← Chapters

အခန်း (၄၂၆-၄၃၀)

Vol. 31 Ch. 426-430

အခန်း (၄၂၆-၄၃၀)

Vol. 31 Ch. 426-430

အပိုင်း(၄၂၆): နိတ္ထိစွမ်းအား

ဤလူများသည် ရှေးကျသော အဝတ်အစားများကို ဝတ်ဆင်ထားပြီး၊ လွန်စွာ အားကောင်းသော ရောင်ဝါများ ရှိကာ ထိပ်တန်းတန်ခိုးရှင်များနှင့် တူပေသည်။

၎င်းတို့၏ ဘေးအနီးနားဝန်းကျင်တွင် ပြင်းထန်သော နိယာမစွမ်းအားများ ရှိနေပြီး ၊ ၎င်းတို့၏ ကြောက်ခမန်းလိလိ ရောင်ဝါတို့သည် အာကာသအတွင်းရှိ အရာအားလုံးကို ပျောက်ကွယ်သွားအောင် ဖျက်စီးပစ်နိုင်စွမ်းရှိပုံရသည်။

သူတို့သည် ဤအချိန်နယ်မြေ၏ အချိန်မျိုးဆက်များ ဖြစ်ကြသည်။

ကြောက်စရာကောင်းသော စွမ်းအားကို ခံစားမိသောကြောင့် သူတို့သည် စစ်ဆေးရန် ဤနေရာသို့ ရောက်လာခဲ့ကြသည်။

ကြေးသင်္ဘောပေါ်တွင် တင်ပျဉ်ခွေထိုင်နေသော ဝတ်ရုံဖြူ လူငယ်ကို မြင်လိုက်ရသည်နှင့် သူတို့စိတ်တစ်ခုလုံး တုန်လှုပ်သွားသည်။

ကြောက်မက်ဖွယ်ကောင်းသော သွေးချီစွမ်းအားများသည် ကောင်းကင်နှင့်မြေကြီး၏ အသက်အနှစ်သာရကို စုပ်ယူနိုင်သကဲ့သို့ ကြီးကျယ်ခမ်းနားသော စွမ်းအားတစ်ခုကို ထုတ်လွှတ်နေခဲ့သည်။

သူ၏ အသက်ရှုသံသည် မဟာလမ်းစဉ်၏ စည်းချက်နှင့် အညီ ပြီးပြည့်စုံလှသည်။

"ထူးဆန်းတယ်၊ ဒီကြေးသင်္ဘောကို ထိုက်ချူတာအိုဆရာသခင်က ထိန်းချုပ်ထားတာ မဟုတ်ဘူးလား?"

"ဒီကလေးရဲ့ ကျင့်ကြံမှုက အားကောင်းပေမယ့်၊ သူက ထိုက်ချူလူကြီးမင်းလောက်တော့ မတော်သေးပါဘူး၊ မဟုတ်မှလွဲရော ထိုက်ချူလူကြီးမင်း က သူ့ကို စေလွှတ်လိုက်တာလား?"

"အရင်‌ဆုံး အဲ့တာတွေ တွေးမနေနဲ့၊ ဒီကလေးက ဝင်လာနိုင်မှတော့ သူ့မှာ ထွက်ပေါက်ရှိရမယ်"

ရွှေအကြေးခွံများဖြင့် ဖုံးအုပ်ထားသော ထူးဆန်းသောအရာတစ်ခုက အေးစက်စွာဆိုလိုက်သည်။

“ တကယ်လို့ ငါတို့ သူ့ကိုနှိမ်ကွပ်နိုင်မယ်ဆိုရင် ဒီကမ္ဘာကနေ ထွက်သွားဖို့ အခွင့်အရေးရှိလာလိမ့်မယ်'

ထိုစကားများ ထွက်လာသည်နှင့်။

အချိန်မျိုးဆက် မှ ခွန်အားကြီးမားသော တန်ခိုးရှင်များသည် နက်ရှိုင်းစွာ တွေးခေါ်လိုက်ကြသည်။

ဧကရာဇ်လျှောက်လှမ်း သုညဂိတ်ကို အပြီးတိုင် ဖြတ်တောက်ပြီးကတည်းက သူတို့သည် ဤကမ္ဘာကြီးထဲတွင် ပိတ်မိနေခဲ့သည်။

လွတ်လပ်ခြင်းဆိုသည့် အရုဏ်ဦးအလင်းကို မြင်တွေ့နိုင်မည့် အခွင့်အရေးဖြစ်သောကြောင့် လက်လွှတ်မခံလိုသည်မှာ သဘာဝကျပေသည်။

သူသူကိုယ်ကိုယ် သဘောတူညီမှုယူပြီးနောက် ၊ စူးချန်ကဲကို နှိပ်ကွပ်ရန် ပြင်ဆင်ခဲ့ကြသည်။

ဘုန်း !

နောက်အခိုက်အတန့်တွင် ၊ ထူးဆန်းသော အဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့သည်။

မိုးခြိမ်းသံများက အဆုံးမရှိ ပေါက်ကွဲနေသကဲ့သို့ ၊ အဆုံးမရှိသော ရောင်စဉ်အလင်းတန်းများ ထွက်ပေါ်လာခဲ့သည်။ မဟာလမ်းစဉ်၏ အရောင်အသွေးမျိုးစုံရှိသော မီးလျှံများသည် လှည့်ပတ်နေသော ကြယ်စုကြီး၏ အသွင်သဏ္ဍာန်အတိုင်း ဖြစ်ပေါ်နေသည်။

နေရာပေါင်းစုံမှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ်ရာ စွမ်းအင်လှိုင်းတံပိုးများသည် စူးချန်ကဲ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာခဲ့သည်။

" သွားပြီ ! ဒီ​ကောင်​​လေးက နောက်တဆင့်ကို ဖြတ်​သွားတော့​မယ်​!"

ထိုမြင်ကွင်းကို မြင်လိုက်ရသူတိုင်း ခေါင်းကြီးသွားသည်။

သူတို့သည် စူးချန်ကဲ၏ ခန္ဓာကိုယ်အတွင်းရှိ စိတ်ဝိညာဉ်ကို ခံစားသိရှိနိုင်သည်။ စိတ်ဝိညာဉ်အတတ်အကျ၏တုံ့ပြန်မှုအရ စူးချန်ကဲသည် အလွန်ငယ်ရွယ်မှန်း သိထားသည်။

အသွင်အပြင်အရ ၊ စူးချန်ကဲသည် အသက် ၃၀ အောက် ဖြစ်ရမည်ဟု မှန်းဆထားကြသည်။

ငယ်ရွယ်သူတစ်ယောက် ဖြစ်သော်လည်း၊ ယခုမူ သူသည် ဧကရာဇ်တစ်ပိုင်းနယ်ပယ် အဋ္ဌမမြောက် အဆင့်ကိုပင် ဖြတ်ကျော်တော့မည် ဖြစ်သည်။

သူတို့ကို ပို၍ကြောက်လန့်စေခဲ့သည့်အရာမှာ ထိုအချက်သာပင်။

စူးချန်ကဲ၏ ဘေးတစ်ဝိုက်တွင် စုဝေးနေသော ဧကရာဇ်အလိုဆန္ဒတို့မှာ အဆုံးမရှိပေ။

၎င်းတို့၏ နတ်အသိစိတ် အာရုံကို ထုတ်လွှတ်ကာ အကြမ်းဖျင်း ရေတွက်ပြီးနောက်တွင် ၊ ဧကရာဇ်အလိုဆန္ဒ စုစုပေါင်း ၉၈မျိုး ရှိကြောင်း အတည်ပြုနိုင်ခဲ့သည်။

ငယ်ရွယ်သော လူငယ်တစ်ယောက်ဖြစ်သော်လည်း ယခုလို များပြားသော ဧကရာဇ်အလိုဆန္ဒများကို စုစည်းနိုင်ခဲ့သည်။ ဤကဲ့သို့သော ပုဂ္ဂိုလ်မျိုးကို သူတို့ တသက်နှင့်တစ်ကိုယ် တစ်ခါမှပင် မကြုံဖူးချေ။

တစ်ချိန်တည်းမှာပင်။

အချိန်လျို့ဝှက်နယ်မြေ၏ အတွင်းပိုင်း၊

ကြယ်တာယာ ကောင်းကင်တွင် လွင့်မျောနေသော သစ်သားအိမ်ငယ်လေးထဲ၌ ၊

ဤနေရာကို စောင့်ကြပ်နေပုံရသော လူနှစ်ဦးသည် ကြောက်ခမန်းလိလိ အင်အားတစ်ခုကို ခံစားလိုက်ရပုံရသည်။

သူတို့၏ မျက်လုံးများသည် ပြိုင်တူ ပွင့်လာကြပြီး ထိတ်လန့်မှုအပြည့်ဖြင့် ဆိုလိုက်သည်။

"ဒီရင်းနှီးတဲ့ ရောင်ဝါ..."

နှစ်ယောက်လုံး၏ အမူအယာမှာ သိသိသာသာ ပြောင်းလဲသွားကြပြီး တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြသည်။

" အဲဒီနှစ်တုန်းက ငါ့ရဲ့အချိန်နဲ့ အာကာသ ဝင်္ကဘာထဲကို ဝင်လာခဲ့တဲ့ ကွေးယွမ်အမတဂိုဏ်းက အဲ့ကလေးပဲ မဟုတ်လား...?!"

"ဒီက​လေးက ဘယ်လိုလုပ်ပြီး ​ကြေး​သင်္ဘောပေါ် ရောက်နေတာလဲ !?"

ထိတ်လန့်သွားပြီးနောက်၊ နှစ်ယောက်လုံး မတွန့်ဆုတ်ဝံ့ဘဲ ၎င်းတို့၏ ကျင့်ကြံစွမ်းအားများ အမြန်အသက်သွင်း၍ စူးချန်ကဲရှိရာ ဦးတည်ရာဆီသို့ ထောက်လှမ်းလိုက်ကြသည်။

.........

တဖက်တွင် ။

နိယာမလှိုင်းတံပိုးများက တသိမ့်သိမ့် ရိုက်ခတ်လာကာ ထိတ်လန့်တုန်လှုပ်ဖွယ်ရာ အသံများကို ထုတ်လွှတ်နေသည်။

အချိန်မျိုးဆက်၏ အင်အားကြီးမားသော စွမ်းအားရှင်တို့သည် အထိန်းအကွပ်မဲ့ တုန်လှုပ်နေကြပြီး ၊ မျက်နှာတစ်ခုလုံး ဖြူဖျော့နေသည်။

" ဒီကလေး ဧကရာဇ်တစ်ပိုင်း အဋ္ဌမမြောက်အဆင့်ကို ဖြတ်ကျော်မသွားအောင် ငါတို့ တားမှဖြစ်မယ်!"

အချိန်မျိုးဆက်၏ စွမ်းအားရှင်တစ်ယောက်က အော်ဟစ်လိုက်သည်။

နောက်အခိုက်အတန့်တွင် ၊ သူသည် သူ၏ ကျင့်ကြံစွမ်းအားများကို အသက်သွင်းလိုက်ပြီး ရွှေရောင်တောက်ပလျက်ရှိသော လက်ဝါးကြီးဖြင့် ရိုက်ချလိုက်သည်။

ကြီးမားလှသော စွမ်းအားများကို ဆောင်ကျဉ်းလျက် ကြယ်စုများကို ပစ်ခွင်းကာ စူးချန်ကဲ၏ ဦးတည်ရာဆီသို့ ကျရောက်သွားခဲ့သည် ။

တစ်ချိန်တည်းမှာပင်။

အချိန်မျိုးဆက်၏ အခြားသော စွမ်းအားရှင်လေးယောက်သည် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။

ဝုန်း !!

ကောင်းကင်နှင့်မြေကြီးကို ထိုးဖောက်ဝင်ရောက်နိုင်သော မှော်စွမ်းအားများဖြင့် ပေါက်ကွဲထွက်လာကြသည်။ ပေပေါင်းသောင်းချီ မြင့်မားသော ဓမ္မကာယကိုယ်ထည်များသည် ကြယ်ရောင်စုံသော ကောင်းကင်ယံ၌ ရုတ်တရက် ပေါ်ထွက်လာပြီး ၊ စကြဝဠာတစ်ခုလုံးကို လင်းထိန်သွားစေသည်။

သူတို့အားလုံးသည် ၎င်းတို့၏ အရွယ်အစား ကြီးမားသော လက်ဝါးကြီးများကို ဆန့်ထုတ်ကာ ဉာဏ်အလင်းထဲသို့ ရောက်ရှိနေသည့် စူးချန်ကဲကို နှောင့်ယှက်ရန် ကြိုးစားခဲ့ကြသည်။

ထိုကဲ့သို့ အရေးကြီးသည့်အခိုက်အတန့်တွင်။

ဝီ—! !

ပြိုးပြိုးပျက်ပျက် တောက်ပနေသော အလင်း ကန့်လန့်ကာသည် စူးချန်ကဲ၏ ဘေးတဝိုက်တွင် ရုတ်ချည်းဆိုသလို စုဝေးရောက်ရှိလာသည်။

ထောင်ပေါင်းများစွာသော မှော်သင်္ကေတများသည် ကြီးမားသော မှော်စက်ဝိုင်းတစ်ခုကို အတူတကွ တည်ဆောက်ခဲ့ပုံရသည်။

ဤသည်မှာ စူးချန်ကဲမှ ညဏ်အလင်းမဖြစ်ပေါ်မီ အကာအကွယ်ပေးသော မှော်စက်ဝိုင်းကြီးတစ်ခုပင် ဖြစ်သည်။

၎င်းသည် ရန်သူ၏ တိုက်ခိုက်မှုများကို ပိတ်ဆို့တားစီးလိုက်သည်။

ဟွား!!

မူလက ဟောက်သံပြုနေသော ဝိညာဉ်စွမ်းအင်ဆိုင်ရာ နိယာမများသည် စူးချန်ကဲ၏ ခန္ဓာကိုယ်ထဲသို့ အလွန်လျင်မြန်သော အရှိန်ဖြင့် ပြန်လည်ရောက်ရှိလာသည်။

လူပေါင်းများစွာ၏ ကြိုးပမ်းမှုသည် မအောင်မြင်ခဲ့သည့်အပြင် စူးချန်ကဲသည် ဧကရာဇ်တစ်ပိုင်း နယ်ပယ် အဋ္ဌမအဆင့်သို့ ဖြတ်ကျော်ခဲ့ပြီး ဖြစ်သည်။

သူ၏ နက်ရှိုင်းသော မျက်လုံးများသည် ဖြည်းညှင်းစွာ ပွင့်လာခဲ့ပြီး ၊ ထာဝရရေခဲချောက်ကြီးကဲ့သို့ အေးစက်သော အကြည့်သည် လူကို တုန်လှုပ်သွားစေနိုင်သည်။

"ဒီ၊ ဒီ၊ ဒီ... ဒီကောင် အောင်မြင်သွားပြီ!"

အချိန်မျိုးဆက် မှ စွမ်းအားရှင်တစ်ယောက်သည် အလွန်အမင်း တုန်လှုပ်နေပြီး ၊ စူးချန်ကဲနှင့် အကြည့်ချင်းဆုံတွေ့လိုက်ရသောအခါတွင် အလွန်ကြောက်လန့်သွားသည် ။

ဤအခိုက်အတန့်တွင်၊ သူ့လုပ်ရပ်သူ နောင်တရနေမိသည်။

သို့သော် မည့်သည့်စကားကိုမှ မရှင်းပြရသေးခင်၊

စူးချန်ကဲ၏ အေးစက်သော စကားတစ်ခွန်းကိုသာ ကြားလိုက်ရသည်။

" သေ! "

ဝုန်း !!

လွန်စွာ ကြောက်စရာကောင်းသော ဓားစွမ်းအင်တစ်ခုသည် စူးချန်ကဲ၏ ဘေးပတ်ပတ်လည်ရှိ ဟင်းလင်းပြင်မှ ထိုးဖောက်ဝင်ရောက်လာသည်။

ဖန်ဆင်းခြင်းဆိုင်ရာ စွမ်းအားများကို ဆောင်ကျဉ်းထားသော ဓားစွမ်းအင်များသည် အကန့်အသတ်မဲ့ စကြာဝဠာကြီးအတွင်း၌ လင်းလက်သွားသည်။

အချိန်မျိုးဆက် စွမ်းအားရှင်များ၏ အမူအယာတို့သည် သိသိသာသာ ပြောင်းလဲသွားပြီး ၊ ထိုးစစ်မှ ကာကွယ်ရေးအဖြစ်သို့ လျင်မြန်စွာ အသွင်ပြောင်းလိုက်ပြီး ဓားစွမ်းအင်ကို တွန်းလှန်ရန် အတတ်နိုင်ဆုံး ကြိုးစားခဲ့ကြသည်။

ဘုန်း --!!

အက်ကွဲသံ!!

ကျယ်လောင်သော ဟောက်သံများကြား ၊ အာကာသအက်ကွဲကြောင်းတစ်ခု ထွက်ပေါ်လာသည်။

အဆုံးမရှိသော ဓားစွမ်းအင်များသည် ရုတ်ချည်း ပေါက်ကွဲထွက်ပေါ်လာကာ ပျက်သုန်းခြင်း နှင့် ဗလာနိတ္ထိတို့၏ ရောင်ဝါများက အရပ်ရပ်သို့ ပျံ့လွင့်သွားခဲ့သည်။

၎င်းတို့၏ ဓမ္မကာယကိုယ်ထည်များအပြင် အကာအကွယ် မှော်ရတနာများအားလုံး ဖျက်ဆီးခံလိုက်ရသည်။

ဓားအလင်း၏ နောက်ဆက်တွဲဂယက်သည် လျော့ကျသွားခြင်းမရှိသေးဘဲ သွေးမိုးများ ရွာသွန်းလေကာ ၊ ကမ္ဘာကြီးသည် သွေးချီစွမ်းအားများ၏ အနီရောင်ဆိုးခြယ်ခြင်းကို ခံလိုက်ရသည်။

အဆိုပါ ကြောက်မက်ဖွယ်ရာ ကောင်းသော ဓားအလင်းကို ရင်ဆိုင်တွေ့ကြုံနေရသော အချိန်မျိုးဆက် မှ တခြားသောစွမ်းအားရှင်လေးယောက်သည် ၎င်းအား ရပ်တန့်တားစီးရန် ရည်ရွယ်ချက်မရှိခဲ့ပေ။

အကယ်၍ ဝင်ရောက်စွက်ဖက်ခဲ့မည်ဆိုပါက ၊ သူတို့ သေရမည်မှာဧကန်မလွဲပင်။

အနှိုင်းမဲ့ကာ အစွမ်းထက်ပြီး လုပ်ရပ်သည် ပြတ်သားသည်။ ဤသည်မှာ စူးချန်ကဲအပေါ် သူတို့၏ ပထမဆုံး အကဲဖြတ်မှုသာ။

တစ်ချိန်တည်းမှာပင်။

စူးချန်ကဲသည် ဖြည်းညှင်းစွာ ထရပ်လိုက်သည်။

သူ၏ အေးစက်သော မျက်လုံးများသည် တည်ငြိမ်နေပြီး၊ ကြောက်မက်ဖွယ်ကောင်းသော ဧကရာဇ်အလိုဆန္ဒများက သူ့ခန္ဓာကိုယ်အနှံ့ ပျံ့လွင့်နေသည်။

ကမ္ဘာကြီးကို လွှမ်းခြုံထားသော ဓားအလင်းတို့သည် အရာအားလုံးကို ဖြတ်တောက်ပစ်နိုင်ပုံရပေသည်။

ရုတ်တရက်။

စူးချန်ကဲသည် သူ၏ လက်နှစ်ချောင်းကို ပူးကပ်လိုက်သည်နှင့် လက်ဖျားထိပ်တွင် အဆုံးမရှိသော ဓားစွမ်းအင်များ ရစ်ဝဲလာကာ ပေထောင်ပေါင်းများစွာ မြင့်မားသော အလင်းတန်းတစ်ခုကို ထုတ်လွှတ်ခဲ့လေသည်။

" ကျေးဇူးပြုပြီး... အသက်ကို ချမ်းသာပေးပါ!"

"ကျွန်​​တော်​တို့ အဲ့လိုလုပ်ဖို့..."

အချိန်မျိုးဆက် မှ စွမ်းအားရှင်တို့သည် ရှင်းပြရန် ကြိုးစားကြသည်။

သို့သော် စူးချန်ကဲသည် အဓိပ္ပါယ်မဲ့သော စကားများကို ပြောဆိုရန် ပျင်းရိလွန်းသည်။

"တားမြစ် ဓားပညာရပ်၊ ဓားနှင့် ကောင်းကင်တံခါးကို ဖွင့်လှစ်ခြင်း!"

ထိုစကား​သံအပြီးတွင် ၊

ဝီ——!!

ရုတ်​တရက်​ပင်​ ၊ အ​မှောင်​စကြဝဠာ၏ အတွင်းပိုင်းထဲမှ ​စူးရှတောက်​ပ​သော အလင်း​ရောင်​များ ဖြာထွက်လာခဲ့သည်။

ဖြူစင်သော မိုးကုပ်စက်ဝိုင်းကဲ့သို့ အလင်းသည် အဆက်မပြတ် ကျယ်ပြန့်လာပြီး ၊ အမှောင်ထုကို ချေမှုန်းပစ်ကာ အဆုံးမရှိသော အဖြူရောင်က အစားထိုး ဝင်ရောက်လာခဲ့သည် ။

ထိုလူများနှင့်အတူ ကြယ်ရောင်စုံသော ကောင်းကင်တွင် မျောလွင့်နေသော ကြယ်စုများသည်လည်း လေနှင့် သဲများအဖြစ်သို့ ပြောင်းလဲကာ ပျောက်ကွယ်သွားခဲ့ရသည်။

စောနက ဦးဆောင်တိုက်ခိုက်ခဲ့သော အချိန်မျိုးဆက် စွမ်းအားရှင်များထဲတွင် ဧကရာဇ်တစ်ပိုင်းနယ်ပယ် နဝမအဆင့် ပုဂ္ဂိုလ်နှစ်ဦးရှိသည်ကို သင်သိထားရမည်။

သူတို့သည်ပင် စူးချန်ကဲအတွက် ပြိုင်ဘက်မဟုတ်ခဲ့ချေ။

" မဆိုးဘူး ၊ ဒီကာလမှာ ရခဲ့တဲ့ဉာဏ်အလင်းတွေက သူတော်စင်ကိုယ်ထည် လေးမျိုးရဲ့ အစွမ်းသတ္တိတွေကို အပြည့်အဝ ထိန်းချုပ်နိုင်ခဲ့ပြီပဲ "

"ငါ့ခန္ဓာကိုယ်ထဲမှာ အင်အားအသစ်တစ်ခု မွေးဖွားလာသလိုပဲ..."

" မဟုတ်မှလွဲရော ဒါကမှ လျို့ဝှက်စွာနဲ့ ရှိနေခဲ့တဲ့ ငါ့ရဲ့ ပထမဆုံးဖွဲ့စည်းပုံ ဖြစ်နိုင်မလား...?"

စူးချန်ကဲသည် သူ့လက်ကို ဖြည်းညှင်းစွာ ဆန့်ထုတ်လိုက်သည်။

အတွေးတစ်ချက် လှုပ်ရှားလိုက်ရုံဖြင့် ၊ သူ့လက်ဖဝါးပေါ်တွင် တောက်ပသော စွမ်းအင်လုံးတစ်ခု ပေါ်ထွက်လာသည်။

ထောင်ပေါင်များစွာသော အကြောင်းတရားနှင့် အကျိုးများကို ပျက်စီးစေနိုင်သကဲ့သို့ တုနှိုင်းမရသော စွမ်းအားများကို ထုတ်လွှတ်နေသည်။

သူသည် အချိန်အတော်ကြာယူခဲ့ရပြီး ၊ ထိုမှသာလျှင် သူ၏ ခန္ဓာကိုယ်တွင် လျှို့ဝှက်စွာဖြင့် ရှိနေခဲ့သော အသွေးများနှင့် ဆက်သွယ်နိုင်ခဲ့သည်။

ကြိုးစားမှုတိုင်းမှာ ရလဒ်ရှိသည် ဆိုသည့်စကားအတိုင်း နောက်ဆုံးတွင် သူသည် စွမ်းအားအသစ်တစ်ခုကို ရရှိခဲ့သည်။

၎င်းသည် ဤကမ္ဘာပေါ်တွင် မတည်ရှိသော တန်ခိုးစွမ်းအားဖြစ်သကဲ့သို့ မဟာလမ်းစဉ် သုံးထောင်၏ တန်ခိုးစွမ်းအားများထဲတွင် မပါဝင်သော ဖြစ်တည်မှုတစ်ရပ် ဖြစ်သည်။

ပိုပြီး ဖော်ညွှန်းရလျှင်ဖြင့် ၊ ဤသည်မှာ အရာအားလုံးကို ဖျက်ဆီးကာ မူလနေရာသို့ ပြန်လည်ရောက်ရှိစေမည့် နိတ္ထိစွမ်းအား ဖြစ်သည်။

အပိုင်း(၄၂၇): နောက်ဆုံးတော့ အချိန်လျို့ဝှက်နယ်မြေကို ရှာတွေ့ပြီ

ညဏ်အလင်းဝင်စားနေခဲ့စဉ်က ၊

သူတော်စင်ကိုယ်ထည်များ၏ ပဲ့တင်ထပ်သံအောက်တွင်၊ သူတော်စင်ကိုယ်ထည်များ၏ အမျိုးမျိုးသော ရူပါရုံမြင်ကွင်းများကြား စူးချန်ကဲသည် သူ၏ ကျင့်ကြံဆင့်ကို အဆက်မပြတ် မြှင့်တင့်နိုင်ခဲ့သည်။

သို့မဟုတ်ပါက ၊ အချိန်တွေသာ ကြာသွားမည်။

အချိန်ကို အလဟသ ဖြုန်းတီးရုံသာမကဘဲ တခြား ပါရမီရှင်များစွာ၏ နောက်သို့ ရောက်ရှိသွားနိုင်သည်။

ထိုအချိန်တွင် စူးချန်ကဲသည် တစ်စုံတစ်ခုကို ခံစားလိုက်မိသည်။

သူ့မျက်လုံးများက ကြယ်ရောင်စုံသော ကောင်းကင်ကြီး၏ အနက်ရှိုင်းဆုံး အပိုင်းဆီသို့ လှမ်းကြည့်နေခဲ့သည်။

ထို့နောက် ဘာမှမထူးခြားသော လေသံဖြင့် အေးအေးလူလူ ဆိုလိုက်သည်။

“ ရောက်လာမှတော့ ဘာလို့ ထွက်မလာတာလဲ”

ထိုစကားများ ထွက်လာသည်နှင့် ။

မူလက လျှို့ဝှက်စွာ စောင့်ကြည့်နေခဲ့သော အရိပ်နှစ်ခုသည် ထိုအသံကိုကြားသည်နှင့် သူတို့၏ နှလုံးသားတစ်ခုလုံး တုန်လှုပ်သွားသည်။

မိမိတို့၏ ရောင်ဝါကို ကောင်းကောင်း ဖုံးကွယ်ထားခဲ့သော်လည်း ၊ သို့သော် တဖက်လူက ရှာတွေ့သွားသတဲ့လား ?

ရုတ်တရက်။

အလင်းတန်းနှစ်စင်း ထွက်ပေါ်လာခဲ့သည်။

နက်နဲသော ရောင်ဝါများရှိသည့် လူလတ်ပိုင်းအရွယ် အမျိုးသားနှစ်ဦး ဖြစ်ပြီး ၊ ၎င်းတို့၏ တိကျသော ကျင့်ကြံမှုကို အာရုံမခံစားနိုင်သောကြောင့် လူကို ဆန်းကြယ်သော ခံစားမှုမျိုးကို ဖြစ်ပေါ်စေသည်။

အတိုင်းအတာတစ်ခုအထိ ၎င်းတို့၏ ကိုယ်ပိုင် ရောင်ဝါကို ထိန်းထားနိုင်ကတည်းက သူတို့နှစ်ဦး၏ ခွန်အားသည် နားမလည်နိုင်အောင် နက်ရှိုင်းနေပြီ ဖြစ်သည်။

သို့သော် စူးချန်ကဲကို ရင်ဆိုင်ရသောအခါတွင်၊ သူတို့နှစ်ဦးသည် သတိရှိစွာလှုပ်ရှားခဲ့သည်။

သူတို့သည် ယခင်က မဆင်မခြင်လူများလို မဟုတ်ဘဲ စူးချန်ကဲ၏ နောက်ခံကို ကောင်းစွာ သိထားသည်။

“ရှီဖိန်း လူကြီးမင်းကို နှုတ်ဆက်ပါတယ် “

အနက်ရောင် အဝတ်အစားကို ဝတ်ဆင်ထားသော လူလတ်ပိုင်းအရွယ် အမျိုးသားက ဦးညွှတ်လိုက်သည်။

“ရှီမြောင် လူကြီးမင်းကို နှုတ်ဆက်ပါတယ် “

အဖြူရောင် အဝတ်အစားကို ဝတ်ဆင်ထားသော လူလတ်ပိုင်းအရွယ် အမျိုးသားကလည်း အလားတူ ဦီးညွှတ်လိုက်သည်။

ထိုစကားများကိုကြားသည်နှင့် ၊

စူးချန်ကဲသည် အပျော်သဘော အပြုံးဖြင့် သူ့မျက်ခုံးကို အနည်းငယ် ပင့်တင်လိုက်သည်။

“ ခင်ဗျားတို့ အကြီးအကဲနှစ်ယောက်က ဘာလို့ဒီလိုလုပ်ရတာလဲ ၊ ကျွန်တော့်လို အငယ်တစ်ယောက်က ဘယ်လိုလုပ်ပြီး ခံယူလို့ဖြစ်မလဲ”

သို့သော် ဤစကားလုံးများသည် ရှီဖိန်းနှင့် ရှီမြောင်၏ နားထဲတွင် အဓိပ္ပါယ်ပြောင်းလဲသွားသည်။

ယခုလို ပြောနေသလိုပင် : စောနက ကျုပ် အရိုက်ခံရတုန်းကကြ ထွက်မလာဘူး ၊ အခုမှ လာကပ်နေတာလား။

ဆုတောင်းလေ !

သေသေချာချာ တွေးဆကြည့်ပြီးနောက် ၊ နှစ်ယောက်လုံး၏ အမူအရာမှာ သိသိသာသာ ပြောင်းလဲသွားသည်။

“ လူကြီးမင်း ခွင့်လွှတ်ပါ ၊ ကျွန်တော်တို့က အခုမှ ရောက်လာလို့ အခြေအနေကို မသိလိုက်ဘူး”

“ဒါကြောင့် ကျွန်တော်တို့ ဝင်မစွက်ဖက်မိတာပါ ၊ ခွင့်လွှတ်ပါ!”

ကွေးယွမ်အမတဂိုဏ်း ကို ဘယ်ကောင်မသိ ရှိမတုန်း!?

သူတို့၏ အစွမ်းထက်လှသော သခင်ပင်လျှင် မစိန်ခေါ်ဝံ့ပေ။

အကယ်၍ သူတို့နှစ်ဦးသည် ကွေးယွမ်အမတဂိုဏ်း၏ အမွေဆက်ခံသူအား စော်ကားဝံ့ပါက၊ ဒါ ကိုယ့်ကိုယ်ကို သက်သေလိုက်တာပဲ မဟုတ်လား!?

ထိုမြင်ကွင်းကို မြင်ပြီးနောက် ၊

တဖက်လူသည် မိမိ၏ နောက်ခံကို သိထားကြောင်း သူ့စိတ်ထဲတွင် နားလည်လိုက်သည်။

ထို့ကြောင့် အားနည်းသူသည် အားကြီးသူအပေါ် အနိုင်မကျင့်ဝံ့သလို မစော်ကားဝံ့ပေ။

သို့သော် သူ ဂရုမစိုက်ပေ။ တစ်ဖက်သည် သူ့ကို တိုက်ခိုက်လိုရင်တောင် သူ့တွင် ဝှက်ဖဲများစွာ ရှိသေး၏။

စူးချန်ကဲသည် ပွင့်ပွင့်လင်းလင်း မေးလိုက်သည်။

“ ကျွန်တော် ဒီတစ်ခေါက် အချိန်လျို့ဝှက်နယ်မြေကို လာခဲ့တာ လူကြီးမင်းနှစ်ယောက် သိတယ်မလား?”

နှစ်ယောက်သား ဖြေရခက်သော အမူအရာဖြင့်။

“ဒါ…”

အချိန်လျို့ဝှက်နယ်မြေတွင် ရှေးကျသောအရာများစွာ ရှိနေပြီး ၊ ဒေဝလောက၏ လျို့ဝှက်ချက်များစွာကို မြှုပ်နှံထားသည်။

ထို့အပြင်၊ ရံဖန်ရံခါတွင် တန်ခိုးကြီးမားသော စွမ်းအားရှင်တို့သည် သူတို့၏ အချိန်အပေါင်ဆိုင်ကို လာရောက်၍ ၎င်းတို့၏ ကိုယ်ပိုင်နတ်လက်နက်များဖြင့် ပစ္စည်းများကို ဖလှယ်တတ်ကြသည်။

စူးချန်ကဲတွင် ထူးခြားသော နောက်ခံရှိသော်လည်း သူ၏ ကျင့်ကြံဆင့်သည် အားနည်းလွန်းသည်။

သူတို့၏ အချိန်လျို့ဝှက်နေရာတွင် အချိန်သခင်မှ ချမှတ်ထားသော စည်းကမ်းတစ်ခုရှိသည်။

စစ်မှန်အမတသခင်အဆင့်အောက်က လူများသည် ဤနေရာသို့ ဝင်ခွင့်မရှိပေ။

ယခု စူးချန်ကဲသည် မဟာဧကရာဇ်မင်းတောင် မဟုတ်။ ယင်းက သူတို့ကို အတော်လေး အခက်တွေ့စေသည်။

စူးချန်ကဲအား ငြင်းဆန်ရန်တွေးနေစဉ် ၊

သို့သော် သူတို့၏ နှလုံးသားထဲတွင် မထင်မရှား အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

“သူ့ကို ဝင်ခွင့်ပြုလိုက်”

“ ပြီးတော့ အချိန်ကျောက်ကို သုံးပြီး သူ့ကို ပြင်ပကမ္ဘာက ဧကရာဇ်လျှောက်လှမ်း အဋ္ဌမအဆင့်ကို ပို့ဆောင်ပေးလိုက် “

“မင်းတို့ ဒါကိုမှ ကောင်းကောင်း မလုပ်နိုင်ရင် ကွေးယွမ်အမတဂိုဏ်းကို မင်းတို့ကိုယ်တိုင် ဖြေရှင်းရလိမ့်မယ်”

အသံပေးပို့မှုသည် ရုတ်ချည်းရောက်လာကာ လျင်မြန်စွာနဲ့ပဲ ပျောက်ကွယ်သွားခဲ့သည်။

ရှီဖိန်း နှင့် ရှီမြောင်တို့ခမျာ မိုးကြိုးပစ်ခံရလိုက်ရသည့်အတိုင်း ထိတ်လန့်သွားကြသည်။

ဤသည်မှာ သူတို့၏ သခင်၊ အချိန်သခင်ထံမှ သတင်းစကားဖြစ်သည်။

ဤမရေမတွက်နိုင်သော နှစ်များအတွင်း ၊ သခင်ဖြစ်သူ၏ သတင်းစကားကို သူတို့ တစ်ခါမျှပင် မရရှိခဲ့ပေ။

ယခု သူတို့မျက်စိရှေ့က လူငယ်လေးကြောင့် သခင်ဖြစ်သူ၏ အမှာစကားကို ရရှိခဲ့သည်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် စူးချန်ကဲသည် မည်မျှအရေးပါသည်ကို သိနိုင်သည်။

သို့သော် သူတို့ကို ပို၍ ရယ်စရာကောင်းစေခဲ့သော အရာမှာ စူးချန်ကဲကို စော်ကားဝံ့ပါက ကွေးယွမ်အမတဂိုဏ်းသို့ သွားရောက်ကာ လူကိုယ်တိုင် ဖြေရှင်းချက်ပေးရမည် ဆိုသည့် စကားပင်။

ကွေးယွမ်အမတဂိုဏ်းကဲ့သို့ အာဏာရှင်သခင်များကို သူတို့မည်သို့ ကိုင်တွယ်နိုင်မည်နည်း။

“ ဘယ်လို?”

နှစ်ယောက်သား နှုတ်ဆိတ်နေပြီး ၊ မသာမယာဖြစ်နေသော အမူအရာကြောင့် စူးချန်ကဲက မေးလိုက်သည်။

“ စီနီယာလူကြီးမင်းနှစ်ယောက် တစ်ခုခု အခက်တွေ့စရာများရှိလို့လား”

“မဟုတ်ဘူး၊ မဟုတ်ပါဘူး!”

ရှီဖိန်း နှင့် ရှီမြောင်တို့သည် ယမ်းခါနေသော ပလုတ်တုတ်အတိုင်း ခေါင်းယမ်းပြလေတော့သည်။

ထို့နောက် အကြောင်းအရာကို ပြောင်းကာ ပြောဆိုလိုက်သည်။

“ ဒါ ဘာစကားလဲ”

“ကျွန်တော်တို့က အချိန်လျှို့ဝှက်နယ်မြေရဲ့ အုပ်ထိန်းသူတွေလေ ၊ သခင်လေးက လာဖို့ဆန္ဒရှိမှတော့ ကျွန်တော်တို့ကလည်း ဝမ်းသာအားရ ကြိုဆိုရမှာပေါ့ “

“ သခင်လေး လာရောက်တာ ကျွန်တော်တို့ရဲ့ အချိန်လျှို့ဝှက်နယ်မြေအတွက် ဂုဏ်ယူစရာပဲ “

နှစ်ယောက်သား အတော်လေး ‘ပျော်ရွှင်’နေပုံရပြီး ၊ လက်ဟန်ခြေဟန်များပင် ပါသေးသည်။

ယင်းက စူးချန်ကဲကို အတုအယောင်ဆန်သော ခံစားချက်မျိုးကို ရရှိစေသည်။

“ ကွေးယွမ် သူတော်စင် နယ်မြေရဲ့ ဂုဏ်သတင်းက အဲ့လောက်တောင်ကြီးလား…?”

“ ငါ အေးအေးလူလူ နေရင်ရရဲ့သားနဲ့…ငါ ဘာလို့များ ဒီလမ်းစဉ်ကို ကြိုးစားပမ်းစား လျှောက်လှမ်းနေပါလိမ့်”

ကွေးယွမ် သူတော်စင် နယ်မြေ၏ ဘိုးဘေးများသာ ထိုစကားများကို ကြားလိုက်ရရင်ဖြင့် ၊ စူးချန်ကဲတစ်ယောက် တောထဲဘေးမဲ့လွတ်ခံရမည်ကို စိုးရသည်။

………

ခဏအတွင်းမှာပင် ။

ရှီဖိန်း နှင့် ရှီမြောင်တို့၏ ဦးဆောင်မှုအောက်တွင်။

ရွက်သင်္ဘောကြီးသည် လျှို့ဝှက်ဆန်းကြယ်သော ကြယ်တာယာ ကောင်းကင်ယံထဲသို့ ဝင်ရောက်လာခဲ့သည်။

ဤနေရာသည် ယခင်အမှောင်စကြာဝဠာနှင့် လုံးဝကွဲပြားသည်။

ကြယ်များသည် တောက်ပကာ အရောင်စုံလင်လှသည်။

လေထုထဲတွင် အချိန်-နေရာဆိုင်ရာ တာအိုစည်းချက်များ ပျံ့လွင့်နေသည်။

“ခဏစောင့်ပါဦး သခင်လေး”

ထိုအချိန်တွင် ရှီဖိန်း နှင့် ရှီမြောင်တို့သည် စူးချန်ကဲဘက်ကို လှည့်ကာ ဦးညွှတ်လိုက်သည်။

ထို့နောက် သူတို့လက်ကို ရှေ့သို့ဆန့်ထုတ်လိုက်သည်။

အဆုံးမရှိသော စည်းမျဉ်းများနှင့် အမိန့်များ ရောယှက်လေကာ ၊ အချိန်၏ မဟာလမ်းစဉ်များ ပျံ့လွင့်ထွက်ပေါ်လာသည်။

ပြိုးပြိုးပျက်ပျက် တောက်ပနေသော အလင်းတန်းများသည် အဆုံးမရှိသော ကြယ်ရောင်စဉ်များသဖွယ် လွင့်ပျံနေကာ နောက်ဆုံးတွင် မဟာလမ်းစဉ်၏ ကြာပန်းများအဖြစ် တစ်ဖန် ပေါင်းစပ်သွားသည်။

သူတို့နှစ်ဦးလုံးသည် လက်သင်္ကေတများကို အဆက်မပြတ် ပြုလုပ်နေသည်။

ဝေဟင်တွင် လွင့်မျောနေသော ကြာပန်းကြီးထက်တွင် တင်ပျဉ်ခွေထိုင်နေသော ခပ်ဝါးဝါး ရွှေအဆင်း ရုပ်သဏ္ဍာန်နှစ်ခု ထွက်ပေါ်လာသည်။

၎င်းတို့သည် မတူညီသော အလင်းများကို ထုတ်လွှတ်နေသည်။

တစ်ယောက်တွင် ငွေရောင်အလင်းတန်းများ ဖြာကျနေကာ ၊နှစ်ထောင်ပေါင်းများစွာသော အချိန်ကာလကို အုပ်စိုးထားသကဲ့သို့ ကြွယ်ဝသော အချိန်စီးဆင်းမှု အဓိပ္ပာယ်များ ရှိနေသည်။

အခြားတစ်ယောက်သည် ရွှေရောင်အလင်းတန်းများ ဖြာကျနေကာ အလားတူ ပြင်းထန်သော အာကာသ-အချိန် စွမ်းအားများ သက်ဝင်စီးဆင်းနေသည်။ သို့သော် ၎င်းသည် အချိန်၏ မဟာလမ်းစဉ်ကို ကိုယ်စားပြုပြီး ထောင်ပေါင်းများစွာသော သံသရာခရီး(လူဝင်စား)ကို ထိန်းချုပ်ထားပုံရသည်။

“ ဖွင့်!”

နှစ်ယောက်လုံး တစ်ပြိုင်နက် အော်လိုက်ကြသည်။

ဝီ! !

ရှေ့မျက်နှာစာ ဧရိယာတွင် အဆုံးမရှိသော မိုးကြိုးပင်လယ် ရှိနေသကဲ့သို့ အဆုံးမဲ့ အဖြူရောင်အလင်းတန်းများသည် ကောင်းကင်တစ်ခွင် ပစ်ခွင်းဝင်ရောက်လာသည်။

အရောင်အသွေးမျိုးစုံ ရောယှက်နေသော အလင်းတန်းများသည် ဤကမ္ဘာကြီးထဲသို့ ထိုးဖောက်ဝင်ရောက်လာကြသလိုပင်။

အဆိုပါအင်အား၏ လက်အောက်တွင်၊ ဟင်းလင်းပြင်သည် အဆက်မပြတ် ရွဲ့စောင်းနေပြီး တခဏချင်း ကွဲအက်သွားသည်။

ထို့နောက် ၊ လုံးဝခြားနားသော မြင်ကွင်းတစ်ခု ပေါ်ထွက်လာခဲ့သည်။

အဆုံးမရှိသော အချိန်နှင့်နေရာ အပိုင်းအစများသည် လေထဲတွင် လှည့်ပတ်ကာ စူးရှတောက်ပသော အလင်းရောင်များကို ထုတ်လွှတ်နေသည်။

သို့သော် ဤလှပသောရှုခင်းထက် ကြောက်မက်ဖွယ်ကောင်းသော ကံကြမ္မာဆိုးများ ပေါ်လွင်နေသော တဲအိမ်လေးသည် လူကို ပို၍ဖမ်းစားနိုင်ခဲ့သည်။

၎င်းကို အမည်မသိ မြင့်မြတ်သော သစ်ဖြင့် ပြုလုပ်ထားပုံရသည်။

အာကာသ-အချိန်၏ အဆုံးမရှိသောစွမ်းအားဖြင့် ပေါင်းစည်းထားသော စပျစ်နွယ်များသည် အပေါ်သို့ မြောက်တတ်နေသည်။

တာအိုစည်းချက်များဖြင့် ပေါင်းစပ်ထားသော ကမ္ဗည်းပြားပေါ်တွင် အဖြူရောင် စာလုံးကြီးလေးလုံးကို ရေးထိုးထားသည် : အချိန်လျို့ဝှက်နယ်မြေ!

အပိုင်း(၄၂၈): ဒီလူငယ်လေးရဲ့ နောက်ခံက တားမြစ်အင်အားစု သုံးဖွဲ့တောင်!

“သခင်​​လေး ကျွန်​​တော့်နောက် လိုက်​ခဲ့ပါ “

ရှီဖိန်းသည် ဦးညွှတ်လိုက်ပြီး စူးချန်ကဲအား လမ်းပြပေးခဲ့သည်။

ထို့နောက် သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ ၊ အချိန်လျို့ဝှက်နယ်မြေ၏ ဂိတ်တံခါးသည် ဖြည်းညှင်းစွာ ပွင့်လာခဲ့သည်။

အတွင်း၌ ၊ ကြယ်စင်များ ဝေဆာကာ အာကာသ- အချိန် ရောင်စဉ်တန်းများက လှိုင်းထကာ ရိုက်ခတ်နေသည်။

စူးချန်ကဲသည် အချိန် ဂိတ်တံခါးထဲသို့ ဝင်ရောက်လာခဲ့သည်။

သူ့ရှေ့က ဟင်းလင်းပြင်ပုံရိပ်သည် တစ်ဖန် ပြောင်းလဲသွားခဲ့ပြန်သည်။

ပရမ်းပတာ မြူမှုန်များကြား မရေမတွက်နိုင်သော မျှော်စင်များနှင့် နန်းဆောင်များ ပေါ်ထွက်လာသည်။

အဆုံးမရှိသော အချိန်၏ နိယာမတရားတို့သည် ကြယ်ရောင်စုံသော ကောင်းကင်ကြီးတွင် ခမ်းမားထည်ဝါသော မြို့ကြီးတစ်ခုအဖြစ် စုစည်းနေသည်။

တစ်ချိန်တည်းမှာပင်၊ ကြယ်စုကြယ်ဝေးများက မြို့ကြီးတစ်ခုလုံးကို ပတ်ပတ်လည် ဝန်းရံထားသည်။

သို့သော်လည်း၊ ဤမြို့ကြီးတစ်ခုလုံးသည် နတ်ဘုံနတ်နန်း တစ်ခုကဲ့သို့ မြင့်မားစွာ ဖြစ်တည်နေပြီး ၊ ၎င်း၏ ထိပ်ဆုံးကိုပင် မမြင်တွေ့နိုင်ချေ။

ထို့ကြောင့် ဤမြို့ကြီး၏ရှေ့တွင် ကြယ်စုကြယ်ဝေးများသည် အမှုန်အမွှားတစ်ခုကဲ့သို့ သေးငယ်နေပုံရသည်။

“ အချိန်ရဲ့စွမ်းအားကိုသုံးပြီး လောကတစ်ခုကိုဖွင့်လှစ်လိုက်တာလား…?”

စူးချန်ကဲသည် အံ့သြသွားကာ တိုးတိုးလေး ရေရွတ်လိုက်သည်။

အချို့သော ထိပ်တန်းပုဂ္ဂိုလ်များသည် ၎င်းတို့၏ ကိုယ်ပိုင်ကျင့်ကြံမှုဖြင့် လောကသစ် တစ်ခုကို ဖွင့်လှစ်နိုင်သည်ကို သူသိထားသည်။

သို့သော် အချိန်၏ စွမ်းအားဖြင့် လောကသစ် တစ်ခုကို ဖွင်လှစ်လိုက်ခြင်းသည် မိမိ၏ ကိုယ်ပိုင်အာဏာဖြင့် ကမ္ဘာသစ်တစ်ခုကို လုံးလုံးလျားလျား တည်ဆောက်လိုက်ခြင်း ဖြစ်သည်။

“သခင်လေး ဒီလမ်းကိုကြွပါ”

ဤအချိန်တွင် ရှီဖိန်း နှင့် ရှီမြောင်တို့သည် လက်သင်္ကေတတစ်ခုကို တပြိုင်နက်တည်း ဖော်ဆောင်လိုက်သည်။

အာကာသ-အချိန် စွမ်းအားဖြင့် ပေါင်းစပ်ထားသော တောက်ပနေသော လမ်းကြောင်းတစ်ခုသည် ကြယ်ရောင်စုံသော ကောင်းကင်ကြီး၏ အတွင်းပိုင်းအထိ ဆန့်တန်းသွားသည်။

သူတို့နှစ်ယောက်သည် စူးချန်ကဲကို အတွင်းပိုင်းထဲသို့ ခေါ်ဆောင်လာခဲ့ပြီး လမ်းလျှောက်ရင်း မိတ်ဆက်ပေးနေသည်။

“ သခင်လေး ၊ ဒီနေရာမှာ ကျွန်တော်တို့ သခင်ရဲ့ အစွမ်းအထက်ဆုံး မှော်အစွမ်းတွေ စုဝေးနေတယ် ၊ ‌ဒီနေရာကသာ အချိန်လျို့ဝှက်နယ်မြေရဲ့ တကယ့်နေရာပဲ “

“ရှေ့ကမြို့ကြီးက ကျွန်တော်တို့ အချိန်လျို့ဝှက်နယ်မြေရဲ့ အဓိကနေရာ ယွမ်ချူးအချိန်မြို့တော် လို့ ခေါ်တယ်”

ရှီမြောင် က ဆက်လက် ပြောပြသည် ။

“ ယွမ်ချူးအချိန်မြို့တော်က ကျွန်တော်တို့ အချိန်လျို့ဝှက်နယ်မြေရဲ့ အချိန်အပေါင်ဆိုင်ပဲ ၊ အဲ့မှာ ကျွန်တော်တို့သခင် စုဆောင်းထားတဲ့ ဒေဝလောကတစ်ခွင်ရဲ့ အဖိုးတန် ရတနာတွေရှိရုံတင်မကဘူး ရှေးခေတ်က လျှို့ဝှက်ချက်အချို့လည်း ရှိသေးတယ် “

“ အမတတွေရဲ့ အထက်မှာရှိတဲ့အခွင့်အလမ်းတွေလည်း မနည်းမနှောရှိသေးတယ်”

စူးချန်ကဲသည် ထိုစကားများကို နားထောင်ရင်း ခေါင်းညိတ်လိုက်သည်။ ထိုအကြောင်းနှင့် ပတ်သတ်၍ ထိုက်ချူတာအိုဆရာသခင် ပြောတာကို သူ ကြားဖူးသည်။

အမှောင်တပ်သားများသည် ယွမ်ချူးအချိန်မြို့တော်ရှိ အမတအထက်အဆင့်ရှိ အခွင့်အရေးကောင်းများကို ရယူလိုရန်အတွက် အချိန်လျှို့ဝှက်နယ်မြေကို ကျူးကျော်ချင်ခဲ့သည်။ ထိုမှသာလျှင် သူတို့သည် အမတအထက် လောကကို ချိတ်ပိတ်နိုင်မည် ဖြစ်သည်။

“ဒါပေမယ့် ဘာလို့ ဒီနေရာကို အချိန်အပေါင်ဆိုင်လို့ ခေါ်တာလဲ “

စူးချန်ကဲက စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။

“ ပြောရရင် ဇာတ်လမ်းရှည်ကြီးပဲ ၊ ရိုးရိုးရှင်းရှင်း ပြောရရင် ၊ကျုပ်ရဲ့ ဒီအချိန်အပေါင်ဆိုင်က တရားမျှတမှုကို အလေးပေးတယ် ၊ တစ်စုံတစ်ယောက်က အချိန်အပေါင်ဆိုင်က အဖိုးတန်ရတနာတစ်ခုကို ရယူချင်ရင် သူနဲ့ တူညီတဲ့ ဈေးနှုန်းကို ပေးချေရမယ်”

ရှီဖိန်းက ရှင်းပြသည်။

“ ဒါမှမဟုတ်လည်း တူညီတဲ့အဖိုးအခရှိတဲ့ ပစ္စည်းနဲ့ လဲလှယ်နိုင်တယ် ၊ အနာဂတ် ဒါမှမဟုတ် အတိတ်က အကြောင်းတရားနဲ့ အကျိုးသက်ရောက်မှု အခွင့်အလမ်းနဲ့ ဖလှယ်နိုင်တယ်”

“ဒါမှမဟုတ် အနာဂတ်မှာ တုနှိုင်းမယှဉ်နိုင်တဲ့ အောင်မြင်မှုတွေ ရရှိမယ့် သခင်လေးလိုလူတစ်ယောက်က အချိန်လျို့ဝှက်နယ်မြေမှာ ကျေးဇူးဆပ်ဖို့ ကတိခံပြီး အကြွေးအဖြစ်လည်း ရယူနိုင်တယ် “

ထိုစကားကိုကြားပြီးနောက် ၊ စူးချန်ကဲသည် ကိစ္စတစ်ခုကို ရုတ်တရက် သတိရသွားသည်။

ထို့နောက် ရှီဖိန်းကို မေးလိုက်သည်။

“ ခင်ဗျားတို့ဆီမှာ မော့ရန်ရှီးဆိုတဲ့အမျိုးသမီး ချန်ထားခဲ့တဲ့ပစ္စည်းများ ရှိလား”

“ မော့ရန်ရှီး..?”

နှစ်ယောက်လုံး သေချာစဉ်းစားနေကြသည်။ မကြာမီနှစ်များအတွင်း ၊ ဤအချိန်လျို့ဝှက်နယ်မြေထဲသို့ လာရောက်ခဲ့သော ထိပ်တန်းပုဂ္ဂိုလ်များစွာ ရှိခဲ့သည်။

၎င်းတို့အားလုံးကို သူတို့ မမှတ်မိနိုင်ချေ။

“ကျေးဇူးပြုပြီး ခဏစောင့်ပေးပါဦး သခင်လေး ၊ ကျွန်တော်တို့ စစ်ဆေးပေးမယ်”

ပြီးနောက်။

သူတို့နှစ်ဦးသည် အာကာသ-အချိန် စွမ်းအားဖြင့် အလင်းကာတစ်ခုကို ဖန်တီးလိုက်သည်။

အလင်းကာပေါ်တွင် လူတစ်ဦးချင်းစီ၏ အမည်နာမည်များ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။

[ ထျန်းရှင်း တာအိုဆရာသခင်သည် လွန်ခဲ့သောနှစ်ပေါင်း ၁၀၀ က အချိန်အပေါင်ဆိုင်တွင် ခုန်းရှင်နာရီအတွက် ထာဝရအနှစ်သာရကို လဲလှယ်ခဲ့သည် ]

[ ရွှေလော့ စစ်မှန်သူဆရာသခင်သည် လွန်ခဲ့သည့်နှစ်ပေါင်း ၁၅၀ က အချိန်အပေါင်ဆိုင်တွင် ဇီဝ တားမြစ်နယ်မြေနှင့် ပတ်သတ်သော အချက်အလက်အတွက် ဒြပ်စင်ငါးခု ဖန်သားကျောက်ကို လဲလှယ်ခဲ့သည် ]

[ ထိုက်ယီ စစ်မှန်အမတသခင်သည် …..]

သူတို့နှစ်ဦးသည် ဆက်လက်ရှာဖွေခဲ့ကြရာ လွန်ခဲ့သောနှစ်ပေါင်း ၁၈၀၀ခန့် က မော့ရန်ရှီး၏ အမည်ကို တွေ့ရှိခဲ့သည်။

[ မော့ရန်ရှီးသည် လွန်ခဲ့သောနှစ်ပေါင်း ၁၈၀၀ခန့် က ရှေးဟောင်း လူဝင်စားကျောက်စိမ်းအဆောင်အတွက် ကောင်းကင်လမ်းစဉ်၏ စစ်မှန်သောအလိုဆန္ဒရင်းမြစ်ကို ဖလှယ်ခဲ့သည် ]

စူးချန်ကဲသည် ၎င်းတို့၏ဘေးတွင် ရပ်နေသော‌ကြောင့် အလင်းစခရင်ပေါ်က အချက်အလက်များကို ရှင်းရှင်းလင်းလင်း မြင်နေရသည်။

“လွန်ခဲ့တဲ့ နှစ်ပေါင်း၁၈၀၀?”

“ဒါပေမယ့် အဲဒီတုန်းက ငါ မပြောနဲ့ ၊ မူလသခင်တောင် မမွေးသေးဘူး မဟုတ်လား?”

စူးချန်ကဲ အံ့ဩသွားသည် ။

“ မော့ရန်ရှီးက ဘာလို့ ငါ့အတွက် ထားခဲ့ရတာတုန်း… “

ထို့အပြင်၊ မော့ရန်ရှီးသည် သူမ ပျောက်ကွယ်မသွားမီ သူ့ကို စကားတစ်ခွန်းပြောခဲ့ဖူးသည်။

“​နောက်​တ​ခေါက်​​တော့ ကိုကို ကျွန်မကို လာရှာရမယ့်အချိန်ပဲ “

သူ၏ယခင်ကအတွေ့အကြုံအရ ၊ မော့ရန်ရှီး နှင့် သူသည် အတိတ်ဘဝက ပတ်သတ်မှု ဟု ဆိုရပေမည်။

သို့သော် ယခင်အတိတ်ဘဝက သူ့ညီမသည် သာမန်လူမဟုတ်သည်မှာ ထင်ရှားသည်။

စိတ်ထဲတွင် ထိုအကြောင်းကို စဉ်းစားပြီးနောက်၊ စူးချန်ကဲသည် ထပ်မံမေးခွန်းထုတ်လိုက်သည်။

“ မော့ရန်ရှီးချန်ထားခဲ့တဲ့ ပစ္စည်းကို လဲလှယ်ချင်ရင် ဘယ်စျေးပေးရမလဲ “

မော့ရန်ရှီး၏ ယခင်ကအသံထုတ်လွှင့်မှုသည် ဤကိစ္စဖြစ်နိုင်ပြီး ၊ ထိုအရာက သူ့အတွက် အလွန် အကျိုးရှိနိုင်သည်။

သို့သော်၊ ရှီ‌ဖိန်း နှင့် ရှီမြောင်တို့သည် စူးချန်ကဲ၏ ‌အမေးကြောင့် အတော်လေး အခက်တွေ့သွားပုံရသည်။

ရှေးဟောင်း လူဝင်စားကျောက်စိမ်းအဆောင်သည် ၎င်းတို့၏ အချိန်လျို့ဝှက်နယ်မြေတွင် အမြင့်မြတ်ဆုံး ရတနာများထဲမှ တစ်ခုအဖြစ် မှတ်ယူနိုင်သည်။

ရှေးဟောင်း လူဝင်စားကျောက်စိမ်းအဆောင်သည် ၎င်းတို့၏ သခင်ကိုယ်တိုင် အမတ နယ်မြေ၏ အချိန်နှင့်နေရာ ကန်သတ်နယ်မြေမှ ရယူထားခြင်း ဖြစ်သည်။ ၎င်းသည် လူကို အာကာသ-အချိန် အတွင်း ဖြတ်သန်းသွားလာနိုင်သည်။ ဒါတင်မက အတိတ်ကို ပြန်လည်ပြင်ဆင်နိုင်သလို မဟာလမ်းစဉ်ကို ပြန်လည်ပြောင်းလဲနိုင်ပြီး အချိန်၏ တိုက်စားမှုကို လျစ်လျူရှုနိုင်သည်။

မော့ရန်ရှီးမှ ထားခဲ့သော ကောင်းကင်လမ်းစဉ်၏ စစ်မှန်သောအလိုဆန္ဒရင်းမြစ်မှာလည်း မရိုးရှင်းပေ။

၎င်းသည် တိုက်မြေသုံးထောင်ရှိ ပထမမျိုးဆက် ကောင်းကင်လမ်းစဉ်၏ စစ်မှန်သော မူလရင်းမြစ် ဖြစ်ပြီး ၊ ကိုယ်ပိုင်ကမ္ဘာ တစ်ခုကို ဖန်တီးနိုင်သည်။

ကောင်းကင်နှင့် မြေကြီးကို မီးပြင်းဖိုအဖြစ် ၊ ထောင်ပေါင်းများစွာသော လမ်းစဉ်များကို မီးပြင်းဖိုအဖြစ် သက်ရှိအားလုံး၏ စစ်မှန်သော အဓိပ္ပါယ်ကို ပြန်လည်သန့်စင်နိုင်သည်။ ၎င်းကို မြင့်မြတ်သော အရာဝတ္ထုတစ်ခုအဖြစ်လည်း မှတ်ယူနိုင်သည်။

သို့သော် နှစ်ယောက်သား အခက်တွေ့နေစဉ် ၊

သခင်ဖြစ်သူ၏ အသံထုတ်လွှင့်မှုကို ကြားလိုက်ရသည်။

“သူလိုချင်ရင် ပေးလိုက် “

“တခြားဟာ လိုချင်သေးတယ်ဆိုလည်း၊ ပေးလိုက် “

သခင်ဖြစ်သူ၏ အသံကို ထပ်မံကြားလိုက်ရသဖြင့် နှစ်ယောက်သား ပို၍ပင် စိတ်ရှုပ်သွားသည်။

ထို့အပြင် သူတို့၏သခင်သည် ဤကမ္ဘာတစ်ဝှမ်းလုံးတွင် “တွန့်တိုတတ်သူ” အဖြစ် ကျော်ကြားသည်။ သူသည် ဤလူငယ်ကို အဘယ်ကြောင့် ဤမျှလောက် ရက်ရောနေရသနည်း။

၎င်းသည် သူတို့နှစ်ယောက်၏ အတွေးများကို သိနေပုံရသည်။

သခင်ဖြစ်သူမှ ဆက်လက် အသံထုတ်လွှင့်ခဲ့သည်။

“ ကွေးယွမ် အမတဂိုဏ်း နဲ့ တားမြစ် စူး မိသားစုအပေါ် ငါတို့ရဲ့ ကျေးဇူးကြွေးရှိသွားပြီ ၊ဒါက အရမ်းကောင်းတဲ့ အကျိုးအမြတ်ပဲ”

ထိုစကားများ ထွက်လာသည်နှင့်။

နှစ်ယောက်လုံး မိုးကြိုးပစ်ခံလိုက်ရသလိုပင်။

ကွေးယွမ်အမတဂိုဏ်းသည် ကွေးထျန်းအမတနယ်မြေတွင် လွှမ်းမိုးထားသော အင်အားစု ဖြစ်သည်။

တားမြစ် စူး မိသားစုသည် ဟွမ်ကျီအမတနယ်မြေတွင် အကြွင်းမဲ့ လွှမ်းမိုးထားသော အင်အားစု ဖြစ်သည်။

ဒေဝလောကတစ်ခုလုံးကို အုပ်စိုးထားသည်ဟု ဆိုကြသည့် ထာဝရ အမတသခင် တရားစီရင်ရေးရုံးတော် နှင့် ထိုက်ယီ တာအိုခန်းမဆောင်တို့သည်ပင် ၎င်းတို့အပေါ် အလွန်အကျွံ နှိုးဆော်ခြင်း မပြုဝံ့ကြပေ။

ရုတ်တရက် ၊ နှစ်ယောက်လုံး တစ်ခုခုကို တွေးမိလိုက်ပြီး တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။

“ မဟုတ်မှလွဲရော… ငါ့တို့ရှေ့က လူငယ်လေးက ကွေးယွမ်အမတဂိုဏ်းရဲ့ အမွေဆက်ခံသူ… ဒါမှမဟုတ် တားမြစ် စူး မိသားစုရဲ့ တိုက်ရိုက်သွေးသားလား?”

နှစ်ယောက်လုံး၏ မျက်လုံးများသည် ပြူးသထက် ပိုပြူးလာသည်။

တားမြစ်အင်အားစုနှစ်ဖွဲ့ရဲ့ အမွေဆက်ခံသူ…

“ခဏနေစမ်းပါဦး…”

ရှီဖိန်းသည် သူ့စိတ်ထဲတွင် ကြောက်ရွံ့မှုကို ဖိနှိပ်ကာ ကတုန်ကယင်ဖြင့် ဒုတိယညီဖြစ်သူ ရှီမြောင်ထံသို့ အသံထုတ်လွှင့်လိုက်သည်။

“ငါ အမှတ်မမှားဘူးဆိုရင်… တားမြစ် စူး မိသားစုထဲက တစ်ယောက်က သံသရာစက်ဝန်းအမတ မင်းဆက်ရဲ့ မင်းသမီးကြီးနဲ့ လက်ထပ်ထားပုံရတယ်…?”

သံသရာစက်ဝန်း အမတမင်းဆက်သည် ထျန်းဟယ်အမတနယ်မြေတွင် လွှမ်းမိုးထားသော အင်အားစုဖြစ်သည်။ လင်ဟွေဧကရီသည် မဟာလမ်းစဉ်ကို ချိုးဖျက်ကာ အမတဧကရာဇ်အထက် အဆင့်ထိ အောင်မြင်ထားသူ ဖြစ်သည်။

“ဒါဆို… တားမြစ် စူးမိသားစု နဲ့ သံသရာစက်ဝန်း အမတမင်းဆက်က ဆွေမျိုးတွေပဲ…”

သူတို့သခင်၏လေသံကို နားထောင်ကြည့်ရလျှင်ဖြင့် ၊ စူးချန်ကဲ၏ နောက်ခံသည် တားမြစ်စူးမိသားစု တစ်ခုတည်းနဲ့တင် မရိုးရှင်းမှန်း သိနိုင်သည်။

အကယ်၍ ထိုအရာအားလုံးသည် သခင်ငယ်လေး၏ အထောက်အထားများ ဖြစ်ခဲ့မည်ဆိုပါက…

ဒါဆို စူးချန်ကဲရဲ့ နောက်ခံက တားမြစ်အင်အားစု သုံးဖွဲ့တောင် မဟုတ်လား!

ဒီလိုနောက်ခံမျိုးနဲ့ ၊ ဒီသကောင့်သားလေးက တိုက်မြေသုံးထောင််ထဲ ငါးကြင်းကြော်ဖို့ ရောက်လာတာလား !?

T/N : ငါးကြင်းကြော်- ဗန်းစကား (ဂိမ်းထဲမှာဆို အဆင့်နိမ့် ကစားသူတွေကြားမှာ အဆင့်မြင့် ကစားသူတွေ ဝင်ပြီး အထာကျကျနေသလိုပေါ့)

အပိုင်း(၄၂၉): ကောင်းကင်လမ်းစဉ် အာဏာစက်ဓား

နှစ်​​ယောက်​သား အကြာကြီး နှုတ်​ဆိတ်​‌‌နေသည်ကို မြင်တော့ စူးချန်ကဲသည် မျက်မှောင်ကြုတ်သွားသည်။

“ ခင်ဗျားတို့နှစ်ယောက်မှာ အခက်အခဲ တစ်ခုခုများ ရှိလို့လား”

“ ခင်ဗျားတို့ နှစ်ယောက် လဲလှယ်ချင်တဲ့အရာမျိုး ရှိရင် ပြောလိုက် ၊ ကျုပ် စူးမျိုးရိုး အကောင်းဆုံး လုပ်ပေးမယ်”

ထိုစကားများ ထွက်လာသည်နှင့် တပြိုင်နက် နှစ်ယောက်သား ကြောက်ရွံ့တုန်လှုပ်သွားကြသည်။

သူတို့ ဘယ်ကနေ အဲ့လောက်ထိသတ္တိရှိမှာတုန်း ?

“လူကြီး… လူကြီးမင်းက… ကျွန်တော်တို့ကို ဟာသပြောနေပြန်ပြီ “

“ဟုတ်တယ်… လူကြီးမင်းကလည်း ဘာတွေအား‌နာနေတာတုန်း ၊ ကျွန်တော် ခုချက်ချင်း သွားယူပေးမယ် !”

ပြောပြီးပြီးချင်း ၊ ရှီမြောင်က အရင်ထပြေးလေသည်။

စူးချန်ကဲ၏ မျက်နှာသာပေးမှုကို ရရှိနိုင်မည့် အခွင့်အရေးဖြစ်သောကြောင့် သူ့အနေဖြင့် တတ်ကြွနေသည်မှာ သဘာဝကျပေသည်။

“ဒီကောင် တကယ်ကြီး ပြေးပြီပေါ့၊ သကောင့်သား ငါ့ကို အစ်ကိုကြီးလို့ သဘောထားသေးရဲ့လား?”

ဘေးတွင်ရပ်နေသော ရှီဖိန်းသည် စိုးရိမ်တကြီးဖြင့် နောက်ကနေ ပြေးလိုက်လာသည်။

စူးချန်ကဲခဗျာ ကြောင်အမ်းစွာဖြင့် ရပ်ကျန်နေခဲ့တော့သည်။

“ဒီလူကြီးနှစ်ယောက်က ဘယ်လိုဖြစ်ပြီး မျက်နှာတွေပြောင်းကုန်တာလဲ…”

“ငါ့နောက်ခံကြောင့်လား…?”

စူးချန်ကဲသည် ကူကယ်ရာမဲ့ သက်ပြင်းချလိုက်ရင်း ရေရွတ်လိုက်သည်။

“ နောက်ခံကောင်းကောင်းနဲ့ မွေးလာတဲ့အပေါ် တောင်းပန်ပါတယ် “

မူလက သူသည် တိုက်ပွဲဝင်ရန် ဟန်ပြင်နေခဲ့သော်လည်း တဖက်လူသည် သူ့ကို အခွင့်မပေးခဲ့ချေ။

ခဏအကြာတွင်။

နှစ်ယောက်သား ကပျာကယာဖြင့် ပြန်လာကြသည်။

နှစ်ယောက်လုံး ပကတိအကောင်းတိုင်း ထွက်သွားခဲ့သော်လည်း ၊ ပြန်လာချိန်မှာတော့ ဒဏ်ရာဒဏ်ချက်များဖြင့် ကိုယ်စီကိုယ်စီ ရောက်ရှိလာခဲ့သည်။

ဇာတ်လမ်းမှာ ၎င်းတို့နှစ်ဦးသည် ကောင်းကင်လမ်းစဉ်၏ မူလရင်းမြစ်ကို စူးချန်ကဲလက်ထဲ လူကိုယ်တိုင် လွဲပြောင်းပေးလိုသည့်အတွက် လမ်းတစ်လျှောက် ရန်ဖြစ်ခဲ့ကြခြင်း ဖြစ်သည်။

ဒါတောင် စူးချန်ကဲ၏အချိန် နှောင့်နှေးသွားမည်ကို စိုးရိမ်‌လို့သာပင်။ သို့မဟုတ်ပါက ၎င်းတို့၏ မှော်စွမ်းအား ကုန်လေသည့်အထိ တိုက်ခိုက်နေမည်ကို စိုးရသည်။

အကြီးဆုံးအစ်ကိုဖြစ်သူ ရှီဖိန်း၏ အခြေအနေသည် ပိုကောင်းမွန်ပုံရပေသည်။ မျက်နှာတစ်ခြမ်း ရောင်ရမ်းနေရုံမျှသာပင် ။ သူသည် ရယ်ရယ်မောမောဖြင့် ဆိုလိုက်သည်။

“လူကြီးမင်းကို အချိန်အကြာကြီး စောင့်ခိုင်းခဲ့ရတာ တောင်းပန်ပါတယ်၊ ဒါက ကောင်းကင်လမ်းစဉ်ရဲ့ မူလရင်းမြစ် ဝိညာဉ်ပါ…”

ရှီဖိန်းသည် ဖောင်းကြွပုံ ဖော်ထားသည့် တောက်ပသော သေတ္တာတစ်ဘူးကို သူ့ရင်ဘက်ထဲကနေ ထုတ်ယူလိုက်ပြီး စူးချန်ကဲအား တရိုတသေ ကမ်းလှမ်းလိုက်သည်။

သေတ္တာသည် အတော်လေး လက်ရာမြောက်ပြီး ရွှေအဆင်းကြောင်းများ စီးဆင်းသက်ဝင်နေကာ ရောင်စုံအလင်းများ ဖြာထွက်နေသည်။ ၎င်းအပေါ်တွင် အလွန်ပြင်းထန်သော အာကာသဖိနှိပ်စွမ်းအားများ ရှိနေသည်။

သို့သော်ငြားလည်း၊ ကောင်းကင်လမ်းစဉ်၏ ကြောက်မက်ဖွယ် စွမ်းအားများသည် အဆက်မပြတ် ပြည့်လျှံနေကာ ဟင်းလင်းပြင်ကို အနည်းငယ် ရွဲ့စောင်းသွားစေသည်။

အာကာသအတွင်း၌ပင် ၊ မဟာလမ်းစဉ်၏ မထင်မရှားသော တာအိုစည်းချက်များဖြင့် ပြည့်နှက်နေသည်။

“ဒီကောင်းကင်လမ်းစဉ်ရဲ့ စွမ်းအားက.. အရင်က မြင်ဖူးတဲ့ ကောင်းကင်လမ်းစဉ်ရဲ့အလိုဆန္ဒထက် အများကြီး သန့်စင်တာပဲ…”

သေတ္ထာထဲမှ ပျံ့နှံ့လာသော အငွေ့အသက်တို့သည် စူးချန်ကဲအား ပုံမှန်နှင့်မတူသော ထူးခြားမှုကို ပေးစွမ်းနေခဲ့သည်။

ဤအရာသည် မည်မျှတောင် တန်ဖိုးကြီးမားသည်ကို စဉ်းစားလို့တောင် မရနိုင်ပေ။

“ဒါကိုစျေးဘယ်လောက်နဲ့ လဲလှယ်ရမှာလဲ”

စူးချန်ကဲက ထပ်ပြီး မေးခွန်းထုတ်လိုက်သည်။

“မဟုတ်တာ ၊ မဟုတ်တာ … သခင်က ပြောတယ်၊ ဒီဟာကို လူကြီးမင်းကို ပေးလိုက်ပါတဲ့”

ဘေးနားက ရှိနေသော ရှီမြောင်ကလည်း ဝင်ထောက်ခံလိုက်သည်။

“ တကယ်လို့ တစ်ခြားဟာ လိုချင်သေးတယ်ဆိုလည်း ကြိုက်တာပြောပါ ၊ ဒီတိုင်း ကျေးဇူးကြွေးလို့ပဲ သတ်မှတ်လိုက်ပါ ရပါတယ်”

စူးချန်ကဲ က ကူကယ်ရာမဲ့ ပြုံးလိုက်သည်။

သူ့နောက်ကွယ်က နောက်ခံကြောင့်သာ အရာအားလုံးသည် ချောမွေ့နေမှန်း သူ သိသည်။

များများယူလေ၊ အကြွေးများလေလေ ဖြစ်သည်။

တစ်ပါးသူအပေါ် အကြွေးတင်ရမည့် ခံစားချက်မျိုးကို သူ မကြိုက်ပေ ။ သူ့အတွက် ဒါနဲ့တင် လုံလောက်ပေသည်။

“မလိုတော့ဘူး ၊ ကျွန်တော် သဘောတူပါတယ် ၊ အနာဂတ်မှာ တုနှိုင်းမရ‌တဲ့ အောင်မြင်မှုတွေ ရလာခဲ့တဲ့အခါ “

“အချိန်လျှို့ဝှက်နယ်မြေအနေနဲ့ ကျွန်တော့်ကို တစ်ခုခုတောင်းဆိုလို့ရပါတယ်၊ ကျွန်တော် ငြင်းမှာမဟုတ်ပါဘူး”

သူတို့နှစ်ဦးသည် ဘာမှထပ်မပြောခဲ့ပေ။ မည်သို့ပင်ဖြစ်စေ ၊ ဤသည်က သူတို့သခင် လိုချင်ခဲ့သောအချက်သာပင်။

သို့သော် သူတို့ မသိခဲ့သောအရာတစ်ခု ရှိခဲ့သည်။

ယနေ့၏ ကတိစကားသည် သူတို့၏ အချိန်လျို့ဝှက်နယ်မြေကို ကပ်ဘေးမှ လွတ်မြောက်စေပြီး တစ်ဖန် ပြန်လည်အောင်မြင်နိုင်စေမည် ဖြစ်သည်။

အနာဂတ်ကာလ တစ်နေ့တွင် ၊

အမတနယ်မြေတွင် တားမြစ်ချက်များစွာ မွေးဖွားလာမည် ဖြစ်သည်။

ထို့နောက် အကြောင်းတရားနှင့် အကျိုးသက်ရောက်မှုကို အသုံးပြု၍ အချိန်သခင်ကို ထောင်ချောက်ဆင်ခဲ့ပြီး အချိန်လျို့ဝှက်နယ်မြေကို မိမိပိုင်အဖြစ် ရယူရန်ကြံစည်ခဲ့သည်။

အချိန်သခင်သည် မရေမတွက်နိုင်သော လူများကို အကူအညီတောင်းခဲ့သော်လည်း ဤအကြောင်းတရားနှင့် အကျိုးသက်ရောက်မှုကို မည်သူမှ လက်မခံဝံ့ပေ။

အချိန်သခင်အနေဖြင့် လုံးဝ လွှတ်ချလိုက်ရန်စဉ်းစားနေစဉ် ၊

သို့သော် ဝတ်ရုံဖြူ အမျိူးသားတစ်ဦး ထွက်ပေါ်လာခဲ့သည်။

၎င်းသည် အမတနယ်မြေ၏ တားမြစ်ချက်များစွာကို ထိတ်လန့်စေခဲ့ပြီး ဆက်လက် မလုပ်ဆောင်ဝံ့ဘဲ ဆုတ်ခွာသွားစေခဲ့သည်။

အချိန်လျှို့ဝှက်နယ်မြေသည်လည်း ဤဘေးအန္တရာယ်မှ လွတ်မြောက်ခဲ့ပြီး မရေမတွက်နိုင်သော နှစ်များအထိ ဆက်လက်တိုးတက်ထွန်းကားခဲ့သည်။

ဤသို့ဖြင့် ထိုဖြစ်ရပ်သည် နောင်မျိုးဆက်များ အမွေဆက်ခံခဲ့သော ပုံပြင်တစ်ခု ဖြစ်လာခဲ့သည်။

စူးချန်ကဲ၏ အောင်မြင်မှုများသည် မည်မျှထိ မြင့်မားမည်ကို မည်သူမျှမသိနိုင်ချေ။

…….

ထိုစဉ် ၊

စူးချန်ကဲသည် သေတ္တာထဲတွင် ချိတ်ပိတ်ထားသော ကောင်းကင်လမ်းစဉ်၏ မူလရင်းမြစ် ဝိညာဉ်ကို ထုတ်ယူခဲ့သည်။

သေတ္တာကို ဖွင့်လိုက်သည့်နှင့် တပြိုင်နက် တောက်ပသော အပြာရောင်အလင်းတစ်ခု ရုတ်တရက် ပွင့်လန်းလာသည်။

ကောင်းကင်လမ်းစဉ်၏ ပြင်းပြသော ဆန္ဒသည် ဒေဝလောကတစ်ခွင်လုံးတွင် ပဲ့တင်ထပ်နေခဲ့သည်။

တစ်ချိန်တည်းမှာပင်၊ ကောင်းကင်ဓားသည် အဆိုပါအင်အား၏ ဆင့်ခေါ်မှုကို ခံလိုက်ရပုံပေါ်သည်။

ကောင်းကင်ဓားသည် တခဏချင်း ထွက်ပေါ်လာပြီး ကောင်းကင်လမ်းစဉ်၏ မူလရင်းမြစ် ဝိညာဉ်ရှေ့တွင် သူ့ဘာသာသူ ပျံဝဲနေသည်။

ဝီ--!!

ရုတ်တရက်၊ ဓားကိုယ်ထည်၏ မျက်နှာပြင်ပေါ်တွင် တောင်လောင်နေသော နတ်အလင်းများ ပွင့်လန်းလာပြီး ၊ မဟာလမ်းစဉ်၏ ဆန်းကြယ်သော ကောက်ကြောင်းများ ထွက်ပေါ်လာသည်။

“ဒါက… ကောင်းကင်လမ်းစဉ်ရဲ့ ပဲ့တင်ထပ်သံလား?”

ရှီဖိန်း နှင့် ရှီမြောင်သည် အံ့ဖွယ်ကောင်းသော အဆိုပါမြင်ကွင်းကြောင့် မနေနိုင်ဘဲ အာမေဋိတ်ပြုလိုက်ကြသည်။

ကောင်းကင်လမ်းစဉ်၏ မူလရင်းမြစ်ဝိညာဉ်သည် လောကဝိညာဉ်မှ မွေးဖွားလာခြင်းဖြစ်ပြီး ထူးခြားသည်။

ကောင်းကင်လမ်းစဉ်၏ အလိုဆန္ဒကလွဲရင် ယခုကဲ့သို့ ထူးခြားသော ပဲ့တင်ထပ်မှုမျိုးရှိနိုင်မည်နည်း။

ဝုန်း ! !

သူတို့၏ အာမေဋိတ်သံအပြီး ၊ ကြောက်မက်ဖွယ်ရာ ဟောက်သံများ ရုတ်တရက် ထွက်ပေါ်လာသည်။

ကောင်းကင်ဓား ကိုယ်ထည်ပေါ်က အလင်းရောင်သည် ပို၍ တောက်ပလာခဲ့ပြီး ၊ မဟာလမ်းစဉ်၏ မှော်သင်္ကေတတို့သည် ကောင်းကင်ဓားကို ကောင်းကင်နှင့်မြေကြီး၏ မီးပြင်းဖိုထဲတွင် သန့်စင်နေသကဲ့သို့ လှုပ်ရှားနေသည်။

ဓားကိုယ်ထည်သည် အဆက်မပြတ် ကျိုးပဲ့ပျက်စီးသွားပြီး တစ်ဖန် ပြန်လည်တည်ဆောက်ခဲ့သည်။

ဓားကိုယ်ထည်တစ်ခုလုံးကို ထုတ်ပိုးထားသော ငွေရောင်အလင်းမျှင်လေး‌ထဲတွင် စည်းမျဉ်းစည်းကမ်းများ ၊ အမိန့်များနှင့် ကောင်းကင်လမ်းစဉ်၏ စွမ်းအားများ ပါဝင်နေပြီး ၊ ပြောမပြနိုင်သော လျှို့ဝှက်ဆန်းကြယ်မှုတစ်ခု ရှိနေသကဲ့သို့ သက်ဝင်လှုပ်ရှားနေသည်။

ကောင်းကင်လမ်းစဉ်၏ စစ်မှန်သော အလိုဆန္ဒကို အမတများသည်ပင် လွယ်လွယ်နဲ့ မထိဝံ့မှာကို စိုးရသည်။

ဘုန်း ဘုန်း ဘုန်း ! !

ကောင်းကင်တစ်ခွင်လုံး တောက်ပနေပြီး ၊ မရေမတွက်နိုင်သော ဓားစွမ်းအင်များမှ ဖြစ်ပေါ်လာသော ကြောက်မက်ဖွယ်ရာ မြင်ကွင်းသည် နေရာအနှံ့ ဖြစ်ပေါ်နေသည်။

“ကောင်းကင်ဓား… သူ့အလိုလို ပြောင်းလဲသွားတာလား…!”

သူ့ရှေ့က မြင်ကွင်းကြောင့် စူးချန်ကဲ၏ မသိစိတ်က ထိုအရာကို တွေးဆမိခဲ့သည်။

အရှိန်ပြင်းထန်သော စွမ်းအင်မုန်တိုင်းသည် ဤလောကတစ်ခွင်ရှိ လေနှင့် တိမ်တိုက်တို့ကို နှိုးဆော်လို့နေသည်။

ပရမ်းပတာ ဝိညာဉ်ပင်လယ်ထဲမှ ထွက်လာသော အနှိုင်းမဲ့ ဓားတစ်လက်ကဲ့သို့ တဖျပ်ဖျပ် တောက်ပနေသည်။

၎င်းသည် ကောင်းကင်ကြီးနှင့် လမ်းစဉ်များကို ကိုယ်စားပြု တည်ရှိနေသကဲ့ပင်။

…….

တစ်ချိန်တည်းမှာပင်။

ကောင်းကင်လမ်းစဉ် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့။

ကြီးမားသော ကြေးဒိုင်းတစ်ခုသည် ထိုအငွေ့အသက်ကို ခံစားမိခဲ့ပုံရသည်။

၎င်း၏မျက်နှာပြင်ပေါ်ရှိ အလင်းအလွှာများသည် ရုတ်ချည်း လင်းလက်လာပြီး ၊ နောက်ဆုံးတွင် ဤနေရာရှိ ဧရိယာတစ်ခုလုံးသည် ရွှေဝါရောင်သန်းနေသော ကောင်းကင်လမ်းစဉ်၏ အလိုဆန္ဒပင်လယ်ပြင် အဖြစ်သို့ ပြောင်းလဲသွားသည့်အထိ ဖြစ်လာသည် ။

ဤကြောက်စရာကောင်းသော ပြောင်းလဲမှုသည် ကောင်းကင်လမ်းစဉ် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ကို ထိတ်လန့်တကြား ဖြစ်စေခဲ့သည်။

“ ဒါ ဘာဖြစ်နေတာလဲ? ကောင်းကင်လမ်းစဉ် အာဏာစက်ဒိုင်းက ဘယ်လိုဖြစ်ပြီး ဒီလောက် ဂနာမငြိမ်ဖြစ်နေတာလဲ!?”

“ဟမ်.. ဒီလောက်ထိ ပြင်းထန်တဲ့ ကောင်းကင်လမ်းစဉ်ရဲ့ ဆန္ဒတွေ၊ ကောင်းကင်လမ်းစဉ် အာဏာစက်ဒိုင်းက တစ်ခုခုနဲ့ ပဲ့တင်ထပ်နေပုံရတယ်!”

“ ဒါမဖြစ်နိုင်ဘူး! ကောင်းကင်လမ်းစဉ် အာဏာစက်ဒိုင်းက ကောင်းကင်လမ်းစဉ်ရဲ့ ပထမမျိုးဆက် ကျန်ရစ်ခဲ့တဲ့ ရှေးဟောင်း နတ်ဘုရားပစ္စည်းတစ်ခုပဲ ၊ ကောင်းကင်လမ်းစဉ်ရဲ့ တန်ခိုးစွမ်းအားနဲ့ မွေးဖွားလာတာ ဒါ ကောင်းကင်လမ်းစဉ်ရဲ့ ဓားကလွဲပြီး ဘယ်အရာမှ မဖြစ်နိုင်ဘူး “

ထိုအချိန်တွင် စန်းသည် အလျင်စလိုဖြင့် ရောက်ချလာသည်။

ကောင်းကင်လမ်းစဉ်၏ လျှို့ဝှက်ဆန်းကြယ်သော ကောက်ကြောင်းများသည် အဆက်မပြတ် ပြောင်းလဲလာပြီး ခရမ်းရောင်စဉ်များသည် ကြယ်စုများပေါ်တွင် တွဲလောင်းကျနေသကဲ့သို့ ပြည့်နှက်နေသည်။

၎င်းတို့ထဲတွင် အနှိုင်းမဲ့ နတ်ဓားတစ်လက်၏ အသွင်ပုံရိပ်တစ်ခုက ရောယှက်စွာဖြင့် ရှိနေသည်။

ထိုမြင်ကွင်းကို မြင်လိုက်ရချိန်တွင် ၊ စန်း၏ မျက်နှာမှာ သိသိသာသာ ပြောင်းလဲသွားသည်။

“ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ….ဒါမျိုးက ရှေးဟောင်း နတ်ဘုရားပစ္စည်းတွေကြားက ပဲ့တင်ထပ်ခြင်းသာလျှင် ဖြစ်နိုင်တယ်!”

“ကောင်းကင်လမ်းစဉ်ရဲ့ ဓားက ပျက်စီးသွားခဲ့ပြီ မဟုတ်ဘူးလား…?”

သူ၏ သံသယကို ထုတ်ဖော်ပြောနေစဉ် ၊ သူ့ပတ်ဝန်းကျင်တွင် နောက်ထပ် အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

“ ငါ မှတ်မိသလောက် ၊ စူးချန်ကဲ အဲ့ကောင်လေးရဲ့ လက်ထဲမှာ ‌’ ကောင်းကင်ဓား’လို့ ခေါ်တဲ့ ဓားတစ်လက်ရှိတယ် ၊ ငါတို့ ကောင်းကင်လမ်းစဉ် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ရဲ့ အနှိုင်းမဲ့ နတ်ဘုရားလက်နက် ကောင်းကင်လမ်းစဉ် အာဏာစက်ဓားနဲ့ တူသလိုပဲ”

စစ် ဟုအမည်ရသော လူသည် အထဲသို့ ဝင်ရောက်လာခဲ့သည်။

“ ငါ့အထင်.. စူးချန်ကဲက ကောင်းကင်လမ်းစဉ် အာဏာစက်ဓားကို ပြန်လည်ဖွဲ့စည်းခဲ့ပုံရတယ်…”

ထိုစကားများ ထွက်လာသည်နှင့် ။

ပတ်ဝန်းကျင်သည် ရုတ်တရက် တိတ်ဆိတ်သွားသည်။

ကောင်းကင်လမ်းစဉ် အာဏာစက်ဓားဆိုသည်မှာ အဘယ့်နည်း။

၎င်းသည် ဒေဝလောကတစ်ခုလုံးနှင့် လမ်းစဉ်အားလုံးကို ထိန်းချုပ်နိုင်သည်။ အမတနယ်မြေ၏ အနှိုင်းမဲ့ အမတ ဓားများသည်ပင် တုနှိုင်းဖို့ရန်ခဲယဉ်းသည်။

အဘယ်ကြောင့်ဆိုသော် ကောင်းကင်လမ်းစဉ် အာဏာစက်ဓားသည် ကောင်းကင်နှင့်မြေကြီး၏ အနှစ်သာရကို သူ့အလိုလို စုပ်ယူနိုင်ပြီး အလိုအလျောက် ဖွံ့ဖြိုးလာသောကြောင့်ပင် ဖြစ်သည်။

ထာဝရ အဆင့်သတ်မှတ်၍ မရနိုင်သော အနှိုင်းမဲ့ ဓားမှော်လက်နှင့် ညီမျှသည်။

စူးချန်ကဲသည် ကောင်းကင်လမ်းစဉ် အာဏာစက်ဓားကို အမှန်တကယ် ပြန်လည်စုစည်းနိုင်ခဲ့သည်။ သူ၏ ထက်မြက်သော ဓားလမ်းစဉ်နှင့် ပေါင်းစပ်မိပါက အလွန် ကြောက်စရာကောင်းပေတော့မည်။

“ဒါပေမယ့် စုမျဲ့ တင်ပို့လာတဲ့သတင်းအရ စူးချန်ကဲက ပျောက်ကွယ်သွားခဲ့တယ်ဆို..”

“သူ အသက်ရှင်နေသေးတာလား…?”

စန်းက မျက်မှောင်ကြုတ်လိုက်ရင်း။

“ဒီကိစ္စက အရေးကြီးတယ်၊ ​​စုမျဲ့ကို သတင်းပို့ပြီး စူးချန်ကဲနဲ့ ပတ်သက်တဲ့ သတင်းကို အမြန်ဆုံး ရှာကြည့်ခိုင်းရမယ်!”

ကောင်းကင်လမ်းစဉ် အာဏာစက်ဓားသည် တစ်ဖန် ထွက်ပေါ်လာပြီး ၊

ကွေးယွမ်သူတော်စင် နယ်မြေ၏ ကွေးယွမ် ပရမ်းပတာ ခေါင်းလောင်းနှင့် ပေါင်းစပ်လိုက်မည်ဆိုပါက ၊

သူတို့၏ ကောင်းကင်လမ်းစဉ် အာဏာစက်ဒိုင်းသည်ပင် ၎င်းတို့ကို ခုခံရန်အခက်အခဲရှိနိုင်သည်။

……..

အပိုင်း(၄၃၀): သူသာ အသက်ရှင်နေသေးရင် ဘယ်လိုမုန်တိုင်းမျိုးကို ဖန်တီးလိမ့်မလဲ

တစ်ချိန်တည်းမှာပင်။

အချိန်လျှို့ဝှက်နယ်မြေ။

ကောင်းကင်လမ်းစဉ် အာဏာစက်ဓား၏ မွေးဖွားလာမှုသည် ဤ‌ဒေသတစ်ခုလုံးကို လျှို့ဝှက်ဆန်းကြယ်သော နေရာတစ်ခုအဖြစ် တွန်းပို့ခဲ့သည်။

ကောင်းကင်ဓားသည် လေထဲတွင် ပျံဝဲနေပြီး ၊ ဓား ကိုယ်ထည်တစ်ခုလုံးက အပြာရောင် မီးတောက်များဖြင့် တောက်လောင်နေသည်။

အပြာရောင်နေတစ်စင်း သဖွယ် တောက်ပနေသည်။

မဟာလမ်းစဉ်၏ မှော်သင်္ကေတများသည် အဆက်မပြတ် နိုးထလာပြီး ၊ ဟင်းလင်းပြင် ကွက်လပ်တွင် လျို့ဝှက်ဆန်းကြယ်သော ပုံစံမျိိုးစုံကို ကောက်ကြောင်းဆွဲထားသည်။

“အမ်… ဒီလောက် ကြောက်စရာကောင်းတဲ့ ဓားစွမ်းအင်ထဲမှာ ကောင်းကင်လမ်းစဉ်ရဲ့ ကြောက်စရာကောင်းတဲ့ စွမ်းအားတွေ ပါနေတာလား..?”

ဤကြောက်စရာကောင်းသော မြင်ကွင်းသည် ရှီဖိန်း နှင့် ရှီမြောင်တို့ကို နေရာမှာတင် ထိတ်လန့်သွားစေသည်။

ဝုန်း !!

ရုတ်တရက် ၊ ပို၍ ကြောက်မက်ဖွယ်ရာကောင်းသော ဓားတစ်လက် ထွက်ပေါ်လာသည်။

ကောင်းကင်လမ်းစဉ် အာဏာစက်ဓား၏ အရှိန်အဝါသည် အထွတ်အထိပ်သို့ ရောက်ရှိသွားပုံရပြီး ၊ အထင်မှားစေလောက်သော ဓားကိုယ်ထည်သည် အရှိန်အဟုန်ပြင်းစွာ ရိုက်ခတ်နေသော နိယာမလှိုင်းတံပိုးများကြား တဖြည်းဖြည်း ခိုင်မာလာသည်။

စူးချန်ကဲသည် ကောင်းကင်လမ်းစဉ် အာဏာစက်ဓား၏ ဆင့်ခေါ်မှုကို ခံစားလိုက်ရသကဲ့သို့ သူ့လက်ကို ဆန့်ထုတ်လိုက်သည်။

ကောင်းကင်လမ်းစဉ် အာဏာစက်ဓားကို ကိုင်လိုက်သည်နှင့် တစ်ချိန်တည်းမှာပဲ လျို့ဝှက်ဆန်းကြယ်သော မဟာလမ်းစဉ်၏ နိယာမတရားများက သူ့တစ်ကိုယ်လုံးကို ဖုံးအုပ်သွားခဲ့ပုံရသည်။

၎င်းတို့အနက် ။

မထင်မရှားရှိနေသော လျှို့ဝှက်ဆန်းကြယ်သော နိယာမတရားတို့သည် စူးချန်ကဲနှင့် ပဲ့တင်ထပ်နေပုံရသည်။

နတ်ဘုရား အကြေးခွံများကဲ့သို့ ပုံစံအကွက်များသည် သူ၏ အသွေးအသားထဲမှ ကြီးထွားလာပုံရပြီး၊ သူ့လက်မောင်းတစ်လျှောက် တဖြည်းဖြည်း ပျံ့နှံ့သွားကာ အသွင်ပြောင်းလဲသွားသည်။

ကောင်းကင်လမ်းစဉ်၏ အလွန်သန့်စင်သော စွမ်းအား၏ ဆောင်ကျဉ်းမှုအောက်တွင် ၊ စူးချန်ကဲသည် ရွှေရောင်ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသော အမတတစ်ပါးနှင့် တူပေသည် ။

ဘေးပတ်ပတ်လည်တွင် ရစ်ဝဲနေသော မှော်သင်္ကေတတို့သည် စိတ်လှုပ်ရှားစရာကောင်းသော အဓိပ္ပါယ်ကို ဖော်ညွှန်းနေသကဲ့သို့ ပြိုးပြိုးပျက်ပျက် တောက်ပနေသည်။

ဝုန်း ! !

ရုတ်တရက် ၊ ပို၍ ကြောက်စရာကောင်းသော ဓားစွမ်းအင်တစ်ခု ထွက်ပေါ်လာသည်။

၎င်းသည် စူးချန်ကဲ၏ တစ်ကိုယ်လုံးကို လွှမ်းခြုံထားသော ရွှေကြာပန်းနှင့် တူသည်။

အထဲတွင် ရှိနေသော စူးချန်ကဲသည် သူ့နှလုံးသားထဲတွင် မရေမတွက်နိုင်သော အတွေးပုံရိပ်များကို ခံစားလိုက်ရသည်။

ရှေးခေတ်က ပုံရိပ်များသည် သူ့စိတ်ထဲ၌ ရုတ်ချည်း ပေါ်ထွက်လာသည်။

[ ပုံရိပ်ထဲတွင် ၎င်းသည် လူဆိတ်ညံသော တောရိုင်းမြေတစ်နေရာ ဖြစ်ပြီး ၊ တိုက်ပွဲများနှင့် ကောင်းကင်ယံ၌ ပျံသန်းနေသော ထူးဆန်းသော သားရဲများ ရှိနေသည် ]

[ ပေါက်ကွဲသံ တချက်ဆူညံသွားတိုင်း ၊ ကြီးမားသော နိယာမလှိုင်းလုံးကြီးသည် အရပ်ရှစ်မျက်နှာတစ်ခွင် ပြန့်ကျဲကုန်သည် ]

[ ခန္ဓာကိုယ် အပိုင်းအစများ၊ သွေးများနှင့် အာကာသယာဉ် အပျက်အစီးများသည် မြေကြီးပေါ်သို့ ပြုတ်ကျလာပြီး ၊ အဝါရောင် မြေကြီးကိုပင် သွေးနီရောင်အဖြစ်သို့ ဆိုးခြယ်နေသည် ]

[ထိုမြင်ကွင်းထဲတွင် ၊ အလွန်ဆွဲဆောင်မှုရှိသော အမျိုးသမီးတစ်ဦး ရှိနေပြီး ၊ သူမသည် နတ်သံချပ်ကာကို ၀တ်ဆင်ထားသည်။ သူမ၏ နက်မှောင်သော ဆံနွယ်များသည် လေနှင့်အတူ လွင့်မျောနေပြီး ၊ သူမ၏ ညာလက်ထဲတွင် ထောင်ပေါင်းများစွာသော နတ်အလင်းကို ထုတ်လွှတ်နိုင်သည့် နတ်ဓားတစ်လက်ကို ကိုင်ဆောင်ထားသည်။

သူမ၏ ဘယ်ဘက်လက်သည် လျှို့ဝှက်ဆန်းကြယ်သော အလင်းဒိုင်းကာတစ်ခုကို ကိုင်ထားသည် ]

[ယခုအချိန်တွင် ၊ သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် မရေမတွက်နိုင်သောဒဏ်ရာများဖြင့် ဖုံးလွှမ်းနေပြီး ၊ ယိုစီးလာသော သွေးများက သူမ၏ အဝတ်အစားများပေါ်တွင် စွန်းထင်နေသည်]

[သူမ၏ မျက်နှာချင်းဆိုင်တွင် မရေမတွက်နိုင်သော အမှောင်ထု သတ္တဝါများ ရှိနေပြီး ၊ ကြောက်စရာကောင်းအောင် ဟောက်သံပြုနေကြသည်။ ၎င်းတို့အားလုံးသည် သူမကို စူးစူးရဲရဲ စိုက်ကြည့်နေကြသည် ]

[ နောက်ထပ် အသက်ပြင်းပြင်း ရှူရှိုက်လိုက်ပြီးနောက်၊ ထိုအမျိုးသမီးသည် သူမ၏ နတ်ဓားနှင့် ဒိုင်းလွှားကို ထိန်းချုပ်ကာ ချက်ခြင်း ပစ်လွှတ်လိုက်သည် ]

[ထို့နောက်၊ အဆုံးမရှိသော အဖျက်စွမ်းအား နတ်အလင်းသည် အမှောင်ထုထဲတွင် ပွင့်လန်းလာသော လရောင်သဖွယ် စဉ်ဆက်မပြတ် ပေါက်ကွဲ ထွက်ပေါ်လာခဲ့သည်….]

………

အချိန်အတိုင်းအတာတစ်ခု ကြာပြီးနောက် ၊

မြင်ကွင်းသည် တစ်ဖန် ပြောင်းလဲသွားပြန်သည်။

အကန့်အသတ်မရှိသော အမှောင်ထု တပ်ဖွဲ့ကြီးသည် လူကို ရင်ဒိတ်စေသော သွေးသံရဲရဲ အပိုင်းအစများအဖြစ်သို့ ပြောင်းလဲသွားသည်။

ကမ္ဘာမြေကို အလွယ်တကူ ချေမှုန်းနိုင်သော အမှောင်ထု သားရဲဘုရင်သည်ပင် အစအနမရှိ သတ်ဖြတ်ခံလိုက်ရသည်။

နောက်ဆုံးတွင် ၊ ပတ်ဝန်းကျင်သည် တိတ်ဆိတ်သွားခဲ့သည်။

ထိုအမျိုးသမီးက ညည်းညူလိုက်သည်။

“ငါဟာ တိုက်မြေသုံးထောင်ရဲ့ ကောင်းကင်လမ်းစဉ် ဆိုမှတော့…”

“ ပြည်သူပြည်သားတွေရဲ့ ငြိမ်းချမ်းရေးအတွက် ငါ့အသက်ကို စတေးရမှာပေါ့…”

“ဒါပေမယ့်.. ငါ စိတ်မချနိုင်ဆုံးက သူတို့တွေပဲ…”

ရုတ်တရက်။

သူမသည် တစ်စုံတစ်ခုကို ခံစားမိခဲ့ပုံရသည်။

အသံသည် ရုတ်​တရက်​ရပ်​သွားပြီး ၊ နေရာမှာတင် မှင်တက်ကာ နောက်ပြန်လှည့်ကြည့်ခဲ့သည်။

မြင်ကွင်းသည် ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။

တစ်ချိန်တည်းမှာပင် ၊ စူးချန်ကဲ၏ မျက်လုံးများသည် ဖြည်းညှင်းစွာ ပွင့်လာခဲ့သည်။

သူ့မျက်လုံးများသည် တောက်ပနေသည်။

“ကောင်းကင်လမ်းစဉ် ရဲ့ မူလရင်းမြစ် ဝိညာဉ်က ကောင်းကင်လမ်းစဉ်ရဲ့ ပထမမျိုးဆက်က ချန်ထားခဲ့တာပဲ ၊ စောနက အမျိုးသမီးက ကောင်းကင်လမ်းစဉ်ရဲ့ ပထမမျိုးဆက်လား…”

“ဒါဆို ကောင်းကင်ဓားက ကောင်းကင်လမ်းစဉ်ရဲ့ အာဏာစက်ဓားလား….?”

စူးချန်ကဲသည် သူ့စိတ်ထဲတွင် တွေးတောလိုက်သည်။

“စစ်ပွဲအပြီး ၊ ဓားက ကွဲကြေသွားပြီး ခုလိုပုံစံဖြစ်သွားခဲ့တာပဲ “

ထောင်ပေါင်းများစွာသော နတ်အလင်းများကို ထုတ်လွှတ်နိုင်သော သူ့လက်ထဲက နတ်ဓားကို ကြည့်ရင်း အမျိုးအမည်မသိသော စိတ်ခံစားချက်များက သူ့ရင်ထဲသို့ ဝင်ရောက်လာခဲ့သည်။

ကောင်းကင်လမ်းစဉ် အာဏာစက်ဓား ။

ရှေးဟောင်း သမိုင်းမှတ်တမ်းများအရ ၊၎င်းသည် တိုက်မြေ သုံးထောင်အစတွင် ကောင်းကင်လမ်းစဉ် နှင့်အတူ မွေးဖွားလာသော နတ်လက်နက်များထဲမှ တစ်ခုဖြစ်သည်။

နောက်တစ်ခုမှာ ကောင်းကင်လမ်းစဉ် အာဏာစက် ဒိုင်းလွှာဖြစ်သည်။

ကောင်းကင်လမ်းစဉ် အာဏာစက်ဓားသည် ဤကမ္ဘာပေါ်တွင် အသွားထက်ဆုံးဓားဟု လူသိများသည်။

ကောင်းကင်လမ်းစဉ် အာဏာစက်ဒိုင်းလွှာကိုတော့ ဤကမ္ဘာပေါ်တွင် အမာဆုံး ဒိုင်းကာဟု ခေါ်ဆိုကြသည်။

“ ကောင်းကင်ဓား ၊ မင်းက ကောင်းကင်လမ်းစဉ်နဲ့ နက်ရှိုင်းတဲ့ အဆက်အသွယ်မျိုးရှိခဲ့တာပဲ”

စူးချန်ကဲသည် သူ့လက်ထဲက ကောင်းကင်ဓားကို ကြည့်ရင်း ဆိုလိုက်သည်။

“ဒါပေမယ့် ဒီဘဝမှာတော့ ကောင်းကင်ဓားအဖြစ် မွေးဖွားလာခဲ့တယ် ၊ မင်းနဲ့ငါ အတိတ်ကို ဖြတ်တောက်ပစ်သင့်တယ် “

ဝီ—! !

စူးချန်ကဲ၏ စကားကို တုံ့ပြန်လိုက်သကဲ့သို့ ကောင်းကင်ဓားသည် အနည်းငယ် တုန်ခါသွားသည်။

ထိုမြင်ကွင်းကို ကြည့်နေခဲ့သော ရှီဖိန်း နှင့် ရှီမြောင်သည် အချိန်အတော်တန်ကြာ စကားမဲ့နေခဲ့သည်။

တိုက်မြေသုံးထောင်တွင် အားအပြင်းထန်ဆုံး ဓားဖြစ်သော ကောင်းကင်အာဏာစက်ဓားသည် ထိုကမ္ဘာ့ကပ်ဘေးစစ်ပွဲတွင် ကွဲကြေသွားသည်မှာ ကြာခဲ့ပြီပင်။

မထင်မှတ်ဘဲ၊ ၎င်းသည် ဤကမ္ဘာကြီးထဲသို့ တစ်ဖန်ပြန်လည်ရောက်ရှိလာခဲ့သည်။ ဤကဲ့သို့သော ကိစ္စမျိုးကို သူတို့ နည်းနည်းမှ မတွေးဝံ့ကြပေ။

ထိုအချိန်တွင် စူးချန်ကဲက ရုတ်တရက် ဆိုလိုက်သည်။

“ ကျွန်တော် ဒီကိုလာရတဲ့ရည်ရွယ်ချက် ပြီးမြောက်သွားပြီ ၊ ဒီက စီနီယာလူကြီးမင်းတို့ အနေနဲ့ ကျွန်တော့်ကို ဒီလောကကနေ ထွက်နိုင်အောင် ကူညီလို့ရမလား”

စူးချန်ကဲသည် ဤနေရာတွင် လအနည်းငယ် အချိန်ဖင့်နေခဲ့သည်။

“ ဒါပေါ့… လူကြီးမင်း အလျင်လိုနေရင် ကျွန်တော်တို့ ခုချက်ချင်း ထွက်လို့ရတယ်!”

ရှီဖိန်းက ကမန်းကတန်း ဦးညွှတ်လိုက်သည်။

မိမိ၏ သခင်ဖြစ်သူသည် လုပ်ငန်းစဉ်တစ်ခုလုံးကို အစမှ အဆုံးထိ တာဝန်ယူခိုင်းခဲ့သည်။

သို့ဖြစ်ရာ ၊ သူတို့နှစ်ယောက်လုံးသည် ဤကိစ္စကို လျစ်လျူမရှုဝံ့သည်မှာ သဘာဝကျပေသည်။

“အကူအညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”

စူးချန်ကဲက တစ်ဖန် ဦးညွှတ်လိုက်သည်။

တစ်ချိန်တည်းမှာပင်၊ သူသည် မျှော်လင့်နေသည်။

လွန်ခဲ့သော လအနည်းငယ်အတွင်း ၊ သူ၏ ကျင့်ကြံမှုသည် မြေကြီးတုန်ခါရသည့်အထိ အပြောင်းအလဲများစွာ ဖြစ်ပေါ်စေခဲ့သည်။

ထို့အပြင်၊ ယခု ကောင်းကင်ဓားသည် ကောင်းကင်လမ်းစဉ် အာဏာစက်ဓားအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ၊ သူ၏ အစွမ်းသတ္တိမှာ ယခင်ကအတိုင်း တူညီတော့မည်မဟုတ်ပေ။

“ အရင်က ကောင်တွေနဲ့ ဖြေရှင်းစရာရှိသေးတယ် မဟုတ်ရင် “

“ ဒီဧကရာဇ်လျှောက်လှမ်းက ပျင်းစရာကောင်းတော့မယ် “

……..

တစ်ဖက်တွင်။

ဧကရာဇ်လျှောက်လှမ်း အဋ္ဌမဂိတ် ။

နိဗ္ဗာန်နမြို့ ။

ဤနေရာတွင် ဟောက်သံများဖြင့် ပြည့်နှက်နေသည်။

အမျိုးမျိုးသော နတ်အလင်းတန်းများ ဖောက်ထွင်းဝင်ရောက်လာကြပြီး ၊ မရေမတွက်နိုင်သော ကျင့်ကြံသူများသည် ဤနေရာသို့ရောက်ရှိလာကြသည်။

သူတို့၏ မျက်နှာအသွင်အပြင်သည် မျှော်လင့်ချက်နှင့် စိတ်လှုပ်ရှားမှုများကို အတိုင်းသား ဖော်ပြနေသည်။

ဧကရာဇ်လျှောက်လှမ်းတွင် ၊ ပါရမီရှင်တို့ကြားက ကြီးမားသော တိုက်ပွဲထက် စိတ်လှုပ်ရှားဖွယ်ရာ မရှိပေ ။

“အချိန်အတော်ကြာ ပျောက်ကွယ်သွားခဲ့တဲ့ ရှေးဖီးနစ်မျိုးနွယ်စုက ကောင်းကင်ဘုံ မကောင်းဆိုးဝါးတောင်တန်း ၊ တပ်မက်ခြောက်ပါး ဗိမ္မာန်တို့နဲ့ ထပ်ပြီး လက်တွဲဖြစ်ခဲ့လိမ့်မယ်လို့ မထင်ထားခဲ့ဘူး!”

“သူတို့က ကွေးယွမ်က သူတော်စင်နှစ်ဦးကို သတ်ဖြတ်ဖို့ ဧကရာဇ်တစ်ပိုင်းနယ်ပယ် သတ္တမအဆင့် ခုနှစ်ဦးကို ပူးတွဲစေလွှတ်လိုက်တယ်လေ”

“ဒါပေမယ့် ငါ သိချင်တာရှိတယ်၊ ​​ ကွေးယွမ် ရဲ့ သူတော်စင်နှစ်ယောက်က အခု နိဗ္ဗာန်နမြို့မှာ ဝိုင်းထားခံရတယ် ၊ ဒါကို ကွေးယွမ်က တခြားတပည့်တွေ ဘာလို့မရှိတာတုန်း?”

“ဒါကို မင်းမသိဘူးလား ၊ အဓိက အင်အားစု သုံးခုက ဒီအတွက် အများကြီး အားထုတ်ထားတာလေ ၊ တခြားပါရမီရှင်တွေလည်း အလားတူ ဝင်စွက်ဖက်ခံထားရတယ်”

ဧကရာဇ်တစ်ပိုင်း အဆင့် ပါရမီရှင်တစ်ဦးက ဖြတ်ဆိုလိုက်သည်။

“သူတို့ရဲ့ ရည်ရွယ်ချက်က ကွေးယွမ် တပည့်တွေရဲ့ စစ်ကူကို ကြားဖြတ်ဟန့်တားဖို့ပဲ”

“ ခုလိုဝိုင်းခံထားရတာဆိုတော့ ကွေးယွမ် သူတော်စင်နှစ်ယောက်ရဲ့ အန္တရာယ်အတွက် စိုးရိမ်မိတယ်”

သူတို့ပြောနေသော ကွေးယွမ်၏ သူတော်စင်နှစ်ဦးမှာ ယဲ့လင်ထျန်း နှင့် လီဟောက်ထျန်းတို့ဖြစ်သည်။

တစ်ယောက်သည် ရှေးဟောင်း မျက်စံနှစ်မြွာရှိပြီး ၊ ကျန်တစ်ယောက်သည် ရှေဟောင်းသူတော်စင်ကိုယ်ထည်ကို ပိုင်ဆိုင်ထားသည် ။

လွန်ခဲ့သည့်လအနည်းငယ်အတွင်း၊ သူတို့နှစ်ဦးသည် အချင်းချင်းလက်တွဲကာ ပြိုင်ဘက်များစွာကို နှိမ်နင်းခဲ့ပြီး ပြိုင်ဘက်ကင်းသော ပါရမီရှင်များ ဖြစ်လာခဲ့သည်။

ကောင်းကင်ဘုံ မကောင်းဆိုးဝါးတောင်တန်း မှ ပါရမီရှင်များ နှင့် တပ်မက်ခြောက်ပါးဗိမ္မာန် မှ ပါရမီရှင်များစွာကို သတ်ပစ်ခဲ့သည်။

ရလဒ်အနေဖြင့် ၊ အင်အားစုကြီး သုံးဖွဲ့၏ ဒေါသကို ဆွဲဆောင်နိုင်ခဲ့သည်။

ထို့ကြောင့် တဖက်က သူတို့နှစ်ဦးကို သတ်ပစ်ရန် ကြီးကျယ်ခမ်းနားသော ပါရမီရှင်တို့ကို စေလွှတ်ခဲ့သည်။

“ဟား… ဒီဧကရာဇ်တစ်ပိုင်း ခုနစ်ယောက်စလုံးက မြေအောက်ငရဲစာရင်းမှာ ထိပ်ဆုံးပါရမီရှင်တွေပဲ ၊ ရှေးဟောင်း ဖီးနစ်မျိုးနွယ်စုက ဟွမ်ထျန်းခွင်းလွင်ဆိုရင်လည်း မကြာသေးမီကပဲ ဧကရာဇ်တစ်ပိုင်းနယ်ပယ် အဋ္ဌမအဆင့်အထိ တတ်လှမ်းသွားခဲ့ပြီ!”

“ စူးချန်ကဲ အသက်ရှင်နေသေးတယ်ဆိုရင်တောင် သူတို့ခြောက်ယောက်ရဲ့ ပူးပေါင်းမှုကို ယှဉ်ပြိုင်ဖို့ခက်လိမ့်မယ်!”

စူးချန်ကဲ ဟူသော စကားလုံးကို ကြားသည်နှင့် ၊ လူတိုင်းသည် ကြီးကျယ်ခမ်းနားသော အရှိန်အဝါမျိုး ရှိသည့် ဝတ်ရုံဖြူ လူတစ်ဦး၏ ပုံစံကို တန်းမြင်ယောင်မိသည်။

ကမ္ဘာကြီးကို နှိပ်ကွပ်ကာ တုနှိုင်းမဲ့ တားမြစ်ပါရမီရှင်တစ်ဦးဖြစ်လာသော ထိုအနှီလူသည် လပေါင်းများစွာ ပျောက်ကွယ်သွားခဲ့သည်။

အကယ်၍ စူးချန်ကဲသာ ပျောက်ကွယ်မသွားသေးပါက ၊ ၎င်းသည် မည်ကဲ့သို့သော မုန်တိုင်းမျိုးကို ဖန်တီးပြဦးမလဲဆိုတာ လူတိုင်း စိတ်ကူးနဲ့တောင် မစဉ်းစားဝံ့ကြပေ။

All Chapters