← Chapters

မြင့်မြတ်အကြီးအကဲကိုသင်ခန်းစာပေးခြင်း

Vol. 28 Ch. 372

မြင့်မြတ်အကြီးအကဲကိုသင်ခန်းစာပေးခြင်း

Vol. 28 Ch. 372

မြင့်မြတ်အကြီအကဲချင်?

လင်ဖန်းဟိုင်ဝိညာဥ်တုန်ယင်သွားပြီး သူ့မျက်လုံးသူမယုံနိုင်ဖြစ်သွား၏။

သူက တိမ်စိမ်းဂိုဏ်းတပည့်ဟောင်းဖြစ်သွားပြီး ယခုဆို ၁၀စုနှစ်ကြာခဲ့ပြီဖြစ်သည်။

ဘယ်လိုလုပ် ကိုယ့်ဂိုဏ်းမြင့်မြတ်အကြီးအကဲကိုမသိမည်နည်း။

ချက်ချင်းပဲတုန်ယင်သွားပြီး အလျှင်အမြန်ရှေ့တက်ဦးညွှတ်ကာ နှုတ်ဆက်လိုက်သည်။

သို့ပေမယ့် ချင်ဝမ်ချွမ်၏ အကြည့်ကြောင့် ရပ်တန့်သွားခဲ့သည်။

လင်းဖုန်းဟိုင် ကြီးကြပ်ရေးမှူးတစ်ယောက်ဖြစ်၍ သဘာဝအတိုင်း အရိပ်အကဲနားလည်၏။

အလျှင်အမြန်ပဲ သူ့လှုပ်ရှားမှုကို ရပ်တန့်လိုက်သည်။

သို့ပေမယ့် သူအတော်လေး ပျာယာခတ်သွား၏။

နှစ်စဥ် ဤနေရာရှိ မိုင်းတွင်းစာရင်းကိုအတည်ပြုဖို့ အကြီးအကဲတစ်ယောက်သာ ရောက်လာတတ်၏။

ထို့ပြင် ဂိုဏ်းကလူတွေဒီကိုလာတယ်ဆိုတာ အလွန်ရှား၏။

ဘာကြောင့် ဤကဲ့သို့ပုံရိပ်ကြီးက ရုတ်တရက် ပေါ်လာရသနည်း။

"ကြီးကြပ်ရေးမှူးလင်း,ဘာမှားနေလို့လဲ...."

ဂျန်ဖန်း ပဟေဠိဖြစ်စွာဖြင့် မေးလိုက်သည်။

လမ်းဦးဆောင်နေရင်း ဘယ်လိုလုပ် ရုတ်တရက် သစ်သားရုပ်ကြီးလို ရပ်တန့်သွားရသနည်း။

လင်ဖန်းဟိုင် ဂျန်ဖန်းကိုကြည့်လိုက်သည်။

ဂျန်ဖန်းက ချင်းဝမ်ချွမ်လက်ကိုကိုင်ထားပြီး ချင်းဝမ်ချွမ်ကြောက်စရာအထောက်အထားကိုသိပုံမရပေ။

ဤအရာဟာ မြင့်မြတ်အကြီးအကဲချင် ဤလူငယ်လေးကိုရည်ရွယ်ချက်ရှိရှိစမ်းသပ်နေတယ်ဆိုတာ ရုတ်တရက် နားလည်လိုက်၏။

ဤအရာက သူ့အား ဂျန်ဖန်းအပေါ် ၁၀ဆပိုလေးစားသွားစေခဲ့သည်။

အဘယ်ကြောင့်ဆိုသော် မြင့်မြတ်အကြီးအကဲတွေက သူတို့သဘောကျသည့်လူတွေကိုသာ စောင့်ကြည့်တတ်ကြတာဖြစ်သည်။

မြင့်မြတ်အကြီးအကဲတွေက လောကရေးရာတွေနှင့် အချိန်အတော်ကြာကတည်းကမပတ်သက်တော့ပေ။

သူတို့၏အထူးစောင့်ကြည့်မှုခံရသည့် တစ်စုံတစ်ယောက်က သာမန်ဖြစ်နိုင်မည်လား။

ရုတ်တရက်...

သူက စခန်းရှိတပည့်တွေ ဂျန်ဖန်းဆီမှရသည့်ပစ္စည်းတွေနှင့်ပတ်သက်ပြီး တစ်ယောက်နှင့်တစ်ယောက်ကြွားဝါနေကြတာကို သတိထားမိလိုက်သည်။

အေးစက်မှုက သူ့ကျောရိုးတစ်လျှောက်စီးဆင်းသွားခဲ့သည်။

မြင့်မြတ်အကြီအးကဲတစ်ယောက်ရှေ့မှာ လာဘ်ထိုးမှုကို လက်ခံခြင်း?

သူတို့အသက်ရှင်ရတာပင်ပန်းနေကြပြီလား။

သူက အလျှင်အမြန်ရှေ့တက်ပြီး သူတို့လက်ထဲမှပစ္စည်းတွေကိုလုယူကာ တင်းမာစွာအပြစ်တင်လိုက်၏။

"ဂျူနီယာညီလေးဂျန်ရဲ့ပစ္စည်းတွေလက်ခံရမယ်လို့ မင်းတို့ကိုဘယ်သူပြောလဲ...."

"ပုံမှန်ဆို ငါမင်းတို့ကို ဘယ်လိုသင်ပေးထားလဲ...."

တပည့်တွေ ကြောင်သွားကြ၏။

မင်းဘယ်တုန်းကမှ ငါ့တို့ကိုသင်ပေးမထားဘူးလေ?...

ပြီးတော့ အစောပိုင်းဂျူနီယာညီလေးဂျန် ငါတို့ကိုပေးတုန်းက မင်းဘာမှမပြောဘူးလေ...

ဘာလို့ရုတ်တရက် ဒေါသထွက်သွားရတာလဲ....

လင်ဖန်းဟိုင် ပစ္စည်းတွေကိုင်ထားပြီး ရှက်ကိုးရှက်ကန်းမျက်နှာဖြင့် ဂျန်ဖန်းဆီပြန်ပေးလိုက်သည်။

"ကျေးဇူးပြုပြီး သူ့တို့ကိုခွင့်လွတ်ပေးပါ, ဂျူနီယာညီလေးဂျန်။ သူတို့က ဒီလိုခေါင်တဲ့နေရာမှာ အနေကြာတော့ ပစ္စည်းကောင်းမမြင်ရတာကြာပြီ...."

"ဒီပစ္စည်းတွေပြန်ယူလိုက်ပါ, ငါတို့လက်မခံနိုင်ဘူး...."

ဂျန်ဖန်းလည်း စိတ်ရှုပ်သွား၏။

လင်းဖန်ဟိုင် ဘာဖြစ်နေတာလဲ?

ဘာလို့ရုတ်တရက် ပြောင်းလဲသွားရသနည်း။

သို့ပေမယ့် လက်ဆောင်ပေးထားရာ သူ ဘယ်လိုလုပ် ပြန်ယူနိုင်မည်နည်း။

"ကြီးကြပ်ရေးမှူးလင်း, ယဥ်ကျေးနေဖို့မလိုပါဘူး။ ဒါက လက်ဆောင်သေးသေးလေးပါ..."

ဂျန်ဖန်းပြောလိုက်သည်။

လင်းဖန်ဟိုင် နောက်တစ်ကြိမ်ငြင်ဆန်ဖို့ပြင်လိုက်ပေမယ့် ချင်ဝမ်ချွမ်၏စိတ်မရှည်သည့်အကြည့်ကို သတိထားမိလိုက်သည်။

ကြောက်လန့်သွားပြီး နောက်ထပ်မငြင်းရဲတော့ကာ အလျှင်အမြန်ပြောလိုက်သည်။

"အထဲအရင်သွားကြတာပေါ့...."

သူက ချက်ချင်းပဲ တပည့်အနည်းငယ်ကို ဆူပူလိုက်သည်။

"မြန်မြန် ရေနွေးအချို့တည်ပြီး တိမ်မြူလက်ဖက်ရည်ယူလာခဲ့...."

တပည့်တွေ တစ်ခဏကြောင်သွားကြ၏။

အကြီးဆုံးတပည့်တစ်ယောက် ဂျန်ဖန်းကိုတစ်ချက်ကြည့်ပြီး မသေချာစွာပြောလိုက်သည်။

"ကြီးကြပ်ရေးမှူး, တိမ်မြူလက်ဖက်ရည်က ၁ တင်(အလေးချိန်)ပဲကျန်တော့တာ...."

"နှစ်ကုန်လာစစ်ဆေးမဲ့အကြီးအကဲအတွက်ပဲ လုံလောက်တော့တယ်...."

ဤကဲ့သို့အဖိုးတန်လက်ဖက်ရည်ကို ဂျူနီယာတပည့်တစ်ယောက်အားဧည့်ခံမည်။

ကြီးကြပ်ရေးမှူး ရူးသွားပြီလား?

လင်ဖန်းဟိုင် ဒေါသထွက်လွန်၍ ထိုကောင်ကို ပိတ်ကန်ပစ်ချင်လိုက်သည်။

သူတို့ရှေ့ရှိပုဂ္ဂိုလ်က မြင့်မြတ်အကြီးအကဲတစ်ယောက်ဖြစ်ပြီး လာစစ်ဆေးမည့်အကြီးအကဲနှင့် ဘယ်လိုလုပ်ယှဥ်လို့ရမည်နည်း။

"ငါပြောတဲ့အတိုင်းပဲ သွားလုပ်စမ်းပါ...."

သူက ဆူပူလိုက်သည်။

ထို့နောက် တစ်ဖက်လှည့်ပြီး နှစ်ယောက်ကို ရှက်ကို့ရှန်ကန်းအပြုံးဖြင့် အထဲဖိတ်ခေါ်လိုက်သည်။

"စခန်းရဲ့အရင်းအမြစ်တွေက ရှားပါးတယ်, ကျေးဇူးပြုပြီး ငါတို့ကိုမရယ်ပါနဲ့...."

ဂျန်ဖန်း အနည်းငယ် သက်ပြင်းချလိုက်သည်။

ဂိုဏ်း၌ တိမ်မြုလက်ဖက်ရည်က သင့်တင့်သည့်စိတ်ဝိညာဥ်လက်ဖက်ရည်သာဖြစ်ပြီး တပည့်တွေမကြာခဏသောက်ကြ၏။

ကြီးကြပ်ရေးမှူးတွေနှင့် အကြီးအကဲတွေသောက်သည့်စိတ်ဝိညာဥ်လက်ဖက်ရည်တွေဆို အများကြီးပိုအရည်အသွေးမြင့်တာဖြစ်သည်။

မမျှော်လင့်စွာပဲ, ၇ရောင်ခြယ်မိုင်းတွင်း၌ တိမ်မြူလက်ဖက်ရည်က ဧည့်သည်ဧည့်ခံသည့် ထိပ်တန်းလက်ဖက်ရည်ဖြစ်နေခဲ့သည်။

ဤစခန်းရှိဘဝတွေက တကယ်ပဲ ဆင်းရဲလွန်း၏။

ထိုအခိုက်အတန့်၌...

ချင်းဝမ်ချွမ်သူ့လက်ကိုထိလိုက်ပြီး တစ်ခုခုပြောလိုက်သလိုပင်။

ဂျန်ဖန်းဒူးထောက်ပြီး နားထောင်လိုက်ရာ အပြင်တင်သည့်အသံတစ်ခုကြားလိုက်ရ၏။

"နင်ဘာလို့ သူတို့ကိုအရမ်းယဥ်ကျေးနေတာလဲ...."

"နင့်မှာ ဂိုဏ်းချုပ်ရဲ့ ကျောက်စိမ်းပြားရှိတယ်မလား။ ထုတ်လိုက်လေ, သူတို့ နင့်ကို အာခံရဲမှာမဟုတ်ဘူး...."

"ပြီးလက်ဆောင်ပေးတာ, ပြဿနာတွေဖြစ်စေတယ်...."

ဒီတော့ ဤအရာက သူမပြောချင်သည့်အရာဖြစ်သည်။

ဂျန်ဖန်း သိမ်မွေ့စွာပြုံးလိုက်သည်။

"ဂိုဏ်းချုပ်ကျောက်စိမ်းပြားက သူတို့ကို စကားအရပဲနာခံစေမှာ၊ ရင်ထဲကပါကြမှာမဟုတ်ဘူး။ ဒါ့ကြောင့် ၇ရောင်ခြယ်ဆန်းကြယ်ရေခဲရဖို့လည်း အစစ်အမှန်ကူညီပေးကြမှာမဟုတ်ဘူး..."

"ဒါ့ပြင်..."

ဂျန်ဖန်း ညင်သာစွာသက်ပြင်းချပြီး ဟောင်းနွမ်းနေသည့် သစ်သားအိမ်တွေကိုကြည့်လိုက်သည်။

"တိမ်စိမ်းဂိုဏ်း ဂိုဏ်းတူတပည့်တွေအနေနဲ့ သူတို့က ဒီလိုခေါင်တဲ့နေရာမှာတာဝန်ထမ်းဆောင်နေရပြီး သူတို့ဘဝတွေက ဆင်းရဲလွန်းတယ်...."

"ဒါက ငါတတ်နိုင်တဲ့လက်ဆောင်သေးသေးလေးတစ်ခုပေးတာပါပဲ..."

ထိုစာနှစ်ကြောင်းကိုကြားသည့်အခါ....

ချင်ဝမ်ချွမ် မနေနိုင်ပဲ ဂျန်ဖန်းကိုကြည့်လိုက်သည်။

ပျော့ပျောင်းသည့်အရိပ်အယောင်အချို့ သူမ၏တင်းမာသည့်မျက်လုံးတွေထဲမှာပေါ်လာခဲ့သည်။

ဤစခန်းက သူမကိုယ်ပိုင်ဖန်တီးမှုဖြစ်ပြီး သူမ၏အလုပ်ကြိုးစားမှုကိုလည်းကိုယ်စားပြုသည်။

မမျှော်လင့်စွာပဲ, စခန်းမှာနေရသည့်လူတွေက ဤအရာကြောင့် ပင်းပန်းဆင်းရဲစွာနေထိုင်ခဲ့ရသည်။

သူမအတော်လေး အပြစ်ရှိသလိုခံစားလိုက်ရသည်။

ဂျန်ဖန်း၏သူတို့အပေါ်ကြင်နာမှုက သူမကို အများကြီးကျေနပ်စေ၏။

ဒါပေါ့....

တိမ်စိမ်းဂိုဏ်း၏ ခေါင်းအမာဆုံးအကြီးအကဲတစ်ယောက်အနေဖြင့် သူမဝန်ခံမည်မဟုတ်ပေ။

"အပိုတွေ..."

ဂျန်ဖန်း သူမနဖူးကိုတောက်ပြီး ပြောလိုက်သည်။

"လုံးဝကိုစာနာမှုမရှိပါလား..."

"ခဏနေကျရင် ငြိမ်ငြိမ်ထိုင်နေနော်။ လျှောက်လဲမသွားရသလို စကားလည်းမပြောရဘူး...."

ချင်ဝမ်ချွမ် အံ့ကြိတ်လိုက်၏။

ဤကောင်စုတ်လေး, သူမကိုသင်ခန်းစာပေးရတာ စွဲလမ်းနေသည်လား။

လင်းဖန်ဟိုင် ထိုမြင်ကွင်းကိုဘေးမှကြည့်နေပြီး ကြောင်အနေခဲ့သည်။

သူမှတ်မိတာပဲမှားနေသည်လား။

ဤမြင့်မြတ်အကြီးအကဲချင်က ဒေါသကြီးသည်မဟုတ်လား။

ဂျန်ဖန်း နဖူးတောက်ပြီးဆူပူနေတာတောင် သည်းခံနေခဲ့သည်။

ဤလောက်ထိသည်းခံနေရအောင် ဂျန်ဖန်းက ဘယ်လောက်အရေးကြီးသနည်း။

သူက အလျှင်အမြန်ပဲ ဂျန်ဖန်းကိုသတိပေးပြီး ပြောလိုက်သည်။

"ဂျူနီယာညီလေးဂျန်, ညင်ညင်သာသာပြောပါ...."

ချင်ဝမ်ချွမ် ဂျန်ဖန်းကိုစိုက်ကြည့်လိုက်သည်။

"ငါပြန်ရောက်ရင် ဒီစခန်းရဲ့အခြေအနေတွေတိုးမြင့်ပေးဖို့ ဂိုဏ်းကိုပြောလိုက်မယ်...."

"အဲ့လောက်စာနာရင် လုံလောက်ပြီလား...."

ဂျန်ဖန်းရယ်လိုက်သည်။

"ဘယ်သူက မင်းပြောတာနားထောင်မှာလဲ....."

"ငါ ဂိုဏ်းချုပ်ဆီစာရေးလိုက်မယ်...."

စခန်းရှိပတည့်တွေ ဤကဲ့သို့အချိန်အတော်ကြာနေလာရ၍ ဂိုဏ်းအပေါ် သူတို့ခံစားချက်တွေက တဖြည်းဖြည်း လျော့နည်းလာခဲ့သည်။

ရလဒ်က ကြိုပြောလို့မရပေ။

ဤကိစ္စက ဂိုဏ်းချုပ်အာရုံစိုက်ဖို့ လိုအပ်၏။

ဤအရာကိုကြားသည့်အခါ...

လင်ဖန်ဟိိုင်ခန္ဓာကိုယ်တုန်ယင်သွားပြီး မျက်လုံးထဲမှာ မြူတွေဖြင့် ပြည့်သွား၏။

သူက ဂျန်ဖန်းလက်ကိုဆုပ်ကိုင်ပြီး စိတ်ခံစားချက်ကြောင့် ဆို့နင့်သည့်အသံဖြင့် ပြောလိုက်သည်။

"ဂျူနီယာညီလေးဂျန်, ကျေးဇူးတင်ပါတယ်။ စခန်းတစ်ခုလုံးကိုယ်စားမင်းကို ကျေးဇူးတင်ပါတယ်...."

ဤအခိုက်အတန့်၌ သူက သူ၏စိတ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်တော့ပေ။

တိမ်စိမ်းဂိုဏ်းတပည့်များစွာ ဤနေရာသို့ရောက်လာကြ၏။

သို့ပေမယ့် တစ်ယောက်မှ သူတို့အကြပ်အတည်းနှင့်ပတ်သက်ပြီး မတွေးပေးကြပေ။

ဂျန်ဖန်းက သူတို့အခြေအနေအား ဂိုဏ်းချုပ်ဆီတင်ပြပေးခဲ့သည်။

ဤအရာက သူ့စိတ်ကို အတော်လေးလှုပ်ရှားသွားစေ၏။

ချင်ဝမ်ချွမ်နှုတ်ခမ်းတွေ အနည်းငယ်တွန့်ကွေးသွား၏။

ဂျန်ဖန်းက သူမတည်ထောင်ခဲ့သည့်စခန်းအပေါ် ကောင်းကောင်းဆက်ဆံမှတော့, သူမက သူ့ကျေးဇူးကိုပြန်ဆပ်သည့်အနေဖြင့် နာမည်ကောင်းရအောင်လုပ်ပေးမည်ပင်။

"ကြီးကြပ်ရေးမှူးလင်း ယဥ်ကျေးနေဖို့မလိုပါဘူး။ ကျွန်တော်ခုပဲ ရေးလိုက်ပါ့မယ်..."

ချက်ချင်းပဲ စာတစ်ဆောင်ရေးကာ ဤနေရာရှိအစစ်အမှန်အခြေအနေကို တင်ပြလိုက်သည်။

သူက စာထဲ၌ ဂိုဏ်းချုပ်ကျောက်စိမ်းပြားကိုလည်းထည့်လိုက်သည်။

ကျောက်စိမ်းပြားကိုမြင်သည့်အခါ လင်ဖန်းဟိုင်ခန္ဓာကိုယ် နောက်တစ်ကြိမ်တုန်ယင်သွား၏။

ဤအရာက ဂိုဏ်းချုပ်ကျောက်စိမ်းပြားပင်။

ထိုအခါမှသာ ဂျန်ဖန်း သူတို့ကိုယဥ်ကျေးနေဖို့မလိုဘူးဆိုတာ နားလည်လိုက်၏။

"ဂျူနီယာညီလေးဂျန်, ၇ရောင်ခြယ်မိုင်းတွင်းမှာ မင်းလိုအပ်တာတစ်ခုခုရှိရင် ပြောသာပြောလိုက်ပါ...."

"စီနီယာအကို မင်းအတွက် မီးပင်လယ်ကိုတောင်ဖြတ်ပြီး ရအောင်ယူပေးမယ်....."

လင်ဖုန်းဟိုင် တကယ်ပဲ လှုပ်ရှားသွား၏။

ဂျန်ဖန်းပြုံးလိုက်ပြီး သူ့အားစာလွဲပေးလိုက်သည်။

"ကြီးကြပ်ရေးမှူးလင်း, စိတ်ချရတဲ့တစ်ယောက်ယောက်ရှာပြီး ဒီစာကို ဂိုဏ်းဆီပို့လိုက်ပါ...."

"ဒီကိုလာတဲ့ခရီးအတွက်တော့.... ကျွန်တော့်မှာ တောင်းဆိုမှုသေးသေးလေးတစ်ခုရှိတယ်...."

သူက အရိုအသေပေးပြီးပြောလိုက်သည်။

"ကျွန်တော်ကြားထာတာ ဒီမိုင်းတွင်းမှာ ၇ရောင်ခြယ်ဆန်းကြယ်ရေခဲ ထွက်တယ်ဆို..."

"စီနီယာအကို လမ်းညွှန်မှုအချို့ပေးနိုင်မလား...."

၇ရောင်ခြယ်ဆန်းကြယ်ရေခဲ?..

လင်းဖုန်းဟိုင် အံ့အားသင့်သွား၏။ ဤကဲ့သို့ပစ္စည်းမျိုးကသာ မြင့်မြတ်အကြီးအကဲသဘောကျသည့် တပည့်အားဤနေရာလာစေနိုင်၏။

သို့ပေမယ့် ၇ရောင်ခြယ်ဆန်းကြယ်ရေခဲအကြောင်းတွေးလိုက်သည့်အခါ သူ့မျက်ခုံးတွေ တွန့်ခေါက်သွားခဲ့သည်။

"ဘာလဲ, ၇ရောင်ခြယ်ဆန်းကြယ်ရေခဲနဲ့ ပတ်သက်ပြီး သတင်းမရှိဘူးလား..."

ဂျန်ဖန်း မျက်မှောင်ကြုတ်သွား၏။

"၇ရောင်ခြယ်ဆန်းကြယ်ရေခဲက နှစ်တိုင်း ၁ တုံး ၂ တုံးပဲထွက်တာ။ တကယ်ကို အတော်လေးရှားတယ်...."

"လွန်ခဲ့တဲ့ရက်အနည်းက ဂိုဏ်းတစ်ခု ၇ရောင်ခြယ်ဆန်းကြယ်ရေးခဲအပိုင်းတစ်ခုရှာတွေ့ခဲ့တယ်...."

ဂျန်ဖန်း ပျော်ရွင်မှုမပြနိုင်ခင်....

လင်ဖုန်းဟိုင် စိုးရိမ်စွာဖြင့် ထပ်ပေါင်းပြောလိုက်သည်။

"ဒါပေမယ့်, ဘယ်သူမှ အဲ့ဒီ၇ရောင်ခြယ်ဆန်းကြယ်ရေခဲကို မယူနိုင်ဘူး...."

ပြောပြီးနောက် သူက ချင်ဝမ်ချွမ်ကိုကြည့်လိုက်သည်။

သို့ပေမယ့် သူက သူ့ထင်မြင်ချက်ကို ခိုင်မာစွာယုံကြည်နေဆဲဖြစ်သည်။

All Chapters