← Chapters

အခန်း (၂၄၆)

Vol. 24 Ch. 246

အခန်း (၂၄၆)

Vol. 24 Ch. 246

အခန်း။ ၂၄၆

လေလံခန်းမကြီးတစ်ခုလုံးမှာ လူပေါင်းတစ်ထောင်နီးပါး ဆံ့သည်။ မွန်းတည့် ၁၂ နာရီ ၁၅ မိနစ်ခန့်တွင် ပရိသတ်များ စိတ်လှုပ်ရှားစွာ စောင့်မျှော်နေကြစဉ် လေလံပွဲကို အစီအစဉ်အတိုင်း စတင်လိုက်သည်။

ကျိုးချင်းချွမ်းသည် လေလံစင်မြင့်ပေါ်သို့ ထွက်လာခဲ့သည်။ ယနေ့တွင် သူသည် အကြီးတန်းလေလံဆော်သူနှင့် လိုက်ဖက်သော ရွှေရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူ၏ ခရမ်းနုရောင် ဆံပင်များကို နားနောက်တွင် သေသေသပ်သပ် စည်းထားသည်။ မူလကပင် ခန့်ညားသူဖြစ်သော်လည်း ယနေ့တွင် ပို၍ပင် ထူးခြားထည်ဝါနေတော့သည်။ ပရိသတ်ထဲမှ အမျိုးသမီး အများအပြားမှာ စိတ်လှုပ်ရှားစွာ အော်ဟစ်ကြလေရာ သူတို့သည် လေလံပွဲအတွက်သာမက ကျိုးချင်းချွမ်းကို ငေးမောရန် လာကြခြင်းဖြစ်ကြောင်း သိသာလှသည်။

"ကြောင်မလေး... မင်း ဘယ်သူ့ကို ကြည့်နေတာလဲ။ အဲ့ဒီကောင်က ဒီဘုရင်လောက် မချောပါဘူး"

ယီပိုင်မင်းက မနာလိုစိတ်ဖြင့် မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။ ယွင်ရှန်းက နှုတ်ခမ်းဆူလိုက်မိသည်။ ဤလူမှာ အမှန်ပင် ဘဝင်မြင့်လှသော်လည်း ကျိုးချင်းချွမ်းထက် အနည်းငယ် ပိုချောသည်ကိုမူ သူမ ဝန်ခံရမည်ဖြစ်သည်။

"လူကြီးမင်းတို့ခင်ဗျာ အားလုံးပဲ ဒီနေ့လေလံပွဲကို စောင့်နေကြတာ ကြာပြီလို့ ကျွန်တော် ယုံကြည်ပါတယ်။ အခု ပထမဆုံး လေလံပစ္စည်းကို တင်ဆက်ပေးပါတော့မယ်"

ကျိုးချင်းချွမ်းက ပြုံးရွှင်စွာ ပြောလိုက်သည်။ ပထမဆုံးပစ္စည်းမှာ ထူးခြားသော မီးဓာတ်မှော်

ပစ္စည်းတစ်ခုဖြစ်သည်။

"ဒါကတော့ သာမန်မှော်လက်မှုပညာရှင်တစ်ယောက် ဖန်တီးထားတဲ့ မှော်မီးရှူးမီးပန်းတွေပါ။ သူ့ရဲ့ တိုက်ခိုက်နိုင်စွမ်းကတော့ သိပ်မရှိပါဘူး။ မြေဝက်ဝံတစ်ကောင်ကို နှိမ်နင်းဖို့တော့ မမျှော်လင့်ပါနဲ့။ ဒါပေမဲ့ ကျွန်တော့်ရင်ဘတ်ကို လက်နဲ့ကိုင်ပြီး အာမခံရဲတာကတော့... နူးညံ့သိမ်မွေ့တဲ့ အမျိုးသမီးတစ်ယောက်ရဲ့ နှလုံးသားကို သိမ်းပိုက်ဖို့အတွက်တော့ အပြည့်အဝ လုံလောက်ပါတယ်"

ကျိုးချင်းချွမ်းက ဟာသနှောကာ မိတ်ဆက်ပေးလိုက်သည်။

မှော်လက်မှုပညာရှင်တစ်ဦး တက်လာပြီး ဂါထာအချို့ရွတ်ဆိုကာ မီးရှူးမီးပန်းကို လေထဲသို့ ပစ်တင်လိုက်သည်။ ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ မီးလုံးကြီးမှာ ကောင်းကင်သို့ ပျံတက်သွားပြီး လေထုနှင့် ထိတွေ့ချိန်တွင် ပေါက်ကွဲကာ မီးလျှံများကြား၌ "ကျွန်တော် မင်းကို ချစ်တယ်" ဟူသော စာသားကို ဖော်ပြလိုက်သည်။

ယွင်ရှန်းကဲ့သို့ မှော်ဆရာများအတွက် ဤအရာမှာ မဆန်းသော်လည်း မှော်ပညာမတတ်သူများနှင့် ချစ်သူများအတွက်မူ ဤမီးရှူးမီးပန်းများ၏ အဓိပ္ပာယ်မှာ အလွန်တရာ ထူးခြားလှသည်။ မီးရှူးမီးပန်း ၁၂ ခုကို အခြေခံစျေး ရွှေဒင်္ဂါး ၁၀၀ ဖြင့် စတင်ခဲ့ရာ နောက်ဆုံးတွင် ရွှေဒင်္ဂါး ၅၀၀ ဖြင့် ရောင်းထွက်သွားခဲ့သည်။

ဒုတိယမြောက် လေလံပစ္စည်းမှာ ကျင်းကန်း မသေမျိုးဟု အမည်ရသော စစ်သူရဲများအတွက် ခံစစ်တိုက်ခိုက်ရေး စွမ်းရည်စာအုပ် ဖြစ်သည်။ ကျိုးချင်းချွမ်း၏ လိမ္မာပါးနပ်သော စကားလုံးများကြောင့် ခန်းမအတွင်းရှိ အမျိုးသားများမှာ ရယ်မောကြပြီး အမျိုးသမီးများမှာမူ ရှက်သွေးဖြာကုန်ကြသည်။

ထို့နောက်တွင် ကျိုးချင်းချွမ်း၏ အရည်အချင်းကြောင့် ကျန်ရှိသော ပစ္စည်းများမှာ အခြေခံစျေးထက် ၅ ဆကျော်ဖြင့် ရေလိုစီးကာ ရောင်းထွက်နေတော့သည်။ သူသည် ဝယ်ယူသူများ၏ လိုအင်ဆန္ဒကို ကောင်းစွာ ဖမ်းဆုပ်နိုင်ပြီး စျေးနှုန်းကို အထမြင့်ဆုံးရောက်အောင် တွန်းတင်နိုင်စွမ်း ရှိသည်။

ယခုအခါ ယွင်ရှန်းအနေဖြင့် သူမ၏ လနတ်သမီး၏ ချီးမွမ်းခြင်းဆေးရည်သည် ကျိုးချင်းချွမ်း၏ လျှာအရိုးမရှိသော တင်ဆက်မှုအောက်တွင် ဘယ်လောက်အထိ စျေးတက်သွားမှာလဲဆိုသည်ကို သိချင်စိတ်ဖြင့် စောင့်ကြည့်နေမိတော့သည်။

"အခု လေလံတင်ရမယ့် ပစ္စည်းကတော့ ဝူကျိတိုက်ကြီးမှာ တစ်ခါမှ မပေါ်ဖူးသေးတဲ့ ထူးခြားဆန်းပြားတဲ့ မှော်ဆေးရည်တစ်မျိုးပဲ ဖြစ်ပါတယ်။ နာမည်ကလည်း အလွန်လှပပါတယ်... လနတ်သမီး၏ ချီးမွမ်းခြင်းပါ"

ကျိုးချင်းချွမ်းက ပရိသတ်ကို ခဏမျှ အကဲခတ်ရင်း စကားကို ရပ်လိုက်သည်။

"ဒီဆေးရည်ရဲ့ အစွမ်းအာနိသင်ကို ကြော်ငြာစာစောင်တွေမှာ လူကြီးမင်းတို့ ဖတ်ရှုပြီးကြပြီလို့ ကျွန်တော် ယုံကြည်ပါတယ်"

"ကျွန်တော် လေလံဆော်သူအဖြစ် လုပ်ကိုင်လာတဲ့ ၅ နှစ်အတွင်းမှာ မှော်ပညာအသုံးမကျသူတစ်ယောက်ကို မှော်ဆရာတစ်ယောက်အဖြစ် တိုက်ရိုက်မြှင့်တင်ပေးနိုင်တဲ့ ဆေးရည်မျိုး တစ်ခါမှ မတွေ့ဖူးသေးပါဘူး။ ကျွန်တော့်ရဲ့ ဗဟုသုတအရဆိုရင် ဆေးဧကရာဇ်ခန်းမရဲ့ အသင့်သုံးဆေးတွေရော မှော်ဘုရားကျောင်းက ပညာရှင်တွေတောင်မှ ဒါမျိုးကို မလုပ်ဆောင်နိုင်ကြပါဘူး"

ကျိုးချင်းချွမ်းက အာမခံချက်ပေးလိုက်သောအခါ ပရိသတ်ထဲမှ လူပေါင်းများစွာ၏ မျက်လုံးများမှာ တောက်ပသွားတော့သည်။

"ကဲ... အခုဆိုရင် နံပါတ် (၁၃) မြောက် လေလံပစ္စည်း မှော်ဆရာလောကအတွက် ကောင်းချီးတစ်ခုဖြစ်တဲ့ အသစ်ထွက်ပေါ်လာတဲ့ စီအန်းခန်းမငယ်ရဲ့ လက်ရာ လနတ်သမီး၏ ချီးမွမ်းခြင်း ဆေးရည်ကို တင်ဆက်ပေးပါတော့မယ်"

စီအန်းခန်းမငယ် အဲ့ဒါ ဘယ်က ဆေးခန်းလဲ။ တိုက်ကြီးပေါ်မှာ ဒီလိုနာမည်နဲ့ နာမည်ကြီးဆေးခန်း ရှိလို့လား။

လေလံခန်းမအတွင်းရှိ လူတိုင်းမှာ ထိုအမည်ကို ဝိုင်းဝန်းစဉ်းစားနေကြသော်လည်း မည်သူမျှ တစ်ခါမျှ မကြားဖူးကြသဖြင့် ဇဝေဇဝါ ဖြစ်နေကြသည်။

ဆေးရည်၏ အရောင်မှာ နံနက်ခင်း အာရုဏ်ဦး အလင်းတန်းကဲ့သို့ တောက်ပလှပနေသည်။ ကြည်လင်သော ကျောက်စိမ်းပုလင်းအတွင်း၌ ဆေးရည်များမှာ မီးတောင်ချော်ရည်များကဲ့သို့ အဆက်မပြတ် လှုပ်ရှားနေပြီး နေမထွက်မီ တိမ်ပင်လယ်ပြင်ကြီး၏ အလှတရားကို ဖော်ဆောင်နေသကဲ့သို့ ရှိသည်။

ဤလှပလှသော မှော်ဆေးရည်သည် မြင်ရသူအဖို့ စိတ်ကြည်နူးစေရုံမက ၎င်းကို သောက်သုံးလိုက်ပါက ခန္ဓာကိုယ်အတွင်း၌ မီးတောင်ချော်ရည်များကဲ့သို့ ပြင်းထန်သော မှော်စွမ်းအင်များ စီးဆင်းလာတော့မည်ဟု သတိပေးနေသကဲ့သို့ပင်။

"လနတ်သမီး၏ ချီးမွမ်းခြင်းအတွက် အဖွင့်စျေးကတော့ ရွှေဒင်္ဂါး တစ်သောင်း ဖြစ်ပါတယ်။ တစ်ကြိမ်တိုးရင် အနည်းဆုံး တစ်ထောင်နှုန်းနဲ့ လေလံစတင်နိုင်ပါပြီ"

ကျိုးချင်းချွမ်းက ကြေညာလိုက်သည်။ ကျိုးချင်းချွမ်း၏ ထိရောက်လှသော မိတ်ဆက်မှုမှာ ဆေးဖော်စပ်သူ ယွင်ရှန်းကိုယ်တိုင်ပင် ထိုမျှ ကောင်းမွန်အောင် ဖော်ပြနိုင်မည် မဟုတ်ပေ။

"ရွှေဒင်္ဂါး တစ်သောင်း"

ကျိုးချင်းချွမ်း စကားမဆုံးမီမှာပင် ချန်လျော့ဟဲက ပထမဆုံး စျေးစခေါ်လိုက်သည်။

"ရွှေဒင်္ဂါး တစ်သောင်းတစ်ထောင်"

ထိုစဉ်မှာပင် သာမန်အရပ်သားဇုန်တွင် ထိုင်နေသော မှော်ကျောင်းသူလေးတစ်ဦးက သူမ၏ သူငယ်ချင်းနှစ်ဦးနှင့်အတူ စျေးပြိုင်ခေါ်ယူလိုက်ပြန်သည်။

ထိုကျောင်းသူလေး ထိုင်နေသည့်နေရာမှာ ချန်လျန်လျန်တို့နှင့် အလွန်နီးကပ်နေပြီး သူမ စတင်စျေးခေါ်လိုက်သည်နှင့် ပတ်ဝန်းကျင်ရှိ လူအားလုံး၏ အာရုံစိုက်မှုကို ရရှိသွားတော့သည်။

ချန်လျန်လျန် သေသေချာချာ ကြည့်လိုက်သောအခါ ထိုမိန်းကလေးမှာ အလွန်ပင် ထူးခြားလှပနေသည်ကို တွေ့ရသည်။ သူမ၏ ဆံပင်မှာ ဆီးနှင်းကဲ့သို့ ဖြူဖွေးနေပြီး မျက်နှာပေါက်မှာ နတ်သူငယ်လေးတစ်ဦးကဲ့သို့ သိမ်မွေ့လှပကာ နတ်ဘုရားမတစ်ပါးကဲ့သို့ မြင့်မြတ်သောအသွင် ရှိသည်။ အသက် ၁၁ နှစ် ၁၂ နှစ်ခန့်သာ ရှိသေးသော်လည်း သူမ၏ ခန္ဓာကိုယ်မှာမူ အချိုးအစားကျနစွာ ဖွံ့ဖြိုးနေပြီဖြစ်သည်။

ယီပိုင်လျန်သည်လည်း ထိုမိန်းကလေးကို မြင်သောအခါ မျက်တောင်မခတ်ဘဲ ငေးကြည့်နေမိသည်။ ဤသည်ကို ဘေးမှမြင်လိုက်ရသော ချန်လျန်လျန်မှာမူ ချက်ချင်းပင် မနာလိုဖြစ်ကာ စိတ်ဆိုးသွားတော့သည်။

မှော်တက္ကသိုလ်အများစုအတွက် ယွင်ရှန်း၏ လနတ်သမီး၏ ချီးမွမ်းခြင်း ဆေးရည်မှာ အလွန်ကြီးမားသော ဆွဲဆောင်မှုတစ်ခုဖြစ်သည်။ ဤကျောင်းသူလေးမှာလည်း ထိုနည်းတူပင်။ သူမတို့အဖွဲ့မှာ ဤဒေသသို့ ခရီးလှည့်လည်ရင်း ကျင့်ကြံနေသူများဖြစ်ပြီး ကြော်ငြာစာစောင်ကို မြင်လိုက်ရသဖြင့် အံ့အားသင့်ကာ ဝင်ရောက်လေလံဆွဲကြခြင်း ဖြစ်သည်။

"ရွှေဒင်္ဂါး တစ်သောင်းသုံးထောင်"

အခြားသူတစ်ဦးက ထပ်မံစျေးတိုးလိုက်ပြန်သည်။

လူအုပ်ကြီးထဲမှ တစ်စုံတစ်ဦးက "ကြည့်စမ်း... အဲ့ဒါ လော့ရှမြို့က မှော်ဘုရားကျောင်းက မှော်ဆရာပဲ" ဟု အော်ဟစ်လိုက်သည်။

ကျိုးချင်းချွမ်း အစောပိုင်းက ပြောခဲ့သလိုပင် မှော်တက္ကသိုလ်များနှင့် မှော်ဘုရားကျောင်းတို့ မဖော်စပ်နိုင်သော ဆေးရည်မျိုး ထွက်ပေါ်လာခြင်းမှာ သူတို့အတွက် အရှက်ရစရာဖြစ်စေသည်။ ထို့ကြောင့် မှော်ဘုရားကျောင်းကလည်း ဤဆေးရည်ကို ရယူရန် သီးသန့်လူလွှတ်ထားခြင်းဖြစ်သည်။

"ရွှေဒင်္ဂါး နှစ်သောင်း"

ချန်လျော့ဟဲကတော့ ဤဆေးရည်ကို ရရှိရန် အဆုံးထိ တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်ထားသူဖြစ်သည်။ သူသည် ဘယ်လောက်ပင် ပေးရပါစေ ဝယ်ယူရန် အသင့်ရှိနေသည်။

အဖြူရောင်ဆံပင်နှင့် ကျောင်းသူလေးမှာမူ မျက်မှောင်ပင်မကြုတ်ဘဲ ချက်ချင်း တုံ့ပြန်

လိုက်သည်။

"ရွှေဒင်္ဂါး နှစ်သောင်းငါးထောင်"

"ရွှေဒင်္ဂါး သုံးသောင်း"

ရုတ်တရက် ဘေးမှ ယီပိုင်မင်း ဆီမှ အသံထွက်ပေါ်လာသည်။ ဤသည်ကို ကြားလိုက်ရသောအခါ ယွင်ရှန်းမှာ သွေးအန်မတတ် အံ့အားသင့်သွားရသည်။

ဒီကောင် ဘာတွေ လျှောက်လုပ်နေတာလဲ။ အလကားနေရင်း ဘာလို့ စျေးတက်အောင် လိုက်

လုပ်နေရတာလဲ။

သူမ စိတ်ထဲမှ ကြိတ်မေးနေမိသည်။

ပရိသတ်ထဲတွင် ထိုင်နေသော ယွင်ရှန်းနှင့် သူမဘေးတွင် ရပ်နေသော ယီပိုင်မင်းတို့ကို မြင်လိုက်ရသောအခါ စင်ပေါ်မှ ကျိုးချင်းချွမ်း၏ မျက်နှာထားမှာ အနည်းငယ် ပြောင်းလဲသွားသော်လည်း လျင်မြန်စွာပင် တည်ငြိမ်မှုကို ပြန်လည်ရယူလိုက်သည်။

All Chapters