← Chapters

အခန်း (၂၅၄)

Vol. 25 Ch. 254

အခန်း (၂၅၄)

Vol. 25 Ch. 254

အခန်း။ ၂၅၄

ဒုတိယအဖွဲ့ခေါင်းဆောင် ယွင်ရှန်း ခေါ်ဆောင်သွားခံရသည်ကို မြင်သောအခါ ကျိုးချွမ်နှင့် အမဲလိုက်စစ်သည်များမှာ သူမနောက်သို့ လိုက်ပါကူညီရန် ပြင်ဆင်ကြတော့သည်။

"မင်းတို့အားလုံး ရူးနေကြတာလား မင်းတို့အားလုံး ထွက်သွားရင် ငါ့ကို ဘယ်သူက ကာကွယ်ပေးမှာလဲ"

ယီပိုင်လျန်က ဒေါသတကြီး အော်ဟစ်လိုက်သည်။ ဤအချိန်တွင် ယီပိုင်လျန်သည် အသက်ဘေးကို အလွန်ကြောက်လန့်နေသော်လည်း ရွက်ကိုးလွှာ ခရမ်းရောင်ဂျင်ဆင်း ရင့်မှည့်တော့မည့်အရေးကို တွေးကာ လက်လွှတ်မခံနိုင်ဘဲ ဇွတ်ပေကပ်နေခြင်းဖြစ်သည်။

ထို့ပြင် ထိုထူးဆန်းသောအဘိုးအိုတွင် အပေါင်းအပါများ ရှိနေမည်ကိုလည်းကောင်း သို့မဟုတ် ထိုအဘိုးအို ပြန်လာပြီး သူ့အသက်ကို နှုတ်မည်ကိုလည်းကောင်း သူ အလွန်စိုးရိမ်နေမိသည်။ ယခုအခါ သူ၏မှော်ဝိညာဉ်မှာ ပျက်စီးနေပြီဖြစ်ရာ သူသည် ဒုက္ခိတတစ်ဦးနှင့် မခြားတော့ပေ။

"ဒီမှာ အိမ်ရှေ့မင်းသား ရှိလို့လား ခုနတုန်းကတော့ ဘယ်သူမှ ဒါကျိုးအိမ်ရှေ့မင်းသားပါလို့ ဝန်မခံရဲကြဘူးလေ။ ညီအစ်ကိုတို့... သွားကြမယ် ဒုတိယခေါင်းဆောင်ရဲ့ ဘေးကင်းရေးက ပိုအရေးကြီးတယ်"

ကျိုးချွမ်နှင့် အဖွဲ့သားများက ယီပိုင်လျန်ကို အထင်အမြင်သေးစွာ ကြည့်ရင်း လှည့်ထွက်သွားကြသည်။

ယီပိုင်မင်းကလည်း အေးစက်စွာ နှာခေါင်းရှုံ့ရင်း ထွက်ခွာရန် ပြင်လိုက်သည်။

"ယီပိုင်မင်း မင်းသာ အခုထွက်သွားရဲရင်... မင်းရဲ့မယ်တော်ကြီးရဲ့ အလောင်းကို ဘယ်မှာမြှုပ်ထားလဲဆိုတာ မင်း ဘယ်တော့မှ သိရတော့မှာမဟုတ်ဘူး"

ယီပိုင်လျန်က အပိုင်တွက်ကာ အော်ပြောလိုက်သည်။

ထိုစကားကို ကြားလိုက်ရချိန်တွင် ယီပိုင်မင်း၏ အမူအရာမှာ ရုတ်တရက် ပြောင်းလဲသွားတော့သည်။

သူသည် ချက်ချင်းပင် လှည့်ကြည့်လိုက်ရာ သူ၏မျက်နှာမှာ ထိတ်လန့်စဖွယ် ကောင်းလောက်အောင် မှောင်မှောင်မှိုင်းမှိုင်း ဖြစ်သွားပြီး သူ၏ မီးခိုးရောင်မျက်ဝန်းများမှ ထွက်ပေါ်လာသော အေးစက်လှသည့် အလင်းတန်းများမှာ ကြည့်ရသူကို နေရာမှာတင် အေးခဲသွားစေမည့်အလား ခံစားလိုက်ရသည်။

ယီပိုင်မင်းသည် ယီပိုင်လျန်ထံသို့ တစ်လှမ်းချင်း ချဉ်းကပ်သွားသည်။ တော်ဝင်မိသားစုတစ်ခုလုံးတွင် ယီပိုင်မင်း အလေးအနက်ထားသည့် အရာတစ်ခုခု ရှိနေသေးသည်ဆိုပါက ၎င်းမှာ သူ့မိခင်ဖြစ်သူ၏ ရုပ်အလောင်းပင်။ လွန်ခဲ့သော နှစ်ပေါင်းများစွာက မိခင်ဖြစ်သူ ကွယ်လွန်ပြီးနောက် သူမ၏ ရုပ်အလောင်းမှာ မည်သည့်နေရာသို့ ရောက်ရှိနေသည်ကို ယနေ့တိုင် မည်သူမျှ မသိရှိခဲ့ကြပေ။

လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက ယီပိုင်မင်းသည် သူ၏မိခင်ဖြစ်သူ၏ ရုပ်အလောင်းကို မနားမနေ ရှာဖွေခဲ့သော်လည်း သဲလွန်စတစ်ခုမျှ မရရှိခဲ့ပေ။ ဒါကျိုးဧကရာဇ်ကိုယ်တိုင်ကလည်း ဤကိစ္စကို ထုတ်ဖော်ပြောကြားရန် ဝန်လေးနေခဲ့သည်။

အခုတော့ ယီပိုင်လျန်သည် ယီပိုင်မင်း၏ အားနည်းချက်ကို ကောင်းကောင်းကြီး ဆုပ်ကိုင်မိသွားပြီဖြစ်သည်။

ယီပိုင်မင်းသည် ယီပိုင်လျန်၏ ကော်လာကို ရုတ်တရက် ဆောင့်ဆွဲလိုက်ရာ သူ၏မျက်လုံးများမှာ သွေးဆိုးသကဲ့သို့ နီမြန်းနေပြီး ပြင်းထန်သော သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေသော ကျားသစ်တစ်ကောင်နှင့် တူနေတော့သည်။ ယီပိုင်လျန်မှာ အသက်ရှူပင် မဝတော့ဘဲ အကြပ်ရိုက်သွားရသည်။

ယီပိုင်မင်း၏ လက်ထဲတွင် အသက်ထွက်တော့မည်ဟု သူထင်နေချိန်မှာပင် ယီပိုင်မင်းက ရုတ်တရက် လက်ကို လွှတ်ပေးလိုက်သည်။ ယီပိုင်လျန်မှာ လေကို အငမ်းမရ ရှူသွင်းလိုက်ရပြီး ထိုခဏ၌ ယီပိုင်မင်းသည် သေမင်းနတ်ဘုရားတစ်ပါးကဲ့သို့ ကြောက်စရာကောင်းနေသည်ဟု သူ ခံစားလိုက်ရသည်။

"မှတ်ထားစမ်း... ဒါက ငါ့အမေရဲ့ ရုပ်အလောင်းနဲ့ မင်း ငါ့ကို နောက်ဆုံးအကြိမ် ခြိမ်းခြောက်တာ ဖြစ်ပါစေ။ ဒီတစ်ခါသာ မင်း တိတိကျကျ မပြောနိုင်ရင် နောက်တစ်ခါမှာတော့ မင်းရဲ့ခန္ဓာကိုယ်ကို ခုနက လင်းယုန်ခြေသည်းလင်းနို့ ခေါင်းဖြတ်ခံရသလိုမျိုး အပိုင်းပိုင်း အပြတ်ပြတ် ဖြစ်သွားအောင် ငါ ကိုယ်တိုင် လုပ်ပစ်မယ်"

ယီပိုင်မင်းက စကားတစ်လုံးချင်းစီကို လေးလေးနက်နက် ပြောလိုက်သည်။

ထို့နောက် သူသည် လှည့်ထွက်လာပြီး ချီယီကို တစ်ချက်ကြည့်လိုက်သည်။

"မင်းရဲ့ မြွေလေးက ယွင်ရှန်း ဘယ်မှာရှိလဲဆိုတာ ရှာနိုင်မှာပါ"

ကြောင်မလေး၏ အသက်ကို အခြားအမျိုးသားတစ်ဦး၏ လက်ထဲသို့ အပ်နှံလိုက်ရခြင်းမှာ ယီပိုင်မင်းအတွက် ပြောမပြနိုင်လောက်အောင် နာကျင်ရသော်လည်း သူ့တွင် အခြားရွေးချယ်စရာ မရှိပေ။ သူ၏မိခင်နှင့် ပတ်သက်သော လျှို့ဝှက်ချက်မှာ အလွန်အရေးကြီးလှသဖြင့် သူ မဖြစ်မနေ သိရှိရန် လိုအပ်သည်။

ထို့အပြင် ယွင်ရှန်း ထွက်သွားစဉ်က သူ့ကိုရော ချီယီကိုပါ မျက်စိတစ်ချက် မှိတ်ပြသွားသည်ကို သူ သတိပြုမိလိုက်သည်။ ယွင်ရှန်း တစ်ခုခု ကြံစည်နေပြီဆိုလျှင် ထိုကဲ့သို့သော အမူအရာမျိုး အမြဲပြလေ့ရှိရာ ဤတစ်ကြိမ်သည်လည်း ချွင်းချက်ဖြစ်လိမ့်မည် မဟုတ်ဘူးဟု သူ ယုံကြည်နေသည်။

ချီယီသည် ဘာမှမပြောဘဲ တိတ်တဆိတ်ဖြင့် အနောက်မြောက်ဘက်သို့ ထွက်ခွာသွားတော့သည်။

တစ်ချိန်တည်းမှာပင် လော့ရှမြို့စား၏ စံအိမ်အတွင်း၌ အမှောင်အိမ်ရှေ့မင်းသား နှင့် မြို့စားကြီးတို့သည် စိုစွတ်မြေအတွင်းမှ သတင်းများကို စောင့်ဆိုင်းနေကြသည်။

အမှောင်ထဲမှ ပူးပေါင်းကြံစည်မှု

အမှောင်အိမ်ရှေ့မင်းသား၏ မျက်နှာမှာ အေးစက်တည်ငြိမ်မြဲ တည်ငြိမ်နေဆဲပင်။

"အရှင်မင်းသား... ဒါကျိုးအိမ်ရှေ့မင်းသားရဲ့ အသက်တစ်ချောင်းအတွက်နဲ့ ရွက်ကိုးလွှာ ခရမ်းရောင်ဂျင်ဆင်းကို လဲလိုက်ရတာဟာ နည်းနည်းတော့ မတန်ဘူးလို့ မထင်မိဘူးလား" လော့ရှမြို့စား၏ မျက်နှာတွင် နှမြောတသဖြစ်နေသော အရိပ်အယောင်များ ပေါ်လွင်နေသည်။

၎င်းမှာ လွန်ခဲ့သော အနှစ်ငါးဆယ်အတွင်း လော့ရှမြို့တွင် တစ်ကြိမ်သာ တွေ့ဖူးခဲ့သည့် အလွန်ရှားပါးသော ခရမ်းရောင်ဂျင်ဆင်း ဖြစ်သည်။

သို့သော် အမှောင်အိမ်ရှေ့မင်းသားက ထိုဂျင်ဆင်းကို ဆင့်ခေါ်ပညာရှင်အတွက် ဆုလာဘ်အဖြစ် ပေးရန် ကတိပြုထားခဲ့သည်။

"ဂျင်ဆင်းဆိုတာ ဆေးပင်တစ်ပင်ပါပဲ။ လော့ရှစိုစွတ်မြေဟာ ဒီလိုဆေးပင်မျိုး ပေါက်ရောက်ဖို့ သင့်တော်တဲ့နေရာဆိုရင် နောက်ထပ် ဆယ်စုနှစ်အနည်းငယ်ကြာရင် နောက်တစ်ပင် ပြန်

ပေါက်လာမှာပါပဲ။ ဒါ့အပြင် အခုတစ်ခေါက် ဒီကိုလာတာ ဒါကျိုးအိမ်ရှေ့မင်းသားတစ်

ယောက်တည်း မဟုတ်ဘူး။ ဒါကျိုးရဲ့ ယီပိုင်မင်းပါ ပါလာတယ်လို့ ငါကြားတယ်"

ဒါကျိုးဧကရာဇ်တွင် သားတော်နှစ်ပါးသာ ရှိသည်။ အကယ်၍ ဟောက်ချင်နိုင်ငံ၏ နယ်မြေအတွင်းမှာပင် မင်းသားနှစ်ပါးလုံးကို တစ်ပြိုင်နက် ဆုံးရှုံးလိုက်ရမည်ဆိုပါက ဒါကျိုးနိုင်ငံ၏ အနာဂတ်မှာ…..

အမှောင်အိမ်ရှေ့မင်းသားအတွက် ဂျင်ဆင်းမှာ အရေးမကြီးပေ။ လွန်ခဲ့သောနှစ်များက ဒါကျိုးနိုင်ငံ၏ သိုင်းသူရဲကောင်း ယန်ပါးဟိုကြောင့် ဟောက်ချင်တပ်များ ဆုတ်ခွာခဲ့ရသော်လည်း အမှောင်အိမ်ရှေ့မင်းသား၏ အမြင်တွင် ဒါကျိုးကို သိမ်းပိုက်ရန်မှာ အချိန်ပိုင်းကိစ္စသာ ဖြစ်သည်။ ယခုလုပ်ကြံမှု အောင်မြင်ပါက ဒါကျိုးနိုင်ငံသည် ဖရိုဖရဲဖြစ်သွားပေလိမ့်မည်။

သို့သော် ထိုဂျင်ဆင်းမှာ အဆင့်တက်တော့မည့် နတ်ဘုရားအဆင့်ဖြစ်နေမှန်းသာ သူသိခဲ့လျှင် ယခုကဲ့သို့ ပေါ့ပေါ့တန်တန် သဘောထားနိုင်မည်မဟုတ်ပေ။

တစ်ဖက်တွင် လော့ရှစိုစွတ်မြေ၏ အနောက်မြောက်ဘက်၌...

"မိန်းကလေး... အဲ့ဒီ ဒါကျိုးအိမ်ရှေ့မင်းသားက ဘယ်မှာလဲ ငါတို့ လမ်းလျှောက်လာတာ ၁၅ မိနစ်တောင် ရှိပြီ"

အဘိုးအိုဆင့်ခေါ်ပညာရှင်က သံသယဖြင့် မေးလိုက်သည်။ ယွင်ရှန်းခေါ်ဆောင်လာသော လမ်းကြောင်းမှာ ပိုမိုနက်ရှိုင်းပြီး အန္တရာယ်ရှိသော နေရာသို့ ဦးတည်နေသဖြင့် သူ စတင်စိုးရိမ်လာခြင်း ဖြစ်သည်။

"ရောက်ခါနီးပါပြီ စီနီယာကြီးရယ်... သည်းခံခြင်းဆိုတာ မွန်မြတ်တဲ့ ပါရမီတစ်ခုပဲ မဟုတ်

လား"

ယွင်ရှန်းက အေးအေးလူလူပင် လမ်းလျှောက်ရင်း ပြန်ပြောလိုက်သည်။

"ငါ့ကို လှည့်စားဖို့တော့ မစဉ်းစားနဲ့။ ငါ့ရဲ့ လင်းယုန်ခြေသည်း လင်းနို့ဘုရင်က မျက်စိသိပ်ရှင်တာ။ မင်းဆီကနေ သံသယဖြစ်စရာ တစ်ခုခုတွေ့တာနဲ့ ခုနက ဆင့်ခေါ်ပညာရှင်လိုပဲ မင်းရဲ့ ဦးခေါင်းကိုပါ လိမ်ချိုးပစ်ရလိမ့်မယ်"

အဘိုးအိုဆင့်ခေါ်ပညာရှင်က သတိကြီးစွာဖြင့် ခြိမ်းခြောက်လိုက်သည်။

"သိပါတယ် သိပါတယ်... အို စီနီယာကြီး ဟိုရှေ့မှာ ဘာကြီးလဲ"

ယွင်ရှန်းက ရှေ့မှဦးဆောင်သွားရင်း ရွှံ့နွံအိုင်တစ်ခုရှေ့တွင် ရုတ်တရက် အော်ဟစ်လိုက်သည်။

သူမ နောက်သို့ လှည့်ကြည့်လိုက်သည့်အချိန်နှင့် တစ်ပြိုင်နက်တည်းမှာပင် ကောင်းကင်ကြီးမှာ ရုတ်ခြည်း မှောင်မည်းသွားတော့သည်။

"ကောက်ကျစ်တဲ့ မိန်းကလေး... ငါ့ကို လှည့်စားရဲတယ်ပေါ့"

အဘိုးအိုသည် ဒေါသအလိပ်လိုက် ထွက်လာပြီး ယွင်ရှန်းကို ဖမ်းဆီးရန် သူ၏ဆင့်ခေါ်သားရဲကို အမိန့်ပေးတော့မည့်ဆဲဆဲမှာပင် ပတ်ဝန်းကျင်တစ်ခုလုံး ပိန်းပိတ်အောင် မှောင်သွားခဲ့သည်။ ၎င်းနှင့်အတူ ပြင်းထန်လွန်းသော ဖိအားတစ်ခုမှာလည်း အပေါ်မှ အလုံးအရင်းနှင့် သက်ရောက်လာတော့သည်။

အစွမ်းထက်လှသော နဝမအဆင့် လင်းယုန်ခြေသည်း လင်းနို့ကြီးမှာ ထိုဖိအားအောက်တွင် ကြောက်လန့်တကြား အော်ဟစ်ရင်း အဘိုးအို၏ ပခုံးပေါ်မှ လိမ့်ကျသွားတော့သည်။

"ဘယ်သူလဲ ဘယ်က မဟာစီနီယာကြီးလဲ"

စောစောက ဝင့်ကြွားနေသော အဘိုးအိုမှာ ယခုမူ နဖူးမှ ချွေးအေးများ စီးကျလာတော့သည်။ သူ၏သားရဲ တုံ့ပြန်ပုံအရဆိုလျှင် အနီးအနား၌ သူ့ထက် အဆပေါင်းများစွာ သာလွန်သော ဆင့်ခေါ်ပညာရှင်တစ်ဦး ရှိနေသည်မှာ သေချာသည်။ မြင့်မြတ်သားရဲ ဆင့်ခေါ်ပညာရှင်ထက် သာလွန်သူဆိုလျှင်... ဆင့်ခေါ်ဧကရာဇ်အဆင့်များ ဖြစ်နေမလား။

အဘိုးအိုသည် ယွင်ရှန်းကိုပင် မေ့သွားပြီး မှောင်မည်းနေသော အရပ်မျက်နှာတစ်ခုသို့ ဦးညွှတ်ကာ ဒူးထောက်တောင်းပန်တော့သည်။

"ဘယ်က ဆင့်ခေါ်ဧကရာဇ်ကြီးပါလဲ ကျွန်တော်မျိုး ပြစ်မှားမိတာရှိရင် ခွင့်လွှတ်ပေးဖို့ တောင်းပန်ပါတယ်ခင်ဗျာ"

ထိုပြင်းထန်သော ဖိအားမှာ အမှန်တကယ်တော့ ယွင်ရှန်းက သူမ၏ ဆင့်ခေါ်မိစ္ဆာလက်ကို အသုံးပြု၍ ထုတ်လွှတ်လိုက်ခြင်းဖြစ်ကြောင်း သူ မသိခဲ့ပေ။

"မိုက်မဲတဲ့ကောင်... ငါ့ရဲ့ တပည့်လေးကို ဒုက္ခပေးရဲတယ်ပေါ့"

ယွင်ရှန်းက သူမ၏ မှော်အတတ်ကို ရိပ်မိခြင်းမရှိစေရန် မဲမဲလေး၏ ကောင်းကင်ဝါးမြိုတိုက်ကွက်နှင့် ပေါင်းစပ်ကာ အသံကို တမင်အစ်ပြီး အဘိုးကြီးတစ်ဦးကဲ့သို့ လေသံပြောင်း၍ ပြောလိုက်တော့သည်။

All Chapters