လင်းပိုင်ဝေ့ ရုတ်တရက်သတိဝင်လာခြင်း
Vol. 21 Ch. 201
လင်းကျန်းစီရင်စု၊ နတ်ဆိုးနှိမ်နင်းရေး စစ်သူကြီးစံအိမ်
ကျန်းချိုလန်သည် ခြံဝင်းထဲတွင် တိတ်ဆိတ်စွာ ရပ်နေလေ၏။ အမွှေးတိုင်တစ်တိုင်စာ ကုန်လွန်သွားပြီးနောက် တံခါးအပြင်ဘက်တွင် လေပြေညှင်းတစ်ခု ကျရောက်လာသည်။
သူမက တိုးညှင်းစွာ မေးလိုက်၏။
"ပြန်ရောက်ပြီလား"
ရှန်းယီက ခေါင်းအနည်းငယ် ညိတ်ပြပြီး စူးစမ်းလိုစိတ်ဖြင့် မေးလိုက်၏။
"ခင်ဗျား ကျင့်ကြံဖို့ မလိုဘူးလား"
ကျန်းချိုလန် ခေါင်းခါလိုက်၏။
"ဆံခြည်တစ်မျှင်စာလောက်ပဲ လိုတော့တာပါ၊ ဒါက ဖြည်းဖြည်းနဲ့ မှန်မှန်သွားရမယ့် ကိစ္စလေ"
...
ရှန်းယီ မျက်ခုံးပင့်လိုက်မိပြီး ကိုယ့်ကိုတစ်ခြားလူနဲ့ နှိုင်းယှဉ်ခြင်းက စိတ်ပျက်စရာပဲ ဖြစ်စေတယ် ဟူသော ခံစားချက်မျိုး ဝင်လာမိသည်။
သူသည် မမောမပန်း ကြိုးစားအားထုတ်ခဲ့ပြီး နေရာအနှံ့ ခရီးသွားကာ ကျောက်စိမ်းအဆင့်မှ ကနဉီးအဆင့်အထိ ရှိသမျှ နတ်ဆိုးများကို လင်းကျန်းစီရင်စုအတွင်း ဆယ်ရက်ကျော်ကြာအောင် ရှာဖွေခဲ့သည်။
တောင်တန်းတိုင်းကို ဖြတ်ကျော်ပြီး မြစ်တိုင်းသို့ ဆင်းသက်ခဲ့သော်လည်း နတ်ဆိုးသက်တမ်း နှစ်ထောင်ကျော်သာ ရရှိခဲ့၏။
ယခုအခါ ခပ်ကြီးကြီး ခွေးတစ်ကောင်ကို တွေ့လျှင်ပင် ထိုခွေး စကားပြောလာမလားဟု အချိန်အကြာကြီး စိုက်ကြည့်နေမိတတ်ပြီ။
[လက်ကျန်နတ်ဆိုးသက်တမ်း - ၁၁၈၂၃ နှစ်]
"လျိုယွီချွမ် ဘယ်မှာလဲ"
"စစ်သူကြီးရှန်း"
သူ့နာမည် ခေါ်သံကြားသည်နှင့် လျိုယွီချွမ်၏ မျက်နှာသည် ခါးသက်သွား၏။ သူ အမြန်ထွက်လာပြီး တစ်ဖက်လူ မမေးခင်မှာပင် တောင်းပန်လိုက်သည်။
"တကယ် မရှိတော့လို့ပါဗျာ ကျွန်တော် လူအကုန်လုံးကို သုံးပြီး ခရိုင်တိုင်းကို စစ်ဆေးခိုင်းပြီးပါပြီ... စစ်သူကြီးရှန်းရယ်၊ သူတို့က အရူးတွေမှ မဟုတ်တာ။ ဒီလိုအခြေအနေမျိုးမှာ မျက်နှာပြဖို့ နေနေသာသာ လင်းကျန်းစီရင်စုထဲမှာ နေရဲပါ့မလား"
သူတို့က နတ်ဆိုးတွေလေ၊ မြေကြီးထဲကနေ အလွယ်တကူ ပေါက်လာနိုင်တဲ့ မုန်လာဥတွေမှ မဟုတ်တာ။ မိုးမြေကြားက သတ္တဝါတွေ အသိဉာဏ်ရရှိဖို့ဆိုတာ အလွန် ခက်ခဲလှပါတယ်။
"ရပါတယ်၊ ကျွန်တော်က ဒီတိုင်း မေးကြည့်တာပါ"
ရှန်းယီ စိတ်ထဲမှ သက်ပြင်းချလိုက်၏။ တစ်ချိန်တုန်းက ဘိုင်ယွင်ခရိုင်တစ်ခုတည်းမှာတင် နတ်ဆိုးအသိုက်လေးခုလောက် ရှိခဲ့သည်။ နှိုင်းယှဉ်ကြည့်လိုက်လျှင် လင်းကျန်းစီရင်စု၏ ခရိုင်များမှာ အလွန် ဆင်းရဲမွဲတေလှ၏။
ခရိုင်လေးငါးခုလောက် ရှာဖွေပြီးထိ အဆင့်အတန်းမီသော နတ်ဆိုးတစ်ကောင်မှ မတွေ့ရသည့် အကြိမ်ပေါင်းများစွာ ရှိခဲ့သည်။
"ဒါဆို ကျွန်တော် သွားခွင့်ပြုပါဦး"
လျိုယွီချွမ်က လက်သီးဆုပ် အရိုအသေပြုကာ နောက်ထပ် တစ်ခဏမျှပင် မနေချင်တော့သဖြင့် ထွက်ပြေးသွားလေတော့သည်။
"ရှင် တစ်နေ့လုံး အလုပ်ရှုပ်နေတာဆိုတော့ စားကြတာပေါ့"
ကျန်းချိုလန်က ထိုအရာကို ရယ်စရာကောင်းသည်ဟု ထင်မြင်ပုံရပြီး နှုတ်ခမ်းများ အနည်းငယ် ကွေးညွတ်သွား၏။
ရှန်းယီလည်း ပေါ့ပါးစွာ သဘောတူလိုက်ပြီး ခန်းမထဲသို့ ဝင်လိုက်သည်။
စစ်သူကြီးအို၏ စားသောက်မှုအတွက် တာဝန်ယူထားရသော စားဖိုမှူးသည် ပေါ့ပါးသော ဟင်းလျာများ ပြင်ဆင်ရသည်ကို ကျင့်သားရနေပုံရသည်ဟု ပြောရမည်။
ကျန်းချိုလန်တွင် မည်သည့် ကန့်ကွက်ချက်မှ မရှိသော်လည်း ချွေတာစွာ နေထိုင်လေ့ရှိသော ရှန်းယီအတွက်မူ ခေတ္တမျှ နေသားမကျ ဖြစ်နေရသည်။
ထိုစဉ် တံခါးအပြင်ဘက်မှ ရင်းနှီးသော အသံတစ်သံ ထွက်ပေါ်လာ၏။
"စစ်သူကြီးရှန်း၊ ဒီစစ်သူကြီးအိုက မင်းအတွက် ဘယ်သူ့ကို ခေါ်လာလဲဆိုတာ ကြည့်လိုက်ပါဦး"
ချန်ချမ်ခွင်းသည် လုပ်ဖော်ကိုင်ဖက်တစ်ဦးဆီသို့ အလည်အပတ်သွားရသည်ကို အလွန်ကျေနပ်အားရနေပုံရပြီး အိမ်တော်ထဲသို့ ဝင်လာ၏။
သူ့မျက်လုံးတဝိုက်ရှိ အရေးအကြောင်းများထဲတွင် ရယ်မောသံများ ဖုံးကွယ်နေသည်။
ရှန်းယီ လှည့်ကြည့်လိုက်ရာ စစ်သူကြီးချန်၏ ထူထဲသော သံချပ်ကာနောက်ကွယ်တွင် အဖြူရောင် ဝတ်ရုံဝတ်ဆင်ထားပြီး အင်္ကျီလက်စကို စိတ်လှုပ်ရှားစွာ ဆုပ်ကိုင်ထားသော လှပသည့် မိန်းမပျိုလေးတစ်ဦး လှမ်းကြည့်နေသည်ကို တွေ့လိုက်ရ၏။
"ဂျူနီယာညီမလေးလင်း"
လင်းပိုင်ဝေ့သည် သူမကို ဤနေရာတွင် တွေ့ရလိမ့်မည်ဟု မျှော်လင့်မထားခဲ့သည်မှာ ထင်ရှား၏။ သူမက ရှန်းယီကို တိတ်တဆိတ် ထပ်မံ ကြည့်လိုက်ပါသည်။
"ဝင်လာလေ"
ကျန်းချိုလန်၏ အသံမှာ အနည်းငယ် နူးညံ့သွား၏။
ထိုစကားကို ကြားသောအခါ လင်းပိုင်ဝေ့ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်မိသည်။ စီနီယာအစ်မက ယခင်ကနှင့်မတူဘဲ အများကြီး ပြောင်းလဲသွားပုံရပြီး အေးစက်မှု လျော့နည်းလာ၏။
"ငါတို့က မိသားစုတွေပဲ၊ ဒီလောက် ယဉ်ကျေးနေစရာ မလိုပါဘူး"
ချန်ချမ်ခွင်း ပါးစပ်သပ်လိုက်ပြီးနောက် ရှန်းယီက ကျောက်စိမ်းပြားအား ပြန်ပေးနေသည်ကို မြင်လိုက်ရ၏။ စစ်သူကြီးအို ချက်ချင်းပင် အနည်းငယ် နှမြောတသ ဖြစ်သွားသည်။
"မင်း ထွက်သွားဖို့ စီစဉ်နေတုန်းပဲလား။ တကယ်တော့ မင်း ဒါကို သိမ်းထားလို့ ရပါတယ်"
"ကျေးဇူးတင်ပါတယ် အဘိုးချန်၊ ကျွန်တော် ဒါကို မလိုတော့ပါဘူး"
ရှန်းယီ စကားအများကြီး မပြောဘဲ ကျောက်စိမ်ပြားကို သူ့လက်ထဲသို့ ပြန်ထည့်ပေးလိုက်သည်။
"အာ... ဟုတ်သားပဲ"
တစ်ဖက်လူ၏ ပါရမီနှင့်ဆိုလျှင် ဖြတ်လမ်းနည်းများ အသုံးပြုရန် အမွှေးတိုင်မီးခိုးယွုကြည်မှုစွမ်းအားများကို အမှန်တကယ် မလိုအပ်ကြောင်း ချန်ချမ်ခွင်း သဘောပေါက်လိုက်လေ၏။
သူသည် ကျောက်စိမ်းပြားကို ကိုင်ထားရင်း သက်ပြင်းချကာ ခေါင်းခါလိုက်သည်။
ထို့နောက် တစ်စုံတစ်ခုကို အာရုံခံမိသကဲ့သို့ သူ၏ မျက်လုံးများထဲတွင် ဇဝေဇဝါဖြစ်မှု အရိပ်အယောင်တစ်ခု ပေါ်လာပြီး ကောင်းကင်ကို ကြောင်ငေးကြည့်လိုက်မိသည်။
"အဘိုးချန်၊ ဘာကို ကြည့်နေတာလဲ"
လင်းပိုင်ဝေ့က စူးစမ်းလိုစိတ်ဖြင့် သူကြည့်ရာသို့ လိုက်ကြည့်လိုက်သော်လည်း အနည်းငယ် မှိန်ဖျော့နေသော ညကောင်းကင်မှလွဲ၍ အခြား ဘာမှ မရှိပေ။
"အာ..."
ချန်ချမ်ခွင်းက ကျောက်စိမ်းပြားကို လှုပ်ခါကြည့်ပြီး နှစ်ချက် ပုတ်လိုက်၏။
"ဘာမှမဟုတ်ပါဘူး၊ ဒီပစ္စည်း ပျက်နေတာ ဖြစ်မယ်"
"မပျက်ပါဘူး"
ရှန်းယီက သတိပေးလိုက်၏။
ချန်ချမ်ခွင်း ပြန်မတုံ့ပြန်နိုင်ခင်မှာပင် ယခုမှ ရောက်ရှိလာသော လျိုယွီချွမ်က သူ့ကို ဆွဲခေါ်သွားလေသည်။
"မင်း ဘာလုပ်တာလဲ"
စစ်သူကြီးအိုသည် ဘေးဘက်ခြံဝင်းတစ်ခုဆီသို့ ဆွဲခေါ်ခံလိုက်ရပြီး သူ့ကို မျက်မှောင်ကြုတ်ကာ ကြည့်လိုက်၏။
"ကိုယ့်ဘာသာကိုယ် ကြည့်တာ ပိုကောင်းပါလိမ့်မယ်"
လျိုယွီချွမ်က အခန်းထဲရှိ စားပွဲပေါ်တွင် ပုံထားသော စာရွက်စာတမ်းများကို ညွှန်ပြလိုက်လေ၏။
"ငါ မင်းကို ကန်လိုက်မယ်ဆိုတာ ယုံလား"
ချန်ချမ်ခွင်းတွင် ဤအရာများကို စစ်ဆေးရန် အချိန်မရှိပေ။
လျိုယွီချွမ်၏ အမူအရာမှာ ထူးဆန်းနေ၏။ သူက ရုတ်တရက် လက်ချောင်းများဖြင့် ရေတွက်ပြလိုက်သည်။
"ကျောက်တံခါးကမ်းပါး ၊ နှလုံးကွဲကြေရေကန်၊ လက်တစ်ထောင်ဂူ... ကျွတ်... ကျွန်တော် ဒီလိုပဲ ပြောပါရစေ၊ ပြီးခဲ့တဲ့တုန်းက နတ်ဆိုးတစ်သုတ် ဆုတ်ခွာသွားတယ်၊ ပြီးတော့ ကျန်တဲ့အကောင်တွေက..."
"ကျန်တဲ့အကောင်တွေ ဘာဖြစ်လို့လဲ"
ချန်ချမ်ခွင်း မျက်မှောင်ကို တင်းတင်းကြပ်ကြပ် ကြုတ်လိုက်၏။ နတ်ဆိုးကိစ္စနှင့် ပတ်သက်လျှင် သူသည် မည်သူထက်မဆို ပို၍ သတိကြီးသည်။
"ကျန်တာ ဘာမှ မရှိတော့ဘူး"
လျိုယွီချွမ် လက်ကာပြလိုက်၏။
"သေတဲ့ကောင်တွေက သေ၊ ပြေးတဲ့ကောင်တွေက ပြေးကုန်ပြီ။ ဒီလို ကြောက်စရာကောင်းတဲ့ ဂုဏ်သတင်း ပျံ့နှံ့သွားမှတော့ နောက်ထပ် နှစ်ရာချီကြာတဲ့အထိ ဘယ်နတ်ဆိုးမှ ဒီကို လာလိမ့်မယ် မထင်ဘူး။ စစ်သူကြီးရှန်းက ခင်ဗျားအလုပ်တွေ အကုန်လုံး လုပ်ပေးသွားပြီလေ၊ ခင်ဗျား..."
ချန်ချမ်ခွင်း ရုတ်တရက် ဤအဘိုးကြီး၏ အမူအရာအား အလွန် ရင်းနှီးနေသလို ခံစားလိုက်ရလေ၏
သူ လုပ်ဖော်ကိုင်ဖက်များနှင့် အပြင်ထွက် စကားပြောသည့်အခါတွင်လည်း ဤကဲ့သို့ စကားဝှက်များဖြင့် ပြောရသည်ကို နှစ်သက်သည်။
အဘိုးအိုစစ်သူကြီးက သူ့ကို ပေါ့ပါးစွာ ကြည့်လိုက်သည်။
"မင်း ငါ့ကို နတ်ဆိုးနှိမ်နင်းရေးစစ်သူကြီး အဖြစ် ဆက်လုပ်ခွင့် ပေးအုံးမှာလား"
"ဒီလက်အောက်ငယ်သားက မလုပ်ရဲပါဘူး"
လျိုယွီချွမ် အမြန် လက်သီးဆုပ် အရိုအသေပြုကာ တိုးတိုးလေး ပြောလိုက်၏။
"ဒါပေမဲ့ ခင်ဗျားသာ ကျွန်တော့်ကို တာဝန်ကြီးကြီးမားမား လွှဲအပ်ချင်တယ်ဆိုရင် လက်ရှိ လင်းကျန်းစီရင်စု အခြေအနေအရ ဒီလက်အောက်ငယ်သား အသက်နဲ့ရင်းပြီး ကာကွယ်ရဲပါတယ်"
စစ်သူကြီးရှန်း၏ အမူအရာမှ ထွက်သွားတော့မယ် ဆိုသည်အား မျက်နှာပေါ်တွင်အထင်းသား ပေါ်နေသည်။
သေးငယ်သော နတ်ဆိုးနှိမ်နင်းရေးစစ်သူကြီး ရာထူးမှာ သူ့မျက်လုံးထဲတွင် ရှိချင်မှရှိတော့မည်သေချာ၏။
ဝင်းထဲရှိ အခန်းအတွင်း၌
စားပွဲပေါ်တွင် အရသာရှိသော ဟင်းလျာများဖြင့် ပြည့်နှက်နေသည်။
လင်းပိုင်ဝေ့က ဟင်းလျာများကို တစ်ချက်ကြည့်လိုက်ပြီး သူမဘေးနားရှိ လူငယ်လေးကို ကြည့်ကာ တိုးညှင်းစွာ ပြောလိုက်၏။
"ကျွန်မ ရှင့်အတွက် ဟင်းပွဲလေး တစ်ပွဲနှစ်ပွဲလောက် ချက်ပေးရမလား"
"မလိုပါဘူး"
ရှန်းယီ ခေါင်းခါလိုက်၏။ သူသည် အလွန် ဇီဇာကြောင်သော မြေရှင်သူဌေးကြီး ဖြစ်နေလျှင်ပင်မှ ခရီးဝေးမှ ယခုလေးတင် ရောက်လာသော သူတစ်ယောက်ကို ချက်ချင်း ထမင်းချက်ခိုင်းလိမ့်မည် မဟုတ်ပေ။
ကျန်းချိုလန် တိတ်တဆိတ် ကြည့်နေပြီး သူတို့နှစ်ဦးသည် သူမ ထင်ထားသည်ထက် ပိုမို ရင်းနှီးပုံရကြောင်း သဘောပေါက်လိုက်၏။
သို့သော် မှတ်တမ်းများအရ သူတို့သည် ဘိုင်ယွင်ခရိုင်တွင် လဝက်ခန့်သာ အတူတူ ရှိခဲ့ကြလေ၏။ ထို့နောက် ဂျုနီယာညီမလေးလင်းသည် နန်းတွင်းမြို့တော်သို့ သွားခဲ့ပြီး ပြန်ရောက်ပြီးနောက်တွင်လည်း သူ့ကို အကြိမ်ရေ အနည်းငယ်သာ တွေ့ဆုံခဲ့ဖူးသည်။
သူမသည် ခါးမှ ဝိုင်အိုးငယ် သုံးလုံးကို ထုတ်ယူပြီး ဝေငှပေးလိုက်သည်။
"ကျေးဇူးတင်ပါတယ် စီနီယာအစ်မ"
လင်းပိုင်ဝေ့ နှုတ်ခမ်းကို စေ့ကာ ဝိုင်အိုးကို လှမ်းယူလိုက်၏။
ရှန်းယီက သူမ၏ လက်ကို ပေါ့ပါးစွာ ပုတ်ထုတ်လိုက်ပြီးနောက် တူဖြင့် ငါးတစ်ဖဲ့ကို ယူကာ တည်ငြိမ်စွာ စတင် ဝါးစားလိုက်သည်။
လင်းပိုင်ဝေ့က သူမ၏ လက်ခုံကို ဖြည်းညှင်းစွာ ပွတ်သပ်ရင်း မျက်လုံးကလယ်ကလယ် ဖြစ်သွားလေ၏။
"ဟမ်"
...
ကျန်းချိုလန်က လူငယ်လေး၏ မျက်နှာကို ငေးကြည့်နေပြီး သူမ၏ မျက်လုံးများထဲတွင် ကွဲပြားခြားနားသော အရိပ်အယောင်တစ်ခု ရှိနေသည်။
သူမ တိုးညှင်းစွာ ပြောလိုက်၏။
"ကျွန်မ လဲလိုက်ပါပြီ"
သူမသည် စာနာနားလည်ပေးခြင်းအပိုင်းတွင် မကျွမ်းကျင်သည်သာရှိလေ၏။ အမှန်မှာ တုံ့ပြန်မှု နှေးကွေးသည်တော့ မဟုတ်ပေ။
လွန်ခဲ့သောတစ်ခေါက်ရထားလုံးပေါ်တွင် ရှန်းယီမှ သူသောက်ခြင်းအားဖြတ်လိုက်ပြီဟု ပြောပြီးနောက် သူမဝိုင်များအား သာမန်အဖြစ်သို့လည်းထားပြီးလေပြီ။
လင်းပိုင်ဝေ့ ဝိုင်အိုးအဖုံးကို ဂရုတစိုက် ဖွင့်လိုက်၏။
အမှန်တကယ်ပင် အတွင်းမှ ထွက်ပေါ်လာသော အနံ့မှာ သည်းမခံနိုင်လောက်အောင် စူးရှသော အနံ့မျိုး မဟုတ်ဘဲ မွှေးပျံ့သော ဝိုင်ရနံ့သာ ဖြစ်သည်။
"သောက်လို့ ရပြီလား"
လင်းပိုင်ဝေ့ ဘေးသို့လှမ်းကြည့်လိုက်၏။ လူငယ်လေးထံမှ ခေါင်းညိတ်ပြမှုကို ရရှိပြီးနောက် သူမ တစ်ငုံခန့် မော့သောက်လိုက်သည်။
နွေးထွေးသော ဝိုင်သည် လည်ချောင်းထဲသို့ ချောမွေ့စွာ စီးဆင်းသွားလေသည်။
သူမ မျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်လာသော်လည်း မကြာမီ ထိုအပြုံးသည် အနည်းငယ် တောင့်တင်းသွား၏။
သူမ၏ အကြည့်သည် စီနီယာအစ်မနှင့် ရှန်းယီတို့၏ မျက်နှာများကို တိတ်တဆိတ် ဖြတ်သန်းသွားလေသည်။
လဲလိုက်ပြီ ဟုတ်လား။သူမ ဘာလို့ လဲလိုက်တာလဲ။
ရှန်းယီ ကြောင့်မို့လို့ စီနီယာအစ်မက တခြားဝိုင်ကို အထူးတလည် ပြင်ဆင်ပေးထားတာလား။