← Chapters

အခန်း (၂၂၉-၂၃၀)

Vol. 15 Ch. 229-230

အခန်း (၂၂၉-၂၃၀)

Vol. 15 Ch. 229-230

အခန်း ၂၂၉ ။ သွေးအေးရက်စက်သော အပြုံး

သမားတော်ကောသည် လိုကျစ်ကွေ့နှင့် ခဏသာ စကားပြောပြီးနောက် မျက်နှာဖြူဖျော့စွာဖြင့် အနက်ရောင်နှင်းခဲ မြင်းတပ်မှ စစ်သူကြီးတစ်ဦးနောက် လိုက်သွားခဲ့သည်။ သူတို့အဖွဲ့သည် တောင်ဘက်မြို့ရိုးခြေရင်းသို့ ရောက်ရှိသွားကြသည်။

တင်းမားမား၏ ခေါင်းပြတ်အလောင်းကို တူးဖော်ပြီးဖြစ်သည်။ နဉ်ရှောင်ယောင်းက အလောင်းကို ပတ်ထားခဲ့သော အဝတ်အစားများ မရှိတော့ပေ။ အလောင်းမှာ ပုပ်ပွနေပြီဖြစ်၍ အနံ့ဆိုးများ ထွက်ပေါ်နေသည်။ အလောင်းစောင့်နေသော နဂါးအစောင့်တပ်သားများပင် အနံ့မခံနိုင်သဖြင့် အဝေးသို့ ရွှေ့သွားကြသည်။

သမားတော်ကောကို ခေါ်လာသော စစ်သူကြီးမှာ ရှန်မူဖြစ်သည်။ ရှန်မူသည် တင်းမားမား၏အလောင်းကို တစ်ချက်ကြည့်ပြီး သမားတော်ကောကို ပြောလိုက်သည်။

"ကျွန်တော် ကိစ္စလေးရှိလို့ ခဏသွားလိုက်ဦးမယ်။ သမားတော်ကော ဒီမှာ ခဏစောင့်နေပါ။"

သမားတော်ကော မျက်နှာပျက်သွားပြီး အလောင်းကို ကြည့်ကာ ရေရွတ်လိုက်သည်။

"ဒီလောက် ပုပ်ပွနေတာတောင် ဘယ်သူဘယ်ဝါမှန်း မှတ်မိပါ့မလား။"

ရှန်မူ ရယ်မောလိုက်သည်။

"ခေါင်းနဲ့ လည်ပင်း ဆက်ကြည့်လိုက်ရင် သိသာသွားမှာပါ။"

သမားတော်ကော "..."

ဒီလူက စကားပြောတတ်သားပဲ။

ရှန်မူ ထွက်ခွာသွားသည်။

သမားတော်ကောသည် နှာခေါင်းစည်းကို စည်းပြီး အလောင်းနားသို့ ထိုင်ချလိုက်သည်။ ဒီအထိန်းတော်ကို သူမြင်ဖူးပါတယ်။ မိဖုရားခေါင်ကြီးရဲ့ အချစ်တော်လေ။ ရက်ပိုင်းအတွင်း ခေါင်းနဲ့ကိုယ် တခြားစီ ဖြစ်သွားရှာပြီ။ အိတ်ကပ်ထဲမှ ပုလင်းအချို့ကို ထုတ်ယူလိုက်ပြီး သက်ပြင်းချလိုက်သည်။ သခင်တွေရဲ့ လျှို့ဝှက်ချက်တွေကို ပိုသိလေ သေဖို့ ပိုနီးစပ်လေပဲလား။ သူရော ဘယ်လိုဇာတ်သိမ်းရမလဲ။

ဆေးရည်နှင့် ဆေးမှုန့်များကို အလောင်းပေါ် ဖြူးလိုက်သည်။ ကတိုးနံ့ပြင်းပြင်း ထွက်ပေါ်လာသော်လည်း မကြာမီ အလောင်းပုပ်နံ့က လွှမ်းမိုးသွားသည်။ သမားတော်ကော နှာခေါင်းစည်းကို ဖြုတ်လိုက်ပြီး ကတိုးနံ့မရတော့မှ အလောင်းနှင့် ဝေးရာသို့ ထွက်ခွာသွားသည်။

နာရီဝက်ခန့်အကြာတွင် ရှန်မူ ပြန်ရောက်လာသည်။

"ပြီးပြီလား။"

သမားတော်ကော ခေါင်းညိတ်လိုက်သည်။

ရှန်မူ မြင်းပေါ်မှဆင်းပြီး အလောင်းနားသို့ သွားလိုက်သည်။ ရင်ခွင်ထဲမှ သစ်သားဆံထိုးတစ်ခုကို ထုတ်ယူပြီး တင်းမားမား၏ လည်ပင်းပြတ်ထဲသို့ ထိုးစိုက်လိုက်သည်။ ပြီးမှ နဂါးအစောင့်တပ်သားများကို ပြန်မြှုပ်နှံခိုင်းလိုက်သည်။

မြေဖို့ပြီးနောက် ရှန်မူက မြေပုံကို တစ်ပတ်ပတ်ကြည့်ပြီး သမားတော်ကောကို ပြောလိုက်သည်။

"ကိစ္စပြီးပြီ။ နန်းတော်ပြန်ကြစို့။"

သမားတော်ကော တိတ်တဆိတ် မြင်းပေါ်တက်လိုက်သည်။ တင်းမားမား၏ အလောင်းပေါ်တွင် ကိုယ်ဝန်ပျက်ကျစေနိုင်သော ဆေးများ ထည့်ထားခဲ့သည်။ ရှန်မူ ထိုးစိုက်လိုက်သော သစ်သားဆံထိုးကလည်း ကောင်းသောပစ္စည်း မဟုတ်တန်ရာ။ သမားတော်ကော မေးချင်သော်လည်း လိုကျစ်ကွေ့ရှေ့မှာတောင် မေးခွင့်မရခဲ့တာ အခု ရှန်မူရှေ့မှာ ဘယ်လိုမေးရဲမှာလဲ။

.....

ရှဲ့လိုင်ပေါင်သည် အစေခံနှစ်ဦး၏အကူအညီဖြင့် အမတ်ချုပ်ကြီးရှဲ့၏ စာကြည့်ဆောင်ထဲသို့ ဝင်ရောက်လာသည်။

အမတ်ချုပ်ကြီးရှဲ့သည် ကုတင်ပေါ်တွင် လဲလျောင်းနေသည်။ ဆေးအရှိန်ကြောင့် အဖုအပိမ့်များ သက်သာသွားသော်လည်း မျက်နှာထားကတော့ ဆိုးရွားနေဆဲပင်။ ရှဲ့လိုင်ပေါင် ဝင်လာတာကို လှည့်မကြည့်ပေ။

အစေခံများကို ထွက်သွားခိုင်းပြီးနောက် ရှဲ့လိုင်ပေါင် ဦးညွှတ်လိုက်သည်။

"သခင်ကြီး။"

အမတ်ချုပ်ကြီးရှဲ့ ပြန်မထူးပေ။

"သခင်ကြီး၊ စစ်သူကြီးချန်က လူလွှတ်လိုက်ပါတယ်။ ခြံဝင်းတံခါးဝမှာ စောင့်နေပါတယ်။ တွေ့မလား။"

ချန်လု လူလွှတ်လိုက်တယ်ဆိုတော့မှ အမတ်ချုပ်ကြီးရှဲ့ လှုပ်ရှားလာသည်။

"ကျိုးမောင်နှမဆီက သတင်းရလို့လား။"

"ကျွန်တော်မျိုး မေးကြည့်ပါသေးတယ်။ သူက စစ်သူကြီးချန်ရဲ့အမိန့်မို့လို့ သခင်ကြီးကို ကိုယ်တိုင်ပြောမှ ဖြစ်မယ်တဲ့။"

"ဝင်ခိုင်းလိုက်။"

တပ်သားတစ်ဦး စာကြည့်ဆောင်ထဲ ဝင်လာသည်။

အမတ်ချုပ်ကြီးရှဲ့ ကြည့်လိုက်တော့ ချန်လုရဲ့ကိုယ်ရံတော်တစ်ဦးဖြစ်နေသည်။

ထိုတပ်သား ဂါရဝပြုပြီး မယ်တော်ကြီးက မိဖုရားခေါင်ကြီးဆီ တင်းမားမားခေါင်းပြတ် ပို့ခိုင်းလိုက်သည့်အကြောင်းနှင့် ပြောခိုင်းလိုက်သည့် စကားများကို အကုန်ပြန်ပြောပြလိုက်သည်။

အမတ်ချုပ်ကြီးရှဲ့ ဘာမှပြန်မပြောဘဲ လက်ကာပြလိုက်သည်။

ရှဲ့လိုင်ပေါင်က "မင်း အရင်ပြန်တော့။"

တပ်သား ပြန်ထွက်သွားသည်။

ရှဲ့လိုင်ပေါင် အမတ်ချုပ်ကြီးရှဲ့ကို ကြည့်လိုက်သည်။ အမတ်ချုပ်ကြီးရှဲ့ မျက်ခုံးနှစ်ခုကြားကို ပြင်းပြင်းထန်ထန် နှိပ်နယ်နေသည်။

"မယ်တော်ကြီးက ဘာလုပ်ချင်နေတာလဲ။ ဒုတိယသခင်လေးကိစ္စ ဖြစ်ပြီးခါစရှိသေးတယ်၊ အခု မယ်တော်ကြီးက..."

ရှဲ့လိုင်ပေါင် သက်ပြင်းချလိုက်သည်။

"သူက မိဖုရားခေါင်ကြီးနဲ့ ပူးပေါင်းချင်နေတာ။"

အမတ်ချုပ်ကြီးရှဲ့ ပြောလိုက်သည်။

"ဒါဆို ဘာလို့ သခင်ကြီးနဲ့ အရင်မတိုင်ပင်တာလဲ။"

အမတ်ချုပ်ကြီးရှဲ့ လက်ကိုချလိုက်သည်။ မျက်ခုံးနှစ်ခုကြား ရဲရဲနီနေသည်။

"တင်းမားမားရဲ့အလောင်းက တောင်ဘက်မြို့ရိုးအောက်မှာ ရှိနေတုန်းပဲ မဟုတ်လား။ အလောင်းပါ ပို့ပေးလိုက်ရင် ပိုမကောင်းဘူးလား။"

ရှဲ့လိုင်ပေါင် မသိမသာ မေးလိုက်သည်။

"တင်းမားမားရဲ့အလောင်းကို မြို့ပြင်ထုတ်မပစ်လိုက်ဘူးလား။"

အမတ်ချုပ်ကြီးရှဲ့ မေးလိုက်သည်။

"မထုတ်ပါဘူး။"

ရှဲ့လိုင်ပေါင် ပြန်ဖြေလိုက်သည်။

"တောင်ဘက်မြို့ရိုးအောက်မှာ မြှုပ်ထားတုန်းပါပဲ။"

"မယ်တော်ကြီးက အရှင်မင်းကြီးက အလောင်းကို ခွေးစာကျွေးပစ်လိုက်ပြီလို့ ပြောခိုင်းလိုက်တာလား။"

"ဟုတ်ပါတယ်၊ တပ်သားလေး ပြောတာ အဲဒီလိုပါပဲ။"

အမတ်ချုပ်ကြီးရှဲ့ ကုတင်လိုက်ကာကို စိုက်ကြည့်ရင်း စိတ်ထဲမှ ကျိန်ဆဲလိုက်သည်။ တုံးလိုက်တာ။

သူ့သမီး (မယ်တော်ကြီး) က နဉ်ယွီ (နဉ်ရှောင်ယောင်း) ကို သတ်ချင်တာ မဟုတ်ဘူး။ မိဖုရားခေါင်ကြီးနဲ့ ပေါင်းပြီး နဉ်ယွီကို ထိန်းချုပ်ချင်တာ။ အဆိပ်ခတ်တာ၊ လုပ်ကြံတာမျိုးလုပ်ပြီး နဉ်ယွီကို အိပ်ရာထဲလဲအောင် လုပ်ချင်တာ။ ဒါပေမဲ့ နဉ်ယွီက ဆေးပညာတတ်တယ်။ သူ့ဘေးမှာ သမားတော်တွေရှိတယ်။ ဒီလောက်လွယ်လွယ်နဲ့ ဒဏ်ရာရပါ့မလား။ တကယ်လို့ မအောင်မြင်ရင် ကိုယ့်သားအရင်းကို အဆိပ်ခတ်တဲ့ မိခင်ဆိုပြီး နာမည်ပျက်မယ်။ နဉ်ယွီက အဲဒါကို အကြောင်းပြပြီး မယ်တော်ကြီးကို နန်းဆောင်ထဲမှာ အကျဉ်းချထားလိမ့်မယ်။ ပြီးရင် ရှဲ့မိသားစုကိုပါ ရှင်းပစ်လိမ့်မယ်။

"သခင်ကြီး။"

ရှဲ့လိုင်ပေါင် သတိထားပြီး မေးလိုက်သည်။

"နန်းတော်ထဲ လူလွှတ်ပြီး မယ်တော်ကြီးနဲ့ တွေ့ခိုင်းမလား။"

"တင်းမားမားရဲ့အလောင်းကို သံဘုရားကျောင်း ပို့လိုက်။"

အမတ်ချုပ်ကြီးရှဲ့ အမိန့်ပေးလိုက်သည်။

"မိဖုရားခေါင်ကြီးလက်ထဲ ထည့်ပေးလိုက်။ ဘာမှ မပြောနဲ့။"

ရှဲ့လိုင်ပေါင် ကြောင်သွားသည်။

"မင်းကိုယ်တိုင် သွားလုပ်။"

"ဟုတ်ကဲ့။"

ရှဲ့လိုင်ပေါင် ကြောင်တောင်တောင်ဖြင့် အမိန့်နာခံလိုက်သည်။

"အဖေ!"

အပြင်ဘက်မှ အမျိုးသမီးတစ်ဦး၏ ငိုသံ ကြားလိုက်ရသည်။

"ဒါ ဒုတိယသခင်မလေး (ရှဲ့အန်းကျီ၏ ဇနီး) ပါ။"

ရှဲ့လိုင်ပေါင်က ပြောလိုက်သည်။

"သူ့ကို အခန်းထဲ ပြန်ခိုင်းလိုက်။"

အမတ်ချုပ်ကြီးရှဲ့ စိတ်ရှုပ်စွာ ပြောလိုက်သည်။

ရှဲ့လိုင်ပေါင် ထွက်ခွာသွားသည်။

ခဏအကြာတွင် ငိုသံတိတ်သွားမှ အမတ်ချုပ်ကြီးရှဲ့ သက်ပြင်းချလိုက်သည်။ နဉ်ယွီကို ထိန်းချုပ်မယ့်အစား သတ်ပစ်လိုက်တာက ပိုကောင်းမယ်။ မိဖုရားခေါင်ကြီးက အရှင်မင်းကြီးရော၊ မယ်တော်ကြီးရော ယုံလို့မရဘူးဆိုတာ သိသွားရင် နဉ်ယွီကိုသတ်ပြီး သူ့အစ်ကိုနဲ့ ထွက်ပြေးဖို့ပဲ ရွေးချယ်လိမ့်မယ်။

နဉ်ယွီ သေသွားရင် ရှဲ့အန်းကျီကိစ္စလည်း ဖြေရှင်းပြီးသားဖြစ်သွားမယ်။ အမတ်ချုပ်ကြီးရှဲ့ မျက်ခုံးကို ထပ်နှိပ်နယ်လိုက်သည်။ ဒီနည်းလမ်းကို စောစောစီးစီး တွေးမိသင့်တာ။ မယ်တော်ကြီးကတော့... စိတ်ဝမ်းကွဲသွားပြီဆိုတော့ ထားလို့မရတော့ဘူး။

ရှဲ့လိုင်ပေါင်သည် အစေခံအချို့နှင့် ချန်လု၏တပ်သားကိုခေါ်ပြီး တောင်ဘက်မြို့ရိုးအောက်သို့ သွားရောက်ကာ တင်းမားမား၏အလောင်းကို ရှာဖွေတူးဖော်ခဲ့သည်။

မြေကြီးတူးလိုက်သည်နှင့် အပုပ်နံ့များ ထွက်ပေါ်လာသဖြင့် အားလုံး နောက်ဆုတ်လိုက်ရသည်။

အလောင်းတူးနေသော အစေခံတစ်ဦးက တင်းမားမားအလောင်းကို ကြည့်ပြီး ရှဲ့လိုင်ပေါင်ကို လှမ်းပြောလိုက်သည်။

"အိမ်တော်ထိန်းကြီး၊ အလောင်းမှာ ဆံထိုးတစ်ချောင်း စိုက်နေတယ်။"

"ဘာ..."

ရှဲ့လိုင်ပေါင် အလောင်းနားသို့ သွားကြည့်လိုက်သည်။

"သစ်သားဆံထိုးပါ။"

"တန်ဖိုးမရှိတဲ့ ပစ္စည်းလေးပဲ။"

ရှဲ့လိုင်ပေါင်က မက်မွန်ပွင့်ပုံစံ ထွင်းထားသော သစ်သားဆံထိုးကို ကြည့်ပြီး ပြောလိုက်သည်။

"သူ့ပစ္စည်း နေမှာပေါ့။ တန်ဖိုးမရှိလို့ ချန်ထားခဲ့တာ ဖြစ်မယ်။ ဒီအတိုင်း ထားလိုက်။ လူသေပစ္စည်းကို ယူရင် ကံနိမ့်တတ်တယ်။"

အစေခံများလည်း သဘောတူကြသည်။

"ကဲ... အလောင်းကို ဖျာနဲ့ပတ်ပြီး လှည်းပေါ်တင်လိုက်ကြ။"

အစေခံများ အနံ့ကို အောင့်ခံပြီး အလောင်းကို လှည်းပေါ်တင်လိုက်ကြသည်။

"ရှေ့က လမ်းပြပေးပါ။ ဒါ သံဘုရားကျောင်းကို ပို့ရမယ့် ပစ္စည်းပါ။"

ရှဲ့လိုင်ပေါင်က တပ်သားကို ပြောလိုက်သည်။

တပ်သားကတော့ နားမလည်နိုင်ဖြစ်နေသည်။ မယ်တော်ကြီးက ခေါင်းပို့တယ်။ အမတ်ချုပ်ကြီးက အလောင်းပို့တယ်။ ဘာတွေ လုပ်နေကြတာလဲ။

"သွားကြစို့။"

အဖွဲ့သားများ မြောက်ဘက်မြို့တံခါးသို့ ထွက်ခွာသွားကြသည်။

....

သူတို့ထွက်သွားပြီးနောက် လမ်းဘေးခွေးအုပ်စုတစ်စု ထွက်ပေါ်လာပြီး မြေကျင်းနားတွင် လှည့်ပတ်ကြည့်ရှုနေကြသည်။

"အရင်တုန်းက ခေါင်းဖြတ်တယ်။ အခု အလောင်းလာယူသွားတယ်။ ခေါင်းဆောင်ကြီး၊ ဒီလူတွေ ဘာလုပ်နေကြတာလဲ။ ဝေါင်း..."

ခွေးတစ်ကောင်က ခေါင်းဆောင်ခွေးကြီး လောင်ဟွမ်ကို မေးလိုက်သည်။

လောင်ဟွမ် မြေကြီးယက်လိုက်ပြီး ခဏတာ စဉ်းစားကာ ဖြေလိုက်သည်။

"မသိဘူး။"

ခွေးအုပ်စု "..."

မသိဘူးဆိုတာကို ဒီလောက် အကြာကြီး စဉ်းစားနေရလား။

"ရှောင်ယောင်းကို သွားပြောပြမလား။"

"ရှောင်ယောင်းက ဧကရာဇ်လေ။ လူရှင်ကိစ္စပဲ ဂရုစိုက်တာ။ လူသေကိစ္စ ဂရုစိုက်ပါ့မလား။"

"လူသေကိစ္စ ဂရုစိုက်တာက ယမမင်းလေ။"

နောက်ထပ် ခွေးတစ်ကောင်က ဝင်ပြောလိုက်သည်။

"ဒါဆို ရှောင်ယောင်းနဲ့ မဆိုင်ဘူးပေါ့။"

လောင်ဟွမ် ဆုံးဖြတ်လိုက်သည်။

"မပြောနဲ့တော့။ ရှောင်ယောင်းက စစ်တိုက်ဖို့ အလုပ်ရှုပ်နေတာ။ ဒါက ပိုအရေးကြီးတယ်။"

ခေါင်းဆောင်ပြောတာကို အားလုံး လက်ခံကြသည်။

"ဒါဆို လူစုခွဲပြီး အစာရှာကြမယ်။"

အစည်းအဝေး ပြီးဆုံးသွားပြီး ခွေးများ လူစုခွဲသွားကြသည်။

.......

ရှဲ့လိုင်ပေါင်တို့အဖွဲ့သည် အမတ်ချုပ်ကြီးရှဲ့၏အမိန့်စာဖြင့် မြောက်ဘက်မြို့တံခါးကို ဖွင့်ခိုင်းပြီး ထွက်ခွာသွားကြသည်။

သူတို့ထွက်သွားပြီးနောက် တံခါးစောင့်စစ်သူကြီးက တံခါးပြန်ပိတ်လိုက်သည်။

.....

နာရီဝက်ခန့်အကြာတွင် တံခါးစောင့်အလှည့်ပြောင်းပြီး တာဝန်ပြီးသွားသော စစ်သူကြီးတစ်ဦးသည် အိမ်ပြန်သလိုလိုနှင့် ထိုက်ဟွာနန်းဆောင်သို့ ရောက်လာပြီး လိုကျစ်ကွေ့ကို သတင်းပို့လိုက်သည်။

"အမတ်ချုပ်အိမ်တော်က လူတွေ အလောင်းသယ်ပြီး ထွက်သွားပါပြီ။ ယူသင့်တာတွေ ယူသွားကြပါပြီ။"

"သိပြီ။"

လိုကျစ်ကွေ့ ခေါင်းညိတ်လိုက်သည်။

"ပင်ပန်းသွားပြီ။"

"မပင်ပန်းပါဘူး။"

စစ်သူကြီး ဦးညွှတ်ပြီး ထွက်ခွာသွားသည်။

စားပွဲပေါ်မှ မီးစာ "ဖောက်" ခနဲ မြည်သွားသည်။ လိုကျစ်ကွေ့ ပြုံးလိုက်သည်။ အေးစက်ပြီး ရက်စက်သော အပြုံးတစ်ခု။

နဉ်ရှောင်ယောင်းကတော့ အိပ်ဆောင်ထဲတွင် ဗိုက်ကားကားလေးဖြင့် လောင်တနှင့်အတူ အိပ်မောကျနေလေသည်။ အားလုံး အလုပ်ရှုပ်နေကြသော်လည်း အရှင်မင်းကြီးကတော့ စိတ်ပူစရာမရှိ အိပ်ပျော်နေလေရဲ့။

***

ဆိုးသွမ်းသော ဆေးဧကရီလေး (UPXY)

အခန်း ၂၃၀ ။ စစ်သေနာပတိချုပ်လိုက ဒုက္ခပေးတဲ့သူ

နောက်တစ်နေ့ နံနက်တွင် နဉ်ရှောင်ယောင်း မျက်လုံးဖွင့်လိုက်သည်နှင့် ကုတင်ဘေးတွင် ထိုင်နေသော လိုကျစ်ကွေ့ကို တွေ့လိုက်ရသည်။

"စစ်သေနာပတိချုပ်၊ ကျွန်မကို လာနှိုးတာလား။"

နဉ်ရှောင်ယောင်း ပါးစပ်ဖြဲရယ်ပြီး မေးလိုက်သည်။

လိုကျစ်ကွေ့ ကိုယ်ကိုကိုင်းပြီး နဉ်ရှောင်ယောင်းကို ကြည့်လိုက်သည်။ အိပ်ရာထခါစဖြစ်၍ မျက်နှာမသစ်၊ သွားမတိုက်ရသေးသော်လည်း ကြည့်ကောင်းနေသည်။ စောင်ကြောင့် ပါးပြင်များ နီရဲနေပြီး ပါးနီဆိုးထားသကဲ့သို့ ဖြစ်နေသည်။

လိုကျစ်ကွေ့ နဉ်ရှောင်ယောင်း၏ပါးကို ဆွဲလိုက်ပြီး "စိတ်ပြေသွားပြီလား" ဟု မေးလိုက်သည်။

"အင်း..."

နဉ်ရှောင်ယောင်း စောင်ကိုဖက်ပြီး ကုတင်ပေါ်တွင် လူးလှိမ့်လိုက်သည်။ ရုတ်တရက် သတိရသွားပြီး "ဟင်... ကျွန်မရဲ့ ကြောင်ဝတုတ်ကြီး (လောင်တ) ဘယ်ရောက်သွားလဲ။ ကျွန်မနဲ့အတူ အိပ်ပြီးမှ ထွက်ပြေးသွားတာလား" ဟု မေးလိုက်သည်။

လောင်တက ကြောင်တစ်ကောင်မှန်း မသိရင် လိုကျစ်ကွေ့ ဒီကောင်မလေးကို ရိုက်သတ်မိမှာ သေချာသည်။ ဘာစကားတွေ ပြောနေတာလဲ။

"လောင်တ။"

နဉ်ရှောင်ယောင်း အော်ခေါ်လိုက်သည်။

"မြောင်..."

လောင်တ၏အော်သံကို ပြတင်းပေါက်အပြင်ဘက် ဥယျာဉ်ထဲမှ ကြားလိုက်ရသည်။

"ကြောင်ကို စိတ်ပူနေသေးတယ်ဆိုတော့ စိတ်ပြေသွားပြီပဲ။"

လိုကျစ်ကွေ့ နဉ်ရှောင်ယောင်းကို ဆွဲထူလိုက်ပြီး တိုးတိုးလေးပြောလိုက်သည်။

နဉ်ရှောင်ယောင်း အကြောဆန့်လိုက်သည်။ အိပ်ရာထတာနဲ့ ဖုတ်ကောင်တွေနဲ့ ရင်ဆိုင်စရာ မလိုတော့ဘူး။ မနက်စာ စားရတော့မယ်ဆိုတော့ ပျော်တာပေါ့။

"ထတော့။ ခဏနေရင် ထောင်ယွီတို့ကို လိုက်ပို့ရမယ်။"

"မွ..."

နဉ်ရှောင်ယောင်း လိုကျစ်ကွေ့၏ပါးကိုနမ်းလိုက်ပြီး ကုတင်ပေါ်မှ ခုန်ဆင်းကာ မေးလိုက်သည်။

"ထောင်ယွီတို့ ဘယ်အချိန် ထွက်မှာလဲ။ ကျွန်မ မနက်စာ အရင်စားလို့ ရမလား။"

လိုကျစ်ကွေ့သည် ဘီးတစ်ချောင်းယူပြီး နဉ်ရှောင်ယောင်း၏ဆံပင်ကို ဖြီးပေးကာ သပ်သပ်ရပ်ရပ် စည်းပေးလိုက်သည်။ စစ်သေနာပတိချုပ်လို ဒီလိုလုပ်ပေးတာဆိုလို့ သူ့တူလေး လိုနန်နဲ့ နဉ်ရှောင်ယောင်းပဲ ရှိသည်။

"စစ်သေနာပတိချုပ်၊ မိဖုရားခေါင်ကြီးက..."

ကြေးမုံပြင်ထဲက လိုကျစ်ကွေ့ကို ကြည့်ပြီး နဉ်ရှောင်ယောင်း စကားစလိုက်သော်လည်း ဆက်မပြောဖြစ်တော့ပေ။

"ဘာဖြစ်လို့လဲ။"

"ဘာမှမဖြစ်ပါဘူး။"

နဉ်ရှောင်ယောင်း သကြားလုံးတစ်လုံး ပါးစပ်ထဲ ပစ်ထည့်လိုက်သည်။ စစ်တိုက်ဖို့ကိစ္စ အရင်လုပ်ရမယ်။ မိဖုရားခေါင်ကြီးက ဒီနေ့ပဲ လာသတ်မှာမှ မဟုတ်တာ။

လိုကျစ်ကွေ့ ဆံပင်စည်းပြီးသွားသောအခါ "ထောင်ယွီနဲ့ မင်းသားဖူကို လိုက်ပို့ပြီးရင် လမ်းလျှောက်ထွက်ရအောင်။"

လမ်းလျှောက်ထွက်မယ်ဆိုတော့ နဉ်ရှောင်ယောင်း မျက်လုံးအရောင်တောက်လာသည်။

"ကောင်းသားပဲ။ နေ့လည်စာကို အပြင်မှာပဲ စားကြမယ်။"

လိုကျစ်ကွေ့ "..."

မနက်စာတောင် မစားရသေးဘူး၊ နေ့လည်စာအတွက် စဉ်းစားနေပြီလား။

......

တစ်နာရီခန့် ကြာသောအခါ မြို့တော်အပြင်ဘက်တွင် နဉ်ရှောင်ယောင်းသည် အမတ်မင်းများ၊ ပြည်သူများနှင့်အတူ ထောင်ယွီနှင့် မင်းသားဖူတို့ကို လိုက်ပို့နေသည်။

"ကြိုးစားနော်။"

နဉ်ရှောင်ယောင်းက ထောင်ယွီကို ပြောလိုက်သည်။

"စစ်သူကြီးထောင် လုပ်နိုင်မယ်လို့ ငါ ယုံကြည်တယ်။"

"အရှင်မင်းကြီးရဲ့ယုံကြည်မှုကို မစော်ကားပါဘူး။"

ထောင်ယွီ လေးလေးနက်နက် ပြောလိုက်သည်။

"အင်း..."

နဉ်ရှောင်ယောင်း ထောင်ယွီ၏ပခုံးကို ပုတ်လိုက်ပြီး ဘေးနားရှိ မင်းသားဖူကိုကြည့်ကာပြောလိုက်သည်။

"ဦးရီးတော်ရေ၊ ရှဲ့အန်းကျီကို သေချာကြည့်ထားနော်။ ပြီးတော့ အသက်ရှင်အောင်နေနော်။"

မင်းသားဖူ နဉ်ရှောင်ယောင်းကို စကားမပြောချင်တော့ပေ။ ထောင်ယွီကျတော့ လုပ်နိုင်တယ်လို့ပြောပြီး၊ သူ့ကျတော့ အသက်ရှင်အောင်နေတဲ့။ သူက အဲဒီလောက် အသုံးမကျလို့လား။

"ဘာဖြစ်လို့လဲ။"

မင်းသားဖူ မျက်စောင်းထိုးနေသည်ကို မြင်သောအခါ နဉ်ရှောင်ယောင်း မေးလိုက်သည်။

"အရှင်မင်းကြီး စိတ်မပူပါနဲ့။ ကျွန်တော်မျိုးလည်း အသက်ပေးပြီး ကျေးဇူးဆပ်ပါ့မယ်။"

မင်းသားဖူ ပြန်ဖြေလိုက်သည်။

"ဦးရီးတော်က တကယ် စစ်တိုက်ထွက်မယ့်ပုံစံနဲ့ ပြောနေတာပဲ။ မနောက်ပါနဲ့။ ရှဲ့အန်းကျီကိုကြည့်ထားပြီး အသက်ရှင်အောင်နေရင်ရပြီ။"

နဉ်ရှောင်ယောင်း နှုတ်ခမ်းမဲ့လိုက်သည်။

ဘေးလူများကတော့ မင်းသားဖူ မျက်နှာပျက်မှာစိုးလို့ ဘာမှမကြားရသလို ဟန်ဆောင်နေကြသည်။

မင်းသားဖူ ဒေါသထွက်သော်လည်း ပြန်မပြောနိုင်ပေ။ သူက တကယ်ပဲ စစ်မတိုက်တတ်ဘူးလေ။

"ပြီးတော့..."

နဉ်ရှောင်ယောင်း ထပ်မှာလိုက်ပြန်သည်။

"ဦးရီးတော်က စစ်သူကြီးထောင်ကို ဒုက္ခမပေးနဲ့နော်။ စစ်တိုက်တာကို စစ်သူကြီးထောင်ကပဲ နားလည်တာ။ ဦးရီးတော်က နားမလည်ရင် ဝင်မပြောနဲ့။"

မင်းသားဖူ သည်းခံလိုက်သည်။ အခုက နဉ်ယွီနဲ့ ရန်ဖြစ်ရမယ့်အချိန် မဟုတ်ဘူး။

"အချိန်တန်ပြီ မဟုတ်လား။"

မင်းသားဖူက လိုကျစ်ကွေ့ကို မေးလိုက်သည်။

"သွားလို့ ရပြီလား။"

နဉ်ရှောင်ယောင်း နက္ခတ်ဗေဒင်ပညာရှင်များကို ကြည့်လိုက်သည်။

"အချိန်ကောင်း ရောက်ပြီလား။ မရောက်သေးရင် ငါ့ဦးလေးနဲ့ စကားနည်းနည်း ထပ်ပြောလိုက်ဦးမယ်။"

မင်းသားဖူ နက္ခတ်ဗေဒင်ပညာရှင်များကို ချက်ချင်းလှမ်းကြည့်လိုက်သည်။

နက္ခတ်ဗေဒင်ပညာရှင်များ "..."

အရှင်မင်းကြီးကို မနိုင်လို့ ကျွန်တော်မျိုးတို့ကို လာကြည့်နေတာလား။

"စစ်သူကြီးထောင်လည်း ဂရုစိုက်နော်။"

နဉ်ရှောင်ယောင်း ထောင်ယွီဘက် ပြန်လှည့်သွားသည်။

"မင်းမိန်းမနဲ့ သမီးကို ငါ စောင့်ရှောက်ပေးထားမယ်။ ဒါပေမဲ့ ကြိုပြောထားမယ်နော်။ တစ်သက်လုံးတော့ စောင့်ရှောက်မပေးနိုင်ဘူး။ တစ်သက်လုံးက မင်းတာဝန်ပဲ။"

ထောင်ယွီ မျက်ရည်ဝဲသွားပြီး ခေါင်းညိတ်လိုက်သည်။

"အချိန်တန်ပါပြီ။"

မင်းသားဖူ အော်ဟစ်လိုက်သည်။ ဆက်နားမထောင်နိုင်တော့ဘူး။ ဆက်ဆံပုံချင်းက ကွာခြားလွန်းတယ်။

"အရှင်မင်းကြီး။"

နက္ခတ်ဗေဒင်ဆရာကြီးက အချိန်မတန်သေးဘူးလို့ ပြောချင်သော်လည်း နဉ်ရှောင်ယောင်းက လက်ကာပြလိုက်သည်။

"ကောင်းပြီ၊ ထွက်ခွာကြ။"

အမြောက်တပ်သားများက အမြောက်ဖောက်လိုက်ကြသည်။ အမြောက်သံ သုံးချက် ထွက်ပေါ်လာပြီး မြေကြီး တုန်ခါသွားသည်။

အမြောက်သံအဆုံးတွင် စစ်ခရာသံများ ထွက်ပေါ်လာသည်။

ထောင်ယွီ ဒူးထောက်ပြီး နဉ်ရှောင်ယောင်းကို သုံးကြိမ် ဦးခိုက်ကန်တော့လိုက်သည်။

နက္ခတ်ဗေဒင်ဆရာကြီး ဘာမှမပြောတော့ဖို့ ဆုံးဖြတ်လိုက်သည်။ အချိန်ကောင်း ဟုတ်မဟုတ်ဆိုတာ အရှင်မင်းကြီးအတွက် အရေးမကြီးပါဘူး။

"စစ်နိုင်ပြီးပြန်လာရင် ငါ ဒီနေရာမှာ လာကြိုမယ်။"

နဉ်ရှောင်ယောင်း လက်ပြနှုတ်ဆက်ရင်း အော်ပြောလိုက်သည်။

စစ်သည်များက "အရှင်မင်းကြီး သက်တော်ရာကျော် ရှည်ပါစေ" ဟု ကြွေးကြော်လိုက်ကြသည်။

မင်းသားဖူ၏ရထားလုံးထဲတွင် ပိတ်လှောင်ခံထားရသော ရှဲ့အန်းကျီသည် ဘယ်ကခွန်အားတွေ ရလာမှန်းမသိ၊ ထထိုင်လိုက်ပြီး ပြတင်းပေါက်ကိုဖွင့်ကာ ကိုယ်တစ်ပိုင်းထွက်ပြီး အော်လိုက်သည်။

"အဖေ..."

မင်းသားဖူ၏ကိုယ်ရံတော်တစ်ဦးက ရှဲ့အန်းကျီကို အထဲသို့ ပြန်တွန်းထည့်လိုက်သည်။

ရွှမ်း...

ခွက်တစ်လုံး လေထဲမှ ပျံဝဲလာပြီး ရှဲ့အန်းကျီ၏မျက်နှာကို ထိမှန်ကာ ရထားလုံးထဲ ပြန်လွင့်စင်သွားစေသည်။

မင်းသားဖူ၏ကိုယ်ရံတော်များ လှည့်ကြည့်လိုက်ကြသည်။ ဘယ်သူလုပ်လိုက်တာလဲ။ အမတ်ချုပ်ကြီးရှေ့မှာ သူ့သားကို ခွက်နဲ့ပစ်ရဲတယ်ပေါ့။

နဉ်ရှောင်ယောင်း မြှောက်ထားသော လက်ကို ပြန်ချလိုက်ပြီး ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

"လက်ချော်သွားလို့။ ဟားဟားဟား..."

ဘယ်သူမှ စကားမပြောကြပေ။ အရှင်မင်းကြီးရဲ့စကားကို ဘယ်လိုပြန်ပြောရမလဲ မသိကြဘူး။

အမတ်ချုပ်ကြီးဘက်တော်သား တစ်ဦးက "အမတ်ချုပ်ကြီး၊ ကယ်မလား။"

ကယ်မယ်ဆိုရင် စစ်တပ်ကို တားရလိမ့်မယ်။

အမတ်ချုပ်ကြီးရှဲ့ ခေါင်းခါလိုက်သည်။ သူ့သား ဘာမှမဖြစ်ပါဘူး။

နဉ်ရှောင်ယောင်းသည် အမတ်ချုပ်ကြီးရှဲ့ ခေါင်းခါလိုက်သည်ကို မြင်သောအခါ လိုကျစ်ကွေ့ကို တိုးတိုးလေး ပြောလိုက်သည်။

"အမတ်ချုပ်ကြီးက အရှုံးပေးလိုက်တာလား။ အံ့သြစရာပဲ။"

လိုကျစ်ကွေ့ ပြုံးလိုက်သည်။

"သူ အရှုံးပေးတာ ကောင်းတာပေါ့။ ပြန်ကြစို့။"

နဉ်ရှောင်ယောင်း မေးစေ့ကို ပွတ်သပ်ပြီး မျက်လုံးမှေးကာ ပြောလိုက်သည်။

"တစ်ခုခု မှားနေသလိုပဲ။ ဒီအဘိုးကြီး ကျွန်မကို မကောင်းကြံနေတာ မဟုတ်ဘူးမလား။"

"ရှဲ့အန်းကျီ စစ်တပ်ထဲ ပါသွားရင် ရှဲ့ဝမ်ယွမ်က ထောင်ယွီတို့ကို ဒုက္ခမပေးရဲတော့ဘူး။"

လိုကျစ်ကွေ့က နဉ်ရှောင်ယောင်းကို ဆွဲခေါ်သွားရင်း ပြောလိုက်သည်။

နဉ်ရှောင်ယောင်း စဉ်းစားလိုက်သည်။ ဟုတ်သားပဲ။ အမတ်ချုပ်ကြီးရှဲ့က ကျီးတုန်းဒေသကို လက်လှမ်းမမီနိုင်ရင် မြို့တော်ထဲမှာ သူမ ကြိုက်သလို ကစားလို့ရပြီ။ စိတ်သက်သာရာ ရသွားပြီး လိုကျစ်ကွေ့ကို မေးလိုက်သည်။

"စစ်သေနာပတိချုပ်၊ ကျွန်မတို့ ဘယ်သွားလည်ကြမလဲ။"

"မင်း ဘယ်သွားချင်လဲ။"

"အဲ..."

နဉ်ရှောင်ယောင်း ခေါင်းကုတ်လိုက်သည်။ သူမက မြို့တော်ကို သိပ်မကျွမ်းကျင်ဘူး။

"သာ့ဖုန်း။"

ယင်းဖုန်းကို လှည့်မေးလိုက်သည်။

"မြို့ထဲမှာ ဘယ်နေရာတွေ စားကောင်းလဲ။"

ယင်းဖုန်း လိုကျစ်ကွေ့ကို မကြည်မလင် ကြည့်လိုက်သည်။ စစ်တိုက်ဖို့ လွှတ်လိုက်ပြီးတာနဲ့ လည်ဖို့ပတ်ဖို့ လုပ်နေပြီ။ အခုက လည်ရမယ့်အချိန် ဟုတ်လို့လား။ ဒီလူက အရှင်မင်းကြီးကို လမ်းမှားရောက်အောင် ပို့နေတာလား။

"မင်း စစ်သေနာပတိချုပ်ကို ဘာလို့ ကြည့်နေတာလဲ။ စစ်သေနာပတိချုပ်က ဒီနေ့လည်း ကြည့်ကောင်းနေတုန်းပဲ။"

လိုကျစ်ကွေ့ ပြုံးလိုက်သည်။

"စစ်သေနာပတိချုပ်၊ ကျွန်မတို့ ဘယ်သွားကြမလဲ။"

နဉ်ရှောင်ယောင်း လိုကျစ်ကွေ့ဘေးနား ကပ်သွားသည်။

ယင်းဖုန်း လိုကျစ်ကွေ့ကို ပိုမုန်းသွားပြီး "ပြည်ဖျက်တဲ့ကောင်" ဟု တိုးတိုးလေး ဆဲလိုက်သည်။

နဂါးအစောင့်တပ်သားများ "..."

ယောကျာ်းလေးလည်း ပြည်ဖျက်တဲ့ကောင် ဖြစ်နိုင်တာလား။

နဉ်ရှောင်ယောင်း လိုကျစ်ကွေ့ကို ကြည့်လိုက်သည်။ ပြည်ဖျက်တဲ့ကောင်? ဟုတ်တယ်... နဉ်ရှောင်ယောင်း ခေါင်းညိတ်လိုက်သည်။ ဒီရုပ်ရည်မျိုးက ဒုက္ခပေးနိုင်တဲ့ ရုပ်ရည်မျိုးပဲ။ သူမသာ စိတ်မခိုင်ရင် လိုကျစ်ကွေ့အတွက်နဲ့ တိုင်းပြည်ပျက်မယ့် ဘုရင်မ ဖြစ်သွားနိုင်တယ်။

......

နာရီဝက်အကြာတွင် အကြီးအကဲလီသည် နန်းတော်တံခါးဝတွင် ယင်းဖုန်းကို မေးလိုက်သည်။

"လိုကျစ်ကွေ့က အရှင်မင်းကြီးကိုခေါ်ပြီး လမ်းလျှောက်ထွက်သွားတယ် ဟုတ်လား။"

"ဟုတ်ပါတယ်။"

ယင်းဖုန်း ခေါင်းညိတ်လိုက်သည်။

"အခုက လမ်းလျှောက်ထွက်ရမယ့်အချိန်လား။"

အကြီးအကဲလီ ဒေါသထွက်သွားသည်။

"ဒါ စစ်သေနာပတိချုပ်ရဲ့ အကြံပါ။"

ယင်းဖုန်းက လိုကျစ်ကွေ့အပေါ် ပုံချလိုက်သည်။ ဘာပဲဖြစ်ဖြစ် သူ့အရှင်မင်းကြီးကတော့ မှန်ကန်တဲ့ မင်းကောင်းမင်းမြတ်ပဲ။

"အရှင်မင်းကြီးက ဒီရက်ပိုင်း ပင်ပန်းနေလို့ပါ။"

"စစ်တပ်က အခုမှ ထွက်သွားတာလေ။ နိုင်မလား၊ ရှုံးမလား မသိသေးဘူး။"

အကြီးအကဲလီ အော်ဟစ်လိုက်သည်။

"လိုကျစ်ကွေ့က အားလုံးပြီးသွားပြီလို့ ထင်နေတာလား။"

ယင်းဖုန်း ဘာမှပြန်မပြောပေ။ အရှင်မင်းကြီးကို လမ်းမှားရောက်အောင် ပို့နေတဲ့လူအတွက် သူက ဘာလို့ ဖြေရှင်းချက်ပေးနေရမှာလဲ။

အကြီးအကဲလီ နန်းတော်တံခါးကိုကြည့်ပြီး ဆဲလိုက်သည်။

"ပြည်ဖျက်တဲ့ကောင်!"

နဂါးအစောင့်တပ်သားများ "..."

ယောကျာ်းလေးလည်း တကယ် ပြည်ဖျက်တဲ့ကောင် ဖြစ်နိုင်တာပဲ။

......

နဉ်ရှောင်ယောင်းသည် လမ်းဘေးဈေးသည် သကြားရုပ်လုပ်နေသည်ကို ကြည့်နေသည်။ လက်ထဲတွင် မုန့်ထုပ်နှစ်ထုပ်ကို ပိုက်ထားပြီး ပါးစပ်ထဲတွင်လည်း မုန့်တွေအပြည့်နှင့်ပြောလိုက်သည်။

"ခြင်္သေ့ပုံ လုပ်ပေး။ ခြင်္သေ့က အသားပြည့်တယ်။ နဂါးထက် ပိုတန်တယ်။"

ဈေးသည်က မျက်လုံးလှန်ကြည့်ပြီး ပြောလိုက်သည်။

"ဒါက ခြင်္သေ့မဟုတ်ဘူး၊ ချီလင်။"

"ဒါဆို ချီလင်ကောင် ယူမယ်။"

နဉ်ရှောင်ယောင်း အော်လိုက်ရာ မုန့်စအချို့ လွင့်ထွက်သွားသည်။

လိုကျစ်ကွေ့ ခေါင်းညိတ်လိုက်ပြီး လှည့်ကွက်ကို လှည့်ပေးလိုက်သည်။

နဉ်ရှောင်ယောင်းနှင့် နဂါးအစောင့်တပ်သားများ အသက်အောင့်ထားကြသည်။

လှည့်ကွက်က လျင်မြန်စွာ လည်ပတ်နေပြီး တဖြည်းဖြည်းချင်း ရပ်တန့်သွားသည်။ ကြွက်၊ မက်မွန်သီး၊ ပန်းခြင်း၊ မျောက်၊ မျက်နှာဖုံး... ချီလင်ကို ကျော်သွားပြီးနောက် ပြန်လည်လည်ပတ်လာသည်။

"ချီလင် ဖြစ်ရမယ်နော်!"

နဉ်ရှောင်ယောင်း အော်လိုက်သည်။

လိုကျစ်ကွေ့လည်း စိတ်လှုပ်ရှားနေသည်။ ချီလင်ကောင် မရရင် နဉ်ရှောင်ယောင်းကို အားနာစရာ ဖြစ်တော့မယ်။

လှည့်ကွက်က ချီလင်နား ရောက်ခါနီးတွင် ရပ်တန့်သွားသည်။

နဉ်ရှောင်ယောင်း "..."

လိုကျစ်ကွေ့ "..."

နဂါးအစောင့်တပ်သားများ... (⊙_⊙;) သွားပြီ... ချီလင် မဟုတ်ဘူး။ အရှင်မင်းကြီး ငိုတော့မလား။

ဈေးသည် သက်ပြင်းချလိုက်သည်။

"ပန်းခြင်း ရသွားပါပြီ။"

"ဟတ်ချိုး!"

နဉ်ရှောင်ယောင်း နှာချေလိုက်သည်။

လှည့်ကွက်က နှစ်ကွက် ရှေ့တိုးသွားပြီး ချီလင်ပေါ်တွင် ရပ်တန့်သွားသည်။

"ချီလင်!"

နဉ်ရှောင်ယောင်း အော်ဟစ်လိုက်သည်။

"ရပ်ပြီးမှ ပြန်သွားတာ မရေတွက်ဘူး။"

ဈေးသည် ငြင်းလိုက်သည်။

လိုကျစ်ကွေ့ ကြေးပြားနှစ်ပြား ထုတ်ပေးလိုက်သည်။

"ဒါက ဒီတစ်ခေါက်အတွက်။"

"အင်း..."

နဉ်ရှောင်ယောင်း ဈေးသည်ကို လေးလေးနက်နက် ကြည့်ပြီး ပြောလိုက်သည်။

"ပန်းခြင်းတစ်ခုရယ် ချီလင်တစ်ခုရယ်။ ငါက သူများဆီက အမြတ်မထုတ်တတ်ပါဘူး။"

ဈေးသည် ကြောင်သွားသည်။ ဒီလိုလည်း ရတာလား။

နဂါးအစောင့်တပ်သားများ တိတ်တဆိတ် နောက်ဆုတ်သွားကြသည်။ ရှက်စရာကြီး...

***

All Chapters