← Chapters

ပြစ်ချက်ကင်းသော ဖွဲ့စည်းတည်ဆောက်ပုံ

Vol. 46 Ch. 640

ပြစ်ချက်ကင်းသော ဖွဲ့စည်းတည်ဆောက်ပုံ

Vol. 46 Ch. 640

“သခင်လေး ဧကရီနန်းတော်ထဲ ဝင်တဲ့အချိန် ကျန်းရှင်းကျားက ကျွန်တော်တို့ကို မရှာနိုင်ဘူး။ အချိန်တချို့ ကြာပြီးရင် ဒီနေရာကနေ ထွက်သွားရင် ဝေဝါးဝါး အာရုံခံမိလောက်တယ်။ ဒီနေရာကိုရှာဖို့ လူတွေရှာလောက်တယ်။ ဒါ့အပြင် ဒီနေရာက အရှေ့ပိုင်း တော်ဝင်နယ်မြေနဲ့ အလွန်နီးတာ။ သိုင်းပညာရှင်တွေက ပျံသန်းလာပြီး သူတို့ကောင်းကင် စိတ်အာရုံကို ဖြန့်ကျက်လိုက်ရင် ဧကရီနန်းတော်ကို သတိပြုမိလောက်တယ်”

ချီလောင်သည် မြန်မြန်ဆန်ဆန် စစ်ဆေးပြီးသည်နှင့် အချက်အလက် တစ်ပုံကြီး သယ်လာတော့သည်။ ရှီးမျိုးနွယ်စုမှ ကောင်းကင်ဧကရာဇ်သည် သူ၏ဘဝ အဆုံးသတ်ပြီမှန်း သိလိုက်သည်။ သူ၏ဒန်တန် ပျက်စီးပြီဖြစ်သောကြောင့် မိစ္ဆာဧကရာဇ်မြို့ဆီသို့ သူပြန်လျှင် သေခြင်းတရားသာ စောင့်ကြိုနေမှာပဲဖြစ်သည်။ သေမင်းတံခါးဝ၌ အသက်ရှင်ရန် ရုန်းကန်ဖို့ရာ မျှော်လင့်ချက်ရှိသည်။ ချီလောင်ကသူ့ကို စစ်မေးသည်နှင့် သူသိသမျှ အရာအားလုံးကို မချွင်းမချန် ပြောပြခဲ့၏။

ကျန်းရီက သူ၏ကောင်းကင်သိမြင် နားလည်ခြင်းဖြင့် စစ်ဆေးပြီးကာစဖြစ်ပြီး ယခုမူ သူ၏ခန္ဓာကိုယ်ထဲရှိ ကွဲပြားခြားနားမှုကို အာရုံခံမိပြီဖြစ်သည်။ ချီလောင်၏ သတင်းကို ကြားပြီးနောက် သူကခေါင်းညိတ်ကာ ချီလောင်ကို ထွက်သွားခိုင်းလိုက်၏။ ချီလောင်ဝင်ပေါက်သို့ ရောက်သည့်အချိန်၌ ကျန်းရီက ပြောလိုက်တော့သည်။

“နောက်ရက် အနည်းငယ်ကျရင် မင်းရဲ့ဝိညာဉ် သင်္ကေတကို ပြန်ပေးမယ်။ မင်းရဲ့မျိုးနွယ်စုက သခင်လေးကို ပန်းရဉ်အင်ပါယာဆီကို ခေါ်သွားလို့ရတယ်။ မှတ်ထား ငါ့အကြောင်း တစ်ခုခုဖော်ရဲရင် မင်းရဲ့နယ်မြေဆီ ငါလာပြီးသတ်မှာ သေချာတယ်။ သတင်းအချက်အလက် ပေါက်ကြားအောင်လုပ်ရင် နောက်ဆက်တွဲကို မင်းသိထား”

“ကျွန်တော် နားလည်ပါတယ် နားလည်ပါတယ်”

ချီလောင်က ချက်ချင်းပင် ပျော်ရွှင်သွားတော့သည်။ သူ၏လွတ်လပ်မှုကို ပြန်မရနိုင်လျှင် ကိစ္စမရှိပေ။ သို့သော် သခင်လေး မင်းသားကျူးဆွေ့အတွက်မူ ပိုအရေးကြီးသည်။ ကျန်းရီစနောက်နေခြင်းသာဟု သူအမြဲတမ်း တွေးခဲ့ပြီး သူတို့၏ လွတ်လပ်မှုကို အမှန်တကယ် ပြန်ပေးလိမ့်မည်ဟု မထင်ထားပေ။ အမြန်ဒူးထောက်ပြီးနောက် ကျန်းရီကို တလေးတစား ကန်တော့လိုက်၏။

ကျန်းရီက မှန်ပေသည်။ ချီလောင်နှင့် ကျန်သည့်သူများသည် သူနှင့်သက်ဆိုင်သည့် သတင်းအချက်အလက်ကို ဘယ်တော့မှ ထုတ်ဖော်မှာမဟုတ်ပေ။ မဟုတ်လျှင် မဟာမျိုးနွယ်စုမှ လူများက ပြဿနာလာရှာရုံသာရှိမည်။ ပန်းရဉ်အင်ပါယာသည် ကျန့်မျိုးနွယ်စု၏အောက်တွင် ရှိကောင်းရှိနိုင်သော်ငြား အင်ပါယာအတွင်းရှိ ကျူးဆွေ့၏ အဆင့်အတန်းက နိမ့်လွန်းသည်။ မဟာမျိုးနွယ်စု၏ သခင်လေးများက သူ့ကိုသေစေလျှင်တောင် အင်ပါယာက လေတစ်ချက်တောင် လည်ရဲမှာမဟုတ်ပေ။

ချီလောင် ထွက်သွားချိန်တွင် ကျန်းရီက အတော်စိတ်သက်သာရာ ရသွား၏။ ကျန်းရှင်းကျားသည် သူဧကရီနန်းတော်ထဲ ရှိနေချိန်၌ သူ့ကိုမရှာနိုင်လျှင် သူအသက်ရှုရန် အခွင့်အရေး ရှိသေးသည်။ ကျန်းရှင်းကျားက သူရှိနေသည့် တည်နေရာကို ရှာနိုင်သည့်အချက်ကို စိတ်အနှောက်အယှက် မဖြစ်ပေ။ သူ၏ကောင်းကင်သိမြင် နားလည်ခြင်းက အလွန်ကျယ်ဝန်းပြီး ရုတ်ရုတ်သဲသဲ တစ်ခုကို ဖြစ်သည်နှင့် ချက်ချင်းသိမှာပဲဖြစ်သည်။

အတွေးများကို ရုပ်သိမ်းပြီးနောက် ခန္ဓာကိုယ်ကို ဆက်လက်စစ်ဆေးလိုက်ရာ ဤခန္ဓာကိုယ်သည် သူ့ခန္ဓာကိုယ်တောင် ဟုတ်ရဲ့လားဆိုတာ မယုံရဲဖြစ်နေသည်။ သူ၏ခန္ဓာကိုယ် သန့်စင်ဆေးကြောရန် ပင်လယ်ထဲသို့သွားပြီး အရေပြားများက တောက်ပနေကာ မွေးကာစ ကလေးပမာ ဖြစ်နေတော့သည်။ ရီချန်း၊ ယဉ်ရို့ပင်းနှင့် ဖုန်းလန်တို့သည် သူ၏အသားအရေကို မနာလိုအားကျ ဖြစ်လောက်သည်ဟုတောင် တွေးမိသွား၏။ ယင်းက အရေးကြီးသည့် အချက်မဟုတ်ပေ။

အရေးကြီးသည့် အရာက သူ၏ရုပ်ခန္ဓာသည် အဆပေါင်းများစွာ ပိုပြီးသန်မာလာတာပဲဖြစ်၏။ တစ်ကိုယ်လုံးသည် အဆုံးမဲ့ စွမ်းအင်များဖြင့် ပြည့်နေလေသည်။ သူ၏ကြွက်သားများက ခန္ဓာကိုယ်ကို ခွန်အားများ အလှတရားများဖြင့် ပြည့်နေစေတော့သည်။

သူ၏ရုပ်ရည်သွင်ပြင်က မူလကတည်းက ကောင်းပြီးသားဖြစ်သော်ငြား ယခုပြီးပြည့်စုံသွားသည်။ ကျယ်ဝန်းသော ပုခုံး၊ ကျဉ်းမြောင်းသောခါး၊ ရှည်သွယ်သော ခြေတံတို့ ရှိနေပြီး လက်ချောင်းများကတောင် သွယ်လျသည်။ တောက်ပပြီး ပြစ်မျိုးမှဲ့မထင်သော ကျောက်စိမ်းသဖွယ် ချောမောသည့် အမျိုးသားတစ်ဦးနှင့် တူနေတော့သည်။ အမျိုးသားတစ်ဦး၏ အမြင်အာရုံကိုတောင် ဖမ်းစားနိုင်စွမ်းရှိသည့် ဖော်ပြ၍မရသော အရှိန်အဝါမျိုး ရှိလာသည်။

သူ၏ခန္ဓာကိုယ် ပြန်လည်ဖွဲ့တည်ပြီးနောက် နေရာများစွာ၌ ပြောင်းလဲမှုငယ်လေးများ ဖြစ်လာတော့သည်။ ဥပမာအနေဖြင့် သူ၏ဒန်တန်သည် မူလက ဘဲဥပုံသဏ္ဍန် ရှိရာမှ အခုအဝိုင်းပုံ ဖြစ်လာသည်။ သူ၏ပင်မချီသွေးကြော (၁၂)ကြောကလည်း ၎င်း၏ထူထည်းမှုသည် သုံးဆကျယ်လာတော့၏။ ပျောက်နေသော ချီသွေးကြောလေးများ အချို့လည်းရှိပြီး ယင်းက ကောင်းသည်လော ဆိုးသည်လော မသိရပေ။

“ဟုတ်သားပဲ တတိယမြောက် ကြယ်စာလုံးထဲမှာ အဝါရောင် အတွင်းအားကို ကြိုးစားကြည့်ရမယ်”

သူ၏ခန္ဓာကိုယ်သည် ပိုကောင်းလာသည်လော ပိုဆိုးသွားသည်လောဆိုတာကို အလွယ်တကူ စစ်ဆေးနိုင်၏။ ယခင်က တတိယမြောက် ကြယ်စာလုံး၏ အဝါရောင် အတွင်းအားသည် အလွန်နိုင်လိုမင်းထက် ပြုမူနိုင်ခဲ့၏။ ၎င်းကိုသုံးရန် ကြိုးစားလိုက်ချိန်၌ သူ၏ချီသွေးကြောများထဲ ထိန်းချုပ်မှု ကင်းမဲ့သွားကာ ချီသွေးကြောများစွာကို စုတ်ပြဲသွားစေသည်။ ထိုအကြောင်းအရင်းကြောင့် ခန္ဓာကိုယ်သည် ကျင့်ကြံရာမှ ထိခိုက်လာတာလည်း ဖြစ်သည်။ အတွင်းအားကို ထပ်မံကျင့်ကြံနိုင်ခြင်း မရှိတော့ပေ။ စတုတ္ထမြောက် ကြယ်စာလုံးသည် တတိယမြောက်ထက် ပိုပြီးကြမ်းတမ်းမှာ သေချာ၏။ သူဆက်လက် ကျင့်ကြံနိုင်ခဲ့မယ်ဆိုရင် ခန္ဓာကိုယ်က ပေါက်ကွဲသွားနိုင်သည်။

သူသည် တတိယမြောက် ကြယ်စာလုံးထဲမှ အဝါရောင်အတွင်းအား တစ်မျှင်ကို ဂရုတစိုက် သွင်းလိုက်၏။ အတွင်းအားက သူ၏ချီသွေးကြောထဲတွင် ပေါ်လာသည်နှင့် ကျန်းရီက တောင့်တင်းသွားကာ သူ၏အတွင်းအားများ ဗရမ်းဗတာဖြစ်သွားပြီး သူ၏ချီသွေးကြောများကို ဖျက်ဆီးသွားမှာကို ကြောက်နေမိသည်။

တိတ်ဆိတ်နေ၏။

ချီသွေးကြောများထဲ အတွင်းအား ရောက်သည့်အချိန်တွင် မူလက ကြမ်းတမ်းသည့် အတွင်းအားသည် ယခုမူ စမ်းရေပမာ ဖြစ်နေပြီး ဗရမ်းဗတာဖြစ်မည့် လက္ခဏာမပြပေ။ အတွင်းအားကို ပိုမြန်မြန်ဆန်ဆန် လှည့်ပတ်ပြီး တစ်ကိုယ်လုံးအနှံ့ ရောက်စေရန် လှည့်ပတ်လိုက်သည်။ သို့သော် အံ့သြစရာ ဖြစ်မလာခဲ့ပေ။

“ကြည့်ရတာ ငါ့ရဲ့ခန္ဓာကိုယ်က နဂါးညှိုးရော်မြက်ပင်ကြောင့် ပြန်လည်ဖွဲ့စည်းတဲ့အချိန် ကုသပျောက်ကင်းသွားပြီ ထင်တယ်”

ကျန်းရီက အလွန်စိတ်လှုပ်ရှားသွားပြီး သူ၏ခန္ဓာကိုယ်အနှံ့ အတွင်းအားများစွာကို ဆက်လက် လှည့်ပတ်တော့သည်။ ရလဒ်အနေဖြင့် အတွင်းအားများသည် ထိန်းချုပ်မှု လွတ်ကင်းသွားမည့် လက္ခဏာမပြဘဲ အလွန်သိမ်မွေ့ ကျိုးနွံ့နေပေသည်။

“ဟား ဟား ဟား ဒီအဝါရောင် အတွင်းအားနဲ့ဆို ငါ့ရဲ့တာအိုပုံစံ တိုက်ခိုက်ရေးစွမ်းအားက အနည်းဆုံးနှစ်ဆ ဖြစ်သွားလောက်မယ်မလား”

အဝါရောင် အတွင်းအားသည် အလွန်လွှမ်းမိုးနိုင်စွမ်းရှိသည်။ သို့သော် ကျန်းရီက ယခင်ကကဲ့သို့ အသုံးမပြုရဲချေ။ အတွင်းအား ပထမနှင့် ဒုတိယကြယ်စာလုံးမှ အတွင်းအားများကိုသာ သုံးရဲပြီး အဝါရောင်အတွင်းအားကို အသုံးမပြုခဲ့ပေ။ သူကယခု ဧကရီနန်းတော်ထဲတွင် မဟုတ်လျှင် အဝါရောင်အတွင်းအား၏ စွမ်းအားကို စမ်းသပ်ချင်လောက်သည်။

“ဟုတ်သားပဲ ငါ့ရဲ့အတွင်းအား ကျင့်စဉ်ကို စမ်းသပ်ကြည့်ရမယ်”

အတွေးတစ်ချက်ဖြင့် ကျန်းရီသည် ကျင့်ကြံသည့် အခြေအနေထဲ ဝင်ရောက်သွားကာ အမည်မဲ့ နတ်ဘုရားသိုင်းကို ထုတ်ဖော်လိုက်၏။ ရလဒ်အနေဖြင့် သူစတင်ကျင့်ကြံပြီးသည်နှင့် မျက်လုံးပွင့်လာတော့သည်။ ကျင့်ကြံမှုအရှိန်က မြန်ဆန်လွန်း၏။ အနည်းဆုံး အဆတစ်ရာ ပိုမြန်သွားသည်။

“ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဧကရီနန်းတော်က မိုးနဲ့မြေရဲ့ အတွင်းအားကို စုပေးနိုင်တယ်ဆိုရင်တောင် ငါ့ရဲ့ကျင့်ကြံမှုအရှိန်က အနည်းဆုံး ဆယ်ဆလောက်ပဲ မြန်သင့်တာမလား။ ကျင့်ကြံမှုအရှိန်ကအခု အဆတစ်ရာ မြန်သွားတယ်လား။ နဂါးညှိုးရော်မြက်က ငါ့ရဲ့ကျင့်ကြံမှုအရှိန်ကို ဆယ်ဆတိုးပေးနေတာလား”

ကျန်းရီက တံတွေးမျိုချလိုက်သည်။ နဂါးညှိုးရော်မြက်သည် ဆန်းကြယ်သော နတ်ဆေးပင်ဖြစ်ပြီး ခန္ဓာကိုယ် ဖွဲ့စည်းတည်ဆောက်ပုံကို ပြန်ပြင်နိုင်ကြောင်း သိသော်ငြား ထိုကဲ့သို့ ကြီးမားသည့် အာနိသင် ရှိနေလိမ့်မည်ဟု မထင်ထားပေ။

အမှန်တကယ်တွင် နဂါးညှိုးရော်မြက်ပင်၏ အမည်က ညှိုးရော်နေသော နဂါးသည် ကောင်းကင်ဘုံသို့ ထွန်းတောက်တက်လှမ်းနိုင်သည့် အဓိပ္ပာယ် မသိခဲ့ပေ။ လူသားတစ်ယောက်၏ ခန္ဓာကိုယ်ကို ပြစ်မျိုးမှဲ့မထင် အခြေအနေသို့ ပြန်လည်ဖွဲ့တည်နိုင်ခြင်းက ကျင့်ကြံခြင်းအတွက် အသင့်တော်ဆုံးဖြစ်သည်။

လူ့ခန္ဓာကိုယ်၏ ဖွဲ့စည်းတည်ဆောက်ပုံက ပြစ်ချက်ကင်းလေ ကောင်းကင်နှင့် မြေကြီး၏ ဝိညာဉ်စွမ်းအင်များကို စုတ်ယူရာတွင် ပိုမြန်ဆန်လေဖြစ်သည်။ မဟုတ်လျှင် ရှီးဖေး၊ ကျန့်ဝူယင်နှင့် ကျန်သည့်သူများက သူ့နောက်သို့ အဘယ့်ကြောင့် လိုက်မည်နည်း။ နဂါးညှိုးရော်မြက်ပင်သည် အတုအယောင် နတ်ဘုရားလက်နက် မီးတိမ်လေးနှင့် မီးတိမ်သံချပ်ကာထက် အဘယ့်ကြောင့် အဆင့်ပိုမြင့်ရသနည်း။ ကောင်းကင်ရှောင်တိမ်းခြင်း နတ်ဘုရားသိုင်းထက်တောင် အဆင့်မြင့်နေရသည့် အကြောင်းအရင်းမှာ အဘယ်ကြောင့်နည်း။ အကြောင်းမှာ နဂါးညှိုးရော်မြက်ပင်၏ တန်ဖိုးက ကျန်သည့်ပစ္စည်းများထက် ပိုမြင့်မားနေသာကြောင့်ဖြစ်သည်။

“ကျင့်ကြံမယ်”

ခဏတာ ကျင့်ကြံပြီးနောက် သူ့ရင်ထဲရှိ စိတ်လှုပ်ရှားမှုများကို ဖိနှိပ်လိုက်တော့သည်။ သူကကျင့်ကြံရာတွင် အာရုံစိုက်နေပြီး စတုတ္ထမြောက် ကြယ်စာလုံးထဲမှ အစိမ်းရောင် အတွင်းအားများ စီးဆင်းလာတာကို ခံစားမိသည်။ ကျန်းရီ၏ တစ်ကိုယ်လုံးက တုန်ယင်နေ၏။ နဂါးညှိုးရော်မြက်ပင်သည် ခန္ဓာကိုယ် ဖွဲ့စည်းပုံကို ပြုပြင်ပေးရုံသာမက သိုင်းတာအို ထပ်သီးသို့ တက်လှမ်းနိုင်ရန် မျှော်လင့်ချက်လည်း ပေးခဲ့သည်။

တစ်နာရီကြာ ကျင့်ကြံပြီးနောက် ကျန်းရီက ရပ်တန့်လိုက်သည်။ ယခုက ကျင့်ကြံရမည့် အချိန်မဟုတ်ပေ။ လိုက်လာသည့်လူများ အချိန်မရွေး ရောက်လာနိုင်သည်။ အရေးကြီးဆုံးအရာက သူတို့လိုက်လာတာကို ဖယ်ရှားရန်ဖြစ်သည်။

သူက မတ်တတ်ထရပ်ပြီး အဝတ်အစား လဲလိုက်၏။ သူ၏ခန္ဓာကိုယ်က ဖျတ်ခနဲ လှုပ်ရှားသွားကာ သန့်စင်ခန်းထဲသို့ ရောက်သွားသည်။ ဆေးကြောပြီးနောက် အဝတ်သစ်တစ်စုံ လဲလိုက်တော့သည်။ ပြီးနောက် ဖုန်းလန်နှင့် ချင်ယွီ၏အခန်းသို့ သွားလိုက်၏။

“အို”

ဖုန်းလန်နှင့် ချင်ယွီက လက်ရှိတွင် စကားပြောနေပြီး အပြင်ဘက်ရှိ ခြေသံကို ကြားသောအခါ လှည့်ကြည့်လိုက်ပြီး တစ်ပြိုင်နက်ထဲနီးပါး မျက်လုံးလက်သွားပြီး သူတို့ကကျန်းရီကို မမှတ်မိနိုင်ပေ။ ချင်ယွီက ပါးစပ်အဟောင်းသား ဖြစ်နေပြီး ကြက်ဥတစ်လုံးစာ မျိုနိုင်ရန် လုံလောက်၏။

“ဘာလဲ ငါ့ကို မမှတ်မိဘူးလား”

ကျန်းရီသည် အနီရောင်ဆံပင်တချို့ ပေါက်နေသော သူ့ခေါင်းကို အနေခက်စွာ ထိလိုက်၏။ ပြီးနောက်သူက မျက်စပစ်ပြလိုက်သည်။

ချင်ယွီက ခုန်အုပ်လာပြီး ကျန်းရီ၏မျက်နှာကို စိုက်ကြည့်ကာ ကျန်းရီ၏အသားအရေကို တန်ဖိုးကြီးသည့် ကျောက်စိမ်းကို ပွတ်သပ်နေသည့်သဖွယ် ညင်သာစွာ ပွတ်သပ်နေလေ၏။ ပြီးနောက် တအံ့တသြဖြင့် ပြောလိုက်တော့သည်။

“သခင်လေး ဖျတ်လတ်လာပြီးတော့ အသားအရေက ကျွန်မထက်တောင် ပိုကောင်းလာတယ်။ ကျွတ် ကျွတ် သခင်လေး နဂါးညှိုးရော်မြက်က တကယ်ဆန်းကြယ်တာပဲ။ စမ်းကြည့်ဖို့ ကျွန်မအတွက် တစ်ခုလောက်ယူပေး”

ဖုန်းလန်၏ မျက်ဝန်းက အလင်းလှိုင်းများဖြင့် တောက်ပလာပြီး ကျန်းရီ၏ခန္ဓာကိုယ်ကို သူမ၏နတ်ဘုရား အာရုံခံမှုဖြင့်စစ်ဆေးလိုက်သည်။ သူမက ခေါင်းညိတ်ပြီးနောက် ပြောလိုက်၏။

“သခင်လေး ဒီတစ်ခေါက်ရှင်က ကောင်းကင်ကို တက်လှမ်းသွားတဲ့ ညှိုးရော်နေသော နဂါးဖြစ်နေပြီပဲ။ နောင်ကျ ဘုံကိုးဘုံကိုတောင် တက်လှမ်းနိုင်မှာ သေချာတယ်”

“ဟား ဟား”

ကျန်းရီက မချိပြုံးပြုံးလိုက်ပြီး ချင်ယွီ၏ ပြည့်ဖြိုးသောတင်ပါးကိုရိုက်ကာ ပြောလိုက်တော့သည်။

“ရှုပ်နေတာ ရပ်လိုက်တော့ အခုက မင်းတို့နဲ့ ဆော့ရမဲ့အချိန် မဟုတ်ဘူး။ ငါတို့နောက်က အမြှီးနှစ်ကောင်ကို ဖယ်ရှားဖို့ နည်းလမ်းစဉ်းစားရမယ်။ ရှီးနဲ့ ကျန့်မျိုးနွယ်စုက တပ်ဖွဲ့နှစ်ဖွဲ့ကို မဖြေရှင်းနိုင်ရင် လေလွင့်ခွေးတွေလိုပဲ ထွက်ပြေးနေရအုံးမှာ။ သွေးညအကြောက်တရား ပင်လယ်ထဲမှာတောင် သေသွားနိုင်တယ်”

***

All Chapters