ဂျန်ဖန်းအခြေအနေ
Vol. 28 Ch. 374
တကယ်ပင်၊ ပြောစရာစကားကိုမရှိတော့ပေ။
မြင့်မြတ်ဂိုဏ်းမိုင်းတွင်းက ပျက်စီးလုနီးပါးဖြစ်နေပြီဖြစ်သည်။
သူက သလင်းကျောက်လေးတစ်သောင်းဖြင့် ပြဿနာကိုဖြေရှင်းချင်နေခဲ့သည်။
လူတွေကိုအရူးများထင်နေသည်လား?
အသံကိုကြားသည့်အခါ...
လူတိုင်းတံခါးဆီကြည့်လိုက်ကြပြီး အများစု အသံကိုရင်းနှီးနေခဲ့သည်။
လက်ပိုက်ထားပြီး အခန်းထဲတည်တည်ငြိမ်ငြိမ်လျှောက်ဝင်လာသည့်ပုံရိပ်တစ်ခုကိုမြင်သည့်အခါ....
ရှဲလျိုရှူးမျက်နှာ ချက်ချင်းမဲမှောင်သွားခဲ့သည်။
"မင်းလား..."
သူက ခုချိန်ထိနားမလည်နိုင်ဖြစ်နေခဲ့သည်။
ဂျန်ဖန်း ကောင်းကောင်းလုပ်နိုင်ခဲ့လျက်နှင့် ဘယ်လိုလုပ် ဂိုဏ်းချုပ်အလိုရှိသည့်လူတစ်ယောက်အဖြစ်အဆုံးသတ်သွားခဲ့ရသနည်း။
ထို့ပြင်, ဂိုဏ်းချုပ်၏အလိုရှိထုတ်ပြန်ချက်ကနေတောင် အောင်အောင်မြင်မြင်လွတ်မြောက်သွားခဲ့သည်။
စိတ်အရှုပ်ရဆုံးကိစ္စက ဂျန်ဖန်း မထွက်သွားခင် ဂိုဏ်းချုပ်နှာခေါင်းအောက်မှ တာဝန်တစ်ခုယူသွားတာပင်။
ရလဒ်အနေဖြင့် ဂိုဏ်းချုပ် အတော်လေး ဒေါသထွက်သွားခဲ့ပြီး အကြီးအကဲများစွာလည်း ထိုအရာကြောင့် အပြစ်တင်ခံခဲ့ရသည်။
မရေမတွက်နိုင်သည့်တပည့်တွေလည်း ငြိစွန်းခဲ့ရသည်။
ရှဲ့လျူရှူးတောင် ဂိုဏ်းချုပ်ခန်းမထဲ ဘယ်ခြေလှမ်းဖြင့်စဝင်မိ၍ မလေးစားဘူး စွပ်စွဲခံရကာ ၃ ရက်အကျဥ်းကျခံခဲ့ရသည်။
ထိုရက်တွေအတွင်း ရမ္မက်ဂိုဏ်းရှိလူတိုင်း စိုးရိမ်နေခဲ့ကြရသည်။
ပုံမှန် လွတ်လွတ်လပ်လပ်ကင်းလှည့်နေသည့် အစောင့်ခွေးအချို့တောင် ခွေလှောင်အိမ်ထဲမှာပဲနေခဲ့ပြီး အပြင်မထွက်ရဲကြပေ။
ဂိုဏ်းချုပ်နှင့်တွေ့ပြီး အရိုက်ခံရမှာကို ကြောက်နေကြတာဖြစ်သည်။
ရှဲ့လျိုရှူး မမျှော်လင့်ထားတာက....
ဂျန်ဖန်းကို သူ့ရှေ့မှာ အရှင်လတ်လတ်တွေ့ရလိိမ့်ဆိုတာပင်။
"တပည့်ကြီးရှဲ့, မတွေ့တာကြာပြီ...."
ဂျန်ဖန်း အနည်းငယ်ပြုံးပြီး ပြောလိုက်သည်။
ရှဲ့လျိုရှူး အံ့ကြိတ်လိုက်သည်။
"မင်းကျေးဇူးကြောင့် ငါအဆင်ပြေနေပါတယ်...."
သူက အခြေအနေအရပ်ရပ်ကိုထည့်သွင်းစဥ်းစားပြီး သင်ခန်းစာပေးဖို့မလုပ်ခဲ့ပေ။
ဒါပေါ့, အဓိကအကြောင်းပြချက်က သူ ဂျန်ဖန်းကို မနိုင်ပေ။
ဂျန်ဖန်း အမြုတေဖွဲ့စည်းခြင်းအဆင့် ၂ ကြေးခွံနီရေနတ်ဆိုးနဂါးကို ဘယ်လိုသတ်ခဲ့လဲဆိုတာ သူမျက်စိနှင့်တပ်အပ်မြင်ခဲ့တာဖြစ်သည်။
"မင်းပဲ..."
ရုတ်တရက်အသံတစ်ခုနှင့်....
နောက်ထပ်ပုံရိပ်တစ်ခု ထိုင်ခုံမှထရပ်ကာ အော်ပြောလိုက်သည်။
ဂျန်ဖန်း လှည့်ကြည့်ပြီး ပြုံးပြလိုက်သည်။
ဝမ်ယွင်ကော ဒေါသထွက်သွား၏။
"မင်း ဒီမှာ ဘာလာလုပ်တာလဲ...."
မြင့်မြတ်ဂိုဏ်းတပည့်ပြိင်ပွဲ၌ ဂျန်ဖန်း သူ့အား အသာအယာအနိုင်ယူပြီ ဤနေ့ထိ တပည့်တွေကြားမျာ လူရယ်စရာဖြစ်အောင်လုပ်ခဲ့သည်။
သူက အနေ့နေ့အညည အရှက်တရားနှင့်ရှင်သန်ခဲ့ရပြီး ဂျန်ဖန်းအပေါ်လက်စားချေမည့်အခွင့်အရေးကို အမြဲရှာဖွေနေခဲ့သည်။
သူ့ကိုအံ့အားသင့်စွာနှင့်ပဲ ဂျန်ဖန်းက သူ့ဆီ ဦးစွာရောက်လာခဲ့သည်။
ဂျန်ဖန်း တည်ငြိမ်စွာပြောလိုက်သည်။
"မသိသာဘူးလား? သဘာဝအတိုင်း မြင့်မြတ်ဂိုဏ်းရဲ့ပြဿနာကို ဖြေရှင်းပေးမလို့လေ...."
"မင်းက..."
အခန်းထဲရှိလူတိုင်း သံသယရှိသွားကြသည်။
လုရှိုနန်မျက်နှာ ပိုလို့တောင် မဲမှောင်သွား၏။
သူ၏ အနှစ်သက်ရဆုံးတပည့်သစ် လော်ထျန်းဂျောင်နှင့် ဂုဏ်အယူရဆုံးတပည့် ဝမ်ယွင်ကောကိုဂျန်ဖန်းက ရိုက်နှက်ခဲ့၏။
ထိုအရာက ဝါးစိမ်းတောင်ထိပ်ကို မျက်နှာပျက်စေခဲ့သည်။
အထူးသဖြင့်, ဂျန်ဖန်းက သူအမြဲအထင်သေးခဲ့သည့် တိမ်စိမ်းဂိုဏ်းမှ ဖြစ်နေခြင်းပင်။
သူ့အတွက်တော့ ထိုအရာကအရှက်ကွဲခြင်းနှင့် ဘာမှမထူးပေ။
ဘယ်လိုလုပ် ဂျန်ဖန်းအပေါ် ထင်မြင်ချက်ကောင်းရှိနိုင်မည်နည်း။
"ဒါ မင်းကစားလို့ရတဲ့နေရာမဟုတ်ဘူး...."
မကျေနပ်သည့် ပြစ်တင်သံတွေကိုကြားသည့်အခါ....
ဂျန်ဖန်း စိတ်ထဲမထားပဲ ထူးမခြားနားစွာပြောလိုက်သည်။
"ကျွန်တော်က ဂျူနီယာတစ်ယောက်ဖြစ်ပေမယ့် အဆိပ်အကြောင်းနည်းနည်းနားလည်ပါတယ်...."
"ကျွန်တော်မြင့်မြတ်ဂိုဏ်းရဲ့ မိုင်းတွင်းအန္တရာယ်ကို ဖယ်ရှားပေးချင်ပါတယ်...."
"ဒါပေါ့, မြင့်မြတ်ဂိုဏ်းမှာ ပြဿနာကိုဖြေဖို့ ယုံကြည်ချက်ရှိရင်တော့ ကျွန်တော်ထွက်သွားလိုက်ပါ့မယ်....."
လုရှိုနန် မျက်မှောင်ကြုတ်သွားခဲ့သည်။
ဤကောင်လည်း အဆိပ်ကြောင်းသိသည်လား?
တိမ်စိမ်းဂိုဏ်း၌ ဤနယ်ပယ်ကျွမ်းကျင်သည့်လူမျိုး သူတစ်ခါမှမကြားဖူးပေ။
ဝမ်ယွင်ကော ဂျန်ဖန်းကို အရမ်းမုန်းတီးနေပြီး ပြောလိုက်သည်။
"ဆရာ, ကျွန်တော်တို့မြင့်မြတ်ဂိုဏ်းက တကယ်ပဲ သူ့ကိုမှီခိုဖို့လိုတာလား..."
"ကျွန်တော်တို့မှာ အဆိပ်ဖြေရှင်းဖို့ နည်းလမ်းတွေအများကြီးရှိပါတယ်...."
သူ့အတွက်တော့ ဂျန်ဖန်းက ရင်ထဲက ဆူးတစ်ချောင်းလိုပင်။
လုံးဝ ထိုကောင့်ကို မမြင်ချင်ပေ။
လုရှိုနန် မျက်လုံးမှေးကျဥ်းပြီး စဥ်းစားနေလိုက်သည်။
သူလည်း ဂျန်ဖန်းကိုကြည့်မရပြီး မိုင်တွင်းအန္တရာယ်နှင့်ပတ်သက်ပြီး ထိုကောင့်အပေါ်မမှီခိုချင်ပေ။
သို့ပေမယ့်, ရှဲ့လျိုရှူး ၇ရောင်ခြယ်ဆန်းကြယ်ရေခဲထုတ်ယူပြီး အဆိပ်မြူအန္တရာယ်ကိုဖယ်ရှားနိုင်မလားဆိုတာ မသေချာပေ။
ထို့ပြင် ဂျန်ဖန်းက ဦးစွာစပြောရဲသဖြင့် သူ့၌ ယုံကြည်မှုအချို့ရှိရမည်ပင်။
ရှဲ့လျိုရှူးကျရှုံးခဲ့လျှင် သူတို့က ဂျန်ဖန်းကို လိုအပ်လာမည်ဖြစ်သည်။
အဆုံးမှာတော့ ဂျန်ဖန်းဆုံးနိမ့်ခဲ့လျှင်တောင် သူတို့က ဘာမနစ်နာမည်မဟုတ်ပေ။
ဘာကြောင့်မကြိုးစားကြည့်ရမည်နည်း။
ထို့ကြောင့် သူ့မျက်ခုံးတွေဖြေလျော့လိုက်ပြီး စားပွဲကိုလက်ချောင်းဖြင့်တောက်တာ ပြောလိုက်သည်။
"မင်းအခြေအနေပြောပါ...."
ဂျန်ဖန်း လက် ၂ ချောင်းထောင်ပြလိုက်သည်။
"ပထမဦးဆုံး, ၇ရောင်ခြယ်ဆန်းကြယ်ရေခဲက ငါ့ဟာဖြစ်ရမယ်..."
လုရှိုနန်မလှောင်ပြောင်ခင်, ဂျန်ဖန်း ဆက်ပြောလိုက်သည်။
"ဒုတိယ, မြင့်မြတ်ဂိုဏ်းရဲ့မိုင်းတွင်းနယ်မြေတစ်ဝက်ကို တိမ်စိမ်းဂိုဏ်းဆီပေးရမယ်...."
သူပြောပြီးပြီးချင်း....
မြင့်မြတ်ဂိုဏ်း၏ ကြီးကြပ်ရေးမှူးတွေနှင့် တပည့်တွေအားလုံး လှုပ်လှုပ်ရှားရှားဖြစ်သွားကြပြီး ဒေါသတကြီးပြောဆိုကြတော့သည်။
"မတန်မရာ, မင်းကပြောထွက်တယ်နော်...."
"ဘာလို့ ငါတို့မြင့်မြတ်ဂိုဏ်းတစ်ခုလုံးမယူတာလဲ...."
"ဘယ်လိုတောင် ဒီလိုတောင်းဆိုမှုမျိုးလုပ်ရဲတာလဲ...."
ရှဲလျိုရှူးတောင် မနေနိုင်ပဲ အသက်ပြင်းပြင်းရှူလိုက်၏။
အပေးအယူလုပ်တာတောင် ဂျန်ဖန်းက အများကြီးတောင်းဆိုရဲ၏။
မိုင်းတွင်းနယ်မြေတစ်ဝက်?....
ဘယ်လိုတောင်ပြောထွက်သနည်း။
ထိုစဥ် နယ်မြေအတွက်တိုက်ခိုက်တုန်းက ဂိုဏ်းအသီးသီးမှမြင့်မြတ်အကြီအကဲတွေ တိုက်ပွဲမှာ ပါဝင်ခဲ့ကြ၏။
သူတို့က သွေးချောင်းစီးအောင်အပြင်းအထန်တိုက်ခိုက်ပြီးမှ လက်ရှိပိုင်နက်နယ်မြေကို ရရှိခဲ့တာဖြစ်သည်။
ပေါ့ပေါ့ပါးပါးစာသားတစ်ကြောင်းဖြင့် ဂျန်ဖန်းက မြင့်မြတ်အကြီးအကဲတွေခက်ခက်ခဲခဲရယူထားသည့် နယ်မြေတစ်ဝက်ကို လိုချင်နေခဲသည်။
ဘယ်နည်းနှင့်မှမြင့်မြတ်ဂိုဏ်းသဘောတူမည်မဟုတ်ပေ။
လုရှိုနန် ဒေါသတကြီးထရယ်လိုက်သည်။
ထို့နောက် စကားပွဲကိုရိုက်ပြီး အော်ပြောလိုက်သည်။
"မင်းငါ့ကို ဟာသလုပ်နေတာလား...."
ပြောနေရင်းဖြင့် ရုတ်တရက်ဂျန်ဖန်းနောက်မှ ကလေးမလေးတစ်ယောက်ထွက်လာတာကို သတိထားမိလိုက်သည်။
သူမက ပုံမှန်အတိုင်းပဲ ဘေးရှိထိုင်ခုံတစ်ခုပေါ်ထိုင်ပြီး မျက်လုံးမှိတ်ထားကာ ဘာမှမပြောပေ။
လုရှိုနန်မျက်ခွံ့တွေကျုံ့သွားပြီး အံံ့အားသင့်မှုကြောင့် လျှာကိုက်လုနီးပါးဖြစ်သွား၏။
ချင်းဝမ်ချွမ်?...
တိမ်စိမ်းဂိုဏ်း၏ ဒေါသအကြီးအဆုံး မြင့်မြတ်အကြီးအကဲ....
ထိုစဥ်မိုင်တွင်းတိုက်ပွဲတုန်းက သူမက အကြမ်းကြုတ်ဆုံးပင်။
မြင့်မြတ်ဂိုဏ်း၏ မြင့်မြတ်အကြီးအကဲတွေ သူမအကြောင်းပြောသည့်အခါ တုန်ယင်ခဲ့ကြရသည်။
ဤစုန်းမအိုကြီးက ဘယ်လိုလုပ် ဂျန်ဖန်းနှင့်အတူပါလာရသနည်း။
လုရှိုနန်မျက်နှာ တွန့်လိမ်သွား၏။
သူက နှုတ်ဆက်ချင်သော်လည်း ချင််းဝမ်ချွမ်၏မျက်လုံးမှိတ်ထားပြီး ဝင်ပါမည့်အရိပ်အယောင်မမြင်သည့်အခါ ဉာဏ်ရှိစွာပဲ သူမကို မနှောက်ယှက်ဖို့ ဆုံးဖြတ်လိုက်သည်။
ထို့နောက် ဂျန်ဖန်းကို ပြန်ကြည့်ပြီး သူ့အမူအရာက ဆန္ဒမရှိနေဆဲဖြစ်သည်။
သို့ပေေမယ့် စောနကလို ဆူပူမကြိမ်းမောင်းရဲတော့ပေ။
"မင်းအခြေအနေက အရမ်းမြင့်လွန်းတယ်, ငါ့အတွက်လက်ခံပေးဖို့ ဘယ်လိုမှအဆင်မပြေဘူး...."
လုရှိုနန် ချင်းဝမ်ချွမ်ကို တစ်ချက်ကြည့်ပြီး ညှိနှိုင်းဆွေးနွေးသည့်လေသံဖြင့် ပြောလိုက်သည်။
ဝမ်ယွင်ကော အံ့အားသင့်သွား၏။
သူက သူ့ဆရာကို ထူးဆန်းသည့်အမူအရာဖြင့် ကြည့်လိုက်သည်။
ဤအခိုက်အတန့်၌ ဂျန်ဖန်းကို တစ်ချက်တည်းဖြင့် ကန်ထုတ်ပစ်လိုက်သင့်တာမဟုတ်ဘူးလား။
ဘာကြောင့် ညှိနှိုင်းဆွေးနွေးနေသနည်း။
"ဆရာ, ဂျန်ဖန်းက ဒီနေရာကို ပြဿနာရှာဖို့ရောက်လာတာ။ သူ့ကိုကန်ထုတ်လိုက်ဖို့ ကျွန်တော်အကြံပေးချင်တယ်....."
ဝမ်ယွင်ကော ဆိုးယုတ်စွာ ပြောလိုက်သည်။
လုရှိုနန်မျက်ခွံ့တွေ တွန့်လိမ်သွား၏။
မင်းအကြံပြုချက်ကကောင်းတယ်။ နောက်တစ်ခါ ဘာမှအကြံမပေးနဲ့တော့.....
သူက အမူရာကင်းမဲ့စွာပြောလိုက်သည်။
"ဧည့်သည်က ဧည့်သည်ပဲ။ နောက်ထပ်လူတစ်ယောက်ရှိတာ ဆိုးတဲ့ကိစ္စမဟုတ်ဘူး...."
"ဂျန်ဖန်း ထိုင်ပါ..."
"နောက်ထပ်လူတစ်ယောက် ရောက်ဖို့ရှိသေးတယ်။ ငါတို့ သူရောက်မှ ဆက်ဆွေးနွေးကြတာပေါ့...."
ရှဲ့လျူရှူးမျက်လုံးတွေ ဘေးပတ်ပတ်လည်ကိုကြည့်လိုက်သည်။
သူ့အပြင် မြင့်မြတ်ဂိုဏ်းက အခြားနောက်တစ်ယောက်ဖိတ်ခေါ်ထားသေးသည်လား။
သို့ပေမယ့် ဂိုဏ်း ၉ ဂိုဏ်းအတွင်း၌ မည်သူက အဆိပ်ဖယ်ရှားနိုင်သနည်း။
စောင့်နေရတာအချိန်ဘယ်လောက်ကြာသွားမှန်းမသိပေ။
ဂျန်ဖန် လက်ဖက်ရည်ခွက်ကိုင်ထားပြီး သူ့မျက်လုံးတွေ ကျဥ်းမြောင်းသွား၏။
သူ့လက်ထဲက လက်ဖက်ရှည်ခွက်ထဲရှိရေတွေ စတင်လှိုင်းထလာခဲ့သည်။
ကြီးမားသည့်တုန်ခါမှုတစ်ခု အဝေးက ချဥ်းကပ်လာသလိုပင်။
လုရှိုနန်၏ ချုပ်တည်းထားသည့်မျက်နှာ အနည်းငယ်ပြေလျော့သွားပြီး အကြီးအကျယ်ယုံကြည်မှုတွေပြည့်နှက်လာသကဲ့သို့ တည်ငြိမ်စွာပြောလိုက်သည်။
"နောက်ဆုံးတော့, သူရောက်လာပြီ...."
ဘုန်း...
ကျယ်လောင်စူးရှသည့်စစ်ဗုံသံတစ်ခု ရုတ်တရက် သူတို့နားထဲမှာ ပေါ်လာခဲ့သည်။
ဘုန်း... ဘုန်း....
အသံက တဖြည်းဖြည်း နီးကပ်လာခဲ့သည်။
သံချပ်ကာမြင်းတပ်တစ်ခု ပြေးလာနေသလိုပင်။
ပိုနီးကပ်လာသည့်အခါ....
ဧရာမဆင်ကြီးတွေခြေဆောင့်သကဲ့သို့ မြေပြင်ကို အဆက်မပြတ်တုန်ခါနေစေပြီး....
အခန်းထဲရှိ စားပွဲနှင့်ထိုင်ခုံတွေ တုန်ခါနေပြီး သစ်သားအိမ်ကြီး ဖိအားကိုတောင့်မခံနိုင်တော့ပဲ အက်ကွဲလာခဲ့သည်။
ဘန်း...
ကြီးမားသည့်အားတစ်ခုကြောင့် တံခါဖွင့်ထွက်သွားပြီး ကြမ်းကြုတ်သည့် လေပြင်းတွေ အခန်းထဲတိုးဝင်လာခဲ့သည်။
ဖုန်မှုန့်တွေလွင့်ပျံနေပြီး သစ်ပင်မြက်ပင်တွေလည်း ယိမ်းထိုးနေကာ အိမ်တစ်ခုလုံး လေထဲပါသွားတော့မလိုပင်။
ထို့နောက် ချက်ချင်းပဲ....
အခန်းထဲရှိအလင်းရောင် ရုတ်တရက် မှိန်ကျသွား၏။
လူတိုင်း တံခါးဆီကြည့်လိုက်သည့်အခါ....
ကြီးမားသည့်ပုံရိပ်တစ်ခု... လူတစ်ယောက်နှင့်မတူပဲ တံခါးဝမှာ သံမဏိနံရံကြီးတစ်ခုကဲ့သို့ မတ်တပ်ရပ်နေခဲ့သည်။