အခန်း (၂၄၀)
Vol. 24 Ch. 240
အခန်း။ ၂၄၀
ယွင်ရှန်းသည် ကိုယ်လိမ်းပေါင်ဒါနံ့ကို ရရှိလိုက်သည်နှင့် ချက်ချင်းပင် သတိကြီးစွာ ထားလိုက်သည်။
ဤအနံ့မှာ သာမန်အလှပြင်ပေါင်ဒါနံ့ မဟုတ်ဘဲ လူကို ထုံထိုင်းမိန်းမောသွားစေနိုင်သည့် မူးယစ်ဆေးဝါးအာနိသင်ပါသော အမွှေးနံ့တစ်မျိုး ဖြစ်နေသည်။ ချန်လျန်လျန်မှာ အမှန်ပင် မရိုးသားသည့် အကြံအစည်များ ရှိနေခြင်းပင်။
မူးယစ်ရနံ့များ ပျံ့လွင့်လာပြီး မကြာမီမှာပင် ချန်လျန်လျန်က အကဲခတ်သည့်အနေဖြင့် စကားစလိုက်သည်။
"မိန်းကလေးယွင်... ရှင်က ပိုင်မင်းမင်းသားနဲ့ တော်တော်လေး ရင်းနှီးပုံရတယ်နော်။ ရှင်တို့နှစ်ယောက် ဘယ်လိုများ စတင်ဆုံတွေ့ခဲ့ကြတာလဲ"
ယွင်ရှန်းက ဘာမှမသိနားမလည်သလို ဟန်ဆောင်ကာ အင်းအဲဆိုရုံသာ တုံ့ပြန်လိုက်သည်။
"ပိုင်မင်းမင်းသား၊ အိမ်ရှေ့မင်းသားနဲ့ ကျွန်မတို့က ငယ်သူငယ်ချင်းတွေပေါ့။ အဲ့ဒီတုန်းက သူက ကျွန်မအပေါ် သိပ်ကောင်းခဲ့တာ"
ချန်လျန်လျန်သည် မဟာကျိုးတော်ဝင်နန်းတော်အတွင်းမှ သူတို့၏ ငယ်ဘဝအမှတ်တရများကို တစ်ယောက်တည်း ရေရွတ်ပြောဆိုနေတော့သည်။
ယွင်ရှန်းဘက်မှ မှန်မှန်အသက်ရှူသံများ ထွက်ပေါ်လာပြီးနောက်တွင်မှ ချန်လျန်လျန်သည် စကားပြောခြင်းကို ရပ်လိုက်သည်။
"သခင်မလေး... သူမ အိပ်ပျော်သွားပြီထင်တယ်"
ချန်လျန်လျန်၏ အစေခံမလေးက ဘေးမှ တိုးတိုးလေး မေးလိုက်သည်။
"မမှားနိုင်ပါဘူး။ အဆိပ်ဖြေဆေးမရှိဘဲ ဒီမူးယစ်ရနံ့ကို ရှူမိလိုက်တာနဲ့ သာမန်လူတစ်
ယောက်ကတော့ မိန်းမောသွားဖို့ လုံလောက်တာပေါ့။ ဒီလို အောက်တန်းစား မိန်းမတစ်
ယောက်က ငါနဲ့ယှဉ်ပြီး ယောက်ျားလုချင်နေတာလား"
ချန်လျန်လျန်သည် ယွင်ရှန်းကို ရက်စက်စွာ စိုက်ကြည့်လိုက်သည်။ သူမ၏ နေ့ခင်းဘက်က ယဉ်ကျေးသိမ်မွေ့သော ဟန်ပန်များမှာ အရိပ်အယောင်မျှပင် မကျန်တော့ပေ။
သခင်နှင့် အစေခံနှစ်ဦးမှာ ယွင်ရှန်း အိပ်ပျော်နေသည်ဟု ထင်မှတ်ကာ သူမ ယူဆောင်လာသော အဝတ်အစားများကို စတင်မွှေနှောက်ရှာဖွေကြတော့သည်။
"သခင်မလေး... ဆရာဝူ ပြောတဲ့ဆေးမှုန့်က မိစ္ဆာသားရဲတွေကို ဆွဲဆောင်နိုင်တယ်တဲ့။ ဒီဆေးတွေကို ဒီမိန်းမရဲ့ တစ်ကိုယ်လုံးပေါ်မှာ ဖြန်းထားလိုက်ရင် မနက်ဖြန်ကျရင် သူမ ကျိန်းသေပေါက် လွတ်မြောက်နိုင်မှာ မဟုတ်တော့ဘူး"
ထိုသို့ပြောကာ တရှပ်ရှပ်မြည်သံများ ထွက်ပေါ်လာသည်။
"ဟတ်ချိုး"
ချန်လျန်လျန်သည် ရုတ်တရက် အေးစိမ့်သော လေတစ်ချက် တိုက်ခတ်လာသကဲ့သို့ ခံစားလိုက်ရပြီး နှာချေလိုက်မိသည်။
"တဲတံခါးကို သွားစစ်ကြည့်စမ်း ဒီလေအေးက ဘယ်ကနေ တိုးဝင်နေတာလဲ"
ချန်လျန်လျန်က ထူးဆန်းသလို ရေရွတ်လိုက်သည်။
အစေခံမလေးလည်း ဇဝေဇဝါဖြစ်သွားသည်။ သူမကိုယ်တိုင် တဲ၏ အဝင်အထွက်နှင့် ပြတင်းပေါက်အားလုံးကို သေချာပိတ်ထားခဲ့ခြင်း ဖြစ်သည်။ ဤအေးစိမ့်သော လေညင်းက မည်သည့်နေရာမှ ထွက်ပေါ်လာသည်ကို သူမလည်း မသိနိုင်ပေ။ သူတို့နှစ်ဦး ယွင်ရှန်းရှိရာသို့ ပြန်ကြည့်လိုက်သောအခါ ယွင်ရှန်းမှာ ပုံမှန်အတိုင်းပင် အိပ်ပျော်နေဆဲဖြစ်သည်။ သို့သော် ထိုအေးစိမ့်သော လေတိုက်ခတ်လိုက်သည့် ခဏ၌ ယွင်ရှန်း၏အောက်တွင် ဖိထားသော မှော်
လှံတံထံမှ နိမိတ်မကောင်းသည့် အလင်းတန်းတစ်ခု မှိတ်ခနဲ ပေါ်ထွက်လာခဲ့သည်ကိုမူ သူတို့ သတိမထားမိလိုက်ကြပေ။
မိုးလင်းသောအခါ ယွင်ရှန်းသည် သက်သောင့်သက်သာဖြင့် ဆန့်လိုက်ရင်း "မနေ့ညက တကယ် အိပ်ပျော်သွားတာပဲ၊ ရှင်တို့ ဘယ်အချိန် ပြန်ဝင်လာမှန်းတောင် မသိလိုက်ဘူး" ဟု ပြောလိုက်သည်။ ချန်လျန်လျန်က ပျာပျာသလဲနှင့် ဟန်ဆောင်ရယ်မောပြလိုက်သည်။ ယွင်ရှန်းက ဘေးတွင် ချထားသော အဝတ်အစားများကို လဲလှယ်ဝတ်ဆင်နေသည်ကို ကြည့်ရင်း ချန်လျန်လျန်၏ မျက်ဝန်းများတွင် ရက်စက်သော အပြုံးတစ်ခု ပေါ်လာခဲ့သည်။
တဲအပြင်ဘက်သို့ ထွက်လာသောအခါ ယွင်ရှန်းသည် မျက်ကွင်းညိုနေသော ယီပိုင်မင်းကို တွေ့လိုက်ရသည်။ ချီယီမှာလည်း မျက်နှာပျက်ပျက်နှင့် ရှိနေသည်။ ကျိုးချွမ်က အဖွဲ့ကို ပြန်လည်စုစည်းပြီး တဲများကို ရုပ်သိမ်းကာ ရှေ့သို့ ဆက်လက်ချီတက်ကြတော့သည်။
မြေပြန့်လွင်ပြင်များကို ဖြတ်ကျော်ပြီးနောက် အမဲလိုက်တပ်ဖွဲ့သည် မဟာကျိုးနိုင်ငံ၏ နာမည်ကျော် ဟွမ်တန်း ရေတံခွန်ဒေသသို့ ရောက်ရှိလာခဲ့သည်။ ဤဒေသတွင် မြစ်ချောင်းများစွာ ရှိပြီး မြစ်ဝတွင် အလွန်ကြီးမားသော ရေတံခွန်ကြီးတစ်ခု ရှိသည်။
ကျိုးချွမ်က လူတိုင်းကို ကြိုတင်သတိပေးထားသည်မှာ လော့ရှရေဝပ်ဒေသသို့ ရောက်ရှိရန် ဤရေတံခွန်ဒေသကို အရင်ဖြတ်ကျော်ရမည် ဖြစ်ကြောင်းပင်။
ဤမြစ်အတွင်း၌ အဆင့် ၄ ရှိသော ဤမိစ္ဆာငါးများ ကျက်စားကြသည်။ ၎င်းတို့၏ ငါးဘုရင်မှာ အဆင့် ၅ သို့မဟုတ် ၆ အထိပင် ရှိတတ်သည်။
၎င်းတို့သည် အုပ်စုလိုက် သွားလာတတ်ပြီး ရေထဲမှ အချိန်မရွေး ခုန်ထွက်နိုင်သည့် တောင်ပံများ ရှိသည်။
၎င်းတို့၏ သွားများသည် အလွန်အဆိပ်ပြင်းပြီး ဒဏ်ရာကို ထိမိပါက အသားများ ပုပ်စပ်သွားစေနိုင်သည်။
သို့သော် ကျိုးချွမ်က လူတိုင်းကို မထိတ်လန့်ရန်လည်း ပြောကြားခဲ့သည်။ အကြောင်းမှာ ဤငါးများသည် များသောအားဖြင့် လူကို အကြောင်းမဲ့ စတင်တိုက်ခိုက်လေ့မရှိသောကြောင့် ဖြစ်သည်။ ကျိုးချွမ်၏ ဇာတိမှာ ဤဒေသအနီးတွင် ဖြစ်သဖြင့် သူက မြစ်ကူးရန်အတွက် ဖောင်များကို ကြိုတင်စီစဉ်ခိုင်းထားပြီး ဖြစ်သည်။
ဖောင်ပေါ်သို့ တက်လိုက်ကြစဉ်မှာပင် ချန်လျန်လျန်၏ မျက်နှာမှာ ပို၍ စိတ်လှုပ်ရှားလာသည်။
"လူတိုင်း သတိထားကြပါ။ ဖောင်ပေါ်ရောက်တဲ့အခါ ဆူဆူညံညံ မလုပ်ကြနဲ့။ ဝါးဖောင်တစ်စီးကို လူငါးယောက်နှုန်းပဲ စီးကြမယ်"
ထိုသို့ပြောကာ ကျိုးချွမ်က မြစ်ကို တစ်ဖွဲ့ချင်းစီ ကူးရန် စီစဉ်ပေးနေသည်။
"မိန်းကလေးယွင်... ဟိုဘက်က လှေမှာ သုံးယောက်စာ နေရာလွတ်သေးတယ်။ ကျွန်မတို့ အဲ့ဒီမှာပဲ အတူတူ သွားကြရအောင်လေ"
ချန်လျန်လျန်က ချိုသာစွာ ပြုံးလျက် ယွင်ရှန်း၏ လက်ကို ဆွဲလိုက်သည်။ အခြေအနေကို မသိသူတစ်ဦးအဖို့ သူတို့နှစ်ဦးမှာ အလွန်ရင်းနှီးသော သူငယ်ချင်းများဟုပင် ထင်မှတ်ရပေမည်။
ထိုအရာကို မြင်လိုက်ရသည့်အခါ ယီပိုင်မင်းက ရှေ့ကို လှမ်းတက်ဖို့ ပြင်လိုက်သော်လည်း ယွင်ရှန်းက တားလိုက်သည်။
"ဖောင်တစ်စီးကို ငါးယောက်ပဲလေ... မင်းသားကတော့ တခြားဖောင်မှာပဲ စီးလိုက်ပါတော့လား"
ယီပိုင်မင်းက ယွင်ရှန်း၏ တောက်ပသော အပြုံးကို တစ်ချက်ကြည့်လိုက်ပြီးနောက် ချန်လျန်လျန်၊ သူမ၏ အစေခံမလေးနှင့် ဖောင်ပေါ်ရှိ လူများကို ကြည့်ကာ တစ်ခုခုတော့ မှားနေပြီဟု ရိပ်မိလိုက်သည်။ သူသည် ထပ်မမေးတော့ဘဲ အခြားဝါးဖောင်တစ်ခုပေါ်သို့ တက်လိုက်သော်လည်း သူ၏ မျက်လုံးအစုံကမူ ယွင်ရှန်းရှိရာ ဝါးဖောင်ကိုသာ စောင့်ကြည့်နေခဲ့သည်။
ဖောင်မှာ မြစ်လယ်သို့ ရောက်ရှိလာသောအခါ ရေစီးသန်လှသဖြင့် တစ်နေရာတည်းမှာပင် လည်နေတော့သည်။ မြစ်ကမ်းပါး ဝဲယာရှိ တောင်တန်းအလှအပများမှာ ရှုမငြီးစရာ ကောင်းလှသဖြင့် အားလုံးက မြစ်ပြင်အလှကို ငေးမောနေကြသည်။
ဝါးဖောင်ပေါ် စတက်ကတည်းက ချန်လျန်လျန်သည် ယနေ့အတွက် သူမ၏ အစီအစဉ်ကို ဘယ်လို စတင်ရမှာလဲဟု ကြံစည်နေခဲ့သည်။ ယီပိုင်မင်း အပါအဝင် အနားရှိ ဝါးဖောင်များပေါ်မှ လူအားလုံးမှာ မြစ်ပြင်အလှကို ငေးမောနေကြသဖြင့် သူတို့ဖောင်ကို မည်သူမျှ သတိမထားမိကြသည်ကို သူမ သတိပြုမိလိုက်သည်။ ဤဖောင်ပေါ်ရှိ လူအားလုံးမှာလည်း သူမ၏ လူယုံများသာ ဖြစ်ကြသည်။
ယွင်ရှန်းကို လှမ်းကြည့်လိုက်ရာ သူမသည်လည်း မြစ်ကမ်းပါးအလှကို အေးအေးလူလူ ခံစားနေသည်ကို တွေ့ရသည်။
အခုလောလောဆယ်တော့ ပျော်ထားလိုက်ဦးပေါ့... ခဏနေရင်တော့ နင်က သားရဲတွေရဲ့ အစာ ဖြစ်သွားရတော့မှာ။
"မိန်းကလေးယွင်... မြစ်လယ်ခေါင်မှာ ကြည့်စမ်း အဲ့ဒါ ဘာကြီးလဲ"
ချန်လျန်လျန်က မြစ်လယ်ရှိ ရေဝဲကြီးတစ်ခုကို လက်ညှိုးထိုးပြကာ ရုတ်တရက် စကားစလိုက်သည်။
"ဘာလဲဟင်... ကျွန်မ သေသေချာချာ မမြင်ရဘူး"
ယွင်ရှန်းက ချန်လျန်လျန် ညွှန်ပြရာသို့ လိုက်ကြည့်ဟန် ပြုလိုက်သည်။
ချန်လျန်လျန်က သူမ၏ အစေခံမလေးကို မျက်ရိပ်ပြလိုက်ရာ အစေခံမလေးသည် ချက်ချင်းပင် နားလည်သွားပြီး ယွင်ရှန်း၏ ကျောကို အားပြင်းပြင်းဖြင့် တွန်းချရန် လက်ကို မြှောက်လိုက်တော့သည်။ သို့သော် သူမ၏လက်က ယွင်ရှန်း၏ကျောသို့ ထိလုနီးပါးအချိန်တွင် ယွင်ရှန်းမှာ သူမရှေ့မှ ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။
အစေခံမလေးမှာ တွန်းအားကြောင့် ဟန်ချက်ပျက်ကာ မြစ်ပြင်ပေါ်သို့ ထိုးကျသွားတော့သည်။
"ဒုက္ခပါပဲ တစ်ယောက်ယောက် ရေထဲပြုတ်ကျသွားပြီ"
ချက်ချင်းပင် မြေလျှိုးမှော်ပညာကို သုံး၍ ရှောင်တိမ်းလိုက်သော ယွင်ရှန်းက လှမ်းအော်လိုက်သည်။
ချန်လျန်လျန်မှာ ထိတ်လန့်သွားပြီး မြစ်ပြင်ပေါ်တွင် ရေပက်သံများ ဆူညံသွားကာ သူမ၏ အစေခံမလေးမှာ ရေထဲသို့ နှစ်ဝင်သွားတော့သည်။ ထိုအော်သံကို ကြားလိုက်ရသောအခါ အခြားဝါးဖောင်များပေါ်မှ လူများအားလုံး လှမ်းကြည့်ကြသည်။
"မထိတ်လန့်ကြပါနဲ့။ ရေမြားတောင်ပံငါးတွေက လူကို အလကားနေရင်း တိုက်ခိုက်မှာ မဟုတ်ဘူး။ ကြိုးသုံးပြီး သူမကို အမြန်ဆယ်ဖို့ ကြိုးစားကြ"
ကျိုးချွမ်က မျက်မှောင်ကြုတ်လျက် မိမိအစေခံကို သေချာမကြည့်ရှုသော ချန်လျန်လျန်ကို စိတ်ထဲမှ အပြစ်တင်နေမိသည်။
သို့သော် ကျိုးချွမ် စကားပြောပြီး မကြာမီမှာပင် မြစ်ပြင်ပေါ်တွင် ရေလှိုင်းဝိုင်းလေးများစွာ ပေါ်ထွက်လာသည်။
"မကောင်းတော့ဘူး ရေမြားတောင်ပံငါးတွေပဲ"
ကျိုးချွမ်သည် ထိုငါးကျောကုန်းများကို မြင်လိုက်ရုံနှင့် မှတ်မိသွားသည်။
ယခင်က ငါးတစ်ကောင်မျှမရှိဘဲ ကြည်လင်နေသော မြစ်ပြင်ပေါ်တွင် ရုတ်တရက်ဆိုသလို အလျား တစ်ပေခွဲခန့်ရှိသော ရေမြားတောင်ပံငါး အကောင်တစ်ရာကျော် ပေါ်ထွက်လာပြီး အစေခံမလေးကို ချက်ချင်းပင် ဝိုင်းဝန်းကိုက်ခဲကာ ဆွဲဖြဲပစ်လိုက်ကြသည်။ မြစ်ပြင်ပေါ်တွင် သွေးရောင်လွှမ်းသော ရေပူပေါင်းများသာ ကျန်ရစ်တော့သည်။
ဤကဲ့သို့သော မြင်ကွင်းမျိုးကို တစ်ခါမျှ မမြင်ဖူးသော ချန်လျန်လျန်မှာ ကြောက်ရွံ့လွန်းသဖြင့် မျက်နှာတစ်ခုလုံး ဖြူလျော်ကာ ကျောက်ရုပ်ကဲ့သို့ မှင်သက်သွားတော့သည်။ ပို၍ဆိုးသည်မှာ သွေးနံ့ကြောင့် စိတ်ကြွလာသော ထိုငါးအုပ်ကြီးသည် ယွင်ရှန်းနှင့် အခြားသူများရှိရာ ဝါးဖောင်ဘက်သို့ ဦးတည်ကူးခတ်လာခြင်းပင်။
"မဖြစ်နိုင်ဘူး... ငါ့ဆီ မလာကြနဲ့"
ချန်လျန်လျန်မှာ အလွန်အမင်း ထိတ်လန့်သွားပြီး သူမ၏ မှော်လှံတံကို ချက်ချင်းထုတ်ကာ ရေဓာတ်မှော်ပညာများဖြင့် ထိုငါးအုပ်ကို စတင်တိုက်ခိုက်တော့သည်။
"အို... မိန်းကလေးချန်... ကြောက်စရာကြီးနော် ငါးတွေက အများကြီးပဲ"
ယွင်ရှန်းက ကြောက်လန့်နေဟန် ဆောင်ကာ ချန်လျန်လျန်၏ လက်ကို ဆုပ်ကိုင်လိုက်သည်။
ချန်လျန်လျန်သည် သူမ၏ လက်ကောက်ဝတ်တွင် ခြင်ကိုက်ခံရသလိုမျိုး ရုတ်တရက် ထုံကျဉ်သွားသည်ကို ခံစားလိုက်ရပြီး သူမ၏ မှော်လှံတံမှာလည်း မြစ်ထဲသို့ ပလုံခနဲ အသံနှင့်အတူ ပြုတ်ကျသွားတော့သည်။