← Chapters

အခန်း (၂၅၅-၂၅၆)

Vol. 16 Ch. 255-256

အခန်း (၂၅၅-၂၅၆)

Vol. 16 Ch. 255-256

အခန်း ၂၅၅ ။ အခြေအနေ ပြောင်းလဲသွားခြင်း

မြို့တော်စစ်တပ်က တပ်ကူတွေ ရောက်မလာတာ တစ်နာရီကြာသွားပြီ။ အမတ်ချုပ်ကြီးရှဲ့က အကြီးအကဲလီကို အချိန်လိုသေးတယ်လို့ နှစ်သိမ့်ပေးနေရသည်။ နှစ်နာရီကြာသွားတော့ အမတ်ချုပ်ကြီးရှဲ့ ကိုယ့်ကိုကိုယ်တောင် နှစ်သိမ့်လို့ မရတော့ဘူး။ မြို့တော်စစ်တပ်မှာ ပြဿနာတစ်ခုခု ဖြစ်နေပြီ။

"စခန်းကို သွားကြည့်။"

အမတ်ချုပ်ကြီးရှဲ့က သူ့ကိုယ်ရံတော်တစ်ဦးကို အမိန့်ပေးလိုက်သည်။

"ချန်လုကို တွေ့အောင်ရှာ။"

ကိုယ်ရံတော် မြင်းစီးထွက်ခွာသွားသည်။

......

ယင်းတျန့် မျှော်စင်ပေါ် တက်လာပြီး လိုကျစ်ကွေ့နားကပ်ကာ တိုးတိုးလေး လျှောက်တင်လိုက်သည်။

"ဟုကော်ကုန်းဆီက သတင်းရပါတယ်။ ချန်လုကို ဝမ်လမ်းကြားမှာ လူ ၄ ယောက် လာကယ်သွားပါသတဲ့။"

လိုကျစ်ကွေ့ ယင်းတျန့်ကို လှည့်ကြည့်လိုက်သည်။

"ဝမ်လမ်းကြားက ဝူဖူလမ်းမှာ ရှိတာပါ။ မြို့တော်စစ်တပ် စခန်းနဲ့ နီးပါတယ်။"

"အဲဒီလမ်းကြားက ဘယ်ကိုပေါက်လဲ။"

"နေရာတော်တော်များများကို ပေါက်ပါတယ်။ ကျွန်တော်မျိုး သေချာတော့ မသိပါဘူး။"

"မြေပုံ။"

အနက်ရောင်နှင်းခဲ မြင်းတပ် စစ်သူကြီးတစ်ဦး မြို့တော်မြေပုံကို စားပွဲပေါ် ဖြန့်ခင်းပေးလိုက်သည်။

"ဝမ်လမ်းကြားက ဒီနေရာမှာပါ။"

ယင်းတျန့် လက်ညှိုးထိုးပြလိုက်သည်။

လိုကျစ်ကွေ့ မြေပုံကိုကြည့်ရင်း မျက်မှောင်ကြုတ်လိုက်သည်။

"လမ်းကြားတွေ အများကြီး ဆက်စပ်နေတာပဲ။"

စစ်သူကြီးတစ်ဦးက ပြောလိုက်သည်။

"ဒီနေရာတဝိုက်ကို ရှာဖွေဖို့ဆိုရင် တော်တော်ကြာလိမ့်မယ်။"

"တောင်ဘက်မြို့တစ်ခုလုံးနီးပါး ပါနေတာပဲ။"

နောက်ထပ် စစ်သူကြီးတစ်ဦးက စိုးရိမ်တကြီး ပြောလိုက်သည်။

"ကျွန်တော်တို့မှာ လူအင်အား လုံလောက်ပါ့မလား။"

လိုကျစ်ကွေ့ ချန်လုကို ဖမ်းဖို့ စိတ်မဝင်စားတော့ပေ။

"လာကယ်တဲ့လူ ၄ ယောက်အကြောင်း ဘာပြောသေးလဲ။"

ယင်းတျန့် ခေါင်းခါလိုက်သည်။

"ဟုကော်ကုန်းလက်ထဲကနေ လူကယ်နိုင်တယ်ဆိုရင် သာမန်လူတွေ မဟုတ်လောက်ဘူး။"

စစ်သူကြီးတစ်ဦးက သုံးသပ်လိုက်သည်။

"စစ်သေနာပတိချုပ်၊ ဘယ်လိုအမိန့်ပေးမလဲ။"

ချန်လု အသတ်ခံရမယ်ဆိုတာ ဘယ်သူက ကြိုသိနေတာလဲ။ မြို့တော်ထဲမှာ ချန်လုကို ကယ်ချင်တဲ့သူ၊ ကယ်နိုင်တဲ့သူ ဘယ်သူရှိလဲ။ လိုကျစ်ကွေ့ မြေပုံကို လက်ညှိုးဖြင့်ခေါက်ရင်း စဉ်းစားနေသည်။ ရုတ်တရက် လက်ညှိုး ရပ်တန့်သွားသည်။ အမတ်ချုပ်ကြီးရှဲ့များလား။

"စစ်သေနာပတိချုပ်?"

ယင်းတျန့် ခေါ်လိုက်သည်။

"သတင်းလာပို့တဲ့လူကို ခေါ်ခဲ့။"

ယင်းတျန့် ထွက်သွားပြီး ခဏအကြာတွင် ဟုကော်ကုန်း၏ ကိုယ်ရံတော်ကို ခေါ်လာသည်။

ကိုယ်ရံတော် လိုကျစ်ကွေ့ကို ဂါရဝပြုရန် ပြင်လိုက်သည်။

"နေပါစေ။"

လိုကျစ်ကွေ့ လက်ကာပြလိုက်သည်။

"ချန်လု ဒဏ်ရာရသွားလား။"

"ရသွားပါတယ်။ မြှားသုံးစင်း မှန်တယ်။ ကျောကိုလည်း ဓားနဲ့ အခုတ်ခံရတယ်။"

"သူ့ကိုယ်ရံတော်တွေရော။"

"၉ ယောက်မှာ ၆ ယောက် သေသွားပါပြီ။ ၃ ယောက် အဖမ်းခံရပါတယ်။ ဒဏ်ရာပြင်းထန်လို့ ဒီည မကူးလောက်ပါဘူး။"

"မင်းတို့ တိုက်ခိုက်တော့ ချန်လုက ကြိုသိနေတဲ့ပုံပေါက်လား။"

"မပေါက်ပါဘူး။ ကြိုသိရင် ရှောင်မှာပေါ့။"

"ဖြစ်စဉ်ကို အသေးစိတ် ပြောပြပါဦး။"

စစ်သူကြီးနှစ်ဦးနှင့် ယင်းတျန့်တို့ နားမလည်နိုင် ဖြစ်နေကြသည်။ ချန်လု ဒဏ်ရာရတာ အတုလား။ ဟုကော်ကုန်းက တမင်လွှတ်ပေးလိုက်တာလား။ မဖြစ်နိုင်ပါဘူး။

ကိုယ်ရံတော်က ဖြစ်စဉ်အစအဆုံး အသေးစိတ် ပြန်ပြောပြလိုက်သည်။

"ကြည့်ရတာ ချန်လု ကြိုသိပုံမရဘူး။"

စစ်သူကြီးတစ်ဦးက ကောက်ချက်ချလိုက်သည်။

ဟုတ်တယ်။ ကြိုမသိဘူး။ လိုကျစ်ကွေ့ စဉ်းစားနေသည်။ အမတ်ချုပ်ကြီးရှဲ့က ကြိုသိရင် ဘာလို့ ချန်လုကို သတိမပေးတာလဲ။ အသက်ဘေးကနေ ကယ်တင်လိုက်ရင် ချန်လုက ပိုသစ္စာရှိလာမှာပေါ့။ ဒါပေမဲ့ ချန်လုက အမတ်ချုပ်ကြီးရှဲ့ဘက်ကလွဲပြီး ရွေးချယ်စရာ မရှိတော့ဘူး။ ဒါကြောင့် အမတ်ချုပ်ကြီးရှဲ့က ကျေးဇူးတင်ခံချင်လို့ ကယ်တာ မဖြစ်နိုင်ဘူး။

တကယ်လို့ အမတ်ချုပ်ကြီးရှဲ့က ကြိုသိနေရင် ဟုကော်ကုန်းကို ပြန်ပြီး ထောင်ချောက်ဆင် ဖမ်းလိုက်မှာပေါ့။ လိုကျစ်ကွေ့ မျက်မှောင်ကြုတ်လိုက်သည်။ တစ်ခုခုတော့ မှားနေပြီ။

"စစ်သေနာပတိချုပ်။"

စစ်သူကြီးများ စိုးရိမ်လာကြသည်။

လိုကျစ်ကွေ့ ခေါင်းမော့လိုက်ပြီး ပုံမှန်အတိုင်း ပြန်နေလိုက်သည်။ ကိုယ်ရံတော်ကို ပြုံးပြလိုက်သည်။

"မင်းသခင်ကို ပြန်ပြောလိုက်။ ကိစ္စမရှိပါဘူးလို့။ ချန်လုကို လိုက်မရှာနဲ့တော့။ မြို့တော်စစ်တပ်ကို အမြန်ဆုံး ထိန်းချုပ်လိုက်ဖို့ ပြောလိုက်။"

"စစ်သေနာပတိချုပ်၊ ချန်လု ပြန်ရောက်လာရင် ဘယ်လိုလုပ်မလဲ။"

"သူ ဒဏ်ရာပြင်းထန်နေတယ်။ မြန်မြန်ပြန်လာနိုင်မှာ မဟုတ်ဘူး။ သူ ပြန်လာနိုင်တဲ့အချိန်ကျရင် မင်းသခင်က မြို့တော်စစ်တပ်ကို ထိန်းချုပ်ပြီးသားဖြစ်နေမှာပါ။ ကြောက်စရာ မလိုတော့ပါဘူး။"

ကိုယ်ရံတော် စိတ်အေးသွားပြီး ဦးညွှတ်ကာ ထွက်ခွာသွားသည်။

"စစ်သေနာပတိချုပ်၊ ပြဿနာတစ်ခုခု ရှိလို့လား။"

"မရှိပါဘူး။"

လိုကျစ်ကွေ့ လက်ကာပြလိုက်ပြီး ပြတင်းပေါက်အပြင်ဘက်ကို ငေးကြည့်နေလိုက်သည်။

အမတ်ချုပ်ကြီးရှဲ့က ချန်လုကို ကယ်တင်လိုက်တယ်ဆိုတာ သေချာသလောက်ပဲ။ သူက လိုကျစ်ကွေ့ ချန်လုကို သတ်မယ်ဆိုတာ ကြိုသိနေတယ်။ ဒါဆို သူက စစ်ပွဲဖြစ်မှာကို မကြောက်ဘူးပေါ့။ ဒါ ဘာသဘောလဲ။ လိုကျစ်ကွေ့ မြေပုံပေါ်တွင် လက်တင်ထားရင်း တုန်ယင်သွားသည်။ အမတ်ချုပ်ကြီးရှဲ့က အနက်ရောင်နှင်းခဲမြင်းတပ် လာနေတာကို သိသွားပြီလား။

ချန်လုကိုပဲ ကယ်တင်ပြီး ဟုကော်ကုန်းကို မသတ်ဘူးဆိုတော့ အမတ်ချုပ်ကြီးရှဲ့က ကိစ္စမကြီးစေချင်ဘူး။ အနက်ရောင်နှင်းခဲမြင်းတပ် လာနေတာကိုသိလို့ လိုကျစ်ကွေ့ကို ခြိမ်းခြောက်ချင်တာလား။ ဒါဆို သူ့အတွက် ဘာအကျိုးရှိမှာလဲ။

လိုကျစ်ကွေ့ ထပ်စဉ်းစားကြည့်လိုက်သည်။ တကယ်လို့ ဒါက ခြိမ်းခြောက်တာ မဟုတ်ရင်ရော။ အနက်ရောင်နှင်းခဲမြင်းတပ် လာနေတာကို တားဆီးလိုက်နိုင်လို့ မြို့တော်ကို မရောက်နိုင်တော့ရင်ရော။ ဒါဆို အမတ်ချုပ်ကြီးရှဲ့ စစ်တပ်ခေါ်လာရင် ဟုကော်ကုန်းကို သတ်ဖို့က လွယ်လွယ်လေးပဲ။ ဒါကြောင့် ဟုကော်ကုန်းကို အလျင်စလို သတ်စရာ မလိုတော့ဘူး။ ချန်လုအသက်ကိုကယ်ဖို့က ပိုအရေးကြီးတယ်။

ဒီအတွေးဝင်လာတာနဲ့ လိုကျစ်ကွေ့ ချွေးစေးတွေ ပြန်လာသည်။

နဉ်ရှောင်ယောင်းက မိန်းကလေး။

မြို့တော်တစ်ခုလုံးက သိနေကြပြီ။ မိဖုရားခေါင်ကြီးကိုယ်တိုင် အော်ပြောလိုက်တာလေ။ အရှင်မင်းကြီး လုပ်ကြံခံရပြီး နတ်ရွာစံပြီတဲ့။

နောင်ကျရင် နဉ်ရှောင်ယောင်း အကောင်းပကတိပြန်ပေါ်လာရင်တောင် အမတ်ချုပ်ကြီးရှဲ့က မိန်းကလေးဆိုတာကို ဖော်ထုတ်လိုက်ရင် ပြီးပြီ။ အရှင်မင်းကြီး သေသွားပြီ၊ နဉ်ရှောင်ယောင်းက အတုပါလို့ ပြောလိုက်ရင် ဘယ်သူယုံတော့မလဲ။

မယ်တော်ကြီးရှဲ့ကိုယ်တိုင် သက်သေလိုက်ပေးရင်တောင် လူတွေက သူ့သားကို နန်းတင်ချင်လို့ လုပ်ကြံပြောဆိုတယ်လို့ ထင်ကြမှာ။

သူကရော ဘာလို့ မိန်းကလေးတစ်ယောက်ကို ဧကရာဇ်မင်း အတုလုပ်ခိုင်းရတာလဲ။ အမတ်ချုပ်ကြီးရှဲ့က သူ့ကို ရည်ရွယ်ချက်ရှိရှိ လုပ်ကြံတယ်လို့ စွပ်စွဲလိမ့်မယ်။

ဒါဆိုရင်...

လိုကျစ်ကွေ့ မြေပုံပေါ် လက်တင်လိုက်သည်။ အမတ်ချုပ်ကြီးရှဲ့က လွတ်မြောက်သွားပြီး သူနဲ့ နဉ်ရှောင်ယောင်းက ဧကရာဇ်မင်းကို သတ်တဲ့ တရားခံတွေ ဖြစ်သွားမှာလား။

ရယ်စရာကောင်းပေမယ့် လိုကျစ်ကွေ့ မရယ်နိုင်ပါဘူး။ သူနဲ့ နဉ်ရှောင်ယောင်း လမ်းဆုံးရောက်နေပြီ။ နဉ်ရှောင်ယောင်းကို မြို့တော်ကနေ အမြန်ဆုံးထုတ်သွားရမယ်။

စခန်းသို့သွားသော ကိုယ်ရံတော် ပြန်ရောက်လာပြီး အမတ်ချုပ်ကြီးရှဲ့ရှေ့ ဒူးထောက်လိုက်သည်။

"အမတ်ချုပ်ကြီး၊ ဒုက္ခပါပဲ။ စစ်သူကြီးချန် လုပ်ကြံခံရပြီး ပျောက်ဆုံးနေပါတယ်။ စခန်းကို ဟုကော်ကုန်း သိမ်းပိုက်လိုက်ပါပြီ။"

အမတ်ချုပ်ကြီးရှဲ့ လန့်သွားသည်။

"တကယ်လား။"

အကြီးအကဲလီ မေးလိုက်သည်။

"တကယ်ပါ။"

"လိုကျစ်ကွေ့သာမရှိရင် ဟုကော်ကုန်းက ဘယ်လိုလုပ် အရှင်မင်းကြီး မျက်နှာသာပေးတာ ခံရမှာလဲ။"

အမတ်ချုပ်ကြီးရှဲ့ ပြောလိုက်သည်။

အကြီးအကဲလီ ကြောင်သွားသည်။

"ဒါပေမဲ့ စခန်းထဲမှာ စစ်သူကြီးချန်ရဲ့လူတွေ အများကြီး ရှိတယ်လေ။ ဟုကော်ကုန်းက ဘယ်လိုလုပ် ဒီလောက်မြန်မြန် သိမ်းပိုက်နိုင်တာလဲ။"

"အကြီးအကဲလီ မေ့နေပြီလား။ ဟုကော်ကုန်းရဲ့ တပည့်ဟောင်းတွေကို မြို့တော်ထဲ ပြန်ခေါ်ထားတယ်လေ။ သူတို့က သာမန်လူတွေ မဟုတ်ဘူး။"

အကြီးအကဲလီ ဘာလုပ်ရမှန်း မသိတော့ပေ။

"ငါ စစ်တပ်ခေါ်မှ ဖြစ်တော့မယ်။"

အမတ်ချုပ်ကြီးရှဲ့ ပြောလိုက်သည်။

"မဟုတ်ရင် အရှင်မင်းကြီးကို မတွေ့ရရုံတင်မကဘူး၊ မြို့တော်တစ်ခုလုံး လိုမိသားစုပိုင် ဖြစ်သွားလိမ့်မယ်။"

အကြီးအကဲလီ ယိုင်နဲ့သွားသည်။

"ဒီမှာ ထိုင်စောင့်နေလို့ ဘာမှထူးမှာ မဟုတ်ဘူး။"

အမတ်ချုပ်ကြီးရှဲ့ ဝေါယာဉ်ပေါ် တက်လိုက်သည်။ ကိုယ်ရံတော်များနှင့်အတူ ထွက်ခွာသွားသည်။

"ရှဲ့ဝမ်ယွမ် ထွက်သွားပြီ။"

မျှော်စင်ပေါ်မှ စစ်သူကြီးတစ်ဦးက ပြောလိုက်သည်။

လိုကျစ်ကွေ့ အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးမှ အမိန့်ပေးလိုက်သည်။

"စုန့်ဝူကို ခေါ်ခဲ့။"

စစ်သူကြီးက ဘာမှမမေးရဲဘဲ ထွက်သွားသည်။

ခဏအကြာတွင် စုန့်ဝူ ရောက်လာသည်။

"မင်းတို့ ထွက်သွားကြ။"

လိုကျစ်ကွေ့ စစ်သူကြီးနှစ်ဦးကို နှင်ထုတ်လိုက်သည်။

စုန့်ဝူ ဂါရဝပြုလိုက်သည်။ ပုံမှန်အတိုင်း တည်ငြိမ်နေသည်။

"ဒဏ်ရာ သက်သာရဲ့လား။"

"သက်သာပါပြီ စစ်သေနာပတိချုပ်။ လမ်းမှာ ဒဏ်ရာနည်းနည်းရခဲ့တာပါ။ အခု ဘာမှမဖြစ်တော့ပါဘူး။"

လိုကျစ်ကွေ့ ခေါင်းညိတ်လိုက်သည်။ စုန့်ဝူက စုန့်ချန်းရဲ့ အစ်ကိုအရင်းပင်။ ရုပ်ချင်းဆင်ပေမယ့် ကျန်းမာရေးမကောင်းလို့ စစ်မတိုက်နိုင်ဘဲ စာသင်ပြနေသူဖြစ်သည်။ ညီအစ်ကိုနှစ်ယောက်က အရမ်းချစ်ကြတာဆိုတော့ စုန့်ဝူက ဘာလို့ သစ္စာဖောက်ရတာလဲဆိုတာ လိုကျစ်ကွေ့ စဉ်းစားမရနိုင်အောင် ဖြစ်နေသည်။

***

ဆိုးသွမ်းသော ဆေးဧကရီလေး (UPXY)

အခန်း ၂၅၆ ။ အမတ်ချုပ်ကြီးက စစ်သေနာပတိချုပ်ရဲ့ ကံဆိုးမိုးမှောင်ကျသူ

"စစ်သေနာပတိချုပ်၊ ဘာကိစ္စရှိလို့လဲ။"

စုန့်ဝူ မေးလိုက်သည်။ သူက လိုကျစ်ကွေ့ရဲ့ လက်အောက်ငယ်သား မဟုတ်ဘဲ ရင်းနှီးတဲ့ မိတ်ဆွေတစ်ယောက်မို့လို့ လွတ်လွတ်လပ်လပ်ပဲ ပြောလိုက်သည်။

လိုကျစ်ကွေ့ ပြုံးလိုက်သည်။

"ငါ ခုတလော စုန့်ချီးအကြောင်း မမေးဖြစ်ဘူး။ ဒီနေ့ စစ်ပွဲအခြေအနေကို စောင့်ကြည့်ရင်း သတိရသွားလို့ လှမ်းခေါ်လိုက်တာ။ စုန့်ချီး နေကောင်းလား။"

"နေကောင်းပါတယ်။ စုန့်ချီးက စစ်တပ်ထဲမှာ ရှိနေတာပဲ။ ရက်နည်းနည်းနေရင် စစ်သေနာပတိချုပ်နဲ့ တွေ့ရတော့မှာပါ။"

"အင်း... ဘာမှမဖြစ်ရင် ပြီးတာပါပဲ။"

"စုန့်ချီးက သိုင်းပညာတော်ပါတယ်။ ဘာမှမဖြစ်နိုင်ပါဘူး။ စစ်သေနာပတိချုပ် စိတ်မပူပါနဲ့။"

"ဖန်းထန်တော့ ဒုက္ခရောက်နေပြီ။"

လိုကျစ်ကွေ့ ရုတ်တရက် စကားလမ်းကြောင်း လွှဲလိုက်သည်။

စုန့်ဝူ လန့်သွားသည်။

"ဖန်းထန်?"

လိုကျစ်ကွေ့ ခေါင်းညိတ်လိုက်ပြီး အသံနှိမ့်ကာ ပြောလိုက်သည်။

"သေချာတော့ မသိရသေးဘူး။ စုံစမ်းနေတုန်းပဲ။"

"ဘာသတင်းလဲ။"

"ဖန်းထန်ကို ရှဲ့ဝမ်ယွမ် ဖမ်းသွားတယ်လို့ ကြားတယ်။"

စုန့်ဝူ မျက်လုံးပြူးသွားသည်။

"သတင်းမှားတာလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် စုံစမ်းခိုင်းထားတယ်။ တကယ်လို့ ဖန်းထန် အဖမ်းခံရရင် အနက်ရောင်နှင်းခဲမြင်းတပ် လာနေတဲ့သတင်း ပေါက်ကြားသွားပြီပေါ့။"

"ပေါက်ကြားသွားရင် ဘယ်လိုလုပ်မလဲ။"

"ပေါက်ကြားသွားရင် အနက်ရောင်နှင်းခဲ မြင်းတပ်ကို ပြန်လှည့်ခိုင်းရမှာပေါ့။ တခြားနည်းလမ်း ရှာရတော့မယ်။ တော်သေးတာပေါ့။ အချိန်မီ သိလိုက်ရလို့။"

"ဖန်းထန် အဖမ်းခံရတယ်ဆိုတာ ဘယ်ကကြားတာလဲ။"

"မင်းကို ဖန်းထန်အကြောင်း မေးတုန်းက မတွေ့ဘူးလို့ ပြောတယ်မလား။ အဲဒီတုန်းက ငါ သံသယဝင်သွားတာ။ ဖန်းထန်နဲ့ စုန့်ချီးက ရှေ့ဆင့်နောက်ဆင့် ထွက်သွားကြတာလေ။ အတူတူ ပြန်ရောက်သင့်တာပေါ့။"

"ဒါကြောင့် စစ်သေနာပတိချုပ်က စုံစမ်းခိုင်းလိုက်တာလား။"

"အင်း... မင်းကို ကျေးဇူးတင်ရမယ်။ မင်းပြောလိုက်လို့သာ ငါ သတိထားမိပြီး စုံစမ်းခိုင်းလိုက်တာ။ ဘာပဲဖြစ်ဖြစ် ဒီကိစ္စအတွက် မင်းကို ဆုချရမယ်။"

စုန့်ဝူ မျက်နှာပျက်သွားသည်။ ချက်ချင်း ပြန်ကောင်းသွားသော်လည်း လိုကျစ်ကွေ့ သတိထားမိလိုက်သည်။ အခြေအနေပြောင်းသွားရင် လိုကျစ်ကွေ့ဘက် ပြန်ပါလာမလားလို့ ကြောက်နေတာဖြစ်မယ်။

စုန့်ဝူ မတ်တတ်ရပ်ပြီး လိုကျစ်ကွေ့နား တိုးကပ်လာကာ တိုးတိုးလေး မေးလိုက်သည်။

"ဘယ်လို စုံစမ်းမလဲ။"

"ငါ့နည်းငါ့ဟန် ရှိပါတယ်။ မပူပါနဲ့။"

"ဖန်းထန် ဘာမှမဖြစ်ပါစေနဲ့။"

"ငါလည်း ဆုတောင်းပါတယ်။ ကဲ... မင်း ဒဏ်ရာ မသက်သာသေးဘူးမလား။ သွားနားတော့။"

လိုကျစ်ကွေ့ လက်ဝှေ့ယမ်းပြလိုက်သည်။

စုန့်ဝူ ဦးညွှတ်ပြီး ထွက်ခွာသွားသည်။

"ယင်းတျန့် ဝင်လာခဲ့။"

လိုကျစ်ကွေ့ အော်ခေါ်လိုက်သည်။

ယင်းတျန့် ဝင်လာသည်။

"စုန့်ဝူနောက်ကို လိုက်သွား။"

လိုကျစ်ကွေ့ တိုးတိုးလေး အမိန့်ပေးလိုက်သည်။

ယင်းတျန့် အံ့သြသွားသည်။

"ဘာပဲမြင်မြင် လှုပ်ရှားမှုမပြနဲ့။ သတိထားနော်။ မင်းလိုက်နေမှန်း မသိစေနဲ့။"

"ဟုတ်ကဲ့။"

ယင်းတျန့် ထွက်ခွာသွားသည်။

.....

နဉ်ရှောင်ယောင်း အိပ်ဆောင်ထဲတွင် ထိုင်နေသည်။ သူမရှေ့တွင် ပိန်ပါးသော ကြောင်ကျားလေးတစ်ကောင် ရှိနေသည်။

"ဒါ နင့်သူငယ်ချင်းသစ်လား။"

နဉ်ရှောင်ယောင်း လောင်တကို မေးလိုက်သည်။

"ဟွာဟွာလို့ ခေါ်တယ်။ အန်းယွမ်ကနေ မြို့တော်ကို အစာလာတောင်းစားတာ။"

"ဟွာဟွာ၊ ငါက ရှောင်ယောင်းပါ။"

နဉ်ရှောင်ယောင်း လက်ကမ်းပေးလိုက်သည်။

ဟွာဟွာ နဉ်ရှောင်ယောင်းကိုကြည့်ပြီး နှုတ်ခမ်းသပ်လိုက်သည်။ လက်ဖဝါးပေါ် လက်တင်ပေးလိုက်သည်။

"မင်္ဂလာပါ ရှောင်ယောင်း။ ငါက ဟွာဟွာပါ။"

"ဟင်... လက်ထဲမှာ ဆူးစူးနေတာလား။"

နဉ်ရှောင်ယောင်း ဟွာဟွာ၏လက်ကို ကိုင်လိုက်သည်။ အစိမ်းရောင် အလင်းတန်းလေးတစ်ခု လက်ထဲ ဝင်ရောက်သွားသည်။

"ဘာဖြစ်လို့လဲ။"

ဟွာဟွာ မေးလိုက်သည်။

"ပြေးကြည့်ပါလား။"

နဉ်ရှောင်ယောင်း ဟွာဟွာ၏ ခေါင်းကို ပုတ်လိုက်သည်။

ဟွာဟွာ ပြေးကြည့်လိုက်သည်။ လမ်းလျှောက်ရင် နာနေတတ်တဲ့ ခြေထောက်က မနာတော့ဘူး။ ခြေထောက်ကို မြှောက်ကြည့်လိုက်တော့ ဆူးမရှိတော့ဘူး။ ဟွာဟွာ ပျော်လွန်းလို့ အမြီးကို ပြန်လိုက်ကိုက်နေသည်။

ဟွာဟွာ ပျော်နေတာကို ကြည့်ပြီး လောင်တ သက်ပြင်းချလိုက်သည်။

"အမြီးကို နောက်မှ ကိုက်။ အခု ရှောင်ယောင်းကို ပြောပြစရာရှိတာ ပြောပြလိုက်။"

"ဘာကိစ္စလဲ။"

နဉ်ရှောင်ယောင်း မေးလိုက်သည်။

လောင်တ နဉ်ရှောင်ယောင်းကို ကုတ်လိုက်သည်။

"အလုပ်ကိစ္စ ပြောမလို့။"

ဟွာဟွာ နဉ်ရှောင်ယောင်းရှေ့တွင် ထိုင်လိုက်ပြီး ပြောလိုက်သည်။

"ရှောင်ယောင်း၊ အန်းယွမ်ကနေ မြို့တော်ကို စစ်တပ်လာတာ မတွေ့ဘူး။"

နဉ်ရှောင်ယောင်း (⊙_⊙;)

ပြတင်းပေါက်ဘောင်ပေါ်တွင် နားနေသော အဘိုးစာကလေးနှင့် ရှောင်မိုက်တို့ စိတ်ပူသွားကြသည်။ စားပွဲပေါ် ပျံဆင်းလာကြသည်။

"စစ်သေနာပတိချုပ်က ပြောတယ်လေ။ အနက်ရောင်နှင်းခဲမြင်းတပ်က အရပ်သားတွေလို ဝတ်ပြီးလာမှာတဲ့။ ဟွာဟွာ သတိမထားမိတာ ဖြစ်မှာပါ။ ကျွိ..."

ရှောင်မိုက်က ပြောလိုက်သည်။

ဟွာဟွာ ခေါင်းကုတ်လိုက်သည်။

"ဟုတ်လား။ ဒါပေမဲ့ မြင်းတွေကရော အရပ်သားမြင်းတွေလို ဝတ်ထားမှာလား။"

နဉ်ရှောင်ယောင်းနှင့် တိရစ္ဆာန်သူငယ်ချင်းများ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြသည်။ ဒါတော့ ခက်မယ်။

"မင်း အနက်ရောင်နှင်းခဲ မြင်းတပ်က မြင်းတွေကို သိလို့လား။"

အဘိုးစာကလေး မေးလိုက်သည်။

"သိတာပေါ့။ ငါ့အမေက အဲဒီမြင်းဇောင်းမှာ ငါ့ကို မွေးခဲ့တာလေ။ မြောင်..."

နဉ်ရှောင်ယောင်း တွေးလိုက်သည်။ စစ်မြင်းဇောင်းမှာ မွေးတဲ့ ကြောင်တစ်ကောင်ပဲ။ (အခုအချိန်မှာ ဒါကို တွေးနေရသေးလား။)

"မင်း မတွေ့တာ ဖြစ်နိုင်မလား။"

အဘိုးစာကလေး ထပ်မေးလိုက်သည်။

ဟွာဟွာ ခေါင်းခါလိုက်သည်။

"မြို့တော်ထဲက လမ်းတွေအကုန် ငါ ရောက်ဖူးတယ်။ စစ်မြင်းကြီးတွေ မတွေ့ပါဘူး။"

"မြို့တော်ကို မရောက်သေးတာလား။"

နဉ်ရှောင်ယောင်း ခန့်မှန်းလိုက်သည်။

"စစ်သေနာပတိချုပ်က သုံးရက်ကြာရင် ရောက်မယ်လို့ ပြောတာလေ။ အခုဆို မြို့တော်နား ရောက်နေသင့်ပြီ။"

အဘိုးစာကလေးက ပြောလိုက်သည်။

"ဟွာဟွာတင် မကဘူး။"

လောင်တ စိတ်ဓာတ်ကျစွာ ပြောလိုက်သည်။

"ငါ အန်းယွမ်ကလာတဲ့ ကုန်သည်မြင်းတွေ၊ လားတွေ၊ ကြက်တူရွေးတစ်ကောင်ကိုပါ မေးကြည့်ပြီးပြီ။ ဘယ်သူမှ အနက်ရောင်နှင်းခဲမြင်းတပ်ကို မတွေ့ဘူးတဲ့။ မြောင်..."

ရက်စက်တဲ့ အမှန်တရားကို ရင်ဆိုင်လိုက်ရတော့ နဉ်ရှောင်ယောင်း စကားမပြောချင်တော့ပေ။

"သွားပြီ။"

ရှောင်မိုက်အတောင်ပံခတ်ရင်း အော်လိုက်သည်။

"စစ်သေနာပတိချုပ် အလိမ်ခံလိုက်ရပြီ။"

"အဆိပ်သောက်တာရော၊ ဓားထိုးခံရတာရော အလကားဖြစ်ကုန်ပြီ။"

နဉ်ရှောင်ယောင်း တွေဝေငေးငိုင်နေသည်။

"ဘယ်လိုလုပ်မလဲ။"

"စစ်သေနာပတိချုပ်ကို မြန်မြန်သွားပြောလေ။"

လောင်တ တိုက်တွန်းလိုက်သည်။

"ငါ သွားပြောရုံနဲ့ အနက်ရောင်နှင်းခဲမြင်းတပ် ရောက်လာမှာမို့လို့လား။"

"အနည်းဆုံးတော့ စစ်သေနာပတိချုပ်က နင့်ထက် ဉာဏ်ကောင်းတယ်။ နည်းလမ်းရှာတွေ့မှာပါ။ မြောင်..."

နဉ်ရှောင်ယောင်း လောင်တကို မျက်စောင်းထိုးလိုက်သည်။ လက်ဖဝါးကို ကုတ်ရင်း သက်ပြင်းချလိုက်သည်။

"ငါ ဝမ်းနည်းစရာ အမှန်တရားတစ်ခု တွေ့လိုက်တယ်။"

"ဘာလဲ။"

တိရစ္ဆာန်သူငယ်ချင်းများ ဝိုင်းမေးလိုက်ကြသည်။

"အမတ်ချုပ်ကြီးက စစ်သေနာပတိချုပ်ရဲ့ ကံဆိုးမိုးမှောင်ကျသူပဲ။ စစ်သေနာပတိချုပ်က အမတ်ချုပ်ကြီးလက်ထဲမှာ နှစ်ခါတောင် ခံလိုက်ရပြီ။ ဒီတစ်ခါလွတ်သွားရင်တောင် နောက်တစ်ခါ ထပ်ခံရဦးမှာပဲ။"

တိရစ္ဆာန်သူငယ်ချင်းများ... ဝမ်းနည်းစရာ ကောင်းလိုက်တာ။

"အမွှေးမထောင်နဲ့။ အမွှေးထောင်လည်း ဒါ အမှန်တရားပဲ။"

နဉ်ရှောင်ယောင်း လောင်တကို လက်ညှိုးထိုးပြလိုက်သည်။

လောင်တ စိတ်ဓာတ်ကျပြီး ကြမ်းပြင်ပေါ် လူးလှိမ့်နေသည်။

"ရှောင်ယောင်း၊ အခု ဘယ်လိုလုပ်မလဲ။"

အဘိုးစာကလေး မေးလိုက်သည်။

နဉ်ရှောင်ယောင်း ခေါင်းကုတ်လိုက်သည်။

"ကံတရားက ငါ့ကို ပြောနေတယ်။ အမတ်ချုပ်ကြီးနဲ့ယှဉ်ရင် စစ်သေနာပတိချုပ်ကို လွှတ်ပေးလို့ မရဘူးတဲ့။"

"စစ်သေနာပတိချုပ်က ခွေးမို့လို့ လွှတ်ပေးရမှာလား။"

လောင်တ ဒေါသထွက်သွားသည်။

"ဝုတ်..."

ပိုင်ရှောင်ဖန့် ပြေးဝင်လာသည်။

နဉ်ရှောင်ယောင်းနှင့် တိရစ္ဆာန်သူငယ်ချင်းများ သက်ပြင်းချလိုက်ကြသည်။ ဒီကောင်က သူ့ကိုယ်သူ ဝံပုလွေလား၊ ခွေးလား မသဲကွဲသေးဘူး။

နဉ်ရှောင်ယောင်း နဖူးကို ရိုက်လိုက်သည်။ ပိုင်ရှောင်ဖန့်အကြောင်း တွေးနေရမယ့်အချိန် မဟုတ်ဘူး။ နည်းလမ်းရှာရမယ်။

.....

ထိုက်ဟွာနန်းဆောင် အနောက်ဘက် နံရံအပြင်ဘက်ရှိ ပလေစန်ပင်ပေါ်တွင် ယင်းတျန့် ပုန်းနေသည်။ သစ်ရွက်များ ထူထပ်နေသဖြင့် အောက်ကမော့ကြည့်ရင်တောင် မမြင်ရပေ။

ပလေစန်ပင်နှင့် မလှမ်းမကမ်းတွင် စုန့်ဝူနှင့် မိန်းမစိုးတစ်ဦး စကားပြောနေကြသည်။

"မင်း ငါ့ကို လာမရှာသင့်ဘူး။"

ယင်းတျန့် တစ်ခါမှမမြင်ဖူးသော မိန်းမစိုးက စုန့်ဝူကို အပြစ်တင်လိုက်သည်။

"လိုကျစ်ကွေ့က ဖန်းထန် ပျောက်နေတယ်လို့ သံသယဝင်နေပြီ။ အနက်ရောင်နှင်းခဲမြင်းတပ်ကိစ္စ အတုဆိုတာ သိသွားရင် သူ လက်လျှော့ပြီး တခြားနည်းလမ်း ရှာလိမ့်မယ်။ ပြီးတော့ သူ့လေသံကို ကြည့်ရတာ ပြင်ဆင်ထားပုံရတယ်။"

မိန်းမစိုး စုန့်ဝူကို ကြည့်နေသည်။

စုန့်ဝူ သက်ပြင်းချလိုက်သည်။

"ဒီအခြေအနေရောက်မှတော့ လိမ်ပြောနေစရာ အကြောင်းမရှိပါဘူး။"

"ဘယ်သူ့ကြောင့် လိုကျစ်ကွေ့ သံသယဝင်သွားတာလဲ။"

"ငါ့ကြောင့်ပါ။ ငါ စကားမှားပြောမိလို့။"

ဖန်းထန်ကို တွေ့လားမေးတုန်းက စုန့်ချန်းနဲ့ ဖန်းထန် ရှေ့ဆင့်နောက်ဆင့် ထွက်သွားကြတာလို့ ဖြေလိုက်မိတာကိုပြောပြရင် လိုကျစ်ကွေ့ ထောင်ချောက်ဆင်မှန်း သိသွားမှာပါ။ ဒါပေမဲ့ မိန်းမစိုးက အကြောင်းရင်းကို စိတ်မဝင်စားဘဲ ခေါင်းညိတ်ကာ ထွက်ခွာသွားသည်။

သစ်ပင်ပေါ်မှ ခိုနှစ်ကောင် ညည်းတွားသံပြုပြီး အိပ်ဆောင်ဘက်သို့ ပျံသန်းသွားကြသည်။

စုန့်ဝူတစ်ယောက်တည်း ရပ်ကျန်ခဲ့သည်။ ခဏကြာမှ လှည့်ထွက်သွားပြီး ထိုက်ဟွာနန်းဆောင်ဘက်သို့ လျှောက်သွားသည်။

ယင်းတျန့် စုန့်ဝူကို ဒေါသတကြီး ကြည့်နေသည်။ စုန့်ဝူ ဝေးသွားမှ သစ်ပင်ပေါ်မှ ဆင်းပြီး မျှော်စင်ပေါ်သို့ ပြေးသွားသည်။

နဉ်ရှောင်ယောင်း အခန်းထဲတွင် ခေါင်းကိုက်နေစဉ် ခိုနှစ်ကောင် ပျံဝင်လာသည်။ စုန့်ဝူနှင့် မိန်းမစိုး ပြောစကားများကို ပြန်ပြောပြလိုက်သည်။

"သွားပြီ..."

နဉ်ရှောင်ယောင်း စိတ်ပျက်သွားသည်။ အနက်ရောင်နှင်းခဲမြင်းတပ် ရုပ်ဖျက်ပြီးလာတာဆိုတော့ တိရစ္ဆာန်သူငယ်ချင်းတွေ သတိမထားမိတာ ဖြစ်နိုင်တယ်လို့ မျှော်လင့်နေသေးတာ။ အခုတော့ မျှော်လင့်ချက် မရှိတော့ဘူး။ အနက်ရောင်နှင်းခဲမြင်းတပ် ရောက်မလာတော့ဘူး။

"ရှောင်ယောင်း၊ ယင်းတျန့်လည်း ခိုးနားထောင်နေတယ်။"

ခိုတစ်ကောင်က ပြောလိုက်သည်။

"ယင်းတျန့်ရော။ စုန့်ဝူကို သွားရိုက်ပြီလား။"

ငါသာဆိုရင် ဒီသစ္စာဖောက်ကို အသေသတ်မိမှာ။

"ရှောင်ယောင်း၊ ယင်းတျန့်က မျှော်စင်ပေါ်က စစ်သေနာပတိချုပ်ဆီ သွားတယ်။"

စာကလေးတစ်ကောင် ပြတင်းပေါက်ဘောင်ပေါ်က လှမ်းပြောလိုက်သည်။

"ဟာ... စစ်သေနာပတိချုပ် သိသွားပြီ။ ငါသွားပြီး စစ်သေနာပတိချုပ် ဘာလုပ်မလဲ နားထောင်လိုက်ဦးမယ်။"

လောင်တ ပြေးထွက်သွားသည်။

ဟွာဟွာ လောင်တနောက် လိုက်မလို့ လုပ်ပေမယ့် နဉ်ရှောင်ယောင်းကို ကြည့်ပြီး ပြန်လှည့်လာသည်။

"ဘာဖြစ်လို့လဲ။"

"ရှောင်ယောင်း၊ ငါ့သခင် လုပ်ပေးလို့ ရမလား။"

အသက်ရှင်မလား၊ သေမလား မသေချာပေမယ့် နဉ်ရှောင်ယောင်း ခေါင်းညိတ်လိုက်သည်။

"ရပါတယ်။"

ကြောင်တစ်ကောင်လောက်တော့ အစာကျွေးနိုင်ပါတယ်။

***

All Chapters