← Chapters

အခန်း (၄၃၅-၄၃၉)

Vol. 32 Ch. 435-439

အခန်း (၄၃၅-၄၃၉)

Vol. 32 Ch. 435-439

အပိုင်း(၄၃၅): ခေတ်ရဲ့ ကံကြမ္မာ၊ နောက်ဆုံးကံကြမ္မာ

တစ်ချိန်တည်းမှာပင်။

တိုက်မြေ သုံးထောင် ၊

ရှေးဟောင်း ဖီးနစ်မျိုးနွယ်စု။

“ စူးချန်ကဲ! မင်း အတော်သတ္တိရှိတာပဲ!!!”

ကျယ်လောင်သော အော်ဟစ်သံသည် ကောင်းကင်ယံတွင် ပဲ့တင်ထပ်သွားပြီး ၊ မကောင်းဆိုးဝါးစွမ်းအားများ တလိပ်လိပ် ရိုက်ခတ်သွားလေသည်။

ကျယ်လောင်လှသော ဤကြောက်စရာကောင်းသော အသံနှင့်အတူ ၊ ကောင်းကင်ယံ၌ လွင့်မျောနေသော တိမ်တိုက်များပင်လျှင် တိုက်ရိုက် ဖြိုခွဲခံလိုက်ရသည်။

ထိုအချိန်တွင်၊ ဟွမ်ထျန်း ဝူတောက်၏ မျက်လုံးများသည် ဒေါသကြောင့် နီမြန်းနေပြီး သွားများကို တင်းတင်းအံကြိတ်ထားသည်။

သူ၏ ခန္ဓာကိုယ်ပေါ်မှ ပေါက်ကွဲထွက်လာသော မကောင်းဆိုးဝါးစွမ်းအင်များသည် လေထုအလွှာများကို တုန်ခါသွားစေသည်။

ကွေးယွမ် သူတော်စင်နယ်မြေကို ထပ်ပြီး မစော်ကားရန် သူ့သားကို မှာကြားခဲ့ဖူးသည်။

မိမိတို့ ရှေးဖီးနစ်မျိုးနွယ်စုသည် ကွေးယွမ် သူတော်စင် နယ်မြေနှင့် ရန်သူမဖြစ်လိုတော့ကြောင်းကို အရိပ်အမြွက် ပြသခဲ့သည်။

သို့သော် မိမိ၏ သားဖြစ်သူမှ အစပြုကာ ဧကရာဇ်လျှောက်လှမ်းတွင် ရှိနေသော ကွေးယွမ် သူတော်စင်နယ်မြေ၏ ပါရမီရှင်များကို ဝိုင်းဝန်းနှိမ်နင်းရာတွင် ပါဝင်ဆောင်ရွက်ခဲ့လိမ့်မည်ဟု မည်သူက ထင်မှတ်လိမ့်မည်နည်း။

ယခု သားဖြစ်သူသည် စူးချန်ကဲ၏ တိုက်ရိုက် သတ်ဖြတ်ခြင်း ခံခဲ့ရရုံသာမက သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာလည်း လုံးဝ ပျက်စီးသွားခဲ့သည်။

သူ့ကို ပို၍ ဒေါသထွက်စေခဲ့သည်မှာ မိမိ၏ ရှေးဖီးနစ်မျိူးနွယ်စုကို အမြစ်ကနေ သုတ်သင်မည်ဖြစ်ကြောင်း ကြေညာခဲ့သော စူးချန်ကဲ၏ စကားများကိုပင်။

“ ခွင်းလွင်... က ငါ့ရဲ့ တစ်ဦးတည်းသော သွေးသားပဲ!!!”

ဟွမ်ထျန်းဝူတောက်သည် ထိန်းချုပ်လို့မရတော့သည့်အထိ ဒေါသမီးများ တောက်လောင်နေခဲ့သည်။

သူ၏ တစ်ဦးတည်းသော သွေးသားသည် ယခု သေဆုံးသွားခဲ့ပြီ ဖြစ်သည်။ ယင်းက ၎င်းတို့၏မျိုးရိုးဆက်ခံမှုကို လုံးဝ ဖြတ်တောက်ပစ်လိုက်ခြင်း ဖြစ်သည်ဟု ဆိုရပေတော့မည်။

ဒါ သူ့ကိုသတ်လိုက်တာနဲ့ ဘာကွာတုန်း!

“ဟာဟားဟား၊ ကောင်းကင်ဘုံ မကောင်းဆိုးဝါးတောင်တန်းနဲ့ ကောင်းကင်လမ်းစဉ် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ က နဂါးမျိုးနွယ်စု နဲ့ ဖီးနစ် မျိုးနွယ်စုကို တစ်ချိန်လုံး စစ်တုရင်အဖြစ် အမြဲအသုံးချချင်နေခဲ့တာ....”

“ အခုတော့ နဂါးမျိုးနွယ်စု က လုံးဝ နောက်ဆုတ်သွားပြီ... ဒါပေမယ့် ငါကတော့ ဒီအတိုင်း နောက်ဆုတ်ဖို့ ဆန္ဒမရှိဘူး!”

ဟွမ်ထျန်း ဝူတောက်၏ အသံသည် အနည်းငယ် ရူးသွပ်မှုများ ပါဝင်နေသည်။

သူသည် အခြေအနေအားလုံးကို ထည့်သွင်းစဉ်းစားတတ်သော ထျန်းလုံ ချန်းခွင် ကဲ့သို့ ဆင်ခြင်တုံတရား မရှိပေ။

“ငါ့သွေးသား ပြတ်တောက်သွားပြီ‌...”

“ ဒီကောင်က ငါ့ကိုရန်သူလို့ သတ်မှတ်မှတော့ ဒါဆို အကုန်လုံး သေပေတော့! “

“မသေခင် နောက်ဆုံးအနေနဲ့ ဘာလို့ မရူးသွပ်နိုင်ရမှာလဲ”

ဟွမ်ထျန်း ဝူတောက်သည် သွားများကို တင်းတင်းကျပ်ကျပ် အံကြိတ်ရင်း ၊ သူ၏ ကျင့်ကြံစွမ်းအားများကို အသက်သွင်းကာ ခန်းမထဲမှ အမြန်ထွက်ခွာလာခဲ့သည်။

သူသည် ရှေးဖီးနစ်မျိုးနွယ်စု၏ ဘိုးဘွားပိုင်မြေသို့ ရောက်ရှိလာခဲ့သည်။

နောက်ဆုံးတွင် ၊ သူသည် ဘိုးဘွားပိုင်မြေရှေ့တွင် ဒူးထောက်ကာ ခေါင်းနှင့် မြေကြီးကို ဆောင့်လျက် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

“၃၆၉၁၂ ခုမြောက် ဖီးနစ်မျိုးနွယ်ခေါင်းဆောင် ဟွမ်ထျန်း ဝူတောက် ကွယ်လွန်သူဘိုးဘေး‌တို့ကို လာရောက် ဂါရဝပြုပါတယ် “

“ ကျွန်တော့်သား ဟွမ်ထျန်းခွင်းလွင်ဟာ ဧကရာဇ်လျှောက်လှမ်းမှာ ကွေးယွမ် သူတော်စင် နယ်မြေရဲ့ ဆက်ခံသူ စူးချန်ကဲရဲ့ သတ်ဖြတ်ခြင်းကိုခံခဲ့ရတယ် !”

“ အပြစ်သားဟာ နောင်တစ်ချိန်မှာ ဧကရာဇ်တစ်ပါးဖြစ်လာပြီး ရှေးဖီးနစ် မျိုးနွယ်စုကို အပြီးအပိုင် သုတ်သင်ပစ်မယ်လို့ မဟာလမ်းစဉ်ကို တိုင်တည်ပြီးကျိန်ဆိုခဲ့ပါတယ်!”

“ ဝူတောက် ဘိုးဘေးတို့ကို မေတ္တာရပ်ခံအပ်ပါတယ် ၊ ကောင်းကင်ဘုံ မကောင်းဆိုးဝါးတောင်တန်း၊ ကောင်းကင်လမ်းစဉ် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့တို့နဲ့ လက်တွဲပြီး တပ်များကို ပေးသနားတော်မူပါ”

ဒုန်း!!

ဟွမ်ထျန်း ဝူတောက်သည် ခေါင်းနှင့်မြေကြီးကို ဆောင့်ချပြန်သည်။

ဤအနေအထားဖြင့် ဆယ်စက္ကန့်အကြာတွင် ၊

သက်ပြင်းချသံ တချက် ရုတ်တရက် ထွက်ပေါ်လာသည်။

ထို့နောက် ။

ဝုန်း !

ခမ်းနားပြီး ရှေးကျသော မကောင်းဆိုးဝါး စွမ်းအင်များက ကောင်းကင်သို့ ပျံတတ်သွားသည်။

အဆုံးမရှိ တောက်လောင်နေသော မီးတောက်များသည် မီးလျှံပင်လယ်ကြီးအဖြစ် ဟင်းလင်းပြင်ကို လောင်မြိုက်နေသည်။

“နှစ်တွေ အများကြီးကုန်သွားပြီ... ကွေးယွမ် သူတော်စင် နယ်မြေက ဒီလောက်တောင် အစွမ်းထက်နေတုန်းလား...?”

“ ကောင်းကင်ဘုံ မကောင်းဆိုးဝါးတောင်တန်း နဲ့ ကောင်းကင်လမ်းစဉ် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ကရော တိုက်ခိုက်ဖို့ လက်တွဲထားကြပြီးပြီလား ..”

ခပ်ဝါးဝါး အသွင်ပုံရိပ်သည် အဖြစ်အပျက်၏ အကြောင်းရင်းကို ဖော်ထုတ်ရန် ကြိုးစားနေသကဲ့သို့ လက်ချောင်းများဖြင့် တွက်ချက်နေသည်။

သို့သော် သူသည် ထပ်ပြီး သက်ပြင်းချလိုက်သည်။

“ ဝူတောက် ၊ ဒီလိုလုပ်လိုက်ရင် ငါ့ရဲ့ ရှေးဖီးနစ် မျိုးနွယ်စုဟာ သူတို့ အဓိကအင်အားစုနှစ်ခုရဲ့ ရှေ့ပြေးတပ်အဖြစ် ထမ်းဆောင်ရတော့မယ်ဆိုတာ မင်း သိရဲ့လား?”

“ငါတို့မအောင်မြင်ရင် ငါတို့သေလိမ့်မယ်”

ဟွမ်ထျန်း ဝူတောက်သည် အချိန်အတော်ကြာ စကားမဲ့နေခဲ့ပြီး နောက်ဆုံးတွင် သူသည် အသက်ပြင်းပြင်းရှူကာ ပြန်ဖြေလိုက်သည်။

“ဒါက ကျွန်တော်တို့ မျိုးနွယ်စုအတွက် တစ်ခုတည်းသော အခွင့်အရေးပဲ၊ ကောင်းကင်ဘုံ မကောင်းဆိုးဝါး တောင်တန်းက မိစ္ဆာနတ်ဘုရား စည်းတံဆိပ်ကို ရယူနိုင်ခဲ့ပြီ....”

“ ကောင်းကင်လမ်းစဉ် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ကလည်း ဒဏ္ဍာရီလာ ကောင်းကင်လမ်းစဉ် အာဏာစက်ဒိုင်းလွှာကို အသုံးပြုဖို့ ပြင်ဆင်နေကြတယ်...”

“ဒါက ကျွန်တော်တို့အတွက် တစ်ခုတည်းသော အခွင့်အရေးပဲ!”

……..

နောက်ထပ် အကြာကြီး ငြိမ်သက်သွားပြီးနောက် ၊

ဘိုးဘေးဖြစ်သူ၏ အသွင်ပုံရိပ်က သက်ပြင်းတစ်ချက်ချလိုက်ရင်း။

“ ထားပါလေ ၊ တဖက်အဖွဲ့က ငါတို့မျက်နှာကို ရစရာမရှိအောင် လုပ်ပြီးမှတော့ ငါတို့အတွက် ထွက်‌ပေါက် မရှိတော့ဘူး....”

ထို့နောက် ဘိုးဘေးသည် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။

ဘုန်း ! !

မရေမတွက်နိုင်သော မီးတိုင်များက ကောင်းကင်သို့ တည့်တည့်မတ်မတ် ပစ်ခွင်းဝင်ရောက်သွားသည်။

မီးတောက်များက တဟုန်းဟုန်း တောက်လောင်ကာ အလွန်ကြီးမားသော မီးလျှံမုခ်ဝတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

ထိုကြီးမားသော မီးလျှံမုခ်ဝ အထက်တွင် ဖီးနစ်များက အတူတကွ အော်ဟစ်နေကြသည်။

ရှေးကျကာ ထာဝရဖြစ်တည်လာသော တိုက်မြေ သုံးထောင်၏ ဖီးနစ်ရင်းမြစ်ဂိတ်ကဲ့သို့ပင် ။

ဤကြောက်မက်ဖွယ် ကောင်းသော ရူပါရုံသည် တိုက်မြေသုံးထောင်ရှိ လူတိုင်း၏ အာရုံကို စွဲဆောင်နိုင်ခဲ့သည်။

“ဒါက... ရှေးဖီးနစ်မျိုးနွယ်စုရဲ့ ဖီးနစ်တံခါး!”

“ ကောလဟာလအရ ဒါဟာ ရှေးဖီးနစ် မျိုးနွယ်စုရဲ့ အကြီးမားဆုံး ဝှက်ဖဲဆိုပဲ ၊ ဖီးနစ်ဂိတ်ကို ဖွင့်ရလောက်တဲ့အထိ ဘယ်အရာကများ သူတို့ကို လှုံ့ဆော်ခဲ့တာတုန်း “

“အိုင်းယား... ငါကတော့ ဒါဟာ စစ်မဖြစ်ခင် စည်းချက်ပေးလိုက်တာပဲလို့ ခံစားမိတယ် “

လူတိုင်း သက်ပြင်းချနေချိန်။

ကောင်းကင်ယံတွင် လောင်မြိုက်နေသော မီးလျှံများသည် ခပ်ဝါးဝါး ရုပ်သဏ္ဍာန်တစ်ခုအဖြစ် ပေါင်းစပ်သွားသည်။

ထိုနေရာတွင် ထွက်ပေါ်လာသော အဖိုးအို၏ အရိပ်သည် နေရာတွင်ရပ်နေရုံဖြင့် တိုက်မြေသုံးထောင် တစ်ဝှမ်းတွင် လောင်ကျွမ်းနေသော နတ်မီးတောက်များကို ငြိမ်းသက်သွားစေသည်။

တစ်ချိန်တည်းမှာပင်။

အသံသည် အရပ်ရှစ်မျက်နှာတစ်ခွင် ပဲ့တင်ထပ်သွားသည်။

“ ငါဟာ ရှေးဖီးနစ် မျိုးနွယ်စုရဲ့ အဝေးဘိုးဘေး ဟွမ်ထျန်း ဖုန်းယွမ်ပဲ “

“ ကွေးယွမ် သူတော်စင် နယ်မြေရဲ့ ဆက်ခံသူဟာ ငါ့ရဲ့ သွေးသားကို သတ်ပစ်ခဲ့တယ် ! သူ ဧကရာဇ်တစ်ပါး ဖြစ်လာတဲ့တစ်နေ့ ငါ့ရဲ့မျိုးနွယ်စုကို ဖျက်ဆီးပစ်မယ်လို့ ကြေညာခဲ့တယ်”

“ဒီလိုစကားလုံးတွေနဲ့ အပြုအမူတွေဟာ ငါ့ရဲ့ ရှေးဖီးနစ်မျိုးနွယ်စုကို အလေးအနက် မထားလိုက်တာပဲ ၊ ဒီနေ့ ငါ့နာမည်အရင်းနဲ့ ကွေးယွမ်သူတော်စင် နယ်မြေကို စိန်ခေါ်လိုက်တယ် “

“ထာဝရ စစ်ပွဲကို စတင်မယ်!”

“ ရှုံးတဲ့သူသေမယ်!”

……..

ဖီးနစ်ရင်းမြစ် ဂိတ် ဆောက်လုပ်ပြီးသည့် အခိုက်အတန့်တွင် ၊

ကောင်းကင်လမ်းစဉ် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ နှင့် ကောင်းကင်ဘုံ မကောင်းဆိုးဝါးတောင်တန်း၏ ဘိုးဘေးများအားလုံး ဤလှုပ်ရှားမှုကို သတိထားမိခဲ့ကြသည်။

ကောင်းကင်ဘုံ မကောင်းဆိုးဝါးတောင်တန်း၏ အတွင်းပိုင်းထဲ၌ ၊

“ဟား...ကြည့်ရတာ ရှေးဟောင်း ဖီးနစ်မျိုးနွယ်စု က လုံးဝဆန့်ကျင်ဖို့ အသင့်ဖြစ်နေပြီပဲ!”

“ဟားဟား၊ ဒီတစ်ခေါက် စူးချန်ကဲက ငါတို့ကို အများကြီး ကူညီပေးခဲ့တာပဲ ၊ အခု ရှေးဖီးနစ်မျိုးနွယ်စုက ဦးဆောင်နေပြီဆိုတော့ အသင့် လိုက်ဖို့ပဲ လိုတော့တယ်!”

ထျန်းချန် မကောင်းဆိုးဝါးအိုကြီးက သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။

“ မိစ္ဆာနတ်ဘုရား စည်းတံဆိပ် ပြင်ဆင်မယ်၊ ကံကြမ္မာ တိုက်ပွဲ၊ စဖို့ အချိန်တန်ပြီ!”

“ ဒီနေ့၊ ငါတို့ ရှေးဟောင်း မကောင်း‌‌ဆိုးဝါးတရားစီ‌ရင်ရေးအဖွဲ့ရဲ့ ဂုဏ်သိက္ခာကို ပြန်လည်ရယူမယ်!”

ကောင်းကင်ဘုံ မကောင်းဆိုးဝါး တောင်တန်း၏ ဘိုးဘေးတစ်ဦးက သူ့လက်နှစ်ဖက်ကို မြှောက်တင်လိုက်ပြီး ကြွေးကြော်လိုက်သည်။

“ဒီနေ့၊ လူသားမျိုးနွယ်ကို ဖျက်ဆီးပြီး ငါတို့ရဲ့ ဂုဏ်သိက္ခာကို ပြန်လည်ရယူမယ်!”

“လူသားမျိုးနွယ်ကို ဖျက်ဆီးပြီး ဂုဏ်သိက္ခာကို ပြန်လည်ရယူမယ်!”

“လူသားမျိုးနွယ်ကို ဖျက်ဆီးပြီး ဂုဏ်သိက္ခာကို ပြန်လည်ရယူမယ်!”

အောက်တွင် ၊

ကြောက်မက်ဖွယ်ကောင်းသော ရောင်ဝါများ ရှိသည့် မရေမတွက်နိုင်သော မကောင်းဆိုးဝါးအိုကြီးများသည် အော်ဟစ် ကြွေးကြော်နေကြသည်။

ကြီးကျယ်ခမ်းနားသော မကောင်းဆိုးဝါး စွမ်းအင်များ ပေါက်ကွဲထွက်ပေါ်လာခဲ့ပြီး ၊ ကောင်းကင်ကိုပင် အရောင်ပြောင်းလဲသွားစေသည်။

လောက၏ အကြောင်းတရားနှင့် အကျိုးသက်ရောက်မှုကို ပြောင်းလဲပစ်နိုင်‌သည့် ၎င်းတို့ကဲ့သို့သော မကောင်းဆိုးဝါးလူမျိုးစုကြီးသည် ကောင်းကင်ဘုံကို စစ်တိုက်လိုပါက

သင့်တော်သော အကြောင်းပြချက်ကို ရှာရန်လိုအပ်ပေသည်။

နောက်ဆုံးတွင် ၊

ဘုရားသခင်၏အလိုဆန္ဒနှင့် လူထုသဘောထားသည် စစ်ပွဲကြီး၏ နောက်ဆုံးရလဒ်အပေါ် သက်ရောက်မှုရှိခဲ့သည်။

ယခု ၊ ဤသည်မှာ သူတို့ စောင့်မျှော်နေခဲ့သော အခွင့်အရေးတစ်ခုသာပင်။

သူတို့အလိုရှိခဲ့သည်မှာ ထာဝရ စစ်ပွဲ မဟုတ်။

လူသားမျိုးနွယ်၏ခေတ်ကို ဖြုတ်ချကာ မိမိတို့ခေတ်ကို တစ်ဖန် ပြန်လည်ထွန်းတောက်စေရန်သာ ဖြစ်သည်။

ကွေးယွမ် သူတော်စင် နယ်မြေသည် သူတို့လက်ချက်ဖြင့် ပထမဆုံးဖျက်ဆီးခံရမည် ဖြစ်သည်။

ဒါတင်မက ၊ အသစ်ပြန်လည်ဖွဲ့စည်းမည့် ရှေးဟောင်း မကောင်း‌‌ဆိုးဝါးတရားစီ‌ရင်ရေးအဖွဲ့ အတွက် ခြေနင်းကျောက် ဖြစ်လာ‌ရပေမည်။

…….

တဖက်တွင် ။

ကောင်းကင်လမ်းစဉ် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့၏ ပင်မခန်းမတွင်။

ကောင်းကင်လမ်းစဉ်၏ အဖွဲ့သားများ အားလုံးစုဝေးနေကြသည်။

အပေါ်ဆုံးခုံတွင် ထိုင်နေသော ယီ က အောက်က လူများကို အရင်ကြည့်လိုက်သည်။

သူ့လေသံသည် အေးစက်နေသည်။

“ မကောင်းဆိုးဝါးမျိုးနွယ်က အစီအစဉ် စတော့မယ် ၊ ကောင်းကင်ဘုံ မကောင်းဆိုးဝါးတောင်တန်းက ဒီစစ်ပွဲကနေတဆင့် မကောင်းဆိုးဝါးလမ်းစဉ်နဲ့ ဆိုင်တဲ့ ခေတ်သစ်တစ်ခုကို ပြန်ဖွင့်ချင်နေတာ”

“ ငါတို့ သူတို့နဲ့ လက်တွဲရင် ဒုက္ခရောက်မှာ သေချာတယ်”

“ဒါကြောင့်၊ ကွေးယွမ်သူတော်စင် နယ်မြေကို ဖျက်ဆီးပြီးတာနဲ့ ကောင်းကင်ဘုံ မကောင်းဆိုးဝါး တောင်တန်းကို ဖျက်ဆီးဖို့ အခွင့်အရေးတစ်ခု ရှာဖို့လိုတယ်”

“လူသားမျိုးနွယ်မှာ ကွေးယွမ်သူတော်စင် နယ်မြေ ရှိလို့မဖြစ်သလို မကောင်းဆိုးဝါးမျိုးနွယ်မှာလည်း ရှေးဟောင်း မကောင်း‌‌ဆိုးဝါးတရားစီ‌ရင်ရေးအဖွဲ့ ရှိလို့ မဖြစ်ဘူး !”

“ဒီကမ္ဘာကြီး ဟန်ချက်ညီဖို့ ထိန်းသိမ်းဖို့ လိုအပ်တယ် “

“ဒါက ဒီခေတ်ရဲ့ ကံကြမ္မာပဲ”

“ဒါက ငါတို့ရဲ့ နောက်ဆုံးကံကြမ္မာပဲ”

ယီ သည် ဖြည်းညှင်းစွာထလိုက်ပြီး။

“ငါတို့ရဲ့ ယုံကြည်ချက်အတွက်၊ ငါတို့ တောင်းဆိုနေတဲ့အရာတွေ အတွက် ၊ ကောင်းကင်လမ်းစဉ် သခင်အတွက် “

“ငါတို့ ဒီတိုက်ပွဲမှာ မနိုင်ရင် ၊ သေရမယ်!”

အောက်ဘက်က အဖွဲ့သားများသည်လည်း တညီတညွတ်တည်း တုံ့ပြန်ခဲ့ကြပြီး ၊ သူတို့၏ မျက်လုံးများသည် ရွှန်းလဲ့တောက်ပနေသည်။

“ငါတို့ရဲ့ အဆုံးစွန်သော ယုံကြည်ချက်အတွက် ဒီတိုက်ပွဲ မနိုင်ရင် သေမယ်!”

အပိုင်း(၄၃၆): စစ်ကြေညာချက်

တစ်ချိန်တည်းမှာပင်။

ရှေးဖီးနစ် မျိုးနွယ်စု၏ ဖီးနစ် တံခါးကြီး ဖွင့်လှစ်လိုက်သည်နှင့်အမျှ။

တိုက်မြေသုံးထောင် တစ်ဝှမ်းလုံး လှုပ်ယမ်းကာ ဟောက်သံပြုနေကြသည်။

ဟင်းလင်းပြင်အထက်တွင်။

ပိုးစုန်းကြူးများ မှိတ်တုတ်မှိတ်တုတ် ပျံသန်းနေသကဲ့သို့ ကွဲပြားသော ဝိသေသလက္ခဏာရှိသည့် မီးလျှံ မှော်သင်္ကေတများသည် ဆက်လက် စုရုံးလာကြသည်။

နောက်ဆုံးတွင်၊ ရှေးဖီးနစ်မျိုးနွယ်စုများ တည်ရှိရာ ကြယ်တာယာနယ်မြေ၌ ကောင်းကင်တစ်ခွင်ကို ဖုံးလွှမ်းထားသော အာဏာစက်မီးတောက် အမိန့်တော်အဖြစ် ပြောင်းလဲသွားသည်။

ကျွီ!

အကန့်အသတ်မရှိသော စကြဝဠာ၏ အနက်ရှိုင်းဆုံးအပိုင်းမှ ၊

ဖီးနစ်အော်ဟစ်သံများ ထွက်ပေါ်လာသည်။

ကောင်းကင်ကြီး တစ်ခုလုံး မီးလျှံများဖြင့် တဟုန်းဟုန်း တောက်လောင်နေပြီး ဖီးနစ်ဌက်များ ပျံသန်းထွက်ပေါ်လာခဲ့သည်။

မရေမတွက်နိုင်သော ဖီးနစ်များသည် မှောင်မဲနေသော ကြယ်တာယာ ကောင်းကင်ကြီးတွင် ပျံဝဲနေလေ၏။

တိမ်နီများသည် မိုင်သန်းပေါင်းများစွာ ရွေ့လျားနေပြီး ကောင်းကင်ဘုံ၏ ရွှေရောင်အလင်းတန်းများနှင့်အတူ ထွန်းလင်းတောက်ပနေသည်။ ရှေးဖီးနစ် မျိုးနွယ်စု တည်ရှိရာ ဧရိယာကို ဗဟိုတည်၍ မရေမတွက်နိုင်သော ကြယ်များသည်ပင် တဖျပ်ဖျပ် ရိုက်ခတ်နေသည်။

“ဟမ်.. ထာဝရ စစ်ပွဲ!”

“ဒါဟာ ကမ္ဘာ့ကပ်ဘေး စစ်ပွဲပြီးကတည်းက တတိယမြောက် ထာဝရစစ်ပွဲပဲ!”

“ဒီအင်အားစုတွေရဲ့ အဆုံးစွန်ပန်းတိုင်က ကွေးယွမ်သူတော်စင် နယ်မြေပဲ... ကွေးယွမ် သူတော်စင်နယ်မြေရဲ့ ခွန်အားက ဒီအင်အားစုတွေကို လွတ်လမ်းမရှိအောင် လုပ်ခဲ့တာပဲ...”

ရှေးဖီးနစ် မျိုးနွယ်စု၏ တုံ့ပြန်မှုထက် ၊

လူတိုင်းက ကွေးယွမ် သူတော်စင်နယ်မြေ၏ တုံ့ပြန်မှုကို ပို၍ မျှော်လင့်နေကြသည်။

လက်ရှိ ကွေးယွမ် သူတော်စင်နယ်မြေသည် လူတိုင်း သွားရှုပ်လို့ရသည့် အရာမဟုတ်ချေ။

သူတို့၏ လက်ချက်ဖြင့် အင်အားစု မည်မျှ ပျက်ဆီးခဲ့ရသနည်း။

ထို့အပြင် ၊ ဤတစ်ကြိမ်တွင်

ကွေးယွမ် သူတော်စင်နယ်မြေသည် မည်သို့သော ဒဏ္ဍာရီလာ အဖြစ်အပျက်မျိုးကို သူတို့ထံ ယူဆောင်လာမလဲဆိုတာ သိချင်နေကြသည်။

……..

တစ်ချိန်တည်းမှာပင်။

ကွေးယွမ် ဘိုးဘွားပိုင်နယ်မြေ ။

ဘိုးဘေးအပေါင်းတို့သည်လည်း နိုးထလာကြပြီ ဖြစ်သည်။

ပြင်ပကမ္ဘာတွင် ဖြစ်ပျက်နေသော မငြိမ်မသက်မှုများနှင့် နှိုင်းယှဉ်ပါက ကွေးယွမ် သူတော်စင်နယ်မြေရှိ ဘိုးဘေးများ၏ တုံ့ပြန်မှုမှာ အလွန်ပင် အေးချမ်းနေသည်။

ရှေးဖီးနစ်မျိုးနွယ်စု၏ ထာဝရစစ်ပွဲ ကြေညာချက်ကို လုံးဝ အလေးအနက်မထားပုံရသည်။

“ရှေးဖီးနစ်မျိုးနွယ်စုက ရှေ့တန်းတပ်သာသာပဲ ၊ ကောင်းကင်ဘုံ မကောင်းဆိုးဝါးတောင်တန်းနဲ့ ကောင်းကင်လမ်းစဉ် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က ဒီစစ်ပွဲအတွက် အစောကတည်းက ပြင်ဆင်ထားပြီးသား “

မျဲ့ရှိန် အဝေးဘိုးဘေးသည် ဘာမှမထူးခြားတော့လေသံဖြင့် ဆိုလေသည်။

“ ဖော့ကျွင်း ၊ ငါ့ ကွေးယွမ် သူတော်စင်နယ်မြေက မဟာဧကရာဇ်မင်းတွေ ပြန်လာပြီလား?”

ဖော့ကျွင်းဘိုးဘေးက လေးစားသမှုဖြင့် ဦးညွှတ် ဖြေကြားလိုက်သည်။

“ဘိုးဘေးကို လျှောက်တင်ပါတယ် ၊ ထျန်းတု နဲ့ ယွီ့ထျန်းက ကံကြမ္မာပင်လယ်ထဲက ကွေးရှန်း တာအို တပ်ဖွဲ့ကို နိုး‌ထစေခဲ့ပြီးပါပြီ “

“ မကောင်းဆိုးဝါး မျိုးနွယ်စုနဲ့ ကောင်းကင်လမ်းစဉ် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က ဝင်ရောက်စွက်ဖက်တာနဲ့ ကျွန်တော်တို့ ကွေးရှန်းတောက် တပ်ဖွဲ့ကလည်း အချိန်မရွေး ဝင်ရောက်နိုင်ပါတယ် “

“ကောင်းပြီ “

မျဲ့ရှိန် အဝေးဘိုးဘေးက ခေါင်းညိတ်လိုက်ပြီး ဆက်ပြောလေသည်။

“မင်းတို့တွေ အိပ်ပျော်နေတာကြာပြီ၊ မင်းတို့ရဲ့ အကြောတွေကို ဆွဲဆန့်ဖို့ အချိန်ရောက်ပြီ”

“ပေမင်တိုက်မြေကို ငါ့ရဲ့ မှော်စွမ်းအားတွေနဲ့ အားဖြည့်ထားပြီးပြီ ၊ ဒီကမ္ဘာကြီး ပျက်စီးသွားမှာကို စိုးရိမ်စရာမလိုဘူး”

“နှစ်ဖက်တပ်တွေ ဝင်ရောက်စွက်ဖက်လာတာနဲ့ မင်းတို့ အစွမ်းကုန် လုပ်ပေတော့!”

“ဟုတ်!”

အောက်ဘက်တွင် ၊

အသံများက တညီတညွတ်တည်း ကျယ်လောင်စွာ ထွက်ပေါ်လာသည်။

လု နတ်ဘုရားမ အပါအဝင်၊ ကြောက်မက်ဖွယ် ကောင်းသော ပျက်သုန်းခြင်းတရားများက ၎င်းတို့၏ ပတ်ဝန်းကျင်တွင် ရစ်ဝဲနေသည်။

ထိုနေရာတွင် မတ်တပ်ရပ်ရုံမျှဖြင့် ၊ လွန်စွာ ပြင်းထန်သော သွေးချီစွမ်းအားများသည် ကျယ်လောင်စွာ ဟောက်သံပြုနေကြပြီး နေရာလပ်ကို နှိပ်ကွပ်ထားလေ၏။

၎င်းတို့၏ ရောင်ဝါသည် မဟာဧကရာဇ်မင်းထက် သာလွန်ပြီး ဒဏ္ဍာရီလာ အမတသခင်များနှင့် နီးစပ်သည်။

မျဲ့ရှိန် အဝေးဘိုးဘေး၏ မျက်လုံးများသည် ကွက်လပ်ကို ဖြတ်ကျော်ကာ ကြယ်တာယာ ကောင်းကင်ကြီး၏ အတွင်းပိုင်းထဲသို့ တိုက်ရိုက် ကျရောက်သွားပုံရသည်။

“ တိုက်မြေ သုံးထောင်ရဲ့ ကံကြမ္မာ ဒီကနေ ပြောင်းလဲသင့်ပြီ “

“ တိုက်မြေ သုံးထောင် ပျက်စီးပြီးနောက် ပြန်လည်မွေးဖွားလာလိမ့်မယ်!”

ထိုစကားသံအဆုံးတွင် ၊

အဝေးဘိုးဘေးသည် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။

ဝုန်း ! !

ကြယ်တာယာ ကောင်းကင်ကြီးတစ်ခုလုံး တုန်ခါနေပုံရပြီး ၊ မရေမတွက်နိုင်သော နိယာမတရားဖြင့် စုစည်းထားသော အလင်းတန်းများသည် ကောင်းကင်ကို ပစ်ခွင်းဝင်ရောက်သွားသည်။

ဤတစ်ခါတွင် ။

ကွေးယွမ် သူတော်စင် နယ်မြေသည် စစ်ဗုံမတီးခဲ့ပေ။

ဤတစ်ခေါက် ထာဝရ စစ်ပွဲသည် အဆုံးသတ်တိုက်ပွဲကြီးတစ်ခု ဖြစ်ပေလိမ့်မည်။

ဤတစ်ကြိမ်တွင်၊ အဓိကအင်အားစုများကြား ကွဲပြားသော အယူအဆများနှင့် ယုံကြည်ချက်များကြောင့် ပဋိပက္ခများ ဖြစ်ပေါ်ခဲ့သည်။

အောင်နိုင်သူသည် ဤကမ္ဘာကို ဦးဆောင်လိမ့်မည်။

ကောင်းကင်နှင့်မြေကြီးတို့သည် ဟောက်သံပြုလို့နေ၏။

ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခု ရုတ်ချည်း ‌ကျရောက်လာပေရာ တိုက်မြေ သုံးထောင်ရှိ ကျင့်ကြံသူတိုင်း တစ်ကိုယ်လုံးအေးစက်မှုကို ခံစားလိုက်ရသောကြောင့် မျက်မှောင်ကြုတ်သွားကြသည်။

“ဒါက...”

“မြန်မြန်! ကွေးယွမ် သူတော်စင် နယ်မြေရဲ့ အပေါ်က ကောင်းကင်ကို ကြည့်လိုက်ကြစမ်း “

လူတစ်ယောက်က ရုတ်တရက် အော်ပြောလိုက်သည်။

လူတိုင်း၏ အကြည့်များက ထိုနေရာဆီသို့ရောက်ရှိသွားသည်။

လျှို့ဝှက်ဆန်းကြယ်သော မြင်ကွင်းကြောင့် လူတိုင်း အံ့သြတုန်လှုပ်နေပြီး စကားမဲ့နေသည်။

ပြိုးပြိုးပျက်ပျက် တောက်ပသော အလင်းကာတစ်ခုက ပေမင်တိုက်တစ်ခုလုံးကို လွှမ်းခြုံထားသည်။

အဆုံးမရှိသော ကြယ်တာယာ ကောင်းကင်တွင် အက်ကွဲကြောင်းမှ ‌ထွက်ပေါ်ကာ ကွက်လပ်ကို ဖြတ်ကျော် ဝင်ရောက်လာခဲ့သည့် ကြီးမားသော ဂိတ်ပေါက်တစ်ခု ရှိနေသည်။

ဟူး !!

ရှေးအငွေ့အသက်များ ပျံ့လွင့်ထွက်ပေါ်လာပြီး ပရမ်းပတာအလင်းများ လွင့်မျောနေသည်။

ကွေးယွမ်ပရမ်းပတာ ဂိတ် ။

ဤသည်မှာ ကွေးယွမ် သူတော်စင်နယ်မြေရှိ ကွေးယွမ် ပရမ်းပတာခေါင်းလောင်း၏ အဖော်လက်နက်ဖြစ်သည်။

ကွေးယွမ် ပရမ်းပတာခေါင်းလောင်းကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော အဖျက်စွမ်းအားများ မရှိသော်လည်း ၊

သို့သော် အလွန်ကြောက်စရာကောင်းသော လုပ်ဆောင်ချက်တစ်ခု ရှိသည်။

၎င်းတွင် တိုက်မြေ သုံးထောင်ကို ကျော်လွန်သော ကိုယ်ပိုင်လျှို့ဝှက်ကမ္ဘာတစ်ခု ရှိပြီး ၊ အထဲတွင် ရှိသော ဝိညာဉ်စွမ်းအင်သည် တိုက်မြေ သုံးထောင်ထက် ပိုမိုကြွယ်ဝသည်။

ထို့အပြင် ကွေးယွမ် သူတော်စင်နယ်မြေ၏ တပ်များလေ့ကျင့်ရာ ကွင်းသည် ကွေးယွမ် ပရမ်းပတာဂိတ်တွင် ရှိသည်။

တစ်ချိန်တည်းမှာပင်။

ကြီးမားသော ခေါင်းလောင်းသံကဲ့သို့ ကောင်းကင်ယံတွင် နောက်ထပ် ပဲ့တင်ထပ်သံ ထွက်ပေါ်လာခဲ့သည်။

“ ထာဝရစစ်ပွဲ စိန်ခေါ်မှု ဟုတ်လား? ငါလက်ခံတယ်!”

ဝုန်း ! !

ကြောက်မက်ဖွယ်ကောင်းသော အဖျက်စွမ်းအား အလင်းတန်းများသည် ကွေးယွမ် သူတော်စင်နယ်မြေ၏ အတွင်းပိုင်းထဲကနေ ထွက်ပေါ်လာသည်။

ထို့နောက် ရှေးဖီးနစ်မျိုးနွယ်စုမှ ဖွဲ့စည်းထားသော ဖန်ထျန်းစစ်ပွဲ ကြေညာချက်အလံကို တိုက်ရိုက် ထိုးဖောက်ဝင်ရောက်သွားသည်။

ထို့နောက် ။

မျဲ့ရှိန် အဝေးဘိုးဘေး၏ လှောင်ပြောင်သံသည် ထပ်မံ ထပ်မံထွက်ပေါ်လာခဲ့သည်။

“ပြီးတော့ ၊ ကောင်းကင်ဘုံ မကောင်းဆိုးဝါးတောင်တန်းနဲ့ ကောင်းကင်လမ်းစဉ် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ က နှစ်ဦးစလုံးကိုလည်း ဒီပွဲမှာ ဝင်ရောက်စွက်ဖက်ဖို့ ဖိတ်ခေါ်လိုက်တယ်”

“ဘာလို့ လူကိုယ်တိုင် ထွက်မပြဘဲနေမှာတုန်း”

ထိုစကားသံအပြီးတွင် ၊

တိုက်မြေ သုံးထောင်တစ်ခုလုံး လုံးဝ ငြိမ်ကျသွားသည်။

ကောင်းကင်ဘုံ မကောင်းဆိုးဝါးတောင်တန်းသည် ယနေ့ထိ ဂုဏ်သတင်း ကြီးမားဆဲ ဖြစ်သည်။

မကြာသေးမီရက်များအတွင်း၊ မကောင်းဆိုးဝါး မျိုးနွယ်စုများကြား ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပြီး မရေမတွက်နိုင်သော ရှေးဟောင်း မကောင်းဆိုးဝါးအိုကြီးများသည် ကောင်းကင်ဘုံ မကောင်းဆိုးဝါးတောင်တန်းသို့ သွားရောက်ခဲ့ကြသည်။ သူတို့‌၏ အကြံအစည်များကို မည်သူမှ မသိနိုင်ပေ။

ခေတ်ဟောင်း လူအိုကြီးအချို့က ကောင်းကင်ဘုံမကောင်းဆိုးဝါးတောင်တန်းသည် ရှေးဟောင်း မကောင်း‌‌ဆိုးဝါးတရားစီ‌ရင်ရေးအဖွဲ့ကို ပြန်လည် ဖွဲ့စည်းလိုကြောင်း ဟောကိန်းထုတ်ခဲ့သည်။

သူတို့သည် လူသားမျိုးနွယ်တို့၏ အုပ်စိုးမှုခေတ်ကို ဖြုတ်ချပြီး မကောင်းဆိုးဝါးမျိုးနွယ်၏ ဂုဏ်သိက္ခာကို ပြန်လည်ရယူလိုကြသည်။

“ မဟုတ်မှလွဲရော... ကောင်းကင်ဘုံ မကောင်းဆိုးဝါး တောင်တန်းက ဒီကိစ္စကို ကြားဝင်စွက်ဖက်ချင်နေတာ...တကယ်ပဲ မကောင်းဆိုးဝါး မျိုးနွယ်ရဲ့ အင်အားကို ပြန်လည်စုစည်းဖို့လား...”

ခေတ်ဟောင်းလူကြီးတစ်ယောက်က မှန်းဆကာ ရေရွတ်လိုက်သည်။

“ ကွေးယွမ် သူတော်စင်နယ်မြေကို ဖျက်ဆီးတာ ရှေးဟောင်း မကောင်း‌‌ဆိုးဝါးတရားစီ‌ရင်ရေးအဖွဲ့ရဲ့ ဂုဏ်သတင်းကို ပြန်လည်ရယူဖို့လား?”

“ ဒါပေမဲ့ ကောင်းကင်လမ်းစဉ် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ရဲ့ သမိုင်းမှာ ဒီလိုမရှိခဲ့ပါဘူး...ဘာကြောင့်များ သူတို့က မကောင်းဆိုးဝါးမျိုးနွယ်စုနဲ့ မဟာမိတ်ဖွဲ့ဖို့ ရွေးချယ်ခဲ့တာလဲ”

လူတိုင်း အံ့ဩနေကြသည်။

လူတိုင်း ဘာမှတောင်မတွေးရသေးခင် ။

ဝုန်း !!

ယောက်ရွှီတိုက်မြေရှိ ကောင်းကင်ဘုံမကောင်းဆိုးဝါး တောင်တန်း၏ တည်နေရာမှ မကောင်းဆိုးဝါး စွမ်းအားများ ရုတ်ချည်း ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။

အဆုံးမရှိ ကြီးကျယ်ခမ်းနားသော မှော်သင်္ကေတတို့သည် တစ်ခုနှင့်တစ်ခု ပဲ့တင်ထပ်လျက် ဆက်စပ်နေပြီး၊ ကမ္ဘာကြီး၏ အဆုံးသတ်နေ့ရောက်ရှိလာသကဲ့သို့ တိမ်မည်းများက ကောင်းကင်ကြီးတစ်ခုလုံးကို ဖုံးလွှမ်းထားသည်။

တစ်ချိန်တည်းမှာပင်။

ကောင်းကင်ဘုံ မကောင်းဆိုးဝါးတောင်တန်း၏ အတွင်းပိုင်းမှ ပဲ့တင်သံထွက်ပေါ်လာသည်။

“ဟွန်း! ကွေးယွမ် သူတော်စင်နယ်မြေက ယုတ်မာရက်စက်တယ် ငါ့မျိုးနွယ်ကို အနိုင်ကျင့်ပြီး ငါ့မျိုးဆက်တွေကို သတ်ပစ်တယ်”

“ ငါတို့ မကောင်းဆိုးဝါးမျိုးနွယ်တွေက နှစ်မရေမတွက်နိုင်အောင် အမွေဆက်ခံလာခဲ့တာ ဒီလို အရှက်ရမှုမျိုး တစ်ခါမှမကြုံခဲ့ဖူဘူး!”

“အခု ကွယ်လွန်သူ ဘိုးဘေးတွေရဲ့ဆန္ဒကို လိုက်နာပြီး ရှေးဟောင်း မကောင်း‌‌ဆိုးဝါးတရားစီ‌ရင်ရေးအဖွဲ့ကို ပြန်လည်ဖွဲ့စည်းမယ် ၊ မကောင်းဆိုးဝါး မျိုးနွယ် ပြန်လည်နိုးထလာဖို့အတွက် ငါတို့မှာရှိတဲ့ အရာအားလုံးကို ပေးဆပ်နိုင်တယ်! “

“ဒီနေ့ ၊ ကွယ်လွန်သူ ဘိုးဘေးတွေရဲ့ စိတ်ရင်းအမှန်နဲ့ ကျိန်ဆိုမယ် !”

ကျိန်ဆိုသံသည် တိုက်မြေ သုံးထောင်တစ်ခုလုံးတွင် ပျံ့လွင့်သွားသည်။

“ ရှေးဟောင်း မကောင်း‌‌ဆိုးဝါးတရားစီ‌ရင်ရေးအဖွဲ့ရဲ့ အမည်နာမနဲ့ ကျိန်ဆိုတယ် “

“ ကွေးယွမ် သူတော်စင်နယ်မြေကို ဖျက်ဆီးပစ်မယ်!”

ဝုန်း ! !

မကောင်းဆိုးဝါးအိုကြီးများ၏ ကြီးကျယ်ခမ်းနားသော မကောင်း‌ဆိုးဝါး စွမ်းအင်များဖြင့် ဖွဲ့စည်းထားသော မိစ္ဆာဧကရာဇ်၏ ဓမ္မကာယကိုယ်ထည်သည်လည်း တညီတညွတ်တည်း ကြွေးကြော်လေသည်။

ထို့နောက်တွင် ၊ မှောင်မိုက်သော သယ်ယူပို့ဆောင်ရေး လမ်းကြောင်းတစ်ခု ထွက်ပေါ်လာသည်။

အထဲမှ မကောင်းဆိုးဝါး တပ်ဖွဲ့ကြီးသည် စည်းစနစ်တကျ ချီတတ်လာသည်။

သို့သော် ဤအရာသည် မြင်ကွင်းတွေထဲက တစ်ခုသာ ဖြစ်သည်။

တိုက်မြေသုံးထောင်တွင် မှော်နက်သင်္ကေတ များ တလိပ်လိပ်ထကြွလာသည်။

ယင်းနောက် ၎င်းတို့သည် လမ်းကြောင်းတစ်ခုကို ဖန်တီးခဲ့သည်။

ရှေးကျသော အငွေ့အသက်များနှင့်အတူ အနက်ရောင်ချပ်ဝတ်တန်ဆာများကို ဝတ်ဆင်ထားသော မကောင်းဆိုးဝါး တပ်ဖွဲ့ကြီးသည် သွေးများ စွန်းထင်းနေသော စစ်သင်္ဘောကြီးကို စီးနင်းလျက် အဆက်မပြတ် ထွက်ပေါ်လာနေသည်။

အဆုံးမရှိသော အဖျက်တရားများကို ‌ယူဆောင်လာသကဲ့သို့ ၎င်းတို့သည် ဘက်ပေါင်းစုံမှ ပေမင်တိုက်မြေဆီသို့ ဝင်ရောက်လာကြသည်။

အပိုင်း(၄၃၇): ကွေးရှန်း တာအိုတပ်ကြီး ရောက်ရှိလာပြီ

တစ်ချိန်တည်းမှာပင်။

အထက်ကောင်းကင်ဘုံမှ အေးစက်သော နှာမှုတ်သံသည် ပဲ့တင်ရိုက်ခတ်သွားသည်။

ပြီးနောက် ၊ လှပသော နတ်အလင်းရောင်စဉ်များ ထွက်ပေါ်လာသည်။

ကောင်းကင်ဘုံကိုးထပ်၌ တာအိုစည်းချက်များ အပြည့် ပျံ့လွှင့်နေပြီး ၊ ကောင်းချီးမင်္ဂလာများကဲ့သို့ ရောင်စုံ တိမ်တိုက်များက ကျယ်ပြောလှသော ကောင်းကင်ကြီးကို လွှမ်းခြုံထားသည်။

“ ကွေးယွမ် သူတော်စင်နယ်မြေက ယနေ့ခေတ်အတွက် ဟန်ချက်မညီတဲ့ဖြစ်တည်မှုပဲ “

“ တိုက်မြေ သုံးထောင်ကို ရုန်းရင်းဆန်ခတ်ဖြစ်စေပြီး လူတွေကို အနှောင့်အယှက်ဖြစ်စေတဲ့ တရားခံပဲ !”

“ သတ်ပစ်သင့်တယ်!”

ထိုအသံ ကျဆင်းလာသည်နှင့်အမျှ။

ထူထပ်သော တိမ်ပင်လယ်ကြီးသည် အပျက်အစီးများအဖြစ် ရုတ်တရက် ပြိုကွဲသွားသည် ။

ကောင်းကင်ကြီးမှ မျက်လုံးပွင့်လာသကဲ့သို့ပင်။

ထို့နောက် ။

ကောင်းကင်ဘုံစစ်သည်များသည် တိမ်များကို စီးနင်းကာ အင်အားအလုံးအရင်းဖြင့် ချီတတ်လာသည်။

မရေမတွက်နိုင်သော စစ်ရထားများနှင့် နဂါးပြာ နတ်သားရဲများကို စီးနင်းလျက် အဆုံးမရှိ ထွက်ပေါ်လာသည်။

တဖျပ်ဖျပ် ခတ်လျက် တောက်ပနေသော ပြာလဲ့လဲ့ ရောင်စဉ်များသည် များစွာသော ရူပါရုံမြင်ကွင်းများအဖြစ် ရောယှက် ပေါင်းစည်းနေသည်။

ကြောက်မက်ဖွယ်ကောင်းသော အသွင်အပြင်ရှိသည့် ပုဂ္ဂိုလ်ဆယ့်နှစ်ပါးသည် ထိုတပ်သားများကို ဦးဆောင်လာသည်။

အထူးသဖြင့် ကောင်းကင်ဘုံ၏ ရှင်ဘုရင်ကဲ့သို့ ပုံပန်းသဏ္ဍာန်ရှိသော ပုဂ္ဂိုလ်တစ်ပါးသည် အလယ်တွင် ခံညားထည်ဝါစွာ ရပ်နေသည်။

ကံကြမ္မာမဟာဧကရာဇ်မင်းပင်လျှင် သူ့ရှေ့တွင် လက်နက်ချရမည်ကို စိုးရသည်။

အဘယ်ကြောင့်ဆိုသော် သူ၏ခွန်အားသည် မဟာ ဧကရာဇ်မင်းနယ်ပယ်ကို ကျော်လွန်ကာ ဒဏ္ဍာရီလာ စစ်မှန်သော အမတအဖြစ် ရောက်ရှိထားသောကြောင့် ဖြစ်သည်။

“ အမ်... ဒါ... ဒဏ္ဍာရီလာ ကောင်းကင်လမ်းစဉ် ဆယ့်သုံးဝိုင်း ဆိုတာလား...?”

“ မဟုတ်သေးပါဘူး ၊ ဆယ့်သုံးဝိုင်းက ဘာလို့ လူဆယ့်နှစ်ယောက်ပဲ ရှိနေတာတုန်း...”

လူတစ်ယောက်က ရုတ်တရက် မေးခွန်းထုတ်လိုက်သည်။

“လွန်ခဲ့တဲ့နှစ်အနည်းငယ်က ကွေးယွမ်ရဲ့ ကျန့်ရှင်းဘိုးဘေးက ဆယ့်သုံးယောက်မြောက်လူကို သတ်လိုက်တယ်လို့ ကြားတယ်၊ ကောင်းကင်လမ်းစဉ် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က အဲ့ကတည်းက ကွေးယွမ်နဲ့ ပဋိပက္ခဖြစ်ခဲ့တာပဲ!”

“ကောင်းကင်ဘုံ မကောင်းဆိုးဝါးတောင်တန်းနဲ့ ကောင်းကင်လမ်းစဉ် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ နှစ်ခုစလုံးက ဒဏ္ဍာရီထဲက ထိပ်တန်း အင်အားစုတွေပဲ ...”

လူတစ်​​ယောက်​က သက်​ပြင်းချလိုက်ရင်း။

“ ကွေးယွမ် သူတော်စင်နယ်မြေအနေနဲ့ ဘယ်​လို ခုခံမလဲမသိဘူး...?”

…….

သို့သော်။

အရာအားလုံးမှာ မပြီးဆုံးသေးချေ။

နတ်ဆိုးကမ္ဘာရှိ တပ်မက်ခြောက်ပါး ဗိမ္မာန် မှ ဧကရာဇ်တစ်ပိုင်း ပါရမီရှင်များသည်လည်း ကွေးယွမ် သူတော်စင်နယ်မြေ၏ လက်ချက်ဖြင့် အကြီးအကျယ်ဆုံးရှုံးခဲ့ရသည်။

ယခုအခါ ရှေးဖီးနစ် မျိုးနွယ်စု နှင့် ဒဏ္ဍာရီလာ အင်အားစုနှစ်ခုက ၎င်းတို့ကို တိုက်ခိုက်ပေတော့မည်။

ဤအခွင့်အရေးကို သူတို့ အနေဖြင့် အဘယ့်ကြောင့် လက်လွတ်ခံမည်နည်း။

ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးလမ်းစဉ်၏ အလိုဆန္ဒတို့သည် တဟုန်ထိုး မြင့်တတ်လာပြီး တစ်ချိန်တည်းမှာပင် အကန့်အသတ်မဲ့ အာကာသတစ်ခုလုံးကို ဖုံးအုပ်သွားခဲ့သည်။

နောက်ဆုံးတွင် အင်အားကြီးမားသော နတ်ဆိုးပုံသဏ္ဍာန် ခြောက်ဦး ထွက်ပေါ်လာသည်။

သူတို့သည် မတူညီသော အရပ်မျက်နှာတွင် ရပ်နေကြသည်။

သူတို့သည် တပ်မက်ခြောက်ပါးဗိမ္မာန်ကို တည်ဆောက်ခဲ့သော နတ်ဆိုးဧကရာဇ် ခြောက်ပါးဖြစ်သည်။

ထန်းလန် နတ်ဆိုးဧကရာဇ်။

ထွမ်းရှစ် နတ်ဆိုးဧကရာဇ်။

စဲ့ယွီ နတ်ဆိုးဧကရာဇ်။

ချင်ယွီ့ နတ်ဆိုးဧကရာဇ်။

ကျန်ခုန့် နတ်ဆိုးဧကရာဇ်။

ကျိန်းလီ နတ်ဆိုးဧကရာဇ်။

ဤနတ်ဆိုးဧကရာဇ်ခြောက်ပါး စည်းလုံးမှုသည် စစ်မှန်သော အမတနီးပါး စွမ်းအားများကို ထုတ်လွှတ်နိုင်သည်ဟု ကောလဟာလများရှိသည်။

တပ်မက်ခြောက်ပါးဗိမ္မာန်၏ ပူးပေါင်းပါဝင်လာမှုသည် တိုက်မြေသုံးထောင်ရှိ လူများစွာ၏အမြင်တွင် ကြီးမားသော အတားအဆီးတစ်ခုဖြစ်သည်မှာ သေချာသည်။

“ ကွေးယွမ် သူတော်စင်နယ်မြေ ၊ ငါတို့ကြားက ရန်ငြိုး”

“ဒီနေ့ မင်းတို့ကို ပြန်ပေးဆပ်ခိုင်းမယ်!”

ဦးဆောင်သူ ကျိန်းလီ နတ်ဆိုးဧကရာဇ်သည် အေးစက်စွာ အော်ပြောပြီးနောက် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။

ရုတ်တရက် ၊ ထိုဒေသတွင် ကောင်းကင်နှင့်မြေကြီးကို တိုက်ရိုက် ထိုးဖောက်ဝင်‌ရောက်လာခဲ့သော ကြောက်မက်ဖွယ်ရာ နတ်ဆိုးအလင်းတစ်ခု ပေါ်ထွက်လာသည်။

နတ်ဆိုးစွမ်းအားများသည် လူးလိမ့်ရိုက်ခတ်ကာ ဟောက်သံပြုနေကြသည်။

ရုတ်​တရက်​ပင်​ ၊ အမှောင်လေပွေတစ်ခု ပေါ်ထွက်လာသည်။

၎င်းတွင် ကြောက်စရာကောင်းသော နတ်ဆိုးစွမ်းအားများ စီးဆင်းသက်ဝင်နေသည်။

တစ္ဆေသရဲတို့၏ အော်ဟစ် ငိုကြွေးသံများနှင့်အတူ ၊

ဂျိန်း !

နီမြန်းသော လျှပ်စီးမိုးကြိုးများ ဝင်းလက်သွားသည် ။

အမှောင်လေပွေထဲတွင် ဖျက်ခနဲ့ ဝင်းလက်သွားတတ်သည့် ကြောက်မက်ဖွယ်ရာ ကောင်းသော အနီရောင် အလင်းတန်းများနှင့်အတူ လူတစ်ယောက်ပြီး တစ်ယောက် ထွက်လာသည်။

မြေအောက်ငရဲမှ ဆင်းသက်လာသကဲ့သို့ ကြီးမားလှသော နတ်ဆိုး ရောင်ဝါများ ဖြာကျလာသည်။

“ဒါက တပ်မက်ခြောက်ပါး ဗိမ္မာန် ရဲ့ ရှိုးလော်စစ်တပ် ပဲ...”

“ဒါပေမဲ့ ကမ္ဘာ့ကပ်ဘေးစစ်ပွဲမှာ ဒီစစ်တပ်က ပျက်စီးသွားပြီ မဟုတ်လား?”

တပ်ဖွဲ့ဝင် တစ်သန်းရှိသော ရှိုးလော်စစ်တပ်ကြီးကို မြင်ပြီး ၊ တိုက်မြေသုံးထောင်ရှိ လူတိုင်း၏ ရင်ထဲတွင် တုန်လှုပ်သွားကြသည် ။

အဓိက အင်အားစုကြီးလေးခုသည် ဤတိုက်ပွဲကြီးအတွက် ကြိုတင်ဆွေးနွေးထားခဲ့လေသလား မသိ။

တစ်ချိန်တည်းမှာပင် အမိန့်သံထွက်ပေါ်လာသည်။

“ကောင်းကင်လမ်းစဉ် တားမြစ်တပ်၊ ချီတက်!”

ကောင်းကင်လမ်းစဉ် ဆယ့်သုံးဝိုင်း၏ အကြီးအကဲထံမှ အမိန့်သံထွက်ပေါ်လာသည်နှင့် ။

တိမ်တိုက်များပေါ်တွင် ရပ်နေသော သန်းပေါင်းများစွာသော ကောင်းကင်ဘုံ စစ်သည်များနှင့် စစ်သူကြီးများအားလုံးသည် ၎င်းတို့၏ နတ်လှံ ၊ ဓားများကို ကိုင်မြောက်ကာ ကြွေးကြော်ကြလေသည်။

တစ်ဖန်။

“ ကောင်းကင်ဘုံ မကောင်းဆိုးဝါးတပ်၊ ကွေးယွမ် သူတော်စင်နယ်မြေကို ဖျက်စီးမယ်!”

“ဖီးနစ်နတ်မီးလျှံတပ်...”

……..

အဓိက စခန်းကြီးလေးခု၏ အမိန့်သံအပြီးတွင်၊

အင်အားကြီးမားသော တပ်ဖွဲ့ကြီးသည် ပေမင်တိုက်မြေသို့ ချီတတ်လာခဲ့ကြသည်။

တခဏအတွင်းမှာပဲ ၊

ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်လိုသော အငွေ့အသက်များသည် တိုက်မြေသုံးထောင် တစ်ခုလုံးကို ဖုံးလွှမ်းထားသည်။

အင်အားစုကြီး လေးခု၏ ထိပ်ပိုင်းခေါင်းဆောင်များသည်လည်း တပ်ဖွဲ့၏ နောက်ကနေ အနီးကပ် လိုက်ပါလာကြသည်။

အချိန်ကျသည်နှင့် ၊ ကွေးယွမ် သူတော်စင်နယ်မြေကို ပြင်းပြင်းထန်ထန် တိုက်ခိုက်ပေတော့မည်။

သို့သော်လည်း၊ ကွေးယွမ် သူတော်စင်နယ်မြေသည် လုံးဝ မထိတ်လန့်သည့်အပြင် ပွဲကျနေလေ၏။

“ တိုက်ဖို့အရေး ၊ အကြောင်းပြချက်မျိုးစုံ ရှာဖို့လိုသေးလို့လား?”

မျဲ့ရှိန် အဝေးဘိုးဘေးက လျစ်လျူရှုသောလေသံဖြင့် ဆိုလိုက်သည် ။

“တိုက်ဆိုလည်း တိုက်တာပေါ့ “

ထို့နောက် သူ့လက်ကို ထပ်မံ ဝှေ့ယမ်းလိုက်သည်။

ကျာ ကျာ ကျာ —!!

ရုတ်တရက်။

ရှေးကျသော တံခါးကြီး၏ တံခါးဖွင့်သံသည် ကမ္ဘာကြီးကို ပဲ့တင်ထပ်သွားသည်။

ကွေးယွမ် သူတော်စင်နယ်မြေ၏ ဝေဟင်ထက်တွင် ဆိုင်းငံ့ထားသော ကွေးယွမ်ပရမ်းပတာ ဂိတ်ကြီးသည်လည်း ဖြည်းညှင်းစွာ ပွင့်လာသည်။

အထဲတွင် ရှိနေသော မှော်သင်္ကေတများသည် ကောင်းကင်ပြင်ရှိ မှန်တစ်ချပ်နှင့်တူပြီး တခြားကမ္ဘာများနှင့် ချိတ်ဆက်ထားပုံရသည်။

ကျွီ ကျွီ——!!

ရုတ်တရက်။

ကွေးယွမ်ပရမ်းပတာဂိတ်မှ ခရာတီးမှုတ်သံများ ထွက်ပေါ်လာသည်။

အသံမြည်သွားသည့် အခိုက်တန့်တွင်၊ ဟင်းလင်းပြင်အလွှာများ တသိမ့်သိမ့် တုန်ခါလာပြီး လေပြင်းများတိုက်ခတ်လေသည်။

ဝီ!

ကွေးယွမ်ပရမ်းပတာဂိတ်မှ တောက်ပသော အလင်းတန်းများ ထွက်ပေါ်လာပြီး အရပ်ရှစ်မျက်နှာတစ်ခွင် ဖြန့်ကျက်သွားသည် ။

ထို့နောက်တွင် ၊ စည်းစနစ်တကျ လျှောက်လှမ်းလာသော ခြေသံများ ထွက်ပေါ်လာပြီး ၊ ထိုအသံကို ကြားလိုက်ရသူတိုင်း တုန်လှုပ်သွားကြသည်။

၎င်းသည် ကွေးယွမ်၏ ယခင်က ထာဝရ စစ်ပွဲတွင် ပါဝင်ဆင်နွဲခဲ့သော တပ်ဖွဲ့ကြီးနှင့် ကွဲပြားသည်။

စစ်သည်များသည် တောက်ပသော ချပ်ဝတ်တန်ဆာများကို ဝတ်ဆင်ထားသည်။၎င်းတို့သည် မရေမတွက်နိုင်သော စစ်ပွဲအတွေ့အကြုံများစွာ ရှိပုံရပြီး ၊ ချပ်ဝတ်တန်ဆာပေါ်တွင် ခြောက်သွေ့သော သွေးစက်များ တစွန်းတစ စွန်းထင်းနေသည်။

ပြင်းထန်သော သွေးရနံ ၊ ဓားသွားအလား အေးစက်သော မျက်ဝန်းများက ကမ္ဘာကြီးကို မငြိမ်မသက် ဖြစ်စေသည်။

ဤသည်မှာ ကွေးယွမ် သူတော်စင်နယ်မြေ၏ တာအိုစစ်တပ်ကြီး ဖြစ်သည်။

များသောအားဖြင့် ၊ ၎င်းတို့သည် ကွေးယွမ် ပရမ်းပတာဂိတ်တွင် ကိုယ်တိုင် လေ့ကျင့်ကာ တိုက်ခိုက်ရေးစွမ်းအားများကို မြှင့်တင်လေ့ရှိကြသည်။

ယနေ့ စစ်ပွဲကြီးတွင် ၊ ၎င်းတို့ ကိုယ်ပိုင်လက်နက်များဖြင့် ရန်သူ၏ ဦးခေါင်းများကို ဖြတ်တောက်ပေတော့မည်။

“ ကွေးယွမ် ရဲ့ စစ်တပ်က အင်အားကြီးပေမယ့်... တစ်ဖက်ကလည်း ထပ်တူထပ်မျှ အားကောင်းတယ်”

ကြည့်ရှုနေသူတစ်ဦးက ထိုမြင်ကွင်းကို ကြည့်ရင်း တိုးတိုးလေးဆိုလိုက်သည်။

“ခုခံဖို့ ခဲယဉ်းလောက်တယ်....”

သို့သော် သူ့စကားအဆုံးတွင် ။

ဝုန်း !

မိုးကုပ်စက်ဝိုင်းတစ်နေရာမှ နောက်ထပ် ထိတ်လန့်တုန်လှုပ်ဖွယ် အသံတစ်ခုကို ကြားလိုက်ရသည်။

နတ်အလင်းများဖြင့် ပြိုးပြိုးပျက်ပျက် တောက်ပနေသော အလင်းဂိတ်တစ်ခု ထွက်ပေါ်လာသည်။

ဘုန်း ! !

ကောင်းကင်ကြီး တစ်ခုလုံးကို ဖုံးအုပ်ထားသော ရှေးဟောင်း စစ်သင်္ဘော တစ်စီးသည် အလင်းဂိတ်မှ တဖြည်းဖြည်း ထွက်ပေါ်လာသည်။

သင်္ဘောကိုယ်ထည်ကြီးသည် နှစ်ပေါင်းများစွာ သော သွေးအစွန်းအထင်များဖြင့် ပေကျံနေပြီး ၊ ပရမ်းပတာ အလင်းများနှင့်အတူ ဤနေရာသို့ ဆင်းသက်လာခဲ့သည်။

၎င်းတို့သည် ကွေးယွမ် သူတော်စင်နယ်မြေ၏ လက်အောက်ခံတပ်ဖွဲ့များ ဖြစ်သည်။

လက်ရှိ စစ်ပွဲကြီးကြောင့် ၎င်းတို့သည် တုံ့ဆိုင်းခြင်းမရှိ ပြန်လည်စုဝေးခဲ့ကြသည်။

ပိုကြောက်စရာကောင်းသည်မှာ၊

ကောင်းကင်နှင့် မြေကြီး၏ တံခါးပေါက်နှင့်တူသော ကြီးမားသော မုခ်ပေါက်တစ်ခု ရှိနေခဲ့သည်။

အထဲမှ ရှေးသင်္ဘောများ သို့မဟုတ် ဒဏ္ဍာရီလာ သားရဲကောင်များ ထွက်လာခြင်းမရှိဘဲ ၊

ယင်းအစား၊ ကြောက်မက်ဖွယ်ကောင်းသော ရောင်ဝါများနှင့် နတ်အခိုးအငွေ့များ ဝန်းရံထားလေသော လျှို့ဝှက်ဆန်းကြယ်သော တပ်ဖွဲ့တစ်ခု ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

သူတို့သည် တောက်ပြောင်သော ချပ်ဝတ်တန်ဆာများကို မ၀တ်ဆင်ထားဘဲ ရိုးရိုးရှင်းရှင်း အဖြူရောင် တာအိုဝတ်ရုံများသာ ဝတ်ဆင်ထားသည်။

ပရမ်းပတာ အလင်းများက သူတို့၏ မျက်နှာများကို ဖုံးလွှမ်းထားလေရာ ၊ ၎င်းတို့၏ လျစ်လျူရှုသော မျက်ဝန်းတစ်စုံကိုသာ မြင်တွေ့ရပေသည်။

သို့သော် ၎င်းတို့တွင် သာမန်လူများကို အထင်အမြင်သေးစွာဖြင့် ကြည့်တတ်သော နတ်ဘုရားများကဲ့သို့သော အရှိန်အဝါမျိုး ရှိသည်။

“ဒါ၊ ဒါက...”

ခေတ်ဟောင်း မသေမျိုးဘိုးဘေးတစ်ဦးက တုန်လှုပ်နေသော အသံဖြင့် ‌ရေရွတ်လိုက်သည်။

“ ဒါကွေးယွမ် သူတော်စင်နယ်မြေရဲ့ တားမြစ်တပ်ဖွဲ့ ဖြစ်နေမလား....”

“ ကွေးရှန်း တာအိုတပ်ဖွဲ့!?”

အပိုင်း(၄၃၈): သန်မာသူတို့ တိုက်ပွဲ အားနည်းသူတို့အဖို့ တားစီး၍ မဖြစ်နိုင်ချေ

ကံကြမ္မာပင်လယ်ထဲတွင် ဘာတွေဖြစ်ပျက်ခဲ့မှန်း အမှန်တော့ လူတိုင်းသိထားကြသော်လည်း အားလုံးက တိတ်တိတ်ဆိတ်ဆိတ် နေဖို့ကိုသာ ရွေးချယ်ခဲ့သည်။

ကွေးယွမ် သူတော်စင်နယ်မြေသည် ကံကြမ္မာပင်လယ်ကို မရေမတွက်နိုင်အောင် နှစ်ပေါင်းများစွာ ထိန်းချုပ်ထားခဲ့ပြီး ၊ ကမ္ဘာ့ကပ်ဘေး စစ်ပွဲတွင် ပါဝင်ခဲ့သော ကွေးရှန်းတာအို တပ်မတော်ကြီးကို ထိုနေရာ၌ ဝှက်ထားခဲ့သည်။

ကံကြမ္မာပင်လယ်ကို စောင့်ကြပ်နေသော ဤကြီးမားသော တပ်ဖွဲ့ကြီး ရှိနေသ၍ ကံကြမ္မာပင်လယ်တွင် မည်သူမျှ ရူးရူးမိုက်မိုက် ပြုမူဝံ့လိမ့်မည် မဟုတ်။

ယခုလည်း ၊

ကွေးယွမ် သူတော်စင်နယ်မြေသည် ကံကြမ္မာပင်လယ်ကို စောင့်ကြပ်နေသော တပ်ဖွဲ့ကြီးကို ပြန်ခေါ်ခဲ့သည်။

ဤစစ်ပွဲသည် သူတို့ထင်ထားသည်ထက် ပို၍ ရက်စက်လေမလား မသိ ။

ကွေးယွမ် သူတော်စင်နယ်မြေဘက်က မဖြစ်မနေ ဒီလိုလုပ်ရတဲ့အထိလား ...?

ဝီ!

လူတိုင်းတွေးထားသလိုပဲ ၊

အထက်ကောင်းကင်မှ ကြီးမားသော လှိုင်းတံပိုးကြီးတစ်ခု ရိုက်ခတ်လှုပ်ရှားလာသည်။

ကြောက်မက်ဖွယ်ကောင်းသော လူဆယ်ဦးသည် အထက်ကောင်းကင်တွင် ထွက်ပေါ်လာသည်။

၎င်းတို့အားလုံးသည် ကွေးယွမ် သူတော်စင်နယ်မြေတွင် မွေးဖွားခဲ့သော ဘိုးဘေးများဖြစ်သည်။

ဤအခိုက်အတန့်တွင် သူတို့၏ မျက်နှာများသည် တုန်လှုပ်ခြောက်ခြားမှု မရှိဘဲ ဘာမှမထူးခြားဟန်ဖြင့် ရှိနေသည်။

“ဘယ်လိုလဲ ဘယ်သူက ပိုသတ်နိုင်လဲ ပြိုင်မလား?”

ကျန့်ရှင်းဘိုးဘေးက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

“ဟမ် ၊ မင်းရဲ့ ဆရာတူအစ်မကို ယှဉ်နိုင်လောက်အောင်အထိ မင်းကိုယ်မင်း အားကောင်းလာပြီလို့ ထင်နေတာလား”

လု နတ်ဘုရားမသည် သူမ၏ မျက်ခုံးကို အနည်းငယ် ပင့်တင်ကာ အထင်အမြင်သေးစွာဖြင့် ကြည့်လိုက်သည်။

“ အသုံးမဝင်တဲ့အမှိုက်တွေ ရှင်းရတာ ၊ဘာများခက်လို့လဲ?”

သူမ စကားပြောနေရင်းပင် ၊ သူမ၏ မှော်စွမ်းအားများကို တိုက်ရိုက်အသက်သွင်းခဲ့ပြီး ဆန့်ကျင်ဘက် စစ်တပ်ဆီသို့ ပစ်ခတ်လိုက်သည်။

သူမ၏နောက်ကွယ်မှ ဘိုးဘေးများစွာတို့သည် ကူကယ်ရာမဲ့ ခေါင်းယမ်းနေကြသည်။

အညိုရောင်ဝတ်လုံကို ဝတ်ထားသည့် မုတ်ဆိတ်မွေးရှိသော ခေါင်း‌ဆောင်သူ တာအိုသခင် လူအိုကြီးတစ်ဦးက ကူကယ်ရာမဲ့ ပြုံးလိုက်ရင်း ဆိုလိုက်သည်။

“ ငါ့ကောင်တွေ သွားကြစို့ ၊ ငါတို့အရှိန်မပျက်စေနဲ့!”

ထိုစကားကိုကြားလိုက်ရသည်နှင့် ၊ ဘေးပတ်ပတ်တွင် ရှိနေသော ဘိုးဘေးများသည် တစ်ချိန်တည်းမှာပင် ၎င်းတို့၏ မှော်စွမ်းအားများဖြင့် ပေါက်ကွဲထွက်လာကြသည်။

အထက်ကောင်းကင်တွင် ။

ကွေးရှန်း တာအို တပ်မတော်ကြီးမှ ဦးဆောင်လာသော ကွေးယွမ် သူတော်စင်နယ်မြေမှ မရေမတွက်နိုင်သော တပ်ဖွဲ့များသည်လည်း ၎င်းတို့၏ ကြီးမားလှသော နတ်တန်ခိုးများကို အသက်သွင်းလိုက်ကြသည်။

ကြောက်ခမန်းလိလိ ရောင်ဝါများ စုဝေးနေကြသည်မှာ အလွန်အမင်း လျှို့ဝှက်ဆန်းကြယ်သော ကမ္ဘာငယ်လေးတစ်ခုလိုပင်။

“ ကွေးယွမ် သူတော်စင်နယ်မြေကို စော်ကားသူတိုင်း သတ်ပစ်မယ်!”

တခဏချင်း။

ကြယ်များကဲ့သို့ တောက်ပသော အရိပ်များစွာ ထွက်ပေါ်လာသည် ။

လက်ကို မြှောက်တင်လိုက်သည်နှင့် ၊ အပျက်သဘောဆောင်သော အလင်းတန်းတို့ကို ပစ်လွှတ်ခဲ့လေသည်။

ချီ နှင့် သွေးစွမ်းအားများသည် တဟုန်ထိုး ထိုးတတ်လာလေသည်။

“ တိုက်မြေသုံးထောင်ကို ဟန်ချက်ညီဖို့အတွက် ဒီနေ့၊ ကွေးယွမ် သူတော်စင် နယ်မြေကို ဖျက်ဆီးပစ်မယ်လို့ ကတိပြုတယ် “

“ ငါတို့ မကောင်းဆိုးဝါးမျိုးနွယ်စုရဲ့ မျှော်မှန်းချက်ကြီး ရှေ့မှာရောက်ရှိနေပြီ ၊ ကွေးယွမ် သူတော်စင် နယ်မြေကို ဖျက်ဆီးပြီး ငါတို့ရဲ့ ဂုဏ်သိက္ခာကို ပြန်လည်ထွန်းတောက်စေမယ်!”

“ငါတို့ ရှေးဖီးနစ်မျိုးနွယ်စုအနေနဲ့ နောက်ပြန်လှည့်စရာ လမ်းမရှိတော့ဘူး ၊ ဒီနေ့ ကွေးယွမ် သူတော်စင် နယ်မြေကို မဖျက်ဆီးနိုင်ရင် ငါတို့ သေမယ်!”

“နတ်ဆိုးလောကထဲက လူတစ်ယောက်အနေနဲ့ ကွေးယွမ် သူတော်စင် နယ်မြေရဲ့ စော်ကားမှုကို ငါတို့ ဘယ်လိုလုပ် လက်ခံရမှာလဲ ၊ ရှိုးလော်စစ်တပ် ၊ သူတို့ကို ဖျက်ဆီးပစ်ကြမယ်!”

“………”

ဝုန်း ဝုန်း ! !

နောက်အခိုက်တန့်တွင် ၊

ပေမင်တိုက်မြေ၏ အထက်ကောင်းကင်ကို ဗဟိုပြု၍ ၊

ကြောက်မက်ဖွယ်ကောင်းသော နိယာမမုန်တိုင်းများ ထွက်ပေါ်လာသည်။

အပျက်သဘောဆောင်သော အလင်းတန်းများစွာသည် ကောင်းကင်သို့ ပစ်ခွင်းဝင်ရောက်လာခဲ့သည်။

ဝုန်း ၊ ဝုန်း ၊ ဝုန်း !

ဘုန်း , ဘုန်း , ဘုန်း!

စခန်းနှစ်ခု၏ တပ်ဖွဲ့များသည် အချင်းချင်း တိုက်ခိုက်နေကြပြီး ၊ အဆုံးမရှိသော နတ်အလင်းများ ကျရောက်လို့လာသည်။

လေပြင်းများ တိုက်ခတ်လျက် ၊ နိယာမ စွမ်းအားတို့သည် တဆတ်ဆတ် တုန်ခါကာ ဟောက်သံပြုနေလေ၏။

စခန်းနှစ်ခုစလုံးသည် စစ်သည်အချင်းချင်း ၊ ခေါင်းဆောင်အချင်းချင်း သူသူကိုယ်ကိုယ် အားကြိုးမာန်တတ် တိုက်ခိုက်နေကြသည်။

ရှေးကျသော စစ်သင်္ဘောများ နှင့် ပျံလှေများသည် အထက်ကောင်းကင်ယံတွင် အပျက်သဘောဆောင်သော အလင်းတန်းများကို သူသူကိုယ်ကိုယ် လွှတ်တင်နေကြသည်။

၎င်းတို့သည် စကြဝဠာအနှံ့ကို မတရားဝင်ရောက်ကာ တစ်နေရာတည်းမနေဘဲ အာကာသအတွင်းရှိ အလွှာများကို ချွတ်ဆွဲဖျက်ဆီးကြလေသည်။

ကြယ်တာယာ ကောင်းကင်အလွန်တွင် ၊

ကြယ်များသည် အဆက်မပြတ် ကွဲအက်ကာ မီးများလောင်မြိုက်နေသော ကြယ်မိုးများအဖြစ် ကမ္ဘာမြေပေါ်သို့ ကျရောက်လာတတ်သည်။

စစ်ပွဲဟူသည် ရက်စက်ကြမ်းကြုတ်သည်။

အားနည်းသော ကျင့်ကြံသူများနှင့် သာမာန်ပြည်သူများသာလျှင် ဒုက္ခရောက်ရသည်။

ထွက်ပြေး လွတ်မြောက်ခြင်းကလွဲ၍ သူတို့မှာ ရွေးချယ်စရာမရှိ။

ကမ္ဘာကြီးသည် ငိုကြွေးနေပြီး အချိန်နှင့် နေရာတို့သည် တုန်လှုပ်နေသည်။

အသွေးအသားများ စုတ်ပြဲသံ ၊ စစ်သင်္ဘောများ ပြိုကွဲပျက်စီးသံနှင့်အတူ သားရဲတို့၏ အူသံတို့သည် အလွန်ကြောက်မက်ဖွယ်ကောင်းပြီး တုန်လှုပ်စရာကောင်းပေသည်။

ထွက်ပြေးနေကြသူများအနေဖြင့် ၊

အကယ်၍ ကောင်းကင်ကြီးကို မော့ကြည့်လိုက်မည်ဆိုပါက ၊ အတိုင်းသားမြင်တွေ့နေရသော မြင်ကွင်းကြောင့် ထိတ်လန့်တုန်လှုပ်မှုအောက်တွင် လူတစ်ယောက်၏ နှလုံးသား ပြိုလဲသွားနိုင်သည်။

မှတ်ဥာဏ်ထဲက အပြာရောင်ကောင်းကင်ကြီးမှာ ယခု မှောင်မိုက်နေခဲ့သည်။

ပျက်စီးနေသော ကောင်းကင်ကြီး၏ အသွင်အပြင် တစ်ခုလိုပင်။

မှောင်မိုက်ပြီး အဆုံးမရှိသော အာကာသအက်ကွဲကြောင်းများက အစားထိုးဝင်ရောက်ကာ နေရာယူလို့ထားသည်။

ရောင်စုံအလင်းတန်းများက မိုးခြိမ်းသံကဲ့သို့ ဟောက်သံပြုနေကြသည်။

ပေါက်ကွဲသံများကြား ၊ အပျက်သဘောဆောင်သော မှော်စက်ဝိုင်းတို့သည် ကောင်းကင်ကို ဖုံးလွှမ်းသွားတတ်သည်။

မှော်သင်္ကေတများသည် အဖျက်လှည်းဘီးသဖွယ် သက်ဝင်လှုပ်ရှားနေသည်။

တစ်ခါအသက်ဝင်လိုက်တိုင်း ၊ မရေမတွက်နိုင်သော ကျင့်ကြံသူများကို အစိတ်စိတ်အမြွှာမြွှာ ချေမှုန်းနိုင်သည်။

သူတို့ကိုယ်သူတို့ နတ်ဘုရားကဲ့သို့ မှတ်ယူထားသော ဖြစ်တည်မှုများ ဖြစ်ပေရာ သွေးချောင်းစီးရမည့် ကံကြမ္မာကို ရှောင်လွှဲဖို့ရန် မဖြစ်နိုင်ခဲ့ချေ။

ဆွက်စ်!!

ရင်ဘက်သို့ ထိုးဖောက်ဝင်ရောက်လာသော နတ်လှံများနှင့် ချွန်ထက်သော ဓားသွားများ၏ လက်ချက်ဖြင့် သွေးများသည် နေရာအနှံ့ ပြန့်ကျဲကုန်သည်။

ဘုန်း ! !

သို့မဟုတ် ၊ လွန်စွာ မြင့်မားသော ဓမ္မကာယကိုယ်ထည်ကြီးသည် သွေးအမှုန်အမွှားအဖြစ် လွင့်ပျံသွားပြီး ၊ ၎င်းတို့၏ ဝိညာဉ်နှင့်အတူ ဖျက်စီးခံလိုက်ရသည်။

ဝုန်း !!

သို့မဟုတ် ခွန်အားမလုံလောက်ခြင်းကြောင့် ၎င်းတို့သည် ရန်သူ၏ မှော်အစွမ်းဖြင့် ပွဲချင်းပြီး သေဆုံးကာ ၊ ၎င်းတို့၏ ဝိညာဉ်နှင့် ခန္ဓာကိုယ်တို့သည် ပျက်စီးကိန်းစိုက်ခဲ့ရလေ၏။

တဟုန်းဟုန်း တောက်လောင်နေသော သတ်ဖြတ်မှု အငွေ့အသက်အောက်တွင် ၊ နာကြည်းမှုများမှာ အကန့်အသတ်မရှိ။

ကိုယ့်ယုံကြည်ရာတစ်ခုအတွက် ကိုယ့်နည်းကိုယ့်ဟန်ဖြင့် တိုက်ပွဲဆင်နွှဲနေကြသည်။

အဆုံးတွင်၊ သူတို့သည် အရာအားလုံးကို ပေးဆပ်ခဲ့ရပါသော်လည်း ကမ္ဘာပေါ်တွင် ခြေရာလက်ရာမကျန် ပျောက်ကွယ်သွားခဲ့ရသည်။

…….

ဤအခိုက်အတန့်တွင်၊

တိုက်မြေ သုံးထောင်ရှိ သက်ရှိသတ္တဝါအားလုံးသည် ဤကြောက်မက်ဖွယ်ကောင်းသော ကောင်းကင်ကြီး၏ အောက်တွင် ထိတ်လန့်တုန်လှုပ်စွာဖြင့် ရှိနေသည်။

လူသေတို့၏သင်္ချိုင်းဂူများကဲ့သို့ ပျက်သုန်းခြင်း ၊ မျှော်လင့်ချက်ကင်းမဲ့ခြင်းတို့သည် ၎င်းတို့၏စိတ်ဝိညာဉ်များကို အုပ်စိုးထားသည်။

သူတို့သည် လွတ်မြောက်အောင် ရုန်းကန်လိုကြသည်။

သို့သော် ၊ ဤအဖျက်တရားစစ်ပွဲကြီး၏ ချုပ်နှောင်မှုအောက်တွင် သူတို့အတွက် လွတ်မြောက်စရာ နေရာမရှိပေ။

မရေမတွက်နိုင်သော ကျင့်ကြံသူများသည် နတ်အလင်း လှိုင်းတံပိုးများ၏ ရိုက်ခတ်မှုအောက်တွင် ဖုန်မှုန့်အဖြစ်သို့ ပြောင်းလဲသွားကြသည်။

ပူလောင်သော မြေ၌သာ ဒူးထောက်လျက် ။

သွေး ၊ မျက်ရည် နှင့် ရွှံနွံများက သူတို့၏ မျက်နှာပေါ်တွင် စွန်းထင်နေလေ၏။

အထက်ကောင်းကင်ရှိ ပေါက်ကွဲသံများကြား သူတို့အနေဖြင့် အစွမ်းကုန် အော်ဟစ်နေကာ ၊ ငိုကြွေးနေတောင် ဤစစ်ပွဲကြီးသည် ဆက်လက် ဖြစ်ပွားနေဆဲပင် ဖြစ်သည်။

အားနည်းသူများအဖို့ သန်မာသူများ၏ ဆုံးဖြတ်ချက်ကို မည်သို့ပြောင်းလဲနိုင်မည်နည်း။

သန်မာသူတို့၏ လောက၌ ၊

အားနည်းသူများအတွက် နေရာမရှိ။

သူတို့သည် စွမ်းအားမဲ့သူများသာ ဖြစ်သည်။

ဇာတိမြေသည် စစ်ပွဲကြီးကြောင့် လုံးလုံးလျားလျား ပျက်စီးသွားသည်ကို တိတ်ဆိတ်စွာဖြင့် ကြည့်ရုံမှတပါး ကျန်တာမတတ်နိုင်ပေ။

သာမန်လူများအဖို့ စစ်ပွဲကြီးကို တားစီးလိုခြင်းအဖို့ဌာ မသိစိတ်ကနေ ကောင်းကင်ကြီးကို မော့ကြည့်လို့နေသည်။

သို့သော်။

ဤအဖျက်စွမ်းအားများ၏ ရှေ့တွင် ၊ သူတို့၏ သေးနုတ်သော ခန္ဓာကိုယ်မှာ အသုံးမဝင်ပေ။

ဤလောကကြီး၏ ထိတ်လန့်တုန်လှုပ်ဖွယ်ရာ ဟောက်သံကို ကျယ်လောင်စွာ ကြားနေရသည့်အပြင် ၊

ကြယ်တာရာ ကောင်းကင်၏အလွန်တွင် ပေါက်ကွဲထွက်လာသော နတ်အလင်းများသည် မရေမတွက်နိုင်သော ကြယ်စင်များ ကြွေကျလာသကဲ့သို့ မြေကြီးပေါ်သို့ ကျရောက်လာသည်ကို မြင်တွေ့နေရသည်။

လှပပြီး ကြီးကျယ်ခမ်းနားသော မြင်ကွင်းတစ်ခုဖြစ်သော်လည်း ၊

သို့သော် ၎င်းသည် စိတ်ပျက်စရာကောင်းသော လှပမှုတစ်ခုသာပင် ။

ကောင်းကင်နှင့်မြေကြီးသည် ငိုကြွေးမြည်တမ်းနေပြီး ၊ မြေကြီးများ ပြိုကျလျက်ရှိသည်။

အထက်ကောင်းကင်မှ သဲသဲမဲမဲ ရွာသွန်းလာသော သွေးမိုးများသည် တောင်တန်းနှင့် မြစ်များကို နီရဲသွားစေသည်။

နေရာတိုင်းလိုလို ၊ သံအပိုင်းအစများအဖြစ် ပြောင်းလဲသွားသော စစ်သင်္ဘောများကို မြင်တွေ့နေရသည်။

ဒါတင်မက ၊ ကိုယ်ခန္ဓာ အပိုင်းအစများသည်လည်း နေရာအနှံ့ ပြန့်ကျဲ‌လျက်ရှိသည်။

………..

တစ်ချိန်တည်းမှာပင်။

ကြယ်တာယာ ကောင်းကင်၏ အနက်ရှိုင်းဆုံး အပိုင်းတွင်၊

ကောင်းကင်လမ်းစဉ် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ ဝင် လေးဦး နှင့် ကွေးယွမ် သူတော်စင် နယ်မြေမှ မဟာဧကရာဇ်မင်း လေးဦးတို့သည် တိုက်ပွဲ ဆင်နွဲနေကြသည်။

တိ့ကျန့် မဟာဧကရာဇ်မင်း ၊ ဟွမ်ထျန်း မဟာဧကရာဇ်မင်း ၊ ပိုင်ကျန့် မဟာဧကရာဇ်မင်းအပြင် ရွှမ်ယွီ ဧကရီတို့သည် ရှေးဧကရာဇ် နယ်ပယ်အဆင့်ထိ တတ်လှမ်းထားပြီး ဖြစ်သည်။

၎င်းတို့၏ ကိုယ်ပိုင် မှော်အစွမ်းများကို အသီးသီး အသက်သွင်းလျက် ၊

အဆုံးမရှိ ကြီးမားသော ၎င်းတို့၏ မဟာဧကရာဇ် ဓမ္မကာယကိုယ်ထည်ကြီးကို ဖန်တီးကာ နေရာတစ်ခုလုံးကို အုပ်မိုးထားလေသည်။

တစ်ခါ လှုပ်ရှားလိုက်တိုင်း ၊ ၎င်းတို့၏ နောက်တွင် ရှိနေသော ဓမ္မကာယကိုယ်ထည်ကြီးသည် အလားတူ လှုပ်ရှားလာသည်။ ၎င်းတို့၏ လက်ကို မြှောက်တင်ကာ ပြင်းထန်သော စွမ်းအားများကို စုဝေးလျက် ကောင်းကင်လမ်းစဉ် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ဝင် လူလေးဦးထံသို့ ပစ်လွှတ်လိုက်သည်။

မည်သည့်နေရာမဆို အလားတူ မြင်ကွင်းများကို မြင်တွေ့နိုင်သည်။

တဖက်တွင်လည်း ၊ ရှေးမကောင်းဆိုးဝါးအိုကြီးများသည် ၎င်းတို့၏ စွမ်းအားများကို အတူစုဝေးကာ တိုက်ပွဲပုံစံကို ခင်းကျင်းလျက် တိုက်ခိုက်နေကြသည်။

သူတို့သည် ကွေးယွမ် သူတော်စင် နယ်မြေတစ်ခုလုံးကို မီးလောင်တိုက်သွင်းရန် တခြားလမ်းကြောင်းကနေ တိုက်ခိုက်ကြသည်။

သို့သော်လည်း ၎င်းတို့ကို ကွေးယွမ် သူတော်စင် နယ်မြေ၏ ရှေးဧကရာဇ်နယ်ပယ်အဆင့်ရှိ ပုဂ္ဂိုလ်များက တားဆီးခဲ့ကြသည်။

“ဟွန်း ! ကွေးယွမ် သူတော်စင် နယ်မြေဟာ တိုက်မြေ သုံးထောင်က လူသားမျိုးနွယ် ထွန်းကားရေးအတွက် ဦးဆောင်ခဲ့တယ် “

“ ကောင်းကင်ဘုံ မကောင်းဆိုးဝါးတောင်တန်းအနေနဲ့ ဦးစီးဦးဆောင်လုပ်ပြီး ငါတို့ရဲ့ဂုဏ်ကျက်သရေကို ပြန်လည်ရယူမယ်!”

မကောင်းဆိုးဝါးဘုရင်တစ်ပါးက ဟစ်ကြွေးလိုက်ပြီး ရှေ့ကို တိုးလာသည်။

ထို့နောက် သူ့ လက်ကို မြှောက်ကာ ပြင်းထန်သော စွမ်းအားတို့ဖြင့် ပေါက်ကွဲလေ၏။

ကြီးကျယ်ခမ်းနားသော မကောင်းဆိုးဝါး စွမ်းအားများသည် မရေမတွက်နိုင်သော အမှောင်လက်သီးများအဖြစ်သို့ ကွေးယွမ် သူတော်စင် နယ်မြေ၏ ရှေးဧကရာဇ်နယ်ပယ်အဆင့်ရှိ ပုဂ္ဂိုလ်များဆီသို့ ကျရောက်လာသည်။

[ T/N - အပိုင်း(၃၉၀)မှာ ဖော်ပြခဲ့ဖူးသော ရှေးဧကရာဇ် : မဟာဧကရာဇ်မင်း ပထမတန်းအဆင့် အထက် ]

တစ်ဖက်နှင့် တစ်ဖက် ဘာမှမထူးခြားသော အမူအရာများဖြင့် ထိုးနှက်တိုက်ခိုက်နေကြသည်။

ဘုန်း ! !

လရောင်စက်ဝန်း ဖြာကျသွားသကဲ့သို့ ကြောက်စရာကောင်းသော ပေါက်ကွဲသံသည် နေရာအနှံ့ ပဲ့တင်ထပ်သွားသည်။

သို့သော် ထိုကဲ့သို့သော မြင်ကွင်းမျိုးသည် တစ်ခုတည်းတင် မဟုတ်။

ကြယ်တာယာ ကောင်းကင်ကြီး၏ အနက်ရှိုင်းဆုံး အပိုင်းတွင် ၊

ကောင်းကင်လမ်းစဉ် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ဝင် ခြောက်ဦးနှင့် ကောင်းကင်ဘုံ မကောင်းဆိုးဝါးတောင်တန်းမှ ကြွင်းကျန်အမတ ရှေးဘိုးဘေး အမြောက်အမြားတို့သည် ကွေးယွမ် သူတော်စင်နယ်မြေ၏ ဘိုးဘေးအပေါင်းတို့နှင့် မကြုံစဖူးသော စစ်ပွဲကြီးကို ဆင်နွှဲနေသည်။

“ ကွေးယွမ် သူတော်စင်နယ်မြေ... မင်းတို့ရဲ့ ခေါင်းမာမှုကြောင့် နောက်ဆုံးတော့ တိုက်မြေ သုံးထောင်မှာ ရှိတဲ့လူတွေအကုန်လုံး ဒုက္ခခံရလိမ့်မယ်!”

ယီ က အော်ပြောလိုက်သည်။

သို့သော် သူ့လက်ချောင်းများက ရပ်နားခြင်းမရှိ လှုပ်ရှားနေသည်။

ကျပန်း လက်သီးတချက် ထိုးနှက်လိုက်ရုံဖြင့် ကြောက်မက်ဖွယ်ကောင်းသော အပြာရောင် အလင်းတန်းတစ်ခုက စကြဝဠာတစ်ခုလုံးကို တုန်လှုပ်သွားစေသည်။

ဟင်းလင်းပြင်အတွင်းရှိ အလွှာများသည် မိုင်ထောင်ပေါင်းများစွာ မသိနိုင်သော အကွာအဝေးတစ်ခုအထိ အက်ကွဲကြောင်းများစွာ လိုက်စားသွားသည်။

၎င်း၏ရှေ့တွင်ရပ်နေသည်မှာ ကွေးယွမ်၏ အလွန်အစွမ်းထက်သော ဘိုးဘေးတစ်ဦးဖြစ်သည့် ဝိန့်ထျန်း ဘိုးဘေး ဖြစ်သည်။

သူသည် ယင် -ယန် မဟာလမ်းစဉ်ကို ထိန်းချုပ်ကာ ကောင်းကင်နှင့်မြေကြီး၏ ဒြပ်စင်ငါးခုကို သက်ဝင်စေသည်။

သူ၏လက်ဝါးကို ကျပန်းရိုက်နှက်လိုက်ရုံဖြင့် အဆုံးမရှိသော အလင်းနှင့်အမှောင် မှော်သင်္ကေတို့သည် တလိပ်လိပ် ထကြွလာသည်။

ထို့နောက် ဟင်းလင်းပြင်တွင် ကြီးမားသော ယင်- ယန် ရူပါရုံဖြစ်စဉ်များ ဖြစ်ပေါ်လာသကဲ့သို့ တိုင်နှစ်တိုင် ထွက်ပေါ်လာသည်။

ပုံရိပ်ယောင်နှင့် အစစ်အမှန် ၊ ယင်နှင့် ယန်တို့၏ စွမ်းအားများ ရုတ်ချည်း ပေါ်ထွက်လာသည်။

ထိုစွမ်းအားများနှင့် ထိမိသည့် အခိုက်အတန့်မှာ ပင် ၊ မည်သည်မဆို ပျောက်ကွယ်သွားလေ၏။

ဝိန့်ထျန်းဘိုးဘေးက ရယ်မောလျက် ဆိုလေသည်။

“ခေတ်သစ်ကို ပြန်စချင်ရင်”

“ဒါဟာ မဖြစ်မနေ‌လုပ်ရမှာပဲ “

“ဒါ့အပြင် ဒါကလည်း မင်းလိုချင်တဲ့အရာ မဟုတ်ဘူးလား”

ထျန်းဝိန့်ဘိုးဘေး၏ အေးစက်သော မျက်လုံးများသည် ယီ ကို တစ်ချက်ကြည့်လိုက်ရုံဖြင့် သူ၏အတွေးများကို မြင်နေပုံရကာ အပြုံးမပျက် ရှိနေသည်။

“ ဟွန်း!”

“ဒါက ကောင်းကင်လမ်းစဉ် သခင်ရဲ့ နောက်ဆုံးဆန္ဒမို့၊ ငါတို့အနေနဲ့ သေချာပေါက် ဖြည့်ဆည်းပေးရမှာပဲ!”

အပိုင်း(၄၃၉): ပေမင်ထဲ သွားလာခွင့် တားမြစ်တယ်

ထိုစကားသံအပြီးတွင် ၊

ယီ သည် သူ့လက်ကိုဆန့်ကာ ဝှေ့ယမ်းလိုက်သည်။

ရုတ်တရက်၊ မရေမတွက်နိုင်သော နတ်အလင်းရောင်များသည် အထက် ကောင်းကင်၌ စုရုံးလာသည်။

ထို့နောက် ကမ္ဘာပေါ်တွင် မဟာလမ်းစဉ်၏ ဂီတသံစဉ်များ ရုတ်ချည်း ထွက်ပေါ်လာသည်။

နတ်အလင်းရောင်များ ပျံ့လွင့်လာကာ အဆုံးတွင် ဗျပ်စောင်းတစ်လတ်အဖြစ် ပေါင်းစပ်သွားသည်။

ယီ သည် ဗျပ်စောင်းကို သူ၏ လက်ဆယ်ချောင်းဖြင့် တပြိုင်နက် တီးခတ်လိုက်လေရာ ၊ ‌ဗျပ်ကြိုးများသည် တဆတ်ဆတ် တုန်ခါသွားပြီး ကောင်းကင်နှင့် မြေကြီးကြား ဂီတမှော်သင်္ကေတများ စုဝေးလာသည်။

တောက်ပသော အလင်းမျှင်တို့သည် ဤအမှောင် လောကကြီးတစ်ခုလုံးကို လွန်စွာ စူးရှတောက်ပသွားစေခဲ့သည်။

“ဒီ‌တေးသံစဉ်က ကောင်းကင်လမ်းစဉ်သခင်ကိုယ်တိုင် ရေးစပ်ထားတဲ့... ထျန်းရှင်း သက်ရှိလောကသံစဉ်!”

ကောင်းကင်လမ်းစဉ် အဖွဲ့ဝင်များသည် ဤမြင်ကွင်းကို မြင်သည်နှင့် တုန်လှုပ်သွားကြသည်။

သူတို့၏ ကောင်းကင်လမ်းစဉ်သခင်သည် ဂီတကို အလွန်နှစ်သက်ပြီး ၊ သူမြင်ခဲ့ရသည့် အရာအပေါ် အခြေခံ၍ မရေမတွက်နိုင်သော တေးသီချင်းများကို သီဆိုခဲ့သည်။

၎င်းတို့တေးသီချင်းများအနက် ၊

အကျော်ကြားဆုံးမှာ ဤထျန်းရှင်း သက်ရှိလောကသံစဉ် ဖြစ်ပြီး၊ ကမ္ဘာကြီးကို အဓိပ္ပါယ်ဖော်ကာ ထာဝရကာလကို အကျဉ်းချုံးဖော်ပြထားသည်။

ဒင်—!!

ဗျပ်သံစဉ်သည် ကမ္ဘာပေါ်တွင် ပျံလွင့်သွားသည်။

ဤအခိုက်အတန့်တွင် ၊ အနီးနားရှိ မရေမတွက်နိုင်သော အင်အားကြီးမားသော စွမ်းအားရှင်တိုင်း ဤဗျပ်စောင်းမှ ပျံ့နှံ့လာသော သာယာသံစဉ်သည် လူတစ်ယောက်၏ စိတ်ကို ငြိမ်သက်မှု ပေးစွမ်းနိုင်သကဲ့သို့ ဆွဲညို့ခံလိုက်ရသည်။

မရေတွက်နိုင်သော လူများသည် မသိစိတ်မှ ကောင်းကင်ကို မော့ကြည့်နေကြသည်။

ကြယ်တာရာ ကောင်းကင်၏အလွန်တွင် ၊ မရေမတွက်နိုင်သော မှော်ပြာသင်္ကေတများသည် အဆုံးမရှိသော နတ်အလင်းတန်းများ အဖြစ် ကျဆင်းလာသည်။

ကောင်းကင်နှင့် မြေကြီးကြားတွင် အလွန်လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်ခု ပေါ်ထွက်လာခဲ့သည်။ နတ်အလင်းတန်းများ အောက်သို့ ကျရောက်လာချိန်တွင် လောကကြီးတစ်ခုလုံးကို တုန်လှုပ်သွားစေသော တန်ခိုးစွမ်းအားတစ်ခု ဖြစ်ပေါ်လာသည်။

“အဲဒါဘာလဲ...!?”

များစွာသော ကျင့်ကြံသူတို့သည် မခံမရပ်နိုင်ဘဲ ညည်းတွားလေသည်။ သူတို့၏ စိတ်နှလုံးသားများသည် ပြင်းပြင်းထန်ထန် တုန်လှုပ်နေကြသည်။

အဆုံးမရှိသော အလင်းတန်းများ လင်းလက် တောက်ပလာသည်နှင့်အမျှ ၊ နောက်ဆုံးတွင် ရှေးဟောင်း နန်းဆောင်ကြီးတစ်ခု ထွက်ပေါ်လာသည်။

အထဲမှ တန်ခိုးကြီးမားသော အပြာရောင် သဏ္ဍာန်ရိပ်တစ်ခု ပေါ်ထွက်လာသည်။

အပြာရောင် သဏ္ဍာန်ရိပ် ဖြစ်သော သူမ၏မျက်လုံးများသည် ဖြည်းညှင်းစွာ ပွင့်လာသည်။

ဝီ——!!

တခဏတွင်းမှာပင် ။

ကောင်းကင်တစ်ခွင် ပျံ့လွင့်နေသော ဂီတသံစဉ်သည် တောက်လောင်နေသော နတ်အလင်းရောင်များဖြင့် ပေါက်ကွဲထွက်ပေါ်လာပြီး ၊ ကြယ်တာယာ ကောင်းကင်ကြီးနှင့်အတူ ရှေးနတ်ဘုရားအစီအရင် ဖွဲ့စည်းပုံအဖြစ် ပြောင်းလဲသွားသည်။

“ ကောင်းကင်လမ်းစဉ် ပထမမျိုးဆက်ရဲ့ တရားဓမ္မ...”

ထျန်းဝိန့်ဘိုးဘေးသည် ထိုမြင်ကွင်းကို ကြည့်ပြီး မျက်မှောင်ကြုတ်သွားသည် ။

တကယ်တော့ ကောင်းကင်လမ်းစဉ်၏ ပထမမျိုးဆက်သည် သူတို့ ကွေးယွမ် သူတော်စင်နယ်မြေနှင့် စာချုပ်ချုပ်ဆိုခဲ့သည်။

ဤကမ္ဘာကြီးကို ပြန်လည်စတင်ဖို့ အတွက် သူတို့မှာ တာဝန်ရှိသည်။

ထို့ကြောင့် ကောင်းကင်လမ်းစဉ်၏ ပထမမျိုးဆက်သည် သက်ဆိုင်ရာ လျော်ကြေးကို ပေးဆောင်ခဲ့သည်။

ဘုန်း !!

ထိုအချိန်တွင်။

ဗျပ်စောင်းကြိုးကို တီးခတ်လိုက်သံနှင့်အတူ ၊

ကြောက်မက်ဖွယ်ကောင်းသော ရူပါရုံ မြင်ကွင်းများမှ မရေတွက်နိုင်သော ကြောက်ခမန်းလိလိ နတ်ဓားများအဖြစ်သို့ ပြောင်းလဲကာ ကျရောက်လာခဲ့သည်။

ဓားအလင်းတန်းများသည် မိုးသည်းထန်စွာရွာသွန်းလေသကဲ့သို့ ကွက်လပ်ကို ထိုးဖောက်ဝင်ရောက်လာခဲ့ပြီး အပြန်အလှန် ဟောက်သံပြုနေကြသည်။

ထို့နောက် တစ်ခုမှ နှစ်ခု ၊ နှစ်ခုမှ လေးခုဖြစ်လာကာ နောက်ဆုံးတွင် ကောင်းကင်ကို ဖုံးလွှမ်းထားသော အဆုံးမဲ့ဓားမြစ်တစ်စင်းသဖွယ် ထျန်းဝိန့်ဘိုးဘေးဆီသို့ ပြေးဝင်သွားလေသည်။

ထျန်းဝိန့်ဘိုးဘေး၏ မျက်လုံးများသည် လေးနက်သွားသည်။

ထို့နောက် သူ့လက်ဝါးကို မြှောက်လိုက်ပြီး အောက်ကို ဖိချလိုက်သည်။

ဝုန်း ! !

ဤလောက၌ ချုပ်နှောင်ထားသော နိယာမတရားများသည် ချက်ချင်းပင် အသက်ဝင်လာပြီး အလင်းကန့်လန့်ကာ တစ်ခုအဖြစ် အထက်သို့ ပျံလွင့်သွားသည်။

နောက်ဆုံးတွင်၊ လူသားဘိုးဘေး၏ အသွင်သဏ္ဍာန်အဖြစ် ကြီးမားသော အသွင်အပြင်ကို ဖန်ဆင်းခဲ့ပြီး ၊ ကြယ်စုကြီးနှင့် တူသော ၎င်း၏ မျက်ဝန်းများက လောကကြီးကို ထာဝရ ထိုးဖောက်ဝင်ရောက်နိုင်စွမ်း ရှိပုံရသည်။

တစ်ချိန်တည်းမှာပင် ၊ ထိုကြီးမားသော အသွင်အပြင်သည် ထျန်းဝိန့်ဘိုးဘေးနှင့် တစ်သားတည်း ပြုမှုနေပြီး သူ၏ လက်ဝါးကို ဆန့်ထုတ်လိုက်သည်။

တောက်လောင်နေသော အလင်းတန်းများ ထွက်ပေါ်လာပြီး ယီ မှ ပစ်လွှတ်လိုက်သော အဆုံးမရှိသော ဓားမိုးများနှင့် ထိပ်တိုက် ‌ဆုံတွေ့ကာ ဖျက်ဆီးပစ်လေသည်။

…….

တစ်ချိန်တည်းမှာပင်။

တခြားနေရာတွေမှာလည်း ကြောက်စရာကောင်းသော မြင်ကွင်းများ ဖြစ်ပွားနေသည်။

ကောင်းကင်ဘုံ မကောင်းဆိုးဝါးတောင်တန်း ၏ ပင်မမျိုးဆက်ဖြစ်သော ​​ရှေးဘိုးဘေး ကိုးဦးတို့သည်လည်း ထွက်ပေါ်လာခဲ့သည်။

သူတို့သည် ကောင်းကင်ဘုံ မကောင်းဆိုးဝါးတောင်တန်း၏ ပင်မမျိုးဆက်ကိုးခုတွင် အစွမ်းထက်ဆုံး လူကိုးဦးဖြစ်သည်။

၎င်းတို့သည် မဟာဧကရာဇ် နယ်ပယ်အဆင့်ကို ကျော်လွန်သွားခဲ့ကြပြီး၊ ကနဦးအမတဆန္ဒ ဖွဲ့စည်းမှုမှ တဆင့် သာလွန်အထွပ်အထိပ် နယ်ပယ်အဆင့်သို့ အမှန်တကယ် ဝင်ရောက်လာခဲ့သည်။

သာလွန်အထွပ်အထိပ်ဆိုသည်မှာ အဘယ့်နည်း။

လောကီလောကကို ကျော်လွန်ပြီး အမတနယ်ပယ် ညဏ်အလင်းကို ရရှိထားခြင်း ဖြစ်သည်။

၎င်းတို့ကို အမတယောင်ယောင် သို့မဟုတ် အမတသခင်အဆင့်အောက်ရှိ စွမ်းအားရှင်များဟု ခေါ်ဆိုနိုင်သည်။

ဝုန်း ဝုန်း !!

သူတို့၏ ရောင်ဝါအနည်းငယ်ကို ဖြန့်ကျတ်လိုက်ရုံဖြင့် ကြီးကျယ်ခမ်းနားသော မကောင်းဆိုးဝါး စွမ်းအင်များသည် အာကာသအတွင်းရှိ အလွှာများကို တိုက်ရိုက် ဆုတ်ဖြဲပစ်နိုင်သည်။

ကြောက်မက်ဖွယ်ကောင်းသော နတ်အလင်းတန်းများသည် သူတို့၏ အနားတစ်ဝိုက်တွင် တည်ရှိနေပြီး ၊ ဤကမ္ဘာကြီးကို ဖျက်ဆီးရန် ၎င်းတို့၏စွမ်းအားများကို ရှင်းရှင်းလင်းလင်း ပြသနေသည်။

“ဒီကြယ််‌နယ်မြေကို ဖြတ်ကျော်ပြီးရင် ပေမင်တိုက်မြေကို ရောက်ပြီ”

“ ကွေးယွမ် ဘိုးဘွားပိုင်မြေဆီကို တည့်တည့်သွားကြမယ်! “

ခေါင်းဆောင်သူ သာလွန်အထွပ်အထိပ်အဆင့်ရှိ ရှေးဘိုးဘေးတစ်ဦးက ဆိုလိုက်သည်။

“စစ်ပွဲက ကွေးယွမ် သူတော်စင်မြေအပေါ် လုံးဝ မသက်ရောက်နိုင်ဘူးဆိုရင်၊ သူတို့အပေါ် သက်ရောက်မှုရှိမှာ မဟုတ်ဘူး!”

“ဟွန်း! စူးချန်ကဲက ငါ့ ခွင်းဖိန် မျိုးနွယ်စုရဲ့ မျိုးဆက်ကို သတ်ပစ်ခဲ့တယ် ၊ ဒီအတွက် သူတို့ ကို ပြန်ပေးဆပ်ခိုင်းမယ်!”

ပြင်းထန်သော သွေးချီစွမ်းအားများကို ဖြန့်ကျတ်ထားသော ခွင်းဖိန်ရှေးဘိုးဘေးတစ်ဦးက ဟောက်လိုက်သည်။

သူ၏ ပတ်ဝန်းကျင်တွင် ပုံစံအမှန်ဖြင့် ရှိနေသော ကြီးမားသော မကောင်းဆိုးဝါးအိုကြီးများ ရှိနေသည်။

ကောင်းကင်တစ်ခွင်လုံးကို ဖုံးလွှမ်းထားနိုင်သည့်အထိ ကြီးမားသော အမြီးကိုးချောင်း မြေခွေးဖြူ ။

ကြယ်စုကြီးသဖွယ် ကြီးမားသော မျက်လုံးကြီးများဖြင့် တိမ်လွှာမြို ရှေးမိချောင်း ။

နေကို ဖျက်စီးပစ်နိုင်သည့်အထိ အားကောင်းသော ထျင်းရှင်းမျောက်ဝံ။

……

သူတို့၏ ခန္ဓာကိုယ်များသည် အလွန် ကြီးမားပြီး ၊ ပါးစပ်ဟရုံဖြင့် ဤစကြဝဠာအတွင်းရှိ ကြယ်များကိုပင် မျိုချပစ်နိုင်စွမ်း ရှိပုံရသည်။

၎င်းတို့၏ကိုယ်ပေါ်မှ ဖြာထွက်လာသော သွေးချီစွမ်းအားများသည် မုန်တိုင်းကြီးတစ်ခုလို ဖြစ်နေပြီး မိုင်ပေါင်းသန်းပေါင်း များစွာအကွာတွင် ရှိနေသော ကြယ်များကိုတောင် တုန်ခါသွားစေခဲ့သည်။

အဆုံးမရှိသော မကောင်းဆိုးဝါး စွမ်းအင်မြစ်ကိုးစင်းသည် ကွက်လပ်ကို ချိုးဖြတ်ကာ မိုင်ပေါင်းများစွာအထိ ပျံ့နှံ့သွားသည်။

သူတို့၏ ရည်ရွယ်ချက်မှာ ကွေးယွမ်ဘိုးဘွားပိုင် နယ်မြေသို့ တည့်တည့်မတ်မတ် ဖောက်ဝင်ရန်ဖြစ်သည်။

သို့သော်။

ပေမင်တိုက်ထဲသို့ ဝင်ရောက်ခံနီးအလိုတွင်၊

ဘုန်း ! ! !

ကြယ်ရောင်စုံသော ကောင်းကင်ယံ၌ ငါးရောင်ခြယ် မိုးကြိုးတစ်စင်း ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာသည်။

လျှပ်စီးကြောင်းသည် မိုင်ပေါင်းတစ်သန်းမျှ ကျယ်ဝန်းသော နေရာအထိ ရောက်ရှိသွားခဲ့ပြီး မည်းမှောင်နေသော ကြယ်ရောင်ကောင်းကင်ကြီးကို ရုတ်ချည်း ဖြူဖွေးသွားစေသည်။

ဤရုတ်တရက်ပြောင်းလဲမှုကြီးသည် ရှေးမကောင်းဆိုးဝါး ဘိုးဘေးကိုးဦးကို အချိန်တိုအတွင်း တုန်လှုပ်သွားစေခဲ့သည်။

ထို့နောက်တွင် ၊ ၎င်းတို့သည် ဒေါသတကြီးအော်လိုက်သည်။

“ငါတို့ကို ဘယ်သူကတားရဲတာလဲ!”

အက်ကွဲသံ! !

ထိုစကားများ အဆုံးတွင်။

မှောင်မိုက်နေသော ကြယ်တာယာ ကောင်းကင်ကြီးသည် လွန်စွာအားကောင်းသော စွမ်းအားဖြင့် ညှစ်ထုတ်ခံလိုက်ရပြီး ၊အက်ကွဲသံများ ထွက်ပေါ်လာသည်။

ဝီ!

ထို့နောက်၊ မထင်မရှားသော အလင်းလှိုင်းများ ရိုက်ခတ်ထွက်ပေါ်လာသည်။

ကွက်လပ်တွင် လှိုင်းတံပိုးများ ထပ်မံ လှုပ်ခတ်လာခဲ့သည်။

အထဲတွင် ၊ လမ်းကြောင်းတစ်ခု ဖွင့်လှစ်လိုက်သကဲ့သို့ အဆုံးမရှိသော အလင်းတန်းများ ထွက်ပေါ်လာသည်။

လွန်စွာ ကြွယ်ဝသော ပရမ်းပတာအလင်းရောင်ကြောင့် အတွင်းက ပုံသဏ္ဌာန်ကို သူတို့ မမြင်နိုင်ခဲ့ပေ။

မကောင်းဆိုးဝါး ရှေးဘိုးဘေး ကိုးဦးတို့သည် ဘာကိုမျှ မတွေးရသေးခင် ၊

ဤပရမ်းပတာ အလင်းဂိတ်ပေါက်မှ လွတ်လပ်ပြီး သဘာဝဆန်သော အသံတစ်ခု ထွက်ပေါ်လာသည်။

“ရှေးဘိုးဘေးရဲ့ အမိန့်ရှိတယ် ၊ အခုကစပြီး အမတနယ်ပယ်နဲ့ သက်ဆိုင်သူမှန်သမျှ ပေမင်ထဲ သွားလာခွင့် တားမြစ်တယ် ၊ “

“ ဒီထိရောက်အောင် လေ့ကျင့်ဖို့ဆိုတာ မလွယ်ဘူးလို့ ငါတို့ ယူဆတယ်၊ ဒါကြောင့် မင်းတို့ရဲ့ ကျင့်ကြံမှုကို စွန့်လွှတ်ပြီး “

“ ငါ့ရဲ့ ကွေးယွမ် သူတော်စင်နယ်မြေကို အနှစ်တစ်ရာ ဦးညွှတ်ရင် ၊ မင်းတို့အသက်ကို ခွင့်လွှတ်ပေးမယ် “

“မဟုတ်ရင်”

“သေမယ်!”

All Chapters