← Chapters

အခရှေးဟောင်းဘီလူးသွေးမျိုးဆက်၏

Vol. 28 Ch. 375

အခရှေးဟောင်းဘီလူးသွေးမျိုးဆက်၏

Vol. 28 Ch. 375

အရပ်က သုံးမီတာနီးပါးလောက်ရှည်ပြီး သာမန်လူတစ်ယောက်ယှဥ်ရပ်လျှင် ဝမ်ဗိုက်တောင်မှီမည်မဟုတ်ပေ။

ထွားကြိုင်းမြင့်မားသည့်ခန္ဓာကိုယ်ရှိသော်လည်း သူ့ထံ၌ အဆီပိုတစ်စွန်းတစ်စမှမရှိပေ။

ဗလာကျင်းနေသည့်အပေါ်ပိုင်းခန္ဓာကိုယ်တစ်ခုလုံးက မာကျောတောင့်တင်းနေပြီး ကျောက်တုံးကျောက်ခဲကဲ့သို့ကြွက်သားတွေက အပြင်ဘက်ကို ဖောင်းကားထွက်နေခဲ့သည်။

လက်မလောက်ထူသည့်သွေးကြောတွေလည်း ခန္ဓာကိုယ်ပတ်လည်ကို သစ်ပင်အမြစ်တွေကဲ့သို့ တင်းကြပ်စွာရစ်ပတ်နေခဲ့သည်။

ကြမ်တမ်းသည့်မျက်နှာကို ကြေးခေါင်းလောင်းကြီးတွေကဲ့သို့ကျားမျက်လုံးတွေနှင့်ပေါင်းစပ်လိုက်သည့်အခါ အေးစက်ဖောက်ထွင်းမြင်ရသည့်အကြည့်တစ်စုံကို ဖြစ်ပေါ်လာစေခဲ့သည်။

ရှည်လျားမဲနက်သည့်ဆံပင်ရှည်ကလည်း ဖရိုဖရဲနှင့် ဖားလျားကျနေပြီး ၎င်းက ကြမ်းတမ်းသည့်အော်ရာတစ်ခုကို ပေးစွမ်းနေခဲ့သည်။

အခန်းထဲရှိတပည့်တွေ မနေနိုင်ပဲ ကြောက်လန့်တကြား ဆံထွေးမျိုချလိုက်ရ၏။

မြင့်မြတ်ဂိုဏ်း ထိပ်တန်းတပည့်တွေထဲကတစ်ယောက်ဖြစ်သည့် ဝမ်ယွင်ကောတောင် မွန်းကြပ်သည့်ခံစားမှုကို ခံစားလိုက်ရသည်။

သူ့မျက်နှာတစ်လျှောက် ကြောက်ရွံ့မှုတွေ ဖြတ်ပြေးသွားပြီး နှုတ်ဆက်လိုက်သည်။

"စီနီယာအကိုရွယ်, မတွေ့တာအတော်ကြာပြီ....."

သူရှေ့ရှိလူက ဧရာမဂိုဏ်း၏ ဒုတိယတပည့် ရွယ်ဝမ်ချောင်ပင်။

ရုပ်ခန္ဓာခွန်အား အမြုတေဖွဲ့စည်းခြင်းအဆင့် ၂ ကိုရောက်ရှိနေသည့် ကြောက်စရာမကောင်းဆိုးဝါးတစ်ကောင်ပင်။

ဂိုဏ်း ၉ဂိုဏ်း ရွယ်တူတွေထဲ၌ ရှချောင်ကောနှင့် ဧရာမဂိုဏ်းတပည့်ကြီးသာ သူ့ကို စိန်ခေါ်ရဲ၏။

ရွယ်ဝမ်ချောင် ဝမ်ယွင်ကောကို တစ်ချက်တောင်မကြည့်ပဲ သူ့အသိအမှတ်ပြုမှုနှင့်မထိုက်တန်သလိုပင်။

ထိုအစား သူက လုရှိုနန်ဆီ အနည်းငယ်လက်ချင်းယှက်ပြီး ပြောလိုက်သည်။

"ဧရာမဂိုဏ်းက ရွယ်ဝမ်ချောင် အကြီးအကဲလုကို နှုတ်ဆက်ပါတယ်...."

သူ့အသံက မိုးခြိမ်းသံကဲ့သို့ဖြစ်ပြီး ဤအခန်းကျဥ်းကျဥ်းလေးထဲ၌ အဆများစွာ ကျယ်လောင်နေခဲ့သည်။

ပဲ့တင်သံက လူတိုင်းနားစည်တွေကို နာကျင်အူထူသွားစေခဲ့သည်။

လုရှိုနန်မျက်လုံးတွေ အံ့အားသင့်မှုဖြင့် အရောင်လက်သွား။

"သတင်းတွေအရ မင်းမှာ ရှေးဟောင်းဘီလူးသွေးမျိုးဆက်ရှိတယ်တဲ့..."

"ငါအမြဲထင်ခဲ့တာ ဒါက ကောလဟာလတွေပေါ့။ လက်စသတ်တော့ တကယ်မှန်နေခဲ့တာကိုး...."

ဧရာမဂိုဏ်းတပည့်တွေကျင့်ကြံသည့် ရုပ်ခန္ဓာတွေက သဘာဝအတိုင်း ထွားကြိုင်းကြ၏။

သို့ပေမယ့် ဘယ်လောက်ပဲ ထွားကြိုင်းထွားကြိုင်း ဤကဲ့သို့ လူမဟုတ်လောက်သည့်ပုံစံလောက်ထိတော့ မကြီးထွားကြပေ။

၎င်းက သွေးမျိုးဆက်စွမ်းအားကြောင့်သာဖြစ်နိုင်၏။

ဂျန်ဖန်းမျက်ခုံးအနည်းငယ်မြှင့်တက်သွားပြီး ပြောလိုက်သည်။

"ရှေးဟောင်းဘီလူး?...."

ဤကဲ့သို့ဖြစ်တည်မှုမျိုး အမှန်တကယ်ရှိသည်လား။

သူ့ဘေးရှိ ချွမ်းချွမ်း မျက်လုံးပွင့်လာပြီး ရွယ်ဝမ်ချောင်ကို စိုက်ကြည့်လိုက်သည်။

သူမက သာမန်အတိုင်းမှတ်ချက်ပေးလိုက်၏။

"ရှေးခေတ်အချိန်တွေတုန်းက ကြောက်စရာမျိုးနွယ်အချို့ တကယ်ပဲ တည်ရှိခဲ့တယ်...."

"သူတို့က ၁၀ မီတာလောက်မြင့်ပြီး ခန္ဓာကိုယ်တွေက ထွားကြိုင်းသန်မာကြတယ်။ ဒါပေမယ့် စိတ်ဝိညာဥ်စွမ်းအားတော့မရှိကြဘူး...."

ဂျန်ဖန်းမျက်လုံးတွေ စိတ်ဝင်မှုကြောင့် တောက်ပသွား၏။

"ဒါဆို, သူတို့က နတ်ဆိုးသားရဲတွေနဲ့ အတူတူပဲပေါ့...."

ချွမ်ချွမ်း လှောင်ပြောင်လိုက်၏။

"နတ်ဆိုးသားရဲ?..."

"နတ်ဆိုးအင်ပါယာတောင် သူတို့အဆာပြေအစားအစာထက်မပိုဘူး...."

ဘာ?...

ဂျန်ဖန်း တုန်လှုပ်မှုကြောင့် ပင့်သက်ရှိုက်လိုက်၏။

နတ်ဆိုးအင်ပါယာက သူတို့အစားအစာ? ထိုမျှလောက်တောင် ကြောက်စရာကောင်းသည်လား။

ချွမ်းချွမ်း ဆက်ပြောလိုက်သည်။

"သူတို့က ကမ္ဘာပေါ်မှာရှိသမျှ အရာအားလုံးကို ဝါးမျိုကြတယ်။ ကျိုင်းကောင်အုပ်တွေလို နယ်မြေတွေကိုကျူးကျော်ပြီး မြင်သမျှအကုန်စားသောက်ကြတာ..."

"မရေမတွက်နိုင်တဲ့လူသားကလန်စွမ်းအားကြီးသူတွေ အရှင်လတ်လတ်အစားခံခဲ့ရပြီး နတ်အသွင်ပြောင်းခြင်းနယ်ပယ်အများအပြားတောင်ပါတယ်..."

ဂျန်ဖန်း ကြောက်ရွံ့မှုကြောင့် တုန်ယင်သွား၏။

ထိုကဲ့သို့ဖြစ်တည်မှုတွေတောင် သူတို့အစာဖြစ်ခဲ့ရသည်။ သူက စိုးရိမ်ကြောင့်ကြစွာဖြင့် တီးတိုးမေးလိုက်သည်။

"နောက် ဘာဆက်ဖြစ်သွားလည်း...."

ဤကဲ့သို့ဖြစ်တည်မှုကြီးတွေဆက်ရှိနေသေးလျှင် တွေးမကြည့်ဝံ့စရာပင်။

ချွမ်းချွမ်းပြန်ပြောလိုက်သည်။

"တဖြည်းဖြည်းနဲ့, မျိုးနွယ်စုတွေအားလုံးပူပေါင်းပြီး ရှေးဟောင်းဘီးလူတွေကိုခုခံခဲ့ကြတယ်...."

"နှစ် ၆၀ ကြာစစ်ပွဲဖြစ်ပြီးတဲ့နောက်မှာတော့ နောက်ဆုံး ရှေးဟောင်းဘီလူအားလုံးကို သုတ်သင်နိုင်ခဲ့တယ်....."

"အဲ့ဒီတိုက်ပွဲကို နှစ်၆၀နတ်ဆိုးသုတ်သင်ခြင်းလို့ လူသိများခဲ့တယ်...."

"အဲ့ဒီတိုက်ပွဲမှာ သေဆုံးခဲ့တဲ့ အခြားမျိုးနွယ်တွေကိုမှတ်တမ်းမတင်ထားပေမယ့် လူသားသူတော်စင်အားလုံးကိုတော့ မှတ်တမ်းတင်ထားတယ်။ ငါတို့ဘိုးဘေးတွေကျဆုံးခဲ့ပြီး လူသားမျိုးနွယ် မျိုးသုဥ်းလုနီးပါးပဲ...."

"လူသားမျိုးနွယ်ရဲ့ကြီးပွားတိုးတက်နေတဲ့ ယဥ်ကျေးမှုတွေ ပြိုကွဲသွားပြီး အရင်ဂုဏ်ရောင်တွေ ဘယ်တော့မှပြန်မရတော့ဘူး...."

ဂျန်ဖန်းအသက်ရှူသံတွေ တဖြည်းဖြည်းတိမ်သွားခဲ့သည်။

ရှေးခေတ်လူသားမျိုးနွယ်တွေရင်ဆိုင်ခဲ့ရသည့်ကပ်ဘေးက သူထင်ထားသည်ထက်အများကြီးပိုဆိုးနေခဲ့သည်။

ကံကောင်းစွာဖြင့် ရှေးဟောင်းဘီးလူးတွေ ပျောက်ပျက်သွားခဲ့သည်။

သူတို့သာ ကမ္ဘာကြီးမှာ ဆက်ရှိနေအုန်းမယ်ဆိုလျှင် သူတို့နှင့်အတူယှဥ်တွဲနေထိုင်ရတာက စဥ်းစားရုံနှင်တင် ကြောက်စရာကောင်း၏။

"ဒါဆို ရွယ်ဝမ်ချောင်က ဘယ်လိုဖြစ်တာလဲ...."

ဂျန်ဖန်း စိတ်ရှုပ်စွာဖြင့် မေးလိုက်သည်။

ချွမ်းချွမ်းမျက်နှာ အထင်သေးသည့်အရိပ်အယောင်ဖြင့် တွန့်လိမ်သွား၏။

"လူသားမျိုးနွယ်အဖွဲ့ဝင်အချို့.. သတ္တိကြောင်တဲ့လူတွေပေါ့, ရှေးဟောင်းဘီလူးသွေးမျိုးဆက်ကိုသောက်သုံးပြီး သူတို့ကိုယ်သူတို့ ဘီလူးတစ်ဝက်အဖြစ် ပြောင်းလိုက်ကြတယ်..."

"အဲ့လိုလုပ်ခြင်းဖြင့် သူတို့ကို ရှေးဟောင်းဘီလူးတွေအဖြစ်သတ်မှတ်နိုင်ပြီး အစားခံရတာကနေလွတ်မြောက်နိုင်တယ်....."

"စစ်ပွဲအနိုင်ရပြီးတဲ့နောက်မှာ လက်တစ်ဆုပ်စာလူသားမျိုးနွယ်ခေါင်းဆောင်တွေက သနားညှာတာမှုပြပြီး သူတို့ကို အသက်ချမ်းသာပေးခဲ့တယ်...."

"မျိုးဆက်တွေတစ်ဆက်ပြီးတစ်ဆက်ရောက်လာတော့ သူတို့ရဲ့ရှေးဟောင်းသွေးမျိုးဆက်တွေ တဖြည်းဖြည်းအားနည်းလာခဲ့တယ်...."

"ရွယ်ဝမ်ချောင်မျိုးဆက်ရောက်တော့ ဒါကမှိန်ဖျော့ဖျော့အရိပ်အယောင်လောက်ပဲကျန်တော့ပြီး သူကလွဲပြီး အများစုက သာမန်လူသားတွေနဲ့ ခွဲခြားလို့မရတော့ဘူး...."

ဂျန်ဖန်း မျက်မှောင်အပြင်းအထန်ကြုတ်လိုက်သည်။

သူက စိတ်ထဲမှာအတော်လေး ဒေါသထွက်နေခဲ့သည်။

"သနားညှာတာတယ်...."

"ဒီတော့ လူသားကလန်ခေါင်းဆောင်က သူ့ရဲ့သဘောထားကြီးမှုကိုပြချင်တာပေါ့။ ဒါပေမယ့် ဝမ်းနည်းဖွယ်သေဆုံးခဲ့ရတဲ့ မရေမတွက်နိုင်တဲ့လူသားမျိုးနွယ်ရဲဘော်တွေကကော... သူတို့ကို ဘယ်သူက သနားညှာတာမှုပြမှာလဲ...."

ချွမ်းချွမ်း ဂျန်ဖန်းကို အံ့အားသင့်စွာ ကြည့်လိုက်သည်။

ဤကဲ့သို့သဘောထားမျိုး လူအများ ထုတ်ပြောလေ့မရှိကြပေ။

ဘိုးဘေးတွေကိုလေးစား၍သော်လည်းကောင်း၊ ဘီလူးတစ်ဝက်တွေကို ကြောက်ရွံ့၍သော်လည်းကောင်း ခုခေတ်သိုင်းပညာရှင်တွေ ထိုကိစ္စနှင့်ပတ်သက်၍ ထုတ်မပြောရဲကြပေ။

သူမအပြုအမူကြောင့် သူမက ရွယ်တူတွေကြားမှာ ထူးခြားနေစေခဲ့သည်။

ဂျန်ဖန်း ရပ်တည်ချက်က သူမအား ထူးခြားသည့်ရင်းနှီးမှုကို ခံစားရစေ၏။

"ပြောတာကောင်းတယ်..."

ချွမ်းချွမ်း သူမဒူးကိုရိုက်ပြီး ပြောလိုက်သည်။

"ငါသာဆိုရင် ဘီလူးတစ်ဝက်တိုင်းကို လွန်ခဲ့တဲ့အချိန်ကတည်းက သုတ်သင်ပစ်ခဲ့တယ်...."

"မျိုးသုဥ်းပျောက်ကွယ်မှုနဲ့ရင်ဆိုင်ရချိန်မှာ လူသားမျိုးနွယ်ကိုသစ္စာဖောက်တယ်။ ဒီလိုသစ္စာဖောက်တွေက ဘာအသုံးဝင်မှာလဲ...."

"အဲ့လူသားမျိုးနွယ်ခေါင်းဆောင်ဆိုတဲ့လူရဲ့လုပ်ရပ်က ဂရုဏာပြတဲ့ပုံပေါ်ပေမယ့် တကယ်တော့ တစ်ကိုယ်ကောင်းဆန်တာပဲ...."

အာ...

ဂျန်ဖန်း ချွမ်းချွမ်း၏ကြမ်းတမ်းသည့်အမူအရာကို စူးစမ်းချင်စိတ်ဖြင့် ကြည့်နေခဲ့သည်။

"တစ်ခါတစ်လေ, ငါတကယ်သိချင်မိတယ်။ မင်းက ကလေးတစ်ယောက်နဲ့ တကယ်မတူဘူး...."

"ရှေးဟောင်းသမိုင်းတွေလည်းအများကြီးလည်းသိတယ်။ ပြီးတော့ ပြောတဲ့စကားတွေကလည်း အရမ်းမြင့်လွန်းတယ်...."

ချွမ်းချွမ်း သူ့ကို မျက်လုံးလှန်ကြည့်လိုက်ပြီး မျက်နှာရှုံ့ပြလိုက်သည်။

"နင် အသိဉာဏ်မရှိတိုင်း အခြားသူတွေမရှိဘူးလို့ မဆိုလိုဘူးလေ...."

ကလေးမလေးတစ်ယောက်ဆီမှ သင်ခန်းစာပေးခံရသည့်အတွက် ဂျန်ဖန်း ရယ်လည်းရယ်ချင် ဒေါသလည်းထွက်သွား၏။

"မင်းတို့နှစ်ယောက် တီးတိုးတီးတိုးနဲ့ ဘာအကြောင်းပြောနေတာလဲ...."

မမျှော်လင့်ပဲ ရွယ်ဝမ်ချောင် သူတို့ကို အေးစက်စက်ကြည့်ကာ မိုးခြိမ်းသံကဲ့သို့အသံနှင့် အပြစ်တင်လိုက်၏။

ရှေးဟောင်းဘီးလူသွေးမျိုးဆက်ကြောင့် သူ၏အကြားအာရုံက လူသားမျိုးနွယ်ထက်သာလွန်နေခဲ့သည်။

ထိုကြောင့် ဂျန်ဖန်းနှင့် ချွမ်းချွမ်း တီးတိုးပြောနေလျှင်တောင် သူက အကုန်ကြားနေရ၏။

ဂျန်ဖန်း အပြုံးပျောက်ကွယ်သွားပြီး အေးအေးဆေးဆေးပဲ ပြန်ပြောလိုက်သည်။

"ငါတို့ မင်းအကြောင်းပြောနေတာလေ..."

ဂျန်ဖန်း ရွယ်ဝမ်ချောင်းအပေါ် မုန်းတီးမှုမရှိပေ။

ဘီးလူးတစ်ဝက်သွေးမျိုးဆက်ကစက်ဆုပ်ဖွယ်ဖြစ်သော်လည်း ရွယ်ဝမ်ချောင် ထိုအခြေအနေအတွက် တာဝန်ယူစရာမလိုပေ။

သို့ပေမယ့် ရွယ်ဝမ်ချောင်၏နောက်ထပ်စကားတွေက ဂျန်ဖန်းခံစားချက်ကို ပျက်ပျယ်သွားစေခဲ့သည်။

"မင်းတို့ငါ့အကြောင်းပြောနေတာမဟုတ်ဘူး။ ငါ့ဘိုးဘေးတွေရဲ့မကောင်းကြောင်းပြောနေတာ..."

အပေါ်စီးမှငုံ့ကြည့်ပြီး ရွယ်ဝမ်ချောင် အေးစက်စွာနှာမှုတ်လိုက်သည်။

"ငါ့ဘိုးဘေးတွေရဲ့ဂုဏ်ကျက်သရေက မင်းတို့ သရေဖျက်လို့ရတဲ့အရာမဟတ်ဘူး...."

"ဒူးထောက်တောင်းပန်စမ်း..."

ဂျန်ဖန်း ခေါင်းခါယမ်းလိုက်ပြီး အမူအရာက အေးဆေးတည်ငြိမ်နေခဲ့သည်။

"မင်းဘိုးဘေးတွေရဲ့ဂုဏ်ကျက်သရေ, မင်းပြောတာ သူတို့ရဲ့လူသားမျိုးနွယ်ကိုသစ္စာဖောက်တဲ့ကိစ္စလား...."

"နောက်မျိုးဆက်တစ်ယောက်အနေနဲ့, မင်းက အဲ့တာကိုရှက်ရမဲ့အစား ဂုဏ်ကျက်သရေတစ်ခုလို ပြောနေတယ်...."

သူ၏ လူသားမျိုးနွယ်ခေါင်းဆောင်အပေါ်အထင်သေးမှုက ပိုလို့တောင် ကြီးမားလာခဲ့သည်။

ရွယ်ဝမ်ချောင်တစ်ဦးတည်းက ထိုကဲ့သို့တွေးနေလျှင်ပြဿနာမရှိသော်လည်း ဘီလူးတစ်ဝက်သွေးမျိုးဆက်တစ်ခုလုံးက ဤအတိုင်းလက်ခံထားလျှင် အလွန်ထိတ်လန့်စရာကောင်း၏။

"မင်းဘယ်လိုတောင် ငါ့ဘိုးဘေးတွေကို သစ္စာဖောက်လို့ စော်ကားရဲတာလဲ..."

ဤစကားက ရွယ်ဝမ်ချောင်ကို ဒေါသထွက်သွားစေခဲ့သည်။

သူ့နှာခေါင်းပေါက်ပွလာပြီး တွေဝေမနေပဲလက်ဝါးကြီးကို ဂျန်ဖန်းဆီ ဝှေ့ယမ်းလိုက်သည်။

သူ့လက်မောင်းက သာမန်လူသားလက်ထက် နှစ်ဆလောက်ကြီးပြီး အရှိန်က မယုံနိုင်လောက်အောင်ပင်။

သူတို့ကြား၌ အကာအဝေးရှိနေသော်လည်း လက်ဝါးက အသာလေးရောက်လာခဲ့သည်။

တိုက်ခိုက်မှု၏စွမ်းအားက ကြောက်စရာကောင်းလှ၏။

လူအုပ် လေတိုက်သံသာကြားလိုက်ရပြီး သူ၏ကြီးမားသည့်လက်ကြီးက ဂျန်ဖန်းဆီ လျှပ်စီးကဲ့သို့အရှိန်ဖြင့် ချည်းကပ်လာခဲ့သည်။

ဝမ်ယွင်ကော တိတ်တဆိတ် ပျော်ရွင်သွား၏။

"နောက်ဆုံးတော့ ထိုက်သင့်တဲ့ပြစ်ဒဏ်ခံရပြီ။ ရွယ်ဝမ်ချောင်က ငါ့လို ကျိုးကြောင်းဆင်ခြင်နေမယ် မင်းထင်နေတာလား...."

"မင်းရဲ့သင်ခန်းစာကို ပျော်ပျော်ကြီးလက်ခံလိုက်စမ်းပါ, ဂျန်ဖန်း...."

ရှဲ့လျိုရှူးနှလုံးသား ခုန်ပေါက်သွား၏။

"ဒီတစ်ချိန်, ဂျန်ဖန်း အထိနာတော့မှာ သေချာတယ်..."

ဤအရာက ကုန်းပေါ်မှာ စွမ်းအားလျော့နည်းသွားသည့် ကြေးခွံနီရေနတ်ဆိုးနဂါးနှင့်မတူပေ။

ယခု ဂျန်ဖန်းရှေ့မှာရပ်နေတာက အမြုတေဖွဲ့စည်းခြင်းဒုတိယအဆင့် ခန္ဓာသန့်စင်ပါရမီရှင်ဖြစ်၏။

ဤရိုက်ချက်၏စွမ်းအားက သေချာပေါက် ဂျန်ဖန်းအတွက် ခုခံဖို့ မျှော်လင့်ချက်မရှိပေ။

လုရှိုးနန်နှလုံးသား ခုန်ပေါက်သွား၏။

သူက ဂျန်ဖန်းကို တိမ်စိမ်းဂိုဏ်းမြင့်မြတ်အကြီးအကဲရှေ့မှာ တိုက်ခိုက်ရဲလောက်အောင်တကယ်ပဲ ရဲတင်းသည်လား။

လုရှိုနန် ကြားဝင်ချင်ပေမယ့် ချင်းဝမ်ချွမ် တားဆီးဖို့ဘာမှမလုပ်တာမြင်တော့ အံ့အားသင့်သွားခဲ့သည်။

ထိုအရာက သူ့အား ပဟေဠိဖြစ်သွားစေ၏။

သူမ ဂျန်ဖန်းလုံခြုံရေးကို စိတ်မပူဘူးလား?

ဘုန်း!

လက်ဝါးရိုက်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။

လူအုပ် ဂျန်ဖန်း အရိုက်ခံလိုက်ရပြီဟု ထင်လိုက်ကြ၏။

သို့ပေမယ့် မည်သူမှမမျှော်လင့်ထားတာက...

ရွယ်ဝမ်ချောင်၏ဧရာမလက်ဝါးကြီးကို ကျောက်စိမ်းရောင်လက်တစ်ဖက်က တားဆီးထားခဲ့သည်။

ထိုလက်ပိုင်ရှင်က ဂျန်ဖန်းကလွဲပြီး အခြားသူမဟုတ်ပေ။

All Chapters