← Chapters

သူဘယ်လောက်သန်မာလဲ မင်းသိလား?

Vol. 28 Ch. 370

သူဘယ်လောက်သန်မာလဲ မင်းသိလား?

Vol. 28 Ch. 370

အသင်္ချေဓားဂိုဏ်းအပြန်လမ်း၌ သူက အခြေခံတည်ဆောက်ခြင်းအဆင့် ၉ ကို အခြေခိုင်အောင်လုပ်နိုင်ခဲ့၏။

ယခု အမြုတေဖွဲ့စည်းခြင်းအဆင့်ကိုချိုးဖျက်ဖို့ စိတ်ဝိညာဥ်ဆေးလုံးသာလိုအပ်တော့၏။

သို့ပေမယ့် တိမ်စိမ်းဂိုဏ်း၌ ဤကဲ့သို့ဆေးလုံးမျိုး ဘယ်ကရနိုင်မည်နည်း။

သူက ကုန်ကြမ်းအချို့ရှာပြီး ကိုယ်တိုင်သန့်စင်ရမည်ဖြစ်သည်။

ထိုက်ယင်ဝိညာဥ်ကျမ်း၌ အမြုတေဖွဲ့စည်းခြင်းအတွက် အကောင်းဆုံးစိတ်ဝိညာဥ်ဆေးလုံးမှာ ချင်းရှုဆေးလုံးဖြစ်၏။

သာမန် အမြုတေဖွဲ့စည်းခြင်းအဆင့် ချိုးဖျက်ခြင်းဆေးလုံးတွေက အဆင့် ၃ သာဖြစ်၏။

သို့ပေမယ့် ချင်းရှုဆေးလုံးကတော့ အဆင့် ၄ အဆင့်မြင့် ဆေးလုံးတစ်လုံးဖြစ်၏။

သောက်သုံးလိုက်လျှင် အခြေခံတည်ဆောက်ခြင်းအဆင့် ၉ သိုင်ပညာရှင်တစ်ယောက်ကို အမြုတေဖွဲ့ဖို့ ၁၀၀ ရာခိုင်နှုန်း အာမခံချက်ရှိ၏။

ပိုပြီး ကောင်းကင်ကိုဆန့်ကျင်နေတာက ၎င်းဆေးလုံးဟာ အမြုတေဖွဲ့စည်းခြင်းအဆင့် ၂ကို တိုက်ရိုက်ချိုးဖျက်ဖို့ အခွင့်ရေးရှိိနေတာပဲဖြစ်သည်။

ဂျန်ဖန်း အမြုတေဖွဲ့စည်းခြင်းအဆင့်ချိုးဖျက်တော့မည်ဆိုကတည်းက သူက သဘာဝအတိုင်းအကောင်းဆုံးစိတ်ဝိညာဥ်ဆေးလုံးကိုပြင်ဆင်ထားချင်၏။

"ဆရာ, အရောင်ခုနှစ်မျိုးဆန်းကြယ်ရေခဲနဲ့ လေဟာနယ်ကြာပန်းကို ကျွန်တော်ဘယ်ကရနိုင်မလဲ...."

ထိုအရာတွေက ချင်းရှုဆေးလုံးအတွက် အဓိကပါဝင်ပစ္စည်းတွေပဲဖြစ်သည်။

၎င်းတို့က အခြားပါဝင်ပစ္စည်းတွေဖြင့် အစားထိုးလို့မရပေ။

ဤအရာကိုကြားသည့်အခါ လျိုဝူချန်း အံ့အားသင့်သွား၏။

"မင်း အဲ့တာတွေ ဘာအတွက်လိုတာလဲ..."

"အဲ့ပစ္စည်းတွေက ဂိုဏ်း ၉ ဂိုဏ်းမှာ ရှားပါးပစ္စည်းတွေပဲ...."

ဂျန်ဖန်း တက်ကြွသွား၏။

လေသံအရ လျိုဝူချန်း ထိုပစ္စည်း ၂ မျိုးကိုမြင်ဖူးတာ သိသာ၏။

ဤပစ္စည်းတွေက အလွန်ရှားပါးသည့်ပစ္စည်းတွေဖြစ်၍ အစက သူအများကြီးမျှော်လင့်မထားပေ။

"တပည့် အဲ့ပစ္စည်းတွေသုံးပြီး ခွန်အားမြှင့်တင်ချင်လို့ပါ...."

လျိုဝူချန်း သံသယမရှိပေ။

အဘယ်ကြောင့်ဆိုသော် ဤအရာတွေက ကောင်းကင်နှင့်မြေကြီးရတနာတွေဖြစ်သောကြောင့်ပင်။

သိုင်းပညာရှင်တွေအတွက် အကျိုးကျေးဇူးများ၏။

ထို့ကြောင့် လျို့ဝှက်မထားပဲ ပြောလိုက်သည်။

"လေဟာနယ်ကြာပန်းက ဂိုဏ်း ၉ ဂိုဏ်းနယ်မြေတစ်ခုလုံးမှာ တစ်ပွင့်ပဲရှိတယ်။ ပြီးတော့ အဲ့တာက ဧရာမဂိုဏ်းချုပ်လက်ထဲမှာ...."

"မင်းအတွက် အဲ့တာရဖို့က အတော်ခက်ခဲလိမ့်မယ်...."

ဂျန်ဖန်းနှင့် ဧရာမဂိုဏ်းဆက်သွယ်ရေးအရ ဧရာမဂိုဏ်းချုပ်ဘယ်လိုလုပ် ဂျန်ဖန်းကိုပေးမည်နည်း။

ထိုအရာကိုကြားသည့်အခါ ဂျန်ဖန်းမျက်နှာ ခက်ခဲ့သည့်အမူအရာပြသလာ၏။

ဘာကြောင့်လူအားလုံးထဲမှာမှ သူ့လက်ထဲမှာရှိနေရသနည်း။

"အရောင်ခုနှစ်မျိုးဆန်းကြယ်ရေခဲကကော..."

ဂျန်ဖန်း နောက်တစ်ကြိမ်မေးလိုက်သည်။

တစ်ချိန်ကို ကိစ္စတစ်ခုပဲလုပ်ကြတာပေါ့။

လျိုဝူချန်းအမူအရာ အနည်းငယ်ပျော့ပျောင်းသွား၏။

"အရောင် ၇ မျိုးကြာပန်းက နည်းနည်းပိုလွယ်တယ်..."

"မြင့်မြတ်ဂိုဏ်းနဲ့ ဧရာမဂိုဏ်းနယ်စပ်မှာ ၇ ရောင်ခြယ်မိုင်းတွင်းတစ်ခုရှိတယ်...."

"အဲ့မိုင်းတွင်းက ၇ ရောင်ခြယ်ကျောက်တုံးတွေထွက်ပြီး ရံဖန်ရံခါ ၇ ရောင်ခြယ်ဆန်းကြယ်ရေခဲတွေ တွေ့ရတတ်တယ်...."

"မင်း အဲ့မှာ ကံစမ်းကြည့်လို့ရတယ်...."

ပြောပြီးနောက်...

သူက ခါးရှိကျောက်စိမ်းပြားတစ်ခုဖြုတ်ပြီး ပြောလိုက်သည်။

"အဲ့ဒီမိုင်းတွင်းကို ဂိုဏ်း ၉ ဂိုဏ်းက ခွဲဝေထားတယ်...."

"ငါတို့တိမ်စိမ်းဂိုဏ်းတပည့်တွေရဲ့ယာယီစခန်းလည်း အဲ့မှာရှိတယ်...."

"မင်း ငါ့ကျောက်စိမ်းပြားကိုယူသွားပြီး သူတို့ဆီအကူအညီတောင်းနိုင်တယ်..."

ဂျန်ဖန်း ဝမ်းမြောက်စွာပဲလက်ခံလိုက်၏။

သူက လျိုဝူချန်းနှင့် အကြီးအကဲများစွာကို လေးလေးစားစားနှုတ်ဆက်လိုက်၏။

ထို့နောက် တပည့်တွေကြားထဲရှိ ရှုရို့ရန်နှင့် ချန်းစီလင်တို့ကို နှုတ်ဆက်လိုက်၏။ သူမမျက်လုံးထဲ၌ ချစ်ခင်စိတ်တွေနှင့်ပြည့်နှက်နေခဲ့သည်။

သူထွက်သွားတော့မည့်အချိန်မှာပဲ....

ဝမ်ဟုန်ယောင် ရုတ်တရက် နားတွေလှုပ်သွားပြီး တစ်ခုခုကို ကြားလိုက်သလိုပင်။

သူမအမူအရာ ရုတ်တရက် တောင့်တင်းသွားပြီး အလျှင်အမြန်ပဲ ပြောလိုက်သည်။

"ဂျန်ဖန်း, တောင်ခြေမှာခဏစောင့်အုန်း...."

"ငါ့မှာ မင်းကို အကူအညီတောင်းစရာကိစ္စတစ်ခုရှိတယ်...."

ဟမ်?....

လျိုဝူချန်းနှင့် အကြီးအကဲများစွာ ပဟေဠိဖြစ်သည့်အမူအရာပြသလာ၏။

ဘာကိစ္စမို့ ပွင့်ပွင့်လင်းလင်းမပြောနိုင်ပဲ ဤလောက်ထိ လျို့ဝှက်နေရသနည်း။

ဂျန်ဖန်းလည်း ပဟေဠိဖြစ်သွား၏။

သူက ဧရာမဂိုဏ်း ရှေ့တန်းကိုသွားတော့မည်ဖြစ်သည်။

ဘာများကူညီနိုင်မည်နည်း။

သို့ပေမယ့်, ဝမ်ဟုန်ယောင် တောင်းဆိုမှုဖြစ်၍ အရမ်းကြီးမခက်ခဲသရွေ့ သဘာဝအတိုင်း ငြင်းဆန်မည်မဟုတ်ပေ။

"ဟုတ်ကဲ့, အကြီးအကဲဝမ်...."

ထိုအချိန်၌...

လင်ယုဟွမ် တိမ်စိမ်းမြို့မှ ထွက်ခွာလာခဲ့ပြီဖြစ်သည်။

သူမက လမ်းတစ်လျှောက်လုံး၌ တိတ်ဆိတ်နေခဲ့၏။

ထောင့်ကွေးတစ်ခုအရောက် တိမ်စိမ်းမြို့မြင်ကွင်းအတွင်း၌ မရှိတော့သည့်အခါ...

သူမနောက်ထပ်မထိန်းထားနိုင်တော့ပဲ လမ်းဘေးရှိကျောက်တုံးတစ်ခုကိုမှီကာ "အော့"ဆိုသည့်အသံတစ်ခုနှင့် သွေးအန်လိုက်ရ၏။

လက်ပြင်ရိုးမှနာကျင်မှုက သူမကိုပိုလို့တောင် မျက်နှာရှုံ့မဲ့သွားစေခဲ့သည်။

သူမလက်ပြင်ရိုးနီရဲ ရောင်ကိုင်းနေတယ်ဆိုတာ ကြည့်စရာမလိုပဲ သိနိုင်တာဖြစ်သည်။

"အဲ့ဒီခွေးကောင်, ဒီလောက်ထိတောင် အားပြင်းပြင်းတိုက်ခိုက်ရလား.... ဟစ်..."

လင်ယုဟွမ် အနည်းငယ်စိတ်ပျက်သည့်အမူအရာနှင့် ပြောလိုက်၏။

ဂျန်ဖန်း သူမလက်ပြင်ရိုးကိုထိုးလိုက်သည့်အခါမှသာ ဘယ်လောက်နာကျင်ရမှန်းသိလိုက်ရတာဖြစ်သည်။

ကောင်းကင်ဘုံစက်ယန္ဒယားခန်းမ အထူးတာဝန်ခံဆိုသည့် ပုံရိပ်ကြောင့်သာမဟုတ်လျှင် သူမက နေရာတင်ပဲ နာကျင်မှုကြောင့် အော်ဟစ်လိုက်ပြီဖြစ်သည်။

လမ်းတစ်လျှောက်ထိန်းလာရပြီး အနားဘယ်သူမှမရှိသည့်အခါမှသာ နောက်ဆုံး သွေးအန်နိုင်တာပဲဖြစ်သည်။

"ဖူး...."

ရမ်ချင်းစု လမ်းတစ်လျှောက်သူမဆရာ၏ ထူးဆန်းသည့်အမူအရာကို သတိထားမိ၏။

သူမက အလျှင်အမြန်လျှောက်လာပြီး စကားတစ်ခွန်းမှမပြောခဲ့ပေ။

ထိုလူထူးဆန်းလေး ဂျန်ဖန်းကြောင့် ဒဏ်ရာရသွားပြီး ထုတ်မပြရဲတာဖြစ်နိုင်၏။

လက်စသတ်တော့ သူမထင်တာမှန်နေခဲ့သည်။

သူမ ပါးစပ်ကိုကာလိုက်ပြီး မနေနိုင်ပဲ ရယ်လိုက်၏။

အခု ဂျန်ဖန်းဘယ်လောက် ပုံမှန်မဟုတ်လဲ ဆရာနားလည်သွားပြီမလား?...

နောက်တစ်ကြိမ် ဂျန်ဖန်းလက်သီးချက်ကို ငြိမ်ပြီးခံရဲအုန်းမလား ကြည့်ရသေးတာပေါ့....

လင်ယုဟွမ် သူမကို ရှက်ရွံ့စွာဖြင့် စိုက်ကြည့်လိုက်သည်။

"နင့်မှာ ကုသဆေးမရှိဘူးလား, တာဝန်မကျေတဲ့တပည့်...."

ရမ်ချင်းစု ရယ်ချင်စိတ်ကိုချုပ်တည်းကာ ကုသဆေးတစ်လုံးထုတ်ပေးပြီး လှောင်ပြောင်လိုက်သည်။

"ဆရာ, နင့်ရဲ့အမြုတေဖွဲ့စည်းခြင်းနှောင်ပိုင်းအဆင့်နဲ့ ဂျန်ဖန်းတိုက်ကွက်တစ်ခုကိုတောင် တောင့်မခံနိုင်ဘူးလား..."

လင်ယုဟွမ် သူမကို ဒေါသတကြီးစိုက်ကြည့်လိုက်သည်။

တိမ်စိမ်းဂိုဏ်းမှာ အရှက်ရခဲ့တာက ကိစ္စတစ်ခုဖြစ်ပြီး....

ယခု တပည့်ရှေ့မှာလည်း သူမကိုယ်သူမ အရူးဖြစ်စေမိပြီဖြစ်သည်။

သူမက ရမ်ချင်းစုနဖူးကိုရိုက်ပြီး ပြောလိုက်သည်။

"အမြုတေဖွဲ့စည်းခြင်းနှောင်ပိုင်းအဆင့်ဆိုပေမယ့် ငါလည်း အသွေးနဲ့အသားနဲ့ပဲလေ...."

"ဂျန်ဖန်း လက်သီးချက်ဘယ်လောက်အားပြင်းလဲ နင်စိတ်ကူးကြည့်နိုင်မှာမဟုတ်ဘူး...."

"ငါ့အထင် အမြုတေဖွဲ့စည်းခြင်းအဆင့် ၃ ကိုတောင် လက်သီးတစ်ချက်တည်းနဲ့ သတ်နိုင်မယ်ထင်တယ်...."

ဘာ?....

ရမ်ချင်းစု ချက်ချင်းပဲ ရယ်နေတာရပ်သွား၏။

မနေ့ည သူမတို့တိုက်ခိုက်ခဲ့တာကိုပြန်တွေးပြီး တစ်ကိုယ်လုံးတုန်ယင်သွားခဲ့သည်။

"ငါ မသေပဲလွတ်မြောက်လာတာ တကယ်ကံကောင်းတာပဲ...."

အစောပိုင်း၌ သူမဘိုးဘေးတွေကောင်းချီးကြောင့်ဟု ဟာသလုပ်နေခဲ့သည်။

ယခု, သူမ သူတို့၏ကာကွယ်မှုအောက်မှာရှိနေသည်ဟု အမှန်တကယ်ခံစားရ၏။

တိုက်ပွဲသာအနည်းငယ်ပိုကြာသွားပြီး ဂျန်ဖန်း သူမကိုလက်သီးနှင့်ထိုးခဲ့လျှင်...

အခြေအနေဘယ်လောက်ဆိုးသွားမလဲဆိုတာ သူမစိတ်ကူးမကြည့်ရဲပေ။

လင်ယုဟွမ် မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။

"နင်ဘာလို့ ခုထိ သူ့ကို သွားပုပ်လွေလွင့်ပြောနေသေးတာလား...."

ရမ်ချင်းစု ခြေဆောင့်လိုက်သည်။

"ဆရာ,နင် ခုချိန်ထိ ငါ့ကိုမယုံသေးဘူးလား..."

"ငါက ဘာလို့သူ့ကို အကြောင်းပြချက်မရှိပဲ စွပ်စွဲရမှာလဲ...."

လင်ယုဟွမ် အံ့အားသင့်သွား၏။

သို့ပေမယ့် ရမ်ချင်းစုပြောတာကိုပြန်တွေးပြီး သူမခေါင်းခါယမ်းလိုက်သည်။

"ဒါ ငါ နင့်ကိုမယုံလို့မဟုတ်ဘူး...."

"နင်ပြောတာက လက်ခံနိုင်စရာကိုမရှိဘူး..."

"တော်ပြီ, ဒီကိစ္စကို နောက်ထပ်မဆွေးနွေးတော့ဘူး..."

"ငါနဲ့အတူ ၇ ရောင်ခြယ်မိုင်းတွင်းကိုလိုက်ခဲ့။ သတင်းတွေအရ အဲ့နေရာပတ်လည်မှာ အစွမ်းထက်နတ်ဆိုးတွေ ချုံခိုတိုက်ခိုက်နေတယ်တဲ့....."

"ငါတို့ အဲ့ကောင်တွေကို လမ်းမှာ သုတ်သင်သွားရမယ်...."

ရမ်ချင်းစု ဆွံ့အသွား၏။

ဘာကြောင့် လူတိုင်းက သူမကိုမယုံရသနည်း။

ဂျန်ဖန်းက တကယ်ပဲ လူထူးဆန်းလေးပင်။

ဘာကြောင့် သူမကိုမယုံကြရတာနည်း။

တောင်ခြေ၌....

ဂျန်ဖန်း ကျောက်တံခါးကိုမှီနေခဲ့သည်။

အချိန်အကြာကြီးမစောင့်လိုက်ရပေ...

ဝမ်ဟုန်ယောင် ၆ နှစ်အရွယ်ကလေးမလေးတစ်ယောက်နှင့်အတူ ရောက်လာခဲ့သည်။

သူမက မြင်းမှီးနှစ်မွာဆံပင်ပုံစံနှင့် အနက်ရောင်ဝတ်စုံဝတ်ဆင်ထားကာ မျက်လုံးထဲ၌ ခက်ထန်မှုတွေရှိနေခဲ့သည်။

ဤမိန်းခလေးက ဆေးဥယျာဥ်ကိုခိုးဝင်ခဲ့သည့် ကလေးမလေးမဟုတ်လား?...

သူမက အမြဲလိုလို ရှေးခတ်အပြင်အဆင်ကြီးနှင့်ရှိနေဆဲဖြစ်သည်။

အရွယ်ရောက်ကလေးတစ်ယောက်ကဲ့သို့ လက်နှောက်ပစ်ထားပြီး မျက်လုံးတွေက အေးစက်နေကာ အမူအရာကင်းမဲ့နေခဲ့သည်။

ဂျန်ဖန်းရယ်လိုက်၏။

"ကောင်မလေး, နောက်ဆုံးအကြိမ်အိမ်ပြန်တုန်းက နင့်မိဘတွေ နင့်ဖင်ကိုရိုက်ပြီးဆုံးမလိုက်သေးလား...."

သူက မနေနိုင်ပဲ ကလေးမလေး၏ပါးဖောင်းဖောင်းလေးကို လိမ်ဆွဲလိုက်သည်။

"လေးစားမှုရှိစမ်းပါ...."

ကလေးမလေး အံ့ကြိတ်ပြီးကလေးအသံဖြင့် ဒေါသတကြီးပြောလိုက်သည်။

ဂျန်ဖန်း မနေနိုင်ပဲ ရယ်လိုက်ပြီး သူမခေါင်းကို ပွတ်သပ်ပေးလိုက်သည်။

"မင်းက ဒီလောက်ငယ်ငယ်ရွယ်ရွယ်နဲ့ ဘာလို့ ဒေါသကြီးနေရတာလဲ..."

"သတိထားနေ, ငါမင်းမိဘတွေကိုတိုင်မှာနော်...."

ဘေးရှိဝမ်ဟုန်ယောင် ဂျန်ဖန်းအစား ချွေးအေးတွေ ပြန်လာခဲ့သည်။

ကလေးမလေးက အမှန်တကယ်ပင် သူမတို့ဆေးတောင်ထိပ်၏မြင့်မြတ်အကြီးအကဲ ချင်ဝမ်ချွမ်ဖြစ်ပြီး ပုံမှန်ဆို ဒေါသအလွန်ကြီး၏။

ဂျန်ဖန်း သူမကိုဤကဲ့သို့ရန်စနေတာ ဆူရုံဆူပြီး လက်ချိုးမပစ်ခဲ့ပေ?...

"အဟမ်း, ဂျန်ဖန်း, မင်းသူမကိုသိမှတာ့, ငါနောက်တစ်ကြိမ်မိတ်ဆက်မပေးတော့ဘူး...."

ဝမ်ဟုန်ယောင် လည်ချောင်းရှင်းပြီး ပြောလိုက်သည်။

"ငါ မင်းကို အကူအညီတောင်းချင်တဲ့ကိစ္စက...."

"သူမကို ဧရာဂိုဏ်းရှေ့တန်းကိုခေါ်သွားပေးဖို့ပဲ...."

ဘာ?...

ဂျန်ဖန်း ချင်းဝမ်ချွမ်းကိုညွှန်ပြပြီး အံ့အားသင့်စွာပြောလိုက်သည်။

"ဒီလိုကလေးတစ်ယောက်ကို ရှေ့တန်းပို့ရမယ်...."

All Chapters