၇ရောင်ခြယ်အဆိပ်မြူ
Vol. 28 Ch. 373
အို?...
ဂျန်ဖန်းမျက်နှာ အံ့အားသင့်သည့်အမူအရာပြသလာ၏။
"အဲ့ဒီဂိုဏ်းက မိုင်းမတူးခိုင်းလို့လား။ ဒါမှမဟုတ် အခြားအကြောင်းပြချက်တွေရှိနေလို့လား...."
သူတွေးနိုင်သည့်အကြီးဆုံးအကြောင်းပြချက်က အကျိုးအမြတ်အငြင်းပွားမှုတွေပင်။
၇ရောင်ခြယ်မိုင်းတွင်းကို ဂိုဏ်း ၉ ဂိုဏ်းက ဆက်တိုက်တူးဖော်နေကြ၏။
အသီးသီး၌ သတ်မှတ်နယ်မြေတွေရှိသော်လည်း အငြင်းပွားမှုတွေက ရှောင်လွဲလို့မရပေ။
လင်းဖန်ဟိုင် ခါးသီးစွာပြုံးလိုက်သည်။
"အရင်ကဆိုရင်တော့ ဂျူနီယာညီလေးဂျန်ပြောတာ တကယ်ဖြစ်နိုင်ပါတယ်...."
"ဒါပေမယ့် ဒီတစ်ချိန်ကမတူဘူး။ ၇ရောင်ခြယ်ဆန်းကြယ်ရေခဲကို မြင့်မြတ်ဂိုဏ်းကရှာတွေ့ခဲ့တာ။ အခု သူတို့က အခြားဂိုဏ်းတွေကို တူးဖို့တောင်းဆိုနေကြပေမယ့် ဘယ်သူမှမသွားရဲဘူး....."
ဤကဲ့သို့ကိစ္စမျိုးရှိသည်လား?
ဂျန်ဖန်းမျက်လုံးတွေ အရောင်လက်သွား၏။
"၇ရောင်ခြယ်ဆန်းကြယ်ရေခဲနဲ့ပတ်သက်ပြီး ပြဿနာတစ်ခုခုရှိလို့လား...."
လင်းဖုန်းဟိုင် ခေါင်းညိတ်လိုက်သည်။
"ပြဿနာတစ်ခုဆိုတာထက်ပိုတယ်...."
"ဒါက ပြဿနာကြီးတစ်ခုပဲ...."
ပြောနေရင်း သူက တစ်ဖက်လှည့်ပြီး အတွင်းခန်းမထဲဝင်သွားလိုက်သည်။
ထို့နောက် ကျောက်စိမ်းပုလင်းတစ်ခုကိုထုတ်ယူလိုက်သည်။
၎င်းကို အဆောင်စာရွက်တွေဖြင့် တစ်လွာပြီးတစ်လွာချိပ်ပိတ်ထားပြီး တင်းတင်းကြပ်ကြပ်ပိတ်ထားခဲ့သည်။
ကိုင်သည့်အခါမှာလည်း လင်းဖန်ဟိုင်အတော်လေးဂရုစိုက်နေခဲ့သည်။
ကွဲသွားမှာကိုစိုးရိမ်နေသလိုပင်။
"ဒီပစ္စည်းကို ဂိုဏ်းကိုပို့ဖို့စီစဥ်ထားတာ။ ဂျူနီယာညီလေးဂျန်ရောက်မှတော့ တစ်ချက်လောက်ကြည့်ကြည့်ပါ...."
ဂျန်ဖန်းယူလိုက်ပြီး အထဲကိုကြည့်လိုက်သည်။
သူက ကျောက်စိမ်းပုလင်းထဲ၌ ရှေ့နောက်ပြေးနေသည့် ၇ရောင်ခြယ်မြူတွေကိုမြင်လိုက်ရသည်။
သူ့မျက်လုံးတွေအနည်းငယ်ကျဥ်းမြောင်းသွား၏။
"ကြည့်ရတာ အဆိပ်မြူတစ်မျိုးနဲ့တူတယ်..."
လင်ဖန်ဟိုင် အံ့အားသင့်သည့်အရိပ်အယောင်တစ်ခုပြသလာ၏။
"ဂျူနီယာညီလေးဂျန်က အမြင်စူးရှသားပဲ...."
"ကျောက်စိမ်းပုလင်းအပြင်ကကြည့်တာတောင် သိနိုင်တယ်...."
"ဟုတ်တယ်, ဒါက ၇ရောင်ခြယ်ဆန်းကြယ်ရေခဲကထုတ်တဲ့ အဆိပ်မြူပဲ...."
"ဒါရဲ့အဆိပ်က အတော်ပြင်းတယ်...."
"ဒါရှိနေလို့ပဲ ဘယ်သူမှ ၇ရောင်ခြယ်ဆန်းကြယ်ရေးခဲအပိုင်းအစကို မတူးဖော်ရဲတာ...."
၇ရောင်ခြယ်မိုင်းတွင်းကို ၁၀စုနှစ်ကြာအောင်တူးဖော်ခဲ့တာဖြစ်သည်။
သဘာတရားအရ ဂိုဏ်းအသီးသီးမှတပည့်တွေ အရေးပေါ်အခြေအနေများစွာကြုံတွေ့ဖူးပြီး အချိန်အတော်ကြာကတည်းက ၎င်းတို့ကိုကိုင်တွယ်တာနှင့်ပတ်သက်ပြီး အတွေ့အကြုံရှိ၏။
သာမန်အဆိပ်မြူတစ်ခုက ဘယ်လိုလုပ် သူတို့ကိုတားနိုင်မည်နည်း။
တစ်ခဏ လေးလေးနက်နက် သုံးသပ်ပြီးနောက်...
သူက ကျောက်စိမ်းပုလင်းကိုဖွင့်လိုက်ရာ ၇ရောင်ခြယ်အဆိပ်မြူတစ်မျှင်ထွက်လာ၏။
မမျှော်လင့်စွာပဲ...
ဤအဆိပ်မြူက ကိုယ်ပိုင်အသိစိတ်ရှိသကဲ့သို့ ဂျန်ဖန်းအနီးနားပြေးဝင်သွားခဲ့သည်။
ချင်းဝမ်ချွမ်မျက်လုံးတွေ တွန့်လိမ်သွားပြီး ပြောလိုက်သည်။
"ဂရုစိုက်, ဒါကအရိုးတိုက်စားခြင်းအဆိပ်မြူပဲ...."
မြင့်မြတ်အကြီးအကဲဖြစ်သည့်သူမတောင် ဤကဲ့သို့အဆိပ်မြူကို အလွန်ကြောက်၏။
သို့ပေမယ့် ဂျန်ဖန်း မရှောင်ပေ။
သူက လက်မြောက်ပြီး အဆိပ်မြူအမျှင်တန်းကို လက်ဖြင့်ဆုပ်ကိုင်လိုက်၏။
ဤအပြူအမူက ချင်းဝမ်ချွမ်ကို တုန်လှုပ်သွားစေခဲ့သည်။
"ဝေးဝေးလွင့်ပစ်လိုက်, နင့်အရိုးတွေကို တိုက်စားသွားလိမ့်မယ်..."
ဤအဆိပ်က အတော်ပြင်း၏။
အရေးပြားနှင့်ထိလျှင် ချက်ချင်းအသားတွေအရည်ပျော်သွားပြီး အရိုးတွေတိုက်စားခံရမည်ဖြစ်သည်။
ထိုအရာက ကပ်ညှိသွားလျှင် ခါထုတ်လို့ရတော့မည်မဟုတ်ပေ။
ဂျန်ဖန်း ဘယ်လိုလုပ် လက်နှင့်ဖမ်းနိုင်ရသနည်း။
လင်းဖန်ဟိုင်လည်း ဂျန်ဖန်းအပြုအမူကြောင့်ထိတ်လန့်သွားပြီး နှလုံးတွေခုန်ပေါက်သွားခဲ့သည်။
"မြန်မြန်, မင်းလက်ဝါးကိုဖြတ်လိုက်, မြန်မြန်...."
ဤကြောက်စရာအဆိပ်ကြောင့် မြင့်မြတ်ဂိုဏ်းတပည့်များစွာ အသက်ဆုံးရှုံးခဲ့ရ၏။
ကံကောင်းပြီးအသက်ရှင်ခဲ့သည့်လူတွေလည်း အသားတွေ၊ အရိုးတွေ၊ ခြေလက်တွေတောင် ဖြတ်တောက်ပစ်ခဲ့ရ၏။
တွေဝေနေသည့်လူတွေကတော့ ပြာပုံအဖြစ်နှင့်သာ အဆုံးသတ်ခဲ့ရသည်။
ဂျန်ဖန်း တည်ငြိမ်စွာပဲ သူ့ကိုယ်တွင်းရှိ အဆိပ်လုံးကို အသက်သွင်းလိုက်သည်။
သူ့လက်ဝါး၌တွယ်ကပ်နေသည့် အရိုးစားအဆိပ်မြူ ၎င်း၏အားနည်းချက်နှင့်တွေ့ရသကဲ့သို့ ဂျန်ဖန်းဆုပ်ကိုင်မှုမှ လွတ်မြောက်အောင်ကြိုးပမ်းလာခဲ့သည်။
သို့ပေမယ့် မျက်စိတ်တစ်မိတ်အတွင်းမှာပဲ ၎င်းကို အဆိပ်လုံးက စုပ်ယူသွားခဲ့သည်။
သူလေ့ကျင့်ထားသည့် အဆိပ်ကိုးမျိုးစစ်မှန်ကျမ်းက သန္ဓေသားအဆင့် အဆိပ်နဂါးရိုးတွင်းခြင်ဇီကိုတောင် ချေဖျက််နိုင်တာပဲဖြစ်သည်။
အဆိပ်မြူသေးသေးလေးက ထိုအရာကို ဘယ်လိုလုပ်ယှဥ်နိုင်မည်နည်း။
၎င်းက သူ့အားမထိခိုက်စေရုံသာမက သူ၏အဆိပ်လုံးကိုလည်းပျိုးထောင်ပေးရာရောက်၏။
ဤအရာက လင်ဖုန်းဟိုင်ကို အံ့အားသင့်သွားစေခဲ့သည်။
"ဂျူနီယာညီလေးဂျန်, မင်း... မင်းအဆင်ပြေတယ်...."
ဂျန်ဖန်း လက်ဝါးဖြန့်ပြလိုက်ရာ အရင်တိုင်းချောမွေ့ပြီး အကောင်းပတိအတိုင်းပင်။
"ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...."
လင်ဖုန်းဟိုင် ဂျန်ဖန်းလက်ကိုဆုပ်ကိုင်ပြီး မယုံနိုင်စွာဖြင့် ဂရုတစိုက် စစ်ဆေးကြည့်လိုက်သည်။
"ဒီကိစ္စကိုကိုင်တွယ်ဖို့လာတဲ့ မြင့်မြတ်ဂိုဏ်းကအကြီးအကဲတစ်ယောက် ဒီအဆိပ်ကိုထိမိပြီး လက်ချောင်းတစ်ချောင်းဆုံးရှုံးသွားခဲ့တယ်...."
"မင်းကတော့ ဘာမှမဖြစ်ခဲ့ဖူး...."
ချင်းဝမ်ချွမ်းလည်း တိတ်တဆိတ် ထိတ်လန့်နေ၏။
သူမ မနေနိုင်ပဲ ဂျန်ဖန်း ဒန်ထျန်ကိုကြည့်လိုက်သည်။
သူမတစ်ယောက်သာ အစောပိုင်း ဂျန်ဖန်းဆီမှာဖြစ်သွားတာကို ခံစားမိလိုက်၏။
သူ့ကိုယ်ထဲ၌ဆန်းကြယ်သည့်အရာဝတ္ထုတစ်ခုရှိနေပြီး ထိုအရာကပဲ အဆိပ်ကိုဝါးမျိုးသွားတာဖြစ်သည်။
တစ်ခဏစဥ်းစားပြီးနောက် သူမရုတ်တရက် နားလည်သွားခဲ့သည်။
သို့ပေမယ့် အကြောင်းပြချက်ကြောင့် သူမပိုလို့တောင် တုန်လှုပ်သွားခဲ့သည်။
"ဒီကောင် တကယ်ပဲ အသင်္ချေဓားဂိုဏ်းရဲ့ အဆိပ်ကိုးမျိုးစစ်မှန်ကျမ်းကို လေ့ကျင့်ခဲ့တာလား...."
"မဖြစ်နိုင်တာ, ကျောက်ချီဒန်း အဲ့အဘွားကြီး ဘာတွေတွေးနေတာလဲ...."
"ဘာလို့ သူမရဲ့အဓိကကျင့်စဥ်ကို ဂျန်ဖန်းပေးရတာလဲ..."
"ဒါ့ပြင် သူ့ကိုအောင်အောင်မြင်မြင် ကျင့်ကြံခွင့်ပြုခဲ့တယ်...."
သူမ ဂျန်ဖန်းကို သံသယရှိစွာဖြင့် အပေါ်အောက်ကြည့်လိုက်သည်။
ဤကောင်က တကယ်ကို နက်နက်ရှိုင်းရှိုင်းဖုန်းကွယ်ထားခဲ့သည်။
အမှတ်တမဲ့လှုပ်ရှားမှုတစ်ခုက ကြီးကြီးမားမားလျို့ဝှက်ချက်တစ်ခုဖြစ်နေခဲ့သည်။
ဂျန်ဖန်း ကျောက်စိမ်းပုလင်းကိုဘေးချလိုက်ပြီး မနေနိုင်ပဲရယ်လိုက်၏။
"ကြီးကြပ်ရေးမှူးလင်းပြောတာ မြင့်မြတ်ဂိုဏ်းက ၇ရောင်ခြယ်ဆန်းကြယ်ရေခဲတူးဖို့ တောင်းဆိုနေပေမယ့် ဘယ်သူမှမသွားရဲဘူး, ဟုတ်လား...."
လင်ဖန်းဟိုင် အသိပြန်ဝင်လာ၏။
ရုတ်တရက် ဂျန်ဖန်း ရည်ရွယ်ချက်ကိုနားလည်သွားပြီး စိတ်လှုပ်ရှားစွာပြောလိုက်သည်။
"ဒါအမှန်ပဲ, ဂျူနီယာညီလေးဂျန် မင်းက အဆိပ်မကြောက်မှတော့, အဲ့ဒီဆန်းကြယ်ရေခဲတွေကို တူးနိုင်မှာပဲ...."
"မဟုတ်ဘူး, မဟုတ်ဘူး, အဲ့တာတင်မဟုတ်ဘူး...."
"အဲ့အဆိပ်မြူက မြင့်မြတ်ဂိုဏ်းနယ်မြေထဲကိုပျံ့နှံ့နေပြီ၊ ဆန်းကြယ်ရေခဲကိုသာမဖယ်ရှားနိုင်ဘူးဆိုရင် မြင့်မြတ်ဂိုဏ်းနယ်မြေက ပျက်စီးသွားမှာ...."
"ဂျူနီယာညီလေးဂျန် မြင့်မြတ်ဂိုဏ်းနဲ့ ကောင်းကောင်းအပေးအယူလုပ်လို့ရတယ်...."
ဂျန်ဖန်း ညင်သာစွာရယ်လိုက်သည်။
"အဲ့တာကငါနဲ့ဆွေးနွေးတာ မြင့်မြတ်ဂိုဏ်းက ဘယ်သူဆိုတဲ့အပေါ်မှာမူတည်တယ်..."
"ရှန်ဂွမ်းရှန် ဒါမှမဟုတ်, ရင်နှီးတဲ့မျက်နှာတွေဆိုရင်တော့ ၇ရောင်ခြယ်ဆန်းကြယ်ရေခဲတွေကိုဖယ်ရှားလိုက်ရုံပဲ...."
"အခြားတစ်ယောက်ဆိုရင်တော့, သဘာဝအတိုင်း အခြေအနေအချို့ထပ်ထည့်ရမှာပေါ့...."
မြင့်မြတ်ဂိုဏ်းစွပ်စွဲမှုက သူနှင့်တိမ်စိမ်းဂိုဏ်းကို အနည်းငယ် ပြဿနာတက်သွားစေ၏။
သူ မြင့်မြတ်ဂိုဏ်းကို အလွယ်တကူလုပ်မပေးနိုင်ပေ။
တစ်စုံတစ်ယောက်က သူ့ကိုလေးစားမှုမပြလျှင် သူလည်း ပြနေစရာမလိုပေ။
ထိုအခိုက်အတန့်...
မြင့်မြတ်ဂိုဏ်းခံတပ်၌....
ဝါးစိမ်းတောင်ထိပ်အကြီးအကဲ လုရှိုနန် မျက်နှာမဲမှောင်နေခဲ့သည်။
သူ့လက်ညိုးက ပတ်တီးစီးထားရပြီး တစ်ချက်ချက်နာကျင်မှုက သူ့အား ပိုလို့တောင်ခံရခက်စေ၏။
"မင်းတောင်းဆိုမှုကများလွန်းတယ်...."
သူက အခန်းထဲရှိ ဂုဏ်သရေရှိလူငယ်တစ်ယောက်ကို မကျေမနပ်ကြည့်နေခဲ့သည်။
လူငယ်က တောက်ပသည့်အဝတ်အစားနှင့် ခန့်ညားသည့်အသွင်အပြင်ရှိကာ သစ်သားအိမ်ထဲ၌ တောက်ပနေသည့်နေတစ်စင်းပမာ မတ်တပ်ရပ်နေခဲ့သည်။
အမျိုးသမီးတပည့်များစွာ မနေနိုင်ပဲ သူ့ကို တစ်ချက်တစ်ချက် ခိုးကြည့်နေကြ၏။
ဤကဲ့သို့ဆွဲဆောင်မှုမျိုးက ဂိုဏ်း ၉ ဂိုဏ်းမှာ အလွန်ရှားပါး၏။
ရှဲ့လျိုရှူး, ရမ္မက်ဂိုဏ်း၏တပည့်ကြီး ငြင်းမရသည့်အကောင်းဆုံးတွေထဲက တစ်ယောက်ပင်။
"အဲ့တာက ဂျူနီယာတောင်ဆိုမှုမြင့်နေတာမဟုတ်ပါဘူး။ အကြီးအကဲလျိုရဲ့ဆုလာဘ်က နည်းလွန်းနေတာပါ။ သလင်းကျောက် ၁ သောင်းလေးနဲ့ ကျွန်တော့်အသက်ကို အဆိပ်မြူထဲမှာ စွန့်စားစေချင်တာလား...."
ရှဲ့လျိုရှူး ထိုအပေးအယူကို အထင်သေးစွာကြည့်လိုက်သည်။
လုရှိုနန် အစပိုင်း၌ ဈေးဆစ်ချင်လျှင်တောင် သလင်းကျောက်တစ်သောင်းတည်းနှင့်တော့ သူ ဘယ်လိုလုပ် လက်ခံနိုင်မည်နည်း။
လုရှိုနန် နက်ရှိုင်းသည့်အသံဖြင့် ပြောလိုက်သည်။
"ဒါဆို မင်းကဘာလိုချင်တာလဲ..."
ရှဲ့လျိုရှူးပြန်ပြောလိုက်သည်။
"ဒါပေါ့, ၇ရောင်ခြယ်ဆန်းကြယ်ရေခဲပေါ့...."
"ကျွန်တော်က ဆန်းကြယ်ရေခဲယူမယ်။ မြင့်မြတ်ဂိုဏ်းလည်း အကျပ်အတည်းကလွတ်မြောက်မယ်။ နှစ်ဖက်လုံး ပျော်ရတယ်လေ..."
"ဒါပေါ့, အကြီးအကဲလု အခြားတစ်ယောက်ကို လုပ်ခိုင်းဖို့မေးကြည့်နိုင်ပါတယ်...."
"ဒါပေမယ့်, အဆိပ်မြူနှိမ်နင်းတဲ့နေရာမှာ ကျွန်တော်တို့ရမ္မက်ဂိုဏ်းကထက် ဘယ်သူမှ ပိုမကောင်းလောက်ဘူးနော်...."
ဂိုဏ်း ၉ ဂိုဏ်း၌ မည်သည့်ဂိုဏ်းမှ အဆိပ်ကိုအထူးပြုမလေ့ကျင့်ကြပေ။
ရမ္မက်ဂိုဏ်းက နှလုံးသားကိုကျင့်ကြံပြီး အများစုက အရန်လမ်းစဥ်တွေကိုကျင့်ကြံကြ၏။ ထိုထဲ၌ လူနည်းစုသာ အဆိပ်ကို လေ့ကျင့်ကြတာဖြစ်သည်။
ရှဲ့လျူရှူး သူတို့ထဲ၌ ထူးချွန်သည့်လူတစ်ယောက်ဖြစ်သည်။
သို့ပေမယ့် ဤကဲ့သို့ တန်ဖိုးမဖြတ်နိုင်သည့် ၇ရောင်ခြယ်ဆန်းကြယ်ရေခဲကို ပေးဖို့က လုရှိုနန် မတတ်နိုင်ပေ။
"အခြားအခြေအနေတစ်ခုပြောင်းပြောကြည့်ပါလား။ ငါစဥ်းစားပေးမယ်...."
ရှဲလျိုရှူး မျက်မှောင်ကြုတ်လိုက်သည်။
သူပြောတော့မည့်အချိန်မှာပဲ....
တည်ငြိမ်သည့်အသံတစ်ခု ရုတ်တရက် တံခါးအပြင်မှ ထွက်ပေါ်လာခဲ့သည်။
"တောင်းဆိုမှုအလုပ်ခင် သေချာစဥ်းစားသင့်တယ်လို့ ငါလည်း အကြံပေးချင်တယ်, ရမ္မက်ဂိုဏ်းတပည့်ကြီးရှဲ့...."
"ဆန်းကြယ်ရေခဲတစ်ပိုင်းက မလုံလောက်ဘူးလား...."