← Chapters

အခန်း (၄၈၉)

Vol. 39 Ch. 489

အခန်း (၄၈၉)

Vol. 39 Ch. 489

ကြိုးစာစဉ် ၃၉

အခန်း 489

ရှောင်ဟူမှ ဒေါသတကြီး အော်ပြောသည်။

“ခွေးကောင်ကြီး ကျုပ်ရဲ့ခန်းမအရှင်သခင်က ဒီနေရာမှာ သေမှာမဟုတ်ဘူးဗျ”

“ဟားဟား… တကယ်လား ငါမင်းကိုပြောလိုက်မယ် လူငယ်လေး၊ ငါ့ရဲ့ညီမလေးတွေ မီးရေခဲပေါင်းစည်းသိုင်းကို ထုတ်သုံးရင် နန်ပါးထျန်းတောင်မှ အဆင်အခြင်မဲ့ ပြုမူရဲမှာ မဟုတ်ဘူး။ အနိုင်ယူနိုင်ဖို့ကိုတော့ ထည့်ပြောမနေနဲ့တော့။ ချန််ကျိုစစ်က အဲဒီလောက်အင်အားတောင် ရှိလို့လား”

ထိုစကားတွင် ရှောင်ဟူသည် ပို၍ စိုးရိမ်ပူပန််လာတော့သည်။

ထိုအခိုက်အတန့်တွင် အမြွာညီအစ်မနှစ်ဦး၏ တိုက်ခိုက်မှုမှာ ကျရောက်နေခဲ့လေပြီ။ သူတို့သည် တစ်ပုံစံတည်းနီးပါး ဆင်တူသည့်လှုပ်ရှားမှုဖြင့် အတူတကွ ဓားသိုင်းကွက်ကို ထုတ်လွှတ်တိုက်ခိုက်ရာ တစ်ဦးချင်းတိုက်ခိုက်ချိန်ကထက် အများကြီးပို၍ အင်အားကြီးမားပေသည်။

ချန််ကျဲ့ စိတ်ထဲမှ တိတ်တဆိတ် တွက်ချက်နေခဲ့သည်။

တကယ့်ကို လျှို့ဝှက်သိုင်းကွက်နဲ့ တိုက်ခိုက်ဖို့ ထိုက်တန်တယ်။

အမြွာညီအစ်မနှစ်ဦး၏ သိုင်းကွက်သည် အလွန်အင်အားကြီးမားသည်မှာ ချန်ကျဲ့မှာ မိမိ၏ဝှက်ဖဲကို ထုတ်မသုံးဘဲ အနိုင်ရဖို့ မဖြစ်နိုင်တော့ဟု တွေးမိသည်အထိပင်။

ထိုသို့အတွေးဖြင့် ချန်ကျဲ့ အံကိုတင််းတင်းကြိတ််၍ အင်အားကုန်ထုတ်သုံးတိုက်ခိုက်တော့သည်။

ဤမြင််ကွင်းသည် အမြင်လှပနိုင်ကောင်း၏။ ဓားသိုင်းတစ်ခုကို ပေါင်းစည်းပုံဖော်နေသည့် အမြွာညီအစ်မနှစ်ဦး၌ တစ်ဦးသည် စိတ်အားထက်သန်မှုဖြင့် တောက်လောင််နေကာ နောက်တစ်ဦးသည် သီးခြားဆန်ကာ အေးစက်နေသည်။ ဤလောက၏ တုနှိုင်းမဲ့အလှပဂေးလေးများဖြစ်ကြသော်ငြား ထိုအလှတရား၏ နောက်ကွယ်တွင် အသက်နုတ်ယူနိုင်လောက်သည့် ခြိမ်းခြောက်မှုတစ်ရပ် တည်ရှိနေပေသည်။

ကြောက်ဖို့ကောင်းလိုက်တဲ့သိုင်းကွက်ပဲ။

အမြွာညီအစ်မနှစ်ဦး၏ မျက်လုံးများတွင် သတ်ဖြတ်လိုခြင်းအငွေ့အသက်များ ပြည့်နှက်နေခဲ့သည်။

“လူယုတ်မာ သေလိုက်တော့”

မီးရေခဲ တတိယနိဗ္ဗာန်ဘုံသိုင်းကွက်

အမြွာညီအစ်မနှစ်ဦးသည် တစ်ပြိုင်နက်တည်း အော်လိုက်ကြပြီးနောက် အတူတကွ သိုင်းကွက်ထုတ်လွှတ်လိုက်ကြသည်။ ထိုအခိုက်အတန့်၌ သူတို့၏ဓားများသည်လည်း အရိုးထိစိမ့်အောင်သော အေးစက်မှုနှင့် သတ်ဖြတ်လိုခြင်းအငွေ့အသက်များ လွှမ်းမိုးပြည့်နှက်နေပေသည်။

ဓားတစ်လက်သည် ကြက်သွေးနီရောင်တောက်ပလျက် မီးလျံမီးတောက်အငွေ့အသက်များ ဖုံးလွှမ်းနေကာ နောက်ဓားတစ်လက်သည် အရိုးထိစိမ့်အောင်သော အေးစက်မှုနှင့် မြူနှင်းရေခဲအငွေ့အသက်များ ဖုံးလွှမ်းနေသည်။ ဓားနှစ်လက်ပေါင်းစည်းအင်အားသည် ချန်ကျဲ့အား အလျှော့လည်းမပေးနိုင်၊ ရှောင်လွှဲ၍လည်းမရနိုင်သည့် အခြေအနေသို့ ရောက်စေခဲ့ကာ သေခြင်းရှင်ခြင်းကြားသို့ ရုတ်ချည်းရောက်ရှိသွားခဲ့သည်။

သို့ဖြင့် ချန်ကျဲ့လည်း တန်ပြန်တိုက်ခိုက်ရန် ပြင်ဆင်ရတော့သည်။

သိုင်းကွက်ပြင်ဆင်သည့် အစပိုင်းကိုယ်နေဟန်ထားသည့် နဂါးဖမ်းချုပ်လက်ဝါးသိုင်း၏ အစပြုပုံနှင့် ဆင်တူ၏။

သို့သော် သိုင်းကွက်စတင်လိုက်သည်နှင့်တစ်ပြိုင်နက် လေဟာနယ်၌ နဂါးဟိန်းဟောက်သံဖျော့ဖျော့ ပဲ့တင်ထပ်လာခဲ့သည်။

အမြွာညီအစ်မနှစ်ဦးသည် ခဏတန့်သွားကာ ချန်ကျဲ့ကို စူးစိုက်ကြည့်လာကြသည်။

ဒါက သံမဏိလက်ဝါးသိုင်း၈ကွက်မြောက် နဂါးဖမ်းချုပ်လက်ဝါးသိုင်းကွက်ရဲ့ အစပြုပုံစံလား

ဂါးးးးး…

အမြွာညီအစ်မနှစ်ဦးသည် တစ်ဖန်ပြန်၍ ဖိနှိပ်မှုကို ခံစားလိုက်ရသည်။ တစ်စုံတစ်ရာမှာ မူမမှန်ကြောင်း သူတို့ ချက်ချင်းသတိထားမိလိုက်ကြ၏။ ချန်ကျဲ့၏ ဤတစ်ကြိမ်လက်ဝါးသိုင်းကွက်သည် ယခင်ကဲ့သို့ အရပ်မျက်နှာအနှံ့သို့ အင်အားပျံ့နှံ့သွားခြင်း မဟုတ်တော့ပေ။

ထိုအစား အရှိန်အဟုန်သည် အဆက်မပြတ် မြည်ဟီးနေခဲ့ကာ နဂါးဟိန်းဟောက်သံသည် လူ၏အနီးလေး၌ ဟိန်းဟောက်နေသည့်အလား ပို၍ ရှင်းလင်းပြတ်သားလာခဲ့သည်။

အမြွာညီအစ်မမှ အံ့အားသင့်စွာ ပြောသည်။

“ဒါ ဒါက နဂါးဖမ်းချုပ်လက်ဝါးသိုင်း မဟုတ်ဘူး။ ဒါက နဂါးနိုင်လက်ဝါးသိုင်း၁၇ကွက်ပဲ အဲဒီသိုင်းက မျန့်ရွှေစီရင်စုမှာ ပျောက်ဆုံးသွားပြီ မဟုတ်ဘူးလား”

ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ

သူတို့သည် မယုံကြည်နိုင်စွာဖြင့် မင်သက်ကုန်ကြသည်။ သူတို့သည် ချန််ကျဲ့ထံမှ နဂါးတစ်ကောင် နိုးထလာသည့်အလား ခမ်းနားကြီးကျယ်လှစွာသော ရက်စက်ကြမ်းကြုတ်သည့် အရှိန်အဝါတစ်မျိုးကို ခံစားမိနေခဲ့သည်။

“မကောင်းတော့ဘူး”

အမြွာညီအစ်မနှစ်ဦး၏ စိတ်အတွင်းမှ ဘေးအန္တရာယ်အား အချက်ပေးသံသည် အပြင်သို့ပေါက်ထွက်လာခဲ့၏။ ထို့နောက် ချန်ကျဲ့၏လက်နှစ်ဖက် ရှေ့သို့ အရှိန်အဟုန်ပြင်းစွာ ဦးတည်လာနေသည်ကို သူတို့မြင်လိုက်ရသည်။

နဂါးနိုင်လက်ဝါးသိုင်း၁၇ကွက်– လယ်ပြင်မှာနဂါးတွေ့

လယ်ပြင်မှာနဂါးတွေ့၊ သွေးသည် အတိုင်းအဆမရှိ ကျယ်ပြောစွာ၊ နက်နဲသိမ်မွေ့စွာ စီးဆင်း၏။

ဂါးးးး…

နောက်တင်္ဒဂ၌ ချန်ကျဲ့သည် ၎င်းလက်ဝါးရိုက်ချက်အင်အားကို ရှေ့သို့ ပစ်လွှတ်လိုက်သည်။ သံမဏိလက်ဝါးသိုင်းသည် လွှမ်းမိုးမှုအဆင့်ကို သတ်မှတ်မည်ဆိုပါက လွှမ်းမိုးမှုအဆင့် သုံးဆင့်မျှထက် မသာလွန်နိုင်လောက်ပေ။

သို့သော် နဂါးနိုင်လက်ဝါးသိုင်း၏ လွှမ်းမိုးမှုအဆင့်သည်တော့ အဆင့်၁၀ခန့်အထိ သတ်ရောက်နိုင်လိမ့်မည်။

ထိုအဆင့်၁၀ဟူသည် နဂါးနိုင်လက်ဝါးသိုင်း၏ အဆုံးစွန်သော အကန့်အသတ်မဟုတ်ပါဘဲ လွှမ်းမိုးမှုအဆင့်သက်သက်သာ ဖြစ်၏။

ဤသည်မှာ သိုင်းလောက၏ နှစ်ပေါင်းရာချီတိုင်အောင် မတုန်မလှုပ် မပြောင်းလဲသည့် လောကနံပါတ်တစ်လက်ဝါးသိုင်း— နဂါးနိုင်လက်ဝါးသိုင်း၁၇ကွက် မဟုတ်ပါလော။

ဂါးးးးး….

နဂါးဟိန်းဟောက်သံကျယ်ကြီးနှင့်အတူ အင်အားကြီးမားလှစွာသော လက်ဝါးသိုင်းကွက်သည် အမြွာညီအစ်မနှစ်ဦးဆီသို့ တည့်တည့်ဦးတည်သွား၏။ ချန်ကျဲ့သည် စိုးစဉ်းသော်မျှ သက်ညှာခြင်းမရှိပါဘဲ အင်အားကုန်ထုတ်သုံးခဲ့သည်။

အမျိုးသမီးများသည် အင်အားကို တပ်မက်၏။ သူတို့ကို အလျှော့ပေးလိုက်ပါက သင့်ကို အထင်မြင်သေးကြလိမ့်မည်။

သူတို့အပေါ် သက်ညှာပေးခြင်းအတွက် သင့်ကို ကျေးဇူးတင်ကြလိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် လူရမ်းကားများသည် မိန်းကလေးများကို ဆွဲဆောင်နိုင်ကြခြင်းဖြစ်သည်။ လူရမ်းကားများသည် အမျိုးသမီးများကို အလျှော့မပေးကြပေ။

ဘုရင်တစ်ပါးဟူသည် အဘယ််သို့ဖြစ်သည်ကို သူတို့အား ပြသပေးရမည်။

ဂါးးးး…

ကြောက်ခမန်းလိလိသော လက်ဝါးသိုင်းကွက်သည် အမြွာညီအစ်မနှစ်ဦးထံ ရုတ်ချည်း ဦးတည််လာနေသည်။ သူတို့သည် အလွန်ထိတ်ပျာသွားလျက် သူတို့၏အင်အားအကြီးမားဆုံးသော ပေါင်းစည်းသိုင်း– မီးရေခဲ တတိယနိဗ္ဗာန်ဘုံသိုင်းကွက်ကို ထုတ််လွှတ်လိုက်ကြသည်။

ညီအစ်မနှစ်ဦး၏ ဓားနှစ်လက်သည် ဓားရောင်ခြည်များ လင်းလက်သွား၏။

ထို့နောက်တွင် အမြွာညီအစ်မနှစ်ဦးမှာ ဧရာမနဂါးကြီးတစ်ကောင် သူတို့ထံ ဦးတည်လာနေသည်ကို ခံစားမိနေသည့်အလား နဂါးတစ်ကောင်၏ရှေ့မှောက်၌ သူတို့သည် အလွန်သိမ်နုပ်ပြီး အားနည်းသည်ဟု ခံစားလိုက်ကြရသည်။

ပေါက်ကွဲသံကျယ်ကြီးနှင့်အတူ အမြွာညီအစ်မနှစ်ဦးသည် နောက်သို့လွင့်ထွက်သွားကြ၏။

၁၀မီတာကျော်ခန့်မျှ နောက်သို့လွင့်ထွက်သွားပြီးနောက်တွင် အဖြူရောင်ဝတ်အမျိိုးသမီးသည် သူမ၏ နဂိုဒဏ်ရာကြောင့် မထိန်းချုပ်နိုင်စွာ အပြင်းအထန် ချောင်းဆိုးလာတော့သည်။

အဟွတ် အဟွတ် အဟွတ်…

ထို့နောက် အနက်ရောင်ဝတ်အမျိိုးသမီးသည် ချန်ကျဲ့ကို ထိတ်လန့်ချောက်ချားစွာသော မျက်နှာအမူအရာဖြင့် ကြည့်လာခဲ့သည်။

သူမ၏မျက်လုံးအကြည့်တို့မှာ ချန်ကျဲ့အား အရှင်လတ်လတ် ဝါးမျိုပစ်ချင်နေသည့်အလားပင်။

ချန်ကျဲ့သည်လည်း အပြင်ပန်းတွင် မြင်တွေ့နေရသည်ကဲ့သို့ တကယ်တမ်းတွင် ထိုမျှ အေးဆေးသက်သာဖြစ်မနေပါချေ။ ထိုလက်ဝါးသိုင်းကွက်တစ်ချက်သည် သူ၏အတွင်းအား သုံးပုံတစ်ပုံကို ကုန်ဆုံးစေခဲ့သည်။ ထိုသို့လက်ဝါးသိုင်းကွက်ကို ချန်ကျဲ့သည် အတွင်းအားမကုန်ဆုံးမီ နောက်ထပ်နှစ်ကြိမ်သာ အသုံးပြုနိုင်တော့မည်ဖြစ်သည်။

အမြွာညီအစ်မနှစ်ဦးကို ထိခိုက်စေနိုင်ခဲ့ပြီး အဖြူရောင်ဝတ်အမျိုးသမီးအား မူလဒဏ်ရာကို ပိုမိုဆိုးရွားသွားစေနိုင်ခဲ့သော်ငြား သူတို့တွင် တိုက်ခိုက်နိုင်သည့်အင်အား ကျန််ရှိနေသေးသည်။

အထူးသဖြင့် သူတို့၏ မီးရေခဲပေါင်းစည်းဓားသိုင်းဖြစ်သည်။ ချန်ကျဲ့တွင် ဤလက်ဝါးသိုင်းမှအပ ထိုဓားသိုင်းကို ရင်ဆိုင်နိုင််မည့် အခြားသိုင်းကွက်မရှိပေ။ ထို့ပြင် သာမန်အင်အားပိုင်ရှင်သာ ဖြစ်သည့်တိုင် ချင်းယင်ထက် အားမနည်းသည့် စွင်းထျဲချွေ့လည်း ရှိနေသေးသည်။ ရှောင်ဟူသည် စွင်းထျဲချွေ့၏ပြိုင်ဘက် မဖြစ်နိုင်ချေ။

သို့ဖြစ်ရာ လက်ရှိတွင် ချန်ကျဲ့သည် အသာစီးရနေသည့် အခြေအနေဖြစ်သော်ငြား ဆက်လက်တိုက်ခိုက်ခြင်းသည် ပညာရှိသည့်လုပ်ရပ် မဟုတ်ပေ။

ထို့ပြင် ခုနက လက်ဝါးသိုင်းကွက်ကြောင့် အမြွာညီအစ်မနှစ်ဦး လွင့်ထွက်သွားခဲ့ပြီး လက်ရှိအချိန်တွင် သူတို့၏စိတ်ထဲ၌ နဂါးလက်ဝါးသိုင်း၁၇ကွက်၏ ကြောက်မက်ဖွယ်သောအင်အားသာလျှင် ကြီးစိုးနေလိမ့်မည်။ ချန်ကျဲ့၏လက်ဝါးသိုင်းကွက်သည် သူတို့၏စိတ်နှလုံးအတွင်း၌ အကြောက်တရားထည့်သွင်းပေးခဲ့၏။

ချန်ကျဲ့မှ လက်ဝါးသိုင်းကွက်ကို ထုတ်လွှတ်ခဲ့စဉ်က ခမ်းနားကြီးကျယ်သည့်အရှိန်အဝါကိုလည်း မေ့ဖျောက်နိုင်လိမ့်ဦးမည် မဟုတ်ချေ။

ဤသို့အချိန်မျိုးတွင် အမြွာညီအစ်မနှစ်ဦးသည်လည်း ဆက်လက်မတိုက်ခိုက်ရဲပါချေ။ ခုနက ဓားသိုင်းသည် သူတို့အား အတွင်းအားအမြောက်အများ ကုန်ဆုံးစေခဲ့သည်။ သို့တိုင် သူတို့သည် ချန်ကျဲ့၏လက်ဝါးရိုက်ချက်တစ်ချက်တွင် ရှုံးနိမ့်သွားခဲ့ကြသေးသည်။ ဤသည်မှာ ချန်ကျဲ့သည် ကြောက်ခမန်းလိလိသော အင်အားပိုင်ရှင်ဖြစ်ကြောင်း ဖော်ပြနေပေသည်။

ချန််ကျိုစစ်ရဲ့လက်ဝါးရိုက်ချက် ဘယ်လောက်များများကို ငါတို့ခံနိုင်ရည်ရှိနိုင်မှာလဲ။

ထိုသို့အတွေးလေးသည်ပင် သူတို့ကို ကြောက်ရွံ့စေပေသည်။

ချန်ကျိုစစ်က နဂါးနိုင်လက်ဝါးသိုင်း၁၇ကွက်ကို တတ်မြော်က်ထားလိမ့်မယ်လို့ ဘယ်သူက ထင်ထားပါ့မလဲ။

မျန့်ရွှေစီရင်စုတစ်ခုလုံး အသည်းအသန်လိုက်ရှာနေကြတဲ့ ဒီလက်ဝါးသိုင်းကို ချန်ကျိုစစ်က ဘယ်လိုရသွားတာလဲ

ဘယ်လိုလုပ်ရမလဲ၊ ဆက်တိုက်ရမလား မတိုက်ရဘူးလား

အဟွတ် အဟွတ်…

အဖြူရောင်ဝတ်အမျိုးသမီးသည် အနက်ရောင်ဝတ်အမျိုးသမီးကို လှည့်ကြည့်သည်။ အနက်ရောင်ဝတ်အမျိုးသမီးသည် ကျောက်ဆောင်ကျောက်ခဲကြား ပိတ်မိနေသည့်အလား အကျပ်ရိုက်ကာ တွေဝေတွန့်ဆုတ်နေတော့သည်။

All Chapters