နတ်ဆိုးဝိညာဉ်ကို ပုံသဏ္ဍာန်ပြောင်းခြင်း
Vol. 21 Ch. 210
ကောင်းကင်ထိအောင် မြင့်မားသော တောင်တန်းကြီးများက ဝိုင်းရံထားပြီး စိမ်းလန်းသော မြက်ခင်းများသည် လေထဲတွင် ယိမ်းနွဲ့နေကြ၏။
ကျန်းယွမ်ဟွာ၏ နှောင့်ယှက်မှု ခံရပြီးနောက် ရှန်းယီ သည် မြို့ထဲမှတိမ်စီး၍ ထွက်ခွာလာပြီး ချင်ပြည်နယ်ရှိ လူသူကင်းမဲ့သော တောကန္တာရတစ်ခုသို့ ရောက်ရှိလာပေသည်။
မြက်ခင်းများသည် စောင်လောက် မနူးညံ့သော်လည်း ၎င်းတို့တွင် ထူးခြားသော ဆွဲဆောင်မှု ရှိနေပေ၏။
ရှားပါးလှသောအေးချမ်းသည့် အချိန်လေးကို ခေတ္တခံစားပြီးနောက် ရှန်းယီ သည် သူ၏စနစ်ဆဘာင်ကွက်ကို ဖွင့်လိုက်ပြီး သိုင်းပညာကဏ္ဍရှိ စာလုံးများကို တစ်လုံးချင်း စစ်ဆေးလိုက်သည်။
နတ်ဆိုးသိုင်းပညာများမှလွဲ၍ ၎င်းတို့အထဲတွင် အဖိုးတန်ဆုံးမှာ ပြီးပြည့်စုံသော လေဟုန်စီးနင်းနည်းစနစ်၊ ပုံသဏ္ဍာန်နှစ်ခုကျားနဂါးမူလရည်ရွယ်ချက် နှင့် ကောင်းကင်ဝါးမြိုစွမ်းအင်စားသုံးခြင်းကျင့်စဉ်တို့ ဖြစ်ကြ၏။
ဤအရာများသည် ချင်ပြည်နယ်တွင် ရရှိနိုင်သော ထိပ်တန်း သိုင်းပညာများ ဖြစ်ကြပေသည်။
သို့သော် သူ၏လက်ရှိ အခြေအနေအတွက်မူ ၎င်းတို့၏ အကျိုးသက်ရောက်မှုသည် မပြောပလောက်တော့ပေ။
ဟွမ်ယွမ်အဆင့်သို့ အမှန်တကယ် ဝင်ရောက်ပြီးမှသာ မသေမျိုးဂိုဏ်းအတွင်း သူလိုချင်သောအရာ မရှိရခြင်းအကြောင်းရင်းနှင့် ပတ်သက်၍ ချိုလန် ပြောခဲ့ဖူးသည်ကို ရှန်းယီ နားလည်လာလေ၏။
အကယ်၍ သူ့ခန့်မှန်းချက်သာ မှန်ကန်ခဲ့ပြီး ဤနည်းဖြင့် ယင်ဝိညာဉ်ကို အမှန်တကယ် ကျင့်ကြံနိုင်မည်ဆိုလျှင်ကောင်းပေမည်။ သို့သော် သူ မှားခဲ့လျှင်... အခြားသူများအတွက် သင့်လျော်သော လမ်းကြောင်းသည် သူ့အတွက် သင့်လျော်ချင်မှ သင့်လျော်လိမ့်မည်။
အမှန်တော့ အကြောင်းရင်းကို ခန့်မှန်းရ မခက်ပေ။
"ထူးခြားတဲ့ နားလည်သဘောပေါက်နိုင်စွမ်း"
ရှန်းယီ သည် နတ်ဆိုးသက်တမ်းနှစ်သောင်းကျော်ကို ကြည့်ပြီး ရုတ်တရက် မရေမရာ ခံစားလိုက်ရ၏။
သို့သော် ယင်ဝိညာဉ်များမှာမူ မတူညီကြပေ။ ၎င်းတို့အားလုံးကို ယုံကြည်မှုစွမ်းအားများဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး ထို့ကြောင့် ၎င်းတို့ကို ခြေရာခံနိုင်ခြင်း ဖြစ်သည်။
သူ လည်ချောင်းရှင်းလိုက်ပြီး ထိုရယ်စရာကောင်းသောအတွေးကို အမြန်မောင်းထုတ်လိုက်၏။
ထားလိုက်ပါတော့၊ ဘာလို့ ဒီလောက် အများကြီး တွေးနေမှာလဲ။တစ်ဆင့်ချင်းပဲ သွားကြတာပေါ့။
"ဒါကို နတ်ဆိုးပုံဆောင်ခဲတွေလိုမျိုးပဲ သုံးရတာလား"
ထိုသို့ တွေးလိုက်မိပြီး ရှန်းယီ အံကြိတ်လိုက်ရာ နတ်ဆိုးသက်တမ်းတစ်သောင်း ချက်ချင်း ပျောက်ကွယ်သွား၏။
သူ့ရှေ့တွင် ရှိနေသော ဤအရာများသည် နတ်ဆိုး အငြိုးအတေးများ ဖြစ်သင့်ပေသည်။
အနည်းဆုံးတော့ လောလောဆယ်တွင် တိုးတက်ရန်နေရာလွတ် ရှိသေး၏။
【အရေအတွက် - တစ်ခု】
ဒါဆို စနစ်မျက်နှာပြင်ပေါ်မှာ သူက ဒီလိုအရာတွေ အုပ်စုနဲ့ သိုင်းပညာကို ဖော်ထုတ်နေတာပေါ့။
ရှန်းယီ အနည်းငယ် နေရခက်သော်လည်း သူကိုယ်တိုင် လုပ်ခဲ့ခြင်း ဖြစ်သောကြောင့် များများစားစား မတုံ့ပြန်ခဲ့ပေ။
ရှန်းယီသည် မည်သည့်သိုင်းပညာကို ထည့်သွင်းရမည်ကို တုံ့ဆိုင်းနေစဉ် သူ၏မြင်ကွင်းထဲတွင် အရိပ်သဏ္ဍာန်အများအပြား ရုတ်တရက် ပေါ်လာလေ၏။
ကိန်းဂဏန်းများ ပြောင်းလဲသွားသည်ကို ကြည့်ပြီး ရှန်းယီ၏နှလုံး ရုတ်တရက် တုန်ခါသွားကာ သူ၏ ယခင် သက်တောင့်သက်သာ ရှိမှုများ လျင်မြန်စွာ ပျောက်ကွယ်သွားသည်။
ခုတ်ထစ်ထားသော အသားစများဖြင့် ဖွဲ့စည်းထားသောမြေခွေး၊ခန္ဓာကိုယ် တစ်ဝက်သာ ကျန်တော့သော နဂါး၊ ခေါင်းပြတ်နေသော သမင်ဖြူ...
【နတ်ဆိုးမူလရင်းမြစ်- နတ်ဆိုးဝိညာဉ်ကို ပုံသဏ္ဍာန်ပြန်လည်ဖန်တီးနိုင်သည်၊ သင့်ဘေးတွင် အစေခံနိုင်သည်၊ ထာဝရ ကျွန်ပြုနိုင်သည်၊ ဘယ်တော့မှ ကျွတ်လွတ်မည် မဟုတ်၊ သခင်၏ အမြင့်မြတ်ဆုံးလမ်းစဉ်ကို ကာကွယ်ရန် လောကဒဏ်အားလုံးကို ခံစားရမည်】
ဥပမာအားဖြင့် သူကိုယ်တိုင် နတ်ဆိုးစွမ်းအားဖြင့် တာအိုဝိညာဉ်ကို သွန်းလုပ်ခဲ့ပြီး ချိုလန်ကမူ လျှို့ဝှက်ဆန်းကြယ်ရေခဲခုနှစ်ခုသတ်ဖြတ်ခြင်းဓားရည်ရွယ်ချက်ဖြင့် ဟွမ်ယွမ်အဆင့် ကို ရရှိခဲ့သည်။
【ကျန်ရှိနေသော နတ်ဆိုးသက်တမ်း - တစ်သောင်းလေးရာနှစ်】
ဤ နတ်ဆိုးမူလရင်းမြစ်ကို မည်သူ့အပေါ် အသုံးပြုရမည်နှင့် ပတ်သက်၍ ရှန်းယီ တွင် တုံ့ဆိုင်းမှု လုံးဝ မရှိသလောက်ပင်။ ထိုကဲ့သို့ များပြားသော သက်တမ်းကို နတ်ဆိုးဘုရင် တစ်ပါးသာ ပိုင်ဆိုင်နိုင်ပေသည်။
မဟာလနတ်ဆိုး နှင့် နွားနတ်ဆိုးတို့၏ စွမ်းအား ကွာခြားချက်မှာ အလွန် သိသာထင်ရှားလှသည်။
"နတ်ဆိုးဝိညာဉ်ကို ပုံသဏ္ဍာန် ပြန်လည် ဖန်တီးခြင်း"
ရှန်းယီ၏ အတွေးများ အနည်းငယ် လှုပ်ရှားသွားပြီး စနစ်ဘောင်ကွက်၏အချက်ပြစာသားသည် သူ့ရှေ့တွင် ချက်ချင်း ပေါ်လာ၏။
【နှစ်ပေါင်းတစ်သောင်း ဘေးအန္တရာယ် ကြုံတွေ့ပြီးနောက်၊ နှလုံးသားထဲမှ အငြိုးတေးများကို ဖြေဖျောက်ပြီး သခင်၏အမြင့်မြတ်ဆုံး ကျေးဇူးတရားကို နားလည်သဘောပေါက်မှသာ ယခင်ဘဝမှ ဝိညာဉ်ကို ပုံသဏ္ဍာန် ပြန်လည် ဖန်တီးနိုင်မည်】
ခေတ္တအချက်ပြပြီးနောက် မကြားတကြား သဲ့သဲ့ အော်ဟစ်သံတစ်ခု ရှန်းယီ၏ စိတ်ထဲသို့ ဝင်ရောက်လာသည်။
အသံနှင့်အတူ ပုံသဏ္ဍာန် မရှိသော အရိပ်တစ်ခု သူ့ရှေ့တွင် ဖြည်းညှင်းစွာ ပေါ်လာ၏။
ထို့နောက် ၎င်းသည် ပိုမိုခိုင်မာလာပြီး ပေ ၃၀ အရှည်ရှိ နွားနတ်ဆိုးအဖြစ် ပြောင်းလဲသွားကာ တဖြည်းဖြည်း လူသားပုံစံသို့ ပြောင်းလဲသွားလေ၏။
လုပ်ငန်းစဉ် တစ်ခုလုံးသည် အလွန် နှေးကွေးသည်။
စောင့်ဆိုင်းနေစဉ် ရှန်းယီ သည် နွားနတ်ဆိုး၏ အလောင်းကို ထုတ်ယူပြီး ပါးစပ်ကို အနည်းငယ် ဟလိုက်ရာကြီးမားသော အလောင်းသည် ချက်ချင်း ရှုံ့တွသွားပြီး အရေပြားမှ နတ်ဆိုးသွေးများခုန်ထွက်လာကာ သူ့ပါးစပ်ထဲသို့ ဝင်ရောက်လာသည်။
စုစုပေါင်း နတ်ဆိုးသွေး ၈၆ စက်ကို သူ၏ချီ
ပင်လယ် ထဲတွင် သိမ်းဆည်းလိုက်၏။
ထိုအချိန်မှသာ အမျိုးသမီးသည် သူမ၏အပေါ်ပိုင်းခန္ဓာကိုယ်ကို စုစည်းပြီးစီးသွားသည်။
သူမသည် လူငယ်လေးကို ငေးကြည့်နေပြီး မျက်လုံးများတွင် အာရုံစူးစိုက်မှု မရှိဘဲ စိတ်ခံစားမှု ကင်းမဲ့နေလေ၏။
အချိန်ကုန်လွန်လာသည်နှင့်အမျှ ရှည်လျားသော ချင်းဟွာဝတ်စုံသည် မြက်ခင်းပြင်တွင် ညင်သာစွာ ယိမ်းနွဲ့နေပြီး သူမ၏ခြေဗလာများသည် မြေကြီးအထက် သုံးလက်မခန့်တွင် ပျံဝဲနေသည်။
နတ်ဆိုးမူလရင်းမြစ်၏ ဖော်ပြချက်အောက်တွင် စာသားတစ်ကြောင်း ပေါ်လာသည်။
【နတ်ဆိုးဘုရင် - ချင်းဟွာသခင်မ】
ရုတ်တရက်ရင်းနှီးသော ဆက်နွယ်မှုတစ်ခု ရှန်းယီ၏နတ်အာရုံခံစားထဲတွင် ပေါ်လာသည်။
မမြင်ရသော စုတ်တံတစ်ချောင်းက ချင်းဟွာသခင်မ၏တိမ်ဖုံးနေသော မျက်လုံးများကို ဖွဖွလေး တို့ထိလိုက်သကဲ့သို့ ဖြစ်ပြီး မျက်စိတစ်မှိတ်အတွင်း စိတ်ဝိညာဉ်အလင်းရောင် အရိပ်အယောင်တစ်ခု ပေါ်လာ၏။
အမှတ်တရတစ်ခုမှ နိုးထလာသကဲ့သို့ သူမ၏ ကျက်သရေရှိပြီး ဆွဲဆောင်မှုရှိသော ပုံရိပ်သည် ရိုသေစွာ ဦးညွှတ်လိုက်သည်။
"ချင်းဟွာ က သခင်ကြီးကို နှုတ်ဆက်ပါတယ်"
သူမ စကားမဆုံးခင်မှာပင် ချင်းဟွာသခင်မ သည် မူလနေရာမှ ပျောက်ကွယ်သွားလေ၏။
ရှန်းယီ လက်ဝှေ့ယမ်းလိုက်ရာ သူမအနည်းငယ် ကြောင်တောင်တောင်ဖြင့် ပြန်လည် ပေါ်လာသည်။
သူ ထပ်မံ လက်ဝှေ့ယမ်းလိုက်သောအခါ သူမ ချက်ချင်း ပျောက်ကွယ်သွားပြန်၏။
"အဲဒါတောင် လုပ်လို့ရတာပဲ"
သူမကို စနစ်ဘောင်ကွက်ထဲတွင် အမှန်တကယ် သိမ်းဆည်းထားနိုင်လေ၏။
ရှန်းယီ သူမကို ထပ်မံ ခေါ်ထုတ်လိုက်ပြီး သူ့စိတ်ထဲရှိ ရင်းနှီးသော ဆက်နွယ်မှုကို နတ်အာရုံဖြင့် ထိတွေ့ရန် ကြိုးစားလိုက်သည်။
နောက်တစ်ခဏတွင် ချင်းဟွာသခင်မ၏ မျက်နှာ ဖြူဖျော့သွားပြီး တုံ့ဆိုင်းခြင်းမရှိဘဲ ဒူးထောက်လိုက်လေ၏။
"သခင်ကြီး၊ ကျွန်မ အသက်ကို ချမ်းသာပေးပါ"
သူမအပေါ် အပြည့်အဝ ထိန်းချုပ်နိုင်ကြောင်း အတည်ပြုပြီးမှသာ ရှန်းယီ သက်ပြင်းချနိုင်သည်။
မည်သို့ပင်ဖြစ်စေ ရှန်းယီသည် သူမအား ယင်ဝိညာဉ်နှင့် ပေါင်းစည်းခိုင်းတော့မည် ဖြစ်ရာ ဤအရာက သေးငယ်သော ကိစ္စမဟုတ်ပေ။
သို့သော် မလုပ်မီ သူ အခြားအရာတစ်ခုကို စမ်းကြည့်ချင်သေးသည်။
"မင်း ဘယ်သူလဲ ဆိုတာ မှတ်မိသေးလား"
ထိုစကားကို ကြားသောအခါ ချင်းဟွာသခင်မ၏ မျက်လုံးများထဲတွင် တွေဝေမှု အရိပ်အယောင်များ လက်ခနဲ ပေါ်လာလေ၏။ အချိန်ကြာမြင့်စွာ သေချာ စဉ်းစားပြီးနောက် သူမ ပြန်ဖြေလိုက်သည်။
"ချင်းဟွာ က တစ်ချိန်တုန်းက နတ်ဆိုးတစ်ထောင်ဂူအောက်က နတ်ဆိုးဘုရင် တစ်ပါး ဖြစ်ခဲ့ဖူးပါတယ်၊ သွေးပြောင်းလဲခြင်းနတ်ဆိုးဧကရာဇ်ရဲ့မိန်းမပါ။ အခုတော့ သခင်ကြီးရဲ့ကာကွယ်စောင့်ရှောက်သူပါ၊ သေခြင်းတရား တစ်သောင်းကို နောင်တမရဘဲ ရင်ဆိုင်ဖို့ ဆန္ဒရှိပါတယ်"
"မင်းသိတဲ့ နတ်ဆိုးဂူတွေ အကုန်လုံး ငါ့ကို ပြောပြ"
ရှန်းယီ သည် သူအသုံးပြုလိုက်သော နှစ်ပေါင်းတစ်သောင်းကိုသာ ပြန်လည် ရယူချင်နေပေ၏။
ချင်းဟွာသခင်မ ခေတ္တမျှ ထပ်မံ စဉ်းစားလိုက်သည်။
"သွေးပြောင်းလဲခြင်းနတ်ဆိုးဧကရာဇ် က နတ်ဆိုးတစ်ထောင်ဂူရဲ့ ၁၉ ခုမြောက် ဂူမှာ ရှိပါတယ်၊ ဝိညာဉ်တစ်ရာနတ်ဆိုးဘုရင် က နတ်ဆိုးတစ်ထောင်ဂူရဲ့ ၁၉၇ ခုမြောက် ဂူမှာ ရှိပါတယ်၊ ခေါင်းကိုးလုံးမိုးပြာရောင်စာကလေး နတ်ဆိုးဘုရင် က နတ်ဆိုးတစ်ထောင်ဂူ မှာ..."
"နေဦး"
ရှန်းယီ ဖြတ်ပြောလိုက်၏။
"ငါပြောတာက အပြင်ဘက်မှာ တစ်ယောက်တည်း နေတဲ့အမျိုးအစားကို ပြောတာ"
ချင်းဟွာ ခေတ္တအေးခဲသွားပြီးနောက် ကြောက်ရွံ့စွာ ပြောလိုက်၏။
"ကျွန်မပါ"
ရှန်းယီ မျက်ခုံးပင့်လိုက်သည်။
"..."
ချင်းဟွာသခင်မ အလျင်အမြန် ရှင်းပြလေ၏။
"သွေးပြောင်းလဲခြင်းနတ်ဆိုးဧကရာဇ် က အရင်တုန်းက ကျွန်မကို အရမ်း တင်းတင်းကျပ်ကျပ် ထိန်းချုပ်ခဲ့တယ်။ကျွန်မ စိတ်နာပြီး နတ်ဆိုးတစ်ထောင်ဂူကနေ ထွက်လာခဲ့တယ်၊ သီးခြားကွဲထွက်နေတဲ့ဂူတစ်ခုကို ရှာပြီး အဲဒီမှာကျွန်မကလေးကို အေးအေးဆေးဆေး ပြုစုပျိုးထောင်ခဲ့တယ်။ ကျွန်မဘေးမှာ အစေခံတွေနဲ့ အစောင့်တွေပဲ ရှိတယ်၊ပြီးတော့ သူတို့က ကျွန်မ ဘယ်သွားလဲ ဆိုတာ နတ်ဆိုးဧကရာဇ်ကို ပုံမှန် သတင်းပို့လေ့ရှိတယ်၊ဒါမှ ကျွန်မ နတ်ဆိုးတစ်ထောင်ဂူ အပြင်ဘက်က နတ်ဆိုးဘုရင်တွေနဲ့ အဆက်အသွယ် မလုပ်နိုင်အောင်ပါ..."
ရှန်းယီ မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး တစ်စုံတစ်ခု လွဲချော်နေသည်ကို ကြားလိုက်ရလေ၏။
"ဒီတစ်ခေါက် ချင်ပြည်နယ်ကို လာတုန်းက မင်း အစောင့်တွေ ခေါ်မလာဘူးလား"
"ကျွန်မ ဓားနဲ့ ထီးကို သယ်ဖို့ ကိုယ်ပိုင်အစေခံ နှစ်ယောက် ခေါ်လာခဲ့တယ်။သူတို့ကို ဝတ်ရုံတွေနဲ့ တိမ်စီးရတနာတွေပေးပြီး အပြင်မှာ စောင့်ရင်း ချင်ပြည်နယ်က နတ်ဆိုးတွေကိုစောင့်ကြည့်ဖို့၊ မဟာလနတ်ဆိုးဘုရင်ရဲ့ နေရာကို ရှာဖို့နဲ့ မဟာလနတ်ဆိုး ဘယ်လို တုံ့ပြန်မလဲ ဆိုတာ ကြည့်ဖို့ မှာထားခဲ့တယ်။အခြေအနေ မကောင်းရင် သွေးပြောင်းလဲခြင်းနတ်ဆိုးဧကရာဇ် ကို ရှာဖို့ နတ်ဆိုးတစ်ထောင်ဂူကို ချက်ချင်းပြန်သွားခိုင်းထားပါတယ်"
ချင်းဟွာသည် မည်သည့်အရာကိုမျှ ချန်လှပ်ထားရန် မရဲဘဲ အသေးစိတ် ရှင်းပြ၏။
"သူတို့က လျှို့ဝှက်နှလုံးသားချင်းဆက် နည်းလမ်းနဲ့ ကျွန်မနဲ့ ဆက်သွယ်ထားတယ်။ ချင်းဟွာ ကို သခင်ကြီးသတ်ဖြတ်ပြီးတဲ့နောက် သူတို့ အခုလောက်ဆို ပြန်ရောက်နေလောက်ပြီ"
နားထောင်ပြီးနောက် ရှန်းယီ မျက်လုံးများကို ဖြည်းညှင်းစွာ မှိတ်လိုက်လေ၏။
ဤအရာကို မြင်လျှင်ချင်းဟွာသခင်မ တိုးတိုးလေး ပြောလိုက်၏။
"သခင်ကြီးရဲ့မြင့်မြတ်တဲ့စွမ်းရည်တွေက ကြီးမားကျယ်ပြန့်ပါတယ်၊ အမြင့်မြတ်ဆုံးလမ်းစဉ်ကို ကျင့်ကြံထားတာမို့ သွေးပြောင်းလဲခြင်း နတ်ဆိုးဧကရာဇ် ကို စိုးရိမ်စရာ မလိုပါဘူး"
"ရိုးရှင်းအောင် ပြောစမ်း"
"သူက အစစ်အမှန်ပုဂ္ဂိုလ် ရွှမ်ကျန်းနီကျွင်းရဲ့ တစ်ဦးတည်းသောတပည့်ကို စားမိလို့ လိုက်လံ ဖမ်းဆီးခံနေရတာ သုံးနှစ်ကျော်ပါပြီ။ သူ နတ်ဆိုးတစ်ထောင်ဂူကိုတောင် ပြန်လို့မရဘူး၊ ထွက်ပြေးဖို့လည်း မလွယ်ဘူး။ ကောင်းကောင်းမလုပ်လို့ အသတ်ခံလိုက်ရပြီလားဆိုတာ၊ ဘယ်သူသိမှာလဲ"
ချင်းဟွာသခင်မ သူ့ကို နှစ်သိမ့်လိုက်လေ၏။
ကောင်းကောင်းမလုပ်လို့
ရှန်းယီ မျက်လုံးဖွင့်လိုက်ပြီး ခါးရှိ ချန်းယွမ်ဆေဘာဓားရိုးပေါ်သို့ လက်ဖဝါး ဖြည်းညှင်းစွာ တင်လိုက်၏။ ဓား၏ အေးစက်သော အထိအတွေ့ကသာ သူ့ကို အနည်းငယ် တည်ငြိမ်စေနိုင်သည်။
သူ ချင်းဟွာ ကို ပြန်သိမ်းလိုက်ပေသည်။
ထို့နောက် စနစ်ဘောင်ကွက်ကို ဖွင့်ပြီး ကောင်းကင်ဝါးမြိုစွမ်းအင်စားသုံးခြင်းကျင့်စဉ်ထဲသို့ နတ်ဆိုးသက်တမ်းများကို လောင်းထည့်လိုက်လေ၏။
【ပထမနှစ်တွင် သင်သည် ချင်းဟွာသခင်မ အား ယင်ဝိညာဉ်နှင့် ပေါင်းစည်းရန် ကြိုးစားခဲ့ပြီး တဖြည်းဖြည်းကြီးထွားလာသော ယင်ဝိညာဉ်၏ အသိစိတ်ကို တိုက်ခိုက်ခဲ့သည်...】
စာဖတ်သူရောင်းရင်းတို့ရေ ခုရက်ပိုင်း ဘာသာပြန်သူရဲ့အဖေနဲ့ ဒေါ်လေးရဲ့ နှစ်ပတ်လည်ရှိတာကြောင့် နောက်စာစဉ်ထွက်တာနောက်ကျပါမယ်နော်။
လေးစားစွာဖြင့်_ zydra zin .