← Chapters

အခန်း (၄၉၄)

Vol. 39 Ch. 494

အခန်း (၄၉၄)

Vol. 39 Ch. 494

အခန်း ၄၉၄

ဟန်ဟယ့်မှ ပြောသည်။

“ကျွန်‌မပြောပြီးပြီ၊ ကျွန်မ သဘောတူတယ် ဒါပေမဲ့ သူကတော့ မရဘူး…”

“ကျုပ်ပြောနေတာ အဲဒါမဟုတ်ဘူး။ တောင်းဆိုချက်ကို ပြောင်းလိုက်ပြီ”

“ကျွန်မ ပြောပြီးပြီ… ဟမ် တောင်းဆိုချက်ပြောင်းလိုက်ပြီလား”

ဟန်ဟယ့် တွေဝေရှုပ်ထွေးသွား၏။

တောင်းဆိုချက်ကို ပြောင်းလိုက်ပြန်ပြီလား

ဟန်ဟယ့် မျက်မှောင်ကြုတ်လိုက်ပြီး ပြောသည်။

“ရှင်ဘာကို‌ဆိုလိုတာလဲ”

ချန်ကျဲ့မှ ပြန်ပြောသည်။

“ကျုပ်စဉ်းစားပြီးပြီ။ မင်းတို့ညီအစ်မနှစ်ယောက်စလုံးဆိုရင်တော့ ကျုပ်လက်ခံနိုင်ပါတယ်။ တကယ်တော့ မင်းရဲ့ညီမလေးဆိုရင်လည်း ကျုပ်ဆန္ဒရှိပါသေးတယ်။ ဒါပေမဲ့ မိန်းကလေးဟုန်ယန်ကတော့ အင်း… အပေးအယူမလုပ်တော့ဘူး ထားလိုက်ပါတော့၊ ခင်ဗျားကိုယူရမယ်ဆိုရင်တော့ ကျုပ်အတွက် ဆုံးရှုံးမယ့် အပေးအယူကြီး‌ဗျ”

“ရှင်”

ဟန်ဟယ့် ချန်ကျဲ့ကို ဒေါသတကြီးစိုက်ကြည့်နေ၏။

ရှင်ဘာစကားပြောတာလဲ ကျွန်မက ဘာလို့ ဆုံးရှုံးမယ့်အပေးအယူဖြစ်ရမှာလဲ ကျွန်မက ဘာဖြစ်နေလို့လဲ

ဟန်ဟယ့်၏ ထိုသို့ပုံစံကိုမြင်ရသည်တွင် ချန်ကျဲ့သည် မထိန်းချုပ်နိုင်စွာ ရယ်မောတော့သည်။

“အို… မိန်းကလေးက မပျော်မရွှင်ဖြစ်သွားပုံပဲ နော်”

“ကျုပ်က မင်းတို့ညီအစ်မနှစ်ယောက်ကို မလိုချင်တော့ဘူး‌ဆိုတာကို မင်းက ဘာလို့ မကျေမနပ်ဖြစ်နေရသေးတာလဲ ဒါမှမဟုတ် မိန်းကလေးက ကျုပ်နဲ့ တစ်ခုခုဖြစ်‌ချင်နေတာများလား”

ထိုစကားတွင် ဟန်ဟယ့်သည် ဒေါသကြောင့် ချက်ချင်း မျက်နှာနီရဲသွားတော့သည်။

“ငါသခင်မက ရှင်နဲ့ တစ်ခုခုဖြစ်ချင်ရမှာတဲ့လား”

သူမက မျက်လုံးထောင့်ကပ်ပြီး ထိုအကောင့်ကိုကြည့်လိုက်၏။ အပြာနုရောင်ဝတ်ရုံ၊ ရှည်လျားသောဆံနွယ်က နားထင်နှစ်ဖက်တွင် သပ်ရပ်စွာကျဆင်းနေ၏။ နက်မှောင်သည့် ဆံနွယ်များက ကျောဘက်တွင် ရေတံခွန်အလားကျဆင်းနေပြီး ပိရိသေသပ်သောနှုတ်ခမ်းများက မခို့တရို့ပြုံးလျက်၊ ယခုလိုအချိန်တွင်တော့ အကြည့်များက အိပ်ချင်မူးတူးဖြစ်သလို ရီဝေနေတတ်ပြီး တိုက်ခိုက်သည့်အခါတွင်တော့ ကြယ်စင်လိုလင်းလက်သွားသော မျက်လုံးများ…

သူမအတွေးမဆုံးခင်မှာပင်…

“အို ဒါဆို မမက ဘာလို့ စိတ်ဆိုးနေရတာလဲ”

ဟန်လျန်သည် ပြန်ပက်လာချိန်တွင် အတော်လေး ထက်ရှ၏။ ဟန်ဟယ့်အား မေးခွန်းလေးတစ်ခွန်းတည်းဖြင့် ဒေါသပေါက်ကွဲစေနိုင်ပေသည်။

“နင်နဲ့မဆိုင်ဘူး”

ဟန်ဟယ့်သည် ဟန်လျန်ကို ဒေါသတစ်ကြီး ကြိမ်းမောင်းလိုက်သည်။ ဟန်လျန်သည် စွင်းထျဲချွေ့သို့ နာကျင်သွားသည့်မျက်နှာလေးဖြင့် လှည့်ကြည့်သည်။

အစ်ကိုစွင်း မမ ဘာဖြစ်နေတာလဲ

စွင်းထျဲချွေ့သည် သဘာဝမကျသည့် မျက်နှာအမူအရာကြီးဖြင့် ကောင်းကင်သို့ မျက်နှာကို ၄၅ဒီဂရီစောင်း၍ မော့ကြည့်နေလိုက်သည်။

ငါဘာမှမသိဘူး၊ ငါ့ကို မမေးပါနဲ့။

ငါက သက်လတ်ပိုင်းအရွယ်လူကြီးတစ်ယောက်ပါ။ မင်းတို့လူငယ်တွေရဲ့ စိတ်ခံစားချက်ပြဿနာတွေကို နားမလည်ပါဘူး။

မွန်းကြပ်လွန်းနေသည့် ဟန်ဟယ့်သည် ထရပ်ကာ ထိုင်ခုံတစ်ခုံပေါ် ခြေထောက်တင်လိုက်သည်။

“ကျွန်မ ရှင်နဲ့ အချိန်ဖြုန်းမနေတော့ဘူး။ ရှင့်ရဲ့တောင်းဆိုချက်က ဘာလဲ၊ ပြောလိုက်”

ထိုအခါ ချန်ကျဲ့ ရယ်မောလိုက်သည်။

“ကဲပါ ပြောပါ့မယ်‌ဗျာ”

“တစ်အချက် မင်းတို့ စစ်သုံးပစ္စည်းတစ်သုတ်ပို့ချင်တာကို ကျုပ်ကူညီပေးလို့ရတယ်၊ ဒါပေမဲ့ အောင်မြင်ဖို့ အာမမခံနိုင်ဘူး။ ဒါပေါ့ မအောင်မြင်ခဲ့ရင်လည်း ကျုပ်က စီရင်စုအုပ်ချုပ်ရေးမှူးကို သွားတိုင်ကြားမှာ မဟုတ်ဘူး။ မင်းတို့ ကျုပ်ကိုယုံကြည်ရမယ်”

ချန်ကျဲ့ နေရာရှိ လူသုံးဦးကိုကြည့်လိုက်သည်။

ဟန်ဟယ့်သည် အတွေးထဲနစ်မြောနေပြီး စွင်းထျဲချွေ့သည် မျက်မှောင်ကြုတ်သည်။ ဟန်လျန်သည် အနည်းငယ် တွေဝေငေးမောနေဟန်ရှိ၏။

ဟန်ဟယ့်မှ ပြောသည်။

“အင်း ဆက်ပြောပါ”

“ကောင်းပြီ။ ပစ္စည်းပို့တာ အောင်မြင်သွားပြီပဲ ထားလိုက်ပါစို့။ ဒီကိစ္စအောင်မြင်သွားခဲ့ရင် သိဒ္ဓိစွမ်းအင်လုံးဖြစ်တည်ခြင်းအဆင့်ကို တက်လှမ်းနိုင်စေမယ့် ဆေးလုံး‌လိုချင်တယ်”

ချန်ကျဲ့ သူ၏ရည်ရွယ်ချက်ကို ထုတ်ဖော်ပြောလိုက်သည်။

ဟုတ်ပါသည်။ သူ၏ရည်ရွယ်ချက်မှာ အဆင့်တက်လှမ်းစေမည့် ဆေးလုံးဖြစ်ပါ၏။

သိဒ္ဓိစွမ်းအင်လုံးဖြစ်တည်ခြင်းအဆင့်ဟူသည် စွမ်းအင်ပြောင်းလဲခြင်းအဆင့်ထက် သာလွန်သည့်အဆင့်ဖြစ်သည်။ သိဒ္ဓိစွမ်းအင်လုံးဖြစ်တည်ခြင်းအဆင့်သို့ တက်လှမ်းနိုင်ပါက တောင်ပိုင်းရှိ အာဏာရှင်အားလုံးသည် အသေးအဖွဲလေးများဖြစ်သွားကြမည်ဖြစ်သည်။ လက်ရှိအခြေအနေထက် ပိုတိုးတက်ဖို့ရာ ချန်ကျဲ့သည် သိဒ္ဓိစွမ်းအင်လုံးဖြစ်တည်ခြင်းအဆင့်သို့ မဖြစ်မနေ တက်လှမ်းနိုင်ရန် လိုအပ်သည်။

သို့သော် သိဒ္ဓိစွမ်းအင်လုံးဖြစ်တည်ခြင်းအဆင့်သို့ တက်လှမ်းနိုင်ခြင်းငှာ အထောက်အကူဆေးလုံး လိုအပ်သည်။ ထိုသို့ဆေးလုံးသည် အလွန်အဖိုးတန်လွန်းသောကြောင့် သာမန်လူများရရှိနိုင်သည့်အရာ မဟုတ်ပေ။

ထိုဆေးလုံးရှိနိုင်မည့်‌နေရာ နှစ်ခုသာလျှင် ချန်ကျဲ့စဉ်းစားမိသည်။ စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်နှင့် မိန်ဂိုဏ်း ဖြစ်သည်။

စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်သည် တော်ဝင်နန်းတော်၏ လက်အောက်ခံဖြစ်သည်။ သာ့ချန်ပြည်ကြီး တည်ထောင်ခဲ့သည်မှာ ရာစုနှစ်တစ်ခုကြာမြင့်ပြီးဖြစ်ပြီး ဘဏ္ဍာများ ထိန်းသိမ်းထားရှိရာ ဤသို့အဖိုးတန်ဆေးလုံးမျိုးလည်း ကျိန်းသေပေါက် သိမ်းဆည်းထားရှိလိမ့်မည်။

မိန်ဂိုဏ်းသည်တော့ တော်ဝင်နန်းတော်နှင့် ဖက်ပြိုင်တိုက်ခိုက်နိုင်သည့် အင်အားစုတစ်ခုဖြစ်ရာ အရင်းအမြစ်များ နည်းပါးလိမ့်မည် မဟုတ်ပေ။ သို့ဖြစ်ရာ ဤသို့ သိဒ္ဓိစွမ်းအင်လုံးဖြစ်တည်ခြင်းအဆင့်သို့ တက်လှမ်းစေနိုင်မည့် အထောက်အကူဆေးလုံးမျိုးလည်း သူတို့ထံတွင် ကျိန်းသေပေါက် ရှိနေပါလိမ့်မည်။

ထိုနေရာနှစ်ခုမှအပ ချန်ကျဲ့သည် အခြားအင်အားစုများ၊ အခြားသူများကို မစဉ်းစားမိပါချေ။ သို့ဖြစ်ရာ အဆင့်တက်လှမ်းလိုပါက ချန်ကျဲ့အနေဖြင့် မိန်ဂိုဏ်းကိုသာ မှီခိုရလိမ့်မည်။

စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်ကတော့ ထားလိုက်ပါတော့လေ။ စီရင်စုအုပ်ချုပ်ရေးမှူးက သူရဲ့လက်အောက်ငယ်သားတစ်ယောက်က သိဒ္ဓိစွမ်းအင်လုံးဖြစ်တည်ခြင်းအဆင့်ဖြစ်နေမှာကို ဘယ်လိုချင်ပါ့မလဲ။

တခြားအကြောင်းအရင်းမရှိဘူး။ ထိန်းချုပ်မရမှာ စိုးရိမ်တာကြောင့်ပဲ။

ထို့ကြောင့် ချန်ကျဲ့သည် အစောကြီးကတည်းက မိန်ဂိုဏ်းကို ပစ်မှတ်ထားနေခဲ့ခြင်းဖြစ်သည်။ ယခုသည်တော့ သူ၏ ရည်ရွယ်ချက်အစစ်အမှန်ကို ထုတ်ဖော်ရန်အတွက် အခွင့်အရေးကောင်းတစ်ခုဖြစ်ပေသည်။

ငါ ချန်ကျဲ့က ပင်ပင်ပန်းပန်းနဲ့ ဆေးတွေလိုက်ဝယ်ပြီး ချောင်ဟုန်ယန်နဲ့ ညှိနှိုင်း‌ဆွေးနွေးဖို့အတွက် ဒီနေရာအထိ လိုက်လာပြီး ဘာလို့ ဒီလိုပင်ပန်းဒုက္ခခံနေတာဖြစ်မလဲ ငါ့ရဲ့ရည်ရွယ်ချက်အစစ်ဖြစ်တဲ့ သိဒ္ဓိစွမ်းအင်လုံးဖြစ်တည်ခြင်းအဆင့်တက်လှမ်းဆေးလုံးအတွက်ပဲပေါ့။

ခုနက ပြောခဲ့တဲ့ ချောင်ဟုန်ယန်တို့အမြွာညီအစ်မနှစ်ယောက်ကို လိုချင်တယ်ဆိုတာက စနောက်မှုသက်သက်ပဲ။ ဒါပေါ့၊ ချောင်ဟုန်ယန်က သဘောတူခဲ့ရင်လည်း သူ့အတွက် ကိစ္စမရှိပါဘူး။ အလှလေးနှစ်ယောက်ကို သိမ်းရမှာပဲ၊ ဒါပေမဲ့ ဆေးလုံးကိုတော့ ရအောင်ယူမှာပဲ။

ချန်ကျဲ့မှ သူ၏တောင်းဆိုချက်ကို ထုတ်ပြောလိုက်သည်တွင် ဟန်ဟယ့်သည် မျက်လုံးတို့‌မှေးကျုံ့လျက် ပြောသည်။

“ဪ အဲဒီတော့ ဒါကမှ ရှင့်ရဲ့တကယ့်ရည်ရွယ်ချက်ပေါ့”

ချန်ကျဲ့မှ မေးသည်။

“အဲဒီတော့ ကျုပ်ရဲ့ဒီတောင်းဆိုချက်ကို ဖြည့်ဆည်းပေးနိုင်မှာလား”

ထိုအခါ ဟန်ဟယ့်မှ ပြောသည်။

“ကျွန်မ တကယ်ပဲ ရှင့်ကိုလှည့်စားချင်ပါတယ်။ ဒါပေမဲ့ ရှင်က အရူးလုပ်ရလွယ်ကူမယ့်ပုံမပေါက်ဘူး။ ဘယ်လိုပြောရမလဲ.. ကျွန်မမှာသာ သိဒ္ဓိစွမ်းအင်လုံးဖြစ်တည်ခြင်းအဆင့်‌တက်လှမ်းဆေးလုံးရှိခဲ့ရင် ကျွန်မကိုယ်တိုင် သောက်လိုက်ပြီပေါ့။ သိဒ္ဓိစွမ်းအင်လုံးဖြစ်တည်ခြင်းအဆင့်တစ်ယောက်နဲ့ စွမ်းအင်ပြောင်းလဲခြင်းအဆင့်နှစ်ယောက်သာ ရှိခဲ့ရင် ကျွန်မတို့ဘာသာ ကိုယ့်ထွက်လမ်းကို ရှာနိုင်ပြီးလောက်ပြီ။ ဘာလို့ ရှင့်ကို လိုအပ်နေဦးမလဲ”

ထိုအခါ ချန်ကျဲ့ သိသိသာသာ မျက်မှောင်ကြုတ်သွား၏။

သူတို့လက်ထဲမှာ သိဒ္ဓိစွမ်းအင်လုံးဖြစ်တည်ခြင်းအဆင့်တက်လှမ်းဆေးလုံးမရှိဘူးပဲ။

ထိုသို့တွေးလျက် ချန်ကျဲ့မှ ပြောသည်။

“ဟွမ်ကျိုးပြည်နယ်ဌာနချုပ်မှာရော”

ဟန်ဟယ့်မှ ပြောသည်။

“အဲဒီလိုအဖိုးတန်ဆေးလုံးတွေကို ဌာနချုပ်ကြီးတွေက ထိန်းသိမ်းထားတာ။ ပြီးတော့ နှစ်စဉ်နှစ်တိုင်း ဆုပေးဒဏ်ပေးခန်းမက အကျိုးဆောင်မှုအပေါ် မူတည်ပြီး ခွဲဝေပေးတယ်။ ရှင် အဲဒီဆေးလုံးကို လိုချင်ရင် ကျွန်မတို့ တင်ပြပေးလို့ရတယ်။ ဒါပေမဲ့ အမြန်ဆုံးတောင်မှ နှစ်ဝက်လောက်ကြာနိုင်တယ်။ တစ်နှစ်လည်း ကြာသွားနိုင်တယ်”

“ပြီးတော့ အထက်လူကြီးတွေက တင်ပြချက်ကို လက်မခံတာလည်း ဖြစ်နိုင်တယ်”

ချန်ကျဲ့၏မျက်ခုံးများ ပို၍သိသိသာသာ တွန့်ချိုးသွား၏။

ဒီလိုက အရမ်းရှုပ်ထွေးလွန်းတယ်။

ချန်ကျဲ့ တွေးလိုက်သည်။

သို့သော် ဟန်ဟယ့်မှ ပြောသည်။

“ဒါပေမဲ့… ကျွန်မတို့မှာ ဖော်စပ်ပြီးသား ဆေးလုံးမရှိပေမဲ့ ဆေးဖော်စပ်နည်းတော့ ရှိတယ်။ ရှင်လိုချင်လား”

“ဆေးဖော်စပ်နည်းလား”

ချန်ကျဲ့ ခဏတန့်သွားပြီးနောက် အမြန်ပြောလိုက်သည်။

“လိုချင်တာပေါ့။ မလိုချင်ဘဲနေပါ့မလားဗျာ”

ထိုအခါ ဟန်ဟယ့်မှ ပြောသည်။

“အင်း ဒီလိုဆိုမှတော့ ရှင်က ဒီစစ်သုံးသံထည်ပစ္စည်းတစ်သုတ်ကို မျန့်ရွှေအပြင်ဘက်ကို ပို့ဆောင်ပေး၊ ကျွန်မတို့က ရှင့်ကို ဆေးဖော်စပ်နည်းပေးမယ်။ အဲဒီလိုအပေးအယူလုပ်လိုက်ကြတာပေါ့ ဘယ်လိုလဲ”

ချန်ကျဲ့ မျက်မှောင်ကြုတ်လိုက်ပြီး ပြောသည်။

“မရဘူး။ ဒီလိုက ကျုပ်အတွက် အများကြီးနစ်နာတယ်။ ကျုပ်ကို ဒီထက်ပိုပေးဖို့လိုတယ်”

“ဘာထပ်လိုချင်ပြန်ပြီလဲ”

ဟန်ဟယ့်မှ မျက်မှောင်ကြုတ်လျက် မေးသည်။

ချန်ကျဲ့မှ ပြောသည်။

“သိဒ္ဓိစွမ်းအင်လုံးဖြစ်တည်ခြင်းအဆင့် လျှို့ဝှက်သိုင်းကျမ်းတစ်ခု၊ ပေါ့ပေါ့ပါးပါးသိုင်းမျိုးကို ပိုကြိုက်တယ်”

ချန်ကျဲ့သည် မိမိ၏သိုင်းပညာမှာ ပြစ်ချက်တစ်ခုရှိနေကြောင်း သတိထားမိခဲ့သည်။ ၎င်းမှာ ပေါ့ပါးသည့်သိုင်းပညာတစ်မျိုး လစ်လပ်နေခြင်းဖြစ်၏။

“သိဒ္ဓိစွမ်းအင်လုံးဖြစ်တည်ခြင်းအဆင့်သိုင်းကျမ်းတဲ့လား”

ဟန်ဟယ့်မှ ပြောသည်။

“ရှင်က တရားလွန်တောင်းဆိုနေတာပဲ”

“ဒါပေမဲ့ ကျွန်မမှာ စွမ်းအင်ပြောင်းလဲခြင်းအဆင့်သိုင်းကျမ်းအချို့ရှိပေမဲ့ အဲဒီအဆင့်ရှိတဲ့ ပေါ့ပါးတဲ့သိုင်းကျမ်းမရှိဘူး။ သိဒ္ဓိစွမ်းအင်လုံးဖြစ်တည်ခြင်းအဆင့်တက်လှမ်းဆေးဖော်စပ်နည်းနဲ့ စွမ်းအင်ပြောင်းလဲခြင်းအဆင့် ပေါ့ပါးတဲ့သိုင်းကျမ်းနှစ်ခုပေးမယ်ဆိုရင် ဘယ်လိုလဲ ရှင်ရွေးလိုက်”

All Chapters