← Chapters

အဆိပ်မြူသန္ဓေပြောင်းခြင်း

Vol. 28 Ch. 377

အဆိပ်မြူသန္ဓေပြောင်းခြင်း

Vol. 28 Ch. 377

ရှဲ့လျိုရှူးမျက်နှာ ကြောက်ရွံ့မှုတွေနှင့်ပြည့်နှက်သွား၏။

သူ့ရှေ့ရှိအဆိပ်မြူက သူ့အားအလွန်အမင်းအန္တရာယ်ရှိသည့်ခံစားချက်ကိုပေးစွမ်းနေ၏။

အထဲရှိ၇ရောင်ခြယ်ဆန်းကြယ်ရေခဲတူးဖို့ ယုံကြည်ချက်မရှိတော့ပေ။

ရွယ်ဝမ်ချောင်မျက်လုံးတွေလည်း လေးလံသွားပြီး မထီမဲ့မြင်ပြုသည့်အမူအရာဖြင့် ပြောလိုက်သည်။

"အကြီးအကဲလု, လက်ရှိအဆိပ်မြူက ငါ့ရှေးဟောင်းဘီးလူသွေးမျိုးဆက်ဆိုရင်တောင် တောင့်မခံနိုင်ဘူး...."

"မင်းစာထဲမှာပြောထားတာနဲ့ အတော်လေးကွာနေတယ်...."

ဂျန်ဖန်းအကြည့် အဆက်မပြတ်လူးလွန့်နေသည့် အဆိပ်မြူတွေအပေါ်မှာ ရှိနေခဲ့သည်။

သူလည်း ကြောက်ရွံ့မှုအချို့ပြသလာ၏။

သူ၌ အဆိပ်ကိုးမျိုးစစ်မှန်ကျမ်းရှိလျှင်တောင် ဤကဲ့သို့သိပ်သည်းသည့်အဆိပ်မြူထဲ အချိန်ကြာကြာနေတာက စွန့်စားရာရောက်၏။

သို့ပေမယ့်, ၇ရောင်ခြယ်ဆန်းကြယ်ရေခဲတူးရတာက မခက်ခဲသင့်ပေ။

လုရှိုနန် ခေါင်းခါယမ်းလိုက်သည်။

"ငါ, မြင့်မြတ်ဂိုဏ်းရဲ့ အကြီးအကဲတစ်ယောက်အနေနဲ့ မင်းတို့ဂျူနီယာနှစ်ယောက်ကို မလှည့်စားပါဘူး...."

"ငါ မင်းတို့နှစ်ယောက်ဆီစာပို့တုန်းက အဆိပ်မြူက တကယ်ပဲ ပါးပါလေးရှိသေးတာ...."

"ဒါပေမယ့် ၇ရောင်ခြယ်ဆန်းကြယ်ရေခဲထဲမှာရှိတဲ့အဆိပ်မြူက အဆက်မပြတ်စိမ့်ထွက်နေတာ။ သုံးရက်တည်းနဲ့ ဒီထုကိုရောက်သွားတာပဲ....."

သူက အတော်လေးစိုးရိမ်နေခဲ့သည်။

နောက်ထပ်ကြန့်ကြာနေလျှင် အဆိပ်မြူက တောင့်မခံနိုင်လောက်သည်ထိ သိပ်သည်းလာတော့မည်ဖြစ်သည်။

မြေအောက်သာစိမ့်ဝင်လျှင် ဤမိုင်းတွင်းနယ်မြေက ပျက်စီးပြီဖြစ်သည်။

"မင်းတို့အားလုံး ဘယ်လိုတွေးထားကြလဲ? ကြိုးစားကြည့်ချင်ကြလား...."

လုရှိုနန် တိုက်တွန်းလိုက်သည်။

ရှဲ့လျိုရှူး တစ်ခဏတွေဝေနေပြီး ပြောလိုက်သည်။

"ငါတို့ ဒီရောက်မှတော့ သေချာပေါက်ကြိုးစားကြည့်သင့်တယ်...."

ရွယ်ဝမ်ချောင် နှာမှုတ်လိုက်သည်။

"ငါလည်း ငါ့သွေးမျိုးဆက်ကန့်သတ်ချက်ကို စမ်းသပ်ကြည့်ချင်တယ်။ ဘယ်လောက်ကြာအောင်တောင့်ခံနိုင်မလဲ ကြည့်ကြတာပေါ့...."

သူတန်ဖိုးထားရသည့် ၂ ယောက် သဘောတူတာမြင်သည့်အခါ လုရှိုနန် သက်သာယာရသွားခဲ့သည်။

နောက်ဆုံး သူက ဂျန်ဖန်းဖက်လှည့်ပြီး မေးလိုက်သည်။

"မင်းကကော..."

သူ့အတွက်တော့ ဂျန်ဖန်း၏ပါဝင်မှုက အရေးမပါပေ။

အခြားနှစ်ယောက်နှင့် အောင်မြင်ဖို့ အာမခံချက်ရှိ၏။

ဂျန်ဖန်း မေးစေ့ပွတ်ပြီး ပြောလိုက်သည်။

"ဒါပေါ့, ငါလည်းသွားမယ်...."

"ဒါပေမယ့်, ငါ့မှာ မေးခွန်းနှစ်ခုရှိတယ်...."

"ပထမတစ်ခုက, ဒီလောက်ထူထဲတဲ့မြူတွေနဲ့ ငါတို့ ၁ ဇန်ထက်ပိုမမြင်နိုင်ဘူး။ ဆန်းကြယ်ရေခဲကိုဘယ်လိုရှာရမှာလဲ...."

"ဒုတိယတစ်ခုက ငါတို့ကျရှုံးသွားရင် မြူထဲကပြန်ထွက်ဖို့နဲ့ မတော်တဆဖြစ်ရပ်တွေ မဖြစ်ရအောင် အရံအစီအစဥ်ရှိလား...."

ဤမေးခွန်းနှစ်ခုက ရှဲ့လျိုရှူးကို နိုးနိုးကြားကြားဖြစ်သွားစေ၏။

ဂျန်ဖန်းက တကယ်ပဲ ကိစ္စတွေကို အသေးစိတ်စဥ်းစားနိုင်၏။

ရှေ့ရှိအဆိပ်မြူက ဝင်ရလွယ်သော်လည်း ထွက်ဖို့အတွက်တော့ စိန်ခေါ်မှုတစ်ခုဖြစ်၏။

သူက ဤအရေးကြီးအချက်နှစ်ချက်ကို မေ့လုနီးပါးဖြစ်သွားခဲ့သည်။

လုရှိုနန် ဂျန်ဖန်းကို အံ့အားသင့်သည့်အမူအရာဖြင့် ကြည့်လိုက်သည်။

သူက ဤလူငယ်လေးကို သဘောမကျသော်လည်း..

သူ၏အသေစိတ်ကျမှုက သူ့အားရွယ်တူတွေနှင့် မတူထူးခြားစေ၏။

သူက ဖြည်းညင်းစွာခေါင်းညိတ်လိုက်သည်။

"ငါမင်းတို့ကိုဖိတ်ခေါ်တယ်ဆိုကတည်းက သဘာဝအတိုင်း မင်းတို့လုံခြုံရေးကို အာမခံပါတယ်...."

သူက ချက်ချင်းပဲ လက်ဝါးအရွယ်သံလိုက်အိမ်မြောင်သုံးခုကို ထုတ်ယူလိုက်သည်။

၎င်းတို့ပေါ်ရှိ အပ်ချောင်းတွေက အေးစက်သည့်အော်ရာတွေထုတ်လွတ်နေပြီး အရောင် ၇မျိုး တောက်ပနေခဲ့သည်။

"ဒီရေခဲက တစ်ခုနဲ့တစ်ခုဆွဲဆောင်နိုင်တဲ့ ပြိုင်ဘက်ကင်းဂုဏ်သတ္တိရှိတယ်။ ဒါကြောင့် အပ်ညွှန်ပြတဲ့ဦးတည်ချက်က ၇ရောင်ခြယ်ဆန်းကြယ်ရေခဲရှိတဲ့နေရာပဲ...."

"အပ်ညွှန်ပြတဲ့အတိုင်းသွားပါ, မင်းတို့ လမ်းမှားမှာမဟုတ်ပါဘူး....."

လက်စသတ်တော့ ပြင်ဆင်မှုတွေရှိနေခဲ့သည်။

ဦးတည်ချက်ပြဿနာတော့ဖြေရှင်းပြီးသွားပြီဖြစ်သည်။

နောက်တစ်ခုက လုံခြုံရေးဖြစ်၏။

သူတို့ ၇ရောင်ခြယ်ဆန်းကြယ်ရေခဲတူးဖော်တာ ကျရှုံးခဲ့လျှင် ဘယ်လိုလွတ်မြောက်နိုင်မည်နည်း။

လုရှိုနန် အင်္ကျီလက်ထဲမှ တောက်ပသည့်အနက်ရောင်ပိုးမျှင်တစ်စည်းကို ထုတ်ယူလိုက်သည်။

"ဒါက ကောင်းကင်ပြင်ပဥက္ကာခဲကလုပ်ထားတဲ့ ပျော့ပျောင်းတဲ့ပိုးမျှင်ပဲ....."

"မာကျောပြီး မီးဒဏ်ရေဒဏ်ခံနိုင်တဲ့အပြင် အဆိပ်တိုက်စားခြင်းကိုလည်း ခုခံနိုင်တယ်...."

"မင်းတို့အဆိပ်မြူထဲဝင်တဲ့အခါ တစ်ဖက်ကိုမင်းတို့ခါးမှာချည်ပြီးဝင်ကြ။ ပြန်ထွက်တဲ့အခါ ကြိုးမျှင်အတိုင်းပြန်ထွက်ခဲ့ကြပေါ့...."

အို?...

ရွယ်ဝမ်ချောင်မျက်လုံးတွေ တောက်ပသွား၏။

"ဒီလိုပစ္စည်းမျိုးရှိတယ်ပေါ့? ဒါက ရမ္မက်ဂိုဏ်းချုပ်ရဲ့ ကောင်းကင်တောင်ထွဋ်ပိုးမျှင်တဲ့ အတော်လေး ဆင်တူသား...."

သူက တစ်ပိုင်းကောက်ယူပြီး လက်နှစ်ဖက်ဖြင့် တင်းတင်းကြပ်ကြပ်ဆွဲကြည့်လိုက်သည်။

အားကြောင့် သူ့လက်ချောင်းတွေ အနည်းငယ်သွေးစို့သွားပြီး ချည်မျှင်ကတော့ ပြတ်မသွားခဲ့ပေ။

သူ့မျက်လုံးတွေ အံ့အားသင့်မှုကြောင့် ပိုလို့တောင် တောက်ပသွားခဲ့သည်။

"တကယ်ပဲ, ထူးခြားတဲ့ပစ္စည်းပဲ...."

လုရှိုနန် ဂုဏ်ယူမှုကို ခံစားလိုက်ရသည်။

"ဒါပေါ့..."

"ဒီအနက်ရောင်သံပျော့ပျောင်းပိုးမျှင်က ကောင်းကင်တောင်ထွဋ်ပိုးမျှင်လောက် မကောင်းပေမယ့် ဂိုဏ်း ၉ ဂိုဏ်းမှာရှိတဲ့ ပျော့ပျောင်းပိုးမျှင်နှစ်ခုထဲကတစ်ခုဖြစ်ပြီး မရေမတွက်နိုင်အောင်အသုံးဝင်တယ်...."

"ဒါနဲ့ဆိုရင်, မင်းတို့ လုံလုံခြုံခြုံ ဝင်ထွက်နိုင်မယ်...."

ဤအာမခံချက်တွေနှင့်...

ရှဲ့လျိုရှူးနှင့် ရွယ်ဝမ်ချောင်တို့ လုံးဝစိတ်အေးသွားကြသည်။

ဦးတည်ချက်ပြဿနာနှင့် လုံခြုံရေးပြဿနာကို ဖြေရှင်းပြီးသွားပြီဖြစ်သည်။

ယခု ၇ရောင်ခြယ်အဆိပ်မြူကိုခုခံပြီး ဆန်းကြယ်ရေခဲအောင်အာင်မြင်မြင်တူးဖော်ဖို့က ကိုယ့်အစွမ်းအစပေါ်သာမူတည်တော့၏။

ဂျန်ဖန်း လက်ပိုက်ထားပြီး မေးလိုက်သည်။

"ငါတို့ အတူတူဝင်ရမှာလား ဒါမှမဟုတ် တစ်ယောက်ပြီးမှတစ်ယောက်ဝင်ရမှာလား..."

ရှဲ့လျူရှူးနှင့် ရွယ်ဝမ်ချောင်လည်း ဤပြဿနာကို နားလည်၏။

သူတို့အတူတူဝင်သွားပြီး ဆန်ကြယ်ရေခဲတစ်ပြိုင်နက်တည်းတူးလျှင် ဘယ်သူကပိုင်ဆိုင်ရမည်နည်း။

သုံးယောက်တော့ အညီအမျှခွဲဝေလို့မရပေ။ ဟုတ်တယ်မလား။

တစ်ယောက်ချင်းသွားလျှင်လည်း မည်သူကအရင် မည်သူက နောက်မှသွားမည်နည်း။

နောက်မှသွားမည့်လူက သဘာဝအတိုင်း အရေးနိမ့်မည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ရှေ့လူက ၇ရောင်ခြယ်ဆန်းကြယ်ရေခဲကို ရသွားနိုင်သောကြောင့်ပင်။

"ဒါက...."

လုရှိုနန်လည်း အခက်တွေ့သွား၏။

အစ၌ အစီအစဥ်က ရှဲ့လျိုရှူးကို အရင်ဖိတ်ခေါ်ခဲ့တာဖြစ်သည်။

သူအောင်မြင်ခဲ့လျှင် ကိစ္စပြတ်ပြီဖြစ်သည်။

မအောင်မြင်ခဲ့လျှင် ရွယ်ဝမ်ချောင်လာတာ စောင့်မည်ဖြစ်သည်။

မမျှော်လင့်ပဲ နှစ်ယောက်လုံးက တစ်ချိန်တည်းနီးပါးရောက်လာခဲ့သည်။

ထို့ပြင် ဂျန်ဖန်းပါပါလာသေး၏။

၎င်းက သုံးယောက်ကြား ဘယ်သူအရင်ဝင်မလဲဆိုသည့် ခက်ခဲသည့်ပြဿနာတစ်ခုဖြစ်လာခဲ့သည်။

တစ်ယောက်ချင်းစီက အရင်သွားချင်ကြပြီး မည်သူမှ နောက်ဆုံးမကျန်ချင်ပေ။

ဤခက်ခဲသည့်အခြေအနေ၌ ဝမ်ယွင်ကော အကြံပေးလိုက်သည်။

"ဆရာ, မျှတသွားအောင် ငါတို့ဘာလို့ မဲမနှိုက်တာလဲ....."

"ဘယ်သူအရင်ဝင်ရမလဲဆိုတာ ကံကဆုံးဖြတ်သွားလိမ့်မယ်။ ဘယ်သူမှ အထွန့်တက်လို့မရတော့ဘူး..."

ပြီးပြည့်စုံသည့်ဖြေရှင်းချက်မဟုတ်သော်လည်း လုပ်နိုင်သည့်တစ်ခုတည်းသောနည်းလမ်းဖြစ်၏။

"မင်းတို့ဘယ်လိုထင်လဲ....."

လုရှိုးနန် သုံးယောက်ကို ကြည့်လိုက်သည်။

သုံးယောက်သားအကြည့်ချင်းဖလှယ်ပြီး မည်သူမှ အလျော့မပေးချင်ပေ။

သို့ပေမယ့် ကံကိုဆုံးဖြတ်ခိုင်းတာကလွဲပြီး အခြားပိုကောင်းသည့်နည်းလမ်းမရှိတော့ပေ။

သူတို့အားလုံး သဘောတူတာမြင်သည့်အခါ....

လုရှိုနန် အလျားမတူသည့် တုတ်ချောင်းသုံးချောင်းကို ကောက်လိုက်သည်။

သူက ထိုအရာတွေကို လက်ထဲမှာ တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားပြီး တုတ်ထိပ်ဖျားကိုသာ ဖော်ထားခဲ့သည်။

"အရှည်ဆုံးကျတဲ့သူအရင်သွားရမယ်...."

"ငါ အရင်ရွေးမယ်....."

ရွယ်ဝမ်ချောင် ရှဲ့လျိုရှူးကိုဘေးတွန်းဖယ်လိုက်ပြီး တုတ်ချောင်းတစ်ခုကို ဆုပ်ကိုင်လိုက်သည်။

ရှဲ့လျိုရှူး သူ၏နာကျင်နေသည့်လက်မောင်းကိုပွတ်သပ်လိုက်ပြီး နောက်ထပ်တုတ်တစ်ချောင်ရွေးလိုက်၏။

ဂျန်ဖန်း ရွေးချယ်စရာမရှိပဲ နောက်ဆုံးတုတ်ချောင်းကို အေးအေးဆေးဆေးပဲ ယူလိုက်သည်။

သူ တည်ငြိမ်စွာပြောလိုက်သည်။

"ကံကောင်းရင်, အရင်ရွေးတာက အရေးမပါတော့ဘူး..."

"ဘာလို့အလျှင်လိုနေကြတာလဲ...."

သို့ပေမယ့် သုံးယောက်သား သူတို့တုတ်ချောင်းတွေ ထုတ်ပြလိုက်သည့်အခါ....

ဂျန်ဖန်းမျက်နှာ အစိမ်းရောင်ပြောင်းသွားပြီး ရေရွတ်လိုက်သည်။

"ဒါဘယ်လိုစုတ်ပြတ်သတ်နေတဲ့ကံလဲဟ..."

သူ့လက်ထဲရှိတုတ်ချောင်းက အတိုဆုံးဖြစ်နေခဲ့သည်။

ဒုတိယအတိုဆုံးက ရွယ်ဝမ်ချောင်ပင်။

အရှည်ဆုံးကတော့ ရှဲ့လျိုရှူးဖြစ်၏။

"ဖူး..."

ချင်းဝမ်ချွမ် မနေနိုင်ပဲ ရယ်လိုက်၏။

ဂျန်ဖန်းနှင့်အချိန်အတော်ကြာအတူရှိလာ၍ ဤအရာက သူ့ဆုံးနိမ့်မှုကို သူမမြင်ရတာ ပထမဆုံးအကြိမ်ဖြစ်သည်။

သူမက ဟာသလုပ်လိုက်၏။

"နင် နောက်တစ်ခါကျရင်ကော တည်ငြိမ်အုန်းမလား။ ဟ..ဟ...ဟ...."

ဂျန်ဖန်း သူမကို စိုက်ကြည့်လိုက်သည်။

"နောက်ဆုံးအနိုင်ရသူကပဲ ရယ်နိုင်မှာ...."

"သူတို့က ၇ရောင်ခြယ်ဆန်းကြယ်ရေခဲနားတောင် ရောက်ချင်မှရောက်မှာ...."

ရှဲ့လျိုရှူး လက်ထဲရှိတုတ်ချောင်းကို အောင်ပွဲခံစွာဝှေ့ယမ်းပြပြီးပြောလိုက်သည်။

"ညီအကိုရွယ်, ညီအကိုဂျန် ငါအရင်သွားလိုက်ပါအုန်းမယ်...."

ထို့နောက် သံနက်ပျော့ပျောင်းပိုးမျှင်တစ်ဖက်ကို သူ့ခါး၌ချည်ကာ ထူးထည်းသည့်အဆိပ်မြူထဲ ခုန်ဝင်သွားခဲ့သည်။

၇ရောင်ခြယ်အဆိပ်မြူတွေ အသက်ရှိနေသည့်အလား ချက်ချင်းလှုပ်ရှားလာပြီး တိုက်ခိုက်လာကြသည်။

အပြင်မှကြည့်ရှုနေသူတွေ မြူလှုပ်ရှားမှုကိုကြည့်ပြီး ရှဲ့လျိုရှူးတည်နေရာကို အကြမ်းဖျင်းသာခန့်မှန်းနိုင်ကြ၏။

သူတို့က သူမြူတွေအလယ်ထဲတိုးဝင်သွားတာကို ကြည့်နေခဲ့ကြသည်။

လုရှိုနန်မျက်လုံးတွေတောက်ပသွား၏။

"အဆိပ်လမ်းစဥ်မှာအကျွမ်းကျင်ဆုံးတပည့်ကမျှော်လင့်ထားတဲ့အတိုင်းပဲ။ ဘာထိခိုက်မှုမှမရှိပဲ မြူထဲမှာ လွတ်လွတ်လပ်လပ်သွားလာနေနိုင်တယ်...."

သူက သူ၏ပတ်တီးစီးထားသည့်လက်ညိုးကို တစ်ချက်ကြည့်လိုက်သည်။

အကြီးအကဲတစ်ယောက်အနေဖြင့် စိတ်ဝိညာဥ်စွမ်းအင်သုံးပြီး မြူထဲဝင်ရောက်ခဲ့ရာ ကံမကောင်းပြီး လက်ချောင်းတိုက်စားခံခဲ့ရသည်။

ရှဲ့လျူရှူး ဘာမှမဖြစ်သလိုသွားလာနိုင်ပြီး သူ၏အဆိပ်လမ်းစဥ်ကျွမ်းကျင်မှု ဘယ်လောက်နက်နဲလည်းဆိုတာ ညွှန်ပြနေခဲ့သည်။

သို့ပေမယ့် ရုတ်တရက်....

အမြန်ပြေးနေသည့်ရှဲ့လျိုရှူး တစ်စုံတစ်ခုကို အာရုံခံမိလိုက်သလိုပင်။

ရုတ်ချည်းရပ်တန့်လိုက်ပြီး အလျှင်အမြန် ပြန်ပြေးလာခဲ့သည်။

မပီမပြင်ကြောက်လန့်တကြားအော်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။

"မြန်မြန်ငါ့ကိုဆွဲခေါ်ပေး...."

"ဒီအဆိပ်မြူနဲ့ပတ်သက်ပြီး တစ်ခုခုမှားနေတယ်...."

All Chapters