← Chapters

အခန်း (၄၉၇)

Vol. 39 Ch. 497

အခန်း (၄၉၇)

Vol. 39 Ch. 497

အခန်း ၄၉၇

ရလဒ်အနေဖြင့် ကျားဖြူခန်းမအဖွဲ့သားများပင်ဖြစ်ကြသော ထိုကလေးသုံးယောက်၏ မိဘများသည် ကြောက်လန့်တကြားဖြင့် လာရောက်တောင်းပန်ကုန်ကြလေသည်။

သူတို့သည် စူးယွင်ကျင်းအား သူတို့၏ကလေးများသည် တုံးအလွန်းပြီး ရွေ့ရွေ့နှင့်တိုက်ခိုက်မိခဲ့ကြပါကြောင်း၊ စူးယွင်ကျင်းအနေဖြင့် သူတို့၏ကလေးများကို ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါကြောင်းတို့ကို အကြိမ်ကြိမ်အခါခါ ပြောဆိုတောင်းပန်ခဲ့ကြသည်။

စူးယွင်ကျင်းသည်လည်း အတော်လေး ကူကယ်ရာမဲ့သွားရပြီး ထိုမိဘများကို နှစ်သိမ့်ရုံသာ တတ်နိုင်ခဲ့သည်။ ဤသို့တိုက်ခိုက်ခြင်းမှာ သူမ၏အစီအစဉ်ဖြစ်ပါကြောင်းနှင့် ကလေးများကြား ဤသို့အငြင်းပွားမှုလေးများသည် ကိစ္စကြီးကြီးမားမားမဟုတ်ပါကြောင်းဖြင့် ဖျောင်းဖျနှစ်သိမ့်ရလေသည်။

ရွေ့ရွေ့သည် အလွန်သဘောထားကြီးမားစွာဖြင့် ပြောခဲ့သည်။

“နောက်တစ်ခါကျရင် သူတို့ ရွေ့ရွေ့ကို အုပ်စုဖွဲ့ပြီးတိုက်ခိုက်လို့ရတယ်။ ဒါပေမဲ့ အဲဒီလိုဆိုလည်း ရွေ့ရွေ့က သူတို့ကို ငိုပြေးအောင် လုပ်နိုင်ဦးမှာပဲ”

ထိုစကားကိုကြားသောအခါ ကလေးသုံးယောက်သည် အရှုံးကို လက်မခံတော့ဘဲ နောက်တစ်ကြိမ်တွင် ရွေ့ရွေ့ကို ငိုအောင်လုပ်မည်ဟု ကျယ်လောင်စွာ သက်သေဆိုခဲ့ကြသည်။ ရလဒ်အနေဖြင့် သူတို့၏မိဘများထံမှ တစ်ချက်စီ အကန်ခံလိုက်ရလေသည်။

ကလေးများ၏ကမ္ဘာ၌ အနိုင်နှင့်အရှုံးသည် အရေးကြီး၏။ အရွယ်ရောက်သူများ၏ကမ္ဘာ၌ လူမှုဆက်ဆံရေးသည် အရေးအကြိးဆုံးဖြစ်သည်။

ဆင်းရဲနွမ်းပါးသည့်မိသားစုမှ ကလေးများသည် တရားမျှတသော ငြင်းခုံမှုဖြစ်ခဲ့လျှင်သော်မှ အင်အားအာဏာကြီးမားသည့်မိသားစုမှ ကလေးများနှင့် အငြင်းပွားခဲ့လျှင် တောင်းပန်ရမြဲဖြစ်သည်။ ဤသည်မှာ လူမှုအဖွဲ့အစည်း၏ ရုန့်ရင်းကြမ်းတမ်းသည့် အမှန်တရားဖြစ်သည်။

ဤကျားဖြူခန်းမအဖွဲ့သားများသည်လည်း သူတို့၏ကလေးများကို ခန်းမအရှင်သခင်၏ခယ်မလေးနှင့် ခိုက်ရန်ဖြစ်ပွားခွင့်မပြုရဲပါချေ။ ဤသည်မှာ အရွယ်ရောက်ပြီးလူကြီးတစ်ယောက်မှ သေချင်စိတ်ဖြင့် တမင်သက်သက် အဆိပ်သောက်ခြင်းကဲ့သို့ ဖြစ်နေလိမ့်ပေမည်။

စူးယွင်ကျင်းသည် ထိုမိဘများ၏ စိုးရိမ်ပူပန်မှုကို ဖျေဖျောက်ပေးပြီးနောက်တွင် အနည်းငယ်မျှ ထပ်မံနှစ်သိမ့်ပေးခဲ့သည်။

ထို့နောက် ချန်ကျဲ့နှင့် ရှောင်ဟူတို့ ပြန်ရောက်လာသည်ကို မြင်သဖြင့် မေးလာသည်။

“ပြန်ရောက်ကြပြီလား အစစအရာရာ အဆင်ပြေခဲ့ရဲ့လား”

ရှောင်ဟူနှင့် ချန်ကျဲ့မှ ပြန်ပြောသည်။

“အဆင်ပြေခဲ့ပါတယ်”

ထို့နောက် ချန်ကျဲ့သည် ဗိုက်ကိုပွတ်လျက် ပြောသည်။

“ရှင်မ ကိုယ်ဗိုက်ဆာနေပြီ”

စူးယွင်ကျင်းမှ ပြန်ပြောသည်။

“ကျွန်မ ရှင့်အတွက် စားစရာပြင်ပေးမယ်။ ကျွန်မ ခေါက်ဆွဲသွားပြုတ်လိုက်မယ်”

ရှောင်ဟူမှ ရယ်မောလိုက်သည်။

“ကျေးဇူးတင်ပါတယ် မရီး”

ချန်ကျဲ့နှင့် ရှောင်ဟူတို့သည် ခြံဝင်းထဲတွင် စောင့်ဆိုင်းနေကြသည်။ ချန်ကျဲ့သည် ခဏမျှတွေးတောနေပြီးနောက် လျှပ်စီးခြေသိုင်းကျမ်းကို ထုတ်ယူလိုက်သည်။ ထို့နောက် ကြယ်ဖမ်းခြေသိုင်းကျမ်းကို ရှောင်ဟူအား ပစ်ပေးလိုက်သည်။

“အဲဒီသိုင်းကို ကျင့်လိုက်”

ရှောင်ဟူသည် ဖမ်းယူလိုက်သော်ငြား ကနဦးတွင် ကြောင်အနေခဲ့သည်။ ထို့နောက် ချက်ချင်း ပြုံးသွားပြီး ပြောသည်။

“အစ်ကိုကျိုစစ် ဒါက အရမ်းကောင်းတဲ့သိုင်းကျမ်းနော်”

ချန်ကျဲ့ ခေါင်းညိတ်လိုက်သည်။

“အင်း ဟုတ်တယ်။ ငါတို့က ဘယ်သင်တန်းသား၊ ဘယ်ဂိုဏ်းသားမှ မဟုတ်ဘူး။ အဲဒီတော့ သိုင်းပညာကို ကိုယ့်ဘာကိုယ်ပဲ သင်ယူရမယ်။ မင်းလည်း အဲဒီသိုင်းကို ကိုယ့်ဘာသာ ကျင့်ကြံလိုက်”

ထိုသို့ပြောပြီးနောက် ချန်ကျဲ့သည် သူ၏ လျှပ်စီးခြေသိုင်းကျမ်းကို ဖတ်နေလိုက်သည်။

ရှောင်ဟူသည်လည်း သူ၏ကြယ်ဖမ်းခြေသိုင်းကျမ်းကို စတင်ဖတ်ကြည့်သည်။

ကြယ်ဖမ်းခြေသိုင်းသည် အတော်လေး စိတ်ဝင်စားဖို့ကောင်း၏။ ကြယ်ဖမ်းခြေသိုင်းကို သိဒ္ဓိစွမ်းအင်လုံးဖြစ်တည်ခြင်းအဆင့် ကိုယ်အင်္ဂါမသန်စွမ်းသည့် သိုင်းပညာရှင်ကြီးတစ်ဦးမှ ဖန်တီးခဲ့ခြင်းဖြစ်သည်။ ထိုသိုင်းပညာရှင်ကြီးသည် ခြေထောက်တစ်ဖက်ကို အသုံးမပြုနိုင်သောကြောင့် သူ၏လှုပ်ရှားမှုပုံစံမှာ များသောအားဖြင့် ခုန်သွားခြင်း ဖြစ်သည်။

၎င်းအချက်သည် ကြယ်ဖမ်းခြေသိုင်း၏ ထူးခြားချက်ဖြစ်သည်။ ကြယ်ဖမ်းခြေသိုင်းသည် ခုန်သည့် လှုပ်ရှားမှုကို အထူးပြုခြင်းဖြစ်သည်။

ရိုးရိုးရှင်းရှင်းဆိုရသော် ဤသိုင်းကို အသုံးပြုခြင်းသည် ခုန်၍ လှုပ်ရှားသည့်ဟန်ပန်ဖြစ်ပြီး အတော်လေးလျင်မြန်ကာ ထူးခြားသည်။

အောက်ဘက်သို့ ဦးတည်တိုက်ခိုက်သည့် တစ်ဖက်သွားဓားသိုင်းနှင့် ပေါင်းစည်းလိုက်ပါက ပို၍ အင်အားကြီးမားစေသည်။

ရှောင်ဟူလေ့ကျင့်နေသည့် ဂိတ်တံခါးချိုးဖျက်ကျားငါးကောင်တစ်ဖက်သွားဓားသိုင်း၏ အသက်နုတ်တိုက်ကွက်များထဲ၌ တောင်ဖြိုခွင်းသိုင်းကွက်ဟူသည့် အင်အားကြီးသိုင်းကွက်တစ်ကွက် ပါဝင်သည်။

တောင်ဖြိုခွင်းဓားသိုင်းကွက်ကို ကြယ်ဖမ်းခြေသိုင်းဖြင့် ပေါင်းစည်းအသုံးပြုပါက ခုခံဖို့ရာ အတော်လေး ခက်ခဲစေလိမ့်မည်။ ထို့ပြင် ချန်ကျဲ့သည် အချက်တစ်ချက်ကို အစဉ်အမြဲ ယုံကြည်ထားခဲ့၏— ၎င်းမှာ သိုင်းကွက်အများကြီး တတ်မြောက်ခြင်းသည် အဓိကမကျဘဲ အကျိုးသက်ရောက်မှု ပြင်းထန်ကောင်းမွန်သည့် သိုင်းကွက်တစ်ကွက်ရှိခြင်းဖြင့် လုံလောက်သည်ဟူ၍ ဖြစ်သည်။

သူသင်ယူနေဆဲဖြစ်သည့် နဂါးနိုင်လက်ဝါးသိုင်း၁၇ကွက်ကဲ့သို့ သိုင်းကွက်တစ်ကွက်ဖြင့် အောင်မြင်မှုများ ရယူနိုင်ပါက လုံလောက်ပေသည်။

ရှောင်ဟူသည် ကြယ်ဖမ်းခြေသိုင်းကို ဖတ်ကြည့်နေရင်း မထိန်းချုပ်နိုင်စွာ စတင်လေ့ကျင့်တော့သည်။ အာကာသတွင် လမ်းလျှောက်နေသည့်အလား ခြံဝင်းတစ်ခုလုံး၌ ခုန်ပေါက်လှုပ်ရှားနေတော့သည်။

ထိုအခိုက်အတန့်၌ ချန်ကျဲ့သည် ယန်ချွမ်ကျင့်စဉ်ကို စီးဆင်းစေလျက် လျှပ်စီးခြေသိုင်းဖြင့် ပေါင်းစည်းစေကာ အတွင်းအားအပြည့်ဖြင့် အသုံးပြုလိုက်ရာ နေရာခုန်ကူးသွားလာခြင်းနှင့် ဆင်တူသည့် အကျိုးသက်ရောက်မှုကို ရရှိလိုက်လေသည်။

ဝှစ်..

ချန်ကျဲ့သည် တိုတောင်းသည် အကွာအဝေးတစ်ခုသို့ ရုတ်ချည်း ခုန်ကူးရောက်ရှိသွားခဲ့သည်။

League of Legends ဂိမ်းထဲမှ Kennenကဲ့သို့ ရှည်လျားသည့် အကွာအဝေးသို့ ချက်ချင်း ရောက်ရှိနိုင်သည့် အကျိုးသက်ရောက်မှုမျိုး ဖြစ်ပေသည်။ ပြီးပြည့်စုံအောင် ကျင့်ကြံနိုင်ပါက ဤသိုင်းသည် ဝှက်ဖဲတစ်ခု ဖြစ်လာပေလိမ့်မည်။

Mobile legends သမားတွေအတွက်ကတော့ flicker သုံးတာမျိုး ဒါမှမဟုတ် lancelot ရဲ့ skills တွေလိုပေါ့။ helcurts ခုန်သလိုပေါ့။

dota သမားတွေအတွက်တော့ antimageရဲ့ blink သို့မဟုတ် blink dagger item လိုပါ။

ချန်ကျဲ့နှင့် ရှောင်ဟူတို့သည် စူးယွင်ကျင်း ခေါက်ဆွဲချက်နေစဉ်အတွင်း သိုင်းလေ့ကျင့်နေကြသည်။ ခဏကြာပြီးနောက်၌ ယင်ဟုန်မိန်နှင့် ချွေ့ကျူတို့သည် ခြံဝင်းထဲသို့ ခေါက်ဆွဲပန်းကန်များသယ်လာပေးကြသည်။ ခေါက်ဆွဲပန်းကန်များမှာ ပန်းကန်လုံးအကြီးများကို အသုံးပြုထားခြင်းဖြစ်သည်။

သို့ဖြင့် ထိုအစေခံမိန်းကလေးနှစ်ဦးမှာ ပုံမှန်မဟုတ်သော ထူးဆန်းသည့်မြင်ကွင်းများကို မြင်တွေ့လိုက်ရလေသည်။

သူတို့ရောက်လာချိန်၌ ချန်ကျဲ့သည် သူ၏မူလနေရာမှ အနည်းငယ် ဝေးကွာသည့်အကွာအဝေးသို့ နေရာကူးပြောင်းနေခဲ့ကာ ရှောင်ဟူသည်လည်း ခြေလှမ်းကျယ်ကြီးများဖြင့် ခုန်သွားနေခဲ့သည်မှာ တစ်လှမ်းပြီးတစ်လှမ်း ပို၍ မြင့်တက်သွားနေခဲ့သောကြောင့် အလွန်တရာ လက်တွေ့မဆန်သည့်မြင်ကွင်း ဖြစ်နေခဲ့သည်။

နောက်ဆုံးတွင်တော့ ရှောင်ဟူသည် ခြေတစ်လှမ်းဖြင့် တံစက်မြိတ်အမြင့်အထိ ခုန်နိုင်သွားခဲ့သည်။

စူးယွင်ကျင်းအပါအဝင် အမျိုးသမီးသုံးဦးမှာ ထိုမြင်ကွင်းကြောင့် မျက်လုံးများ ပြူးကျယ်လျက် ပါးစပ်အဟောင်းသားဖြစ်ကုန်ကြသည်။

နောက်ဆုံးတွင်တော့ စူးယွင်ကျင်းမှ အသိပြန်ဝင်သွားခဲ့ကာ လှမ်းခေါ်လိုက်သည်။

“ယောကျ်ား ရှောင်ဟူ စားလို့ရပြီ”

ထိုအခါမှ အမျိုးသားနှစ်ဦးသည် လှုပ်ရှားမှုများ ရပ်တန့်လိုက်ကြပြီး မြေပြင်ပေါ်သို့ ပြန်ဆင်းလာကြသည်။ ထို့နောက် သူတို့ကို အံ့အားသင့်စွာကြည့်နေသည့် အမျိုးသမီးသုံးဦးကို မြင်လိုက်ရ၏။

ခုနက သိုင်းလေ့ကျင့်ခြင်းတွင် နစ်မြောသွားခဲ့သောကြောင့် ယခု အသိပြန်ဝင်လာချိန်တွင် နှစ်ဦးသည် အနည်းငယ် ရှက်ကိုးရှက်ကန်းဖြစ်သွားကြသည်။ သို့သော် အမြန်ပင် ဟန်မပျက် ပြန်ထိန်းလိုက်ကြသည်။

စူးယွင်ကျင်းသည် ယင်ဟုန်မိန်နှင့်ချွေ့ကျူအား ခေါက်ဆွဲပန်းကန်များ တည်ခင်းစေသည်။

ယခုထိတိုင် စူးယွင်ကျင်း၏ လက်လုပ်ခေါက်ဆွဲများသည် အရသာအရှိဆုံးဖြစ်၏။

အရည်အသွေးမြင့်ဂျုံသည် ခေါက်ဆွဲများကို ဝါးကောင်းစေကာ အမဲရိုးဖြင့် ပြုလုပ်ထားသည့် စွပ်ပြုတ်ရည်နှင့်အတူ ခေါက်ဆွဲတစ်ပန်းကန်လျှင် ကြက်ဥနှစ်လုံးနှင့် အသားနှပ်တစ်တုံး ပါဝင်သည်။

စူးယွင်ကျင်းသည် ဤအမျိုးသားများမှာ အစားကြီးကြောင်း သိထား၏။ ထို့ကြောင့် အသားနှပ်တစ်တုံးကို တစ်ပေါင်ခန့်အလေးချိန်ရှိပြီး ခေါက်ဆွဲပန်းကန်တစ်ဝက်ခန့်ကို နေရာယူထားသည့် အသားတုံးကို ထည့်ပေးထားခဲ့သည်။

ခေါက်ဆွဲပန်းကန်လုံးများသည်လည်း ပန်းကန်လုံးအကြီးများဖြစ်ပြီး ခေါက်ဆွဲသုံးပေါင်ခန့်ထည့်နိုင်သည့် အရွယ်အစားဖြစ်သည်။

သာမန်လူများသည် ခေါက်ဆွဲသုံးပေါင်ကို ကုန်အောင် စားနိုင်လိမ့်မည် မဟုတ်ပေ။ သို့သော် ချန်ကျဲ့နှင့်ရှောင်ဟူသည် သူတို့၏ခန္ဓာကိုယ်အလုပ်လုပ်သည့် စနစ်နှင့် နေ့စဉ် ခန္ဓာကိုယ်အင်အားသုံးစွဲနှုန်းများကြောင့် ခေါက်ဆွဲသုံးပေါင်ခန့် စားခြင်းသည် မများသည့်ပမာဏဟု သတ်မှတ်နိုင်ပေသည်။

ချန်ကျဲ့နှင့်ရှောင်ဟူသည် ကိုယ်စီ ခေါက်ဆွဲပန်းကန်များကို ယူ၍ ခြံဝင်းထဲရှိ ကျောက်စားပွဲတွင် စားကြသည်။

စူးယွင်ကျင်းသည် ဘေးတွင်ဝင်ထိုင်၍ ချန်ကျဲ့အတွက် ကြက်သွန်ဖြူခွာပေးနေသည်။ ရှောင်ဟူအတွက်မူ ချွေ့ကျူက ခွာပေးသည်။

ချွေ့ကျူသည် ချန်ကျဲ့ကို အသုံးချ၍ အဆင့်အတန်းမြှင့်တင်မည့်အစီအစဉ် ကျရှုံးပြီးချိန်မှ စတင်၍ အတော်လေး ရိုးသားလာခဲ့သည်။ အားလုံးသည်လည်း အစေခံမိန်းကလေးတစ်ယောက်ကိုပင် သည်းခံခွင့်လွှတ်နိုင်သည့် စူးယွင်ကျင်း၏ နူးညံ့သိမ်မွေ့သည့်စိတ်ထားကို သိရှိသွားကြသည်။

ချွေ့ကျူသည် အနီးကပ်ခစားရသည့် အစေခံအဖြစ် တာဝန်ပြောင်းရွှေ့ခံခဲ့ရသည်။ ဤသည်မှာလည်း အခွင့်ထူးခံစားရခြင်းဟု သတ်မှတ်နိုင်ပါသည်။

ထို့နောက်တွင် ချွေ့ကျူသည် ချန်ကျဲ့ကို မပြစ်မှားရဲတော့ပေ။ သို့သော် သူမသည် ချန်ကျဲ့၏လူယုံတော် ရှောင်ဟူသို့ အာရုံပြောင်းသွားခဲ့သည်။

မမျှော်လင့်စွာဖြင့် ရှောင်ဟူသည် သဘောရိုးသည့် အမျိုးကောင်းသားတစ်ဦးဖြစ်နေခဲ့ပြီး အမျိုးသမီးများကို စိတ်ဝင်စားခြင်းမရှိဘဲ သိုင်းပညာကိုသာ စိတ်ဝင်စားလေသည်။ ဂေးနေတာမဟုတ်ပါ၊ လူရိုးကြီးအဖြစ်လွန်နေတာပါ။

ရှောင်ဟူသည် ချွေ့ကျူကို အရေးမလုပ်သည်မှာ တိုက်ရိုက်ပင် မကြည့်ချေ။ ရှက်ရွံ့သောကြောင့် မျက်နှာချင်းဆိုင်ဖို့ကို အမြဲရှောင်လွှဲနေတတ်၏။

သို့သော် ချွေ့ကျူသည် မယိုင်လဲသွားပေ။ သခင်ကြီးဟူအား လက်မလျှော့တမ်း မျက်နှာသာရခြင်းငှာ ခစားနေခဲ့သည်။

ချန်ကျဲ့နှင့် စူးယွင်ကျင်းတို့နှစ်ဦးသည်လည်း ၎င်းကိုသိထားကြသော်ငြား အရမ်းကြီး စိတ်ထဲမထားကြပေ။

All Chapters