အခန်း (၄၅၃-၄၅၇)
Vol. 33 Ch. 453-457
အပိုင်း(၄၅၃): ငါ့ကွေးယွမ် သူတော်စင်နယ်မြေက ကောင်းကင်ဘုံပဲ
တောင်ထိပ်ပေါ်တွင် ၊
စူးချန်ကဲကို မြင်ပြီးနောက် ၊ အနက်ရောင်ဝတ်ရုံဖြင့် လူဆယ့်လေးဦးစလုံးသည် ပို၍ လေးနက်လာကြသည်။
" ကြည့်ရတာ ၊ ငါတို့ရဲ့ အစီအစဉ်အတိုင်း ဆက်လုပ်ရလိမ့်မယ် "
၎င်းတို့၏ ခေါင်းဆောင်ဖြစ်သူသည် လေသံကို နိမ့်ချ၍ ပြောလိုက်သည်။
" လူသားမျိုးနွယ်မှာ စကားတစ်ခွန်းရှိတယ် ၊ အောင်မြင်မှု နီးလာလေလေ သတိလက်လွတ်ဖြစ်ဖို့က လွယ်လေလေပဲ "
" စူးချန်ကဲ ဧကရာဇ်ဖြစ်လာတဲ့တစ်နေ့ ၊ သူသင်္ဂြိုဟ်ရမယ့်နေ့ပဲ "
.......
တစ်ချိန်တည်းမှာပင်။
တိုက်မြေ သုံးထောင် ၊ အဆုံးမရှိသော ကြယ်တာယာ ကောင်းကင်အလွန်တွင်
သွေးနီရောင် အခိုးအငွေ့များသည် နက်ဗျူလာကဲ့သို့ စုဝေးနေပြီး အကန့်အသတ်မရှိသော ကွက်လပ်ကို ဖုံးအုပ်ထားသည်။
၎င်းတို့အထဲတွင် ၊ ကျိုးပဲ့နေသော မကောင်းဆိုးဝါး ကိုယ်ထည်များသည် ကြယ်အပျက်အစီးများနှင့်အတူ ကြယ်တာယာ ကောင်းကင်တွင် လွင့်မျောနေသည်။
၎င်းတို့အနက် ၊ ဧရာမ မကောင်းဆိုးဝါးသားရဲများ၏ ဦးခေါင်းခွံများလည်းရှိနေသည် ။
ခွင်းဖိန် ။
ဧရာမမျောက်ဝံ။
ရှေးဟောင်း မိကျောင်း။
ဤအခိုက်အတန့်တွင် ၎င်းတို့အားလုံးသည် မျက်ဖြူစိုက်နေပြီး သေခြင်းတရား၏ အအငွေ့အသက်များက ၎င်းတို့ကို ဖုံးလွှမ်းထားပြီး ဖြစ်သည်။
မဟာဧကရာဇ်မင်း၏ ခန္ဓာထက်သာလွန်သော ထာဝရ မကောင်းဆိုးဝါးခန္ဓာသည် အလွန်ကြောက်စရာကောင်းသောစွမ်းအား၏ လက်အောက်တွင် တစ်စစီ ဖြစ်ခဲ့ရသည်။
T/N - ထာဝရ ( မပျောက်မပျက် ၊ ထာဝရတည်မြဲသော )
ခေါင်းပြတ်တစ်လုံးသည် ကြယ်တစ်လုံးစာလောက် ကြီးမားသည်။
ပတ်ဝန်းကျင်တစ်ခုလုံး မကောင်းဆိုးဝါး စွမ်းအင်များဖြင့် ပြည့်နှက်နေပြီး ၊ ၎င်းတို့၏ မလိုလားမှုများကို ထုတ်ဖော်ပြသနေသည်။
အမတနီးပါး ဖြစ်တည်မှုများသည် ပေမင်တိုက်မြေသို့ မဆင်းသက်ခင်မှာပဲ အစိတ်စိတ်အမြွှာမြွှာ ဖျက်စီးခံလိုက်ရသည်။
"သေစမ်း!"
ဘုန်း ! !
ရုတ်တရက်။
ကျယ်ပြောလှသော ဟောက်သံတစ်ခုသည် အကန့်အသတ်မဲ့ ကြယ်တာယာ ကောင်းကင်ပြင်တွင် ပဲ့တင်ထပ်သွားသည်။
ထို့နောက်တွင် ၊
နေရောင်ခြည်အလား တောက်ပသော ကြောက်မက်ဖွယ်ရာ ဝိညာဉ်စွမ်းအားများသည် မှောင်မိုက်နေသော ကြယ်စုနယ်မြေတွင် ပွင့်ထွက်လာခဲ့သည်။
"ငါ...လက်မခံနိုင်ဘူး...!"
အသံလားရာကိုကြည့်မည်ဆိုပါက ၊
နေတစ်စင်းပမာ အရွယ်အစင်း ကြီးမားသော အနက်ရောင်ချီလင်တစ်ကောင်သည် အဝေးသို့ လွင့်ထွက်သွားသည်ကို မြင်ရပေလိမ့်မည်။
၎င်း၏ ရင်ဘတ်ရှိ အရိုးများသည် အလွန်သန်မာသော အင်အားတစ်ခု၏ လက်ချက်ဖြင့် ပြင်းပြင်းထန်ထန် ကျိုးပဲ့ကုန်ကာ သွေးများ ပန်းထွက်နေသည်။
တစ်ချိန်တည်းမှာပင်၊ တိုက်ခိုက်မှုအမျိုးမျိုးကို ခံနိုင်ရည်သည်ဟု လူသိများသော ချီလင်ဦးချိုသည် သူ့ရှေ့တွင် ရှိနေသော အမတ ဓမ္မကာယကိုယ်ထည်ကြီး၏ ဖြတ်တောက်ပစ်ခြင်းကို ခံလိုက်ရသည်။
သူ့လက်ထဲတွင် တောက်ပစွာဖြင့် ရှိနေသော ဦးချိုကိုကြည့်ရင်း ၊ တိ့ထျန်းသည် ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။
" အတော်ပဲ ၊ ဒီချီလင်ဦးချိုက အရမ်းကောင်းတဲ့ ဆေးစွမ်းကောင်းတစ်လက်ပဲ ၊ စူးချန်ကဲကို လက်ဆောင်ပေးဖို့ သင့်တော်တယ်"
" တိ့ကျန့် အဲ့ကောင်ကိုတော့ တော်ပြီ ၊ ဒီလောက်နှစ်ကာလတွေ ကြာပြီးနောက်မှာတောင် ဒင်းက တိုက်မြေ သုံးထောင်မှာ အပျင်းထူတဲ့ဘဝနဲ့ နေနေတာ ၊ သူ့ကို ပေးလိုက်ရင် အလကားဖြစ်လိမ့်မယ်"
ဤအကြောင်းကို မသိသေးသော တိ့ကျန့် မဟာဧကရာဇ်မင်းခမျာ ၊ ဤစကားများကြားလျှင်ဖြင့် အော်ဟစ်ငိုကြွေးနေမည်ကို စိုးရသည်။
မင်းတကယ်ပဲ ငါ့အစ်ကိုရင်း ဟုတ်ရဲ့လား!?
" တိ့ထျန်း ! မင်းက အမတလေ ၊ တိုက်မြေသုံးထောင်ကို ဝင်စွက်ဖက်တာ... မင်း အရှက်ရှိသေးရဲ့လား!"
တောင်ပံတစ်ဖက်ကျိုးပဲ့နေတဲ့ ရွှေတောင်ပံ ကောင်းကင်ဌက်ကြီးသည် ဒေါသဖြင့် ဟောက်လိုက်သည်။
"မင်းက ကောင်းကင်ဘုံကို အံတုတာ ၊ ကောင်းကင်ဘုံက အပြစ်ပေးခံရမှာကို မကြောက်ဘူးလား!"
မဟာလမ်းစဉ်၏ လက်ရှိစည်းမျဉ်းများထဲတွင်၊
အမတနယ်မြေသည် တိုက်မြေသုံးထောင်နှင့် ပြတ်တောက်လျက်ရှိပြီး ၊ မည်သူမျှ အမတလျှောက်လှမ်းထဲသို့ ခြေမချနိုင်သေးပေ။
သို့သော် ကွေးယွမ် သူတော်စင် နယ်မြေသည် အမတ ဓမ္မကာယကိုယ်ထည်ဖြင့် ဆင်းသက်လာစေခဲ့သည်။ ဤသည်မှာ သူတို့မျှော်လင့်ထားသည်ထက် လုံးဝကျော်လွန်နေခဲ့သည်။
သို့မဟုတ်ပါက ၊ သူတို့သည်လည်း အမတနယ်မြေတွင် ရှိနေသော မကောင်းဆိုးဝါးမျိုးနွယ်ဝင် လူကြီးမင်းများကို ဆင်းသက်ရန် တောင်းဆိုပေမည်။
"ဟား..."
ထိုစကားကိုကြားတော့ တိ့ထျန်းက အေးစက်စွာ ပြုံးလိုက်သည်။ သူ့မျက်လုံးများက အထင်အမြင်သေးသော အရိပ်အမြွက်များကို ပြသနေသည်။
"ကောင်းကင်ဘုံက ပြစ်ဒဏ်လား?" ဟုဆိုရင်း၊
သူ့လက်ကို အနည်းငယ် မြှောက်တင်လိုက်ပြန်သည်။
ဝုန်း ! !
သူ့ခန္ဓာကိုယ်မှ မှော်သင်္ကေတများ တဟုန်ထိုး တတ်လာသည်နှင့်အမျှ အမတဆိုင်ရာ နတ်အလင်းများသည် အဆုံးမရှိ ထွက်ပေါ်လာသည်။
ကောင်းကင်နဲ့မြေကြီးသည် လှုပ်ခါနေပြီး ၊ ကြယ်စုနယ်မြေများ တုန်ခါလျက် ၊ မိုင်ထောင်ချီကွာဝေးသော ကြယ်များသည်ပင် တဖျပ်ဖျပ်ရိုက်ခတ်လို့နေသည်။
ဤသည်မှာ အစပျိုးခြင်းမျှသာ ဖြစ်သည်။
တိ့ထျန်းသည် အရာအားလုံး၏ ဗဟိုချက်အဖြစ် ရှိနေပြီး ၊ အပျက်သဘောဆောင်သော လှိုင်းလုံးကြီးများကို ဖန်တီးခဲ့လေသည်။ ၎င်း၏ လက်အောက်တွင် အရာအားလုံးသည် လှေငယ်တစ်စင်းသဖွယ် ခုခံမှုကင်းမဲ့ကာ လွင့်မျောသွားခဲ့သည်။
"ငါ ကွေးယွမ် သူတော်စင် နယ်မြေသာလျှင်..."
သူ့ခန္ဓာကိုယ်သည် ပို၍တောက်ပလာသလို၊ ပို၍ ကြောက်စရာကောင်းလာသည်။ စကြဝဠာကြီးတစ်ခုလုံး အရောင်ပြောင်းလဲသွားခဲ့ရပြီး ကြယ်ရောင်စုံသော ကောင်းကင်ကြီးသည် ယခုအခိုက်အတန့်တွင် ဟောက်သံပြုလို့နေသည်။
ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများသည် ဤအကန့်အသတ်မဲ့ ကြယ်စင်စကြာဝဠာတစ်ခုလုံးကို တိုက်ရိုက် ဖြတ်ကျော်သွားနိုင်ပုံရသည်။
" ကောင်းကင်ဘုံပဲ!"
ထိုစကားသံအဆုံးတွင် ၊
တိ့ထျန်းသည် ကျန်ရှိသော မကောင်းဆိုးဝါးမျိုးနွယ်ဝင် ရှေးဘိုးဘေးလေးဦိးထံသို့ လျှောက်လှမ်းလာခဲ့သည်။
ခြေတစ်လှမ်း လှမ်းလိုက်တိုင်း ကမ္ဘာငယ်လေးများကို ဖွင့်လှစ်လိုက်သလိုပင်။
ဤအခိုက်အတန့်တွင်၊
ကမ္ဘာကြီးတစ်ခုလုံး အလွန်နှေးကွေးသွားပုံရသည်။
ထို့နောက် သူ့လက်ကို မြှောက်တင်လိုက်ရာ ၊
ပရမ်းပတာအလင်းများ ပွင့်ထွက်လာပြီး အဖျက်မုန်တိုင်းတစ်ခုကဲ့သို့ ပြောင်းလဲသွားကာ သူ့ကို ဗဟိုပြုလျက် အရပ်ရှစ်မျက်နှာတစ်ခွင် လွင့်ထွက်သွားသည်။
"မဟာဖန်တီးရှင် နတ်ဘုရားလက်သီး!"
ဝုန်း --!!
အရပ်ရပ်သို့ ပဲ့တင်ထပ်သွားသော ဟောက်သံနှင့်အတူ၊ တစ်လောကလုံးကို ထိန်လင်းသွားစေသည့် နတ်အလင်းရောင်များ ပေါက်ကွဲထွက်လာခဲ့သည်။
ကျန်ရှိနေကြသေးသော မကောင်းဆိုးဝါးမျိုးနွယ်ဝင် ရှေးဘိုးဘေးအချို့မှာ ပြန်လည်ခုခံနိုင်စွမ်းမရှိခဲ့ချေ။
အနှိုင်းမဲ့ ခန္ဓာကိုယ်ရှိသူများ ဖြစ်သော်ငြားလည်း အဆိုပါ စွမ်းအား၏ရှေ့တွင် သူတို့သည် အရေးမပါသောတည်ရှိမှုဖြစ်ကြောင်း ပြသနေသည်။
အဆုံးတွင် ၊ ၎င်းတို့၏ ခန္ဓာကိုယ်များသည် ကွဲအက်ကြေမွကာ လေနှင့် သဲများအဖြစ်သို့ ပြောင်းလဲသွားပြီး ဤကြယ်ရောင်စုံသော ကောင်းကင်ကြီးကို သွေးများဖြင့် စွန်းထင်းသွားစေခဲ့သည်။
ထာဝရတည်ရှိသူများအဖြစ် လူသိများသောသူများသည်ပင် ယခုတွင်မူ ၊ မြေမှုန့်အဖြစ်သို့ ပြောင်းလဲသွားခဲ့ရချေပြီ ။
.......
အချိန်အတော်တန်ကြာပြီးနောက်၊
ဧရိယာသည် ဖြည်းဖြည်းချင်း ငြိမ်သက်သွားသည်။
စစ်ပွဲတွင် ကျန်ရှိခဲ့သည်မှာ ကောင်းကင်ယံက ကြယ်အပျက်အစီးများကလွဲရင် တခြားဘာမျှ မရှိချေ။
စကြဝဠာ၏ အနက်ရှိုင်းဆုံး နေရာမှ အလင်းတန်းနှစ်ခုသည် တိ့ထျန်းဆီသို့ ရောက်ရှိလာခဲ့သည်။ ၎င်းတို့မှာ ကျန်ရှိပုဂ္ဂိုလ်နှစ်ဦးဖြစ်သည့် ကွေးယွမ် သူတော်စင် နယ်မြေမှ အမတ ဓမ္မကာယကိုယ်ထည်နှစ်ပါးပင်။
မကောင်းဆိုးဝါးမျိုးနွယ်၏ ရှေးဘိုးဘေးများ သုတ်သင်ခံလိုက်ရသည်ကို မြင်တွေ့ပြီးနောက်၊
သူတို့နှစ်ဦးသည် တစ်ယောက်ကိုတစ်ယောက် ရှိုက်ကြီးတငင် ပြုံးလိုက်ကြသည်။
ဤအမတဓမ္မကာယကိုယ်ထည်သည် တိ့ထျန်း၏ အတွေးအမြင်တစ်ခုမျှသာ ဖြစ်သည်။
သူ၏ခွန်အားနှင့် နှိုင်းယှဉ်ပါက ၊ ဆယ်ပုံတစ်ပုံသာ ရှိပေသည်။
သို့သော် အလွန်ကြောက်စရာကောင်းပေသည်။
"မင်းတို့ဘက် ဘယ်လိုလဲ "
တိ့ထျန်းက မေးလိုက်သည်။
" ငါးတစ်သိုက်ပါပဲ ၊ သူတို့က ကြယ်တာယာ ကောင်းကင်အလွန်ကနေ လမ်းကြောင်းဖွင့်ပြီး ပေမင်တိုက်မြေကို ဆင်းဖို့ကြံနေတာ "
" ငါတို့နှစ်ယောက် အာကာသချုပ်လှောင်မှု မှော်အတတ်ကို အသုံးပြုပြီး သူတို့ကို ထာဝရပိတ်လှောင်ထားတယ် ၊ သူတို့ ဘယ်တော့မှ အပြင်မထွက်ခွင့်မရတော့မှာကို စိုးရိမ်မိတယ်"
ထိုစကားကိုကြားတော့ တိ့ထျန်းက ခေါင်းညိတ်လိုက်သည်။
ထို့နောက် သူ့လက်ကို ဝှေ့ယမ်းပြီး ချီလင် ဦးချိုတစ်စုံကို တယ်လီပို့မှော်အခင်းအကျင်းထဲသို့ ပို့လိုက်သည်။
သူသည် ညီဖြစ်သူ တိ့ကျန့်အား ထိုဦိးချိုတစ်စုံကို စူးချန်ကဲလက်ထဲအား ပေးခိုင်းခဲ့သည်။
ထိုအရာများကိုပြုလုပ်ပြီးနောက် ၊
တိ့ထျန်း နှင့် အခြားနှစ်ယောက်သည် ဤအခိုက်အတန့်တွင် မှုန်ဝါးဝါးအဖြစ်သို့ ပြောင်းလဲစပြုလာခဲ့ပြီ ဖြစ်သည်။
"အချိန်တန်ပြီထင်တယ်၊ ငါတို့ အမတ နယ်မြေကို ပြန်ရတော့မယ်"
တိ့ထျန်းသည် ပေမင်တိုက်၏ ဦးတည်ရာဘက်ဆီသို့ လှမ်းကြည့်လိုက်သည် ။
" ဒေဝလောကတစ်ခုလုံး ပြန်ပြီး စတင်လာတော့မယ် ၊ တားမြစ်ချက်တွေလည်း ထွက်ပေါ်လာတော့မယ် "
" စူးချန်ကဲ "
သူ့ပုံသဏ္ဍာန် လုံးဝပျောက်ကွယ်မသွားခင် ၊ သူ့၏နှုတ်ခမ်းထောင့်သည် အပြုံးတစ်ခုအဖြစ် ကွေးညွှတ်သွားခဲ့သည် ။
"မင်းရဲ့နာမည် အမတဘုံတစ်ခွင်လုံး ပျံ့လွင့်လာတဲ့အခိုက်အတန့်ကို ငါ စောင့်မျှော်နေမယ်"
အပိုင်း(၄၅၄): မြင်းနက်တဲ့လား? လက်သီးတချက်တည်းနဲ့ ကြွေလွှင့်ခဲ့ရတယ်
တစ်ဖက်တွင်။
နောက်ဆုံးသော ဧကရာဇ်လျှောက်လှမ်း။
ပထမအစီအစဥ် မအောင်မြင်မှန်း သိလိုက်ရသော မကောင်းဆိုးဝါးမျိုးနွယ်စုမှ ပါရမီရှင်များသည် နေရာတွင်အကြာကြီးမနေဘဲ ဒီရေအလား ဆုတ်ခွာသွားခဲ့ကြပြီး ၊ မြေပြင်ပေါ်တွင် အရိုးဖြူများသာ ကျန်ရှိလေတော့သည်။
ထို့အပြင် ၊ ပထမဆုံးတိုက်ပွဲကို အခွင့်ကောင်းယူကာ အခြားသော တပ်ဖွဲ့များမှ ပါရမီရှင်များ အများအပြားသည်လည်း ပြင်းထန်သော တိုက်ပွဲများ ဖြစ်ပွားခဲ့သေးသည် ။
သူတို့၏ရည်ရွယ်ချက်မှာ ပြိုင်ဘက်များကို လျှော့ချပစ်ရန်ပင် ။
မည်သို့ပင်ဖြစ်စေ ၊ နောက်ဆုံးသော ဧကရာဇ်လျှောက်လှမ်းထဲသို့ ခြေချသောအခါတွင် သူတို့သည် သဘာဝအတိုင်း ကံကြမ္မာကို လုယူကာ ပြိုင်ဘက်ကင်းမဲ့သော ကံကြမ္မာ၏ မဟာဧကရာဇ်တစ်ပါး ဖြစ်လိုကြသည်။
ဝုန်း !!
အဝေးတစ်နေရာ၌။
ဖုန်မှုန့်များက ဟုန်းဟုန်းထလျက် ၊ ကျောက်အပျက်အစီးများ လွင့်စင်သွားသည်။
ကြောက်မက်ဖွယ်ရာ ပရမ်းပတာရောင်စဉ်များသည် လူးလိမ့်နေသော အခိုးအငွေ့များထဲမှ ကောင်းကင်နှင့်မြေကြီးကို ထိုးဖောက်ဝင်ရောက်လာသော ကောင်းကင်ထောက်တိုင်ကြီးတစ်ခုသဖွယ် ပွင့်ထွက်လာခဲ့ရာ ၊ မူလက ပြိုကျပျက်စီးနေသော အပျက်အစီးများသည် ဖုန်မှုန့်အဖြစ်သို့ ပြောင်းလဲသွားခဲ့ရပြန်သည်။
"တောင်ပင်လယ် ချိတ်စည်း!"
များမကြာမီတွင် ၊ အခိုးအငွေ့နှင့် ဖုန်မှုန့်များထဲမှ ကျယ်လောင်သော အမျိုးသားတစ်ဦး၏ဟောက်သံကို ကြားလိုက်ရသည်။
ထိုစကားသံအဆုံးတွင် ၊ အကန့်အသတ်မရှိ အရွယ်အစား ကြီးမားသော အဖြူရောင်ကျောက်စိမ်းတံဆိပ်သည် အဆမတန် ကြီးသထက်ကြီးမားလာသည်။ ထို့ကြောင့် သူ့ပုံရိပ်သည် ရုတ်တရက် ထွက်ပေါ်လာသော နတ်တောင်ကြီးတစ်ခုလို ဖြစ်နေသည်။
ဘုန်း!!
ဤမျှ အရွယ်အစားကြီးမားသော အဖြူရောင်ကျောက်စိမ်းတံဆိပ် ထွက်ပေါ်လာသည့်အခိုက်တန့်တွင်၊ အထက်ကောင်းကင်မှ ပရမ်းပတာအလင်းများ ကြွေကျလာသည်။
ကွဲအက်သံ!!
ဤမျှအားကောင်းသော ဖိနှိပ်စွမ်းအားအောက်တွင် ၊ ဟင်းလင်းပြင်ကြီးတစ်ခုလုံး ရွဲ့စောင်းသွားခဲ့ပြီး ကြောက်စရာကောင်းသော ပျက်စီးသံများကို ကြားနေရသည်။
"ကောင်းကင်ဘုံ ကပ်ဘေးအလင်း!"
ထိုစဉ် ၊ အေးစက်သော အမျိုးသမီးတစ်ဦး၏အသံ ထွက်ပေါ်လာခဲ့သည်။
ကောင်းကင်နှင့် မြေကြီးသည် ပြင်းထန်စွာ လှုပ်လှုပ်ရှားရှားဖြစ်လာခဲ့ပြီး ၊ နိယာမတရားများက ဟောက်သံပြုလေသည်။
နတ်တောင်ထွပ်ကြီးကဲ့သို့ ကြီးမားသော အဖြူရောင် ကျောက်စိမ်းတံဆိပ်သည် တဖက်လူ၏ အဖျက်စွမ်းအား အလင်းတန်းများကြောင့် မရေမတွက်နိုင်သော ပင့်ကူမျှင်များကဲ့သို့ အက်ကွဲကြောင်းများစွာ ဖြစ်ပေါ်လာသည်ကို ကြည့်ရှုသူတိုင်း မြင်လိုက်ရသည်။
နတ်အလင်းရောင်သည် ပို၍တောက်ပလာသည်နှင့်အမျှ၊ ၎င်းသည် နောက်ဆုံးတွင် လုံးဝ အက်ကွဲသွားခဲ့ပြီး ကြယ်ပွင့်များသဖွယ် ဤကမ္ဘာပေါ်တွင် ပျောက်ကွယ်သွားခဲ့ရလေတော့သည်။
ဝုန်း ! !
အဖြူရောင် ကျောက်စိမ်းတံဆိပ်ကို ဖျက်ဆီးလိုက်သည့် တစ်ချိန်တည်းမှာပင် ထျန်းရှင်သည် အဝေးသို့ လွင့်ထွက်သွားသည်။
၎င်းသည် မြေပြင်နှင့် ပြင်းပြင်းထန်ထန် ထိမှန်သွားပြီး ကြီးမားသော တွင်းနက်ကြီးတစ်ခုကို ဖြစ်ပေါ် စေခဲ့သည်။
"သန်မာလွန်းတယ်..."
"ဒါက ယောင်ချီ သူတော်စင်နယ်မြေရဲ့ နတ်ဘုရားမဆိုတာလား...."
" ပုကျုံတောင်ရဲ့ ထျန်းရှင်းက ဧကရာဇ်လျှောက်လှမ်းမှာ မြင်းနက်တစ်ကောင်ပဲ ... သူ့မှာ မရေမတွက်နိုင်တဲ့ ရတနာတွေရှိတယ် ဒါတောင်မှ လော့နတ်ဘုရားမကို မယှဉ်နိုင်သေးဘူး"
" လော့ နတ်ဘုရားမ ဖျက်စီးပစ်ခဲ့တဲ့ ရတနာတွေဆိုရင် တစ်ဒါဇင်ကျော် ရှိနေပြီ ၊ ဒါ လူရောဟုတ်ရဲ့လား"
".........."
ပွဲကြည့်ပရိတ်သတ်ကြီးသည် ကောင်းကင်ပေါ်တွင် ရှိနေသည့် အဖြူထည်ဂါဝန်ကို ဆင်မြန်းထားသော မိန်းမပျိုလေးအား ထိတ်လန့်စွာဖြင့် ကြည့်နေကြသည်။
သာလွန်သော ပင်ကိုယ်စွမ်းရည်၊ သူမတူသော အရည်အချင်း နှင့် ပြိုင်ဘက်ကင်းသော အလှတရား ၊ ဤသည်မှာ စစ်မှန်သော နတ်ဘုရားမတစ်ပါးတွင် ရှိသင့်သောအရာများပင် ဖြစ်သည်။
ထို့အပြင် ၊ သူမသည် စူးချန်ကဲကို ချစ်မြတ်နိုးသည်။
ဤသည်က လူတိုင်းကို အလွန်မနာလိုဖြစ်စေသည်။
သို့သော် ၊ သူတို့၏ နှလုံးသားထဲတွင် ရှုတ်ချစရာ မရှိ။ အမှန်အတိုင်းဆိုရလျှင်ဖြင့် ၊ အရည်အချင်းအရ ဤခေတ်ပြိုင်ကမ္ဘာတွင် မည်သူကများ စူးချန်ကဲကို ယှဉ်နိုင်သနည်း။
" လော့ရန်ယွီ၊ စူးချန်ကဲက မင်းကို ဘာအကျိုးကျေးဇူးတွေ ပေးခဲ့လို့လဲ!"
အပျက်အစီးများထဲတွင် ထျန်းရှင်းသည် ရုန်းကန်ထလာရင်း ဆိုလိုက်သည်။
" ငါ ပုကျုံတောင်က လူတွေ သူ့အပေါ် ဘာအကြံအစည်မှ မရှိဘူး ၊ မင်း ဒီလောက်ထိ သဲသဲလှုပ်နေမှာလား !"
"ဟုတ်တယ်"
လော့ရန်ယွီ၏ မျက်လုံးများသည် ဘာမှမထူးခြားဟန်ဖြင့် ရှိနေပြီး ၊ သူမ၏ လေသံသည် အေးစက်လွန်းသည်။
" သူ့အတွက် အတားအဆီးမှန်သမျှ ရှင်းပစ်သင့်တယ် "
“ မင်း.....”
ထိုစကားကြားတော့ ထျန်းရှင်းသည် စကားပြောမထွက်လောက်အောင်အထိ ဒေါသထွက်သွားပြီး ၊ သူ့ခန္ဓာကိုယ်သည်ပင် ထိန်းမနိုင်သိမ်းမရ တုန်ရီနေသည်။
နောက်ဆုံးတွင် ၊ သူသည် ဒေါသတကြီး ရယ်မောလိုက်ပြီး ။
" ကောင်းလိုက်တဲ့ လော့ရန်ယွီ ၊ ကောင်းလိုက်တဲ့ လော့နတ်ဘုရားမ!"
" မင်းနဲ့ စူးချန်ကဲ ဒီလောက်ပနံသင့်နေတာ အံ့သြစရာမရှိတော့ဘူး၊ မင်းတို့နှစ်ယောက်လုံး ဗိုလ်ကျတာတော့ တစ်ပုံစံတည်းပဲ!"
ထိုသို့ပြောပြီးနောက် ၊ ထျန်းရှင်းသည် သူ့ရင်ဘက်ထဲကနေ နယ်နိမိတ်ချိုးဖျက်ခြင်း မှော်အဆောင်ကို ထုတ်ယူလိုက်ပြီး။
"ငါ ထျန်းရှင်း ၊ ဒီနေ့ အဖြစ်အပျက်ကို မှတ်မိနေမယ်!"
" အနာဂတ်မှာ ငါ မင်းကို အဆတစ်ရာ ပြန်ဆပ်ခိုင်းမယ်!"
သို့သော် ၊ သူ ဘာမှမလုပ်ရသေးခင် ၊
အထက်ကောင်းကင်ယံမှ လူငယ်တစ်ယောက်၏ ရယ်မောသံကို သူ ကြားလိုက်ရသည်။
" အနာဂတ်မှာ ပြန်ဆပ်ခိုင်းမယ်?"
"ဒါဆိုရင်လည်း ၊မင်းကို ဒီမှာတင် မြှုပ်နှံပေးလိုက်မယ်"
ထိုစကားသံအဆုံးတွင် ၊
လွန်စွာ အားကောင်းသော သွေးချီစွမ်းအင်များသည် ကွက်လပ်ထဲသို့ ထိုးဖောက်ဝင်ရောက်လာသည်။ ၎င်းတွင် ပရမ်းပတာ အလင်းများ စီးဆင်းသက်ဝင်နေသည် ။
ချက်ခြင်းပင်၊ ပြင်းထန်စွာ ရိုက်ခတ်လှုပ်ရှားနေသော မှော်သင်္ကေတများသည် ရှေးကျကာ တောက်ပသော နဂါးငွေ့တန်းသဖွယ် ဖြစ်ပေါ်လာပြီး မဟာလမ်းစဉ်၏ အလင်းတန်းများ ကြွေဆင်းလာသည်မှာ ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခုအဖြစ် ဖော်ပြနေသည်။
ဘုန်း ! !
တစ်ချိန်တည်းမှာပင် ကျယ်လောင်သောဟောက်သံနှင့်အတူ ၊
နေနှင့်လ ပြိုကျလာသကဲ့သို့ ကမ္ဘာကြီးတစ်ခုလုံး တုန်လှုပ်သွားသည်။
ပြိုးပျက်စွာ တောက်ပသော အဆိုပါနတ်အလင်းရောင်အောက်တွင် ၊ လူတိုင်း မျက်လုံးများ မှိတ်ထားရသည့်အထိပင် ။ အဆုံးမရှိသော နတ်အလင်းရောင်များကြား ဝတ်ရုံဖြူ အသွင်ပုံရိပ်ကို ယောင်ဝါးဝါးသာ မြင်တွေ့ရသည်။
ထိုပုဂ္ဂိုလ်သည် မိုးကောင်းကင်ထက်တွင် ရပ်နေသော နတ်ဘုရားတစ်ပါးနှင့်တူပေသည်။
ဤအခိုက်အတန့်တွင် သူသည် လက်သီးချက်ဖြင့်ထိုးနှက်လိုက်လေရာ ၊ လက်သီးအလင်းသည် ရန်သူကို အကန့်အသတ်မရှိသော နှိပ်ကွပ်မှုရောင်ဝါများကို ဆောင်ကျဉ်းလျက် ကျရောက်လာခဲ့သည်။
"အဲ့လူက စူးချန်ကဲလား...!?"
ဤကြောက်မက်ဖွယ်ရာ ပြောင်းလဲမှုကို ထျန်းရှင်းသည် ချက်ခြင်းတုံ့ပြန်ခဲ့နိုင်သည်။
သေရေးရှင်ရေးအခြေအနေအောက်တွင် သူသည် တွန့်ဆုတ်ခြင်းမရှိဘဲ သူ့ကိုယ်ပိုင် အသက်ကယ်မှော်လက်နက်ကို တိုက်ရိုက်စတေးခဲ့သည်။
" ယောက်ထျန်းစေတီ ၊ ငါ့ကိုကူညီပါ!"
သူ၏ဟောက်သံနှင့်အတူ ၊
ကြောက်မက်ဖွယ်ကောင်းသော မှော်အလင်းများသည် ထျန်းရှင်း၏ အနောက်မှ ရုတ်တရက် ထွက်ပေါ်လာသည်။
ရွှေခရမ်းရောင်စေတီမျှော်စင် တစ်ခုသည် တောက်ပသော နတ်အလင်းရောင်များနှင့်အတူ ကွက်လပ်ထဲသို့ ဖောက်ထွင်းဝင်ရောက်ကာ ဆင်းသက်လာသည်။
အလွန်မှော်ဆန်သော မြင်ကွင်းတစ်ခုက လူအများ၏အမြင်တွင် ထပ်မံ ပေါ်ထွက်လာခဲ့သည်။
ထို့နောက် ၊ ရွှေခရမ်းရောင်စဉ်ပင်လယ်ကြီးသည် မြေပြင်ပေါ်ကနေ ထိုးထွက်လာလေသည်။
" လိုသေးတယ် "
စူးချန်ကဲသည် ဘာမှမထူးခြားဟန်ဖြင့် ဆိုလိုက်သည် ။
ထို့နောက် ၊ သူ၏ လက်ဝါးဖြင့် နှိပ်ကွပ်ခဲ့လေရာ လျှို့ဝှက်ဆန်းကြယ်သော တာအိုစည်းချက်များသည် ဂလက်ဆီကို ပြောင်းပြန်လှန်ချထားသော ပုံစံတစ်ခုအဖြစ် ပြောင်းလဲသွားပြီး တစ်ချိန်တည်းမှာပင် ရွှေခရမ်းရောင်စဉ် ကမ္ဘာကြီးသည်လည်း ပြိုကျပျက်ဆီးလေတော့၏။
ထျန်းရှင်းသည်လည်း အဝေးသို့ လွင့်ထွက်သွားသည်။
ဤမျှအင်အားကြီးမားသော ဖိနှိပ်မှုအောက်တွင် ၊ သူ့ခမျာ အရိုးမည်မျှကျိုးသွားလေသလဲ မသိ။
ဤမြင်ကွင်းသည် လူတိုင်းကို ရင်တထိတ်ထိတ်ဖြစ်သွားစေသည်။
တစ်ချက်ထိုးနှက်လိုက်ရုံဖြင့် ၊
ဧကရာဇ်လျှောက်လှမ်းတွင် အလားအလာအရှိဆုံး ဧကရာဇ်တစ်ပါးအဖြစ် ချီးကျူးခံထားရသော ထျန်းရှင်းသည် လုံးဝမှ မခုခံနိုင်ခဲ့ပေ ။
"စူးချန်ကဲ..."
လော့ရန်ယွီသည် ကောင်းကင်ကို မော့ကြည့်လိုက်ရာ သူမ ရင်းနှီးသော အသွင်ပုံရိပ် တွေ့လိုက်ရသည်။
တဖက်လူသည် သူမ၏ အကြည့်များကို ခံစားမိခဲ့ပုံရသည်။
စူးချန်ကဲသည် ချိုသာစွာ ပြုံးကာ ခေါင်းညိတ်ပြလိုက်သည်။
" ခုကစပြီး ငါနဲ့လွဲလိုက်တော့"
လူအုပ်ကြီး၏ ကြောင်အမ်းနေသော အကြည့်ထဲတွင် ၊ အာကာသ-အချိန် မှော်သင်္ကေတများစွာသည် သူ၏ ဘေးတဝိုက်တွင် တဝဲလည်လည် ရှိနေသည်။
"ဖြတ်တောက်!"
ထို့နောက် ၊ စူးချန်ကဲ၏ ဟောက်သံနှင့်အတူ
သူ၏ လက်ဝါးကို ဓားအဖြစ်အသုံးပြုကာ ထျန်းရှင်း၏ တည်နေရာဆီသို့ ခုတ်လွှဲလိုက်သည်။
"ဟောက်ထျန်း စေတီ!"
ထျန်းရှင်းသည် တဖက်လူ၏ ပြင်းထန်သော ထိုးနှက်ချက်ကို တားဆီးရန် ယောက်ထျန်း စေတီမျှော်စင်ကို ထိန်းချုပ်လိုခဲ့သည်။
ထို့နောက် ၊ ပေါက်ကွဲသံတစ်ခုကို ကြားလိုက်ရသည်။
ထျန်းရှင်းသည် သူ၏အသက်ရတနာအဖြစ် သတ်မှတ်ထားသော ဟောက်ထျန်း စေတီမျှော်စင်သည် နည်းနည်းမှ အသုံးမဝင်ခဲ့ဘဲ ကိုယ်ထည်တစ်ခုလုံး ကွဲကြေသွားကာ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွားခဲ့သည်။
ဟူး!!
စူးချန်ကဲ၏ ခန္ဓာကိုယ်သည် ဖျက်ခနဲ့ ရွေ့လျားသွားသည်။
ထိုအချိန်၊ ထျန်းရှင်းသည် တုံ့ပြန်ရန်ဟန်ပြင်လိုက်စဉ် ၊
သို့သော် စူးချန်ကဲသည် သူ၏ ရှေ့မှောက်တွင် ချက်ချင်းဆိုသလို ရောက်ချလာခဲ့သည်။
" စူးချန်ကဲ သနား..."
အလွန်အန္တရာယ်များသော အခြေအနေတစ်ခုကို အာရုံခံမိသည်နှင့် ထျန်းရှင်း၏ မသိစိတ်က အသက်ချမ်းသာပေးရန် တောင်းဆိုလိုခဲ့သည်။
စိမ်းလန်းသော တောင်တန်းများကို စောင့်ရှောက်နေသ၍ ထင်းကုန်မည်ကို ကြောက်ဖို့မလိုချေ။
သို့သော် စူးချန်ကဲသည် တစ်ဖက်လူအား ရှင်းပြရန် အခွင့်အရေးမပေးခဲ့ချေ။
ဝုန်း ! !
သူ၏လက်သီးဖြင့် တိုက်ရိုက် ထိုးနှက်လိုက်သည်။
အဆုံးမရှိသော ဖျက်ဆီးခြင်းမှော်သင်္ကေတများဖြင့် ဖန်တီးထားသော နေတစ်စင်းပမာ လက်သီးကြီးသည် ထျန်းရှင်းကို ချက်ချင်း လွှမ်းမိုးသွားခဲ့လေသည်။
ဤကြောက်မက်ဖွယ်ကောင်းသော အင်အားအောက်တွင်၊ ထျန်းရှင်းသည် ခုခံနိုင်စွမ်းမရှိသဖြင့် သူ၏ဝိညာဉ်နှင့် ခန္ဓာကိုယ်တို့သည် ပျက်သုန်းသွားခဲ့ရပြီး လေနှင့်သဲများအဖြစ်သို့ ပျောက်ကွယ်သွားလေသည်။
ထျန်ရှင်း ကျဆုံးသွားသည်နှင့် တစ်ချိန်တည်းမှာပင် ၊ နာကျည်းမှု အငွေ့အသက်များ ပျံ့နှံ့ရိိုက်ခတ်သွားသည်။
ယင်းက စောင့်ကြည့်နေသူတိုင်းကိုပင် အကျိုးသက်ရောက်မှု ဖြစ်စေခဲ့သည်။
ထို့နောက် ၊ သူတို့အားလုံး ပြန်လည်တုံ့ပြန်လာချိန်တွင် ထိတ်လန့်တုန်လှုပ်သွားကြသည်။
" ထျန်းရှင်း... သေပြီ!"
အပိုင်း(၄၅၅): ဧကရာဇ်ရေကန်ထွက်ပေါ်ခြင်း
ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေခဲ့သည်။
မူလကကြားကနေ အကျိုးအမြတ်ရယူလိုသော ဧကရာဇ်တစ်ပိုင်းအဆင့်ရှိ ပါရမီရှင်များ၏ မျက်နှာများသည် ယခုတွင် အလွန်ဖျော့တော့နေကြပြီး ခြေလှမ်းများ နောက်အနည်းငယ်ဆုတ်ခွာသွားကြသည်။
မှန်၏ ။ အကြွင်းမဲ့ခွန်အား၏ ရှေ့မှောက်တွင် တိုက်ဆိုင်မှုဆိုတာ မရှိသလို အခွင့်အလမ်းလည်း မရှိချေ။
သူတို့သည် အနာဂတ်၏ တုနှိုင်းမဲ့ဧကရာဇ်တစ်ပါးကို အမှန်တကယ် မြင်လိုက်ရသလိုပင်။
သို့သော် စူးချန်ကဲသည် ဘေးပတ်ဝန်းကျင်ရှိ လူများ၏ ထိတ်လန့်မှုကို လျစ်လျူရှုထားသည်။
သူသည် လော့ရန်ယွီကို လှမ်းကြည့်ကာ ဆိုလိုက်သည်။
"မင်းရဲ့ ကြိုးစားအားထုတ်မှု အတွက် ကျေးဇူးတင်ပါတယ် "
ထိုအရာကိုမြင်တော့ လော့ရန်ယွီက ပြုံးပြလေသည်။
ယခင်က စစ်မြေပြင်ကို စိုးမိုးထားခဲ့သော အမျိုးသမီးစစ်သူကြီးသည် ယခုတွင် နူးညံ့သိမ်မွေ့မှုများ ရှိနေသည်။
သူမ၏ ချစ်စရာကောင်းသော အပြုံးလေးကို မြင်လိုက်ရသော ပတ်ဝန်းကျင်က ပွဲကြည့်ပရိတ်သတ်ကြီးမှာ ဆွံ့အနေကြသည် ။
သို့သော်လည်း ၊ ဤအရာသည် စူးချန်ကဲအတွက် သီးသန့်ဖြစ်သည်ကို သူတို့လည်း သိပေသည်။
"ဒါဆို ရှင် ကျွန်မကိုစိတ်မပျက်စေနဲ့နော် "
" ရှင့်ကိုယ်ရှင် ဧကရာဇ်တစ်ပါးအဖြစ် သက်သေပြရုံတင်မကဘူး"
လော့ရန်ယွီသည် သူမ၏ပါးစပ်ကို ဖုံးအုပ်ကာ နူးညံ့စွာဖြင့် ရယ်လိုက်ရင်း။
"ပြီးတော့ တိုက်မြေ သုံးထောင်ရဲ့ သမိုင်းမှာ အပြင်းထန်ဆုံး ကံကြမ္မာမဟာဧကရာဇ်မင်းတစ်ပါး ဖြစ်လာရမယ် "
ထိုစကားကိုကြားတော့ စူးချန်ကဲသည် ပြုံးရုံသာ တုံ့ပြန်ခဲ့ပြီး ဘာမှပြန်မပြောခဲ့ချေ။ သို့သော် သူ၏ အပြုံးတွင် ယုံကြည်မှုများ ရှိနေသည်။
သေချာပေါက် ထိုသို့ဖြစ်လာတော့မည့်အတိုင်း။
" ချန်ကဲ ဆက်ခံသူ!"
ထိုအချိန် ၊
မိုးကုပ်စက်ဝိုင်းမှ မရေမတွက်နိုင်သော အလင်းတန်းများ ထွက်ပေါ်လာခဲ့သည်။
စူးချန်ကဲ၏ နောက်လိုက်များ အပါအဝင် ကွေးယွမ် သူတော်စင်နယ်မြေမှ အခြားသော သူတော်စင်ပါရမီရှင်များ အားလုံးသည် လက်ရှိနေရာသို့ ရောက်ရှိလာခဲ့ကြသည်။
သူတို့အားလုံးသည် ဒဏ်ရာဒဏ်ချက်များဖြင့် ပြည့်နှက်နေပြီး ၊ စောနလေးကပင် ကြီးမားသော တိုက်ပွဲတစ်ခုကို ဆင်နွှဲခဲ့ပုံရသည်။
သို့သော် စူးချန်ကဲကို တွေ့လိုက်ရချိန်တွင် ၊
နဂိုက အနည်းငယ် ပင်ပန်းနွမ်းနယ်နေသော မျက်လုံးများသည် မျှော်လင့်ချက် ၊ တတ်ကြွမှုများနှင့်အတူ ရုတ်တရက် တောက်ပလာသည်။
သူတို့ ယနေ့အထိ ရောက်ရှိလာခဲ့သည်မှာ စူးချန်ကဲသည် ကံကြမ္မာ၏ နောက်ဆုံးမဟာဧကရာဇ်တစ်ပါး ဖြစ်လာခြင်းကို သက်သေပြရုံသာမဟုတ်လော။
"မင်းတို့...."
စူးချန်ကဲသည် ခေါင်းယမ်းကာ ရှိုက်ကြီးတငင် ပြုံးလိုက်သည် ။ ဆိုလိုသည်မှာ သူကိုယ်တိုင် ဖြေရှင်းနိုင်သည်ဟု ပြောလိုက်ခြင်းပင်။
ထိုစကားများသည် သူ့နောက်လိုက်များ၏ စိတ်နှလုံးသားကို အေးချမ်းသွားစေသည်။
ထို့ကြောင့် သူတို့အားလုံးသည် စူးချန်ကဲအား လေးလေးနက်နက် ဦးညွှတ်ခဲ့ကြသည်။
" ချန်ကဲ အားလုံးကို ကျေးဇူးတင်ပါတယ် "
ယဲ့လင်ထျန်းသည် အပြစ်ကင်းစင်စွာ ပြုံးလိုက်ပြီး စူးချန်ကဲပုခုံးအား ပုတ်ပြီးအားပေးလိုခဲ့သည်။
" ချန်ကဲ ၊ မင်း ဒီလိုလုပ်စရာမလို..."
သို့သော် သူ၏ အပြုအမူသည် အရိုအသေတန်မဲ့သည်ကို သတိရမိပြီး သူ့လက်ကို အမြန်ရုတ်သိမ်းလိုက်သည်။
ထိုအရာကိုမြင်တော့ ဘေးနားတွင် ရှိနေသော လီဟောက်ထျန်း နှင့် ပီချင်းရှတို့က အချင်းချင်းကြည့်လိုက်ကြသည်။
ယဲ့လင်ထျန်းက ဆက်ပြောသည်။
" ချန်ကဲ ဆက်ခံသူရဲ့ ဒီလိုသဘောထားရှိတာနဲ့တင် ဝမ်းမြောက်မိပါတယ် "
ထို့နောက် သူသည် စူးချန်ကဲကို ဦးညွှတ်ပြီး ဆက်ပြောခဲ့သည်။
" ချန်ကဲ ဆက်ခံသူရဲ့ နောက်လိုက်အနေနဲ့ ၊ချန်ကဲ ဆက်ခံသူအတွက် ကျန်ရှိတဲ့အတားအဆီးတွေကို ကျွန်တော်တို့ကပဲ ရှင်းလင်းသင့်တယ် "
"ဒါ့ကြောင့် ချန်ကဲ ဆက်ခံသူ စိတ်မပူပါနဲ့ ဒါဟာ ကျွန်တော်တို့ရဲ့ဆန္ဒပါပဲ "
ထိုမြင်ကွင်းကြောင့် စူးချန်ကဲသည် စိတ်သက်ရာရစွာဖြင့် ပြုံးလိုက်သည် ။
သူ ထပ်ပြီး စကားမဆိုရသေးခင်မှာပဲ ၊
ဝုန်း !!
ရုတ်တရက်ပင် မြေကြီးထဲကနေ ဟောက်သံများ ထွက်ပေါ်လာခဲ့သည်။
ကမ္ဘာကြီးတစ်ခုလုံး ပြိုကျလာသကဲ့သို့ မူလက အိပ်စက်နေသော နောက်ဆုံးသော ဧကရာဇ်လျှောက်လှမ်းတစ်ခုလုံးသည် ဤအခိုက်အတန့်တွင် လုံးဝ နိုးကြားလာပုံရသည်။
ရောင်စုံတိမ်များအုံ့ဆိုင်းကာ ၊ ကြယ်စင်များ လွင့်မျောလာလေသည်။
မဟာလမ်းစဉ်၏ အမှတ်အသားများ ထွက်ပေါ်လာပြီး ၊ မှော်ဆန်သော မြင်ကွင်းမျိုးစုံကို ဖန်တီးနေသည်။
ကောင်းကင်ရဲတိုက် နှင့် ဘုံဗိမာန်များ။
အရပ်လေးမျက်နှာ၏ နတ်သားရဲလေးပါး ။
သဘာဝတရားများ ။
နိယာမလှိုင်းများသည် ပြောင်းလဲမှုရှိလာခဲ့ပြီး ၊ တစ်ကြိမ်လှုပ်ခတ်သွားတိုင်း ပြီးပြည့်စုံသောကမ္ဘာတစ်ခုကို ဖန်တီးလိုက်သလိုပင်။
"ဒါ... ကံကြမ္မာရဲ့ အမှတ်အသားပဲ...!"
"ကံကြမ္မာ ဆင်းသက်လာပြီ!"
လူတစ်ယောက်က စိတ်လှုပ်ရှားစွာဖြင့် ထအော်လိုက်သည်။
၎င်းတို့ မျိုးနွယ်စု၏ ဘိုးဘေးများသည် တစ်ချိန်က ဧကရာဇ်လျှောက်လှမ်းထဲတွင် ပါဝင်ခဲ့ကြဖူးသည်။ ထို့ကြောင့် လက်ရှိဖြစ်စဉ်နှင့် ပတ်သတ်ပြီး သူတို့နားလည်ထားသည်။ ဤမြင်ကွင်းတွင် ဖော်ပြနေသည်မှာ ကံကြမ္မာ၏ အမှတ်အသားသည် လုံးဝ နိုးထခဲ့ပြီ ဖြစ်သည်။
ကံကြမ္မာ နိုးထလာသည်နှင့် ၊ ဧကရာဇ်ရေကန် လည်း ထွက်ပေါ်လာပေလိမ့်မည်။
ကံကြမ္မာ ။
နှစ်ကာလပေါင်းများစွာကတည်းက ရှိခဲ့သော ကောင်းကင်နှင့်မြေကြီး၏ ကောင်းချီးများဖြင့် စုဝေးထားသော ကောင်းကင်နှင့် မြေကြီး၏ မူလရင်းမြစ်စွမ်းအား ဖြစ်သည်။
တိုက်မြေ သုံးထောင်၏ မူလရင်းမြစ်စွမ်းအားသည် မဟာလမ်းစဉ်၏ စည်းမျဉ်းများနှင့်ကိုက်ညီသည်။
ကံကြမ္မာ၏ မဟာဧကရာဇ်မင်းတစ်ပါး ဖြစ်လိုပါက ၊ တုနှိုင်းမဲ့သော ဉာဏ်အလင်းဧကရာဇ်ရေကန်ကို သွားရောက်၍ ကံကြမ္မာကိုလက်ခံရမည်။ ကံကြမ္မာကို နားလည်သဘောပေါက်ကာ လိုက်နာမည်။ ဤသို့ဖြင့် သင်သည် ပြိုင်ဘက်ကင်းသော မဟာဧကရာဇ်မင်းတစ်ပါး ဖြစ်လာပေမည်။
ကံကြမ္မာသည် ခေတ်တစ်ခုချင်းစီတွင် တစ်ကြိမ်သာ ပေါ်ထွက်တတ်သည်။ သင့်တော်သော အချိန်မရောက်သေးသ၍ ရောက်ရှိလာလိမ့် မဟုတ်။
ယခုအခါတွင်၊ နောက်ဆုံးသော ဧကရာဇ်လျှောက်လှမ်းကို ဖွင့်လှစ်ခဲ့သည်နှင့်အလျောက် ဤခေတ်၏ ကံကြမ္မာသည်လည်း နောက်ဆုံးတော့ မွေးဖွားလာချေပြီ ။
" ချန်ကဲဆက်ခံသူ ၊ အချိန်တန်ပြီ "
လီဟောက်ထျန်းသည် စူးချန်ကဲအား လေးနက်စွာဦိးညွှတ်ရင်း ဆိုလိုက်သည်။
" ကျွန်တော် လီဟောက်ထျန်း ၊ ပြိုင်ဘက်ကင်းတဲ့ မဟာဧကရာဇ်မင်းတစ်ပါး ဖြစ်လာတဲ့ ချန်ကဲ ဆက်ခံသူကို ဂုဏ်ပြုချင်ပါတယ်!"
" ကျွန်တော် ယဲ့လင်ထျန်း ၊ ပြိုင်ဘက်ကင်းတဲ့ မဟာဧကရာဇ်မင်းတစ်ပါး ဖြစ်လာတဲ့ ချန်ကဲ ဆက်ခံသူကို ဂုဏ်ပြုပါတယ်!"
" ကျွန်မ ယွင်ရှင်းယန် ၊ ပြိုင်ဘက်ကင်းတဲ့ မဟာဧကရာဇ်မင်းတစ်ပါး ဖြစ်လာတဲ့ ချန်ကဲ ဆက်ခံသူကို ဂုဏ်ပြုပါတယ်!"
" ပြိုင်ဘက်ကင်းတဲ့ မဟာဧကရာဇ်မင်းတစ်ပါး ဖြစ်လာတဲ့ ချန်ကဲ ဆက်ခံသူကို ဂုဏ်ပြုပါတယ်!"
ဤအခိုက်အတန့်တွင်၊
အသံများသည် နေရာအနှံ့ ပဲ့တင်ထပ်သွားသည်။
ကွေးယွမ် သူတော်စင်နယ်မြေ၏ ပါရမီရှင်များအားလုံးသည် စူးချန်ကဲထံသို့ ကောင်းချီးများ ပေးပို့ခဲ့ကြသည်။
၎င်းတို့၏ မျက်လုံးများသည် အဆုံးမရှိသော မျှော်လင့်ချက်များကို ထုတ်ဖော်ပြသနေသည်။
သူတို့ ကွေးယွမ် သူတော်စင်နယ်မြေ၏ ချန်ကဲဆက်ခံသူ၏ အမည်သည် နောက်ဆုံးတွင် ထာဝရမြစ်တစ်လျှောက် ပဲ့တင်ထပ်ပေတော့မည်။
ထိုမြင်ကွင်းကြောင့် စူးချန်ကဲသည် အနည်းငယ် ပြုံးလိုက်မိသည်။
သူသည် လူတိုင်းကို ဦိးညွှတ်ကာ ပြန်လည်နှုတ်ဆက်ခဲ့သည်။
"လူတိုင်း ငါတို့ မဟာလမ်းစဉ်ရဲ့ အထွက်အထိပ်မှာ ပြန်လည်တွေ့ကြမယ်!"
ဝီ!!
ထို့နောက် ကွက်လပ်တစ်ခုလုံး မှုန်ဝါးစပြုလာပြီး၊ သူ၏ဘေးနားတွင် နတ်အလင်းများက ဝင်းထိန်တောက်ပလာကာ နောက်ဆုံးတွင် သက်တန့်အလင်းရောင်အဖြစ် မိုးကုတ်စက်ဝိုင်းတစ်နေရာဆီသို့ ပျံသန်းသွားခဲ့လေသည်။
" ချန်ကဲ..."
စူးချန်ကဲ၏နောက်ကျောကို ငေးကြည့်နေသော လော့ရန်ယွီ၏ လှပသောမျက်ဝန်းများသည် နူးညံ့မှုအပြည့် ရှိနေသည်။ နောက်ဆုံးမှာတော့ ထာဝရ မဟာဧကရာဇ်မင်းတစ်ပါး ဖွားမြင်ပေတော့မည်။
တစ်ချိန်တည်းမှာပင်။
တိုက်မြေ သုံးထောင် ၊
ပုကျုံ တောင်။
" ရှင်းအာ !!"
အဆုံးမရှိသော ဝမ်းနည်းမှုများဖြင့် ပြည့်နှက်နေသော ကျယ်လောင်သော ဟောက်သံသည် ကောင်းကင်ယံတွင် ပဲ့တင်ထပ်သွားသည်။
မုတ်ဆိတ်မွေးဖြူဖြူဖြင့် တာအိုဆရာသခင်တစ်ဦးသည် ထျန်းရှင်းထွက်ခွာရာ နေရာဘက်ကို ကြည့်နေသည်။
ထျန်းရှင်း ကျဆုံးသွားသည်နှင့် တစ်ချိန်တည်းမှာပင် ၎င်း၏ ဝိညာဉ်အကြွင်းအကျန်ကို ချက်ချင်းလက်ခံရရှိခဲ့သည်။
ထျန်းရှင်းသည် စူးချန်ကဲ၏လက်ချက်ဖြင့် အသက်ခံခဲ့ရပြီး သူ၏ခန္ဓာကိုယ်နှင့်ဝိညာဉ်မှာ ပျောက်ကွယ်သွားခဲ့ရသည် ။
" ငါ့ ရှင်းအာရဲ့အရည်အချင်းကို ဘယ်သူမှမယှဉ်နိုင်ဘူး ၊ ကံကြမ္မာရဲ့ မဟာဧကရာဇ်မင်းတစ်ပါး ဖြစ်မလာနိုင်ရင်တောင် သေမျိုး မဟာဧကရာဇ်မင်းတစ်ပါး ဖြစ်လာမှာ သေချာတယ်"
ချောမောလှပသော ဆရာကတော်သည် ယခုအချိန်တွင် ခက်ထန်သော အမူအရာဖြင့် ရှိနေသည်။
" စူးချန်ကဲ၊ ဒီကောင်က ငါတို့ရဲ့ ရှင်းအာကိုသတ်လိုက်တာ၊ ဒီကိစ္စကို လွယ်လွယ်နဲ့ ပြီးမသွားဘူး !"
သူမသည် ပိုပို၍ စိတ်လှုပ်ရှားလာပြီး၊ သူမရှေ့တွင်ရှိနေသော ဝတ်လုံဖြူကို ဝတ်ဆင်ထားသော အမျိုးသားဖြစ်သူအား ဖမ်းဆွဲကာပြောလိုက်သည်။
"အခု၊ ကွေးယွမ် သူတော်စင် နယ်မြေနဲ့ မကောင်းဆိုးဝါးမျိုးနွယ်က အသေအကြေတိုက်နေတာ ၊ ဒါကို ကျွန်မတို့ လက်စားချေရမယ်"
"ဒါဟာ ကျွန်မတို့ရဲ့ ..."
ဖြန်း! ! !
သို့သော် အမျိုးသမီး၏ စကားမဆုံးမီ။
ပါးရိုက်သံသည် ရုတ်တရက် ထွက်ပေါ်လာသည်။
ခွန်အား ကြီးမားလွန်းသဖြင့် ဆရာကတော်သည် အနောက်သို့လွင့်ထွက်သွားပြီး ပါးစပ်ထဲက သွေးများတစ်စွန်းတစ်စ စီးယိုလာခဲ့သည်။
"ငတုံး!"
အမျိုးသားဖြစ်သူသည် သူ၏ရှင်မကို လက်ညိုးငေါက်ငေါက်ထိုးလျက် အော်လိုက်သည်။
"အခု ကွေးယွမ် သူတော်စင် နယ်မြေက အင်အားစု နှစ်ခုနဲ့ တိုက်နေတာ ၊ ကောင်းကင်လမ်းစဉ် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ဆို လုံးဝပျောက်ကွယ်သွားပြီ! "
"ကောင်းကင်ဘုံ မကောင်းဆိုးဝါးတောင်တန်းက အားကောင်းတယ်ဆိုပေမဲ့ ၊ ကွေးယွမ်ဘက်က တပ်ဖွဲ့စုတွေက ခုထိ ဆုံးရှုံးမှုများစွာ မရှိသေးဘူး ၊ ဆိုလိုတာက ကောင်းကင်ဘုံ မကောင်းဆိုးဝါးတောင်တန်းက ကျရှုံးဖို့ အနှေးနဲ့ အမြန်ပဲ "
"ပြီးတော့၊ ကွေးယွမ်က ငါတို့လူသားမျိုးနွယ်စုအတွက် အင်အားတစ်ခုပဲ ၊ ကောင်းကင်ဘုံ မကောင်းဆိုးဝါးတောင်တန်းက ငါတို့မျိုးနွယ်စု မဟုတ်ဘူး "
"မင်းက ပုကျုံတောင်တစ်ခုလုံးကို တိုက်ပွဲဝင်ခိုင်းပြီး ကွေးယွမ် သူတော်စင် နယ်မြေကို ဖျက်ဆီးခိုင်းနေတာ ၊ မင်းတကယ်ပဲ ဘာလုပ်ချင်နေတာလဲ!?"
အမျိုးသားဖြစ်သူသည် ဒေါသတကြီးဖြင့် စိုက်ကြည့်လိုက်ရင်း ၊
" ထျန်းရှင်း က ငါ့သားပဲ၊ သူသေသွားတာ တခြားသူတွေထက် ငါ ပိုပြီး နာကျင်ရတာပေါ့၊ ဒါပေမဲ့လည်း ဧကရာဇ်လျှောက်လှမ်းဆိုတာ ဒီလိုပဲ !"
"မင်းဟာ တခြားသူတွေလောက် မတော်ဘူးဆိုရင် မင်းရဲ့ ရှုံးနိမ့်မှုကို ဝန်ခံရဲရမယ် "
ထိုသို့ပြောပြီးနောက်တွင် ၊ ၎င်းသည် ဝတ်ရုံလက်စကို ဝှေ့ယမ်းလိုက်ပြီး ပုကျုံတောင်၏ အတွင်းပိုင်းထဲသို့ ပျံသန်းကာ ဝင်ရောက်သွားလေတော့သည်။
သူသည် ဧကရာဇ်လျှောက်လှမ်း၏ ဦးတည်ရာဘက်ဆီသို့ နောက်ဆုံးအကြိမ်အဖြစ် လှမ်းကြည့်လိုက်သည်။
သူ၏မျက်လုံးထဲတွင် ဝမ်းနည်းမှု သို့မဟုတ် စိတ်ခံစားချက်များကို အတိုင်းသားမြင်နေရသည်။
"နောက်ဆုံးတော့ ဒီကမ္ဘာမှာ ပထမဆုံးသော ထာဝရဧကရာဇ်မင်းတစ်ပါး မွေးဖွားတော့မှာပါ့လား...?"
......
အပိုင်း(၄၅၆): နောက်ဆုံးသော တိုက်ပွဲ ၊ နောက်ဆုံးသော လျှောက်လှမ်း
ဧကရာဇ်လျှောက်လှမ်းတွင် ဧကရာဇ်အလိုဆန္ဒကို ခံယူလျက်ရှိကြကုန်သော ကွေးယွမ်သူတော်စင်နယ်မြေ၏ ပါရမီရှင်များမှလွဲ၍ ၊
မရေမတွက်နိုင်သော တုနှိုင်းမဲ့ပါရမီရှင်တို့သည် ဧကရာဇ်ရေကန်သို့ ဦးတည်ခဲ့ကြသည်။
တစ်ချိန်တည်းမှာပင်။
ကွေးယွမ် သူတော်စင်နယ်မြေ နှင့် မကောင်းဆိုးဝါး မျိုးနွယ်စုတို့ကြားက နောက်ဆုံးတိုက်ပွဲသည်လည်း ဆက်လက်ဖြစ်ပွားလျက်ရှိသည်။
ဤစစ်ပွဲ၏ သက်ရောက်မှုနယ်ပယ်သည် ကျယ်ပြန့်လွန်းပေသည်။
တိုက်မြေသုံးထောင် တစ်ဝှမ်းလုံး ပြိုကျပျက်စီးလျက် ၊ မြေပြင်တွင် မရေမတွက်နိုင်သော အလောင်းကောင်များဖြင့် ပြည့်နှက်နေသည်။
ကျိုးပဲ့နေသော လက်နက်များအပြင်
ပျက်စီးနေသော အလောင်းကိုယ်ထည်များ ရှိနေသည်။
သွေးအခိုးအငွေ့တို့သည် အထက်ကွက်လပ်တွင် စုဝေးနေပြီး အချိန်အတော်ကြာအောင် ပျောက်ကွယ်မသွားဘဲ ရှိနေသေးသည်။
မရေမတွက်နိုင်သော ခေတ်ကာလပေါင်းများစွာ စည်းတံဆိပ်ခတ်ထားသော ရှေးမကောင်းဆိုးဝါးအိုကြီးများသည် အလွန်လွှမ်းမိုးနိုင်စွမ်း ရှိသည်။
သို့သော် ဤစစ်ပွဲတွင် သူတို့သည် ပုရွက်ဆိတ်အဆင့်မျှသာ ရှိပြီး ၊ နည်းနည်းမှ အသုံးမဝင်ခဲ့ပေ။
ကောင်းကင်ဘုံ မကောင်းဆိုးဝါးတောင်တန်းသည် တိုက်မြေ သုံးထောင်ရှိ မကောင်းဆိုးဝါးမျိုးနွယ်စု အားလုံးကို စုစည်းကာ ဒုတိယ လူသား- မကောင်းဆိုးဝါး စစ်ပွဲကို စတင်ခဲ့သော်လည်း အကျိုးမရှိခဲ့ချေ။
စစ်ပွဲကြီးသည် အချိန်ကြာမြင့်စွာ ဆင်နွဲနေသော်လည်း ၊
အဆုံးတွင်၊ ကောင်းကင်လမ်းစဉ် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ တစ်ခုလုံး ပျက်စီးသွားခဲ့ရသည်။
ကွေးယွမ် သူတော်စင်နယ်မြေ၏စစ်တပ်နှင့် ကွေးယွမ် ပရမ်းပတာခေါင်းလောင်းတို့မှာ အကောင်းအတိုင်း ရှိနေဆဲပင် ဖြစ်သည်။
“ဘာလို့လဲ.....!?”
“ဘာကြောင့်ဒီလိုဖြစ်ရတာလဲ!?"
အဆက်မပြတ် သေဆုံးနေသော မကောင်းဆိုးဝါး စစ်သည်တော်များကို ကြည့်ရင်း ထျန်းချန်မကောင်းဆိုးဝါးအိုကြီး၏ မျက်လုံးများသည် နီရဲနေသည်။
ဒေါသအရှိန်ကြောင့် ၎င်း၏မျက်လုံးများသည် ပို၍ ပြုးကျယ်လာပြီး အချိန်မရွေး ကြွေကျနိုင်သကဲ့သို့ပင်။
"ငါ့တို့ မကောင်းဆိုးဝါးမျိုးနွယ်စုရဲ့ ရှေးဘိုးဘေးကိုးဦး ဘယ်မှာလဲ! ဘာလို့ အရိပ်တောင် မတွေ့ရတာလဲ!?"
သူတို့သည် ကွေးယွမ် သူတော်စင်နယ်မြေနှင့် တိုက်ပွဲဆင်နွဲနေစဉ် ၊ မိမိတို့ မကောင်းဆိုးဝါး မျိုးနွယ်စု၏ ရှေးဘိုးဘေးကိုးဦးကို နိုးကြားစေခဲ့ပြီး ကြယ်တာယာ ကောင်းကင်အလွန်၏ တခြားလမ်းကြောင်းကနေမှ တဆင့် ကွေးယွမ်ဘိုးဘွားပိုင်မြေဆီသို့ ဝင်ရောက်ရန်ကြံစည်ထားခဲ့သည်။
အချိန်တွက်ချက်မှုအရ ၊ ၎င်းတို့ ရှေးဘိုးဘေးကိုးဦးသည် အစောကြီးကတည်းက ရောက်လာသင့်ပြီ ဖြစ်သည်။
သို့သော် အချိန်တွေသာ ကုန်ဆုံးသွားခဲ့သည်။
အရိပ်အယောင်မဆိုနှင့် ၊ နည်းနည်းမှပင် ၎င်းတို့နှင့် ဆက်သွယ်လို့မရနိုင်သေးပေ။
မိမိတို့၏ ရှေးဘိုးဘေးကိုးဦးသည် လုံးဝဥဿုံ ပျောက်ကွယ်သွားခဲ့သလိုပင်။
"ဟားဟား... မကောင်းဆိုးဝါးမျိုးနွယ်စုရဲ့ ရှေးဘိုးဘေးတွေလား?"
ထိုအချိန် ၊ အမျိုးသားတစ်ဦး၏ နောက်ပြောင်သံသည် အထက် ကောင်းကင်ယံကနေ ထွက်ပေါ်လာခဲ့သည်။
တိ့ကျန့်သည် ရှေးမကောင်းဆိုးဝါးအိုကြီး တစ်ကောင်ကို လက်သီးဖြင့် ထိုးနှက်ခဲ့ပြီး ၊ တစ်ဖန် သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ အဆုံးမရှိသော အလင်းတန်းများ တဖွဲဖွဲ ကျလာခဲ့သည်။
ဝီ--!!
နောက်ဆုံးတွင်၊ ၎င်းတို့သည် လျို့ဝှက်ဆန်းကြယ်သော တယ်လီပို့မှော်အခင်းအကျင်းအဖြစ် ပေါင်းစပ်သွားသည်။
ထို့နောက် ၊ ထိပ်လန့်တုန်လှုပ်နေကြသော လူတိုင်း၏အကြည့်များအောက်တွင် ကြီးမားသော ဦးချိုတစ်စုံသည် ထိုမှော်အခင်းအကျင်းထဲသို့ ဖြည်းဖြည်းချင်း ဆင်းသက်လာသည်ကို မြင်လိုက်ရသည်။
ဦိးချို၏ ကိုယ်ထည်တစ်ခုလုံးသည် လွန်စွာ တောက်ပနေပြီး ကြောက်မက်ဖွယ်ကောင်းသော မကောင်းဆိုးဝါး စွမ်းအင်များဖြင့် ပြည့်လျှံနေသည်။
"ဒါက... ချီလင် ရှေဘိုးဘေးရဲ့ ဦးချိုမလား!"
ဤမျှအရွယ်အစား ကြီးမားလှသော ဦးချိုတစ်စုံကို မြင်မြင်ချင်း အသိအမှတ်ပြုနိုင်ခဲ့သော မကောင်းဆိုးဝါးမျိုးနွယ်ဝင် စွမ်းအားရှင်တစ်ဦးသည် တုန်လှုပ်စွာဖြင့်အော်ဟစ်လိုက်သည်။
"ဒါ မဖြစ်နိုင်ဘူး!"
ယခုအချိန်တွင် ၊ ထျန်းချန် မကောင်းဆိုးဝါးအိုကြီးသည် သူ့စိတ်ထဲက ကြောက်ရွံ့မှုကို မချုပ်တည်းနိုင်တော့ဘဲ ဟောက်လိုက်သည်။
"ဒါမဖြစ်နိုင်ဘူး၊ ချီလင် ရှေးဘိုးဘေးရဲ့ ဦးချိုက ဘယ်လိုလုပ်ပြီး ဒီမှာထွက်ပေါ်လာတာလဲ!"
ချီလင် ရှေးဘိုးဘေးသည် ရှေးဘိုးဘေး ကိုးဦးတွင် ထိပ်တန်းတည်ရှိမှုတစ်ရပ် ဖြစ်သည်။
ရှေးဘိုးဘေးကိုးဦး၏ ကျင့်ကြံမှုသည် အမတနီးပါး ရှိသည်။ သို့ဖြစ်ရာ ၊ မည်သူကများ သူတို့ကို သတ်နိုင်မည်နည်း ။ ဒါတင်မက ချီလင်ရှေးဘိုးဘေး၏ ဦးချိုကိုပင် ဖြတ်တောက်ပစ်သတဲ့လား?!
" ဟာသပဲ"
တိ့ကျန့်သည် အေးစက်စွာ ရယ်မောလိုက်ရင်း။
"မင်း ပြောတာက ငါ့အစ်ကိုမျက်လုံးထဲမှာ ပုံမှန်ထက် ပိုကြီးတဲ့ ပုရွက်စိတ်အဆင့်သာရှိတဲ့ အဲ့ဒီချီလင် ရှေးဘိုးဘေးကို ပြောတာလား "
"မင်းအစ်ကို...?"
ထျန်းချန် မကောင်းဆိုးဝါးအုပ်ကြီးသည် ထိတ်လန့်တုန်လှုပ်သွားသည်။
" တိ့ထျန်း !?"
ထိုစကားလုံး နှစ်လုံးကို ထုတ်ပြောခဲ့စဉ်တွင် ၊ သူသည် ဒေါသကြောင့် သွေးအန်လုနီးပါးဖြစ်ခဲ့ရသည်။
တိ့ထျန်းသည် တိုက်မြေ သုံးထောင်တွင် အမတဘုံသို့ တစ်လှမ်းနိုင်ခဲ့သည့် နောက်ဆုံးသော မဟာဧကရာဇ်မင်းတစ်ပါးဖြစ်သည်။
ဤကဲ့သို့သော ပုဂ္ဂိုလ်သည် အရင်ကတည်းက စစ်မှန်အမတသခင်အဖြစ် တတ်လှမ်းထားပြီး ဖြစ်ပေမည်။ သို့သော် တဖက်လူသည် တိုက်မြေ သုံးထောင်၏ အရေးကိစ္စတွင် မည်သို့ပါဝင်စွက်ဖက်ခဲ့သနည်း။
သို့သော် တိ့ကျန့်သည် ထိုကိစ္စကို အာရုံစိုက်ရန် ပျင်းလွန်းသည်။
သူ၏ လက်ကိုဝှေ့ယမ်းကာ ထပ်မံ ဟောက်လိုက်သည်။
"မင်းတို့ရဲ့ ရှေးဘိုးဘေး ကိုးဦးစလုံးကို ငါတို့ ကွေးယွမ်က သတ်ပစ်ပြီးပြီ!"
"ငါ့ရဲ့ ကွေးယွမ် သူတော်စင် နယ်မြေကို အာခံတဲ့သူတွေကို ဘာလုပ်သင့်လဲ!"
“သတ်!”
“သတ်!”
“ သတ်!”
ဟောက်သံသည် ကမ္ဘာကြီးတစ်ခုလုံးကို တုန်လှုပ်သွားစေသည်။
တခဏအတွင်း ။
ကွေးယွမ် သူတော်စင်နယ်မြေ၏ စစ်သည်တော်အားလုံးသည် သတ်ဖြတ်လိုသော အငွေ့အသက်များဖြင့် ပြည့်နှက်နေပြီး ၊ စစ်သင်္ဘောများနှင့် ရထားများကို မောင်းနှင်လျက် ကောင်းကင်ပေါ်မှ အောက်သို့ ပြေးဆင်းလာကြပြီး မကောင်းဆိုးဝါးမျိုးနွယ်ဝင် စစ်သည်များကို သတ်ဖြတ်လေတော့သည်။
"ငါ့ ကွေးရှန်းတာအိုစစ်တပ် ဘယ်မှာလဲ!"
ကောင်းကင်ယံထက်မှ နောက်ထပ် ဟောက်သံတစ်ခု ထွက်ပေါ်လာပြန်သည်။
" ကျွန်တော်တို့ ဒီမှာရှိပါတယ်!!"
မရေမတွက်နိုင်သော နတ်အလင်းများသည် ကြယ်များကဲ့သို့ မှိတ်တုတ်မှိတ်တုတ် တုံ့ပြန်ခဲ့ကြသည်။
" မကောင်းဆိုးဝါးမျိုးနွယ်စုက ငါရဲ့ ကွေးယွမ် သူတော်စင် နယ်မြေကို စော်ကားဝံ့တယ် ! ဒါကို ဘယ်လိုလုပ်သင့်လဲ ဟေ့ !"
ကွေးရှန်းတာအိုတပ်ဖွဲ့မှ ထိပ်တန်း စစ်သူကြီးများက ထပ်မံ ဟစ်ကြွေးလိုက်သည်။
“ သတ် သတ် သတ်!”
“အားလုံးကိုသတ် !အားလုံးကိုသတ် !အားလုံးကိုသတ်!”
ကျန်ရှိသော ကွေးရှန်းတာအိုတပ်ဖွဲ့မှ စစ်သည်တော်များသည် ကျယ်လောင်စွာ ဟစ်ကြွေးခဲ့လေရာ ၊ ၎င်းတို့၏အသံလှိုင်းသည် အင်အားကြီးမားလွန်းသဖြင့် တောင်များနှင့် မြစ်များကို မိုင်ထောင်ပေါင်းများစွာအထိ ရွေ့လျားသွားစေသည်။
နောက်အခိုက်တန့်တွင် ၊
ကွေးရှန်းတာအိုတပ်ဖွဲ့သည် မိမိတို့၏ ကိုယ်ပိုင် မှော်လက်နက်များကို မြှောက်ကိုင်လျက် သားကောင်လိုက်နေသော ကျားတစ်ကောင်သဖွယ် မကောင်းဆိုးဝါး မျိုးနွယ်စုဝင်များထံသို့ ပြေးဝင်သွားကြသည်။
ဘုန်း ! !
တုန်လှုပ်ချောက်ချားစရာကောင်းသော ကြယ်တံခွန်များ ထိပ်တိုက် တွေ့ဆုံကြသကဲ့သို့ ၊ တစ်ဖန် ပျက်သုန်းခြင်းမုန်တိုင်းကြီးသည် မိုင်ပေါင်းထောင်ချီ၍ ရိုက်ခတ်သွားလေတော့သည်။
ဘဝများ ၊
မဟာလမ်းစဉ် ၊
ကမ္ဘာလောက ၊
ယုံကြည်မှု ၊
ဤအရာအားလုံးသည် တခဏအတွင်း ပြိုကျပျက်စီးသွားပြီး နောက်ဆုံးတွင် ပြန်လည်ဖွဲ့စည်းကာ တစ်ဖန် မွေးဖွားလာပေတော့မည်။
........
အခြားတစ်ဖက်တွင် ၊
နောက်ဆုံးသော ဧကရာဇ်လျှောက်လှမ်း၏ အတွင်းပိုင်းထဲတွင် ၊
စူးချန်ကဲသည် ကွက်လပ်ကို ဖြတ်ကျော်ကာ ဧကရာဇ်လျှောက်လှမ်း၏ အတွင်းပိုင်းဆီသို့ လျင်မြန်စွာ ပြေးဝင်လာခဲ့သည်။
နောက်ဆုံးသော ဧကရာဇ်လျှောက်လှမ်းသည် လူဆိတ်ညံနေသော ကြယ်ကမ္ဘာတစ်ခုလိုပင်။
ဆိတ်ငြိမ်မှု ၊ ဗလာ ၊ နတ္ထိ ။
အဆုံးမရှိသော နေရာတစ်ခုကဲ့သို့ ထင်ရပြီး ၊ တစ်ဖန် အိမ်မက်တစ်ခုလိုပင်။
ဤသည်မှာ တိုက်မြေသုံးထောင်ရှိ ပါရမီရှင်များ အားလုံး အိပ်မက်မက်ခဲ့ရသော လမ်းစဉ်တစ်ခုပင် ဖြစ်ပေသည်။
ဤသည်မှာ သန်မာသူတိုင်း၏ နောက်ဆုံးသော အိပ်မက်တစ်ခုလို့လည်း ဆိုလိုရပေသည်။
လက်ရှိတွင် ၊
ထိုအရာသည် စူးချန်ကဲ၏ခြေထောက်အောက်တွင် ရှိနေခဲ့ပြီ ဖြစ်သည်။
ဤလမ်းတစ်လျှောက်တွင် သူသည် ကမ္ဘာပေါင်းများစွာကို ဖြတ်သန်းခဲ့ပြီး မရေမတွက်နိုင်သော တိုက်ပွဲများစွာကို ကြုံတွေ့ခဲ့ရသည်။
သူသည် အသွေးနှင့် တေးသီချင်းများကြား ၊ မရေမတွက်နိုင်သော ရန်သူများ၏ တိုက်ပွဲများကြားတွင် ဖြည်းဖြည်းချင်း ရင့်ကျတ်လာခဲ့သည်။
လွဲချော်မှု ၊ နောင်တ သို့မဟုတ် အနာဂတ်အတွက် မျှော်လင့်ချက် စသော အတိတ်က မြင်ကွင်းများကို ပြန်လည်တမ်းတမိရင်း ခံစားချက်မျိုးစုံ ဝင်ရောက်လို့လာခဲ့သည်။
သို့သော် ၊ ဤသည်မှာ သန်မာသူ မျိုးဆက်တိုင်း ဖြတ်သန်းရမယ့် လမ်းစဉ်ပင် မဟုတ်ပေလော။
ခေတ်အပြောင်းအလဲနှင့် ခေတ်တစ်ခေတ် ပြန်လည်စတင်ခြင်းဟူသမျှသည် သွေးလမ်းခင်းရန်လိုအပ်ပေသည်။
" ငါ အမတ တစ်ပါးဖြစ်တဲ့အထိ တတ်လှမ်းနိုင်ရမယ်"
စူးချန်ကဲသည် ခေါင်းအနည်းငယ် ခါယမ်းလိုက်သည်။ သူ့ပတ်ဝန်းကျင်ရှိ ရောင်ဝါတို့သည် ဆက်လက်ဖြာထွက်နေပြီး ၊ တောက်လောင်နေသော ရွှေဝါရောင် နတ်အလင်းရောင်တို့သည် ကြီးမားသော လှိုင်းတံပိုးများအဖြစ် တစ်လောကလုံးကို လွှမ်းခြုံထားလေသည်။
သူ ဖြတ်သန်းသွားလေရာနေရာတိုင်း ၊ ထိပ်တန်း စွမ်းအားရှင်များသည်ပင် အဆိုပါ ကြောက်မက်ဖွယ် ကောင်းသော ရောင်ဝါကြောင့် ထိတ်လန့် တုန်လှုပ်သွားတတ်ကြသည်။
" အဲ့ပုဂ္ဂိုလ် လာပြီ..."
သူတို့ ရှင်းရှင်းလင်းလင်း သိထားသည်။ ဤမျှ ပြင်းထန်သော ဖိနှိပ်စွမ်းအားများကို ထုတ်လွှတ်နိုင်သူသည် စူးချန်ကဲ မှလွဲ၍ အခြားမည်သူရှိနိုင်မည်နည်း။
သို့သော်။
သူတို့အားလုံးသည် ဤအခိုက်အတန့်တွင်၊ နောက်ဆုတ်ရန်ဆန္ဒမရှိချေ။
ဤသည်မှာ နောက်ဆုံးတိုက်ပွဲ ဖြစ်သည်။
မည်သူမျှ လက်လွှတ်ရန်ဆန္ဒမရှိချေ။
အပိုင်း(၄၅၇): လျှပ်စီးမိုးကြိုး မုခ်ပေါက်
နောက်ဆုံးသော ဧကရာဇ်လျှောက်လှမ်းသို့ သွားရာလမ်းတွင် ၊
တိုက်ပွဲများက ဆက်တိုက်ဆိုသလို ဖြစ်ပွားနေဆဲပင်ဖြစ်သည်။
ဤသည်မှာ အခွင့်အလမ်းများကို လုယူရန်နှင့် ပြိုင်ဘက်များကိုလျှော့ချရန် ဖြစ်သည်။
လူတိုင်း အပြင်းအထန် သေသေကြေကြေ တိုက်ခိုက်နေကြသည်။
စူးချန်ကဲကို သတ်ချင်ကြသော ပါရမီရှင်အချို့လည်း ရှိသည်။ သို့သော် စူးချန်ကဲ၏ တကွက်စာကိုပင် မခုခံနိုင်ဘဲ အမှုန်အမွှားအဖြစ် ဘဝပြောင်းခဲ့ရသည်။
ကံကောင်းထောက်မစွာဖြင့် ၊ သူနှင့် ရင်းနှီးသောသူများသည် ဤသေလမ်းကို မနင်းလျှောက်ခဲ့ကြပေ။
ယခင်က စုဆောင်းထားခဲ့ကြသော ဧကရာဇ်အလိုဆန္ဒများကို ခိုင်မာအောင် ပြန်လည်တည်ဆောက်ပြီးနောက် ၊
စူးချန်ကဲ၏ ကျင့်ကြံဆင့်သည် ဧကရာဇ်တစ်ပိုင်းနယ်ပယ် နဝမအဆင့်ထိ ရောက်ရှိလာခဲ့သည်။
သို့ဖြစ်၍ သူသည် ဤလမ်းတစ်လျှောက်တွင် ရှိနေသော အရာအားလုံးကို သုတ်သင်ဖို့ရန်သာ လိုပေတော့မည်။
အချိန်မည်မျှ ကုန်ဆုံးခဲ့လေသလဲ မသိ။
ဝုန်း! !
စူးချန်ကဲ၏ ရှေ့မျက်နှာစာတွင် ရုတ်တရက် လျှပ်စီးမိုးကြိုးများ ကျရောက်လာခဲ့သည်။
ကျယ်ပြောလှပြီး ပရမ်းပတာ မိုးကြိုးပင်လယ်ကြီးသည် စကြဝဠာကြီး၏ ကြယ်ရောင်သန်းနေသော ကောင်းကင်ယံတွင် ကျရောက်လာသကဲ့သို့ လျှပ်စီးကြောင်းများက အဆုံးမရှိသည့်အတိုင်း ဆက်တိုက်ပေါက်ကွဲနေသည်။
"ဒါက..."
တဂျိန်းဂျိန်း ရိုတ်ခတ်နေသော မိုးကြိုးပင်လယ်ကြီးကို ကြည့်ရင်း ၊စူးချန်ကဲသည် မျက်မှောင်ကြုတ်သွားသည်။
အသက်ရှုနှုန်းကို ထိန်းကာ အာရုံစူးစိုက်လိုက်ပါက ၊ သောင်းနှင့်ချီသော ပရမ်းပတာ မိုးကြိုးများ ရောယှက်ကာ ဖွဲ့စည်းတည်ဆောက်ထားသော ရှေးဟောင်းမုခ်ပေါက်အဖြစ် တည်မြဲစွာ ရှိနေသည်ကို သင်မြင်ရပေလိမ့်မည်။
ဤရှေးဟောင်းမုခ်ပေါက်မှ ပေါက်ကွဲထွက်လာသော မိုးခြိမ်းသံများသည် ကြယ်တာယာ ကောင်းကင်တွင် အဆက်မပြတ်ပေါက်ကွဲထွက်နေသော အလင်းတစ်ခုလိုပင်။
အဆိုပါ ကြောက်စရာကောင်းသော စွမ်းအားအောက်တွင်၊ မုခ်ပေါက်ကို ဗဟိုပြု၍ ၎င်း၏ ပတ်ဝန်းကျင်တစ်ခုလုံးမှာ မှောင်မိုက်နေသည်။
ကွက်လပ်ထဲတွင် ပြန့်ကျဲနေသော ကြယ်အပိုင်းအစများကို မြင်နေရပြီး ၊ ဤပရမ်းပတာ လျှပ်စီးမိုးကြိုးများကြောင့် ၎င်းအနီးတစ်ဝိုက်ရှိ မရေမတွက်နိုင်သော ကြယ်များမှာ လုံးလုံးလျားလျား ချေမှုန်းခံလိုက်ရပြီး ဖြစ်သည်။
" ဟမ်! ဧကရာဇ်ရေကန် က သေချာပေါက် အဲဒီထဲမှာ ရှိရမယ် ၊ ငါတို့ ခုချိန်မှ နောက်ပြန်ဆုတ်ရင် ငါတို့ရဲ့ ကြိုးစားမှုတွေက ဘာအဓိပ္ပာယ်ရှိတော့မှာလဲ"
အချို့သော ပါရမီရှင်များသည် အလျှော့မပေးလိုဘဲ အတင်းအကြပ်ဝင်ရောက်လိုကြသည်မှာ သိသာထင်ရှားပေသည်။ သူတို့သည် အထဲသို့ ဝင်ရောက်ရန် ၎င်းတို့၏ မှော်စွမ်းအားများကို အသက်သွင်းလိုက်ကြသည်။
ဝုန်း!!
ထိုစဉ် ကြယ်တာယာ ကောင်းကင်တွင် တောက်ပသော နတ်အလင်းရောင်တစ်ခု ရုတ်တရက် ပွင့်ထွက်လာခဲ့သည်။
ပြင်းထန်စွာ ပေါက်ကွဲနေသော ပရမ်းပတာလျှပ်စီးမိုးကြိုးများမှ အသွင်ပြောင်းလဲသွားသော မိုးနဂါးကြီးသည် သူ၏ပါးစပ်ကြီးကို ဖွင့်ဟကာ လူကို တိုက်ရိုက် ကိုက်စားခဲ့လေသည်။
ဘုန်း ! !
တခဏအတွင်းမှာပင် ။
ထိုအရာကို ခုခံနိုင်စွမ်းမရှိသောကြောင့် စိတ်ဝိညာဉ် နှင့် ဧကရာဇ်အလိုဆန္ဒတို့သည် ဖုန်မှုန့်အဖြစ်သို့ ပြောင်းလဲကာ ပျောက်ကွယ်သွားခဲ့ရသည်။
"ဝမ်ထန်ဖေး သေပြီ!"
"ဟမ်... ဝမ်ထန်ဖေးက ဧကရာဇ်တစ်ပိုင်းနယ်ပယ် နဝမအဆင့်လေ ၊ဒါတင်မကဘူး သူ့မှာ အသန်မာဆုံး ကိုယ်ထည် ရှိသေးတယ်...သူ့လိုလူက ဒါကိုတောင် ခံနိုင်ရည် မရှိဘူးလား!"
မုခ်ပေါက်နားတွင် ရှိနေကြသော ပါရမီရှင်တို့သည် ကြောက်ရွံ့မှုကြောင့် နောက်ဆုတ်သွားကြသည်။
ထို့အပြင်၊ သူတို့သည် နှလုံးသားထဲတွင် အမြဲလိုလို ခံစားချက်တစ်ခုရှိနေသည်။
အဆိုပါ လျှပ်စီးမိုးကြိုးများသည် ကြည့်လိုက်ရင်ဖြင့် ပင်လယ်ပြင်ထဲတွင် ရိုက်ခတ်နေသော အသေးစားလှိုင်းတစ်ခုမျှသာ ဖြစ်သည် ။
သို့သော် ရလဒ်မှာ ထိပ်တန်း ပါရမီရှင်တစ်ဦးကိုပင် တိုက်ရိုက် ချေမှုန်းနိုင်ခဲ့သည်။
သူတို့သည် ဤဆိုးရွားသောရလဒ်အတွက် မျှော်လင့်ချက်အနည်းငယ် ကင်းမဲ့ခဲ့ရသည်။
ယခု သူတို့အတွက် နောက်ဆုံးခြေတစ်လှမ်းသာ ကျန်တော့သည်။
မဟုတ်မှလွဲရော ဒီမှာတင်ရပ်လိုက်ရမှာလား!?
သို့သော် ထိုအချိန်တွင် ၊
ပါရမီရှင်များသည် ပြိုးပြက်စွာ တောက်ပနေသော အလင်းတန်းတစ်ခုကို မြင်လိုက်ရသည်။
ဝတ်ရုံဖြူ အသွင်ပုံရိပ်သည် ထိုရှေးဟောင်း မုခ်ဦး၏ ရှေ့တွင် မျက်စိတမှိတ်အတွင်း ရောက်ရှိလာခဲ့သည်။
“ ဒါက.....”
လူတိုင်း ထိုအနှီပုဂ္ဂိုလ်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။
ထိုအနှီပုဂ္ဂိုလ်သည် စူးချန်ကဲကလွဲရင် မည်သူများ ဖြစ်နိုင်ဦးမည်နည်း။
" စူးချန်ကဲ ရူးနေတာလား၊ အတင်းဖောက်ဝင်ဖို့ စီစဉ်နေတာလား?"
" ဒီပရမ်းပတာ လျှပ်စီးမိုးကြိုးထဲမှာ အဆုံးမရှိတဲ့ ပျက်စီးခြင်းနိယာမတရားတွေ ပါဝင်နေတယ် ၊ စူးချန်ကဲမှာ သူတော်စင်ကိုယ်ထည် ရှိတယ်ဆိုတောင် ခုခံဖို့ အခက်တွေ့နိုင်တယ်"
ထိုအချိန်တွင် ၊ လူတိုင်း၏ နောက်ဘက်မှ ဟင်းလင်းပြင် ကွက်လပ်တွင် လှိုင်းဂယက်များ ဖြစ်ပေါ်လာခဲ့သည်။
ကြောက်မက်ဖွယ်ကောင်းသော ရောင်ဝါရှိသည့် အပြာရောင် ဝတ်လုံကို ဆင်မြန်းထားသော အမျိုးသားတစ်ဦးသည် အထဲကနေ ဖြည်းညှင်းစွာ ထွက်လာခဲ့သည်။
သူ့၏ နှုတ်ခမ်းသားများသည် အပြုံးတစ်ခုအဖြစ် ကွေးညွှတ်နေပြီး ၊သူ့လက်များကို နောက်သို့ ပစ်ထားသည်။ သူ့မျက်ခုံးကြားက အထက်စီးဆန်သော အသွင်အပြင်မျိုးရှိပြီး သူ့ကိုယ်သူ တုနှိုင်းမဲ့သောယုံကြည်ချက်မျိုးကို ပြသနေသည်။
"သူပဲ... မွေးရာပါတာအိုကိုယ်ထည် ပိုင်ရှင် ဝမ်ချင်ထျန်း!"
ဝမ်ချင်ထျန်းသည် ဧကရာဇ်လျှောက်လှမ်းတွင် မြင်းနက်တစ်ကောင်အဖြစ် ၊ သန်မာသော ပုဂ္ဂိုလ်များထဲက တစ်ဦးအဖြစ်လည်း လူသိများသည်။
သူသည် ဧကရာဇ်တစ်ပိုင်းနယ်ပယ် နဝမအဆင့်ကို တတ်လှမ်းထားနိုင်ရုံသာမကဘဲ ဧကရာဇ်အလိုဆန္ဒ ခုနစ်ဆယ့်လေးမျိုးအထိ ပေါင်းစည်းနိုင်ခဲ့သည်။
"ဟားဟား၊ ချန်ကဲဆက်ခံသူရဲ့ စိတ်ဓာတ်က တကယ်ကို ပုံမှန်မဟုတ်ဘဲ ထူးခြားတာပဲ၊ ကိုယ့်ကိုယ့်ကိုတောင် ရှက်မိပါတယ်"
ထိုစဉ် ၊ ယုံကြည်မှုအပြည့်ဖြင့် ရယ်မောသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
အနက်ရောင် စစ်ဝတ်စုံကို ဝတ်ဆင်ထားသော အရပ်ရှည်ရှည်ဖြင့် လူတစ်ဦး ထွက်ပေါ်လာခဲ့ပြန်သည်။
သူ့ခန္ဓာကိုယ်အတွင်းရှိ သွေးချီစွမ်းအားများသည် တဟုန်းဟုန်းတောက်လောင်နေပြီး ၊ သူ့နောက်ကျောတွင် အနက်ရောင် စစ်ပုဆိန်တချောင်းကို ထမ်းပိုးထားသည်။
"ဒါက ရှေးခေတ်ကျောက် မိသားစုရဲ့ သခင်ငယ် ကျောက်ဝူကျီပဲ!"
ဝုန်း ! !
ဤသို့ဖြင့် ၊ သာလွန်သော ပါရမီရှင်များသည် ပို၍ များပြားလာပြီး လက်ရှ်ိနေရာသို့ ဆင်းသက်လာကြသည် ။
" ထိုက်ယီဂိုဏ်း၏ တောက်ဇီ ၊ ဝူတန်"
"ပြီးတော့ ပရမ်းပတာ နတ်ဆိုးပင်လယ်..."
"........"
လူတော်တော်များများ အသက်မရှုဝံ့ပေ။
သူတို့၏ ကျင့်ကြံမှုသည် အားမနည်းသော်လည်း၊သို့သော် ဤကဲ့သို့ အကြွင်းမဲ့ထက်မြက်သော ပါရမီရှင်များထက်စာရင် သူတို့သည် နိမ့်ကျနေဆဲ ဖြစ်သည်။
မှားယွင်းစွာ လှုပ်ရှားမိပါက ၊ သူတို့သည် သေကိန်းစိုက်ရပေလိမ့်မည်။
ထို့ကြောင့် ၎င်းတို့၏ ထွက်ပေါ်လာမှုသည် သူတို့အား ဖိအားအများကြီး ဖြစ်စေခဲ့သည်မှာ ယုံမှားသံသယပင်မရှိ ။
ထို့အပြင်...
သူတို့သည် အဝေးတစ်နေရာတွင် ရှိနေသော ဝတ်ရုံနက် ဝတ်ဆင်ထားသော လူဆယ့်လေးဦိးကို ကြည့်နေကြသည်။
သူတို့အားလုံးသည် ဧကရာဇ်တစ်ပိုင်း နယ်ပယ် နဝမအဆင့်တွင် ရှိကြသည်။
သူတို့သည် ကြီးကျယ်ခမ်းနားသော မကောင်းဆိုးဝါးစွမ်းအင်များကို ထုတ်လွှတ်နေသည်။ သိပ်အများကြီးစဉ်းစားရန်ပင် မလိုချေ။ ၎င်းတို့သည် မကောင်းဆိုးဝါးမျိုးနွယ်ဝင်များ ဖြစ်ကြမည်မှာ သေချာပေသည်။
သူတို့အားလုံးသည် လျှပ်စီးမိုးကြိုးများ တဂျိန်းဂျိန်း ရိုက်ခတ်နေသော မုခ်ပေါက်ရှေ့တွင် ရှိနေသည့် စူးချန်ကဲကို ကြည့်နေကြသည်။
စူးချန်ကဲအနေဖြင့် မည်ကဲ့သို့ ပြုမူလာမည်ကို သူတို့အားလုံး စောင့်ကြည့်နေပုံရသည်။
သို့သော် စူးချန်ကဲသည် ၎င်းတို့ကို လုံးဝမှ ဂရုမစိုက်။
မည်သို့ပင်ဖြစ်စေ ၊ ပုရွက်ဆိတ်သည် ပုရွက်ဆိတ်အဆင့်သာ ရှိသည်။
ယခုတိုက်ပွဲသည် နောက်ဆုံးတိုက်ပွဲတစ်ခု ဖြစ်သည်။ဘာအတွက်ကြောင့် သူ ကြောက်ရမည်နည်း။
လူတိုင်း၏ အံ့အားသင့်နေသော အကြည့်များအောက်တွင် ၊ စူးချန်ကဲ၏ခြေလှမ်းများသည် လျှပ်စီးမိုးကြိုးများ တဂျိန်းဂျိန်း ရိုက်ခတ်နေသော မုခ်ပေါက်ဆီသို့ ဦးတည်လာခဲ့သည်။
သူလျှောက်တာ နှေးကွေးသော်လည်း၊ သို့သော် ခြေလှမ်းတိုင်းက တည်ငြိမ်သည်။
ဤပြင်းထန်လှသော လျှပ်စီးမိုးကြိုးများကို ရင်ဆိုင်နေရသည့်တိုင် သူ၏ လျစ်လျူရှုသော မျက်လုံးများသည် နည်းနည်းမှ တုန်ရီမသွားချေ။
သူ ခြေတစ်လှမ်း လှမ်းလိုက်တိုင်း ၊ ကြောက်မက်ဖွယ်ရာ ကောင်းသော ဧကရာဇ်အလိုဆန္ဒများသည် သူ၏ခန္ဓာကိုယ်အတွင်းထဲကနေ နိုးထလာသည်။
ဝုန်း !!
စူးချန်ကဲ၏ချဉ်းကပ်လာမှုကို အာရုံခံလိုက်ရသကဲ့သို့၊ ပရမ်းပတာ လျှပ်စီးမိုးကြိုးများသည် အဆုံးမရှိ ပေါက်ကွဲလေတော့သည်။
နှိုးဆော်ခံလိုက်ရသော မိုးကြိုးပင်လယ်ကြီးသည် စူးချန်ကဲအား တိုက်ရိုက် ဝါးမြိုရန် ကြိုးပမ်းခဲ့သည်။
စူးချန်ကဲသည် သူ့ လက်ငါးချောင်းကို လက်သီးအဖြစ် တင်းကျပ်စွာဆုပ်လျက် လျင်မြန်စွာ တုံ့ပြန်ခဲ့သည်။
သူ၏ ဘေးပတ်ပတ်လည်တွင် အချိန် - အာကာသ မှော်သင်္ကေတများစွာ ဝန်းရံနေသည်။ ဤသည်မှာ အချိန်လျို့ဝှက် နယ်မြေတွင် သူဉာဏ်အလင်းရရှိခဲ့သော အထူးနိယာမတရား ဖြစ်သည့် အချိန်-အာကာသ အလိုဆန္ဒ တစ်ခု ဖြစ်သည်။
ဝုန်း ! !
ကောင်းကင်ကြီး ပွင့်ထွက်သွားသကဲ့သို့ လက်သီးတစ်ချက် ကျဆင်းလာခဲ့သည်။
စူးချန်ကဲ၏ နောက်တွင် အဆုံးမရှိသော နိယာမတရားများ စုစည်းသွားပြီး အရွယ်အစား ကြီးမားသော အချိန်- အာကာသ ဆိုင်ရာ ဓမ္မကာယကိုယ်ထည်ကြီးအဖြစ် ပြောင်းလဲသွားသည်။
မိုးခြိမ်းသံနှင့်အပြိုင် အချိန်တို့သည် ဟောက်သံပြုနေကြသည်။
နောက်အခိုက်တန့်တွင် ၊
နှစ်ဘက်စလုံး၏ ကြောက်မက်ဖွယ်ရာ တိုက်ခိုက်မှုများသည် ထိပ်တိုက်ဆုံတွေ့ခဲ့ကြသည်နှင့် ကြောက်မက်ဖွယ်ကောင်းသော လှိုင်းတံပိုးများသည် အရပ်ရှစ်မျက်နှာတစ်ခွင် ရိုက်ခတ်သွားခဲ့သည်။
"ဒါက...?"
မိမိ၏ လက်သီးတစ်ချက်ဖြင့် ချေမှုန်းနိုင်မည်ဟု မူလက ယုံကြည်ခဲ့သော စူးချန်ကဲသည်ပင် မျက်မှောင်ကြုတ်သွားသည်။
ဤလျှပ်စီးမိုးကြိုးသွားများသည် အတော်လေး ထူးဆန်းပေသည်။ အဖျက်စွမ်းအားများ ပါ၀င်ရုံသာမက ဝါးမြိုခြင်းဆိုင်ရာ စွမ်းအားများလည်း ပါရှိသည်။
တဖက်တွင် ၊ ၎င်းသည် သူ၏စွမ်းအားကို ဖျက်ဆီးခဲ့ပြီး ကျန်တစ်ဖက်တွင် သူ၏စွမ်းအားကို ဝါးမြိုကာ သူ့ကိုယ်ပိုင်အဖြစ် ပြုလုပ်ခဲ့သည်။
ဘုန်း ! !
တခဏချင်းမှာပဲ ကြောက်စရာကောင်းသော ပရမ်းပတာ လျှပ်စီးမိုးကြိုးများသည် တစ်ဖန် ပွင့်ထွက်လာပြန်သည်။
ဤတစ်ခေါက်တွင် ၊ စူးချန်ကဲ၏ အသွင်ပုံရိပ်သည်ပင် လုံးလုံးလျားလျား နစ်မြုပ်သွားခဲ့သည်။
ဤမြင်ကွင်းကို မြင်လိုက်ရသူတိုင်း ထိတ်လန့်သွားကြသည်။
"ဟမ်... ချန်ကဲ ဆက်ခံသူကတောင် သူ့ပြိုင်ဘက်မဟုတ်ဘူးလား...?"
"ချန်ကဲ ဆက်ခံသူအနေနဲ့ အန္တရာယ်ရှိပုံရတယ်..."
ကဲ့ရဲ့ ပြောဆိုနေကြသော ပါရမီရှင်များလည်း ရှိသည်။
"ဟမ်၊ ဒါက မောက်မာမှုအတွက် တန်ကြေးပဲ "
သို့သော် တစ်ချိန်တည်းမှာပင် သူတို့အနေဖြင့် အနည်းငယ် စိတ်သက်သာမှုရရှိခဲ့သည်။
စူးချန်ကဲသာ ဤနေရာတွင်ပွဲချင်းပြီး သေဆုံးသွားပါက ၊ ဒါဆို သူတို့က ပြိုင်ဘက်ကောင်းကို ဆုံးရှုံးလိုက်ရတာပဲ မဟုတ်ဘူးလား!?
"ငါ ဘာလုပ်မယ်ဆိုတာ မင်းတို့ကို ဆွေးနွေးဖို့ လိုသေးလား"
ရုတ်တရက်ဆိုသလို ၊စူးချန်ကဲ၏အေးစက်သောလေသံသည် အဆုံးမရှိသော လျှပ်စီးကြောင်းများထဲကနေ ထွက်ပေါ်လာသည်။
မိုးကြိုးပင်လယ်ထဲမှ ပရမ်းပတာအလင်းတန်းတစ်ခုသည် ရုတ်ချည်းထွက်ပေါ်လာကာ သူ့အား မထီမဲ့ပြုခဲ့သောလူဆီသို့ တိုက်ရိုက်ကျရောက်သွားသည်။
" စူးချန်ကဲ..."
ထိုလူ၏ မျက်နှာမှာ သိသိသာသာ ပြောင်းလဲသွားသော်လည်း ၊ သို့သော် ဤမျှ အင်အားကြီးမားသော စွမ်းအား၏ရှေ့မှောက်တွင် သူသည် အစွမ်းကုန် ကြိုးစားခဲ့သော်လည်း ၎င်းကို ခုခံနိုင်စွမ်း မရှိခဲ့ပေ။
ရင်ဘတ်ကို ထုတ်ချင်းဖောက်ခံရကာ တုန်လှုပ်ချောက်ချားစရာကောင်းသော နိယာမတရားများက ၎င်းကို သွေးအခိုးအငွေ့အဖြစ်သို့ တိုက်ရိုက် ဖြိုခွဲပစ်လေတော့သည်။