← Chapters

အရေးပေါ်လေး အားလုံးခေါ်နေတာရပ်

Vol. 46 Ch. 638

အရေးပေါ်လေး အားလုံးခေါ်နေတာရပ်

Vol. 46 Ch. 638

ဘီး

ခန္ဓာကိုယ်သည် ကြမ်းကြုတ်သော အနီရောင် ရောင်ခြည်တို့ဖြင့် လင်းထိန်လာပြီး ခန္ဓာကိုယ်ပေါ်၌ မီးတိမ်သံချပ်ကာ ပေါ်လာကာ မျက်စိကျိန်းလောက်သည့် အနီရောင် အလင်းတစ်ခု ထုတ်ဖော်နေလျက် တောင်ကိုတောင် ထွင်းဖောက်နိုင်စွမ်း ရှိသော တိုက်ကွက်များကို ပိတ်ဆို့လိုက်တော့သည်။ အတုအယောင် နတ်ဘုရား အသုံးအဆောင်၏ ခုခံမှုက ကောင်းကင်ကို ဖီဆန်နိုင်ပြီး အဆင့်နိမ့် ကောင်းကင်ဧကရာဇ်တစ်ဦးက တိုက်ကွက်တစ်ကွက်တည်းဖြင့် ဖြိုခွင်းနိုင်သည့် အရာမဟုတ်ပေ။

ဖုန်း

ဝိညာဉ်ဓားများသည် ကောင်းကင်ဧကရာဇ်၏ စိတ်ဝိညာဉ်ထဲကို အလွယ်တကူ ခြေမွှလိုက်၏။ ကောင်းကင်ဧကရာဇ်၏ အရှိန်အဝါ တည်ရှိမှုက တဖြည်းဖြည်းချင်း အားနည်းသွားကာ သူ၏ ခန္ဓာကိုယ်သည် ပြုတ်ကျသွားပြီး မည့်သည့်ခွန်အားမှ မကျန်ဘဲ မြေကြီးနှင့် ရိုက်မိသွားတော့သည်။

“နောက်တစ်ယောက်”

ကျန်းရီ၏ မျက်နှာတွင် အနက်ရောင် ကျက်ခိုးတို့ စွန်းထင်းနေလျက် သူ၏အဖြူအနက် မျက်ဆန်၌ အေးစက်စက် သဘောထားတို့ ပြည့်နေသည်။ သူသည် နဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး သူ့ဘေးရှိ ကောင်းကင်ဧကရာဇ်ဆီသို့ တစ်ဟုန်ထိုး ဝင်ရောက်သွားကာ လူသားများကို ဝါးမြိုရန် ရွေးချယ်လိုက်သော တောရိုင်းတိရိစ္ဆာန်တစ်ကောင်ပမာ ဖြစ်နေတော့သည်။

“သတ် သတ် သတ်”

ရွှေရောင်မျောလွင့်နဂါး နတ်ဆိုးဧကရာဇ်သည် ကုန်လွန်ခဲ့သည့် နှစ်ရက်၌ ကောင်းကင်ဧကရာဇ်နှစ်ဦး လိုက်တာ ခံခဲ့ရပြီး အကြိမ်ပေါင်းများစွာ အသတ်ခံရလုနီးပါး ဖြစ်ခဲ့သည်။ ယခုကျန်းရီက ကောင်းကင်ဧကရာဇ် နှစ်ယောက်ထဲမှတစ်ယောက်ကို ထိုမျှမြန်မြန်ဆန်ဆန် သတ်လိုက်တာကို မြင်သောအခါ သူကချက်ချင်းပင် လန်းဆန်းသွားတော့သည်။ လက်က ရွှေရောင်အလင်း ဖြာထွက်လာပြီး ကျွန်းပတ်ဝန်းကျင်ရှိ ပင်လယ်က ပင်လယ်လှိုင်းများသည် မီတာရာချီ ရုတ်တရက် မြင့်တက်လာပြီး ရေနဂါးတစ်သောင်းကျော်အဖြစ် ပြောင်းလဲသွားကာ နတ်ဆိုးဧကရာဇ်ဆီသို့ ဝင်ရောက်သွားတော့၏။

“သတ်”

ဖုန်းလန်၏ ရောင်စုံဖီးနစ် ဝတ်ရုံကလည်း ကြမ်းတမ်းသော လေထဲတွင် လွင့်လူးနေ၏။ သူမလက်ကို လွှဲယမ်းလိုက်ကာ လေထဲ ကျက်သရေရှိရှိ လျှောက်လှမ်းလာတော့သည်။ ခန္ဓာကိုယ် လှုပ်ရှားစဉ် ကောင်းကင်က အမှောင်ထုကြောင့် ထပ်မံဝါးမြိုခံလိုက်ရ၏။ ကြည်လင်သော မျက်ဝန်းက မောက်မာထောင်လွှားသော ညဧကရီ တစ်ပါးသဖွယ် ကြောက်မက်ဖွယ်ကောင်းလောက်အောင် တောက်ပနေလေ၏။

သုံးယောက်တစ်ယောက်

အဆုံးသတ်ကို ပြောရန်မလိုပေ။ ကျန်းရီက သူ၏ဝိညာဉ်ဓားကိုတောင် အသုံးမပြုခဲ့ရချေ။ သူတို့သုံးယောက်က နတ်ဘုရားဒိုင်းကို ဖောက်ဝင်နိုင်ခဲ့ပြီး ရန်သူကို အေးအေးဆေးဆေး ချေမှုန်းနိုင်ခဲ့၏။ ယခုအခေါက်တွင် ကျန်းရီသည် ထိုလူကို အသက်ရှင်လျက်ဖမ်းပြီး အခြေအနေကို စစ်ဆေးချင်ခဲ့တာဖြစ်သည်။ ထို့ကြောင့်ယင်းက အနည်းငယ် ဒုက္ခများ၏။

ကျန်းရီသည် သူ၏အင်္သေချေကိုယ်ခွဲ၌ တိုးတက်မှုအတော် ရရှိလာခဲ့ပြီး ကိုယ်ခွဲတစ်ထောင်နီးပါး ထုတ်နိုင်လာသည်။ ကျန်းရီက သူတို့ကိုတောင် သေချာထိန်းချုပ်နိုင်ပြီး ကောင်းကင်ဧကရာဇ်ဆီသို့ ဝင်ရောက်တိုက်ခိုက်ရန် ထိန်းချုပ်နိုင်လေရာ သူ့ကိုကြောက်လန့်မှုကြောင့် တုန်ယင်စေတော့၏။

သိုင်းပညာရှင်များ ကြားထဲရှိ တိုက်ပွဲတွင် လူရိပ်တစ်ရိပ်က သူတော်စင် အသုံးအဆောင် တစ်ခုဖြင့် သူတို့ဆီ တိုးဝင်လာလျှင် မည်သူကမထိတ်လန့်ဘဲ နေမည်နည်း။ ကိုယ်ခွဲတစ်ဦးမဟုတ်ဘဲ ခန္ဓာကိုယ် အစစ်အမှန်သည် အနားသို့ ကပ်လာချိန်၌ ခန္ဓာကိုယ် အစစ်အမှန်က အစွမ်းထက်သောတိုက်ကွက် ထုတ်လိုက်လျှင် မည်သို့ဖြစ်မည်နည်း။

ကျန်းရီစိတ်ရှုပ်ထွေးနေရာ နတ်ဆိုးဧကရာဇ်နှင့် ဖုန်းလန်တို့က တိုက်ခိုက်ရန် ပိုလွယ်ကူသွားသည်။ နှစ်ယောက်ထဲမှ တစ်ယောက်က ရေနဂါးဖြင့် တိုက်ခိုက်ပြီး ကျန်တစ်ယောက်က အလင်းစီးကြောင်းများကို ဖော်ဆောင်လျက် အမှောင်ထု တာအိုပုံစံကိုသုံးရာ ယင်းက ကောင်းကင်ဧကရာဇ်၏ နတ်ဘုရားဒိုင်းကို ထိသွားစေတော့သည်။

ဆန့်ကျင်ဘက်အနေဖြင့် ကောင်းကင်ဧကရာဇ်သည် အမှောင်ထုတာအိုပုံစံကြောင့် မမြင်မကြားရသည့်သူ ဖြစ်သွားတော့သည်။ ရွေးချယ်စရာမရှိဘဲ ရုန်းကန်နေရကာ သူ၏နတ်ဘုရားဒိုင်း ကြေမွသွားတော့မည့် အချိန်အထိသာ စောင့်နေရသည်။ သူက အပိုင်းပိုင်းအစစ ဖြစ်သွားအောင် ချေမှုန်းခံရပေလိမ့်မည်။

အပေးအယူ လုပ်ရမှာလား။

ကျန်းရီက ဆက်လက်မတိုက်ခိုက်ဘဲ ကိုယ်ခွဲကို သုံးလျက် ထိုတစ်ယောက်ကို နှောက်ယှက်ကာ သူ့ကိုကြောက်လန့်အောင်သာ ပြုလုပ်နေခဲ့သည်။ သူ၏ကောင်းကင်စိတ်အာရုံက ထိုလူကို မှတ်သားလျက် အသံပို့လိုက်တော့သည်။

“မင်းမေးခွန်းအနည်းငယ် ဖြေပေးရုံပဲ။ မင်းအသက်ကို ချမ်းသာပေးမယ် ဘယ်လိုလဲ”

ကောင်းကင်ဧကရာဇ်သည် စိတ်ပျက်အားငယ်နေပြီးသားဖြစ်၏။ ကျန်းရီ၏ အသံပို့မှုက သူ့ကို ပျော်ရွှင်သွားစေသည်။ သို့သော်သူက သံသယဖြင့် အော်လိုက်တော့သည်။

“ဟမ့် မင်းသတ်ချင်တယ်ဆိုရင် သတ်လိုက်။ ဘာလှည့်ကွက်တွေမှ သုံးမနေနဲ့။ ငါ့ရဲဉာဏ်ရည်ကို သံသယမဝင်နဲ့။ ငါ့ကိုအရူးတစ်ယောက်များ ထင်နေလား”

“ဟား ဟား”

ကျန်းရီက ကျယ်လောင်စွာ တစ်ချက်ရယ်မောလျက် ပြန်ပြောလိုက်သည်။

“မင်းရဲ့ ရဲဘော်ရဲဘက်ကတော့ ငါတစ်ကွက်တည်းနဲ့ သတ်တာခံလိုက်ရပြီ။ မင်းကို သတ်ချင်ရင် ဒီလိုလှည့်ကွက်တွေသုံးဖို့ လိုတယ်များ ထင်နေလား။ အဓိပ္ပာယ်မရှိတာတွေလျှော့၊ ငါမေးတာကိုဖြေ။ မင်းကို မသတ်ဘူးလို့ ကျိန်တယ်။ မင်းတစ်ခြားဟာ ပြောရဲရင်တော့ မင်းရဲ့လမ်းကြောင်းကို ပို့ပေးမယ်။ အရင်ဆုံးမင်းကို ဘယ်သူကဒီပို့လိုက်တာလဲ”

ကောင်းကင်ဧကရာဇ်က အကြပ်ရိုက်နေသည်။ သူ၏နတ်ဘုရားဒိုင်း အချိန်မရွေး ကြေမွသွားနိုင်ကြောင်း ခံစားမိ၏။ သေခြင်းတရား အရှိန်အဝါက သူ့ကိုလွှမ်းခြုံလာသည်နှင့် မျက်လုံးက လဲ့သွားကာ အံ့ကြိတ်ပြီး ဖြေလိုက်တော့၏။

“ဒီအစေခံက နတ်ဆိုးဧကရာဇ် လက်အောက်က နတ်ဆိုးဧကရာဇ် စစ်သည်တော်တစ်ယောက်ပါ။ ဖေးသခင်လေးက မင်းကို လိုက်ရှာပြီး သတ်ခိုင်းနေတာ”

ရှီးဖေးလား။

ထိုအဖြေက ကျန်းရီတွေးထင်ထားပြီးသည့် အဖြေ၌ ပါဝင်သည်။ သူကခေါင်းညိတ်ကာ ထပ်ပြောလိုက်သည်။

“ငါသွေးညအကြောက်တရား ပင်လယ်ထဲမှာ ရှိတယ်ဆိုတာ ဘယ်လိုလုပ်သိလဲ။ ဘယ်လိုလုပ်ငါ့ကို ဒီလောက်မြန်မြန်ဆန်ဆန် ရှာတွေ့တာလဲ။ မဟာခြေရာကောက်တဲ့ အရည်အချင်းတွေများ ရှိနေလား”

ကျန်းရီ၌ ကောင်းကင်ရှောင်တိမ်းခြင်း နတ်ဘုရားသိုင်း ရှိနေပြီး သူသွားလိုသည့် လောကကြီး၏ မည်သည့်နေရာကိုမဆို သွားနိုင်သည်။ မြောက်ဘက်ခြမ်းရှိ ရေခဲပင်လယ်ဆီသို့ သို့မဟုတ် အရှေ့ပိုင်း တော်ဝင်နယ်မြေဆီသို့တောင် ထွက်ပြေးနိုင်သည်။ အရှေ့ပိုင်း တော်ဝင်နယ်မြေ၏ အရှေ့ဘက်ခြမ်းတွင်ရှိသော အဆုံးမဲ့ နက်ရှိုင်းခြင်း ပင်လယ်ဆီသို့တောင် ပြေးနိုင်လေရာ ကောင်းကင်ကြယ်တာရာ နယ်မြေသို့တောင် ပြေးနိုင်၏။

ထို့အပြင် သွေးညအကြောက်တရား ပင်လယ်က မည်မျှကြီးမားသနည်း။ ရှီးဖေးသည် အချိန်တိုအတွင်း ဤနေရာကို မည်သို့ရှာတွေ့သနည်း။ ထို့ကြောင့် ရှီးဖေး၌ ကြီးမြတ်သော ခြေရာကောက် အရည်အချင်းအချို့ ရှိရမည်ဟု သံသယဖြစ်မိသည်။

ကျန်းရီသည် ကျန်းရှင်းကျားနှင့် ရှန်းဝမ်တာ့ရှီးတို့အကြောင်း မသိသည့်အတွက် ကောင်းကင်ဧကရာဇ်က အံ့သြသွားလေသည်။ သူကတွေဝေနေကာ ထပ်မပြောရဲတော့ချေ။ ရှီးဖေးက ရန်သူဆီ သူ့အချက်အလက် ပေါက်ကြားစေကြောင်း သိသွားခဲ့လျှင် မိစ္ဆာဧကရာဇ်မြို့သို့ ပြန်ရောက်ပြီးနောက် သူသေအုံးမှာပဲဖြစ်သည်။

“ဟမ့်”

ကျန်းရီက နှာခေါင်းရှုံ့ကာ ကောင်းကင်ဧကရာဇ်၏ နားထဲသို့ မိုးခြိမ်းသံကဲ့သို့ အသံကို ပို့လိုက်လေသည်။

“မင်းဂရုတစိုက်တွေးတာ ပိုကောင်းမယ်။ မင်းမပြောရင် အခုသေရမယ်။ ပြောလိုက်ရင် မိုးမြေမင်းနဲ့ငါပဲ သိမယ်။ ငါမပြောရင် ရှီးဖေးက ဘယ်လိုလုပ် သိမှာလဲ ပြော”

နောက်ဆုံးစကားက ကောင်းကင်ဧကရာဇ်ကို ထိတ်လန့်သွားစေရာ သူ၏စိတ်ဝိညာဉ်တောင် တုန်ယင်သွား၏။ အံ့ကြိတ်ပြီး ပြောလိုက်တော့သည်။

“သခင်လေးဖေးက ကျန်းရှင်းကျားတစ်ယောက်နဲ့ ဖုန်းရှန်ကျဲတစ်ယောက်ကို ခေါ်လာပါတယ်။ မင်းရဲ့စိတ်ဝိညာဉ် ပေါ်လာလာနဲ့ ကျန်းရှင်းကျားက မင်းရှိနေတဲ့ နေရာကို ရှာနိုင်လိမ့်မယ်။ ရှန်းဝမ်တာ့ရှီးက မင်းနောက်လိုက်ဖို့ လေဟာနယ်ကို ကျော်ဖြတ်နိုင်မယ်။ ဒါကြောင့် ဒီလောက်မြန်မြန် ရောက်လာတာပဲ”

“ကျန်းရှင်းကျားလား မကောင်းတော့ဘူး သခင်လေး”

ဖုန်းလန်သည် ထိုအကြောင်းကို ကြားသည့်အချိန်၌ ရှင်းပြကာ အသံပို့လိုက်သည်။

“ကျွန်မတို့ ဖုန်းမျိုးနွယ်စုက ကျန်းရှင်းကျားနဲ့ ရှန်းဝမ်တာ့ရှီးတို့အကြောင်း မှတ်တမ်းတင်ထားတာ ရှိတယ်။ သူတို့တွေက ဒဏ္ဍာရီတွေပဲလို့တွေးပြီး တကယ်မရှိဘူးလို့ ထင်ခဲ့တာ။ သခင်လေး ကျွန်မတို့အခု ပြေးရမယ်။ မဟုတ်လျှင် လေဟာနယ်ကို ကျော်ဖြတ်ပြီး သိုင်းပညာရှင်တစ်စုက ဒီကိုရောက်လာလိမ့်မယ်”

“အမ်”

ကျန်းရီ၏ မျက်ဝန်းက အေးစက်သွားသော်ငြား မကြောက်လန့်ပေ။ သူက အသံကူးပြောင်းလိုက်၏။

“ဒီနဲ့မင်းရဲ့သခင်လေးဖေး ဘယ်လောက်ဝေးလဲ။ ဒီနေရာကိုရောက်ဖို့ ဘယ်လောက်ကြာအုံးမလဲ။ စုစုပေါင်း လူဘယ်နှစ်ယောက်လဲ။ သူတို့ခွန်အားကရော”

ကောင်းကင်ဧကရာဇ်သည် ကျန်းရှင်းကျားနှင့် ရှန်းဝမ်တာ့ရှီးတို့အကြောင်း ပြောပြီးဖြစ်နေရာ သူ့အဖို့ ကြောက်နေစရာ မရှိတော့ပေ။ သူကအမြန် ပြန်ပြောလိုက်၏။

“ကျုပ်တို့မှာ ကောင်းကင်ဧကရာဇ် အယောက်ခြောက်ဆယ်ကျော် ရှိပြီး ကောင်းကင်ဧကရာဇ်နယ်ပယ် အမြင့်ဆုံးအဆင့်က ဖုန်းရှန်ကျဲတစ်ယောက်လည်း ပါတယ်။ သခင်လေးဖေးက သတင်းရပြီဆိုတာနဲ့ ကျန်းရှင်းကျားက ဒီနေရာကိုရှာဖို့ တစ်နာရီလောက် အချိန်ပဲလိုမယ်။ ရှန်းဝမ်တာ့ရှီးက လေဟာနယ် ရှေးလမ်းကြောင်းကို ဖွဲ့တည်ဖို့ နောက်ထပ်တစ်နာရီလိုမယ်။ တပ်ဖွဲ့က တစ်နာရီအတွင်း ရောက်လာလောက်တယ်။ ဟုတ်သား အဲ့ဒီအတောအတွင်းမှာ ကျုပ်တို့ကျန့်မျိုးနွယ်စုက သိုင်းပညာရှင်တွေနဲ့လည်း တွေ့ရတယ်။ သူတို့ကလည်း မင်းကိုရှာနေတာပဲဖြစ်မှာ။ သူတို့မှာ ကျန်းရှင်းကျားတစ်ယောက်နဲ့ ရှန်းဝမ်တာ့ရှီးတစ်ယောက်လည်း ရှိတယ်။ ကျုပ်အားလုံး ပြောပြီးပြီ သခင်လေးကျန်း ကျေးဇူးပြုပြီး ကတိတည်ပြီး အသက်ချမ်းသာပေးပါ”

“ကောင်းတယ်”

ကျန်းရီက စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။ ပြီးနောက် ပြောလိုက်တော့သည်။

“ဖုန်းအာ ရွှေရောင်မျောလွင့်နဂါး သူ့ကိုဒုက္ခိတဖြစ်အောင်လုပ်ပြီး အသက်ချမ်းသာပေးလိုက်”

ချီ ချီ

သူ့အမိန့်ပေးပြီးသည်နှင့် ဖုန်းလန်နှင့် ရွှေရောင်မျောလွင့်နဂါး၏ တိုက်ခိုက်မှုက ရက်စက်ကြမ်းကြုတ်မှုအဖြစ် ပြောင်းလဲသွားတော့သည်။ ထိုကောင်းကင်ဧကရာဇ်၏ နတ်ဘုရာဒိုင်းသည် ဖျက်ဆီးခံလိုက်ရပြီးဖြစ်ကာ သူ၏ခန္ဓာ ရုတ်တရက် ပေါက်ကွဲသွားပြီး ခန္ဓာကိုယ်က လှိုင်းကြောင့် လွင့်ထွက်သွားပြီး သွေးများထွက်ကုန်၏။ ဒဏ်ရာက နက်ရှိုင်းလွန်းသောကြောင့် အရိုးတောင် မြင်နေရသည်။

ဝှစ်

ဖုန်းလန်က လက်ချောင်းက လျှပ်စီးပြက်သည့် အရှိန်ဖြင့် အတွင်းအားကို ပစ်ထုတ်လိုက်ပြီး ဒဏ်ရာပြင်းပြင်းထန်ထန် ရနေသော ကောင်းကင်ဧကရာဇ်ကို ထိသွားကာ သူ၏ဒန်တန်၌ အပေါက်တစ်ပေါက် ဖြစ်သွားစေတော့သည်။ ထိုကောင်းကင်ဧကရာဇ်က ဒေါသတကြီးဖြင့် ကျန်းရီကို မကျေမချမ်း အော်ဟစ်လိုက်သည်။

“မင်းစက်ဆုပ်ရွံ့ရှာဖို့ ကောင်းတဲ့လူ။ ငါ့အသက်ကို ချမ်းသာပေးမယ်လို့ မပြောခဲ့ဘူူးလား။ မင်းကတိ မတည်ဘူးဘဲ”

“အရူး”

ကျန်းရီက ထူးမခြားနား တစ်ချက်ကြည့်ပြီး ပြောလိုက်တော့သည်။

“မင်းအသက် ချမ်းသာပေးမယ်လို့ ပြောခဲ့တယ်။ ဒါပေမဲ့မင်းကို ဒုက္ခိတဖြစ်အောင် မလုပ်ဘူးလို့ မပြောခဲ့ဘူး။ မင်းအသက်ရှင်နေသေးတာပဲမလား”

ပြောပြီးသည်နှင့် ကျန်းရီက ရှေ့သို့အနည်းငယ်တိုးကာ ထိုလူကို ဧကရီနန်းတော်ထဲသို့ ပစ်ထည့်လိုက်သည်။ ဤလူကို အလွယ်တကူ အသက်ရှင်လျက် မလွှတ်ပေးနိုင်ပေ။ သူ့ကိုစစ်မေးပြီး အချက်အလက်များ ပိုလိုချင်၏။ ပြီးနောက် ကျန်းရီသည် သူ့ကိုထားပြီး ထွက်သွားရမည်လော။ ကျန်းရီက အရူးမဟုတ်ပေ။ သူသည် ထိုလူကိုထားပြီး ရှီးဖေးနှင့် ကျန်သည့်သူများအား သူ့နောက်လိုက်ခွင့် မည်ကဲ့သို့ ပေးရမည်နည်း။

ရန်သူကို သက်ညှာခြင်းသည် မိမိကိုယ်ကို အကြင်နာမဲ့ခြင်းသာဖြစ်သည်။ ကျန့်ယွမ်ဟိုင်းသည် ငယ်ရွယ်စဉ်ကတည်းက သင်ကြားပေးခဲ့ဖူး၏။ ရန်သူကို ကရုဏာမဲ့မှသာလျှင် နောင်တွင် ပြဿနာ မရှိတော့မှာပဲဖြစ်သည်။

ဝှစ်

သူ၏ခန္ဓာကိုယ်က ဖျတ်ခနဲ လှုပ်ရှားသွားပြီးနောက် နောက်ထပ် ကောင်းကင်ဧကရာဇ် တစ်ဦးဆီသို့သွားကာ သူ၏တိုက်ပွဲဝင် သံချပ်ကာအားလုံးကို ချွတ်လိုက်သည်။ သူတော်စင် အသုံးအဆောင်လှံကို သိမ်းထားပြီး ရှေးဟောင်းနတ်ဘုရားလက်စွပ်ကို ယူလိုက်၏။ ပြီးနောက် မီးနဂါးဓားဖြင့်ရေးလျက် မြေပုံပေါ်တွင် စကားလုံးကြီးအချို့ ချန်ရစ်သည်။ ပြီးနောက်သူက ဖုန်းလန်နှင့် ရွှေရောင်မျောလွင့်နဂါး နတ်ဆိုးဧကရာဇ်တို့ကို ခေါ်ပြီးပြောလိုက်တော့သည်။

“အရေးပေါ်လေ၊ အားလုံးခေါ်တာရပ်”

***

All Chapters