ချင်းဟွာသခင်မကို သတ်ဖြတ်ခြင်း
Vol. 21 Ch. 209
ဦးပိုင်းဆောင်းရာသီပြီးနောက် ခါးသီးသော ဆောင်းရာသီ ရောက်ရှိလာပေသည်။
ဆောင်းရာသီအလယ်တွင် အခြေအနေကို ပြောင်းပြန်လှန်နိုင်စေရန်
ကျန်းယွမ်ဟွာ၏ ပိုမို ကျဲပါးလာသော ယင်ဝိညာဉ်သည် နတ်ဆိုးများ၏အော်ဟစ်သံများဖြင့် ပြည့်နှက်နေသောကောင်းကင်ယံတွင် ပျံဝဲနေ၏။
ဆောင်းရာသီသည် ဆောင်းရာသီသာ ဖြစ်သော်လည်း ကိုက်ခဲအေးစက်သော လေနှင့် နှင်းများသည် နတ်ဆိုးများဆီသို့ ဦးတည် တိုက်ခတ်နေပေသည်။
ရှန်းယီသည် ချင်ပြည်နယ် အပြင်ဘက်ရှိ နတ်ဆိုးအုပ်ကြီးကို ပိတ်ဆို့ရန် တစ်ကိုယ်တည်း သွားခဲ့ခြင်း မဟုတ်ပေ။
သူ ကောင်းကင်ယံတွင် ရပ်နေရုံသာ ရပ်နေခဲ့ခြင်း ဖြစ်သည်။
ထိုအရပ်ရှည်ပြီး သွယ်လျသော ပုံရိပ်၏ ရှေ့မှောက်တွင် နတ်ဆိုးများ ဝင်ရောက်လာသည်ဖြစ်စေ၊ ထွက်ခွာသွားသည်ဖြစ်စေ၊ ချင်ပြည်နယ်အတွင်း ရှိနေသည်ဖြစ်စေ၊ အပြင်ဘက်တွင် ရှိနေသည်ဖြစ်စေ တစ်ခုတည်းသော ကွာခြားချက်မှာ သူတို့ မည်သည့်နေရာ၌ သေဆုံးသွားကြသလဲ ဆိုသည်သာ ဖြစ်ပေလိမ့်မည်။
နွားနတ်ဆိုးသည် တိုက်ခိုက်လိုစိတ် ပျောက်ဆုံးနေပြီဖြစ်ပြီး ထွက်ပြေးရန် အသည်းအသန် ကြိုးစားနေလေ၏။
ကောင်းကင်ယံကို ဖြတ်သန်းသွားတိုင်း အနီရောင်အလင်းတန်းထုတ်လွှတ်နေသော မှင်ရောင်ဝတ်ရုံ ဝတ်ဆင်ထားသူ၏လက်သီးချက်ကြောင့် ပြန်လည် ရိုက်နှက်ခံရမြဲပင်။
၎င်းသည် ခိုးဝင်လာရန်အတွက် ရတနာတစ်ခုကို အသုံးပြုခဲ့သော်လည်း ယခုအခါ ၎င်း၏ စိတ်တစ်ခုလုံးသည် မည်သို့ ထွက်ခွာရမည်ကိုသာ အာရုံစိုက်နေပေသည်။
ဘုန်း
နွားနတ်ဆိုးသည် ချင်ပြည်နယ်မြို့တော် အထက်သို့ နောက်တစ်ကြိမ် ရိုက်ချခံလိုက်ရပြန်၏။ ၎င်း၏ ကြီးမားသော မျက်လုံးများတွင် ဇဝေဇဝါဖြစ်မှုများသာ ပြည့်နှက်နေသည်။
ကျန်းချိုလန် သည် မြေပြင်ပေါ်တွင် ငြိမ်သက်စွာ လဲလျောင်းနေပြီး သူမ၏တာအိုဝိညာဉ်မှာ သူမ၏ ချီပင်လယ်သို့ ပြန်ရောက်သွားပြီ။
သူမ၏အမြင်အာရုံ ထက်ဝက်သာ ကျန်ရှိတော့ပြီး ထိုကျန်ရှိနေသော ထက်ဝက်သည်ပင် သွေးများ ဖုံးလွှမ်းနေသဖြင့် ဝါးတားတား ဖြစ်နေပေသည်။
သို့သော် သူမသည် ပြန်လည်ရောက်ရှိလာသော မှင်ရောင်ဝတ်ရုံဝတ်ဆင်ထားသူကို ရှင်းလင်းစွာ မြင်တွေ့ချင်သောကြောင့် မျက်လုံးများကို ဖွင့်ထားဆဲပင်။
အပြုံးဖျော့ဖျော့တစ်ခု သူမ၏နှုတ်ခမ်းပေါ်တွင် တွဲခိုနေလေ၏။
တစ်ဖက်လူက သူမရှေ့တွင် ရပ်နေသဖြင့် အဆုံးအစမဲ့သော လုံခြုံမှု ခံစားချက်က သူမကို လွှမ်းခြုံထားပေသည်။
ထက်ရှသောဓားတစ်လက် ဓားအိမ်ထဲသို့ ပြန်လည် ရောက်ရှိသွားသကဲ့သို့ ဖြစ်ပြီး အခြား မည်သည့်အရာကိုမျှ စိုးရိမ်စရာမလိုတော့သည့်အလား ခံစားလိုက်ရပေ၏။
"..."
ရှန်းယီ လက်ပေါ်မှ သွေးများကို ခါချလိုက်၏။
အချိန်တန်ပြီဟု သူ ခံစားလိုက်ရသည်။
နွားနတ်ဆိုး၏ခေါင်းကို ကန်လိုက်ပြီး သူ့အကြည့်နှင့် ဆုံအောင် ဖန်တီးလိုက်သည်။
အနီရောင်မြူများ ဖုံးလွှမ်းနေသော ရှန်းယီ ၏ မျက်လုံးများသည် ရုတ်တရက် ဒေါင်လိုက်သူငယ်အိမ်များအဖြစ် ပြောင်းလဲသွားပြီး ထူးဆန်းအံ့ဩဖွယ်ရာ ကောင်းလှပေသည်။
ချင်းဟွာသခင်မ သည် ပင်ပန်းနွမ်းနယ်နေပြီဖြစ်ပြီး ပြင်းထန်သောနာကျင်မှုကြောင့် သူမ၏ စိတ်ဆန္ဒများ ပျက်စီးနေလေပြီ။ ထိုအချိန်တွင် ဝံပုလွေ အော်ဟစ်သံတစ်ခု သူမ၏စိတ်ထဲတွင် ရုတ်တရက် ပဲ့တင်ထပ်လာပြီး စူးရှကာ ထိုးဖောက်ဝင်ရောက်လာသည်။
ယောက်ယက်ခတ်နေသော အခြေအနေတွင် သူမ၏ဝိညာဉ်သည် ပြင်းထန်စွာ တုန်ခါသွားပြီးနောက် သူမ၏နတ်ဆိုးခန္ဓာကိုယ်ထဲမှ ထိန်းချုပ်မရဘဲ ဆွဲထုတ်ခြင်း ခံလိုက်ရလေ၏။
နောက်ဆုံးတွင် သူမသည် အဝေးမှ ကျန်းယွမ်ဟွာ ကို မျက်မြင်ကိုယ်တွေ့ မြင်တွေ့လိုက်ရသည်။
ယခင်က သူပျောက်ကွယ်တော့မည်ဟု သူမ ထင်ခဲ့သော်လည်း ယခုအခါ သူမသည် ထိုယင်ဝိညာဉ်ထက်ပင် ပိုမို မြန်ဆန်စွာ ပျောက်ကွယ်သွားတော့မည်။
နားကွဲလုမတတ် ရှည်လျားသော အော်ဟစ်သံများကြားတွင် ရွှေကိုအက်ကွဲစေပြီး ကျောက်တုံးကို ကြေမွစေနိုင်သော အသံများနှင့်အတူ လေထဲတွင် တုန်ခါနေသော ဖယောင်းတိုင်မီးကဲ့သို့ သူမ၏တိမ်လွင့်နေသော ပုံရိပ်သည် ရပ်နေသော နေရာမှ တိတ်ဆိတ်စွာ ပျောက်ကွယ်သွားတော့သည်။
【 ဟွမ်ယွမ်အဆင့် သွေးပြောင်းလဲခြင်းနွားနတ်ဆိုးကို သတ်ဖြတ်လိုက်ပါသည်။ စုစုပေါင်း သက်တမ်း - ၁၆၀၀၀ နှစ်။ လက်ကျန် သက်တမ်း - ၁၂၀၀၀ နှစ်။ စုပ်ယူခြင်းပြီးဆုံး။】
【လက်ကျန် နတ်ဆိုးသက်တမ်း - ၂၀၄၀၀ နှစ်။】
"..."
ရှန်းယီ အလိုအလျောက် ပါးစပ်ဖွင့်လိုက်မိသော်လည်း အသာအယာချောင်းဟန့်လိုက်ပြီး ကြီးမားသော နွားနတ်ဆိုး၏အလောင်းကို သူ့ရတနာသိမ်းအိတ်သလိုထဲသို့ ထည့်လိုက်သည်။(အမှန်က သိုလှောင်အိတ်ပါလျှောက်အာချောင်တာ)
ဤတိုက်ပွဲသည် သူ့နတ်ဆိုးသွေး ဆယ့်ရှစ်စက်ကို ကုန်ဆုံးစေခဲ့သည်။
ပြန်လည် ဖြည့်တင်းရန် စိတ်မရှည် ဖြစ်နေသော်လည်း လက်ရှိတွင် လူအုပ်ကြီးက သူ့ကို ကြည့်နေသည်ကို သူ မေ့နေခဲ့၏။
အဆင့်အတန်း တစ်ခု ရှိကြောင်း ထင်ရှားသော နတ်ဆိုးဘုရင်တစ်ပါးကို သတ်ဖြတ်လိုက်ခြင်း သတင်းသည် လူများစွာ၏ နားထဲသို့ ရောက်ရှိသွားမည်မှာ သေချာပေသည်။
"ရှူး ရှူး"
ကြီးမားသော နတ်ဆိုးကြီး ကောင်းကင်မှ ပျောက်ကွယ်သွားသည့် ခဏမှာပင် လူငယ်လေးသည်လည်း သူ၏တာအိုဝိညာဉ်ကို ပြန်လည် ရုပ်သိမ်းလိုက်ပြီး ကောင်းကင်ကြီး ပြန်လည် ကြည်လင်သွားလေ၏။
မရေမတွက်နိုင်သော လူများသည် အသက်ရှူရန် မေ့လျော့နေကြောင်း သတိထားမိလိုက်ကြပြီး အားလုံး ပြိုင်တူ အသက်ပြင်းပြင်း ရှူလိုက်ကြသည်။
ထိုမြင်ကွင်းသည် ခေတ္တမျှရယ်စရာကောင်းပြီး ကိုးရိုးကားရား နိုင်သော်လည်းတစ်ယောက်မျှ မရယ်မောခဲ့ကြပေ။
ဤအရှင်သခင်၏ကာကွယ်မှုသာ မရှိခဲ့လျှင် ချင်ပြည်နယ်မြို့တော်သည် ယခုအခါ သက်ရှိငရဲ ဖြစ်နေပေလိမ့်မည်။
ယခုအချိန်အထိ သူတို့သည် ပြင်းထန်သော အသက်ရှူကျပ်မှုခံစားချက်ဖြင့် လွှမ်းခြုံနေဆဲပင်။
"အဆင်ပြေရဲ့လား"
ရှန်းယီ သည် အပျက်အစီးများကြားသို့ ဆင်းသက်လာပြီး မိန်းကလေးထံသို့ လက်ကမ်းပေးလိုက်၏။
"အရမ်းမိုက်တာပဲ"
ကျန်းချိုလန် သည် မြေပြင်ပေါ်တွင် လဲလျောင်းနေပြီးအသံမှာ အားနည်းနေသော်လည်း ကျန်ရှိနေသေ မျက်လုံးတစ်ဖက်မှာမူ အရောင်တောက်နေသည်။
သူမဟာ ထိုကဲ့သို့သော ချီးကျူးစကားကို သုံးကြိမ်တိုင်တိုင် ပြောခဲ့ဖူးသည်။ ရှီထိုက်တောင်တွင်၊ ရွှေယွန်ရွာတွင် နှင့် ယခု ဤအချိန်ဖြစ်၏။
ပထမအကြိမ်သည် သမင်ဖြူအတွက်၊ ဒုတိယအကြိမ်သည် ထင်ယန်စီရင်စုမှ နတ်ဆိုးသခင် သုံးကောင်အတွက်နှင့် တတိယအကြိမ်သည် နတ်ဆိုးဘုရင်မ ချင်းဟွာသခင်မ အတွက် ဖြစ်သည်။
"ငါမေးတာက မင်း အဆင်ပြေရဲ့လားလို့"
ရှန်းယီစိတ်ပျက်လက်ပျက်ဖြင့် မျက်လုံးလှန်ကြည့်လိုက်ပြီး ကော်လာစကိုကိုင်ကာ ဆွဲထူပေးလိုက်ရာ သူ၏လက်ချောင်းထိပ်များမှ အနီရောင်အလင်းတန်းများလျင်မြန်စွာ ကူးစက်သွား၏။
ကျန်းချိုလန် သည် သူ၏လက်ကို အားနည်းစွာ မလိုက်ပြီး လက်ဝါးပေါ်တွင် လက်တင်ကာ အသာအယာ ပြုံးလိုက်၏။
"ကျေးဇူးတင်ပါတယ်"
အနီရောင်အလင်းတန်းများ သူမ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်နှင့်အမျှ၊သူမ၏ ဒဏ်ရာများ လျင်မြန်စွာ သက်သာပျောက်ကင်းသွားပြီး နတ်ဆိုးစွမ်းအားကြောင့်ဝါးတားတား ဖြစ်နေသော သူမ၏ လှပသော မျက်နှာပေါ်မှ အသားများလည်းလျင်မြန်စွာပြန်လည်ပြည့်ဖြိုးလာသည်။
ကျန်းယွမ်ဟွာ အောက်သို့ ငုံ့ကြည့်လိုက်၏။
တစ်ဘဝလုံး ချင်ပြည်နယ်အား ကာကွယ်ခဲ့သော မိန်းကလေးသည် အခြားသူတစ်ဦး၏ ကာကွယ်ခြင်းကို ခံရသည့် ခံစားမှုကို ပထမဆုံးအကြိမ်ခံစားနေရခြင်း ဖြစ်ကောင်းဖြစ်နိုင်ပေသည်။
ထိုမိန်းကလေးပြန်လည် ကျန်းမာလာမှသာ ရှန်းယီ လက်ကို လွှတ်ပေးလိုက်၏။ အနီရောင်အလင်းတန်းသည် အသားများကို ပြန်လည် ပြုပြင်ပေးနိုင်သော်လည်း ပျက်စီးသွားသော တာအိုဝိညာဉ်ကိုမူ မကူညီနိုင်ပေ။
နှစ်ဦးစလုံးသည် ကောင်းကင်ဝါးမြိုစွမ်းအင်စားသုံးခြင်းကျင့်စဥ်ကို ကျင့်ကြံကြသူများ ဖြစ်လေ၏။
တစ်ဖက်လူ၏ အရှိန်အဝါသည် သူ့ထက် နှစ်ဆကျော်အားနည်းနေကြောင်း ရှန်းယီ တွေ့ရှိလိုက်ရသည်၊ အကြောင်းမှာ အဆင့်ချိုးဖျက်စဉ်အတွင်း စုဆောင်းထားသော ကျင့်ကြံခြင်းစွမ်းအားများကိုအလွန်အကျွံ သုံးစွဲခဲ့ရသောကြောင့် ဖြစ်နိုင်သည်။
သို့သော် သူမသည် ငယ်ရွယ်ပြီး စစ်မှန်သော ဉာဏ်ကြီးရှင်တစ်ဦး ဖြစ်သောကြောင့် ကြီးကြီးမားမား ထိခိုက်မှု ရှိမည် မဟုတ်ပေ။
ဆန့်ကျင်ဘက်အနေဖြင့် ကောင်းကင်ယံရှိ အချိန်မရွေးပျောက်ကွယ်သွားနိုင်သော ယင်ဝိညာဉ်မှာမူ ပိုမိုကြီးမားသော ပြဿနာ ရှိနေပုံရသည်။
ရှန်းယီ သူ့ကိုကြည့်နေကြောင်း ကျန်းယွမ်ဟွာ သတိထားမိလိုက်သည်။
သူသည် ဓားရှည်ကို လေးလေးနက်နက်လွှတ်ချလိုက်ပြီး ယင်ဝိညာဉ်ဖြစ်သော်လည်း အကျင့်ပါနေသည့်အတိုင်း ဝတ်ရုံကိုသပ်လိုက်ကာ လေထဲတွင် ဦးညွှတ်၍ ကျေးဇူးတင်စကား ဆိုလိုက်၏။
"ဒီ ကျန်း က ချင်ပြည်နယ်က သာမန်ပြည်သူတွေကို ကာကွယ်ပေးတဲ့အတွက် အရှင်သခင်ကို ကျေးဇူးတင်ပါတယ်"
"ကျေးဇူးတင်ပါတယ် စစ်သူကြီးချုပ်"
ရှန်းယီ အကြည့်လွှဲလိုက်၏။ ဤကဲ့သို့သော လူများ၏တွေးခေါ်ပုံကို သူ သိပ်နားမလည်နိုင်ပေ။
သူ့ဘဝ နီးပါး ကုန်ဆုံးနေပြီဖြစ်သော်လည်း အဖြေရှာရန်မလောဘဲ ဤနေရာတွင် ဟိတ်ဟန်ထုတ်သော ယဉ်ကျေးမှုများ လုပ်ဆောင်နေသည်။
သို့သော် တစ်ဖက်လူ၏ အခန်းကဏ္ဍသည်လည်း အရေးပါပေသည်။
ရှန်းယီ လူများစွာကို မသိသော်လည်း ချင်ပြည်နယ်မြို့တော်တွင် အသိမိတ်ဆွေ အနည်းငယ် ရှိလေ၏။
အကယ်၍ ဤလူများ သေဆုံးသွားလျှင် သူ အနည်းငယ် နေရခက်မိမည် ဖြစ်သည်... ဤနတ်ဆိုးဘေးအန္တရာယ်သည် ကြာရှည်မခံခဲ့ဘဲ တစ်ခုတည်းသော ပျက်စီးဆုံးရှုံးမှုမှာ နတ်ဆိုးနှိမ်နင်းရေးဌာန ရုံးတော်၏တစ်ဝက်ခန့်သာ ဖြစ်သည်။
သို့သော် ၎င်းဖန်တီးလိုက်သော ရုန်းရင်းဆန်ခတ်မှုသည် နှစ်ပေါင်းတစ်ထောင်အတွင်း ချင်ပြည်နယ်တွင် အကြီးမားဆုံး ဖြစ်ပေသည်။
နတ်ဆိုးဘုရင်တစ်ပါးသည် အစောင့်အကြပ် အထူထပ်ဆုံး မြို့တော်အတွင်းသို့ တိတ်တဆိတ် ဝင်ရောက်လာပြီး သက်တောင့်သက်သာ နေသားကျနေသော ဤသိုင်းပညာရှင်များအား နတ်ဆိုးများ၏ ကြောက်မက်ဖွယ် ရက်စက်ကြမ်းကြုတ်မှုကို ထုတ်ဖော်ပြသခဲ့သည်။
အမြုတေဖြစ်တည်ခြင်းအဆင့် ကျွမ်းကျင်ပညာရှင်များ စောင့်ကြပ်ထားသော မျိုးနွယ်စုကြီး လေးခုပင်လျှင် ဤနတ်ဆိုးဘေးအန္တရာယ်ကို ရင်ဆိုင်ရာ၌ သာမန်လူများကဲ့သို့ ရပ်ပြီး သေခြင်းတရားကို စောင့်ဆိုင်းရုံမှတစ်ပါး မတတ်နိုင်ခဲ့ကြပေ။
ထိုမှင်ရောင်ဝတ်ရုံ ဝတ်ဆင်ထားသော ပုံရိပ်သည် လူတိုင်း၏ စိတ်ထဲတွင် နက်ရှိုင်းစွာ စွဲထင်ကျန်ရစ်ခဲ့လေ၏။
"မဟာလနတ်ဆိုးဘုရင် လည်း သေသွားပြီလား"
ကျန်းယွမ်ဟွာ သည်တွယ်ကပ်နေသော တစ္ဆေတစ်ကောင်ကဲ့သို့ ရှန်းယီ နောက်မှ လိုက်လာ၏။
"ဟုတ်တယ်၊ သေသွားပြီ"
ရှန်းယီ လက်ကောက်ဝတ်ကို ပွတ်သပ်လိုက်၏။ ထိုကဲ့သို့ ခက်ခဲသော နတ်ဆိုးနှင့် ပထမဆုံးအကြိမ် တိုက်ခိုက်ဖူးခြင်း ဖြစ်သည်။
တိုက်ခိုက်နေစဉ်အတွင်း မခံစားရသော်လည်း ယခု စိတ်လျော့လိုက်သောအခါ လုံးဝကုန်ခမ်းသွားသကဲ့သို့ ခံစားရသည်။
"နတ်ဆိုးအရှင် သုံးပါးလုံး သေသွားပြီလား"
စစ်သူကြီးချုပ်က နောက်မှ လိုက်ရင်း တောက်လျှောက် မေးနေ၏။
"ဟုတ်တယ်၊ သေသွားပြီ"
ရှန်းယီ သူ့ကို ပြန်လှည့်ကြည့်ပြီး လက်သီးဆုပ်ပြလိုက်၏။
ကျန်းယွမ်ဟွာ ရပ်တန့်သွားပြီး အားနာစွာ ပြောလိုက်သည်။
"မေးကြည့်ရုံပါ"
"ခင်ဗျား ဘာလုပ်ဖို့ စီစဉ်ထားလဲ"
ရှန်းယီ လက်ကို ဘေးတွင် ချလျက် ရပ်လိုက်၏။
"ဘာပဲဖြစ်ဖြစ် အဆင်ပြေပါတယ်။ သိုင်းဘုံကျောင်းကို သွားကြည့်ဖို့ စီစဉ်ထားတယ်"
ကျန်းယွမ်ဟွာ၏ မျက်နှာတွင် ဖုံးကွယ်မထားသော အပြုံးတစ်ခု ပေါ်လာ၏။ ချင်ပြည်နယ်ရှိ နတ်ဆိုးများရှင်းလင်းသွားပြီဖြစ်သဖြင့် သူ့အကြီးမားဆုံး စိုးရိမ်ပူပန်မှု လုံးဝ ပျောက်ကွယ်သွားပြီ။
နှစ်ပေါင်းတစ်ထောင် စုဆောင်းထားသော အတွင်းစိတ်ဒုက္ခများ အားလုံး ပျောက်ကွယ်သွားပြီ ဖြစ်သည်။
သူ့ခန္ဓာကိုယ်လည်း မရှိတော့ပေ။
သဘာဝကျစွာပင် သူ စစ်သူကြီးချုပ်အဖြစ် ဆက်လက် မလုပ်ဆောင်နိုင်တော့ပေ။
သို့သော် ယင်ဝိညာဉ်ကို ပြုစုပျိုးထောင်ခြင်းသည် ထင်သလောက် မခက်ခဲပေ။
ပြင်ဆင်မှုများ ပြုလုပ်ထားပြီးသော နတ်ဆိုးနှိမ်နင်းရေး စစ်သူကြီးတစ်ဦး ချင်ပြည်နယ်တွင် ရှိနေပြီးသား ဖြစ်သည်။
အမွှေးတိုင်နှင့် ယုံကြည်မှုစွမ်းအား လုံလောက်စွာ ရှိနေသရွေ့ ယိုလုံထောင်သည် မကြာမီ စစ်သူကြီးချုပ်သစ် ဖြစ်လာနိုင်မည်။
ယိုလုံထောင်အား အဘယ်ကြောင့် ရွေးချယ်ရသလဲ ဆိုလျှင် ကျန်းယွမ်ဟွာ လာရာလမ်းတစ်လျှောက် အကြိမ်ကြိမ် မေးမြန်းခဲ့ရာ ရှန်းယီ အနေဖြင့် ချင်ပြည်နယ်ကို တာဝန်ယူရန် ဆန္ဒမရှိကြောင်း အတည်ပြုခဲ့ပြီးသောကြောင့် ဖြစ်သည်။
"ဒါဆို မြန်မြန် သွားတော့လေ"
ရှန်းယီ သည် နတ်ဆိုးနှိမ်နင်းရေးဌာနမှ သူ့အတွက် ပြင်ဆင်ပေးထားသော အခန်းထဲသို့ ဝင်ပြီး တံခါးကို ဝုန်းခနဲ ပိတ်လိုက်သည်။
ဒီလူက ဒီလောက်စကားများမှန်း သူ အရင်က ဘာလို့ သတိမထားမိပါလိမ့်။
ကျန်းယွမ်ဟွာ တံခါးကို ဖောက်ထွက်ပြီး ဝင်လာ၏။
"မင်း စစ်သူကြီးချုပ်မလုပ်ချင်ရင်တောင် ယိုလုံထောင် သိုင်းဝိဇ္ဇာအဆင့် ရောက်တဲ့အထိ ယာယီစစ်သူကြီးချုပ်ရာထူးကိုတော့ ယူပေးလို့ ရမလား"
ချင်ပြည်နယ်အား ကိုယ်တိုင်စောင့်ကြပ်နေစရာ မလိုဘဲ ဤမြို့အားတစ်ချိန်က မည်သူကာကွယ်ပေးခဲ့ကြောင်းဖြင့် နတ်ဆိုးများအား သိစေလျှင်လုံလောက်ပေသည်။
ရှန်းယီ ကုတင်စွန်းတွင် ထိုင်ရင်း ဖြည်းညှင်းစွာ သက်ပြင်းချလိုက်ရာ သူ၏ မျက်ဝန်းများ တဖြည်းဖြည်း ဒေါင်လိုက်အဖြစ် ပြောင်းလဲသွား၏။
"..."
ကျန်းယွမ်ဟွာ တစ်ကိုယ်လုံးတုန်သွားပြီး အလျင်အမြန် နောက်ဆုတ်သွားလေ၏။
ထိုနွားနတ်ဆိုး မည်သို့ အသတ်ခံလိုက်ရသည်ကို သူ ကိုယ်တိုင် မြင်တွေ့ခဲ့ရခြင်းပင်။
ဝိညာဉ်ကို ပစ်မှတ်ထားသော ထိုကဲ့သို့ တိတ်ဆိတ်သောနည်းလမ်းသည် မဟာလနတ်ဆိုးဘုရင်၏နည်းလမ်းထက်ပင် ပိုမို လွှမ်းမိုးနိုင်စွမ်း ရှိလှပေသည်။
ယင်ဝိညာဉ်သည် သာမန်ဝိညာဉ်ထက် များစွာ ပိုမို သန်မာသော်လည်း ထိုကဲ့သို့သော နည်းလမ်းကိုမူ သူ လစ်လျူမရှုရဲပေ။