← Chapters

ဗောဓိဆေးညွှန်း

Vol. 28 Ch. 376

ဗောဓိဆေးညွှန်း

Vol. 28 Ch. 376

ရွယ်ဝမ်ချောင်လက်ဝါးချက်က မြေပြိုကျသကဲ့သို့ဖြစ်သော်လည်း ဂျန်ဖန်းလက်ဝါးက လုံးဝမလှုပ်မယက်ရှိနေဆဲပင်။

သူ၏ဧရာမလက်ဝါးကြီးက တားဆီးခံလိုက်ရ၏။

ဤမြင်ကွင်းက ရှိနေသည့်လူတွေ၏မျက်ခွံ့တွေကို ကျုံ့သွားစေခဲ့သည်။

ရွယ်ဝမ်ချောင်ရိုက်ချက်ကို ဂိုဏ်း ၉ ဂိုဏ်း မျိုးဆက်တူထဲ၌ လက်တစ်ဆုပ်စာသောလူတွေသာ ခုခံနိုင်ကြ၏။

ဂျန်ဖန်း တကယ်ပဲ အသာအယာခုခံလိုက်သည်လား?

ရှဲ့လျိူရှူး တိတ်တဆိတ် စုပ်သပ်လိုက်သည်။

"ဒီကောင်, နောက်တစ်ကြိမ် ပိုသန်မာလာပြန်ပြီ...."

ကြေးခွံနီရေနတ်ဆိုးနဂါးနှင့်တိုက်ခိုက်ချိန်က ဂျန်ဖန်း အနည်းငယ် ရုန်းကန်ခဲ့ရ၏။

ယခု လက်ဝှေ့ယမ်းရုံဖြင့် အမြုတေဖွဲ့စည်းခြင်းအဆင့် ၂ ခန္ဓာကိုယ်ကျင့်ကြံသူကို အသာအယာခုခံနိုင်နေခဲ့သည်။

သူ့မျက်ခွံ့တွေကိုပိုပြီးတွန့်လိမ်သွားစေတာက ဂျန်ဖန်း စိတ်ဝိညာဥ်စွမ်းအင်တောင်မသုံးပေ။

သူက ရုပ်ခန္ဓာစွမ်းအားကိုပဲအသုံးပြုထားတာဖြစ်သည်။

ဝမ်ယွင်ကော လေအေးတွေရှူသွင်းလိုက်၏။

"သူ...သူက အဲ့လောက်တောင်သန်မာတာလား...."

သူက သူ့ကိုယ်သူပြန်မေးကြည့်မိ၏။

ခုန်အားကုန်ထုတ်သုံးလျှင် သူ ရွယ်ဝမ်ချောင်ရိုက်ချက်ကိုခုခံနိုင်မည်လား။

အနည်းဆုံး သူ့အရိုးအားလုံးကျိုးသွားမည်ဖြစ်သည်။

သို့ပေမယ့် ဂျန်ဖန်း, လက်လေးမြောက်ရုံဖြင့် အသာအယာတားဆီးခဲ့သည်။

သူက ဂျန်ဖန်းကို လက်စားချေဖို့ အမြဲတွေးနေခဲ့သည်။

လွန်ခဲ့သည့်လတွေက အရှက်တရားကို စိတ်ခွန်အားအဖြစ်ပြောင်းကာ သူ့ခွန်အားအကြီးအကျယ်တိုးတက်အောင် ပြုလုပ်ခဲ့၏။

ယခုမှသာ သူသိလိုက်၏။ သူမလှုပ်ရှားခဲ့တာ ကိစ္စကောင်းတစ်ခုပင်။

မဟုတ်လျှင်, ပိုပြီးအရှက်ကွဲမှုနှင့်အဆုံးသတ်မည်ဖြစ်သည်။

အခန်းထဲရှိတပည့်တွေအားလုံး ကြောင်သွားကြသည်။

"ဒါက ဖြစ်နိုင်ပါ့မလား...."

"ရွယ်ဝမ်ချောင်နဲ့ ရုပ်ခန္ဓာချင်းယှဥ်တာ အောက်စည်းရောက်မသွားဘူး..."

"သူ တကယ် ရှေးဟောင်းဘီးလူးသွေးမျိုးဆက်ကို ယှဥ်နိုင်တာပဲ...."

.....

လုရှိုနန်လည်း အကြီးအကျယ်အံ့အားသင့်နေ၏။

တစ်လတည်းနှင့် ဂျန်ဖန်းခွန်အားက အကြီးအကျယ်တိုးတက်သွားခဲ့သည်။

သူက မနေနိုင်ပဲ တည်ငြိမ်နေသည့် ချင်းဝမ်ချွမ်ကိုကြည့်လိုက်သည်။

မအံ့သြတော့ပါဘူး...

သူမ မလှုပ်ရှားတာ မအံ့သြတော့ပေ။ ဂျန်ဖန်း ရုပ်ခန္ဓာခွန်အားက အံ့အားသင့်ဖွယ်ဖြစ်ပြီး အကူအညီမလိုဘူးဆိုတာ သူမအစောကြီးကတည်းကသိထားခဲ့သည်။

သို့ပေမယ့်....

သူမသိတာက ချင်းဝမ်ချွမ်လည်း ဤအခိုက်အတန့်မှာ အံ့အားသင့်နေခဲ့သည်။

"မဟုတ်ဘူး, ဒီကောင် အဆိပ်ကိုးမျိုးစစ်မှန်ကျမ်းကို သုံးမှာမဟုတ်ဘူးလား..."

"ဘာလို့ ဒီလိုကြောက်စရာရုပ်ခန္ဓာမျိုး ဖုံးကွယ်ထားသေးတာလဲ...."

သူမ အနည်းငယ် စိတ်ရှုပ်နေခဲ့သည်။

ဂိုဏ်းပြောစကားအရ ဂျန်ဖန်းရုပ်ခန္ဓာက အမြုတေဖွဲ့စည်းခြင်းအဆင့် ၁ ဟွာရှန်းချန်ကိုပဲ အနိုင်ယူနိုင်တာဖြစ်သည်။

ယခုကကော?

သူက အမြုတေဖွဲ့စည်းခြင်းအဆင့် ၂ ရုပ်ခန္ဓာကျွမ်းကျင်သူကို အသာအယာခုခံနိုင်နေခဲ့သည်။

အခြားလူတွေအံ့အားသင့်နေကြသလို...

ရွယ်ဝမ်ချောင်ပိုလို့တောင်အံ့အားသင့်သွားပြီး သူ၏ဒေါသတကြီးမျက်လုံးတွေထဲမှာ အကြီးအကျယ်အံ့အားသင့်မှုတွေဖြတ်ပြေးသွားခဲ့သည်။

သူက ခွန်အားကုန်မသုံးမထားသော်လည်း ဂျန်ဖန်းလည်း ခွန်အားကုန်သုံးထားပုံမပေါ်ပေ။

မဖြစ်နိုင်တာ....

ဂိုဏ်း ၉ ဂိုဏ်း၌ သူ၏စီနီယာအကိုကြီးမှလွဲ၍ သူနှင့် ရုပ်ခန္ဓာယှဥ်နိုင်သည့်တစ်စုံတစ်ယောက် အမှန်တကယ်ရှိနေခဲ့သည်။

မရေမတွက်နိုင်သည့် တုန်လှုပ်သံသယဖြစ်နေသည့်မျက်လုံးတွေကြောင့် မျက်နှာပျက်သွားပြီး ဒေါသတကြီးဟိန်းဟောက်လိုက်သည်။

"ဟန်ဆောင်နေတာရပ်လိုက်တော့...."

သူ့လက်ဝါး ရုတ်တရက် အားစိုက်လိုက်သည်။

သူ့ကိုအံ့အားသင့်စွာပဲ သူက တစ်ဖက်လူ၏လက်ဝါးကိုလှုပ်ရှားအောင်မလုပ်နိုင်သေးပေ။

ထို့ပြင် ဂျန်ဖန်းက တည်ငြိမ်သည့်အမူအရာဖြင့် မော့ကြည့်နေခဲ့သည်။

"ဒါပဲလား..."

ထို့နောက် သူ့လက်ကိုတစ်ချက်လှုပ်ပြီး ရွယ်ဝမ်ချောင်လက်ဝါးကြီးကို တွန်းဖယ်ပစ်လိုက်သည်။

လူတိုင်း အံ့အားသင့်သွားကြ၏။

ဂျန်ဖန်းတကယ်ပဲ အသာစီးရနေခဲ့သည်။

ဤအရာက ရွယ်ဝမ်ချောင်သတိမမူမိ၍ဖြစ်နိုင်သော်လည်း ထိုအရာက အံ့အားသင့်ဖို့ ကောင်းနေဆဲဖြစ်သည်။

ရွယ်ဝမ်ချောင် ဒေါသထွက်သွား၏။

သူဂုဏ်ယူရသည့် ရုပ်ခန္ဓာကို တကယ်ပဲ တိမ်စိမ်းဂိုဏ်းတပည့်ငယ်လေးက တားဆီးခဲ့သည်။

သူက သွေးမျိုးဆက်အသက်သွင်းပြီး ဂျန်ဖန်းကိုသင်ခန်းစာပေးတော့မည့်အချိန်မှာပဲ....

"ဟေး, ဧည့်သည်တွေကို ဧည့်သည်လိုပဲဆက်ဆံသင့်တယ်။ စကားနဲ့ပဲအေးအေးဆေးဆေးပြောကြရအောင်...."

လုရှိုနန် အချိန်မှီ ဝင်တားလိုက်၏။

တိမ်စိမ်းဂိုဏ်းမြင့်မြတ်အကြီးအကဲက ဘေးမှကြည့်နေခဲ့သည်။ ရွယ်ဝမ်ချောင်သာ သွေးမျိုးဆက်အသက်သွင်းပြီး ဂျန်ဖန်းကို ဒဏ်ရာရစေခဲ့လျှင် တစ်ဖက်လူက ဘယ်လိုလုပ် ငြိမ်နေမည်နည်း။

ရွယ်ဝမ်ချောင် ထိုအရာကိုမသိပေ။ လုရှိုနန် ဂျန်ဖန်းကိုကူညီနေသည်ဟု အထင်မှားသွားခဲ့သည်။

"ဟွန်း.., အကြီးအကဲလုမျက်နှာကြောင့် အခု မင်းအသက်ကို ချမ်းသာပေးလိုက်မယ်...."

"ငါ ၇ရောင်ခြယ်အဆိပ်မြူဖြေရှင်းပြီးရင် မင်းကိုပြန်ပေးဆပ်အောင်လုပ်ပြမယ်..."

ဂျန်ဖန်းကတော့ အနည်းငယ် နောင်တရသည့်အမူအရာပြသလာ၏။

သူက ရွယ်ဝမ်ချောင် သွေးမျိုးဆက်အသက်သွင်းလိုက်လျှင် ဘယ်လောက်အားကောင်းသွားမလဲသိချင်နေခဲ့သည်။

မမျှော်လင့်စွာပဲ, လုရှိုနန်က ဝင်တားခဲ့သည်။

လုရှိုနန် ရွယ်ဝမ်ချောင်၏ဧရာမခန္ဓာကိုယ်ကြီးကို မျှော်လင့်ချက်ဖြင့်ကြည့်ပြီး မုတ်ဆိတ်မွေးသပ်ကာပြောလိုက်သည်။

"ရှေးဟောင်းဘီလူးသွေးမျိုးဆက် ရေဒဏ်မီးဒဏ်ကို ခုခံနိုင်တဲ့ ထူးခြားတဲ့စွမ်းရည်ရှိတယ်....."

"အဆိပ်ပြင်းတွေကိုလည်း သဘာဝအတိုင်း ခံနိုင်ရည်ရှိတယ်...."

"မင်းကိုဖိတ်ခေါ်လိုက်တာ မှန်ကန်တဲ့ဆုံးဖြတ်ချက်ပဲ...."

"သခင်လေးရွယ်, ပြောပါ.... မင်းဘာလိုချင်လဲ...."

ရွယ်ဝမ်ချောင် လက်ပိုက်ထားပြီး ဂုဏ်ယူစွာပြောလိုက်သည်။

"ပထမဦးဆုံး, ၇ရောင်ခြယ်ဆန်းကြယ်ရေခဲက ငါ့ဟာဖြစ်ရမယ်...."

"ဒုတိယအနေနဲ့, ငါကြားထားတာအရ မင်းတို့ဂိုဏ်းမှာ ဗောဓိဆေးညွှန်းရှိတယ်ဆို။ အဲ့ဒါလည်းငါလိုချင်တယ်...."

ဗောဓိဆေးညွှန်း?....

ဂျန်ဖန်းနှလုံးသားအနည်းငယ် တုန်ခါသွား၏။

နောက်ဆုံးကြိမ် ဗောဓိဆေးလုံးအကြောင်း သူကြားဖူးတာက အနက်ရောင်မှန်နတ်ဆိုးစိတ်ဝိညာဥ်ထံမှဖြစ်သည်။

ပြောတာအရ အမြုတေဖွဲ့စည်းခြင်းအဆင့် ၉ ရောက်ပြီးနောက် သန္ဓေသားဖွဲ့ခြင်းအဆင့်ကိုချိုးဖြတ်ဖို့ မရှိမဖြစ်လိုအပ်သည့်ပစ္စည်းတစ်မျိုးဖြစ်သည်။

၎င်းက ရုပ်ခန္ဓာခွန်အားကိုတိုးမြှင့်ပေးနိုင်ပြီး ကောင်းကင်အတိဒုက္ခကို ခုခံပေးနိုင်၏။

သူက ဗောဓိဆေးလုံးကို အတော်လေး စိတ်ဝင်စား၏။

ကံမကောင်းစွာပဲ, ဆေးညွှန်းမရှိ၍ သွေးဗောဓိနှင့်ဆေးပညာအရည်အချင်းနှင့်ဆိုလျှင်တောင် သူက မဖော်စပ်နိုင်ပေ။

လုရှိုနန်မျက်လုံးတွေ၌ စူးရှသည့်အလင်းရောင်တွေလက်သွား၏။

"၇ရောင်ခြယ်ဆန်းကြယ်ရေခဲက ဆွေးနွေးလို့ရတယ်...."

"ဒါပေမယ့်, ဗောဓိဆေးညွှန်းကိုတော့ တွေးတောင်မတွေးနဲ့။ မြင့်မြတ်ဂိုဏ်းက ပေးမှာမဟုတ်ဘူး...."

"မင်းတို့ဧရာမဂိုဏ်း အဲ့တာကိုလိုချင်ရင် အနည်းဆုံး မင်းတို့ဂိုဏ်းချုပ်ကိုယ်တိုင် ညှိနှိုင်းဆွေးနွေးသင့်တယ်...."

"မင်းက တပည့်တစ်ယောက်ပဲ, ဒီကိစ္စထဲဝင်မပါနဲ့...."

အခြားစကားဖြင့်ပြောရလျှင် ဗောဓိဆေးညွှန်းက အလွန်အဖိုးတန်၏။

ရွယ်ဝမ်ချောင်လိုတပည့်လေးတစ်ယောက်က ထိုအရာကို တပ်မက်လို့မရပေ။

"ဒါဆို, ဂိုဏ်း ၂ ဂိုဏ်းဒီကိစ္စကိုဆွေးနွေးမယ့် ကျွန်တော့်ဆန္ဒကို ခင်ဗျား သတင်းပို့ပေးနိုင်မလား...."

ရွယ်ဝမ်ချောင် နောက်ထပ်အခြေအနေတစ်ခု တောင်းဆိုလိုက်သည်။

သိသာစွာပင် သူက အခြားတစ်ဖက် ပေးဖို့ မမျှော်လင့်ထားပေ။

ဤခရီး၌ ဧရာမဂိုဏ်းရည်ရွယ်ချက်ကိုပို့ပေးနိုင်ရင်ကို လုံလောက်ပြီဖြစ်သည်။

လုရှိုနန်အမူအရာ ပျော့ပျောင်းသွား၏။

"မင်းတို့နှစ်ယောက်လုံးက ဆန်းကြယ်ရေခဲအပိုင်းအစ လိုချင်နေမှတော့ ဒါဆို ငါ တွန့်ဆုတ်စွာနဲ့ခွဲပေးလိုက်ပါ့မယ်...."

"၇ရောင်ခြယ်ဆန်းကြယ်ရေခဲတူးယူနိုင်တဲ့ဘယ်သူမဆို ယူသွားနိုင်တယ်...."

ရှဲ့လျူရှူးအနည်းငယ် စိတ်လှုပ်ရှားသွား၏။

ကိစ္စတွေက ပိုပြီး စိတ်အားထက်သန်စရာကောင်းလာပြီဖြစ်သည်။

ဂျန်ဖန်း မျက်လုံးတွေ အနည်းငယ် အရောင်လက်သွား၏။

၇ရောင်ခြယ်ဆန်းကြယ်ရေခဲ တစ်ပိုင်းသာရှိ၍ သူတို့က ကိုယ့်အစွမ်းအစအပေါ်မှီခိုရမည်ဟု ဆိုလိုနေခဲ့သည်။

လုရှိုနန် မတ်တပ်ရပ်ပြီး ပြောလိုက်သည်။

"မင်းတို့သုံးယောက် အဆင်သင့်ဖြစ်ရင် မိုင်းတွင်းဆီငါ့နောက်ကနေ လိုက်ခဲ့ကြ..."

သူက မျက်နှာပြင်၌ တည်ငြိမ်နေသော်လည်း စိတ်ထဲမှာ အလွန်စိတ်လှုပ်ရှားနေခဲ့သည်။

၇ရောင်ခြယ်အဆိပ်မြူတွေ ပြန့်ကားနေပြီး ၇ရောင်ခြယ်သတ္တုရိုင်းတွေကို တိုက်စားနေခဲ့သည်။

ယခုလက်ရှိ၌ အဆိပ်မြူ သတ္တုရိုင်းမျက်နှာပြင်ပေါ်၌သာ စိမ့်ဝင်နေသေး၏။

သူတို့က ၎င်းတို့ကိုတူးထုတ်ဖို့သာလိုပြီး ပြဿနာကြီးမဟုတ်ပေ။

နောက်ထပ်သာနှောင့်နှေးကြန့်ကြာနေလျှင် အဆိပ်မြူက မိုင်းတွင်းကိုစိမ့်ဝင်ပြီး မြင့်မြတ်ဂိုဏ်း၏မိုင်းတွင်းဧရိယာပျက်စီးသွားမည်ဖြစ်သည်။

မြင့်မြတ်ဂိုဏ်း၏ သလင်းကျောက် ၃၀ ရာခိုင်နှုန်းက ၇ရောင်ခြယ်ကျောက်တုံးတွေကိုရောင်းချခြင်းမှရရှိတာဖြစ်သည်။

သူတို့သာဆက်လက်မိုင်းမတူးနိုင်တော့ဘူးဆိုလျှင် အကျိုးဆက်ကို တောင့်ခံနိုင်မည်မဟုတ်ပေ။

ထို့ကြောင့်...

အချိန်က အရေးကြီး၏။

သူက ချက်ချင်းပဲ အဖွဲ့ကိုဦးဆောင်ကာ ၇ရောင်ခြယ်မိုင်းတွင်းအရှေ့ဘက်ခြမ်းကို ခေါ်သွားခဲ့သည်။

ထိုနယ်မြေက ၇ရောင်ခြယ်သတ္တုအများဆုံးထွက်သည့်နေရာဖြစ်ပြီး တိမ်စိမ်းဂိုဏ်းနေရာထက် သုံးဆပိုထွက်၏။

ဘာမှမတတ်နိုင်ပေ။

၇ရောင်ခြယ်မိုင်းတွင်းက မြင့်မြတ်ဂိုဏ်းပိုင်နက်မှာရှိတာဖြစ်သည်။

အခြားဂိုဏ်း ၈ ဂိုဏ်း နယ်မြေအပိုင်းတစ်ခုရတာဟာအတိတ်က တိုက်ပွဲကိုကျေးဇူးတင်ရမည်ဖြစ်သည်။

ထိုတိုက်ပွဲ၌ ဂိုဏ်းအသီးသီးမြင့်မြတ်အကြီးအကဲတွေပူးပေါင်းပြီး မြင့်မြတ်ဂိုဏ်း မြင့်မြတ်အကြီးအကဲတွေကိုတိုက်ခိုက်ခဲ့ကြသည်။

မြင့်မြတ်ဂိုဏ်းက နေရာကောင်းတွေပေးထားတာကကို အလျော့ပေးထားပြီးနေပြီဖြစ်သည်။

ရှေ့ရှိမြင်ကွင်းက ၇ရောင်ခြယ်မြူတွေဖြင့် ဖုံးလွမ်းနေခဲ့သည်။

၎င်းက သက်ရှိအရာဝတ္ထုတစ်ခုတွားသွားနေသလိုဖြစ်ပြီး တစ်ခါတစ်ရံလူးလွန့်နေခဲ့သည်။

ကြည့်ရတာ အတော်လေး ရင်တထိတ်ထိတ်ဖြစ်စေ၏။

ဂျန်ဖန်း အနည်းငယ်အံ့အားသင့်သွား၏။

"ဒါတွေအားလုံးက ၇ရောင်ခြယ်အဆိပ်မြူတွေလား...."

လုရှိုးနန် မရွင်ပြသည့်အမူအရာဖြင့် အလေးအနက်ခေါင်းညိတ်ပြလိုက်သည်။

ထိုအရာကိုကြားသည့်အခါ...

ရှဲ့လျိုရှူးအမူအရာ ပြောင်းလဲသွား၏။

"အကြီးအကဲလု, မင်းပြောတော့ အဆိပ်မြူက ပါးပါးလေးဆို..."

"အခုကြည့်အုန်း, အဆိပ်မြူကထူလွန်းလို့ တစ်ပေလောက်တောင် ဖောက်မမြင်ရဘူး...."

"ငါ့ဘဝမှာ တစ်ခါမှ ဒီလောက်ထူတဲ့အဆိပ်မြူတွေ မမြင်ဖူးဘူး...."

"ငါတို့ကိုဝင်ခိုင်းတာ သွားသေခိုင်းနေတာမဟုတ်ဘူးလား...."

All Chapters