အခန်း (၄၂၁-၄၂၅)
Vol. 31 Ch. 421-425
အပိုင်း(၄၂၁): ဧကရာဇ်လျှောက်လှမ်းရဲ့သုညဂိတ် ဒီမှာတင် ပြတ်တောက်သွားပြီ!
တစ်ဖက်တွင်။
ဧကရာဇ်လျှောက်လှမ်း၏ အဋ္ဌမအဆင့်၊ နိဗ္ဗာန်နနတ်ဆိုးတောင်။
ဧကရာဇ်လျှောက်လှမ်း၏ အထူးခြားဆုံး နဝမအဆင့်မှလွဲ၍ ၊ ပါရမီရှင်များအနေဖြင့် တတိယအဆင့်မှ အဋ္ဌမအဆင့်ထိ ကြိုက်သလို ဖြတ်သန်းခွင့်ရှိသည်။
သို့သော် ခပ်ပူပူ တို့ဟူးကို အလျင်စလို စားဖို့ရန်မသင့်ပေ။
ထို့ကြောင့် ဧကရာဇ်လျှောက်လှမ်း၏ အဋ္ဌမအဆင့်ရှိ လူအရေအတွက်မှာ ရေတွက်လို့ရသည့်အထိ နည်းပါးသည်။
နေကို ကာစီးပိတ်ဆို့နေသော တောင်တန်းများရှိရာအရပ်တွင် ။
"အားးး! ငါ့ညီ!!!"
ရင်ကွဲနာကျသော အော်ဟစ်သံသည် ကောင်းကင်ယံ၌ ပဲ့တင်ထပ်လို့သွားသည်။
အဆုံးမရှိသော ဒေါသတရားများနှင့် လူသတ်လိုသော စိတ်ဆန္ဒများ ပါဝင်နေပုံရသည်။
ကြောက်မက်ဖွယ် အင်အားကြောင့် ဖြစ်ပေါ်လာသော အသံလှိုင်းများ ထွက်ပေါ်လာခဲ့သည်။
မီးခိုးရောင် မြူခိုးများကြား ကွယ်ဝှက်နေသော တောင်တန်းများသည်ပင် အစိတ်စိတ်အမြွှာမြွှာ ကွဲအက်သွားခဲ့သည်။
အသံလားရာကို ကြည့်မည်ဆိုပါက၊
ထိုကဲ့သို့ ဝမ်းနည်းပက်လက်ဖြစ်နေသူမှာ မကောင်းဆိုးဝါးစွမ်းအားများကို သူ့တစ်ကိုယ်လုံးအနှံ့ ဖြန့်ကျတ်ထားသော အနက်ရောင် အဝတ်အစားနှင့် အမျိုးသားတစ်ဦး ဖြစ်သည်။
ဒေါသလွန်ကဲမှုကြောင့် သူ၏ ချောမောသောအသွင်အပြင်သည်ပင် ပုံပျက်ပန်းပျက် ဖြစ်နေသည်။
သူ၏မျက်လုံးများ နီရဲနေသည်မှာ အလွန်ကြောက်မက်ဖွယ် ကောင်းလှသည်။
" ဟွမ်ထျန်း..."
ကွဲအက်သံ!
ပြင်းထန်သော မကောင်းဆိုးဝါးစွမ်းအင်များသည် သူ့ကို ဗဟိုပြုလျက် အရပ်မျက်နှာတစ်ခွင် ပျံ့နှံ့သွားသည်။
မြေပြင်ပေါ်တွင် ပင့်ကူမျှင်ကဲ့သို့ အက်ကွဲကြောင်းများစွာ ပေါ်ထွက်လာခဲ့ပြီး ၊ ဤအခြေအနေတစ်ခုလုံးသည် အလွန်တုန်လှုပ်ချောက်ချားဖွယ် ကောင်းလှသည်။
သူသည် ချန်းဟွမ်းထျန်း၏ အစ်ကိုကြီး ၊ ကောင်းကင်ဘုံ မကောင်းဆိုးဝါးတောင်တန်း၏ နံပါတ်တစ် ပါရမီရှင်ဖြစ်သည့် ၊
ချန်းဟွမ်းကျီ!
သူ၏လက်ရှိကျင့်ကြံမှုသည် ဧကရာဇ်တစ်ပိုင်းနယ်ပယ် စတုတ္ထအဆင့်ဖြစ်ပြီး ၊ ဧကရာဇ်အလိုဆန္ဒ နှစ်ဆယ့်သုံးမျိုးအထိ စုစည်းထားနိုင်ခဲ့သည်။
သူသည် ရှေးဦးဗီဇချီလင် ဘိုးဘေးအသွေးနှင့် ရှေးဦးဗီဇ နတ်ဆိုးမိစ္ဆာချီလင်၏ အသွေးကိုလည်း ပိုင်ဆိုင်ထားသည်။
သူသည် အလင်း၏ စွမ်းအားကို အသုံးချနိုင်ရုံသာမက ၊ သူ၏ မူလဇစ်မြစ်ကို ပြောင်းပြန်လှန်ကာ အမှောင်၏ရင်းမြစ်အဖြစ်သို့ပင် ပြောင်းလဲနိုင်သည်။
၎င်းသည် အလင်းနှင့်အမှောင်ကို အတူတကွလေ့ကျင့်နိုင်သည်ဟု နားလည်နိုင်သည်။
သူနှင့် ချန်းဟွမ်းထျန်းတို့သည် သွေးသားရင်းများ ဖြစ်ကြသည်။
ထို့ကြောင့်၊ ချန်းဟွမ်းထျန်း ကျဆုံးသွားမှန်း သူသည် အလိုအလျောက် ခံစားမိနိုင်သည်။
အမျက်ဒေါသ နှင့် ပူဆွေးမှု ဖြစ်ပေါ်နေသည့် ယခုလိုအခြေအနေအောက်တွင် ၊ သူ့ကိုယ်ပိုင် ခွန်အားကို ထိန်းချုပ်ရန် အခက်အခဲရှိနေခဲ့သည်။
အလင်းနှင့် အမှောင်တို့သည် ရောယှက်ကာ ဟောက်သံပြုနေကြပြီး ၊ ထူးဆန်းသော ဖြစ်စဉ်များက ဒီရေအလား ဖြစ်ပေါ်လာကာ ဟင်းလင်းပြင်အလွှာများပင်လျှင် ပြိုကျအက်ကွဲတော့မည်။
" အခုက မင်းဝမ်းနည်းရမယ့် အချိန်မဟုတ်သေးဘူး"
သူ့အနားက စုမျဲ့သည် ခပ်ဖျော့ဖျော့ ပြုံးကာ ဆိုလိုက်သည်။
ထို့နောက် သူ့လက်ကို ကျပန်းဝှေ့ယမ်းလိုက်သည်။
မဟာလမ်းစဉ်၏ ရောင်ပြာတန်း တစ်စင်းသည် သူ၏လက်ဖဝါးထဲမှ ထွက်ပေါ်လာသည်။
သူသည် ထိန်းချုပ်နိုင်စွမ်းကင်းမဲ့နေသော ချန်းဟွမ်းကျီကို ထိန်းချုပ်လိုက်သည်။
သူ၏ ကျင့်ကြံမှုသည် ချန်းဟွမ်းကျီထက် ပို၍ ကြောက်စရာကောင်းပြီး ၊ သူသည် ဧကရာဇ်တစ်ပိုင်း နယ်ပယ် ပဉ္စမအဆင့်အထိပင် ချိုးဖျက်နိုင်ခဲ့သည်။
သူ စုစည်းထားသော ဧကရာဇ်အလိုဆန္ဒ အရေအတွက်သည် ယခင် ဆယ့်သုံးမျိုးမှ လက်ရှိ နှစ်ဆယ့်ငါးမျိုးအထိ ပြောင်းလဲနိုင်ခဲ့သည်။
၎င်း၏အရည်အချင်းများက သူ့ကိုယ်သူ သက်သေပြနေသည်။
စုမျဲ့သည် ခပ်ဖျော့ဖျော့ပြုံးကာ ဆိုလိုက်သည်။
" နိဗ္ဗာန နတ်ဘုရားကျောင်းရဲ့ တည်နေရာကို ရှာတွေ့ပြီ၊ ငါတို့ရဲ့ တကယ့်အစီအစဥ်က စတော့မယ်"
"မင်းရဲ့ဝမ်းနည်းမှုကြောင့် ငါတို့ရဲ့ အရေးကြီးတဲ့ကိစ္စကို မနှောင့်နှေးစေနဲ့ "
" မင်း ပါးစပ်ပိတ်ထား!"
ချန်းဟွမ်းကျီသည် ဟောက်လိုက်သည်။
" ဘာက အရေးကြီးတယ် ၊ အရေးမကြီးဘူးဆိုတာ ငါ သိတယ် !"
စုမျဲ့ကို တချက်ကြည့်ပြီးနောက်၊
ချန်းဟွမ်းကျီသည် နိဗ္ဗာန်နနတ်ဆိုးတောင်၏ အနက်ရှိုင်းဆုံး အပိုင်းထဲသို့ တန်းတန်းမတ်မတ် ဝင်ရောက်သွားခဲ့သည်။
စုမျဲ့သည် ၎င်း၏အပြုအမူကို စိတ်ထဲမထားချေ။
သူသည် နိဗ္ဗာန်နနတ်ဆိုးတောင်၏ အနက်ရှိုင်းဆုံး အပိုင်းကို လှမ်းကြည့်လိုက်ရင်း ၊သူ့ကိုယ်သူ ညည်းတွားလိုက်သည်။
“ နိဗ္ဗာန နတ်ဘုရားကျောင်းက အနန္တတန်ခိုးရှင်တစ်ပါး တည်ဆောက်ထားခဲ့တဲ့ ကောင်းကင်နန်းတော်ဖြစ်တယ်လို့ ဆိုကြတယ် "
" အဲ့ထဲမှာရှိတဲ့ နိဗ္ဗာနသံသရာတေးသွားက မည်သူတစ်ဦးတစ်ယောက်ကို မဆို ၊ မဟာလမ်းစဉ်ရဲ့ အကြောင်းအကျိုး သက်ရောက်မှုကို ဖြစ်စေပြီး ကံကြမ္မာကို ကျိန်စာသင့်စေလိမ့်မယ်..."
"အဲ့အချိန်ကြရင် သင်္ဂြိုဟ်ဖို့ နေရာမရှိဘဲ သေဆုံးသွားလိမ့်မယ်၊ ဘယ်သောအခါမှ မနိုးထနိုင်တော့ဘူး!"
စုမျဲ့၏ မျက်လုံးထဲက အကြည့်သည် ပို၍ ပြင်းထန်လာသည် ။
" စူးချန်ကဲ... မင်း ဘယ်လောက်ပဲ အရည်အချင်းရှိရှိ "
"ကံကြမ္မာရဲ့ အဆုံးအဖြတ်ကနေ မင်းမလွတ်နိုင်ဘူး!"
"သေခြင်းက မင်းရဲ့တစ်ခုတည်းသောကံကြမ္မာပဲ!"
........
တစ်ချိန်တည်းမှာပင်။
ကျူးထျန်း ဓားဂိတ်တံခါးရှိ ကြယ်တာယာ ရှေးဟောင်းလမ်းသွယ်တွင်၊
အမှောင်ရိပ်သားရဲဘုရင်သည် ဘာကိုမှ မဖုံးကွယ်ဝံ့ဘဲ သူသိသမျှကို အကုန်ပြောပြခဲ့သည်။
သူသည် အချို့ကိစ္စများကို ထိန်ချန်ကာ ခြိမ်းခြောက်ခြင်းများ အဘယ့်ကြောင့် မပြုလုပ်ခဲ့သနည်း။
သူ့အမြင်အရ၊ ထိုအပြုအမူသည် သေခြင်းသာတည်း။
စူးချန်ကဲတွင်လည်း စုပ်ယူ သူတော်စင်ခန္ဓာကိုယ် အာဏာရှင်ဘုရင်၏ အသွေးများ ရှိသည်။ အကယ်၍ သူ့အပေါ် သို့ ဝါးမျိုခြင်းဆိုင်ရာ နိယာမတရားများကို ကျင့်သုံးခဲ့ပါက၊
သူ၏ မှတ်ညဏ်အားလုံးကို ဝါးမြိုပြီး သူ့အကျိုးအတွက် အသုံးချနိုင်သည်။
ထို့ကြောင့် စိတ်ရင်းအမှန်ဖြင့် ရိုးရိုးသားသား ထုတ်ပြောခြင်းသည် ပို၍ ကောင်းပေလိမ့်မည်။
အမှောင်ရိပ်သားရဲဘုရင်သည် သားရဲဖြစ်သော်လည်း ၊ သို့ဆိုတောင် မိမိ၏ စိတ်ရင်းမှန်ကို ပြသခြင်းသည် ကျိန်းသေပေါက် အလုပ်ဖြစ်မည်မှန်း သူ သိထားသည်။
" လူကြီးမင်း...ကျွန်တော်ပြောတဲ့စကားတိုင်းက အမှန်တရားတွေချည်းပဲ"
အမှောင်ရိပ်သားရဲဘုရင်သည် စူးချန်ကဲကို ဒူးထောက်ကာ ထပ်ဆိုလိုက်ပြန်သည်။
" ကျွန်တော် ခင်ဗျားကို လှည့်စားလိုတဲ့စိတ် လုံးဝမှ မရှိပါဘူး "
ထိုစကားများကို နားထောင်ပြီးနောက် ၊
စူးချန်ကဲသည် ထိုအချက်အလက်များကို တွေးတောနေပုံရသည်။
အမှောင်ရိပ်သားရဲဘုရင်သည် မရေမတွက်နိုင်သော ခေတ်ကာလများအတွင်း ဖြစ်ပွားခဲ့သော အမှောင်စစ်ပွဲအကြောင်း အချက်အလက်အားလုံးကို ထုတ်ဖော်ခဲ့ရုံသာမက လျှို့ဝှက်ချက်များစွာကိုလည်း ပြောပြခဲ့သည်။
ဥပမာအားဖြင့်၊ ဤကျူထျန်း ဓားဂိတ်။
အမှောင်ရိပ်သားရဲဘုရင်၏ အဆိုအရ ၊ ဤကမ္ဘာသည် သီးခြားဖြစ်တည်နေသော ကမ္ဘာတစ်ခုဖြစ်သည်။
ဤကမ္ဘာသည် တိုက်မြေ သုံးထောင်တွင် မတည်ရှိသော ဖြစ်တည်မှုဖြစ်သည်။ အချိန်နှင့်အာကာသ၏ အထွဋ်အမြတ် တာအိုသခင်တစ်ပါးက ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
၎င်းသည် အခြားသော ဧကရာဇ်လျှောက်လှမ်း စစ်ဆေးရေးဂိတ်များနှင့် ချိတ်ဆက်နေရုံသာမက လျှို့ဝှက်ဆန်းကြယ်သော ရှေးဟောင်း ကမ္ဘာငယ်လေးများနှင့်ပင် ချိတ်ဆက်ထားသည်။
သို့သော် သူ့ကို ပို၍စိတ်ဝင်စားစေခဲ့သော အရာမှာ အချိန်လျို့ဝှက်နယ်မြေဟု ခေါ်သော အထူးနေရာတစ်ခုပင် ဖြစ်သည်။
"အဲဒီတုန်းကလည်း ၊ငါ ထျန်းကျီကျွန်းကို ဝင်တုန်းက အချိန်နဲ့နေရာ မတူညီတဲ့နေရာတစ်ခုကို မတော်တဆ ပို့ဆောင်ခံခဲ့ရဖူးတယ်..."
စူးချန်ကဲသည် ခဏလောက်တွေးဆလိုက်သည်။
" အဲ့က အချိန် နဲ့နေရာ အက်ကွဲကြောင်းထဲ ပါဝင်ပတ်သတ်ခံလိုက်ရတဲ့ အမတနယ်မြေက ဇာတိမွေးရပ်မြေ သက်ရှိသတ္တဝါတွေလည်း ရှိနေခဲ့တယ်..."
"ဒါပေမယ့် အဲ့လူတွေရဲ့ပြောသံအရ အချိန်နဲ့ နေရာကို စီမံခန့်ခွဲ့ပြီး ထိန်းချုပ်တာက
အချိန်လျို့ဝှက်နယ်မြေကဆိုပဲ..."
"ဒီနာမည်က ဧကရာဇ်လျှောက်လှမ်းမှာ ထပ်ပြီး ပေါ်ထွက်လာလိမ့်မယ်လို့ မျှော်လင့်မထားဘူး ၊ ဒီထဲမှာ အကြောင်းတရားနဲ့ အကျိုးသက်ရောက်မှုက အရမ်းအရေးကြီးရမယ်…”
စူးချန်ကဲ၏ စိတ်ထဲတွင် ထူးဆန်းသော ခံစားချက်များဖြင့် ပြည့်နှက်နေသည်။ ဤအချိန်လျို့ဝှက်နယ်မြေနှင့် သူသည် ရှုပ်ထွေးစွာ ဆက်စပ်နေသည်ဟု အမြဲလိုလို ခံစားမိသည်။
ဝီ--!!
ရုတ်တရက်ဆိုသလို၊ စူးချန်ကဲသည် လေဟာနယ်သိုလှောင်ခန်းထဲမှ ကောင်းကင်ဓား၏ တုန်ယင်သံကို ခံစားလိုက်ရသည်။
ဆန်းကြယ်သော အလင်းတန်များ အနည်းငယ် ထွက်ပေါ်လာသည်နှင့်အမျှ ၊ စူးချန်ကဲ၏ စိတ်ထဲတွင် မထင်မရှားသော အချက်အလက်တစ်ခု ဝင်ရောက်လာခဲ့သည်။
" ကိုကို... အဲ့ဒီနေရာမှာ ရန်ရှီး ကိုကို့အတွက် ပစ္စည်းတစ်ခု ချန်ထားတယ်..."
" အဲ့တာက ကို့ကို့အတွက် သေချာပေါက် အထောက်အကူပြုနိုင်တယ်..."
ထိုစကားကို ကြားပြီးနောက် ၊
စူးချန်ကဲ၏ မျက်လုံးများသည် အနည်းငယ် ကျုံ့သွားသည်။
"အသိစိတ် ပို့လွှတ်ခြင်း...?!"
စူးချန်ကဲသည် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။
ကောင်းကင်ဓားသည် ချက်ချင်းဆိုသလို သူ့လက်ထဲတွင် ထွက်ပေါ်လာသည်။
ကြောက်မက်ဖွယ်ကောင်းသော ဓားစွမ်းအင်များသည် အရပ်ရှစ်မျက်နှာအနှံ့ လွင့်ပျံသွားခဲ့သောကြောင့် ဘာဖြစ်နေမှန်းမသိသော အမှောင်ရိပ်သားရဲဘုရင်ခမျာ ထိတ်လန့်သွားသည်။ ကိုယ်ကျင့်တရားမရှိသော စူးချန်ကဲသည် သူ့အား တိုက်ရိုက် သတ်တော့မည်ဟု ထင်လိုက်သည်။
သူ့ခမျာ အသက်ချမ်းသာပေးရန် ပျာပျာသလဲ တောင်းဆိုလေ၏။
" လူကြီးမင်း၊ ကျွန်တော်မှာ တခြားအသုံးဝင်တဲ့နေရာတွေ ရှိပါသေးတယ် "
" ကျွန်တော် ပုံစံပြောင်းလဲနိုင်တယ်၊ ကျွန်တော် လူကြီးမင်းကို နေ့ရောညပါအစေခံနိုင်ပါတယ်!"
သို့သော် စူးချန်ကဲသည် သူ့စကားများကို နားမထောင်နေခဲ့ပေ။
သူ့လက်ထဲက ကောင်းကင်ဓားကိုသာ စူးစူးရဲရဲ စိုက်ကြည့်နေသည်။
မဟာလမ်းစဉ်၏ ရောင်ပြာတန်းတစ်ခုသည် ကောင်းကင်ဓားကိုယ်ထည် တစ်ခုလုံးပေါ်တွင် ဖြည်းညှင်းစွာ တောက်ပလာပြီး ၊ စူးချန်ကဲနှင့် ရင်းနှီးသော အငွေ့အသက်ကိုထုတ်လွှတ်နေသည်။
"ဒါ မော့ရန်ရှီး ပျောက်ကွယ်မသွားခင်က ၊ ကောင်းကင်လမ်းစဉ်ရဲ့ အပိုင်းအစပဲ... "
စူးချန်ကဲသည် ထပ်မံစစ်ဆေးကြည့်ခဲ့သော်လည်း တုံ့ပြန်မှုမရခဲ့ပေ။
"ဒီစိတ်ဝိညာဉ်က အားနည်းလွန်းတယ်၊ အချက်အလက်ပေးပို့ပြီးတာနဲ့ ပြန်အိပ်ပျော်သွားပြီလား...?"
စူးချန်ကဲသည် အချိန်အတော်တန်ကြာ စကားမပြောဘဲ သူ့စိတ်ထဲတွင် ဆုံးဖြတ်ချက်တစ်ခု ချမှတ်လိုက်သည်။
ထို့နောက် အမှောင်ရိပ်သားရဲဘုရင်ဘက်သို့ လှည့်ကြည့်ကာ ပေါ့ပေါ့တန်တန် ဆိုလိုက်သည်။
" မင်းက ဒီနေရာနဲ့ပတ်သတ်ပြီး နားလည်မှတော့ ခုကစပြီး ငါ့ကို လမ်းပြပေး "
" စိတ်ရင်းအမှန်ဖြစ်ပါစေ ၊ မဟုတ်ရင် "
"ဟုတ်ကဲ့ ဟုတ်ကဲ့!"
အမှောင်ရိပ်သားရဲဘုရင်မှာ အလွန်ဝမ်းသာသွားသည်။
"စိတ်မပူပါနဲ့ လူကြီးမင်း၊ ခင်ဗျားကို စိတ်မပျက်စေရပါဘူး!"
စူးချန်ကဲ၏ မျက်စိရှေ့တွင် သူ၏ စွမ်းဆောင်ရည်ကို ပြသရန်မှာ အကောင်းဆုံးပင်ဖြစ်သည်။
ရှေးဟောင်း အမှောင််ထုသားရဲတိရစ္ဆာန်ဖြစ်သော အမှောင်ရိပ်သားရဲဘုရင်သည် မိမိ၏ ဂုဏ်သိက္ခာကို လုံးဝဂရုမစိုက်ဘဲ စူးချန်ကဲကို ဦးညွှတ်လိုက်သည်။
" ကျွန်တော် လူကြီးမင်းရဲ့စီးတော်ယာဉ် အဖြစ် လူကြီးမင်းရဲ့ လမ်းခရီး ပင်ပန်းနွမ်းနယ်မှုတွေကို လျော့ချပေးဖို့ဆန္ဒရှိပါတယ်!!"
သို့သော်။
စူးချန်ကဲသည် ပြင်းထန်သော အမှောင်ထု အငွေ့အသက်များကို လွှမ်းခြုံထားသော အမှောင်ရိပ်သားရဲဘုရင်ကို ပေါ့ပေါ့ပါးပါး တစ်ချက်ကြည့်လိုက်သည်။
စူးချန်ကဲ၏ မျက်လုံးထဲတွင် ရွံရှာမှုများဖြင့် ပြည့်နှက်နေသည်။
"မလိုဘူး"
နောက်ဆုံးတွင် ၊ သူသည် သူ့လက်ကို ဝှေ့ယမ်းကာ အာကာသဟင်းလင်းပြင်ကို တိုက်ရိုက်ဖွင့်လှစ်လိုက်သည်။
နတ်ဖီးနစ်သည် နေတစ်စင်းသဖွယ် တောက်ပစွာဖြင့် သူ၏ အတောင်ပံများကိုဖြန့်ကာ ထွက်လာခဲ့သည်။
ထို့နောက် စူးချန်ကဲသည် သူ့အပေါ်သို့ ခုန်တတ်လိုက်သည်။ သူ၏ အဖြူထည် အဝတ်အစားများက နေနှင့်လိုက်ဖက်ကာ သူ့ကို ပို၍ပင် တင့်တယ်စေသည်။
"လမ်းပြ"
ထိုအရာကို မြင်ပြီး ၊ အမှောင်ရိပ်သားရဲဘုရင်သည် ချက်ချင်း ခေါင်းညိမ့်လိုက်သည်။
၎င်းသည် စိတ်ပျက်နေပုံရသည်။
သူသည် အခက်အခဲများကြားမှ ဦးဆောင်လှုပ်ရှားခဲ့သော်လည်း ၊ သူသာလျှင် လုံးလုံးလျားလျား ရှုံးနိမ့်သွားခဲ့ရသည်။
သူ့ဘဝသည် ဒဏ်ရာဗလပွနဲ့ သားရဲတစ်ကောင်အဖြစ်သို့ ရောက်ရှိခဲ့ရသည်။
.........
ဤသို့ဖြင့် နှစ်ယောက်သား ရှေ့ကို ဆက်လျှောက်လာခဲ့ကြသည်။
ဤရှေးဟောင်းလမ်းရှိ မြင်ကွင်းတို့သည် အာကာသနှင့် အချိန်ကို ကူးပြောင်းကာ ဖြတ်ကျော်နေသကဲ့သို့ အမြဲ ပြောင်းလဲနေသည်။
ဝီ--!!
သို့သော် ထိုအချိန်တွင် ၊
အရှေ့မျက်နှာစာရှိ ရှေးဟောင်းလမ်း၏ အဆုံးသတ်သည် ရုတ်တရက် တောက်ပလာပြီး၊ အဆုံးမရှိသော ဗလာပြင် နှင့် ပရမ်းပတာရိုက်ခတ်မှုများ ဖြစ်ပေါ်လာသည်။
အမည်မသိကမ္ဘာတစ်ခု ဆင်းသက်လာပုံရသည်။
တောက်ပနေသော ကြယ်ရောင်များသည် အဆုံးမရှိသော လျှို့ဝှက်ဆန်းကြယ်မှုများကို ပြသနေသည်။
ရှေးယခင်က အငွေ့အသက်များ နှင့် အချိန်ရေစီးကြောင်းတစ်ခု၏ ခံစားမှုတို့သည် ရုတ်ချည်းဆိုသလို ပျံ့နှံ့ထွက်ပေါ်လာခဲ့သည်။
ထို့နောက် ၊
အဆုံးမရှိသော မှော်သင်္ကေတများကြားတွင် နတ်ဘုရားတစ်ပါးနှင့်တူသော ရုပ်ပုံသဏ္ဍာန်တစ်ခု ဖြည်းညှင်းစွာ ထွက်ပေါ်လာသည်။
ပုံသဏ္ဍာန်အတိအကျကို ပြောဖို့ခက်သော်လည်း ၊ သူ့တစ်ကိုယ်လုံးက လွန်စွာတောက်ပနေပြီး လူကို ကြောက်ရွံ့စေသည့် ခံစားချက်မျိုးကို ပေးစွမ်းနေသည်။
"ရပ်!"
ကြီးကျယ်ခမ်းနားသော အသံသည် လမ်းကြောင်းရှစ်ခုကိုဖြတ်၍ ပဲ့တင်ထပ်လို့သွားသည်။
" ဧကရာဇ်လျှောက်လှမ်းရဲ့ သုညဂိတ်က ဒီမှာတင် ပြတ်တောက်သွားပြီ၊ ဒေဝလောကတစ်ခုလုံးကို တားမြစ်ထားတယ် "
အပိုင်း(၄၂၂): လူ့ဇာတိခံယူထားတာလား
ရုတ်တရက် မြင်ကွင်းကြောင့် စူးချန်ကဲသည် အနည်းငယ် ထိတ်လန့်သွားခဲ့သည်။ ဤအရာသည် သူ့မျှော်လင့်ထားသည်ထက် လုံးဝ ကျော်လွန်နေခဲ့သည်။
" ဧကရာဇ်လျှောက်လှမ်း သုညဂိတ်...?"
ထိုစကားက စူးချန်ကဲအား မူမမှန်သည့် ခံစားချက်မျိုးကို ဖြစ်စေခဲ့သည်။
ကမ္ဘာက သိထားကြသည်မှာ ဧကရာဇ်လျှောက်လှမ်းသည် အဆင့်ကိုးဆင့်(ကိုးဂိတ်) ရှိသည် မဟုတ်ပေလော။
အဘယ်ကြောင့် သုညဂိတ်ရှိနေရသနည်း။
စူးချန်ကဲသည် မျက်မှောင်ကြုတ်သထက် ပိုကြုတ်သွားသည်။ ထူးဆန်းသော ကြိုတင်သတိပေးချက်တစ်ခု က သူ့ရင်ထဲသို့ ဝင်ရောက်လာသည်။
သူ့ဘေးနားရှိ အမှောင်ရိပ်သားရဲဘုရင်လည်း အံ့အားသင့်နေခဲ့သည်။
ဧကရာဇ်လျှောက်လှမ်းတွင် နှစ်ပေါင်းများစွာ ချိတ်ပိတ်ခံထားရသော သူသည်ပင် ဧကရာဇ်လျှောက်လှမ်းတွင် အဆင့်ကိုးဆင့်ရှိပြီး ၊ အဆင့်တစ်ခုချင်းစီတိုင်းက မတူညီသောကမ္ဘာငယ်လေးကိုးခုနှင့် သက်ဆိုင်ကြောင်းကိုသာ သိရှိထားသည်။
သို့သော် ဤသုညအဆင့်သည် မည်သည့်နေရာကနေ ရုတ်ချည်း ထွက်ပေါ်လာသနည်း....။
" မဟုတ်မှလွဲရော..အရင်တိုက်ပွဲက ကမ္ဘာကြီးကို ပုံပျက်သွားစေခဲ့တာလား.... ဒါကြောင့် ဒီရှေးဟောင်းလမ်းက တခြားအချိန်နဲ့ အာကာသကို ချိတ်ဆက်ထားတာ ဖြစ်နေမလား?"
အမှောင်ရိပ်သားရဲဘုရင်တစ်ယောက် ခေါင်းပူတဲ့အထိ တွေးတောနေသည်။
သို့သော် စူးချန်ကဲသည် ဆက်လက်လျှောက်လှမ်းလာခဲ့သည်။
ကြီးကျယ်ခမ်းနားသော ဝိုးတဝါးပုံရိပ်ကို သူသည် လုံးဝလျစ်လျူရှုခဲ့သည်။
"သာမန်လူကများ ၊အတင့်ရဲလှချည်လား!"
ရုတ်တရက် ၊ ထိုဝိုးတဝါး ရွေအဆင်း သဏ္ဍာန်လူရိပ်သည် ချက်ချင်းဆိုသလို ငေါက်ငမ်းလိုက်သည်။ ၎င်း၏ အသံသည် ကြီးမားသော ခေါင်းလောင်းကြီးကဲ့သို့ အရပ်ရပ်သို့ ပဲ့တင်ထပ်သွားသည်။
ဟွား——!!
ဆက်လက်ပြီး ။
လွင့်ထွက်လာသော အသံလှိုင်းသည် အဆုံးမရှိသော ရွှေရောင် မှော်သင်္ကေတများကို သယ်ဆောင်ကာ အရပ်ရှစ်မျက်နှာတစ်ခွင် ပျံလွင့်သွားသည်။
မူလက တိတ်ဆိတ်နေသောနေရာသည် နားမလည်နိုင်သော သတ်ဖြတ်ခြင်း ဆန္ဒများနှင့် ပြည့်နှက်သွားသည်။
မှုန်ဝါးဝါး မျက်ဝန်းတစ်စုံအောက်တွင် ၊ စူးချန်ကဲသည် သူ့တစ်ကိုယ်လုံးကို ကြောက်မက်ဖွယ်ကောင်းသော အဖျက်စွမ်းအားများက ဖုံးအုပ်ထားခဲ့သည်ကို ခံစားမိလိုက်သည်။
သူသည် ရှေ့သို့နောက်တစ်လှမ်း ထပ်လှမ်းဝံ့ပါက ဤထူးဆန်းသော လူ၏ ဖိနှိပ်ခြင်းကိုခံရပေလိမ့်မည်။
" ငါ စူးမျိုးရိုး သွားချင်တဲ့လမ်းကို ဘယ်သူမှ တားစီးလို့မရဘူး!"
ထိုစကားသံနှင့်အတူ ၊ စူးချန်ကဲ၏ အရေပြားမျက်နှာပေါ်တွင် လွန်စွာတောက်ပသော မှော်သင်္ကေတများ သက်ဝင်လှုပ်ရှားလာခဲ့သည်။
သူ့ခန္ဓာကိုယ်ရှိ သူတော်စင် ခန္ဓာကိုယ်သည် တစ်ဖန် ပြည်လည်နိုးထလာခဲ့ပြီး ၊ သူ့ပတ်ဝန်းကျင်တွင် ရောင်ခြည်စက်ဝန်းများ ထွက်ပေါ်လာသည်။စူးချန်ကဲမှ ထုတ်လွှတ်လိုက်သော စွမ်းအင်ကြောင့် ဟင်းလင်းပြင်အလွှာမှာ တသိမ့်သိမ့် တုန်ခါနေသည်။
သူ့လက်ကို မြှောက်လိုက်သည်နှင့် ၊ အဆုံးမရှိသော ဓားစွမ်းအင်များ ပွင့်လန်းလာပြီး သူ၏လက်ထဲတွင် ရောယှက်ကာ ခိုင်မြဲစွာဖြင့် ရှိနေခဲ့သည်။
သူ့ရင်ဘတ်ရှိ ချန်ရှန်း တာအိုအရိုးသည်လည်း တောက်လောင်သော အလင်းများဖြင့် ပေါက်ကွဲထွက်လာခဲ့ပြီး ၊ အမှောင်နှင့်အလင်း မတူညီသော အရောင်နှစ်ခုသည် ကောင်းကင်ဓားပေါ်တွင် ရောင်ပြန်ဟပ်နေသည်။
စူးချန်ကဲသည် ဆိုင်းတွခြင်းမရှိ ချက်ချင်းပင် သူ့ဓားကို မြှောက်ကာ ခုတ်ပိုင်းပစ်လိုက်သည်။
ရွှမ်း! !
အဖြူ နှင့် အနက် အလင်းတန်းနှစ်ခုသည် လေထုကို ထိုးဖောက်ဝင်ရောက်သွားသည်။
"နိဗ္ဗာန်န ဓား!"
ဆိတ်သုဉ်းခြင်း နှင့် ဗလာနိတ္ထိတို့၏ ကြီးကျယ်ခမ်းနားသော အလင်းရောင်သည် ကမ္ဘာပျက်စေမည့် အနီရင့်ရောင် စမ်းချောင်းနှင့် တူသည်။
အဆုံးမရှိသော ဓားများသည် မြစ်တစ်စင်းသဖွယ် ပေါင်းစပ်ကာ အမြင့်မြတ်ဆုံးသော အနှိုင်းမဲ့အလင်းရောင်ကို ထုတ်လွှတ်ခဲ့သည်။
ထိုအလင်းတန်းသည် ကောင်းကင် သက်တံသဖွယ် ထိုအနှီလူဆီသို့ ကျဆင်းသွားသည်။
"မင်းကများ အတော်သတ္တိရှိနေတယ်ပေါ့!"
ထိုအနှီသူသည် ဒေါသတကြီးဖြစ်နေသည်။ စူးချန်ကဲသည် သူ့အား တိုက်ခိုက်ဝံ့မည်ဟု တစ်ခါမှ မမျှော်လင့်ထားခဲ့ပေ။
သူသည် သူ၏ ရွှေလက်သီးကို မြှောက်ကာ ဓားအလင်းဆီသို့ ပစ်လွှတ်လိုက်သည်။
" ရူးနေပြီပဲ! !"
တစ်ဖက်က အမှောင်ရိပ်သားရဲဘုရင်မှာ ကြောက်လန့်တကြား အော်ဟစ်နေရုံမှတစ်ပါး မတတ်နိုင်ခဲ့ပေ။
ထိုအနှီလူ၏ ပုံသဏ္ဍာန်သည် သူ့အား ထူးကဲသော ခံစားချက်ကို ပေးစွမ်းနေခဲ့သည်။
မထွက်သွားဘူးဆိုလည်း ထားဦး ၊ အခု ဒီသကောင့်သားက အရင်သွားပြီး တိုက်ခိုက်သတဲ့လား!
သူ့အမြင်အရ ၊ စူးချန်ကဲသည် လုံးဝကို အရူးတစ်ယောက် ဖြစ်သည်။
ဝုန်း ——!!
တိုက်ခိုက်မှုနှစ်ခု ထိပ်တိုက်ဆုံတွေ့ကြသည့် အခိုက်တွင် ၊ အဆုံးမရှိသော ဟင်းလင်းပြင် ကွက်လပ်တွင် ကျယ်လောင်သောအသံတစ်ခု ထွက်ပေါ်လာသည်။
ကြီးကျယ်ခမ်းနားစွာ ထုတ်လွှတ်နေသော ဓားစွမ်းအင်နှင့်အတူ ၊
ရွှေရောင်အလင်းတန်းကြီးကလည်း ထိန်လင်းစွာဖြင့် တောက်ပနေသည်။
ဟင်းလင်းပြင်အလွှာများသည် အရူးအမူး ပြိုကျကာ ကွဲကြေခဲ့ရပြီး ၊ ကြောက်မက်ဖွယ်ကောင်းသော လှိုင်းထန်မှုများက ပို၍ ပြင်းထန်လာခဲ့သည်။
"ပိတ်ဆို့လိုက်တာလား?"
စူးချန်ကဲသည် အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။
နိဗ္ဗာန်နဓားသည် အစွမ်းထက်ဆုံး ဓားပညာရပ်ဖြစ်ပြီး ၊ ချန်ရှန်းတာအိုအရိုး၏ မွေးရာပါ မှော်စွမ်းအားတစ်ခုလည်း ဖြစ်သည်။
သို့သော် တဖက်လူသည် သူ၏ ထိုးနှက်ချက်ကို တိုက်ရိုက်ဖြေရှင်းနိုင်ခဲ့သည်။
"ဟင့်... ဒီအဆုံးမဲ့နှစ်တွေမှာ ငါ့ရဲ့စွမ်းအားတွေသာ တမြည့်မြည့်နဲ့ ကုန်ဆုံးမသွားခဲ့ရင်!"
"မင်း ငါ့ရှေ့မှာ ဒီလောက်ထိ ထောင်လွှားလို့ရမယ်ထင်လား!?"
၎င်း၏လေသံထဲတွင် ဒေါသသံများပါဝင်နေသည်။
၎င်း၏အသံသည် ကမ္ဘာအနှံ့ ပဲ့တင်ထပ်သွားပြီး ၊ ထိုမျှ ကြီးကျယ်ခမ်းနားသော အသံသည် စူးချန်ကဲ၏ နားစည်များကိုတောင် တုန်ခါစေခဲ့သည်။
သူ့အပြောအဆိုနှင့် လုပ်ရပ်များသည် ဤနေရာ၏ ပြယုဂ်တစ်ခုဖြစ်နေသကဲ့သို့ ဤနေရာရှိ အရာအားလုံးနှင့် ပဲ့တင်ထပ်နေသည်။
" ကုန်ဆုံးသွားတော့မယ်...?"
ထိုစကားကိုကြားပြီးနောက် ၊
စူးချန်ကဲ၏ စိတ်ထဲတွင် အတွေးများစွာ ဝင်ရောက်လာခဲ့သည်။
ထိုအနှီလူသည် တစ်ခေတ်တစ်ခါက မည်မျှတောင် အစွမ်းထက်ခဲ့သနည်း။
"ဧကရာဇ်လျှောက်လှမ်း သုညဂိတ်၊ မင်း သွားလို့မရဘူး!"
ထိုအနှီလူက ထပ်အော်ပြောလိုက်ပြန်သည်။
ထိုအနှီလူသည် နောက်ဆုံးလက်သီးအဖြစ် ထိုးနှက်လိုက်သည်။ အဆုံးမရှိသော ရွှေရောင်တန်းများသည် အထက်ကို ပစ်ခွင်းသွားပြီး ကမ္ဘာကြီးကို ပြိုလဲသွားစေနိုင်သည့် စွမ်းအားများကို ဆောင်ကျဉ်းယူဆောင်လာခဲ့သည်။
၎င်းတွင် အန္တိမ နတ်တန်ခိုးများပါ၀င်ပြီး ၊ အမှောင်ရိပ်သားရဲဘုရင်သည်ပင် ခိုက်ခိုက်တုန်လျက် ရှိသည်။
" ကျုပ်ပြောခဲ့ပြီးပြီ ၊ ကျုပ် စူးမျိုးရိုးကို တားဖို့မဖြစ်နိုင်ဘူး!"
တစ်ချိန်တည်းမှာပင်။
စူးချန်ကဲသည် သူ၏ ခွန်အားများကို ထပ်မံ စုဆောင်းလိုက်သည်။
ရောင်ခြည်စက်ဝန်းသည် စူးချန်ကဲ၏ တစ်ကိုယ်လုံးကို လွှမ်းခြုံထားပြီး တောက်ပနေသော အလင်းရောင်အောက်တွင် ၊
ဓားစွမ်းအင်သည် လှည့်ပတ်သွားလာနေပြီး ဆန်းကြယ်သောမြင်ကွင်းများအဖြစ် အဆက်မပြတ် ပြောင်းလဲနေကာ ၊ ကောင်းကင်ဓား၏ ရောင်ပြန်ဟပ်မှုပင်လျှင် အစစ်အမှန်မဟုတ်သည့်အတိုင်း ထင်ရစေသည်။
ဝှစ်! !
ရုတ်တရက် ၊ လေထုကို ထိုးဖောက်ဝင်ရောက်လာသော စူးရှသံတချက် ထွက်ပေါ်လာသည်။
ကောင်းကင်ဓားသည် တုနှိုင်းမရသော ဓားစွမ်းအင်ကို ထုတ်လွှတ်လိုက်သည်။
ဘန်း ဘန်း ဘန်း! !
ဝုန်း ဝုန်း--! !
နှစ်ဖက်လုံး ထိုးစစ်ဆင်နေကြပြီး အပြန်အလှန် မသတ်နိုင်သည်ကို တွေ့ရှိပြီးနောက် ၊ ၎င်းတို့သည် မိမိတို့၏ အမြင့်မားဆုံး မှော်အစွမ်းကို အမြန် အသက်သွင်းလိုက်ကြသည်။
မတူကွဲပြားသော ရှေးဟောင်းကမ္ဘာနှစ်စင်း တွေ့ဆုံနေသကဲ့သို့ ဟင်းလင်ပြင် ကွက်လပ်တွင် ပေါက်ကွဲသံများ ဆက်တိုက်ဆိုသလို ထွက်ပေါ်လာသည်။
ဘေးမှကြည့်နေသော အအမှောင်ရိပ်သားရဲဘုရင်ခမျာ ကြားကနေ ဒုက္ခရောက်နေသည်။
သူတို့ နှစ်ယောက် ထိပ်တိုက်ဆုံတွေ့လိုက်တိုင်း ၊ ကြယ်ကြွေခြင်းကဲ့သို့ မရေမတွက်နိုင်သော အပျက်အစီး အလင်းအမှုန်များ သည်းကြီးမည်းကြီး ကျဆင်းလာသည်။
ဟင်းလင်းပြင် မှော်သင်္ကေတများသည်ပင် တိုက်ရိုက်ထိုးဖောက်ခံရကာ ပျက်သုဉ်းသွားခဲ့ရသည်။
အမှောင်ရိပ်သားရဲဘုရင်ကို စိတ်အနှောင့်အယှက် ဖြစ်စေခဲ့သည့်အရာမှာ ၎င်းတို့နှစ်ဦး၏ ရောင်ဝါများသည် အမှောင်ထုအပေါ် လုံးဝဖိနှိပ်ချုပ်ချယ်သည့် သက်ရောက်မှုရှိပုံရသည်။
တချက်ထိတွေ့မိရုံဖြင့် အသက်ပျောက်သွားနိုင်သည်။
လက်ရှိ မြင်ကွင်းသည် အနည်းငယ် ဆန်းကြယ်နေသည်။
လူနှစ်ဦးသည် အဆက်မပြတ် လက်ရည်ချင်းယှဉ်နေသော်လည်း ၊ အမှောင်ထု သားရဲတစ်ကောင်သည် စစ်ဆေးမှုတစ်ခုကို ဖြတ်ကျော်နေသကဲ့သို့ သူအစွမ်းရှိသမျှ ဘယ်ရှောင် ညာရှောင်ဖြင့် ယိမ်းနွဲ့နေတော့သည်။
.........
မရေမတွက်နိုင်အောင် တိုက်ခိုက်ခဲ့ပြီးနောက်၊
ဝုန်း ! !
ကြီးမားသော ဟင်းလင်းပြင်အလွှာကြီးတစ်ခုလုံး ပြိုကျခဲ့ပြီး ၊ အချိန်နှင့်နေရာ အပိုင်းအစများသည် အဆုံးမရှိ လွင့်ထွက်သွားသည်။
စူးချန်ကဲ၏လက်ထဲက ကောင်းကင်ဓားသည် တုနှိုင်းမရသော ဓားအလင်းကို ထုတ်လွှတ်လိုက်ပြန်သည်။ သူ၏ ခန္ဓာကိုယ်သည် လစ်ခနဲ့ ပျောက်ကွယ်ကာ သူ၏ဓားဖြင့် ထပ်မံ ခုတ်လွှဲလိုက်သည်။
ယခုတစ်ခါတွင် ၊ သူသည် ထိုအနှီလူ၏ ရွှေအစင်းကိုယ်ထည်ကြီးကို တိုက်ရိုက် ခုတ်ပိုင်းပစ်ခဲ့သည် ။
အာကာသတစ်ခုလုံး ကျုံ့သွားပြီး လျင်မြန်စွာ ပြိုကျလာကာ ကြောက်မက်ဖွယ်ကောင်းသော တွင်းနက်ကြီးအဖြစ်သို့ ပြောင်းလဲသွားပြီးနောက် အရာအားလုံးကို ဖျက်ဆီး မြှုပ်နှံခဲ့လေသည်။
သိပ်မကြာမီ၊ ဤအားကောင်းလှသော ပျက်သုန်းခြင်း တွင်းနက်ကြီး၏ရှေ့တွင်၊ မှုန်ဝါးဝါး ရွှေအဆင်း သဏ္ဍာန်လူရိပ်သည် လုံး၀ ဝါးမျိုချခံလိုက်ရသကဲ့သို့ ပျောက်ကွယ်သွားသည်။
“ နိုင်သွားတာလား....?”
အမှောင်ရိပ်သားရဲဘုရင်သည် ထိုမြင်ကွင်းကို မှေးကြည့်လိုက်သည်။
ဧကရာဇ်လျှောက်လှမ်း၏ သုညဂိတ်ကို စောင့်နေသော ထူးဆန်းသော ထိုရွှေအဆင်း သဏ္ဍာန်လူရိပ်သည် ဒီအတိုင်း ပျောက်ကွယ်သွားလေသလော။
သို့သော် စူးချန်ကဲသည် သူ့ဓားကို မရုပ်သိမ်းသေးပေ။ သူ၏ မျက်လုံးများသည် ပို၍ လေးနက်လာသည်။
ယခုလေးတင် သူသည် ပြိုင်ဘက်၏ ချို့ယွင်းချက်တစ်ခုကို တွေ့ရှိခဲ့ပြီး ၊ သူ၏ စုပ်ယူ သူတော်စင်ခန္ဓာကိုယ်၏ မှော်အစွမ်းဖြင့် ၎င်းကို ဝါးမြိုခဲ့သည်။
သို့သော် ၎င်းကို သန့်စင်မည့်အချိန် ၊ ၎င်းသည် ဝိညာဉ်စွမ်းအား၏ တစ်စွန်းတစ်စမျှသာဖြစ်ကြောင်း တွေ့ရှိခဲ့သည်။
" မဟုတ်မှလွဲရော ဒါ လူ့ဇာတိခံယူထားတာလား ...?"
" ဟားဟား! စိတ်ဝင်စားဖို့ကောင်းတယ်၊ တကယ်ကို စိတ်ဝင်စားဖို့ ကောင်းတယ်"
ထိုစဉ် ၊
ကျယ်လောင်သော ရယ်မောသံ ထွက်ပေါ်လာခဲ့သည်။
" လူ့ဇာတိခံယူတာ သူ့အလိုလို ပျောက်ကွယ်မသွားခင် ၊ ဒီလို စိတ်ဝင်စားစရာကောင်းတဲ့ ကောင်လေးတစ်ယောက်နဲ့ တွေ့လိမ့်မယ်လို့ ငါ မမျှော်လင့်ထားဘူး"
"ဒါပေမယ့် ငါနားမလည်တာ တစ်ခုရှိတယ်"
"ဒီလောက်ထိ အစွမ်းထက်တဲ့ ခွန်အားမျိုးကို ပိုင်ဆိုင်ထားတာတောင် ဘာလို့အမှောင်ထုနဲ့ ပူးပေါင်းနေတာလဲ"
အပိုင်း(၄၂၃): လျှို့ဝှက်ချက်များ၊ ဧကရာဇ်လျှောက်လှမ်း၏ တကယ့်အစစ်အမှန်
ထိုစကားသံအဆုံးတွင် ၊ ကြောက်မက်ဖွယ်ကောင်းသော ရောင်ဝါများသည် အရပ်ရှစ်မျက်နှာတစ်ခွင် ပျံ့နှံ့သွားသည်။
ဟင်းလင်ပြင်အက်ကွဲကြောင်းထဲမှ အဆုံးမရှိသော နတ်အလင်းများ ကျရောက်လာပြီး ၊ ပြောမပြတတ်သော တန်ခိုးစွမ်းအားများ စိမ့်ဝင်လာခဲ့သည်။
ဤတစ်ကြိမ်တွင်မူ ၊ အမှောင်ရိပ်သားရဲဘုရင်သာမက စူးချန်ကဲကိုတောင် ရင်တဒိတ်ဒိတ် ဖြစ်စေခဲ့သည်။
ဒဏ္ဍာရီလာ လောင်လျုံ့နဲ့ တကယ်ကြီး ဆုံတွေ့နေရတာလား!
T/N- လောင်လျုံ့ - အင်တာနက်ဗန်းစကား ၊ခြုံခိုတိုက်ခိုက်သူ
ပြင်းထန်သော တိုက်ပွဲကြီးတစ်ခုကို ဆင်နွဲ့ခဲ့သော်လည်း သို့သော် တဖက်လူသည် လူ့ဇာတိခံယူခြင်းမျှသာ ဖြစ်နေသလော။
၎င်း၏ စစ်မှန်သော စွမ်းအားများ ရောက်ရှိလာချိန်တွင် ၊ ဤအရာများသည် သူနားလည်ထားသော အရာများထက် ကျော်လွန်နေခဲ့သည်။
" နှမြောစရာပဲ "
ဟင်းလင်းပြင် ကွက်လပ်ထဲမှ စကားသံ ထွက်ပေါ်လာခဲ့သည်။ ကျယ်ပြောလှသော ကောင်းကင်ထက်တွင် အဆုံးမရှိသော နတ်အလင်းများ စီးဆင်းသက်ဝင်နေခဲ့သည်။
မှုန်ဝါးဝါး အသွင်သဏ္ဍာန်မှ ဆံပင်ဖြူဖြူနှင့် မုတ်ဆိတ်မွေး ရှိသော တာအိုဆရာသခင်တစ်ဦးအဖြစ် ဖြည်းဖြည်းချင်း ဖွဲ့စည်းသွားသည်။သူ၏လက်ထဲတွင် လွင့်မျောနေသော အမှုန်အမွှားများက လူကို မမြင်နိုင်သော ဖိအားတစ်ခုကို ပေးစွမ်းနေသည်။
" မင်းက အမှောင်ထုနဲ့ ပူးပေါင်းထားမှတော့ မင်း ဒီလမ်းကို သွားခွင့်မရှိဘူး"
ထိုလူက ဆက်ပြောသည်။
တစ်ချိန်တည်းမှာပင်။
ကြောက်မက်ဖွယ်ကောင်းသော ပျက်သုန်းခြင်းစွမ်းအားများကို စုဝေးထားသကဲ့သို့ အဆုံးမရှိသော အလင်းတန်းများ စီးဆင်းသက်ဝင်လာခဲ့သည်။
"အမှောင်ထုနဲ့?"
စူးချန်ကဲသည် ထိုစကားကို ကြားပြီးနောက်၊ သူ့မျက်လုံးများက အေးစက်သွားသည်။
" စီနီယာလူကြီးမင်း ကျုပ်လို ဂျူနီယာတစ်ယောက်ကို ဘာကြောင့်များ ဒီလို လုပ်ကြံဖန်တီးပြီး စွပ်စွဲနေရတာလဲ "
" ကျုပ်နောက်က ကောင်က ၊ ကျုပ်ကို ခစားဖို့ သူကိုယ်တိုင် တောင်းဆိုခဲ့တာ "
" တကယ်လို့ ခင်ဗျားမယုံရင် သူ့ကိုသတ်လိုက်ပေါ့ ၊ ကျုပ်နဲ့ဘာဆိုင်လို့လဲ"
ထိုစကားသံအဆုံးတွင် ။
ဖြစ်စဉ်တစ်ခုလုံးကို စောင့်ကြည့်နေသော အမှောင်ရိပ်သားရဲဘုရင်ခမျာ မပျော်နိုင်တော့ချေ။
သူသည် စူးချန်ကဲအတွက် ကြိုးစားပမ်းစား လမ်းပြခဲ့သည်။
အလုပ်လည်းပြီးရော မြည်းကိုသတ်စားဖို့ ကြံစည်နေသတဲ့လား!?
ဒါမတရားဘူး!
သို့သော် ၊ သူသည် စူးချန်ကဲကို စိတ်ထဲကနေသာ ကျိန်ဆဲနိုင်သည်။ သူ့ကို အနိုင်မှမတိုက်နိုင်တာကိုး !
“အို....?”
ထိုပုဂ္ဂိုလ်၏ လေသံထဲတွင် ရှုပ်ထွေးမှုများ အနည်းငယ် ပါဝင်နေသည်။
"ဒါကို အရင်မပြောသေးခင် ၊ ဒါပေမဲ့ မင်းမှာ ဘာလို့ အမှောင်ထုအငွေ့အသက်တွေ ရှိနေတာလဲ"
ထိုသို့ပြောရင်းဖြင့်။
စူးချန်ကဲ၏ ဘေးတစ်ဝိုက်တွင် နားမလည်နိုင်သော အာကာသ-အချိန် စွမ်းအားများ ရုတ်ချည်းဆိုသလို ထွက်ပေါ်လာသည်။
၎င်းက သူ့ကို တင်းကျပ်စွာ ထုပ်ပိုးထားသည်။
တစ်ချိန်တည်းမှာပင် ၊ ထိုအနှီပုဂ္ဂိလ်၏ မျက်ဝန်းတစ်စုံသည် စူးချန်ကဲကို စစ်ဆေးကြည့်ရှုနေသည်။
သူသည် စူးချန်ကဲကို ထိုးဖောက်မြင်နိုင်စွမ်း ရှိပုံရသည်။
အချိန်အနည်းငယ်ကြာပြီးနောက်။
ထိုပုဂ္ဂိုလ်က ဟက်ဟက်ပက်ပက် ရယ်လေသည်။
" လတ်စသတ်တော့ ဒီလိုကိုး!"
" ချန်ရှန်းတာအိုအရိုး ၊ ဒဏ္ဍာရီထဲက အမွန်မြတ်ဆုံး တာအိုအရိုးတွေထဲက အုပ်စိုးရှင်ဘုရင် အဖြစ် တည်ရှိနေတော့ နတ်စွမ်းအားနဲ့ နတ်ဆိုးစွမ်းအားကို အတူတကွ လေ့ကျင့်နိုင်ရုံသာမက အလင်းနှင့်အမှောင်ကို အသက်သွင်းလုပ်ဆောင်နိုင်တယ် "
"ဒဏ္ဍာရီထဲက ရုပ်လက္ခဏာတွေ ခုလို ဆုတ်ယုတ်ခေတ်ကြီးမှာ မွေးဖွားလာလိမ့်မယ်လို့ ငါ မမျှော်လင့်ထားဘူး"
" ပိုကြောက်စရာအကောင်းဆုံးက... ဒီကလေးမှာ သူတော်စင်ခန္ဓာကိုယ် အုပ်စိုးရှင်ဘုရင် လေးမျိုးတောင် ရှိနေတာပဲ..."
ထိုပုဂ္ဂိုလ်သည် သူ့ကိုယ်သူ ညည်းညူလိုက်သည်။
"တားမြစ်ချက် တစ်ဖန် ထွက်ပေါ်လာခဲ့ပြီ... ဒေဝလောက ပြန်လည်စတင်လာတော့မယ်... မှန်းဆချက်အသစ်... စတင်တော့မှာလား...?"
သို့သော် တစ်ဖက်လူ၏ စကားများကို ကြားနေရသော စူးချန်ကဲမှာ စိတ်ရှုပ်နေလေ၏။
စူးချန်ကဲ၏ မေးခွန်းထုတ်နေသောအကြည့်ကို ထိုပုဂ္ဂိုလ်သည်လည်း သတိထားမိပုံရသည်။
ထို့နောက် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။
ဝီ!
အဆုံးမရှိသော နတ်အလင်းရောင်သည် အရပ်ရှစ်မျက်နှာတစ်ခွင် ပျံ့နှံ့သွားပြီး အဆုံးတွင် အလင်းကန့်လန်ကာ တစ်ခုအဖြစ် အမှောင်ရိပ်သားရဲဘုရင်ကို ဖုံးအုပ်သွားခဲ့သည်။
သူသည် စူးချန်ကဲနှင့် သီးသန့် စကားပြောချင်ပုံရသည်။
ထို့နောက်တွင်၊ သူ့ခန္ဓာကိုယ်တစ်ဝိုက်တွင် ရစ်ပတ်ထားသော ထုတ်ဖော်မပြောနိုင်သော လျို့ဝှက်ချက်များဖြစ်သည့် တောက်ပသော မှော်သင်္ကေတများသည် တဖြည်းဖြည်း မှေးမှိန်သွားသည်။
ထို့နောက် ထိုပုဂ္ဂိုလ်သည် သူ့မျက်နှာအမှန်ကို ထုတ်ဖော်ခဲ့သည်။
သူသည် အဖြူရောင် တာအို၀တ်စုံကို ၀တ်ဆင်ထားပြီး ၊ ၎င်း၏ဆံပင်နှင့် မျက်ခုံးမွှေးများသည် ဖြူစွတ်နေသည်။
သူ့ခြေဖဝါးအောက်တွင် ရွှေရောင်အဆင်းရှိသော ကြာပန်းတစ်ပွင့်ရှိပြီး ၊ ယင်းက သူ့ကို ပို၍ ခံ့ညားပြီး ထူးကဲသောအသွင်အပြင်ကို ဖြစ်ပေါ်စေသည်။
အဘိုးအို၏ အသံသည် ပျံလွင်ကာ ထွက်ပေါ်လာသည်။
"ငါ့နာမည်က ထိုက်ချူ တာအိုဆရာသခင်ပဲ ၊ ငါက ပထမဆုံးသော ဧကရာဇ်လျှောက်လှမ်းရဲ့ လမ်းညွှန်သူပဲ"
" ပထမဆုံးသော ဧကရာဇ်လျှောက်လှမ်းကို ဖြတ်တောက်ပြီးကတည်းက၊ ငါဒီမှာ နှစ်ပေါင်းများစွာ စောင့်ကြပ်နေခဲ့တာ"
ထိုစကားများကို နားထောင်ပြီးချိန်တွင် ၊
စူးချန်ကဲ၏ နှလုံးသားမှာ တစ်ဖန် တုန်လှုပ်သွားခဲ့ပြန်သည်။
"ပထမဆုံးသော ဧကရာဇ်လျှောက်လှမ်း...?"
" ဒါ အမတဖြတ်ကျော်မှု လျှောက်လှမ်း မဟုတ်လား?"
"ဟုတ်တယ်"
ထိုက်ချု တာအိုဆရာသခင်က ခေါင်းညိတ်လိုက်သည်။
"ဒီစစ်ပွဲကို ကမ္ဘာ့ကပ်ဘေးစစ်ပွဲလို့ ခေါ်ရတဲ့ အကြောင်းရင်းက သူ့ရဲ့သက်ရောက်မှုက အတိုင်းအတာကျယ်ပြန့်လို့ပဲ "
"မရေမတွက်နိုင်တဲ့ မဟာလမ်းစဉ်တွေ ၊ မရေမတွက်နိုင်တဲ့ အင်အားစုတွေ ၊ မရေမတွက်နိုင်တဲ့ ကြယ်တာယာ ရှေးဟောင်းလမ်းတွေ နဲ့ ဒဏ္ဍာရီထဲက အမတဖြတ်ကျော်မှု လျှောက်လှမ်းတွေ အကုန်လုံး ဖျက်ဆီးခံခဲ့ရတယ် "
ထိုအချိန်တွင်၊ ထိုက်ချူ တာအိုဆရာသခင်၏ ပါးစပ်ထောင့်တွင် ခိုကိုးရာမဲ့သော အရိပ်အမြွက်တစ်ခုကို ထုတ်ဖော်ပြသခဲ့သည်။
"ငါတို့လို လူအိုကြီးတွေတောင် နောက်ဆုံးတော့ တိုက်ပွဲမှာ ကျဆုံးခဲ့ရတယ် "
" ဧကရာဇ်လျှောက်လှမ်းရဲ့ သုညဂိတ်ဆိုတာကရော ဘာလဲ "
စူးချန်ကဲက ဆက်မေးသည်။
"ခင်ဗျားက ဘာလို့ ဒီမှာ စောင့်ကြပ်နေတာလဲ"
စူးချန်ကဲသည် ပွင့်ပွင့်လင်းလင်း မေးလိုက်သည်။ သို့မဟုတ်ပါက ဤစကားဝိုင်းသည် အဓိပ္ပါယ်ရှိလိမ့်မည် မဟုတ်။
ထင်ထားသည့်အတိုင်း ။
ထိုက်ချူ တာအိုဆရာသခင်သည် မည်သည့်အရာကိုမျှ ဖုံးကွယ်ရန်မကြိုးစားဘဲ သက်ပြင်းချလိုက်သည်။
ထို့နောက် သူသည် အားလုံးကို ပြောပြခဲ့သည်။
“ဒီကိစ္စမှာ လျှို့ဝှက်ချက်တွေ အများကြီးရှိတယ်၊ ကိစ္စက ဒီကနေစရမှာပဲ...."
ထိုက်ချူ တာအိုဆရာသခင်သည် ဤနေရာ၏ ဇာတ်လမ်းတစ်ခုလုံးကို ရိုးရှင်းစွာ ပြောပြပေးခဲ့သည်။
..........
အကြောင်းရင်းမှာ ။
ဧကရာဇ်လျှောက်လှမ်း သုညဂိတ်သာလျှင် မဟာလမ်းစဉ်၏ စစ်မှန်သော ကောင်းချီးတစ်ခုဖြစ်သည်။
၎င်းကို မရေမတွက်နိုင်သော အာကာသ-အချိန် လျို့ဝှက်နယ်မြေများစွာနှင့် ချိတ်ဆက်ထားပြီး ၊ တားမြစ်ထားသော အချိန်လျှို့ဝှက်နယ်မြေကိုတောင် ရောက်သွားနိုင်သည်။
သို့သော် အာကာသ-အချိန် လျှို့ဝှက်နယ်မြေများတွင် မြှုပ်နှံထားသော လျှို့ဝှက်ချက်သည် အလွန် များပြားလွန်းသည်။ အမတ အထက် နှင့် ပတ်သတ်သော အခွင့်အလမ်းနှင့် ရတနာများပင် ရှိသေးသည်။
အမှောင်ထု ဝင်ရောက်အုပ်စိုးသော ခေတ်ကြီးတွင်၊ အမှောင်ထု အမတဧကရာဇ် ဆယ်ပါး ဦးဆောင်သည့် အမှောင်စစ်တပ်ကြီးသည် ဧကရာဇ်လျှောက်လှမ်းကို စတင်တိုက်ခိုက်ခဲ့သည်။
သူ၏ ရည်ရွယ်ချက်မှာ နှစ်ခုရှိသည်။
ရှေးဦးစွာ၊ အဆင့်နိမ့်လောကမှ ကျင့်ကြံသူများကို မဟာဧကရာဇ်မင်းအဖြစ် မတတ်လှမ်းနိုင်စေရန် ဧကရာဇ်ဖြစ်ခြင်းလမ်းကြောင်းကို လုံးဝဖြတ်တောက်ပြီး ဒေဝလောကတစ်ခုလုံးရှိ ခွန်အားများကို လျော့ချရန် ဖြစ်သည်။
ဒုတိယအချက်မှာ၊ အချိန်လျို့ဝှက်နယ်မြေကို တိုက်ခိုက်ပြီး ၊ အမတအထက်ရှိ ဒဏ္ဍာရီလာ အခွင့်အရေးများနှင့် ရတနာများကို ရယူမည်။ထိုအချိန်တွင် ၊ ၎င်းတို့၏ အမှောင်ထုဘိုးဘေးများသည် အမတအထက်ရှိ နယ်ပယ်ကို စည်းတံဆိပ်ခတ်ကာ အရင်းအမြစ်ကိုချိုးဖျက်ရန် ဒုတိယအကြိမ် တိုက်ပွဲတစ်ခုကို ထပ်မံဆင်နွှဲဖို့ ကြံစည်ထားကြသည်။
ထို့နောက်တွင် ၊
ဤကိစ္စကို လူသားမျိုးနွယ်၏ ထိပ်တန်း သခင်များက ကြားဖြတ်ဟန့်တားခဲ့သည်။
ဧကရာဇ်လျှောက်လမ်းကမ္ဘာတွင်၊ ဒေဝလောက တစ်ခုလုံးရှိ မျိုးနွယ်စုအားလုံး၏ တပ်ဖွဲ့များသည် ကာကွယ်ရေး အစီအမံများစွာကို တည်ဆောက်ရန် စည်းလုံးခဲ့ကြသည်။
ဥပမာအားဖြင့်၊ ယခင်က ဓားစွမ်းအင်မဟာတံတိုင်းကြီးသည် ထိုတိုက်ပွဲတွင် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။
ဧကရာဇ်လျှောက်လှမ်း သတ္တမအဆင့်ရှိ ကောင်းကင်ဘုံအမျက်ဒေါသ နယ်ပယ်နှင့် အဋ္ဌမအဆင့်ရှိ နိဗ္ဗာန နတ်ဘုရားကျောင်းတို့သည်လည်း ထိုနည်းတူစွာပင်။
၎င်းတို့ကို လူသားမျိုးနွယ်၏ အဓိက ကာကွယ်ရေးအစီအမံ သုံးခုဟု ခေါ်ဆိုကြသည်။
သို့သော်။
အမှောင်ထု တပ်ဖွဲ့ကြီးသည် အင်အားအပြည့်ဖြင့် ရောက်လာခဲ့ပြီး ဓားစွမ်းအင်မဟာတံတိုင်းကြီးမှ လွဲ၍ အခြားကာကွယ်ရေးအစီအမံ နှစ်ခုသည် တစ်ခုပြီးတစ်ခု ပျက်စီးသွားခဲ့ရသည်။
ထိုအရေးကြီးသော အခိုက်အတန့်တွင်။
ကျန့်ထျန်းအမတဧကရာဇ်မင်း ဦးဆောင်သော လူသားမျိုးနွယ်စု အမတဧကရာဇ်ခုနှစ်ပါးသည် အမှောင်ကမ္ဘာထဲသို့ ဝင်ရောက်ခဲ့သည်။
သူတို့သည် မိမိ၏ မူလရင်းမြစ် စွမ်းအားကို လောင်မြိုက်ကာ အမှောင်ကမ္ဘာတွင် သုံးရက်နှင့် သုံးညကြာ တိုက်ခိုက်ခဲ့ကြသည်။
နောက်ဆုံးတွင် ၊ မရေမတွက်နိုင်သော အမှောင်တပ်များ၏ အဓိကအင်အားစုများကို အမှောင်ကမ္ဘာဆီသို့ ပြန်ပို့နိုင်ခဲ့သည်။
ထိုမှသာလျှင် ဒေဝလောကရှိ များပြားလှသော မျိုးနွယ်စုများအနေဖြင့် အသက်ရှုချောင်ခဲ့ပြီး ၊ ထိုအခွင့်အရေးတွင် တပ်ဖွဲ့များကို ပြန်လည်ဖွဲ့စည်းခဲ့သည်။
အခြေအနေကို ပြောင်းပြန်လှန်နိုင်ခဲ့ရုံသာမက ဧကရာဇ်လျှောက်လှမ်း၏ တကယ့် ပထမအဆင့်ဖြစ်သည့် လက်ရှိသုညဂိတ်ကို ဧကရာဇ်လျှောက်လှမ်းမှ အပြီးတိုင် ဖြတ်တောက်ပစ်ခဲ့သည်။
သို့သော် ထိုတိုက်ပွဲအပြီးတွင် ဧကရာဇ်လျှောက်လှမ်းသည် ဆိုးရွားစွာ ပျက်စီးခဲ့သည်။
မရေမတွက်နိုင်သော အန္တနတန်ခိုးရှင်များ၏ ဝိညာဉ်များ ကြွေလွှင့်ခဲ့ရပြီး ၊ နိယာမစည်းမျဉ်းတို့သည် ကြီးမားသော အပြောင်းအလဲများစွာ ဖြစ်ပေါ်ခဲ့ရသည်။ မရေမတွက်နိုင်သော မလိုလားသော စိတ်ဝိညာဉ်များနှင့် အမှောင်ထု အကြွင်းအကျန် အားလုံးကို ဤဧကရာဇ်လျှောက်လှမ်းထဲတွင် စည်းတံဆိပ်ခတ်ထားခဲ့သည်။
ချီရွှမ် စစ်မှန်သူဆရာသခင်
နှင့် ထိုက်ချု တာအိုဆရာသခင် ကဲ့သို့သော အင်အားကြီးသော တန်ခိုးရှင်များသည်ပင် ဤဧကရာဇ်လျှောက်လှမ်းတွင် ပိတ်လှောင်ခံခဲ့ရသည်။
နောက်ဆုံးတွင် ၊ မဟာလမ်းစဉ်၏ အလိုအလျောက် ထိန်းညှိပေးမှုဖြင့် ၊
ဧကရာဇ်လျှောက်လှမ်းကို ပြန်လည်ပြုပြင်ခဲ့သော်လည်း ၊ သို့သော် ကျိုးပဲ့ပျက်စီးနေသော လျှောက်လှမ်းတစ်ခုအဖြစ် ရှိနေဆဲပင်။
စူးချန်ကဲသည် အချက်အလက်အားလုံးကို သူ့စိတ်ထဲတွင် အစီအရီထည့်ထားပြီးနောက် ၊
နာမည်တစ်ခုကို ဖမ်းဆုပ်နိုင်ခဲ့သည်။
" ကျန့်ထျန်း အမတဧကရာဇ်...?"
ထိုအပျက်အစီးထဲတွင် သူ မြင်တွေ့ခဲ့ရသော ရှေးဟောင်းမြင်ကွင်း အဖြစ်အပျက်ကို စဉ်းစားမိသွားသည်။
ထိုတုနှိုင်းမဲ့သော ရုပ်သွင်။
သာမန်ပြည်သူများကို အကာအကွယ်ပေးခဲ့သော ပုံရိပ် ။
သာမန်ပြည်သူများအတွက် သူ့ကိုယ်သူ စတေးခဲ့သော မြင်ကွင်းများကို ပြန်လည်မြင်ယောင်နေမိသည်။
သူ့စိတ်ထဲတွင် နားမလည်နိုင်သော ခံစားချက်တစ်ခု အမြဲလိုလို ရှိနေခဲ့သည်။
ဤစကားနှစ်လုံး( ကျန့်ထျန်း အမတဧကရာဇ်)ကို ကြားလိုက်တိုင်း ဖော်မပြနိုင်သော ဝမ်းနည်းမှုတစ်ခုက သူ့ရင်ထဲသို့ အမြဲလိုလို ဝင်ရောက်လာတတ်သည်။
အပိုင်း(၄၂၄): ရှေးဟောင်း မကောင်းဆိုးဝါးတရားစီရင်ရေးအဖွဲ့ ပြန်လည်ဖွဲ့စည်းတော့မည်
ထိုက်ချူ တာအိုဆရာသခင်သည် စူးချန်ကဲ၏ ခံစားချက်များကို အာရုံခံမိပုံရသည်။
သူသည် သက်ပြင်းချလိုက်သည်။
"ဒီကမ္ဘာကြီးမှာ လေးလံတဲ့တာဝန်ကို ထမ်းထားသူတစ်ယောက်ကတော့ အမြဲရှိနေဦးမှာပဲ"
"ငါတို့က ကမောက်ကမ ခေတ်ကြီးမှာ မွေးဖွားလာပြီဆိုမှတော့ သေချာပေါက် တစ်စုံတစ်ခုကို ပေးဆပ်ရမှာပဲ "
"ငါတို့သာ မတားစီးခဲ့ရင် ၊ အခုအချိန်မှာ ကမ္ဘာကြီးက အမှောင်ထုရဲ့ ဖျက်ဆီးခြင်းကို ခံနေရပြီ"
စူးချန်ကဲသည် နှုတ်ဆိတ်နေခဲ့သည်။
တစ်ချိန်က သူသည် တုနှိုင်းမရသော မဟာဧကရာဇ်မင်းတစ်ပါးအဖြစ် အောင်မြင်နေသရွေ့ ဤကမ္ဘာကြီးကို ပြောင်းလဲနိုင်စွမ်းရှိမည်ဟု အမြဲယုံကြည်နေခဲ့သည်။
သို့သော်။
ကမ္ဘာ့ကပ်ဘေးစစ်ပွဲတွင် ဒဏ္ဍာရီလာ တုနှိုင်းမဲ့ အမတဧကရာဇ်များသည်ပင် ကျဆုံးခဲ့ရသည်။
ထိုစဉ် ၊
ထိုက်ချူ တာအိုဆရာသခင်က စူးချန်ကဲကို ကြည့်ရင်း ထပ်ဆိုလိုက်သည်။
"မင်းရဲ့ ပါရမီကိုကြည့်ရင်၊ ဒီခေတ်ရဲ့ ကံကြမ္မာက မင်းအတွက်ဆိုတာ သေချာတယ်"
"အစတုန်းကတော့ ငါ ဒီသုညဂိတ်ကို အလုံပိတ်ထားချင်ခဲ့တာ "
"ဒါပေမဲ့ မင်းဖြစ်နေမှတော့ ၊ အရာရာတိုင်းမှာ ဘုရားသခင်ရဲ့ အလိုဆန္ဒရှိမယ်လို့ ငါ ယုံကြည်တယ် "
ထိုက်ချူ တာအိုဆရာသခင်သည် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။
အဆုံးမရှိသော နတ်အလင်းများ တဖိတ်ဖိတ် တောက်လောင်လာခဲ့ပြီး ၊ နောက်ဆုံးတွင် သူ့နောက်တွင် ပုံရိပ်ယောင်ဆန်သော ကြေးသင်္ဘောတစ်စင်းကို ဖြည်းညှင်းစွာ ဖွဲ့စည်းတည်ဆောက်ခဲ့သည်။
" လူတွေကို ဖုံးကွယ်ထားခဲ့တဲ့ ဒီလျို့ဝှက်နေရာကို သွားဖို့ မင်းက အရည်အချင်းပြည့်မီတယ် "
ထိုစကားပြောပြီးနောက်၊ ထိုက်ချူ တာအိုဆရာသခင်သည် သူ၏ လက်ဝါးကို ဖိချလိုက်ရာ ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာခဲ့ပြီး ဝိုးတဝါးနှင့် ပုံရိပ်ယောင်ဆန်သော ကြေးသင်္ဘောကြီးမှာ တုန်ခါလာတော့သည်။
ဝီ!!
တစ်ချိန်တည်းမှာပင် ၊ ရွှေအိုရောင် အလင်းတန်းတစ်ခုသည် ပေထောင်ပေါင်းများစွာ ကျယ်ဝန်းသော လမ်းကြောင်းတစ်ခုအဖြစ် တောက်လျှောက် ဖြန့်ကျတ်သွားသည်။
ဗလာပြင် နှင့် မှောင်မိုက်သောလေထုများ ထိုးဖောက်ဝင်ရောက်လာခဲ့ပုံရကာ ၊ ကြယ်တာယာ ကောင်းကင်ယံ၏ အနက်ရှိုင်းဆုံး အပိုင်းသို့ တိုက်ရိုက် ဦးတည်နေပုံရသည်။
"သွားကြစို့၊ ပြင်ပကမ္ဘာက စွမ်းအာရှင်တွေက ဧကရာဇ်လျှောက်လှမ်းရဲ့ သတ္တမမြောက်အဆင့်ကို ကျော်ဖြတ်သွားကြပြီ"
"ဒီမှာ အချိန်လင့်နေရင် ၊ ဧကရာဇ်ဖြစ်နိုင်မယ့် အခွင့်အရေး နှောင့်နှေးသွားလိမ့်မယ်"
တစ်ချိန်တည်းမှာပင်၊ ထိုက်ချူ တာအိုဆရာသခင်သည် သူ့လက်ကို ထပ်မံ၍ ဝှေ့ယမ်းလိုက်ရာ ၊ ရွှေရောင်တောက်ပနေသော ကျောက်စိမ်းဆွဲပြားတစ်ခုသည် စူးချန်ကဲ၏လက်ထဲသို့ ဖြည်းညှင်းစွာ ကျရောက်လာသည်။
"မင်း အချိန်လျှို့ဝှက်နယ်မြေကို ရှာရမယ် ၊ အဲဒီက လူတွေက မင်းကို ဧကရာဇ်လျှောက်လှမ်းရဲ့ နဝမအဆင့်ကို ရောက်အောင် ကူညီပေးလိမ့်မယ်"
စူးချန်ကဲသည် ရှေ့နောက်မကြည့်တတ်သော လူစားမျိုးမဟုတ်ပေ။
ဤသို့ဖြင့်၊ သူသည် ထိုက်ချူ တာအိုဆရာသခင်ကို ဦးညွှတ်ပြီးနောက် ကြေးသင်္ဘောပေါ်သို့ တက်လာခဲ့သည်။
ဝုန်း ဝုန်း !
စူးချန်ကဲမှ ကြေးသင်္ဘောပေါ်သို့ ခြေချလိုက်သည်နှင့် ၊ သင်္ဘောကိုယ်ထည် တစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားသည်။
တောက်ပနေသော သင်္ဘောကြီးသည် တဖိတ်ဖိတ် တောက်ပနေသော ရွှေရောင်မြစ်၏ အနက်ရှိုင်းဆုံး အပိုင်းဆီသို့ ဖြည်းညှင်းစွာ ရွက်လွှင့်လာခဲ့သည်။
"စကားမစပ် ၊ မင်း ဒီကောင်ကို မင်းနဲ့အတူ ခေါ်သွားလိုက် ၊ သူ့ရဲ့ အမှောင်ရောင်ဝါကို ငါ ဖိနှိပ်ထားပြီးပြီ "
"သူပြန်နိုးလာတဲ့အခါ သူ့ရဲ့ မှတ်ဉာဏ်တွေကလည်း ပြောင်းလဲသွားလိမ့်မယ်"
ထိုအချိန်တွင် ထိုက်ချူ တာအိုဆရာသခင်သည် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။
ရွှေရောင်အလင်းလုံးထဲတွင် ကျုံ့ကျုံ့လေးရှိနေသော အမှောင်ရိပ်သားရဲဘုရင်သည် စူးချန်ကဲ၏ လက်ဖဝါးပေါ် ကျရောက်လာခဲ့သည်။
စူးချန်ကဲသည် ကူကယ်ရာမဲ့ ခေါင်းခါလိုက်ရင်း ဆိုလိုက်သည်။
" ထားပါလေ ၊ အဲ့လိုဆိုလည်း မင်းကို ခေါ်သွားလိုက်တော့မယ်"
.......
အဝေးသို့ ထွက်ခွာသွားသော ကြေးသင်္ဘောကြီးကို ကြည့်ရင်း ထိုက်ချူ တာအိုဆရာသခင်သည် အချိန်အတော်ကြာအောင် နှုတ်ဆိတ်နေခဲ့သည်။
စူးချန်ကဲ အပြီးတိုင် ထွက်ခွာသွားပြီးနောက်၊
ထိုက်ချူ တာအိုဆရာသခင်သည် သူ၏ ညာလက်ကို ဆန့်ထုတ်လိုက်သည်။သူ၏ လက်ချောင်းထိပ်တွင် ဖိညှစ်ထားသော ရွှေရောင်ချည်မျှင်ကို ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်သည်။
"ချီရွှမ် စစ်မှန်သူဆရာသခင် အဲ့ကောင်...ဘာတွေစီစဉ်နေတာလဲ?"
" ဒီကောင်လေးရဲ့ကိုယ်ပေါ်မှာ သူ့ရဲ့အငွေ့အသက်ကို ထားခဲ့တာ ..သူ ဒီကောင်လေးနောက်ကို လိုက်နေတာလား"
ထိုက်ချူတာအိုဆရာသခင်၏ မျက်လုံးများသည် အနည်းငယ် ကျဉ်းမြောင်းသွားပြီး ။
" ဒီကောင် မကြာသေးခင်က ဂနာမငြိမ်ဖြစ်နေတာ ...တစ်ခုခုကို စီစဉ်နေတာလား ?"
ထိုနှစ်က၊ အမှောင်စစ်ပွဲတွင်။
ချီရွှမ် စစ်မှန်သူဆရာသခင်သည် ဒဏ်ရာအပြင်းအထန် ရရှိခဲ့သည်။ သူသည် အသက်ရှင်နေသေးသော်လည်း အမှောင်ထု၏ တိုက်စားခြင်းကို အရင်ကတည်းက ခံခဲ့ရပြီလားဆိုတာကိုတော့ မည်သူမျှ အာမမခံနိုင်ပေ။
........
တစ်ချိန်တည်းမှာပင်။
တိုက်မြေ သုံးထောင် ။
အမတ မကောင်းဆိုးဝါးဘိုးဘေး၏ အမိန့်ထုတ်လွှတ်ပြီးသည်နှင့် ။
မရေတွက်နိုင်သော မကောင်းဆိုးဝါးမျိုးနွယ်စုများသည် မိစ္ဆာနတ်ဘုရား စည်းတံဆိပ်ထံမှ ခေါ်ဆိုမှုကို လက်ခံရရှိခဲ့သည်။
ရှေးကျသော လျှို့ဝှက်ကမ္ဘာတွင် အိပ်နေကြသော ရှေးဟောင်း မကောင်းဆိုးဝါးအိုကြီးများပင် နိုးထလာကြသည်။
" ယောက်ရွှီတိုက်မြေ ၊ ကောင်းကင်ဘုံမကောင်းဆိုးဝါး တောင်တန်း ၊ ရှေးဟောင်း မကောင်းဆိုးဝါးတရားစီရင်ရေးအဖွဲ့... ဟားဟား မကောင်းဆိုးဝါး မျိုးနွယ်စုတွေရဲ့ ဂုဏ်သိက္ခာ တစ်ဖန်ပြန်ပေါ်လာတော့မှာလား...?"
" ကောင်းကင်ဘုံ မကောင်းဆိုးဝါးတောင်တန်းက လူအိုကြီးတွေ နောက်ဆုံးတော့ မထိန်းနိုင်တော့ဘူးလား ၊ ဒါလည်း ကောင်းတာပဲ ငါတို့ မကောင်းဆိုးဝါးမျိုးနွယ်တွေရဲ့ အုပ်စိုးတဲ့ခေတ်ကို ပြန်လည်ရယူဖို့ အချိန်တန်ပြီ!"
" ရှေးဟောင်းမကောင်းဆိုးဝါး တရားစီရင်ရေးအဖွဲ့ကို ပြန်လည်ဖွဲ့စည်းတော့မယ် ၊ ဒီလောက် ကောင်းတဲ့အခွင့်ရေး သေချာမလုပ်ရင် ဆုံးရှုံးမှုကြီး ဖြစ်လိမ့်မယ်"
“........”
လူတိုင်းကို ထိတ်လန့်စေသော မြင်ကွင်းတစ်ခုသည် တိုက်မြေ သုံးထောင်၏ နေရာတိုင်းတွင် ဖြစ်ပျက်နေသည်။
ကောင်းကင်ယံထက်တွင် မကောင်းဆိုးဝါးစွမ်းအင်များ တသိမ့်သိမ့် ရိုက်ခတ်နေပြီး ၊ လေမုန်တိုင်းတစ်ခု ဝင်ရောက်တိုက်ခတ်နေလေ၏။
အနက်ရောင် အခိုးအငွေ့များက ကောင်းကင်နှင့် မြေကြီးကြား ထိုးဖောက်ဝင်ရောက်လာနေသည်။
မရေမတွက်နိုင်သော ရှေးဟောင်း မကောင်းဆိုးဝါးအိုကြီးများသည် ၎င်းတို့၏ စစ်မှန်သော အသွင်အပြင်ကို ပြသခဲ့ကြသည်။ ၎င်းတို့၏ကြီးမားသော ခန္ဓာကိုယ်များသည် ကောင်းကင်နှင့် နေကိုတောင် ဖုံးလွှမ်းနိုင်ပြီး ၊ ၎င်းတို့၏ ကြီးကျယ်ခမ်းနားသော သွေးချီစွမ်းအားများက လေထုအလွှာကိုပင် စုတ်ဖြဲပစ်နိုင်စွမ်း ရှိပုံရသည်။
အနှိုင်းမဲ့ ခွန်အားများကို ဆောင်ကျဉ်းကာ ၎င်းတို့အားလုံးသည် ယောက်ရွှိီတိုက်မြေ၏ ဦးတည်ရာဆီသို့ စုဝေးရောက်ရှိလာကြသည်။
T/ N - ယောက်ရွှီတိုက်မြေရဲ့ ' ယောက်' ဆိုတာက မကောင်းဆိုးဝါး ဆိုတဲ့ စကားလုံးပါ
လူကိုခေါင်းကြီးသွားစေသော ဤမြင်ကွင်းကြောင့် တိုက်မြေ သုံးထောင်ရှိ မရေမတွက်နိုင်သော အင်အားစုများသည် လှုပ်လှုပ်ရှားရှား ဖြစ်လာခဲ့သည်။
"ဒီမကောင်းဆိုးဝါးမျိုးနွယ်တွေ တစ်ခုခု လှုံ့ဆော်ခံလိုက်ရတာလား ၊ သူတို့အားလုံး ဘာလို့ တစ်နေရာတည်းကိုပဲ ဦးတည်နေကြတာလဲ"
"ဟမ်... အဆိပ်ကိုးပါး မြွေနဂါးဘုရင်! အဆိပ်ပေါင်းတစ်သောင်းတိုက်မြေမှာ ကျင်လည်နေတဲ့ မကောင်းဆိုးဝါးဘုရင်မလား၊ သူက ဘာလို့ ယောက်ရွှီတိုက်မြေကို သွားတာတုန်း?"
" ထွက်နေတဲ့ အတင်းအဖျင်းတွေအရ ... ကောင်းကင်ဘုံ မကောင်းဆိုးဝါးတောင်တန်းက ကြီးကြီးမားမား တစ်ခုခုကို လုပ်ဖို့အတွက် ကမ္ဘာပေါ်က မကောင်းဆိုးဝါးမျိုးနွယ်တွေ အကုန်လုံးကို ပူးပေါင်းကြံစည်ဖို့ ဖိတ်ခေါ်ထားတယ်ဆိုပဲ...."
ရှေးလူအိုကြီးတစ်ဦးက ဝေဟင်ပေါ်က မရေမတွက်နိုင်သော မကောင်းဆိုးဝါးသားရဲကောင်များ၏ အရိပ်ကို ကြည့်ရင်း ရေရွတ်လိုက်သည်။
"ဒီကောင်တွေ လူသား- မကောင်းဆိုးဝါးတွေကကြားက နောက်ထပ်စစ်ပွဲကြီးတစ်ခုကို ထပ်ပြီး ဖန်တီးတော့မလို့လား...."
......
ကွေးယွမ် သူတော်စင် နယ်မြေ။
ဘိုးဘေးများသည် ပြင်ပကမ္ဘာရှိ အပြောင်းအလဲများကို သတိပြုမိပြီးဖြစ်သည်။
၎င်းတို့အနက် အဝေးဘိုးဘေး၏ အသွင်ပုံရိပ်သည် သူ့မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်လိုက်သည်။ သူသည် အဝေးဘိုးဘေးများဖြစ်ကြသည့် မျဲ့ရှိန် အဝေးဘိုးဘေးနှင့် မျဲ့ရှန်း အဝေးဘိုးဘေး နှစ်ဦးထဲမှ မျဲ့ရှိန် အဝေးဘိုးဘေးပင် ဖြစ်သည်။
"ဟဟား... ကောင်းကင်ဘုံ မကောင်းဆိုးဝါးတောင်တန်းက မိစ္ဆာနတ်ဘုရား စည်းတံဆိပ်ကို အသက်သွင်းပြီးခဲ့ပုံရတယ်"
မျဲ့ရှိန် အဝေးဘိုးဘေး၏ အသွင်ပုံရိပ်သည် လျစ်လျူရှုသော ဒီဇိုင်းဖြင့် ဆိုလိုက်သည်။
" တိ့ကျွင်း အဲ့ကလေးရဲ့အငွေ့အသက်ကို ငါ ခံစားမိလိုက်တယ် "
" ကြည့်ရတာ ဒီကလေး သင်ခန်းစာမမှတ်သေးဘူးပဲ"
မျဲ့ရှိန် အဝေးဘိုးဘေးသည် မထီမဲ့မြင်အမူအရာဖြင့် ဆိုပြန်သည်။
တိ့ကျွင်းကို မကောင်းဆိုးဝါးမျိုးနွယ်စု၏ ဘိုးဘေးဟု ခေါ်ကြသော်လည်း၊
သို့သော် သူတို့၏ ကွေးယွမ် သူတော်စင်နယ်မြေရှေ့တွင် သူသည် အရည်အချင်းမပြည့်မီသေးသော ကလေးတစ်ယောက်သာပင်။
" ဒီကောင်က လောင်မြိုက်ကောင်းကင် အမတနယ်မြေမှာ ကောင်းကောင်းမနေဘဲ ငါတို့ ကွေးယွမ် သူတော်စင်နယ်မြေရဲ့ အရေးကိစ္စမှာ ဝင်ပြီး စွက်ဖက်ဖို့ စဉ်းစားနေမှတော့ ငါတို့ဘက်ကလည်း ဒီတိုင်း လွယ်လွယ်ကူကူ ပြီးသွားလို့ ဘယ်ဖြစ်မတုန်း"
“ ကျန့်ရှင်း "
“ ရှိပါတယ် "
ကျန့်ရှင်းဘိုးဘေးသည် တခြားဘိုးဘေးတွေကြားက ရှေ့သို့ ထွက်လာခဲ့ပြီး လေးလေးစားစား ဦိးညွှတ်လိုက်သည်။
" အမိန့်ရှိပါ အဝေးဘိုးဘေး!"
"ကံကြမ္မာပင်လယ်ထဲမှာရှိတဲ့ ဖာထျန်းတပ်ဖွဲ့ကို ကွေးယွမ် သူတော်စင် နယ်မြေကို ပို့လွှတ်ဖို့ အမိန့်ပေးလိုက် "
မျဲ့ရှိန် အဝေးဘိုးဘေးက အေးစက်စွာ ဆိုလိုက်သည်။
"ဒီမကောင်းဆိုးဝါးအုပ်စုက ကစားချင်နေမှတော့ ၊ ဒါဆိုလည်း သူတို့ အားလုံးကို တစ်ခါတည်း ဖျက်ဆီးပစ်ရုံပေါ့ !"
" လောင်မြိုက်ကောင်းကင် အမတနယ်မြေဘက်ကိုတော့ အမတနယ်မြေက ကောင်တွေကို သွားကြည့်ဖို့လွှတ်လိုက်မယ် "
" ဟိုးအရင်ကတည်းက ငါ့ကောင်တွေ အမတဘုရင်နယ်ပယ်ကို ဖြတ်ကျော်ပြီးခဲ့ပုံရတယ် ၊ ပျင်းလွန်းလို့ သေလောက်မယ့်အထိ အားအားယားယား နေပြီးမှတော့ ၊ အခု တစ်ခုခု လုပ်ဖို့အချိန်တန်ပြီ "
ထိုစကားကိုကြားပြီးနောက် ၊
ကျန့်ရှင်းဘိုးဘေးသည် ရှိုက်ကြီးတငင် ပြုံးလိုက်သည်။
သူ၏ ညီအစ်ကို မောင်နှမများသည် အမတဘုံတွင် အေးအေးလူလူ မနေနိုင်ပုံရပေသည်။
သူ ထင်ထားသလိုပဲ ၊ ခုလို တိုက်မြေသုံးထောင်လို နေရာမျိုးမှာ ငါးကြော်ကြော်နေရတာက ပိုပြီး အဆင်ပြေတယ်!
T/N : ငါးကြော်- ဗန်းစကား (ဂိမ်းထဲမှာဆို အဆင့်နိမ့် ကစားသူတွေကြားမှာ အဆင့်မြင့် ကစားသူတွေ ဝင်ပြီး အထာကျကျနေသလိုပေါ့)
အပိုင်း(၄၂၅): မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားခြင်း
ဧကရာဇ်လျှောက်လှမ်း၏ ကမ္ဘာထဲ၌ ၊
အကန့်အသတ်မရှိသော စကြဝဠာကြီး နှင့် ကြယ်ရောင်စုံသော ကောင်းကင်တွင်၊ ထူးချွန်ထက်မြက်သော လူငယ်များစွာသည် ဧကရာဇ်တစ်ပါး ဖြစ်လာနိုင်ရန် ဧကရာဇ်လျှောက်လှမ်းတွင် တိုက်ပွဲဝင်နေကြသည်။
အချိန်သာကုန်သွားသည်။ ဧကရာဇ်လျှောက်လှမ်းကြီးသည် ပြိုင်ဆိုင်မှုများဖြင့် ပြည့်နှက်နေဆဲပင် ဖြစ်သည်။
စူးချန်ကဲ အပါအဝင် ဓားစွမ်းအင်မဟာတံတိုင်းပေါ်သို့ ဆင်းသက်လာခဲ့ကြသော ပထမအသုတ် ပါရမီရှင်များစွာသည် သဲလွန်စမရှိ ထူးဆန်းစွာဖြင့် ပျောက်ကွယ်သွားခဲ့သည်။
ကျန်ဧကရာဇ်လျှောက်လှမ်းတွင် ရှိနေခဲ့ကြသော ပါရမီရှင်များသည် ဓားစွမ်းအင်မဟာတံတိုင်းကြီးပေါ်သို့ ရောက်ရှိလာချိန်တွင် ၊
အပျက်အစီးများအဖြစ် ပြိုကျနေသော ဓားစွမ်းအင်မဟာတံတိုင်းကြီးကလွဲ၍ အသက်ရှင်ကျန်ရစ်ခဲ့သော လူများ၏ ခြေရာလက်ရာကို မတွေ့ခဲ့ကြပေ။
ဤအဖြစ်အပျက်သည် မရေမတွက်နိုင်သော ကျင့်ကြံသူများအပေါ် ကြီးမားသော တုံ့ပြန်မှုကို ဖြစ်စေခဲ့သည်။
စူးချန်ကဲသည် ကြောက်စရာကောင်းသော ကပ်ဘေးတစ်ခုနှင့် တွေ့ခဲ့ရပြီး ဤဓားစွမ်းအင် မဟာတံတိုင်းကြီးထဲ၌ မြှုပ်နှံခံလိုက်ရသည်ဟု လူတစ်ချို့က ဆိုကြသည်။
ဤမျှနာမည်ကျော်ကြားသော ကွေးယွမ်ဆက်ခံသူသည် သဲလွန်စမရှိ ပျောက်ကွယ်သွားခဲ့သည်။ ယင်းကြောင့် မရေမတွက်နိုင်သော ကျင့်ကြံသူများသည် လေးလံစွာဖြင့် သက်ပြင်းချခဲ့ကြသည်။
အပင်မြင့်လေလေ လေတိုက်လေလေ ဆိုသည့် စကားအတိုင်း အချို့လူများက တိတ်တဆိတ် ဝမ်းမြောက်နေကြသည်။ စူးချန်ကဲ၏ ခွန်အားသည် ရှေးအထွတ်အမြတ် တောင်ကြီးကဲ့သို့ အင်အားကြီးမားပေရာ လူကို အသက်ရှူမဝအောင် ဖြစ်စေသည်။
ယခုတွင် ၊ စူးချန်ကဲသည် ထူးထူးဆန်းဆန်း ပျောက်ကွယ်သွားခဲ့သည်။ ထိုဖြစ်ရပ်အပေါ် လူအများက စူးချန်ကဲသည် ကျဆုံးသွားခဲ့ပြီဟု ထင်ကြေးပေးကြသည်။
သို့သော် ကွေးယွမ် သူတော်စင် နယ်မြေသည် ထိုကိစ္စနှင့်ပတ်သတ်၍ တစ်စုံတစ်ရာ ထုတ်ဖော်ပြောကြားခြင်း မရှိခဲ့ချေ။
ဤကိစ္စနှင့် ပတ်သက်၍ ရိုက်ခတ်မှုမရှိပုံရသည်။
ထို့အပြင်။
ဧကရာဇ်လျှောက်လှမ်းတွင် အဆက်မပြတ်ထွက်ပေါ်လာသော သတင်းများအရ ၊ ပါရမီရှင် တော်တော်များများ ကျဆုံးသွားကြောင်း သတင်းများ ထွက်ပေါ်နေသည်။
အလွန်အစွမ်းထက်သော အမည်မသိ ပါရမီရှင်များ၏ ထွက်ပေါ်လာနှုန်းသည်လည်း မြင့်တတ်လာပြီး ၊ ၎င်းတို့အားလုံးသည် ကောင်းကင်နှင့်မြေကြီးကို တုန်လှုပ်စေသည့်အထိ အားကောင်းကြသည်။
ဧကရာဇ်လျှောက်လှမ်း၏ အဋ္ဌမအဆင့်သို့ ရောက်ရှိလာကြသော ပါရမီရှင်များသည် တဖြေးဖြေး များပြားလာပြီး ၊ အဆုံးစွန်သော ဧကရာဇ်လျှောက်လှမ်း မဖွင့်မီ နောက်ဆုံးပြင်ဆင်မှုများ ပြုလုပ်နေကြသည်။
ဧကရာဇ်လျှောက်လှမ်း၏စတုတ္ထအဆင့်ဖြစ်သော ဓားစွမ်းအင် မဟာတံတိုင်း၏ အပျက်အစီးများပေါ်တွင်၊
အဖြူရောင်ဖဲစဂါဝန်ကို ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦး ရှိနေပြီး၊ သူမ၏ လှပသောမျက်နှာသည် ဤကမ္ဘာကြီးကို ကမောက်ကမဖြစ်အောင် ဆောင်ကြဉ်းပေးနိုင်ပုံရသည်။
ယခုအချိန်တွင် ၊ သူမသည် ဓားစွမ်းအင်မဟာတံတိုင်း၏ အပျက်အစီးများရှေ့တွင် ဒူးထောက်ထိုင်နေသည်။
သူမမျက်စိရှေ့က အပျက်အစီးများကို ဝမ်းနည်းစွာဖြင့် ကြည့်ရင်း သူမကိုယ်သူမ ပြန်ပြောနေခဲ့သည်။
" ချန်ကဲ... လအနည်းငယ် ကုန်သွားပြီ... ရှင် ဘယ်ရောက်နေတာလဲ...?"
" ထိပ်ဆုံးနေရာမှာ ပြန်တွေ့ကြမယ်လို့ သဘောတူထားတယ် မဟုတ်လား...တကယ်လို့များ ပြန်မတွေ့နိုင်ရင်...ထိပ်ဆုံးနေရာဆိုလည်း ဘာအဓိပ္ပာယ်ရှိတော့မှာလဲ"
သူမ၏ရှည်လျားသော အနက်ရောင်ဆံနွယ်များသည် လေထဲတွင် တဖျပ်ဖျပ်ခတ်၍ လွင့်မျောနေသည်။ ၎င်းက သူမ၏ ခန္ဓာကိုယ်ကောက်ကြောင်းကို ပို၍ ပြီးပြည့်စုံစေသည်။
သူမသည် ယခုအချိန်တွင် အနည်းငယ် အသက်မပါသော အသွင်အပြင်မျိုး ဖြစ်နေသော်လည်း ၊ သို့ဆိုတောင် သူမ၏ အစစ်အမှန်မဟုတ်သော အလှသည်ပင် ရင်သပ်ရှုမောစရာ ကောင်းလှသည်။
" လော့ နတ်ဘုရားမ.. ကျွန်မတို့ ဓားစွမ်းအင် မဟာတံတိုင်းမှာတင် အချိန်ဖြုန်းနေတာ တော်တော်ကြာနေပြီ..."
ယောင်ချီ သူတော်စင်နယ်မြေမှ ပါရမီရှင်တစ်ဦးသည် လော့ရန်ယွီအား ဦးညွှတ်ကာ ဆိုလိုက်သည်။
" သူများတွေက သတ္တမအဆင့် ဒါမှမဟုတ် အဋ္ဌမအဆင့်ကို ရောက်နေကြပြီ... ကျွန်မတို့ ထွက်ခွာဖို့ အချိန်တန်ပြီ"
"နားလည်ပြီ "
လော့ရန်ယွီက ညင်သာစွာ ခေါင်းညိတ်လိုက်သည်။
မထွက်ခင်မှာ ၊ သူမသည် ဓားစွမ်းအင် မဟာတံတိုင်းကြီး၏ အပျက်အစီးများကို နောက်ဆုံးအနေဖြင့် ကြည့်လိုက်သည်။
စူးချန်ကဲလို အစွမ်းထက်တဲ့ သူတစ်ယောက်က ယခုလို မတော်တဆမှု ဖြစ်သွားလိမ့်မည်မဟုတ်ကြောင်း သူမယုံကြည်သည်။
ဧကရာဇ်လျှောက်လှမ်း၏ ဆဋ္ဌမအဆင့်။
ယွင်ရှင်းယန် ၊ ကူလင်းအာ စသည့် စူးချန်ကဲ၏ နောက်လိုက်အပေါင်းအပါများသည် ဤနေရာတွင် ခဏတာ စုဝေးခဲ့ကြသည်။
"လအနည်းငယ်ကြာသွားပြီ... ချန်ကဲ ဆက်ခံသူဆီက အကြောင်းပြန်မလာသေးဘူး..."
လူအုပ်ထဲတွင် ယွင်ရှင်းယန်သည် တွေဝေစွာဖြင့် ရေရွတ်လိုက်သည်။
"အရင်က ဟွမ်းနွီမမ ( အရိုးဖြူ ပင်လယ် ဘုရင်မ)ဆီက အကြောင်းပြန်စာရခဲ့တယ်၊ ချန်ကဲ ဆက်ခံသူနဲ့ သူမက လျှို့ဝှက်ဆန်းကြယ်တဲ့ ရှေးဟောင်းလမ်းတစ်ခုမှာ လမ်းခွဲခဲ့ကြတယ်တဲ့ ဘာမှထွေထွေထူးထူး မရှိနိုင်ဘူး"
ထန်ဝူအာက ဆိုလိုက်သည်။
"စိတ်မပူနဲ့၊ ဆက်ခံသူ သခင်က ဒီလောက် ကြီးကျယ်ခမ်းနားပြီး သူရဲကောင်းဆန်တာ၊ သူ့လိုလူက ဘယ်လိုလုပ် ဒီလိုနေရာမျိုးမှာ ကျဆုံးသွားနိုင်မှာလဲ"
ပီချင်းရှက ပြုံးကာ ဆိုလိုက်သည်။
"ငါတို့လုပ်ရမှာက ဆက်ခံသူ သခင်ကို ဝန်မပိစေဘဲ ရှေ့ကို ရဲရဲဝံ့ဝံ ဆက်လျှောက်ဖို့ပဲ"
" ပြီးတော့ ၊ ဟောက်ထျန်း နဲ့ လင်ထျန်းကလည်း ဧကရာဇ်လျှောက်လှမ်းတစ်လျှောက် အောင်မြင်လာခဲ့တာ ငါတို့ သူတို့ထက် အားနည်းသွားလို့မဖြစ်ဘူး"
.......
ဧကရာဇ်လျှောက်လှမ်း အဋ္ဌမအဆင့် ။
နိဗ္ဗာန်နနတ်ဆိုးတောင်။
ဘုန်း ! !
ကြောက်မက်ဖွယ်ကောင်းသော ဝိညာဉ်စွမ်းအင်မုန်တိုင်းသည် ကောင်းကင်သို့ တည့်တည့် ပစ်ခွင်းသွားသည်။
" ကွေးယွမ် သူတော်စင်နယ်မြေရဲ့ သူတော်စင် ကိုယ်ထည် ပါရမီရှင်နှစ်ယောက်ကလည်း ကောင်းကင်ဘုံကို အန်တုတော့မယ်!"
" တပ်မက်ခြောက်ပါးဗိမ္မာန်ရဲ့ သားတော်ကိုလည်း သူတို့နှစ်ယောက်က သတ်လိုက်တာပဲ!"
"ဟမ်... တပ်မက်ခြောက်ပါးဗိမ္မာန် ရဲ့ သားတော်က လွန်ခဲ့တဲ့ ရက်အနည်းငယ်ကပဲ ဧကရာဇ်တစ်ပိုင်းနယ်ပယ် ဆဋ္ဌမအဆင့်ကို ချိုးဖျက်သွားခဲ့တယ်လို့ ငါ ကြားခဲ့တယ် ၊ ဧကရာဇ်လျှောက်လှမ်းမှာ သူ့ကို မြင်းနက်တစ်ကောင်လို့ ထင်ခဲ့ပေမဲ့ ဒါပေမဲ့ ခုလိုမျိုး ကျဆုံးသွားခဲ့တာပဲ!"
"ကောင်းကင်ဘုံ မကောင်းဆိုးဝါးတောင်တန်းက မကောင်းဆိုးဝါးဘုရင်ရဲ့ အမျိုးအနွယ် လေးဦးပါ ထပ်ပေါင်းလိုက်ရင် တကယ့်လူတွေကိုမှ သတ်ပစ်ခဲ့တာ ငါးယောက်တောင်ရှိပြီ!"
ကျင့်ကြံသူများသည် သူသူကိုယ်ကိုယ် ဆွေးနွေးနေကြသည်။
စူးချန်ကဲ ပျောက်ကွယ်သွားသော်လည်း၊ ကွေးယွမ် သူတော်စင်နယ်မြေ၏ အခြားသော သူတော်စင်ကိုယ်ထည် ပါရမီရှင် သုံးဦးသည် အညီအမျှ အင်အားကြီးမားသောကြောင့် သူတို့အဖို့ ၎င်းတို့ကို လျစ်လျူရှုထားရန် မဖြစ်ချေ။
ကွေးယွမ် သူတော်စင်နယ်မြေ၏ အတွင်းပိုင်းတွင် ၊
ကွေးယွမ် သူတော်စင်နယ်မြေ၏ ဘိုးဘေးအမြောက်အများသည် ဤနေရာတွင် စုဝေးနေကြသည်။
လွန်ခဲ့သည့်လအနည်းငယ်အတွင်း၊ တိုက်မြေသုံးထောင်သည် ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့သည်။
ကောင်းကင်ဘုံ မကောင်းဆိုးဝါးတောင်တန်း နှင့် ကောင်းကင်လမ်းစဉ် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့တို့သည် လျို့ဝှက်ပူးပေါင်းကြံစည်မှုများကို လုပ်ဆောင်ခဲ့ကြသည်။
ကွေးယွမ် သူတော်စင် နယ်မြေသည်လည်း စစ်အတွက် ပြင်ဆင်နေခဲ့သည်။
သို့သော် တစ်ချိန်တည်းမှာပင် သူတို့သည် ဧကရာဇ်လျှောက်လှမ်းဘက်ကိုလည်း အမြဲအာရုံစိုက်ထားသည်။
စူးချန်ကဲ၏ အသက်ကမ္မည်းပေါ်သို့ မည်သည့်သက်ရောက်မှုမှ မရှိသရွေ့ ၊ စူးချန်ကဲသည် မမျှော်လင့်ထားသော အရာတစ်ခုကို ကြုံတွေ့နေသည်ဟု သူတို့ သံသယရှိသည်။
ထိုအချိန် ၊ မျဲ့ရှန်း အဝေးဘိုးဘေးကလည်း သူ့မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။
မျဲ့ရှိန် အဝေးဘိုးဘေးနှင့် နှိုင်းယှဉ်ပါက၊ မျဲ့ရှန်း အဝေးဘိုးဘေးသည် မဟာလမ်းစဉ်ရှိ တွက်ချက်နိုင်စွမ်းအရာတွင် နားမလည်နိုင်လောက်အောင် နက်ရှိုင်းသည်။
ဤနေရာ၌ သူ၏ အစစ်အမှန်အသံသာ ပဲ့တင်ထပ်သွားခဲ့သည်။
" ချန်ကဲ ဧကရာဇ်လျှောက်လှမ်းရဲ့ သုညဂိတ်ထဲ ဝင်ရောက်သွားခဲ့ပြီ"
" ငါ့ရဲ့ မဟာလမ်းစဉ် တွက်ချက်မှုအရ ချန်ကဲဟာ အချိန်လျို့ဝှက်နယ်မြေကို ရောက်ရှိတော့မယ်"
ထိုစကားကို ကြားသည်နှင့် ၊ ဘိုးဘေးများစွာ၏ စိုးရိမ်သောကမျက်ဝန်းများသည် ရုတ်ချည်း ဝမ်းသာအားရသော အကြည့်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။
သို့သော် တစ်ချိန်တည်းမှာပင်၊ အချို့က ခေါင်းယမ်းကာ သက်ပြင်းချလေသည်။
"ဒီလအနည်းငယ်မှာ တခြားသူတွေကို အမီလိုက်ဖို့ အခွင့်ရေးပေးခဲ့သလို ဖြစ်သွားခဲ့တယ် ၊ ချန်ကဲရဲ့ ကျင့်ကြံဆင့်က ပြသနာဖြစ်သွားနိုင်တယ်!"
" စိတ်ချ "
မျဲ့ရှန်း အဝေးဘိုးဘေးက အနည်းငယ် ပြုံးလိုက်သည် ။
“ ချန်ကဲရဲ့ ကျင့်ကြံမှုနဲ့ ပတ်သတ်ပြီး ၊ အဲ့ကောင်လေးက လူတိုင်းရဲ့အထက်မှာ ရှိတယ်"
......
တစ်ချိန်တည်းမှာပင်။
ဧကရာဇ်လျှောက်လှမ်း သုညဂိတ်။
မှောင်မိုက်နေသော ကောင်းကင်ယံ၌
နတ်အလင်းဖြင့် ထွန်းလင်းတောက်ပနေသော ကြေးသင်္ဘောကြီး တစ်စင်းသည် အရှိန်ပြင်းပြင်းဖြင့် ရှေ့သို့ ရွေ့လျားနေသည်။
ဤကြေးသင်္ဘောကြီးပေါ်တွင်၊ တင်ပျဉ်ခွေထိုင်နေသော ဝတ်ရုံဖြူ လူငယ်တစ်ဦးရှိပြီး ၊ မလှုပ်မယှက်ရှိနေသော နတ်ဘုရားကဲ့သို့ သူ့တစ်ကိုယ်လုံးကနေ ပရမ်းပတာ အလင်းများ ဖြာထွက်နေသည်။
တစ်ခါတစ်ရံ သူ၏ ရောင်ဝါသည် ကောင်းကင်နှင့်မြေကြီးကို ဖျက်ဆီးပစ်နိုင်သည့် ပြင်းထန်သော ကပ်ဘေးသင့်အလင်းဖြင့် ပေါက်ကွဲထွက်လာတတ်သည်။
တစ်ခါတစ်ရံတွင် ၊ ရေကဲ့သို့ တိတ်ဆိတ်နေသော်လည်း သူ၏ ဘေးတဝိုက်တွင် ဝန်းရံနေသော အပျက်သဘောဆောင်သော အလင်းများသည် အာကာသအလွှာကို တစ်စစီ တိုက်စားနိုင်ပုံရပေသည်။
အမှန်တကယ်တွင် ၊ စူးချန်ကဲသည် ဧကရာဇ်တစ်ပိုင်းနယ်ပယ် သတ္တမအဆင့်အထိ တတ်လှမ်းထားပြီး ယခုတိုင် မြင့်တက်လာဆဲပင် ဖြစ်သည်။
ဤလအနည်းငယ်အတွင်း ၊ စူးချန်ကဲသည် ဉာဏ်အလင်းနယ်ပယ်ထဲတွင် ရှိနေကြောင်းကို သင်သိထားရမည်။
သူသည် ကိုယ်တိုင် နားလည်သဘောပေါက်ကာ ချုပ်နှောင်မှုကို ချိုးဖျက်နိုင်ခဲ့သည်။
ဘုန်း !
ရုတ်တရက်။
စူးချန်ကဲ၏ ဘေးပတ်ဝန်းကျင်ရှိ ဝိညာဉ်စွမ်းအင်ဆိုင်ရာ နိယာမများသည် တဟုန်းဟုန်းတောက်လောင်လာပြီး ကမ္ဘာမြေကို တုန်ခါသွားစေသည့် မိုးခြိမ်းသံနှင့်အတူ ပေါက်ကွဲထွက်လာသည်။
အကြွင်းမဲ့ အာဏာရောင်ခြည်၏ ထိန်းချုပ်မှုအောက်တွင် ၊ တုနှိုင်းမရသော သူတော်စင်ခန္ဓာကိုယ် အာဏာရှင်ဘုရင်လေးမျိုးစလုံးသည် ကောင်းကင်ကိုးပါး မြေကြီးဆယ်ထပ်ကို ဖြိုခွင်းပစ်နိုင်သည့် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများဖြင့် ပေါက်ကွဲထွက်လာကြသည်။
စူးချန်ကဲကို ဗဟိုပြုကာ ၊ မရေမတွက်နိုင်သော ကြယ်များနှင့် ဥက္ကာခဲများသည် အဆိုပါ ကြောက်စရာကောင်းသော စွမ်းအားကြောင့် ဖုန်မှုန့်များအဖြစ်သို့ ပြောင်းလဲသွားသည်။
အဆိုပါ ကြောက်စရာကောင်းသော စွမ်းအားသည် အမည်မသိသော တည်ရှိမှုအချို့ကို နှိုးဆော်လိုက်ပုံရသည်။
ဝှစ် ဝှစ် !!
အလင်းတန်းများစွာသည် ကြယ်ရောင်စုံသော ကောင်းကင်ကြီး၏ အနက်ရှိုင်းဆုံး အရပ်ဆီမှ ဤနေရာဆီသို့ ဖြာကျလာခဲ့သည် ။
ကြေးသင်္ဘောပေါ်ရှိ စူးချန်ကဲကိုကြည့်ရင်း ၊ ၎င်းတို့အားလုံး၏ မျက်လုံးများသည် ထိတ်လန့်သွားကြသည်။
"ဒါက ဧကရာဇ်လျှောက်လှမ်း ကြယ်စင်သင်္ဘောကြီး မဟုတ်ဘူးလား...? အဲ့တုန်းက တိုက်ပွဲမှာ ပျက်စီးသွားခဲ့တာ မဟုတ်ဘူးလား...ဘယ်လိုလုပ်ပြီး ထွက်ပေါ်လာတာလဲ?"
"ထူးဆန်းလိုက်တာ၊ ငါတို့ကမ္ဘာက အပြင်လောကနဲ့ အဆက်ဖြတ်ခံထားရတာ ၊ ဒီလူက ဘယ်လိုလုပ် ဝင်လာတာလဲ..."