← Chapters

အခန်း (၄၉၁)

Vol. 39 Ch. 491

အခန်း (၄၉၁)

Vol. 39 Ch. 491

အခန်း ၄၉၁

ချန်ကျဲ့သည် အိမ်ထဲသို့ဝင်ပြီးနောက် မပြောမဆို ထိုင်ချလိုက်သည်။ စွင်းထျဲချွေ့မှ မျက်မှောင်ကြုတ်လျက် ပြောသည်။

“မင်းက တကယ် သေရမှာမကြောက်ဘူးပဲ ဟုတ်လား”

ချန်ကျဲ့ စွင်းထျဲချွေ့ကိုကြည့်၍ ပြန်ပြောလိုက်သည်။

“လူကြီးမင်းစွင်း ခင်ဗျားက အတော်ဆိုးတာပဲ။ ခင်ဗျား အမြဲ ကျုပ်ကိုသတ်ဖို့တွေးနေတာ။ မဟုတ်မှလွဲရော ခင်ဗျား ကျုပ်ရဲ့ အဲဒီလှံကို လုပ်မပေးချင်ဘူးများလား”

စွင်းထျဲချွေ့သည် ရုတ်ချည်း ဒေါသထွက်သွား၏။

“မင်းဘာပြောတာလဲ ငါလောင်စွင်းက အပေးအယူတိုင်းမှာ အမြဲ ဖြောင့်မတ်မှန်ကန်တယ်။ ငါ မင်းကို လှံလုပ်ပေးမယ်လို့ ပြောထားခဲ့ရင် လုပ်ပေးမယ်ပဲ။ နောက်၅ရက်နေရင် မင်းရဲ့လှံကို လာယူလိုက်”

ထိုအခါ ချန်ကျဲ့မှ ရယ်မောပြောဆိုသည်။

“ဟက် ဒါဆိုလည်း ကျုပ် ခင်ဗျားကို ကျေးဇူးတင်ပါတယ်”

သူတို့စကားပြောနေစဉ် အနက်ရောင်ဝတ်အမျိုးသမီးသည် ကြော့မော့တင့်တယ်စွာသော ခြေလှမ်းများဖြင့် အထဲဝင်လာသည်။ သူမသည် လက်တွင် လက်ဖက်ရည်အိုးတစ်အိုးကို သယ်ဆောင်လာခဲ့ကာ ပြုံးလျက် ပြောသည်။

“ခန်းမအရှင်သခင်ချန် ရှင် ကျွန်မတို့ညီအစ်မနဲ့ အချိန်အတော်ကြာတိုက်ခိုက်ခဲ့ရတာဆိုတော့ ရေဆာနေလောက်မှာပဲ။ ရေငတ်ပြေအောင်လို့ လက်ဖက်ရည်တစ်ခွက်လောက် သုံးဆောင်လိုက်ပါဦး”

ထိုအခါ ချန်ကျဲ့သည် အနက်ရောင်ဝတ်အမျိုးသမီးယူလာပေးသည့် လက်ဖက်ရည်အိုးကို ကြည့်လိုက်ပြီး နှုတ်ခမ်းထက်တွင် အပြုံးတစ်ခုဖြစ်တည်လာခဲ့သည်။

“မိိန်းကလေးဟုန်ယန်က အသေးစိတ်ဂရုစိုက်တတ်တာပဲ။ ဒါပေမဲ့ လက်ဖက်ရည်ထဲမှာ တစ်ခုခုထည့်ထားမှာ စိုးရိမ်မိပါရဲ့”

“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲရှင်”

အနက်ရောင်ဝတ်ချောင်ဟုန်ယန်သည် မျက်နှာအမူအရာ တောင့်တင်းသွားခဲ့ကာ အမြန်ပြန်ပြောခဲ့သည်။သို့သော် ချန်ကျဲ့သည် ရယ်မောလိုက်၏။

“ဘာလို့မဖြစ်နိုင်ရမှာလဲ မိန်းကလေးဟုန်ယန်က ဉာဏ်ထက်မြက်ပြီး အရင်းအမြစ်ကြွယ်ဝတဲ့သူပါ။ ကျုပ်တော့ လောင်းကြေးမထပ်ရဲပါဘူး။ အဲဒါကြောင့် မိန်းကလေးဟုန်ယန်ရဲ့ ကြင်နာမှုကို ငြင်းဆန်ရပါလိမ့်မယ်”

ထိုအခါ အနက်ရောင်ဝတ်ချောင်ဟုန်ယန်၏ မျက်နှာအမူအရာ ပြောင်းလဲသွားခဲ့ပြီး လက်ဖက်ရည်ခွက်ကို စားပွဲပေါ်သို့ ဆောင့်ချလိုက်သည်။ ထို့နောက် ဒေါသတကြီးပြော၏။

“ဟမ့် သောက်ချင်သောက် မသောက်ချင်နေ၊ ကျွန်မလည်း ဂရုစိုက်မနေဘူး”

ထိုအခါ ချန်ကျဲ့မှ ပြောသည်။

“ဟက် မိန်းကလေးဟုန်ယန် ခင်ဗျား ရှက်ပြီးဒေါသထွက်နေတာလား”

ချောင်ဟုန်ယန်မှ ချေပပြောဆိုသည်။

“ရှင်ပြောချင်သလို ပြောနိုင်တယ်။ တော်ပြီ၊ ရှင်ပြောတော့ ကျွန်မတို့ အရေးကြီးကိစ္စဆွေးနွေးကြမှာဆို ပြောရအောင်လေ”

သို့သော် ထိုအခိုက်အတန့်၌ ချန်ကျဲ့မှ ပြောသည်။

“အလေးအနက်ကိစ္စတွေပြောဖို့က အလျင်မလိုပါဘူး။ အရင်ဆုံး စကားစမြည်ပြောကြတာပေါ့။ အခု ကျုပ်အသိချင်ဆုံးက ခင်ဗျားနဲ့ ဒီအမျိုးသမီးကိုပါပဲ– ခင်ဗျားတို့က အမြွာတွေ မဟုတ်လား”

အနက်ရောင်ဝတ်ချောင်ဟုန်ယန်သည် ချန်ကျဲ့ကိုကြည့်လာပြီး မေးသည်။

“ဘာလဲ ရှင်က ကျွန်မတို့ညီအစ်မနှစ်ယောက်ကို စိတ်ဝင်စားနေလို့လား”

ချန်ကျဲ့ရယ်မောလိုက်သည်။

“ယောက်ျားကောင်းတစ်ယောက်က တင့်တယ်လှပပြီး ကောင်းမြတ်တဲ့အမျိုးသမီးကို ပိုးပန်းချင်တာ သဘာဝပါပဲ”

“ဟမ့် ကျွန်မ ရှင့်ကို စတွေ့ကတည်းက သိသားပဲ။ တကယ် ကာမဂုဏ်လိုက်စားတဲ့ တဏှာရူးသူပဲ။ အိမ်မှာ ဇနီးသည်တစ်ယောက်ရှိနေရဲ့နဲ့ ကျွန်မတို့ညီအစ်မကို ထိကပါးရိကပါး စကားပြောနေတယ်။ ယောက်ျားတွေဆိုတာ တစ်ယောက်မှ မကောင်းဘူး”

အနက်ရောင်ဝတ်ချောင်ဟုန်ယန်မှ ဒေါသဖြင့် ပြောသည်။

ထိုအခါ ချန်ကျဲ့မှ ပြန်ပြောသည်။

“မိန်းကလေးဟုန်ယန်က အလျင်စလို ဆုံးဖြတ်နေပြန်ပါပြီ။ နွီဝါးမယ်တော် လူသားမျိုးနွယ်ကို ဖန်တီးခဲ့တုန်းက အမျိုးသားနဲ့ အမျိုးသမီးတွေကို အတူယှဉ်တွဲတည်ရှိဖို့ စီမံခဲ့တယ်။ အဲဒါကြောင့် အမျိုးသားတစ်ယောက်က အမျိုးသမီးတစ်ယောက်ကို သဘောကျတယ်ဆိုတာ သဘာဝက ပေးထားတဲ့ အခွင့်အရေးပါပဲ”

“ယောက်ျားတစ်ယောက်က အလှလေးတစ်ယောက်နဲ့ အတူရပ်နေတာတောင် သူ့နှလုံးသားထဲ ဘာမှဖြစ်မနေဘူးဆိုမှ ခင်ဗျားစိုးရိမ်သင့်တာ– အဲဒီလိုဆို အဲဒီယောက်ျားက ကြောင်သူတော်မဟုတ်ရင် မိန်းမစိုးပဲ ဖြစ်လိမ့်မယ်။ ကျုပ်လို သာမန်အမျိုးသားတစ်ယောက်အတွက်တော့ လှပတဲ့အမျိုးသမီးတစ်ယောက်ကို မြင်ရင် နှစ်ခြိုက်သဘောကျစိတ်ဝင်မိတာ သဘာဝပါပဲ။ ဒါကလည်း ကောင်းကင်ဘုံက ချမှတ်ထားတဲ့ လမ်းစဉ်တစ်ခုပဲလေ”

ချန်ကျဲ့၏စကားအဆုံး၌ အနက်ရောင်ဝတ်ချောင်ဟုန်ယန်မှ ပြောသည်။

“အို အဲဒီလိုကြီးကြီးကျယ်ကျယ်နိယာမတွေ ထိုင်ရွတ်နေတာ ရှင်က တော်ဝင်စာမေးပွဲ သွားဖြေမလို့လား”

ချန်ကျဲ့ ပခုံးတွန့်ပြလိုက်သည်။

“သာ့ချန်ပြည်ကြီးမှာ တော်ဝင်စာမေးပွဲဖြေဆိုဖို့ လမ်းကြောင်းတွေ အပိတ်ခံထားရတာ နှမြောစရာပဲရယ်”

အနက်ရောင်ဝတ်အမျိုးသမီးမှ ပြန်ပြောသည်။

“ကျွန်မထင်ထားတဲ့အတိုင်းပဲ၊ ရှင်က ပြုပြင်လို့မရနိုင်တဲ့ သစ္စာဖောက်ကောင်ပဲ။ သာ့ချန်ရဲ့နာမည်နဲ့ တော်ဝင်စာမေးပွဲဖြေဖို့တောင် စိတ်ကူးနေလိုက်သေးတယ်”

ချန်ကျဲ့ : “အင်း ခင်ဗျားက လူတွေကို မှားယွင်းစွပ်စွဲရတာကို သဘောကျတာပဲနော် မိန်းကလေး”

အနက်ရောင်ဝတ်ချောင်ဟုန်ယန်မှ မေးသည်။

“ကျွန်မပြောတာမှားလို့လား”

ချန်ကျဲ့မှ ပြောသည်။

“မှားတာပေါ့။ ကျုပ်က ဟန့်လူမျိုးစစ်တစ်ယောက်လေ။ ဘယ်လိုလုပ်ပြီး မုလန်လူမျိုးတွေရဲ့ခွေးအဖြစ် တစ်သက်လုံးနေရမှာကို သည်းခံနိုင်မှာလဲ ဒါက ယာယီထိန်းသိမ်းနေရုံပဲလေ”

“ဟမ် ရှင့်ပါးစပ်ကနေ ဒီလိုစကားမျိုးကြားရမယ်လို့ ထင်မထားမိဘူးပဲ”

ချန်ကျဲ့ အနက်ရောင်ဝတ်ချောင်ဟုန်ယန်ကို ကြည့်လိုက်သည်။

“ကျုပ်က လူဆိုးနဲ့တူလို့လား”

“လူတွေရဲ့မျက်နှာပေါ်မှာ လူကောင်း၊လူဆိုးဆိုပြီး တံဆိပ်ကပ်ထားမှ မဟုတ်ဘဲ။ ဘယ်သူက အတပ်သိနိုင်မှာလဲ ဘယ်သူက ကောင်းတဲ့လုပ်ရပ်လုပ်နေပြီး ဘယ်သူက မကောင်းလုပ်ရပ်တွေ လုပ်နေတယ်ဆိုတာပဲ ကျွန်မသိတယ်။ ရှင်ကတော့...”

အနက်ရောင်ဝတ်ချောင်ဟုန်ယန်သည် ချန်ကျဲ့နှင့်ပတ်သက်ပြီး မသေချာပါချေ။ တကယ်တမ်းတွင် ချန်ကျဲ့သည် လူကောင်းတစ်ယောက်ဟု သတ်မှတ်နိုင်ပါ၏။ မျန့်ရွှေစီရင်စုတစ်ခွင်၌ ကျားဖြူခန်းမလက်အောက်ရှိ နေရာများသည် အကောင်းဆုံးဖြစ်ကြသည်။

ဒါပေမဲ့ ချန်ကျိုစစ်က လူကောင်းတစ်ယောက်လား ဒီလူက မုလန်လူမျိုးတွေကို ကူညီပေးနေပြီး စီရင်စုအုပ်ချုပ်ရေးမှူးရဲ့ အကူအညီနဲ့ အင်အားအာဏာကြီးမားလာခဲ့တာ— တကယ့်ကို မုလန်လူမျိုးတွေရဲ့ ခွေးစစ်စစ်၊ သစ္စာဖောက်ကောင်ပဲ။

သို့ဖြစ်ရာ ဤလူအား အကဲခတ်ဆုံးဖြတ်ရန်မှာ မလွယ်ကူပေ။

ချောင်ဟုန်ယန်ကို စောင့်ကြည့်နေရင်း ချန်ကျဲ့ ရယ်လိုက်သည်။

“ဘာလဲ ကျုပ်ကို အကဲဖြတ်ရတာ ခက်လို့လား”

အနက်ရောင်ဝတ်ချောင်ဟုန်ယန်မှ ပြောသည်။

“အမ်း”

ချန်ကျဲ့မှ ပြောသည်။

“အခုလိုအခြေအနေကို ရောက်လာမှတော့ ကျုပ် ခင်ဗျားကို ပြောပြပါရစေ။ လူတွေရဲ့အပြုအမူနဲ့ပတ်သက်ရင် ခင်ဗျားက သူတို့ရဲ့လုပ်ရပ်ကိုပဲ ကြည့်ပြီး သူတို့ရဲ့ရည်ရွယ်ချက်ကို မကြည့်ဘူး။ ရည်ရွယ်ချက်အကြောင်း ပြောကြမယ်ဆိုရင်တော့ ဒီလောကကြီးမှာ လူကောင်းဆိုတာ မရှိဘူးပဲ။ ခင်ဗျားကိုယ်ခင်ဗျားပဲ ဥပမာထားကြည့်လေ– ခင်ဗျားက မိန်ဂိုဏ်းသားတစ်ယောက်၊ ခင်ဗျားရဲ့တာဝန်က ဟန့်လူမျိုးတွေကို ကယ်တင်ပြီး မုလန်လူမျိုးတွေကို ဖြုတ်ချဖို့ပဲ”

“ဒါပေမဲ့ ခင်ဗျားရဲ့ယီးဟုန်ဂေဟာက လူကုန်ကူးမှုမှာ ပါဝင်ပတ်သက်နေတယ်။ ဒါပေါ့ အပြင်ပန်းအနေနဲ့ စီးပွားရေးလုပ်ငန််းတစ်ခု လုပ်တာပါလို့ ခင်ဗျားပြောလို့ရတယ်။ ဒါပေမဲ့ လူကုန််ကူးမှုက လူကုန်ကူးမှုပဲ။ ဒါ့အပြင် လူကုန်ကူးသမားတွေဆီကနေ မိန်းကလေးငယ်တွေကို ဝယ်ယူပြီးတော့ သူတို့ကို ပြန်ရွေးခွင့်မပေးဘူး— ခင်ဗျားကိုယ်ခင်ဗျား လူကောင်းပါလို့ သတ်မှတ်နိုင်သလား”

“ယီးဟုန်ဂေဟာက လျှို့ဝှက်ချက်တွေကို ထိန်းသိမ်းထားရတယ်။ လူတွေကို အလွယ်လေး သူတို့ရဲ့လွတ်လပ်ခွင့်ကို ဝယ်ယူခွင့်ပေးလိုက်လို့ မရဘူး။ တော်ဝင်တရားရုံးတော်က သူလျှိုတစ်ယောက်ယောက် ဝင်လာရင် ဘယ်လိုလုပ်မလဲ”

အနက်ရောင်ဝတ်ချောင်ဟုန်ယန်မှ အလျင်စလို ရှင်းပြသည်။

“ဒါပေမဲ့ ခင်ဗျား လူအများကြီးကို ထိခိုက်စေခဲ့တယ်လေ မဟုတ်ဘူးလား”

ချန်ကျဲ့သည် သူမကို ရှောင်ထွက်သွားခွင့်မပေးပေ။

အနက်ရောင်ဝတ်ချောင်ဟုန်ယန်သည် တိတ်ဆိတ်သွား၏။ ချန်ကျဲ့ ဆက်ပြောသည်။

“ကျုပ်ချန်ကျိုစစ်လည်း အဲဒီလိုပဲ။ ကျုပ်က ဘာမှမရှိတဲ့သူအဖြစ်ကနေ စတင်ခဲ့ရတာ။ ကျုပ်ရဲ့အလားအလာကို မြင်တွေ့နိုင်ခဲ့တဲ့ မွေးစားအဖေဖန်းရှစ်ကျုံးရဲ့ ကျေးဇူးကြောင့် ကျုပ်က မျန့်ရွှေစီရင်စုကို ရောက်လာနိုင်ခဲ့ပြီး သတိကြီးစွာလျှောက်လှမ်းရင်း ဒီအခြေအနေအထိ ရောက်လာနိုင်ခဲ့တယ်။ အစ်ကိုကြီးရဲ့ သစ္စာဖောက်ခံရပြီး နန်ပါးထျန်းကလည်း ကျုပ်ကို ပစ်မှတ်ထားနေခဲ့တယ်။ သေဘေးနဲ့ နီးကပ်တဲ့အခြေအနေကိုလည်း တွန်းပို့ခံခဲ့ရတယ်။ အဲဒီလိုအခြေအနေမှာ ကျုပ်က မုလန်လူမျိုးမဟုတ်ရင် တခြားဘယ်သူ့ဆီက အကူအညီယူရမလဲ ဒါမှမဟုတ် ကျုပ်က ကိုယ့်အတွက်ကိုယ် လက်စားမချေရဘဲ ကိုယ့်မိသားစုကိုပါ အန္တရာယ်တွင်းထဲ ကျရောက်စေရမှာလား”

“ခင်ဗျား ကျုပ်နေရာမှာ ဝင်စဉ်းစားကြည့်စမ်းပါ– ခင်ဗျားသာ ကျုပ်နေရာမှာဆိုရင် အဲဒီအခြေအနေမှာ ခင်ဗျားဘာလုပ်မလဲ”

“ဟုတ်တယ်၊ ချန်ကျိုစစ် ဒီနေ့ဒီနေရာကို ရောက်လာနိုင်ခဲ့တာက မုလန်လူမျိုးကြောင့်လို့ ခင်ဗျားပြောလို့ရတယ်။ ဒါပေမဲ့ ကျုပ်ကို သစ္စာဖောက်လို့ ခေါ်တာကိုတော့ ကျုပ်သဘောမတူဘူး။ ကျုပ်ကို သစ္စာဖောက်နောက်လိုက်ခွေးလို့ ခေါ်မယ်ဆိုရင်တော့ အင်း… အဲဒါကတော့ အရမ်းလွန်လွန်းသွားပြီ”

ချန်ကျဲ့မှ တည်ငြိမ်အေးဆေးစွာ ပြောခဲ့သည်။ အားလုံးသည် အချိန်တစ်ခုအထိ တိတ်ဆိတ်သွားခဲ့၏။

ခဏမျှကြာပြီးနောက်၌ တိတ်ဆိတ်စွာ ရပ်နေခဲ့သည့် အဖြူရောင်ဝတ်််ချောင်ဟုန်ယန်မှ မေးလာခဲ့သည်။

“သစ္စာဖောက်နဲ့ သစ္စာဖောက်နောက်လိုက်ခွေးနဲ့ ဘာကွာလို့လဲ”

ချန်ကျဲ့မှ ပြောသည်။

“သေချာပေါက်ကွာတာပေါ့။ သစ္စာဖောက်က ယှဉ်လိုက်ရင် နည်းနည်းပိုပြီး ဂုဏ်သိက္ခာရှိတယ်လေ။ သစ္စာဖောက်နောက်လိုက်ခွေးကတော့ လူကို လုံးဝ လေးစားမှုမရှိတာပဲ”

အဖြူရောင်ဝတ်ချောင်ဟုန်ယန်သည် နားမလည်နိုင်ဘဲ စိတ်ရှုပ်ထွေးနေခဲ့သည်။

ထိုစကားတွင် အနက်ရောင်ဝတ်ချောင်ဟုန်ယန်သည် စားပွဲထုရိုက်လိုက်သည်။ ဘုန်း ဘုန်း… ထို့နောက် ပြောသည်။

“အဲဒီတော့ ရှင့်လုပ်ရပ်တွေမှာ မှန်ကန်တဲ့လုပ်ရပ်ရှိတယ််လို့ ထင်သလား”

All Chapters