← Chapters

ချင်ပြည်နယ်၏ပထမဆုံးသော ဟွမ်ယွမ်အရှင်သခင် သိုင်းပညာရှင်

Vol. 21 Ch. 204

ချင်ပြည်နယ်၏ပထမဆုံးသော ဟွမ်ယွမ်အရှင်သခင် သိုင်းပညာရှင်

Vol. 21 Ch. 204

ရုပ်ခန္ဓာမရှိသော ယင်ဝိညာဉ်တစ်ခုသည် လေလွင့်နေသော ဝိညာဉ်သရဲတစ်ကောင်နှင့် တူပေသည်။ ခိုနားရာနေရာ မရှိပါက ပျက်စီးခြင်းသို့သာ ဦးတည်ရပေမည်။

သို့သော် ဖြေရှင်းနည်းတစ်ခုတော့ ရှိပေသည်၊ ၎င်းမှာ နတ်ဘုရားအသွင်ပြောင်းလဲခြင်းအဆင့် သို့ တက်လှမ်းပြီး ရုပ်ခန္ဓာကိုယ်စားအသုံးပြုရန် ရွှေရောင်ခန္ဓာကိုယ်ပွား (ရွှေကိုယ်ထည်) တစ်ခုကို ဖန်တီးခြင်းပင်။

သို့သော် ချင်ပြည်နယ်ကို ဆုံးရှုံးလိုက်ရသော ကျန်းယွမ်ဟွာအဖို့ ထိုသို့လုပ်ဆောင်ရန် အရင်းအနှီးများ ဆုံးရှုံးသွားခဲ့ပြီ ဖြစ်ကြောင်းမှာ ထင်ရှားလှပေသည်။

ထို့ကြောင့် သူ၏ရှေ့တွင် ဆုတ်လမ်းဟူ၍ မရှိတော့ပေ။

"သွားပြီး မင်းရဲ့အသက်အတွက် တိုက်ခိုက်စမ်းပါ"

မဟာလနတ်ဆိုးဘုရင်က နောက်ပြောင်သော အပြုံးဖြင့် ပြုံးလိုက်ပြီး စီရင်စုမြို့ထဲမှ ဖြည်းညှင်းစွာ ဆုတ်ခွာသွားလေသည်။ ၎င်းနှင့် နှစ်ပေါင်းများစွာ ရင်ဆိုင်ခဲ့ရသဖြင့် ရှေ့မှလူကို ကောင်းစွာ နားလည်ထားပေသည်၊ ထိုသူမှာ မည်မျှပင် မာနကြီးပါစေ သူ၏ စိတ်ထဲတွင် ချင်ပြည်နယ်အား မည်သို့ကာကွယ်ရမည်ကိုသာ အမြဲတမ်း အာရုံစိုက်နေသူ ဖြစ်ပေ၏။

စွန့်ပစ်ထားသော နယ်စပ်စီရင်စုနှင့် နှိုင်းယှဉ်ပါက ချင်ပြည်နယ်မြို့တော်သည် သဘာဝကျကျပင် ပို၍ အရေးကြီးသော တည်ရှိမှုတစ်ခု ဖြစ်ပေသည်။

တစ်ဖက်လူကို တဖြည်းဖြည်းချင်း ရန်စနေခြင်းမှာ ကျန်းယွမ်ဟွာကို နောက်ပိုင်းတွင် သူ၏ စွမ်းအားအားလုံး ထုတ်သုံးလာစေရန်၊ ပို၍ ပူပန်လာစေရန်နှင့် ပို၍ ကြမ်းတမ်းလာစေရန် ရည်ရွယ်ခြင်းသာ ဖြစ်ပေသည်။

ဝံပုလွေဘုရင်သည် ချင်ပြည်နယ်၏ အစွန်းသို့ ခြေချလိုက်ပြီး လက်ချောင်းများကို စုကာလေချွန်လိုက်လေ၏။

ထို့နောက် ၎င်းက ရယ်မောလိုက်၏။

"မင်းတော်တော်မြန်မြန် ပြန်သွားနိုင်ရင်တောင် မြို့ရဲ့ တစ်စိတ်တစ်ပိုင်းကို ကယ်နိုင်ဦးမှာပါ"

လေချွန်သံမှာ စူးရှလှပေ၏။ အချိန်များမှာလည်း တဖြည်းဖြည်း ကုန်ဆုံးသွားခဲ့၏။

သို့သော် ထွက်ပေါ်လာရမည့် ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးစွမ်းအား သုံးခုမှာမူ ယခုတိုင် လုံးဝ ငြိမ်သက်နေဆဲ ဖြစ်ပေသည်။

ကျန်းယွမ်ဟွာသည် ဝံပုလွေဘုရင်ကို တိတ်ဆိတ်စွာ ကြည့်နေပြီး လက်ထဲမှ ဓားကို တင်းတင်းဆုပ်ထားလေသည်။ မဟာလနတ်ဆိုးဘုရင်သည် မျက်မှောင်ကြုတ်သွားပြီး နောက်ထပ်တစ်ကြိမ် လေချွန်လိုက်ပြန်လေ၏။

ချင်ပြည်နယ် အပြင်ဘက်တွင်

ဆင်နတ်ဆိုး ဦးဆောင်သော နတ်ဆိုးသုံးကောင်မှာ လက်နက်များကိုယ်စီဖြင့် အဆင်သင့် ဖြစ်နေကြပြီ ဖြစ်၏။

လေချွန်သံကို ကြားလိုက်ရသောအခါ သူတို့၏ နှုတ်ခမ်းများပေါ်တွင် ကောက်ကျစ်သော အပြုံးများ ပေါ်လာကြပေသည်။

ဆင်နတ်ဆိုးမှာ စိတ်အလောဆုံး ဖြစ်ပြီး ရှေ့သို့ တစ်လှမ်းတိုးလိုက်ကာ သူ၏ ဧရာမ ခန္ဓာကိုယ်ကြီးမှာ ရုတ်တရက် အမြင့် ဆယ်ကျန်းကျော်အထိ ခုန်တက်သွားလေသည်၊ ကျန်နတ်ဆိုးနှစ်ကောင်မှာလည်း နောက်မှ ထပ်ကြပ်မကွာ လိုက်ပါရန် ရည်ရွယ်ထားကြပေ၏။

နောက်တစ်ခဏတွင် သိပ်မကျယ်လောင်သော ဧရာမ ပေါက်ကွဲသံကြီးတစ်ခု သူတို့၏ နားထဲတွင် ပေါက်ကွဲသွားလေတော့သည်။

ဆင်နတ်ဆိုးမှာ ကြီးမားလှသော အားအင်တစ်ခုဖြင့် နောက်သို့ ရိုက်ထုတ်ခြင်း ခံလိုက်ရပြီး ချောက်ကမ်းပါးတစ်ဝက်ကို တိုက်ရိုက် ပြိုကျသွားစေခဲ့လေ၏။ ကျန်ရှိသော အမြုတေစွမ်းအင်စုစည်းခြင်းအဆင့် နတ်ဆိုးအရှင်နှစ်ဦးမှာ ခေတ္တမျှ မှင်သက်သွားကြပြီး သူတို့၏ မြင်ကွင်းထဲတွင် နီရဲသော တိမ်တိုက်တစ်ခု ရုတ်တရက် ပေါ်လာသည်ကို မြင်လိုက်ရ၏။

လှိုင်းထနေသော အနီရောင် မြူခိုးများမှာ လျင်မြန်စွာ လွင့်ပျံ့သွားခဲ့ပေသည်။

အရပ်ရှည်ရှည် ပုံရိပ်တစ်ခုမှာ ကောင်းကင်မှ ဆင်းသက်လာပြီး သူ၏ သပ်ရပ်သော မင်ရောင်ဝတ်ရုံမှာ လေထဲတွင်လွင့်နေလေ၏။

"မင်းက ဘယ်သူလဲ"

ရွှေရောင်အမွှေးအမျှင်များ ဖုံးလွှမ်းနေသော ကျားသစ်နတ်ဆိုးသည် ဓားရှည်နှစ်လက်ကို ဆုပ်ကိုင်ထားပြီး မသိစိတ်က ဟိန်းဟောက်လိုက်၏

"ငါက.."

ဝှေ့ယမ်းကန်ချက်တစ်ခု လေထဲသို့ ဖြတ်သန်းသွားပေသည်။ ၎င်းသည် ကျားသစ်နတ်ဆိုး၏ လက်ထဲမှ ဓားရှည်နှစ်လက်ကို တိုက်ရိုက်ချိုးသွားရုံသာမက ၎င်းနှင့်အတူ ရင်ညွန့်ရိုးကိုလည်း ကျိုးကြေသွားစေခဲ့၏။

"ငြိမ်ငြိမ်နေစမ်း၊ ငါ အလျင်လိုနေတယ်"

ရှန်းယီသည် ကျားသစ်နတ်ဆိုး၏ လည်ပင်းကို ဖမ်းဆုပ်လိုက်လေ၏။ တာအိုသန္ဓေသား နှင့် နတ်ဆိုးအင်မော်တယ်ပြောင်းလဲခြင်းရှစ်ဆင့် စွမ်းအားများကို ထုတ်ဖော်လိုက်သဖြင့် သူသည် မည်သည့်အရာကိုမျှ ချန်မထားတော့ပေ။

ဗြစ်ခနဲ အသံနှင့်အတူ ကျားသစ်နတ်ဆိုး၏ ခေါင်းမှာ တိုက်ရိုက်ဆွဲဖြုတ်ခြင်း ခံလိုက်ရလေ၏။

ဆင်နတ်ဆိုးသည် မြေပြင်မှ အနိုင်နိုင် ပြန်ထလာချိန်တွင် လူငယ်က ပါးစပ်ဟလိုက်သည်ကို မြင်လိုက်ရပြီး သူ၏ကျားသစ်ညီကိုမှာ သွေးအဖြစ် ပြောင်းလဲကာ လူငယ်၏ ပါးစပ်ထဲသို့ စီးဝင်ခံလိုက်ရသည်ကို တွေ့လိုက်ရပေ၏။ ထိုကဲ့သို့ ထိတ်လန့်ဖွယ်ရာ မြင်ကွင်းသည် တည်ငြိမ်နေသော ထိုမျက်နှာကို ဖော်မပြနိုင်လောက်အောင် ကြောက်မက်ဖွယ် ကောင်းသွားစေခဲ့၏။

"..."

ရှန်းယီသည် နတ်ဆိုးအမြုတေကို သာမန်ကာလျှံကာ ယူကာ ပါးစပ်ထဲသို့ ထည့်လိုက်ပြီးနောက် အခြားနတ်ဆိုးဆီသို့ ပြေးဝင်သွားပြန်သည်။

ထိုဆိတ်နတ်ဆိုးမှာ ကြောင်အသွားပြီး ထွက်ပြေးရန် ကြိုးစားသော်လည်း ထူထပ်သော မြူခိုးများ သယ်ဆောင်လာသည့် ဓားရှည်တစ်လက်က ၎င်းကို တိုက်ရိုက် ဖောက်ထွက်သွားခဲ့လေ၏။

ရှန်းယီသည် နောက်မှ ထပ်ကြပ်မကွာ လိုက်ပါလာပြီး သူ၏သွယ်လျသော လက်ချောင်းငါးချောင်းဖြင့် ဒဏ်ရာထဲသို့ အားဖြင့် နှိုက်ကာ အရိုးများကို ချိုးခြေလျက် ၎င်း၏နှလုံးသားကို တိုက်ရိုက် ကြိတ်ခြေလိုက်ပေသည်။

သူသည် ပါးစပ်ကို ဆက်လက်ဟထားပြီး ၎င်း၏ အသွေးအသားများကို နတ်ဆိုးသွေးစက်အဖြစ် ပြောင်းလဲကာ မျိုချလိုက်ပြန်သည်။

ယခင် နတ်ဆိုးအမြုတေမှာ အစာကြေရုံသာ ရှိသေးပြီး ဒုတိယတစ်ခုမှာ ချက်ချင်း နောက်မှ လိုက်ပါလာခဲ့၏။

"ငါ..."

ဆင်နတ်ဆိုးသည် သူ၏ ပင်ကိုယ်စွမ်းရည်ကို အသုံးပြုရန် ကြိုးစားရင်း ခေါင်းခါလိုက်လေ၏။ နတ်ဆိုးအဖြစ် ရှင်သန်လာခဲ့သည့် နှစ်ပေါင်းများစွာအတွင်း ဤမျှ ကြောက်စရာကောင်းသော မြင်ကွင်းမျိုးကို မည်သည့်နေရာတွင် မြင်ဖူးပါသနည်း။

"ဒီကိုလာခဲ့"

ရှန်းယီသည် လေညင်းတစ်ခုအဖြစ် ပြောင်းလဲကာ ၎င်း၏ ဘေးတွင် ဆင်းသက်လိုက်ပြီး ၎င်း၏ ဦးခေါင်းကို လက်ဝါးဖြင့် ရိုက်ချလိုက်လေသည်။

တိုးလျှိုးသော ကွဲအက်သံနှင့်အတူ ဆင်နတ်ဆိုး၏ ဦးခေါင်းခွံမှာ ချက်ချင်း ကွဲအက်သွားပေ၏။ ရှန်းယီသည် မျက်မှောင်အနည်းငယ်ကြုတ်လိုက်ပြီး နောက်ထပ် လက်ဝါးတစ်ချက် ထပ်ဆင့်လိုက်ရာ နောက်ဆုံးတွင် ၎င်းမှာ ကြေမွသွားတော့၏။

ဆင်နတ်ဆိုး၏ အသွေးအသားများသည်လည်း နတ်ဆိုးသွေးအဖြစ် ပြောင်းလဲကာ သူ၏ ဗိုက်ထဲသို့ ဝင်ရောက်သွားလေ၏။ နတ်ဆိုးသုံးကောင်ထံမှ နတ်ဆိုးသွေး စုစုပေါင်း ကိုးစက် ရရှိခဲ့ပေသည်။

စွမ်းအားမြှင့်တင်မှုနှင့် သက်တမ်း ဆယ်နှစ်ကျော် ပေးဆပ်မှုအောက်တွင် နတ်ဆိုးအမြုတေများနှင့် နတ်ဆိုးသွေးများ အားလုံးကို တာအိုသန္ဓေသား က စုပ်ယူလိုက်လေသည်။

ပြီးပြည့်စုံလုနီးပါးဖြစ်သော တာအိုသန္ဓေသားနှင့် နတ်ဆိုးအင်မော်တယ်ပြောင်းလဲခြင်းရှစ်ဆင့်မြောက်ရှေ့မှောက်တွင်

မျက်နှာပြာခြင်္သေ့ နှင့် အစွမ်းချင်း တူညီသော ဤနတ်ဆိုးများမှာ ခုခံနိုင်စွမ်း လုံးဝ မရှိကြတော့ပေ။ ဆင်နတ်ဆိုးမှာ ပိုမိုသန်မာသော်လည်း တိုက်ခိုက်မှု တစ်ချက်သာ ပို၍လိုအပ်ခဲ့ခြင်း ဖြစ်၏။

မည်သည့် တွန့်ဆုတ်မှုမျှ မရှိဘဲ ရှန်းယီသည် တင်ပျဉ်ခွေထိုင်လိုက်ကာ မိမိကိုယ်ကိုယ် ပြန်လည် စစ်ဆေးကြည့်လိုက်ပေသည်။ ဤအချိန်တွင် နီရဲနေသော တာအိုသန္ဓေသား၏ ခန္ဓာကိုယ်ပေါ်ရှိ နတ်ဆိုးစွမ်းအားများမှာ ထူထပ်လှသော သွေးရည်ကြည်များဖြင့် လွှမ်းခြုံထားသကဲ့သို့ လျှံထွက်လာခဲ့ပြီ ဖြစ်ပေသည်။

ရှန်းယီသည် တာအိုသန္ဓေသား၏ ပုံစံဖြင့် လျင်မြန်စွာ ထရပ်လိုက်၏။ ထိုစွမ်းအားကြီးမားသော နတ်ဆိုးစွမ်းအား၏ ထောက်ပံ့မှုဖြင့် သူသည် ဘေးရှိ ချောမွေ့သော အတွင်းခွံကို ကြည့်ကာ ရုတ်တရက် လက်သီးဖြင့် ထိုးလိုက်လေသည်။

ခရက်

သိပ်သည်းလှသော အက်ကြောင်းများမှာ ချက်ချင်း ပျံ့နှံ့သွားခဲ့ပေ၏။ နတ်ဆိုးစွမ်းအားများ၏ လွှမ်းမိုးမှုအောက်တွင် ထောင့်တစ်နေရာ၌ ကပ်နေသော ယင်ဝိညာဉ်လေးမှာ သူ၏ ဒူးကို ဖက်ထားပြီး လုံးဝ မလှုပ်ရဲတော့ပေ။

တာအိုသန္ဓေသားက နောက်ထပ်တစ်ကြိမ် ထိုးလိုက်ပြန်သည်။

အက်ကြောင်းများဖြင့် ပြည့်နှက်နေသော ကိုယ်တွင်းအခွံမှာ လုံးဝ ကြေမွသွားလေတော့၏။

တာအိုသန္ဓေသားသည် လက်လှမ်းကာ ၎င်းကို အလယ်မှနေ၍ အားဖြင့် ဆွဲဖြဲလိုက်ပြီးနောက် အစအနများ အားလုံးကို လောဘတကြီး ဝါးမြိုလိုက်လေ၏။

ယဝိညာဉ်လေးသည် မနာလိုသော အကြည့်ဖြင့် ကြည့်နေပြီး ဘေးရှိ အပိုင်းအစလေး တစ်ခုကို ကောက်ယူရန် လက်လှမ်းလိုက်၏။

သူ၏ လက်ဝါးလေး လှမ်းလိုက်ရုံရှိသေးချိန်တွင် တာအိုသန္ဓေသား၏ နင်းခြေခြင်းကို ခံလိုက်ရပေသည်။ နင်းမိခြင်း မရှိသော်လည်း တာအိုသန္ဓေသား၏ ကြမ်းတမ်းလှသော အကြည့်ကို ခံစားလိုက်ရသဖြင့် ၎င်းသည် သူ၏ လက်ကလေးကို ချက်ချင်း ပြန်ရုပ်လိုက်ရလေသည်။

ကိုယ်တွင်းခွံတစ်ခုလုံးကို ပြောင်စင်အောင် စားပြီးနောက်။ တာအိုသန္ဓေသားသည် အထက်ရှိ အနီရင့်ရောင်သွေးကြောများကို မော့ကြည့်လိုက်ပြီး လက်ကို သာမန်ကာလျှံကာ ဝှေ့ယမ်းကာ ဖိနှိပ်စွမ်းအား အားလုံးကို ယဝိညာဉ်အပေါ်သို့ ပုံချလိုက်လေ၏။

"ငြိမ်ငြိမ်နေစမ်း"

နောက်တစ်ခဏတွင် တာအိုသန္ဓေသား၏ ခန္ဓာကိုယ်မှာ ခန္ဓာကိုယ်နှင့်တူညီသော အရွယ်အစားအထိ ရုတ်တရက်ကြီးမားလာပြီး ဤအရေပြားကို ဝတ်ဆင်ထားသကဲ့သို့ ဖြစ်သွားပေ၏။

"..."

ရှန်းယီသည် သူ၏မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်၏။ ကျောက်စိမ်းကဲ့သို့ ချောမွေ့သော သူ၏ အရေပြားပေါ်မှ နီရဲသော အလင်းတန်းလေးများ ထွက်ပေါ်နေပေသည်။

သူ၏ အသိစိတ်ကို ပင်မခန္ဓာကိုယ်ထဲသို့ ပြန်မပို့ခဲ့ပေ။ ယခုအချိန်တွင် ရုပ်ခန္ဓာနှင့် တာအိုသန္ဓေသားမှာ တစ်သားတည်း ဖြစ်သွားခဲ့ပြီ ဖြစ်ရာ နှစ်ခုစလုံးမှာ သူပင် ဖြစ်လေပြီ။

သူ၏ မျက်လုံးထဲတွင် နီရဲသော မြူခိုးများ ပြည့်နှက်နေသော်လည်း ၎င်းမှာ ယခင်ကကဲ့သို့ ကြမ်းတမ်းမှု မရှိတော့ပေ၊ ဤသည်မှာ စင်ကြယ်သော နတ်ဆိုးစွမ်းအားသာ ဖြစ်ပေသည်။

ဟွမ်ယွမ်ဝူကျိနတ်ဆိုးခန္ဓာ

ရှန်းယီသည် ထရပ်လိုက်ပြီး ချင်ပြည်နယ်ဘက်သို့ လှည့်ကြည့်လိုက်၏။ လွတ်ငြိမ်းလေဟုန်စီးနင်းခြင်းနည်းစနစ်ကို အသုံးပြုရန် မလိုအပ်တော့ပေ။

သူသည် မြေပြင်ကို ဆောင့်နင်းလိုက်ရာ သူ၏ ပုံရိပ်မှာ ကောင်းကင်သို့ ပျံတက်သွားပြီး ကောင်းကင်တစ်ခုလုံးတွင် နီရဲသော အရောင်များကို ချန်ထားရစ်ခဲ့လေ၏။

၎င်းမှာ အဆုံးမဲ့ငရဲဘုံတစ်ခုသို့ အလင်းပေးနေသကဲ့သို့ ဖြစ်နေပေသည်။

စီရင်စုမြို့ အပြင်ဘက်တွင်

မဟာလနတ်ဆိုးဘုရင်သည် ထိုသောက်သုံးမကျတဲ့သုံးကောင်ကို ခေါ်ရန် စိတ်ကူးကို စွန့်လွှတ်လိုက်ပြီး ချင်ပြည်နယ် နယ်မြေထဲမှ တဖြည်းဖြည်း ဆုတ်ခွာသွားခဲ့ပြီ ဖြစ်ပေ၏။

၎င်းသည် ရှေ့မှ ဓားရှည်ကို အေးစက်စွာ စိုက်ကြည့်နေပြီး ယနေ့ ဤသိုင်းဝိဇ္ဇာသည် အဘယ်ကြောင့် ဤမျှ ရူးသွပ်ကာ ပို၍ ပို၍ တိုးကပ်လာရသနည်းဟု တွေးနေမိ၏။

ချင်ပြည်နယ်မှ ထွက်ခွာလာပြီးနောက် တစ်ဖက်လူမှာ သူ၏ ပြိုင်ဘက် မဟုတ်တော့ပေ... သို့သော် မဟာလနတ်ဆိုးသည် မတိုက်ချင်ပေ။

ဤပြင်ဆင်မှုများ အားလုံးမှာ ကျန်းယွမ်ဟွာနှင့် သေသည်အထိ တိုက်ခိုက်ရန် မဟုတ်ပေ။

အကယ်၍ သူသာ ဒဏ်ရာ အနည်းငယ်ရသွားပါက နတ်ဆိုးတစ်ထောင်ဂူမှ အမျိုးသမီးထံမှ လွတ်မြောက်ရန် ယုံကြည်ချက် မရှိတော့ပေ။

"မင်း ရူးနေတာလား။ တစ်ယောက်ယောက်က မင်းရဲ့ ချင်ပြည်နယ် မြို့တော်ကို တိုက်ခိုက်နေပြီလေ"

"..."

ကျန်းယွမ်ဟွာသည် စီရင်စုမြို့၏ အသွင်အပြင်ကို ပြန်လှည့်ကြည့်လိုက်ပြီး သူ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာလေ၏။ သူသည် အပြင်ထွက်ရန် အမြဲတမ်းကြောက်လန့်နေခဲ့သော်လည်း ယခု အမှန်တကယ် ထွက်လာသည့်အခါ မည်သည့် အခက်အခဲနှင့်မျှ မကြုံတွေ့ခဲ့ရသကဲ့သို့ ခံစားရပေသည်။

သိုင်းဝိဇ္ဇာတစ်ဦးသည် နတ်ဆိုးဘုရင်နှစ်ဦးကို မကာကွယ်နိုင်ပေ။ အထူးသဖြင့် တစ်ဦးမှာ နတ်ဆိုးတစ်ထောင်ဂူမှ လာသူ ဖြစ်နေလျှင် ပိုဆိုးပေသည်။

တစ်ဖက်လူသည် မည်သို့ကြောင့် စီရင်နယ်မြေ အများအပြားကို တိတ်တဆိတ် ဖြတ်ကျော်ကာ ချင်ပြည်နယ်မြို့တော်သို့ ရောက်ရှိလာပြီး နတ်ဆိုးနှိမ်နင်းရေးတပ်ဖွဲ့ရုံးတော်နှင့် သူ၏ ကိုယ်ပိုင် ခြံဝင်းထဲသို့ ဝင်ရောက်နိုင်ခဲ့သည်ကို သူ နားမလည်နိုင်ပေ။

သူ ဘာသတင်းစကားမှ မရရှိခဲ့ပေ။သူ သိလိုက်ရသည်မှာ... ချင်ပြည်နယ် ဆုံးရှုံးသွားပြီ၊ သူ၏ ချင်ပြည်နယ် ဆုံးရှုံးသွားပြီ... ထိုသို့ ဖြစ်လာမှတော့...ကျန်းယွမ်ဟွာ၏ အပြုံးမှာ ပို၍ နူးညံ့လာသော်လည်း မဟာလနတ်ဆိုး၏ မျက်လုံးထဲတွင်မူ ကြောက်မက်ဖွယ် ကောင်းနေပေသည်။

၎င်းသည် တစ်ဖက်လူနှင့် နှစ်ပေါင်းများစွာ ရင်ဆိုင်ခဲ့ရသော်လည်း မိမိ၏ နယ်မြေထဲတွင် ရှိနေသည့်တိုင်အောင် ယခုကဲ့သို့ ယုံကြည်ချက် ကင်းမဲ့နေခြင်းမျိုး တစ်ခါမျှ မခံစားဖူးပေ။

"ငါ့လက်ထဲက ဓားနဲ့ ငါ့ရှေ့က လူကို ငါကာကွယ်မယ်"

ကျန်းယွမ်ဟွာသည် သူ၏ ဓားကို လက်ချောင်းနှစ်ချောင်းဖြင့် ပွတ်သပ်လိုက်ပြီးနောက် မဟာလနတ်ဆိုးထံသို့ အကြည့်လွှဲလိုက်ပေသည်။

ထိုအချိန်တွင်ပင် ကောင်းကင်တစ်ခုလုံး နီရဲသွားပြီး အနက်ရောင်ဝတ်စုံနှင့် လူငယ်တစ်ဦးသည် အလွန် ပြင်းထန်သောအားအင်တစ်ခုဖြင့် ဆင်းသက်လာခဲ့ပေ၏။

ကျန်းယွမ်ဟွာသည် အနည်းငယ် မှင်သက်သွားပြီး မဟာလနတ်ဆိုး၏မျက်ခွံများမှာလည်း လှုပ်ခါသွားလေတော့သည်။

အနက်ရောင်ဝတ်စုံနှင့် လူငယ်သည် သူ၏ ခန္ဓာကိုယ်ကိုဖြည်းညှင်းစွာ မတ်လိုက်ပြီး လေထဲရှိ ယဝိညာဉ်ကို တစ်ချက်ကြည့်ကာ တည်ငြိမ်သော အသံဖြင့် ပြောလိုက်လေ၏။

"ပြန်တော့"

တစ်ဖက်လူ၏အရေပြားကြားမှ ထွက်ပေါ်နေသော နီရဲသော အလင်းတန်းမှာ စူးရှခြင်း မရှိသော်လည်း ကျန်းယွမ်ဟွာ၏ မျက်လုံးများကို စိုစွတ်သွားစေခဲ့၏။

ယင်ဝိညာဉ်တစ်ခု အနေဖြင့် သူသည် လူသားများကဲ့သို့ မျက်ရည်ကျခြင်း ကဲ့သို့သောလုပ်ဆောင်ချက်များကို မလုပ်ဆောင်နိုင်ပေ။

အဆိုးဆုံးအခြေအနေသို့ ရောက်ရှိသွားလျှင်ပင် ပို၍ကောင်းမွန်သော အရာများလည်း ဖြစ်ပေါ်လာနိုင်ပေသည်။

ချင်ပြည်နယ်တွင် နောက်ဆုံးတော့ ပထမဆုံးသော ဟွမ်ယွမ်အရှင်သခင်သိုင်းပညာရှင်ကြီးတစ်ဦး ပေါ်ထွန်းလာခဲ့ပြီ။

All Chapters