အခန်း (၄၆၁-၄၆၅)
Vol. 34 Ch. 461-465
အပိုင်း(၄၆၁): ကြီးမားသော အကျပ်အတည်း!
တစ်ချိန်တည်းမှာပင်။
ပေမင်တိုက်မြေတွင် ပွင့်လန်းနေသော နတ်အလင်းရောင်များသည် အဖျက်စွမ်းအားတစ်ခုကဲ့သို့ အရာအားလုံးကို ဖုံးအုပ်ထားသည်။
မိစ္ဆာနတ်ဘုရား စည်းတံဆိပ် နှင့် ကွေးယွမ် ပရမ်းပတာခေါင်းလောင်းကြားက တိုက်ပွဲတွင် ကွေးယွမ် ပရမ်းပတာခေါင်းလောင်းသာလျှင် ပြီးပြည့်စုံသော အောင်ပွဲအဖြစ် အဆုံးသတ်ခဲ့သည်။
ကြယ်တာရာ ကောင်းကင်အလွန်တွင် ၊
မိစ္ဆာနတ်ဘုရား စည်းတံဆိပ်သည် ပင့်ကူမျှင်ကဲ့သို့ မရေမတွက်နိုင်သော နိယာမအက်ကြောင်းများ ဖြစ်ပေါ်လာသည်။
အက်ကွဲကြောင်းများမှ ပူပြင်းတောက်လောင်သော နတ်အလင်းများ ထိုးထွက်လာသည်။
အောက်ဘက်တွင်မူ ၊
မကောင်းဆိုးဝါးမျိုးနွယ်ဝင် တပ်ဖွဲ့စုကြီးသည် လုံးလုံးလျားလျား ရှုံးနိမ့်သွားခဲ့ပြီဖြစ်သည်။
သွေးများက တစ်ကမ္ဘာလုံးကို နီရဲစေခဲ့ပြီး လောကတစ်ခုလုံးကို ရောင်ပြန်ဟပ်နေသည်။
သွေးများစုဝေးရာမှာဖြစ်ပေါ်လာသော သွေးမြစ်ရေစီးကြောင်းသည် တောင်တန်းနှင့် မြစ်များကို ဖြတ်ကျော်ကာစီးဆင်းနေလေ၏။
“ငါတို့... ရှုံးသွားပြီလား...?”
လက်တစ်ဖက်ပြတ်တောက်နေသော ထျန်းချန်မကောင်းဆိုးဝါးအိုကြီးသည် သွေးစွန်းနေသောမြေပေါ်တွင် ဒူးထောက်ချလိုက်သည်။
အထက်ကောင်းကင်မှ ဖြည်းဖြည်းချင်း ကျဆင်းလာသော မိစ္ဆာနတ်ဘုရား စည်းတံဆိပ်ကို ကြည့်ရင်း ၊ ဤအခိုက်အတန့်တွင် ဖြစ်ပေါ်နေသော သူ၏စိတ်ထဲက မကျေမနပ်မှုများကို မည်သို့ဖော်ပြရမည်ကိုပင် မသိတော့ချေ။
မျှော်လင့်ချက်။
မကောင်းဆိုးဝါးမျိုးနွယ်စု၏ အဆုံးစွန်သော အိပ်မက် ။
မကောင်းဆိုးဝါးမျိုးနွယ်အားလုံး၏ စုပေါင်း စွမ်းအားများ စသည်တို့သည် ဤအခိုက်အတန့်တွင် လုံးဝပျောက်ကွယ်သွားချေပြီ ။
ဘုန်း ! !
မိစ္ဆာနတ်ဘုရား စည်းတံဆိပ်သည် သမုဒ္ဒရာထဲသို့ အပြီးတိုင် ပြုတ်ကျသွားချိန်တွင် အဆုံးမရှိသော လှိုင်းလုံးကြီးတစ်ခု ရိုက်ခတ်သွားခဲ့လေသည်။
ယင်းက ထျန်းချန် မကောင်းဆိုးဝါးကိုကြီးကို ပြန်လည်သတိကပ်စေခဲ့သည်။
သူတို့.. အမှန်တကယ် ရှုံးနိမ့်သွားခဲ့ပြီပင်!
သူတို့၏ နောက်ဆုံးဝှက်ဖဲဖြစ်သော မိစ္ဆာနတ်ဘုရား စည်းတံဆိပ်သည်လည်း ကွဲကြေသွားခဲ့ပြီ ဖြစ်သည်။
“ ကွေးယွမ် တပ်ဖွဲ့အားလုံး အမိန့်ကိုနားထောင်!”
ထိုအချိန်တွင်၊ ကွေးယွမ် သူတော်စင်နယ်မြေ၏ ဘိုးဘေးများအားလုံးသည် ကောင်းကင်ယံတွင် ထွက်ပေါ်လာကြသည်။
၎င်းတို့၏အသံသည် တစ်လောကလုံးကို ပဲ့တင်ထပ်သွားသည် ။
“ဒီစစ်ပွဲမှာ ပါဝင်ခဲ့တဲ့ မကောင်းဆိုးဝါးကောင်တွေ အားလုံးကို သတ်ပစ်!”
“သူတို့နောက်က အင်အားစုတွေကို အပြီးအပိုင် ဖျက်ဆီးပစ်ပြီး ဘယ်တော့မှ ပြန်လည် မမွေးဖွားစေရဘူး!”
“ဟုတ်!”
မရေမတွက်နိုင်သော စစ်သည်တော်များသည် ကျယ်လောင်စွာ အော်ဟစ်လိုက်ကြသည်။
ထို့နောက် ပေမင်တိုက်မြေကို ဗဟိုပြုလျက် ၊ အရပ်ရပ်သို့ စစ်အင်အားဖြန့်ကျက်ခဲ့လေသည်။
သူတို့သည် အခြားတိုက်မြေဆီသို့ အင်အားဖြန့်ကျတ်လျက် မကောင်းဆိုးဝါးမျိုးနွယ်စု၏ အကြွင်းအကျန်များကို ဆက်လက် ရှင်းလင်းပစ်ခဲ့သည်။
သွေးသည် တစ်ဖန် တိုက်မြေသုံးထောင်တစ်ခုလုံးကို ဖုံးလွှမ်းသွားသော်လည်း၊ သို့သော် ဤအကြိမ်သည် နောက်ဆုံးအကြိမ် ဖြစ်ပေလိမ့်မည်။
အသွေးတို့ဖြင့် ဆေးကြောသန့်စင်ပြီးနောက် ၊ တိုက်မြေသုံးထောင်တစ်ခုလုံးသည် ပြီးပြည့်စုံစွာ ပြန်လည်မွေးဖွားပေတော့မည်။
“ဟားဟားဟား...”
ဤမြင်ကွင်းကို ကြည့်ရှုနေသော ထျန်းချန်မကောင်းဆိုးဝါးအိုကြီးသည် ရုတ်တရက် အရူးအမူးရယ်မောလေသည်။
သူနားမလည်နိုင်ပေ။
မကောင်းဆိုးဝါးများ၏ စုပေါင်းစွမ်းအားသည်ပင် ကွေးယွမ် သူတော်စင်နယ်မြေကို အဘယ့်ကြောင့် မယှဉ်နိုင်လေသလော။
ကွေးယွမ် သူတော်စင်နယ်မြေသည် ခေတ်ရေစီးကြောင်း၏ တိုက်စားမှုကို လျစ်လျူရှုပြီး အဘယ့်ကြောင့် မြဲမြံစွာ တည်ရှိနေနိုင်သနည်း။
ယခုအချိန်တွင်။
ထျန်းဝိန့်ဘိုးဘေးသည် ထျန်းချန် မကောင်းဆိုးဝါးအိုကြီး၏ရှေ့တွင် ရောက်ရှိနေခဲ့ပြီဖြစ်သည်။
သူ့လက်ကြီးသည် ဖြည်းညှင်းစွာ ကျဆင်းလာပြီး အေးစက်သော လေသံဖြင့် ဆိုလေ၏ ။
“မင်းမှာ နောက်ဆုံးစကား ရှိသေးလား”
ထိုစကားကိုကြားသည်နှင့် ၊
အတန်ငယ် ရူးသွပ်နေပြီဖြစ်သော ထျန်းချန် မကောင်းဆိုးဝါးအိုကြီးသည် ဖြေးညှင်းစွာ ခေါင်းမော့လာခဲ့သည် ။ သူ၏ မျက်လုံးများသည် နီတွတ်နေပြီး သူ၏နှုတ်ခမ်းထောင့်တွင် ရူးသွပ်သော အပြုံးတစ်ခု ထွက်ပေါ်လာခဲ့သည်။
“နောက်ဆုံးစကား...?”
“ ဟားဟားဟား!”
“ငါတို့က တိုက်ပွဲကျရှုံးခဲ့ပေမယ့်...”
“ဒါပေမဲ့ ဧကရာဇ်လျှောက်လှမ်းရဲ့ အဆုံးသတ်လမ်းမှာ စူးချန်ကဲ သေချာပေါက် သေရမယ်!”
“ ငါတို့ တားမြစ်လျှို့ဝှက်အတတ်နဲ့ ငါတို့ရဲ့မျိုးနွယ်ဝင် လေးယောက်ကို မဟာဧကရာဇ်နယ်ပယ်အဆင့် ဖြတ်ကျော်နိုင်အောင် လုပ်ထားပြီးပြီ “
ထျန်းချန် မကောင်းဆိုးဝါးအိုကြီးသည် သူ မသေဆုံးခင် ကွေးယွမ် သူတော်စင်နယ်မြေအား လှောင်ပြောင်ရယ်မောခဲ့သည် ။
“ စူးချန်ကဲ၊ သူ သေချာပေါက် သေလိမ့်မယ်!”
ထိုစကားကို ကြားသည့်တိုင် ၊ ထျန်းဝိန့်ဘိုးဘေးသည် ဘာမှမထူးခြားသော အမူအရာဖြင့် ရှိနေဆဲပင်ဖြစ်သည်။
သူ၏ လက်ဝါးရိပ်ကြီးကို အောက်သို့ နှိမ့်ချလိုက်သည်နှင့် ၊
ဖလူး! !
အသွေးများ တစ်စစီပွင့်ထွက်လျက် အလုံးစုံ ပျက်သုန်းသွားလေတော့သည်။
ဤအကြွင်းမဲ့ခွန်အား၏ ရှေ့မှောက်တွင် ၊ ထျန်းချန် မကောင်းဆိုးဝါးအိုကြီးသည် ခုခံနိုင်စွမ်းကင်းမဲ့ကာ သူ၏ခန္ဓာကိုယ်နှင့် ဝိညာဉ်သည် လုံးဝ ပျက်စီးသွားခဲ့ချေပြီ။
သူခုနက ပြောခဲ့သော စကားများကို ထျန်းဝိန့်ဘိုးဘေးတင်မက အခြားဘိုးဘေးများအားလုံး ရှုံ့ချခဲ့ကြသည်။
“ဟမ် ၊ ဟာသပဲ “
“ မဟာဧကရာဇ်မင်း လေးဦိးမပြောနဲ့ ဆယ်ဦးရှိတောင် ဘာဖြစ်လဲ “
ထျန်းဝိန့်ဘိုးဘေးသည် စူးချန်ကဲ ထွက်ခွာရာ လမ်းကြောင်းကို လှမ်းကြည့်လိုက်ရင်း ယုံကြည်မှုအပြည့်ရှိနေသည့် လေသံဖြင့် ဆိုလိုက်သည်။
“ဒီခေတ်မှာ စူးချန်ကဲဟာ တိုက်မြေ သုံးထောင်ရဲ့ သမိုင်းကို ကျော်လွန်းပြီး တိုက်မြေသုံးထောင်ရဲ့....”
“ ထာဝရ ပထမဆုံးသော ဧကရာဇ်တစ်ပါး ဖြစ်လာလိမ့်မယ်!”
( T/N- ထာဝရ - သမိုင်းတွင် အမြဲတမ်းတွင်ကျန်ရစ်မည့် သဘောတရား ၊
တရုတ်နဲ့ မြန်မာ ဘာသာစကား ကွာဟချက်ကြောင့် တိုက်ရိုက်ပြန်ရင် နားမလည်မှာဆိုးလို့ ခက်ဆစ်ဖွင့်ပြီး ကြားထဲကနေ ဖော်ပြပေးသွားပါ့မယ် )
………
ဝုန်း !!
နောက်ဆုံးသော ဧကရာဇ်လျှောက်လှမ်း ၊ ပရမ်းပတာ လျှပ်စီးမိုးကြိုးပင်လယ်ရှိရာ အရပ်။
ကောင်းကင်နှင့် မြေကြီးတခွင်၌ မြေကြီးကွဲအက်သွားသည့် နောက်ထပ် ဟောက်သံတစ်ခု ထွက်ပေါ်လာသည်။
လှိုင်းတံပိုးများသည် အစစ်အမှန်အဖြစ် ပြောင်းလဲသွားပြီး ကွက်လပ်အတွင်း၌ ရိုက်ခတ်ခဲ့လေရာ ဟင်းလင်းပြင်မျက်နှာပြင်တစ်ခုလုံးကို ကွဲအက်သွားစေခဲ့သည်။
လက်သီး၏ ထိုးနှက်မှုအောက်တွင် ၊
ဝမ်ချင်ထျန်း နှင့် အခြားသော စွမ်းအားရှင် ငါးဦးတို့သည် ကြယ်အပျက်အစီးများနှင့်ထိမှန်ပြီး ၎င်းတို့၏ တိုက်ခိုက်ရေးစွမ်းရည်များလည်း ဆုံးရှုံးသွားခဲ့ချေပြီ။
“ အခု မင်းတို့ကောင်တွေရဲ့အလှည့်ပဲ....”
စူးချန်ကဲသည် မကောင်းဆိုးဝါးမျိုးနွယ်ဝင် ဆယ့်လေးဦးကို ကိုင်တွယ်ဖြေရှင်းရန် ရှာကြည့်လိုက်စဉ် ၊
ဘုန်း ! !
မိုးကုပ်စက်ဝိုင်းမှ ။
ကြောက်မက်ဖွယ်ကောင်းသော နတ်အလင်းတန်းလေးခုသည် စကြဝဠာထဲသို့ ပစ်ခွင်းဝင်ရောက်လာခဲ့သည်။
ငရဲမှ သက်ဆင်းလာသော ရောင်ဝါကဲ့သို့ အလင်းတန်းလေးခုသည် အရပ်ရှစ်မျက်နှာတစ်ခွင် ပျံ့နှံ့သွားသည်။
တစ်ချိန်တည်းမှာပင်။
အဆိုပါနတ်အလင်းတန်းလေးခုနှစ်အတူ ကြောက်မက်ဖွယ်ကောင်းသော ရုပ်သွင်လေးခုသည် ထိုနေရာမှ တဖြည်းဖြည်း ထွက်ပေါ်လာသည်။
တချက်လှုပ်ရှားလိုက်ရုံဖြင့် ဤကမ္ဘာကြီးတစ်ခုလုံးကို ဖြိုချပစ်နိုင်စွမ်းရှိပုံပေါ်သည်။
“ဒါက.....!!??”
တခဏအတွင်း ။
ကြီးကျယ်ခမ်းနားသော ဧကရာဇ်ဖိနှိပ်မှုကို ခံစားလိုက်ရသော ပါရမီရှင်တို့သည် မျက်မှောင်ကြုတ်သွားပြီး ၊ ၎င်းတို့၏ စိတ်နှလုံးသားတစ်ခုလုံး ထိတ်လန့်တုန်လှုပ်ခဲ့ရသည်။
ခန္ဓာကိုယ်များသည်ပင် ထိန်းမနိုင်သိမ်းမရ တုန်ရီနေသည်။
ကောင်းကင်နှင့်နေကိုပင် ဖုံးလွှမ်းထားနိုင်သော ဤမျှ ကြီးကျယ်ခမ်းနားသော တန်ခိုးစွမ်းအားသည် မဟာဧကရာဇ်မင်းကလွဲလို့ မည်သူရှိနိုင်ဦးမည်နည်း။
“မဟာဧကရာဇ်မင်း လေးဦး!”
“အမ်...ဧကရာဇ်လျှောက်လှမ်းမှာ မဟာဧကရာဇ်မင်းနဲ့ သူ့အထက်ကလူတွေကို ဝင်ခွင့်မပြုဘူး မဟုတ်လား!”
ပါရမီရှင်တစ်ဦးသည် မိမိ၏ နှလုံးသားကို မမြင်နိုင်သော လက်တစ်စုံက ဖျစ်ညှစ်ထားသကဲ့သို့ ခံစားလိုက်ရပြီး အင်အားအပြည့်ဖြင့် အော်ဟစ်လိုက်သည်။
“ဒါပေမယ့် သူတို့က ဘယ်လိုလုပ်ပြီးဝင်လာတာလဲ!”
တစ်ချိန်တည်းမှာပင်။
ချီရွှမ် စစ်မှန်သူဆရာသခင် အပါအဝင် ဧကရာဇ်လျှောက်လှမ်းကို စောင့်ကြည့်သူများကလည်း ဤမြင်ကွင်းကို သတိထားမိခဲ့ကြသည်။
“ မဟာဧကရာဇ်မင်း..?”
“ဒီကောင်တွေက ဘာလှည့်ကွက်တွေ ကစားနေပြန်တာလဲ...?”
“ စောနကရောင်ဝါကို အာရုံခံကြည့်ရင် ၊ ဒီမကောင်းဆိုးဝါးအုပ်စုက သူတို့လေးယောက်ကို မဟာဧကရာဇ်မင်း နယ်ပယ်အဆင့်အထိ အတင်းအကျပ် မြှင့်တင်ဖို့ ကိုယ့်ကိုယ််ကို စတေးတဲ့လျို့ဝှက်နည်းကို အသုံးပြုခဲ့ပုံရတယ်”
“ဟင့်အင်း၊ ဒါက စည်းမျဥ်းစည်းကမ်းနဲ့ ဆန့်ကျင်နေတယ်၊ ငါတို့ ဝင်စွက်ရမယ်!”
ဧကရာဇ်လျှောက်လှမ်း၏ စောင့်ကြည့်သူများသည် ထိုကိစ္စကို ဝင်ရောက်စွက်ဖက်တော့မည်ဖြစ်သော်လည်း ချီရွှမ် စစ်မှန်သူဆရာသခင်၏ တားဆီးခြင်းကိုခံခဲ့ရသည်။
“ မကောင်းဆိုးဝါး ကောင်တွေက စည်းမျဥ်းရဲ့ ဟာကွက်ကို အသုံးချခဲ့တယ်လို့ ဆိုရမှာပဲ”
“ပြီးတော့ ဒီလူတွေက စည်းကမ်းကို တကယ်ဖောက်ဖျက်ခဲ့ရင် ဧကရာဇ်လျှောက်လှမ်းရဲ့ စည်းမျဉ်းတွေက သူတို့ကို အလိုအလျောက် ဖိနှိပ်လိမ့်မယ် “
ချီရွှမ် စစ်မှန်သူဆရာသခင် က ဆိုလိုက်သည်။
“အခုတော့ ဧကရာဇ်လျှောက်လှမ်းရဲ့ စည်းမျဉ်းတွေက ပြောင်းလဲမှုမရှိဘူး ၊ ဆိုလိုတာက ဒီလုပ်ရပ်ကို တိတ်တဆိတ် သဘောတူထားတယ်ဆိုတာ ထင်ရှားတယ် “
ဧကရာဇ်လျှောက်လှမ်း၏ စောင့်ကြည့်သူများ အားလုံး မျက်မှောင်ကြုတ်သွားကြသည်။
သူတို့အားလုံးသည် ချီရွှမ် စစ်မှန်သူဆရာသခင်ကို ပဟေဠိဖြစ်စွာဖြင့် ကြည့်နေကြပြီး ၊ ၎င်း၏ဆိုလိုရင်းကို နားမလည်ကြပေ။
သို့သော် ချီရွှမ် စစ်မှန်သူဆရာသခင်သည် ဂရုမစိုက်ဟန်ဖြင့် ရှိနေသည်။
သူသည် စူးချန်ကဲရှိရာ ဦးတည်ရာကို ကြည့်ရင်း သူ့ကိုယ်သူ ရေရွတ်လိုက်သည်။
“ဒီအကျပ်အတည်းကို မဖြေရှင်းနိုင်ခဲ့ရင်...”
“ ဧကရာဇ်လျှောက်လှမ်းရဲ့ အဆုံးသတ်မှာ ရှိတဲ့ အတားအဆီးတွေကို ဘယ်လိုချိုးဖျက်ပြီး ...ဧကရာဇ်လျှောက်လှမ်းမှာရှိတဲ့ သက်ရှိအပေါင်းကို လွတ်မြောက်အောင် ဘယ်လိုလုပ်စွမ်းဆောင်နိုင်မှာလဲ....”
…….
တစ်ချိန်တည်းမှာပင်။
ဧကရာဇ်တန်ခိုးစွမ်းအားလေးမျိုးသည် ပိုပို၍ အားကောင်းလာသည်။
၎င်းတို့သည် အဆုံးမရှိသော နိယာမစည်းမျဉ်းများမှ ဖြည်းညှင်းစွာ ထွက်လာခဲ့ကြသည်။
၎င်းတို့ ထွက်လာသည့် အခိုက်အတန့်မှာပင် ၊
ဘုန်း ! !
လွန်စွာကြီးကျယ်ခမ်းနားသော ဧကရာဇ်တန်ခိုးစွမ်းအား လိုင်းလုံးကြီးသည် ကောင်းကင်နှင့်မြေကြီးကြား ရုတ်ချည်း ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။
၎င်းတို့လေးဦးကို ဗဟိုပြုလျက် ၊ ဟင်းလင်းပြင် မျက်နှာပြင်တစ်ခုလုံးသည်ပင် အနည်းငယ် ရွဲ့စောင်းသွားပြီး အာကာသအပိုင်းအစများ လွင့်ထွက်သွားသည်။
အဆုံးတွင် ၊ ကြောက်ခမန်းလိလိ လေပြင်းမုန်တိုင်းကြီးသည် ကောင်းကင်သို့ ဖြတ်ကျော်ဝင်ရောက်လာခဲ့ပြီဖြစ်သည်။
မဟာလမ်းစဉ်များ ဟောက်သံပြုလျက် ၊ မှော်သင်္ကေတများ ထကြွလှုပ်ရှားနေလေ၏ ။
မဟာဧကရာဇ်မင်း ကြွရောက်လာမှုအပေါ် ၎င်းတို့သည် ဝမ်းမြောက်နေကြပုံရသည်။
“မဟာဧကရာဇ်မင်း လေးဦး...! !!?”
ထိုအခိုက်အတန့်တွင် ၊
ဧကရာဇ်လျှောက်လှမ်းပေါ်ရှိ ပါရမီရှင်တိုင်း ထိုမြင်ကွင်းကို ရှင်းရှင်းလင်းလင်း တွေ့မြင်ခဲ့ကြသည်။
မဟာဧကရာဇ်မင်းနှင့် ဧကရာဇ်တစ်ပိုင်း အဆင့်ရှိ ကွာဟချက်သည် စမ်းချောင်း နှင့် မြစ်တစ်စင်း ကွာခြားသလိုပင်။
နှိုင်းယှဉ်စရာ လုံးဝမှ မရှိ။
ဤနေရာသို့ မဟာဧကရာဇ်မင်း လေးဦးတောင် ဆင်းသက်လို့လာချေပြီ။
“ဒီ မဟာဧကရာဇ်မင်း လေးဦိးက ချန်ကဲ ဆက်ခံသူကို ဦးတည်နေသလိုပဲ!”
လီဟောက်ထျန်း နှင့် ကွေးယွမ်သူတော်စင်နယ်မြေရှိ သူ့နောက်လိုက်များ၏ အမူအရာများသည် သိသိသာသာ ပြောင်းလဲသွားကြသည်။
“ ငါတို့ ချန်ကဲ ဆက်ခံသူကို ကူညီရမယ်!”
“ ချန်ကဲကို ယုံကြည်လိုက်ပါ “
ထိုအချိန် ၊ အေးစက်သော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
အသံပိုင်ရှင်မှာ လော့ရန်ယွီပင်။
ဤအခိုက်အတန့်တွင်၊ သူမသည် ဧကရာဇ်မင်း၏တန်ခိုးစွမ်းအားကြောင့် ပျက်စီးသွားသော ကောင်းကင်ကို စိုက်ကြည့်နေသည်။
သူမ၏ မျက်ဝန်းအစုံတွင် စိုးရိမ်နေသော အရိပ်အယောင်များ ရှိသော်လည်း၊ သို့သော် ခိုင်မာပြတ်သားသော ဆုံးဖြတ်ချက်က ပို၍ပြင်းထန်သည်။
“ မဟာဧကရာဇ်မင်း လေးဦးနဲ့ ရင်ဆိုင်ရမယ်ဆိုတောင်…”
“ ချန်ကဲ က... ဒီကမ္ဘာကြီးမှာ တုနှိုင်းမဲ့ပုဂ္ဂိုလ်တစ်ဦး ဖြစ်နေဦးမှာပဲ!”
အပိုင်း(၄၆၂): သူတစ်ယောက်တည်းနဲ့ မဟာဧကရာဇ်မင်း လေးဦိးကို တိုက်ခိုက်သည်
တစ်ချိန်တည်းမှာပင်။
ပရမ်းပတာ လျှပ်စီးမိုးကြိုးပင်လယ် တည်ရှိရာနေရာ၌ ၊
အဆိုပါ ဧကရာဇ်တန်ခိုးစွမ်းအား၏ ထွက်ပေါ်လာမှုကြောင့် လျှပ်စီးကြောင်းများသည် အဆက်မပြတ် ပြိုကွဲသွားရာမှ တစ်ဖန်ပြန်လည်ဖွဲ့စည်းခဲ့သည်။
ထို့နောက် ၊ မိုးကြိုးသွားများဖြင့် ဖွဲ့စည်းထားသော ကြီးမားသောမုန်တိုင်းတစ်ခု ဖြစ်လာခဲ့ပြီး စကြာဝဠာ တစ်ခုလုံးကို မွှေနှောက်တိုက်ခတ်လေတော့သည်။
“ စူးချန်ကဲ မင်း ရပ်သင့်ပြီ”
ထိုအချိန်တွင်၊ မဟာဧကရာဇ်မင်း လေးဦးသည် ကောင်းကင်ယံမှ ဖြည်းညှင်းစွာ ဆင်းသက်လာခဲ့သည်။
၎င်းတို့၏ရောင်ဝါများသည် သိပ်မပြင်းထန်သော်လည်း သို့သော် သူတို့ထဲကတစ်ဦး၏ ရောင်ဝါသည် သတ္တမအဆင့် ရှိပေသည်။
အပိုစကားများ ပြောရန် ပျင်းလွန်းသဖြင့်၊ ၎င်းတို့လေးဦးသည် မဟာဧကရာဇ် ဓမ္မကာယကိုယ်ထည်လေးခုဖြင့် အတူတကွ ပေါ်ထွက်လာကြသည်။
ခမ်းနားထည်ဝါသော မကောင်းဆိုးဝါးစွမ်းအင်နှင့် ပရမ်းပတာအလင်းတို့သည် အရပ်ရှစ်မျက်နှာတစ်ခွင်လုံးကို ရောင်ပြန်ဟပ်နေပြီး ၊ အချိန် - အာကာသတို့၌ ကမောက်ကမဖြစ်ကာ ကောင်းကင်နှင့် မြေကြီးတို့သည်ပင် ငိုကြွေးနေလေ၏။
ဝုန်း !!
သူတို့လေးဦးသည် စူးချန်ကဲနှင့် တစ်ယောက်ချင်း တိုက်ခိုက်ရန် စိတ်ကူးမရှိပေ။ ယင်းအစား အတူတကွလက်တွဲကာ စူးချန်ကဲအား သတ်ပစ်ရန် ရွေးချယ်ခဲ့ကြသည်။
“ တိုက်တာပေါ့ !”
ထိုမြင်ကွင်းကို ကြည့်ရှုနေသော စူးချန်ကဲသည် တုန်လှုပ်ချောက်ချားခြင်း မရှိသည့်အပြင် သူ့နောက်တွင် အနှိုင်းမရှိသော ရောင်ဝါတစ်ခု ထွက်ပေါ်လာခဲ့သည်။
သူ စုစည်းထားခဲ့သော ဧကရာဇ်အလိုဆန္ဒများသည် ဤအခိုက်အတန့်တွင် ဟောက်သံပြုနေကြသည်။
“ကောင်းကင်ကို မြှုပ်နှံခြင်း!”
ထျန်းဝူ အမည်ရှိ မကောင်းဆိုးဝါးမျိုးနွယ်ဝင် နဝမအဆင့် မဟာဧကရာဇ်မင်းတစ်ပါးက အော်ဟစ်လိုက်သည်။
ထျန်းဝူ မဟာဧကရာဇ်မင်းက ဦးဆောင်ပြီး လက်သီးဖြင့် ထိုးနှက်လာခဲ့သည်။
ဘုန်း !!
ကြောက်မက်ဖွယ်ရာကောင်းသော နတ်အလင်းလှိုင်းသည် တဟုန်းဟုန်းတောက်နေသော မကောင်းဆိုးဝါးစွမ်းအင်များကို ဆောင်ကျဉ်းလျက် ပြေးဝင်လာခဲ့သည်။
ထိုအရာကို မြင်သည့်တိုင်အောင် ၊ စူးချန်ကဲသည် တွန့်ဆုတ်သွားခြင်းမရှိဘဲ လက်သီးကို တင်းကျပ်စွာဆုပ်လျက် သူ့ခွန်အားများကို စုဆောင်းထားခဲ့သည်။ အချိန်-အာကာသဆိုင်ရာ မှော်သင်္ကေတများက သူ၏ ဘေးပတ်ပတ်လည်တွင် တသိမ့်သိမ့် ရိုက်ခတ်လျက်လှုပ်ရှားနေသည်။
ထိုစဉ် !
လက်သီး အချင်းချင်း ထိပ်တိုက် ဆုံတွေ့ခဲ့ကြသည်။
အရာအားလုံးကို ဖျက်ဆီးနိုင်စွမ်းရှိသော ကြောက်မက်ဖွယ်ရာ လှိုင်းတံပိုးများ လွင့်စင်သွားပြီး ၊ ၎င်း၏သက်ရောက်မှုသည် မိုင်ထောင်ပေါင်းများစွာ အကွာတွင် ရှိနေသော ပါရမီရှင်များကိုပင် ကြောက်ရွံ့တုန်လှုပ်သွားစေခဲ့သည်။
“မဟာဧကရာဇ်မင်း လေးဦိးရဲ့ ဝိုင်းရံမှုနဲ့... စူးချန်ကဲမှာ အန္တရာယ်ရှိနေပြီ!”
ဧကရာဇ်တစ်ပိုင်းအဆင့် နှင့် စစ်မှန်သောဧကရာဇ်ကြားက ကွာဟချက်သည် အလွန် ကြီးမားပေသည် ။ စူးချန်ကဲ ကဲ့သို့သော လူငယ်တားမြစ်ချက်များပင်လျှင် ယှဉ်ပြိုင်ရန် ခဲယဉ်းပေလိမ့်မည်။
အခြားသော မဟာဧကရာဇ်သုံးဦးတို့သည်လည်း အတူတကွ ဝင်ရောက်စွက်ဖက်ခဲ့ကြသည်။ ကြီးကျယ်ခမ်းနားသော မကောင်းဆိုးဝါးစွမ်းအားများဖြင့် ဖွဲ့စည်းထားသော ရောင်စုံငါးသွယ်သည် ကွက်လပ်ထဲသို့ ဖြတ်ကျော်ဝင်ရောက်လာခဲ့သည်။
ဒုန်း၊ ဒုန်း၊ ဒုန်း! !
ဝုန်း ဝုန်း ! !
လူငါးဦး တိုက်ခိုက်နေသည့်နေရာကို ဗဟိုပြုလျက် ၊ အပျက်သဘောဆောင်သော လှိုင်းတံပိုးများ ရိုက်ခတ်သွားလေရာ မိုင်ပေါင်းများစွာ ဝေးကွာသော ဟင်းလင်းပြင်အတွင်းရှိ အရာအားလုံးကို တိုက်ရိုက် ပျက်သုန်းစေခဲ့ပြီး ပြာအဖြစ်သို့ ပြောင်းလဲသွားစေခဲ့သည်။
မိုင်ပေါင်းသောင်းနှင့်ချီဝေးကွာသော အရပ်ထိတိုင် လွှမ်းမိုးနိုင်သော စွမ်းအားအတတ်အကျသည် လူကို မွန်းကြပ်စေသည်။
ပေါက်ကွဲမှုတစ်ခုပြီးတိုင်း၊ ဟင်းလင်းပြင် ကွက်လပ်တွင် အက်ကြောင်းများ မရေမတွက်နိုင်အောင် ဖြစ်ပေါ်ခဲ့သည်။
မှော်သင်္ကေတများ တဟုန်းဟုန်းတောက်လောင်လာပြီး ဧကရာဇ်တန်ခိုးစွမ်းအားများသည် နေရာတစ်ခုလုံးကို လွှမ်းခြုံသွားသည်။
“ ကောင်းကင်လမ်းစဉ် အာဏာစက်ဓား ၊ လာစမ်း!”
ရုတ်တရက်။
မိုးခြိမ်းသံများ အဆုံးမရှိထွက်ပေါ်လာခဲ့သည်။
ဝုန်း ! !
တခဏချင်းမှာပင်၊ ကမ္ဘာကြီးကို ဖျက်စီးနေသော မိုးကြိုးကပ်ဘေးကဲ့သို့ လျှပ်စီးများ ဝင်းလက်လာလေသည်။
၎င်းတွင် ကောင်းကင်လမ်းစဉ်၏ တန်ခိုးစွမ်းအားများ ပါဝင်နေပြီး အရာအားလုံးကို ဖျက်ဆီးပစ်တော့မည်ဟု ကြွေးကြော်နေသလိုပင်။
၎င်းတို့အနက်မှ ဝတ်ရုံဖြူ အသွင်ပုံရိပ်သည် အဖျက်စွမ်းအား အလင်းများကို အဆုံးမရှိ ထုတ်လွှတ်နေသော ဓားတစ်လက်ကို ကိုင်ဆောင်ထားသည်။
“နိဗ္ဗာန်န ဓား!”
“တားမြစ် ဓားအတတ် ၊ ထာဝရကောင်းကင်ဘုံတံခါး ထွက်ပေါ်ခြင်း!”
“ ပျက်သုန်းခြင်းနှင့် နိတ္ထိ ဓားအစီအရင် !”
“ သံသရာစက်ဝန်း တံခါး ၊ ဖွင့်!”
……..
ဤတစ်ကြိမ်တွင် စူးချန်ကဲသည် သူတော်စင်ကိုယ်ထည် အုပ်စိုးရှင်ဘုရင်လေးမျိုးစလုံးကို အသက်သွင်းခဲ့ပြီး ၊ သူတော်စင် ခန္ဓာကိုယ်များ၏ တိုက်တွန်းမှုအောက်တွင် သူ့ခန္ဓာကိုယ်အတွင်းရှိ စွမ်းအားများစွာကို ထုတ်လွှတ်လိုက်သည်။
သူ၏ လှုပ်ရှားမှုတိုင်းက ပြင်းထန်းလွန်းလှသည်။
ပြင်ပကမ္ဘာတွင် ၊ မဟာဧကရာဇ်မင်းတို့ကို သတ်ဖြတ်ရန် ဓားသေတ္တာကိုးလက်ကို အားကိုးနိုင်သေးသည်။
သို့သော် ယခုတစ်ခေါက် ဧကရာဇ်လျှောက်လှမ်းတွင် သူသည် ၎င်း၏စွမ်းအားကို လုံးဝအသုံးမပြုနိုင်ချေ။
ထို့ကြောင့် မဟာဧကရာဇ်မင်း လေးဦးကို တိုက်ခိုက်ရန် သူ၏ ကိုယ်ပိုင်ခွန်အားကိုသာ အားကိုးရပေမည်။
ဘုန်း ဘုန်း —!!
စူးချန်ကဲ၏ ဘေးပတ်ပတ်လည်တွင် အဆုံးမရှိသော ဓားအလင်းများက ဆက်လက် တောက်လောင်နေခဲ့သည်။
လူတိုင်း ထိုမြင်ကွင်းကို ကြောင်တက်တက်ဖြင့် စိုက်ကြည့်နေသည်။
မိုးခြိမ်းသံများက အဆက်မပြတ်ညံလျက် ၊ ဓားအလင်းများက အဆုံးမရှိပေ။
ဧကရာဇ်တစ်ပိုင်းသည် မဟာဧကရာဇ်မင်းလေးဦးနှင့် အပြင်းအထန်တိုက်ခိုက်နေသည်။
ဤသည်မှာ တိုက်မြေ သုံးထောင်၏ သမိုင်းတွင် မကြုံစဖူးသော ဖြစ်ရပ်တစ်ခုသာပင်။
“ဒါလား... ကွေးယွမ် သူတော်စင် နယ်မြေရဲ့ ချန်ကဲ ဆက်ခံသူဆိုတာ...?”
လူတိုင်း ကြောက်ရွံ့နေကြသလို တစ်ချိန်တည်းမှာပင် ဖြူစင်သော ကြည်ညိုလေးစားမှုများလည်း ဖြစ်ပေါ်လာခဲ့သည်။
အကယ်၍ မဟာဧကရာဇ်မင်းလေးဦး အတူတကွလက်တွဲ၍ တိုက်ခိုက်နေသူမှာ ကိုယ်သာ ဖြစ်ခဲ့မည်ဆိုပါက ၊
ပထမတိုက်ခိုက်မှုမှာတင် သူတို့သည် သေဆုံးသွားနိုင်သည်။
ဤခရီးစဉ်တစ်လျှောက် စူးချန်ကဲသည် မရေမတွက်နိုင်သော တိုက်ပွဲများကို ကြုံတွေ့ခဲ့ရသည်။
ဤအခြေအနေအရ ၊ စူးချန်ကဲသည် မဟာဧကရာဇ်မင်း အဆင့်အတန်းကို ရရှိခဲ့မည်ဆိုတောင် သူသည် အနာဂတ်တွင် တိုက်ပွဲဝင်ရပေဦးမည်။
မရေမတွက်နိုင်သော အင်အားကြီးသူများ တယောက်ပြီးတယောက် ပေါ်ထွက်လာဦိးမည်ပင်။
“ စူးချန်ကဲ... ဒီကပ်ဆိုးကြီးကနေ ရှင်သန်နိုင်ပါ့မလား...?”
ဘုန်း ! !
ပရမ်းပတာ လျှပ်စီးမိုးကြိုးပင်လယ်ပြင် ဧရိယာတွင် ရုတ်တရက် ကြောက်မက်ဖွယ်ကောင်းသော မုန်တိုင်းကြီးတစ်ခု ထွက်ပေါ်လာပြီး ပရမ်းပတာဖြစ်စေခဲ့သည်။
ပြင်းထန်သော စွမ်းအားတစ်ခုသည် နိယာမတရား၏ အငွေ့အသက်များမှ တိုက်ရိုက် ထွက်ပေါ်လာပြီး ဝတ်ရုံဖြူ အသွင်ပုံရိပ်ကို ထိုးနှက်ခဲ့လေသည်။
မူလက ထုံးဖွဲ့ထားသော ဆံနွယ်များသည် ပြင်းထန်သော တိုက်ပွဲကြောင့် ပြန့်ကျဲသွားခဲ့သည်။
ယခုအချိန်တွင် သူ၏ခန္ဓာကိုယ်သည် ဒဏ်ရာများစွာဖြင့် ဖုံးလွှမ်းနေပြီး သူ၏အဝတ်အစားပေါ်တွင် သွေးများစွန်းထင်းလို့နေသည်။
စူးချန်ကဲ ၊ အမှန်တကယ်ပင် ဒဏ်ရာရရှိခဲ့သည်!
“ဟား... ရှုံးပွဲမရှိလို့ ချီးကျူးခံထားရတဲ့ ဒဏ္ဍာရီလာ ပုဂ္ဂိုလ်လည်း ဒဏ်ရာရတတ်တာပဲ “
မကောင်းဆိုးဝါးမျိုးနွယ်ဝင် မဟာဧကရာဇ်မင်း လေးဦိးသည် ဖြည်းဖြည်းချင်း ထွက်ပေါ်လာခဲ့သည်။ ၎င်းတို့၏ ရောင်ဝါမှာလည်း ယခုအခိုက်အတန့်တွင် အားနည်းနေပုံရပြီး ၎င်းတို့သည်လည်း ဒဏ်ရာဒဏ်ချက်များစွာ ရရှိထားသည်။
သို့သော်၊ စူးချန်ကဲသည် အတော်လေး သန်မာသည်ဟု ဆိုရပေမည်။
ပျက်သုန်းခြင်းနိယာမတရားများကို လျစ်လျူရှုနိုင်သော ရန်သူ၏ ဧကရာဇ်ကိုယ်ထည်ပင်လျှင် ဓားချက်များစွာ ခုတ်ပိုင်းခံခဲ့ရသည်။
ဤသည်မှာ တိုက်မြေသုံးထောင်ရှိ လူများပင် မတွေးဝံ့သော အရာဖြစ်သည်။
ဆိုရိုးစကားအတိုင်း ၊ မဟာဧကရာဇ်မင်း၏ လက်အောက်ခံလူတိုင်းသည် ပုရွက်ဆိတ်အဆင့်သာပင်။
သို့သော် ဧကရာဇ်တစ်ပိုင်းအဆင့်သာ ရှိသေးသော စူးချန်ကဲသည် မဟာဧကရာဇ်မင်းလေးဦးကို တိုက်ခိုက်နိုင်ခဲ့ပြီး ၎င်းတို့ကို ဒဏ်ရာရစေခဲ့သည်။
ထိုမြင်ကွင်းကိုမြင်ပြီး ၊ စူးချန်ကဲသည် ခပ်ဖျော့ဖျော့ ပြုံးနေလေ၏။
သူသည် ဓားကို ဆုပ်ကိုင်လိုက်ပြီး ခန္ဓာကိုယ်ကို တည့်မတ်လိုက်သည်။ သူ၏အသွင်အပြင်သည် ယခင်လို မောက်မာနေဆဲပင် ဖြစ်သည်။
သို့သော် သူ၏ဝတ်ရုံအဖြူထည်သည် သွေးများဖြင့် စွန်းထင်းနေသည်။
ကြည့်ရှုသူများပင်လျှင် မယုံကြည်နိုင်လောက်သော အကြည့်များဖြင့် မျက်လုံးများ ပြူးကျယ်သွားကြသည်။
တုနှိုင်းမဲ့သူအဖြစ် ချီးကျူးခံထားရသော စူးချန်ကဲသည် ယနေ့တွင် အမှန်တကယ်ပင် ဒဏ်ရာရရှိသွားခဲ့သည်။
အဝေးတစ်နေရာတွင် ၊
စူးချန်ကဲ၏နောက်လိုက်များသည် ထိုမြင်ကွင်းကို ကြည့်ရင်း ကူကယ်ရာမဲ့စွာ မျက်ရည်များဝဲတတ်လာခဲ့သည်။
ဤခရီးစဉ်တစ်လျှောက်တွင်် စူးချန်ကဲသည် မည်မျှအင်အားကြီးမားသောရန်သူနှင့် ရင်ဆိုင်ခဲ့ရပါစေ ၊ သူ၏ အဖြူထည်ဝတ်ရုံသည် အမြဲတမ်း အညစ်အကြေးကင်းစင်ခဲ့ပြီး သူ၏ထူးကဲသော အသွင်အပြင်ကို ပြသခဲ့သည်။
ယခုမူ၊ နှင်းများကဲ့သို့ ဖြူဖွေးသောအဝတ်အစားများသည် သွေးနီရောင်များဖြင့် ဆေးခြယ်ခံထားရပြီး ၊ သူတစ်ကိုယ်လုံးဒဏ်ရာများဖြင့် ပြည့်နှက်နေသည်။
ဧကရာဇ်တစ်ပိုင်း အဆင့် နှင့် မဟာဧကရာဇ်မင်းတို့ကြားက ကွာဟချက်သည် လွန်စွာကြီးမားပေသည်။
ထိုနေရာတွင် တခြားပါရမီရှင်များသာ ဖြစ်ခဲ့လျှင်ဖြင့် ၊ မဟာဧကရာဇ်မင်း လေးဦး၏ ဝင်ရောက်စွက်ဖက်မှုသည် သူတို့၏ ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်များကို တခဏအတွင်း ဖျက်စီးခံရမည်ကို စိုးရိမ်မိသည်။
မဟာဧကရာဇ်မင်း နှစ်ဦးဆိုလျှင်ပင် စူးချန်ကဲအနေဖြင့် အသာစီးရနိုင်သော်လည်း ၊ မဟာဧကရာဇ်မင်း လေးဦး၏ ပူးပေါင်းတိုက်ခိုက်မှုကို ခုခံရန်ခက်ခဲပေလိမ့်မည်။
“အင်း... ဒီတစ်ခါတော့ စူးချန်ကဲ ကျော်သွားဖို့ခက်လိမ့်မယ်....”
ကြည့်ရှုသူ လူအုပ်ကြီးသည် ကူကယ်ရာမဲ့စွာ ဝမ်းနည်းပူဆွေးရုံသာ တတ်နိုင်ခဲ့သည်။
“ဒါပေမဲ့ စူးချန်ကဲရဲ့ စွမ်းဆောင်ချက်က ပြည်သူတွေကြား နှစ်သန်းပေါင်းများစွာ လက်ဆင့်ကမ်းဖို့ ထိုက်တန်ပါပေတယ် “
“ဟုတ်တယ်... သူ မဟာဧကရာဇ်မင်း မဖြစ်လာခင်မှာပဲ မဟာဧကရာဇ်မင်း လေးဦးကို တိုက်ခိုက်ခဲ့ပြီး ရာနဲ့ချီတဲ့ တိုက်ပွဲတွေကို ရှုံးပွဲမရှိ ဆင်နွှဲနိုင်ခဲ့တယ်”
“ဒီလိုလုပ်နိုင်တဲ့ ပုဂ္ဂိုလ်မျိုးရှိဖူးတယ်လို့... နှစ်ဘီလီယံနဲ့ချီပြီး...တခါမှကို မကြားဖူးဘူး ...”
တစ်ချိန်တည်းမှာပင် ၊ သူတို့စိတ်ထဲ သိချင်ခဲ့မိသည် ။
အကယ်၍ စူးချန်ကဲသာ မဟာဧကရာဇ်မင်းတစ်ပါး ဖြစ်လာခဲ့လျှင်ဖြင့် ၊ သူသည် မည်မျှကြောက်ဖို့ကောင်းလိုက်မည်နည်း။
သူသည် ထာဝရ ပထမဆုံးသောဧကရာဇ်တစ်ပါး ဖြစ်လာမည်ကို ကြောက်မိသည် ။
( T/N- ထာဝရ - သမိုင်းတွင် အမြဲတမ်းတွင်ကျန်ရစ်မည့် သဘောတရား )
“ စူးချန်ကဲ မင်းက တကယ်ကို သန်မာပါတယ်”
သတ္တမအဆင့်ရှိ မဟာဧကရာဇ်မင်းက ရှေ့သို့ ခြေတစ်လှမ်းတိုးလာရင်း ဆိုလိုက်သည်။
“စည်းကမ်းနဲ့ သတ်မှတ်လို့မရနိုင်လောက်အောင် သန်မာလွန်းတယ်”
“ဒါပေမယ့် မင်းရဲ့ ကန့်သတ်ချက်က ဒီအထိပဲ”
“အခု အဆုံးသတ်ဖို့ အချိန်တန်ပြီ “
ထိုစကားသံအပြီးတွင် ၊
မဟာဧကရာဇ်မင်း လေးဦိးသည် တစ်ချိန်တည်းမှာပင် စူးရှတောက်ပသောအလင်းရောင်များဖြင့် ပေါက်ကွဲထွက်လာကြသည်။
ဧကရာဇ်မင်း၏တန်ခိုးစွမ်းအားများသည် နေရာအနှံ့ လွှမ်းမိုးသွားသည် ။
၎င်းတို့၏ရောင်ဝါများသည်လည်း အရင်ထက် ပို၍မြင့်တက်လာခဲ့သည် ။
ဤသည်မှာ မဟာဧကရာဇ်မင်းသာလျှင် ပေါက်ကွဲနိုင်သော သီးသန့်နိယာမစည်းမျဉ်းများသာ ဖြစ်ပြီး ၊ အဆုံးစွန်သော ပေါက်ကွဲမှုတစ်ခု ဖြစ်ပေသည်။
အချိန်တိုအတွင်းမှာပင် ၊ ၎င်းတို့၏ကိုယ်ပိုင် ဧကရာဇ်အလိုဆန္ဒ နှင့် နိယာမတရားများကို စုစည်းခြင်းဖြင့် ၎င်းတို့၏ခွန်အားသည် နှစ်ဆတိုးလာခဲ့သည်။
အဆုံးစွန်သော ပေါက်ကွဲမှုနှင့်အတူ ၊ မကောင်းဆိုးဝါးမျိုးနွယ်ဝင် မဟာဧကရာဇ်မင်းများ၏ ရောင်ဝါများသည် အတူတကွ ပေါင်းစည်းသွားပြီး စကြဝဠာကြီးကို ဖျက်ဆီးပြီး သက်ရှိအားလုံးကို သုတ်သင်ပစ်နိုင်သော အရာတစ်ခုအဖြစ် သက်ဝင်လှုပ်ရှားလာခဲ့သည်။
ပြိုးပျက်စွာ တောက်ပနေသော အဆိုပါအဖျက်စွမ်းအား၏ အလင်းရောင်ရှေ့တွင် ၊ စူးချန်ကဲ၏ ရုပ်သွင်သည် ပို၍သေးငယ်နေပုံရသည်။
“ အဆုံးသတ် ဟုတ်လား...?”
“ ငါ စူးမျိုးရိုး တစ်သက်လုံး တိုက်ပွဲဝင်ခဲ့တာ...”
စူးချန်ကဲသည် ထိုစကားများပြောနေစဉ်အတွင်းမှာပဲ ၊ သူ၏လက်ထဲက ဓားသည် အလွန်တောက်ပသော နတ်အလင်းရောင်ကို ထုတ်လွှတ်လာခဲ့သည်။
ဓားသွားသံသည် တချွင်ချွင်ဖြင့် နေရာအနှံ့ပဲ့တင်ရိုက်ခတ်လို့ နေ၏။
သူသည် ဓားကို မြှောက်တင်လိုက်သည်။
“ငါ ဘယ်တုန်းကမှ မရှုံးဖူးဘူး “
သူ၏ နှုတ်ခမ်းထောင့်စွန်းတွင် သွေးများဖြင့် စွန်းထင်းနေပြီး ၊ သူသည် ဟစ်ကြွေးလိုက်သည်။
“ဒီတစ်ခါလည်း ခြွင်းချက်မဟုတ်ဘူး!”
“သတ်!”
အပိုင်း(၄၆၃): ဒိီခေတ်ရဲ့ ကံကြမ္မာ မဟာဧကရာဇ်မင်း ဖွားမြင်လာခဲ့ပြီ
ရွှမ်း!!
အထက်ကောင်းကင်ယံတွင် တွဲလောင်းရှိနေသော ဓားသည် လောကကြီးတစ်ခုလုံးကို ဖုံးလွှမ်းသွားသည်အထိ အရွယ်အစား ကြီးသထက်ကြီးမားလာခဲ့သည်။
ဓားစွမ်းအင်သည်လည်း အဆုံးစွန်ထိ ထွန်းလင်းတောက်ပလာသည်။
ဘုန်း ! !
တောက်လောင်နေသော ဓားစွမ်းအင်များ ထွက်ပေါ်လာသည့်အခိုက်တွင်၊ မကောင်းဆိုးဝါးမျိုးနွယ်ဝင် မဟာဧကရာဇ်မင်းလေးဦးတို့သည် ရှည်လျားသော ဓားစွမ်းအင်မြစ်တစ်စင်း စီးဆင်းဖြတ်သန်းသွားသည်ကို ရုတ်တရက် ခံစားလိုက်ရသည်။
အကယ်၍ သူတို့၏ခန္ဓာကိုယ်သည် လုံလောက်စွာ မသန်မာခဲ့ဘူးဆိုပါက ၊ အဆိုပါဓား၏ လက်အောက်တွင် သူတို့၏လက်တစ်ဖက် အဆုံးရှုံးခံရနိုင်သည်။
“ဒီကောင်လေး ဒီလောက်ထိပြင်းထန်တဲ့ စွမ်းအားတွေကို ထုတ်လွှတ်နိုင်ဦးမယ်လို့ မမျှော်လင့်ထားဘူး!”
“အတူတူ တိုက်ခိုက်ကြ!”
သတ္တမအဆင့်ရှိ မဟာဧကရာဇ်မင်းသည် အေးစက်စွာ အော်ဟစ်လိုက်သည်။
အခြားသော မဟာဧကရာဇ်မင်းသုံးဦး၏ အကူအညီဖြင့် ၊ ကြောက်မက်ဖွယ် စွမ်းအားများ တစ်ဖန် ထွက်ပေါ်လာခဲ့သည်။
“ မိစ္ဆာကိုးကောင် ကောင်းကင်ကိုမြှုပ်နှံခြင်း!”
ထိုအချိန် ။
လူလေးယောက်ဆီမှ ပရမ်းပတာ အလင်းတန်းများ ပွင့်ထွက်လာခဲ့ရာ ဟင်းလင်းပြင်သည်ပင် အနည်းငယ်ရွဲ့စောင်းသွားသည်။ ဤမျှပြင်းထန်သောစွမ်းအားများ ပေါက်ဖွားလာသည့် အခိုက်အတန့်မှာပင် မူလက ဟောက်သံပြုနေသော ဓားစွမ်းအင်များသည် ၎င်း၏စုပ်ယူခြင်းကို ခံလိုက်ရသည် ။
အင်အားကြီးမားသော ဧကရာဇ်တန်ခိုးစွမ်းအားများသည် အရပ်ရပ်သို့ ပျံ့နှံ့သွားပြီး ၊ ဧကရာဇ်လမ်းစဉ်ဆိုင်ရာ မှော်သင်္ကေတများဖြင့် ဖွဲ့စည်းထားသော ရှေးဟောင်း ယဇ်ပလ္လင်ကြီးသည် ဖြည်းညှင်းစွာ ထွက်ပေါ်လာခဲ့သည်။
ထိုယဇ်ပလ္လင်ပေါ်တွင် မကောင်းဆိုးဝါးအမတရှင် ပုဂ္ဂိုလ်ကိုးဦးရှိနေသကဲ့သို့ ကြီးကျယ်ခမ်းနားသော မကောင်းဆိုးဝါးစွမ်းအင်များ စီးဆင်းသက်ဝင်နေပြီး ဗလာနိတ္ထိဆိုင်ရာ မှော်သင်္ကေတများက ဟောက်သံပြုလို့နေသည်။
ဗလာနိတ္ထိသဘောဆိုင်ရာ လှိုင်းတံပိုးများ တလိပ်လိပ် ရိုက်ခတ်နေသည်မှာ အနီးနားရှိ နေရာလပ်များသည်ပင် အလွှာလိုက် ကွဲအက်သွားခဲ့ရပြီး လောကနိယာမစွမ်းအားများသည်လည်း ၎င်း၏တိုက်စားခြင်းကို ခံခဲ့ရသည် ။
“ထာဝရဓားထောင်!!”
စူးချန်ကဲသည် အားနည်းမှုကို မဖော်ပြဘဲ ကောင်းကင်လမ်းစဉ် အာဏာစက်ဓားကို မြှောက်တင်လိုက်သည်နှင့် ။
ဝုန်း !!
အဆုံးမရှိသော ဓားစွမ်းအင်များဖြင့် ပြည့်နှက်နေသော ကမ္ဘာတစ်ခုကို ဖွင့်လှစ်လိုက်သကဲ့သို့ပင် ဓားဆန္ဒများ တဟုန်ထိုး တတ်လာပြီး အဆုံးတွင် ဓားနှင့်သက်ဆိုင်သော လောကကြီးအဖြစ်သို့ ပြောင်းလဲသွားစေခဲ့သည်။
မရေမတွက်နိုင်သော ဓားအရိပ်များစွာ ဆင်းသက်လာပြီး ၊ ၎င်းတို့သည် ကောင်းကင်လမ်းစဉ်အာဏာစက်ဓား၏ အမှုတော်ဆောင်အဖြစ် ပတ်ပတ်လည် ဝန်းရံထားကြသည်။
ပျက်သုန်းခြင်းသဘောတရားကို ဆောင်သော ဤဓားများ၏ ရှေ့တွင် ၊ ဗလာနိတ္ထိဆိုင်ရာ ယဇ်ပလ္လင်သည် နည်းနည်းမှ အကျိုးအမြတ်မရယူနိုင်ခဲ့ပေ။
သို့သော်။
မကောင်းဆိုးဝါးမျိုးနွယ်ဝင် မဟာဧကရာဇ်မင်းလေးဦိးသည် ၎င်းတို့၏ မူလရင်းမြစ်မှော်အတတ်များကို ဗလာနိတ္ထိ ချုပ်ငြိမ်းရာစင်မြင့်နှင့် ချိတ်ဆက်လိုက်သည့်အခိုက်တွင်၊
ကြောက်မက်ဖွယ်ကောင်းသော အဆိုပါ ဗလာနိတ္ထိစွမ်းအားများသည် လူတိုင်း၏ စိတ်နှလုံးသားကို တုန်လှုပ်သွားစေခဲ့သည်။
ဤသည်မှာ လုံးဝကို မယှဉ်နိုင်သော စွမ်းအားတစ်ခုဟု ဆိုရပေမည်။
အရာအားလုံးကို ရှင်းပစ်နိုင်သော အင်အားတစ်ခုလိုပင်။
စူးချန်ကဲ နှင့် မဟာဧကရာဇ်မင်း လေးဦးတို့သည် ၎င်းတို့၏ နောက်ဆုံးခွန်အားကို စုဆောင်းနေကြသည်။
“ ကြည့်ရတာ... ဒါကို သုံးစွဲဖို့အချိန်တန်ပြီ...”
စူးချန်ကဲသည် တစ်စုံတစ်ခုကို ဆုံးဖြတ်ချက်ချပြီးသည့်အတိုင်း ၊ သူသည် အသက်ပြင်းပြင်း ရှူရှိုက်လိုက်သည်။
ယခင်က သူ သိရှိထားခဲ့သော ဗလာနိတ္ထိ အဖျက်စွမ်းအားကို အခြေခံ၍ သူ့ခန္ဓာကိုယ်အတွင်း၌ စွမ်းအားတစ်ခု နိုးထလာသည်ဟု အမြဲခံစားမိသည်။
ဤအရာသည် သူ၏ ပထမဆုံး ဖွဲ့စည်းပုံဖြစ်ပုံရသည်။
စူးချန်ကဲသည် အာရုံစုစည်းလိုက်သည်နှင့် သူ၏လက်ထဲတွင် ရှိနေသော ကောင်းကင်လမ်းစဉ် အာဏာစက်ဓားသည် ကြောက်မက်ဖွယ် ကောင်းသော ပရမ်းပတာအလင်းများဖြင့် ထိန်ဝင်းတောက်ပလာခဲ့သည်။
ကောင်းကင်နှင့်မြေကြီးကြား ဓားစွမ်းအင်များသည် လူးလိမ့်ကာ ရိုက်ခတ်နေလေ၏။
ထိုအခိုက်အတန့်တွင် ၊
အဆုံးမရှိသော ဗလာနိတ္ထိ အဖျက်စွမ်းအားများသည် ကောင်းကင်လမ်းစဉ် အာဏာစက်ဓားနှင့် ပေါင်းစပ်သွားသည်။
ဝီ!!
ချက်ချင်းပင်၊ အမည်မသိ အင်အားတစ်ခု၏ လမ်းညွှန်မှုအောက်တွင် သူတော်စင် ကိုယ်ထည်လေးခုစလုံးသည် ကြောက်မက်ဖွယ်ကောင်းသော ရောင်နီအလင်းတန်းများဖြင့် တစ်ဖန် ပေါက်ကွဲထွက်လာခဲ့သည်။
အဆိုပါ ဗလာနိတ္ထိ အဖျက်စွမ်းအား၏ ရောင်ပြန်ဟပ်မှုအောက်တွင်၊ ဤကမ္ဘာကြီးတစ်ခုလုံး ဇောက်ထိုးမှောက်ကုန်ဖြစ်သကဲ့သို့ ဗြောင်းဆန်ကုန်လေ၏။
တစ်ချိန်တည်းမှာပင်။
မကောင်းဆိုးဝါးမျိုးနွယ်ဝင် မဟာဧကရာဇ်မင်းလေးဦးတို့မှ ပေါင်းစပ်ဖန်တီးထားသော ယဇ်ပလ္လင်သည်လည်း တုနှိုင်းမယှဉ်နိုင်သော ကြောက်ခမန်းလိလိ စွမ်းအားများကို ထုတ်လွှတ်နေခဲ့ပြီး ၊ မှော်သင်္ကေတများက တဖျပ်ဖျပ်ခတ်လျက် အရပ်ရှစ်မျက်နှာတစ်ခွင် လွင့်စင်သွားသည်။
“သတ်!”
“ ဖြတ် !”
ထိုအခိုက်အတန့်တွင် ၊
နှစ်ဖက်စလုံးက တစ်ချိန်တည်း ကြွေးကြော်လိုက်ကြသည်။
ကျယ်ပြောလှသော ကောင်းကင်ကြီးသည် တုနှိုင်းမရလောက်အောင် တောက်ပသော တောက်ပမှုတစ်ခုအဖြစ် ရုတ်တရက် ပေါက်ကွဲထွက်လာသည်။
အဆိုပါ နတ်အလင်းရောင်သည် ဆက်လက်ကြီးထွားလာသည်နှင့်အမျှ၊ ဧကရာဇ်လျှောက်လှမ်း တစ်ခုလုံးကို ဖုံးလွှမ်းပစ်ခဲ့လေသည်။
ဘုန်း ဘုန်း ! !
အဆုံးမရှိသော ဟောက်သံများက မိုင်ထောင်ပေါင်းများစွာ ဝေးကွာသောအရပ်ထိ ပဲ့တင်ထပ်လို့နေသည်။
ဤသည်မှာ မဟာဧကရာဇ်မင်း နှင့် ဧကရာဇ်တစ်ပိုင်းတို့ကြားက ထိပ်တိုက် ဆုံတွေ့ပွဲကြီး ဖြစ်သည်။
တစ်ဖန် ၊ သူတော်စင် ခန္ဓာကိုယ် နှင့် မဟာဧကရာဇ်မင်းတို့ကြားက တိုက်ပွဲဟု ဆိုနိုင်သည်။
လွန်ခဲ့သော မရေမတွက်နိုင်သော ခေတ်ကာလတုန်းက လူသားမျိုးနွယ်တွင် မဟာဧကရာဇ်မင်း ဟူ၍မရှိခဲ့လေရာ ၊ သူတော်စင်ကိုယ်ထည်ကို ပိုင်ဆိုင်ထားသော လူကိုးဦးသည်သာ ကောင်းကင်ဘုံနှင့် စစ်ခင်းခဲ့သည်။
ယခုတွင်မူ ၊ စူးချန်ကဲ၏ ခန္ဓာကိုယ်ထဲတွင် သူတော်စင်ကိုယ်ထည် လေးမျိုး၏ အသွေးများ စီးဆင်းနေသောကြောင့် သူသည် မဟာဧကရာဇ်မင်း လေးဦိးကို နှိမ်နင်းနိုင်မည်ဟု ယုံကြည်ထားသည်။
ယခုတစ်ကြိမ်တွင် ၊ သူ့ခန္ဓာထဲတွင် လျို့ဝှက်စွာဖြင့် ရှိနေခဲ့သော ကံကြမ္မာနတ္ထိ ခန္ဓာကိုယ်သည် ပထမဆုံးအကြိမ်အဖြစ် သူ၏ စွမ်းအားကို ပြသခဲ့သည်။
ကံကြမ္မာနတ္ထိ ခန္ဓာကိုယ်၏ စွမ်းအားအောက်တွင် ၊
နှစ်ကာလ ၊ အကြောင်းအကျိုးတရား ၊ ရှင်ခြင်းနှင့် သေခြင်း ၊ကံတရား ၊ မဟာလမ်းစဉ် အစရှိသော အရာများသည် အစမထင် ပျောက်ကွယ်သွားပေလိမ့်မည်။
“ဒီဓားရဲ့ အမည်က ‘ဓားတစ်လက်မှ ဗလာအဖြစ်’ တဲ့ !”
“ဖြတ်!”
ဝီ--!!
စူးချန်ကဲသည် သူ့ခန္ဓာကိုယ်တွင်းရှိ စွမ်းအားများကို အပြည့်အ၀ ပေါက်ကွဲခဲ့ပြီး ယဇ်ပလ္လင်ကို အလယ်တည့်တည့် ခုတ်ပိုင်းပစ်ခဲ့သည်။
နောက်အခိုက်တန့်တွင် ၊
စူးချန်ကဲ၏ ဓားဖြင့် ဖြတ်တောက်ခံလိုက်ရသော ယဇ်ပလ္လင်ကြီးသည် အပိုင်းအစများအဖြစ် ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားခဲ့သည်။
သို့သော်လည်း ၊ စူးချန်ကဲ၏ လက်ထဲက နတ်ဓား၏အရှိန်သည် လျော့ကျသွားခြင်း မရှိပေ။
‘ ချွင် ‘ ဆိုသော ဓားသွားသံနှင့်အတူ ၊
ဓားအလင်းများသည် တစ်ဖန် စုဝေးသွားပြီး ထိန်လင်းသွားသည်မှာ လောကတစ်ခုလုံးကို ရောင်ပြန်ဟပ်နေသည်။
ဓားမှော်သင်္ကေတများ နှင့် ဗလာနိတ္ထိ အဖျက်စွမ်းအားတို့ အချင်းချင်း ပေါင်းစပ်သွားပြီး သန်းပေါင်းများစွာသော ဓားအလင်းများကို ဖြစ်ပေါ်စေသည်။
တစ်ချိန်တည်းမှာပင် စူးချန်ကဲသည် ကောင်းကင်လမ်းစဉ် အာဏာစက်ဓားကို ခုတ်လွှဲလိုက်သည်။
မဟာဧကရာဇ်မင်း လေးဦ်းသည် ရုပ်ခန္ဓာတို့သည် အဆိုပါ ဗလာနိတ္ထိ အဖျက်စွမ်းအား၏လက်အောက်တွင် ပျက်သုဉ်းသွားခဲ့ရသည်။
“ ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...!?”
ဤထင်မှတ်မထားသော မြင်ကွင်းသည် မကောင်းဆိုးဝါး မျိုးနွယ်ဝင် မဟာဧကရာဇ်မင်းလေးဦိးကို ရှုပ်ထွေးသွားစေခဲ့သည်။
သူတို့က မဟာဧကရာဇ်မင်းတွေလေ!
တိုက်မြေ သုံးထောင်၏ အမှန်စင်စစ် တန်ခိုးကြီးမားသော ပုဂ္ဂိုလ်သည် ဧကရာဇ်တစ်ပိုင်းအဆင့်သာ ရှိသေးသော ပုဂ္ဂိုလ်၏လက်ထဲတွင် အဘယ့်ကြောင့်ကျဆုံးခဲ့ရသနည်း။
ဤဓား၌ပါရှိသော ဗလာနိတ္ထိ အဖျက်စွမ်းအားသည် လွန်စွာသန့်စင်ပြီး ၊ မည်သည့်တန်ခိုးစွမ်းအားမဆို ၎င်း၏ရှေ့မှောင်တွင် ဗလာအဖြစ်သို့ ရောက်ရှိရပေမည်။
ဓားတစ်လက်မှ ဗလာအဖြစ်သို့ ၊ သောင်းပေါင်းများစွာသော လမ်းစဉ်များအပြင် နိယာမတရားတို့သည် ဗလာအဖြစ်သို့ ချုပ်ငြိမ်းခဲ့ရလေသည်။
“ဖျက်!”
ဓားကိုကိုင်ဆောင်ထားသော စူးချန်ကဲ၏လက်သည် အောက်သို့ကျဆင်းသွားသည်နှင့် မကောင်းဆိုးဝါးမျိုးနွယ်ဝင် မဟာဧကရာဇ်မင်းလေးဦိးကို တစ်ပြိုင်နက် ဖျက်ဆီးပစ်လိုက်သည်။
ကောင်းကင်လမ်းစဉ် အာဏာစက်ဓားသည် ကြောက်မက်ဖွယ်စွမ်းအားများဖြင့် ထပ်မံပေါက်ကွဲထွက်လာပြီး မူလကတည်းက ကွဲအက်နေပြီဖြစ်သော ၎င်းတို့၏ စိတ်ဝိညာဉ်များကို တစ်ဖန် ဖြိုခွဲပစ်ခဲ့သည်။
“သေသင့်တဲ့ကောင်....”
“ ဒီကမ္ဘာမှာ ဒီလိုလူ့ဘီလူးကောင် ဘာကြောင့်ထွက်ပေါ်လာရတာလဲ...”
မကောင်းဆိုးဝါးမျိုးနွယ်ဝင် မဟာဧကရာဇ်မင်းလေးဦိးတို့သည် တဖြည်းဖြည်း ကွယ်ပျောက်သွားလေတော့သည်။
သူတို့မျိုးနွယ်စု၏ နောက်ဆုံးအစီအစဉ်သည် နည်းနည်းမှပင် အလုပ်မဖြစ်ခဲ့သည်ဟု ဆိုရပေမည်။
ဆန့်ကျင်ဘက်အနေဖြင့် ၊ ထာဝရ ပထမဆုံးသော ဧကရာဇ်တစ်ပါးကို ဖွားမြင်စေခဲ့သည်။
အချိန်မည်မျှကြာသွားလဲမသိ ။
ကောင်းကင်ယံရှိ အလင်းတန်းများသည်လည်း တဖြည်းဖြည်း မှိန်ဖျော့ကာ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
လူတိုင်း တဆတ်ဆတ် တုန်ယင်လျက်။
ဘယ်ချိန်ကမှန်းမသိ ငြိမ်ကျနေသော ပရမ်းပတာ လျှပ်စီးမိုးကြိုးပင်လယ်ကို ကြည့်ရင်း လူတိုင်း မှင်တတ်နေကြပြီး ၊ ဤမြင်ကွင်းသည် အနည်းငယ် မှော်ဆန်နေသလိုမျိုး ခံစားလိုက်ရသည်။
စူးချန်ကဲ အနိုင်ရခဲ့တာလား?
လူတိုင်း အဓိကအချက်ကို ပြန်လည်အာရုံစိုက်လာကြသည်။
မသိစိတ်ကနေ ထိုနေရာကို လှမ်းကြည့်လိုက်ရာ ၊
အထက် ကောင်းကင်ယံ၌ လွင့်စင်နေသော အလင်းတန်းများကို မြင်လိုက်ရသည်။
ကြောက်မက်ဖွယ်ကောင်းသော မဟာဧကရာဇ်မင်းလေးဦ်းသည် အစိတ်စိတ်အမြွှာမြွှာ အက်ကွဲကာ ဤကမ္ဘာပေါ်တွင် ပျောက်ကွယ်သွားခဲ့ချေပြီ။
ကြည်လင်တောက်ပလာခဲ့သော ကမ္ဘာလောကတွင်၊
သွေးများဖြင့် စွန်းထင်းနေသော ဝတ်ရုံဖြူ အသွင်ပုံရိပ်သည် ဓားတစ်လက်ကို ဆုပ်ကိုင်ကာ ရပ်နေသည်။
ထိုမြင်ကွင်းကို ငေးကြည့်ရင်း။
လူတိုင်း နှလုံးရပ်လုမတတ် ခံစားလိုက်ရပြီး အသက်ရှူဖို့တောင် ခဏလောက် မေ့လျော့သွားခဲ့ရသည်။
ဤဝတ်ရုံဖြူ အသွင်ပုံရိပ်သည် ရှုံးပွဲမရှိသော ဒဏ္ဍာရီလာ ပုဂ္ဂိုလ်ဖြစ်သလို
လူငယ် တားမြစ်ချက်လည်း ဖြစ်သည်။
သူသည် မဟာဧကရာဇ်မင်း လေးဦိးကို တကယ်ပင် သတ်ပစ်နိုင်ခဲ့သည်။
ယခုအချိန်တွင် ၊ စူးချန်ကဲ၏ ရှည်လျားသော ဆံနွယ်များသည် ပြန့်ကျဲနေပြီး သူ၏နှုတ်ခမ်းထောင့်စွန်းမှ သွေးအနည်းငယ် စီးကျလာသည်။
သူ၏လက်ဖမိုးဖြင့် သွေးများကို သုတ်လိုက်ပြီး မိုးကြိုးမုခ်ပေါက်ဆီသို့ လှည့်ထွက်လာခဲ့သည်။
မူလက ငြိမ်သက်နေခဲ့သော လျှပ်စီးမိုးကြိုးပင်လယ်ကြီးသည် စူးချန်ကဲ ချဉ်းကပ်လာသည်ကို သတိပြုမိသည်နှင့် အရပ်ရပ်သို့ ရှောင်ထွက်ကာ ဆုတ်ခွာသွားခဲ့သည်။
၎င်းသည် ဤပုဂ္ဂိုလ်ကိုကြောက်ပုံရသည်။
မုခ်ပေါက်ထဲသို့ ဝင်ရောက်တော့မည့်အခိုက်တန့်တွင် ၊
စူးချန်ကဲ၏ လျစ်လျူရှုထားသော မျက်ဝန်းတစ်စုံသည် သူ့နောက်က ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်ရှုလိုက်သည်။
“နောက်ထပ် ရှိသေးလား?!”
“ငါ တစ်ယောက်တည်းနဲ့ စိန်ခေါ်မယ်!”
သူ၏စကားသံအဆုံးတွင် ၊
ပတ်ဝန်းကျင်သည် ငြိမ်သက်တိတ်ဆိတ်နေပြီး မည်သူကမှ တုံ့ပြန်မှုမရှိခဲ့ပေ။
ထိုအရာကိုမြင်တော့ စူးချန်ကဲသည် ဘာမှဆက်မပြောခဲ့ချေ။
သူ၏ အသွင်ပုံရိပ်သည် မုခ်ဝ၌ ချက်ခြင်းပျောက်ကွယ်သွားခဲ့သည်။
ပျောက်ကွယ်သွားသော ကျောပြင်တစ်စုံကိုကြည့်ရင်း။
ကျန်ရှိနေခဲ့သူတိုင်း၊ ၎င်းတို့၏ နှလုံးသားထဲတွင် နားမလည်နိုင်သော ထိတ်လန့်မှုတစ်ခုကို ခံစားခဲ့ရသည်။
သူတို့သိလိုက်သည်။
ဤခေတ်၏ ကံကြမ္မာ မဟာဧကရာဇ်မင်းတစ်ပါး ဖြစ်မည့် ၊
တစ်ဖန် တိုက်မြေသုံးထောင်၏ သမိုင်းတွင် တန်ခိုးအကြီးမားဆုံး ဖြစ်လာမည့် မဟာဧကရာဇ်မင်းတစ်ပါး ဖွားမြင်လာပေတော့မည်။
အပိုင်း(၄၆၄): ကံကြမ္မာ အမှတ်အသား ရောက်ရှိလာခြင်း
မုခ်ပေါက်ထဲသို့ လှမ်းလိုက်သည်နှင့် ။
စူးချန်ကဲသည် လျှို့ဝှက်ဆန်းကြယ်သောကမ္ဘာထဲသို့ ဝင်ရောက်လာခဲ့ပုံရသည်။
မြူနှင်းများက သူ့ခေါင်းထက်တွင် အုံ့ဆိုင်းနေသည်။
တစ်ချိန်တည်းမှာပင်၊ အဆုံးမရှိသော ဧကရာဇ်အလိုဆန္ဒတို့သည် စူးချန်ကဲ၏ ဆဲလ်တစ်ခုချင်းစီမှ ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။
စူးချန်ကဲသည် အကန့်အသတ်မရှိသော အချိန်စီးကြောင်းထဲတွင် လျှောက်လှမ်းနေပုံရသည်။
ခြေတစ်လှမ်း လှမ်းတိုင်း ၊ သူ၏ခန္ဓာကိုယ်ထဲမှ အတွင်းစွမ်းအား ပေါက်ကွဲသံများ ထွက်ပေါ်လာတတ်သည်။
တလိပ်လိပ် ရိုက်ခတ်နေသော ပရမ်းပတာအလင်းရောင်များသည် လောကနိယာမတရားများကို လွှမ်းခြုံကာ အရပ်ရှစ်မျက်နှာတစ်ခွင်လုံးကို လှုပ်ခတ်စေသည်။
ကောင်းကင်တွင် ပျံ့နှံ့နေသော ပရမ်းပတာမြူခိုးများသည် တသိမ့်သိမ့် ရိုက်ခတ်လာသည်နှင့်အမျှ အဆုံးတွင် နတ်သားရဲသဏ္ဍာန်များ ဖြစ်ပေါ်လာခဲ့သည်။
မိုးပြာနဂါးသည် ကောင်းကင်တွင် ပျံဝဲလျက် ။
ဆင်းသက်လာသော ချီလင် နှင့်အတူ ၊
နတ်ဖီးနစ်သည် ၎င်း၏အတောင်ပံများကို ဖြန့်ကျက်လျက် ရိုက်ခတ်နေကာ ၊
လိပ်နက်ကြီးသည် ဟောက်သံပြုလို့နေသည်။
ဤအခိုက်အတန့်တွင်၊
သန်းပေါင်းများစွာသော ချုပ်နှောင်မှုနိယာမစည်းမျဉ်းတို့သည် စူးချန်ကဲအား ပတ်ပတ်လည် ဝန်းရံထားသည်။
ဤနိယာမစည်းမျဉ်းတို့သည် သူ့ကို အသွင်ပြောင်းလဲနေစဉ် ၊ တစ်ချိန်တည်းမှာပဲ စူးချန်ကဲသည် သူ၏ ခန္ဓာကိုယ် အစိတ်အပိုင်းတိုင်းက ဆိုးရွားသော ဖိအားတစ်ခုအောက်တွင် ရှိနေသကဲ့သို့ ခံစားခဲ့ရသည်။
လူကို တောင်ကြီးတစ်ခုဖြင့် ဖိနှိပ်ထားသကဲ့သို့ ခြေတစ်လှမ်း လှမ်းလိုက်တိုင်း သူ့ခွန်အားများ ကုန်ခမ်းသွားသလိုပင်။
ဘုန်း ဘုန်း ဘုန်း !
မုခ်ပေါက်မှ ထွက်ပေါ်လာသော ရောင်ဝါသည် အရပ်ရှစ်မျက်နှာ တစ်ခုလုံးကို လွှမ်းခြုံသွားသည်။ မူလကတည်းက မုခ်ပေါက်၏ အနီးတစ်ဝိုက်တွင် ဝန်းရံကာစီးထားသော ပရမ်းပတာ လျှပ်စီးမိုးကြိုးသည် တစ်ဖန် ပြန်၍ဟောက်သံပြုလာခဲ့သည် ။
မရေမတွက်နိုင်သော မိုးကြိုးသွားများပေါ်ထွက်လာပြီး မုခ်ပေါက်ထဲသို့ ထိုးဖောက်ဝင်ရောက်ခဲ့သည်။
ဤမုခ်ပေါက်ထဲသို့ ဝင်ရောက်လိုသူ ပါရမီရှင်များအဖို့ လုံးဝမှ တောင့်ခံနိုင်လိမ့်မည် မဟုတ်ပေ။
“ဟမ်... စူးချန်ကဲ ဧကရာဇ်ဖြစ်လာတော့မှာကို သက်သေပြနေပြီလား...?”
“ဒီမိုးကြိုးသွားထဲမှာပါတဲ့ အဖျက်စွမ်းအားတွေက ပိုလို့တောင် ကြောက်စရာကောင်းသေးတယ်... ငါတို့တွေ အထဲကို ဝင်ရောက်ဖို့ဆိုတာ ခဲယဉ်းလိမ့်မယ်...”
“ဟား... ဒိီခေတ်မှာ စူးချန်ကဲ ကလွဲရင် ၊ ငါတို့အနေနဲ့ ဧကရာဇ်ရေကန်ထဲကို ဝင်ဖို့ အခွင့်အရေးတောင် မရှိဘူးပဲ “
သူတို့ရှေ့က တဟုန်းဟုန်း တောက်လောင်နေသော မိုးကြိုးပင်လယ်ပြင်ကြီးကို ကြည့်ရင်း၊ အားလုံးက နောက်သို့ တိတ်တဆိတ် ဆုတ်ခွာသွားကြသည်။
လက်ရှိ ပရမ်းပတာ လျှပ်စီးမိုးကြိုးပင်လယ်ပြင်ကြီးသည် ယခင်ကထက် ပို၍ပြင်းထန်လာပြီး ၊ သူတို့အဖို့ အောင်မြင်စွာ ဝင်ရောက်နိုင်ပါ့မလားဆိုတာ မေးခွန်းထုတ်ရပေလိမ့်မည်။
အထဲတွင် ရှိနေသော စူးချန်ကဲနှင့် တွေ့ဆုံမိခဲ့ပါက ၊ သူတို့အသက် အာမမခံနိုင်မည်ကို စိုးရသည် ။
တစ်ချိန်တည်းမှာပင်။
တဟုန်ထိုး ဝင်ရောက်လာသော ပရမ်းပတာ မိုးခြိမ်းသံများနှင့်အတူ ၊
မုခ်ပေါက်၏ ကမ္ဘာတစ်ခုလုံးသည် တဂျိန်းဂျိန်း ပတ်ခတ်နေသော မိုးကြိုးပင်လယ်အဖြစ်သို့ ပြောင်းလဲသွားသည်။
မူလက ပြင်းထန်သောဖိနှိပ်မှုဒဏ်ကို ခံစားနေရသည့် စူးချန်ကဲသည် ယခုအခါတွင် ပို၍ ပြင်းထန်လာသော မိုးခြိမ်းသံကိုပင် ကြံ့ကြံ့ခံလျက် ရင်ဆိုင်ခဲ့ရသည်။
သွေးစွန်းနေသော အဖြူရောင်ဝတ်ရုံထည်သည် ပစ်ခွင်းလာသော မိုးကြိုးဒဏ်ကြောင့် ပြာအဖြစ်သို့ ပြောင်းလဲသွားခဲ့ချေပြီ။
သူ၏ သန်မာသောကြွက်သားများကို မြင်နေရပြီး ၊ ကျောက်စိမ်းကဲ့သို့ ကြည်လင်တောက်ပသော သူ၏ကိုယ်ထည်တစ်ခုလုံးကို ထုတ်ဖော်ပြသနေသည်။
သို့သော် ဒဏ်ရာများမှ သွေးများစီးကျနေသည်မှာ တုန်လှုပ်ချောက်ချားစရာပင်။
သူ တစ်ကြိမ်လှမ်းတိုင်း ၊ ဒဏ်ရာမှတစ်ဆင့် စီးကျလာသော သွေးများနှင့်ရောစပ်၍ သူ၏ သွေးစွန်းနေသော ခြေရာများသည် မြေပေါ်တွင် ကျန်ရစ်နေတတ်သည်။
သို့ဆိုတောင် ၊ စူးချန်ကဲသည် မျက်နှာတချက်မှမပျက်ပေ။
အထဲသို့ နက်ရှိုင်းစွာ ဝင်ရောက်လာသည့်နှင့်အမျှ ၊ ပရမ်းပတာ လျှပ်စီးမိုးကြိုး ပင်လယ်ပြင်ကြီးသည် ပို၍ပြင်းထန်လေလေဖြစ်သည်။
ဖိနှိပ်မှုသည်လည်း ပိုပို၍ လေးလံလာသည်။
စူးချန်ကဲ၏ အရိုးများပင်လျှင် ကွဲအက်စပြုလာသည်။
စူးချန်ကဲသည် ဤကဲ့သို့ ကြောက်စရာကောင်းသော စမ်းသပ်မှုကို ခံစားခဲ့ရခြင်း၏ အကြောင်းရင်းမှာ သူသည် ယခင်က ဧကရာဇ်အလိုဆန္ဒများစွာကို အလွန်အကျွံ ချုပ်ကိုင်ထားခဲ့သောကြောင့် ဖြစ်သည်။
ချုပ်ကိုင်ထားသော ဧကရာဇ်အလိုဆန္ဒ များလေလေ၊ စမ်းသပ်မှုသည် ပို၍ခက်ခဲလေလေဖြစ်သည်။
ယခင်က ဤစမ်းသပ်မှုတွင် ထူးချွန်ထက်မြက်သော ပါရမီရှင်များသည်ပင် မရေမတွက်နိုင်အောင် ရှုံးနိမ့်ခဲ့ဖူးသည်။
သို့သော် ဤစမ်းသပ်မှုသည် ထိုမျှလောက်မရိုးရှင်းပေ။
ဘုန်း ! !
ရုတ်တရက်။
ပို၍ ကြောက်စရာကောင်းသော မိုးခြိမ်းသံများ ရုတ်ချည်းဆိုသလို ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။
ထို့နောက် ပရမ်းပတာ မိုးကြိုးသွားများဖြင့် ဖန်တီးထားသော သက်ရှိ သတ္တဝါများစွာ ဖြည်းဖြည်းချင်း ထွက်ပေါ်လာခဲ့သည်။
၎င်းတို့သည် ထူးခြားဆန်းပြားသော နတ်ငှက်များနှင့် သားရဲများ ဖြစ်ကြသည်။ တစ်ကောင်ချင်းစီတိုင်းက သွေးချီစွမ်းအားများဖြင့် အလျှံအပယ် တောက်လောင်နေပြီး ၎င်းတို့၏ ဘေးပတ်ပတ်လည်တွင် တုန်လှုပ်ချောက်ချားဖွယ်ရာကောင်းသော လျှပ်စီးကြောင်းများက ဝန်းရံထားလျက်ရှိသည်။
အချို့က ရှေးခေတ်ဝတ်စုံများကို ဝတ်ဆင်ထားပြီး မှော်လက်နက်အမျိုးမျိုးကို ကိုင်ဆောင်ထားသော သူရဲကောင်းများဖြစ်သည်။
၎င်းတို့အနက်မှ အလွန်ပြင်းထန်သောရောင်ဝါများကို ပိုင်ဆိုင်ထားသော လူများရှိနေပြီး အချို့က မဟာဧကရာဇ်မင်း နီးပါးရှိသော တန်ခိုးစွမ်းအားများကို အကန့်အသတ်မရှိ ထုတ်လွှတ်နိုင်ကြသည်။
၎င်းတို့အားလုံးသည် ပရမ်းပတာ လျှပ်စီးမိုးကြိုးပင်လယ်ပြင် သို့မဟုတ် နောက်ဆုံးသော ဧကရာဇ်လျှောက်လှမ်းတွင် ကျဆုံးခဲ့ကြသော အနှိုင်းမဲ့ပါရမီရှင်များပင် ဖြစ်သည် ။
ဤမိုးကြိုးလောကသည် ၎င်းတို့၏ ကျန်ရှိနေသေးသော စိတ်ဝိညာဉ်များကို စုပ်ယူခဲ့သည်။
ဤနေရာ၌ ၎င်းတို့သည် သူတို့ဘဝတစ်လျှောက် သင်ယူထားခဲ့သော မှော်အတတ်အားလုံးနှင့် မှော်အစွမ်းများကို သူတို့မသေခင်ကအတိုင်း အသုံးချနိုင်သည် ။
၎င်းတို့၏အရေအတွက်သည် စူးချန်ကဲမှ ချုပ်ကိုင်ထားသော ဧကရာဇ်အလိုဆန္ဒနှင့် အချိုးကျသည်။
ဧကရာဇ်အလိုဆန္ဒ တစ်မျိုးကို ပါရမီရှင်ဆယ်ဦး ထွက်ပေါ်လာပေလိမ့်မည်။
လက်ရှိတွင် စူးချန်ကဲသည် ဧကရာဇ်အလိုဆန္ဒ ၇၄၉မျိုး ချုပ်ကိုင်ထားသည်။
ဆိုလိုသည်မှာ သူသည် ခန့်မှန်းခြေ ပါရမီရှင် အယောက် ၇၄၉၀ ဦိးကို ကိုင်တွယ်ဖြေရှင်းရပေမည်။
ဤသည်မှာ ကြီးမားသောတိုက်ပွဲကို ဆင်နွဲပြီးကာစ စူးချန်ကဲအတွက် ဆိုးရွားသော အခြေအနေတစ်ခုဟု ဆိုရပေမည်။
ယခုမူ ၊ ထိုအရာများ ရောက်ရှိလာပြီ ဖြစ်သောကြောင့် သူ့တွင် ရွေးချယ်စရာမရှိပေ။
“ဧကရာဇ် ဆိုတာ အစကတည်းက အဖော်မဲ့တယ်”
“ လူကြီးမင်းတယောက်ရဲ့ အဆိုရှိတယ် ၊ လူမနေတဲ့နေရာ စိမ်းလန်းတဲ့တောင်ဆိုတာ မရှိဘူး ၊ ဘယ်နေရာသေသေ ကိစ္စမရှိဘူး “
စူးချန်ကဲသည် နတ်အလင်းရောင်များကို အဆက်မပြတ် ထုတ်လွှတ်နေသော ကောင်းကင်လမ်းစဉ် အာဏာစက်ဓားကို ကိုင်ဆောင်ထားပြီး ၊ သူ့အကြည့်သည် ပြတ်သားလွန်းသည်။
“ဒီနေရာမှာ သေရမယ်ဆိုတောင် ငါ မမူဘူး “
“ဖြတ် !”
တစ်ချိန်တည်းမှာပဲ ၊ စူးချန်ကဲသည် အော်ဟစ်လိုက်သည်။
ပထမအသုတ် ကျဆုံးသူပါရမီရှင်များသည် အမြင့်ဆုံးသော ပရမ်းပတာစွမ်းအားကို အသက်သွင်းပြီး စူးချန်ကဲကို သတ်ပစ်ရန် လုပ်ဆောင်လာခဲ့ကြသည်။
ဝုန်း !!
ပရမ်းပတာ လျှပ်စီးမိုးကြိုးပင်လယ် နှင့် တောင်ကြီးသဖွယ် ဖိနှိပ်ခံထားရသော အခြေအနေအောက်တွင် ၊ စူးချန်ကဲ၏ ခွန်အားသည် အလွန်ပင် အားနည်းလာခဲ့သည်။
ထို့အပြင်၊ သူသည် ဤနေရာရှိ ကျဆုံးသူပါရမီရှင်များနှင့် အပြင်းအထန် တိုက်ခိုက်ရပေဦးမည် ။ သတိနည်းနည်း လွတ်ချော်သွားရုံဖြင့် သူသည် ဤနေရာတွင် အသက်ဆုံးရှုံးရပေလိမ့်မည်။
ဝုန်း ! !
ကျဆုံးသူပါရမီရှင်များ၏ ခွန်အားဖြင့်ဖွဲ့စည်းထားသော နတ်လှံသည် ကောင်းကင်ယံသို့ ဖြတ်ကျော်ဝင်ရောက်လာခဲ့ပြီး စူးချန်ကဲ၏ ဓားစွမ်းအင်နှင့် ပြင်းထန်စွာ တိုက်မိကြသည်။
တခဏအတွင်းမှာပင် ၊
ကြောက်မက်ဖွယ်ကောင်းသော နိယာမစွမ်းအားများ ကျယ်လောင်စွာ ထွက်ပေါ်လာပြီး ကွက်လပ်အတွင်းရှိ အရာတိုင်း ပြိုကျပျက်စီးကုန်သည်။
သို့သော်၊ နှစ်ဖက်စလုံး၏ တိုက်ခိုက်မှုသည် ဒါနဲ့တင် ရပ်တန့်မသွားချေ။
စူးချန်ကဲသည် လျင်မြန်စွာ တုံ့ပြန်ခဲ့သည်။ သူသည် ဓားနှင့် ခုတ်ပိုင်းလိုက်သည့် တစ်ချိန်တည်းမှာပင် ဘယ်လက်ငါးချောင်းကို လက်သီးအဖြစ် ဆုပ်ထားပြီးဖြစ်သည်။
“သေ!”
ဝုန်း ! !
အချိန်- အာကာသ စွမ်းအားများ လွင့်ထွက်သွားပြီး ကျဆုံးသူပါရမီရှင်များကို အပိုင်းအစများအဖြစ် ဖြိုခွဲပစ်လိုက်သည်။
သို့သော်လည်း ကျဆုံးသူပါရမီရှင်များ၏ အရည်အချင်းမှာလည်း ပေါ့သေးသေးမဟုတ်ပေ။
တခဏချင်းမှာပင်၊ ၎င်းတို့၏ အမြင့်ဆုံးသော မှော်စွမ်းအားများဖြင့် ပြန်လည်တိုက်ခိုက်လာကြသည်။
“လာလိုက်စမ်းပါ!”
စူးချန်ကဲသည် အော်ဟစ်လိုက်သည်။ သူတော်စင် ခန္ဓာကိုယ်၏ ရောင်ဝါတို့သည် သူ၏ ဘေးတစ်ဝိုက်တွင် ရစ်ဝဲနေပြီး နိတ္ထိဆိုင်ရာ စွမ်းအားများက သူ၏ခေါင်းထက်ဝယ် ဖြစ်တည်နေသည်။
ထို့နောက် သူသည် ဓားဖြင့် ထပ်မံထိုးနှက်ခဲ့လေရာ များစွာသော ဓားအရိပ်များသည် ကောင်းကင်ပြင်ကြီးကို ဖုံးလွှမ်းထားသော ဓားသွားဂလက်ဆီတန်း တစ်ခုသဖွယ် ဝင်ရောက်လာခဲ့ပြီး ကောင်းကင်တစ်ခွင် အဆုံးမရှိ ဖြန့်ကျက်သွားလေသည်။
စူးချန်ကဲသည် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် ။
ဗွမ်း ဗွမ်း !!!
ကျဆုံးသူပါရမီရှင်များသည် တစ်ယောက်ပြီးတစ်ယောက် လဲပြိုကျသွားသည်။
ဤတစ်ကြိမ်တွင်၊ သူသည် ဓားကို အသိစိတ်ဖြင့် ထိန်းချုပ်ကာ ကောင်းကင်လမ်းစဉ် အာဏာစက်ဓားကို ကွက်လပ်တွင်ရွေ့လျားစေပြီး ဓားအလင်းကို အဆက်မပြတ် ထုတ်လွှတ်စေခဲ့သည်။
ဓားစွမ်းအင်များသည် ကောင်းကင်သို့ တဟုန်ထိုး တတ်လာခဲ့ပြီး ၊ ကြီးမားသော ဓားအစီအရင် ဖွဲ့စည်းမှုအဖြစ် ပေါင်းစပ်ခဲ့ပြီးနောက် ဓားအလင်းများသည် နတ်မိမယ်များ ပန်းကြဲချလေသကဲ့သို့ ကျဆင်းလာသည်။
တစ်ချိန်တည်းမှာပင် ၊ စူးချန်ကဲ၏ ဘေးတစ်ဝိုက်တွင် သူတော်စင် ခန္ဓာကိုယ်၏ အတွင်းစွမ်းအားများ ပေါက်ကွဲထွက်ပေါ်လာသည်။
သူသည် လက်သီးဖြင့်ထိုးနှက်လိုက်သည် ။
အဆုံးမရှိသော နိယာမပုံစံများသည် ကွက်လပ်ထဲတွင် ထွက်ပေါ်လာသည်။
၎င်းသည် ကျဆုံးသူပါရမီရှင် အများအပြားကို ရိုက်ချိုးသတ်ပစ်ခဲ့သည်။
စူးချန်ကဲ၏ သွေးခြေရာအတိုင်း လိုက်ကြည့်မည်ဆိုပါက ၊ မုခ်ပေါက်၏ အတွင်းပိုင်းအထိ ဆက်လက်ရောက်ရှိသွားပေလိမ့်မည်။
သူသည် တိုက်ပွဲအတွင်း မရေမတွက်နိုင်သော ဒဏ်ရာသစ်များကိုရရှိခဲ့ပြီး သွေးများက ယိုစီးကျလို့နေသည်။
သွေးများဖြင့် ရွှဲနစ်နေသည်မှာ ငရဲထဲက နတ်ဆိုးအရှင်သခင်လိုပင်။
ဤသည်မှာ သူ့ဘဝတစ်လျှောက် တိုက်ပွဲများအနက် ဒဏ်ရာအပြင်းအထန်ရရှိခဲ့သော တိုက်ပွဲတစ်ခုဟု ဆိုရပေမည်။
ဘုန်း ဘုန်း !!
ထိုစဉ် ၊
အလွန်ကြောက်စရာကောင်းသော မုန်တိုင်းတစ်ခု သူ့ရှေ့တွင် ထပ်မံထွက်ပေါ်လာခဲ့ပြီး ၊ မူလကတည်းက လှိုင်းထန်နေခဲ့သော ပရမ်းပတာ လျှပ်စီးမိုးကြိုးပင်လယ်ပြင်ကြီးသည် ပို၍ပြင်းထန်လာခဲ့သည်။
စူးချန်ကဲသည် ထိုနေရာကို လှမ်းကြည့်လိုက်ရာ ၊ အရှေ့မျက်နှာစာတွင် တောက်လောင်နေသော တိမ်တိုက်များကို တွေ့လိုက်ရသည်။
၎င်းသည် အဆုံးမရှိသော အပြာရောင် သမုဒ္ဒရာကြီးနှင့် တူပြီး ယခုအချိန်တွင် လှိုင်းတံပိုးများ ရိုက်ခတ်နေသည်။
တောက်ပနေသော အပြာရောင် သမုဒ္ဒရာကြီးထဲတွင် အလွန်တောက်ပသော ရှေးဟောင်းအမှတ်အသားတစ်ခု ရှိနေခဲ့သည်။
“ ကံကြမ္မာ အမှတ်အသား ရောက်လာပြီလား...?”
စူးချန်ကဲသည် ရှေ့သို့ဆက်သွားရန်ဟန်ပြင်လိုက်စဉ်။
အသံတစ်ခုထွက်ပေါ်လာခဲ့သည်။
“မင်းက စူးချန်ကဲ လား?”
အပိုင်း(၄၆၅): ဒေဝလောက၏ ပထမဆုံးသော ဧကရာဇ် ၊ တားမြစ်ချက်များကြား သာလွန်သူ ဖြစ်လာမည်
ထိုစကားကို ကြားပြီးနောက် ၊
စူးချန်ကဲသည် အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။
သူသည်အသံလားရာကို လှမ်းကြည့်လိုက်သည်။
သို့သော် ကံကြမ္မာ၏ အမှတ်အသားအောက်တွင် ၊ တိမ်တိုက်ရောင်နီများကြား ရပ်နေသော လူတစ်ယောက်ကို မြင်လိုက်ရသည်။
သူ၏အသွင်အပြင်ကို ရှင်းရှင်းလင်းလင်း မမြင်ရသော်လည်း၊ သူ့ထံမှ ဖြာထွက်လာသော ကောင်းကင်လမ်းစဉ်၏ တန်ခိုးစွမ်းအားသည် ကံကြမ္မာ၏ အမှတ်အသားနှင့် ခွဲလို့မရသော ချိတ်ဆက်မှုတစ်ခု ရှိနေပုံရသည်။
မည်သို့ပင်ဖြစ်စေ ၊ ကံကြမ္မာကိုယ်တိုင်က ကောင်းကင်လမ်းစဉ်နှင့် ဆက်စပ်ပေသည်။
ခေတ်တစ်ခေတ်တွင် ကံကြမ္မာရှိသ၍ ကောင်းကင်လမ်းစဉ်သည်လည်း ထာဝရရှိပေလိမ့်မည်။
“မင်းက ဘယ်သူလဲ...?”
စူးချန်ကဲသည် ဘာမှမထူးခြားသောလေသံဖြင့် မေးလိုက်သည်။ ဤနေရာတွင် ထွက်ပေါ်လာပြီဆိုကတည်းက မေးစရာပင်မလိုတော့ချေ။ ဤလူသည် မတည်ရှိသော လူတစ်ယောက်သာပင်။
၎င်းသည် ကံကြမ္မာအမှတ်အသား၏ အလိုဆန္ဒကို ပုံဖော်ထားခြင်းဖြစ်နိုင်သည်။
“ငါကလား...?”
ယောက်ျားမိန်းမ မခွဲခြားနိုင်သော နူးညံ့သောပြုံးရယ်သံတစ်ချက် ထွက်ပေါ်လာသည်။
“သူတို့အားလုံးကတော့ ငါ့ကို ပထမမျိုးဆက် ကောင်းကင်လမ်းစဉ်လို့ ခေါ်တာကို ကြိုက်ကြတယ်”
“ဒါပေမယ့် တခြားသူတွေက ငါ့ကို အားချင်လို့ခေါ်တာ ပိုကြိုက်တယ်”
အားချင် က ပြုံးလိုက်ရင်း ။
“ငါ ဘာလို့ ဒီကို ရောက်လာတာလဲဆိုတော့ မင်းနဲ့ အပေးအယူလုပ်ချင်လို့လေ “
“ အပေးအယူ?”
စူးချန်ကဲ မျက်မှောင်ကြုတ်သွားသည်။ သူ၏ ဘေးတစ်ဝိုက်က ရောင်ဝါတို့သည် လုံးဝမပျောက်ကွယ်သွားဘဲ ပို၍ သိပ်သည်းကာ တောက်ပလာခဲ့သည်။
ပထမမျိုးဆက် ကောင်းကင်လမ်းစဉ်သည် ကောင်းကင်လမ်းစဉ် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့နှင့် ချိတ်ဆက်မှုရှိသည် မဟုတ်လော။
စူးချန်ကဲသည် ပြင်ပကမ္ဘာတွင် ဖြစ်နေသော ကိစ္စများကို ယခုထိတိုင် မသိသေးပေ။
ကောင်းကင်လမ်းစဉ် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့သည် သူ့အတွက်တော့ ပုံရိပ်မကောင်းချေ။
“ဟားဟား၊ အဲ့လိုဖြစ်နေစရာ မလိုပါဘူး ၊ ဒါက မင်းအတွက် ကောင်းတဲ့ကိစ္စပါ”
အားချင်က ရယ်မောလိုက်ရင်း ထပ်မံဆိုလိုက်သည်။
“ဒါပေမယ့် အဲဒီမတိုင်ခင် မင်း ဒီစမ်းသပ်မှုကို ကျော်ဖြတ်ရလိမ့်မယ်”
ထိုစကားသံအပြီးတွင် ၊
ဝုန်း ! !
ပရမ်းပတာအလင်းများဖြင့် စုဝေးနေသော ပင်လယ်ပြာသည် အလွန်ကြောက်စရာကောင်းသော စွမ်းအားလှိုင်းများနှင့်အတူ ရုတ်တရက် ပေါက်ကွဲထွက်လာသည်။
စူးချန်ကဲ၏ ထိတ်လန့်နေသော မျက်လုံးထဲတွင် ၊
ကြောက်ခမန်းလိလိ ရောင်ဝါများနှင့်အတူ ၊ ထိုပရမ်းပတာ ပင်လယ်ပြင်ထဲမှ အရွယ်အစား ကြီးမားသော ထူးဆန်းသော သတ္တဝါကြီးတစ်ကောင် ပေါ်ထွက်လာသည်ကို မြင်တွေ့ခဲ့ရသည်။
ကြီးမားသော ကိုယ်ထည်ကြောင့် ၊ တစ်ချက်ကြည့်ရုံဖြင့် ၎င်းကို ကောင်းစွာ မမြင်တွေ့နိုင်ပေ။
၎င်း၏ ခန္ဓာကိုယ်ပေါ်ရှိ အကြေးခွံများသည် အလွန် ကြီးမားပြီး ကြယ်စင်များကဲ့သို့ တောက်ပနေသည်။
မရေမတွက်နိုင်သော ကျဆုံးသူ ပါရမီရှင်များသည် ၎င်း၏အနီးတစ်ဝိုက်တွင် ပြန်လည် ထွက်ပေါ်လာခဲ့သည်။
ကျဆုံးသူ ပါရမီရှင်များသည် အကန့်အသတ်မရှိ ကြီးမားသော ဤထူးဆန်းသော ဧရာမအကောင်ကြီးရှေ့တွင် ဖုန်မှုန့်ကဲ့သို့ သေးငယ်ပုံရသည်။
သို့သော်၊ ၎င်းတို့ထံမှ ပေါက်ကွဲထွက်လာသော ရောင်ဝါသည် ပထမအသုတ်က ကျဆုံးသူပါရမီရှင်များထက် များစွာအားကောင်းလွန်းသည်။
ထိုအချိန်တွင် အားချင် ဟုခေါ်သော အသွင်ပုံရိပ်က ထပ်မံပြောလိုက်ပြန်သည်။
“စည်းမျဉ်းတွေကို ချိုးဖျက်ပြီး တုနှိုင်းမဲ့တဲ့ တည်ရှိမှုတစ်ခု ဖြစ်လာချင်ရင်၊ မင်းအနေနဲ့ မကြုံစဖူး စမ်းသပ်မှုတွေကို ခံနိုင်ရည်ရှိရမယ်”
“မင်းရဲ့အစွမ်းအစနဲ့ မဟာဧကရာဇ်မင်းအဖြစ် အောင်မြင်နိုင်ခဲ့ရင် မင်းက တိုက်မြေသုံးထောင်ရဲ့ ထာဝရ ပထမဆုံးသောဧကရာဇ်တစ်ပါး ဖြစ်လာလိမ့်မယ် “
အားချင်က အကြောင်းအရာပြောင်းဆိုလိုက်သည်။
“ဒါပေမဲ့ ဒေဝလောကတစ်ခွင် ဘယ်လောက်တောင် ကျယ်ပြန့်လဲ ၊ ဒီကမ္ဘာကြီးဟာ ဘယ်လောက်တောင် ကြီးမားလဲ “
“စည်းမျဥ်းတွေကို သာလွန်တဲ့ဖြစ်တည်မှု ၊ ခေတ်အဆက်ဆက် မူမမှန်တဲ့ ဖြစ်တည်မှုတွေ ဘယ်လောက်တောင်ရှိလဲ ?”
“မင်းမှာက ဒီလိုတားမြစ်ကိုယ်ထည်တွေ ရှိနေမှတော့ မင်းဟာ ခေတ်အဆက်ဆက် မူမမှန်တဲ့ ဖြစ်တည်မှုတွေကြားမှာတောင် ပိုပြီးသာလွန်တဲ့ တားမြစ်ချက်တစ်ခု ဖြစ်လာလိမ့်မယ်!”
“မင်းဟာ တိုက်မြေသုံးထောင်ရဲ့ ပထမဆုံးသော ထာဝရဧကရာဇ်တစ်ပါး ဖြစ်လာရုံတင်မကဘူး ဒေဝလောက တစ်ခုလုံးရဲ့ ထာဝရ ပထမဆုံးသောဧကရာဇ်တစ်ပါး ဖြစ်လာလိမ့်မယ် !”
( T/N- ထာဝရ - သမိုင်းတွင် အမြဲတမ်းတွင်ကျန်ရစ်မည့် သဘောတရား )
“ဒါကြောင့်”
အားချင် က နူးညံ့စွာ ပြုံးရယ်လိုက်သည်။
“မင်း လုံးဝ သေလို့မဖြစ်ဘူးနော်”
ဝုန်း ! !
ထူးဆန်းသော ဧရာမသတ္တဝါကြီး၏ မျက်လုံးများသည် ပွင့်လာခဲ့သည်။
ကြီးမားပြီး နီမြန်းသော မျက်လုံးများသည် အဆုံမဲ့ညရှိ လသော်တာနီကဲ့သို့ အေးစက်လွန်းလှသည်။
တစ်ချိန်တည်းမှာပင်၊ ကြီးကျယ်ခမ်းနားသော ရောင်ဝါသည် ၎င်းကို ဗဟိုပြုကာ အရပ်ရပ်သို့ တိုးဝင်လာခဲ့သည်။
စူးချန်ကဲပင်လျှင် အနည်းငယ် အသက်ရှူကျပ်သလို ခံစားလိုက်ရသည်။ ပရမ်းပတာ လျှပ်စီးမိုးကြိုးပင်လယ်ပြင်သည်ပင် အပိုင်းပိုင်းကွဲအက်ကာ အမှုန့်အဖြစ် ပြောင်းလဲခံလိုက်ရသည်။
ထို့နောက်တွင်၊ ၎င်း၏ဘေးတစ်ဝိုက်တွင် ရှိနေကြသော ကျဆုံးသူပါရမီရှင်များသည် ၎င်း၏အမိန့်ကို လက်ခံရရှိခဲ့ပုံရသည်။
ဝီ——!!
၎င်းတို့၏လက်ထဲမှ စွမ်းအားများ ပေါက်ကွဲထွက်လာပြီး လှံ ၊ ဓား စသည့် မှော်လက်နက်တို့ကို ဖန်တီးလိုက်ကြသည်။
“ဟား... ဧကရာဇ်ဖြစ်လာဖို့ဆိုတာ ၊ အစကတည်းက သေဖို့မွေးလာတာလဲ!”
စူးချန်ကဲက ကျယ်လောင်စွာ ရယ်လိုက်သည်။
“ ကျုပ် စူးမျိုးရိုး က ကြောက်နေစရာလား!?”
နောက်အခိုက်တန့်တွင် ၊
သူ့ဘဝတစ်လျှောက် နားလည်သဘောပေါက်ထားသော ဓားဆန္ဒများသည် လုံးလုံးလျားလျား ပေါက်ကွဲထွက်လာခဲ့သည်။
ဤအခိုက်အတန့်တွင် ၊ သူသည် သူသင်ယူခဲ့သမျှ ဓားအတတ်များကို အသက်သွင်းခဲ့သည်။
အဖျက်ဓား!
ဗလာနိတ္ထိ ဓား!
ယင်ယန် ဓား!
လမ်းစဉ်ကို ဖြတ်တောက်ခြင်း ဓားအစီအရင်!
နတ်ဓားမြစ် ဖြတ်ကျော်ခြင်း ဓားအစီအရင်!
လရောင်စက်ဝန်း!
တားမြစ် ဓားအတတ်!
…….
စူးချန်ကဲသည် သူ့လက်ထဲက ကောင်းကင်လမ်းစဉ် အာဏာစက်ဓားကို ဝှေ့ယမ်းလိုက်ရာ ဓားအလင်းသည် အဆုံးမရှိသော နဂါးငွေ့တန်းဂလက်ဆီကဲ့သို့ ထွက်ပေါ်လာသည်။
စကြဝဠာ၏ အတွင်းပိုင်းအရပ်တွင် တောက်ပနေသော ကြယ်စုများကဲ့သို့ ထိန်လင်းတောက်ပနေသည်။
“နတ်ဘုရားသခင် လောကကို အုပ်စိုးခြင်း!”
တစ်ချိန်တည်းမှာပင် ၊ စူးချန်ကဲသည် အော်ဟစ်လိုက်သည်။
ရှေးကောင်းကင်ဘုံ အာဏာရှင်နတ်ဘုရား၏ အသွေးတို့သည် ဤအခိုက်အတန့်တွင်၊ အပြည့်အဝ ပေါက်ကွဲထွက်လာခဲ့သည်။
အလွန်ကြောက်မက်ဖွယ်ကောင်းသော ရောင်ဝါလှိုင်းတစ်ခု သက်ဆင်းလာခဲ့ပြီး ၊ ၎င်းသည် စူးချန်ကဲ၏ နောက်ကွယ်တွင် ကြီးမားသော ကောင်းကင်ဘုံနတ်ဘုရား၏ အသွင်သဏ္ဍာန်တစ်ခုအဖြစ် ပေါင်းစပ်သွားပြီး ဖြည်းညှင်းစွာ ထွက်ပေါ်လာခဲ့သည်။
“ ချန်းကူ ကျုံတန့်ထျန်း!”
တစ်ချိန်တည်းမှာပင်၊ စူးချန်ကဲသည် ရှေးကောင်းကင်ဘုံအာဏာရှင်နတ်ဘုရားကိုယ်ထည်၏ မွေးရာပါ မှော်စွမ်းအင်ကို တစ်ဖန်ပြန်လည်အသက်သွင်းခဲ့သည်။
မရေမတွက်နိုင်သော ရွှေဝါရောင်မှော်သင်္ကေတများ ရိုက်ခတ်ထကြွလာပြီး ကောင်းကင်ပမာ ကြီးမားသော တောင်ကိုးလုံးအဖြစ်သို့ ပြောင်းလဲသွားသည်။
“ဖျက်ဆီး!”
ကြောက်စရာကောင်းသော မြင်ကွင်းနှစ်ခု၏ အလယ်တွင် ရှိနေသော စူးချန်ကဲသည် သူ၏ လက်ဝါးကို ဖြည်းညှင်းစွာ မြှောက်တင်ကာ အောက်ကို ဖိချလိုက်သည်။
သူ့နောက်တွင်ရှိနေသော ကြောက်မက်ဖွယ်ရာ ရူပါရုံသည် မြင့်မြတ်သော နတ်အလင်းရောင်များနှင့်အတူ ပေါက်ကွဲထွက်လာသည်။
စည်းမျဉ်းများကို ချိုးဖျက်ကာ အရာအားလုံးကို ဖျက်ဆီးပစ်မည့် ကြယ်အလင်းတန်းတစ်ခုကဲ့သို့ အာကာသထဲသို့ ထိုးဖောက်ဝင်ရောက်လာခဲ့သည်။
ဝေါင်း! !
ထူးဆန်းသော ဧရာမသတ္တဝါကြီးသည် အဆိုပါ စွမ်းအားကို ခံစားလိုက်ရသည်နှင့် အနည်းငယ် ထိတ်လန့်သွားခဲ့သော်လည်း သို့သော် ပို၍ ဒေါသတကြီးဖြစ်လာခဲ့သည်။
သူသည် ကောင်းကင်လမ်းစဉ်၏ အခြားတဖက်ခြမ်း ဖြစ်ပြီး ၊
ဤကမ္ဘာတွင်၊ လူ့ဇာတိခံယူထားသော သူ ( ကောင်းကင်လမ်းစဉ်၏ အခြားတဖက်ခြမ်း)သည် အစီအစဥ်ထဲသို့ ဆွဲသွင်းခံခဲ့ရုံသာမက ထိုကဲ့သို့သော အငယ်တန်းတစ်ယောက်ကို အောင်မြင်ရန်ကူညီပေးနိုင်မည့် ခြေနင်းကျောက်အဖြစ် အသုံးချခြင်းခံလိုက်ရသည်။
သူ့အနေနဲ့ ဘယ်လိုလုပ်ပြီး ဆန္ဒရှိမှာလဲ! ?
သူ၏ ပါးစပ်ကို ဟ လိုက်သည်နှင့် အဆုံးမရှိသော အဖျက်စွမ်းအားများ ပါရှိသည့် နတ်အလင်းများသည် သူ၏ ခန္ဓာအတွင်းထဲမှ ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။
ကွက်လပ်ရှိ အရာအားလုံးကို ကြေမွသွားစေနိုင်သော အမိန့်သံကြိုးနှင့် တူပေသည်။
တစ်ချိန်တည်းမှာပင်၊ ကျဆုံးသူပါရမီရှင်များသည် ၎င်း၏ဒေါသကြောင့် ပို၍ ရူးသွပ်လာခဲ့ပုံရသည်။
သူတို့ခန္ဓာကိုယ်အတွင်းရှိ စည်းတံဆိပ်များကို မီးရှို့ဖျက်ဆီးကာ မှော်လက်နက်များကို ဖန်တီးခဲ့ပြီး စူးချန်ကဲဆီသို့ တိုက်ရိုက် ပစ်ခတ်ခဲ့သည်။
“အို... ဧကရာဇ်လျှောက်လှမ်းရဲ့အဆုံးမှာ ဒီလိုထူးဆန်းတဲ့ သတ္တဝါတစ်ကောင် ရှိနေသေးတာပဲ...”
စူးချန်ကဲက အေးစက်စွာပြောလိုက်သည်။
“ ဧကရာဇ်လျှောက်လှမ်းရဲ့ အဆုံးမှာ ကျဆုံးသွားခဲ့ရတဲ့ ပါရမီရှင်တွေက မင်းရဲ့ရုပ်သေးရုပ် ဖြစ်လာတာမလား?”
ထူးဆန်းသော ဧရာမသတ္တဝါကြီး၏ တိုက်ခိုက်မှုမှတဆင့် စူးချန်ကဲသည် ၎င်း၏ထူးဆန်းသော စွမ်းအားကို ခံစားလိုက်ရသည်။
အမှောင်ထုနှင့်သက်ဆိုင်သော အဖျက်စွမ်းအားများ ရှိနေသလိုပင်။
သို့သော် ကောင်းကင်လမ်းစဉ်၏ အသန့်စင်ဆုံးသော တန်ခိုးစွမ်းအားများလည်းရှိနေသည်။
သို့သော်၊ ထိုမှုန်ဝါးဝါး အသွင်ပုံရိပ်မှ ပြောခဲ့သည်မှာ သူသည် ပထမမျိုးဆက် ကောင်းကင်လမ်းစဉ်ဖြစ်သည်။
သို့သော် ဤထူးဆန်းသော သတ္တဝါကြီးသည် အဘယ့်နည်း။
ကောင်းကင်လမ်းစဉ်သည် အဘယ်ကြောင့် အမှောင်ထု၏ တိုက်စားခြင်းကိုခံထားရသနည်း။
အကယ်၍ ၎င်းတို့နှစ်ဦးစလုံးသည် တိုက်မြေသုံးထောင် ကောင်းကင်လမ်းစဉ်၏ မူလရင်းမြစ်မှ ဖြစ်ပေါ်လာသော ဖွဲ့စည်းမှု(လူ့ဇာတိခံယူခြင်း) တစ်ခု ဖြစ်ခဲ့ပါက ၊
{ T/N - လူ့ဇာတိခံယူခြင်း - မူလစွမ်းအင်တစ်ခုကနေ တစ်စိတ်တစ်ပိုင်းအဖြစ် အသီးသီးခွဲထွက်ကာ လူအဖြစ်ခံယူခြင်း )
သူတို့သည် အဘယ့်ကြောင့် တပြိုင်နက်တည်း ပေါ်ထွက်လာခဲ့သနည်း။
သို့သော် ၊ စူးချန်ကဲအဖို့ လက်ရှိတွင် စဉ်းစားရန် အချိန်မရှိပေ။
မရေမတွက်နိုင်သော အဖျက်စွမ်းအား အလင်းတန်းများသည် သူ့ဆီသို့ တိုက်ရိုက်ကျရောက်သွားသည်။
“ မဟာနိဗ္ဗာန်န အလင်း!”
“သုတ်သင်ခြင်း အလင်း!”
စူးချန်ကဲသည် ချက်ချင်းလက်ငင်း မွေးရာပါ သူတော်စင် တာအို သန္ဓေသားလောင်းနှင့် ချန်ရှန်းအရိုးကို အသက်သွင်းလိုက်သည်။
ထို့နောက် ၊
စူးချန်ကဲ၏ မျက်လုံးထဲတွင် လျှို့ဝှက်ဆန်းကြယ်သော အရာများကို ထပ်မံ ဖော်ထုတ်ခဲ့ပြန်သည်။
ရီဝေဝေ နတ်အလင်းရောင်များသည် မဟာ လမ်းစဉ်၏ကြာပန်းအဖြစ်သို့ ပြောင်းလဲကာ ဆင်းသက်လာသည်။
သူသည် မွေးရာပါ သူတော်စင်ကိုယ်ထည်နှင့် ချန်ရှန်းအရိုး၏ စွမ်းအားများကို အဆုံးစွန်ထိ မြှင့်တင်ကာ ကောင်းကင်လမ်းစဉ် အာဏာစက်ဓားပေါ်သို့ သွန်းလောင်းလိုက်သည်။
ထို့နောက် ရုတ်တရက် ခုတ်ပိုင်းလိုက်သည်။
တလိပ်လိပ် ခတ်နေသော ဓားအလင်းများသည် အစစ်အမှန်ဖြစ်လာပြီး တဟုန်ထိုး ကျဆင်းလာသည်။ ဓားအလင်းများ ဖြတ်သန်းသွားလေရာ နေရာတိုင်း ၊ ကျဆုံးသူပါရမီရှင်များသည် ပေါက်ကွဲသံနှင့်အတူ ဖုန်မှုန့်အဖြစ်သို့ ပြောင်းလဲသွားခဲ့ရသည်။
ထူးဆန်းသော ဧရာမ သတ္တဝါကြီးမှ ထုတ်လွှတ်လိုက်သော အဖျက်စွမ်းအားများသည်လည်း စူးချန်ကဲ၏ဓားချက်အောက်တွင် ပျက်သုန်းခဲ့ရသည်။
ဓားပင်လယ်ကြီးအဖြစ် စုဝေးဖြစ်တည်ကာ အရပ်ရပ်သို့ ရိုက်ခတ်နေသော ကြောက်မက်ဖွယ်ရာ လှိုင်းတံပိုးများကြောင့် ထူးဆန်းသော ဧရာမသတ္တဝါကြီးမှာ အော်ဟစ်လိုက်သည်။
“မင်းကများ အတင့်ရဲလိုက်တာ “
တစ်ချိန်တည်းမှာပင်။
မရေမတွက်နိုင်သော ကျဆုံးသူပါရမီရှင်များ ထွက်ပေါ်လာသည်။
ဤအခိုက်အတန့်တွင် ၊ သူတို့သည် အလွန်ဒေါသထွက်နေပုံရသည်။
ကြီးမားသော အဖျက်စွမ်းအားများကို ဝန်းရံလျက် စူးချန်ကဲအား သတ်ဖြတ်ရန်ပြေးဝင်လာကြသည်။
သို့သော် စူးချန်ကဲသည် ထိတ်လန့်ကြောက်ရွံ့ခြင်း မရှိပေ။
သူ့တစ်ကိုယ်လုံး ပင်ပန်းနွမ်းနယ်ကာ ဓားကို ခက်ခက်ခဲခဲ ဆုပ်ကိုင်ထားသော်လည်း သူ့မျက်လုံးထဲက တိုက်ပွဲဝင်စိတ်ဓာတ်များမှာ လျော့ကျမသွားပေ။
ထာဝရ ပထမဆုံးသောဧကရာဇ်တစ်ပါး ဖြစ်လိုပါက ၊ ချုပ်လှောင်မှုများကို ချိုးဖျက်ရမည်။
ခေတ်အဆက်ဆက် ချုပ်လှောင်မှုများကို ချိုးဖျက်ရမည်။
မဟာလမ်းစဉ်၏ ချုပ်လှောင်မှုများကို ချိုးဖျက်ရမည်။
မိမိကိုယ်တိုင်၏ ချုပ်လှောင်မှုများကို ချိုးဖျက်ရမည်။
အဆုံးတွင်၊ မိမိခန္ဓာကိုယ်အတွင်းရှိ ဆဲလ်တိုင်း၏ ချုပ်လှောင်မှုများကို ချိုးဖျက်ရမည်။
စူးချန်ကဲ၏ ဘေးတစ်ဝိုက်တွင် နတ်အလင်းများက ထိန်လင်းတောက်ပနေသည်။
အဆုံးမရှိသော တိုက်ပွဲများကြား ၊
သူ၏ ရောင်ဝါသည် မဟာဧကရာဇ်မင်းနီးပါး ပြင်းထန်နေခဲ့သည်။