← Chapters

ချွမ်းချွမ်း

Vol. 28 Ch. 371

ချွမ်းချွမ်း

Vol. 28 Ch. 371

သူက သူ့နားသူမယုံနိုင်ဖြစ်သွား၏။

ဤကဲ့သို့ကလေးငယ်တစ်ယောက်ကို ရှေ့တန်းပို့ရမည်။

ရှေးတန်းရှိသားရဲလှိုင်းကိုမပြောလိုသေးပေ။

ယခုချိန် ဧရာမဂိုဏ်း၌ ဂိုဏ်းအသီးသီးစုဝေးနေပြီး ပရမ်းပတာဖြစ်နေရာ လုံခြုံရေးက စိတ်မချရပေ။

အန္တရာယ်တစ်ခုခုတွေ့မှာ မစိုးရိမ်ဘူးလား?

ဝမ်ဟုန်ယောင် ဆွံ့အသွား၏။

ရှေ့တန်းသွားတာဘာမှားလို့နည်း။

ဘယ်သားရဲဘုရင်က မျက်စိမပါပြီး သူမကိုရန်စရဲမည်နည်း။

"မင်း သူမကို ဧရာဂိုဏ်းမြို့ကိုခေါ်သွားပေးရုံပဲ, အဲ့တာဆိုရပြီ...."

ဂျန်ဖန်းမျက်မှောင်ကြုတ်လိုက်သည်။

"သူ့မိဘတွေကကော? ကျွန်တော် သူတို့ကိုအရင်မေးချင်တယ်...."

အကြီးအကဲဝမ်က ဟာသလုပ်နေတာပင်။

"သူ့မိဘတွေက... လွန်ခဲ့တဲ့နှစ်အတော်ကြာကတည်းဆုံးသွားကြပြီ...."

ဝမ်ဟုန်ယောင် အထစ်ထစ်အငေါ့ငေါ့ပြောလိုက်သည်။

သူမ ချင်းဝမ်ချွမ်တပည့်ဖြစ်ချိန်က သူမမိဘနှစ်ပါးလုံး ဆုံးပါးသွားပြီဖြစ်သည်။

ထိုအရာက လွန်ခဲ့သည့် နှစ် ၆၀ လောက်တုန်းကဖြစ်နိုင်၏။

ဟမ်?....

ဂျန်ဖန်းအမူအရာ အနည်းငယ်ပြောင်းလဲသွားပြီး စိတ်မကောင်းဖြစ်သွား၏။

လက်စသတ်တော့ သူမက မိဘမဲ့ကလေးတစ်ယောက်ဖြစ်နေခဲ့သည်။

သူက ညင်သာစွာသက်ပြင်းချပြီး ပြောလိုက်သည်။

"အကြီးအကဲဝမ်, သူမကိုဧရာမဂိုဏ်းပို့တာ ဟိုမှာ အသိတစ်စုံတစ်ယောက်ရှိလို့လား...."

ထိုအရာအပြင် ဂျန်ဖန်းအခြားအကြောင်းအရာစဥ်းစားလို့မရပေ။

ဝမ်ဟုန်ယောင် သူမနှာခေါင်းထိပြီး ခေါင်းညိတ်လိုက်သည်။

"ဘာပဲဖြစ်ဖြစ်ပါ, မင်းအဲ့ရောက်ရင် ဘာလုပ်ရမလဲသိပါလိမ့်မယ်...."

"ကောင်းပြီလေ, ငါ သူမကို မင်းနဲ့ထားခဲ့မယ်...."

ပြောပြီးနောက် အလျှင်အမြန်လှည့်ထွက်လာခဲ့လိုက်သည်။

သူမပခုံးပေါ်ရှိ ဝန်ထုပ်ဝန်ပိုးကြီး လွတ်ချသွား၍ သက်သာယာရသွားသလိုပင်။

ကလေးမလေးကို ဤကဲ့သို့ထားခဲ့တာကြည့်ပြီး ဂျန်ဖန်း ရယ်ရမလို ငိုရမလိုဖြစ်သွား၏။

"အကြီးအကဲဝမ်, တကယ်ပဲ မင်းကိုငါနဲ့ ထားခဲ့ရဲတာပဲ...."

ကလေးမလေး လက်နှောက်ပစ်ထားပြီး နှာမှုတ်လိုက်သည်။

"သူက ငါထွက်သွားလို့ ပိုတောင်ပျော်နေအုန်းမှာ...."

"စကားများမနေနဲ့, သွားရအောင်...."

ဂျန်ဖန်း ရယ်နေတာကို မရပ်နိုင်တော့ပေ။

သူက သူမကိုပွေ့ချီပြီး လှည်းပေါ်တင်ပေးလိုက်သည်။

"ဟေး, ငါနင့်ကိုသတိပေးလိုက်မယ်။ ငါ့ကို လေးလေးစားစားဆက်ဆံပါ၊ ငါဒေါသထွက်ရင် မင်းနောင်တရသွားမယ်...."

သူမက လက်သီးသေးသေးလေးကို လေထဲမှာ ဝှေ့ယမ်းပြလိုက်သည်။

ဂျန်ဖန်း ရယ်လိုက်ပြီး လှည်းပေါ်ခုန်တက်လိုက်သည်။

ထို့နောက် လှည်းမောင်းရင်း မေးလိုက်သည်။

"အကြီးအကဲဝမ်က မင်းကိုငါ့ဆီအပ်ခဲ့မှတော့ မင်းကိုလုံလုံခြုံခြုံပို့ဆောင်ဖို့ အကောင်းဆုံးလုပ်မှာပါ...."

ကလေးမလေး နှုတ်ခမ်းစူလိုက်သည်။

"ငါကသာ နင့်ကိုကာကွယ်ပေးရမှာ..."

ဂျန်ဖန်း ဟက်ဟက်ပက်ပက်ရယ်လိုက်၏။

ကလေးမလေးက အခြားတော့မသိဘူး။ အတော်လေးပြန်ပြောတတ်သည့်ပါးစပ်တော့ရှိ၏။

သူမက အရာရာကို ပြန်ခံပြောနေခဲ့သည်။

"မင်းနာမည်ဘယ်သူလဲ...."

"ချင်းဝမ်ချွမ်...."

"ဒါကလူကြီးနာမည်ကြီး, ငါမင်းကို ချွမ်ချွမ်လို့ပဲခေါ်မယ်...."

"ချွမ်ချွမ် မင်းအသက်ဘယ်လောက်ရှိပြီလဲ...."

"ငါ့ကိုအဲ့လိုမခေါ်နဲ့, ငါဒေါသထွက်လာပြီနော်...."

"ချွမ်ချွမ်, ဧရာမဂိုဏ်းမှာ မင်းအသိရှိတာလား...."

"ချွမ်ချွမ် မင်းဘာလို့စကားမပြောတော့တာလဲ...."

"ချွမ်ချွမ်, ဘာလို့လက်သီးဆုပ်ထားတာလဲ။ အံတွေလည်းကြိတ်လို့...."

.....

ချင်းဝမ်ချွမ် အနည်းငယ် အခက်တွေ့နေ၏။

သူမအသက်က ဂျန်ဖန်း အဘွားလောက်ရှိ၏။

သို့ပေမယ့် ချွမ်ချွမ်လို့ အဆက်မပြတ်အခေါ်ခံနေရသည်။

ဤရူးချင်စရာခံစားချက်ကို မည်သူက နားလည်နိုင်မည်နည်း။

အထူးသဖြင့် ဂျန်ဖန်းက မြင့်မြတ်အကြီးအကဲများစွာ၏ အချစ်တော်ဖြစ်ပြီး ဤခရီးက ဧရာမဂိုဏ်းဆီ အလုပ်နှင့်သွားတာဖြစ်သည်။

ထို့ပြင်, သူ့အားစောင့်ရှောက်ဖို့ မြင့်မြတ်အကြီးအကဲများစွာ၏ အကြံပြုချက်လည်းဖြစ်၏။

ထို့ကြောင့် သူမ သူ့ကိုမရိုက်နိုင်သလို ဆူပူလို့လည်းမရဖြစ်နေခဲ့သည်။

လှည်းပေါ်မှာထိုင်ပြီး သုန်မှုန်၍ ဒေါသတကြီးအံကြိတ်နေရုံသာတတ်နိုင်၏။

မြင်းခွာသံနှင့်အတူ လှပသည့်ရှုခင်းတွေကို ကျော်ဖြတ်လာခဲ့သည်။

တစ်ခဏအတွင်း ၈ ရက်ဆိုသည့်အချိန်က ကုန်ဆုံးသွားခဲ့သည်။

"ချွမ်ချွမ်, ရှေ့ဆို မြင့်မြတ်ဂိုဏ်းနဲ့ ဧရာမဂိုဏ်း နယ်စပ်ကိုရောက်ပြီ...."

ဂျန်ဖန်းမြင်းလှည်းရှေ့မှာထိုင်နေပြီး, မိုးကုတ်စက်ဝိုင်းရှိ အဆုံးမရှိသည့်ကြီးမားသည့်တောင်တန်းကြီးတွေကိုကြည့်လိုက်သည်။

တောင်တွေထဲရှိတစ်ခု၌ နေရောင်နှင့်အတူ ၇ ရောင်ခြယ်အလင်းတန်းတွေတောက်ပနေခဲ့သည်။

အတော်လေးလှပ၏။

ထိုအရာက ၇ ရောင်ခြယ်မိုင်းတွင်းဖြစ်ပြီး ၇ ရောင်ခြယ်ကျောက်တုံးတွေ ပေါ်များသည့်နေရာတစ်ခုပင်။

ချင်းဝမ်ချွမ် ခေါင်းပြူကြည့်လိုက်ပြီး စိတ်ဝင်စားသည့်အရိပ်အယောင်မပြပေ။

ထို့နောက် ခေါင်းပြန်ရုတ်ပြီး အမူအရာကင်းမဲ့စွာပြောလိုက်သည်။

"ရှေ့မိုင် ၁၀၀ လောက်ရောက်ရင် မင်း တိမ်စိမ်းဂိုဏ်းစခန်းကိုတွေ့လိမ့်မယ်...."

"၇ ရောင်ခြယ်ဆန်းကြယ်ရေခဲအကြောင်းမေးချင်ရင် စခန်းကြီးကြပ်ရေးမှူးကို မေးကြည့်လို့ရတယ်..."

ဂျန်ဖန်း အံ့အားသင့်သွား၏။

"ဘယ်လိုလုပ် မင်းပြောပုံက အရင်ကရောက်ဖူးသလိုဖြစ်နေရတာလဲ...."

သူ့အကိုအံ့အားသင့်စွာပဲ....

ရှေ့မိုင် ၁၀၀ လောက်မောင်းပြီးနောက်....

တကယ်ပဲ တောင်ခြေ၌ ယာယီဆောက်ထားသည့် သစ်သားအိမ် အတန်းလိုက်ကို မြင်လိုက်ရသည်။

သစ်သားအိမ်တွေထဲရှိတစ်ခုရှေ့၌ "တိမ်စိမ်းဂိုဏ်းစခန်း"ဆိုသည့် စကားလုံးကို သိသိသာသာထွင်းထားခဲ့သည်။

"ချွမ်ချွမ်, မင်းတကယ် ဒီကိုရောက်ဖူးတာလား...."

ချင်းဝမ်ဟွမ် မျက်လုံးလှန်လိုက်သည်။

သူမက တစ်ကြိမ်ထက်မကရောက်ဖူး၏။

၇ ရောင်ခြယ်မိုင်းတွင်းရှာတွေ့ချိန်က ဂိုဏ်း ၉ ဂိုဏ်း ပိုင်ဆိုင်မှုအတွက် တိုက်ခိုက်ခဲ့ကြသည်။

ထိုအချိန် သူမ ကျွမ်းကျင်သူများစွာကို ဦးဆောင်တိုက်ခိုက်ခဲ့ရာ ကောင်းမွန်သည့်မိုင်းတွင်းနယ်မြေကို ရရှိခဲ့၏။

ဤသစ်သားအိမ်တွေကလည်း သူမအမိန့်အတိုင်း ဆောက်ထားတာဖြစ်သည်။

"စကားမများနဲ့ သွားစရာရှိတာသွားစမ်းပါ..."

ဂျန်ဖန်း သူမ၏လူကောင်သေးပြီး စကားကြီးစကားကျယ်ပြောတတ်သည့်အကျင့်ကို ကျင့်သားရနေပြီဖြစ်သည်။

သူမလည်း ချွမ်ချွမ်လို့အခေါ်ခံရတာကို ကျင့်သားရနေသလိုမျိုးကဲ့သို့ပင်။

ဂျန်ဖန်းရယ်ပြီး လှည်းကို သစ်သားအိမ်ဆီမောင်းသွားလိုက်သည်။

ထိုအခါ တိမ်စိမ်းဂိုဏ်းဝတ်စုံဝတ်ထားသည့် အသက် ၄၀ အရွယ် သက်လက်ပိုင်းလူတစ်ယောက်ကို တွေ့လိုက်ရသည်။

သူက တပည့်အချို့အား အနက်ရောင်ကျောက်တုံးတွေခွဲခြားဖို့ ညွှန်ကြားနေခဲ့သည်။

ဂျန်ဖန်းတို့လှည်းချဥ်းကပ်လာတာမြင်တော့ သက်လတ်ပိုင်းလူ အံ့အားသင့်သွား၏။

"မင်းတို့ဘယ်သူတွေလဲ....."

ဂျန်ဖန်း လှည်းပေါ်မှခုန်ဆင်းပြီး အထောက်အထားတုံကင်ထုတ်ပြလိုက်သည်။

"ကျွန်တော်က ဂိုဏ်းသခင်တောင်ထိပ်တပည့်ဂျန်ဖန်းပါ, ကြီးကြပ်ရေးမှူးကိုနှုတ်ဆက်ပါတယ်...."

သူ့ရှေ့ရှိသက်လတ်ပိုင်းလူက စခန်းခေါင်းဆောင် ကြီးကြပ်ရေးမှူးအဆင့်တပည့်ဖြစ်၏။

ထိုအရာကိုကြားသည့်အခါ သက်လတ်ပိုင်းလူမျက်လုံးတွေ အေးအေးဆေးဆေးပင်။

တစ်ဂိုဏ်းထဲသားချင်းတွေ့လို့ ဝမ်းမသာသည့်အပြင် သူက ဂျန်ဖန်းအပေါ်တောင် အနည်းငယ် ခုခံနေခဲ့သည်။

သူက အနည်းငယ်ခေါင်းညိတ်လိုက်၏။

"ငါ ဒီစခန်းရဲ့ကြီးကြပ်ရေးမှူး လင်ဖန်းဟိုင်..."

"မင်းဒီလာတာ ဂိုဏ်းလုပ်ငန်းကိစ္စလား..."

ဂိုဏ်းကိစ္စသာမဟုတ်လျှင် မြန်မြန်ထွက်သွားသင့်တယ်ဟု စောင်းပါးရိပ်ခြေပြောနေတာပဲဖြစ်သည်။

ဤကဲ့သို့အေးစက်သည့်သဘောထားက ဂျန်ဖန်းကို အနည်းငယ်ကြောင်သွားစေ၏။ သို့ပေမယ့် သူ အလျှင်အမြန်ပဲ နားလည်သွားသည်။

ဂိုဏ်းတူချင်းအတူတူ အချို့က လွယ်ကူသည့်တာဝန်တွေလုပ်ပြီး စိတ်ဝိညာဥ်ဆေးလုံးတွေ၊ ကောင်းကင်နှင့်မြေကြီးရတနာတွေ၊ ကျင့်ကြံရေးနည်းစနစ်တွေနှင့် အကြီးအကဲတွေဆီမှ လမ်းညွှန်မှုတွေရကြ၏။

အချို့ကတော့ ကျက်တီးမြေ ၇ရောင်ခြယ်မိုင်းတွင်းမှာတာဝန်ပေးခံရပြီး ဘာမှမရပေ။

ဘယ်လိုလုပ် ခါးသီးသည့်ခံစားချက်မရှိပဲနေမည်နည်း။

ဂျန်ဖန်းအနည်းငယ်ပြုံးပြီး ကျန်ရှိသည့် အခြေခံတည်ဆောက်ခြင်းဆေးလုံးအချို့ ထုတ်ယူလိုက်သည်။

"တပည့်တစ်ယောက်အနေနဲ့, ကြီးကြပ်ရေးမှူးနဲ့ စီနီယာညီအကိုတွေကိုကြည့်ရအောင် ၇ ရောင်ခြယ်မိုင်းတွင်းလာခဲ့တာပါ..."

"လက််ဆောင်ပြင်မလာရတော့, ကျေးဇူးပြုပြီး ဒီပစ္စည်းလေးပဲ အမှတ်တရအဖြစ်လက်ခံပေးပါအုန်း..."

ဤနေရာရှိအလုပ်လုပ်နေသည့်တပည့်တွေ...

ဤတန်ဖိုးကြီးပစ္စည်းတွေမြင်သည့်အခါ သူတို့မျက်လုံးတွေ ချက်ချင်းတောက်ပသွားကြ၏။

သူတို့က အလုပ်တွေထားခဲ့ကာ ဂျန်ဖန်းပတ်လည်၌ စုဝေးလာကြ၏။

"ဒီက ဂျူနီယာညီလေးက ကြင်နာလွန်းနေပါပြီ...."

ဤကဲ့သို့ကြမ်းတမ်းသည့်နေရာတစ်ခု၌ ပစ္စည်းကောင်းဆိုတာ တစ်နှစ်ပတ်လုံး မြင်ရခဲ၏။

ဤအခြေခံတည်ဆောက်ခြင်းဆေးလုံးတွေက ဤနေရာ၌ အဖိုးတန်ရှားပါးသည်ဟု ယူဆနိုင်တာပဲဖြစ်သည်။

လင်ဖန်ဟိုင်၏အေးစက်သည့်အမူအရာလည်း အနည်းငယ် ပျော့ပျောင်းသွား၏။

ပစ္စည်းက အရမ်းကြီးအဖိုးမတန်သော်လည်း ဂျန်ဖန်းက ယခင်ဂိုဏ်းကိုယ်စားလှယ်တွေကဲ့သို့ မပြုမူပေ။

ထိုအစား သူက ကြီးကြပ်ရေးမှူးကို လေးစားမှုရှိ၏။

"မင်း ခရီးဝေးကြီးကလာခဲ့ရမှာပဲ။ အနားယူရင်း လက်ဖက်ရည်သောက်ချီရအောင်...."

ဂျန်ဖန်းလည်း စိတ်အားထက်သန်နေ၏။

သို့ပေမယ့် သူ ချွမ်ချွမ်ကို လှည်းပေါ်မှာ တစ်ယောက်တည်းမထားခဲ့နိုင်ပေ။

ထို့ကြောင့် သူမကိုပွေ့ချီပြီး အောက်ချပေးလိုက်သည်။

"တာဝန်ခံလင်း, ကလေးကိုလှည်းပေါ်မှာတစ်ယောက်တည်းထားခဲ့ဖို့က မလုံခြုံဘူး..."

"သူမကို ငါ့နဲ့အတူခေါ်ခဲ့လို့ရမလား...."

လင်ဖန်ဟိုင် မျက်မှောင်ကြုတ်သွား၏။

ဤနေရာ၌ ဘာကြောင့် ကလေးတစ်ယောက်ရှိိနေရသနည်း။

ဂျန်ဖန်းကိုယ်တိုင်ကကို ၁၈နှစ်သာရှိသေးပြီး ကလေးတစ်ယောက်သာဖြစ်၏။

သို့ပေမယ့် သူက ကလေးတစ်ယောက်ခေါ်လာသေးသည်။

လောကကြီးက ဘယ်လောက်အန္တရာယ်များလဲ သူမသိဘူးလား။

သူက ခေါင်းညိတ်လိုက်သည်။

"ခေါ်ခဲ့ပါ။ လျှောက်တော့မပြေးစေနဲ့..."

ပြောနေရင်းဖြင့်....

သူက ကလေးမလေးကိုတစ်ချက်ကြည့်လိုက်သည်။

သို့ပေမယ့် မြင်လိုက်ရသည့်အရာကြောင့် သူ့ဝိညာဥ်ခန္ဓာကိုယ်မှ ထွက်သွားလုနီးပါးဖြစ်သွားခဲ့သည်။

All Chapters