← Chapters

နှစ်ဆဆုံးရှုံးမှုကို ကြုံရခြင်း

Vol. 46 Ch. 639

နှစ်ဆဆုံးရှုံးမှုကို ကြုံရခြင်း

Vol. 46 Ch. 639

ကျန်းရီသည် ကောင်းကင်ရှောင်တိမ်းခြင်းဖြင့် လေဟာနယ်ကို စုတ်ဖြဲပြီးနောက် တစ်နာရီ ကြာချိန်တွင် ကျွန်းအထက် လေထဲတွင် လေဟာနယ် အတက်အကျတစ်ခု ပေါ်လာလေ၏။ လေဟာနယ်ထဲတွင် ရှုပ်ထွေးသည့် ပုံသဏ္ဍန်တစ်ခုက လျှင်မြန်စွာ ဖွဲ့တည်လာပြီး ထိုပုံသဏ္ဍန်၏ အလယ်တွင် အလင်းစက်လေးတစ်စက် ရှိနေပြီး တဖြည်းဖြည်းချင်း ပြန့်ကားသွားသည်။ ပြီးနောက် ကြောက်မက်ဖွယ်ကောင်းသည့် ရှေးဟောင်းလမ်းကြောင်းတစ်ခု ပေါ်လာပြီး ထိုလမ်းကြောင်းအတွင်းမှ လူအယောက်သုံးဆယ်ကျော်သည် ကြောက်မက်ဖွယ်ကောင်းသည့် အရှိန်ဖြင့် ပြေးထွက်လာလေ၏။

ဘီး

ရှေ့ရှိလူက ပိန်ချုံးသော အကြီးအကဲဖြစ်ပြီး သူကလက်ယမ်းလိုက်ရာ ပင်လယ်လှိုင်းများကို ဗရမ်းဗတာ ဖြစ်သွားစေ၏။ လေဟာနယ် နယ်မြေ၏ အလွှာအားလုံး တုန်ယင်နေလေရာ အားလုံးလေဟာနယ်မှ လွတ်မြောက်သွားရန် မဖြစ်နိုင်ပေ။ လေဟာနယ်တုန်နှုန်းက လူတိုင်းအတွက် သေစေနိုင်လောက်သည်။

“အမ် ဘယ်သူမှ မရှိဘူးလား”

အတွင်းတိမ် ဖြစ်နေသည့်ပမာ အကြီးအကဲ၏ မျက်လုံးများက ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်လျက် မိုင်တစ်ရာဝန်းကျင်ကို စစ်ဆေးလိုက်သော်ငြား ဘာကိုမှ ရှာမတွေ့ခဲ့ပေ။ နောက်မှလိုက်လာသည့် လူများကလည်း ပတ်ဝန်းကျင်ကိုကြည့်လျက် သတိအနေအထား ရှိနေကြသော်ငြား သက်ရှိတစ်ယောက်မျှ မတွေ့ကြပေ။

“သခင်လေးဖေး လုံယွိသေပြီ ထန့်ချီ ပျောက်နေတယ်”

ရှီးဖေးဘေးတွင် ရပ်နေသောလူတစ်ယောက်က အောက်ရှိကျွန်းကို လက်ညိုးထိုးပြလိုက်ပြီးနောက် သတင်းပို့လိုက်သည်။

“ကျွန်းပေါ်မှာ စကားလုံးတွေရှိတယ်။ တစ်ယောက်ယောက် ချန်ထားတာ ဖြစ်လောက်တယ်”

“အမျိုးယုတ် ငါမင်းကိုမသတ်ရရင် ငါလူတစ်ယောက် မဟုတ်တော့ဘူးလို့ ကျိန်တယ်”

ရှီးဖေးသည် ကျွန်းပေါ်ရှိ အခြေအနေကို မြင်ပြီးဖြစ်ကာ ကောင်းကင်ဧကရာဇ်၏ အလောင်းကို တွေ့ရပြီး ထိုဘေး၌ စကားလုံးကြီးများကို တွေ့လိုက်ရသည်။

“ရှီးဖေး မင်းအဖေနောက်ကို ဆက်လိုက်ရဲတယ်ဆိုရင် ဒါကမင်းရဲ့ အဆုံးသတ် ဖြစ်လိမ့်မယ်”

ရိုးရှင်းသည့် စာတစ်ကြောင်းဖြစ်သော်ငြား လှောင်ပြောင်စော်ကားမှုများ ကျိန်ဆဲမှုများ ပါနေသည်။ ရှီးဖေးသည် သူ၏ဘဝတွင် တစ်ခြားသူများ ကျိန်ဆဲတာ မခံရဘူးပေ။ ဆန်းကြယ်နတ်ဘုရား နန်းတော်ထဲတွင် ကျန်းရီကြောင့် အများရှေ့ အရှက်ကွဲခဲ့ဖူးသည်။ ယခုကျန်းရီက မသင့်တော်သော အယုတ္တ အနတ္တ စကားလုံးများ ချန်ထားရစ်ခဲ့သည်။ ရှီးဖေး၏ အဖေဟုတောင် သူ့ကိုယ်သူ ပြောသည်တဲ့လား။

ရှီးဖေးရဲ့ အဖေဆိုတာဘာလဲ။ သူက လက်ရှိ မျိုးနွယ်စုခေါင်းဆောင်ဖြစ်ပြီး ရှီးမျိုးနွယ်စု၏ ဒုတိယအကောင်းဆုံး ပုဂ္ဂိုလ်ဖြစ်ကာ အရှေ့ပိုင်း တော်ဝင်နယ်မြေ တစ်ခုလုံးတွင် နာမည်ကျော်ကြားသည်။ ယခုအချိန်တွင် ရှီးဖေးက သူ့မျိုးနွယ်စု၏ ဖုန်းရှန်ကျဲကို ဦးဆောင်ကာ ဖုန်းရှန်ကျဲနှင့် အသန်မာဆုံး မိစ္ဆာဧကရာဇ် စစ်သည်များကို ခေါ်လာ၏။ သူမည်ကဲ့သို့ ဒေါသမထွက်ဘဲ နေမည်နည်း။

“ဝူလောင် ကျေးဇူးပြုပြီး ကျန်းရှင်းရှုအတတ်ကို ဆက်သုံးပေးပါအုံး။ အဲ့ဒီကောင်ကို ရှာမှရမယ်။ သူ့ရဲ့ကျင့်ကြံဆင့် နယ်ပယ်နဲ့ ရုပ်ခန္ဓာက အားနည်းလွန်းတာ။ ကောင်းကင်ရှောင်တိမ်းခြင်း စွမ်းရည်ကို ဆက်တိုက် သုံးနိုင်မှာမဟုတ်ဘူး။ သူရှိနေတဲ့ နေရာကို ရှာနိုင်တာနဲ့ ကျုပ်တို့တွေသူ့ကို နုတ်နုတ်စင်းနိုင်ပြီ”

ရှီးဖေးသည် သူ့ဘေးရှိ ဝတ်ရုံဖြူဖြင့် အကြီးအကဲကို ညွှန်ကြားလိုက်သည်။ ဖုန်းရှန်းကျားများသည် ဂုဏ်ယူဝင့်ကြွားတာ ဖြစ်နိုင်သော်ငြား ယခုအချိန်တွင် ရှီးဖေးကို ဒေါသမထွက်ရဲပေ။ သူက ကျွန်းပေါ်သို့ ဆင်းသက်ရန် သူ့လူများကို အမြန်ခေါ်ပြီးနောက် ရှိနေသည့်နေရာကို ခြေရာခံတော့သည်။

“လူခွဲပြီးရှာကြည့် သဲလွန်စတွေရှာ ကျန်းရီနဲ့အတူရှိနေတဲ့ တစ်ခြားသိုင်းပညာရှင် တစ်ယောက်ရဲ့ အရှိန်အဝါ တည်ရှိမှုကိုရှာကြည့်”

ရှီးဖေးက လှိုင်းကြီးတစ်ခု ပြုလုပ်လိုက်ရာ သိုင်းပညာရှင် အယောက်သုံးဆယ်ကျော်ကို တကွဲတပြားစီ ဖြစ်သွားစေ၏။ ယခုအချိန်တွင်သူက အယောက်ခြောက်ဆယ်ကျော် ခေါ်လာသည်။ သို့သော် အများစုက ခေါ်၍မရသည့် ဧရိယအတွင်း ရောက်နေတာကို နောင်တရမိသည်။ သူသတင်းရသည်နှင့် အယောက်သုံးဆယ်ကျော်ကို အချိန်တိုအတွင်း စုစည်းနိုင်သည်က ချီးကျူးဖွယ် ကောင်းနေပြီးသားဖြစ်သည်။ ကျန်းရှင်းကျားနှင့် ရှန်းဝမ်တာ့ရှီး နှစ်ဦးလုံးသည် သူတို့၏စွမ်းရည်ကို ထုတ်ဖော်ရန် အချိန်လိုအပ်သည်က ရှီးဖေးကို ခေါင်းကိုက်စေတာပဲဖြစ်သည်။ ကျန်းရီသည် ကောင်းကင်ရှောင်တိမ်းခြင်းကို ဆက်တိုက် အသုံးမပြုနိုင်ကြောင်းသာ သူခန့်မှန်းနိုင်သည့် အချက်ကြောင့်သာ မဟုတ်လျှင် သူတို့သူ့နောက်ကိုလိုက်ရန် အချိန်ရှိတော့မှာမဟုတ်။ မဟုတ်လျှင် သူတို့လေဟာနယ်ကို ဖြတ်ကျော်တိုင်း ကျန်းရီက ထွက်သွားနှင့်ပြီ ဖြစ်နေမှာပင်။ ထိုသို့ဆိုလျှင် မည်သည့်အတွက်ကြောင့် လိုက်ရတော့မည်နည်း။

“လုံယွိနဲ့ ထန်ချီ မျိုးမစစ်နှစ်ကောင်... တစ်ခုခု သံသယဖြစ်စရာ ရှာတွေ့ပြီဆိုတာနဲ့ ချက်ချင်း သတင်းပို့ အဆင်အခြင်မဲ့ မလှုပ်ရှားဖို့ အတန်တန် ပြောခဲ့ရဲ့သားနဲ့။ အခုသူတို့က ပစ်မှတ်ကို သတိပေးသလို ဖြစ်သွားပြီ။ နောင်ကျ ဒုက္ခပိုများတော့မှာ”

ရှီးဖေးက ကျိန်ဆဲနေပြီး အမူအရာက အလွန်မှုန်ကုပ်နေသည်။ သို့သော် သတင်းကောင်း ပြန်ရလာ၏။ ကျန်းရီအပြင် နောက်ထပ် မတူညီသည့် စိတ်ဝိညာဉ် တည်ရှိမှုနှစ်မျိုးကို ရှာတွေ့ကာ တစ်မျိုးက နတ်ဆိုးဧကရာဇ်၏ အရှိန်အဝါ တည်ရှိမှုဖြစ်သည်။ ထိုကျန်းရှင်းကျားသည် ထိုနှစ်ယောက်ပေါ် စိတ်အမှတ်အသား ပြုပြီးဖြစ်ကာ ကျန်းရီတည်ရှိမှုကို မရှာနိုင်လျှင်တောင် သူတို့ကထိုနေရာကို ရှာနိုင်မှာပဲဖြစ်သည်။

တစ်နာရီခန့် ကြာပြီးနောက် ကျန်းရှင်းကျားသည် မျက်လုံးဖွင့်လိုက်ပြီး ရှီးဖေး၏ မျှော်လင့်တကြီး မျက်ဝန်းများကိုကြည့်လိုက်သည်။ သူက ကူကယ်ရာမဲ့စွာ သက်ပြင်းချလျက် ပြောလိုက်၏။

“သခင်လေးဖေး သူတို့တွေက လေဟာနယ် အသုံးအဆောင်ထဲ ဝင်သွားတာပဲ ဖြစ်ရမယ်။ အရှေ့အရပ်နဲ့ မိုင်တစ်သောင်းအကွာမှာ သူတို့ရှိနေတယ်ဆိုတာပဲ အာရုံခံမိတယ်။ နေရာအတိအကျကို မရှာနိုင်ဘူး”

သေစမ်းကွာ

ရှီးဖေးသည် ဒေါသတကြီး လက်ဝါးဖြင့် ရိုက်လိုက်ရာ လှိုင်းလုံးထောင်ချီကို လွင့်ထွက်သွားစေ၏။ လက်ဝါးရိုက်ချက်ကြောင့် ဧရာမ သန္တကျောက်တန်းကြီးတောင် ပေါ်လာလေ၏။ ရေများနေရာအနှံ့ လွင့်စင်သွားပြီး ပင်လယ်ရေတို့က ပိုတောင်မြင့်တက်လာတော့သည်။

ဘီး

ထိုစဉ် ကောင်းကင်ထက်၌ ရုတ်တရက် လေဟာနယ် အတက်အကျ ဖြစ်လာပြီး ရှီးဖေးဘေးရှိ ရင့်ရော်သော အသားအရေဖြင့် ဖုန်းရှန်ကျဲက ဖျတ်ခနဲ လှုပ်ရှားသွား၏။ ကောင်းကင်ဧကရာဇ်များက ချက်ချင်းပင် ကျန်းရှင်းကျားနှင့် ရှန်းဝမ်တာ့ရှီးတို့ကို ဝိုင်းလိုက်ကြသည်။ နှစ်ယောက် ပျောက်ကွယ်သွားလျှင် သူတို့က အသတ်ခံရမှာပဲဖြစ်သည်။

“ကျန့်ဝူယင်လား”

မြင့်မားသည့် ကောင်းကင်ထက်မှ လေဟာနယ် ရှေးဟောင်းလမ်းကြောင်းတစ်ခု ပေါ်လာသည်။ လူ(၁၂)ယောက်ခန့် ထွက်လာပြီး ရှေ့ဆုံးမှလူက ရှစ်နှစ်အရွယ်ကလေးကို ချီထားသည့် အကြီးအကဲ တစ်ဦးဖြစ်သည်။ သူတို့အပြင်သို့ ထွက်လာသည်နှင့် ဧရိယာကို ကောင်းကင်စိတ်အာရုံ ဖြန့်ကျက်ပြီး ရှာဖွေလိုက်ရာ လူတိုင်းက အတွင်းအားများကို ထုတ်ထားပြီး တိုက်ခိုက်ရန် အသင့်ပြင်နေ၏။

“ရှီးဖေးလား”

ကျန့်ဝူယင်က မျက်မှောင်ကြုတ်ထားလျက် ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ သူကအမြန် နှာခေါင်းရှုံ့ကာ ပြောလိုက်တော့၏။

“ရှီးဖေး ကြည့်ရတာ မင်းဒီတစ်ခေါက် နှစ်ဆဆုံးရှုံးတဲ့ပုံပဲ။ ကျွတ် ကျွတ် အဲ့ဒီစကားတွေက တဲ့တိုးဆန်ပြီး ဖိအားပါတယ်။ သူတို့တွေက ရေးထားတာ ကောင်းတယ်ကို”

ရှီးဖေးသည် ကျွန်းအထက် ပျံဝဲနေပြီး ကောင်းကင်ဧကရာဇ် သိုင်းပညာရှင်များကမူ ထိုစကားလုံးများကို မထိရဲချေ။ ကျန့်ဝူယင် ပေါ်လာချိန်၌ ကျန်းရီချန်ထားရစ်ခဲ့သော စကားလုံးများကို ချက်ချင်းတွေ့လိုက်၏။

သူတို့သည် ဆန်းကြယ်နတ်ဘုရား နန်းတော်အပြင်ဘက်၌ ရှီးမျိုးနွယ်စုသည် နတ်မြင်းပျံ အင်ပါယာ၏ လူအချို့ကို ဒဏ်ရာရစေခဲ့သည်။ ယခုမူ သူတို့အတွက် လှုံ့ဆော်စော်ကား ပြောဆိုမှာ မြလွဲမသွေပဲဖြစ်သည်။

“အမ်”

ရှီးဖေးက ဒေါသအထွတ်အထိပ် ရောက်နေသေးဆဲဖြစ်သည်။ သူ၏အကြည့်တို့က အေးစက်လာလျက် ကျန့်ဝူယင်ကို စိုက်ကြည့်ကာ ပြောလိုက်သည်။

“ကျန့်မျိုးနွယ်စုရဲ့ကလေး မင်းသေချင်နေသလား။ သိပ်ပြီးမရိုင်းနဲ့။ မဟုတ်ရင်မင်း အရွယ်မတိုင်မီ သေသွားရလိမ့်မယ်။ မင်းရဲ့မွေးရာပါ ပါရမီနဲ့ ပျောက်ကွယ်သွားမယ်ဆိုရင် ဓားဧကရာဇ်က အချိန်အတော်ကြာ ရင်ကွဲနာ ကျနေတော့မှာပဲ”

“ဖွီ”

ကျန့်ဝူယင်က တံတွေးထွေးပြီးနောက် နှာခေါင်းရှုံ့လိုက်တော့သည်။

“ရှီးဖေး မင်းက ငါ့ထက် အသက်ပိုကြီးရုံပဲ။ ဒီသခင်လေးက မင်းအရွယ်ရောက်တဲ့အချိန် ကောင်းကင်ဧကရာဇ် အမြင့်ဆုံးအဆင့်ကို ရောက်နေမှာ သေချာတယ်။ အဲ့ဒီအချိန်ကျရင် ငါ့ဆီက တိုက်ကွက်တစ်ကွက်ထဲနဲ့ မင်းကိုသတ်နိုင်တယ် ဝါး ဝါး သွားကြမယ် နဂါးညှိုးရော်မြက်ကို လုရအောင်”

ကျန့်ဝူယင်သည် သူ့လူများကို ဦးဆောင်လျက် အံ့တကြိတ်ကြိတ်ဖြစ်နေသော ရှီးဖေးတို့အဖွဲ့ကို ထားပြီးထွက်သွားတော့သည်။ ရွေးချယ်စရာမရှိပေ။ ကျန့်ဝူယင်က အရေအတွက် သာနေ၏။ ရှီးဖေးသည် ဒေါသထွက်လျှင်တောင် ကြမ်းတမ်း၍မရပေ။

“မင်းတို့တွေ ဘာထိုင်လုပ်နေတာလဲ။ အရှေ့ဘက်ခြမ်းကို ရှာကြလေ။ ကျန်းရီကို ရှာမတွေ့ရင် ပြန်မလာနဲ့။ အမိန့်ကိုပို့လိုက် တစ်ခြားသူတွေလည်း အရှေ့ဘက်ခြမ်းကို ရှာကြ”

ရှီးဖေးက ဒေါသတကြီး အော်လိုက်ရာ မိုင်တစ်ဒါဇင်ခန့် ပြန့်လွင့်သွားတော့သည်။ မရေမတွက်နိုင်သော ပင်လယ်နတ်ဆိုးများကလည်း အရပ်မျက်နှာအနှံ့ တစ်ကွဲတစ်ပြားဆီ ပြေးကြရာ ပင်လယ်ရေလှိုင်းများက အချိန်အတော်ကြာပြီးမှသာ ငြိမ်ကျသွားတော့သည်။

“ချီလောင် သူ့ကိုသင့်တော်သလို စစ်ဆေးလိုက်”

ကျန်းရီက သွေးညအကြောက်တရား ပင်လယ်၏ အရှေ့မြောက်အရပ်တွင် ရှိနေပြီး သူတို့က အရှေ့ပိုင်း တော်ဝင်နယ်မြေသို့ ချဉ်းကပ်လာနေပြီဖြစ်သည်။ အနောက်အရပ်ဆီသို့ ဆက်မသွားရဲပေ။ ဖီးနစ်အော်သံ နယ်မြေကို မညှိစွန်းစေချင်သောကြောင့်ဖြစ်သည်။ တောင်ဘက်ခြမ်းသည် သွေးညအကြောက်တရား ပင်လယ်၏ ဗဟိုဖြစ်၏။ အရှေ့ပိုင်း ဧကရာဇ်ကိုးပါးနှင့်ယှဉ်လျှင် အကွာအဝေး အနည်းငယ် ရှိလောက်သည်။ ထိုနေရာသို့ မသွားရဲသောကြောင့် အရှေ့အရပ်ဆီသို့သာ ထွက်ပြေးခြင်းက တစ်ခုတည်းသော ရွေးချယ်စရာ ဖြစ်နေသည်။

အရှေ့ပိုင်း တော်ဝင်နယ်မြေနှင့် နီးနေချိန်တွင် အနီးအနား၌ နတ်ဆိုးဧကရာဇ်များ မရှိပေ။ အရှေ့ပိုင်း တော်ဝင်နယ်မြေက မရေမတွက်နိုင်သော သိုင်းပညာရှင်များ ရှိသည့်နေရာ ဖြစ်သောကြောင့် နတ်ဆိုးဧကရာဇ်များက ဤနေရာကို ယူရဲလျှင် သူတို့က နယ်မြေ၏ သိုင်းပညာရှင်များ သုတ်သင်ရှင်းလင်းတာ ခံရမှာသေချာသည်။

အနီးအနား၌ နတ်ဆိုးဧကရာဇ်များ မရှိကြောင်း အတည်ပြုပြီးနောက် ချက်ချင်းပင် ပင်လယ်ရေ အနက်ဆုံးအပိုင်းဆီသို့သွားကာ ဧကရီနန်းတော်ထဲ ဝင်ရောက်လိုက်သည်။

ရှီးမျိုးနွယ်စု၏ ကောင်းကင်ဧကရာဇ်က သူ့ကို တစ်ဖက်လူသည် သူ၏ အရှိန်အဝါ တည်ရှိမှုကို မှတ်သားလျက် ခြေရာခံနေသည်ဟု ဆိုခဲ့သည်။ ဧကရီနန်းတော်ထဲ ဝင်ရောက်လိုက်သည်နှင့် သူ၏အရှိန်အဝါ တည်ရှိမှုက အပြင်လောကနှင့် သီးခြားဆီ ဖြစ်သွားပြီး သူ့ကိုရှာနိုင်တော့မှာမဟုတ်။ ဆိုလိုသည်က ဖြည်းဖြည်းချင်းသာ ရှာနိုင်ပေမည်။

ဧကရီနန်းတော်ထဲသို့ ဝင်ရောက်ပြီးနောက် ကျန်းရီက ချက်ချင်းပင် ရှီးမျိုးနွယ်စု၏ ကောင်းကင်ဧကရာဇ်ကို စစ်မေးရန် ချီလော့ကို တာဝန်ပေးလိုက်ပြီး ကျန်းရှင်းကျားနှင့် ရှန်းဝမ်တာ့ရှီးတို့အကြောင်း သတင်းအချက်အလက် အကုန်အစုံ ရှာခိုင်းလိုက်သည်။ ကျန်းရီသည် အချက်အလက် ရှာမတွေ့လျှင် ငြိမ်းငြိမ်းချမ်းချမ်း အိပ်ပျော်တော့မှာ မဟုတ်ပေ။

တစ်ချိန်ထဲတွင် အနားပတ်ဝန်းကျင်ကို စစ်ဆေးရန်အတွက် ကောင်းကင်သိမြင် နားလည်ခြင်းကို ထုတ်ဖော်လိုက်သည်။ ပြီးနောက် ကောင်းကင်ရှောင်တိမ်းခြင်း စွမ်းရည်ကို ထပ်မံသုံးလိုက်၏။

ရှီးဖေးခန့်မှန်းတာ မှန်သည်။ ယခင်ကျန်းရီသာဆိုလျှင် ကောင်းကင်ရှောင်တိမ်းခြင်းကို ဆက်တိုက် သုံးနိုင်မှာမဟုတ်ပေ။ သို့သော်ယခု မတူတော့ပေ။ သူသည် နဂါးညှိုးရော်မြက်ကို သန့်စင်ပြီးနောက် ခန္ဓာကိုယ်သည် အဆပေါင်းများစွာ သန်မာလာပြီး ကျင့်ကြံဆင့်က မတိုးတက်လာတာ ဖြစ်နိုင်သော်ငြား ကောင်းကင်ရှောင်တိမ်းခြင်းကို နှစ်ကြိမ်ဆက်တိုက် သုံးခြင်းက ပြဿနာမရှိတော့ပေ။

“ဟွား ဟွား ရှီးဖေး မင်းဆက်လိုက်ရဲတယ်ဆိုရင် မင်းနဲ့မင်းလူတွေ ဒီသွေးညအကြောက်တရား ပင်လယ်ထဲမှာ သေသွားအောင် လုပ်ပေးမယ်”

ပတ်ဝန်းကျင်သည် မူမမှန်မှုမရှိကြောင်း အတည်ပြုပြီးနောက် ကျန်းရီသည် မျက်လုံးဖွင့်လိုက်ရာ နှစ်တစ်သောင်း ရေခဲမြစ်ပမာ အေးစက်နေတော့သည်။ သူသည် ရှင်းလင်းသည့် အတွေးတစ်ခု မရသေးတာ ဖြစ်နိုင်သော်ငြား အကြံတချို့ ရပြီးသားဖြစ်သည်။ ယခုကောင်းကင်ရှောင်တိမ်းခြင်းကို နှစ်ကြိမ်ဆက်တိုက် အသုံးပြုနိုင်ပြီဖြစ်သောကြောင့် ရှီးမျိုးနွယ်စု၏ သိုင်းပညာရှင်များနှင့် ဆော့ကစားရန် အရည်အချင်းအချို့ ရှိလာပြီဖြစ်သည်။

***

All Chapters