← Chapters

အခန်း (၄၉၃)

Vol. 39 Ch. 493

အခန်း (၄၉၃)

Vol. 39 Ch. 493

အခန်း ၄၉၃

“ရှင်ဘာလုပ်ချင်နေတာလဲ”

ချောင်ဟုန်ယန်တစ်ဖြစ်လည်း ဟန်ဟယ့်သည် စိုးရိမ်ပူပန်နေသည့်မျက်လုံးများဖြင့် ချန်ကျဲ့ကို ကြည့်လာသည်။ ချန်ကျဲ့၏အကြည့်များတွင် မကောင်းသည့်ရည်ရွယ်ချက်ရှိနေသည်ဟု ဟန်ဟယ့်ခံစားမိနေသည်။

ထို့ပြင် သူမသည် ယီးဟုန်ဂေဟာ၏သခင်မဖြစ်ရာ တချို့သောအကြည့်များကို အာရုံခံစားလွယ်၏။

ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ ငါတို့ညီအစ်မနှစ်ယောက်က ဓမ္မရာဇာတစ်ပါးရဲ့ တိုက်ရိုက်တပည့်ပဲ။ ငါတို့ရဲ့ ဒီလိုအဆင့်အတန်းမျိုးနဲ့ ချန်ကျိုစစ်ရဲ့ သိက္ခာမဲ့တဲ့တောင်းဆိုချက်ကို လိုက်လျောစရာလား

သို့သော်ငြား မျန့်ရွှေစီရင်စုတစ်ခုလုံး၌ မြောက်ပိုင်းဒေသသို့ ပေးပို့ရမည့် သူတို့၏စစ်သုံးပစ္စည်းများကို ပို့ဆောင်ပေးနိုင်မည့်လူမှာ သုံးယောက်သာ ရှိသည်။

ငါးဖမ်းကုန်သည်အဖွဲ့ခေါင်းဆောင် နန်ပါးထျန်း၊ ချောင်ကုန်သည်အဖွဲ့ခေါင်းဆောင် လျိုလောင်ကွေ့နှင့် သူမ၏ရှေ့ရှိ ကျားဖြူခန်းမအရှင်သခင် ချန်ကျိုစစ်ဖြစ်သည်။

နန်ပါးထျန်းနှင့် လျိုလောင်ကွေ့ထံမှ အကူအညီတောင်းခံခြင်း၏ ရလဒ်သည် ဘေးအန္တရာယ်ကျရောက်ခြင်းဖြင့် အဆုံးသတ်သွားမည်ဖြစ်ကြောင်း သိသာနေလေရာ ထည့်သွင်းစဉ်းစားနေရန် မလိုအပ်တော့ပေ။

နန်ပါးထျန်းသည် ကောက်ကျစ်စဉ်းလဲပြီး ဖြောင့်မှန်ခြင်းမရှိပေ။ နန်ပါးထျန်း၏ ဩဇာအာဏာသည် စီရင်စုအုပ်ချုပ်ရေးမှူးကို အလုံးစုံမှီခို၍ ရရှိလာခဲ့ခြင်းဖြစ်သည်။

အခြားသူများ မသိလျှင်သော်မှ သူမ,ချောင်ဟုန်ယန်သည်တော့ သိပါသည်။

ငါးဖမ်းကုန်သည်အဖွဲ့ခေါင်းဆောင်ဟောင်း ကွယ်လွန်တော့မည့်အချိန်၌ ရာထူးဆက်ခံရန်အတွက် အရည်အချင်းပြည့်မီသူ နှစ်ဦးသာရှိခဲ့သည်။ စစ်မှန်သော ငါးဖမ်းကုန်သည်အဖွဲ့နောက်ခံမှ ဆင်းသက်လာသည့် ဖန်းရှစ်ကျုံးနှင့် ကုန်သည်အဖွဲ့ခေါင်းဆောင်ကို သစ္စာဖောက်ခဲ့သောကြောင့် ‘ဓားသုံးချက် အပေါက်ခြောက်ပေါက်'ပြစ်ဒဏ်ကို ကျခံခဲ့ရပြီး အမည်ဆိုးနှင့်ကျော်ကြားသည့် နန်ပါးထျန်းတို့ ဖြစ်သည်။

ထိုစဉ်က ကုန်သည်အဖွဲ့သားအားလုံးသည် ဖန်းရှစ်ကျုံးကို ထောက်ခံခဲ့ကြသည်။ သို့သော် နန်ပါးထျန်းသည် အရှက်သိက္ခာကင်းမဲ့စွာ စီရင်စုအုပ်ချုပ်ရေးမှူးအား အကူအညီတောင်းခံခဲ့သည်။ ထိုသို့ကြားဝင်နှောင့်ယှက်မှုကြောင့် ဖန်းရှစ်ကျုံးသည် ကျားဖြူခန်းမ၏ အရှင်သခင်တစ်ဦးသာ ဖြစ်လာခဲ့ရသည်။ သို့ဖြစ်ရာ ငါးဖမ်းကုန်သည်အဖွဲ့၏ မျိုးရိုးအမွေအစစ်ဟု ဆိုပါက ကျားဖြူခန်းမသာလျှင် ဖြစ်ပေလိမ့်မည်။

အဲဒီလို အောက်ခြေမျဉ်းမရှိတဲ့လူ‌တစ်ယောက်ဆီက အကူအညီယူလိုက်ရင် သားရဲတွင်းထဲ ပြေးဝင်တဲ့ သိုးငယ်လို ဖြစ်သွားလိမ့်မှာပေါ့။

လျိုလောင်ကွေ့ကတော့ ထည့်ပြောနေဖို့တောင် မလိုဘူး။ ငါတို့က သူ့သားလျိုစုန့်ကို လုပ်ကြံထားတာ။ သူ့ကို သွားအကူအညီတောင်းရင် ငါတို့ပဲ ချက်ချင်းသေကုန်ရလိမ့်မယ်။

ထိုသို့အချက်အားလုံးကို ထည့်သွင်းစဉ်းစားလိုက်သော် သူတို့အတွက် စစ်သုံးပစ္စည်းများ ပို့ဆောင်ပေးနိုင်စွမ်းရှိသူမှာ မျန့်ရွှေတစ်ခွင်လုံး၌ ချန်ကျိုစစ်တစ်ဦးတည်းသာလျှင် ကျန်ရစ်ဝောာ့သည်။

ထိုသို့တွေးတောပြီးနောက် ဟန်ဟယ့် ချန်ကျဲ့ကို ပြန်လှည့်ကြည့်လိုက်သည်။ ချန်ကျဲ့သည် သူမ ထောင်ချောက်ထဲ လမ်းလျှောက်ဝင်လာမည်ကို စောင့်ဆိုင်းနေသည့်အလား ငါသိပါတယ်ဆိုတဲ့အလား နှုတ်ခမ်းစွန်း‌တို့ ကွေးညွှတ်၍ ပြုံးနေခဲ့သည်။

ဟန်ဟယ့်သည် ဒေါသကြောင့် လက်သီးကျစ်ကျစ်ဆုပ်လိုက်ရင်း သူမ၏ အပြစ်ကင်းစင်သည့် ညီမလေးကို လှည့်ကြည့်လိုက်သည်။ ဟန်လျန်သည် သူ့ထံ ချဉ်းကပ်လာနေသည့် အန္တရာယ်ကို သတိမထားမိကြောင်း သိသာလှစွာ အေးအေးလူလူ ထိုင်နေ၏။

သူမ၏ညီမလေးသည် တစ်ခါတရံ အနည်းငယ် တုံးအပြီး အခြေအနေ၏ပြင်းထန်မှုကို မသိတတ်ခြင်းမှအပ အရာအားလုံး ကောင်းမွန်သည်။

ဒီလူရဲ့ သားရဲတိရစ္ဆာန်လို နှာဘူးအကြည့်တွေကို သူ သတိမထားမိဘူးလား ဒီအခြေအနေမှာတောင် အဲဒီမှာ စိတ်အေးအေးနဲ့ ထိုင်နေသေးတယ်။

ဟန်ဟယ့် ဒေါသထွက်နေခဲ့သည်။ ဟန်လျန်သည် အစ်မဖြစ်သူ၏ စူးရဲခက်ထန်သည့် အကြည့်များကို ခံစားမိ၍ထင်သည်။ လှည့်မေးလာ၏။

“ဟင်”

ဟန်ဟယ့်သည် သူမကို စူးစူးရဲရဲ စိုက်ကြည့်နေသည်။

ထို့နောက်တွင်မူ ဟန်ဟယ့်သည် ကူကယ်ရာမဲ့စွာဖြင့် အောက်နှုတ်ခမ်းကို ဖိကိုက်လိုက်ပြီးနောက် ချန်ကျဲ့ကို ပြောသည်။

“ငါ့ကိုဆိုရင် သဘောတူလို့ရတယ်၊ သူကတော့ မဖြစ်ဘူး”

ချန်ကျဲ့၏နှုတ်ခမ်းများ သိသိသာသာ တွန့်ကွေးသွား၏

“ကျုပ်က နှစ်ယောက်စလုံးလိုချင်တာ”

ဘုန်း

ဟန်ဟယ့်သည် ရုတ်ချည်း စားပွဲကို လက်ဖြင့်ရိုက်ချလိုက်သည်။ သူမသည် မီးဟုန်းဟုန်းတောက်နေသော မျက်လုံးများဖြင့် ချန်ကျဲ့ကို အော်ဟစ်၏။

“ချန်ကျိုစစ်၊ ရှင်သေချင်နေလား၊ မဖြစ်နိုင်တာ”

ထိုအခါ ချန်ကျဲ့၏မျက်နှာအမူအရာ ပြောင်းလဲသွား၏။

“ဒါဆို အပေးအယူလုပ်ဖို့ ငြင်းလိုက်တာလား”

ဟန်ဟယ့်မှ ဒေါသဖြင့် ပြောသည်။

“ငါတို့ညီအစ်မနှစ်ယောက် သဘောတူဖို့ မဖြစ်နိုင်ဘူး… အိပ်မက်မက်နေလိုက်”

“နှမြောစရာပဲ။ ကျုပ်ကြားဖူးတာတော့ အမြွာညီအစ်မတွေက စိတ်ချင်းဆက်နွယ်မှုရှိတယ်တဲ့။ ကျုပ်က အဲဒါကို စမ်းကြည့်ချင်‌တာ”

ချန်ကျဲ့မှ ပြောသည်။ သူ၏အသံတွင် အံ့အားသင့်စွာ စူးစမ်းလိုခြင်းများ ပြည့်နှက်နေပေသည်။

ဟန်ဟယ့်သည် ဤလူယုတ်မာကောင်၏ ရဲတင်းသော‌ အတွေးများကြောင့် ဒေါသမီးလျံများ ဟုန်းဟုန်းတောက်နေသည်။

ထိုစဉ် ဟန်လျန်မှ မျက်လုံးအဝိုင်းသားနှင့် ဝင်ပြောလာ၏။

“ဟုတ်တယ်၊ ကျွန်မတို့က စိတ်ချင်းဆက်နွယ်မှုရှိတယ်။။ ကျွန်မတို့ သိုင်းကျင့်…”

“ပါးစပ်ပိတ်ထားစမ်း”

ဟန်ဟယ့် မွန်းကြပ်မှုကြောင့် ပေါက်ကွဲလေတော့သည်။

ငါ့ရဲ့ ငတုံးညီမလေးရေ တစ်ဖက်လူက နင့်ကို ဝါးမြိုစားသောက်ချင်နေတာကို နင်က ကိုယ့်ကိုယ်ကိုယ် အရသာကောင်းမကောင်း ဆွေးနွေးပေးနေလိုက်သေးတယ်

တကယ် တုံးအတာပဲ။

ဟန်လျန်သည်တော့ အစ်မဖြစ်သူမှ သူမကို အော်လိုက်ခြင်းအပေါ် မတရားခံရသည်ဟု ခံစားနေရလေသည်။

ငါ့ကို သတ်ချင်သတ်ပေါ့၊ ဘာအခွင့်အရေးရှိလို့ လာအော်နေရတာလဲ နင်က အစ်မဆိုပြီး ငါ့ကို အနိုင်ကျင့်နေတာပဲ…

နင်တို့နှစ်ယောက်စလုံးကို ဂရုမစိုက်တော့ဘူး။

ထိုသို့‌တွေးလျက် ဟန်လျန်သည် မျက်နှာလေးညှိုးငယ်လျက် ဘာမှမပြောတော့ဘဲ နောက်ဆုတ်နေလိုက်သည်။

ဤသို့အပြစ်ကင်းစင်မှုသည် သူတို့၏ဆရာဖြစ်သူ အမတငှက်မှ ဟန်လျန်ကို အမြဲချီးမွမ်းလေ့ရှိသည့်အချက် ဖြစ်သည်။

ဟန်လျန်သည် ဘာမျှမသိနားမလည်ဟန်ရသော်ငြား သူမ၏ သိုင်းပညာအရည်အချင်းသည်တော့ ဟန်ဟယ့်ထက် သာလွန်လိမ့်မည်ဟု ဆရာက ပြောခဲ့သည်။

ဟန်ဟယ့်သည် ထက်မြက်သော်ငြား သိုင်းပညာအတွက် လိုအပ်သည့် တုနှိုင်းမဲ့အပြစ်ကင်းစင်မှုတွင် လိုအပ်ချက်ရှိသည်။

သူတို့၏ဆရာပြောခဲ့သည်မှာ မှန်ကန်ပါသည်။ သူတို့နှစ်ဦးသည် တူညီသည့် အရည်အချင်းရှိကြသော်ငြား ဟန်လျန်သည် ဟန်ဟယ့်ထက် အမြဲ သင်ယူတတ်မြောက်လွယ်သည်။

ဤသည်မှာ ဟန်လျန်၏ ဦးနှောက်လေးသည် သိုင်းပညာကျင့်ကြံခြင်းနှင့် တာဝန်လုပ်ဆောင်ခြင်းဟူသည့် အရာနှစ်မျိုးဖြင့်သာ ပြည့်နှက်နေသောကြောင့်လည်း ဖြစ်နိုင်ပါလိမ့်မည်။ တခြားအကြောင်းအရာများကို သူမက အဖြူရောင်စက္ကူလေးတရွက်လို ဘာမှမသိရှာပေ။

သူမ၏ဖြူစင်မှုကြောင့် ပို၍ အင်အားကြီးမားခြင်းပင်။

ထိုအခိုက်အတန့်၌ ချန်ကျဲ့သည်လည်း ဟန်လျန်ကို သတိထားကြည့်နေခဲ့သည်။ သူမသည် တိုက်ခိုက်သတ်ဖြတ်ရေးသမား မဟုတ်ချိန်တွင် အတော်လေး ချစ်ဖို့ကောင်းသည်ဟုလည်း တွေးနေခဲ့၏။

ထိုစဉ် ဟန်ဟယ့်မှ ပြောသည်။

“ကျွန်မတို့နှစ်ယောက်စလုံးတော့ လုံးဝ မဖြစ်နိုင်ဘူး။ အကယ်၍ ရှင်တကယ်ပဲ အလျှော့မပေးနိုင်ဘူးဆိုရင် ကျွန်မ… ကျွန်မ သဘောတူလိုက်မယ်။ ဒါပေမဲ့ သူကတော့ မရဘူး”

“ဘာလို့လဲ”

ချန်ကျဲ့ ဟန်ဟယ့်ကို မေးလိုက်သည်။ ဟန်ဟယ့်သည် မျက်လုံးမှေးကျုံ့လျက် ပြန်ပြောသည်။

“ဘာလို့ဆို သူက တုံးအပြီး ဘာမှမသိလို့၊ အားလုံးကို ကျွန်မ နားလည်တာမလို့”

“ဟက်… မင်းက တကယ် အစ်မကောင်းတစ်ယောက်ပဲ။ ဒီလိုဆိုမှတော့…”

ချန်ကျဲ့ လေသံသည် ပို၍လေးနက်လာခဲ့သည်။ ဟန်ဟယ့်သည်လည်း ဆုံးဖြတ်ချက်ခိုင်မာပြတ်သားစွာဖြင့် ချန်ကျဲ့ကို စိုက်ကြည့်နေခဲ့သည်။ ချန်ကျဲ့၏ တောင်းဆိုချက်ကို လက်ခံခြင်း၊မခံခြင်းအတွက် သူမ၏စိတ်အတွင်းမှာ လွန်ဆွဲတိုက်ခိုက်နေခဲ့သည်။

တော်လှန်စစ်တပ်ရဲ့ အောင်နိုင်မှုအတွက်၊ မိန်ဂိုဏ်းရဲ့အကျိုးအတွက်၊ ဟန့်လူမျိုးတွေရဲ့ အနာဂတ်အတွက် ငါ ဒီလူယုတ်မာကို လိုက်လျောလိုက်သင့်လား

ဟန်ဟယ့်သည် စိတ်ပြင်ဆင်နေခဲ့သည်။

ဒီတိရစ္ဆာန်ကောင်ရဲ့ နှိပ်စက်မှုကို ငါမခံစားရင် ဘယ်သူ့ကို ခံစားစေရမလဲ မီးပြင်းပြင်းတွေ ငါ့ကိုလောင်ကျွမ်းသွားပါစေလေ။ ရှင်သန်ခြင်းမှာ ပျော်ရွှင်မှုနည်းနည်းရှိပြီး သေဆုံးခြင်းမှာ ဒုက္ခအနည်းငယ် ရှိတတ်တာပဲ။

အရမ်းဆိုးရွားလာရင်လည်း ဒီလူယုတ်မာကို သတ်ပစ်ပြီး ငါ့ဂုဏ်သိက္ခာကို စောင့်ထိန်းလိုက်ရုံပေါ့။

ဟန်ဟယ့်၏စိတ်နှလုံးမှာ ဝမ်းနည်းဖွယ်သော ရုပ်ရှင်တစ်ပုဒ်အလား ပုံပြင်တစ်ပုဒ်ကို အဆုံးသတ်ပုံဖော်လုနီးပါးဖြင့် ချန်ကျဲ့၏ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေခဲ့သည်။

“မင်းကိုကြည့်ရတာ ကြောက်နေသလိုပဲ”

ချန်ကျဲ့မှ အကဲခတ်ပြောဆိုသည်။

“ပေါက်ကရတွေ ပြောမနေနဲ့။ ရှင်သဘောတူလား မတူဘူးလား”

ဟန်ဟယ့်မှ မေးသည်။

ချန်ကျဲ့မှ ပြန်ပြောသည်။

“သဘောတူလို့တော့ ရပါတယ်။ မင်းနဲ့ မင်းရဲ့ညီမလေးတို့ ကျုပ်ရဲ့တောင်းဆိုချက်ကို သဘောတူခဲ့ရင်ပေါ့”

All Chapters