မရှင်းလင်းသောတိုက်ကွက်
Vol. 46 Ch. 637
“ဒီအမှိုက်က ဘာကြောင့်များ နည်းနည်းလောက် တောင့်မခံရတာလဲ”
ကျန်းရီသည် ဧကရီနန်းတော်ထဲ၌ နဂါးညှိုးရော်မြက်ကို အပြည့်အဝ သန့်စင်ပြီးကာစဖြစ်သည်။ သူကခန္ဓာကိုယ်ကို စစ်ဆေးရန် အချိန်မရဘဲ နတ်ဆိုးဧကရာဇ်၏ သနားစဖွယ် အော်သံကိုသာ ရှာတွေ့လိုက်ပြီး သူကိုယ်တိုင်က ချွန်ထက်သော ဓားတစ်စင်းနှယ် ကျွန်းပေါ်သို့ ဆင်းသက်လာ၏။
“ဖုန်းအာ ထိပ်တိုက်ရင်ဆိုင်ပြီး အဲနှစ်ယောက်ကို ဖြေရှင်းရအောင်”
ကျန်းရီနှင့် ကောင်းကင်စိတ်အာရုံအရ ရောက်လာသည့် ရန်သူနှစ်ဦးသည် ပထမနှင့် ဒုတိယအဆင့် ကောင်းကင်ဧကရာဇ်နယ်ပယ်သာ ရှိသည်။ သူတို့ကိုဖမ်းပြီး တစ်ဖက်လူ၏ အခြေအနေများကို မေးရန်ဆုံးဖြတ်လိုက်၏။ သူ၏စိတ်ဝိညာဉ် စွမ်းရည်က ရှဲ့ကျွင်းကို သတ်ဖြတ်နိုင်ခဲ့လျှင် သာမာန် ကောင်းကင်ဧကရာဇ်တစ်ဦးသည် အစွမ်းထက်သော စိတ်ဝိညာဉ်တိုက်ကွက် မပိုင်ဆိုင်ခဲ့လျှင် သူ၏တိုက်ခိုက်မှုကို ပိတ်ဆို့နိုင်မှာမဟုတ်ချေ။ ထိုခြုံခိုတိုက်ခိုက်မှု ဖုန်းလန်၏ အမှောင်ထု တာအိုပုံစံနှင့် ပူးပေါင်းသည့်အချိန်တွင် ပိုတောင်ကြောက်မက်ဖွယ် ကောင်းပေလိမ့်မည်။ ထို့အပြင် ရွှေရောင်မျောလွင့်နဂါးလည်း ရှိနေလေ၏။ သူ့အဖို့ သုံးယောက်နှစ်ယောက် ရင်ဆိုင်ရသည့် အချိန်တွင် ကြောက်နေစရာ အကြောင်းမရှိပေ။
ပိုအရေးကြီးသည်က ကျန်းရီသည် သူ၏ခန္ဓာကိုယ်ကို စစ်ဆေးလိုက်ရာ သူ့ခံစားချက် အတော်ကောင်းသွား၏။ လက်တစ်ချက် ဝှေ့ယမ်းရုံဖြင့် ခန္ဓာကိုယ်အတွင်း အကန့်အသတ်မဲ့ အတွင်းအားတို့ကို ခံစားမိနေပြီး သူလက်သီးဆုပ်လိုက်ရုံဖြင့် ကောင်းကင်လက်နက်ကို အပိုင်းပိုင်းအစစ ခြေမွှနိုင်လောက်သည်။
“ဟုတ်ပြီ”
ဖုန်းလန်ကလည်း ကျန်းရီ သန်မာလာတာကို အာရုံခံမိသည်။ သူသည် သိသာထင်ရှားသည့် လှုပ်ရှားမှု မရှိဘဲ မသိလိုက်မသိဘာသာ သူမကိုကြည့်လိုက်၏။ သို့သော် သူ၏လက် ဝှေ့ယမ်းမှုသည် မဖော်ပြနိုင်လောက်သည့် ဖိအားကို ဆောင်ယူလာသည်။ နဂါးညှိုးရော်မြက်က အမှန်တကယ်ပင် ကောင်းကင်နှင့်မြေကြီး၏ ဆန်းကြယ်သော ဆေးပင်ဖြစ်သည်။ ရိုးတံတစ်ချောင်မျှဖြင့် လူတစ်ယောက်ကို ဤကဲ့သို့ ဆန်းကြယ်စွာ ပြောင်းလဲသွားစေသည်။
“အသင့်ပြင်”
ကျန်းရီသည် ကိုယ်ပေါ်ရှိ အညစ်အကြေးများကို ဆေးကြောရန် အချိန်မရခဲ့ပေ။ ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်ပြီး ကျောက်ထရံအောက်ရှိ ဧကရီနန်းတော်ဆီသို့ နှစ်ယောက်သား တစ်ဟုန်ထိုး ဝင်ရောက်လာပြီး တိုက်ခိုက်တော့မှာကို အတည်ပြုလိုက်သည်။ သူနှင့်ဖုန်းလန်၏ မျက်လုံးထဲ၌ အဖြူရောင်အလင်းတန်း ဖြတ်ခနဲပေါ်လာပြီး နှစ်ယောက်သားက ဧကရီနန်းတော်ထဲမှ ပျောက်ကွယ်သွားတော့၏။
ဖုန်း
ထိုစဉ် အပြင်ဘက်ရှိ ကောင်းကင်ဧကရာဇ်နှစ်ဦးက မျက်လုံးများသည် ကြယ်ပွင့်များကဲ့သို့ လက်သွား၏။ ကျန်းရီသည် လေဟာနယ် နတ်ဘုရား အသုံးအဆောင်ထဲတွင် ပုန်းနေတာပဲဖြစ်သည်။ နှစ်ယောက်သားသည် တွေဝေမနေဘဲ အလင်းရောင်ခြည်ကိုထုတ်ကာ ဧကရီနန်းတော်ဆီသို့ တစ်ဟုန်ထိုး တက်သွား၏။ သူတို့က ကျန်းရီထွက်လာအောင် ဖိအားပေးရန် ရည်ရွယ်ခဲ့တာပဲဖြစ်သည်။ ဧကရီနန်းတော်အောက်၌ ပုန်းနေသော နတ်ဆိုးဧကရာဇ်ကို သူတို့အာရုံ မစိုက်တော့ချေ။ ကျန်းရီကို သတ်ဖြတ်နိုင်သ၍ သူတို့က ဆုလဒ်များစွာ ရရှိလိမ့်မည်။
“ရွှေရောင်မျောလွင့်နဂါး ရေဓာတ်တိုက်ကွက်ကိုသုံး”
ရွှေရောင်မျောလွင့်နဂါး၏ စိတ်ထဲ၌ အသံတစ်သံ ပေါ်လာတော့၏။ အလိုလိုပင် ဧကရီနန်းတော်ကလည်း လေထဲတွင် ပျောက်ကွယ်သွားကာ လူရိပ်နှစ်ရိပ်က ပေါ်လာပြီး ကောင်းကင်ထက်မှ ဆင်းသက်လာတော့သည်။ ဧကရီတစ်ပါး၏ အရှိန်အဝါမျိုးရှိသော အထက်တန်းလွှာ မိန်းမလှလေးက လက်ကိုဝှေ့ယမ်းလိုက်ရာ ကောင်းကင်ကိုချက်ချင်း နက်မှောင်သွားစေသည်။
တစ်ဖက်သူကလည်း စူးရှသည့် အနံ့အသက်တို့က ခန္ဓာကိုယ်တွင် လွှမ်းနေလေ၏။ သူ၏အရှိန်က နဂါးတစ်ကောင်သဖွယ် အထက်သို့ ပျံသန်းလာတော့သည်။ ရုတ်တရက် ကောင်းကင်ဧကရာဇ် နှစ်ဦးဘက်လှည့်ပြီး သူတို့ဆီ တစ်ဟုန်ထိုး ဝင်ရောက်သွားသည်။ လေထဲတွင် သူ့ကိုယ်သူ နှစ်ကိုယ် နှစ်ကိုယ်ကနေလေးကိုယ် လေးကိုယ်ကနေ ရှစ်ကိုယ်ခွဲလိုက်သည်။ နောက်ဆုံးတွင် ကိုယ်ခွဲတစ်ထောင်နီးပါး အရပ်မျက်နှာအနှံ့ ပေါ်ထွက်လာပြီး အားလုံးက နှစ်ယောက်သားကို တိုက်ခိုက်တော့သည်။
“ဟမ်”
ကောင်းကင်ဧကရာဇ် နှစ်ဦးက ထိတ်လန့်သွားတော့၏။ အစစ်နှင့်တူသည့် ကိုယ်ခွဲများ များပြားလွန်းနေသည်။ မည့်သည့်တစ်ယောက်ကို သူတို့ တိုက်ခိုက်သင့်သနည်း။ နှစ်ယောက်က တွေဝေနေစဉ် ဖုန်းလန်နားရှိ အနက်ရောင် တိမ်တိုက်က ပြန့်ကားလာပြီး နှစ်ယောက်လုံးကို လွှမ်းခြုံသွားတော့သည်။ နှစ်ယောက်က အမြင်အာရုံများ ပျောက်ကွယ်သွားကာ သူတို့ကောင်းကင် စိတ်အာရုံကလည်း ပတ်ဝန်းကျင်ကို စစ်ဆေးနိုင်ခြင်း မရှိတော့ပေ။
“သခင်လေး တစ်ယောက်က သခင်လေး ထိန်းနိုင်လောက်တယ်မလား”
“နတ်ဆိုးဧကရာဇ် ရှေ့ကတစ်ယောက်ကို မသိမသာ တိုက်ခိုက်”
ဖုန်းလန်၏ အသံကူးပြောင်းမှုက နတ်ဆိုးဧကရာဇ်နှင့် ကျန်းရီ၏နားစည်ထဲ နှောင့်နှေးမနေဘဲ ပေါ်လာတော့သည်။ ရွှေရောင်မျောလွင့်နဂါးက ဒဏ်ရာပြင်းပြင်ထန်ထန် ရထားသော်ငြား ကျန်းရီ၏ အမိန့်ကို မဖီဆန်ရဲသေးပေ။ အံ့ကြိတ်လျက် ရေနဂါးအကောင် တစ်ထောင်ဆီသို့ ဦးဆောင်သွားလိုက်သည်။ သူ့ရှေ့၌ ကျန်းရီ၏ မရေမတွက်နိုင်သော ကိုယ်ခွဲများရှိသည်။ သူတို့ထဲတွင် မည်သည်က အစစ်နည်း။ ယင်းကသူ့ကို စိတ်အနှောက်အယှက် မဖြစ်စေတော့ပေ။ အကြောင်းမှာ အခြေအနေကို ရှင်းရှင်းလင်းလင်း မမြင်ရ။ ကျန်းရီ၏ ခန္ဓာကိုယ်အစစ်က မည်သည့်တစ်ယောက်မှန်း မခွဲခြားနိုင်သောကြောင့်ဖြစ်သည်။
ကျန်းရီ၏ ကောင်းကင်စိတ်အာရုံက အလွန်သန်မာသည်။ ဖုန်းလန်၏ သတိပေးမှု မရှိလျှင်တောင် သူကကောင်းကင်ဧကရာဇ် တစ်ဦး၏နေရာကို ရှာဖွေနိုင်သေးပြီး ရွှေရောင်မျောလွင့်နဂါးကို တိုက်ခိုက်ခိုင်းနိုင်၏။ သူ၏လက်ထဲတွင် မီးနဂါးဓားလည်း ပေါ်လာကာ ရွှေရောင်မျောလွင့်နဂါး နတ်ဆိုးဧကရာဇ်၏တိုက်ကွက် ပေါ်လာမှာကို စောင့်ဆိုင်းနေသည်။ ရုတ်တရက်သူက ပေါင်းစည်းခြင်း သိုင်းကွက်တစ်ကွက်ကို ထုတ်ဖော်လိုက်၏။ မီးနဂါးထောင်ကျော်က ဘုံကိုးဘုံ၏ နဂါးမီးလျှံများကို သယ်ဆောင်လျက် ထွက်ပေါ်လာတော့သည်။ တစ်ချိန်ထဲတွင် သူ၏မျက်ခုံးနှစ်ဖက်ကြားမှ အလင်းတန်း ဖြတ်ခနဲပေါ်လာ၏။ ဝိညာဉ်ဓားလည်း ပေါ်ထွက်လာပြီး သူတို့က မီးနဂါးနောက် လိုက်သွားတော့သည်။
သူ၏မီးနဂါး ပျံသန်းနေစဉ် ပုံသဏ္ဍန်တစ်ခုရှိသည်။ သူတို့က ဓားဝိညာဉ်အတွက် လမ်းကြောင်းတစ်ခု အလိုလိုဖွင့်ပေးကြတာပဲဖြစ်သည်။ ထို့အပြင် ကျန်းရီက ထိုဝိညာဉ်ဓားသည် ဧကရာဇ်ကိုးပါး၏ နဂါးမီးလျှံကြောင့် ထိခိုက်သွားမည်လားဆိုတာ မသိရပေ။ သို့သော် ဝိညာဉ်ဝါးမြို မိချောင်းများကို ဘုံကိုးဘုံ၏ နဂါးမီးလျှံ တိုက်ကွက်က ထိခိုက်ဒဏ်ရာရအောင် လုပ်နိုင်သောကြောင့် သူမစွန့်စားရဲချေ။
ဖုန်း ဖုန်း ဖုန်း ဖုန်း
ရွှေရောင်မျောလွင့်နဂါး၏ တိုက်ခိုက်မှုသည် ပစ်မှတ်ဆီ ဦးစွာရောက်လာပြီး ကောင်းကင်ဧကရာဇ် နှစ်ဦးသည် ထိသွားတော့သည်။ နှစ်ယောက်က အားနည်းသူများ မဟုတ်ပေ။ ချက်ချင်းပင် အတွင်းအား နတ်ဘုရားဒိုင်းကို ထုတ်ဖော်လိုက်တော့သည်။ နတ်ဘုရားဒိုင်းက ရွှေရောင်အလင်း တောက်ပနေပြီး ဖြာထွက်နေ၏။ ကံဆိုးသည်မှာ မိုးနှင့်မြေက အမှောင်ထုဖြင့် လွှမ်းခြုံခံထားရပြီး ရွှေရောင်အလင်းက သူတို့ပတ်ဝန်းကျင်ဆီ အလင်းမပေးနိုင်တော့ပေ။
နတ်ဘုရားဒိုင်းကို ထုတ်ဖော်ထားသော်ငြား နှစ်ယောက်က ညဉ်းတွားမိသွား၏။ ကောင်းကင်ဧကရာဇ်များသည် အကန့်အသတ်မဲ့ အတွင်းအားများ ပိုင်ဆိုင်ကောင်း ပိုင်ဆိုင်နိုင်မည်။ သူတို့နတ်ဘုရားဒိုင်းက မပြိုကွဲသ၍ သူတို့ဘယ်တော့မှ အသတ်ခံရမှာမဟုတ်ပေ။ သို့သော်ယင်းက မူလအခြေခံ သိုင်းပညာရှင်များအတွက်သာ ရည်ရွယ်သည်။ စိတ်ဝိညာဉ် သို့မဟုတ် ဗာဂျရာနယ်ပယ် သိုင်းပညာရှင်တစ်ဦး၏ တိုက်ကွက်က ကောင်းကင်ဧကရာဇ် သိုင်းပညာရှင်၏ နတ်ဘုရားဒိုင်းကို မည်ကဲ့သို့ ဖြိုခွဲနိုင်မည်နည်း။
နယ်ပယ်တူ နတ်ဆိုးဧကရာဇ် တစ်ပါးအနေဖြင့် နတ်ဆိုးဧကရာဇ်၏ တိုက်ခိုက်မှုက ကြမ်းတမ်းသည်။ ထို့ကြောင့် ကောင်းကင်ဧကရာဇ် နှစ်ဦးသည် အကန့်အသတ်မဲ့ အတွင်းအားများ ပိုင်ဆိုင်လျှင်တောင် သူတို့နတ်ဘုရားဒိုင်းက ဝင်ရောက်လာသည့် တိုက်ကွက်များ၏ ပြင်းထန်သော ဖိအားကြောင့် ပြိုကွဲသေးသည်။ နတ်ဘုရားဒိုင်း ပြိုကွဲသွားသည်နှင့် နှစ်ယောက်သားက အမှောင်ထု တာအိုပုံစံကြောင့် မမြင်ရသေးဘဲ ရှိနေပေလိမ့်မည်။ ထိုအချိန်ရောက်လျှင် သေခြင်းတရားသာ သူတို့ကို စောင့်ကြိုနေမှာဖြစ်၏။
ကံကောင်းသည်မှာ နတ်ဆိုးဧကရာဇ်၏ တိုက်ခိုက်မှု အနည်းငယ် ချို့ယွင်းသွားသည်။ နှစ်ယောက်လုံးက ပထမဆုံးတိုက်ကွက် လွဲချော်သွားပြီး သူတို့ဒိုင်းက ဆက်လက် တောင့်ခံနေတာကို မြင်ပြီးနောက် စိတ်ထဲသက်ပြင်းချလိုက်တော့၏။ နှစ်ယောက်သားသည် အမှောင်ထု မြူထဲမှခွဲထွက်ရန် အကြံဉာဏ်ကို တွေးနေကြစဉ် သူတို့နောက်ကျောဆီသို့ အလင်းတန်း ရောင်ခြည်များစွာက ထိမှန်လာတော့၏။ ယင်းက နှစ်ယောက်သားကို နာကျင်မှုကြောင့် အော်ဟစ်မိစေ၏။ သူတို့၏ နတ်ဘုရားဒိုင်းများကို ထိန်းသိမ်းရန်အတွက် အတွင်းအားများကို ဆက်လက် ထည့်နေသည်။
ချီ ချီ
ကျန်းရီ၏ တိုက်ကွက်ကလည်း ရောက်လာသည်။ သူက နှစ်ယောက်ထဲမှ တစ်ယောက်ကို မှတ်ထားပြီး တိုက်ခိုက်တော့၏။ မီးနဂါးထောင်ချီသည် အရှိန်အဝါတစ်ခုကို သယ်ဆောင်လာ၏။ ကံဆိုးသည်မှာ မီးနဂါးများက အစွမ်းထက်ပုံပေးသော်ငြား သန်မာသည်ဟု သတ်မှတ်၍မရပေ။ အကြောင်းမှာ ကျန်းရီ၌ အတွင်းအား များများစားစား မကျန်သောကြောင့် တိုက်ကွက်များကို အားလျော့စေသည်။
မီးနဂါး အကောင်ရေထောင်ချီသည် တိုက်ခိုက်မှု၏ ပင်မအားမဟုတ်ပေ။ ဘုံကိုးဘုံ၏ နဂါးမီးလျှံများကို သယ်ဆောင်ထားသည့် မီးနဂါးကသာလျှင် လူသတ်သည့် အကွက်ဖြစ်သည်။ ဘုံကိုးဘုံ၏ နဂါးမီးလျှံများက နတ်ဘုရားဒိုင်းကို ထိမိသွားသည့် အချိန်၌ နတ်ဘုရားဒိုင်း၏ စွမ်းအင်များကို လျင်မြန်စွာ လွင့်ပြယ်သွားစေသည်။ ယင်းက ကောင်းကင်ဧကရာဇ် သိုင်းပညာရှင်ကို ကြောက်လန့်သွားစေ၏။ ချက်ချင်းပင် သူ့နောက်ရှိ ဖုန်းလန်ထုတ်ဖော်သည့် အနက်ရောင်အလင်းစီးကြောင်း တိုက်ကွက်များကို အမှုမထားဘဲ အတွင်းအားများကို လှည့်ပတ်ကာ သူ့ရှေ့ရှိ ဘုံကိုးဘုံ၏ နဂါးမီးလျှံ တိုက်ကွက်ကို ခုခံလိုက်တော့သည်။
ချီ ချီ
ဘုံကိုးဘုံ၏ နဂါးမီးလျှံများက သူကိုယ်တိုင် အပြည့်အဝ သုံးစွဲပြီး အစွန်း၌ အစစ်အမှန် လူသတ်ကွက်က နောက်ဆုံး၌ ပေါ်ထွက်လာခဲ့ချေပြီ။ ဝိညာဉ်ဓား (၃၆)လက်သည် ချွန်ထက်သည့် လေသံတစ်သံကို သယ်ဆောင်လာပြီး အနီရောင် လျှပ်စီးသဖွယ် ဝှီးကနဲ ပေါ်ထွက်လာ၏။ ယင်းက နတ်ဘုရားဒိုင်းကို အလွယ်တကူ ထိုးဖောက်သွားသည်။ ကောင်းကင်ဧကရာဇ်က တုန့်ပြန်ရန် အချိန်တောင် မရသေးခင် သူ၏မျက်ခုံးနှစ်ဖက်ကြား ထိုးဖောက်ခံလိုက်ရ၏။
“စိတ်ဝိညာဉ် တိုက်ခိုက်မှု”
ကောင်းကင်ဧကရာဇ်က အော်လိုက်ပြီး တုန်ယင်သွားတော့သည်။ သူ၏စိတ်ဝိညာဉ်ထဲမှ စိတ်ပျက်အားလျော့သည့် အငွေ့အသက် ပေါ်ထွက်လာသည်။
စိတ်ဝိညာဉ် တိုက်ခိုက်မှုက အလွန်ထူးဆန်းသော စွမ်းရည်တစ်မျိုးဖြစ်သည်။ စိတ်ဝိညာဉ်က လုံလောက်အောင် မသန်မာလျှင် သူတို့၏စိတ်ဝိညာဉ်ကို ကာကွယ်ရန် အရည်အချင်း မပိုင်ဆိုင်ထားလျှင် ၎င်းကိုခုခံနိုင်မှာ မဟုတ်ပေ။
သူ၏စိတ်ဝိညာဉ်က သာမာန်ဟူ၍သာ သတ်မှတ်၍ရသည်။ စိတ်ဝိညာဉ် ခုခံခြင်း စွမ်းရည်က အလွန်ရှားပါးပြီး သာမာန်လူက ၎င်းတို့ကိုသင်ယူရန် အရည်အချင်း မမှီပေ။ စိတ်ဝိညာဉ်ကို ကာကွယ်ပေးနိုင်သော ရတနာများကမူ အစွမ်းထက်သော မျိုးနွယ်စုများ၏ မျိုးဆက်များ သို့မဟုတ် ကျော်ကြားသော သိုင်းပညာရှင်များမှအပ ကျန်သည့်သူများ မပိုင်ဆိုင်ပေ။
သာမာန်သိုင်းပညာရှင် တစ်ဦးသည် စိတ်ဝိညာဉ်တိုက်ကွက်ကို ခုခံချင်လျှင် သူတို့က ရန်သူ၏ စိတ်ဝိညာဉ်တိုက်ကွက်ကို ဖယ်ရှားနိုင်သည့် အရည်အချင်းအားလုံး သုံးရမည်ဖြစ်ကာ စိတ်ဝိညာဉ်ထဲ ဝင်ရောက်ခွင့် မပေးမှရမည်။ စိတ်ဝိညာဉ်တိုက်ကွက်က သူတို့၏ စိတ်ဝိညာဉ်အတွင်း ဝင်ရောက်သည်နှင့် သေခြင်းတရား ကြေညာချက်တစ်ခု ဖြစ်သွားမည်။
ယခင်က ရှီးဖေးသည် သူနှင့်ကြုံတွေ့သည်နှင့် ကျန်းရီ၏ စိတ်ဝိညာဉ် တိုက်ခိုက်မှုကို ကရုစိုက်ရန် သတိပေးခဲ့သည်။ ရှဲ့ကျွင်းက တစ်ချက်ထဲဖြင့် အသတ်ခံလိုက်ရရာ သူ၏စိတ်ဝိညာဉ်က အတော်လေး သင့်လျော်နေသည့်တိုင် တစ်ချက်ထဲဖြင့် အသတ်ခံလိုက်ရသည်။ ထို့ကြောင့် သူတို့သာ တိုက်ခိုက်ခံရလျှင် သေချာပေါက် သေပေမည်။
သို့သော် အစောပိုင်းက အခြေအနေဖြင့် ပိန်းပိတ်အောင် ပတ်ဝန်းကျင်က နက်မှောင်နေပြီး တိုက်ကွက်များအားလုံး သူ့ဆီအဆက်မပြတ် ကျရောက်နေလေရာ ခုခံနိုင်ရန် စွမ်းအင်နှင့်အချိန် မည်ကဲ့သို့ရှိမည်နည်း။
ဖုန်း ဖုန်း ဖုန်း
သူ၏စိတ်ဝိညာဉ်ထဲသို့ ဓား(၃၆)စင်းက နတ်ဘုရားဓား (၃၆)စင်းသဖွယ် ထိမိသွားတော့သည်။ သူကစိတ်ပျက်အားငယ်သွား၏။ ရွေးချယ်စရာ မရှိဘဲ စိတ်ဝိညာဉ်ကို အမှုမထားဘဲ သူတော်စင် အသုံးအဆောင်က ရွှေရောင်အလင်းဖြင့် လက်ထဲ၌ ပေါ်လာတော့သည်။ ရုတ်တရက်သူက သူသေရမည်ဆိုလျှင်တောင် ကျန်းရီအကြိမ်တစ်ထောင် တန်ကြေးကို ပေးဆပ်ရန် မျှော်လင့်နေတော့သည်။
ချီ ချီ
သူတော်စင် အသုံးအဆောင် ပေါ်လာသည်နှင့် မိုးနှင့်မြေက တုန်ယင်သွားသည်။ နားစူးလောက်သည့် အသံများက ပင်လယ်လှိုင်းသဖွယ် လေဟာနယ်မှ ပဲ့တင်သံထွက်လာသည်။ လှံရိပ်များစွာက လေဟာနယ်ကို ထိုးဖောက်လျက် ကောင်းကင်ကို လှံရိပ်များဖြင့် ပြည့်သွားစေကာ တိုက်ခိုက်တော့၏။ ရုတ်တရက် မီတာရာချီ များစွာအကွာ၌ ရှိနေသော ကျန်းရီ၏ ခန္ဓာကိုယ်သည် များစွာသော လှံအရိပ်များဖြင့် ထိုးဖောက်ခံလိုက်ရတော့သည်။
***