← Chapters

အခန်း (၄၄၈-၄၅၂)

Vol. 33 Ch. 448-452

အခန်း (၄၄၈-၄၅၂)

Vol. 33 Ch. 448-452

အပိုင်း(၄၄၈): ဒီကမ္ဘာမှာ အမှားအမှန်ဆိုတာ မရှိဘူး

"ဒါက ဒဏ္ဍာရီထဲက ကောင်းကင်လမ်းစဉ် အာဏာစက် ဒိုင်းလွှာဆိုတာလား?"

အဆုံးမရှိရှည်လျားသော အချိန်မြစ်ရေစီးကြောင်းတွင် လျှို့ဝှက်စွာဖြင့်ရှိနေခဲ့သော မြင့်မြတ်သောနတ်ပစ္စည်းသည် ယနေ့ခေတ်တွင် ပေါ်လာလိမ့်မည်ဟု မည်သူမှထင်မထားပေ။

ခေါင်းလောင်းသံ နှင့် ဒိုင်းလွှာ၏ ဟောက်သံများ ကျယ်လောင်လာသည်နှင့်အမျှ ၊ ကြီးမားပြီး ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခုသည် ကောင်းကင်ကြီးတစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။

တစ်လောကလုံး ထိန်လင်းတောက်ပနေခဲ့သည်။

ခေါင်းလောင်းသံ တစ်ကြိမ်လှုပ်ခတ်လိုက်တိုင်း၊ အသံလှိုင်းသည် နေရာအနှံ့ ပျံ့လွှင့်သွားသည်။

ကွေးယွမ် ပရမ်းပတာခေါင်းလောင်းသည် ထိပ်တန်း နတ်လက်နက်ဆိုသည့်အမည်ဖြင့် တကယ်ကို ထိုက်တန်ပေသည်။

အသံတစ်ချက် တီးခေါက်လိုက်တိုင်း ၊ ကောင်းကင်နှင့်မြေကြီးကို လှုပ်ခါကာ စကြာဝဠာကြီးကို တုန်လှုပ်စေသည်။

အသံနှစ်ချက် တီးခေါက်လိုက်သည်နှင့် သောင်းပေါင်းများစွာသော လမ်းစဉ်များ ဟောက်သံပြုလျက် နိယာမတရားများ လှုပ်ရှားထကြွလေသည်။

ထို့နောက်တွင်မူ ၊ မရေမတွက်နိုင်သော သန်မာသူ စွမ်းအားရှင်များပင်လျှင် ခေါင်းမော့ကြည့်ရန် အရည်အချင်းမရှိဘဲ မြေပြင်တွင် ဝပ်တွားခဲ့ရသည်။

ကောင်းကင်လမ်းစဉ် အာဏာစက်ဒိုင်းလွှာသည်လည်း ထပ်တူထပ်မျှအားကောင်းသည်။ ၎င်းသည် တိုက်မြေ သုံးထောင်တွင် အမာကြောဆုံး ဒိုင်းလွှာအဖြစ်လူသိများသည်။ မည်သည့် တိုက်ခိုက်ရေး နည်းစနစ်မဆို ခံနိုင်ရည်ရှိပြီး ပျက်သုန်းခြင်းကို လျစ်လျူရှုနိုင်သည်။

အလင်းတန်းများ လှုပ်ရှားသွားသည့်အကြိမ်တိုင်း ၊ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများ ပေါ်ထွက်လာပြီး ပေထောင်ပေါင်းများစွာမြင့်သောအရပ်မှ တိမ်မိုးများကို ပြိုကွဲသွားစေသည်။

နှစ်ဦးနှစ်ဖက် ထိပ်တိုက် ဆုံတွေ့ခဲ့ကြသည်။

ထျန်းဝိန့်ဘိုးဘေးမှ ဦးဆောင်သော ကွေးယွမ်ဘိုးဘေးအဖွဲ့သည် ယီ ဦးဆောင်သော ကောင်းကင်လမ်းစဉ်အဖွဲ့ဝင်များနှင့် ပြင်းထန်စွာ တိုက်ပွဲဆင်နွှဲခဲ့ကြသည် ။

ကြယ်‌မှော်အခင်းအကျင်း၏ ဗဟိုချက်တွင် ရှိနေသော ယီသည် သူ့လက်များဖြင့် မှော်အစီအရင်တစ်ခုကို ဖန်တီးနေသည်။

ရုတ်​တရက်​ပင်​ ၊ ​ သူ့ခန္ဓာကိုယ်အတွင်းမှ ကြောက်​မက်​ဖွယ်​ကောင်းသော အလင်းတန်းတစ်ခု ပွင့်ထွက်လာခဲ့သည်။

မဟာလမ်းစဉ်၏ ပြိုးပြိုးပျက်ပျက် တောက်ပနေသော ရွှေရောင်ကိုယ်ထည်ကဲ့သို့ အရွယ်အစား ကြီးမားသော ရုပ်သွင်တစ်ခုသည် တောက်ပနေသော ကောင်းကင်ကြီးတစ်ခုလုံးကို ဖုံးကွယ်ထားသည်။

"နှိပ်ကွပ်!"

ယီ၏ ဟောက်သံနှင့်အတူ ၊

ထိုရွှေရောင် ရုပ်သွင်ကြီးသည် ရုတ်တရက် သူ၏ လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်သည်။

ယီ၏ လှုပ်ရှားမှုနှင့်အတူ ၊ တစ်ချိန်တည်းမှာပင် ၎င်း၏ လက်နှစ်ဖက်သည်လည်း လှုပ်ရှားမှုပြုလာသည်။

ကောင်းကင်လမ်းစဉ်နှင့် တစ်သားတည်းကျပုံရကာ ၊ ၎င်း၏ လှုပ်ရှားမှုတိုင်းက အရာအားလုံးကို ရှင်းပစ်နိုင်စွမ်းရှိပုံရသည်။

မကောင်းဆိုးဝါးမျိုးနွယ်ဝင် ဘိုးဘေးများသည်ပင် ရိုက်ခတ်မှုဒဏ်ကို ခံစားခဲ့ရပြီး ၎င်းတို့၏ ခန္ဓာကိုယ်တစ်ခုလုံးကို မတည်မငြိမ် ဖြစ်စေခဲ့သောကြောင့် ထိုဧရိယာတဝိုက်တွင် မနေဘဲ အမြန် ရွှေ့ပြောင်းခဲ့ကြသည်။

"ဟမ်၊ လာလိုက်စမ်းပါ!"

ထျန်းဝိန့်ဘိုးဘေးသည် အေးစက်စွာ ဟစ်အော်ကာ ရှေ့ဆက်တိုးလာခဲ့သည်။

သူ၏လက်ငါးချောင်းကို လက်သီးအဖြစ် ပြောင်းလဲကာ ထိုးနှက်လိုက်သည်။

ဘုန်း ! !

အလင်းနှင့် အမှောင် ရောယှက်နေသော စွမ်းအားတစ်မျိုးသည် သူ့ခန္ဓာကိုယ်တစ်လျှောက်လုံးကို ဖြန့်ကျတ်သွားပြီး ကောင်းကင်သို့ တည့်တည့်မတ်မတ် ပစ်ခွင်းဝင်ရောက်သွားသည်။

တစ်ချိန်တည်းမှာပင် ၊ ကြီးကျယ်ခမ်းနားသော ယင်-ယန် ☯️ ပုံစံတစ်ခု ဖြစ်ပေါ်လာသည်။ ၎င်းမှ အဆုံးမရှိသော နတ်အလင်းတန်းများ ပွင့်ထွက်လာခဲ့ပြီး အဖြူ နှင့် အနက်၏ စွမ်းအင်များသည် ကောင်းကင်ယံမှ အောက်သို့ ကျဆင်းလာခဲ့သည်။

ထျန်းဝိန့်ဘိုးဘေးမှ ထိုးနှက်လိုက်သော လက်သီးနှင့်အတူ ၊

ကြောက်မက်ဖွယ်ကောင်းသော အဖျက်မုန်တိုင်းကြီးတစ်ခု ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာသည်။

ဘုန်း !

ကြောက်မက်ဖွယ်ကောင်းသော ပေါက်ကွဲသံနှစ်ခုသည် ကောင်းကင်ယံ၌ တစ်ပြိုင်နက်တည်း ထွက်ပေါ်လာသည်။

ကြယ်တာယာ ကောင်းကင်အလွန်တွင် ၊

အကန့်အသတ်မရှိ ကြီးမားသော ဓမ္မကာယကိုယ်ထည်ကြီး နှစ်ခုသည် တစ်ခုနှင့်တစ်ခု တိုက်မိကြပြီး ၊ ပျက်သုန်းခြင်း လှိုင်းတံပိုးများကို လှုံ့ဆော်ပေးလျက်ရှိသည်။

အထက် ကောင်းကင်ယံ၌ ၊

နတ်လက်နက်နှစ်ခု ထိပ်တိုက် ဆုံတွေ့ခဲ့လေရာ၊ အဆုံးမရှိသော မုန်တိုင်းများ ဖြစ်ပေါ်ခဲ့သည်။

"အစ်ကို..."

" ကျွန်မ အရင်သွားနှင့်ပြီ..."

ကောင်းကင်လမ်းစဉ်၏ ဆဋ္ဌမမြောက်အဖွဲ့ဝင် အပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦး ဖြစ်သည်။

ယခုအချိန်တွင် သူမ၏ ပါးစပ်တွင် သွေးများ စွန်းထင်းနေပြီး ၊ အသက်ရှုသံမှာ အားနည်းနေခဲ့ပြီ ဖြစ်သည်။ သူမ၏ ခန္ဓာကိုယ်သည် အချိန်မရွေး ပျောက်ကွယ်သွားနိုင်သကဲ့သို မှိန်ဖျော့ဖျော့ ဖြစ်နေသည်။

သူတို့သည် ယခင်က မရေမတွက်နိုင်သော တိုက်ပွဲများကို ဆင်နွဲခဲ့ပြီး ၊ ယခုတွင်လည်း သူတို့သည် တားမြစ်နည်းလမ်းများကို အသုံးပြုခဲ့ကြသည်။

ယင်းက သူတို့၏ အသက်စွမ်းအင်နှင့် မူလရင်းမြစ် စွမ်းအင်ကို လျော့နည်းစေသည်။

"ညီမလေး လု..."

ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသော ကောင်းကင်လမ်းစဉ်အဖွဲ့ဝင်များသည် မျက်ရည်များဝဲတတ်လာသည်။

မိမိ၏ ညီအစ်ကိုမောင်နှမများသည် ဤဝမ်းနည်းစရာကောင်းသော အခြေအနေကို မခံစားနိုင်ပုံရသည်။

လု ဟု အမည်ရသော အမျိုးသမီး၏ နှုတ်ခမ်းများသည် အပြုံးတစ်ခုအဖြစ် ကွေးညွှတ်သွားသည်။

" ကောင်းကင်လမ်းစဉ်သခင် အတွက်..."

"ငါတို့ယုံကြည်ချက်အတွက်... အဆုံးမှာ မှားခဲ့တယ်ဆိုရင်တောင်..."

"ငါ...နောင်တမရှိဘူး..."

နောက်ဆုံးတွင် ၊ သူမသည် အလှဆုံးပြုံးရယ်လိုက်ရင်း။

"ညီမ လု... အရင်သွားနှင့်တော့မယ်..."

သူမ၏ရုပ်သွင်သည် ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားခဲ့သည်။

ယီ သည် နှုတ်ဆိတ်နေသည်။

နဂိုက ငြိမ်သက်နေခဲ့သော သူ၏ မျက်ဝန်းတစ်စုံသည် အနည်းငယ် တုန်ရီနေသည်။

စန်း နှင့် အော့သည် မျက်ရည်များ တားဆီးမရအောင်ပင် ငိုကြွေးနေသည်။

သူတို့ ကောင်းကင်လမ်းစဉ် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ ၏ မူလရည်ရွယ်ချက်သည် တိုက်မြေ သုံးထောင်ရှိ သက်ရှိတိုင်းအတွက် ဖြစ်သည်။

အမှောင်ထုခေတ်တွင် ၊ ဒေဝလောကတစ်ခွင်လုံး ကျဆုံးခဲ့ရပြီး မရေမတွက်နိုင်သော သက်ရှိအပေါင်းတို့သည် အမှောင်ထု၏ ဖျက်ဆီးခြင်းကို ခံခဲ့ရသည်။

သက်ရှိအပေါင်း ငြိမ်ချမ်းစွာ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ပိုမိုကောင်းမွန်စွာ ဖြတ်သန်းနိုင်စေရန်အတွက် ၊

ဟန်ချက်ညီမှုသည် မဖြစ်မနေ လိုအပ်ပေသည်။

သို့သော်၊ အကြွင်းမဲ့ ဟန်ချက်ညီမှုရှိခြင်းသည် ရှေ့ဆက်မည့် အနာဂတ်လမ်းကြောင်းကို ဖြတ်တောက်ခြင်းနှင့် ညီမျှသည်။

ယခု ရွှေခေတ်ရောက်လာ‌ပြီး ၊ ဒေဝလောကတစ်ခုလုံး ပြန်လည်စတင်ပေတော့မည်။ အရာအားလုံး ကုန်ဆုံးကာ ၊ အသစ်ပြန်လည် မွေးဖွားလာတော့မည် ဖြစ်သည်။

သူတို့ထိန်းသိမ်းထားသော ဟန်ချက်ညီမှုသည် နောက်ဆုံးတွင် သက်ရှိအပေါင်းတို့၏ တိုးတက်မှုကို ချည်နှောင်ထားသော အနှောင်အဖွဲ့တစ်ခု ဖြစ်လာခဲ့သည်။

သူတို့ယုံကြည်ထားသော အယူအဆသည် နောက်ဆုံးမှာတော့ သူတို့မြတ်နိုးရသော လူတွေကို ထိခိုက်စေခဲ့သည်။

သို့သော်...

သူတို့မွေးဖွားလာစဉ်ကတည်းက သူတို့၏ တစ်ခုတည်းသော အတွေးအခေါ်မှာ ဟန်ချက်ညီမှုကို ထိန်းသိမ်းပြီး မျိုးကွဲများကို ဖယ်ရှားပစ်ရန်သာ ဖြစ်သည်။

သူတို့ ကောင်းကင်လမ်းစဉ် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့သည် ဘာများမှားယွင်းခဲ့သနည်း။

ဟန်ချက်ညီအောင် ထိန်းသိမ်းရန်နှင့် ခက်ခက်ခဲခဲရရှိထားသော ငြိမ်းချမ်းရေးနှင့် စည်းမျဥ်းစည်းကမ်းများကို မိမိ၏ခွန်အားကို အသုံးပြု၍ ထိန်းသိမ်းလိုခဲ့သည်။

သို့သော်၊ ကွေးယွမ် သူတော်စင်နယ်မြေအနေနဲ့ကလည်း ဘာများမှားယွင်းခဲ့သနည်း။

ခေတ်တွေပြောင်းလဲလာသည်နှင့်အမျှ ၊ ကမ္ဘာကြီးသည် တိုးတတ်လာသည် ။ သူတို့သည် ပုပ်ပွကာ ပိတ်လှောင်ထားသော ပတ်ဝန်းကျင်ကို ချိုးဖျက်ချင်ရုံသာပင် ။

သူတို့အားလုံး မှန်သည်။

လူတိုင်းသည် ကိုယ်ယုံကြည်ရာအတိုင်း အသက်ရှင်ကြသည်။

“ ငါတို့က ပြည်သူတွေရဲ့ လိုလားတောင့်တမှုကြောင့် ဖြစ်တည်လာမှတော့... "

အော့ က ဆိုသည်။

" ငါတို့ ခေတ်ရေစီးကြောင်းအတိုင်း လိုက်လျောညီထွေရှိသင့်တယ်..."

ထိုနောက် ၊ စန်းက ဆက်ပြောခဲ့သည်။

"ငါတို့က သက်ရှိအပေါင်းကို ချည်နှောင်ထားသော အနှောင်အဖွဲ့ဆိုမှတော့ ...

" ငါတို့အနေနဲ့ အဆုံးထိ ပြည်သူလူထုကို ဖြေရှင်းချက်ပေးရမှာပဲ...."

ကွေးယွမ် သူတော်စင်နယ်မြေသည် ယနေ့ခေတ်၏ ကံကြမ္မာဖြစ်လာမှတော့ ၊

ဒါဆို သူတို့ ကောင်းကင်လမ်းစဉ် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့သည် ဤတစ်ကြိမ်တွင် သမိုင်းကနေ ပျောက်ကွယ်သွားပေတော့မည်။

တစ်ချိန်က ကောင်းကင်လမ်းစဉ်သခင်မှ သူတို့ကို ပြောခဲ့သည့်စကားများကို ပြန်လည် အမှတ်ရနေမိသည်။

" ဒီကမ္ဘာမှာ အမှားအမှန်ဆိုတာ မရှိဘူး၊ ဒီတိုင်း ရပ်တည်ချက်မတူညီကြရုံပဲ "

" မဟာလမ်းစဉ် သုံးထောင်ရှိသလို ၊ လူတိုင်း ယုံကြည်ရာလမ်းစဉ်ဟာလည်း မတူညီကြဘူး "

" ဟန်ချက်ညီမှုကို ကာကွယ်တာ ဒါမှမဟုတ် ချိုးဖျက်တာ ဒါတွေဟာလည်း လူတစ်ဦးချင်းစီတိုင်းရဲ့ ခံယူချက်တွေက မတူညီကြဘူးပဲ "

" တိုက်မြေ သုံးထောင်က သက်ရှိတိုင်း သူ့ကိုယ်ပိုင်ဆန္ဒတွေ ရှိကြပြီး သူတို့က သဘာဝတရားကို အောင်နိုင်မယ်လို့ ယုံကြည်ကြတယ် "

" တစ်ချိန်က ငါတို့ရဲ့ အမိန့်အာဏာအောက်မှာ သူတို့ ပိုကောင်းအောင် လုပ်နိုင်လာကြတယ်..."

“အခု သူတို့က ကိုယ့်ခွန်အားနဲ့ကိုယ် ကာကွယ်ပြီး ရှေ့ဆက် တိုးဖို့ စွမ်းအားတွေ ရှိလာမှတော့ သူတို့ကို လွတ်လပ်စွာ ရွေးချယ်ခွင့် ပေးသင့်တယ် "

ကောင်းကင်လမ်းစဉ် အဖွဲ့ဝင်တိုင်း၏ စိတ်ထဲတွင် အတိတ်က ထိုအသွင်ပုံရိပ်ကို ပြန်လည် မြင်ယောင်နေခဲ့သည်။

သူမ၏ အပြုံး ၊ သူမ၏ နူးညံ့မှု နှင့် ကြင်နာမှု၊ သူမ၏ ဂရုစိုက်မှု .....

"တောင်းပန်ပါတယ်..."

"ကျွန်တော် အမှားလုပ်မိလို့ အားလုံးကိုလည်း တာဝန်ယူစေမိတယ်... တကယ်ကို တောင်းပန်ပါတယ်..."

ဤအခိုက်အတန့်တွင် ၊ ကောင်းကင်လမ်းစဉ် အဖွဲ့ဝင်တိုင်း နားလည်သဘောပေါက်သွားခဲ့ချေပြီ....။

"သခင်...ဒါက မင်း ကျွန်တော်တို့ကိုပြောချင်ခဲ့တဲ့စကားလား "

"ဒါပေမယ့်... အကယ်၍ နောက်ဘဝသာရှိခဲ့မယ်ဆိုရင်..."

" ကျွန်တော်တို့ မင်းရဲ့ ဆန္ဒကို ဆက်ပြီး အကောင်အထည်ဖော်ခွင့်ရှိနိုင်မလား ..."

အပိုင်း(၄၄၉): ခေတ်၏အဆုံး

တစ်ချိန်တည်းမှာပင်။

ဤအခိုက်အတန့်တွင် ၊ ၎င်းတို့ရှိ ကောင်းကင်လမ်းစဉ်၏ စွမ်းအားသည် ပို၍ ကြောက်စရာကောင်းလာသည်။

လက်ကျန် မူလအသက်စွမ်းအင်ကို လောင်မြိုက်ကာ မိမိတွင်ရှိသမျှ ခွန်အားများ အားလုံးကို ထုတ်လွှတ်ရန် အဆင်သင့်ဖြစ်နေခဲ့ပြီ ဖြစ်သည်။

ထိုမြင်ကွင်းကိုမြင်တော့ ၊ ထျန်းဝိန့်ဘိုးဘေးက သက်ပြင်းချလိုက်သည်။

ထိုနှစ်က ကမ္ဘာ့ကပ်ဘေးစစ်ပွဲကာလတွင် ၊

ကောင်းကင်လမ်းစဉ်၏ ပထမမျိုးဆက်သည် မရေမတွက်နိုင်သော သက်ရှိအပေါင်းကို ကာကွယ်ပေးခဲ့ရုံသာမက ၊

နောက်ဆုံးတွင်၊ မိမိ၏ကိုယ်ပိုင် တာအိုခန္ဓာကိုယ်ကို စတေး၍ ကျန်ရှိသော စိတ်ဝိညာဉ်ဖြင့် သက်ရှိအပေါင်းတို့ကို ပြန်လည်ရှင်သန်ခွင့်ပေးခဲ့သည်။

ဤကဲ့သို့ ကိုယ်ကျိုးစွန့်ခဲ့သည်ကို မည်သူမှယုံကြည်ရဲလိမ့်မည် မဟုတ်။ "လောကရှိ သက်ရှိအားလုံးကို ကောက်ရိုးခွေးများ အဖြစ် ဆက်ဆံတတ်သည်" ဟုလူသိများသော ကောင်းကင်လမ်းစဉ်သည် အမှန်တကယ်ပင် ထိုသို့ လုပ်ဆောင်ခဲ့သည်။

"ငါတို့ရဲ့ နောက်ဆုံးယုံကြည်ရာအတွက်"

"ကောင်းကင်လမ်းစဉ် ထာဝရတည်တံ့မယ်"

ထိုအချိန်တွင် ယီ က ညည်းညူလိုက်သည်။

ထို့နောက်တွင် ၊ ကောင်းကင်ကြီး တစ်ခုလုံးကို လွှမ်းခြုံထားသော မဟာလမ်းစဉ်၏ ရွှေဝါရောင်ကိုယ်ထည်သည် သက်ဝင်လှုပ်ရှားလာခဲ့သည်။

ယီ သည် ထျန်းဝိန့်ဘိုးဘေးနှင့် ထပ်မံ တိုက်ခိုက်ခဲ့သည်။

အော့ နှင့် စန်း သည် ကွေးယွမ်၏အခြားဘိုးဘေးများကို တိုက်ခိုက်ခဲ့သည်။

ကြောက်မက်ဖွယ်ကောင်းသော နတ်အလင်းရောင်များက ဆက်တိုက်ဆိုသလို ပေါက်ကွဲနေပြီး ကောင်းကင်ကြီးတစ်ခုလုံးကို ထိန်လင်းတောက်ပသွားစေသည်။

ကောင်းကင်ဘုံတန်ခိုးစွမ်းအားများက တလိပ်လိပ် ရိုက်ခတ်ကာ ကျရောက်လာ‌‌သည်။ ဤစူးရှတောက်ပသော အလင်းရောင်အောက်တွင် လူတိုင်း မျက်လုံးဖွင့်ရန် ခက်ခဲနေသည်။

ကောင်းကင်လမ်းစဉ် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့သည် ' ကောင်းကင်လမ်းစဉ်' ဟူသော စကားလုံးနှင့် အမှန်တကယ်ကို ထိုက်တန်ပေသည်။

ဝုန်း ဝုန်း !!

အဖျက်သဘောဆောင်သော လျှပ်စီးမိုးကြိုးများသည် ကောင်းကင်ယံထက်တွင် စုဝေးခိုင်မာလာခဲ့သလို ၊ အဆုံးမရှိသော ဓားအလင်းများလည်း ဝင်ရောက်လာခဲ့ရာ အပျက်အစီးများကြားတွင် ပေါက်ကွဲသံများကိုအဆက်မပြတ် ကြားနေရသည်။

နတ်အလင်းရောင်များသည် ကောင်းကင်ကို ထိုးဖောက်ဝင်ရောက်လာသကဲ့သို့ လူတိုင်းက ‌အထက်ကောင်းကင်ယံပေါ်မှ မှိတ်တုတ်မှိတ်တုတ် ဖြစ်နေသော ဖွဲ့စည်းပုံကြီးကို မော့ကြည့်နေကြသည်။

စွမ်းအားရှင်များသည် ၎င်းတို့၏ အစွမ်းထက်ဆုံး မှော်စွမ်းအားများဖြင့် အချင်းချင်း တိုက်ခိုက်နေကြသည်။

ရံဖန်ရံခါ၊ အထက်ကောင်းကင်မှ သွေးပူများ ‌ စီးဆင်းကျလာကာ မြေပြင်ပေါ်၌ ထိတ်လန့်စရာ ကောင်းသော အမှတ်အသားများကို ချန်ထားတတ်သည်။

"ကောင်းကင်လမ်းစဉ် ထာဝရတည်ရှိနေမယ်၊ မူလရည်ရွယ်ချက် ပျောက်ကွယ်မသွားဘူး...."

ရုတ်​တရက်​ ၊ အသံတစ်သံ ထွက်​​ပေါ်လာခဲ့သည်​။

အသံလားရာကို ကြည့်မည်ဆိုပါက ၊

ကောင်းကင်လမ်းစဉ်၏ ပဉ္စမမြောက် အဖွဲ့ဝင်ဖြစ်သော အဖြူထည်ကို ဆင်မြန်းထားသော အမျိုးသမီးတစ်ဦးသည် ကျန့်ရှင်းဘိုးဘေး၏ ဓားဖြင့် အသတ်ခံခဲ့ရသည်ကို မြင်တွေ့ရပေလိမ့်မည်။

မရေမတွက်နိုင်သော ဓားစွမ်းအင်များသည် သူမ၏ခန္ဓာကိုယ်ထဲကနေ အသီးသီး ထွက်ပေါ်လာသည်။

သူမ၏ရေရွတ်မှုအပြီးတွင် ၊

နောက်အခိုက်အတန့်တွင် သူမသည် အခိုးအငွေ့များအဖြစ် ပြောင်းလဲကာ ပျောက်ကွယ်သွားခဲ့သည်။

တစ်ချိန်တည်းမှာပင် ၊ အခြားလမ်းကြောင်းမှ အသံတစ်သံ ထွက်ပေါ်လာခဲ့ပြန်သည်။

"ကောင်းကင်လမ်းစဉ် ထာဝရတည်ရှိနေမယ်၊ မူလရည်ရွယ်ချက် ပျောက်ကွယ်မသွားဘူး...."

ထိုစကားသံအဆုံးတွင် ၊ ကြောက်စရာကောင်းသော အလင်းတန်းတစ်ခုသည် ကောင်းကင်သို့ တည့်တည့်မတ်မတ် ပစ်ခွင်းဝင်ရောက်သွားသည်။

စစ် ဟု အမည်ရှိသည့် ပုဂ္ဂိုလ်မှာလည်း ကွေးယွမ်ဘိုးဘေး၏ လက်ဝါးအောက်တွင် သူ၏ဝိညာဉ်နှင့် ခန္ဓာကိုယ် ပျက်စီးသွားခဲ့ရပြီး အဆုံးတွင် တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။

"မင်းတို့ ဘာကြောင့်များ ဒီလောက်ထိလုပ်နေတာတုန်း "

ထျန်းဝိန့်ဘိုးဘေးသည် ယီ ကို လက်သီးဖြင့် ထိုးနှက်လိုက်သည်။

ထို့နောက် သူသည် သက်ပြင်းချလိုက်ပြီး ဆိုလိုက်သည်။

“ဘာကြောင့်များ ခုလိုသူသေကိုယ်သေ တိုက်နေကြရတာလဲ "

ယီ သည် သူ့ပါးစပ်ထောင့်တွင် စွန်းထင်းနေသော သွေးများကို လက်ဖြင့် သုတ်လိုက်ရင်း။

"ဟားဟား..."

" ကောင်းကင်လမ်းစဉ်သခင်တောင်မှ ငါတို့ရဲ့ယုံကြည်မှုကို သက်သေပြဖို့ သူ့အသက်ကို အသုံးပြုခဲ့တယ်..."

" ငါတို့က ဘာကိုကြောက်ရမှာလဲ!?"

" ပြီးတော့ ငါတို့လုပ်ခဲ့တဲ့ အမှားတွေအတွက် ငါတို့ကိုယ်တိုင် ပြန်ပြင်မယ်!"

ထိုစကားများအပြီးတွင် ၊

ယီ ၊ အော့ ၊ စန်း တို့သည် တစ်ချိန်တည်းမှာပဲ ၎င်းတို့၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများဖြင့် ပေါက်ကွဲထွက်လာပြီး ၊ ၎င်းတို့၏ ခန္ဓာကိုယ်များသည် ကြောက်မက်ဖွယ်ကောင်းသော နတ်အလင်းတန်းများအဖြစ် ပြောင်းလဲသွားခဲ့သည်။

မယှဉ်နိုင်လောက်အောင် ကြီးမြတ်သော ‌ကောင်းကင်ဘုံ၏ တန်ခိုးစွမ်းအားသည် ဤလောကကြီးတစ်ခုလုံးကို အပြည့်အဝ လွှမ်းခြုံသွားခဲ့သည်။

ဝီ--!!

တစ်ချိန်တည်းမှာပင် ၊ မရေမတွက်နိုင်သော နတ်ဘုံဗိမာန်များနှင့် ပရမ်းပတာ အလင်းများ ထွက်ပေါ်လာပြီး အလွန်ကြီးမားသော ရုပ်သွင်တစ်ခုအဖြစ် ဆက်လက်ဖွဲ့စည်းနေခဲ့သည်။

မဟာလမ်းစဉ်မှ ဟောက်သံပြုလျက် နေပြီး ၊ ကြောက်မက်ဖွယ်ရာ ကောင်းသော နတ်အလင်း‌များ ကျဆင်းလာကာ အဆုံးတွင် အဖျက်စွမ်းအားကြီးမားသော မှော်စွမ်းအားများဖြင့် ပေါင်းစပ်သွားသည်။

ဤအခိုက်အတန့်တွင် ၊

ကမ္ဘာကြီး၏ နောက်ဆုံးအချိန် ရောက်ရှိလာသကဲ့သို့ မူလ ကောင်းကင်ကြီးသည် ယခုအချိန်တွင် အက်ကြောင်းများဖြစ်ပေါ်လာခဲ့သည်။

မရေမတွက်နိုင်သော စွမ်းအားရှင်များသည် အဆိုပါ ကြောက်စရာကောင်းသော အက်ကြောင်းများထဲသို့ ဆွဲခေါ်ခံရပြီး ၊၎င်းတို့၏ စိတ်ပျက်အားငယ်သံများသည် ကောင်းကင်နှင့် မြေကြီးကြားတွင် ပဲ့တင်ထပ်သွားခဲ့သည်။

ဤအခိုက်အတန့်တွင်၊

စစ်ပွဲတွင် ပါဝင်ခဲ့ကြသော မရေမတွက်နိုင်သော အင်အားကြီးမားသော စွမ်းအားရှင်များသည် ကောင်းကင်ကို မော့ကြည့်နေကြသည်။

ကောင်းကင်လမ်းစဉ်မှ စစ်သည်တော်အားလုံးသည် ၎င်းတို့၏လက်နက်များကို လွှတ်ချလိုက်ကြသည်။

သူတို့၏မျက်လုံးများသည် နီရဲနေပြီး ၊ မျက်ရည်များက မရပ်မနား စီးကျနေသည်။

အချို့က ဒူးထောက်လျက် ၊

အချို့က ဦးညွှတ်နေသည်။

ဤတိုက်ပွဲကို မအောင်နိုင်မှန်း သူတို့ သိသည်။

သို့သော် သူတို့၏လုပ်ရပ်အတွက် ဘယ်တော့မှ နောင်တရမည် မဟုတ်။

သူတို့သည် ကောင်းကင်လမ်းစဉ် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ ထဲသို့ ဝင်ရောက်လာချိန်မှစ ယနေ့လိုနေ့မျိုး ရောက်လာမယ်ကို သူတို့ သိထားသည်။

ထို့နောက် ၎င်းတို့အားလုံးသည် လူသုံးဦ်းနှင့်အတူ ကောင်းကင်လမ်းစဉ် အာဏာစက်ဒိုင်းလွှာရှိရာဘက်သို့ လှမ်းမျှော်ကြည့်ကာ ဆိုလိုက်သည်။

" ကောင်းကင်လမ်းစဉ် ထာဝရတည်ရှိနေမယ်၊ လူကြီးမင်းကို နှုတ်ဆက်ပါတယ်!"

"ကောင်းကင်လမ်းစဉ် ထာဝရတည်ရှိနေမယ်၊ လူကြီးမင်းကို နှုတ်ဆက်ပါတယ်!"

အော်သံများက ကမ္ဘာမြေကြီးကို တုန်လှုပ်စေကာ တစ်လောကလုံးကို လှုပ်ခတ်စေခဲ့သည်။

တစ်ချိန်တည်းမှာပင်။

ကြယ်တာယာ ကောင်းကင်အလွန်တွင် ထိပ်တိုက်တွေ့ဆုံခဲ့သော နတ်လက်နက်နှစ်ခုသည် ၎င်းတို့၏ နောက်ဆုံးတိုက်ပွဲကို အဆုံးအဖြတ်ပေးရန် ပို၍ပင် ကြောက်စရာကောင်းသော စွမ်းအားများကို အသုံးပြုလာခဲ့သည်။

ဝုန်း !!!

ကြောက်မက်ဖွယ်ကောင်းသော ပေါက်ကွဲသံတစ်ခုသည် ကောင်းကင်နှင့်‌ မြေကြီးကြား ပဲ့တင်ရိုက်ခတ်သွားသည်။

မဟာလမ်းစဉ်၏ အဆုံးမရှိသော နတ်အလင်းရောင်များသည် အထက်ကောင်းကင်ယံမှ ရောင်ပြန်ဟပ်ကာ ဖြာကျလာခဲ့သည်။

မည်သည့်နေရာပင်မဆို ။

တောက်လောင်နေသော နတ်အလင်းတန်းများကို မြင်နိုင်သည်။ အဆုံးမရှိသော ဟောက်သံသည် နားစည်အတွင်းသို့ ထိုးဖောက်ဝင်ရောက်ပြီး ဦးခေါင်းထိပ်ဆီသို့ တည့်တည့်တိုးဝင်သွားသည်မှာ လူကို အိမ်မက်ထဲသို့ ခေါ်သွင်းနေသလိုပင်။

.......

ဤအခိုက်အတန့်တွင် ၊ အချိန်၏ စီးဆင်းမှုသည် အလွန်နှေးကွေးသွားပုံရသည်။

ကောင်းကင်လမ်းစဉ် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ဝင်များနှင့် စစ်သည်တော်တို့သည် ယခုအခိုက်အတန့်တွင် သူတို့အားလုံး၏ ယုံကြည်ရာဖြစ်သော ကောင်းကင်လမ်းစဉ်၏ အရှင်သခင်သည် သူတို့ကို ပွေ့ဖက်ရန် သူမ၏လက်တစ်စုံကို ကမ်းလှမ်းထားသည်ကို မြင်လိုက်ရသည် ။

သူမ၏ သိမ်မွေ့သော အပြုံးကို ယခုထိတိုင် အမှတ်ရနေဆဲပင်။

" ပင်ပန်းသွားခဲ့ပြီ ...ငါ့ရဲ့ ကလေးတွေ..."

ကောင်းကင်လမ်းစဉ် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ဝင်များနှင့် စစ်သည်တော်တို့သည် ယခုအခိုက်အတန့်တွင် မပြုံးဘဲမနေနိုင်ခဲ့ပေ။

မနာလိုမှုမှန်သမျှ ၊

နာကြည်းမှုမှန်သမျှ ၊

အားလုံးက ပျောက်ကွယ်သွားခဲ့ချေပြီ။

မှန်၏ ။ သူတို့၏အသက်သည် ကောင်းကင်လမ်းစဉ်၏ အရှင်သခင်မှ ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

ဤခန္ဓာကိုယ်ဖြင့် ကောင်းကင်လမ်းစဉ်သခင်၏ နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းပေးနိုင်သ၍ ပျောက်ကွယ်သွားမည်ဆိုတောင် ဘာမူစရာရှိမည်နည်း။

တစ်ချိန်တည်းမှာပင်။

သူတို့သည် ပထမမျိုးဆက် အရှင်သခင်ထံမှ သူတို့ကို အမြဲ ပြောလေ့ရှိသော စကားများကို ပြန်လည်ကြားယောင်နေမိသည်။

" အိမ်မက်ဟာ တစ်ခဏတာ ၊ အဆုံးမှာတော့ တည်တံ့မှုမရှိတဲ့အရာသာလျှင် ၊ အရာအားလုံးဟာ ဖုန်မှုန့်အဖြစ် ပျောက်ကွယ်သွားပေမည် "

" ကန်သာထဲက ပန်း ၊ ရေထဲက လ အားလုံးဟာ ဗလာသာဖြစ်ပြီး ၊ လေ ၊ ပန်း ၊ နှင်းစက် နှင့် လ ကဲ့သို့ တည်မြဲခြင်းအရာဟာလည်း အိမ်မက်တစ်ခုသာတည်း "

......

ယခုအချိန်တွင်မူ ၊

ဒဏ္ဍာရီလာ ကောင်းကင်လမ်းစဉ် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့သည် မြူမှုန်များအဖြစ်သို့ လောကတစ်ခွင် လွင့်စင်သွားခဲ့ပြီး၊ အတိတ်ခြေရာက ဖုန်မှုန့်များ ဖြစ်လာခဲ့သည်။

အချိန်အတိုင်းအတာတစ်ခု ကြာမြင့်ပြီးနောက်၊

လူတိုင်း မျက်လုံးဖွင့်ကြည့်လိုက်ကြသည်။

သူတို့ရှေ့က မြင်ကွင်းသည် လူတိုင်းကို ငြိမ်သက်သွားစေသည်။

ဤကမ္ဘာပေါ်၌ ၊

မရေမတွက်နိုင်သော တောက်ပသော နတ်အလင်းတန်းများသည် ပြည့်ကျပ်နေသောကြယ်စင်များကဲ့သို့ ကောင်းကင်ယံပေါ်သို့ ပြန်လည်ရောက်ရှိသွားခဲ့ချေပြီ ။

သူတို့သည် အထက်ကောင်းကင်မှ ဆင်းသက်လာသည်။

ထုံးစံအတိုင်း ၊ သူတို့သည် အထက်ကောင်းကင်ကိုသာ ပြန်သွားရပေမည်။

" ကောင်းကင်လမ်းစဉ် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့...မရှိတော့ဘူးလား?"

မကောင်းဆိုးဝါး မျိုးနွယ်ဝင်များသည် ဤမြင်ကွင်းကို ကွက်ကွက်ကွင်းကွင်း စိုက်ကြည့်နေသည်။

တိုက်မြေ သုံးထောင်၏သမိုင်းကို လွှမ်းမိုးခဲ့သော ကောင်းကင်လမ်းစဉ် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့သည် ကမ္ဘာ့ကပ်ဘေးစစ်ပွဲမှ လွတ်မြောက်ခဲ့ပြီး မရေမတွက်နိုင်သော ခေတ်ကာလများကို ကြံ့ကြံ့ခံနိုင်ခဲ့သည်။

ယခုတွင်မူ ၊ ကောင်းကင်လမ်းစဉ်၏ စစ်သည်တော်များသည်လည်း လုံးလုံးပျက်စီးသွားပြီး အတိတ်က အမှုန့်အမွှားအဖြစ်သို့ ပြောင်းလဲသွားခဲ့ချေပြီ။

ဤမြင်ကွင်းသည် မည်မျှဝမ်းနည်းစရာ ကောင်းလိုက်လေသနည်း။

တစ်ချိန်တည်းမှာပင်။

ကြယ်တာယာ ကောင်းကင်အလွန်ရှိ ကောင်းကင်လမ်းစဉ် အာဏာစက်ဒိုင်းလွှာသည်လည်း ဤအခိုက်အတန့်တွင် သူ၏ နတ်တန်ခိုးကို လုံးဝဆုံးရှုံးသွားပုံရသည်။

၎င်းသည် ကွေးယွမ် ပရမ်းပတာခေါင်းလောင်း၏ နှိပ်ကွပ်မှုကိုခံခဲ့ရပြီး ၊ အာကာသ၏ ကျဉ်းမြောင်းသောနေရာတစ်ခုတွင် တိတ်ဆိတ်စွာ ကျရောက်သွားခဲ့သည်။

လူတိုင်း သက်ပြင်းချနေသလို ၊

သို့သော် အချိန်အခါမဟုတ် အကြင်နာမဲ့သော ရယ်သံများလည်း ရှိနေသည်။

"ဟားဟား ၊ ကောင်းကင်လမ်းစဉ် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ နောက်ဆုံးတော့ ပျောက်ကွယ်သွားပြီ !"

" ခုကစပြီး ငါ ကောင်းကင်ဘုံ မကောင်းဆိုးဝါးတောင်တန်းရဲ့ အလှည့်ပဲ !"

အပိုင်း(၄၅၀): စစ်ပွဲကြီး၏ နောက်ဆုံးရောင်ခြည်

ထိုစကားသံအဆုံးတွင် ၊

နဂိုက တိတ်ဆိတ်နေခဲ့သော ကမ္ဘာကြီးသည် တစ်ဖန် ပြောင်းလဲသွားခဲ့ပြန်သည်။

ဝီ—! !

နတ်အလင်းတန်းများစွာ အဆုံးမရှိ ထွက်ပေါ်လာခဲ့သည်။

ကြီးကျယ်ခမ်းနားသော မကောင်းဆိုးဝါး စွမ်းအင်များသည် လေထုကို လွှမ်းခြုံသွားကာ ၊ ကြောက်မက်ဖွယ် ကောင်းသော မိစ္ဆာနတ်ဘုရား၏ အသွင်ပုံရိပ်အဖြစ် ပြောင်းလဲသွားသည်။

" ဒါမဟုတ်မှလွဲရော.."

"လာပြီ ၊ လာပြီ! ငါတို့ မကောင်းဆိုးဝါး မျိုးနွယ်စုရဲ့ မြင့်မြတ်တဲ့ နတ်ပစ္စည်း ထွက်ပေါ်လာပြီ!"

အင်အားကြီးမားသော မကောင်းဆိုးဝါးမျိုးနွယ်ဝင်များသည် ဤပြိုးပြိုးပြက်ပြက် တောက်ပနေသော နတ်အလင်းရောင်ကို စိတ်လှုပ်ရှားစွာဖြင့် ကြည့်နေကြသည်။

သူတို့၏ မျှော်လင့်တကြီး မျက်လုံးထဲ၌ ၊

အကန့်အသတ်မရှိ အရွယ်အစား ကြီးမားသော စည်းတံဆိပ်ပြားသည် ဖြည်းဖြည်းချင်း ကျဆင်းလာသည်။

မှော်သင်္ကေတများက ၎င်းကို ဝိုင်းရံထားပြီး ၊ ယင်း၏တောက်ပမှုသည် ကောင်းကင်ကြီးကိုပင် ထိန်လင်းသွားစေသည်။

စည်းတံဆိပ်အပေါ်တွင် မကောင်းဆိုးဝါးတို့၏ နတ်ဘုရားများကဲ့သို့ ကြီးကျယ်ခမ်းနားသော ရုပ်ကြွ ကိုးခု ရှိနေသည်။

အကန့်အသတ်မရှိ စိမ့်ဝင်လာခဲ့သော မကောင်းဆိုးဝါးစွမ်းအင်များသည် အမဲရောင်မြစ်ရေစီးကြောင်းသဖွယ် မိစ္ဆာနတ်ဘုရား စည်းတံဆိပ်၏ ဦးတည်ရာဆီသို့ ပြေးဝင်သွားကြသည်။

ဘုန်း !

မိစ္ဆာနတ်ဘုရား စည်းတံဆိပ်သည် လုံးဝ ဆင်းသက်လာသည်နှင့်အမျှ ၊

ထိုအခိုက်အတန့်တွင် ၊

မူလက ကွဲအက်သွားသော ဟင်းလင်းပြင် ကွက်လပ်သည် တစ်ဖန်ပုံပျက်သွားပြီး ၊ အပျက်သဘောဆောင်သော အလင်းတန်းများစွာ ထွက်ပေါ်လာခဲ့သည်။

" မိစ္ဆာနတ်ဘုရား စည်းတံဆိပ်ရဲ့ ကြွမြန်းမှုကို ကြိုဆိုပါတယ်!"

မကောင်းဆိုးဝါး မျိုးနွယ်ဝင် လူတစ်ဦးသည် သူ၏ စိတ်လှုပ်ရှားမှုကို မထိန်းနိုင်ဘဲ ထိုဦိးတည်ရာဘက် လမ်းကြောင်းကိုကြည့်ကာ ဒူးထောက်လျက် အံ့ဩထိတ်လန့်မှုအပြည့်ဖြင့် အော်ဆိုလိုက်သည်။

၎င်း၏အပြုအမူသည် လှိုင်းတစ်ထောင်ကို ဖြစ်ပေါ်စေသော ကျောက်တုံးတစ်ခုလိုပင်။

မရေမတွက်နိုင်သော မကောင်းဆိုးဝါး မျိုးနွယ်ဝင်များသည်လည်း ထိုလမ်းကြောင်းအတိုင်း ဒူးထောက်ကာ ကြွေးကြော်လိုက်ကြသည်။

" မိစ္ဆာနတ်ဘုရား စည်းတံဆိပ်ရဲ့ ကြွမြန်းမှုကို ကြိုဆိုပါတယ်!"

" မိစ္ဆာနတ်ဘုရား စည်းတံဆိပ်ရဲ့ ကြွမြန်းမှုကို ကြိုဆိုပါတယ်!"

“........”

တစ်ချိန်တည်းမှာပင်။

ကွေးယွမ် ဘိုးဘွားပိုင်နယ်မြေ။

မျဲ့ရှိန် အဝေးဘိုးဘေးသည် သူ့မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်လိုက်သည်။

“ဒီကောင်တွေ တကယ်ကို အကြံကောင်းရှိတာပဲ"

သူသည် ခပ်ဖျော့ဖျော့ပြုံးလိုက်ရင်း ။

" ငါ့ကွေးယွမ်က ကောင်းကင်လမ်းစဉ် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ နဲ့ တိုက်ပွဲအပြီးမှာ လက်ပန်းကျနေပြီလို့ မင်းတို့ ထင်နေတာလား?"

" မထင်မှတ်ဘဲ ၊ ကောင်းကင်လမ်းစဉ် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့နဲ့ သဘောတူညီချက်ကို အပြီးသတ်နိုင်ခဲ့တဲ့အပြင် ကောင်းကင်လမ်းစဉ် အာဏာစက်ဒိုင်းလွှာကိုလည်း ရခဲ့တယ်"

"အခု မကောင်းဆိုးဝါးကောင်တွေက ငါ့ကို လက်ဆောင်ပေးဖို့ အဲ့လောက်တောင် ဖုတ်ပူမီးတိုက်ဖြစ်နေပြီလား "

"ဟားဟား...ဒါကို လက်မခံလို့ဘယ်ဖြစ်မတုန်း"

ထို့နောက် ၊ မျဲ့ရှိန် အဝေးဘိုးဘေးသည် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။

တခဏအတွင်းမှာပင် ၊

သူ့လက်ချောင်းထိပ်များမှ ကြီးမြတ်သော အင်အားတစ်ခု ထွက်ပေါ်လာပြီး ဟင်းလင်းပြင်ကို ဖောက်ထွင်းဝင်ရောက်ကာ ကွေးယွမ် ပရမ်းပတာခေါင်းလောင်းထဲသို့ တိုက်ရိုက်ကျရောက်သွားသည်။

တစ်ချိန်တည်းမှာပင်၊ ကွေးယွမ် ပရမ်းပတာခေါင်းလောင်းတွင် ချိတ်ပိတ်ခံထားရသော စွမ်းအင်တစ်ခုက ဖြည်းညှင်းစွာနိုးထလာပုံရသည်။

ချည်နှောင်ထားခဲ့သော သံကြိုးသည် ဤအခိုက်အတန့်တွင် ကျိုးပဲ့ပျက်စီးသွားပုံရသည်။

ဘုန်း ! !

တခဏအတွင်း ။

အထက်ကောင်းကင်ယံတွင် မူလက တိတ်ဆိတ်နေခဲ့သော ကွေးယွမ် ပရမ်းပတာခေါင်းလောင်းသည် သာမန်မျက်စိဖြင့် မြင်နိုင်သော အရှိန်အဟုန်ဖြင့် တောက်ပလာသည်။

ခေါင်းလောင်း၏ကိုယ်ထည်မှ ခရမ်းရောင်ခြည်များ ဖြာကျလာပြီး ၊ ဤကမ္ဘာပေါ်ရှိ မရေမတွက်နိုင်သော အရိပ်များကို ရောင်ပြန်ဟပ်နေသကဲ့သို့ပင်။

တောတောင်ရေမြေရှုခင်း ၊

နေ၊လ၊ကြယ်စင် ၊

ငှက်များနှင့် သားရဲတိရစ္ဆာန်များ။

ယင်နှင့်ယန်၊ ဒြပ်ငါးပါးနှင့် အလုံးစုံသော အရာများအားလုံးကိုပင် ကွေးယွမ် ပရမ်းပတာခေါင်းလောင်းမှ အသေးစိတ် သရုပ်ဖော်ကျူးခဲ့သည်။

ဤမြင်ကွင်းသည် မူလက အောင်ပွဲ၏အရုဏ်ဦးအလင်းရောင်ကို ခံစားနေခဲ့ကြသော မကောင်းဆိုးဝါးမျိုးနွယ်စုများကို အနည်းငယ် အံ့အားသင့်သွားစေသည်။

" ကွေးယွမ် ပရမ်းပတာခေါင်းလောင်း က စောနကပဲ ကောင်းကင်လမ်းစဉ်ရဲ့ အာဏာစက် ဒိုင်းလွှားနဲ့ ကြီးမားတဲ့ တိုက်ပွဲကြီးကို ဆင်နွဲထားတာ မဟုတ်ဘူးလား.."

"ဘာလို့ ဒီလောက်ကြောက်စရာကောင်းတဲ့ အင်အားမျိုးနဲ့ ပေါက်ကွဲနိုင်ရတာလဲ"

"ဒါဟာ ချောက်ချားအောင်လုပ်ပြရုံ သက်သက်ပဲ၊ အခု ငါတို့ မိစ္ဆာနတ်ဘုရား စည်းတံဆိပ်က နဂိုအခြေအနေအတိုင်း ပြန်ဖြစ်သွားပြီ ၊ ကွေးယွမ် ပရမ်းပတာခေါင်းလောင်းက ဘယ်လိုမှ မယှဉ်နိုင်ဘူး!"

"မှန်တယ်၊ ဒါဟာ ငါတို့ရဲ့ တစ်ခုတည်းသော အခွင့်အရေးပဲ၊ နောက်ဆုံးအောင်ပွဲက ငါတို့ပဲ ဖြစ်ရမယ်"

ရှေး‌မကောင်းဆိုးဝါးအိုကြီးများ၏ ဦးဆောင်မှုအောက်တွင် ၊

ပင်ပန်းနွမ်းနယ်နေပြီဖြစ်သော မကောင်းဆိုးဝါးမျိုးနွယ် စစ်သည်တို့သည် ထပ်မံ၍ ဟောက်လိုက်ကြပြန်သည်။

၎င်းတို့သည် ကြီးမားသော တပ်ဖွဲ့စုအဖြစ် စုဝေးကာ ကွေးယွမ် သူတော်စင်နယ်မြေဆီသို့ ပြေးဝင်တိုက်ခိုက်လေတော့သည်။

"ခေါင်းမာလွန်းတယ်"

"ဒါဆိုလည်း မင်းတို့ကို အတိတ်ကာလရဲ့ ဖုန်မှုန့်အဖြစ် ပြောင်းလဲပေးလိုက်မယ် !"

ကွေးယွမ်ရှိ ဘိုးဘေးအများအပြားသည် ဘာမှမထူးခြားသော အမူအရာများဖြင့်ရှိနေပြီး ၊ အော်ဟစ်လိုက်သည်။

" ငါ့ ကွေးယွမ်ရဲ့ တပ်ဖွဲ့ ဘယ်မှာလဲ!"

ဝုန်း ! !

ကောင်းကင်ယံထက်တွင် မိုးခြိမ်းသံတစ်ခု ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။

နတ်ချပ်ဝတ်တန်ဆာများကို ဝတ်ဆင်ထားသည့် စစ်သည်တော်များအပြင် မရေမတွက်နိုင်သော စစ်သင်္ဘောများသည် ဟင်းလင်းပြင်ကို ဖောက်ထွင်းဝင်ရောက်လာခဲ့ပြီး ဘိုးဘေးများ၏နောက်တွင် တစ်ဖန် စုရုံးခဲ့ကြသည်။

"လက်အောက်ငယ်သားတွေ ဒီကိုရောက်ရှိလာပါပြီ ၊ ကွေးယွမ် သူတော်စင်နယ်မြေအတွက် ရန်သူတွေကို သတ်ပစ်ဖို့ ဆန္ဒရှိပါတယ်!"

မရေမတွက်နိုင်သော တပ်ဖွဲ့များ၏ ကျိန်ဆိုသံသည် ပထဝီမြေကြီးကိုပင် တုန်ခါသွားစေသည်။

နေရာတစ်ခုလုံး က သတ်ဖြတ်လိုသော အငွေ့အသက်များဖြင့် လှိုင်လှိုင်ထနေသည်။

မရေမတွက်နိုင်သော တိုက်ပွဲများစွာကို ကြုံတွေ့ခဲ့ပြီးနောက်တွင်၊ ကွေးယွမ် သူတော်စင်နယ်မြေ၏ စစ်တပ်သည်လည်း ဆုံးရှုံးမှုများစွာကို ခံစားခဲ့ရသည်။

သို့သော်လည်း၊ ကွေးရှန်းတာအိုတပ်ဖွဲ့စုကြီး ရှိနေသောကြောင့် ၊ ၎င်းတို့၏ အသေအပျောက်သည် ဆန့်ကျင်ဘက် အင်အားစုနှစ်ခုနှင့် နှိုင်းယှဉ်ပါက အားနည်းနေသေးသည်။

ယခုအချိန်တွင်၊ ကွေးယွမ် စစ်သည်တော်တိုင်း၏ ချပ်ဝတ်တန်ဆာပေါ်တွင် သွေးများဖြင့် ‌စွန်းထင်းနေသည်။

ဒါတင်မက ၊ သူတို့ထဲတွင် ခန္ဓာကိုယ်အပြည့်အစုံ မရှိတော့သော စစ်သည်များလည်း ရှိသည်။

အချို့မှာ ခြေတစ်ဖက်ပြတ်နေပြီး ၊ အချို့မှာ လက်တစ်ဖက်သာ ရှိတော့သည်။

သို့သော် သူတို့၏မျက်လုံးများသည် အေးစက်မှုများဖြင့် ပြည့်နှက်နေပြီး တဟုန်ထိုး ချီတက်လာနေသော မကောင်းဆိုးဝါးစစ်တပ်ကို ကြောက်ရွံ့မှုမရှိဘဲ စိုက်ကြည့်နေသည်။

"ခေတ်ဟောင်းနဲ့ ခေတ်သစ် အလှည့်အပြောင်းအတွက် ငါတို့ဓားမှာ သွေးစွန်းခြင်းနဲ့ စတင်ရလိမ့်မယ်"

ထျန်းဝိန့်ဘိုးဘေးက အော်ပြောလိုက်သည်။ သူ့အသံသည် အရပ်ရှစ်မျက်နှာတစ်ခွင် ပျံ့လွင့်သွားသည်။

"မင်းတို့ ကြောက်လား!?"

“ သတ် သတ် သတ် !!”

ကွေးယွမ်၏ ကျန်စစ်သည်တော်အားလုံးတို့သည် တပြိုင်နက်တည်း ကြွေးကြော်ခဲ့ကြသည်။

ထို့နောက် ကိုယ်ပိုင်လက်နက်များကို မြှောက်ကာ မကောင်းဆိုးဝါး တပ်ဖွဲ့စုကြီးနှင့် ထပ်မံတိုက်ခိုက်ခဲ့ကြသည်။

သွေးမိုးများက အဆုံးမရှိ ရွာသွန်းနေသည်။

တခဏချင်းမှာပင်၊ အသက်များ မည်မျှပေးဆပ်ခဲ့ရသည်ကိုပင် မသိတော့ချေ။

နတ်လက်နက်နှစ်ခုသည်လည်း ထပ်မံ၍ တိုက်ခိုက်ခဲ့ကြပြန်သည်။

ကွေးယွမ် ပရမ်းပတာခေါင်းလောင်း နှင့် မိစ္ဆာနတ်ဘုရား စည်းတံဆိပ်ကြားက ထိပ်တိုက်တွေ့ဆုံမှုအောက်တွင်၊ နယ်မြေအများအပြား ပျက်စီးသွားခဲ့ရသည်။

ယခုအချိန်အထိ စုစုပေါင်း တိုက်မြေ ၃၁၂ ခု ထိခိုက်ပျက်စီးသွားကာ နစ်မြုပ်သွားခဲ့ပြီ ဖြစ်သည် ။

တို‌က်မြေ၇၈ ခုသည် အစိတ်စိတ်အမွှာမွှာ ဖျက်ဆီးခံခဲ့ရပြီး အကြွေးအကျန်အဖြစ်သို့ ရောက်ရှိခဲ့ရလေသည်။

အပြစ်မဲ့ပြည်သူများ မရေမတွက်နိုင်အောင် သေဆုံးခဲ့ရပြီး ၊

ဤစစ်ပွဲသည် ကမ္ဘာ့ကပ်ဘေးစစ်ပွဲပြီးနောက် ကြောက်စရာအကောင်းဆုံး စစ်ပွဲတစ်ခုဟု ဆိုရပေမည်။

သန်းပေါင်းများစွာသောလူတို့သည် အခိုးအငွေ့များအဖြစ်သို့ ပြောင်းလဲသွားပြီး ၊ အချိန်ကာလတိုးတက်မှု၏ အရိုးပြာအဖြစ် ရောက်ရှိသွားချေပြီ။

ကြီးကျယ်ခမ်းနားသော အနာဂတ်ခေတ်တွင် ၊ ၎င်းတို့၏နာမည်များကို မည်သူမျှ မှတ်မိကြလိမ့်မည်မဟုတ်။

သူတို့သည် တစ်ဦးတည်းသောအနိုင်ရသူ ' ကွေးယွမ် သူတော်စင်နယ်မြေ' ကိုသာ မှတ်မိကြပေလိမ့်မည်။

ဤစစ်ပွဲတွင် ကျဆုံးခဲ့သူများကို မည်သူမှ ဂရုစိုက်လိမ့်မည် မဟုတ်ပေ။

ဆိုရိုးစကားအတိုင်း ၊ အောင်မြင်မှုတစ်ခုအတွက် ထောင်ပေါင်းများစွာသောအရိုးများမြေခရလေသည်။

........

နောက်ဆုံးအဆင့် ဧကရာဇ်လျှောက်လှမ်းတွင်၊

တိုက်ပွဲများသည် ဆက်လက်ဖြစ်ပွားနေသည်။

အဖျက်သဘောဆောင်သော ကြာပန်းတို့သည် ဤလူဆိတ်ညံနေသော မြေကြီးပေါ်တွင် ဆက်တိုက်ဆိုသလို ပွင့်လန်းလာသည်။

ကွေးယွမ် သူတော်စင်နယ်မြေများ၏ ပါရမီရှင်များသည် မရေမတွက်နိုင်သော မကောင်းဆိုးဝါးမျိုးနွယ်ဝင်များကို သုတ်သင်ပစ်ခဲ့သည်။

လီဟောက်ထျန်း ၊ ယဲ့လင်ထျန်း နှင့် အခြားသော သူတော်စင်ပါရမီရှင်များ အနေဖြင့် ၊ တိုက်ပွဲများ ဆက်တိုက်ဆိုသလို ဆင်နွှဲနေခဲ့ပြီး ၊ ၎င်းတို့၏ခန္ဓာကိုယ်သည် ယခုအခါတွင် သွေး နှင့် ချီဓာတ်များ ကုန်ခမ်းလာနေပြီး ဒဏ်ရာဒဏ်ချက်များဖြင့် ပြည့်နှက်နေသည်။

"ဘယ်လိုလဲ...?"

လီဟောက်ထျန်းက အပြုံးမပျက် ယဲ့လင်ထျန်းကို မေးလိုက်သည်။

"မင်း ဘယ်နှစ်ကောင် သတ်နိုင်ခဲ့တုန်း"

" ၂၁၂ ၊ မင်းထက် ၃ကောင်ပိုတယ် "

ယဲ့လင်ထျန်းသည် သူ၏ မျက်လုံးကို တင်းတင်းမှိတ်ထားသည်။ သူ၏ မျက်လုံးမှ သွေးမျက်ရည်တို့သည် ရပ်တန့်ခြင်းမရှိ စီးကျနေသည်။

အဘယ်ကြောင့်ဆိုသော် သူသည် သူ၏ မျက်စံနှစ်မြွှာကို လွန်ကဲစွာ နှိုးဆွခဲ့ခြင်းကြောင့် ပြင်းထန်သော ထိခိုက်မှုဖြစ်စေခဲ့သည်။

"ငါက မင်းတို့ထက်နည်းသေးတယ် ၊ ၂၀၀ပဲ ရှိသေးတယ်..."

ပီချင်းရှသည် ကြားကနေ ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။ သူမ၏ရွှေရောင်ဆံနွယ်များသည် ယခုတွင်မူ သွေးများဖြင့် စွန်းထင်းနေသည်။

ဘုန်း ! !

ရုတ်တရက်။

"ဖြတ်!"

တုန်လှုပ်ချောက်ချားဖွယ်ရာ ဓားသွားသံသည် မိုးကုတ်စက်ဝိုင်းမှ ရုတ်တရက် ထွက်ပေါ်လာသည်။

၎င်းသည် အရွယ်အစားကြီးမားသော ချီလင်ရုပ်သွင်နဲ့ ကောင်းကင်ကြီးတစ်ခုလုံးကို ဖုံးအုပ်ထားသော ကြာပန်းကို တိုက်ရိုက် ခုတ်ပိုင်းပစ်ခဲ့သည်။

၎င်းတို့နှစ်ဦးသည် အဝေးသို့ လွင့်ထွက်သွားပြီး မြေပြင်ပေါ်သို့ ဘုန်းခနဲ့ကျရောက်လာခဲ့ရာ ဖုန်မှုန့်လုံးကြီးသည် ထောင်းခနဲ့ ထွက်ပေါ်လာလေတော့၏။

အပိုင်း(၄၅၁): ပျက်သုန်းခြင်း နတ်ဆိုးတေးသွား!

“ အဟွတ် အဟွတ်.....”

အပျက်အစီးများထဲမှ ချောင်းဆိုးသံကို ကြားလိုက်ရသည်။

ချန်းဟွမ်းကျီ နှင့် စုမျဲ့တို့မှာ သွေးအလိပ်လိပ်ဖြင့် ။

တဖက်လူ၏ ဓားစွမ်းအင်သည် သူတို့၏ ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာများစွာ ဖြစ်စေခဲ့ပြီး သွေးများ စီးယိုကျနေသည်မှာ မြင်ရသူအဖို့ အလွန်စိတ်မကောင်းဖြစ်ရသည်။

" စူးချန်ကဲ..."

" ကွေးယွမ် သူသူတော်စင်နယ်မြေ ..."

အထူးသဖြင့် ၊ ယခုအချိန်တွင် စုမျဲ့၏ မျက်လုံးများမှာ နီရဲနေပြီး တဟုန်းဟုန်း တောက်လောင်နေသော သတ်ဖြတ်လိုသောစိတ်ဆန္ဒနှင့် ပေါင်းစပ်၍ သူ့ပုံစံကိုကြည့်ရသည်မှာ အတော်လေး ကြောက်စရာကောင်းနေခဲ့သည်။

ကောင်းကင်လမ်းစဉ် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့တစ်ခုလုံး ပျောက်ကွယ်သွားပြီဖြစ်ကြောင်းကို သူလည်း သတိပြုမိခဲ့သည်။

သူ၏ ညီအစ်ကိုမောင်နှမ ၊ သူ သိပ်မြတ်နိုးရသော အိမ်လေးသည် ယခုအခါ လေနဲ့အတူ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

သူ့စိတ်ထဲ ပြင်ဆင်ထားသော်လည်း ၊

တကယ်တန်း ဖြစ်လာခဲ့ချိန်တွင် သူ လုံးဝမှ မခံစားနိုင်ခဲ့ပေ။

"မရေမတွက်နိုင်တဲ့ ခေတ်ကာလတွေအထိ သက်ရှိအပေါင်းတို့ကို ငါတို့ကပဲ ကာကွယ်ပေးခဲ့တာ ...."

"အခုခေတ်တွေပြောင်းပြီး တိုးတတ်လာတော့ ငါတို့က စွန့်ပစ်ခံလိုက်ရတယ်တဲ့လား...."

စုမျဲ့သည် ညည်းညူလိုက်သည်။ သူ စကားတစ်ခွန်းပြောတိုင်း သွေးများက အထိန်းအကွပ်မဲ့စွာ စီးကျလာတတ်သည်။

"ဘာဖြစ်လို့လဲ.. ဘာဖြစ်လို့လဲ..."

"ငါတို့ ဒီကမ္ဘာကြီးကို နှစ်ပေါင်းများစွာ ကာကွယ်လာခဲ့တာ ၊ ချုပ်လှောင်မှုတွေကို ချိုးဖျက်ပြီး ကမ္ဘာကြီးရဲ့ ဖြစ်တည်မှုကို ဘာကြောင့် ဦးဆောင်ချင်ရတာလဲ ?"

အမျက်ဒေါသဖြင့် ဟောက်လိုက်ရင်း ။

စုမျဲ့သည် သူ၏ ဒဏ်ရာဗလပွဖြင့် ခန္ဓာကိုယ်ကို ဆွဲထူရင်း စူးချန်ကဲကို လက်သီးဖြင့် ထိုးနှက်လိုက်သည်။

" ချန်ချင် လော့ရှန်း လက်သီး!"

သူသည် ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။ မရေမတွက်နိုင်သော ကောင်းကင်လမ်းစဉ်၏ မှော်သင်္ကေတတို့သည် သူ၏ ခြေရင်းအောက်တွင် သက်ဝင်လှုပ်ရှားလာခဲ့သည်။ သို့သော် ကောင်းကင်လမ်းစဉ် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့၏ ပျောက်ကွယ်မှုကြောင့် ဖြစ်ကောင်းဖြစ်နိုင်ပြီး ကောင်းကင်လမ်းစဉ်ဆိုင်ရာ မှော်စွမ်းအားတို့သည် ယခုအချိန်တွင်အနည်းငယ်မှိန်ဖျော့နေခဲ့သည်။

ထို့ကြောင့် စုမျဲ့သည် သူ၏သွေးအနှစ်သာရကို လောင်မြိုက်ခြင်းဖြင့် စူးချန်ကဲ နှင့် နောက်ဆုံးတိုက်ပွဲဝင်ရန် ဤလျို့ဝှက်နည်းကို အသုံးပြုကာ သူ့ကိုယ်သူ ယစ်ပူဇော်ခဲ့သည်။

"ဒါဟာ ကံတရားပဲ "

စူးချန်ကဲသည် စကားတစ်ခွန်းနှစ်ခွန်း ဆိုပြီးနောက် ၊ သူသည် ကောင်းကင်လမ်းစဉ် အာဏာစက်ဓားကို မြောက်ကိုင်လိုက်ပြီး သူ့ရှေ့ရှိ ကွက်လပ်ကို အသာလေး ခုတ်ပိုင်းပစ်လိုက်သည်။

ရွှမ်း!!

အေးစက်သော အလင်းတန်းများ ပွင့်ထွက်လာသည်။

ဤအရာသည် ဒဏ်ရာအပြင်းအထန်ရနေပြီဖြစ်သော စုမျဲ့အဖို့ ယှဉ်ပြိုင်နိုင်သည့်အရာ မဟုတ်ချေ။

ဓားအလင်းသည် စုမျဲ့၏ လက်သီးကို ဖောက်ထွင်းကာ ၎င်း၏ ခန္ဓာကိုယ်အား တိုက်ရိုက် ခုတ်ပိုင်းခဲ့သည်။

ဝုန်း ! !

ထိုအချိန်တွင်၊ ချန်းဟွမ်းကျီသည် တစ်ဖက်ကနေ အားဖြည့်ကူညီပေးခဲ့သည်။

"တွန့်ဆုတ်စရာ မလိုဘူး၊ ငါတို့တူတူ အဲ့တာကိုလုပ်မယ်"

စူးချန်ကဲ၏ ခွန်အားသည် သူတို့စဉ်းစားထားသည်ထက် ကျော်လွန်နေခဲ့သည်။

သူ၏ ချီလင်သွေးကို အစွမ်းကုန် လှုံ့ဆော်ခဲ့သော်လည်း တဖက်လူကို မယှဉ်နိုင်သေးပေ။

ယခုလိုဆက်သွားနေမည်ဆိုပါက ၊ သူတို့၏ အစီအစဉ်သည် သေချာပေါက် ကျရှုံးပေတော့မည်။

ချန်းဟွမ်းကျီ၏စကားသံအဆုံးတွင် ၊

အပျက်အစီးများကြားတွင် ရှိနေခဲ့သော စုမျဲ့သည် လျို့ဝှက်ဆန်းကြယ်သော ရှေးမန္တန်တစ်ခုကို ရွတ်ဆိုခဲ့သည်။

"ငါ၊ ကောင်းကင်လမ်းစဉ် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ဝင် စုမျဲ့ ၊ ငါ့ရဲ့အရာအားလုံးကို စွန့်လွှတ်ဖို့ ဆန္ဒရှိတယ်..."

"ကျေးဇူးပြုပြီး ဖျက်ဆီးခြင်း၏ အရှင်သခင်၊ ကျိန်စာတိုက်ပြီး ငါ့ရန်သူ စူးချန်ကဲကို....သတ်ပါ !"

ဝုန်း ! !

ရုတ်တရက်။

စုမျဲ့ တည်ရှိရာဧရိယာတစ်ဝိုက်တွင် မှော်နက်သင်္ကေတများ အဆုံးမရှိထွက်ပေါ်လာခဲ့ပြီး ၊ကောင်းကင်နှင့် ဆက်သွယ်ထားသော လေဆင်နှာမောင်းကဲ့သို့သော အဖျက်မုန်တိုင်းကြီးတစ်ခု တိုက်ခတ်လာခဲ့သည်။

တိမ်မည်းများဖြစ်ပေါ်လာကာ လောကတစ်ခွင်လုံးကို ဖုံးလွှမ်းသွားသည်။

တစ်ချိန်တည်းမှာပင်၊ လေပြင်းများ တိုက်ခတ်လာပြီး အဆုံးမရှိသော တာအိုစည်းချက်သည် ဖျောက်ဖျက်ခံလိုက်ရပုံရသည်။

စူးချန်ကဲ မျက်မှောင်ကြုတ်သွားသည်။

တစ်ဖက်တွင်မူ ၊

ချန်းဟွမ်းကျီသည် ဒေါသတကြီးဖြင့် ဟောက်လိုက်ပြီး ၊ သူသည်လည်း အလားတူ ရှေးမန္တန်တစ်ခုကို ရွတ်ဆိုခဲ့သည်။

သူတို့နှစ်ဦး၏ နဖူးပေါ်တွင် မထင်မရှားသော အမှတ်အသားတစ်ခု ထွက်ပေါ်လာပြီး ထူးဆန်းသော အမှောင်ဖွဲ့စည်းပုံတစ်ခုကို တည်ဆောက်ခဲ့သည်။

အဆုံးမရှိသော မှော်နက်သင်္ကေတများသည် အဆက်မပြတ် မြင့်တတ်လာပြီး သူ့အလိုလို စုဝေးနေကြသည်။ အဆုံးတွင် ၎င်းတို့သည် အမှောင်မုခ်ဝတစ်ခုကို ဖန်တီးပေးခဲ့သည်။

လူကို ပို၍ကြောက်လန့်စေခဲ့သည့်အရာမှာ ၊

ဤကမ္ဘာမြေကြီး၏ နေရာလွတ်ထဲမှ ရှေးဟောင်းတေးဂီတသံစဉ် တစ်​ခု ရုတ်ချည်း ထွက်ပေါ်လာခြင်း ဖြစ်သည်။

မရေမတွက်နိုင်သော လူများသည် နေရာလွတ်ထဲတွင် အော်ဟစ်နေကြသလိုပင်။

" စူးချန်ကဲ..."

ထိုအချိန်တွင်၊ တလိပ်လိပ် ရိုတ်ခတ်နေသော အမှောင်လှိုင်းတံပိုးများထဲမှ ချန်းဟွမ်းကျီနှင့် စုမျဲ့တို့၏ အသံကို ရုတ်တရက် ကြားလိုက်ရသည်။

"ဒါက ငါတို့ မင်းကိုပေးတဲ့ နောက်ဆုံးလက်ဆောင်ပဲ..."

"ငါ့မှာရှိသမျှ အရာအားလုံးကို စတေးပြီး မင်းအပေါ်ကို နောက်ဆုံးကျိန်စာချခဲ့မယ်"

ဤအရာသည် နိဗ္ဗာန်နနတ်ဆိုးတောင်တွင် တွေ့ရှိခဲ့သော ချန်းဟွမ်းကျီနှင့် စုမျဲ့တို့၏ နောက်ဆုံးလက်နက်ဖြစ်သည်။

ဤသည်မှာ ကမ္ဘာ့ကပ်ဘေးစစ်မတိုင်မီ ရှေးခေတ်ကတည်းက တည်ရှိခဲ့သော တားမြစ်ကျိန်စာ ဖြစ်သည်။

အမည်မှာ - ပျက်သုန်းခြင်း နတ်ဆိုးတေးသွား!

ကိုယ်တိုင်နှင့် အရာအားလုံးကို စတေးကာ အခြားသူအပေါ် ကြီးစွာသောကျိန်စာကို သက်ရောက်စေသည်။

တစ်နေ့ မဟာလမ်းစဉ်ပေါ်သို့ လျှောက်လှမ်းရာတွင် သင်သည် အတွင်းနတ်ဆိုး၏ တုံ့ပြန်မှုကို သေချာပေါက် ခံစားရမည်ဖြစ်သည်။

၎င်းသည် သင့်ကိုရူးသွပ်ပြီး သေတဲ့အထိ ဖြစ်စေမည်။

တစ်ချိန်တည်းမှာပင် ၊ ထိုအရာ၏ တန်ခိုးစွမ်းအား ထွက်ပေါ်လာချိန်တွင် စူးချန်ကဲသည် မျက်မှောင်ကြုတ်သွားသည် ။ သူ သတိလက်လွတ်မဖြစ်ဝံ့ပေ။

သူသည် အထက်ကောင်းကင်၌ ရှိနေသော ဓားဆန္ဒများကို တိုက်ရိုက် စုစည်းလိုက်ပြီး ၊ သူ့ခန္ဓာကိုယ်ကို ဓားစွမ်းအင်များဖြင့် ဖုံးအုပ်ထားလိုက်သည်။

ကောင်းကင်လမ်းစဉ် အာဏာစက်ဓား၏ ကွပ်ကဲမှုအောက်တွင် ၊ ကောင်းကင်လမ်းစဉ်စွမ်းအားများ ပါဝင်သော ဓားအရိပ်များသည် စူးချန်ကဲကို ဗဟိုပြုလျက် ဝန်းရံလာခဲ့သည်။

ဝုန်း ! !

နောက်အခိုက်တန့်တွင် ၊

ပျက်သုန်းခြင်းများ ပါဝင်နေသော ရောင်ဝါတစ်စင်းသည် အသက်ရှိနေသကဲ့သို့ ၊ ၎င်းသည် စူးချန်ကဲဆီသို့ လျင်မြန်စွာ ပြေးဝင်သွားသည်။

ဟွား! !

ဖြတ်သန်းသွားလေရာနေရာတိုင်း ၊ အာကာသအတွင်း၌ လျို့ဝှက်စွာဖြင့်ရှိနေသော မဟာလမ်းစဉ်၏ နိယာမတရားများသည်ပင် ပျက်စီးကိန်းစိုက်ရသည်။

တစ်ချိန်တည်းမှာပင်။

ဤအခိုက်အတန့်တွင် နတ်ဘုရား၏ တီးတိုးသံကဲ့သို့သော ဆူညံသံသည် အဆမတန် ကျယ်လောင်လာသည်။

နတ္ထိသဘောတရားဆောင်သော မှော်သင်္ကေတတို့သည် စူးချန်ကဲ၏ ဦိးတည်ရာဘက်သို့ ပြေးဝင်လာကြသည်။

စူးချန်ကဲမှ ဖွဲ့စည်းထားသော ဓားနယ်ပယ်စက်ဝန်းသည် အဆိုပါထူးဆန်းသောစွမ်းအား၏ ရှေ့မှောက်တွင် ၊ လေထုနံရံချပ်ကြီးတစ်ခုလို ဖြစ်နေပြီး နည်းနည်းမှ အသုံးမဝင်ခဲ့ပေ။

နတ္ထိသဘောတရားဆောင်သော အင်အားတစ်ခုသည် စူးချန်ကဲထံသို့ တည့်တည့်မတ်မတ် ဝင်ရောက်သွားခဲ့ပြီး သူ့တစ်ကိုယ်လုံးကို ဝါးမြိုပစ်ခဲ့သည်။

"ဟားဟား...ငါတို့ရှုံးပေမယ့်....ဒါပေမဲ့ မင်းလည်း....မနိုင်ဘူး!"

စုမျဲ့ နှင့် ချန်းဟွမ်းကျီသည် အရိုက်ခံလိုက်ရသော စူးချန်ကဲကို ကျေနပ်နေသောအပြုံးဖြင့် စိုက်ကြည့်နေကြသည်။

တကယ်တော့ စုမျဲ့သည် ယနေ့ထိတိုင် စူးချန်ကဲနှင့် သူ ဘာကြောင့်ရန်သူဖြစ်လာရသည်ကို နားမလည်နိုင်သေးပေ။

ကောင်းကင်လမ်းစဉ် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ သည်လည်း ဘာကြောင့်များ ကွေးယွမ် သူတော်စင်နယ်မြေနှင့် ရန်သူဖြစ်ခဲ့ရသနည်း။

" ကြည့်ရတာ... ဒါက ကံတရားဖြစ်မယ်..."

တစ်ချိန်တည်းမှာပင်၊ ဤအရာအားလုံး ပြီးဆုံးသွားချိန်တွင် စုမျဲ့၏ခန္ဓာကိုယ်သည် ဖြည်းဖြည်းချင်း ပြိုကွဲသွားပြီး သဲများသဖွယ် လေနှင့်အတူ ပြန့်ကျဲသွားလေတော့သည်။

ချန်းဟွမ်းကျီလည်း ထိုနည်းတူစွာပင်။

ပျောက်ကွယ်မသွားခင် ၊ သူသည် ဤစကားတစ်ခွန်းကို ညည်းညူနေခဲ့သည်။

"ညီလေး... ငါ မင်းနောက်ကို လိုက်လာခဲ့ပြီ..."

သူ့တာဝန်သည် ပြီးဆုံးသွားခဲ့ပြီဖြစ်သည်။

ဆက်လက်ပြီး ၊ပြင်ပကမ္ဘာမှ မကောင်းဆိုးဝါးတပ်ဖွဲ့သည် ကွေးယွမ် သူတော်စင်နယ်မြေကို လုံးလုံးလျားလျား သုတ်သင်နိုင်မည်ဆိုပါက ၊

ဒါဆို မကောင်းဆိုးဝါးမျိုးနွယ်စုကို ပြန်လည်ထွန်းတောက်စေမည့် တာဝန်ကြီးသည် နောက်ဆုံးမှာတော့ ပြီးမြောက်ခဲ့ပြီဟု ဆိုရပေတော့မည် ။

သို့သော် အကြွင်းမဲ့ခွန်အား၏ရှေ့မှောက်တွင်

ဤအရာများသည် မှားယွင်းသောအိမ်မက်သာ ဖြစ်ပေလိမ့်သည်။

........

တစ်ချိန်တည်းမှာပင်။

အဝေးတစ်နေရာက တောင်ထိပ်တွင် ၊

အနက်ရောင်ဝတ်လုံကို ဝတ်ဆင်ထားသော လူဆယ်ဦးသည် အမှောင်ဖုံးနေသောဧရိယာကို အေးစက်စွာဖြင့် ကြည့်နေကြသည်။

" ချန်းဟွမ်းကျီ နဲ့ သူ့လူတွေ အောင်မြင်သွားပုံရတယ် ၊ ပထမအစီအစဥ်ပြီးပြီဆိုတော့ ဒုတိယအစီအစဉ်ကို တိုက်ရိုက် အကောင်အထည်ဖော်ရုံပဲ"

၎င်းတို့သည် ကောင်းကင်ဘုံ မကောင်းဆိုးဝါးတောင်တန်း၏ အဆင့်မြင့်စွမ်းအားရှင်များ ဖြစ်ပြီး ၊ ၎င်းတို့အားလုံးသည် ဧကရာဇ်တစ်ပိုင်းနယ်ပယ် နဝမအဆင့်ထိ တတ်လှမ်းထားသူများဖြစ်သည်။

သူတို့သည် မိမိကိုယ်ကိုယ် စတေး၍ ကျန်လေးဦးကို မဟာဧကရာဇ်မင်း၏ တိုက်ခိုက်ရေးစွမ်းအားကို အချိန်တိုအတွင်း ရရှိစေရန် ကြံရွယ်ထားသည်။

ယခု စူးချန်ကဲ၏ ခွန်အားသည် သူတို့ စိတ်ကူးထားသည်ထက် များစွာ ကျော်လွန်နေခဲ့သည်။ စတေးမှု မရှိပါက ၊ အချိန်တိုအတွင်း သူတို့၏ တိုက်ခိုက်ရေးစွမ်းအားကို မြှင့်တင်နိုင်မည် မဟုတ်ပေ။

သူတို့အနေဖြင့် စူးချန်ကဲအား မထိန်းချုပ်နိုင်မည်ကို စိုးရိမ်မိသည်။

"ကောင်းတယ် ၊ ဆက်လက်ပြီး ကွေးယွမ်ကကောင်တွေကို သုတ်သင်ရမယ့်အလှည့်ပဲ"

ခေါင်းဆောင်ဖြစ်သူက အမိန့်ပေးတော့မည့်အချိန် ၊

သို့သော် သူ့နောက်တွင်ရှိနေသော လက်အောက်ငယ်သား‌၏ ကြောက်လန့်တကြား အော်သံကို ရုတ်တရက်ကြားလိုက်ရသည်။

" အစ်ကိုကြီး...စူးချန်ကဲ မသေသေးဘူးထင်တယ်!"

အပိုင်း(၄၅၂): ဒီဆက်ခံသူရဲ့ နောက်ခံက တကယ်ကို အင်အားကြီးမားလွန်းတယ်

ထိုစကားများ ထွက်ပေါ်လာသည်နှင့်။

လူတိုင်း ကြောက်လန့်တကြား လှည့်ကြည့်လိုက်ကြသည်။

အလွန်ကြောက်စရာကောင်းသော မြင်ကွင်းကို မြင်လိုက်ရသကဲ့သို့ ထိန်းမနိုင်သိမ်းမရ တုန်လှုပ်သွားကြသည်။

အမှောင်ကမ္ဘာက ပင်လယ်သေကဲ့သို့ပင် ကြောက်မက်ဖွယ်ကောင်းသော အင်အားတစ်ခု၏ ဆွဲဆောင်မှုကိုခံလိုက်ရသည်။

" ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ!?"

ဝတ်ရုံနက်အုပ်စုထဲမှ လူတစ်ဦးသည် နောက်ဆုံးတွင် မနေနိုင်ဘဲ ကြောက်လန့်တကြား ထဆိုလေသည်။

"ဒါက နိဗ္ဗာန်နနတ်ဘုရားကျောင်းကနေ ငါတို့ ခက်ခက်ခဲခဲ ယူဆောင်ခဲ့တဲ့ တားမြစ်အစီအရင်ပဲ....စူးချန်ကဲက ဘယ်လို ချိုးဖျက်လိုက်တာလဲ!"

တစ်ချိန်တည်းမှာပင်။

မူလက ကြောက်စရာကောင်းခဲ့သော ပျက်သုဉ်းခြင်းဆိုင်ရာ အငွေ့အသက်တို့သည် အလွန်လျင်မြန်သော အရှိန်ဖြင့် ပျောက်ကွယ်သွားခဲ့သည်။

ဝီ--!!

တစ်ခဏအတွင်း ။

အလွန်ကြောက်စရာကောင်းသော စွမ်းအားတစ်ခု နိုးထလာသကဲ့သို့ အလွန်တောက်ပသော ရောင်စဉ်အလင်းတန်းများ ပေါက်ဖွားလာခဲ့သည်။

"ဖွင့်!"

ရုတ်တရက်။

ပေတစ်သောင်းမြင့်မားသော နတ်ဘုရား၏ ဓမ္မကာယကိုယ်ထည်ကြီးသည် ပျက်သုန်းခြင်းမုန်တိုင်းထဲမှ ထမြန်းလာခဲ့သည်။

အရာအားလုံးကို လေနှင့်သဲအဖြစ် ပြောင်းလဲပစ်နိုင်သော အဖျက်စွမ်းအားသည် မြက်ခင်းပြင်၌ ပြေးဖြတ်သွားသော လေပြေကဲ့သို့ အဆိုပါ ကြီးကျယ်ခမ်းနားသော နတ်ဘုရား၏ ဓမ္မကာယကိုယ်ထည်ရှေ့တွင် အပြီးတိုင် ဖြတ်တောက်ခံလိုက်ရသည်။

ဝုန်း ! !

ဝတ်ရုံဖြူ အသွင်ပုံရိပ်သည် သူ၏ ညာဖက်လက်ကို အနည်းငယ်ဆန့်ထုတ်လိုက်သည်။

ကောင်းကင်ပမာ မြင့်မားသော နတ်ဘုရား၏ ဓမ္မကာယကိုယ်ထည်သည် ဖန်ဂူနတ်ဘုရား ကမ္ဘာလောကကို ဖန်တီးနေသကဲ့သို့ သူ၏ လက်များကို ဖြည်းညှင်းစွာ ဆန့်ထုတ်လိုက်သည် ။

ထိုလက်တစ်စုံအောက်တွင် ၊ အကန့်အသတ်မရှိခဲ့သော ပျက်သုန်းခြင်း မုန်တိုင်းသည် ပြိုကျပျက်စီးကာ တစ်စစီ ကွဲအက်သွားခဲ့ရသည် ။

ဝုန်း ! !

ကြောက်မက်ဖွယ်ကောင်းသော မုန်တိုင်းသည် မိုင်ပေါင်းများစွာအထိ ရိုက်ခတ်သွားသည်။

ဤမြင်ကွင်းသည် ထိတ်လန့်စရာကောင်းပြီး အိပ်မက်ဆန်လွန်းပေသည်။

ထိုမြင်ကွင်းကို ကြည့်ရှုနေသူတိုင်း၏ အမူအရာတို့သည် သိသိသာသာ ပြောင်းလဲကုန်သည်။

"ဒါ.... စောနက ဓမ္မကာယကိုယ်ထည်ကြီးက စူးချန်ကဲ ဖွဲ့စည်းထားတာလား?"

" ဒါပေမဲ့ စောနက အင်အားထဲမှာ ဗလာနိတ္ထိနဲ့ ပျက်သုန်းခြင်း နိယာမတရားတွေ ပါဝင်နေသလိုပဲ....ဒါဟာ တိုက်မြေ သုံးထောင်ရဲ့ နိယာမတွေထဲက တားမြစ်နိယာမ မဟုတ်လား ၊ ဘာကြောင့် ဒီမှာ ပေါ်ထွက်လာရတာလဲ?"

"ပြီးတော့...ဒါဟာ အမှန်သာဆို စူးချန်ကဲ ဘယ်လိုကိုင်တွယ်လိုက်တာလဲ?"

“.......”

တစ်ချိန်တည်းမှာပင်။

ဤဇာတ်လမ်းတစ်ပုဒ်၏ ဇာတ်ဆောင်ဖြစ်သူ စူးချန်ကဲလည်း အနည်းငယ် စိတ်ရှုပ်နေသည်။

သူ၏ မသိစိတ်က ညာလက်ကို ဆန့်ထုတ်လိုက်ပြီး ပဟေဠိဆန်စွာဖြင့် ကြည့်နေသည် ။

အရင်မြင်ကွင်းကို ပြန်သွားကြည့်မည်ဆိုပါက ၊

ထိုအခိုက်အတန့်တွင် ၊ သူ၏ လက်ဖဝါးပေါ်တွင် လျို့ဝှက်ဆန်းကြယ်သော ရှေးအမှတ်အသားတစ်ခု ပေါ်လာခဲ့သည်။

အမှောင်မုခ်ဝတစ်ခု နှင့်တူသည်။

ထိုအမှောင်မုခ်ဝထဲတွင် သိသာထင်ရှားသော အဖြူရောင်အစဉ်းများဖြင့် မျက်လုံးပုံစံ တစ်ခု ရှိနေခဲ့သည်။

" စောနက ဒီထူးဆန်းတဲ့ နတ်ဘုရားကျောင်းက တကယ်ပဲ ဘာများလဲ ..."

စူးချန်ကဲသည် မျက်မှောင်ကြုတ်ပြီး ညည်းညူလိုက်သည်။

နတ္ထိနှင့် ပျက်သုန်းခြင်း အငွေ့အသက်များသည် သူ့ကို လွှမ်းခြုံနေခဲ့စဉ် ၊

စူးချန်ကဲသည် သူ၏ တာအိုနှလုံးသားကို တိုက်စားနေသော ထူးဆန်းသောကျိန်စာတစ်ခုကို ခံစားလိုက်ရသည်။

တစ်ချိန်တည်းမှာပင် ၊ မြင်ကွင်းတစ်ခုကို သူ တွေ့လိုက်ရသည်။

အဆုံးမရှိသော ကြယ်ရောင်ကောင်းကင်ကြီး၏ အတွင်းကျဆုံးနေရာတွင် ဖြစ်ပုံရသည်။

ကမ္ဘာကြီး၏ တွင်းနက်ကြီးကဲ့သို့ပင်။

ထိုနေရာ၌ ထူးဆန်းသော အမှောင်နတ်ဘုရားကျောင်းတစ်ခု ရှိနေသည်။

ထိုနေရာတွင် ရှိနေသော နတ္ထိ နှင့် ပျက်သုန်းခြင်းဆိုင်ရာ စွမ်းအားများသည် ကောင်းကင်တွင် တွဲလောင်းကျနေသော တိမ်တိုက်ကြီးတစ်ခုသဖွယ် သက်ဝင်လှုပ်ရှားနေသည်။

နတ္ထိသဘောဆိုင်ရာ မှော်သင်္ကေတတို့သည် ရာဇပလ္လင်တစ်ခုအဖြစ် စုဝေးဖြစ်တည်နေပြီး ၊ ထိုရာဇပုလ္လင်ပေါ်တွင် မှုန်ဝါးဝါး ရုပ်သဏ္ဍာန်တစ်ခုက ထိုင်နေသည်။

စူးချန်ကဲ၏ အသိစိတ်များ ပျောက်ကွယ်မသွားခင် ၊

သူသည် ထိုအနှီပုဂ္ဂိုလ်၏ အသံကို ဝိုးတဝါးကြားလိုက်ရသည်။

" နတ္ထိ ခန္ဓာကိုယ်ရဲ့ အမွေဆက်ခံသူ မျိုးဆက်သစ် ပေါ်လာခဲ့ပြီလား”

ထို့နောက် ၊ထိုအနှီပုဂ္ဂိုလ်သည် စကြဝဠာကြီးကိုပင် အုပ်မိုးထားနိုင်သော သူ၏လက်ကို ဆန့်ထုတ်ကာ စူးချန်ကဲဆီသို့ ကျရောက်လာခဲ့သည်။

အဆိုပါ ကြောက်မက်ဖွယ် ကောင်းသော စွမ်းအား၏ လွှမ်းခြုံမှုအောက်တွင် ၊ စူးချန်ကဲအဖို့ ခုခံနိုင်စွမ်းမရှိပေရာ သူ့ထံသို့ ချဉ်းကပ်လာသော ထိုအနှီလူ၏လက်ကြီးကို ဒီအတိုင်းကြည့်နေရုံသာ တတ်နိုင်ခဲ့သည်။

သို့သော် ထိုလက်ကြီးသည် ရုတ်တရက် ရပ်တန့်သွားသည်။

ထို့နောက် သူ့လက်ကို ပြန်လည်ရုတ်သိမ်းသွားခဲ့သည်။

ဤအခိုက်အတန့်တွင် ၊ သူ့စိတ်ထဲ၌ တုန်လှုပ်နေသည်။

" တားမြစ် စူးမိသားစု ..."

" သံသရာစက်ဝန်း အမတမင်းဆက်..."

" ကွေးယွမ်အမတဂိုဏ်း..."

“ဒဏ္ဍာရီထဲက တားမြစ်ကိုယ်ထည်တောင် ရှိသေးတယ်…”

အကယ်၍ သူသည် အလွန်မြင့်မားသော နယ်ပယ်အဆင့်က ပုဂ္ဂိုလ်တစ်ဦးမဟုတ်ခဲ့ပါက ၊ သူ၏ စိတ်ခံစားချက်များကို အတတ်နိုင်ဆုံး ထိန်းချုပ်ထားနိုင်လိမ့်မည် မဟုတ်။

သို့မဟုတ်ပါက အစောကတည်းက သူသည် စူးချန်ကဲ၏ ဘဝအတွေ့အကြုံများကြောင့် လန့်ဖျပ်ကာသေသွားနိုင်သည်။

မူလက သူသည် ကမ္ဘာအရပ်အသီးသီးမှ ယုံကြည်မှုတန်ခိုးစွမ်းအားများကို ပျော်ပျော်ကြီး စုဆောင်းနေတုန်း ၊ ယခုကဲ့သို့သော လူ့ ဘီလူးတစ်ကောင်ကိုပါ စုဆောင်းရရှိခဲ့လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

သေစမ်း !

ငါ့ကို ခက်ခဲတဲ့ သင်ခန်းစာပေးလိုက်တာပဲ!

ထို့နောက် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။

ဟူး! !

စူးချန်ကဲ၏ တာအိုစိတ်နှလုံးသားကို တိုက်စားရန် ရည်ရွယ်ထားသော ပျက်သုန်းခြင်းရောင်ဝါများသည် ဒီရေအလား နောက်ပြန်ဆုတ်သွားခဲ့သည်။

" သေသင့်တဲ့ကောင်‌တွေ... ဟိုနှစ်ကောင်ကြောင့် ငါတောင်အမှုပတ်တော့မယ် ၊ ငါ့ရဲ့ တုံ့ပြန်မှု အရှိန် မြန်လို့သာပေါ့..."

၎င်း၏ ညည်းညူသံကို နားထောင်ရင်း စူးချန်ကဲတစ်ယောက် ဇဇဝေဇဝါဖြစ်နေလေ၏။

ထို့နောက် ၊

ထိုအနှီပုဂ္ဂိုလ်သည် သူ့လက်ကို တစ်ဖန် ဝှေ့ယမ်းလိုက်ရာ စူးချန်ကဲ၏ လက်ဖဝါးပေါ်တွင် လျှို့ဝှက်ဆန်းကြယ်သော အငွေ့အသက်တစ်ခု ကျရောက်လာသည်။

"ဒါက ငါ မင်းကိုပေးတဲ့လက်ဆောင်ပဲ၊ မင်း အမတဘုံကို ရောက်လာတဲ့တစ်နေ့ ၊ ပျက်သုန်းတွင်းနက် ကို တစ်ခေါက်အလည်လာပါဦး..."

" ငါ မင်းကိုစောင့်နေမယ်..."

ထို့နောက်တွင် ၊ သူ့စိတ်ထဲက ပုံရိပ်မြင်ကွင်းသည် တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။

စူးချန်ကဲသည် မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်လိုက်သည်။

" စောနကကောင်က ဘယ်သူလဲ"

" သူ့ပုံစံကိုကြည့်ရတာ ငါ့ကို ကျိန်စာတိုက်ခဲ့တဲ့သူပဲ ၊ ဘာလို့ပြန်ရုတ်သိမ်းသွားတာလဲ "

စူးချန်ကဲ ပဟေဠိဖြစ်နေသည်။

ထို့စဉ် ၊ ပြိုးပြိုးပြက်ပြက် တောက်ပသော အလင်းတန်းနှစ်ခုသည် ကွက်လပ်ကိုဖြတ်ကျော်ကာ စူးချန်ကဲ၏ ရှေ့သို့ ဖြည်းညှင်းစွာ ရောက်ရှိလာသည်။

အလင်းလုံး တစ်လုံးသည် ပြာလဲ့စွာတောက်‌ပနေပြီး ၊ ကောင်းကင်လမ်းစဉ်၏ စွမ်းအားများဖြင့် ပြည့်နှက်နေသည်။

နောက်အလင်းလုံး တစ်လုံးသည် အဖြူအမည်း ရောစပ်လျက် အလွန်သန့်စင်သော မကောင်းဆိုးဝါး စွမ်းအားများဖြင့် ပြည့်နှက်နေသည်။

"ဒါက... စုမျဲ့ နဲ့ ချန်းဟွမ်းကျီရဲ့ နတ်ရင်းမြစ်တွေလား ?"

" ဒါပေမဲ့ သူတို့နှစ်ယောက်က ကိုယ့်ကိုကိုယ်စတေးခဲ့တာ မဟုတ်ဘူးလား?"

၎င်းတို့၏ အရာအားလုံးသည် သဲများအဖြစ် ပျောက်ကွယ်သွားသင့်သည် မဟုတ်လော။ သို့သော် အဘယ့်ကြောင့် နတ်ရင်းမြစ်တစ်ခု ကျန်ရစ်နေခဲ့သနည်း။

ထိုအခိုက်အတန့်တွင် ၊

စူးချန်ကဲ၏ လက်ချောင်းထိပ်များပေါ်တွင် မှော်သင်္ကေတများ ရုတ်တရက် ကျရောက်လာပြီး ဝိုးတဝါးအသံတစ်ခုကို ကြားလိုက်ရသည်။

"သူတို့နဲ့ ငါရဲ့ သဘောတူညီချက်က ပျက်သွားပြီ ၊ ဒါ့ကြောင့် သူတို့ရဲ့ နတ်ရင်းမြစ်ကို အဖိုးအခအဖြစ် ငါ မယူဘူး"

"အဲ့တော့ ဒီလူနှစ်ယောက်ရဲ့ နတ်ရင်းမြစ်ကို ကိုင်တွယ်ဖြေရှင်းဖို့ မင်းအတွက် ချန်ထားခဲ့မယ် "

အသံသည် ရုတ်​တရက်​ထွက်​‌ပေါ်လာပြီး ၊ ချက်ချင်းပင် ပျောက်​ကွယ်သွားသည်​။

စူးချန်ကဲ မတုံ့ပြန်ခင်မှာပဲ ထိုအနှီပုဂ္ဂိုလ်၏ ရောင်ဝါသည် ခြေရာလက်ရာမကျန် အပြီးတိုင် ပျောက်ကွယ်သွားခဲ့သည်။

"ဒီအသံက စောနက ငါ့ အသိစိတ်​ထဲမှာ မြင်​လိုက်​ရတဲ့ အဲ့ဒီပုဂ္ဂိုလ်လား..?"

ထို့နောက် ၊

စူးချန်ကဲသည် နားလည်သွားဟန်ဖြင့် ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။

ထိုသကောင့်သား နှစ်ကောင်သည် ကိုယ်ပိုင်အရာအားလုံးကို စတေး၍ သူ့ကိုသေအောင် ကျိန်စာတိုက်ခဲ့သည်။

ရလဒ်အနေဖြင့် ၊ ကျိန်စာအတွက် တာဝန်ရှိသူ ပုဂ္ဂိုလ်သည် အကြောင်းတစ်ခုခုကြောင့် သဘောတူညီချက်ကို ရုတ်တရက် စွန့်လွှတ်ခဲ့သည်။

ဒါတင်မက ၊ တဖက်လူ၏ နတ်အရင်းအမြစ်ကိုလည်း သူ့ကို လွှဲအပ်ခဲ့သည်။

စူးချန်ကဲသည် ရှိုက်ကြီးတငင် ပြုံးလိုက်ရင်း ၊ သူ၏ စုပ်ယူ သူတော်စင် ခန္ဓာကိုယ်ကို အသက်သွင်းလိုက်သည်။

နတ်ရင်းမြစ်နှစ်ခုသည် ချက်ခြင်း စုပ်ယူခံလိုက်ရသည်။

ဤမျှအဖိုးတန် ပစ္စည်းကို သူ မည်သို့ လက်လွတ်ခံမည်နည်း။

"အိုင်း.....ဘာလို့များ ဒီလောက်ထိအလုပ်ရှုပ်ခံနေတာတုန်း ၊ ကိုယ့်ကိုယ်ကို စတေးတာ အသုံးမဝင်တဲ့အပြင် အဲ့အစား ငါ့ကိုတောင် အထောက်အကူပြုလိုက်သေးတယ်"

"မင်းတို့မသေခင် ငါ့အတွက် ထားခဲ့တဲ့ အကျိုးကျေးဇူးတွေအပေါ် ကျေးဇူးတင်ပါတယ်"

အကယ်၍ စုမျဲ့ နှင့် ချန်းဟွမ်းကျီတို့နှစ်ဦးသာ စူးချန်ကဲ၏ လူမဆန်သော စကားကို ကြားမိခဲ့လျှင်ဖြင့် မည်မျှမခံမရပ်နိုင်ဖြစ်နေလိမ့်မည်နည်း။

ထို့အပြင် ၊

စူးချန်ကဲသည် မှော်စွမ်းအားများကို အသက်သွင်းလိုက်ပြီး နောက်ဆုံးအဆင့် ဧကရာဇ်လျှောက်လှမ်း၏ မိုးကုပ်စက်ဝိုင်းတစ်နေရာဆီသို့ ပစ်လွှတ်လိုက်သည်။

"နောက်ဆုံးလမ်း၊ သွားဖို့အချိန်တန်ပြီ "

သူသည် အခြားသော စစ်ပွဲများကို ခံစားခဲ့ရသည်။ ၎င်းသည် မိမိ၏အသိမိတ်ဆွေများသည် မကောင်းဆိုးဝါး မျိုးနွယ်စုများနှင့် စစ်ပွဲကြီးတစ်ခု ဆင်နွဲနေပုံရပေသည်။

ဆက်လက်ပြီး ၊ သူလုပ်ဆောင်မည့်အရာမှာ

ဤလမ်းကြောင်းအတိုင်း အဆုံးထိ လျှောက်လှမ်းကာ ကံကြမ္မာ၏ မဟာဧကရာဇ်မင်းတစ်ပါး ဖြစ်လာရန်ပင် ဖြစ်သည်။

All Chapters