← Chapters

အခန်း (၄၅၈-၄၆၀)

Vol. 33 Ch. 458-460

အခန်း (၄၅၈-၄၆၀)

Vol. 33 Ch. 458-460

အပိုင်း(၄၅၈): စူးချန်ကဲကို သတ်ရမယ်

စူးချန်ကဲ၏ လွှမ်းမိုးချုပ်ကိုင်နိုင်မှုသည် ပတ်ဝန်းကျင်ရှိ ပါရမီရှင်များ၏စိတ်ပိုင်းဆိုင်ရာအပေါ် အနှောင့်အယှက်များစွာ မဖြစ်စေခဲ့ချေ။

ယင်းအစား၊ သူတို့သည် စောနလေးက အရိုအသေတန်မဲ့ ပြုလုပ်ခဲ့သောထိုလူကိုသာ ရှုံ့ချခဲ့ကြသည်။

မည်သို့ပင်ဖြစ်စေ ၊

ယနေ့လိုအခြေအနေထိ ရောက်လာနိုင်သူဆိုမှတော့ ၊ ဘယ်တစ်ယောက်ကများ အနှိုင်းမဲ့ ပါရမီရှင် မဟုတ်လေသနည်း။

သူတို့အားလုံးတိုင်း မာန်မာနကိုယ်စီ ရှိကြသည်။ စူးချန်ကဲ ကဲ့သို့သော တားမြစ်ချက်သာဆိုရင်ဖြင့် စကားနဲ့တောင် ထည့်ပြောစရာမလိုချေ။

ကံကြမ္မာ မဟာဧကရာဇ်မင်းတစ်ပါး ဖြစ်မလာနိုင်ရင်တောင်မှ ၊ အနာဂတ်တွင် သေမျိုးမဟာဧကရာဇ်မင်းတစ်ပါး ဖြစ်လာမည်မှာ သေချာသည်။

ဧကရာဇ် ဟူသည် စော်ကား‌၍မရသော ဖြစ်တည်မှု ဖြစ်သည်။

တားမြစ်ချက်သာဆိုရင်ဖြင့် ပို၍ပင် စော်ကားလို့ မဖြစ်သော အရာသာတည်း။

“ ချန်ကဲ ဆက်ခံသူရဲ့ ခွန်အားက အထဲကိုဝင်ဖို့ မလုံလောက်ဘူး ထင်တယ်”

ထိုအချိန်တွင် စိတ်လှုပ်ရှားစွာဖြင့် ရပ်ကြည့်နေခဲ့သော ဝမ်ချင်ထျန်းသည် ရှေ့သို့တစ်လှမ်းတိုးလာကာ စူးချန်ကဲအား ပြုံးရွှင်စွာဖြင့် ဆိုလိုက်သည်။

“ ချန်ကဲ ဆက်ခံသူ ဒီပရမ်းပတာ လျှပ်စီးမိုးကြိုး ပင်လယ်ကို ဖြိုခွင်းဖို့ ကျွန်တော်တို့နဲ့ ပူးပေါင်းဖို့ ဆန္ဒရှိပါသလား”

“ပြီးတော့၊ ဧကရာဇ်လျှောက်လှမ်းတစ်လျှောက် ကျွန်တော်တို့ စုဆောင်းရရှိထားတဲ့ အချက်အလက်တွေအရ၊ ဒီပရမ်းပတာ လျှပ်စီးမိုးကြိုး ပင်လယ်ထဲမှာ အတိတ်ကာလတုန်းက အတိဒုက္ခကပ်ဘေးကို မကျော်ဖြတ်နိုင်ခဲ့တဲ့ စွမ်းအားရှင်တွေရဲ့ စိတ်ဝိညာဉ်တွေလည်း ပါဝင်နေတယ်”

“သူတို့တွေထဲမှာ မဟာဧကရာဇ်မင်းနဲ့တောင် ယှဉ်ပြိုင်နိုင်တဲ့ ခွန်အားကြီးမားတဲ့သူတွေလည်း ရှိတယ် “

ထိုစကားကိုကြားတော့ စူးချန်ကဲသည် အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။

ဤပရမ်းပတာ လျှပ်စီးမိုးကြိုး ပင်လယ်ပြင်အကြောင်းကိုလည်း သူ သိထားသည်။

စိတ်ဝိညာဉ် ဆိုသည်မှာ စွမ်းအားရှင်များ မသေဆုံးမီ ကျန်ရစ်ခဲ့သော ၎င်းတို့၏ စိတ်ဝိညာဉ် အကြွင်းအကျန်များဖြစ်သည်။

မသေဆုံးခင် ၊ ကျန်ရစ်ခဲ့သော ဒေါသများနှင့် နောင်တများကြောင့်လား မသိ။

မဟာဧကရာဇ် စိတ်ဝိညာဉ်ဟုလည်း ခေါ်ဆိုကြသည်။

ဧကရာဇ်ရေကန်ထဲသို့ ဝင်ရောက်ပြီးနောက် ၊ ကံကြမ္မာကို အောင်နိုင်သူသည် ကံကြမ္မာ မဟာဧကရာဇ်မင်းတစ်ပါး ဖြစ်လာနိုင်သည်။

ကံကြမ္မာကို မအောင်နိုင်သူများသည် ၎င်းတို့၏ ကိုယ်ပိုင်အခြေခံအုတ်မြစ်ဖြင့် သေမျိူး မဟာဧကရာဇ်မင်းတစ်ပါး ဖြစ်လာကြမည်။

ကံကြမ္မာ မဟာဧကရာဇ်မင်းဖြစ်နိုင်မည့် ကံကြမ္မာကို ရယူရန် သူတို့သည် အတူတကွ ပူးပေါင်းကြခဲ့သော်လည်း အဆုံးတွင် ကံကြမ္မာ မဟာဧကရာဇ်မင်း၏ လုပ်ကြံသတ်ဖြတ်ခြင်းကို ခံခဲ့ရပေသည်။

သူတို့၏ သေဆုံးပြီးသား ဝိညာဉ်များသည် ပရမ်းပတာ လျှပ်စီးမိုးကြိုးပင်လယ်ထဲသို့ စုပ်ယူခံလိုက်ရပြီး ၊ နောက်ဆုံးတွင် မလိုလားသော စိတ်ဝိညာဉ် အကြွင်းအကျန်များအဖြစ်သို့ ပြောင်းလဲသွားခဲ့ရသည်။

သို့သော် စူးချန်ကဲသည် ဤလူများနှင့် ပူးပေါင်းရန် စိတ်ကူးမရှိချေ။

မဟာလမ်းစဉ်ကို ‌လျှောက်လှမ်းကြသူတိုင်း သန္ဓေမကောင်းပေ။ ဤသကောင့်သားအုပ်စုသည် မည်သည့်မကောင်းသော လုပ်ရပ်များ လုပ်လာမည်ကို သူ ကြိုမသိနိုင်ပေ ။

“မလိုဘူး၊ ငါ့မှာ ကိုယ်ပိုင်နည်းလမ်းရှိတယ်”

စူးချန်ကဲ၏ ငြင်းဆန်မှုကို မြင်လိုက်ရသဖြင့် ဝမ်ချင်ထျန်း၏ အပြုံးသည် အေးခဲသွားသော်လည်း သူသည် ဆက်မပြောခဲ့ပေ။

သူသည် ကျောက်ဝူကျီ နှင့် ဝူတန်တို့ရှိရာ ဦးတည်ရာဘက်ဆီသို့ လျှောက်လှမ်းခဲ့သည်။

ခဏအတွင်းမှာပင် ၊

ဝမ်ချင်ထျန်း ဦးဆောင်သော ပါရမီရှင်ခြောက်ဦးသည် အတူတကွ လက်တွဲလုပ်ဆောင်ရန် သဘောတူခဲ့ကြသည်။

သို့သော်လည်း ၊ ပရမ်းပတာ လျှပ်စီးမိုးကြိုး ပင်လယ်ကို မချိုးဖျက်မီ သူတို့သည် စိုးရိမ်ပူပန်မှုအနည်းငယ် ရှိခဲ့သည်။

ဝမ်ချင်ထျန်းသည် သူ၏ကျင့်ကြံစွမ်းအားများကို အသက်သွင်းလိုက်ရင်း အရပ်ရှစ်မျက်နှာတစ်ခွင် ကြားလောက်စေမည့်အသံဖြင့် ကြွေးကြော်လိုက်သည်။

“ ခုကစပြီး ပရမ်းပတာ လျှပ်စီးမိုးကြိုး ပင်လယ်ပြင်ကို ငါတို့ချိုးဖျက်တော့မယ်”

“ တကယ်လို့ ငါတို့ လုပ်ဆောင်နေစဉ်အတောအတွင်း တစ်စုံတစ်ယောက်က လိုချင်တပ်မက်နေတယ်ဆိုရင်...”

သူ့စကားကို ခဏရပ်လိုက်သည်။

ထို့နောက် ဝမ်ချင်ထျန်းနှင့် သူ့နောက်မှ လူငါးဦးတို့သည် ကြောက်မက်ဖွယ်ကောင်းသော ဖိနှိပ်စွမ်းအားများဖြင့် ပေါက်ကွဲထွက်လာကြသည်။

ထိပ်တန်းအဆင့် ဧကရာဇ်တစ်ပိုင်းနယ်ပယ် နဝမအဆင့်ရှိသော စွမ်းအားရှင် ခြောက်ဦး၏ ပူးတွဲပေါက်ကွဲမှုကြောင့် ကောင်းကင်နှင့် မြေကြီးသည် မနားစတမ်း ဟောက်သံပြုနေကြပြီး ၊ ထောင်ပေါင်းများစွာသော အလင်းတန်းများ ကျဆင်းလာခဲ့ရာ မရေမတွက်နိုင်သော ပါရမီရှင်များကို ရင်ထိတ်သွားစေသည်။

ဤသည်မှာ ခြိမ်းခြောက်မှုတစ်ခုဖြစ်မှန်း သိသာထင်ရှားပေသည်။ တစ်စုံတစ်‌ယောက်ကသာ မကောင်းသောအကြံ တွေးဝံ့ပါက ၊

သူတို့သည် ထိုလူကို တိုက်ရိုက် ရှင်းထုတ်ပစ်ရန် လုပ်‌ဆောင်ကြပေမည်။

အထူးသဖြင့် သူတို့သည် စူးချန်ကဲ နှင့် အနက်ရောင် အဝတ်အစားများဖြင့် မကောင်းဆိုးဝါးမျိုးနွယ်ဝင် ဆယ်လေးဦးကို အချိန်ခဏကြာ စိုက်ကြည့်ခဲ့သည်။

တခြားသူတွေကတော့ သူတို့အတွက် အမှိုက်သာပင်။

စူးချန်ကဲ နှင့် မကောင်းဆိုးဝါးမျိုးနွယ်ဝင် ဆယ်လေးဦးသာလျှင် သူတို့ကို ကြောက်ရွံ့အောင် ပြုစားနိုင်သည်။

သို့သော် စူးချန်ကဲသည် ခြိမ်းခြောက်မှုကို လုံးဝဂရုမစိုက်သကဲ့သို့ လက်ကိုနောက်ပစ်လျက် အေးအေးလူလူ ရပ်နေဆဲပင် ဖြစ်သည်။

ထို့နောက်တွင် ၊

ဝမ်ချင်ထျန်းက ဦးဆောင်ကာ လှုပ်ရှားလိုက်သ ည်။

သူသည် ပြောင်လတ် တောက်ပနေသော သုံးချောင်းထောက်အိုးတစ်လုံးကို ယူကာ ယဇ်ပူဇော်လိုက်သည်။ ၎င်းပေါ်တွင် အလင်းကြောင်းများက စီးဆင်းသက်ဝင်နေပြီး ဝင်းထိန်တောက်ပသွားကာ ကြောက်မက်ဖွယ်ရာ ကောင်းသော ဖိအားတစ်ခု ကျရောက်လာခဲ့သည်။

ကျန်ငါးယောက်ကလည်း တွန့်ဆုတ်ခြင်းမရှိဘဲ ၎င်းတို့၏ အသက်ကယ် မှော်လက်နက်များကို ဖောက်ခွဲပစ်လိုက်ကြသည်။

ရှေးခေတ် ကျောက် မိသားစုမှ ဆင်းသက်လာသော ကျောက်ဝူကျီသည် သူ၏ တိုက်ပွဲပုဆိန်ကို နှိုးဆော်လိုက်သည်။

ထိုစဉ် ၊

မူလက အိမ်မောကျနေသော ၎င်း၏ စွမ်းအားသည် ဤအခိုက်အတန့်တွင်၊ နိုးကြားလာပုံရပြီး တိုက်ပွဲပုဆိန်မှ နီမြန်းသော သွေးချီစွမ်းအားများ လှုပ်ရှားထကြွလာခဲ့သည် ။

ထိုက်ယီ ဂိုဏ်းမှ ဝူတန်သည် အရွယ်အစား ကြီးမားသော ထျန်းဟယ်ရတနာမြေပုံကို စတေးခဲ့သည်။

၎င်း၏အပေါ်တွင် တောင် ၊ မြစ် ၊ နေ၊ လနှင့် ကြယ်များ ရေးထွင်းထားပုံရပြီး ဝင်းလက်တောက်ပနေသည်။

…….

ဤအခိုက်အတန့်တွင် မှော်လက်နက် ခြောက်ခုသည် ကြောက်မက်ဖွယ်ရာ စွမ်းအားများဖြင့် ပေါက်ကွဲထွက်လာသည်။

၎င်းတို့၏ ပေါက်ကွဲနိုင်စွမ်းသည် မဟာဧကရာဇ်မင်းနှင့် အကန့်အသတ်မရှိ နီးစပ်သည်။

“အတူတူ တိုက်ခိုက်ကြမယ်!”

ရုတ်တရက် ၊ ဝမ်ချင်ထျန်းက ဟောက်လိုက်သည်။

သူ၏ အနီးတစ်ဝိုက်တွင် ရွှေဝါရောင် အလင်းများ ဖြာထွက်ကာတောက်ပနေပြီး ၊ ထို့နောက်တွင် အရာအားလုံးကို ပြာအဖြစ် ဖျက်ဆီးပစ်နိုင်စွမ်းရှိသော ကြောက်ခမန်းလိလိ ရင်းမြစ်အပြာရောင်အလင်းတန်းများ ပေါက်ကွဲထွက်လာခဲ့သည်။

ကျန်ငါးယောက်စလုံးသည်လည်း တိတ်တဆိတ် ခေါင်းညိတ်သဘောတူလိုက်ပြီးနောက် ဝမ်ချင်ထျန်းနှင့် ပူးပေါင်းတိုက်ခိုက်ခဲ့သည်။

ဤသို့ဖြင့် ကြောက်ခမန်းလိလိ အလင်းတန်းများသည် ပရမ်းပတာ လျှပ်စီးမိုးကြိုး ပင်လယ်ဆီသို့ တဟုန်ထိုး ပြေးဝင်သွားခဲ့သည်။

ဝုန်း !!

လူခြောက်ဦး ပေါင်းစပ်ကြိုးပမ်းမှုမှ ထွက်ပေါ်လာသော ကြောက်ခမန်းလိလိ အင်အားသည် ပရမ်းပတာ လျှပ်စီးမိုးကြိုး ပင်လယ်နှင့် ချက်ချင်းပင် ပြင်းထန်စွာ တိုက်မိသွားကြသည်။

ပျက်စီးသံများ ထွက်ပေါ်လာပြီး ၊ မှော်သင်္ကေတများက တဟုန်ထိုး ရိုက်ခတ်လေတော့သည်။

လူပေါင်းများစွာ၏ စဉ်ဆက်မပြတ် ကြိုးပမ်းအားထုတ်မှုနှင့်အတူ ၊ မူလက သိပ်သည်းမှုကောင်းကောင်းဖြင့် ရှိနေခဲ့သော လျှပ်စီးမိုးကြိုး ပင်လယ်ကြီးသည် အမှန်တကယ်ပင် ဖြည်းညှင်းစွာ ကွဲထွက်သွားပြီး လမ်းကြောင်းတစ်ခု ထွက်ပေါ်လာသည်။

“အောင်မြင်ပြီ !”

ခြောက်ယောက်စလုံး ရွှင်မြူးနေကြသည် ။

သို့သော် စူးချန်ကဲသည် မူမမှန်သော အရာတစ်ခုကို မြင်လိုက်ရသကဲ့သို့ သူသည် အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။

“မလုံလောက်သေးဘူး”

စူးချန်ကဲ၏ စကားသံအဆုံးတွင် ၊

မူလက အစိတ်စိတ်အမြွှာမြွှာ ဖြစ်နေပြီဖြစ်သော ပရမ်းပတာ လျှပ်စီးမိုးကြိုးပင်လယ်ကြီးသည် ရုတ်တရက်ပင် ကြောက်မက်ဖွယ်ကောင်းသော အင်အားတစ်ခု၏ ကောင်းချီးပေးမှုကို ခံလိုက်ရသည်။

ဝုန်း !

ထိုစဉ် ၊

ပို၍ပင် ကြောက်စရာကောင်းသော ဖိအားတစ်ခု ထွက်ပေါ်လာခဲ့ပြီး ၎င်း၏အနီးတဝိုက်တွင် ရှိနေသောလူတို့၏ တစ်ကိုယ်လုံးကို မရေမတွက်နိုင်သော တောင်တန်းများဖြင့် ဖိနှိပ်ထားသကဲ့သို့ နှိပ်ကွပ်ထားခဲ့သည်။

သူတို့၏ ခန္ဓာကိုယ်များသည် အက်ကွဲစပြုလာပြီး အချိန်မရွေး ကွဲထွက်သွားနိုင်ပုံရသည်။

“မကောင်းဘူး ၊ တစ်ခုခုမှားနေပြီ၊ ဒီကနေ ထွက်သွားတော့!”

ဝမ်ချင်ထျန်းက ဦိးစွာ အော်ဟစ်လိုက်သည်။ သူသည် မူလက သူ့ကိုယ်ပိုင်လက်နက် ဖြစ်သော သုံးချောင်းထောက်အိုးကို ပြန်လည် ရယူလိုခဲ့သည်။

သို့သော် ပရမ်းပတာ လျှပ်စီးမိုးကြိုးပင်လယ်၏ အနက်ရှိုင်းဆုံး အပိုင်းမှ ထွက်ပေါ်လာသော စွမ်းအားသည် အလွန် ကြောက်စရာကောင်းပေသည်။

ဝုန်း ! !

လျှပ်စီးကြောင်းများ အဆုံးမရှိ ပေါက်ကွဲထွက်လာသည့်အခိုက်တွင်၊ လျှပ်စီးကြောင်းသည် သူ့ဆီသို့ အပြေးအလွှား ရောက်ရှိလာပြီး တခဏအတွင်းမှာပင် သူ၏ အသက်ကယ် မှော်လက်နက်ကို အပိုင်းပိုင်း ခွဲပစ်ခဲ့လေသည်။

တခြားသူများလည်း ထိုနည်းတူစွာပင်။

မှော်လက်နက်များ ကျိုးပဲ့သွားကာ၊ လူတစ်ကိုယ်လုံး အဝေးသို့လွင့်ထွက်သွားသည်။

“သွေးအန်သံ...”

ပါးစပ်ထဲက သွေးများသည် မရပ်မနားစီးကြနေပြီး ၊ အသက်ရှုသံများက အရမ်းအားနည်းနေသည်။

အကယ်၍ သူတို့သည် ဤတိုက်ခိုက်မှုကို ခုခံကာကွယ်ရန် ၎င်းတို့၏ ကိုယ်ပိုင်အသက်ကာ မှော်လက်နက်သာ မရှိခဲ့ပါက ၊

ဤတိုက်ခိုက်မှု၏ နောက်ဆက်တွဲရလဒ်အနေဖြင့် သူတို့သည် ပွဲချင်းပြီး သေဆုံးသွားနိုင်သည်။

“ - ီးပဲ !”

“ ဒါ ဘယ်လိုဖြစ်ပြီးလဲ!?”

ယခင်က ယုံကြည်မှုနှင့် နှိုင်းယှဉ်ပါက ၊ ယခုအချိန်တွင် ဝမ်ချင်ထျန်း၏ ဆံပင်များသည် ရှုပ်ပွနေပြီး သွေးချီစွမ်းအားများကကမောက်ကမ ဖြစ်နေသည်။

သူ၏ အသက်ကယ်မှော်လက်နက်သည် မဟာဧကရာဇ်မင်း၏ လက်နက်နှင့် အကန့်အသတ်မရှိ နီးစပ်သည်ဟု ဆိုနိုင်သည်။

သူသည် မဟာဧကရာဇ်မင်းအဖြစ် အောင်မြင်သွားချိန်တွင် သူ၏ မှော်လက်နက်သည်လည်း ဧကရာဇ် လက်နက်အဖြစ် မြှင့်တင်နိုင်ပေမည်။

သို့သော် ယခုတွင် ဤကဲ့သို့ ပျက်စီးသွားချေပြီ။

တခြားသူများလည်း သွေးအလိပ်လိပ်ဖြင့် ထိုနည်းတူစွာပင်။

ပရမ်းပတာ လျှပ်စီးမိုးကြိုး ပင်လယ်ကို မချိုးဖျက်နိုင်ရုံသာမက ဒဏ်ရာအပြင်းအထန်ရရှိခဲ့သည်။

“ အဲ့ထဲကို ဝင်ဖို့က ဘယ်လိုလုပ်ပြီး ဒီလောက်ထိလွယ်မှာလဲ?”

“ငါ့အစွမ်းရှိသမျှ ကောင်းကင်လမ်းစဉ် အာဏာစက် ဓားကို သုံးပြီး ဝင်ရင်ဖြစ်နိုင်လိမ့်မလား?”

စူးချန်ကဲ ရေရွတ်နေစဉ် ၊ ရုတ်တရက် အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

“ငါ့ တောင်းဆိုချက်ကို ကတိပေးနိုင်ရင်၊ ငါတို့က မင်းနဲ့ပူးပေါင်းပြီး ဒီပရမ်းပတာ လျှပ်စီးမိုးကြိုး ပင်လယ်ကို ဖွင့်နိုင်အောင် ကူညီပေးနိုင်တယ် “

ထိုစကားများထွက်လာသည်နှင့် တပြိုင်နက်၊ လူတိုင်း အသံလားရာကို လှည့်ကြည့်လိုက်ကြသည်။

အသံပိုင်ရှင်မှာ အနက်ရောင်ဝတ်လုံဖြင့် မကောင်းဆိုးဝါး မျိုးနွယ်ဝင် ဆယ့်လေးဦး၏ ခေါင်းဆောင်ဖြစ်သည်။

“ဘာတောင်းဆိုချက်လဲ?”

ဝမ်ချင်ထျန်းတို့ လူခြောက်ဦးသည် ဆုံးရှုံးမှု ကြီးကြီးမားမား ခံစားခဲ့ရသောကြောင့် မသိစိတ်ကနေ ဆိုလိုက်သည်။

“မင်းသဘောတူရင် ၊ တောင်းဆိုလိုသမျှကို ဆွေးနွေးလို့ရတယ်!”

“ကောင်းပြီ”

မကောင်းဆိုးဝါး မျိုးနွယ်ဝင် ခေါင်းဆောင်ဖြစ်သူသည် စူးချန်ကဲကို လှမ်းကြည့်လိုက်သည်။

“အခု၊ ငါတို့မျိုးနွယ်စု နဲ့ ကွေးယွမ် သူတော်စင် နယ်မြေတို့ကြားမှာ စစ်ပွဲတစ်ခု ဖြစ်ပွားနေတယ်”

“ဒါကြောင့် ငါတို့မှာ တောင်းဆိုချက်တစ်ခုပဲရှိတယ်၊ မင်းတို့ ကူညီပေးဖို့ပဲ လိုတယ်”

ထိုလူ၏ အသံသည် အေးစက်နေပြီး အဆုံးမသတ်နိုင်သော သတ်ဖြတ်လိုခြင်း အငွေ့အသက်များရှိနေသည်။

“ စူးချန်ကဲကို သတ်ရမယ်”

အပိုင်း(၄၅၉): တားမြစ် လျို့ဝှက်မှော်အတတ်

ထိုစကားများ ထွက်လာသည်နှင့် ၊

လူတိုင်းသည် ဝတ်ရုံဖြူ အသွင်ပုံရိပ်ကို မသိစိတ်ကနေ လှမ်းကြည့်လိုက်ကြသည်။

စူးချန်ကဲကို သတ်မယ်?

လက်ရှိတွင် စူးချန်ကဲသည် အတော်လေး နာမည်ကြီးနေသည်။

သူ့နောက်က ကွေးယွမ် သူတော်စင်နယ်မြေသည်ပင် ယခုအခါတွင် တိုက်မြေ သုံးထောင်တစ်ခုလုံး၏ အာရုံစူးစိုက်မှုကိုခံနေရသည်။

စူးချန်ကဲသည် ကွေးယွမ် သူတော်စင်နယ်မြေ၏ မထိသင့်သောအရာဖြစ်သည်ကို လူတိုင်းသိသည်။

ဒီမကောင်းဆိုးဝါးကောင်တွေ ရူးနေကြပြီလား?

စူးချန်ကဲကိုသတ်မယ်လို့ လူသိရှင်ကြား ထုတ်ပြောလာသတဲ့လား!?

“ဒါက.....”

ခြောက်ယောက်စလုံး အခက်တွေ့နေပုံရသည်။

စူးချန်ကဲ၏ ခွန်အားအကြောင်းကို အရင်ထည့်မပြောရသေးခင် ၊

စူးချန်ကဲကို သတ်နိုင်ခဲ့သည်ဆိုတောင် ၊ သူ၏နောက်ကွယ်က ကွေးယွမ် သူတော်စင် နယ်မြေ၏ သွေးထွက်သံယို လက်စားချေမှုကို ခံရပေတော့မည်။

ဤတာဝန်ကို သူတို့ မခံယူနိုင်ပေ။

လူတိုင်း၏ အာရုံစူးစိုက်မှုဖြစ်ခဲ့သည့် စူးချန်ကဲ၏ အသွင်အပြင်ကို အကဲခတ်ကြည့်မည်ဆိုပါက ၊ သူသည် ဤကိစ္စကို အရင်ကတည်းက မျှော်လင့်ထားပုံရသည်။

“အရမ်းကောင်းတယ်၊ ပွဲစပြီ ဆိုမှတော့ “

“ဒါဆို အပိုစကားတွေမပြောဘဲ ဒီမှာတင် နိဂုံးချုပ်လိုက်ရအောင်”

ထိုစကားသံအဆုံးတွင် ၊

စူးချန်ကဲသည် ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။

သူ၏ ဘေးပတ်ပတ်လည်တွင်ရှိနေသော အချိန်-အာကာသ မှော်သင်္ကေတများ၏ ကောင်းချီးပေးမှုအောက်တွင် ၊ သူသည် အနည်းငယ် ခြေလှမ်းလိုက်ရုံဖြင့် ဝတ်ရုံနက် မကောင်းဆိုးဝါးမျိုးနွယ်ဝင်၏ ရှေ့သို့ မျက်စိတမှိတ်အတွင်း ရောက်ရှိလာခဲ့သည်။

“ မင်းက အော်ရတာကြိုက်တယ်မဟုတ်လား?”

တုံ့ဆိုင်းခြင်းမရှိ ၊ စူးချန်ကဲသည် ထိုလူကို တိုက်ရိုက် ထိုးနှက်လိုက်သည်။

စူးချန်ကဲသည် ရုတ်​တရက်​​ ထွက်ပေါ်လာပြီး ၊ လက်သီးဖြင့် ရုတ်ချည်းဆိုသလို တိုက်ခိုက်လာခဲ့သည်။

သို့သော် ထိုလူ၏ တုံ့ပြန်မှုကလည်း လျင်မြန်ပေသည် ။

“ စူးချန်ကဲ မင်းသေချင်နေတာလား!?”

ဟူး!!

ဝတ်ရုံနက်လူသည် ပြန်လည် တုံ့ပြန်လာခဲ့သည်နှင့်တပြိုင်နက် ကြောက်မက်ဖွယ်ကောင်းသော မကောင်းဆိုးဝါးစွမ်းအင်များသည် သူ၏လက်ထဲတွင် စုဝေးဖြစ်တည်လာခဲ့သည် ။

မျက်စိတမှိတ်အတွင်း ၊ အနက်ရောင် နတ်လှံတစ်ချောင်းကို ဖွဲ့စည်းခဲ့သည်။

ဧကရာဇ်တစ်ပိုင်း လက်နက်။

၎င်းသည် အဆင့်မြင့် ဧကရာဇ်တစ်ပိုင်းလက်နက်ဖြစ်ပြီး ဧကရာဇ်လက်နက်နှင့် အကန့်အသတ်မရှိ နီးစပ်သည်။

ဝတ်ရုံနက်လူသည် အလွန်လျင်မြန်သည်။ လှုပ်ရှားသွားသော အနက်ရောင်လျှပ်စီးကြောင်းကိုသာ မြင်တွေ့ရပြီး ၊ တောက်လောင်နေသော အနက်ရောင်အလင်းများသည် ထိုနေရာကို လုံးလုံးလျားလျား လွှမ်းမိုးထားခဲ့သည်။

အဆိုပါ လှံသည်လည်း ကမ္ဘာကြီးတစ်ခုလုံးကို လွှမ်းမိုးနိုင်စွမ်းရှိပုံရသည်။

ဘုန်း ! !

လက်သီး နှင့် လှံတို့ ထိပ်တိုက်ဆုံတွေ့ခဲ့လေရာ ၊ နတ်အလင်းများ ပွင့်ထွက်သွားခဲ့သည်။

လက်ရှိနေရာတွင် ကြယ်နှစ်စင်းတိုက်မိကြသကဲ့သို့ အဆုံးမရှိသော လှိုင်းတံပိုးများရိုက်ခတ်သွားပြီး ၊ ဟင်းလင်းပြင်၌ သာမန်မျက်စိဖြင့်တောင် မြင်နိုင်သော ကျိုးပဲ့ပျက်စီးနေသည့် တွင်းနက်ကြီးတစ်ခု ပေါ်ပေါက်လာခဲ့သည်။

ဘုန်း --!!

ဆက်လက်ပြီး ၊

ကြောက်စရာကောင်းသော အသံကို ထပ်မံ ကြားလိုက်ရသည်။

တသိမ့်သိမ့် ရိုက်ခတ်လျက်ရှိသော ဆူနာမီလှိုင်းလုံးကြီးများကြား အနက်ရောင် အရိပ်သဏ္ဍာန်တစ်ခုသည် အဝေးသို့ လွင့်ထွက်သွားသည်ကို လူတိုင်းမြင်လိုက်ရသည်။ ၎င်းသည် ကြယ်အပျက်အစီး အပိုင်းအစများပေါ်တွင် ပြင်းထန်စွာ ထိမှန်ခဲ့လေရာ ကြောက်မက်ဖွယ်ကောင်းသော အသံများကို ဖြစ်ပေါ်စေခဲ့သည်။

လူနှစ်ယောက် ထိပ်တိုက်ဆုံတွေ့ခဲ့သည့် အခိုက်အတန့်မှာပဲ ၊

ကျန်ဝတ်ရုံနက် လူဆယ့်သုံးယောက်ကလည်း ပြိုင်တူ လှုပ်ရှားလာခဲ့သည်။

သူတို့၏ မှော်လက်နက်များကို အသီးသီးကိုင်ဆောင်ထားကြသည်။

စစ်ပုဆိန် ၊

ဓား အစရှိသဖြင့် ။

သူတို့အားလုံးသည် အစွမ်းကုန် ပေါက်ကွဲထွက်လာကြပြီး စူးချန်ကဲဆီသို့ ပြေးဝင်တိုက်ခိုက်လေတော့သည်။

ဘုန်း ဘုန်း ဘုန်း !

အဖျက်စွမ်းအားကြီးမားသော နတ်အလင်းတန်းများသည် စူးချန်ကဲဆီသို့ ချက်ချင်း ကျရောက်လာခဲ့သည်။

ပြင်းထန်စွာတိုက်ခတ်နေသော လေပြင်းမုန်တိုင်းများကြောင့် စူးချန်ကဲ၏ ဝတ်ရုံဖြူအထည်စသည် လွင့်ပျံနေပြီး ၊ သူ၏ နက်မှောင်သော် ဆံနွယ်များသည်ပင် လေထဲတွင် တဖျပ်ဖျပ်လွင့်နေသည်။

နောက်အခိုက်အတန့်တွင် ၊ စူးချန်ကဲသည် သူ၏ညာလက်ကို မြှောက်တင်လိုက်သည်။

“ ကောင်းကင်လမ်းစဉ် အာဏာစက်‌ဓား ၊ လာစမ်း!”

ရွမ်း!!

ထိုစဉ် ၊

ကောင်းကင်နှင့် မြေကြီးကြား အေးစက်သော အလင်းတစ်ချက် ဖျက်ခနဲ့ ဝင်းလက်သွားသည်။

မူလက စူးချန်ကဲ နှင့် အကန့်အသတ်မရှိ နီးကပ်လာခဲ့သော အဖျက်အလင်းတန်းများသည် အဆိုပါ ကြောက်စရာကောင်းသော စွမ်းအားကြောင့် ချက်ချင်းပင် ကွဲအက်သွားခဲ့သည်။

ဓားစွမ်းအင်များကို ဆောင်ကျဉ်းထားလေသော နတ်ဓားတစ်လက်သည် တောက်ပစွာဝင်းလက်သွားသည်ကို လူတိုင်း မြင်လိုက်ရသည်။

မရေမတွက်နိုင်သော နတ်အလင်းတန်းများ ပြိုကွဲသွားသည့် အခိုက်တွင် ၊ စူးချန်ကဲသည် သူ့လက်ကောက်ဝတ်ကို လှည့်လိုက်သည်။

သူသည် ဓားသွားကို ချက်ချင်း ဆုပ်ကိုင်လိုက်သည်နှင့် ၊

တစ်ချိန်တည်းမှာပင်၊ စူးချန်ကဲ၏ကိုယ်ထဲမှ ကြောက်မက်ဖွယ်ကောင်းသော ဓားဆန္ဒများ ပေါက်ကွဲထွက်လာပြီး စူးချန်ကဲအား လုံးလုံးလျားလျား ဖုံးအုပ်ပစ်ခဲ့သည်။

“ထာဝရဓားထောင်၊ အကျဉ်းသားကမ္ဘာ!”

ဝုန်း !!

ရှည်လျားသော ဓားစွမ်းအင်အဖြစ် ဖန်တီးထားလေသော စူးရှတောက်ပသော နတ်အလင်းရောင်တစ်ခုသည် အထက်ကောင်းကင်ယံမှ ကျရောက်လာခဲ့သည်။

အဆုံးမဲ့ ရှည်လျားသော ဓားတောင်တန်းတစ်စင်းနှင့် တူပေသည်။

စူးချန်ကဲ၏တိုက်ခိုက်မှုသည် ဝတ်ရုံနက် မကောင်းဆိုးဝါးမျိုးနွယ်ဝင် ဆယ့်လေးဦးကို အဝေးသို့ လွင့်ထွက်သွားစေသည်။

သို့သော် စူးချန်ကဲသည် သူတို့ကို အသက်ရှုချောင်ခွင့်ပေးလိမ့်မည် မဟုတ်။

သူ့ခန္ဓာကိုယ်အတွင်းရှိ သူတော်စင် ခန္ဓာကိုယ်၏ ရောင်ဝါတို့သည် လုံး၀ ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။

သူတော်စင်ခန္ဓာကိုယ် အာဏာရှင်ဘုရင်လေးမျိုးစလုံး၏ ဖိနှိပ်စွမ်းအားများသည် ဤနေရာရှိ ပါရမီရှင်များအားလုံးကို ခေါင်းမထောင်နိုင်အောင်ပင် ဖြစ်ခဲ့ရသည်။

“ဒါက... သူတော်စင် ခန္ဓာကိုယ်ရဲ့ ရောင်ဝါ!”

“ သူတော်စင် ခန္ဓာကိုယ်လေးမျိုးရဲ့ ရောင်ဝါတွေပါ့လား ၊ ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ!”

လူတိုင်း နွေပူပူ မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ မယုံကြည်နိုင် ဖြစ်လို့နေသည် ။

ယုတ္တိကျကျဆိုရလျှင်၊ ကိုယ်ထည်ဖွဲ့စည်းပုံ အခြေခံဥပဒေနှစ်ခုရှိခြင်းသည်ပင် အလွန်ရှားပါးသော ကိစ္စရပ်ဖြစ်သည်ဟု ဆိုနိုင်သည်။

သို့သော် စူးချန်ကဲသည် အဘယ်ကြောင့် ကိုယ်ထည်ဖွဲ့စည်းပုံ အခြေခံဥပဒေလေးခုတောင် ရှိနေသနည်း။

လူအုပ်ကြီး၏ ထိတ်လန့်တုန်လှုပ်မှုအောက်တွင် ၊ စူးချန်ကဲသည် သူ၏ဓားကို ထပ်မံ ဝှေ့ယမ်းလိုက်သည်။

ရွှမ်း! !

တောက်ပသော ဓားသွားကြယ်တစ်စင်း ကြွေကျလာသကဲ့သို့ ၊ မျက်စိတမှိတ်အတွင်းမှာပင် ဟင်းလင်းပြင်၌ ကြီးမားသော လှိုင်းတံပိုးများကို ရိုက်ခတ်သွားခဲ့သည်။

“သွေးအန်သံ...”

ဤမျှ ကြောက်စရာကောင်းသော စွမ်းအားအောက်တွင်၊ ဧကရာဇ်တစ်ပိုင်းနယ်ပယ် နဝမအဆင့်ရှိသော မကောင်းဆိုးဝါးမျိုးနွယ်ဝင် ဝတ်ရုံနက် လူကိုးဦိးသည်ပင် ခုခံနိုင်စွမ်းမရှိခဲ့ချေ။

ပါးစပ်ထဲကနေ သွေးများ မရပ်မနားစီးကျလာပြီး၊ နောက်ဆုံးတွင် ကြယ်အပိုင်းအစများပေါ်တွင် ပြင်းပြင်းထန်ထန် ရိုက်နှက်ခံလိုက်ရသည်။

“ဒီကောင် ချန်းဟွမ်းကျီနဲ့ စုမျဲ့တို့ရဲ့ သတ်ဖြတ်မှုကို တွန်းလှန်နိုင်တာ အံ့သြစရာမရှိဘူးပဲ ၊ အချိန်ထပ်ဆွဲနေလို့ မဖြစ်တော့ဘူး”

“တားမြစ် ပညာရပ်ကို သုံးကြမယ် !”

ခေါင်းဆောင် ဖြစ်သူသည် နောက်ဆုံးဝှက်ဖဲကို အသုံးပြုရန် ဆုံးဖြတ်ခဲ့သည်။

သူတို့အားလုံး၏ခွန်အားများကို စုစည်းကာ သူတို့ထဲက လေးယောက်ကို တားမြစ်ထားသော လျှို့ဝှက်မှော်အတတ်ဖြင့် အချိန်တိုအတွင်း မဟာဧကရာဇ်မင်းနယ်ပယ်အဆင့်သို့ ဖြတ်ကျော်ဝင်ရောက်စေမည် ဖြစ်သည်။

သို့သော် ဤနည်းကိုအသုံးပြုခြင်းသည် အချိန်ယူရပြီး တစ်စုံတစ်ယောက်က သူတို့အတွက် အချိန်ဆွဲထားပေးရန် လိုအပ်ပေသည်။

ထို့နောက် ဝတ်ရုံနက်လူသည် ဝမ်ချင်ထျန်းတို့ ခြောက်ယောက်ကို လှမ်းအော်လိုက်သည်။

“ဒါက စူးချန်ကဲကို သတ်ဖို့ ငါတို့အတွက် အခွင့်ကောင်းပဲ!”

“ ငါတို့အတွက် သူက သေသင့်တဲ့ရန်သူပဲ ၊ စူးချန်ကဲကိုသာ သတ်နိုင်မယ်ဆိုရင် ငါတို့ ဧကရာဇ်ဖြစ်ဖို့ စိတ်ကူးမရှိဘူး “

“စူးချန်ကဲ မသေရင် ၊ မင်းတို့လည်း ကံကြမ္မာ မဟာဧကရာဇ်မင်း ဘယ်တော့မှ ဖြစ်လာမှာမဟုတ်ဘူး!”

ထိုစကားများထွက်လာသည်နှင့် တပြိုင်နက် လူတိုင်း၏နှလုံးသားထဲတွင် ခံစားချက်လှိုင်းတံပိုးကြီးတစ်ခု ဝင်ရောက်လာခဲ့သည်။

မှန်၏။

စူးချန်ကဲ စောနလေးက ပြသခဲ့သောအရည်အချင်းများကို အကဲခတ်ကြည့်ရလျှင်ဖြင့် ၊ သူ မသေဆုံးသရွေ့ သူသည် ကံကြမ္မာ မဟာဧကရာဇ်မင်းတစ်ပါး ဖြစ်လာမည်မှာ ဧကန်မလွဲပင်။

ဝမ်ချင်ထျန်းတို့ ခြောက်ယောက်စလုံ၏ မျက်လုံးများသည် တစ်ဖန် တောက်ပလာခဲ့သည်။

စူးချန်ကဲကို သတ်လိုက်ခြင်းသည် ကွေးယွမ် သူတော်စင် နယ်မြေ၏ သွေးထွက်သံယို လက်စားချေမှုကို ခံရနိုင်သည် ။

သို့သော် ၊ ဤနောက်ဆုံးသော ဧကရာဇ်လျှောက်လှမ်းတွင် ဘဝ၏ သေခြင်းရှင်ခြင်းကို ကံကြမ္မာကသာ ဆုံးဖြတ်သည်။

စူးချန်ကဲကို သတ်ရန် ပူးပေါင်းလုပ်ဆောင်ခြင်းသည် အဘယ်ကြောင့် သူတို့အပြစ်ဟုခေါ်နိုင်မည်နည်း ။

ထို့အပြင်၊ ကွေးယွမ် သူတော်စင်နယ်မြေသည် မျိုးဆက်ဟောင်းများ ဝင်ရောက်မစွက်ဖက်သ၍ မျိုးဆက်သစ်များအနေဖြင့် သူတို့လိုချင်သမျှကို လုပ်နိုင်သည်ဟု ဆိုထားသည်။

“ဆူညံလွန်းတယ်”

စူးချန်ကဲ၏ မျက်လုံးများသည် လျစ်လျူရှုထားဟန်ရှိပြီး ၊ သူသည် ဓားထုတ်ပေတော့မည်။

ထိုစဉ် ဝမ်ချင်ထျန်း၏ ညွှန်ကြားမှုကို ကြားလိုက်ရသည်။

“ အတူတူတတ်ကြမယ် ၊ စူးချန်ကဲ မသေရင် ငါတို့ ကံကြမ္မာ မဟာဧကရာဇ်မင်းဖြစ်လာဖို့ အခွင့်အလမ်း မရှိတော့ဘူး!”

ဝမ်ချင်ထျန်း၏ ဦးဆောင်မှုအောက်တွင် ၊ ကျန်ငါးဦးစလုံးသည်လည်း ၎င်းတို့၏ မှော်အတတ်များကို အသက်သွင်းလိုက်သည်။

ပြင်းပြသောဆန္ဒအောက်တွင်၊ မူလက ဒဏ်ရာအသီးသီးဖြင့် ရှိနေခဲ့သော လူခြောက်ဦးစလုံးသည် တောင်နှင့် မြစ်များကို လွှမ်းမိုးနိုင်သည့် ကြောက်မက်ဖွယ်ရာ စွမ်းအားများဖြင့် ပေါက်ကွဲထွက်လာကြသည်။

ထိုမြင်ကွင်းကိုမြင်တော့ စူးချန်ကဲသည် ပြုံးလိုက်သည် ။

“ကောင်းပြီလေ ၊ ဒါဆို မင်းတို့ကိုလည်း အတူတူ ပို့ဆောင်ပေးမယ်”

အပိုင်း(၄၆၀): ဇီဝ တားမြစ်နယ်မြေ

ထိုစကားများထွက်လာသည်နှင့် တစ်ပြိုင်နက် ၊

ဘုန်း--! !

စူးချန်ကဲသည် ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် လက်ရှိနေရာတစ်ဝိုက်တွင် ကြောက်မက်ဖွယ်ရာ ကောင်းသော တိုက်ပွဲဝင်စိတ်ဓာတ်များ တဟုန်ထိုး ပျံ့နှံ့ထွက်ပေါ်လာခဲ့သည်။

ဤအခိုက်အတန့်တွင်၊

အဆုံးမရှိသော တန်ခိုးစွမ်းအားတို့သည် သူ၏ လက်ဖဝါးပေါ်တွင် စုဝေးဖြစ်တည်နေသည်။

သွေးချီစွမ်းအားများသည် မိုးခြိမ်းသံအလား ဟောက်သံပြုနေပြီး ၊ တစ်ဖန် မိုးနဂါးတစ်ကောင်ကဲ့သို့ ဟောက်သံပြုနေသည်။

သူ၏ ကြောက်မက်ဖွယ်ရာ ကောင်းသော လက်သီးသည် နေရောင်ခြည်စက်ဝန်းကဲ့သို့ တောက်ပနေပြီး အရာအားလုံးကို အငွေ့ပျံသွားစေနိုင်သော သတ္တိမျိုးရှိပုံရသည်။

ဝုန်း !!

ဝမ်ချင်ထျန်းဦးဆောင်သော လူခြောက်ယောက်အဖွဲ့မှ ထုတ်လွှတ်လိုက်သော မှော်လက်နက်များနှင့် စူးချန်ကဲ၏လက်သီးသည် ကွက်လပ်ထဲတွင် ပြင်းထန်စွာ တိုက်မိသွားကြသည်။

ဤသည်မှာ နောက်ဆုံးသော ဧကရာဇ်လျှောက်လှမ်းပေါ်တွင် ကျန်ရစ်ခဲ့သော တိုက်‌မြေသုံးထောင်မှ ထိပ်တန်းပါရမီရှင်များ နှင့် တားမြစ်ချက် ပါရမီရှင်ကြားက နောက်ဆုံးပွဲစဉ် ဖြစ်သည်။

ထိတ်လန့်တုန်လှုပ်ဖွယ်ရာ ပေါက်ကွဲသံသည် အရပ်ရှစ်မျက်နှာတခွင်လုံး ပျံ့နှံ့ရိုက်ခတ်သွားသည်။

ခုနစ်ယောက်နှင့် တစ်‌‌ယောက် ထိပ်တိုက်‌ရင်ဆိုင်နေကြသည့် နေရာကိုဗဟိုပြုလျက် ၊

အလွန်ကြောက်မက်ဖွယ်ကောင်းသော အလင်းလှိုင်းများသည် ကျယ်ပြောလှသော ကမ္ဘာမြေအနှံ့ လွင့်စင်သွားသည်ကို မြင်ရပေလိမ့်မည်။

အဆိုပါ ကြောက်မက်ဖွယ်ကောင်းသော နတ်အလင်းလှိုင်းများသည် ပရမ်းပတာ လျှပ်စီးမိုးကြိုး ပင်လယ်နှင့် ထိတွေ့ခဲ့လေရာ ၊ ထိုအခိုက်အတန့်မှာပဲ ပရမ်းပတာ လျှပ်စီးမိုးကြိုး ပင်လယ်သည်ပင် ပျက်သုန်းကာ ပျောက်ကွယ်သွားခဲ့လေသည်။

မူလက ကွဲအက်နေခဲ့သော ကြယ်အပျက်အစီးများသည်လည်း ၎င်းနှင့် ထိမိသည့်အခိုက်တန့်တွင် အငွေ့အဖြစ်သို့ လွင့်ပျံသွားခဲ့ရသည်။

အခြားကြည့်ရှုသူများကလည်း ၎င်းတို့၏ကျင့်ကြံစွမ်းအားများကို အလျင်အမြန် အသက်သွင်းခဲ့ကြပြီး ခုခံမှုအခင်းအကျင်း တစ်ခုကို တည်ဆောက်ကာ အခြေအနေကိုထိန်းထားနိုင်ခဲ့သည်။

“ဒါကမှ နောက်ဆုံးသော ဧကရာဇ်လျှောက်လှမ်းကို လွှမ်းမိုးထားနိုင်တဲ့ ထိပ်တန်းတည်ရှိမှုဆိုတာလား?”

သူတို့အားလုံး၏ရှေ့တွင် တဟုန်းဟုန်း တောက်လောက်နေသော အလင်းလှိုင်းများကို ကြည့်ရင်း ၊ အချို့သော ပါရမီရှင်တို့မှာ တုန်လှုပ်နေကြသည်။

နောက်ဆုံးသော ဧကရာဇ်လျှောက်လှမ်းထိ တတ်ရောက်လာနိုင်သော လူချင်းအတူတူ ၊ ဒါပေမဲ့ ကွာခြားချက်က ဒီလောက်တောင် ကြီးရသလား!?

တစ်ပွဲတစ်လမ်း ဆင်နွဲပြီးတိုင်း ၊

ရောင်ခြည်စက်ဝန်းသည်လည်း ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားတတ်သည်။

စူးချန်ကဲနှင့် လူခုနစ်ယောက်သည် ကွက်လပ်တွင် မျက်နှာချင်းဆိုင် ရပ်နေကြသည်။

သို့သော်။

စူးချန်ကဲသည် တည်ငြိမ်စွာဖြင့် ရှိနေပြီး ၊

တစ်ဖက်က လူခြောက်ယောက်စလုံးမှာဖြင့် အနည်းငယ် ကြည့်ရဆိုးနေပြီး ၊ အသက်ရှုနှုန်းမှာ မတည်မငြိမ် ဖြစ်နေသည်။ သူတို့အားလုံး ဒဏ်ရာအပြင်းအထန် ရရှိထားပုံရသည်။

“ဟင့်အင်း...ဘာလို့ဒီလိုဖြစ်ရတာလဲ...”

ဝမ်ချင်ထျန်းသည် သူ၏ညာလက်ကို တုန်တုန်ယင်ယင်ဖြင့် မြှောက်လိုက်သည်။

ယခုလေးတင် သူတို့ခြောက်ယောက်စလုံးသည် စူးချန်ကဲကို တစ်ရှိန်ထိုး သတ်နိုင်ရန် ခွန်အားရှိသမျှ အသုံးချခဲ့သည် ။

သို့သော် အဆုံးတွင် ၊ သူတို့သာလျှင် စိတ်ပျက်လက်ပျက်ဖြစ်ကာ အားငယ်ခဲ့ရသည်။

ယခုအချိန်အထိ စူးချန်ကဲ၏ကြောက်မက်ဖွယ်ရာ စွမ်းအားများသည် သူတို့၏ အသွေးအသားထဲထိ နစ်ဝင်နေသကဲ့သို့ လူကို မေ့ပျောက်ဖို့ ခက်စေသည်။

“ဟားဟား၊ ဒါက တားမြစ်ချက်လို့ ခေါ်ရလောက်တဲ့ ချန်ကဲ ဆက်ခံသူဆိုတာလား?”

ရုတ်တရက်ဆိုသလို ၊ ကျောက်ဝူကျီသည် ရယ်မောလိုက်ရင်း ဆိုလေသည်။

“ ဒီလိုတားမြစ်ချက်နဲ့ နောက်ဆုံးတိုက်ပွဲကို ဆင်နွှဲရတာ ငါ့ကိုယ်ငါ နောက်ဆုံးသော ဧကရာဇ်လျှောက်လှမ်းကို ထိုက်တန်စွာ လျှောက်လှမ်းခဲ့တယ်လို့ ခံယူမိတယ်”

အခြားသော ပါရမီရှင်များ၏ မျက်လုံးထဲတွင်လည်း တိုက်ပွဲဝင်စိတ်ဓာတ်များ တဟုန်းဟုန်း တောက်လောက်လျက်ရှိသည်။

သူတို့သည် ခေတ်ပြိုင် ပါရမီရှင်များဖြစ်သည်နှင့်အလျောက် သူတို့၏ ဘဝတစ်သက်တာတွင် ပြိုင်ဘက်ကင်းသော ပါရမီရှင်များ ဖြစ်ခဲ့ကြသည်။

သို့သော်၊ မျိုးနွယ်စု အကြီးအကဲများသည် မလိုအပ်ပါက စူးချန်ကဲနှင့် ရန်သူမဖြစ်ရန် မှာကြားခဲ့သည်။

သို့သော် သူတို့သည် ဒါကို ကျေကျေနပ်နပ် လက်ခံနိုင်မတဲ့လား!?

ပြိုင်ဖက်ကင်းမဲ့သော ပါရမီရှင်ချင်းအတူတူ ၊ ဂုဏ်ယူဝံ့ကြွားရမည့် ပါရမီရှင်ချင်းအတူတူ စူးချန်ကဲသည် သူတို့နှင့် မည်မျှတောင် ကွာခြားလေသနည်း။

“ဟမ်!”

ထိုက်ယီတာအိုဂိုဏ်း၏ အမွေဆက်ခံသူ ဝူတန်က နောက်တစ်ကြိမ် ဦးဆောင်လာခဲ့သည်။

“ထိုက်ယီ လက်သီး!”

ကြောက်မက်ဖွယ်ကောင်းသော မှော်စွမ်းအားများကို သူ၏ညာလက်သီးတွင် စုစည်းကာ စူးချန်ကဲကို ထပ်မံထိုးနှက်လိုက်သည်။

မိုင်ထောင်ပေါင်းများစွာအထိပင် ဟင်းလင်ပြင်မျက်နှာပြင်ပေါ်၌ အက်ကွဲကြောင်းများ ဖြစ်ပေါ်လာခဲ့သည်။

ကျန်လူများကလည်း တွန့်ဆုတ်မနေဘဲ ၎င်းတို့၏ကိုယ်ထဲက နိယာမစွမ်းအားများကို စုစည်းလိုက်ကြသည်။

၎င်းတို့၏လက်သီးများဖြင့် အသီးသီး ထိုးနှက်တိုက်ခိုက်ခဲ့လေရာ မရေမတွက်နိုင်သော လက်သီးအလင်းများသည် ကမ္ဘာကို ပြိုကျအောင် ဖန်တီးခဲ့သော ရှေးအထွတ်အမြတ် တောင်တန်းများသဖွယ် ကောင်းကင်ကို ဖြိုခွင်းပစ်လေ၏။

“အချိန်- အာကာသ ဖော့ထျန်းလက်သီး!”

စူးချန်ကဲသည် တုံ့ဆိုင်းမနေဘဲ အလားတူလက်သီးဖြင့် ပြန်လည်ထိုးနှက်ခဲ့သည်။

ဝုန်း ! !

တစ်ဖက်က ကြယ်စင်များကဲ့သို့ လှပကာတောက်ပပြီး ၊

ကျန်တစ်ဖက်သည် နေရောင်ခြည်သဖွယ် တောက်ပနေသည်။

တခဏချင်းမှာပဲ၊ အက်ကွဲကြောင်းပြုနေသော ဟင်းလင်းပြင်မျက်နှာပြင်သည် အစွန်းရောက်အင်အားစုနှစ်ခု၏ ထိပ်တိုက်ဆုံတွေ့မှုအောက်တွင် ထိန်းချုပ်မှုကင်းလွတ်သွား‌ခဲ့တော့သည်။

၎င်းသည် မရေမတွက်နိုင်သော အမှုန့်များအဖြစ်သို့ လုံးဝကွဲထွက်သွားပြီး အလွှာတစ်ခုပြီးတစ်ခု ပြိုကျလာခဲ့သည်။

ဘန်း ဘန်း ဘန်း!!!

တစ်ဖက်နဲ့တစ်ဖက် ရန်ဖြစ်လိုက်တိုင်း အပျက်သဘောဆောင်သော အသံများ ထွက်ပေါ်လာတတ်သည်။

အဆုံးမရှိသောရောင်ဝါများ၏ ပေါက်ကွဲမှုအောက်တွင် ၊ ဟင်းလင်းပြင် ကွက်လပ်၌ ကြောက်မက်ဖွယ်ကောင်းသော အာကာသ တုန်ခါမှုများကို ဖြစ်ပေါ်စေသည်။

ပရမ်းပတာ လျှပ်စီးမိုးကြိုးပင်လယ်၏အစွန်းကို ရိုက်ခတ်ခဲ့လေရာ အဆုံးမရှိသော အဖျက်မိုးကြိုးသွားများသည်ပင် ပျက်စီးကိန်းစိုက်ရသည်။

…….

ဤနေရာရှိ တိုက်ပွဲများအကြောင်း ဆက်မပြောခင် ၊

ပြင်ပကမ္ဘာမှ မကောင်းဆိုးဝါးများနှင့် ကွေးယွမ်သူတော်စင်နယ်မြေကြားက စစ်ပွဲကြီးသည် ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။

ပေမင်တိုက်မြေ ၊ ကြယ်တာယာ ကောင်းကင်အလွန်တွင်

ရုတ်​တရက်​၊ ​ကောင်းကင်​နှင့်​ကမ္ဘာတစ်​ခွင်​လုံးကို ပဲ့တင်ထပ်သွားသော​ ​ပေါက်ကွဲသံကြီးတစ်​ခု​ ထွက်ပေါ်လာခဲ့သည်​။

ကွေးယွမ် ပရမ်းပတာခေါင်းလောင်းသည် ကြောက်မက်ဖွယ်ကောင်းသော တန်ခိုးစွမ်းအားများဖြင့် ပေါက်ကွဲနေပြီး အထက်ကောင်းကင်ယံတွင် တွဲလောင်းရှိနေသည်။

တခဏချင်းမှာပဲ ၊ ပရမ်းပတာစွမ်းအားများသည် အရှိန်အဟုန်ပြင်းစွာ ရိုက်ခတ်သွားလေရာ အဆုံးမရှိသော ကြယ်ရောင်စုံ ကောင်းကင်ကြီးကို လွှမ်းခြုံထားခဲ့သည်။

စကြဝဠာကြီးကို လွှမ်းခြုံထားသော နဂါးငွေ့တန်း ဂလက်ဆီကဲ့သို့ ၊ တစ်ဖန် ကောင်းကင်ဘုံ အမြင့်တစ်နေရာကနေ ဆင်းသက်လာသော ဟုန်မုန်ခရမ်းလေကဲ့သို့ပင်။

🍁T/N - ဟုန်မုန်ခရမ်းလေ - စကြဝဠာ၏ မူလစွမ်းအင် တစ်ခု 🍁

ဒင်——!!

ပဲ့တင်ထပ်သွားသော ခေါင်းလောင်းသံနှင့်အတူ ၊

မျက်စိတစ်မှိတ်အတွင်းမှာပင် ၊ မရေမတွက်နိုင်သော ခေါင်းလောင်း အကြွင်းအကျန်များသည် အထက် ကောင်းကင်တွင် ပြည့်ကျပ်စွာ ထွက်ပေါ်လာသည်။

ဘုန်း ! !

ကွေးယွမ် ပရမ်းပတာခေါင်းလောင်း၏ မျက်နှာခြင်းဆိုင်အရပ်တွင် ၊

အဝါရောင်ကိုယ်ထည်နှင့် မရေမတွက်နိုင်သော မကောင်းဆိုးဝါး‌မှော်အက္ခရာများကို ရေထွင်းထားသော စည်းတံဆိပ်တစ်ခု ရှိနေပြီး ၊ ၎င်းသည်လည်း အလားတူ ကြောက်မက်ဖွယ်ကောင်းသော နတ်အလင်းရောင်များကို ထုတ်လွှတ်နေသည်။

နှစ်ဖက်စလုံးသည် နောက်ဆုံးတိုက်ပွဲအတွက် အဆင်သင့်ဖြစ်ပုံရသည်။

ဝီ! !

မဟာလမ်းစဉ်၏ အနှိုင်းမဲ့ နတ်ဘုရားလက်နက်နှစ်ခုစလုံးသည် ပို၍ ပြင်းထန်စွာ ပြိုးပြိုးပျက်ပျက် တောက်ပသွားလေသည်။

အဆုံးတွင်၊ ၎င်းတို့သည် အချင်းချင်း အပြင်းအထန် တိုက်ခိုက်ခဲ့ကြသည်။

ဘုန်း ! !

ရှေးခေါင်းလောင်းသည် ကောင်းကင်ကြီးတစ်ခုလုံးကို တုန်ခါအောင်ပြုစားနေပြီး ၊ စည်းတံ‌ဆိပ်သည် တစ်လောကလုံးကို နှိပ်ကွပ်ထားသည်။

နတ်လက်နက်နှစ်ခုသည် ကမ္ဘာနှစ်ခုကို ကိုယ်စားပြုနေသလိုပင်။

တစ်ဖက်တွင် ၊ ပရမ်းပတာအလင်းများ ပွင့်ထွက်လာပြီး ၊

ကျန်တစ်ဖက်တွင်မူ၊ မကောင်းဆိုးဝါးစွမ်းအင်များ ဖြတ်ကျော်ဝင်ရောက်လာသည်။

တစ်ချိန်တည်းမှာပင် နတ်လက်နက်နှစ်ခု တိုက်မိသွားသည်။

မကောင်းဆိုးဝါးမျိုးနွယ်ဝင် တပ်ဖွဲ့နှင့် ကွေးယွမ်၏ တပ်ဖွဲ့တို့သည်လည်း အဆုံးတွင် ပြင်းပြင်းထန်ထန် တိုက်ခိုက်ကြလေသည်။

မုန်တိုင်းများသည် အဆုံးမရှိ ဖြတ်ကျော် ဝင်ရောက်လျက်ရှိသည်။

နှစ်ဖက်တပ်များသည် အပြန်အလှန် တိုက်ခိုက်နေကြသည်။

“မကောင်းဆိုးဝါးမျိုးနွယ်ရဲ့ ဂုဏ်ကျက်သရေအတွက်၊ ငါတို့မှာ နောက်ဆုတ်စရာလမ်းမရှိတော့ဘူး!”

“အချိန်တွေသာ ကုန်ပြီး ၊ ကမ္ဘာကြီးသာ ပြောင်းလဲသွားမယ်၊ ငါ့ရဲ့ ကွေးယွမ် သူတော်စင် နယ်မြေက ထာဝရပဲ”

“မကောင်းဆိုးဝါးမျိုးနွယ်စုကို ဖျက်ဆီးပြီး ငါတို့နယ်မြေရဲ့ နာမည်ကို သက်သေပြမယ် “

“…….”

ဤအခိုက်အတန့်တွင် ၊ သွေးစွန်းနေသော ချပ်ဝတ်တန်ဆာများသည်ပင် ကွဲအက်ခဲ့ချေပြီ။

မရေမတွက်နိုင်သော အသက်များလည်း ကြွေလွင့်ခဲ့ရလေပြီ။ မကောင်းဆိုးဝါးဘုရင်၏ အလောင်းများသည် နေရာတိုင်းတွင် ရှိနေပြီး ၊ သူတော်စင်ဧကရာဇ်ပင်လျှင် ဝမ်းနည်းစွာဖြင့် ကျဆုံးခဲ့ရသည် ။

ဘုန်း ——!!

ဟောက်သံများက အဆက်မပြတ် ။

အဆုံးမရှိသော သွေးချီစွမ်းအားများက တသိမ့်သိမ့် ရိုက်ခတ်လျက် စကြဝဠာအနှံ့ ပျံ့နှံ့သွားသည်။

ပေမင်တိုက်မြေကို ကွေးယွမ် သူတော်စင် နယ်မြေ၏ ရှေးဘိုးဘေးများက အထူးလျှို့ဝှက်နည်းလမ်းများဖြင့် ကာကွယ်ပေးမထားပါက ၊ ဤကြောက်စရာကောင်းသော တိုက်ပွဲတွင် ပေမင်တိုက်မြေတစ်ခုလုံး ပြာအဖြစ်သို့ ပြောင်းလဲသွားပေလိမ့်မည်။

ကြယ်တာယာ ကောင်းကင်၏အလွန်တွင် ၊

အနှိုင်းမဲ့နတ်လက်နက် နှစ်ခုလုံး အချင်းချင်း တိုက်မိကြသည်။

မဟာလမ်းစဉ်၏ အပြင်းထန်ဆုံးသော စွမ်းအားများ ထွက်ပေါ်လာပြီး ၊

မဟာလမ်းစဉ် , စည်းမျဉ်း, ကံတရား, ယုံကြည်မှု!

ဤကြောက်မက်ဖွယ်ကောင်းသော အရာတို့သည် နောက်ဆုံးတွင် အဆုံးသတ်ပေတော့မည်။

ဤအခိုက်အတန့်တွင်၊ ဝူကျီတိုက်မြေတစ်ခုလုံးသည် ဤတောက်လောင်နေသော နတ်အလင်းရောင်၏ ဖုံးလွှမ်းမှုအောက်တွင် နေ့ခင်းဘက်သဖွယ် ရှိနေသည်။

ဟောက်သံကလွဲ၍ ၊ အရာအားလုံးကို အဖြူရောင်အလင်းတန်းများက လွှမ်းခြုံထားလေသည်။

ဤသည်ကား ခေတ်၏ ပျက်သုန်းခြင်း ဖြစ်သလို ၊

ခေတ်သစ်တစ်ခု ထွန်းကားခြင်း၏ အစပေတည်း။

……..

လျို့ဝှက်နယ်မြေ၌ ၊

အလင်းမရှိ၊ ကြယ်မရှိ၊ မည်သည့် အသက်စွမ်းအင်မှ ရှိမနေချေ။

ဤနေရာသည် ၊

ဘဝ၏ တားမြစ်နယ်မြေဖြစ်ပြီး ၊ မဟာလမ်းစဉ်၏ တားမြစ်နယ်မြေဆိုလည်း ဟုတ်သည်။

ဘယ်နေရာကိုပဲ ကြည့်ကြည့် ၊ ထာဝရဆိတ်သုဉ်းခြင်းသာ ရှိသည်။

ဤနေရာကို ဇီဝတားမြစ်နယ်မြေဟု ခေါ်သည်။

ကမ္ဘာပေါ်ရှိလူများက ၎င်းကို ကောင်းကင်ကိုးထပ်ရဲ့အထက် တည်ရှိမှုဟု ခေါ်ကြသည်။

၎င်းတို့သည် ဒဏ္ဍာရီလာ အမတဘုံနှင့် အနီးစပ်ဆုံးတည်ရှိမှု ဖြစ်သည်။

ဤအခိုက်အတန့်တွင်၊ ဇီဝတားမြစ်နယ်မြေ၌ ကြောက်ခမန်းလိလိ နိယာမ စွမ်းအားများ ရုတ်တရက် ထွက်ပေါ်လာသည်။

သက်ရှိများ၏ အသက်နှင့် သေဆုံးခြင်းကို ထိန်းချုပ်ထားသော အဆုံးမဲ့သော ငြိမ်းချမ်းမှု(နိဗ္ဗာန်)ထဲက မူလအစဘိုးဘေးများကဲ့သို့ အမှောင်ထုထဲတွင် ရပ်နေသော လူရိပ်များရှိနေသည်။

ဝုန်း ! !

ထိုနေရာတွင် ပလ္လင်ငါးခုကို ဖန်တီးထားပြီး ၊ ၎င်းတို့ပေါ်တွင် ထိုင်နေသူ ပုဂ္ဂိုလ်များရှိသည်။

“ဟီးဟီး... မကောင်းဆိုးဝါးကောင်တွေ ရှုံးသွားပြီ “

“ ကွေးယွမ် သူတော်စင်နယ်မြေက အရင်လို သန်မာဆဲပဲ !”

“ ဟမ်! အခု ကွေးယွမ်သူတော်စင်နယ်မြေက ခေတ်ရဲ့ အတားအဆီးတွေကို ချိုးဖျက်လိုက်တဲ့အတွက် အမတနယ်မြေ နဲ့ တိုက်မြေသုံးထောင် မကြာခင် တစ်ထပ်တည်းကျတော့မယ် “

“ငါတို့ ဇီဝတားမြစ်နယ်မြေက တားမြစ်ကုန်းပြင်မြင့်နဲ့လည်း ချိတ်ဆက်တော့မယ် ၊ ကွေးယွမ်သူတော်စင် နယ်မြေဆိုတောင် ဘာလုပ်နိုင်မှာလဲ “

ထိုစကားသံအဆုံးတွင်

ကျန်လေးယောက်စလုံး ပြုံးလိုက်ကြသည် ။

မှန်၏ ။

ကွေးယွမ် သူတော်စင်နယ်မြေသည် အချိန်အတော်ကြာအောင် အောင်မြင်ကျော်ကြားလာခဲ့သည်။

ဤခေတ်သစ်တွင် ဒေဝလောကတစ်ခုလုံး ပြန်လည်စတင်ပေတော့မည်။

တစ်နည်းအားဖြင့် ၊ ပိတ်ကားချရန် အချိန်တန်ချေပြီ။

All Chapters