မြူနတ်ဆိုးသားရဲ
Vol. 28 Ch. 378
လုရှိုနန်အမူအရာ အနည်းငယ်ပြောင်းလဲသွား၏။
ရှဲ့လျိုရှူးက ရမ္မက်ဂိုဏ်းတပည့်ကြီးဖြစ်၏။ သူသာ ဤနေရာ၌တစ်ခုခုဖြစ်သွားလျှင် ရမ္မက်ဂိုဏ်းကို မည်သို့ရှင်းပြမည်နည်း။
အကူအညီတောင်းသံကြားသည့်အခါ သူက တွေဝေမနေပဲ သံနက်ပျော့ပျောင်းပိုးမျှင်ကိုဆုပ်ကိုင်လိုက်ပြီး ဆွဲယူလိုက်သည်။
ဆုတ်ဖြဲသံတစ်ခုနှင့်အတူ...
ရှဲ့လျိုရှူး အဆိပ်မြူထဲမှပျံသန်းထွက်လာပြီး သူတို့ရှိနေရာနေရာမြေပြင်ပေါ်ပြင်းထန်းစွာပြုတ်ကျလာခဲ့သည်။
လုရှိုနန် သဘာဝအတိုင်း သွားဖမ်းဖို့ကြိုးစားလိုက်သည်။
သို့ပေမယ့် ရှဲ့လျိုရှူး အဆောတလျှင်အော်ပြောလိုက်၏။
"ငါ့ကိုမထိနဲ့, ဝေးဝေးနေ..."
လုရှိုနန် ရှဲ့လျိုရှူးခန္ဓာကိုယ်က ၇ရောင်ခြယ်အဆိပ်မြူတွေဖြင့်ဖုံးလွမ်းနေတာ ချက်ချင်း သတိထားမိလိုက်သည်။ ကိုယ်ပေါ်၌ ပုရွက်ဆိတ်တွေ တွားသွားနေသလိုပင်။
အမျှင်တန်းတွေက သူ့ကိုယ်ပေါ်မှာ တင်းကြပ်စွာ ကပ်နေခဲ့သည်။
ဤအရာက လုရှိုနန်ဦးရေပြားကိုထုန်ကျဥ်သွားစေခဲ့သည်။
အရင်က အကြီးအကျယ်ခံစားဖူး၍ သူက အလျှင်အမြန် ဘေးဆုတ်ကာ အော်ပြောလိုက်သည်။
"လူတိုင်း, ဝေးဝေးနေကြ...."
တရှပ်ရှပ်မြည်သံနှင့်အတူ....
လူအုပ် လျှင်မြန်စွာပဲ နောက်ဆုတ်သွားခဲ့သည်။
ဂျန်ဖန်းက တုံ့ပြန်မှုအမြန်ဆုံးဖြစ်၏။
ရှဲ့လျိုရှူးမြူထဲမှမထွက်ခင်ကတည်းကကို သူက သတိထားနေပြီဖြစ်သည်။
ချက်ချင်းပဲ လှုပ်ရှားမှုနည်းလမ်းသုံးပြီး ချင်းဝမ်ချွမ်းကိုဆုပ်ကိုင်ကာ မျက်စိတ်တစ်မှိတ်အတွင်း ကိုက်ဒါဇင်နှင့်ချီရောက်ရှိသွားခဲ့သည်။
ဒုန်း...
ရှဲ့လျိုရှူး မြေပြင်ပေါ် ပြင်းထန်စွာပြုတ်ကျသွားခဲ့သည်။
သူ့ခန္ဓာကိုယ်ရှိအဆိပ်မြူတွေ အရပ်မျက်နှာအသီးသီးကို လွင့်ပျံသွား၏။
သတိလက်လွတ်ဖြစ်သွားသည့်တပည့်များစွာ သူတို့ကိုယ်ပေါ်သို့ အဆိပ်မြူတွေစင်သွားပြီး အဝတ်တွေချက်ချင်းတိုက်စားခံရကာ အရေပြားတွေထွက်ပေါ်လာခဲ့သည်။
"အား..."
စူးစူးဝါးဝါးအော်သံတွေ ပတ်ဝန်းကျင်၌ ပဲ့တင်ထပ်နေခဲ့သည်။
အချို့နိုးကြားသည့်တပည့်တွေ အလျှင်အမြန်ပဲ သူတို့အဝတ်အစားတွေဆုတ်ဖြဲလိုက်ကြ၏။
လက်နှေးသည့်လူတွေကတော့ အဆိပ်မြူကြောင့် အရေပြားတွေတိုက်စားခံလိုက်ရပြီး အသားတွေဆီရောက်လာခဲ့သည်။
အနီးနားရှိ ဘာမှမဖြစ်သည့်တပည့်တွေ ပြတ်ပြတ်သားသားဓားဆွဲထုတ်ပြီး သူတို့၏ပုပ်နေသည့်အသားတွေကိုဖြတ်ကာ အသက်တွေကိုကယ်တင်ပေးလိုက်သည်။
လုရှိုနန်လည်း ချွင်းချက်မဟုတ်ပေ။
သို့ပေမယ့် သူက အလျှင်အမြန်တုံ့ပြန်ပြီး သူ၏အပြာရောင်ဝတ်စုံကို စုတ်ဖြဲလိုက်သည်။
ရွယ်ဝမ်ချောင် သူ၏ကြီးမားသည့်ခန္ဓာကိုယ်ကြီးဖြင့် အဆိပ်မြူတွေလာစင်သော်လည်း တည်ငြိမ်နေခဲ့သည်။
အနည်းငယ်လှုပ်ခါလိုက်ရာ ခန္ဓာကိုယ်တစ်လျှောက် ခရမ်းရောင်သွေးတွေစီးဆင်းသွားပြီး အဆိပ်မြူတွေကို တွန်းဖယ်ပစ်လိုက်သည်။
များစွာသောလောင်ကျွမ်းရာတွေမှလွဲ၍ အခြားဘာဒဏ်ရာမှမရခဲ့ပေ။
တစ်ခဏအတွင်း....
မြင့်ကွင်းက ဖရိုဖရဲဖြစ်သွားခဲ့သည်။
လေးနက်သည့်အမူအရာဖြင့် လုရှိုနန် မေးလိုက်သည်။
"ဘာဖြစ်တာလဲ? မင်း ဘာလို့ ရုတ်တရက် ပြန်လာတာလဲ...."
အမည်မသိအရည်တွေပါသည့် ပုလင်းများစွာသောက်လိုက်သည့်အခါ ရှဲ့လျိုရှူးအရေပြားကိုတိုက်စားနေသည့် ၇ရောင်ခြယ်အဆိပ်မြူတွေ မီးကိုတွေ့သည့်ရေခဲနံရံကဲ့သို့ အလျှင်အမြန်ပဲ ပျောက်ကွယ်သွားခဲ့သည်။
အနီရောင်အမှတ်အသားအနည်းငယ်သာ သူ့၏အပြစ်အနာရှာကင်းသည့်အရေပြားပေါ်မှာ ကျန်ခဲ့သည်။
ပါးစပ်ထောင့်မှသွေးစအချို့ကိုသုတ်ပြီး ရှဲလျိုရှူး တုန်လှုပ်မှုအပြယ်သေးပဲ ပြောလိုက်သည်။
"ဒီအဆိပ်မြူတွေက သဘာဝအတိုင်းဖြစ်လာတာမဟုတ်ဘူး...."
ထိုအခါမှသာ အခြားလူတွေ ရှဲ့လျိုရှူးမျက်နှာနှင့် နှလုံးနေရာရှိ လောင်ကျွမ်းရာတွေကို သတိထားမိလိုက်ကြသည်။
အခြားနေရာတွေက ထိုနေရာတွေနှင့်ယှဥ်လျှင် ပိုနည်းနေခဲ့သည်။
ဤအရာကို ဘာကိုဆိုလိုနေသနည်း။
ဤအဆိပ်မြူတွေက သူ၏သေစေနိုင်သည့်နေရာတွေကိုဦးတည်တိုက်ခိုက်တယ်ဆိုတာ ပြသနေတာပဲဖြစ်သည်။
ခေါင်းနှင့်နှလုံး....
သဘာဝအတိုင်းဖြစ်လာသည့်အဆိပ်မြူက ဤကဲ့သို့ပြုမူမည်မဟုတ်ပေ။
ရှင်းလင်းစွာပင်, တစ်စုံတစ်ယောက်က အဆိပ်မြူတွေကို ထိန်းချုပ်နေခဲ့သည်။
မဲမှောင်သည့်အမူအရာဖြင့် ရှဲ့လျိုရှူး အဆိပ်မြူထဲကို စိုက်ကြည့်လိုက်သည်။
"ငါပြတ်ပြတ်သားသားအကူအညီတောင်းလိုက်လို့မဟုတ်ရင်, အဲ့နေရာမှာသေနေလောက်ပြီ...."
လူတိုင်း ထိတ်လန့်သွားကြ၏။
သူ့မျက်နှာနှင့်ရင်ဘတ်ရှိဒဏ်ရာတွေက သူ့စကားတွေမှန်တယ်ဆိုတာ သက်သေပြနေခဲ့သည်။
လုရှိုနန်မျက်နှာမဲမှောင်သွားပြီး အဆိပ်မြူထဲအော်ဟစ်လိုက်သည်။
"ဘယ်ကောင်က မြင့်မြတ်ဂိုဏ်းနယ်မြေထဲမှာ ပြဿနာရှာရဲတာလဲ...."
"ကိုယ်ထင်ပြစမ်း..."
သူ ပဟေဠိဖြစ်နေခဲ့သည်။
ဘာကြောင့် အဆိပ်မြူတွေက မြင့်မြတ်ဂိုဏ်းမိုင်းတွင်းနယ်မြေ၌သာ ပျံ့နှံ့နေခဲ့သနည်း။
အခြားနေရာတွေဆီလုံးဝမသွားပေ။
မျှော်လင့်ထားသည့်အတိုင်း, တစ်စုံတစ်ယောက်က အရိပ်ထဲမှ ထိန်းချုပ်နေခဲ့သည်။
တစ်ဖက်လူတုံ့ပြန်လိမ့်မှာမဟုတ်ဘူးဟု တွေးနေစဥ်....
မမျှော်လင့်စွာပဲ...
အဆိပ်မြူတွေ ကြမ်းကြမ်းတမ်းတမ်း လည်ပတ်လာပြီး လှောင်ပြောင်သည့်မျက်လုံးနှစ်လုံးအဖြစ်သိပ်သည်းသွားခဲ့သည်။
ပို့လို့တောင် အံ့သြဖို့ကောင်းတာက...
အဆိပ်မြူတွေ၏သိပ်သည်းမှုက အလျှင်အမြန်ပဲ တိုးလာခဲ့သည်။
ဤအရာက ပေါ်တင်စိန်ခေါ်လိုက်တာဖြစ်သည်။
"မင်းဘယ်သူလဲ...."
လုရှိုနန် ဒေါသတကြီးဟိန်းဟောက်လိုက်၏။
ဂျန်ဖန်း အဆိပ်မြူတွေကို တွေးတွေးဆဆဖြင့် စိုက်ကြည့်ပြီး ပြောလိုက်သည်။
"ဒါ လူတစ်ယောက်ဟုတ်ပုံမရဘူး...."
ဟမ်?...
ဤအခိုက်အတန့်၌ သူတို့ကျောတွေ အေးစိမ့်သွားကြ၏။
လူသားမဟုတ်လျှင် ဘာဖြစ်နိုင်မည်နည်း။
ဂျန်ဖန်း အဆိပ်မြူတွေကိုခြုံငုံလေ့လာပြီး ပြောလိုက်သည်။
"ဒီလိုအဆိပ်မြူတွေကိုကျွမ်းကျွမ်းကျင်ကျင်ကိုင်တွယ်နိုင်တွယ်နိုင်တယ်ဆိုတော့ အနည်းဆုံး အဆိပ်လမ်းစဥ်ကျွမ်းကျင်သူတစ်ယောက်ပဲဖြစ်ရမယ်...."
"ဒါပေမယ့် ဂိုဏ်း ၉ ဂိုဏ်းမှာ ဒီလိုလူမျိုး တစ်ယောက်မှမရှိဘူး..."
ပြင်ပနယ်မြေမှလည်းမဖြစ်နိုင်ပေ။ သူတို့က အကြောင်းရင်းမရှိပဲ မြင့်မြတ်ဂိုဏ်းကို ပြဿနာရှာမည်မဟုတ်ပေ။
မကျေနပ်ချက်မရှိ၊ ရန်ငြိုးမရှိ...
လုံးဝအကြောင်းပြချက်မရှိပေ။
လုရှိုနန်မျက်လုံးတွေ သိချင်စိတ်ကြောင့် ပြူးကျယ်နေခဲ့သည်။
"လူမဟုတ်ရင်, ဘာလဲ..."
တကယ်တာ့ အဖြေက ရှိနေသည့်လူတိုင်းစိတ်ထဲမှာရှိနေပြီဖြစ်သည်။
သူတို့ မသချာရုံသာဖြစ်သည်။
ဂျန်ဖန်း မေးစေ့ကိုထိပြီး ပြောလိုက်သည်။
"မြူနတ်ဆိုးလို့ခေါ်တဲ့ နတ်ဆိုးသားရဲတစ်ကောင်ရှိတယ်...."
"မွေးရာပါကိုယ်ပျောက်နေပြီး အခြားလူတွေကိုတိုက်ခိုက်ဖို့ အဆိပ်မြူတွေကို အသုံးပြုနိုင်တယ်...."
"တပည့်ကြီးရှဲ့ရဲ့ ဖော်ပြချက်ကိုအခြေခံရရင်, သူ့ကိုတိုက်ခိုက်လိုက်တဲ့တစ်ယောက်က မြူနတ်ဆိုးသားရဲဖြစ်နိုင်တယ်...."
မြူနတ်ဆိုးသားရဲ?....
လုရှိုနန် ရေရွတ်လိုက်ပြီး သတိထားမိလိုက်သည်။
အစောပိုင်း စိန်းခေါ်နေသည့် ၇ရောင်ခြယ်အဆိပ်မြူတွေ တဖြည်းဖြည်းတည်ငြိမ်သွား၏။
သတိထားနေသလိုပင်။
လုရှိုနန်မျက်လုံးတွေတောက်ပသွား၏။
"မင်းပြောတာတကယ်မှန်နေတာပဲ, ဒါတကယ်မြူနတ်ဆိုးသားရဲဖြစ်ရမယ်...."
"ဒီနတ်ဆိုးသားရဲမှာ အားနည်းချက်တစ်ခုခုရှိလား...."
ဂျန်ဖန်း ပြန်ပြောလိုက်သည်။
"မီး..."
လုရှိုနန် ရယ်လိုက်၏။
"တိုက်တိုက်ဆိုင်ဆိုင်, ဒီအကြီးအကဲ မီးအဆောင်စာရွက်အများကြီးယူလာခဲ့တယ်...."
သူ့အင်္ကျီလက်ထဲမှ အဆောင်စာရွက်တစ်ထပ်ကြီးထုတ်ယူလိုက်သည်။
အားလုံးက မီးအမျိုးအစားတိုက်ခိုက်ရေးအဆောင်စာရွက်တွေပင်။
"မြူနတ်ဆိုးလေးတစ်ကောင်က မြင့်မြတ်ဂိုဏ်းနယ်မြေမှာ ပြဿနာရှာရဲတယ်ပေါ့..."
"သွားစမ်း..."
လက်ဝှေ့ယမ်းလိုက်ပြီး အဆောင်စာရွက်အားလုံးကို အသက်သွင်းလိုက်သည်။
အားလုံး အစုလိုက်အပြုံလိုက်ပျံသန်းသွားပြီး အဆိပ်မြူထောင့်စွန်းအားလုံးကို ထိမှန်သွားခဲ့သည်။
"အီး..."
ရုတ်တရက် စူးစူးဝါးဝါးအော်သံတစ်ခု အဆိပ်မြူထောင့်တစ်နေရာမှထွက်ပေါ်လာခဲ့သည်။
ခုန်ပေါက်လှုပ်ရှားနေသည့်အဆိပ်မြူတစ်စုကို သာမန်မျက်လုံးနှင့်တောင်မြင်နိုင်ပြီး နာကျင်စွာစွဲစွဲငင်ငင် အော်ဟစ်နေခဲ့သည်။
သိပ်မကြာလိုက်ပေ။
မီးတောက်တွေ ၎င်းကိုတိုက်စားသွားပြီး ပြိုလဲကျကာ ပြာအဖြစ်လောင်ကျွမ်းခံလိုက်ရ၏။
လုရှိုနန် သက်သာယာရစွာ သက်ပြင်းချလိုက်သည်။
"ငါ့ကိုစိန်ခေါ်ချင်တယ်? သေချင်နေတာပဲ...."
တရားခံကိုရှင်းလင်းပြီး၍ လုရှိုနန် တက်ကြွနေကာ ဂျန်ဖန်းအား ရှားရှားပါးပါးပြုံးပြလိုက်သည်။
"ဒီတစ်ချိန် ငါမင်းကို အကြွေးတင်သွားပြီ..."
"တိမ်စိမ်းဂိုဏ်းကိုလက်ဆောင်ပို့ပေးဖို့ ဂိုဏ်းကို အကြောင်းကြားထားပေးမယ်...."
ဂျန်ဖန်း ထူးမခြားနားရှိနေဆဲဖြစ်သည်။
သူက အဆိပ်မြူထဲကြည့်ပြီး ပြောလိုက်သည်။
"မင်းငါ့ကို တကယ်ကျေးဇူးတင်ချင်ရင် ငါ့ကို အရင်သွားခိုင်းလိုက်ပါ...."
မြူနတ်ဆိုးသားရဲသေသွားပြီဖြစ်၍ နောက်ထပ်အန္တရာယ်မရှိသင့်တော့ပေ။
ရွယ်ဝမ်ချောင် နှာမှုတ်လိုက်၏။
"မင်းအလှည့်မရောက်သေးဘူး..."
သူက သံနက်ပျော့ပျောင်းပိုးမျှင်တစ်ချောင်းကို သူ့ခါးမှာချည်ပြီး ဆုံးဖြတ်ချက်ပြတ်သားသည့်အမူအရာဖြင့် မြူထဲခုန်ဝင်သွားခဲ့သည်။
သူ၏ကြီးမားသည့်ခန္ဓာကိုယ်က သံမဏိမျှော်စင်တစ်ခုလိုပင်။
၇ရောင်ခြယ်အဆိပ်မြူတွေကို တွန်းဖယ်ပြီး လမ်းကြောင်းတစ်ခု အားသုံးဖန်တီးလိုက်၏။
သူ့ပေါ်တွယ်ကပ်လာသည့်အဆိပ်မြူတွေကိုတော့ ရှေးဟောင်းဘီးလူးသွေးမျိုးဆက်ဖြင့် အသာအယာဖယ်ရှားပစ်နေခဲ့သည်။
လောင်ကျွမ်းရာတွေသာကျန်နေခဲ့ပြီး ထိုအရာက သူ့ကို မနာကျင်စေပေ။
ရှဲ့လျိုရှူး ခါးသီးမှုအပြည့်ဖြင့် ပြောလိုက်သည်။
"သေစမ်း, ဒီကောင် အကျိုးမြတ်ရသွားပြီ..."
"အဲ့ဒီမြူနတ်ဆိုးသားရဲကြောင့်သာမဟုတ်ရင် ၇ရောင်ခြယ်ဆန်းကြယ်ရေခဲက ခုလောက်ဆို ငါ့ဟာဖြစ်နေလောက်ပြီ..."
လုရှိုနန် မုတ်ဆိတ်မွေးသပ်လိုက်ပြီး ချီးမွမ်းလိုက်သည်။
"သူက ၇ရောင်ခြယ်ဆန်းကြယ်ရေခဲရှာတွေ့တော့မှာပဲ...."
"ဒီတစ်ချိန် အောင်မြင်မှာသေချာတယ်..."
ဝမ်ယွင်ကောမနာလိုမှုအပြည့်ဖြင့် ပြောလိုက်သည်။
"ရှေးဟောင်းဘီလူးသွေးမျိုးဆက်ပီသတယ်။ အဆိပ်တွေကို ဒီလိုအသာအယာပဲကိုင်တွယ်သွားတယ်..."
"အဲ့ဒီ ၇ရောင်ခြယ်ဆန်းကြယ်ရေခဲက အဖိုးမဖြတ်နိုင်ဘူး၊ သူက ဒီလိုပဲ ရသွားတော့မယ်...."
သို့ပေမယ့်....
မဝေးသည့်နေရာမှဂျန်ဖန်းကိုမြင်သည့်အခါ သူမ မနေနိုင်ပဲ ပီတိဖြစ်သွား၏။
"ငါသာမင်းဆို, မြူနတ်ဆိုးသားရဲကို ထုတ်ဖော်မှာမဟုတ်ဘူး...."
"အခုတော့, သူက ဘာအခက်အခဲမှမရှိပဲ ရတနာကိုရသွားတော့မယ်...."
ဂျန်ဖန်း လက်ပိုက်ထားပြီး အနည်းငယ်မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
"သူ ရမှာမဟုတ်ဘူး...."