← Chapters

အခန်း (၂၅၃)

Vol. 25 Ch. 253

အခန်း (၂၅၃)

Vol. 25 Ch. 253

အခန်း။ ၂၅၃

ရွှံ့နွံအိုင်အတွင်းမှ ဗလဗလမြည်သံများနှင့်အတူ ပူဖောင်းများ ပြန်လည်ထွက်ပေါ်လာပြန်သည်။ ထိုရွှံ့နွံများမှာ တဖြည်းဖြည်း ခဲသွားပြီး လူတစ်ယောက်၏ ပုံသဏ္ဌာန်အဖြစ် ပြောင်းလဲသွားတော့သည်။

ရှေးဟောင်းသစ်ခေါက်ထက်ပင် ပိုမိုတွန့်လိမ်ခြောက်ကပ်နေသော မျက်နှာအရေပြားရှိသည့် အဘိုးအိုတစ်ဦး လူတိုင်း၏ရှေ့တွင် ပေါ်လာသည်။ သူ၏လက်တွင် ဝတ်ဆင်ထားသော ဆင့်ခေါ်လက်စွပ်ကို မြင်လိုက်ရချိန်တွင် လူတိုင်း အသက်ရှူပင် မှားသွားကြရသည်။

၎င်းမှာ မြင့်မြတ်သားရဲ ဆင့်ခေါ်ပညာရှင်ပင်။ အဆင့်မြင့်မိစ္ဆာသားရဲများသာမက နယ်ပယ်

အဆင့်ရှိသော သားရဲများကိုပါ ထိန်းချုပ်နိုင်သူဖြစ်သည်။ လော့ရှစိုစွတ်မြေထဲတွင် ဤကဲ့သို့သော ပုဂ္ဂိုလ်တစ်ဦး ပုန်းအောင်းနေလိမ့်မည်ဟု မည်သူမျှ မထင်မှတ်ထားခဲ့ကြပေ။ အသိဉာဏ်အနည်းဆုံးဖြစ်သော ယီပိုင်လျန်ပင်လျှင် သူတို့အားလုံး ချောက်တွန်းခံလိုက်ရပြီဖြစ်ကြောင်း သတိပြုမိသွားတော့သည်။

"ခင်ဗျား... ခင်ဗျားက... ကျေးဇူးပြုပြီး ကျွန်တော့်အသက်ကို ချမ်းသာပေးပါ ဆရာကြီး။ ကျွန်တော်က ဖုန်လိုင်နိုင်ငံ ဝူမိသားစုရဲ့ သွေးသားတစ်ယောက်ပါ။ ဝူမိသားစုရဲ့ မျက်နှာကို ထောက်ထားပြီး ကျွန်တော့်ကို လွှတ်ပေးပါ"

ဝူရှုံက ကြောက်လန့်တကြား တုန်တုန်ရီရီဖြင့် အသနားခံလေသည်။

"ဟဲဟဲ... လမ်းတစ်လျှောက်လုံးမှာ မင်းတို့ မိစ္ဆာသားရဲတွေ အများကြီး သတ်ခဲ့တယ်မဟုတ်လား။ အဲ့ဒါတွေက ငါ့သားရဲလေးတွေအတွက် အစာတွေလေ။ မင်းတို့က အဲ့ဒီအစာတွေကို သတ်ပစ်လိုက်မှတော့ မင်းတို့ကိုယ်တိုင်ပဲ သူတို့အတွက် အစာအသစ် ဖြစ်ပေးကြရမှာပေါ့။ ပထမဆုံး အစားခံရမယ့်သူကတော့ ဝူမိသားစုရဲ့ မိုက်မဲတဲ့ မျိုးဆက် မင်းပဲ"

လင်းယုန်ခြေသည်း ဘုရင်ကြီးသည် သူတို့ကို လွှတ်ပေးရန် အစီအစဉ် လုံးဝမရှိပေ။ အုပ်စုထဲမှ ဆင့်ခေါ်ပညာရှင်၏ အနံ့ကို ရသည်နှင့် တစ်ပြိုင်နက် လင်းယုန်ခြေသည်းဘုရင်မှာ ရွှေရောင်လျှပ်စီးတစ်ခုကဲ့သို့ ခုန်အုပ်လိုက်ရာ ခဏချင်းမှာပင် ဝူရှုံ၏ ဦးခေါင်းကို ၎င်း၏ ခြေသည်းများဖြင့် ဖမ်းဆုပ်လိုက်တော့သည်။

အခြားသော လင်းယုန်ခြေသည်း လင်းနို့အုပ်ကြီးမှာလည်း ဝူရှုံ၏ အသားစားပင်ဆီသို့ ဝိုင်းအုံထိုးနှက်ကြသည်။ ဝူရှုံသည် လင်းနို့ဘုရင်၏ ဖမ်းဆီးခြင်းကို ခံလိုက်ရပြီးနောက် ခရက်ခနဲ မြည်သံနှင့်အတူ သူ၏ဦးခေါင်းမှာ ခန္ဓာကိုယ်မှ ချက်ချင်း ပြတ်ထွက်သွားတော့သည်။

ဤကြောက်မက်ဖွယ်ရာ မြင်ကွင်းကြောင့် ရှိနေသူအားလုံးမှာ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်သွားကြသည်။ ဤဆင့်ခေါ်ပညာရှင်၏ အစွမ်းမှာ အမှန်တကယ်ပင် ထိတ်လန့်စရာကောင်းလှပြီး အထူးသဖြင့် နဝမအဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေသော သူ၏ဆင့်ခေါ်သားရဲမှာ အဖျက်စွမ်းအား အလွန်ကြီးမားသည်။

"ဟဲဟဲ... မင်းတို့ထဲမှာ ဘယ်သူက ဒါကျိုးနိုင်ငံရဲ့ အိမ်ရှေ့မင်းသားလဲ။ ဒါကျိုးအိမ်ရှေ့မင်းသားရဲ့ အသက်ကို ယူပေးရင် ခရမ်းရောင်ဂျင်ဆင်း ရွှေဆေးလုံးဖော်စပ်ပေးမယ်ဆိုတဲ့ ကမ်းလှမ်းချက်ကို ငါ လက်ခံထားတာ"

အဘိုးအိုဆင့်ခေါ်ပညာရှင်က ကျန်ရှိနေသူများကို ဝေ့ဝဲကြည့်ရင်း ပြောလိုက်သည်။

နောက်ဆုံးတွင် သူ၏အကြည့်မှာ ယီပိုင်မင်း ဆီသို့ ရောက်ရှိသွားတော့သည်။

ပြိုင်ဘက်မှာ အိမ်ရှေ့မင်းသားဖြစ်သည့်အလျောက် ရုပ်ရည်နှင့် အရှိန်အဝါမှာ ထူးခြားထက်မြက်မည်မှာ သေချာသည်။ ရှိနေသူအားလုံးထဲတွင် ရုပ်ရည်အချောမောဆုံးနှင့် အရှိန်အဝါအရှိဆုံးမှာ ယီပိုင်မင်း ဖြစ်နေသဖြင့် အဘိုးအိုသည် သူကိုယ်သူ ပါးနပ်လှသည်ဟု မှတ်ယူကာ "မင်းက ဒါကျိုးရဲ့ အိမ်ရှေ့မင်းသားလား" ဟု ခြောက်ကပ်ကပ် ရယ်မောရင်း မေးလိုက်သည်။

ဤမေးခွန်းကြောင့် အစစ်အမှန် အိမ်ရှေ့မင်းသားဖြစ်သော ယီပိုင်လျန် မှာ ဒေါသထွက်လွန်းသဖြင့် မေ့လဲမတတ် ဖြစ်သွားရသည်။ သို့သော် သူသည် "ငါက အိမ်ရှေ့မင်းသားပါ" ဟု ဝန်မခံရဲပေ။

ဤအဘိုးအိုမှာ သူ့ကိုသတ်ရန် ငှားရမ်းခံထားရသူဖြစ်ကြောင်း သိသာလှရာ ဝန်ခံလိုက်လျှင် ချက်ချင်း အသတ်ခံရမည်မှာ သေချာသည်။

ယီပိုင်မင်းသည် ဘေးနားတွင် နှုတ်ဆိတ်နေသော ယီပိုင်လျန်ကို တစ်ချက်ကြည့်လိုက်ပြီး နှုတ်ခမ်းဖျားတွင် လှောင်ပြောင်သော အပြုံးလေးတစ်ခုဖြင့် "စီနီယာကြီး... ကျွန်တော်တို့ကြားမှာ ဘာရန်ငြိုးမှ မရှိပါဘူး။ ဘာကြောင့် ဒီလို ထောင်ချောက်မျိုး ဆင်ထားရတာလဲ" ဟု ပြန်လည်မေးမြန်းလိုက်သည်။ ဤခရမ်းရောင်ဂျင်ဆင်းတစ်ခုလုံးမှာ သေသေချာချာ စီစဉ်ထားသော ထောင်ချောက်တစ်ခုဖြစ်ကြောင်း ယီပိုင်မင်း ရိပ်မိလိုက်ပြီဖြစ်သည်။

"ဟဲဟဲ... သေမယ့်လူက ဘာလို့ ဒီလောက် သိချင်နေရတာလဲ သေလိုက်တော့"

ဆင့်ခေါ်ပညာရှင်က အမိန့်ပေးလိုက်သည်နှင့် လင်းယုန်ခြေသည်း လင်းနို့ကြီးသည် ယီပိုင်မင်းဆီသို့ ဦးတည်ကာ ပျံသန်းသွားတော့သည်။

"ခဏစောင့်ဦး"

အဘိုးအို တိုက်ခိုက်တော့မည့် ဆဲဆဲတွင် ယွင်ရှန်းက ရုတ်တရက် အော်ဟစ်လိုက်သည်။

"သူက ဒါကျိုးနိုင်ငံရဲ့ အိမ်ရှေ့မင်းသား မဟုတ်ဘူး"

ယွင်ရှန်းက သူ့ကိုကာကွယ်ပေးရန် ရှေ့ထွက်ပြောဆိုလိုက်သည်ကို ကြားသောအခါ ယီပိုင်မင်းပင်လျှင် အနည်းငယ် အံ့အားသင့်သွားရသည်။

အဘိုးအိုဆင့်ခေါ်ပညာရှင်သည် ယီပိုင်မင်းမှာ အိမ်ရှေ့မင်းသားမဟုတ်ကြောင်း ကြားသည်နှင့် သူ၏တိုက်ခိုက်မှုကို ချက်ချင်းရပ်တန့်လိုက်သည်။ ဤလူသည် အမှားအမှန်ကို မခွဲခြားတတ်သော်လည်း မူဝါဒတစ်ခုကိုတော့ စွဲကိုင်ထားသူဖြစ်သည်။ ၎င်းမှာ သတ်ရမည့်သူကိုသာ သတ်ခြင်းပင်။ သူ့ကို ငှားရမ်းသူက ဒါကျိုးအိမ်ရှေ့မင်းသားကို သတ်ရန် ခိုင်းထားခြင်းဖြစ်၍ သူသည် အိမ်ရှေ့မင်းသားကိုသာ ရှာဖွေသတ်ဖြတ်မည်ဖြစ်သည်။

ယီပိုင်လျန်မှာမူ ထိတ်လန့်လွန်းသဖြင့် မေ့လဲမတတ် ဖြစ်သွားရသည်။ အမှန်တကယ်တော့ သူသည် အဘိုးအိုက ယီပိုင်မင်းကို မေးမြန်းမနေဘဲ သတ်ပစ်လိုက်ရန်သာ ဆုတောင်းနေခဲ့ခြင်း ဖြစ်သည်။

ယီပိုင်မင်း၏ အရှိန်အဝါမှာ ဒါကျိုးနိုင်ငံတွင် သူ့ထက် သာလွန်နေပြီဖြစ်ရာ ဤအခွင့်အရေးတွင် ယီပိုင်မင်းကို ဖယ်ရှားပစ်နိုင်ပါက နောင်ရေးအတွက် အေးရုံသာမက သူကိုယ်တိုင်လည်း ဤဘေးဒုက္ခမှ လွတ်မြောက်နိုင်မည်ဟု တွေးထားခဲ့ခြင်းဖြစ်သည်။

ဒီအောက်တန်းစား မှော်ဆရာမလေးက ဘာလို့ အမှန်တရားကို ထုတ်ပြောလိုက်ရတာလဲ။

ယီပိုင်လျန်က စိတ်ထဲမှ ကျိန်ဆဲနေမိသည်။

"စီနီယာကြီးလည်း ကြားဖူးမှာပေါ့... ဒါကျိုးအိမ်ရှေ့မင်းသားဆိုတာ ဘာမှသုံးစားမရတဲ့ အသုံးမကျသူ ရုပ်လည်းဆိုးပြီး တစ်တိုက်လုံးမှာ နာမည်ပျက်နဲ့ ကျော်ကြားနေသူလေ။ ဒီလူကို ပြန်ကြည့်လိုက်ပါဦး... သူက ပါရမီရှင်တစ်ယောက်ရဲ့ ရုပ်ရည်မျိုး ရှိနေတာပဲ ဘယ်လိုလုပ် အိမ်ရှေ့မင်းသား ဖြစ်နိုင်မှာလဲ။ ပြီးတော့ ဘယ်နိုင်ငံက အိမ်ရှေ့မင်းသားကမှ ဆေးပင်ခူးဖို့ ဒီလိုနေရာမျိုးကို ကိုယ်တိုင်ကိုယ်ကျ လာပါ့မလဲ"

ယွင်ရှန်းသည် ဤအဘိုးအိုမှာ အသက်ကြီးသော်လည်း လောကီရေးရာများကို နားမလည်သူဖြစ်ကြောင်း ရိပ်မိလိုက်သည်။ သူမ ပြောသမျှကို ကြားသောအခါ အဘိုးအိုသည်လည်း တစ်ခုခု မှားနေပြီဟု ခံစားလိုက်ရသည်။

သူ့ကို အိမ်ရှေ့မင်းသားအား သတ်ရန် ခိုင်းစေခဲ့သူမှာ အဆင့်အတန်း မြင့်မားသူဖြစ်ပြီး လော့ရှစိုစွတ်မြေကဲ့သို့ နေရာမျိုးထဲသို့ ဝင်ရောက်ရန် ဝန်လေးနေသူ ဖြစ်သည်။

"ဒါဆိုရင် မိန်းကလေး... မင်းပြောစမ်း တကယ့် အိမ်ရှေ့မင်းသားက ဘယ်မှာလဲ"

အဘိုးအိုက ယွင်ရှန်းကို ကြည့်လိုက်သည်။ သူမမှာ မဟာမှော်ညွှန်ကြားရေးမှူးအဆင့်မျှသာ ရှိပြီး အပြစ်ကင်းစင်သော မျက်နှာလေး ရှိနေသဖြင့် လိမ်ညာမည့်သူဟု သူ မထင်မှတ်ခဲ့ပေ။

သို့သော် အဘိုးအိုမှာ အကြီးအကျယ် မှားယွင်းသွားခဲ့ပြီ ဖြစ်သည်။

ဟောင်တဲ့ခွေး မကိုက် ကိုက်တဲ့ခွေး မဟောင် ဟူသော စကားအတိုင်း ယွင်ရှန်း၏ အေးဆေးတည်ငြိမ်သော မျက်နှာလေးနောက်ကွယ်တွင် အဆိပ်ပြင်းသော စုန်းမတစ်ဦးကဲ့သို့ ပါးနပ်လှည့်ဖြားတတ်သော နှလုံးသား ရှိနေသည်ကို သူ မသိခဲ့ပေ။

"သူက သိပ်ကို လျှို့ဝှက်တဲ့ နေရာတစ်ခုမှာ ပုန်းနေတာပါ။ စီနီယာကြီးအနေနဲ့ ကျွန်မကို ယုံမယ်ဆိုရင် သူရှိတဲ့ဆီကို ကျွန်မ ကိုယ်တိုင် ခေါ်သွားပေးပါ့မယ်"

ယွင်ရှန်းက အတည်ပေါက် ပြောလိုက်သည်။

ယွင်ရှန်းက တကယ်မရှိသော ဒါကျိုးအိမ်ရှေ့မင်းသားရှိရာဆီသို့ အဘိုးအိုဆင့်ခေါ်ပညာရှင်ကို ကိုယ်တိုင်လမ်းပြခေါ်ဆောင်သွားတော့မည်ဖြစ်ရာ ယီပိုင်မင်းမှာ အနည်းငယ် စိုးရိမ်ပူပန်သွားရသည်။

"ကျွန်မကိုယုံလိုက်"

ယွင်ရှန်းက ယီပိုင်မင်းနှင့် ချီယီတို့ကို မျက်စိတစ်ချက်မှိတ်ပြလိုက်ပြီး တစ်ချိန်တည်းမှာပင် သူမ၏ရင်ဘတ်ထဲတွင် ဝှက်ထားသော ဆင့်ခေါ်မိစ္ဆာလက်ကို တိတ်တဆိတ် ထိတွေ့လိုက်သည်။

ပြိုင်ဘက်၏ မှော်ကျင့်ကြံမှုနှင့် ဆင့်ခေါ်နိုင်စွမ်းမှာ သူမထက် များစွာသာလွန်နေသည်။ အကယ်၍ သူမသာ အောင်မြင်အောင် မလှည့်ဖြားနိုင်ခဲ့လျှင် ဤသည်မှာ နောက်ဆုံးလောင်းကြေးထပ်ရသည့် အန္တရာယ်ရှိသော ကစားပွဲတစ်ခု ဖြစ်သွားပေလိမ့်မည်။ ထိုသို့မှမဟုတ်ပါက သူတို့အားလုံး အသက်ရှင်ရန် အခွင့်အရေး လုံးဝရှိတော့မည်မဟုတ်ပေ။

ခေတ္တမျှ ဝေခွဲမရဖြစ်နေပြီးနောက် အဘိုးအိုသည် ယွင်ရှန်း၏နောက်မှ လိုက်ပါလာခဲ့သည်။

"နေဦး... ငါတို့သာ သွားနေတုန်း အဲ့ဒီဂျင်ဆင်းက ရင့်မှည့်သွားရင် ဘယ်လိုလုပ်မလဲ မင်းက သိပ်ပါးနပ်တဲ့ ကောင်မလေးပဲ ငါတော့ မင်းရဲ့ လှည့်ကွက်ထဲ မိတော့မလို့"

ထိုသို့ပြောကာ အဘိုးအိုက ရုတ်တရက် ဒေါသထွက်လာသည်။ သူ ဤနေရာသို့ လာခြင်းမှာ ဂျင်ဆင်းအတွက်ဖြစ်ရာ ယွင်ရှန်း၏ အာရုံလွှဲသည့် အစီအစဉ်ကို ရိပ်မိသွားခြင်းဖြစ်သည်။

"စီနီယာကြီး... စိုးရိမ်စရာမလိုပါဘူး။ ဂျင်ဆင်းရဲ့ ပန်းပွင့်တွေကို ကြည့်လိုက်ပါဦး။ ပွင့်ချပ်တွေက နီနေပြီဆိုပေမဲ့ ထိပ်ဆုံးက အရောင်က မနီသေးဘူး။ ကျွန်မက ဆေးပညာရှင်တစ်ယောက်ပါ ဒါကြောင့် နောက်ထပ် နှစ်နာရီအတွင်းမှာ ရင့်မှည့်မှာမဟုတ်ဘူးလို့ ကျွန်မ အာမခံနိုင်ပါတယ်။ နှစ်နာရီဆိုတာ အဲ့ဒီလောဘကြီးပြီး သူရဲဘောကြောင်တဲ့ အိမ်ရှေ့မင်းသားကို ဖမ်းပြီး ဒီကိုပြန်လာဖို့ လုံလောက်တဲ့ အချိန်ပါ။ ပြီးတော့ အဲ့ဒီလူရည်ညံ့ရဲ့ အလောင်းကို ဂျင်ဆင်းပန်းအတွက် မြေသြဇာအဖြစ်တောင် သုံးလို့ရသေးတယ်လေ"

ယွင်ရှန်းက အတည်ပေါက် ပြောလိုက်သည်။

ဘေးမှ ယီပိုင်လျန်မှာမူ ဒေါသထွက်လွန်းသဖြင့် သွေးအန်မတတ် ဖြစ်နေရပြန်သည်။ ဤကာလမှာ သူ၏ဘဝတွင် အရှက်ရဆုံးနှင့် အမွန်းကျပ်ဆုံးအချိန်ပင်။ ဝူကျိကုန်သွယ်ရေးအဖွဲ့၏ အရှက်ခွဲခြင်းကို ခံရရုံသာမက ယခုလည်း အသက်ဘေးမှ လွတ်ရန်အတွက် ယွင်ရှန်း၏ အဆက်မပြတ် စော်ကားမှုများကို ငြိမ်ခံနေရသည်။

ယွင်ရှန်း... နိမ့်ကျတဲ့ မိန်းကလေး ငါသာ ဒါကျိုးကို ပြန်ရောက်ရင် မင်းကို လုံးဝ အလွှတ်မပေးဘူး။

ယီပိုင်လျန်၏ အမုန်းတရား ပြည့်နှက်နေသော အကြည့်များကို ယီပိုင်မင်းက သတိပြုမိလိုက်ပြီး သူ၏မျက်ဝန်းထဲတွင် သတ်ဖြတ်လိုသော အရိပ်အယောင်တစ်ခု ဖျတ်ခနဲ ဖြတ်ပြေးသွားသည်။ ယီပိုင်မင်းသည် ယွင်ရှန်း၏ စိတ်ဓာတ်ကြံ့ခိုင်မှုကိုလည်း ရင်ထဲမှ အထင်ကြီးမိသွားရသည်။ လောကတွင် ဤကဲ့သို့ အသက်အန္တရာယ်နှင့် ရင်ဆိုင်နေရချိန်၌ ရန်သူကို သွေးအန်မတတ် ဒေါသထွက်အောင် လုပ်နိုင်သူမှာ ယွင်ရှန်းတစ်ဦးတည်းသာ ရှိပေလိမ့်မည်။

ကြောင်မလေး... သူမနဲ့ ကြာကြာနေလေလေ သူမက အံ့သြစရာတွေ ပိုပေးလေလေပါပဲလား။

အဘိုးအိုဆင့်ခေါ်ပညာရှင်မှာ အချိန်အတော်ကြာ သံသယဖြစ်နေခဲ့သော်လည်း နောက်ဆုံးတွင် ယွင်ရှန်း၏စကားကို ယုံကြည်သွားတော့သည်။ အသက်တစ်ဆယ်ကျော်အရွယ် မိန်းကလေးငယ်တစ်ဦးက ပြဿနာကြီးကြီးမားမား ရှာနိုင်လိမ့်မည်မဟုတ်ဟု သူ တွေးလိုက်ခြင်းဖြစ်သည်။ ထို့နောက် ယွင်ရှန်းသည် အဘိုးအိုကို ခေါ်ဆောင်ကာ အနောက်မြောက်ဘက် အရပ်မျက်နှာသို့ ဦးတည်ထွက်ခွာသွားတော့သည်။

All Chapters