← Chapters

အခန်း (၄၉၆)

Vol. 39 Ch. 496

အခန်း (၄၉၆)

Vol. 39 Ch. 496

အခန်း ၄၉၆

ချန်ကျဲ့သည် ဟန်ဟယ့်၏စကားကို မတုံ့ပြန်ဘဲ လျှပ်စီးသိုင်းကို စေ့စပ်သေချာစွာ ဂရုတစိုက် ဖတ်နေခဲ့သည်။ ချန်ကျဲ့သည် အလွန်အမင်း စိတ်လှုပ်ရှားနေခဲ့သည်မှာ မိမိကိုယ်ကိုယ် သတိမကပ်နိုင်လုနီးပါးအထိပင်။

“လျှပ်စီးခြေသိုင်း ဒါက လျှပ်စီးခြေသိုင်းပဲ”

သေချာပေါက်ပင် ဤနာမည်သည် နောက်ပိုင်းမျိုးဆက်သစ်များမှ ပြောင်းလဲလိုက်ခြင်းဖြစ်ပါလိမ့်မည်။ ဤသိုင်းကျမ်း၏ မူလအမည်သည် ကျင်းကျယ်ခြေသိုင်း ဖြစ်ခဲ့လိမ့်မည်။

ဤသိုင်းကျမ်းမှာ အချိန်အတော်ကြာ ပျောက်ဆုံးနေခဲ့သည့် နွေဦးအက္ခရာကျင့်စဉ်နှင့် ဆက်နွယ်နေသည့် သိုင်းကျင့်စဉ်တစ်ခုဖြစ်သည်။

ဘာက အတွင်းအားသုံးစွဲမှု များရမှာလဲ အဲဒါက မှန်ကန်တဲ့ အတွင်းအားကျင့်စဉ်ကို ရှာမတွေ့သေးလို့ပဲ။ ငါ့ရဲ့ယန်ချွမ်ကျင့်စဉ်အတွင်းအားက အကြွင်းမဲ့ကြာရှည်ခံတဲ့ အကြီးမားဆုံး အကျိုးကျေးဇူးရှိတယ်။ တခြားလူတွေက ကျင်းကျယ်ခြေသိုင်းကို ချွေတာသုံးကြရပေမယ့် ငါ့ရဲ့ယန်ချွမ်ကျင့်စဉ်ကတော့ တခြားလူတွေထက် အနည်းဆုံး အတွင်းအားကို နှစ်ဆပိုချွေတာသုံးပြီး ကျင်းကျယ်ခြေသိုင်းကို အသုံးပြုနိုင်လိမ့်မယ်။

သာမန်ခြေသိုင်းတွေလို အသုံးမပြုနိုင်ပေမဲ့ တိုက်ခိုက်နေချိန်မှာတော့ အကူအညီဖြစ်နိုင်တယ်။

အရေးအကြီးဆုံးမှာ လီချွမ်း၊ လီရှ၊ လီချိုး၊ လီသုန်းဟု လေးပိုင်းခွဲခြားထားသည့် ရာသီလေးပါးနက္ခတ်တာရာကျင့်စဉ်တွင် ချန်ကျဲ့ လက်ရှိကျင့်ကြံနေသည်မှာ လီချွမ်း-နွေဦးအက္ခရာကျင့်စဉ်ဖြစ်သည်။

ချန်ကျဲ့သည် နွေဦးအက္ခရာကျင့်စဉ်၏ သိုင်းကျင့်စဉ်သုံးခုကို စုဆောင်းခဲ့ပြီးဖြစ်သည်။

နွေဦးအက္ခရာကျင့်စဉ်ကို သိုင်းကျင့်စဉ်၆ခုဖြင့် ဖွဲ့စည်းထားသည်။ ၎င်းသိုင်းကျင့်စဉ်တစ်ခုချင်းစီတိုင်းသည် သူရိန်စက်ဝန်း၆သွယ်ကို ကိုယ်စားပြု၏။

၎င်းသိုင်းကျင့်စဉ်၆ခုမှာ လီချွမ်း၊ ယွီရွှေ၊ ကျင်းကျယ်၊ ချွမ်းဖန်း၊ ချင်းမင်နှင့် ကူယွီတို့ ဖြစ်သည်။

အတွင်းအားကျင့်စဉ်ဖြစ်သည့် ယန်ချွမ်ကျင့်စဉ်သည် လီချွမ်းဖြစ်သည်။

ရေထိန်းချုပ်လက်ဝါးသိုင်းသည် ယွီရွှေဖြစ်သည်။

အတိဒုက္ခဆယ့်သုံးပါးလှံသိုင်း၏ လေလွင့်ဝိဉာဉ်သိုင်းကွက်သည် ချင်းမင်ဖြစ်သည်။

ဒီနေ့ ချန်ကျဲ့ရှာတွေ့ခဲ့သည့် ကိုယ်ဖော့သိုင်း လျှပ်စီးခြေသိုင်းသည် ကျင်းကျယ်ဖြစ်သည်။

သို့ဖြစ်ရာ ချန်ကျဲ့တွင် ချွမ်းဖန်းနှင့် ကူယွီတို့သာ လိုအပ်တော့သည်။

ထိုသိုင်းကျင့်စဉ်နှစ်ခုကို ရှာတွေ့ပါက နွေဦးအက္ခရာကျင့်စဉ်သည် ပြီးပြည့်စုံသွားပေတော့မည်။ ပြီးပြည့်စုံသည့် နွေဦးအက္ခရာကျင့်စဉ်သည် အလွန်တရာ အံ့ချီးဖွယ်ကောင်းသည့် သိုင်းပညာတစ်ခုဖြစ်လိမ့်မည်ဖြစ်ကြောင်း ချန်ကျဲ့ ယုံကြည်ပါသည်။

၎င်း၏အင်အားသည် နဂါးနိုင်လက်ဝါးသိုင်း၁၇ကွက်ထက် သေချာပေါက် အားမနည်းလောက်ပါချေ။ နဂါးနိုင်လက်ဝါးသိုင်းထက်ပင် ပိုသာလွန်နိုင်ပါလိမ့်မည်။

သို့သော် ဤသည်မှာ ပြီးပြည့်စုံသည့် နဂါးနိုင်လက်ဝါးသိုင်း၁၇ကွက်ကို ရည်ညွှန်းခြင်းတော့ မဟုတ်ပါချေ။

ချန်ကျဲ့သည် စိတ်လှုပ်ရှားပျော်ရွှင်မှုကို မသိသာစေရန် ကြိုးစားထိန်းချုပ်လိုက်သည်။

ချန်ကျဲ့သည် လျှပ်စီးခြေသိုင်းကျမ်းကို ဘေးချလိုက်ပြီး ကျန်သိုင်းကျမ်းများကို ဟန်မပျက် ဆက်လက်ကြည့်ရှုရင်း ပြောသည်။

“အင်း လျှပ်စီးခြေသိုင်းက မဆိုးလှဘူး။ ပြီးတော့ ဒီကြယ်ဖမ်းသိုင်းရောပဲ”

ဟန်ဟယ့်မှ ခပ်ဖျော့ဖျော့ခေါင်းညိတ်သည်။

“ကောင်းပြီ။ ဒါဆို ဒီသိုင်းကျမ်းနှစ်ခုက ရှင့်အပိုင်ဖြစ်သွားပြီ။ ကျွန်မတို့ရဲ့အပေးအယူကရော”

ချန်ကျဲ့မှ ပြောသည်။

“အင်း မင်းတို့ မပြီးသေးတဲ့ သံထည်တွေကို နောက်ရက်နည်းနည်းအတွင်း ပြီးအောင်လုပ်ထားကြပါ။ ကျုပ် နည်းလမ်းစဉ်းစားထားလိုက်မယ်။ ဒီလိုကိစ္စမျိုးက အလျင်လိုလို့မရတာကို မင်းတို့လည်း သိပါတယ်”

ထိုအခါ ဟန်ဟယ့်မှ ပြောသည်။

“အင်း ဒါပေမဲ့ အရမ်းနှောင့်နှေးလို့လည်း မရဘူး”

ချန်ကျဲ့မှ ပြောသည်။

“လဝက်အတွင်း ကျုပ် မင်းတို့ကို အဖြေတစ်ခုပေးပါ့မယ်”

ထို့နောက် ချန်ကျဲ့မှ ပြောသည်။

“ပြီးတော့လည်း နောက်ရက်တွေမှာ ကျုပ် မင်းတို့အကြောင်း ဖုံးကွယ်ထားမယ်။ မင်းတို့စိတ်ချပါ။ ကျုပ် မင်းတို့ရဲ့ပစ္စည်းကို အချောင်မယူပါဘူး”

ထို့နောက် ချန်ကျဲ့သည် လျှို့ဝှက်ခန်းထဲမှ ပြန်ထွက်လိုက်သည်။ ဟန်ဟယ့်သည် ချန်ကျဲ့၏နောက်ကျောကို ကြည့်၍ ခဏမျှတွေးတောနေပြီးနောက် လှမ်းခေါ်သည်။

“ဟေး”

ချန်ကျဲ့ ခြေလှမ်းရပ်တန့်ပြီး လှည့်ကြည့်လိုက်သည်။

“ဘာလို့လဲ”

ဟန်ဟယ့်နှင့် စွင်းထျဲချွေ့တို့နှစ်ဦးသည် ချန်ကျဲ့ကို အလေးအနက် အရိုအသေပြု၏။ ဟန်လျန်သည် ကြောင်တောင်တောင်လေးဖြင့် ဘေးဘီကို ဝေ့ဝဲကြည့်ပြီးနောက်မှ ထိုနှစ်ဦးကဲ့သို့ အတူလိုက်၍ အရိုအသေပြုလိုက်သည်။

“ဟန့်လူမျိုးအားလုံးအတွက် ကျွန်မတို့ရဲ့ အရာအားလုံးကို ခန်းမအရှင်သခင်ချန်ဆီ ပုံအပ်ထားလိုက်ပါပြီ”

ချန်ကျဲ့သည် ရုတ်တရက်ဆန်လွန်းသည် ရိုသေလေးစားမှုကြောင့် တွန့်ဆုတ်သွားခဲ့သည်။ ထို့နောက် လက်ဝှေ့လျက် ပြောလိုက်သည်။

“ရပါပြီ ရပါပြီ၊ မင်းတို့ အရမ်းယဉ်ကျေးလွန်းနေပါပြီ– မင်းတို့ဒီလိုလုပ်တော့ ကျုပ်က ဒီကိစ္စကို ကောင်းကောင်းမလုပ်နိုင်ရင် အမှားကြီးကျူးလွန်မိသလို ခံစားရစေတယ်ဗျ”

ချန်ကျဲ့လက်ဝှေ့ရမ်း၍ ငြင်းဆန်သည်။ ဤမိန်ဂိုဏ်းသားများမှ သူ့အား လောကကျင့်ဝတ်များဖြင့် ခြိမ်းခြောက်လာမည်အား ချန်ကျဲ့ မလိုလားပါချေ။

လောကကြီးအတွက် ဘယ်လိုတောင် ဖြောင့်မတ်လိုက်တဲ့လူတွေလဲ– အရင်ဆုံး ကျုပ်ကို အသက်ရှင်ခွင့်ပေးတယ်။ ပြီးတော့လည်း အခု ဟန့်လူမျိုးအားလုံးအတွက်ဆိုပြီး ပြောနေပြန်ပြီ

ချန်ကျဲ့ တိတ်ဆိတ်နေခဲ့သည်။ ချန်ကျဲ့လည်း ဖြစ်နိုင်ပါက ဟန့်လူမျိုးများကို ကူညီရန် ဆန္ဒရှိပါ၏။ သူတို့အားလုံး၏ခန္ဓာကိုယ်ထဲတွင် တူညီသည့်သွေးများ စီးဆင်းနေကြသည် မဟုတ်ပါလော။ ထို့ပြင် မုလန်လူမျိုးများသည် အမှန်တကယ်ပင် နိုင်ထက်စီးနင်းလုပ်လွန်းကြသည်။

ထိုသို့အတွေးများဖြင့် ချန်ကျဲ့သည် လျှို့ဝှက်ခန်းမှ ထွက်လာခဲ့သည်။

ချန်ကျဲ့ထွက်ခွာသွားသည့်ပုံရိပ်ကို ကြည့်နေခဲ့ရင်း စွင်းထျဲချွေ့သည် ဟန်ဟယ့်ကို လှည့်ပြော၏။

“မင်း သူ့ကိုယုံကြည်လား”

ဟန်ဟယ့်မှ ပြောသည်။

“ကျွန်မတို့မှာ ရွေးချယ်စရာမရှိဘူး။ အခုက အကုန်ရင်းနှီးပြီး လောင်းကြေးထပ်ထားတဲ့ အခြေအနေပဲ။ ကျွန်မတို့ သူ့ကို မယုံကြည်လည်း တခြားဘယ်သူ့ကို သွားယုံကြည်နိုင်မှာလဲ”

တကယ်တမ်းတွင် ချန်ကျဲ့သည် လူကောင်းတစ်ယောက်မဟုတ်ပါက ရိုးရိုးရှင်းရှင်းပင် မုလန်လူမျိုးများသို့ သွားရောက်တိုင်ကြား၍ မျက်နှာလိုမျက်နှာရ လုပ်နိုင်သည်— ထိုသို့ သွားတိုင်ကြားပါကလည်း သူတို့အနေဖြင့် ဘာမျှမလုပ်နိုင်ပေ။

သို့သော် ချန်ကျဲ့သည် ညှိနှိုင်းလိုခဲ့သည်။

ချန်ကျဲ့မှ မိန်ဂိုဏ်း၏လုပ်ရပ်များကို သဘောတူညီ၍ဖြစ်စေ၊ သို့မဟုတ် ဟန့်လူမျိုးများအပေါ် ကရုဏာသက်စိတ်ကြောင့်ဖြစ်စေ၊ သို့မဟုတ် ဆေးဖော်စပ်နည်းကြောင့်ဖြစ်စေ သူတို့သည် ချန်ကျဲ့နှင့် အပေးအယူလုပ်ခဲ့ပြီးဖြစ်သည်။ ချန်ကျဲ့မှ သူတို့ကိုသစ္စာဖောက်ခဲ့ပါက သူတို့သည်လည်း များများစားစား တုံ့ပြန်နိုင်မည် မဟုတ်ပေ။ ဟန်ဟယ့်လုပ်နိုင်သည့်အရာမှာ တစ်ခုတည်းသာရှိ၏။ ၎င်းမှာ ဆေးဖော်စပ်နည်းကို ဖျက်ဆီးပစ်လိုက်ခြင်းပင်။ ထို့သို့ပြုလုပ်လိုက်ခြင်းဖြင့် အနည်းဆုံးတော့ ချန်ကျဲ့အား မိန်ဂိုဏ်း၏ အဆင့်တက်လှမ်းဆေးဖော်စပ်နည်းကို မရရှိနိုင်အောင် လုပ်ဆောင်နိုင်လိမ့်မည်။

မုလန်လူမျိုးအထက်တန်းစားများမှ ချန်ကျဲ့ကို ကရုဏာသက်ပြီး အဆင့်တက်လှမ်းနိုင်စေရန် အခွင့်အရေးမပေးသ၍ ချန်ကျဲ့သည် ဘဝတစ်သက်လုံး စွမ်းအင်ပြောင်းလဲခြင်းအဆင့်တွင်သာ ရပ်တန့်နေရလိမ့်မည်။

စွင်းထျဲချွေ့ သက်ပြင်းချလိုက်သည်။ ထို့နောက် ဟန်လျန်ကို လှည့်ကြည့်၍ ပြောသည်။

“အားလျန် မင်းရော ချန်ကျိုစစ်ကို ဘယ်လိုထင်လဲ”

အားလျန်သည် အချိန်ခဏမျှစဉ်းစားလိုက်ပြီး နောက်ဆုံးတွင်တော့ စကားတစ်ခွန်းတည်းသာ ပြောလာခဲ့သည်။

“အရမ်းသတ်ရခက်တယ်”

သူမ၏မျက်လုံးထဲတွင် ချန်ကျိုစစ်သည် အမှန်တကယ်ပင် သတ်ရန်ခက်ခဲသည့်လူတစ်ယောက်ဖြစ်ပါ၏။

…

အပြင်ဘက်၌

ချန်ကျဲ့သည် အခန်းထဲမှ ထွက်လာပြီးနောက် နောက်ပြန်လှည့်ကြည့်လိုက်သည်။ မိန်ဂိုဏ်း၏ လျှို့ဝှက်အခန်းတည်ဆောက်ထားမှုကို မထိန်းချုပ်နိုင်စွာ အံ့ချီးမိရ၏။ သို့သော် အိမ်သာအောက်တွင် မတော်မတရား တည်ဆောက်ထားခြင်းသည်တော့ အနည်းငယ် မအပ်စပ်ချေ။

အပေါ်က မိလ္လာတွင်း၊ အောက်က လျှို့ဝှက်အခန်း။ ဆိုတော့မှ သူတို့ရဲ့ရေစိုခံစနစ်က အတော်လေး အလုပ်ဖြစ်တာပဲ။ ရေစိမ့်မကျအောင် ဘယ်လိုလုပ်ထားပါလိမ့်

အတော်လေး အရည်အချင်းရှိတယ်လို့ ပြောရမယ်။

ဝှစ်…

ရှောင်ဟူသည် လူတစ်ယောက်အပြင်ထွက်လာသည်ကို မြင်သောအခါ သတိချပ်လျက် ချက်ချင်းထရပ်လိုက်သည်။ ထိုအခါ ချန်ကျဲ့ ပြောလိုက်သည်။

“ငါပါ”

“အစ်ကိုကျိုစစ်လား”

“အစ်ကိုအဆင်ပြေရဲ့လား”

ထိုအခါ ချန်ကျဲ့ ရယ်လိုက်သည်။

“ငါအဆင်ပြေပါတယ်။ မင်းရော”

ရှောင်ဟူမှ ပြောသည်။

“ကျွန်တော်လည်း ဘာမှမဖြစ်ပါဘူး”

ထိုအခါ ချန်ကျဲ့မှ ပြောသည်။

“ကောင်းပြီ ဒါဆိုသွားကြစို့”

“သူတို့ကိုဘယ်လိုလုပ်မလဲ”

ချန်ကျဲ့မှ ပြောသည်။

“သူတို့ကို စိုးရိမ်မနေနဲ့တော့။ အိမ်ပြန်ရအောင်”

ထိုအခါ ရှောင်ဟူသည် ချန်ကျဲ့နောက်သို့လိုက်၍ ချက်ချင်းထွက်ခွာခဲ့သည်။ သူတို့နှစ်ဦးသည် အရှေ့မြို့မှ အနောက်မြို့သို့ အမြန်ခရီးနှင်ခဲ့ကာ ကျားဖြူခန်းမသို့ ပြန်ရောက်ခဲ့ကြသည်။

ထိုအချိန်တွင် စူးယွင်ကျင်းသည် အိပ်ရာမဝင်သေးပေ။ သို့သော် ရွေ့ရွေ့သည်တော့ အိပ်နေလေပြီ။ ရွေ့ရွေ့သည် ဒီနေ့ သူမ၏သူငယ်ခင်းလေးများနှင့် တိုက်ခိုက်ခဲ့ပြီး အနည်းငယ် အထိုးခံခဲ့ရသော်ငြား နောက်ဆုံးတွင်တော့ သူမ၏သူငယ်ချင်းလေးသုံးယောက်ကို ငိုသွားစေခဲ့ပေသည်။ သူမထိုသုံးယောက်ကို အမှောက်သိပ်နိုင်ခဲ့လေ၏။

All Chapters