အခန်း (၄၃၁-၄၃၄)
Vol. 31 Ch. 431-434
အပိုင်း(၄၃၁): စကားလုံး တစ်လုံးတည်းနဲ့ ဖျက်ဆီးပစ်နိုင်တယ်
လူတိုင်း သက်ပြင်းချနေကြစဉ်။
ဝုန်း ! !
ကြောက်မက်ဖွယ်ကောင်းသော ဝိညာဉ်စွမ်းအင်၏ ဟောက်သံသည် ကောင်းကင်၌ ပဲ့တင်ထပ်သွားသည်။
ထို့နောက် ၊ ကောင်းကင်၌ ထူးဆန်းသော ဖြစ်စဉ်များ ဖြစ်ပေါ်လာသည်။
ကြီးကျယ်ခမ်းနားသော မကောင်းဆိုးဝါး စွမ်းအင်တို့သည် ကောင်းကင်တစ်ခွင်လုံးကို လွှမ်းခြုံထားသည်။
တဖျပ်ဖျပ် ခတ်နေသော မှော်သင်္ကေတများနှင့်အတူ ကြောက်စရာကောင်းသော ရုပ်သွင်များစွာ ထွက်ပေါ်လာခဲ့သည်။
“ကြည့်စမ်း! တကယ့်ဆရာကြီးတွေ ရောက်လာပြီ!”
ကြောက်မက်ဖွယ်ကောင်းသော ထူးဆန်းသောဖြစ်စဉ်များသည် လူတိုင်း၏ အာရုံကို ချက်ချင်းပင် ဆွဲဆောင်နိုင်ခဲ့သည်။
အင်အားစုကြီး သုံးဖွဲ့၏ ဧကရာဇ်တစ်ပိုင်းအဆင့်ရှိပါရမီရှင်များသည် ဤနေရာသို့ စုဝေးရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
သူတို့၏ အကြည့်များသည် အေးစက်ပြီး ၊ အမူအရာများက တင်းမာလွန်းသည် ။ သူတို့အားလုံးသည် နိဗ္ဗာန်နမြို့၏ ဦီးတည်ရာဘက်ဆီသို့ စူးစူးရဲရဲ စိုက်ကြည့်နေသည်။
အဆုံးမရှိသော သတ်ဖြတ်လိုသော ဆန္ဒများက ၎င်းတို့၏ မျက်လုံးထဲတွင် ပြင်းထန်စွာ သက်ဝင်လှုပ်ရှားနေသည်။
“နောက်ဆုံးတော့ ဒီကြွက်နှစ်ကောင်ကို ဖမ်းမိပြီပဲ “
“ ကွေးယွမ်သူတော်စင်နယ်မြေက တခြားတပည့်တွေအနေနဲ့ ဒီကို အပြေးအလွှား ရောက်လာဖို့ဆိုတာ မလွယ်ကူဘူး ၊ ဒါက ငါတို့အတွက် တစ်ခုတည်းသော အခွင့်အရေးပဲ”
ဟွမ်ထျန်းခွင်းလွင်က ကျယ်လောင်စွာ ပြောဆိုလိုက်သည်။
“ အားလုံးပဲ ဒီကြွက်နှစ်ကောင်ကို ထွက်မပြေးနိုင်အောင် မှော်ဖွဲ့စည်းပုံကို အရင်တည်ဆောက်ကြရအောင်!”
ထိုစကားသံအပြီးတွင် ၊
အခြားသော ဧကရာဇ်တစ်ပိုင်းအဆင့် ပါရမီရှင်တို့သည် တယောက်ကိုတယောက် ခေါင်းညိတ်ကာ သဘောတူလိုက်ကြသည်။ ထို့နောက် ၎င်းတို့၏ ကျင့်ကြံစွမ်းအားများကို အသက်သွင်းလိုက်ပြီး မှော်စွမ်းအားများဖြင့် အလင်းကန့်လန့်ကာတစ်ခုကို တည်ဆောက်ခဲ့ကြသည်။
မှော်သင်္ကေတများ တဖျပ်ဖျပ် ခတ်ကာ တောက်ပနေသော အလင်း ကန့်လန့်ကာသည် နိဗ္ဗာန်နမြို့တစ်ခုလုံးကို ဖုံးအုပ်ပစ်ခဲ့ပုံရသည်။
အမှန်တွင် ၊ ရှေးဟောင်း ဖီးနစ်မျိူးနွယ်စုသည် ကွေးယွမ်သူတော်စင် နယ်မြေကို သွားမထိရန် ဟွမ်ထျန်းခွင်းလွင်ကို မှာကြားထားသည်မှာ ကြာခဲ့ပြီပင်။
ယခုမူ ၊ စူးချန်ကဲသည် အသံတိတ် ပျောက်ကွယ်သွားခဲ့ပြီး မည်သည့်ခြေရာလက်ရာမှ ရှာမတွေ့ပေ။
ဟွမ်ထျန်းခွင်းလွင်သည် မောက်မာလွန်းသော စူးချန်ကဲကို ဘုရားသခင်သည်ပင် ကြည့်မရကာ တိုက်ရိုက် ခေါ်ဆောင်သွားခဲ့ပြီဟု ထင်မှတ်ခဲ့သည်။
“ ဟွန်း ! စူးချန်ကဲ ၊ မင်း ငါရဲ့မျိုးနွယ်စုအပေါ် တင်ထားတဲ့ အကြွေးကို ပြန်ဆပ်ရမယ်”
ဟွမ်ထျန်းခွင်းလွင်၏ မျက်လုံးများသည် သတ်ဖြတ်လိုသော ဆန္ဒများဖြင့် တောက်ပနေသည်။
“ ဒီနေ့ မင်းရဲ့နောက်လိုက်တွေကို မင်းလုပ်ခဲ့သမျှ အရာတွေအတွက် ပြန်ပေးဆပ်ခိုင်းမယ် !”
……
တစ်ချိန်တည်းမှာပင်။
ဧကရာဇ်လျှောက်လှမ်း အဋ္ဌမအဆင့်ရှိ လောကထဲတွင် ၊
လှိုင်းဂယက်များ သည်းထန်စွာ ရိုက်ခတ်လာသည်။
အာကာသ- အချိန်၏ အဆုံးမရှိသော စွမ်းအားများသည် ရေကာတာမှ ဆည်ရေများ ထိန်းမနိုင်သိမ်းမရ ပေါက်ကျလာသကဲ့သို့ ပြင်ပကမ္ဘာမှ ဤနေရာရှိ ဟင်းလင်ပြင်ကွက်လပ်သို့ ဖောက်ထွင်းဝင်ရောက်လာသည်။
မှော်သင်္ကေတများသည် ကောင်းကင်တစ်ခွင် လွှမ်းခြုံသွားပြီး နောက်ဆုံးတွင် ဆည်းဆာရောင်ဖြာကျနေသော ဂိတ်တံခါးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
ဖြာကျလာသော အလင်းဖြစ်စဉ်သည် ပတ်ဝန်းကျင်ရှိ ပါရမီရှင်များစွာကို တအံ့တဩဖြစ်စေခဲ့သည်။
“ မဟာလမ်းစဉ်ရဲ့ ဒီလောက် ပြင်းထန်လှတဲ့ စွမ်းအား… ဒါက ကောင်းကင်ဘုံကိုတောင် အံတုနိုင်တဲ့ ရတနာတွေ ထွက်လာတာများလား?”
“အမ်… ဒါက အာကာသ-အချိန် မုခ်ဝပဲ! မဟုတ်မှလွဲရော ဒါက လေဖိအားနည်းရပ်ဝန်းကနေ ဖွင့်လာတဲ့ နေရာလပ်တစ်ခုလား?”
“မြန်မြန်! မြန်မြန် ! ဒါ ကောင်းကင်ဘုံကို အံတုနိုင်မယ့် အခွင့်အရေးပဲ၊ ဒါကို လက်လွတ်မခံနဲ့!”
အာမေဋိတ်များကြားတွင် ၊ လူတိုင်း သက်တံရောင် အလင်းတန်းများအဖြစ် ပြောင်းလဲသွားပြီး ထိုလမ်းကြောင်းဆီသို့ ပြေးဝင်သွားကြသည်။
သူတို့အားလုံးသည် အာကာသ-အချိန် ဂိတ်ပေါက်ထဲတွင် ရှိနေသော ကောင်းကင်ဘုံကို စိန်ခေါ်နိုင်မည့် ရတနာများကို ရယူလိုကြသည်။
တစ်ချိန်တည်းမှာပင်။
ကျွီ ကျွီ —!!
နေရာလပ်ထဲမှ စူးရှသော အသံတစ်ခု ထွက်ပေါ်လာသည်။
မှော်သင်္ကေတများသည် တဖျပ်ဖျပ်ခတ်ကာ လင်းလက်လာပြီး ၊အာကာသ-အချိန် ဂိတ်တံခါးကြီးမှာ ပွင့်လာခဲ့သည်။
ဝီ!
တောက်ပသော အဖြူရောင်အလင်းတန်းများ ထွက်ပေါ်လာသည်။
ပိတ်ထားသော အာကာသ- အချိန်တံခါးကြီးသည် ရုတ်တရက် ပွင့်လာသည်နှင့် ။
အထဲမှ အဆုံးမရှိသော အလင်းတန်းများ ထွက်ပေါ်လာပြီး ဤကမ္ဘာကြီးတစ်ခုလုံးကို ၎င်း၏ အလင်းအလွှာများဖြင့် လွှမ်းခြုံပစ်ခဲ့သည်။
ဘုန်း ! !
ထောင်ပေါင်းများစွာသော အာကာသ-အချိန်အပိုင်းအစများ ပေါက်ကွဲလွင့်ထွက်လာသည်။
ပြေးဝင်လာကြသော လူများအဖို့ မျက်လုံးမဖွင့်နိုင်လောက်အောင် ဖြစ်ခဲ့ရသည်။
“အမ်… ကောင်းကင်ဘုံကို အံတုနိုင်တဲ့ ဒီရတနာက ဘယ်လိုမျိုးတောင်လဲ… ဒီရောင်ဝါက အရမ်းကို ကြောက်စရာကောင်းလွန်းတယ် မဟုတ်လား!”
“အမ်… ဒီလောက်တောင် ကြောက်စရာကောင်းတဲ့ မဟာလမ်းစဉ်ရဲ့ စွမ်းအား… ငါတစ်ခါမှတောင် မကြားဖူးဘူး! ဒီအရာကို ငါ ရအောင်ယူမယ်!”
“ ဟာသပဲ! ဘယ်လက်သီးက ပိုမာမလဲ အသန်မာဆုံးသူက အိမ်ကိုပြန်ယူသွားနိုင်မှာပဲ !”
“……”
ထိုအကြောင်းနှင့်ပတ်သတ်ပြီး လူတိုင်း သည်းကြီးမည်းကြီး ပြောဆိုနေကြသည်။ ဤနေရာတစ်ခုလုံးကို ဖြန့်ကျတ်ထားသော ထိုအရာ၏ ရောင်ဝါသည် သူ့တို့ကို စိတ်လှုပ်ရှားစေသည်။ သူတို့စိတ်ထဲတွင် တိုက်ပွဲဆင်နွဲကာ ထိုအရာကို ရယူလိုချင်စိတ်ကလွဲ၍ ကျန်တာမရှိချေ။
“အိုး.. ငါက မင်းကို အိမ်ပြန်ခွင့်ပြုမယ်ဆိုတာ သေချာလား?”
ရုတ်တရက်။
အချိန် - အာကာသ အပိုင်းအစများထဲမှ လူတစ်ဦး၏ ရယ်သံ ထွက်ပေါ်လာသည်။
ထိုစကားများထွက်လာပြီးနောက် ၊ လူတိုင်း နေရာမှာတင် ကြောင်အမ်းသွားသည်။
ကြောက်မက်ဖွယ်ကောင်းပြီး နားမလည်နိုင်သော ဖိအားတစ်ခုက သူတို့၏ နှလုံးသားထဲသို့ ဝင်ရောက်လာခဲ့သည်။
မျက်နှာဖြူဖျော့သွားသော တစ်စုံတစ်ယောက်က တုန်လှုပ်စွာဖြင့် ထဆိုလိုက်သည်။
“ဒီ… ဒီအသံကို အရမ်းရင်းနှီးနေသလားလို့?”
“ မဟုတ်မှလွဲရော ဒီအသံက ..”
“မဖြစ်နိုင်ဘူး!”
လွန်ခဲ့သည့်လအနည်းငယ်က အသံတိတ် ပျောက်ကွယ်သွားခဲ့သော စူးချန်ကဲသည် ယခု ဤနေရာတွင် အဘယ့်ကြောင့် ပြန်လည် ထွက်ပေါ်လာခဲ့သနည်း။
ဝုန်း ! !
အာကာသ-အချိန် တံခါးကြီးထဲမှ ပြင်းထန်သော လှိုင်းတံပိုးများ ရိုက်ခတ်ထွက်ပေါ်လာခဲ့သည်။
ထို့နောက် ၊ အာကာသ-အချိန် တံခါးကြီးထဲမှ ဤကမ္ဘာမြေပေါ်သို့ ဆင်းသက်နိုင်သည့် ပြိုးပြိုးပျက်ပျက် တောက်ပနေသော လှေကားတစ်စင်းကို ဖန်တီးခဲ့သည်။
လှေကားပေါ်တွင် ။
နင်းလျှောက်လာသော ခြေသံကို လူတိုင်း ကြားနေရသည်။
တစ်စုံတစ်ယောက် ဆင်းသက်လာပုံရသည်။
လူတိုင်း အသက်တောင်မရှုဝံ့ဘဲ ထိုနေရာကို စူးစူးရဲရဲ စိုက်ကြည့်နေကြသည်။
နောက်ဆုံးတွင် ။
ဖြာကျနေသော အလင်းတန်းများ၏ ဆောင်ကျဉ်းမှုအောက်တွင် ၊ တစ်ကိုယ်လုံး ထိန်လင်း စွာ တောက်ပနေသော ဝတ်ရုံဖြူ အသွင်ပုံရိပ်ကို မြင်လိုက်ရသည်။
သူသည် တစ်လောကလုံး၏ ဗဟိုချက်ဖြစ်သကဲ့သို့ ထိုနေရာတွင် ရပ်နေသည်။
လူကို ကြီးစိုးနိုင်သော အရှိန်အဝါမျိုး ရှိပြီး ၊ အားကောင်းလွန်းသည်။
သူ့ခြေဖဝါးအောက်တွင် ရွှေရောင်သန်းသော ပန်းများ ပွင့်လန်းလာကြပြီး၊ သူ၏ ကျပန်းအကြည့်တချက်ဖြင့် ဤကမ္ဘာကြီးကို နှိမ်နင်းနိုင်ပုံရသည်။
ဒါစူးချန်ကဲမှ မဟုတ်ရင် ဘယ်သူဖြစ်နိုင်ဦးမှာလဲ!
“ စူး..စူးချန်ကဲ! မင်းမသေသေးဘူး…”
ထိုအနှီလူသည် သူ၏ မသိစိတ်မှ ပြောထွက်သွားသော စကားများကို လျင်မြန်စွာ ထိန်းချုပ်လိုက်ပြီး ၊ ထိတ်လန့်စွာဖြင့် စူးချန်ကဲကို ကြည့်နေသည်။ သူ့အနေဖြင့် မည်သည့်စကားကိုမှ မဟဝံ့တော့ချေ။
သူ့ပတ်ဝန်းကျင်ရှိ ဧကရာဇ်တစ်ပိုင်း အဆင့်ရှိ ပါရမီရှင်များသည်လည်း စူးချန်ကဲ၏ ရောင်ဝါကို တွေ့ကြုံခံစားခဲ့ရပြီး ၊ ၎င်းတို့၏ စိတ်ဝိညာဉ်များသည်ပင် ထိန်းမနိုင်သိမ်းမရ တုန်လှုပ်ခဲ့ရသည်။
စူးချန်ကဲ၏ ရောင်ဝါသည် ယခင်ကထက် ပို၍ အားကောင်းလာသည်။
ထပ်ပြီးညွှန်ဆိုရလျှင်ဖြင့် ၊ သူတို့မျက်စိရှေ့က စူးချန်ကဲကို ကောင်းကင်ဘုံကြီး အဖြစ်သို့ပင် မှတ်ယူနိုင်သည်။
ကောင်းကင်ဘုံ၏ အလိုဆန္ဒကို အာခံရန် မဖြစ်နိုင်ပေ။
သူတို့ထဲတွင် မကောင်းဆိုးဝါးမျိုးနွယ်ဝင် ပါရမီရှင်များလည်း ရှိသည်။
လက်ရှိမြင်ကွင်းသည် သူတို့ကို အံ့အားသင့်စေခဲ့ပြီး ၊ အချိန်တစ်ခုကြာပြီးနောက်မှသာလျှင် သူတို့အားလုံး ပြန်လည်တုံ့ပြန်လာကြသည်။
“မကောင်းတော့ဘူး… စူးချန်ကဲ မသေသေးဘူး!”
မကောင်းဆိုးဝါးမျိုးနွယ်ဝင်တိုင်း၏ အမူအရာများသည် သိသိသာသာ ပြောင်းလဲသွားသည်။
“ငါတို့ ရဲ့ အစီအစဉ်ကို ပြောင်းလဲမှဖြစ်မယ်… မဟုတ်ရင်…”
ဤအကြောင်းကို သတင်းပေးပို့ရန် စိတ်ဝိညာဉ်ကို အသုံးပြုကာ အသံထုတ်လွှင့်လိုက်စဉ် ၊ စူးချန်ကဲက ကြားကနေ တားစီးခဲ့သည်။
“ငါ ထွက်လာပြီးပြီးချင်း မင်းတို့လို ကြွက်လေးတွေနဲ့ ဆုံခဲ့ရတာပဲ “
“တကယ်ကို ကံမကောင်းဘူး “
စူးချန်ကဲသည် အေးစက်သော လေသံဖြင့် စကားလုံး တစ်လုံးကို ရေရွှတ်လိုက်သည်။
“သေ !”
ဒုန်း!
သူ့ပတ်ဝန်းကျင်တွင် တည်ရှိနေသော အာကာသ-အချိန် စွမ်းအားသည် ဆင့်ခေါ်ခံလိုက်ရသကဲ့သို့ ၊ ပြင်းထန်သော အရှိန်အဟုန်ဖြင့် မကောင်းဆိုးဝါးမျိုးနွယ်ဝင် ပါရမီရှင်များရှိရာ ဦးတည်ရာဆီသို့ ကျရောက်သွားသည်။
“အချိန် စွမ်းအား…? ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
၎င်းတို့၏ မသိစိတ်က ထိုအရာကို ပြန်လည်ခုခံရန်တွန်းအားပေးခဲ့သော်လည်း ၊
သို့သော် ဤမျှ လျှို့ဝှက်ဆန်းကြယ်သော အချိန်စွမ်းအား၏ ရှေ့တွင် အရာအားလုံးသည် ယိုယွင်းသွားပုံရသည်။
၎င်းတို့၏ မှော်စွမ်းအားများနှင့် တာအိုနိယာမ စွမ်းအားတို့သည် အချိန်စွမ်းအားကို ထိတွေ့လိုက်သည့် အခိုက်မှာပင် လေနှင့် သဲများအဖြစ် ပြောင်းလဲခံရကာ တဟုတ်ချင်း ပျောက်ကွယ်သွားခဲ့လေသည်။
အချိန်မုန်တိုင်းတိုက်ခတ်ပြီးနောက်။
ကမ္ဘာပေါ်တွင် ကျန်ရှိခဲ့သည်မှာ လေထဲတွင် ပျံ့လွင့်နေသော သဲပွင့်များသာ။
တစ်ကြိမ်တွေ့ဆုံရုံဖြင့် ၊ မကောင်းဆိုးဝါး မျိုးနွယ်ဝင် ပါရမီရှင်တို့သည် ပျက်သုန်းကိန်းစိုက်ခဲ့ရသည်။
“ မဆိုးဘူး ၊ အချိန်လျှို့ဝှက်နယ်မြေမှာ ကျင့်ကြံအားထုတ်ခဲ့တာက ငါ့ကို အချိန်ရဲ့ ဆန္ဒသဘောတရားကို နားလည်စေခဲ့တာပဲ!”
ကျန်လူအုပ်ကြီးမှာ ကြောက်ရွံ့နေကြသည်။
ဤမကောင်းဆိုးဝါး မျိုးနွယ်ဝင်များသည် ဧကရာဇ်လျှောက်လှမ်း စာရင်းတွင် ထိပ်တန်း ပါရမီရှင်များအဖြစ် မပါဝင်သော်လည်း ၊
သို့သော် သူတို့သည် ဧကရာဇ်တစ်ပိုင်းနယ်ပယ် စတုတ္ထအဆင့်တွင် ရှိသည်။
စူးချန်ကဲသည် စကားတစ်ခွန်း ပြောရုံဖြင့် ။
သူသည် တုနှိုင်းမဲ့သော သူ၏မှော်စွမ်းအားများဖြင့် ၎င်းတို့ကို လုံးလုံး ချေမှုန်းပစ်ခဲ့သည် ။
အပိုင်း(၄၃၂): မကောင်းဆိုးဝါးမျိုးနွယ်စုတို့ ဝိုင်းရံတိုက်ခိုက်ခြင်း
ထိုအချိန်တွင်။
စူးချန်ကဲသည်လည်း သူ၏ ဘေးပတ်ဝန်းကျင်တွင် ရှိနေသော လူတိုင်းကို တချက်ကြည့်လိုက်သည်။
သူ၏အကြည့်တချက်သည် ဧကရာဇ်တစ်ပိုင်းအဆင့် ပါရမီရှင်များစွာကို ထိတ်လန့်တုန်လှုပ်စေခဲ့ပြီး ၊ လူတိုင်း သူ့ကို မော့မကြည့်ဝံ့ဘဲ ခေါင်းငုံ့ထားကြသည်။
သို့သော် စူးချန်ကဲ၏ ထွက်ပေါ်လာမှုကို သဘောကျနှစ်သက်ကာ သူ့အပေါ်သို့ လေးစားမြတ်နိုးသော ကျင့်ကြံသူတချို့လည်း ရှိပေသည်။
“ ချန်ကဲ ဆက်ခံသူကို ဂါရဝပြုပါတယ်”
နှုတ်ဆက်သံကို ကြားပြီးနောက်
စူးချန်ကဲသည် အနည်းငယ် ခေါင်းညိတ်ပြခဲ့ပြီး နေရာကနေ ထွက်ခွာရန် ပြင်ဆင်လိုက်သည်။
သို့သော် ထိုအချိန်တွင် ၊
သူ့နောက်က အသံကို ထပ်မံ ကြားလိုက်ရသည်။
“ ချန်ကဲ ဆက်ခံသူ ၊ မင်းပျောက်ဆုံးနေတဲ့ လအနည်းငယ်အတွင်း ရှေးဟောင်း ဖီးနစ်မျိုးနွယ်စု ၊ ကောင်းကင်ဘုံ မကောင်းဆိုးဝါးတောင်တန်း နဲ့ တပ်မက်ခြောက်ပါး ဗိမ္မာန်တို့ အချင်းချင်း လက်တွဲခဲ့ကြတယ်…”
“သူတို့ ကွေးယွမ်က တပည့်တွေကို အမဲလိုက်နေတယ် ၊ ယောင်ချီ သူတော်စင်နယ်မြေက တပည့်တွေရဲ့ အကူအညီပေးမှု ရှိနေပေမဲ့လည်း ဒါပေမဲ့ သူတို့က လက်မလျှော့သေးဘူး “
“ အခု ဟောက်ထျန်း သူတော်စင် နဲ့ လင်ထျန်း သူတော်စင်တို့ကို ဟွမ်ထျန်းခွင်းလွင်က ဦးဆောင်ပြီး နိဗ္ဗာန်နမြို့မှာ သူ့အဖွဲ့တွေနဲ့ ဝိုင်းထားတယ် ၊ အခြေအနေက စိုးရိမ်ရတယ်..”
စူးချန်ကဲ၏ ခြေလှမ်းများမှာ ရပ်တန့်သွားသည်။
သူသည် အကြည့်တချက် ဝေ့ကြည့်လိုက်ရုံဖြင့် ကြောက်မက်ဖွယ်ရာ ကောင်းသော ဖိနှိပ်စွမ်းအားများသည် ချက်ချင်းဆိုသလို လက်ရှိနေရာတစ်ခုလုံးကို လွှမ်းခြုံသွားခဲ့သည်။
ဤအရာသည် စူးချန်ကဲထံမှ ရိုးရှင်းသော အကြည့်တစ်ချက်မျှသာဖြစ်ပြီး၊ သူ၏ အလိုဆန္ဒနှင့် အတွေးများ မပါဝင်သည်ကို သင် သိထားရမည်။
“ နိဗ္ဗာန်နမြို့က ဘယ်မှာလဲ”
“ ဆက်ခံသူလူကြီးမင်း ၊ ဒီကနေ အရှေ့ကို ဆက်သွားရင် မိုင်တစ်ထောင်အကွာမှာ ရှိပါလိမ့်မယ်….”
ထိုအနှီလူ၏ အသံမှာ အနည်းငယ် တုန်လှုပ်နေသည်။
“ကျေးဇူးပဲ “
ထို့နောက် ၊ စူးချန်ကဲသည် သူ၏ လက်ချောင်းများဖြင့် စေညွှန်လိုက်သည်။
နတ်အလင်းတန်းတစ်ခုက သူ၏လက်ချောင်းထိပ်ကနေ ထွက်ပေါ်လာခဲ့ပြီး ထိုအနှီလူ၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်။
“ဒါက လမ်းစဉ်နဲ့ ပတ်သက်တဲ့ ငါ့ရဲ့ညဏ်အလင်းပဲ ၊ ဒါကို ဆုတစ်ခုအနေနဲ့ မှတ်ယူလိုက်ပါ”
အခြားသူများအပေါ် အကြွေးတင်ရမည်ကို သူ မနှစ်သက်ပေ။
ထို့နောက်တွင် ၊ စူးချန်ကဲသည် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။
ဟင်းလင်းပြင် ကွက်လပ်သည် တဖြည်းဖြည်း အက်ကွဲကာ ပွင့်လာခဲ့သည်။
မီးလျှံများက အဆုံးမရှိ တောက်လောင်လာပြီး ကောင်းကင်ကို လောင်ကျွမ်းစေနိုင်သော စွမ်းအားများနှင့်အတူ ပေါက်ကွဲထွက်ပေါ်လာသည်။ အဆုံးတွင် မီးတောက်မီးလျှံများဖြင့် တောက်ပနေသော ကြီးမားသော ဖီးနစ်တစ်ကောင်၏ ရုပ်သွင်အဖြစ် တဖြည်းဖြည်း ပေါင်းစပ်သွားသည်။
မသေမျိုး နတ်ဖီးနစ် !
သူသည်လည်း ကျင့်ကြံမှုတွင် အောင်မြင်မှုတချို့ ရရှိထားသည်။ စူးချန်ကဲထက် အဆင့်နှစ်ဆင့်သာ နိမ့်ပြီး ၊ယခု သူသည် ဧကရာဇ်တစ်ပိုင်းနယ်ပယ် ဆဋ္ဌမအဆင့်ထိ ရောက်ရှိထားပြီး ဖြစ်သည်။
ကျွီ!!
နတ်ဖီးနစ်၏အော်ဟစ်သံနှင့်အတူ ၊၎င်းသည် တောင်ပံများကို ခတ်ကာ နိဗ္ဗာန်နမြိုဆီသို့ လျင်မြန်စွာ ဝင်ရောက်သွားခဲ့လေတော့သည်။
……
စူးချန်ကဲ ထွက်သွားသော လမ်းကြောင်းကို ကြည့်ရင်း ၊
ထိုအနှီလူသည် ကြောင်တက်တက်ဖြင့် ရပ်နေပြီး ၊ မသိစိတ်၏ လှုပ်ရှားမှုအောက်တွင် ညာလက်ဖြင့် သူ့ရင်ဘတ်ကို ထိလိုက်သည်။
ထို့နောက် သူ့ကိုယ်သူ ရေရွတ်နေလေ၏။
“ ဆက်ခံသူ သခင် ရဲ့.. ညဏ်အလင်း…”
တားမြစ်ရလောက်သည့်အထိ စူးချန်ကဲ၏ ပါရမီရှင်စွမ်းရည်များကို မည်သူကများ မသိရှိမည်နည်း။
သူ၏ နားလည်နိုင်စွမ်းသည် မည်မျှတောင် ကြောက်စရာကောင်းလိုက်သနည်း။
ဘေးပတ်ဝန်းကျင်တွင် ရှိနေကြသော တခြားသူများအဖို့ မနာလို အားကျနေကြသော်လည်း သို့သော် လမ်းစဉ်အပေါ် နားလည်ထားသည့် ဤညဏ်အလင်းမျိုးကို လုယူရန်မှာ မဖြစ်နိုင်ပေ။
ထို့အပြင် စူးချန်ကဲသည် ဤအပြုအမူကို ရည်ရွယ်ချက်ရှိရှိ ထားခဲ့ခြင်းဖြစ်သည်။
အကယ်၍ သူတို့သာ စူးချန်ကဲကို စော်ကားမိခဲ့ပါက ၊ ကပ်ဘေးဆိုးကြီး ဖြစ်ပေါ်လာမည်ကို ကြောက်မိပေသည်။
အချို့က ကိုယ့်ရင်ဘတ်ကို ထုနေလေ၏။
“ သေစမ်းကွာ ! ငါ ဒီလောက်ကောင်းတဲ့ အခွင့်အရေးတစ်ခုကို လွတ်သွားတယ်!”
“ ချန်ကဲ ဆက်ခံသူရဲ့ ကျယ်ပြန့်လှတဲ့ စိတ်သဘောထားကို ဘာနဲ့မှ နှိုင်းမရဘူး….”
တဖက်တွင် ။
နိဗ္ဗာန်နမြို့၏ ပြိုကျပျက်စီးနေသော အပျက်အစီးများကြား ။
ယဲ့လင်ထျန်း နှင့် လီလီဟောက်ထျန်းတို့သည် အပြုံးမပျက်ဘဲ အပြင်ကမြင်ကွင်းကို ကြည့်နေကြသည်။
“ အစကတော့ ဆက်ခံသူ သခင်ရဲ့ ရှင်သန်လာမှုကို တွေ့ကြုံခံစားချင်ခဲ့တာ…”
လီဟောက်ထျန်းက ကူကယ်ရာမဲ့ ပြုံးလိုက်ရင်း။
“ မထင်မှတ်ဘဲ သတ်တာ များသွားတော့ ၊ အင်အားစုကြီး သုံးဖွဲ့ရဲ့ ဒေါသကို ရန်သွားစမိပြီး သူတို့က ငါတို့ကို အချိန်အကြာကြီး လိုက်ဖမ်းနေတော့တာပဲ”
“ဟာဟားဟား၊ ကြည့်ရတာ ငါတို့ ချန်ကဲ ဆက်ခံသူရဲ့ ရဲစွမ်းသတ္တိနဲ့ အပြုအမှုကို အတုယူလိုပေမဲ့လည်း အရည်အချင်းမရှိသေးဘူးပဲ “
ယဲ့လင်ထျန်းက ကူကယ်ရာမဲ့ ပြုံးလိုက်ရင်း။
“ ချန်ကဲ ဆက်ခံသူ သခင်သာဆိုရင် ၊ သူတို့အားလုံးကို ဓားတချက်လွဲရုံနဲ့ သတ်ပြီးနေလောက်ပြီ…”
“ ဆက်ခံသူ သခင် ဒီရက်ပိုင်း ဘယ်မှာရှိနေမှန်းလဲ မသိဘူး…”
“ကဲပါ ၊ ဆက်ခံသူ သခင်က သူ့ကိုယ်ပိုင်အခွင့်အရေးကို သေချာပေါက် ရှာဖွေနိုင်တယ် ၊ ဒီကောင်တွေက တိုက်ခိုက်ဖို့ အဆင်သင့်ဖြစ်နေပြီ”
လီဟောက်ထျန်းက ကျယ်လောင်စွာ ရယ်မောလိုက်ရင်း ဆိုလိုက်သည်။
“ ဘယ်သူက ပိုပြီး သတ်နိုင်လဲဆိုတာ ယှဉ်ကြမလား?”
ထိုစကားများကို နားထောင်းရင်း ၊
ယဲ့လင်ထျန်းသည် သူ့ခန္ဓာကိုယ်ပေါ်ရှိ ဖုန်မှုန့်များကို ခါချလိုက်သည်။
ထို့နောက် ၊ သူက ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး
“မင်းကို ငါရှုံးမယ် ထင်လို့လား”
ဝီ——!!
တစ်ချိန်တည်းမှာပင်။
ဧကရာဇ်တစ်ပိုင်းအဆင့် လူတစ်ချို့သည် ၎င်းတို့နှစ်ဦးကို ပိတ်လှောင်နိုင်ခဲ့သည်။
“ ကြွက်နှစ်ကောင် ရောက်နေပြီ၊ အတူတူ သတ်လိုက်ကြရအောင်!”
ဟစ်ကြွေးပြီးသည်နှင့် ၊ ထိုအနှီလူသည် ချက်ချင်းပင် မှော်စွမ်းအားများကို စုစည်းလိုက်ပြီး ၎င်းတို့နှစ်ဦးကို နှိမ်ကွပ်ရန် ပြေးဝင်လာခဲ့သည်။
လက်ရှိတွင် ၊
ကြောက်မက်ဖွယ်ကောင်းသော မကောင်းဆိုးဝါးစွမ်းအင်များသည် ကောင်းကင်ကြီးကို လွှမ်းခြုံကာ ကမ္ဘာမြေတစ်ခုလုံးကို လှုပ်ခတ်သွားစေသည်။
နောက်ထပ် လူးလွန့်ရိုက်ခတ်လာသော နတ်ဆိုးစွမ်းအင်တစ်ခု ရှိနေခဲ့ပြီး ၊ နတ်ဆိုးစွမ်းအင်များမှ အသွင်ဖြစ်တည်လာသော နက်မှောင်သော လှံရှည်တစ်စင်းသည် ဝေဟင်ပေါ်ကနေ ကျရောက်လာခဲ့သည်။
“ဟမ်! လာတာ ကောင်းတယ်!”
“ တိုက် !”
သူတို့နှစ်ယောက်သည်လည်း ပျော့ညံ့မှုကို ထုတ်ဖော်ပြသခဲ့ခြင်း မရှိပေ။
ကျင့်ကြံစွမ်းအားများကို အစွမ်းကုန် နိုးထစေခဲ့ပြီး၊ သူတို့၏ ခန္ဓာကိုယ်အတွင်းရှိ သူတော်စင်ကိုယ်ထည်၏ ရောင်ဝါသည် ဟောက်သံပြုကာ ဆူပွက်လာသည်။
အသက်နှင့်သေခြင်းဆိုင်ရာ ယင်ယန် ပုံကားချပ်!
မျက်စံနှစ်မြွာ လောကကို ဖွင့်လှစ်ခြင်း !
သူတော်စင်ကိုယ်ထည်တို့၏ လျှို့ဝှက်ဆန်းကြယ်သော ရူပါရုံများသည် တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။
တောက်ပပြီး လျှို့ဝှက်ဆန်းကြယ်သော မှော်ပုံစံကွက်များ ထွက်ပေါ်လာပြီး ၊ ၎င်းထံမှ ဖြာထွက်လာသော ရောင်ဝါတို့သည် ဤနေရာတစ်ခုလုံးကို ပြင်းထန်စွာ တုန်လှုပ်စေခဲ့သည်။
ယဲ့လင်ထျန်းသည် မှော်လှံကို ဆုပ်ကိုင်ထားသည် ။ လှံ၏ အလင်းသည် တောက်ပစွာ လင်းလက်နေပြီး တစ်ဖက်ကို လွင့်ထွက်သွားသည်။
အဆုံးမရှိသော လှံရိပ်များ ရုတ်ချည်း ထွက်ပေါ်လာခဲ့ပြီး ကောင်းကင်သို့ တည့်တည့် ပစ်ခွင်းဝင်ရောက်သွားသည်။
“ ထျန်းရှင်း နတ်လက်သီး!”
လီဟောက်ထျန်း၏ ဟောက်သံနှင့်အတူ ၊ သူတော်စင်ကိုယ်ထည်၏ အသွေးတို့သည် နိုးထလာခဲ့ပြီး ၊ သူ၏ ဘေးပတ်ပတ်လည်တွင် ရွှေရောင်ပင်လယ်ကြီးအဖြစ် ရစ်ဝဲနေလေသည်။
အသက်နှင့်သေခြင်းဆိုင်ရာ ယင်-ယန်ပုံကားချပ် ရူပါရုံမြင်ကွင်းသည် ဆက်လက် ကျယ်ပြန့်လာခဲ့ပြီး အဖျက်သဘောဆောင်သော ကြိတ်ဆုံကျောက်ကဲ့သို့ သက်ဝင်လှုပ်ရှားနေသည်။ ဒါနဲ့တင်မက ၎င်းသည် လီဟောက်ထျန်း၏ လက်သီးစွမ်းအားဖြင့် ပေါင်းစပ်သွားလေရာ ထိတ်လန့်တုန်လှုပ်ဖွယ်ရာ စွမ်းအားများဖြင့် ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။
ဝုန်း ! !
နောက်အခိုက်တွင် ။
အချင်းချင်း တိုက်မိကြပြီး ၊ ကျယ်လောင်သော ပေါက်ကွဲသံများ ဆက်တိုက်ဆိုသလို ထွက်ပေါ်လာသည်။
နိယာမစည်းမျဉ်းများ၏ စွမ်းအားသည်ပင် ပြိုကျပျက်စီးခဲ့ရကာ ၊ ကြောက်မက်ဖွယ် ကောင်းသော တွန်းကန်အားသည် အပိုင်းအစများအဖြစ် ပြိုကျလာသည်။
နောက်ဆက်တွဲအနေဖြင့် ၊ ရိုက်ခတ်သွားသော စွမ်းအင်မုန်တိုင်းကြီးသည် အပျက်အစီးများအဖြစ် ပြိုကျနေသော ရှေးဟောင်းမြို့တော်ကို ပြာများအဖြစ်သို့ ပြောင်းလဲသွားစေခဲ့သည်။
“အားလုံး အစွမ်းကုန်တိုက်ခိုက်ကြ ! ညတာရှည်အိမ်မက်များတယ် “
ဟွမ်ထျန်းခွင်းလွင်က အရင်ကြွေးကြော်လိုက်သည်။
ထို့နောက် ၊သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး ပြင်းထန်စွာ တောက်လောင်နေသော မီးလျှံများကို စုစည်းလိုက်သည်။
ချက်ချင်းဆိုသလို ၊ မီးလျှံလက်ဝါးရိပ်ကြီးသည် ကောင်းကင်ထက်တွင် ဆက်လက် ကျယ်ပြန့်လာခဲ့ပြီး ကမ္ဘာကြီးတစ်ခုလုံးကို အနီရင့်ရောင်အဖြစ်သို့ ပြောင်းလဲစေခဲ့သည်။
တစ်ချိန်တည်းမှာပင် ၊ အခြားသော ဧကရာဇ်တစ်ပိုင်းအဆင့် ပါရမီရှင်များသည်လည်း ၎င်းတို့၏ အစွမ်းထက်ဆုံး ထိုးစစ် မှော်အတတ်များဖြင့် တိုက်ခိုက်လာခဲ့သည်။
၎င်းတို့သည် လီဟောက်ထျန်းနှင့် ယဲ့လင်ထျန်းတို့နှစ်ယောက်လုံးကို တချက်တည်းနဲ့ အပြီးသတ်ချင်ပုံရသည်။
ဘုန်း ! ဘုန်း ! ဘုန်း !
ပေါက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်လာပြီး၊ ထိုနေရာရှိ အပူချိန်မှာ ပို၍ ပူလောင်လာသည့်အပြင် ၊ ကြောက်မက်ဖွယ်ကောင်းသော အသံလှိုင်းများက အရပ်ရှစ်မျက်နှာတစ်ခွင် ပျံ့နှံ့သွားသည်။
ထိုမြင်ကွင်းကို ကြည့်ရှုနေကြသော ပရိတ်သတ်ကြီးမှာ ပါးစပ်အဟောင်းသားဖြင့် ရှိနေသည်။
“ဒီနှစ်ယောက်ရဲ့ ခွန်အားက တကယ်ကို ဩချစရာပဲ…!”
“ ခုလို ဝိုင်းရံပြီးတိုက်ခိုက်ခံနေရတာတောင် သူတို့ရဲ့ သူတော်စင်ကိုယ်ထည်ရဲ့ အစွမ်းသတ္တိက တစ်ယောက်နဲ့ ခုနှစ်ယောက် ယှဉ်ပြိုင်နိုင်တုန်းပဲ!”
“ ဒါပေမဲ့ လူအရေအတွက်က ဒီလောက် ကွာဟတာ သူတို့ အနေနဲ့ အကြာကြီး ထိန်းထားဖို့ ခက်လိမ့်မယ် သူတို့အသတ်ခံရဖို့က အနှေးနဲ့ အမြန်ပဲ “
ပါရမီရှင်တစ်ဦး က သက်ပြင်းတစ်ချက် ချလိုက်ရင်း ဆိုလိုက်သည်။
“ ချန်ကဲ ဆက်ခံသူသာ ဒီမှာရှိနေရင် နောက်ထပ် ဆယ်ယောက်လာမယ်ဆိုတောင် ရလဒ်ကို ဆုံးဖြတ်ဖို့ခက်ခဲလိမ့်မယ်…”
သို့သော် ထိုလူ၏ စိတ်ခံစားမှု လျော့ကျနေစဉ်မှာပဲ ၊
ဝုန်း !
တောက်ပသော နေတစ်စင်းသည် မိုးကုတ်စက်ဝိုင်းတွင် ရုတ်တရက် ထွက်ပေါ်လာသည်။
ပြင်းထန်သော အပူရှိန်သည် ကောင်းကင်တစ်ခွင်လုံးကို လွှမ်းခြုံထားပြီး ၊ ကြောက်မက်ဖွယ်ရာ သွေးချီစွမ်းအားများ၏ ရိုက်ခတ်မှုသည် အရပ်ရပ်ရှိ ကြယ်များသည်ပင် တုန်တုန်ယင်ယင် ဖြစ်ခဲ့ရလေသည်။
အလွန်အစွမ်းထက်သော ပါရမီရှင်တစ်ဦးသည် ဤတိုက်ပွဲတွင် ဝင်ရောက်စွက်ဖက်လာသည်မှာ သေချာပေသည်။
“ ဘယ်သူလဲ!?”
မကောင်းဆိုးဝါး မျိုးနွယ်ဝင် ပါရမီရှင်တို့က ဒေါသတကြီး ငေါက်ငမ်းလိုက်သည်။
သို့သော် သူတို့ခမျာ ဘာမှတောင်မတုံ့ပြန်ရသေးခင်။
စကြဝဠာတစ်ခုလုံးကို ပဲ့တင်ထပ်သွားသော
အေးစက်သော စကားတစ်ခွန်းကိုသာ ကြားလိုက်ရသည်။
“ နတ်ဓားမြစ်ကို ဖြတ်ကျော်ခြင်း ၊ ကမ္ဘာဖျက်ဓား!”
အပိုင်း(၄၃၃): ဒီဓားကို မင်းခံယူနိုင်ရင် ငါ ရှုံးတယ်
ထိုစကားသံ၏ အဆုံးတွင် ၊
ရွှမ်း! !
လေထုကို ဖောက်ထွင်းဝင်ရောက်လာခဲ့သော ကျယ်လောင်သံသည် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
ချက်ချင်းပင် ၊ မိုးကုတ်စက်ဝိုင်းမှ စူးရှတောက်ပသော ဓားအလင်းတန်းများ ထွက်ပေါ်လာသည်။
အဆုံးမရှိသော ဓားအလင်းတို့သည် ကျယ်ပြန့်သော နဂါးငွေ့တန်း ဂလက်ဆီသဖွယ် ဖောက်ထွင်းဝင်ရောက်လာကြပြီး ၊ ဓား၏တန်ခိုးစွမ်းအားသည် ကောင်းကင်တစ်ခွင် ဖုံးလွှမ်းသွားလေရာ ဤကမ္ဘာကြီးတွင် ပရမ်းပတာအလင်းများဖြင့် ပြည့်နှက်သွားခဲ့လေသည်။
“မြန်မြန်! ဒီဓားစွမ်းအင်ကို တားစီးကြ!”
အဆိုပါ ဓားစွမ်းအင်၏ လွှမ်းမိုးမှုအောက်တွင် ရှိနေသော သတ္တမအဆင့်ရှိ ဧကရာဇ်တစ်ပိုင်း သုံးဦးတို့သည် ၎င်းတို့၏ မသိစိတ်မှ ဟောက်လိုက်ကြသည်။
ဝုန်း ! !
ကြောက်မက်ဖွယ်ကောင်းသော ဧကရာဇ်အလိုဆန္ဒများ လွင့်ထွက်လာခဲ့သည်။
လက်ကို မြှောက်လိုက်သည်နှင့် တစ်ခုနှင့်တစ်ခု ပဲ့တင်ထပ်နေသော မှော်သင်္ကေတများ ပေါက်ကွဲထွက်ပေါ်လာခဲ့ပြီး ဟင်းလင်းပြင် ကွက်လပ်တွင် အလင်းကန့်လန့်ကာ တစ်ခုကို ဖန်တီးခဲ့သည်။
ဝုန်း !
နောက်အခိုက်တန့်တွင် ။
ဓားစွမ်းအင်သည် အလင်းကန့်လန့်ကာကို ဝင်တိုက်ခဲ့လေသည်။
ဓားစွမ်းအင်၏ တိုက်ခိုက်မှုသည် ၎င်းတို့ ဖန်တီးထားသော အကာအကွယ် မှော်ဖွဲ့စည်းပုံကို စာရွက်အပိုင်းအစများကဲ့သို့ တခဏချင်း ကွဲအက်သွားစေသည် ။
ဒိုင်း! !
သူတို့ သုံးယောက်လုံးသည် ဓားစွမ်းအင်၏ တိုက်ခိုက်မှုကို ခုခံနိုင်စွမ်းမရှိခဲ့ချေ။ ဒါတင်မက ဤမျှအားကောင်းသော အင်အား၏ ချေမှုန်းခြင်းကို ခံလိုက်ရပြီး မြေပြင်ပေါ်သို့ ဘုန်းဘုန်းလဲကျသွားခဲ့သည်။
ထိုမြင်ကွင်းကို မြင်တော့ ဟွမ်ထျန်းခွင်းလွင်က က ဒေါသတကြီးဖြင့် အော်ဟစ်လိုက်သည်။
“ မင်း ဘယ်သူလဲ! ငါ့ကိစ္စကို နှောင့်ယှက်ဝံ့တယ်…”
သို့သော် စူးချန်ကဲသည် ၎င်းတို့ကို အပိုစကားပြောဖို့ အခွင့်အရေးမပေးခဲ့ချေ။
သူ၏ လက်ကောက်ဝတ်ကို လှည့်လိုက်သည်နှင့် အဆုံးမရှိသော ဓားမှော်သင်္ကေတများသည် တစ်ဖန် မြင့်တတ်၍လာခဲ့သည်။
သူ၏လက်ညှိုးဖြင့် ဓားကို စေညွှန်လိုက်သည်နှင့် တပြိုင်နက် ။
မရေမတွက်နိုင်သော ဓားအလင်းများသည် လျှပ်စီးကြောင်းများသဖွယ် လူးလိမ့်ရိုက်ခတ်လာခဲ့ပြီး ၊ ကောင်းကင်ယံကို အဆက်မပြတ် ဖြိုခွဲကာ ကျန်ရှိနေသော စတုတ္ထအဆင့်ရှိ ဧကရာဇ်တစ်ပိုင်း လေးဦးထံသို့ တိုက်ရိုက် ကျရောက်သွားသည်။
“မင်း…!”
ဟွမ်ထျန်းခွင်းလွင်၏ မျက်နှာသည် သိသိသာသာ ပြောင်းလဲသွားပြီး ၊ မသိစိတ်က တားဆီးရန် ကြံရွယ်လိုက်သည်။
သို့သော် လေထဲတွင် ပျံဝဲနေသော နတ်ဓားသည် လျင်မြန်သော အရှိန်ဖြင့် ကျဆင်းလာပြီး တခဏချင်း ပေါက်ကွဲသွားသည်။
ဘုန်း !
ကမ္ဘာမြေကြီးကိုတောင် လှုပ်ခတ်သွားစေသော ဓားစွမ်းအင်လှိုင်းတံပိုးများသည် အရပ်ရှစ်မျက်နှာတစ်ခွင် လွင့်ထွက်သွားသည်။
ကြောက်ခမန်းလိလိ ဖိနှိပ်စွမ်းအားများကြောင့် မြေစိုင်မြေခဲများပင် အလွှာလိုက် ပြိုကျခဲ့ရပြီး ၊ ဖုန်မှုန့်လုံးကြီးက လူတိုင်းကို ဖုံးအုပ်ပစ်လေသည်။
ဤမြင်ကွင်းသည် ကြည့်ရှုသူတော်တော်များများကို အံ့အားသင့်သွားစေသည်။
“ဟမ်… ကြောက်စရာကောင်းလိုက်တဲ့ ဓားစွမ်းအင်… ဘယ်ဓားသမားရဲ့ လက်ချက်လဲ?”
“ဒီဓားစွမ်းအင်ကို ငါ အရမ်းရင်းနှီးနေသလားလို့…”
ပါရမီရှင်တစ်ယောက်က တစ်စုံတစ်ခုကို သတိပြုမိပုံရကာ သူ့ကိုယ်သူ ရေရွတ်နေသည်။
သူ့မှတ်ဉာဏ်ထဲတွင် ၊ ကမ္ဘာကြီးတစ်ခုလုံးကို ဖြန့်ကျတ်ထားနိုင်သည့်အထိ ဓားစွမ်းအင်များကို ထုတ်လွှတ်နိုင်သူမှာ ထိုဝတ်ရုံဖြူ အသွင်ပုံရိပ်ကလွဲလို့ တခြားမည်သူ့ကိုမှ သူ စဉ်းစားမရချေ။
နိဗ္ဗာန်န မြို့မှ လီဟောက်ထျန်း နှင့် ယဲ့လင်ထျန်းတို့သည်လည်း ဤမြင်ကွင်းကို ထိတ်လန့်စွာဖြင့် ကြည့်နေကြသည်။
သို့သော် လေထုထဲတွင် ကျန်ရစ်နေခဲ့သော ဓားရောင်ဝါကို အာရုံခံစားမိပြီးနောက်။
ပျော်ရွှင်မှုများက အစားထိုး ဝင်ရောက်လာသည်။
နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ အနည်းငယ် စိတ်လှုပ်ရှားနေသော အသံဖြင့် ။
“ မဟုတ်မှလွဲရော…”
ဘုန်း ! !
ထိုအချိန်တွင် ကောင်းကင်၌ နောက်ထပ် ကျယ်လောင်သော ဟောက်သံတစ်ခု ထွက်ပေါ်လာသည်။
တဟုန်းဟုန်း တောက်လောင်နေသော နေမင်းကြီးသည် ကောင်းကင်ယံမှ ရုတ်တရက် ဆင်းသက်လာပုံရသည်။
လူတိုင်း ထိတ်လန့်စွာဖြင့် ကြည့်နေကြသည် ။
ထို့နောက် ၊ ကောင်းကင်ယံ၌ တောက်ပသော နတ်မီးလျှံများဖြင့် ပျံသန်းနေသော ဖီးနစ်တစ်ကောင်ကို လူတိုင်း တွေ့လိုက်ရသည်။
သို့သော် လူတိုင်း၏အာရုံကို ပို၍ စွဲဆောင်စေခဲ့သော အရာမှာ တစ်ကိုယ်လုံး နတ်အလင်းများဖြင့် ဖိတ်ဖိတ်တောက်နေသော အဖြူရောင်ဝတ်စုံ အမျိုးသားတစ်ဦးပင် ဖြစ်သည်။
သူ့တစ်ကိုယ်လုံး ဖိတ်ဖိတ်တောက်လျက် ၊ စူးရှ တောက်ပသော ဓားစွမ်းအင်များသည် သူ၏ ဘေးပတ်ပတ်လည်တွင် ကခုန်ကာ ဝန်းရံနေကြသည်။
လျစ်လျူရှုထားသော မျက်ဝန်းတစ်စုံအောက်တွင် အေးစက်သော မျက်နှာထားရှိပြီး ၊ ၎င်းသည် ဤနေရာတွင် ရှိနေကြသော လူတိုင်း၏ စိတ်ကို ရိုက်ခတ်သွားစေခဲ့သည်။
“စူး… စူးချန်ကဲ!?”
“အို ဘုရားရေ! စူးချန်ကဲက လွန်ခဲ့တဲ့ လအနည်းငယ်က ပျောက်သွားခဲ့တာ မဟုတ်ဘူးလား!”
“နေစမ်းပါဦး… စူးချန်ကဲ ရဲ့ ကျင့်ကြံဆင့်က လွန်ခဲ့တဲ့လအနည်းငယ်က ဧကရာဇ်တစ်ပိုင်းနယ်ပယ် စတုတ္ထအဆင့်ပဲ ရှိသေးတာမလား…?”
“လက်ရှိမှာ သူ့ရဲ့ ကျင့်ကြံဆင့်က…”
ဤစကားလုံးများထွက်လာသည်နှင့် တပြိုင်နက် လူတိုင်းက ၎င်းတို့၏ စိတ်ဝိညာဉ်များကို အသက်သွင်းကာ စစ်ဆေးကြည့်ရှုခဲ့ကြသည်။
သို့သော် ၊ စူးချန်ကဲ၏ ကြောက်ခမန်းလိလိ ဖိနှိပ်စွမ်းအားများကို ခံစားလိုက်ရသည်မှာ လူကို နက်မှောင်သော ချောက်ကြီးထဲသို့ တွန်းချခံလိုက်ရသလိုပင်။
လူတိုင်း တုန်လှုပ်သွားကြသည်။
ယခုလို အခြေအနေမျိုးတွင် ၊ စူးချန်ကဲ၏ ကျင့်ကြံဆင့်သည် ၎င်းတို့ထက်သာလွန်သည်ဟု ဆိုလိုနိုင်သည်။
“ အဟွတ် အဟွတ် အဟွတ်…”
ထိုအချိန်တွင် ၊
ဖုန်မှုန့် အခိုးအငွေ့များထဲမှ ချောင်းဆိုးသံများ ဆက်တိုက်ဆိုသလို ထွက်ပေါ်လာသည်။
ဟွမ်ထျန်းခွင်းလွင် နှင့် သတ္တမအဆင့်ရှိ ဧကရာဇ်တစ်ပိုင်း သုံးဦးသည် အပျက်အစီးများကြားထဲမှ ရုန်းကန်ကာ ထွက်လာကြသည်။
ဟွမ်ထျန်းခွင်းလွင် မှလွဲ၍ ကျန်သုံးဦးစလုံးမှာ ဒဏ်ရာပြင်းထန်စွာ ရရှိထားသည်။
ခန္ဓာကိုယ်တွင် အရိုးမည်မျှ ကျိုးသွားလေသလဲ မသိ ။ အဘယ့်ကြောင့်ဆိုသော် ဓားစွမ်းအင်၏ တိုက်စားမှုကြောင့် ကျင့်ကြံသွေးကြောများစွာ ဖြတ်တောက်ခံခဲ့ရပြီး ၎င်းတို့၏ အသက်ရှုနှုန်းမှာ အလွန်အားနည်းနေသည်။
“ဒါ…ဒါကဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ…?”
ဟွမ်ထျန်းခွင်းလွင်သည် ဝေဟင်တွင် ရှိနေသော ရုပ်သွင်ကို ကြည့်ရင်း သူ့နှလုံးသားတစ်ခုလုံး တုန်လှုပ်နေသည်။
သူ၏ မှတ်ညဏ်ထဲတွင် အကြောက်ဆုံးအရာ ဖြစ်ခဲ့သော ဝတ်ရုံဖြူသည် ဤအခိုက်အတန့်တွင် ပြန်လည် ပေါ်ထွက်လာခဲ့သည်။
ဒီလောက်လအတော်ကြာ ပျောက်ဆုံးနေခဲ့တာ ၊ စူးချန်ကဲ မသေသေဘူးလား!?
“ ဆက်ခံသူ သခင်!”
“ ချန်ကဲ ဆက်ခံသူ!”
စူးချန်ကဲကို တွေ့လိုက်ရသည်နှင့် ယဲ့လင်ထျန်း နှင့် လီဟောက်ထျန်းတို့မှာ အလွန်အမင်း စိတ်လှုပ်ရှားနေသည်။ သူတို့သည် နိဗ္ဗာန်နမြို့မှ လျှပ်တပြက် ပျောက်ကွယ်သွားကာ စူးချန်ကဲ၏ရှေ့သို့ ရောက်ရှိလာခဲ့ပြီး ရိုသေစွာဖြင့် ဦးညွှတ်လိုက်ကြသည်။
သူတို့သည် ဘယ်တုန်းကမှ ထိုကောလဟာလများကို မယုံကြည်ခဲ့ပေ။
မိမိတို့၏ ဆက်ခံသူ သခင်သည် မည်မျှ အားကောင်းသည်ကို သူတို့ သိကြသည်။
စူးချန်ကဲက အနည်းငယ် ခေါင်းညိတ်ပြသည်။
“မင်းတို့ရဲ့ ကြိုးစားအားထုတ်မှုအတွက် ကျေးဇူးတင်ပါတယ် “
“ ကျန်တဲ့ကိစ္စတွေကို ငါနဲ့ ထားခဲ့လိုက်တော့”
“ဟုတ်!”
နှစ်ယောက်လုံး ဘေးသို့ ရှောင်ထွက်နေလိုက်သည်။
ဤသည်မှာ စူးချန်ကဲသာလျှင် ပေးနိုင်သည့် အကြွင်းမဲ့ လုံခြုံမှုဖြစ်စေသော ခံစားချက်သာပင်။
ဆက်လက်ပြီး ။
စူးချန်ကဲသည် သူ၏ ညာလက်ကို ဆန့်ထုတ်လိုက်ပြီး ၊ လက်ချောင်းများကို ဖြန့်လိုက်သည်။
ကြောက်မက်ဖွယ်ကောင်းသော ဓားစွမ်းအင်တို့သည် ကောင်းကင်နှင့်မြေကြီးကြားတွင် ရုတ်ချည်း ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။
ဘုန်း ! !
ရုတ်တရက်။
ကောင်းကင်နှင့်မြေကြီးသည် တညီတညွတ်တည်း ဟောက်သံပြုလေသည်။
မရေမတွက်နိုင်သော အမိန့်အာဏာစက် သံကြိုးများသည် အထက်ကောင်းကင်ယံမှ ကျရောက်လာသည်။
၎င်းတို့သည် ပြာလဲ့စွာ တောက်ပနေပြီး ၊ကောင်းကင်တွင် နေတစ်စင်းအလား ပွင့်လန်းနေသည် ။
စူးချန်ကဲသည် လက်ငါးချောင်းကို ဆုပ်လိုက်သည်နှင့် ဓားပုံသဏ္ဍာန်ရှိသော အရာဝတ္ထုတစ်ခုသည် သူ့လက်ထဲတွင် တဖြည်းဖြည်း ပေါင်းစပ်ဖွဲ့စည်းသွားသည်။
“ဒါက …”
နေရာတွင်ရှိနေကြသော ပါရမီရှင်များစွာ၏ မျက်နှာများသည် သိသိသာသာ ပြောင်းလဲသွားကြသည်။ သူတို့၏ ခါးပေါ်တွင် ရှိနေသော မှော်လက်နက်များသည်ပင် တုန်ခါနေသည်။
၎င်းတို့ပင်လျှင် ထိုအရာကို ကြောက်ရွံ့နေပုံရသည်။
ယခုအချိန်တွင် ။
စူးချန်ကဲသည် အထင်မှားစေလောက်သော ဓားရှည်တစ်လက်ကို ဆုပ်ကိုင်ထားပြီးဖြစ်သည်။
ချွင်--!!!
အလွန်ကျယ်လောင်သော ဓားသွားသံသည် တစ်ကမ္ဘာလုံးတွင် ပဲ့တင်ထပ်သွားသည်။
စူးချန်ကဲသည် သူ့လက်ကို မြှောက်တင်လိုက်သည်နှင့် ။
ပြိုးပြိုးပြက်ပြက် တောက်ပနေသော နတ်ဓားသည် နေမင်းကြီး၏ တောက်ပမှုကဲ့သို့ ကောင်းကင်ဘုံ ကိုးထပ်လုံးကို ထိန်လင်းသွားစေသည်။
အဆုံးမရှိ ခမ်းနားထည်ဝါသော ဓားစွမ်းအင်သည် နောက်ဆုံးမှာတော့ ဟွမ်ထျန်းခွင်းလွင်၏ မျက်နှာကို ဖျော့တော့သွားစေခဲ့ပြီပင်။
စူးချန်ကဲသည် သူ့ကိုသတ်တော့မည်ကို သူ သိလိုက်သည်။
“ငါက ရှေးဖီးနစ်ရဲ့ မျိုးဆက်ပဲ!”
ဟွမ်ထျန်းခွင်းလွင်သည် သူ၏ နောက်ခံကို အသုံးချကာ စူးချန်ကဲအား ခြိမ်းခြောက်ရန်ကြိုးစားခဲ့သည်။
“ငါ့အဖေက…”
သို့သော် သူ့စကား မပြီးသေးခင်။
စူးချန်ကဲ၏ ထေ့ငေါ့ပြနေသော အမူအရာကို ကြည့်ရလျှင်ဖြင့် ၊ သူသည် ဟွမ်ထျန်းခွင်းလွင်၏ စကားကို လုံးဝ အလေးအနက်မထားမှန်း သိနိုင်သည်။
“ဒီဓားကို မင်း ခံယူနိုင်ရင်”
“ငါရှုံးတယ်”
စကားသံဆုံးသည်နှင့် ၊ ဓားသည် ချက်ချင်း ရောက်ရှိလာသည်။
ရွှမ်း!!
ကောင်းကင်လမ်းစဉ် အာဏာစက်ဓား၏ တိုက်ခိုက်မှုအောက်တွင် ၊
အကန့်အသတ်မရှိ ကျယ်ပြောလှသော အပြာရောင်ကောင်းကင်ကြီးသည် တခဏအတွင်း ပြိုကျလာလေသလား အောက်မေ့ရပေသည်။
အပိုင်း(၄၃၄): လူတိုင်းနဲ့ ဆန့်ကျင်မယ်
အပြာရောင် ကောင်းကင်ကြီးသဖွယ် လင်းထိန်နေသော အလင်းရောင်အောက်တွင် ၊
အာကာသကြီးတစ်ခုလုံး အသံတိတ်သွားကာ ၊ အချိန်တို့သည် ရပ်တန့်သွားသည်။
ပြင်းထန်သော ဘေးဥပဒ်ကြီး မကျရောက်လာမီ ကြောက်စရာကောင်းသော အခြေအနေတစ်ခုလိုပင်။
ရုတ်တရက်ပင် ။
တောင်လောင်နေသော ပြာလဲ့လဲ့ရောင်စဉ်တို့သည် လုံးဝ ပွင့်လန်းခဲ့ချေပြီ။
ပြာလဲ့လဲ့တောက်ပနေသော မှော်သင်္ကေတတို့သည် တဟုန်ထိုး သက်ဝင်လှုပ်ရှားလာခဲ့ပြီး ကောင်းကင်ယံတွင် ဖြန့်ကျက်ထားသော အပြာရောင်အလင်းကန့်လန့်ကာ တစ်ခုအဖြစ် ပြောင်းလဲသွားသည် ။
၎င်းတို့ကြားတွင် လူးလိမ့်ရိုက်ခတ်နေသော ဓားစွမ်းအင်များသည် ခမ်းနားထည်ဝါစွာဖြင့် သက်ဝင်လှုပ်ရှားနေသည်။
ဝုန်း ! !
ကမ္ဘာမြေ ပြိုကျလာသကဲ့သို့ ဟောက်သံပြုနေကြသည်။
မိုင်ရာနှင့်ချီ ကွာဝေးသော အရပ်မှာတောင် အဆိုပါ ကြောက်မက်ဖွယ်ရာ အသံကို ကြားနေရသည်။
“အမ်…! ဘယ်က တားမြစ်ပါရမီရှင်ကများ ဝင်ရောက်စွက်ဖက်ခဲ့တာလဲ မသိဘူး!”
“ဒီလောက်ထိ ကြောက်စရာကောင်းတဲ့ အဖျက်စွမ်းအား နတ်အလင်း ၊ အဲ့ဒီနေရာတစ်ခုလုံး လုံးဝ ပျက်စီးသွားမှာကိုတောင် စိုးရိမ်ရတယ်”
“ ခဏနေပါဦး… ဒါ ဓားစွမ်းအင်ဖြစ်ပုံရတယ်!”
“ ခုလို ပြောတော့မှ ဒီလောက်ထိ ကြီးမားတဲ့ အဖျက်စွမ်းအား ဓားအလင်းကို ထုတ်လွှတ်နိုင်တဲ့သူ တစ်ယောက်ပဲ ရှိတယ် “
ထိုစကားကို ထုတ်ဖော်ပြောဆိုပြီးနောက် ၊ သူကိုယ်တိုင်ပင် မယုံကြည်နိုင်ဖြစ်လို့နေသည်။
စူးချန်ကဲသည် လွန်ခဲ့သော လအနည်းငယ်က ခြေရာလက်ရာမရှိ ပျောက်ကွယ်သွားသည်။
ဒါပေမဲ့ သူကဘယ်လိုလုပ်ပြီး ပေါ်ထွက်လာပြန်တာတုန်း?
သို့သော် လူအချို့က ထိုမြင်ကွင်းကို လေးနက်သော မျက်နှာထားဖြင့် ငေးကြည့်နေကြသည်။
နိဗ္ဗာန်န နတ်ဘုရားကျောင်းထဲ၌ ၊
စုမျဲ့သည် ကောင်းကင်သို့ ပစ်ခွင်းဝင်ရောက်သွားသော အပြာရောင် ဓားအလင်းကို စိုက်ကြည့်နေသည်။
၎င်းတွင် သူအတွက် အလွန်ရင်းနှီးသော ရောင်ဝါနှစ်စင်း ရှိခဲ့နေသည်။
“ ကောင်းကင်လမ်းစဉ်ရဲ့ သန့်စင်စွမ်းအား.. ငါ့ရဲ့ ကောင်းကင်လမ်းစဉ် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ရဲ့ မူလရင်းမြစ် ကောင်းကင်လမ်းစဉ် ရေကန်နဲ့တောင် ယှဉ်နိုင်တယ်…”
“ဒါပေမယ့် ဒီထဲမှာပါတဲ့ဓားစွမ်းအင်က… သေချာတယ် သံသယဖြစ်စရာမရှိဘူး!”
စုမျဲ့၏ အကြည့်များက လွန်စွာလေးနက်လာသည်။
ထိုစဉ် ၊ အေးစက်သော လေသံဖြင့် အမျိုးသားတစ်ဦး၏ အသံကို ကြားလိုက်ရသည်။
“ဒီကောင် မသေသေးဘူး၊ သူပြန်လာပြီ”
အသံ၏ ဦးတည်ရာကို ကြည့်မည်ဆိုပါက၊၊
ထိုအနှီလူသည် သူ၏ ရောင်ဝါကို ချုပ်တည်းထားသော်လည်း ၊ သူ၏ ဘေးပတ်ပတ်လည်တွင် ကြောက်မက်ဖွယ်ရာ ကောင်းသော မကောင်းဆိုးဝါးစွမ်းအားများ ရှိနေသည်။
၎င်းမှာ ချန်းဟွမ်းထျန်း၏ အစ်ကို ချန်းဟွမ်းကျီ ဖြစ်သည်။
ဓားစွမ်းအင်ကို ခံစားမိသည်နှင့် သူ၏ မျက်လုံးများသည် အဆုံးမရှိသော သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်လာသည်။
အရိုးများကို ချိုးပစ်နိုင်သည့်အထိ သူ့လက်သီးများကို တင်းတင်းဆုပ်ထားသည်။
စူးချန်ကဲ ကဲ့သို့သော လူ့ဘီလူးတစ်ကောင်သည် အလွယ်တကူ မသေနိုင်သည်ကို သူသိသည်။
၎င်းသည် သေချာပေါက် ပြန်လည်ထွက်ပေါ်လာပေမည်။
ထို့ကြောင့် သူသည် ယနေ့ထိတိုင် အပြင်းအထန် လေ့ကျင့်နေခဲ့သည်။
သူ၏ ကျင့်ကြံမှုသည် ဧကရာဇ်တစ်ပိုင်း နယ်ပယ် ပဉ္စမအဆင့်မှ အဋ္ဌမအဆင့်ထိ တတ်လှမ်းနိုင်ခဲ့သည်။
သူသည် ဧကရာဇ်အလိုဆန္ဒ ခြောက်ဆယ့်ခုနစ်မျိုး ပေါင်းစည်းနိုင်ခဲ့သည်။
သူ့ခန္ဓာကိုယ်ထဲရှိ ရှေးဦးဗီဇ ချီလင်အသွေး၏ ပံ့ပိုးမှုဖြင့် ၊ သူသည် အလင်းနှင့် အမှောင်၏ စွမ်းအားကို အပြည့်အ၀ စုစည်းထားခဲ့သည် ။ သူသည် မဟာဧကရာဇ်မင်းတစ်ပါး၏ တိုက်ခိုက်ရေးစွမ်းအားကိုပင် ယှဉ်ပြိုင်နိုင်မည်ဟု ယုံကြည်ထားသည်။
“ ကဲပါ “
“အခု ငါတို့ရဲ့ နောက်ဆုံးအဆင့်က ပြင်ဆင်လို့ပြီးပြီ “
စုမျဲ့သည် တောက်ပစွာဖြင့် ရှိနေသော အပြာရောင်အလင်းတန်းကို ကြည့်ရင်း အေးစက်စွာဖြင့် ဆိုလိုက်သည်။
“ဒဏ္ဍာရီရဲ့အဆုံးသတ်က အခုစတော့မယ် “
“ဟုတ်!”
တစ်ချိန်တည်းမှာပင်။
တုံ့ပြန်သံသည် သူတို့၏ဘေးနားကနေ ထွက်ပေါ်လာသည်။
အသံလားရာကို ကြည့်ရင်ဖြင့်။
အနက်ရောင် ၀တ်စုံဝတ်ထားသော အမျိုးသား ဆယ့်လေးဦးကို သင် တွေ့ရပေမည်။
၎င်းတို့၏ ရောင်ဝါတို့သည် အလွန်ဆန်းကြယ်သည်။တစ်ခုနဲ့တစ်ခု သိသိသာသာ ကွဲပြားသော်လည်း သို့သော် သူတို့သည် တစ်သားတည်းဖြစ်ပုံရသည်။
၎င်းသည် ကောင်းကင်လမ်းစဉ် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ နှင့် ကောင်းကင်ဘုံမကောင်းဆိုးဝါးတောင်တန်းမှ ပေါင်းစပ်အသုံးပြုထားသော တားမြစ်ပညာရပ်ဖြစ်သည်။
ဤလူလေးယောက်သည် သူတို့ကိုယ်ပိုင် ကျင့်ကြံမှုကို လောင်မြိုက်ကာ စတေးခဲ့ပြီး ၊ သူတို့ထဲမှ တစ်ဦးကို စစ်မှန်သော ဧကရာဇ်အဆင့်ရောက်အောင် တားမြစ်ပညာရပ်ဖြင့် အတင်းအကျပ် လုပ်ဆောင်ခဲ့သည်။
ဤတားမြစ်ပညာရပ်သည် အလွန်ရက်စက်သည်။ ထိုတားမြစ်ပညာရပ်ကို မဖွဲ့စည်းခင် မရေမတွက်နိုင်သော ပါရမီရှင်များကို အရင်စတေးရန် လိုအပ်ပေသည်။
သို့သော်လည်း ၊ သူတို့အနေဖြင့် နောက်ဆုတ်ရန်လမ်းမရှိ ဆက်လျှောက်ရန်သာ တတ်နိုင်သည်။
…….
တစ်ချိန်တည်းမှာပင်။
ဟွမ်ထျန်းခွင်းလွင် တည်ရှိရာနေရာတွင် ၊
ဘုန်း--!!
ကျယ်လောင်သော ဟောက်သံများကြား ၊ မြေစိုင်မြေခဲများသည် သာမန်မျက်စိဖြင့် မြင်နိုင်သော အရှိန်အဟုန်ဖြင့် ကြီးမားသော အက်ကြောင်းများနှင့် ပြိုကျမှုများ ဖြစ်ပေါ်နေသည်။
အလွန်ကြောက်စရာကောင်းသော ဓားစွမ်းအင်၏ သက်ရောက်မှုအောက်တွင်၊ ကြီးမားသော အပျက်အစီးများသည် လက်ရှိတွင် အမှုန့်များအဖြစ် ပြန့်ကျဲသွားခဲ့လေပြီ။
နေကဲ့သို့ ကျရောက်လာသော စူးရှတောက်ပသော အလင်းရောင်သည် လူတိုင်း၏ အမြင်အာရုံကို လွှမ်းခြုံထားသောကြောင့် ၊ လူတိုင်း မျက်လုံးမှိတ်ထားကြပြီး တိုက်ရိုက် မကြည့်ဝံ့ကြပေ။
…….
တခဏအတွင်း ။
ဟောက်သံသည် တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။
လူတိုင်း မျက်လုံးဖွင့်လိုက်သည်နှင့် ၊ ပထမဆုံးလုပ်ခဲ့သည့်အရာမှာ ထိုနေရာကို လှမ်းကြည့်ခဲ့ခြင်း ဖြစ်သည်။
သို့သော် ၊ မြင်ကွင်းသည် လူတိုင်း၏ တာအိုနှလုံးသားကိုပင် တုန်လှုပ်စေခဲ့ပြီး မနေနိုင်ဘဲ အသက်ပြင်းပြင်း ရှုရှိုက်ခဲ့ရသည့်အထိ ဖြစ်ခဲ့ရသည်။
ထိုနေရာတွင် အောက်ခြေမရှိသော တွင်းနက်ကြီးတစ်ခု ရှိနေသည်။
မီးခိုးဖြူများက လေနှင့်အတူ ရစ်လိမ်နေပြီး ၊ တောင်လောင်နေသော အပူရှိန်သည် ပတ်ဝန်းကျင်တွင် လာဟပ်နေသည်။ ပြာလဲ့လဲ့ တောက်ပနေသော မှော်သင်္ကေတများသည် ဖြေးဖြေးချင်း ပျောက်ကွယ်နေသည်…
ဟွမ်ထျန်းခွင်းလွင် နှင့် မကောင်းဆိုးဝါးမျိုးနွယ်ဝင် ဧကရာဇ်တစ်ပိုင်း ပါရမီရှင်များအနေဖြင့် ၊ ၎င်းတို့သည် လေနှင့် သဲများအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ခြေရာလက်ရာမရှိ ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။
ဓားချက် တစ်ချက် !
ဤကဲ့သို့သော ဖြစ်ရပ်ကြီးကို ဖန်တီးရန် ဓားချက် တစ်ချက်တည်းသာ လိုအပ်ခဲ့သည်။
စူးချန်ကဲသည် သူ၏ အကြွင်းမဲ့အာဏာကို ထပ်မံပြသခဲ့သည်။
အတိတ်က ရှေးအထွတ်အမြတ် တောင်ကြီးသည် ယခုတွင် ဖြတ်ကျော်ဖို့ မဖြစ်နိုင်သော ချောက်နက်ကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့လေပြီ ။ ၎င်းမှ ဖြာထွက်လာသော ရောင်ဝါသည် လူကို တုန်လှုပ်စေသည့်အထိ ဖြစ်စေသည်။
ထိုအချိန် ၊ စူးချန်ကဲ၏ အသံသည် လောကကြီးထဲတွင် တစ်ဖန် ပဲ့တင်ထပ်သွားခဲ့သည်။
“ကောင်းကင်ဘုံ မကောင်းဆိုးဝါးတောင်တန်း ၊ ရှေးဖီးနစ်မျိုးနွယ်စု နဲ့ တပ်မက်ခြောက်ပါး ဗိမ္မာန်တို့က ဒီရက်တွေမှာ ငါ ကွေးယွမ် သူတော်စင်နယ်မြေရဲ့ လူကို ဝိုင်းရံသတ်ဖြတ်ခဲ့တယ်”
“ ငါ စူးမျိုးရိုး ၊ ကွေးယွမ် သူတော်စင်နယ်မြေရဲ့ ဆက်ခံသူတစ်ယောက်အနေနဲ့ ဥပမာတစ်ခု ပြရလိမ့်မယ်”
ထို့နောက်တွင်၊ မှော်သင်္ကေတဖွဲ့စည်းပုံ မှတဆင့် စူးချန်ကဲ၏အသံသည် ဧကရာဇ်လျှောက်လှမ်း တစ်လျှောက် ခေါင်းလောင်းသံကဲ့သို့ ပဲ့တင်ထပ်သွားသည်။
“ဒီနေ့ကစပြီး!”
“ အဲ့ဒီ အင်အားစု သုံးခုနဲ့ သတ်ဆိုင်တဲ့ မည်သူကိုမဆို သတ်ပစ်မယ်!”
“ ငါ မဟာဧကရာဇ်မင်း ဖြစ်လာတဲ့တစ်နေ့ ၊ သူ့နောက်က အင်အားစုအားလုံးကို ဖျက်ဆီးပစ်မယ်!”
အသံသည် ကျယ်လောင်စွာ ဟိန်းထွက်လာခဲ့ပြီး ၊ စူးချန်ကဲ၏ အသံသည် ဧကရာဇ်လျှောက်လှမ်းတစ်ခုလုံးတွင် ပဲ့တင်ထပ်နေသည်။
၎င်းတွင်ပါရှိသော အဆုံးမဲ့ သတ်ဖြတ်လိုသော ဆန္ဒတို့သည် ကြားနာသူတိုင်း၏ ရင်ကို အေးခဲသွားစေသည်။
“အမ်… နောက်ဆုံးတော့ ချန်ကဲ ဆက်ခံသူက ဆန့်ကျင်တော့မှာလား?”
“ ချန်ကဲ ဆက်ခံသူက ကစားပွဲတွေ ဆက်ကစားဖို့ ဆန္ဒမရှိတော့ဘူးလို့ ငါထင်တယ်၊ သူက စားပွဲကို တိုက်ရိုက်လှန်ပစ်တော့မှာ!”
လူတိုင်း ထိုအကြောင်းနှင့် ပတ်သတ်၍ ပြောဆိုနေကြသည်။
စူးချန်ကဲ၏ မိန့်ခွန်းသည် လူတိုင်းကို ရုတ်ရုတ်သဲသဲ ဖြစ်သွားစေသည်။
ဤမိန့်ခွန်းသည် အဓိကအင်အားစုကြီးသုံးခုကို လုံးဝ ဆန့်ကျင်လိုက်ပြီဖြစ်ကြောင်း ဖော်ပြလိုက်ရုံသာမက၊
အခြားပါရမီရှင်များသည်လည်း သူ့ရန်သူဖြစ်ကြောင်းကို ထုတ်ဖော်လိုက်ခြင်း ဖြစ်သည်။
စူးချန်ကဲ၏ ကြေညာချက်သည် ဤအရာများကို ဖော်ပြနေသည်။
သူ ၊ စူးချန်ကဲသာလျှင် ဤခေတ်၏ ကံကြမ္မာဧကရာဇ်မင်းသာ ဖြစ်သည်။
ဒါ လူတိုင်းရဲ့ ဒေါသကို နှိုးဆွပေးလိုက်တာပဲ မဟုတ်လား?
သူ မကြောက်ဘူးလား?
သို့သော် စူးချန်ကဲကတော့ မမူချေ။
သူ့ဘေးနားက လူတွေကို ကာကွယ်ရန်အတွက် ဒါဟာ သူ၏ ပြတ်သားသော ထုတ်ဖော်ချက်ပင် ဖြစ်သည်။
တဖက်က သူ့ဘေးကလူတွေကို အရင်လာထိမှတော့ ၊
သူတို့အားလုံးကို ကာကွယ်ရန် မိမိ၏ ခွန်အားကို ထုတ်သုံးရမှာ ပျင်းလွန်းသည်။
ယင်းအစား ၊ အရင်းအမြစ်ကနေ တိုက်ရိုက် ကိုင်တွယ်ခြင်းက ပိုကောင်းပေမည်။
ဒါကတော့ ခြိမ်းခြောက်သူများကို တိုက်ရိုက် ချေမှုန်းပစ်ရန်သာ !
……..
တစ်ချိန်တည်းမှာပင်။
စူးချန်ကဲ၏ အသံသည် ဧကရာဇ်လျှောက်လှမ်း တစ်ခုလုံး ပဲ့တင်ထပ်နေသည်။
သိုဝှက်စွာဖြင့် ရှိနေသော တားမြစ်ပါရမီရှင်များသည်ပင် စူးချန်ကဲကို သတိထားမိကြသည်။
“ စူးချန်ကဲ? လွန်ခဲ့တဲ့လအနည်းငယ်က ပျောက်ကွယ်သွားခဲ့တဲ့ ကောင်လေးမလား?”
“ ဟွန်း ! ကံကောင်းလို့ မသေတာကို ပျော်မယ်မရှိဘူး ၊ မောက်မာစွာနဲ့တောင် ပြောလိုက်သေးတယ် ၊ သူ့မှာ ဘာအရည်အချင်းများရှိလဲ ငါ ကြည့်ချင်သေးတယ်!”
“ဒီကောင်က မာနကြီးလွန်းတယ်၊ သူ့စကားက ငါတို့အားလုံးကို ဆန့်ကျင်လိုက်တာပဲ “
“သူ့ဘက်က အလိုရှိမှတော့ ဒါဆို ငါတို့လည်း သူ့ကိုသတ်ပေးရုံပေါ့!”
“မှန်တယ် ၊ ဒီလိုကောင်မျိုးကို အမဲလိုက်နိုင်ရင် ငါတို့နာမည် သမိုင်းမှာ တွင်ကျန်နေခဲ့လိမ့်မယ်!”
မရေမတွက်နိုင်သော ထာဝရအင်အားစုမှ တောက်ဇီ နှင့် တီ့ဇီတို့သည် လျှို့ဝှက်စွာ ဆက်သွယ်ခဲ့ကြသည်။
T/N - တောက်ဇီ - တီ့ဇီ : ရာထူး/ဂုဏ်ထူးနာမည်
၎င်းတို့သည် စူးချန်ကဲ၏စကားကြောင့် သတ်ပစ်ရမည့်စာရင်းတွင် ထည့်သွင်းထားခဲ့သည်။
တစ်ချိန်တည်းမှာပင်။
တိမ်ပင်လယ်ထိ တိုးဝင်နေသော တောင်ထိပ်တစ်ခုပေါ်တွင် ၊
လှပသောမိန်းမပျိုတစ်ဦး ရပ်နေသည်။
ဆံနွယ်များက လေနှင့်အတူ လွင့်မျောနေပြီး ၊ မွှေးရနံ့တို့က နှာခေါင်းထဲသို့ တိုးဝင်လာတတ်သည်။
သူမ၏ ခန္ဓာကိုယ် ကောက်ကြောင်းသည် အလွန်ပင် ဆွဲဆောင်မှုရှိသည်။
ယခုအချိန်တွင်၊ လော့ရန်ယွီ၏ မျက်ဝန်းများသည် ပြုံးနေပြီး အသံလားရာလမ်းကြောင်းကို ကြည့်နေသည်။ သို့သော် သူမသည် အနည်းငယ် စိတ်ပျက်နေသော လေသံဖြင့် ရေရွတ်လိုက်သည်။
“ သကောင့်သား ပြန်လာလာချင်း ဒီလိုစကားမျိုးပြောမယ်လို့ မမျှော်လင့်ထားဘူး…”
“ဒါပေမဲ့လည်း တစ်ကမ္ဘာလုံးက ရှင့်ကို ဆန့်ကျင်နေရင်တောင် ….”
“ကျွန်မ ရှင့်ကို ထောက်ခံပေးနေမှာပါ “