← Chapters

အခန်း (၂၃၅-၂၃၆)

Vol. 15 Ch. 235-236

အခန်း (၂၃၅-၂၃၆)

Vol. 15 Ch. 235-236

အခန်း ၂၃၅ ။ စစ်သေနာပတိချုပ်ရဲ့ ကတိ

ယင်းဖုန်း နဉ်ရှောင်ယောင်း၏ ညစ်ကျယ်ကျယ်အပြုံးကိုကြည့်ပြီး တွေးလိုက်မိသည်။ စစ်သေနာပတိချုပ်က အရှင်မင်းကြီးကို ကလေးမို့လို့ အနိုင်ကျင့်နေတာ မဟုတ်ဘဲ၊ အရှင်မင်းကြီးက ဝက်လိုဟန်ဆောင်ပြီး ကျားကိုစားဖို့ ကြံစည်နေတာများလား။

"မနက်ဖြန် မိဖုရားခေါင်ကြီးကိုသွားခေါ်ရင် နူးနူးညံ့ညံ့ဆက်ဆံနော်။"

နဉ်ရှောင်ယောင်း မှာကြားလိုက်သည်။

"ကျွန်တော်မျိုး နားလည်ပါပြီ။"

"နောက်ကျရင် ကျွန်တော်မျိုးလို့ မပြောဘဲ နေလို့မရဘူးလား။"

"အရှင်မင်းကြီး၊ ကျွန်တော်မျိုး..."

"ကျွန်တော်မျိုးလို့ ဆက်ပြောရင် ငါလည်း ဟန်မဆောင်နိုင်တော့ဘူး။ မင်း မြို့ပြင်က သီလရှင်ကျောင်းကို ခိုးသွားတာ၊ ရှဲ့သော်ယင်းက အဲဒီမှာရှိနေတာတွေကို ငါ မသိသလို နေပေးမယ်။"

နဉ်ရှောင်ယောင်း ယင်းဖုန်းကို စိုက်ကြည့်လိုက်သည်။

ယင်းဖုန်း အံ့သြလွန်းလို့ စကားမပြောနိုင်တော့ပေ။

နဉ်ရှောင်ယောင်း သိမ်းငှက်လေး၏ ဗိုက်ကို ပုတ်လိုက်သည်။ သူမမှာ သူလျှိုလေးရှိနေတာပဲ။ မသိတာ ဘာရှိလို့လဲ။

သိမ်းငှက်လေးက အတောင်ပံ ခတ်လိုက်သည်။

"သာ့ဖုန်း။"

ယင်းဖုန်း ခေါင်းငုံ့ထားသဖြင့် နဉ်ရှောင်ယောင်း ခေါင်းတိုးဝင်ပြီး ခေါ်လိုက်သည်။

"စကားပြောလေ။"

"ကျွန်တော်မျိုး သွားကြည့်ရုံပါပဲ။ သခင်မလေး ၅ က..."

"နောက်ဆို ကျွန်တော်လို့ ပြောမယ်လို့ ကတိပေးရင် ဒီကိစ္စကို ထားလိုက်မယ်။"

"ကျွန်တော်မျိုး..."

"ဟင်..."

"ကျွန်တော် သိပါပြီ။"

ယင်းဖုန်း အလျှော့ပေးလိုက်သည်။

နဉ်ရှောင်ယောင်း ယင်းဖုန်း၏ပခုံးကို ပုတ်လိုက်သည်။

"တကယ်တော့ ငါက ကျန်းဖုန်းရဲ့ အစ်မကို သဘောကျတာ။ သူက လှလည်းလှ၊ စစ်တိုက်လည်း တော်တယ်။ မင်းသာ စစ်သူကြီးဖြစ်လာရင် သူနဲ့အတူ လက်တွဲပြီး စစ်တိုက်လို့ ရတာပေါ့။"

"အရှင်မင်းကြီး!"

ယင်းဖုန်း လန့်သွားသည်။

"ငါ... မဟုတ်ပါဘူး... ငါက မိန်းကလေးကျန်းအပေါ် ဘာစိတ်ကူးမှ မရှိပါဘူး။ တကယ်ပါ။"

"မင်းက သခင်မလေး ၅ ပုံစံမျိုး ကြိုက်တာဆိုတော့ မိန်းကလေးကျန်းအပေါ် စိတ်ကူးမရှိတာ မဆန်းပါဘူး။"

နဉ်ရှောင်ယောင်း လူကြီးလေသံဖြင့် ပြောလိုက်သည်။

"သခင်မလေး ၅ လည်း ကောင်းပါတယ်။"

ရှဲ့မိသားစု ပျက်စီးသွားရင် ရှဲ့သော်ယင်းက သူတို့ကို မုန်းသွားမလားဆိုတာတော့ မသိဘူး။ အဲဒီအချိန်ကျမှ ဆက်တွေးကြတာပေါ့။ အခုတော့ စိတ်မညစ်ချင်သေးဘူး။

"မပူပါနဲ့။"

နဉ်ရှောင်ယောင်း ယင်းဖုန်း၏ပခုံးကို အားပါပါ ပုတ်လိုက်သည်။

"ငါ ရှိပါတယ်။"

သိမ်းငှက်လေးကအော်မြည်ပြီး နဉ်ရှောင်ယောင်း၏ပါးကို ပွတ်သပ်လိုက်သည်။

ယင်းဖုန်း ရင်ထဲထိသွားပေမယ့် ထုတ်မပြောတတ်ပေ။

နဉ်ရှောင်ယောင်း သိမ်းငှက်လေးကို ယင်းဖုန်းလက်ထဲ ထည့်ပေးလိုက်ပြီး မတ်တတ်ရပ်လိုက်သည်။

"ကဲ... မင်း ငှက်ကလေးကို ပြုစုလိုက်ဦး။ ငါ စားတော်ကဲကြီးဟွမ်ဆီ သွားလိုက်ဦးမယ်။"

"အရှင်မင်းကြီး။"

ယင်းဖုန်း လှမ်းခေါ်လိုက်သည်။

"အနက်ရောင်နှင်းခဲမြင်းတပ် ရောက်မလာမှာ စိုးရိမ်နေတဲ့ကိစ္စကို စစ်သေနာပတိချုပ်ကို ပြောပြထားလား။"

နဉ်ရှောင်ယောင်း ခေါင်းခါလိုက်သည်။

"မပြောဘူး။"

"ဘာဖြစ်လို့လဲ။"

"ပြောလိုက်ရင် စစ်သေနာပတိချုပ် စိတ်ထိခိုက်သွားမှာ စိုးလို့လေ။ ငါက သူ့ကို မယုံဘူး၊ သူ့တပ်ကို အထင်သေးတယ်လို့ ထင်သွားမှာပေါ့။"

မေးခွန်းလေးတစ်ခုကိုတောင် ဒီလောက်ထိ စဉ်းစားပေးနေတာလား။ ယင်းဖုန်း နဉ်ရှောင်ယောင်းကို ကြည့်နေမိသည်။ အရှင်မင်းကြီးက လိုကျစ်ကွေ့ကို တော်တော်ဂရုစိုက်တာပဲ။

"သာ့ဖုန်း၊ ညစာ ဘာစားချင်လဲ။"

ယင်းဖုန်း ခေါင်းခါလိုက်သည်။ ဒီအချိန်မှာ စားချင်စိတ် မရှိတော့ပေ။

"ဪ... ကြုံသလိုပဲ စားမယ်ပေါ့။"

နဉ်ရှောင်ယောင်း တစ်ယောက်တည်းပြောပြီး ထွက်သွားသည်။

ယင်းဖုန်း... ကြုံသလိုစားချင်တာ မဟုတ်ဘူး။ စားချင်စိတ် မရှိတာပါ။

ကျန်းဖုန်းသည် ထောင်ယွီ၏ဇနီးနှင့် သမီးကို သွားတွေ့ပြီးနောက် ညနေပိုင်းတွင် လိုကျစ်ကွေ့၏စာကိုယူပြီး ကျီးတုန်းဒေသသို့ ထွက်ခွာသွားသည်။

နဉ်ရှောင်ယောင်းသည် စားတော်ကဲကြီးဟွမ်၏ မီးဖိုချောင်တွင် တစ်ညနေလုံး အချိန်ဖြုန်းနေသည်။ ညရောက်သောအခါ လိုကျစ်ကွေ့ ရွှေချည်မျှင်အင်္ကျီတစ်ထည်ကိုင်ပြီး ရောက်လာသည်။

"ဒါ ဘာလဲ။"

နဉ်ရှောင်ယောင်း အင်္ကျီကိုကိုင်ကြည့်ပြီး မေးလိုက်သည်။

"အကာအကွယ်အင်္ကျီ။"

လိုကျစ်ကွေ့ အင်္ကျီကိုပြန်ယူပြီး နဉ်ရှောင်ယောင်းကို ဝတ်ပေးလိုက်သည်။ အတော်ပဲ ဖြစ်နေသည်။

"မနက်ဖြန် မိဖုရားခေါင်ကြီး ပြန်ရောက်လာရင် ဒါကို အမြဲဝတ်ထား။"

"စစ်သေနာပတိချုပ်က မိဖုရားခေါင်ကြီး ဓားနဲ့ထိုးမှာ ကြောက်လို့လား။"

အင်္ကျီက အေးစက်စက်နိုင်လှသည်။

လိုကျစ်ကွေ့ နဉ်ရှောင်ယောင်းဘေးမှာ ဝင်ထိုင်လိုက်ပြီး တိုးတိုးလေးပြောလိုက်သည်။

"ဒါ ကျွန်တော်တို့ လိုမိသားစုရဲ့ အမွေအနှစ်ပဲ။ ငါ အလုပ်သမားတစ်ယောက်ခေါ်ပြီး မင်းနဲ့တော်အောင် ပြင်ခိုင်းထားတာ။"

"အမွေအနှစ် ဟုတ်လား။"

နဉ်ရှောင်ယောင်း မျက်လုံးပြူးသွားသည်။

"နာမည်က ဘာလဲ။"

"ရွှေချည်မျှင် သံချပ်ကာအင်္ကျီ။"

"ရွှေ!"

နဉ်ရှောင်ယောင်း မျက်လုံးထဲတွင် အင်္ကျီက တန်ဖိုးရှိသော ရတနာတစ်ခု ဖြစ်သွားသည်။

"သေချာပေါက် ဝတ်ထားနော်။"

လိုကျစ်ကွေ့ နဉ်ရှောင်ယောင်း၏မေးစေ့ကိုကိုင်ပြီး မျက်နှာချင်းဆိုင် ကြည့်စေလိုက်သည်။

"မိဖုရားခေါင်ကြီးက သိုင်းပညာတတ်တယ်။ သူ မင်းကို တိုက်ခိုက်လာရင် သတိထားရမယ်။"

"သူ ကျွန်မကို မနိုင်ပါဘူး။"

"ဒါပေမဲ့ မင်းက ဒဏ်ရာရဟန်ဆောင်ရမှာလေ။"

နဉ်ရှောင်ယောင်း နှုတ်ခမ်းမဲ့လိုက်သည်။ ဟုတ်သားပဲ၊ သူ ဒဏ်ရာရဟန်ဆောင်ရဦးမယ်။

"သွေးအိတ်တွေ ပြင်ဆင်ခိုင်းထားတယ်။ မင်း ဒဏ်ရာရဟန်ဆောင်လိုက်ရုံပဲ။"

"သွေးအိတ်တောင် ပြင်ဆင်ထားတာလား။"

နဉ်ရှောင်ယောင်း အံ့သြသွားသည်။

"ဒါဆို သူ ဘယ်နားကို ထိုးမလဲဆိုတာ ကျွန်မ ဘယ်လိုသိမှာလဲ။"

"သူက မင်းကို သတ်ချင်တာဆိုတော့ အသက်အန္တရာယ်ရှိတဲ့နေရာကိုပဲ ထိုးမှာပေါ့။"

လိုကျစ်ကွေ့ နဉ်ရှောင်ယောင်း၏ရင်ဘတ်ကို လက်ညှိုးဖြင့် ထောက်ပြလိုက်သည်။

"မင်း သိုင်းပညာတော်မှန်း သူသိတယ်။ ဒါကြောင့် မင်း သတိလွတ်နေတဲ့အချိန်ကိုစောင့်ပြီး တိုက်ခိုက်လိမ့်မယ်။ ဒီနေရာက အလွယ်ကူဆုံးပဲ။"

ဟုတ်သားပဲ။ နဉ်ရှောင်ယောင်း မြင်ယောင်ကြည့်လိုက်သည်။ သူမနဲ့ မိဖုရားခေါင်ကြီး စကားပြောနေတုန်း မိဖုရားခေါင်ကြီးက 'ဟိုမှာကြည့်၊ နွားပျံနေတယ်' လို့ ပြောမယ်။ သူမ မော့ကြည့်လိုက်တဲ့အချိန် မိဖုရားခေါင်ကြီးက ဓားနဲ့ ထိုးလိုက်မယ်။ သွေးထွက်သံယို ဖြစ်မှာပဲ။ (တော်ပါတော့... နင် တွေးတာ လွန်နေပြန်ပြီ။)

"သတိထားနော်။"

"အင်း..."

နဉ်ရှောင်ယောင်း ခေါင်းညိတ်လိုက်သည်။ ရုတ်တရက် တစ်ခုခု သတိရသွားသည်။

"နေပါဦး။ မိဖုရားခေါင်ကြီးက နန်းတော်ထဲမှာ ကျွန်မကို ဓားနဲ့ထိုးမလို့လား။ သူ့အစ်ကိုနဲ့ သူ့ချစ်သူ ရွှီဖေးယွီကို ဂရုမစိုက်တော့ဘူးလား။"

"ကျွန်တော် ထင်တာတော့ သူ အဆိပ်သုံးလိမ့်မယ်။"

"ဒါဆို ဒီအင်္ကျီက ဘာလုပ်ဖို့လဲ။"

နဉ်ရှောင်ယောင်း အင်္ကျီကို လက်ညှိုးထိုးပြလိုက်သည်။

"ကြိုတင်ကာကွယ်ထားတာပါ။ တကယ်လို့ သူ ရူးသွားရင် ဘယ်လိုလုပ်မလဲ။"

နဉ်ရှောင်ယောင်း အင်္ကျီကို ပုတ်လိုက်သည်။ တကယ်တော့ မလိုအပ်ပါဘူး။ ခေါင်းပြတ်သွားတာ၊ ဒါမှမဟုတ် ဖုတ်ကောင်ကိုက်ခံရတာမဟုတ်ရင် သူမ မသေနိုင်ပါဘူး။ လိုကျစ်ကွေ့ကိုကြည့်ပြီး မေးလိုက်သည်။

"ရှင်တို့အိမ်မှာ ဒီအင်္ကျီ ဘယ်နှထည်ရှိလဲ။"

ညီအစ်ကို လေးယောက်ဆိုတော့ လေးထည် ရှိမလား။

လိုကျစ်ကွေ့ ပြုံးလိုက်သည်။

"တစ်ထည်တည်း ရှိတာ။"

နဉ်ရှောင်ယောင်း ပါးစပ်အဟောင်းသား ဖြစ်သွားသည်။

"ကျွန်တော်က အငယ်ဆုံးမို့လို့ အစ်ကိုတွေက ကျွန်တော့်ကို ဝတ်ခိုင်းတာ။ ဒုတိယအစ်ကိုက ပြောတယ်။ သူတို့ ဘာမှမဖြစ်ပါဘူး၊ ကျွန်တော့်ကိုပဲ စိတ်ပူတာတဲ့။"

လိုကျစ်ကွေ့၏အပြုံး မှေးမှိန်သွားသည်။

"နောက်ဆုံးကျတော့ ကျွန်တော် ဘာမှမဖြစ်ဘဲ သူတို့ သေသွားကြတယ်။"

"စစ်သေနာပတိချုပ်..."

နဉ်ရှောင်ယောင်း စိတ်မကောင်း ဖြစ်သွားသည်။

လိုကျစ်ကွေ့ သက်ပြင်းချလိုက်ပြီး နဉ်ရှောင်ယောင်းကို ကြည့်ကာ ပုံမှန်အတိုင်း ပြန်ပြောလိုက်သည်။

"ပြီးခဲ့တာတွေ မပြောပါနဲ့တော့။ ရှောင်ယောင်း၊ သတိထားနော်။ မိဖုရားခေါင်ကြီးကို လျှော့မတွက်နဲ့။"

"အင်း... ကျွန်မ သတိထားပါ့မယ်။"

"မင်း မလုပ်ချင်ရင် တခြားနည်းလမ်း စဉ်းစားကြည့်မယ်။"

လိုကျစ်ကွေ့ ရုတ်တရက် ပြောလိုက်သည်။

"မိဖုရားခေါင်ကြီး နန်းတော်ပြန်မရောက်သေးခင် အချိန်ရှိပါသေးတယ်။"

ထပ်ပြီး စဉ်းစားရဦးမယ်?

နဉ်ရှောင်ယောင်း ခေါင်းခါလိုက်သည်။

"ဒီအတိုင်းပဲ လုပ်ကြရအောင်။ တခြားနည်းလမ်း စဉ်းစားရင် ကျွန်မ ရူးသွားလိမ့်မယ်။"

"ကောင်းပြီ။"

လိုကျစ်ကွေ့ နဉ်ရှောင်ယောင်းကို ဖက်လိုက်သည်။

"ဒါ အပြောင်းအလဲ မရှိတော့ဘူး။"

"စိတ်ချပါ။ ကျွန်မ ဘာမှမဖြစ်ပါဘူး။"

"ကောင်းပြီ။"

လိုကျစ်ကွေ့ နဉ်ရှောင်ယောင်းကို ရင်ခွင်ထဲ ထည့်ထားလိုက်သည်။

"ဒါ မင်းကို နောက်ဆုံးအကြိမ် စွန့်စားခိုင်းတာပဲ။"

"ဟင်... စစ်သေနာပတိချုပ်က ကျွန်တော့်ကို အရင်က စွန့်စားခိုင်းဖူးလို့လား။"

"မျှော်စင်မှာ တစ်ခါ၊ ဘိုးဘွားပိုင်နယ်မြေမှာ တစ်ခါ။ အခုတစ်ခါနဲ့ဆို သုံးခါပြည့်ပြီ။ သုံးခါထက် ပိုမလုပ်ခိုင်းတော့ဘူး။"

ဘိုးဘွားပိုင်နယ်မြေတုန်းက တွင်းထဲကျသွားတာကို ပြောတာလား။ မျှော်စင်ဆိုတာ ဘာလဲ။ နဉ်ရှောင်ယောင်း စဉ်းစားလိုက်တော့မှ လိုကျစ်ကွေ့ အပြစ်ကင်းကြောင်း သက်သေပြဖို့အတွက် မြောက်ပိုင်းဟူ သူလျှိုကို ဖမ်းတုန်းကအကြောင်း ဖြစ်နေသည်။ လိုကျစ်ကွေ့က အကုန်မှတ်ထားတာပဲ။

"ကိစ္စမရှိပါဘူး။"

နဉ်ရှောင်ယောင်းက ပြောလိုက်သည်။

"လေးခါ၊ ငါးခါ၊ အကြိမ်ပေါင်းများစွာ..."

"မရှိတော့ဘူး။"

လိုကျစ်ကွေ့ နဉ်ရှောင်ယောင်း၏နဖူးကို မေးစေ့ဖြင့် ပွတ်သပ်ပြီး ပြောလိုက်သည်။

"ကျွန်တော် ကတိပေးတယ်။ နောက်ထပ် မရှိစေရဘူး။"

ကောင်းပြီလေ။ နဉ်ရှောင်ယောင်း ခေါင်းညိတ်လိုက်သည်။

"အနားယူတော့။"

လိုကျစ်ကွေ့ နဉ်ရှောင်ယောင်းနှင့်အတူ ကုတင်ပေါ် လှဲချလိုက်သည်။

"အဲ... အနားယူတာက နာမ်စားလား၊ ကြိယာလား။"

"နာမ်စား။"

လိုကျစ်ကွေ့ နဉ်ရှောင်ယောင်း၏နှုတ်ခမ်းကို ဖွဖွလေး နမ်းလိုက်သည်။

"ကျွန်တော် ကိစ္စရှိသေးတယ်။"

"ဪ... ကိစ္စပြီးရင် ကြိယာပြောင်းမလား။"

နဉ်ရှောင်ယောင်း လိုကျစ်ကွေ့၏ရင်ဘတ်ကို လက်ချောင်းဖြင့် ကစားနေသည်။

လိုကျစ်ကွေ့ လက်ကို ဖမ်းချုပ်လိုက်ပြီး ခဏတာဖက်ထားကာ ထွက်ခွာသွားလေသည်။ ဆက်နေရင် စိတ်ထိန်းနိုင်မှာ မဟုတ်တော့ဘူး။

လိုကျစ်ကွေ့ ထွက်သွားသောအခါ နဉ်ရှောင်ယောင်း ကုတင်ပေါ်တွင် လူးလှိမ့်လိုက်သည်။

"ဝေါင်း..."

ပိုင်ရှောင်ဖန့် ကုတင်အောက် ရောက်လာသည်။ ကုတင်ကမြင့်လွန်းသဖြင့် ခုန်တက်လို့ မရပေ။

နဉ်ရှောင်ယောင်း ဆွဲတင်ပေးလိုက်သည်။

"ဝေါင်း... ရှောင်ယောင်း။"

ပိုင်ရှောင်ဖန့် နဉ်ရှောင်ယောင်း၏မျက်နှာကို လျှာဖြင့် သပ်လိုက်သည်။

"လောင်တ အပြင်ထွက်လည်နေပြန်ပြီလား။"

"ဟုတ်တယ်။"

"ပိုင်ရှောင်ဖန့်က အကောင်းဆုံးပဲ။"

နဉ်ရှောင်ယောင်း ပိုင်ရှောင်ဖန့်ကို ပြန်နမ်းလိုက်သည်။

"ဟူး... မနက်ဖြန် တိုက်ပွဲဝင်ရတော့မယ်။ ပိုင်ရှောင်ဖန့်ရေ... ငါ ဝမ်းနည်းလိုက်တာ။"

"ရှောင်ယောင်း အရိုးစားမလား။ ငါ ဥယျာဉ်ထဲမှာ မြှုပ်ထားတာရှိတယ်။ အရမ်းစားကောင်းတယ်။"

နဉ်ရှောင်ယောင်း... ဝံပုလွေတွေက အရိုးမြှုပ်တတ်လို့လား။

လိုကျစ်ကွေ့၏အခန်းထဲတွင် တန့်ရုံက မေးလိုက်သည်။

"စစ်သေနာပတိချုပ်၊ မနက်ဖြန် ကျိုးကျွင်းချီကို တကယ် ဖမ်းမှာလား။"

"ကယ်မှာ။"

လိုကျစ်ကွေ့က တန့်ရုံကို ကြည့်ပြီး ပြောလိုက်သည်။

"မှတ်ထားနော်။ သူ့ကိုသတ်တာ မြို့တော်စစ်တပ်က လူတွေဖြစ်ရမယ်။"

"ဒါဆို မိဖုရားခေါင်ကြီးကော။"

"သူ့ကိစ္စကို အရှင်မင်းကြီးနဲ့ ငါ တိုင်ပင်ပြီးပြီ။"

လိုကျစ်ကွေ့ စာရွက်ကို ငုံ့ကြည့်ရင်း ပြောလိုက်သည်။

"မင်း စိတ်ပူစရာ မလိုဘူး။"

"ရှောင်ယောင်းက ပြောတယ်လေ။ ကျိုးမိသားစုတပ်က စစ်သေနာပတိချုပ်ရဲ့ နောက်ဆုတ်လမ်းပါဆို။"

ပြတင်းပေါက်အပြင်ဘက်တွင် အဘိုးစာကလေးက ဝါကြောင်ကြောင် မြွေပါမြီးတို သာ့ရှန်ကို မေးလိုက်သည်။

"အခု ကြားရတာ စစ်သေနာပတိချုပ်က လူသတ်ချင်နေသလိုပဲ။"

သာ့ရှန်က အမြီးကို ခါလိုက်ပြီး ပြောလိုက်သည်။

"ရှောင်ယောင်းက စစ်သေနာပတိချုပ်ကို သဘောထားကြီးလွန်းတယ်လို့ ထင်နေတာ။"

***

ဆိုးသွမ်းသော ဆေးဧကရီလေး (UPXY)

အခန်း ၂၃၆ ။ လူ့အသက်ထက် ဘာကအရေးကြီးလို့လဲ

လိုကျစ်ကွေ့က ရွှီဖေးယွီကို ကျိုးမောင်နှမ သေဆုံးမှုအတွက် အမတ်ချုပ်ကြီးရှဲ့ကို အပြစ်တင်စေချင်တယ်။ အဲဒါမှ ရွှီဖေးယွီက အမတ်ချုပ်ကြီးရှဲ့ကို ကလဲ့စားချေဖို့ကြိုးစားပြီး နှစ်ဖက်စလုံး အထိနာသွားမှာ။ သာ့ရှန်က လိုကျစ်ကွေ့ရဲ့အကြံအစည်ကို နားလည်သွားပြီ။

"မင်း ပြောချင်တာ ဘာလဲ။"

အဘိုးစာကလေးက မေးလိုက်သည်။

"ရှောင်ယောင်းက လိုကျစ်ကွေ့ကို သဘောထားကြီးလွန်းတယ်လို့ထင်နေတာ ဘာကိုဆိုလိုတာလဲ။"

သာ့ရှန်က ပန်းခင်းထဲ ခုန်ဝင်သွားသည်။

လိုကျစ်ကွေ့ ပြတင်းပေါက်နား လျှောက်သွားပြီး ပြတင်းတံခါးကို ဖွင့်လိုက်သည်။ ပြတင်းပေါက်ဘောင်ပေါ်မှ ပျံထွက်သွားသော စာကလေးကို တွေ့လိုက်ရသောအခါ မျက်မှောင်ကြုတ်လိုက်သည်။ ဥယျာဉ်ထဲ ဝေ့ဝဲကြည့်လိုက်သော်လည်း ဘယ်သူ့ကိုမှ မတွေ့ရပေ။

"စစ်သေနာပတိချုပ်?"

တန့်ရုံ အနောက်မှ ခေါ်လိုက်သည်။

"စောစောက ချောင်းဆိုးသံ ကြားလိုက်လား။"

တန့်ရုံ ခေါင်းပြူကြည့်လိုက်သည်။

"တစ်ခုခုတော့ ကြားလိုက်သလိုပဲ။ ချောင်းဆိုးသံနဲ့ တူတယ်။"

"ရှာကြည့်။"

လိုကျစ်ကွေ့ အမိန့်ပေးလိုက်သည်။

တန့်ရုံ နဂါးအစောင့်တပ်သား ၁၀ ဦးခန့်ခေါ်ပြီး ဥယျာဉ်ထဲရှာဖွေကြသည်။

တပ်သားတစ်ဦးက ဓားအိမ်ဖြင့် ပန်းခင်းကို ထိုးလိုက်ရာ မြွေပါမြီးတိုတစ်ကောင် ခုန်ထွက်လာပြီး ထွက်ပြေးသွားသည်။

"မြွေပါမြီးတိုပါ။"

တပ်သားက တန့်ရုံနှင့် အခြားသူများကို အသိပေးလိုက်သည်။

လိုကျစ်ကွေ့ ပြတင်းပေါက်မှ လှည့်ထွက်လာသည်။ မြွေပါမြီးတို အော်သံက လူချောင်းဆိုးသံနဲ့ တူတယ်လို့ ကြားဖူးတယ်။ စောစောက ကြားလိုက်ရတာ အဲဒါဖြစ်မယ်။

နဉ်ရှောင်ယောင်းကတော့ ဘာမှမသိဘဲ အိပ်ပျော်နေသည်။ နောက်တစ်နေ့ မနက်စာစားပြီးချိန်တွင် ယင်းဖုန်း မိဖုရားခေါင်ကြီးကို ခေါ်လာမည့်အချိန်ကို စောင့်နေသည်။

ယင်းယွီက "အရှင်မင်းကြီး၊ စစ်သေနာပတိချုပ်က မြို့တော်စစ်တပ်ကို ဘာသွားလုပ်တာလဲ။"

ဒီနေ့မနက်စောစော လိုကျစ်ကွေ့က အနက်ရောင်နှင်းခဲမြင်းတပ် စစ်သူကြီးအချို့ကိုခေါ်ပြီး မြို့တော်စစ်တပ်ဘက် ထွက်သွားသည်။

"ဪ... ဒီနေ့ ဟုကော်ကုန်း ရာထူးလက်ခံတဲ့နေ့လေ။ စစ်သေနာပတိချုပ်က သွားအားပေးတာ။"

ယင်းယွီနှင့် ယင်းလေတို့ နှုတ်ခမ်းမဲ့လိုက်ကြသည်။ ဒီလိုကိစ္စမျိုးကို အားပေးစရာ လိုလို့လား။

"ဒါပေမဲ့ ဒီနေ့ ချန်လု မရှိဘူးမလား။"

ယင်းလေက မေးလိုက်သည်။

"အင်း... ချန်လုက သံဘုရားကျောင်းမှာလေ။"

နဉ်ရှောင်ယောင်းက ပြောလိုက်သည်။

"စစ်သေနာပတိချုပ်က ချန်လုမရှိတုန်း သွားခိုင်းတာ။ အဲဒါကို ဘာခေါ်လဲ။ ပါးရိုက်တာလို့ ခေါ်သလား။"

တပ်မှူးမရှိတုန်း အမိန့်စာကိုင်ပြီး ရာထူးသွားယူတာက တပ်မှူးကို အထင်သေးတာနဲ့ အတူတူပဲ။ ပါးရိုက်တာ မဟုတ်ရင် ဘာဖြစ်မလဲ။

ယင်းယွီနှင့် ယင်းလေတို့ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသည်။ လိုကျစ်ကွေ့ကို ရန်စမိရင် အမတ်ချုပ်ကြီးရှဲ့ကို ရန်စတာနဲ့ မထူးပါဘူး။ နှစ်ယောက်စလုံးက ဒုက္ခပေးတတ်တဲ့သူတွေချည်းပဲ။

နဉ်ရှောင်ယောင်း သကြားလုံးစားရင်းစောင့်နေတာ နေ့လည်ရောက်သွားပြီ။ ယင်းဖုန်း ပြန်မလာသေးဘူး။

"လမ်းလျှောက်လာရင်တောင် ရောက်သင့်ပြီ။"

နဉ်ရှောင်ယောင်း ပြတင်းပေါက်အပြင်ဘက် ကောင်းကင်ကို မော့ကြည့်ပြီး မေးလိုက်သည်။

"လမ်းလျှောက်ထွက်နေတာများလား။"

ယင်းယွီနှင့် ယင်းလေ... အစ်ကိုကြီးက မိဖုရားခေါင်ကြီးနဲ့ လမ်းလျှောက်ထွက်နေတာလား။ သေချင်နေတာလား။

"တစ်ခုခု ဖြစ်နေပြီလား။"

ယင်းယွီ စိုးရိမ်တကြီး မေးလိုက်သည်။

"ဘာဖြစ်ရမှာလဲ။ ဇာတ်လမ်းတောင် မစရသေးဘူး။"

နဉ်ရှောင်ယောင်း ပြန်ဖြေလိုက်သည်။

"အစ်ကိုကြီး ပြန်မလာသေးသလို သတင်းလည်း မပို့ဘူး။"

"ဒါဆို ယင်းယွီနဲ့ ယင်းလေ လူခေါ်ပြီး သွားကြည့်လိုက်။"

နဉ်ရှောင်ယောင်း ဆုံးဖြတ်လိုက်သည်။

"သာ့ဖုန်း ဘာဖြစ်နေလဲ သွားကြည့်။"

ယင်းတျန့် နန်းတော်ထဲမှာ ကျန်ခဲ့မှာဆိုတော့ စိတ်ချရတယ်။ ယင်းယွီနှင့် ယင်းလေ အမိန့်နာခံပြီး လူစုကာ သံဘုရားကျောင်းသို့ ထွက်ခွာသွားကြသည်။

နာရီဝက်ခန့်အကြာတွင် ယင်းတျန့်ရောက်လာပြီး မိဖုရားခေါင်ကြီး နန်းတော်ပြန်ရောက်ပြီဖြစ်ကြောင်း လျှောက်တင်သည်။

"သာ့ဖုန်းရော။"

နဉ်ရှောင်ယောင်းက ယင်းဖုန်းကို အရင်မေးလိုက်သည်။ သူမအတွက်တော့ ယင်းဖုန်းက ပိုအရေးကြီးသည်။

"အစ်ကိုကြီးက မိဖုရားခေါင်ကြီးကို မယ်တော်ကြီးနန်းဆောင် ပို့ပေးပြီးရင် ထိုက်ဟွာနန်းဆောင်ကို လာခဲ့မယ်လို့ မှာလိုက်ပါတယ်။"

ယင်းဖုန်း အဆင်ပြေတယ်ဆိုတော့ နဉ်ရှောင်ယောင်း စိတ်သက်သာရာ ရသွားသည်။

"ဒါဆို ဆက်စောင့်ကြတာပေါ့။"

"အရှင်မင်းကြီး၊ မိဖုရားခေါင်ကြီးကို ထိုက်ဟွာနန်းဆောင် မခေါ်တော့ဘူးလား။"

ယင်းတျန့်က မေးလိုက်သည်။

"မခေါ်တော့ပါဘူး။"

နဉ်ရှောင်ယောင်း နှာခေါင်းရှုံ့လိုက်သည်။

"မယ်တော်ကြီးက သူ့ကို တွေ့ချင်တာလေ။ ငါက သိပ်မတွေ့ချင်ပါဘူး။"

ယင်းတျန့်... ဒီစကားသာ ပျံ့သွားရင် လူတွေက အရှင်မင်းကြီး မိဖုရားခေါင်ကြီးကို စွန့်ပစ်တော့မယ်လို့ ထင်ကြတော့မှာပဲ။

"ယင်းတျန့်၊ သာ့ဖုန်းကို သွားကြိုလိုက်။ မယ်တော်ကြီးက သာ့ဖုန်းကို မကြည်ဘူး။ သာ့ဖုန်းကို ဒုက္ခပေးနေမှာစိုးလို့။"

ယင်းတျန့် အမိန့်နာခံပြီး မယ်တော်ကြီးနန်းဆောင်သို့ ထွက်ခွာသွားသည်။

နဉ်ရှောင်ယောင်း သကြားလုံးတစ်လုံး ထုတ်လိုက်စဉ် ပြတင်းပေါက်မှ လောင်တ ခုန်ဝင်လာသည်။

"ရှောင်ယောင်း!"

"ဟေး... တစ်ညလုံး ဘယ်သွားလည်နေတာလဲ။"

လောင်တ၏အမွှေးများ စိုစွတ်နေပြီး အသက်ရှူသံ ပြင်းနေသည်။

"တစ်ယောက်ယောက်က မိဖုရားခေါင်ကြီးရဲ့အစ်ကိုကို သတ်ဖို့ ကြိုးစားနေတယ်။"

"ဘာ..."

နဉ်ရှောင်ယောင်း လန့်သွားသည်။ ကျိုးကျွင်းချီကို ဘယ်သူက ဒုက္ခပေးချင်နေတာလဲ။

"ဘယ်သူလဲ။"

နဉ်ရှောင်ယောင်း လောင်တကို ကောက်မလိုက်သည်။

"သူတို့ပြောတာတော့ မြို့တော်စစ်တပ်ကတဲ့။ ဒါပေမဲ့ ငါ နန်းတော်ထဲမှာ မြင်ဖူးသလိုပဲ။"

"ချန်လုရဲ့ သူလျှိုလား။"

"ဒါပေမဲ့ အဲဒီလူက တန့်ရုံလေ။"

လောင်တက ပြောလိုက်သည်။

"စစ်သေနာပတိချုပ်ရဲ့ လက်အောက်ငယ်သား မဟုတ်ဘူးလား။"

နဉ်ရှောင်ယောင်း...

"ရှောင်ယောင်း၊ ဘာဖြစ်နေတာလဲ။ မြောင်..."

"ဘာဖြစ်ရမလဲ။ တန့်ရုံဆိုမှတော့ စစ်သေနာပတိချုပ်က မိဖုရားခေါင်ကြီးရဲ့ အစ်ကိုကို သတ်ချင်နေတာပေါ့။ လောင်တ... ကျိုးကျွင်းချီ အသက်ရှင်သေးလား။"

"သူ ပုန်းနေတယ်။ ကူမု ဆိုတဲ့ ဘုန်းကြီးက မြေအောက်ခန်းထဲ ဝှက်ထားပေးတယ်။"

"ဆရာတော်ကူမု?"

နဉ်ရှောင်ယောင်း မေးစေ့ပွတ်သပ်ပြီး စဉ်းစားလိုက်သည်။

"ကြားဖူးသလိုပဲ။"

လောင်တ နဉ်ရှောင်ယောင်းကို ကုတ်လိုက်သည်။

"နင် ငယ်ငယ်တုန်းက နင့်ကံကြမ္မာကို ဟောပေးတဲ့ ဘုန်းကြီးလေ။ နင့်ကို ဆယ်နှစ်ကျော် နန်းတော်ထဲ ဝင်ခွင့်မရအောင် လုပ်ခဲ့တဲ့လူလေ။ ဘယ်လိုလုပ် မေ့သွားရတာလဲ။ ငတုံးမ!"

ဪ... အဲဒီဘုန်းကြီးကိုး။ နဉ်ရှောင်ယောင်း မှတ်မိသွားသည်။

"အခု ဘယ်လိုလုပ်မလဲ။"

"ဆရာတော်ကူမုက ဘာလို့ မိဖုရားခေါင်ကြီးအစ်ကိုကို ကူညီပေးရတာလဲ။"

လောင်တ နဉ်ရှောင်ယောင်းကို ထပ်ကုတ်လိုက်ပြန်သည်။

"ငါက ကြောင်လေ။ လူကိစ္စ ဘယ်လိုသိမှာလဲ။"

နဉ်ရှောင်ယောင်း ခေါင်းကုတ်လိုက်သည်။ စစ်သေနာပတိချုပ်ရဲ့အကြံအစည်က သူမထင်သလို မဟုတ်ဘူး။

"မိဖုရားခေါင်ကြီးအစ်ကို ဒဏ်ရာရသွားတယ်။ ရှောင်ယောင်း၊ နင် သူ့ကို သေစေချင်လား၊ မသေစေချင်ဘူးလား။"

"ဒဏ်ရာရသွားတယ်?"

"တန့်ရုံက မြှားနဲ့ပစ်လိုက်တာလေ။"

လောင်တ နဉ်ရှောင်ယောင်းလက်ထဲမှ ရုန်းထွက်ပြီး ကြမ်းပြင်ပေါ် ခုန်ဆင်းကာ လေးပစ်တဲ့ပုံ လုပ်ပြလိုက်သည်။

"ရွှမ်း... ဆိုပြီး ပစ်လိုက်တာ။ မြောင်..."

လောင်တ လေးပစ်ပြတာက ချစ်စရာကောင်းပေမယ့် နဉ်ရှောင်ယောင်း စိတ်မဝင်စားနိုင်ပေ။ အခြေအနေ မကောင်းတော့ဘူး။

မနေ့ညက လိုကျစ်ကွေ့ ပြတင်းပေါက်အောက်က ထွက်ပြေးသွားတဲ့ မြွေပါမြီးတို ရောက်လာသည်။

"သာ့ရှန်၊ နင် ဘယ်လိုလုပ် ရောက်လာတာလဲ။"

နဉ်ရှောင်ယောင်း ထိုင်ချလိုက်သည်။

သာ့ရှန်က လိုကျစ်ကွေ့ရဲ့ အကြံအစည်ကို အကုန်ပြောပြလိုက်သည်။

"ရှောင်ယောင်း၊ စစ်သေနာပတိချုပ်က နင့်အတွက် လုပ်ပေးတာပါ။ ဒါပေမဲ့ နင် မိဖုရားခေါင်ကြီးနဲ့ သူ့အစ်ကိုကို သတ်ပစ်ချင်လား။"

နဉ်ရှောင်ယောင်း ကြမ်းပြင်ပေါ် ထိုင်ချလိုက်ပြီး ခေါင်းကို လက်ဖြင့် အုပ်ထားလိုက်သည်။

လောင်တက သာ့ရှန်ကို အော်ဟစ်လိုက်သည်။

"လျှောက်မပြောနဲ့။ စစ်သေနာပတိချုပ်က အဲဒီလိုလူမျိုး မဟုတ်ဘူး!"

သာ့ရှန်က မျက်လုံးလှန်ကြည့်လိုက်သည်။

"ငါက အားလွန်းလို့ စစ်သေနာပတိချုပ်ကို လာစွပ်စွဲနေတာမှတ်လို့။ ကြက်တစ်ကောင်လောက် သွားဖမ်းစားတာ ပိုကောင်းဦးမယ်။"

လောင်တ ငြိမ်ကျသွားသည်။

"ကြက်ကိစ္စ နောက်မှပြော။"

နဉ်ရှောင်ယောင်း ညည်းတွားလိုက်သည်။

"စစ်သေနာပတိချုပ်က ဘာလို့ ဒီလောက် ရက်စက်ရတာလဲ။"

ညီအစ်ကိုမောင်နှမနှစ်ယောက်ကို အသုံးချပြီး ကိုယ့်လူတွေကို ကယ်တင်လို့ရသားပဲ။ ဘာလို့ အသက်ပါ ယူချင်ရတာလဲ။

"ရှောင်ယောင်း၊ ဘယ်လိုလုပ်မလဲ။"

"မသိဘူး။"

နဉ်ရှောင်ယောင်း ခေါင်းခါလိုက်သည်။ သူမ တကယ်လန့်နေပြီ။

လောင်တ နဉ်ရှောင်ယောင်းကို ထပ်ကုတ်လိုက်သည်။

"ဘယ်လိုလုပ် မသိရတာလဲ။"

နဉ်ရှောင်ယောင်း လောင်တကို ရိုက်လိုက်သည်။

"တိတ်တိတ်နေစမ်း။ ငါ စဉ်းစားပါရစေဦး။"

လောင်တ ထပ်အော်ဖို့ပြင်သော်လည်း သာ့ရှန်က ကုတ်လိုက်သဖြင့် ငြိမ်သွားသည်။

"အခုက စစ်သေနာပတိချုပ်နဲ့ ဘဝအကြောင်း ဆွေးနွေးရမယ့်အချိန် မဟုတ်ဘူး။"

နဉ်ရှောင်ယောင်း ရေရွတ်လိုက်သည်။

"အဓိကအချက်က ဘာလဲ။"

လောင်တနှင့် မြွေပါမြီးတို နဉ်ရှောင်ယောင်းကို ကြည့်နေကြသည်။ ဟုတ်တယ်... အဓိကအချက်က ဘာလဲ။

လူ့အသက်။ လူ့အသက်ထက် ဘာက အရေးကြီးလို့လဲ။

နဉ်ရှောင်ယောင်း မတ်တတ်ရပ်လိုက်သည်။ လူသတ်ပြီး သူများအပေါ် ပုံချတာက အမတ်ချုပ်ကြီးရှဲ့အတွက် ရန်သူတိုးစေမယ့် နည်းလမ်းကောင်းပေမယ့် မဖြစ်မနေလုပ်ရမယ့်ကိစ္စ မဟုတ်ဘူး။ ဒါကြောင့် သူမ မိဖုရားခေါင်ကြီးရဲ့အစ်ကိုကို သွားကယ်ရမယ်။

"စဉ်းစားလို့ ပြီးပြီလား။"

လောင်တ မေးလိုက်သည်။

နဉ်ရှောင်ယောင်း ခါးပတ်ကို ပြင်ဝတ်လိုက်သည်။

"စဉ်းစားစရာ ဘာရှိလို့လဲ။ အသက်ရှင်နေရင် ဘာမဆို ညှိနှိုင်းလို့ရတယ်။ ကျိုးကျွင်းချီ သေသွားရင် ငါ နောင်တရလို့ ပြန်ရှင်လာမှာမှ မဟုတ်တာ။"

"နင် ကိုယ်တိုင် သွားကယ်မလို့လား။"

လောင်တ မေးလိုက်သည်။

"ယင်းဖုန်းကို ခိုင်းလိုက်ပါလား။"

"အမလေး..."

နဉ်ရှောင်ယောင်း ညည်းတွားလိုက်သည်။

"ငါက အမတ်ချုပ်ကြီး၊ မယ်တော်ကြီးတို့နဲ့ ရန်ဖြစ်နေရတာ မအားဘူး။ ယင်းဖုန်းကို တန့်ရုံနဲ့ သွားရန်ဖြစ်ခိုင်းရမလား။ ငါ အရင်သွားကယ်လိုက်မယ်။ ပြီးမှ စစ်သေနာပတိချုပ်နဲ့ သီးသန့်ဆွေးနွေးမယ်။"

"ဘာလို့ သီးသန့်ဆွေးနွေးရမှာလဲ။"

နဉ်ရှောင်ယောင်း လောင်တကို မျက်စောင်းထိုးကြည့်လိုက်သည်။

"လောင်တ၊ အမှန်တိုင်းပြောစမ်း။ ငါက လူရှေ့သူရှေ့မှာ နင့်စစ်သေနာပတိချုပ်နဲ့ ရန်ဖြစ်၊ ပြီးတော့ သူ့ကို ကြမ်းပြင်ပေါ်ဖိချပြီး ဘောင်းဘီချွတ် ရိုက်တာကို မြင်ချင်လို့လား။"

လောင်တ အမွှေးတွေ ထောင်တက်သွားသည်။ မဖြစ်ဘူး! လုံးဝ မဖြစ်ဘူး!

"ရှောင်ယောင်း။"

သာ့ရှန်က တားလိုက်သည်။

"ဒါပေမဲ့ မိဖုရားခေါင်ကြီးက နင့်ကို သတ်ချင်နေတာလေ။"

နဉ်ရှောင်ယောင်း မျက်တောင်ခတ်လိုက်သည်။

"မိဖုရားခေါင်ကြီးက နင့်ကို သတ်ချင်နေတာတောင် နင်က သူ့အစ်ကိုကို သွားကယ်မလို့လား။"

"ဟုတ်တယ်။"

လောင်တ သဘောပေါက်သွားသည်။

"စစ်သေနာပတိချုပ်က မိဖုရားခေါင်ကြီး နင့်ကို သတ်ချင်နေလို့ စိတ်ဆိုးပြီး သူ့အစ်ကိုကို သတ်ခိုင်းတာ ဖြစ်မယ်။ မြောင်..."

***

All Chapters