အခန်း (၄၉၀)
Vol. 39 Ch. 490
အခန်း ၄၉၀
တစ်ဖက်၌လည်း အံ့အားသင့်စွာဖြင့် ပါးစပ်အဟောင်းသားဖြစ်နေသူနှစ်ဦးရှိပေသည်။
တစ်ဦးမှာ မျက်လုံးပြူးကြီးများဖြင့် စူးစိုက်ကြည့်နေသည့် စွင်းထျဲချွေ့ဖြစ်သည်။
ဘယ် ဘယ်လိုဖြစ်နိုင်မှာလဲ
ချန်ကျိုစစ်က ဘယ်လိုလုပ်ပြီး နဂါးနိုင်လက်ဝါးသိုင်း၁၇ကွက်ကို တတ်မြောက်နေရတာလဲ
ဒီလိုနတ်သိုင်းမျိုးက ဘယ်လိုလုပ်ပြီး ချန်ကျိုစစ်လက်ထဲရောက်နေရတာလဲ ဒါက သဘာဝမကျဘူးလေ
စွင်းထျဲချွေ့သည် အမြွာညိအစ်မနှစ်ဦး၏ ပေါင်းစည်းသိုသင်းကို မြင်တွေခဲ့ဖူးသည်။ ထိုသိုင်းပညာဖြင့် ရင်ဆိုင်ရပါက ချန်ကျဲ့အတွက် အခွင့်အရေးမရှိနိုင်ကြောင်းလည်း သိထားသည်။ သို့ဖြစ်ရာ ချန်ကျိုစစ်သည် လက်ဝါးရိုက်ချက်လေးတစ်ချက်ဖြင့် အမြွာညီအစ်မနှစ်ဦးကို လွင့်ထွက်သွားစေမည်ဟု မျှော်လင့်မထားခဲ့ပါချေ။
စွင်းထျဲချွေ့သည် ခုနက လက်ဝါးရိုက်ချက်၏အင်အားကို နက်နက်ရှိုင်းရှိုင်း ခံစားမိပါ၏။
သူ၏အမြင်တွင် ၎င်းလက်ဝါးရိုက်ချက်သည် ကမ္ဘာမြေကြီးတုန်ဟီးလောက်၏။ ခုနက ၎င်းလက်ဝါးသိုင်းကွက်ဖြင့် တိုက်ခိုက်ခံရသူမှာ သူကိုယ်တိုင်ဖြစ်ခဲ့ပါလျှင် နေရာတွင် ပွဲချင်းပြီး သေဆုံးပြီးလောက်ပြီ ဖြစ်သည်။
ထိုသို့အတွေးသည်ပင် စွင်းထျဲချွေ့အား ချွေးအေးများ ထွက်ပေါ်လာစေသည်။
ထိုအခိုက်အတန့်၌ တံတိုင်းပေါ်တွင် ရပ်နေသည့် ရှောင်ဟူသည်လည်း တောက်ပစွာသော မျက်လုံးအစုံဖြင့် အံ့အားသင့်စွာပြောသည်။
“ဝါး အစ်ကိုကျိုစစ်က တော်လိုက်တာ ဘယ်တုန်းက နဂါးနိုင်လက်ဝါးသိုင်း၁၇ကွက်ကို လေ့ကျင့်လိုက်တာလဲပဲ။ အဲဒီသိုင်းအကြောင်း ငါကြားဖူးနေပါတယ်”
အာ သူဖုန်းစားအိုကြီးက အဲဒီသိုင်းကို မျန့်ရွှေစီရင်စုကိုအုပ်စိုးဖို့ အချိန်တစ်ခု အသုံးပြုခဲ့ဖူးတာပဲ။
ဒါပေမဲ့ ဒီလိုသိုင်းမျိုးက လွယ်လင့်တကူ ထုတ်ဖော်လို့မဖြစ်ဘူး။ အစ်ကိုကျိုစစ်ရဲ့ ဒီလက်ဝါးသိုင်းကို မျက်မြင်တွေ့ထားတဲ့ ဒီလူသုံးယောက်စလုံးကို အသက်ရှင်လျက်ထားလို့ မသင့်တော်ဘူး။
ရှောင်ဟူသည် စိတ်ထဲမှတွေးတောလျက် ဓားရိုးကို တိတ်တဆိတ် တင်းတင်းဆုပ်ကိုင်လိုက်သည်။ ချန်ကျဲ့မှ အမိန့်ပေးလိုက်ပါက ရှောင်ဟူသည် စွင်းထျဲချွေ့ကို အသက်နှင့်ရင်းပြီး တိုက်ခိုက်အနိုင်ယူမည် ဖြစ်သည်။
လေထုအခြေအနေသည် ရုတ််တရက် ထူးဆန်းသွား၏။
နှစ်ဖက်စလုံးသည် ဝံပုလွေကို အနိုင်တိုက်နေကြသည့် လယ်သမားများပမာ ကြောက်ရွံ့စိတ်များ ကိန်းအောင်းနေကြသည်။
အချိန်အတော်ကြာမြင့်ပြီးနောက် ချန်ကျဲ့သည် လက်ဝါးသိုင်းကွက်ကို ရုတ်သိမ်းလိုက်ပြီး လည်ချောင်းရှင်းလိုက်သည်။
“လူကြီးမင်းတို့ ကျွန်တော့်အမြင်တော့ ကျွန်တော်တို့ စကားပြောဖို့လိိုလိမ့်မယ်”
ထိုအခါ စွင်းထျဲချွေ့နှင့် အဖြူရောင်ဝတ်အမျိုးသမီးသည် အနက်ရောင်ဝတ်အမျိုးသမီးကို လှည့်ကြည့်လိုက်ကြသည်။
အနက်ရောင်ဝတ်အမျိိုးသမီးသည် ခဏမျှ စဉ်းစားနေပြီးနောက် ပြောလာသည်။
“ကျွန်မတို့ အေးအေးဆေးဆေး စကားပြောနိုင်သေးတယ်လို့ ရှင်ထင်လား”
ချန်ကျဲ့မှ ပြန်ပြောသည်။
“ဒါပေါ့၊ မင်းတို့က ကျုပ်ရဲ့လျှို့ဝှက်ချက်ကို သိထားကြပြီး ကျုပ်ကလည်း မင်းတို့ရဲ့လျှို့ဝှက်ချက်ကို သိထားတယ်။ နှစ်ခုစလုံးက သေရေးရှင််ရေးတမျှ အရေးကြီးတဲ့အရာချည်းပဲ။ အဲဒါကြောင့် ဒီညှိနှိုင်းဆွေးနွေးမှုအတွက် ကျုပ်တို့နှစ်ဖက်စလုံးမှာ အပေးအယူလုပ်နိုင်မယ့် ကတ်အသီးသီးရှိကြတယ်”
“ဒါပေါ့၊ မင်းတို့စကားမပြောချင်ရင်လည်း ကျုပ်တို့ ဆက်တိုက်ခိုက်လို့ရတယ်။ ခုနက လက်ဝါးသိုင်းကွက်နဲ့ နောက်ထပ်၅ကြိမ်လောက် တိုက််ခိုက်လို့ရသေးတယ်။ မင်းတို့ခံနိုင်ရည်ရှိမယ်ဆိုရင် စမ်းကြည့်လို့ရပါတယ်”
ချန်ကျဲ့မှ ဟိတ်ကြီးဟန်ကြီးဖြင့် ပြောသည်။ သို့သော် တကယ်တမ်းတွင် ချန်ကျဲ့သည် နောက်ထပ် နှစ်ကြိမ်သာ တိုက််ခိုက်နိုင်တော့သည် ဖြစ်၏။
သို့သော် လက်ရှိတွင် အခြေအနေကိုထိန်းချုပ်ရန် အရေးကြီး၏။ ချန်ကျဲ့၏စကားတွင် အမျိုုးသမီးနှစ်ဦးသည် တိတ်ဆိတ်သွားခဲ့သည်။
နောက်ထပ်၅ကြိမ်…
သူတို့၏ပေါင်းစည်းဓားသိုင်းသည် အများဆုံးမှ နောက်ထပ် နှစ်ကြိမ်၊သုံးကြိမ်ခန့်သာ တိုက်ခိုက်နိုင်တော့မည် ဖြစ်သည်။ သို့ဖြစ်ရာ သူတို့ဆက်လက်မတိုက်ခိုက်သင့်တော့ပေ။
ချန်ကျဲ့သည် ပိုကဲပြောဆိုနေခြင်းလောဟု သူတို့ သေချာပေါက် သံသယဝင်ပါသည်။
အဲဒီလောက်အင်အားကြီးတဲ့ လက်ဝါးသိုင်းကွက်နဲ့ နောက်ထပ်ငါးကြိမ် တိုက်ခိုက်နိုင်သေးတယ်တဲ့လား သူ့ရဲ့အတွင်းအားက တကယ်ပဲ အဲဒီလောက်ကောင်းမွန်တာလား
သို့သော် သူတို့ လောင်းကြေးမထပ်ရဲပါချေ။ ရှုံးနိမ့်သွားပါက အသက်ဖြင့် ပေးချေရမည်ဖြစ်၏။
သူတို့၏ အလှတရားကို အားကိုး၍ ချန်ကျဲ့၏ သနားညှာတာမှုကို ရယူနိုင်ဖို့ရာလည်း မဖြစ်နိုင်ပေ။ ခုနက ချန်ကျဲ့၏လက်ဝါးသိုင်းကွက်နောက်ကွယ်မှ ပြင်းထန်လှစွာသော သတ်ဖြတ်လိုခြင်းအငွေ့အသက်ကို ရှင်းလင်းပြတ်သားစွာ ခံစားခဲ့ရပေသည်။
တိုက်ခိုက်လို့မနိုင်မှတော့ ညှိနှိုင်းလိုက်သင့်လား
တကယ်တော့ ညှိနှိုင်းလို့ရနိုင်တာပဲ။ ပြီးတော့ အခုအချိန်မှာ ချန်ကျိုစစ်က မျန့်ရွှေစီရင်စုကုန်သည်အဖွဲ့တွေထဲမှာ နံပါတ်သုံးအင်အားအကြီးဆုံးပဲ။ သူ့ရဲ့အကူအညီနဲ့ဆိုရင် ငါတို့ရဲ့သံထည်ပစ္စည်းတွေကို မျန့်ရွှေစီရင်စုအပြင်ကို သေချာပေါက် ပို့ဆောင်နိုင်လိမ့်မယ်။
ဒါက အကျိုးအမြတ်များတဲ့ ပူးပေါင်းမှုတစ်ခုအဖြစ် ပြောင်းလဲသွားနိုင်တယ်။
သို့တိုင် သူတို့သည် အရေးနိမ့်နေဆဲပင်။ ချန်ကျဲ့မှ ဤအခြေအနေကို အခွင့်ကောင်းယူ၍ သူတို့ဘက်မှ လက်ခံရန်ခက်ခဲသည့် မတန််တဆ တောင်းဆိုမှုများ ပြုလုပ်လာမည်ကို စိုးရိမ်နေရပေသည်။
ချောင်ဟုန်ယန်သည် အချိန်အတော်ကြာ တွေးတောနေခဲ့သည်။
ချောင်ဟုန်ယန်တို့ တွန့်ဆုတ်တွေဝေနေသည်ကို မြင်သောအခါ သူတို့ကို အနည်းငယ်ပို၍ တွန်းအားပေးရန် လိုအပ်ကြောင်း ချန်ကျဲ့နားလည်လိုက်သည်။
ထိုသို့အတွေးဖြင့် ချန်ကျဲ့ လည်ချောင်းရှင်းကာ ပြောလိုက်သည်။
“လူကြီးမင်းတို့ ခင်ဗျားတို့မြင်တဲ့အတိုင်းပဲ ခင်ဗျားတို့ ကျုပ်ကို အနိုင်မတိုက်နိုင်ဘူး။ ပြီးတော့ ခင်ဗျားတို့က ကျုပ်ရဲ့လျှို့ဝှက်ချက်ကိုသိထားပြီး ကျုပ်လည်း ခင်ဗျားတို့ရဲ့လျှို့ဝှက်ချက်ကို သိထားတယ်။ ဒါက ကျုပ်တို့ရဲ့ညှိနှိုင်းဆွေးနွေးမှုရဲ့ အခြေခံပဲ”
“ဒါပေါ့ ခင်ဗျားတို့ ကျုပ်ကို အနိုင်တိုက်ဖို့ ကြိုးစားကြည့်လို့ရတယ်။ အင်း အငြင်းမပွားရအောင်လို့ ခင်ဗျားတို့မှာ ကျုပ်ကို အနိုင်တိုက်ဖို့စွမ်းရည်ရှိတယ်ပဲ ထားလိုက်ပါတော့။ ဒါပေမဲ့ အပြင်ဘက်မှာ ကျုပ်လူတွေရှိနေတယ်။ ကျုပ်သာ တစ်ခုခုဖြစ်သွားခဲ့ရင် သူတို့က ကျုပ်ရဲ့လျှို့ဝှက်စာကို စီရင်စုအုပ်ချုပ်ရေးမှူးဆီ ပို့လိုက်လိမ့်မယ်။ အဲဒီအခါက ဖြစ်ပျက်လာမယ့်အရာတွေကို ခင်ဗျားတို့ ရင်မဆိုင်ချင်လောက်ဘူးလို့ ထင်ပါတယ် ဟုတ်တယ်မလား”
“အဲဒီတော့ ခင်ဗျားတို့ စကားပြောချင်သလား”
ချန်ကျဲ့၏စကားအဆုံး၌ အနက်ရောင်ဝတ်အမျိုးသမီးမှ ပြောသည်။
“ကောင်းပြီ၊ ပြောကြတာပေါ့”
ချန်ကျဲ့ ရယ်မောလိုက်သည်။
“ဟက် အဲဒီလိုမှပေါ့။ ကျုပ်တို့တွေ အပြန်အလှန် အရမ်းမုန်းတီးနေဖို့ မလိုပါဘူး။ ခင်ဗျားက ကျုပ်ကိုထိခိုက်အောင် တစ်ကြိမ်လုပ်ထားလို့ ကျုပ်က စိတ်ဆိုးသွားရုံပါပဲ။ သေချာပေါက် အခုတော့ တိုက်ရင်းခိုက်ရင်းနဲ့ ကျုပ်တို့အချင်းချင်း အတော်လေး သိလာကြပြီလို့ ပြောလို့ရပါတယ်လေ”
ချန််ကျဲ့သည် ပေါ့ပေါ့ပါးပါးပင် ခုံတစ်ခုံရှာလိုက်ပြီး ထိုင်ချလိုက်သည်။
“အဲဒီတော့ ကျုပ်ကို စကားပြောဖို့ အထဲကိုဖိတ်ခေါ်မှာလား”
ထိုအခါ အနက်ရောင်ဝတ်အမျိုးသမီးသည် မျက်လုံးမှေးကျုံ့လိုက်ပြီး ပြောသည်။
“အိမ်ထဲကိုလား ရှင်အထဲဝင်လိုက်တာနဲ့ ကျွန်မတို့ ရှင့်ကို ထောင်ချောက်ဆင်တိုက်ခိုက်မှာ မကြောက်ဘူးလား”
ချန်ကျဲ့ ရွှင်ရွှင်ပျပျ ပြုံးပြလိုက်သည်။
“ကျုပ်အိမ်ထဲဝင်လည်း သူက မဝင်ဘူးလေ။ ကျုပ်တစ်ခုခုဖြစ်ရင် သူချက်ချင်း စီရင်စုအုပ်ချုပ်ရေးမှူးကို တင်ပြလိုက်လိမ့်မယ်။ အဲဒါကြောင့် မိန်းကလေးဟုန်ယန်ကို အလျင်စလို မပြုမူဖို့ အကြံပေးချင်ပါတယ်။ အဆင်ပြေရဲ့လား”
ချန်ကျဲ့သည်် တံတိုင်းထက်တွင် ရပ်နေသည့် ရှောင်ဟူကို လက်ညှိုးညွှန်ပြသည်။
အနက်ရောင်ဝတ်အမျိုးသမီးသည် မျက်လုံးတို့မှေးကျုံံ့ထားလျက် ပြောသည်။
“ကောင်းပြီ အထဲဝင်ခဲ့ပါ”
ထို့နောက် ချန်ကျဲ့သည် ရှောင်ဟူကို ညွှန်ကြားခဲ့သည်။
“ခဏနေလို့ ဒီအိမ်ထဲက အရင်ဆုံးထွက်လာတဲ့သူက ငါမဟုတ်ခဲ့ရင် မင်းချက်ချင်း စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်ကို သတင်းပို့လိုက်တော့”
“ဟုတ်ကဲ့ပါ ခန်းမအရှင်သခင်”
ရှောင်ဟူမှ ချက်ချင်းတုံ့ပြန်သည်။ ထိုစကားတွင် အနက်ရောင်ဝတ်အမျိုးသမီး၏ မျက်နှာထက်တွင် ဒေါသအချို့ ထင်ဟပ်သွား၏။ သို့သော် လျင်မြန်စွာပင် စိတ်အလိုမကျဟန်သော မကျေမနပ်ဖော်ပြမှုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
“ဟမ့် ရှင််က ကျွန်မတို့ကို အပြည့်အဝ မယုံကြည်ဘူးလား”
ချန်ကျဲ့ အနက်ရောင်ဝတ်အမျိုးသမီးကို လှည့်ကြည့်ကာ ပြုံးပြလိုက်သည်။
“ဟေး ဟေး မင်းတို့နဲ့ကျုပ်က ခုနကပဲ တိုက်ခိုက်နေတဲ့ သွားနဲ့လက်သည်းတွေဖြစ်ခဲ့တာလေ။ အခုကျ ကျုပ်ကို မင်းတို့အပေါ်ယုံကြည်မှုရှိဖို့ မျှော်လင့်နေတာလား ဟက် ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲဗျာ”
အနက်ရောင်ဝတ်အမျိုးသမီးသည် ဒေါသကြောင့် နှုတ်ခမ်းတို့ကို ကိုက်ခဲလိုက်၏။
“ဟမ့် ရှင်က လူတွေကို အခွင့်ကောင်းယူရတာ သဘောကျနေတာပဲ”
အမှန်အတိုင်းပြောရသော် အနက်ရောင်ဝတ်အမျိုးသမီးသည် သူမ၏ဘေးရှိ အဖြူရောင်ဝတ်အမျိုးသမီးထက် အများကြီးပို၍ ဒုက္ခများရပါသည်။
အနက်ရောင်ဝတ််အမျိုးသမီးသည် လူမှုအဖွဲ့အစည်းတွင် လိုချင်တပ်မက်ကြသည့် ပျိုနီပန်းလေးကဲ့သို့ဖြစ်ပြီး အဖြူရောင်ဝတ်အမျိုးသမီးသည်တော့ စင်ကြယ်သည့် နှင်းကြာပန်းလေးတစ်ပွင့် ဖြစ်သည်။
အမျိုးသမီးနှစ်ဦးစလုံးမှာ သူတို့၏ ကိုယ်ပိုင်ဆွဲဆောင်မှုများ ရှိကြကာ အလွန်မျက်စိပသာဒ ဖြစ်စေပေသည်။
(အမြွှာနှစ်ကောင်ကိုပါ သိမ်းလိုက်ကွာ ကြာလို့)
ချန်ကျဲ့သည် အတွေးများစွာဖြင့် အမျိုးသမီးများနှင့်အတူ အိမ်ထဲသို့ ဝင်သွားခဲ့သည်။
ရှောင်ဟူသည် ခြံဝင်းတံတိုင်းထက်တွင် ရပ်ကျန်နေခဲ့ကာ သူ၏မျက်လုံးများသည် အသိသတိနိုးကြားမှုအပြည့်ဖြင့် အိမ်ကို သေချာစောင့်ကြည့်နေခဲ့သည်။