← Chapters

အခန်း (၂၅၅)

Vol. 25 Ch. 255

အခန်း (၂၅၅)

Vol. 25 Ch. 255

အခန်း။ ၂၂၅

"ဒါဆို အဲ့ဒီမိန်းကလေး... မဟုတ်ပါဘူး အဲ့ဒီသခင်မလေးက စီနီယာကြီးရဲ့ တပည့်ဖြစ်နေတာကိုး။ ကျွန်တော်မျိုးက မျက်စိရှိလျက်နဲ့ တောင်ကြီးကို မမြင်ခဲ့မိတဲ့အတွက် တောင်းပန်ပါတယ် ဆင့်ခေါ်ဧကရာဇ်ကြီးခင်ဗျာ"

တစ်ဖက်လူမှာ ဆင့်ခေါ်ဧကရာဇ်အဆင့်ရှိသည့် အစွမ်းထက်စစ်သည်တော်တစ်ဦး ဖြစ်

နိုင်သည်ဟု တွေးမိသည်နှင့် မြင့်မြတ်သားရဲ ဆင့်ခေါ်ပညာရှင်ဖြစ်သော ထိုအဘိုးအိုသည် လက်ဖျားခြေဖျားများ တုန်ရီလာပြီး ထပ်မံ၍ မလှုပ်ရှားရဲတော့ပေ။ ဤတိုက်ကြီးပေါ်တွင် မြင့်မြတ်သားရဲ ဆင့်ခေါ်ပညာရှင်များမှာ ထူးခြားသော တည်ရှိမှုများဖြစ်သော်လည်း အရေအတွက်အားဖြင့် ထောင်ဂဏန်းခန့် ရှိသေးသည်။ သို့သော် ဆင့်ခေါ်ဧကရာဇ် အဆင့်ဆိုသည်မှာမူ ကွဲပြားခြားနားလှသည်။

အဘိုးအိုဆင့်ခေါ်ပညာရှင်၏ ခြောက်ကပ်နေသော နဖူးပေါ်တွင် ချွေးအေးများ ပိုမိုစိမ့်ထွက်လာသည်။ ဘုရင်တစ်ပါးကဲ့သို့ ဝင့်ကြွားခဲ့သော သူ၏ လင်းယုန်ခြေသည်း လင်းနို့ကြီးမှာ ယခုမူ ကြောက်ရွံ့တုန်ရီစွာဖြင့် မြေပြင်ပေါ်တွင် ဝပ်စင်းနေသည်ကို မြင်သောအခါ သူသည် တိုက်ကြီးပေါ်တွင် လက်ကျန်ရှိနေသော ဆင့်ခေါ်ဧကရာဇ် အဆင့်ရှိသည့် ဘီလူးအိုကြီးအချို့ကို စိတ်ထဲမှ လိုက်လံရေတွက်နေမိသည်။ သို့သော် ယခုသူရင်ဆိုင်နေရသည်မှာ မည်သူဖြစ်သည်ကိုမူ သူ လုံးဝ ခန့်မှန်း၍မရပေ။

"မင်း နာမည်က ဘယ်သူလဲ။ ခုနက မင်းတွေ့ခဲ့တဲ့ မိန်းကလေးက ငါ့ရဲ့ တပည့်ပဲ။ သူမကို အနိုင်ကျင့်တာဟာ ငါ့ကို စော်ကားတာပဲ"

ယွင်ရှန်းက အမှောင်ထဲတွင် ပုန်းအောင်းရင်း သူမ၏အသံကို အိုးတိုးအက်တက်ဖြစ်အောင် ပြောင်းလဲ၍ ပြောလိုက်သည်။

ဆင့်ခေါ်မိစ္ဆာလက်မှ ထွက်ပေါ်နေသော လျှို့ဝှက်ဆန်းကြယ်သည့် စွမ်းအားများက ဤမှော်ဆရာအိုကြီးကို ထိတ်လန့်သွားစေခဲ့သည်။ သို့သော် ယွင်ရှန်းသည်လည်း အချိန်အကြာကြီး မနေရဲပေ။ သူမ၏ ခန္ဓာကိုယ်အတွင်းရှိ မှော်စွမ်းအားများကို ဆင့်ခေါ်မိစ္ဆာလက်က အလျင်အမြန်ပင် ဝါးမြိုနေသည်ကို သူမ ခံစားနေရသောကြောင့် ဖြစ်သည်။

"ကျွန်တော်မျိုးက ဖုန်လိုင်နိုင်ငံက မြင့်မြတ်သားရဲ သခင် ကျုံးရန်ပါ"

ကျုံးရန်၏ စိတ်ထဲတွင် ဖြစ်နိုင်ခြေရှိသော ပုဂ္ဂိုလ်အချို့ကို စဉ်းစားနေမိသည်။ ဆင့်ခေါ်ခန်းမမှ ဝတ်ရုံနီ ဆင့်ခေါ်ဧကရာဇ်မှလွဲ၍ ကျန်ရှိသော ဆင့်ခေါ်ဧကရာဇ်အဆင့် အစွမ်းထက်ပုဂ္ဂိုလ်များမှာ တိုက်ကြီးပေါ်မှ ပျောက်ကွယ်နေသည်မှာ ကြာပြီဖြစ်သည်။

ဘာလို့ ဒီလိုနေရာမျိုးမှာ ရုတ်တရက် ပေါ်လာရတာလဲ။

ကျုံးရန်သည် စတင်၍ သံသယဝင်လာသည်။

ဒီဆင့်ခေါ်ဧကရာဇ်ဆိုတာ အတုများလား။

ဤသံသယများနှင့်အတူ သူသည် အမှောင်ထဲမှ အသံထွက်ပေါ်လာရာ အရပ်သို့ စူးစမ်းသော မျက်လုံးများဖြင့် ထပ်မံကြည့်ရှုလိုက်သည်။

ဆင့်ခေါ်ဧကရာဇ်အဆင့်ရှိသည့် အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦး၏ ပတ်ဝန်းကျင်တွင် မည်သည့်ဆင့်ခေါ်သားရဲမှ စောင့်ကြပ်နေခြင်းမရှိသည်ကို တွေ့ရသောအခါ ကျုံးရန်၏ သံသယမှာ ပိုမိုနက်ရှိုင်းလာသည်။

အမှောင်ရိပ်ထဲတွင် တိတ်တဆိတ် စမ်းသပ်ကြည့်နိုင်ပါက ဤသူသည် ဆင့်ခေါ်ဧကရာဇ် အစစ်အမှန် ဟုတ်မဟုတ် သူခွဲခြားနိုင်မည်ဟု ယုံကြည်ကာ အခွင့်အရေးကို စောင့်၍ ချောင်းမြောင်းတိုက်ခိုက်ရန် လင်းယုန်ခြေသည်းလင်းနို့ကို တိတ်တဆိတ် အမိန့်ပေးလိုက်သည်။

ယွင်ရှန်း၏ အကြည့်မှာ ထက်မြက်လှသည်။ အဘိုးအိုသည် ခေါင်းမော့လာကာ မသိမသာ လှုပ်ရှားလာသည်ကိုလည်းကောင်း လင်းယုန်ခြေသည်းလင်းနို့မှာ တောင်ပံခတ်ကာ သူမဆီသို့ ခုန်အုပ်ရန် ပြင်နေသည်ကိုလည်းကောင်း သူမ မြင်လိုက်ရသည်။

ငါ့ကို စမ်းသပ်ချင်တာလား။

ယွင်ရှန်းက အေးစက်စွာ လှောင်ပြောင်လိုက်ပြီး သူမ၏ လင်လုံသားရဲမျှော်စင်အတွင်းရှိ ခြေတစ်ထောင် ပုရွက်ဆိတ်ဘုရင်ကို ချက်ချင်း အမိန့်ပေးလိုက်သည်။

ရုတ်တရက် ကျုံးရန်၏ ဆင့်ခေါ်သားရဲသည် ယွင်ရှန်းရှိရာသို့ ခုန်အုပ်လာတော့သည်။ ယွင်ရှန်း

သည် မြေလျှိုးမှော်ပညာကို ချက်ချင်းအသုံးပြုကာ ပေ ၃၀ ကျော်ခန့် ဝေးရာသို့ လျင်မြန်စွာ ရွှေ့ပြောင်းလိုက်သည်။

လင်းယုန်ခြေသည်းလင်းနို့၏ တိုက်ခိုက်မှုမှာ လေထဲတွင်သာ လွှဲချော်သွားခဲ့ပြီး နောက်တစ်ကြိမ် တိုက်ခိုက်ရန် တောင်ပံများကို ပြန်လည်သိမ်းဆည်းလိုက်စဉ်မှာပင်...

ယွင်ရှန်းသည် လက်နှစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ သူမ၏ဘေးတွင် ဆင့်ခေါ်အစီရင်စုတစ်ခု ပေါ်ထွက်လာသည်။ ထူးဆန်းသော တဝီဝီမြည်သံကြီးနှင့်အတူ သားရဲပုရွက်ဆိတ်အုပ်ကြီးမှာ အစီရင်စုအတွင်းမှ ပျံထွက်လာတော့သည်။

ကျုံးရန်မှာ ထိတ်လန့်သွားကာ မျက်နှာတစ်ခုလုံး ဖြူဖျော့သွားရသည်။ ကြောက်မက်ဖွယ်ကောင်းသော သားရဲပုရွက်ဆိတ်အုပ်ကြီးထဲတွင် ထူးထူးခြားခြား ရက်စက်ကြမ်းကြုတ်ပုံရသော ပုရွက်ဆိတ်စစ်သူကြီးတစ်ကောင်ကို သူ တွေ့လိုက်ရသောကြောင့် ဖြစ်သည်။

ထိုစစ်သူကြီးသည် လင်းယုန်ခြေသည်းလင်းနို့၏ ခြေထောက်ကို အားကိုးတကြီး ခဲထားပြီး ပုရွက်ဆိတ်စစ်သည်များကိုပါ တိုက်ခိုက်ရန် အမိန့်ပေးလိုက်တော့သည်။

လင်းယုန်ခြေသည်းလင်းနို့သည် အသားထူပြီး ခံနိုင်ရည်ရှိသဖြင့် သာမန်ပိုးမွှားများ ကိုက်သည်ကို ဂရုမစိုက်သော်လည်း ယခုကဲ့သို့ နယ်ပယ်အဆင့်အစွမ်းရှိသော ပုရွက်ဆိတ်စစ်သူကြီးကိုမူ မည်သို့မျှ ခုခံနိုင်စွမ်း မရှိတော့ပေ။

ပုရွက်ဆိတ်အုပ်ကြီးသည် လင်းယုန်ခြေသည်းလင်းနို့၏ အသားနှင့် သွေးများကို ရူးသွပ်စွာ ကိုက်ခဲဝါးမြိုနေကြသည်။

ဆင့်ခေါ်သားရဲနှင့် ဆင့်ခေါ်ပညာရှင်တို့သည် စိတ်ဝိညာဉ်ချင်း ချိတ်ဆက်ထားသူများ ဖြစ်ကြရာ လင်းယုန်ခြေသည်းလင်းနို့မှာ သားရဲပုရွက်ဆိတ်များ၏ ဝိုင်းဝန်းတိုက်ခိုက်ခြင်းကို ခံရချိန်တွင် ကျုံးရန်သည်လည်း သူ၏ ခန္ဓာကိုယ်တစ်ခုလုံး ယားယံကာ နာကျင်လာသည်ကို ခံစားလိုက်ရသည်။ ၎င်းမှာ အမှန်တကယ်ပင် သည်းခံရန် ခက်ခဲသော ဝေဒနာဖြစ်၏။

အထူးသဖြင့် ကျုံးရန်မှာ သက်ကြီးရွယ်အိုတစ်ဦးဖြစ်ပြီး ဆင့်ခေါ်ပညာရှင် သက်သက်သာ ဖြစ်သည်။ သူသည် သူ၏ နဝမအဆင့် လင်းယုန်ခြေသည်းလင်းနို့ကိုသာ အားကိုးပြီး တစ်ကိုယ်တော် နေထိုင်လာသူဖြစ်ရာ ယနေ့တွင် ဆင့်ခေါ်မိစ္ဆာလက်ကို ပိုင်ဆိုင်ထားသော ယွင်ရှန်းနှင့် တွေ့ဆုံရခြင်းမှာ သူ၏ ကံကြမ္မာအဆိုးဆုံးနေ့ပင်။

လင်းယုန်ခြေသည်းလင်းနို့မှာ မရေမတွက်နိုင်သော ပုရွက်ဆိတ်များ၏ ဝိုင်းရံထားခြင်းကို ခံရသဖြင့် နာကျင်လွန်းလှရာ ၎င်းသည် တောင်ပံများကို အားကိုးတကြီးခတ်ကာ ခန္ဓာကိုယ်ပေါ်မှ ပုရွက်ဆိတ်များကို ခါချရန် ကြိုးစားနေသည်။ သွေးစများမှာ နေရာအနှံ့ လွင့်စင်သွားတော့သည်။ သို့သော် သားရဲပုရွက်ဆိတ်များမှာ သွေးနံ့ကို ရလေလေ ပိုမိုရူးသွပ်လာလေလေဖြစ်ပြီး လင်းနို့ကြီး၏ အသားများကို အငမ်းမရ ဝါးမြိုနေကြသည်။

ရလဒ်အနေဖြင့် ကျုံးရန် ခံစားရသော ဝေဒနာမှာ ပိုမိုပြင်းထန်လာပြီး အသက်ရှင်ရသည်ထက် သေရသည်က ပိုကောင်းမည်ဟု ထင်မှတ်ရလောက်အောင်ပင် ဖြစ်နေသည်။ ဆင့်ခေါ်သားရဲနှင့် ပိုင်ရှင်ဖြစ်သူတို့မှာ ခဏချင်းအတွင်းမှာပင် ငရဲကျသကဲ့သို့ နှိပ်စက်ခံနေရသည်။

"အရှင်မဟာဆင့်ခေါ်ဧကရာဇ်ကြီးခင်ဗျာ... ကျွန်တော်မျိုးကို ချမ်းသာပေးဖို့ တောင်းပန်ပါတယ်။ ကျွန်တော်မျိုး အမှားကို သိပါပြီ။ နောက်တစ်ခါ ဘယ်တော့မှ မလုပ်ဝံ့တော့ပါဘူး။ အရှင်ကသာ အသက်ချမ်းသာပေးမယ်ဆိုရင် ကျွန်တော်မျိုးနဲ့ ကျွန်တော့်ရဲ့ သားရဲဟာ အရှင့်အပေါ် ထာဝရ သစ္စာစောင့်သိပါ့မယ်"

အသက်ခြောက်ဆယ်၊ ခုနစ်ဆယ်အရွယ်ရှိပြီဖြစ်သော ကျုံးရန်သည် သူ၏ဘဝသက်တမ်းတစ်လျှောက်တွင် ယနေ့ကဲ့သို့ သနားစဖွယ် အခြေအနေမျိုး တစ်ခါမျှ မကြုံဖူးခဲ့ပေ။ ဤအချိန်တွင် သူသည် သေခြင်းထက် ဆိုးရွားသော ဝေဒနာကို အမှန်တကယ် ခံစားနေရသည်။

သားရဲပုရွက်ဆိတ်များမှာ အမှန်တကယ်ပင် ထိတ်လန့်စရာကောင်းလှသည်။ ပုရွက်ဆိတ်စစ်သူကြီး၏ အမိန့်ပေးမှုအောက်တွင် ၎င်းတို့သည် သွေးတွေ့ရာနေရာတွင် စုပ်ယူပြီး အသားကောင်းတွေ့ရာနေရာတွင် ဝါးမြိုနေကြသည်။

ကျုံးရန်ကဲ့သို့ အရိုးနှင့် အရေသာရှိတော့သော အဘိုးအိုတစ်ဦးအဖို့ ဤကဲ့သို့သော နှိပ်စက်မှုကို ခံနိုင်ရည်မရှိပေ။

ကျုံးရန်မှာ သေမင်းတံခါးဝသို့ ရောက်လုနီးပါး ဖြစ်နေသည်ကို မြင်သောအခါ...

ယွင်ရှန်းသည်လည်း သူမ၏ မှော်စွမ်းအား ဆယ်ပုံ ခုနစ်ပုံ၊ ရှစ်ပုံခန့်မှာ ဆင့်ခေါ်မိစ္ဆာလက်၏ ဝါးမြိုခြင်းကို ခံလိုက်ရပြီဖြစ်ကြောင်း သတိပြုမိလိုက်သည်။ ယခုအချိန်သည် ပိုက်ကွန်ကို သိမ်းရမည့်အချိန်ပင်။ သူမသည် ဤမြင့်မြတ်သားရဲဆင့်ခေါ်ပညာရှင်ကို သတ်ပစ်ရန် ရည်ရွယ်ချက်မရှိပေ။ သူ့ကို အသုံးချနိုင်မည့် နည်းလမ်းများစွာ ရှိနေသေးသည်။

ယွင်ရှန်းက စိတ်ပျက်လက်ပျက်ဖြစ်နေသည့် လေသံကို ဟန်ဆောင်ကာ "မိုက်မဲတဲ့ ကြွက်စုတ်လေး... ပိုးစုန်းကြူးအလင်းလောက်နဲ့ ကြယ်တာရာတွေကို ယှဉ်ဖို့ ကြိုးစားနေတာလား။ ငါကတော့ မင်းနဲ့ အချိန်ဖြုန်းနေဖို့ စိတ်မပါဘူး။ အခုကစပြီး ငါ့ရဲ့ တပည့်လေးနောက်ကို လိုက်ရမယ်။ သူမရဲ့ စကားဟာ ငါ့ရဲ့ အမိန့်ပဲ။ တစ်ချက်ကလေး ငြင်းဆန်တာနဲ့ ငါ့ရဲ့ ပုရွက်ဆိတ်ဘုရင်က မင်းကို အလွတ်ပေးမှာမဟုတ်ဘူး။ သစ္စာမဖောက်စေဖို့အတွက် မင်းရဲ့ မှော်ဝိညာဉ်နဲ့ ကျိန်ဆိုပြီး ထာဝရ သစ္စာခံစမ်း"

"အမိန့်တော်အတိုင်းပါခင်ဗျာ... ကျွန်တော်မျိုး သေချာပေါက် လိုက်နာပါ့မယ်"

ကျုံးရန်သည် အသက်ဘေးမှ လွတ်မြောက်ရသဖြင့် အလွန်ဝမ်းမြောက်သွားပြီး ယွင်ရှန်း၏ မည်သူမည်ဝါဖြစ်ကြောင်းကိုလည်း သံသယမဝင်ဝံ့တော့ဘဲ ကြက်ကလေး စပါးကောက်သကဲ့သို့ ခေါင်းကို တရစပ် ငြိမ့်ပြတော့သည်။

မှော်ဝိညာဉ်ဖြင့် ကျိန်ဆိုခြင်းမှာ ဆင့်ခေါ်ပညာရှင်များနှင့် မှော်ဆရာများအတွက် အလေးအနက်ဆုံးသော ကတိသစ္စာဖြစ်သည်။ အကယ်၍ ထိုကတိကို ဖောက်ဖျက်ပါက မှော်ဝိညာဉ်မှာ အပိုင်းပိုင်းကွဲကြေကာ သေဆုံးရမည်ဖြစ်သည်။

ကျုံးရန် ကျိန်ဆိုပြီးနောက်တွင် အပေါ်မှ မှောင်မည်းနေသော အရိပ်အယောင်များမှာ တဖြည်းဖြည်း လွင့်ပျယ်သွားပြီး နေ့အလင်းရောင် ပြန်လည်ထွက်ပေါ်လာသည်။ သူ၏ ခန္ဓာကိုယ်ပေါ်ရှိ သားရဲပုရွက်ဆိတ်များ အားလုံး ပျောက်ကွယ်သွားသည်ကို ကျုံးရန် ခံစားလိုက်ရသည်။ ခြေတစ်ထောင် ပုရွက်ဆိတ်ဘုရင်၏ အရိပ်အယောင်ပင် မကျန်တော့ဘဲ စောစောက သူတွေ့ခဲ့သော အမျိုးသမီးမှော်ဆရာလေးကသာ သူ့ကို ပြုံးစစဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရသည်။ ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်သော်လည်း ထိုလျှို့ဝှက်ဆန်းကြယ်သော ဆင့်ခေါ်ဧကရာဇ်မှာ အရိပ်အယောင်မျှပင် မကျန်တော့ပေ။ အမှန်ပင်... ဆင့်ခေါ်ဧကရာဇ်အဆင့် ပုဂ္ဂိုလ်များမှာ အရိပ်မထင် ခြေရာမကျန် လာနိုင်သွားနိုင်သူများ ဖြစ်ကြသည်။

"သခင်မလေး... သခင်မလေးမှာ ဆင့်ခေါ်ဧကရာဇ်အဆင့် ဆရာတစ်ယောက်ရှိတာကို ဘာလို့ စောစောက မပြောခဲ့တာလဲ"

ကျုံးရန်မှာ ကြောက်လန့်တုန်ရီနေဆဲဖြစ်သော်လည်း ရင်ထဲတွင်မူ နောင်တများဖြင့် ပြည့်နှက်နေသည်။ ငါ ဘယ်လိုများ ဒီလိုဘေးဒုက္ခမျိုးကို သွားဆွမိပါလိမ့်။

စဉ်းစားကြည့်လျှင် ကျုံးရန်သည် ဖုန်လိုင်နိုင်ငံတွင် နာမည်ကျော်ကြားသော မြင့်မြတ်သားရဲဆင့်ခေါ်ပညာရှင် တစ်ဦးဖြစ်သော်လည်း ယခုမူ အသက်ဆယ်နှစ်ပင် မပြည့်သေးသည့် မိန်းကလေးတစ်ဦးကို သခင်ဟု ခေါ်နေရပြီဖြစ်သည်။

ဤသတင်းသာ တိုက်ကြီးပေါ်သို့ ပျံ့နှံ့သွားပါက သူ ဘယ်လိုမျက်နှာပြရမလဲ။

သို့သော် လှောင်ပြောင်ခံရခြင်းမှာ ဆင့်ခေါ်ဧကရာဇ်၏ လက်ချက်ဖြင့် အသတ်ခံရခြင်းထက်မူ သာလွန်သေးသည်။ ခုနက ပုရွက်ဆိတ်များ ဝါးမြိုခံရသည့် ဝေဒနာကို တွေးမိရုံနှင့်ပင် ကျုံးရန်၏ ရင်ဘတ်ထဲ တဒိတ်ဒိတ် ခုန်လာတော့သည်။

"ကျုံးရန်... ငါ့ဆရာ ခုနက ပြောသွားတာကို သေချာကြားတယ်မဟုတ်လား"

ယွင်ရှန်းက ကျုံးရန်သည် သူမ၏ဘေးတွင် အမြီးနန့်နေသော ခွေးလေးတစ်ကောင်ကဲ့သို့ ဒူးထောက်နေသည်ကို ကြည့်ကာ စိတ်ထဲမှ တိတ်တဆိတ် ရယ်မောလိုက်သည်။

စောစောက ဟန်ဆောင်မှုမှာ သူမအတွက် အတော်လေး အားထုတ်ခဲ့ရသည်။ ကံကောင်းထောက်မစွာဖြင့် အစီအစဉ်မှာ အောင်မြင်သွားခဲ့ပြီး ဤမျှအစွမ်းထက်သော လက်အောက်ခံတစ်ဦးကို ရရှိလိုက်ခြင်းမှာ သူမအတွက် အလွန်ပင် တန်ဖိုးရှိလှသည်။

"သခင်မလေးသာ အမိန့်ပေးပါ... အခုကစပြီး သခင်မလေးက အရှေ့သွားဆိုရင် ကျွန်တော်မျိုး အနောက်ကို လုံးဝ မလှည့်ပါဘူး"

ကျုံးရန်က လုံးဝ လက်လျှော့အရှုံးပေးလိုက်သည့် အမူအရာဖြင့် ပြောလိုက်တော့သည်။

All Chapters