ဖူးသော်လည်း မုန်စီပေ့က မျက်နှာချင်းဆိုင် သေချာ မကြည့်ရဲပေ။ မိမိကိုယ်ကို နှိမ့်ချထားမိသည်။
အကြီးအကဲနှင့် သူမသည် ကမ္ဘာမတူသူများဟု ခံယူထားပြီး မော့ကြည့်ရုံမှလွဲ၍ ဘာမှ မလုပ်နိုင်ဟု တွေးထားခဲ့သည်။
ယခု အကြီးအကဲက ခေါ်သွားမည်ဟု ပြောသောအခါ အိပ်မက်မက်နေသလို ခံစားလိုက်ရသည်။
"အကြီးအကဲ... ကျွန်မကို ဘယ်ခေါ်သွားမလို့လဲ"
မုန်စီပေ့ သတိထားပြီး မေးလိုက်သည်။
"ထုန်တိုင်းပြည် ရှီမိသားစု"
"ထုန်တိုင်းပြည်"
မုန်စီပေ့ အနည်းငယ် ကြောင်သွားသည်။ အင်အားကြီး နိုင်ငံ ၆ ခုထဲတွင် ပါဝင်သော ထုန်တိုင်းပြည်၏ နာမည်ကျော်ကြားမှုကို ကြားဖူးသည်။ သွားရောက် လေ့လာဖူးသော်လည်း ထိုနိုင်ငံမှ ကျင့်ကြံသူများ မည်မျှ အစွမ်းထက်ကြောင်း သိရှိရုံမှလွဲ၍ ဘာမှ ထူးထူးခြားခြား မရခဲ့ပေ။
"ဟုတ်တယ် ထုန်တိုင်းပြည်၊ မင်း အဆင်ပြေရင် အခု သွားကြမယ်"
"ခဏလောက် စောင့်ပေးလို့ ရမလားရှင် ဂိုဏ်းချုပ်ကို သွားပြောလိုက်ပါဦးမယ်"
"ရတာပေါ့"
ကျန်းပေရန်က ခွင့်ပြုလိုက်သည်။
ကျန်းပေရန်ကို အရိုအသေပေးပြီး မုန်စီပေ့ အမြန် ထွက်သွားလေသည်။
ထွက်ခွာသွားသော မုန်စီပေ့၏ ကျောပြင်ကို ကြည့်ပြီး ကျန်းပေရန် စဉ်းစားနေသည်။
သူမကို ထိန်းချုပ်ဖို့က ပြဿနာ မရှိသော်လည်း ဘယ်လို စီစဉ်ပေးရမလဲ ဆိုတာက ခေါင်းခဲစရာ ဖြစ်သည်။
စံအိမ်ပေါ်မှာပဲ တောက်လျှောက် ထားခဲ့ရင်လည်း ထုန်တိုင်းပြည်ကို ခေါ်သွားရတဲ့ အဓိပ္ပာယ် မရှိတော့ပေ။ ဘေးမှာ ခေါ်ထားရင်လည်း ပြဿနာ တက်နိုင်သေးသည်။
မုန်စီပေ့၏ ရုပ်ရည်က တိုင်းပြည်ဖျက်မည့် အလှမျိုး ဖြစ်ရာ နိုင်ငံ ၆ ခုမှ အမျိုးသားများက ရှန့်တိုင်းပြည်ထက် ပို၍ အသည်းစွဲ ဖြစ်လာနိုင်သည်။ သူမကို တစ်ချိန်လုံး ခေါ်သွားလျှင် ရွေးချယ်မှု စနစ်က ခုန်ပေါက်နေတော့မည်။
'ခဏနေရင် သူမအတွက် ရုပ်ဖျက်ပစ္စည်း တစ်ခုခု လုပ်ပေးရမယ်'
ထိုအချိန်တွင် ကျိချင်းလင် လျှောက်လာပြီး မေးသည်။
"အကြီးအကဲ ထုန်တိုင်းပြည်ကို သွားမလို့လား"
"အင်း... ကိစ္စလေး ရှိလို့ အခိုးအငွေ့ ပြဿနာကို ဖြေရှင်းလို့ ရမလား သွားကြည့်မလို့"
"အကြီးအကဲ ပင်ပန်းရပါပြီ ဒါပေမဲ့..."
ကျိချင်းလင်က မုန်စီပေ့ ထွက်သွားရာ ဘက်ကို လှမ်းကြည့်လိုက်ပြီး မမေးတော့ရန် ဆုံးဖြတ်လိုက်သည်။
အကြီးအကဲ၏ စွမ်းရည်ကို ကောင်းကောင်း မြင်တွေ့ခဲ့ရပြီးပြီ ဖြစ်သဖြင့် လက်အောက်ငယ်သား တစ်ယောက် အနေဖြင့် မမေးသင့်တာ မမေးတာ ကောင်းသည်။
"အကြီးအကဲ... ငါတို့ လုပ်ပေးရမယ့် ကိစ္စများ ရှိမလား"
ကျိချင်းလင်၏ ယခင် ပုံစံနှင့် လက်ရှိ ပုံစံကို ယှဉ်ကြည့်ပြီး ကျန်းပေရန် စိတ်ထဲမှ မှတ်ချက်ချလိုက်သည်။
'မင်းက တကယ့် လူတော်ပဲ'
မနိုင်မှန်းသိလျက်နှင့် ခေါင်းမာပြီး ဝင်တိုက်တတ်သော ဗီလိန်များနှင့် ယှဉ်လျှင် ကျိချင်းလင်က ရှားပါးသော လူတန်းစား ဖြစ်သည်။
တကယ်တမ်းတော့ ကျိချင်းလင်က သူ့ကို ထိခိုက်အောင် မလုပ်ခဲ့ဖူးတာလည်း ပါသည်။
"ရှန့်တိုင်းပြည်ကို သေချာ စောင့်ရှောက်ပါ၊ လူတွေကို တတ်နိုင်သမျှ ကယ်တင်ပါ၊ ပြီးတော့ ဂူကျင့်ကြံသူတွေရဲ့ သတင်းအချက်အလက်တွေကို စုဆောင်းထားပါ"
"စိတ်ချပါ အကြီးအကဲ၊ အကောင်းဆုံး လုပ်ဆောင်ပါ့မယ်"
ကျိချင်းလင်နှင့် ခဏ စကားပြောပြီးနောက် မုန်စီပေ့ ပြန်ရောက်လာသည်။ ကျိချင်းလင်လည်း နှုတ်ဆက်ပြီး ထွက်သွားလေသည်။
"အကြီးအကဲ ဂိုဏ်းချုပ်ကို ပြောခဲ့ပြီးပါပြီ၊ အချိန်မရွေး သွားလို့ ရပါပြီ"
"ကောင်းပြီ"
ကျန်းပေရန် ခေါင်းညိတ်ပြီး မုန်စီပေ့ကို ခေါ်ကာ စံအိမ်ပေါ် တက်သွားလိုက်သည်။
'ဒါက...'
မျက်စိရှေ့တွင် မြင်ကွင်း ပြောင်းလဲသွားပြီး သက်တောင့်သက်သာ ရှိလှသော ပန်းဥယျာဉ် တစ်ခုကို မြင်လိုက်ရသဖြင့် မုန်စီပေ့ အံ့သြသွားသည်။
"ထုန်တိုင်းပြည်ကို သွားမယ်"
ခေါင်းပြူထွက်လာသော ရှီဖုန်းလန်ကို ကျန်းပေရန် ပြောလိုက်သည်။
"ဟုတ်ကဲ့"
ရှီဖုန်းလန်က ပြန်ဖြေရင်း မုန်စီပေ့ကို ကြည့်လိုက်သည်။ ပထမဆုံး မြင်ဖူးသော မျက်နှာစိမ်း ဖြစ်သည်။
ရှီဖုန်းလန်က မိမိကို အကဲခတ်နေသည်ကို မြင်သောအခါ မုန်စီပေ့က ပြုံးပြပြီး မိတ်ဆက်လိုက်သည်။
"ကျွန်မ နာမည် မုန်စီပေ့ ပါ၊ တွေ့ရတာ ဝမ်းသာပါတယ်"
ရှီဖုန်းလန်က မျက်လုံး ဝိုင်းစက်လေးများဖြင့် ကြည့်ပြီး ပြောသည်။
"ကျွန်မ နာမည် ရှီဖုန်းလန်ပါ ဒီနေရာရဲ့ ပိုင်ရှင်ပါ ရှင် ကျွန်မကို ခေါ်လို့ ရတာက..."
ရှီဖုန်းလန် စကားရပ်သွားသည်။ မုန်စီပေ့၏ ပုံစံက ယခင် လူများနှင့် မတူဘဲ ကျင့်ကြံမှု အဆင့် မြင့်မားပုံ ရသည်။ ရှီဖုန်းလန်က သူ့ကိုယ်သူ "အစ်မကြီး" ဟု အခေါ်ခိုင်းရန် အားနာသွားသည်။ ထို့ကြောင့် အရှိန်အဝါ ရစေရန် "ဒီနေရာရဲ့ ပိုင်ရှင်" ဟု ထည့်ပြောလိုက်သော်လည်း တကယ်တမ်း ပြောမည့်အချိန်တွင် တွန့်ဆုတ်သွားသည်။
ထိုအချိန်တွင် အမှောင်ချုံးချီ ပြန်ရောက်လာသည်။ ရှီဖုန်းလန်ကို မြင်သည်နှင့် ခုန်အုပ်လိုက်လေသည်။ ခေါင်းပွတ်မခံရတာ ၈ နာရီတောင် ရှိပြီလေ။
အမှောင်ချုံးချီ ပြေးလာသည်ကို မြင်တော့ ရှီဖုန်းလန်က သဘာဝကျကျပင် လက်ကို မြှောက်ပြီး ခေါင်းကြီးကို ပွတ်ပေးလိုက်သည်။
"လိမ္မာတယ်... လိမ္မာတယ်"
'ဘာ...'
ဒီမြင်ကွင်းကို မြင်လိုက်ရသော မုန်စီပေ့ အကြီးအကျယ် တုန်လှုပ်သွားသည်။ သူမ ဘယ်လောက်ပဲ မိတ်ဖွဲ့ချင်ချင် ဂရုမစိုက်ခဲ့သော သားရဲကြီးက ရှီဖုန်းလန် ဆိုသည့် မိန်းကလေး ရှေ့တွင် အိမ်မွေးခွေးလေး တစ်ကောင်လို ဖြစ်နေသည်။
"သိပ်စွမ်းတာပဲ..."
မုန်စီပေ့ ပါးစပ်မှ လွှတ်ခနဲ ထွက်သွားပြီး ရှီဖုန်းလန်ကို အားကျသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။
မုန်စီပေ့၏ အားကျမှုနှင့် လေးစားမှု အရိပ်အယောင်များကို မြင်လိုက်ရသောအခါ ရှီဖုန်းလန် ယုံကြည်မှု ပြန်တက်လာသည်။ အမှောင်ချုံးချီ၏ လည်ပင်းကို ဖက်လိုက်ပြီး ပြောသည်။
"ကျွန်မကို မမလန် လို့ ခေါ်လို့ရတယ်"
"ဟုတ်ကဲ့ပါ မမလန်" မုန်စီပေ့က ချက်ချင်းပင် ထူးလိုက်သည်။
ရှီဖုန်းလန်၏ စွမ်းရည်ကို ကြည့်ပြီး မုန်စီပေ့က "စီနီယာ" လို့ ခေါ်ရရင်တောင် ကျေနပ်မိမှာ ဖြစ်သည်။ အခုလို အစ်မလို့ ခေါ်ခွင့်ရတာ သူမအတွက် အခွင့်ထူးပင် ဖြစ်သည်။
'ဟီးဟီး'
မုန်စီပေ့လို အရှိန်အဝါရှိတဲ့ အလှမယ်က လေးစားတာကို ခံလိုက်ရတော့ ရှီဖုန်းလန် ပျော်လွန်းလို့ နှာခေါင်းပွစိပွစိ ဖြစ်သွားသည်။
"နောက်ဆိုရင် ကိုယ်တွေချည်းပဲ ဖြစ်သွားပြီ... လာ... ပျော်စရာ ကောင်းတာလေး သင်ပေးမယ်"
ရှီဖုန်းလန်က မုန်စီပေ့ကို လက်ယပ်ခေါ်လိုက်သည်။
"ကျေးဇူးပါ မမလန်"
မုန်စီပေ့ ခေါင်းညိတ်ပြီး ရှီဖုန်းလန် နောက်သို့ လိုက်ပါကာ ခန်းမထဲ ဝင်သွားလေသည်။
...
ညရောက်သောအခါ ကျန်းပေရန်သည် စာကြည့်ခန်းထဲတွင် နိုင်ငံ ၆ ခု ခရီးစဉ်၏ အန္တရာယ်ကို တွက်ချက်နေသည်။
အရင်တုန်းက သွားခဲ့စဉ်က ခြေလှမ်းတိုင်းမှာ ရွေးချယ်မှုတွေ ပေါ်လာပြီး မြေကမ္ဘာအဆင့် အန္တရာယ်တွေချည်း ဖြစ်ခဲ့သည်။
အခုဆိုရင် မိစ္ဆာတွေ သောင်းကျန်းနေချိန်မို့ အန္တရာယ်က ဆတိုး ဖြစ်နိုင်သည်။
ဒါပေမဲ့ ကောင်းတဲ့ဘက်က တွေးကြည့်ရင် အခြေအနေ ရှုပ်ထွေးနေတာကြောင့် အရင်ကလောက် အန္တရာယ် မများတာလည်း ဖြစ်နိုင်သည်။ ကျင့်ကြံသူ အားလုံးက ဂူကျင့်ကြံသူတွေနဲ့ အလုပ်ရှုပ်နေကြတော့ သူ့ကို လာဒုက္ခပေးမယ့်သူ ရှိမှာ မဟုတ်ဘူး။
အချိန်ကြာမြင့်စွာ စဉ်းစားပြီးနောက် ကျန်းပေရန် နဖူးကို ခေါက်လိုက်သည်။ ရှီမိသားစုနှင့် အတူ တွဲပြီး လှုပ်ရှားတာ အကောင်းဆုံး ဖြစ်မည်ဟု ဆုံးဖြတ်လိုက်သည်။ တစ်ကိုယ်တော် သွားလာခြင်းက အန္တရာယ် များလွန်းသည်။
စုတ်တံကို ချပြီး အစ်ကိုကြီးကို သွားကြည့်ရန် ပြင်လိုက်သည်။ နေထိုင်ရတာ အဆင်ပြေရဲ့လား မေးရဦးမည်။
တံခါး ဖွင့်လိုက်သည်နှင့် ရှီဖုန်းလန်၏ အော်သံကို ကြားလိုက်ရသည်။
"ဘယ်လို လုပ် ဖြစ်နိုင်မှာလဲ... ဒါကိုတောင် ရအောင် ပစ်နိုင်တယ်လား"
"ဟမ်... ဒါကိုလည်း မဲနှိုက်မိတယ်လား"
"မဖြစ်နိုင်ဘူး... ဒီအဆင့်က အနည်းဆုံး ပစ္စည်း ၂ ခု ရှိမှ... ဟာ... ဒါကိုတောင် အတင်း ဖြတ်ကျော်သွားတယ်လား"
...
ရှီဖုန်းလန်၏ အော်သံများ ဆက်တိုက် ကြားနေရသဖြင့် ကျန်းပေရန် အောက်ထပ်သို့ ဆင်းသွားလိုက်သည်။
"ပေရန်လေး... လာကြည့်ပါဦး... ကံကောင်းခြင်း နတ်ဘုရားမ ရောက်နေတယ်"
ခြေသံကြားတာနှင့် ရှီဖုန်းလန် လှမ်းအော်လိုက်သည်။
စားပွဲနား ရောက်သောအခါ ကျန်းပေရန်က ကျင့်ကြံခြင်း သရုပ်ပြ ကစားပွဲ ဘုတ်ပြားကို ကြည့်ပြီး ဘာဖြစ်နေလဲ ဆိုတာ သဘောပေါက်လိုက်သည်။
မုန်စီပေ့ ဘေးနားသို့ သွားပြီး ရှီဖုန်းလန်က အံ့သြတကြီး ပြောသည်။
"သူ စောစောက အန်စာတုံး ပစ်တာ ၈ ဂဏန်းချည်းပဲ ၈ ခါ ဆက်တိုက် ကျတယ်... ၈ ခါ တောင်နော်... ငါ ဒီလောက် ကစားလာတာ တစ်ခါမှ မရဖူးဘူး"
ရှီဖုန်းလန်က အံ့သြတကြီး ပြောနေသဖြင့် မုန်စီပေ့ ရှက်သွားပြီး ခေါင်းငုံ့ကာ ပြုံးလိုက်သည်။
"ကံ နည်းနည်း ကောင်းသွားရုံပါ"
"ဒါ ကံကောင်းရုံ မဟုတ်ဘူး... ကံကောင်းခြင်း နတ်ဘုရားမဝင်စားတာ... ပေရန်လေး... ဒီကိစ္စ ယုံနိုင်စရာ ရှိရဲ့လား"
ကျန်းပေရန် ခေါင်းညိတ်လိုက်သည်။
မုန်စီပေ့ရဲ့ ကံကောင်းခြင်းက အန္တရာယ် ကြုံမှ ပေါ်လာတာလို့ ထင်ခဲ့ပေမယ့် သာမန်အချိန်မှာလည်း ဒီလောက် စွမ်းနေတာကိုး။ ဉာဏ်ရည် တစ်ခုတည်းနဲ့ ဒီလောက် အောင်မြင်နေတာ မဟုတ်ဘူးပဲ။
"ရှင် တကယ် တော်တာပဲ... ရှင်နဲ့ တစ်ဖွဲ့တည်း နေရင် ပေရန်လေးတောင် နိုင်မှာ မဟုတ်ဘူး"
ရှီဖုန်းလန်က မုန်စီပေ့ကို လေးစားစွာ ကြည့်ပြီး ပြောသည်။
ရှီဖုန်းလန်၏ အကြည့်ကို မြင်ပြီး ကျန်းပေရန် စိတ်ထဲ ရယ်ချင်သွားသည်။
အရင်တုန်းက လီဖူချန် နိုင်တုန်းကကျတော့ လီဖူချန်က ဉာဏ်များတယ်၊ ကံကောင်းတယ်လို့ပဲ ထင်ခဲ့တာ။
ဒီတစ်ခါ မုန်စီပေ့ရဲ့ ၈ ဂဏန်း ၈ ခါ ကတော့ ရှီဖုန်းလန်ကို အပြတ် သိမ်းသွင်းလိုက်ပြီ ဖြစ်သည်။ ရှီဖုန်းလန် အမြင်မှာ ဒီကစားနည်းက ကံကောင်းရင် နိုင်တဲ့ ကစားနည်း ဖြစ်သည်။
၈ ဂဏန်း ၈ ခါ ဆက်တိုက် ပစ်နိုင်တဲ့ မုန်စီပေ့က ပြိုင်ဘက်ကင်း ဖြစ်သွားပြီ။
"ပေရန်လေး... ဝင်ဆော့မလား" အံ့သြလို့ ပြီးသွားတော့ ရှီဖုန်းလန် မေးလိုက်သည်။
"မဆော့တော့ဘူး... မင်းတို့ပဲ ဆော့ကြ... ငါ လုပ်စရာ ရှိသေးတယ်"
ကံကောင်းလွန်းသူနဲ့ ဘုတ်ဂိမ်း ကစားရမှာလား။ သူက အနှိပ်စက်ခံချင်တဲ့သူမှ မဟုတ်တာ။
မုန်စီပေ့ အနေအထားနဲ့ ဆိုရင် "နဂါးနက် ဒဏ္ဍာရီ" ကစားရင်တောင် သူ ရှုံးလိမ့်မည်။ အလှည့်တိုင်း ကံကောင်းနေရင် ဘယ်သူ ခံနိုင်မှာလဲ။
ကျန်းပေရန် ငြင်းလိုက်တော့ ရှီဖုန်းလန် စိတ်ညစ်သွားသည်။ မုန်စီပေ့က အရမ်း တော်လွန်းတော့ ဒီတိုင်း ဆက်ဆော့ရင် သူ အမြဲ ရှုံးနေတော့မှာ။
သူ့စိတ်ကို ရိပ်မိသော ကျန်းပေရန်က အကြံပေးလိုက်သည်။
"သူ့ကို တစ်ယောက်တည်း ထားပြီး မင်းတို့ ၃ ယောက် ပေါင်းတိုက်ကြည့်ပါလား"
ရှီဖုန်းလန် မျက်လုံး အရောင်တောက်သွားသည်။ ဒီလိုမျိုး တစ်ခါမှ မကစားဖူးသေး။
"ကောင်းပြီ... အဲဒီလို လုပ်မယ်... အဲဒီလို လုပ်မယ်"
ရှီဖုန်းလန် ပျော်ရွှင်စွာ ကတ်တွေ ပြန်စီနေတာ မြင်တော့ ကျန်းပေရန်က ဒုတိယထပ်သို့ ပြန်တက်သွားသည်။
ထွက်ခွာသွားသော အကြီးအကဲ၏ ကျောပြင်ကို ကြည့်လိုက်၊ ကတ်တွေ စီနေသော ရှီဖုန်းလန်ကို ကြည့်လိုက်၊ "ပေရန်လေး" ဟု ခေါ်နေသည်ကို တွေးလိုက်နှင့်...
မုန်စီပေ့သည် သူတို့ နှစ်ယောက်၏ ပတ်သက်မှုကို ခန့်မှန်းကြည့်နေမိသည်။
'ဆရာတပည့်လား... မတူဘူး... ဂိုဏ်းတူ မောင်နှမလား... ဖြစ်နိုင်တယ်...'
ဘယ်လိုပဲ ပတ်သက်နေပါစေ၊ အကြီးအကဲက မမလန် အပေါ် ဆက်ဆံပုံက တခြားလူတွေနဲ့ လုံးဝ မတူတာကိုတော့ မုန်စီပေ့ သတိထားမိသည်။
ဘယ်လို ပြောရမလဲ...
'နတ်ဘုရား တစ်ပါးက လူ့ပြည်ဆင်းပြီး သာမန် လူသားတစ်ယောက်လို နေထိုင်နေသလိုမျိုးပဲ'
အခန်း ၅၄၅ လေသွား
"အစ်ကိုကြီး... နေရတာ အဆင်ပြေရဲ့လား"
ကျန်းပေရန်က လက်ဖက်ရည်ပန်းကန် လာပို့ရင်း မေးလိုက်သည်။
"ကောင်းပါတယ်... စာအုပ်တွေ ဖတ်နေရတော့ အချိန်ကုန်မှန်း မသိဘူး"
လုဘိုကွေးက ပြန်ဖြေရင်း ကျန်းပေရန် ရေနွေးငှဲ့နေတာကို ကြည့်နေသည်။
"အပြင်မှာ အခြေအနေတွေ ရှုပ်ထွေးနေတုန်းမို့ အစ်ကိုကြီး ဒီမှာ ခဏလောက် ဆက်နေပေးပါဦး"
"မင်း ငါ့ကို ဒီမခေါ်လာရင် အပြင်မှာ သေလုမျောပါး ဖြစ်နေလောက်ပြီ... ဘာမှ အားနာစရာ မလိုဘူး"
လုဘိုကွေးက ဆက်မေးသည်။
"ဂိုဏ်းနဲ့ ရှန့်တိုင်းပြည် အခြေအနေ ဘယ်လိုလဲ"
"စိတ်မပူပါနဲ့ အစ်ကိုကြီး... ခေါင်းဆောင်ကြီးတွေ အားကုန် ထုတ်ပြီး ကူညီနေကြပြီ... အရင်တစ်ခါ အတွေ့အကြုံလည်း ရှိတော့ ဒီတစ်ခါလည်း ကျော်ဖြတ်နိုင်မှာပါ"
ဒါက လုဘိုကွေး စိတ်သက်သာအောင် ပြောတာ သက်သက် မဟုတ်။ တကယ်လည်း ခေါင်းဆောင်ကြီးတွေ အလုပ်ရှုပ်နေကြသည်။
ကျန်းပေရန်က လက်ဖက်ရည် တစ်ခွက် ငှဲ့ပေးပြီး လက်စွပ်ထဲမှ ဓားတစ်ချောင်း ထုတ်ကာ စားပွဲပေါ် တင်လိုက်သည်။
"အစ်ကိုကြီး... ဒီဓားကို လက်ခံပေးပါ"
လုဘိုကွေး ကြောင်သွားသည်။
"ဘာလို့ ငါ့ကို ပစ္စည်းတွေ ပေးနေတာလဲ... ဒီလို လုပ်နေရင် ငါ ဘယ်လို ပြန်ပေးဆပ်ရမလဲ"
"အစ်ကိုကြီး ပြန်ပေးဆပ်စရာ မလိုဘူး... စမ်းကြည့်ပါဦး... အဆင်ပြေလားလို့"
"ပေရန်... ငါ..."
"အစ်ကိုကြီး... အစ်ကိုကြီး ငါ့ကို စောင့်ရှောက်ခဲ့တုန်းက ပြန်လိုချင်လို့ လုပ်ခဲ့တာ မဟုတ်ဘူး ဆိုတာ ငါ သိပါတယ်... ဒါပေမဲ့ အစ်ကိုကြီးက ငါလေးစားရတဲ့ သူပါ... အစ်ကိုကြီး ဘေးကင်းဖို့ အတွက် ဒီလက်နက်တွေ ပေးမှ ငါ စိတ်ချရမှာမို့ လက်ခံပေးပါ"
လုဘိုကွေး ရယ်မောလိုက်သည်။
"မင်းက စကားပြော သိပ်ကောင်းတာပဲ... ကောင်းပြီလေ... မင်း သဘောပါ"
စားပွဲပေါ်က ဓားကို ကောက်ယူလိုက်သည်။
ကိုင်လိုက်သည်နှင့် ကိုယ်တွင်း စွမ်းအင်တွေ တက်ကြွလာသလို ခံစားလိုက်ရသည်။
"ဓားကောင်းပဲ"
လုဘိုကွေး ဓားကို ဆွဲထုတ်လိုက်သည်။
"ချွင်"
ဓားသွားက အေးစက်သော အလင်းရောင်များ ထွက်ပေါ်လာသည်။
"ဒီဓား နာမည်က 'လေသွား' ပါ... အစ်ကိုကြီး စွမ်းအင် ထည့်လိုက်ရင် ဓားအရှိန်အဝါတွေ အဆက်မပြတ် ထွက်လာပြီး သုံးလေ ပိုကြမ်းလေ ဖြစ်လာမှာပါ"
လုဘိုကွေး စွမ်းအင် ထည့်ကြည့်လိုက်တော့ ဓားက အစိမ်းရောင် အလင်းတွေ တောက်ပလာသည်။
လုဘိုကွေး စိတ်လှုပ်ရှားနေတာ မြင်တော့ ကျန်းပေရန် ပြောလိုက်သည်။
"ခဏ စောင့်ပါ အစ်ကိုကြီး"
အခန်းပြင် ထွက်ပြီး လှေကားနား သွားကာ အော်လိုက်သည်။
"ရှီဖုန်းလန်"
"ဘာလဲ"
မုန်စီပေ့တို့ ၃ ယောက်နဲ့ ကစားနေတဲ့ ရှီဖုန်းလန် မော့ကြည့်လိုက်သည်။
"ငါ လေ့ကျင့်ရေးခန်းမ သုံးချင်လို့"
"အိုကေ"
ရှီဖုန်းလန် မျက်လုံးမှိတ်ပြီး စိတ်စွမ်းအင် သုံးလိုက်သည်။
"ရပြီ"
ကျန်းပေရန် အခန်းထဲ ပြန်ဝင်သွားတော့ အခန်းက လေ့ကျင့်ရေးခန်းမ အဖြစ် ပြောင်းလဲသွားပြီ။
ဒါက စံအိမ်ရှင် ရှီဖုန်းလန်သာ လုပ်နိုင်တဲ့ အစွမ်း ဖြစ်သည်။
"ထူးခြားလိုက်တာ" လုဘိုကွေး အံ့သြသွားသည်။
"လုံခြုံပါတယ်... ဒီတိုင်တွေကို ဖျက်ဆီးလိုက်ရင် အလိုလို ပြန်ကောင်းသွားမှာ... အစ်ကိုကြီး စိတ်ကြိုက် စမ်းသပ်လို့ ရတယ်"
"ကျေးဇူးပဲ"
လုဘိုကွေး ဓားကို ဝှေ့ယမ်းလိုက်ရာ အစိမ်းရောင် ဓားအရှိန်အဝါ တစ်ခု ထွက်သွားပြီး တိုင်ကို နှစ်ပိုင်း ပိုင်းလိုက်သည်။
"ဘုန်း"
ဓားအရှိန်အဝါက နံရံကိုပါ ထိမှန်ပြီး အက်ကွဲသွားစေသည်။
လုဘိုကွေး ကျန်းပေရန်ကို ကြည့်လိုက်သည်။
"ပေရန်... ဒီဓားက ငါ့အတွက် သီးသန့် လုပ်ပေးထားတာလား"
သူ့ရဲ့ မြောက်ပိုင်း ကြယ်စဉ် သိုင်းကျမ်းနဲ့ အရမ်း လိုက်ဖက်နေသည်။
"အစ်ကိုကြီး မျက်စိစူးတာပဲ... ဟုတ်တယ်... အစ်ကိုကြီး အတွက် သီးသန့် မှာထားတာ"
"ငွေတွေ အများကြီး ကုန်မှာပဲ"
"အစ်ကိုကြီး သဘောကျရင် ပြီးတာပါပဲ"
တကယ်တော့ ဒီဓားက သစ်သား စွမ်းအင် လိုဏ်ဂူမှာကတည်းက လုပ်ထားတာ ဖြစ်သည်။ ရွှေကြာ ၅ ပွင့်ကို ပေးခိုင်းမလို့ လုပ်ပေမယ့် မပေးဖြစ်ခဲ့။ အခုမှ ကိုယ်တိုင် ပေးလိုက်ရခြင်း ဖြစ်သည်။
ဧည့်ခန်းထဲမှာ ရှီဖုန်းလန်က ကျန်တဲ့သူတွေကို ပြောလိုက်သည်။
"ခဏနေမှ ဆက်ဆော့ကြမယ်"
"ဘာဖြစ်လို့လဲ" မုန်စီပေ့ မေးလိုက်သည်။
"ရှူး... အပေါ်ထပ်မှာ အရေးကြီး ပုဂ္ဂိုလ် ရှိတယ်... ပေရန်လေးက လုံးဝ မနှောင့်ယှက်ရဘူးလို့ မှာထားတယ်"
မုန်စီပေ့ စိတ်ဝင်စားသွားသည်။ အကြီးအကဲတောင် ဂရုစိုက်ရတဲ့ ပုဂ္ဂိုလ် ဆိုတော့ ဘယ်လောက်တောင် အဆင့်မြင့်မလဲ။
"ဘယ်သူများလဲ ဟင်"
"ငါလည်း မသိဘူး... ဒါပေမဲ့ ပေရန်လေးက အရမ်း ရိုသေတာတော့ သေချာတယ်... ဒီအကြောင်း ငါပြောတယ်လို့ မပြောနဲ့နော်"
ရှလင်းတန်းလည်း အပေါ်ထပ်ကို မော့ကြည့်နေသည်။
'သခင်လေးနဲ့ ဘယ်လို ပတ်သက်တာလဲ မသိဘူး'
ကျန်းပေရန် ပြန်ထွက်လာသည်။
"မူလအတိုင်း ပြန်ထားလိုက်တော့"
"ဟုတ်ကဲ့"
ရှီဖုန်းလန်က အခန်းကို မူလအတိုင်း ပြန်ပြောင်းလိုက်သည်။
ပြီးတော့မှ တခြားလူတွေကို ပြောသည်။
"လာ... ဆက်ဆော့ကြမယ်"
မုန်စီပေ့ကတော့ အပေါ်ထပ်ကိုပဲ ကြည့်နေမိသည်။
'အဲဒီ ပုဂ္ဂိုလ်နဲ့ ရင်းနှီးခွင့်ရရင် အကြီးအကဲ အကြောင်း ပိုသိရမလား'
၂ နာရီလောက် ကြာတော့ ကျန်းပေရန် အောက်ဆင်းလာသည်။
ရှဲ့လင်းတန်း မေးလိုက်သည်။
"သခင်လေး... ညစာ လုပ်မလို့လား"
"အင်း... ဒီနေ့တော့ ကူစရာ မလိုဘူး"
ကျန်းပေရန် အဖြေကြောင့် ၄ ယောက်လုံး အံ့သြသွားကြသည်။ အပေါ်ထပ်က လူက တကယ့် အရေးကြီး ပုဂ္ဂိုလ် ဖြစ်ပုံရသည်။
"ပေရန်လေးတောင် ငါ့ကို ဒီလောက် ဂရုမစိုက်ဘူး"
ရှီဖုန်းလန် မကျေမနပ် ရေရွတ်လိုက်သည်။
မကြာမီ ဟင်းနံ့မွှေးမွှေးတွေ ထွက်လာသည်။ မာပိုတို့ဟူး၊ ကြက်ပေါင်းဟင်းရည်၊ ဝက်သားနီချက်၊ ကြက်သားစပ်ချက် စသဖြင့် ဟင်းပွဲတွေ ထွက်လာသည်။
ကျန်းပေရန်က ထမင်း ၂ ပန်းကန် ခူးပြီး ပြောသည်။
"သူတို့ကို လာစားခိုင်းလိုက်"
"ယေး"
ရှီဖုန်းလန် ပျော်ရွှင်စွာ ပြေးခေါ်လိုက်သည်။
ယန်ယန် နဲ့ အမှောင်ချုံးချီ အတွက်လည်း ပြင်ဆင်ပေးထားသည်။ အမှောင်ချုံးချီက အနံ့ရတာနဲ့ ထလာသည်။ ယန်ယန်လည်း လူအသွင်ပြောင်းပြီး စားပွဲမှာ ဝင်ထိုင်သည်။
"ဝါး"
ယန်ယန်က ကြက်သား တစ်တုံး ကောက်ဝါးလိုက်သည်။
ကျန်းပေရန်က ဟင်းပွဲတွေ ယူပြီး အပေါ်ထပ် တက်သွားသည်။
ရှရှားလင်းက ပြေးလာပြီး ပြောသည်။
"သခင်လေး... ကျွန်မ သွားပို့ပေးပါ့မယ်"
"ရတယ်... ငါ့ဘာသာ ပို့လိုက်မယ်... မင်း စားပြီးရင် ဟိုဘက်ခန်းက ကောင်မလေးတွေကို သွားပို့ပေးလိုက်"
"ဟုတ်ကဲ့ သခင်လေး"
...
အပေါ်ထပ် အခန်းထဲတွင် ဖန်ချိုးယောင် လမ်းလျှောက်နေသည်။
"အစ်မကြီး... ငါတို့ ဒီရောက်နေတာ ဘယ်လောက်ကြာပြီလဲ" လျူဇီဂျင်းကို မေးလိုက်သည်။
"တစ်ရက်လောက် ရှိပြီ ထင်တယ်"
"အပြင်မှာ ဘာတွေ ဖြစ်နေပြီလဲ မသိဘူး"
"မသိဘူး..."
အခန်းထဲမှာ ကောင်းကင်မျက်လုံး အစီအရင် သုံးလို့ မရတော့ အပြင်ကို မမြင်ရပေ။
"ဒေါက် ဒေါက်"
တံခါးခေါက်သံ ကြားတော့ ဖန်ချိုးယောင် သွားဖွင့်လိုက်သည်။
"မင်္ဂလာပါ"
ရှဲ့လင်းတန်းက နှုတ်ဆက်လိုက်သည်။
"သခင်လေးက ထမင်းဟင်းတွေ လာပို့ခိုင်းလိုက်လို့ပါ"
ဖန်ချိုးယောင်က ရှဲ့လင်းတန်းကို မြင်တော့ စိတ်ပျက်သွားပေမယ့် ပြုံးပြလိုက်သည်။
"ကျေးဇူးပါ"
ထမင်းဗန်း ယူပြီးနောက် ရှရှားလင်း ထွက်သွားသည်။
"စားကောင်းလိုက်တာ... ဒါ အစ်ကိုကြီး လက်ရာပဲ ဖြစ်မယ်"
ယွီကွေ့မြောင်က ကြက်သားစားပြီး အော်ပြောလိုက်သည်။
ဖန်ချိုးယောင်က ထမင်းပန်းကန် ကိုင်ပြီး တွေးနေသည်။
လျူဇီဂျင်းက ဝက်သား တစ်တုံး ထည့်ပေးရင်း မေးလိုက်သည်။
"ချိုးယောင်... ဘာဖြစ်နေတာလဲ"
"ငါ ကြိုးစားပြီး ကျင့်ကြံနေပေမယ့်... အစ်ကိုကြီးကို ဘာမှ မကူညီနိုင်သေးဘူး"
ယွီကွေ့မြောင်လည်း ကြက်သား စားရတာ အရသာ မရှိတော့သလို ဖြစ်သွားသည်။
လျူဇီဂျင်းက အားပေးလိုက်သည်။
"စိတ်မပူပါနဲ့... အစ်ကိုကြီးကို မီဖို့ ခက်တယ် ဆိုတာ သိသားပဲ... ငါတို့ ကြိုးစားနေတာပဲလေ"
"အင်း... ဟုတ်ပါတယ်"
ဖန်ချိုးယောင် စိတ်မပါဘဲ ပြန်ဖြေလိုက်သည်။
သူမက ပါရမီ သိပ်မပါမှန်း သိနေသည်။ အထူးသဖြင့် လျူဇီဂျင်းတို့ ယွီညီအစ်မတွေနဲ့ ယှဉ်ရင် နောက်ကောက်ကျနေပြီ။
အစ်ကိုကြီးရဲ့ ကျေးဇူး အများဆုံး ခံစားရသူ ဖြစ်ပေမယ့် ဘာမှ ပြန်မပေးဆပ်နိုင်သေးဘူး။
ယွီမန်ဝင်းက ပြောလိုက်သည်။
"ပေရန်ကို ကူညီဖို့ ကျင့်ကြံမှု အဆင့် မြင့်မှ ရမယ်လို့ မဆိုလိုပါဘူး"
ဖန်ချိုးယောင် ခေါင်းမော့လာသည်။
"ဆရာ... တခြား နည်းလမ်း ရှိသေးလို့လား"
"လူတိုင်းမှာ ကိုယ်ပိုင် အရည်အချင်း ရှိကြတာပဲ... သူများ လမ်းလိုက်လျှောက်စရာ မလိုပါဘူး"
ဖန်ချိုးယောင် သဘောပေါက်သွားသည်။ ကျင့်ကြံခြင်း လမ်းကြောင်းမှာ သူမ သိပ်မထူးချွန်ဘူး ဆိုတာ လက်ခံရမည်။ သာမန် ကျင့်ကြံသူ တစ်ယောက်ပဲ ဖြစ်လာနိုင်သည်။
အစ်ကိုကြီးကို ကူညီဖို့ တခြား နည်းလမ်း ရှာရမည်။
'ငါ ဘာကျွမ်းကျင်လဲ'
ကျန် ၄ ယောက်လည်း စဉ်းစားခန်း ဝင်သွားကြသည်။
ရွယ်တူတွေထဲမှာ တော်တယ် ဆိုပေမယ့် အစ်ကိုကြီးကို ကူညီနိုင်ဖို့ အများကြီး လိုသေးသည်။ အခန်းထဲမှာ ထိုင်စောင့်နေရတာထက် အစ်ကိုကြီးရဲ့ လက်ရုံး ဖြစ်ချင်ကြသည်။
'ဘယ်လို ကူညီရမလဲ'
၅ ယောက်လုံး နက်နက်နဲနဲ စဉ်းစားနေကြသည်။
...
နောက်တစ်နေ့ မနက်တွင် စံအိမ်က ထုန်တိုင်းပြည်ရှိ ရှီမိသားစု၏ ပန်းမျိုးစုံ တောင်ကြားသို့ ရောက်ရှိလာသည်။
ရှီဖုန်းလန်ကို ခေါ်ပြီး ကျန်းပေရန် ဆင်းလာသည်။
"ဒီမှာ သူတော်စင်အဆင့်တွေ ရှိတယ်... မင်းကို တွေ့ရင် ငါ အာမခံနိုင်မှာ မဟုတ်ဘူး"
ကျန်းပေရန် ခေါင်းပေါ်က ဆံပင် တစ်ချောင်း လှုပ်သွားသည်။
ယန်ယန်က ဆံပင် အဖြစ် ပြောင်းလဲပြီး ပုန်းလိုက်ခြင်း ဖြစ်သည်။ သူတော်စင်အဆင့် ဆိုတော့ ကြောက်သွားပုံ ရသည်။
ကျန်းပေရန် ပြုံးလိုက်ပြီး ရှီဖုန်းလန်ကို ခေါ်ကာ သူတော်စင် စံအိမ်ဆီ သွားလိုက်သည်။
"ဂါရဝပြုပါတယ် အကြီးအကဲ"
အစောင့်တွေက အရိုအသေ ပြုကြသည်။
"သူတော်စင် ရှိလား"
"မရှိပါဘူး... ဒါပေမဲ့ အကြီးအကဲ ရောက်လာရင် ခေါ်လာခဲ့ဖို့ မှာထားပါတယ်"
"လမ်းပြပါ"
"ဟုတ်ကဲ့"
ရှီမိသားစုထဲမှာ နေရာ အနှံ့ ရောက်ဖူးပေမယ့် ဒီလမ်းကြောင်းကိုတော့ ကျန်းပေရန် မရင်းနှီးပေ။
ဂိတ်တချို့ ဖြတ်ကျော်ပြီးနောက် အစောင့်က အစေခံ မိန်းကလေး တစ်ယောက်ကို လွှဲပေးလိုက်သည်။
"အကြီးအကဲ... ရှေ့ဆက် လိုက်ပို့လို့ မရတော့ပါဘူး"
အစေခံ မိန်းကလေးက ပြောသည်။
"ဂါရဝပြုပါတယ် အကြီးအကဲ... ခန်လန် စံအိမ်ထဲ လိုက်ပို့ပေးပါ့မယ်"
'ချန်လန် စံအိမ်...'
ကျန်းပေရန် တစ်ခါမှ မကြားဖူးသော နာမည် ဖြစ်သည်။
'လျှို့ဝှက်ချက်တွေ ရှိပုံရတယ်'