အဆိပ်မြူထဲဝင်ရောက်ခြင်း
Vol. 28 Ch. 379
ထိုမြူနတ်ဆိုးသားရဲ၏ပစ်မှတ်မှာ ၇ရောင်ခြယ်ဆန်းကြယ်ရေခဲဖြစ်နိုင်၏။
ဘယ်လိုလုပ် ထိုအရာအပေါ်မှာ ထောင်ချောက်မဆင်ထားပဲနေမည်နည်း။
ယူဖို့က လွယ်မည်မဟုတ်ပေ။
၂၅မိနစ်လောက်ကြာပြီးနောက်....
လူတိုင်း၏စောင့်ကြည့်နေမှုအောက်၌ ရွယ်ဝမ်ချောင် နောက်ဆုံးမှာ အဆိပ်မြူအလယ်ဗဟိုကိုရှာတွေ့သွားခဲ့သည်။
ထိုနေရာ၌ ၇ရောင်ခြယ်ဆန်းကြယ်ရေခဲရှိနေခဲ့သည်။
လုရှိုနန်နှုတ်ခမ်းတွေတွန့်ကွေးသွား၏။
"ပြီးသွားပြီ...."
"ကြည့်ရတာ ရွယ်ဝမ်ချောင်တကယ် အရည်အချင်းရှိတာပဲ..."
"ဒီလိုကြောက်စရာကောင်းတဲ့အဆိပ်မြူထဲမှာ ၂၅မိနစ်လောက်နေနိုင်တယ်။ တကယ်ကို မယုံနိုင်စရာပဲ...."
သူက ရှေးဟောင်းဘီလူးသွေးမျိုးဆက်ရှိသည့် ရွယ်ဝမ်ချောင်ကို ဖိတ်ခေါ်ခဲ့သည့်အတွက် အတော်လေး ကျေးဇူးတင်နေခဲ့သည်။
မဟုတ်လျှင် ပြဿနာဖြေရှင်းဖို့က အလှမ်းဝေးကွာသည်အိမ်မက်တစ်ခုဖြစ်နေမည်ဖြစ်သည်။
ဖုန်း...
ရုတ်တရက်....
အဆိပ်မြူအလယ်၌ မီးတောင်တစ်ခုကဲ့သို့ ပေါက်ကွဲထွက်လာပြီး ပုံစံဖြစ်တည်လောက်သည်ထိ သိပ်သည်းသည့်အဆိပ်မြူတွေ ရုတ်တရက်ဆိုသလို ထွက်ပေါ်လာခဲ့သည်။
၎င်းက ပတ်ဝန်းကျင်ရှိမြူတွေထက် ၁၀လောက်ထူးထည်း၏။
ထို့ကြောင့် သိပ်သည်းမှုက ကြောက်စရာပင်။
ထို့နောက် အလျှင်အမြန်ပဲ မူလအဆိပ်မြူတွေဖြင့် ပေါင်းစပ်ကာ သိပ်သည်းမှုက အကြီးအကျယ်မြင့်တက်လာခဲ့သည်။
ချက်ချင်းဆိုသလိုပဲ ရွယ်ဝမ်ချောင်၏ စူးစူးဝါးဝါးအော်ဟစ်သံထွက်ပေါ်လာခဲ့သည်။
နောက်တစ်ခဏ၌...
သူ၏ကြီးမားသည့်ခန္ဓာကိုယ်ကြီး သံနက်ပျော့ပျောင်းပိုးမျှင်တစ်လျှောက် ပြန်ပြေးလာခဲ့သည်။
အရှိန်က ကြောက်မက်ဖွယ်ဧရာမဆင်ကြီးတစ်ကောင်လိုပင်။
မကြာမီ....
ရွယ်ဝမ်ချောင် အဆိပ်မြူထဲမှထွက်လာပြီး သူ့အသွင်အပြင်က လူတိုင်းဦးရေပြားကို ကြောက်ရွံ့မှုကြာင့် ထုန်ကျဥ်သွားစေခဲ့သည်။
သူ့ခန္ဓာကိုယ်တစ်ခုလုံးက ပုပ်သိုးဆွေးမြေ့သည့်အနာတရတွေနှင့်ပြည့်နှက်နေခဲ့သည်။
အရေပြားတစ်လျှောက်မသက်ရောက်ခံရသည့်နေရာဟူ၍ တစ်လက်မတောင်မရှိပေ။
ကြောက်စရာအကောင်းဆုံးက သူ့လက်ပင်။
အသားအားလုံးတိုက်စားခံလိုက်ရပြီး သွေးသံရဲရဲအရိုးတွေသာကျန်တော့၏။
ရှေးဟောင်းဘီလူးသွေးမျိုးဆက်ကြောင့်သာမဟုတ်လျှင် အရိုးတောင်ကျန်မည်မဟုတ်ပေ။
အပြင်ရောက်ရောက်ခြင်းပဲ....
သူ့ခွန်အားဆုံးရှုံးကာ မြေပြင်ပေါ်ပြိုလဲကျသွားတော့သည်။
အနီးကပ်ကြည့်လျှင် သူ့မျက်လုံးတွေဝေဝါးနေပြီး အဆိပ်မြူအများအပြားရှူမိတာကိုပြသနေကာ ယခုသတိမေ့နေခဲ့သည်။
သူက ပြန်လာဖို့စိတ်ခွန်အားပေါ်၌သာ မှီခိုခဲ့ရသည်။
လုရှိုနန် ထိတ်လန့်သွား၏။
အလျှင်အမြန်ပဲ ကုသဆေးတစ်လုံးထုတ်ကာ ရွယ်ဝမ်ချောင်ပါးစပ်ထဲထည့်ပေးလိုက်သည်။
ထိုအခါမှသာ ရွယ်ဝမ်ချောင်တဖြည်းဖြည်း အသိပြန်ဝင်လာပြီး အောင်မြင်စွာအသက်ကယ်နိုင်သွားခဲ့သည်။
"ဘာဖြစ်ခဲ့တာလဲ...."
လုရှိုနန် တုန်လှုပ်နေပြီး မသေချာစွာဖြင့် မေးလိုက်သည်။
ရွယ်ဝမ်ချောင် ခက်ခက်ခဲခဲပြန်ဖြေလိုက်သည်။
"၇ရောင်ခြယ်ဆန်းကြယ်ရေခဲအောက်မှာ အရည်အဖြစ်သိပ်သည်းနေတဲ့အဆိပ်မြူတွေရှိတယ်...."
"ငါ အဲ့တာကိုရွေ့လိုက်တော့ ပေါက်ကွဲထွက်လာတာ...."
"ရှေးဟောင်းဘီလူးသွေးမျိုးဆက်ကိုသာ ချက်ချင်းအသက်သွင်းပြီးအဆိပ်မြူ ၉၀ ရာခိုင်နှုန်းလောက်မတားဆီးခဲ့ရင် ငါ ခုလောက်ဆို သွေးကန်ဖြစ်နေလောက်ပြီ...."
ဘာ?...
လုရှိုနန် ကျိန်ဆဲလိုက်၏။
"အဲ့ဒီခွေးမသား မြူနတ်ဆိုးသားရဲ...."
သူက နောက်တစ်ကြိမ်သိသိသာသာသိပ်သည်းလာသည့် အဆိပ်မြူတွေကိုကြည့်ပြီး ပြောလိုက်သည်။
"ရှဲလျိုရှူး, မင်းနောက်တစ်ကြိမ်သွားရဲသေးလား...."
ရှဲ့လျူရှူးအနည်းငယ်တွေဝေသွား၏။
"ကျွန်တော်ကြိုးစားကြည့်မယ်..."
သူက အဆိပ်ဖြေပုလင်းအများအပြားပြင်ဆင်ပြီး အဆိပ်မြူအစွန်းနားကပ်သွားကာ အထဲသို့ လက်ညိုးဆန့်ထုတ်လိုက်သည်။
ဟစ်....
သတ္တုတိုက်စားသံတစ်ခု ချက်ချင်းပဲ ထွက်ပေါ်လာခဲ့သည်။
တုန်လှုပ်သွားပြီး ရှဲ့လျိုရှူးအလျှင်အမြန်ပဲ လက်နောက်ရုတ်လိုက်သည်။
နာကျင်သည့်ပင့်သက်ရှိုက်မှုနှင့်အတူ....
သူ့လက်ချောင်း သွေးသံရဲရဲအဖြစ်တိုက်စားခံလိုက်ရသည်။
ရှဲ့လျိုရှူး ကြောက်လန့်တကြားဖြင့် နောက်ကို တယိမ်းတယိုင်ဆုတ်လာပြီး တုန်လှုပ်နေခဲ့သည်။
"အဆိပ်မြူထဲက အဆိပ်က အဆများစွာတိုးလာပြီ...."
"ဒီဂျူနီယာနောက်ထပ်ဘာမှမလုပ်နိုင်တော့ဘူး...."
၇ရောင်ခြယ်ဆန်းကြယ်ရေခဲက တကယ်ပဲ သွေးဆောင်နိုင်စွမ်းရှိ၏။
သို့ပေမယ့် အသက်အာမခံချက်ရှိဖို့လည်း လိုသေးတာဖြစ်သည်။
လုရှိုနန်မျက်နှာ မဲမှောင်သွား၏။
ရွယ်ဝမ်ချောင်ဒဏ်ရာရသွားပြီး ရှဲ့လျိုရှူး အကူအညီမဲ့သွားခဲ့သည်။
အဆိပ်မြူသာနောက်တစ်ကြိမ်ပေါက်ကွဲထွက်လာလျှင် မိုင်တွင်းအနက်ပိုင်းသို့ မကြာခင်စိမ့်ဝင်သွားတော့မည်ဖြစ်သည်။
"ကောင်းကင်ကြီးပြိုကျတော့မယ်..."
လုရှိုနန် ကောင်းကင်သို့ကြည့်ပြီး သက်ပြင်းချလိုက်သည်။
ဤမိုင်းတွင်းက မြင့်မြတ်ဂိုဏ်းဝင်ငွေ၏ ၃၀ ရာခိုင်နှုန်းဖြစ်၏။
မိုင်းတွင်းပျက်စီးသွားသည့်သတင်း ဂိုဏ်းသို့ပြန်ယူသွားလျှင် ဘယ်လိုကပ်ဆိုးမျိုးဖြစ်လာမည် သူစိတ်တောင်ကူးမကြည့်ရဲပေ။
ဤကိစ္စကိုကိုင်တွယ်သည့်အကြီးအကဲတစ်ယောက်အနေဖြင့် သူကပထမဆုံးအပြစ်ပေးခံရမည့်သူဖြစ်သည်။
အပြစ်မှရှောင်လွဲလို့မရပေ။
မွန်းကြပ်သည့်ခံစားချက်က သူ့မျက်နှာကိုမဲသဲသွားစေပြီး ခြေလှမ်းတွေတယိမ်းတယိုင်ဖြစ်လာ၏။
ထိုအခိုက်အတန့်၌...
ညင်သာသည့်အသံတစ်ခု သူ့နားထဲဝင်ရောက်လာခဲ့သည်။
"ကျွန်တော်ကြိုးစားကြည့်မယ်..."
ဟမ်?....
လုရှိုနန် သူ့ကိုယ်သူတည်ငြိမ်အောင်လုပ်ပြီး ထိုအရာက ဂျန်ဖန်းဆိုတာ သိလိုက်သည်။
အနည်းငယ်မြင့်တက်လာသည့်သူ့မျက်လုံးထဲရှိအလင်းရောင်လည်း နောက်တစ်ချိန်မှိန်ဖျော့သွားခဲ့သည်။
"ရှဲ့လျိုရှူးနဲ့ ရွယ်ဝမ်ချောင်တောင် ဘာမှမလုပ်နိုင်တာ မင်းကဘာလုပ်နိုင်မှာလဲ...."
ဂျန်ဖန်း မတုံ့ပြန်ပေ။
သူက အဆိပ်မြူဆီတည့်တည့်မတ်မတ်လျှောက်သွားပြီး အင်္ကျီလက်မကာ မြူထဲလက်ထည့်ကြည့်လိုက်သည်။
အပူလှိုင်းတစ်ခုလိမ့်တက်လာခဲ့သည်။
အဆိပ်မြူတွေက ချွေးပေါက်တွေမှတစ်ဆင့် သူ့ခန္ဓာကိုယ်ထဲစိမ့်ဝင်လာခဲ့သည်။
သို့ပေမယ့် ဘာမှအကြီးအကျယ်မဖျက်ဆီးနိုင်ခင် သူ့ကိုယ်ထဲရှိအဆိပ်လုံးက ၎င်းတို့ကိုစုပ်ယူသွားခဲ့သည်။
အသက်သုံးရှိုက်စာလောက်ကြာပြီးနောက်....
ဂျန်ဖန်း လက်ပြန်ရုတ်လိုက်သည်။
အကောင်းပကတိမည်သည့်ဒဏ်ရာမှမရှိပဲ လောင်ကျွမ်းရာတောင်ရှိမနေခဲ့ပေ။
"ပြဿနာမရှိလောက်ဘူး...."
ဤမြင်ကွင်းက လုရှိုနန်၏အိုမင်းသည့်မျက်လုံးတွေကို တဖြည်းဖြည်းပြူးကျယ်သွားစေပြီး စိတ်ဓာတ်ကျနေသည့်သူ့စိတ်ကို တဖန်ပြန်မြင့်တက်လာစေခဲ့သည်။
"မင်း.... မင်းတကယ် အဆိပ်ကိုခုခံနိုင်တယ်....."
ရှဲ့လျိုရှူးမျက်နှာ သစ္ဆေသရဲတစ်ကောင်ကို မြင်လိုက်ရသလိုပင်။
"တကယ်ပဲ...."
"ဒီကောင် အဆိပ်နည်းစနစ်ကိုလေ့ကျင့်ထားတာလား...."
ဒဏ်ရာရနေသည့်ရွယ်ဝမ်ချောင် ခေါင်းထောင်လာပြီး သူ၏ကြေးခေါင်းလောင်းလိုမျက်လုံးကြီးတွေ တုန်လှုပ်မှုကြောင့် ပြူးကျယ်နေခဲ့သည်။
"သူက ဘယ်လိုလုပ် ဘာမှမဖြစ်ရတာလဲ...."
"ငါ့ရဲ့ရှေးဟောင်းဘီးလူးသွေးမျိုးဆက်က သူ့အဆိပ်နည်းစနစ်ထကနိမ့်ကျတယ်လား..."
မြင့်မြတ်ဂိုဏ်းစခန်းရှိတပည့်တွေ မျှော်လင့်ချက်မဲ့နေရာမှ ဝမ်းမြောက်ဝမ်းသာပေါက်ကွဲထွက်လာခဲ့သည်။
"မျှော်လင့်ချက်ရှိသေးတယ်။ ငါတို့ မိုင်းတွင်းနယ်မြေအတွက် မျှော်လင့်ချက်ရှိသေးတယ်...."
လုရှိုနန်မျက်ခုံးတွေ ပျော်ရွင်မှုကြောင့် မြင့်တက်သွား၏။
သူက စိတ်အားထက်သန်စွာချည်းကပ်လာခဲ့သည်။
"ဂျန်ဖန်း, မြန်မြန်, ကျေးဇူးပြုပြီး ၇ရောင်ခြယ်ဆန်းကြယ်ရေခဲကို ဖယ်ပေးပါ..."
"မင်းအဲ့တာကိုဖယ်နိုင်သရွေ့, ၇ရောင်ခြယ်ဆန်းကြယ်ရေခဲက မင်းအပိုင်ပဲ..."
သို့ပေမယ့် ဂျန်ဖန်း အလျှင်မလိုပေ။
သူက ပြောလိုက်သည်။
"အကြီးအကဲလု, မင်းငါ့အခြေအနေ ၂ ခုကို မေ့သွားတာလား..."
"၇ရောင်ခြယ်ဆန်းကြယ်ရေခဲက သူတို့ထဲက တစ်ခုပဲရှိသေးတယ်..."
လုရှိုနန် ထိုအခါမှသာ ဂျန်ဖန်း၏နောက်ထပ်တောင်းဆိုမှုကို မှတ်မိသွားခဲ့သည်။
ထို့ပြင် ထိုအရာကမြင့်မြတ်ဂိုဏ်းမိုင်းတွင်းနယ်မြေကို တိမ်စိမ်းဂိုဏ်းအားတစ်ဝက်ခွဲပေးရန်ဖြစ်သည်။
"ဒါ ဘယ်လိုမှမဖြစ်နိုင်ဘူး..."
လုရှိုနန် ခိုင်မာစွာပြောလိုက်သည်။
"ငါသဘောတူရင်တောင်, ဂိုဏ်းချုပ်က ခွင့်ပြုမှာမဟုတ်ဘူး...."
ဂျန်ဖန်းလက်နှောက်ပစ်ထားပြီး အဆိပ်မြူတွေအလျှင်အမြန်ပြန့်ကားနေသည့် မိုင်းတွင်းနယ်မြေကိုကြည့်ကာ ပြောလိုက်သည်။
"ငါ့အထင် လက်ရှိအခြေအနေအရ မြင့်မြတ်ဂိုဏ်းချုပ်က မင်းကို သဘောတူစေချင်လောက်တယ်...."
"အဆုံးမှာတော့ မိုင်းတွင်းတစ်ခုလုံးဆုံးရှုံးတာထက်စာရင် တစ်ဝက်ဆုံးရှုံးတာက... ကလေးတောင် ဒီရိုးရှင်းတဲ့ရွေးချယ်မှုကို လုပ်နိုင်ပါတယ်..."
ဒါက....
လုရှိုနန် တွေဝေသွား၏။
ချင်ဝမ်ချွမ် ခေါင်းခါယမ်းလိုက်သည်။
"ဘယ်လိုအရူးလဲ..."
"နင်မိုင်းတွင်းပျက်စီးမှာကိုထိုင်ကြည့်နေလို့ဂိုဏ်းပြန်ရောက်ရင် ဘာဖြစ်မလဲ စဥ်းစားကြည့်ဖူးလား..."
ဟစ်...
လုရှိုနန် တုန်ယင်သွား၏။
ထိုအခါမှသာ သူ ကိစ္စ၏အခရာကိုနားလည်သွားခဲ့သည်။
မိုင်းတွင်းတစ်ဝက်ခွဲပေးလျှင် သူ့ဆုံးဖြတ်ချက်ကြောင့် ဂိုဏ်းကို မကျေမနပ်ဖြစ်ကောင်းဖြစ်စေနိုင်၏။
သို့ပေမယ့် တစ်ဝက်ကယ်နိုင်မည့်အခွင့်အရေးကိုလက်လွတ်လိုက်လျှင် ဂိုဏ်း၏ပြင်းထန်သည့်ဒေါသကို ခံစားရမည်ဖြစ်သည်။
"ကောင်းပြီ, ငါသဘောတူတယ်...."
ဂျန်ဖန်း အနည်းငယ်ပြုံးလိုက်သည်။
သူက စုတ်တံနှင့်စာရွက်တစ်ခုထုတ်ယူပြီး နေရာမှာပဲ သဘောတူညီချက်ရေးခိုင်းလိုက်၏။
မိုင်းတွင်းနယ်မြေအဆိပ်ပြဿနာကိုင်တွယ်ဖို့ စေလွတ်ခံရသည့်အကြီးအကဲတစ်ယောက်အနေဖြင့် လုရှိုနန်လက်မှတ်နှင့် မြင့်မြတ်ဂိုဏ်း သဘောတူညီမှုကို ငြင်းပယ်လို့ရမည်မဟုတ်ပေ။
နှစ်ဖက်လုံးလက်မှတ်ထိုးပြီးနောက် ဂျန်ဖန်း နောက်တစ်ကြိမ်ပြုံးလိုက်သည်။
"ကျွန်တော့်သတင်းကောင်းကိုစောင့်နေ...."
သူက သံနက်ပျော့ပျောင်းပိုးမျှင်တစ်ဖက်ကိုဆုပ်ကိုင်ပြီး ခါးမှာချည်လိုက်သည်။
ထို့နောက် ကောင်းကင်တောင်ထွဋ်ပိုးမျှင်ကိုထုတ်ပြီး တစ်ဖက်ကို ကျောက်တုံးမှာချည်လိုက်သည်။
သူက သူ့အသက်ကို အခြားသူလက်ထဲထည့်ပေးမည်မဟုတ်ပေ။
ကောင်းကင်တောင်ထွဋ်ပိုးမျှင်က အစစ်အမှန်တိုက်ပွဲတွေ၌ ပိုပြီးယုံကြည်ရ၏။
ပြင်ဆင်ပြီးနောက် အဆိပ်မြူထဲ ခုန်ဝင်သွားခဲ့သည်။
အဆိပ်မြူတွေ ချက်ချင်းပဲ သူ့ဆီတိုးဝင်လာခဲ့သည်။
၎င်းက ချွေးပေါက်၊ ပါးစပ်၊နှာခေါင်း၊ နားတွေမှတစ်ဆင့် အစိတ်အပိုင်းတိုင်းကို ထိုးဖောက်စိမ့်ဝင်လာ၏။
သို့ပေမယ့် ဂျန်ဖန်းကိုယ်ထဲရောက်သည့်အခါ အားလုံး အဆိပ်လုံး၏စုပ်ယူခြင်းကို ခံလိုက်ရသည်။
ဂျန်ဖန်း သံလိုက်အိမ်မြောင်ကိုကိုင်ထားပြီး အလျှင်အမြန်ပဲ အပ်ညွှန်ပြသည့်ဦးတည်ချက်အတိုင်းသွားလိုက်သည်။
တစ်ခဏကြာပြီးနောက်...
သူက အဆိပ်မြူအလယ်ဗဟိုကို အခက်အခဲမရှိပဲ ရောက်ရှိသွားခဲ့သည်။
ထိုအခါ သူက အနည်းငယ်နေရာရွေ့နေသည့် ၇ရောင်ခြယ်ဆန်းကြယ်ရေခဲကို တွေ့လိုက်သည်။
၎င်းက ကလေးခေါင်းအရွယ်အစားလောက်ရှိပြီး လုံးဝန်းနေကာ မယုံနိုင်လောက်သည့်အေးစက်သည့်အော်ရာတွေကို ထုတ်လွတ်နေခဲ့သည်။
၇ရောင်ခြယ်အဆိပ်မြူစီးချောင်းတွေလည်းအဆက်မပြတ်ထုတ်လွတ်နေခဲ့သည်။
ဆန်းကြယ်ရေခဲမူလရှိခဲ့သည့်နေရာ၌ ၇ရောင်ခြယ်အဆိပ်ရည်အချို့ရှိနေဆဲဖြစ်သည်။
ဤအရာက အစောပိုင်း ရွယ်ဝမ်ချောင် ထောင်ချောက်မိသွားသည့်အရာတွေပဲဖြစ်သည်။
"ငါ့ကံကောင်းနေတာပဲ...."
ဂျန်ဖန်း ခပ်ဖွဖွပြုံးလိုက်သည်။
သူက ၇ရောင်ခြယ်ဆန်းကြယ်ရေခဲကို ကုန်းကောက်လိုက်၏။
သို့ပေမယ့် သူ့နောက်ရှိအဆိပ်မြူ ရုတ်တရက် ထူးဆန်းစွာပဲ လှုပ်ရှားသွား၏။
ပုံသဏ္ဍာန်အတည်တကျမရှိသည့်အဆိပ်မြူထဲမှ လက်သည်းတစ်ခုထွက်ပေါ်လာပြီး ဂျန်ဖန်းနောက်ကျောကို ကုတ်ချလိုက်သည်။
တိတ်တဆိတ်နှင့် လုံးဝမမြင်ရပဲ
ဂျန်ဖန်း တုံ့ပြန်ဖို့ အချိန်ပင်မရလိုက်ပေ။