← Chapters

အခန်း (၄၆၆-၄၇၀)

Vol. 34 Ch. 466-470

အခန်း (၄၆၆-၄၇၀)

Vol. 34 Ch. 466-470

အပိုင်း(၄၆၆): အခြားသူတွေရဲ့ လမ်းအတိုင်း လျှောက်လှမ်းစရာလား

တစ်ချိန်တည်းမှာပင်။

ဤကမ္ဘာကြီးရှိ အထူးနိယာမတရားများ၏ ကောင်းချီးပေးမှုအောက်တွင် အချိန်သည် လျင်မြန်စွာ ကုန်ဆုံးလာခဲ့သည်။

စူးချန်ကဲအဖို့ ၊ သူ ဓားဘယ်နှစ်ချက်၊ လက်သီးဘယ်နှစ်ခါ ၊ လက်ဝါး ဘယ်နှစ်ချက် အသုံးပြုခဲ့ပြီးပြီလဲဆိုတာကိုပင် မသိနိုင်တော့ချေ။

ဤတိုက်ပွဲတွင် ၊ စူးချန်ကဲတစ်ကိုယ်လုံး သွေးများဖြင့် စွန်းထင်းနေသည်မှာ သွေးလူသားတစ်‌ယောက်လိုပင်။

သွေးများကခေါင်းကနေ တဒီးဒီး စီးကျလျက် ၊ ဤနေရာ၌ ထိတ်လန့်တုန်လှုပ်ဖွယ်ရာ ကောင်းသော သဲလွန်စများကို ချန်ရစ်ထားခဲ့သည်။

သို့သော် ဤရူးချင်စရာ ကောင်းသော စမ်းသပ်မှုအောက်တွင် ၊ စူးချန်ကဲ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် လျင်မြန်သော အသွင်ကူးပြောင်းမှုကို ခံနေရသည်။

ဓားသည် အဆက်မပြတ် ခုတ်ပိုင်းလျက် ၊

ရောင်ဝါများ ဆက်တိုက် ပေါက်ကွဲထွက်ပေါ်လျက် ရှိသည်။

မှော်သင်္ကေတများက ဟောက်သံပြုနေကြပြီး၊

သူ၏ ရောင်ဝါသည် မဟာလမ်းစဉ်မှ ချမှတ်ထားသော ချုပ်လှောင်မှုများကို ချိုးဖျက်လို့နေသည်။

“ခုတ်!!!”

ဟောက်သံသည် နေရာအနှံ့ ပဲ့တင်ထပ်သွားသည်။

ကောင်းကင်နှင့်မြေကြီးကြားတွင် အဆုံးမရှိသော ဓားအလင်းများ ဖြတ်ကျော်ဝင်ရောက်လာသည်။

ထိုဓားအလင်းတန်းများ နှင့်အတူ ၊

ကောင်းကင်နှင့်မြေကြီးကြား၌ ဓားကို ဆုပ်ကိုင်လျက် ခုတ်ပိုင်းလိုက် ၊ ဝှေ့ယမ်းလိုက်ဖြင့် မျိုးစုံလှုပ်ရှားနေသော ပုံရိပ်ယောင်များစွာ ပေါ်ထွက်လာသည်ကို မြင်ရပေလိမ့်မည်။

သူတို့၏ လှုပ်ရှားမှုများမှာ မတူညီကြသလို ၊

ဓားစွမ်းအင်တွင်ပါရှိသော နိယာမဆိုင်ရာ မှော်သင်္ကေတများမှာလည်း လုံးဝကွဲပြားသည်။

အချိန်ကာလ၏ ဓားသွားများ ရှိသလို ၊

ဖျက်ဆီးခြင်း နှင့် ဗလာနိတ္ထိဆိုင်ရာ ဓားများလည်း ရှိသည် ။

တစ်ဖန် ၊ ပျက်သုန်းခြင်းနှင့် ပြန်လည်မွေးဖွားခြင်း၏ သဘောတရားကို ဆောင်ကျဉ်းသော ဓားများလည်း ရှိပြီး ၊

အဆုံးမဲ့ ဖန်ဆင်းခြင်းဆိုင်ရာ ဓားများလည်း ရှိသည်။

ယခုအခိုက်အတန့်တွင် ၊

မရေမတွက်နိုင်သော ဓားအလင်းများ ပေါက်ကွဲထွက်လာပြီး ၊ ကမ္ဘာကြီးကို မီးဖိုအဖြစ် အဆုံးမရှိသော ဓားစွမ်းအင်များ နှင့် နိယာမတရားများကို မီးတောက်အဖြစ် အသုံးပြုကာ ကမ္ဘာပေါ်ရှိ အရာအားလုံးကို အရည်အဖြစ် လောင်မြိုက်နေသည်။

ရွမ်း!!

အဆုံးတွင် ၊

စူးချန်ကဲသည် သူ့ဓားကို ဝှေ့ယမ်းလိုက်ရာ ၊ ကောင်းကင်တွင် ပြည့်နှက်နေသော ကြယ်စင်များကဲ့သို့ ပုံရိပ်ယောင်များသည် စူးချန်ကဲနှင့် တစ်သားတည်း ပြန်လည်ဆုံစည်းသွားသည်။

ဤသည်မှာ အဆုံးမရှိသော တိုက်ပွဲများမှ တဆင့် သူ သင်ယူတတ်မြောက်ခဲ့သော ဓားလှုပ်ရှားမှု ပုံစံဖြစ်သည်။

ဤသည်မှာ မဟာဧကရာဇ်မင်း မဖြစ်လာမီ သူနားလည်ခဲ့သော အတတ်ပညာဖြစ်ပြီး ၊ ၎င်းသည် ‘ဓားတစ်လက်မှ ဗလာအဖြစ်’ ၏ သဘောတရားအပေါ် အခြေခံထားသည်။

အမည်မှာ - ဟုန်မင် ပထမဓား၊ အနန္တ ဓားတစ်လက် ဖြစ်သည်။

ဓားသည် အတွေး ၊ အတွေးသည် ဓား ၊ ဓားသည် ထာဝရ၊ ဓားတစ်ချောင်းတည်းဖြင့် အရာအားလုံးကို မွေးဖွားသည် ၊ တစ်ဖန် ဓားတစ်ချောင်းတည်းဖြင့် အရာအားလုံးကို ဖျက်ဆီးသည်၊ ဓားသည် အဆုံးမရှိ ၊ ဓားတစ်လက်တည်းဖြင့် ကမ္ဘာကို ဖန်ဆင်းသည်။

ဝုန်း !

ပြိုးပျက်စွာ တောက်ပနေသော ဓားအလင်းသည် ထာဝရ ကောင်းကင်ကြီး ပြိုကျလာသကဲ့သို့ ဝင်းလက်သွားသည်။

ဓားအလင်း ဖြတ်သန်းသွားလေရာ နေရာတိုင်း ၊စည်းမျဉ်းများ ၊ မှော်သင်္ကေတများ ၊ ဝိညာဉ်စွမ်းအင်များ စသော အရာအားလုံးတို့သည် အနန္တအဖြစ် ၊ ဗလာနိတ္ထိအဖြစ် ပြောင်းလဲခံလိုက်ရသည်။

အက်ကွဲသံ! !

တစ်ချိန်တည်းမှာပင် ၊ ကျဆုံးသူပါရမီရှင်များသည် အပိုင်းပိုင်း ကွဲအက်သွားသည့် တစ်ချိန်တည်းမှာပင် ၊

စူးချန်ကဲသည် ၎င်းတို့၏ ကြွေကွဲအော်ဟစ်သံကို ကြားခဲ့ရသည်။

ဟူးး လား လား! !

ထို့နောက် မိုးသည်းထန်စွာ ရွာသွန်းခဲ့လေသည်။

ကောင်းကင်ယံရှိ ရောင်ခြည်စက်ဝန်းသည် တဖြည်းဖြည်း ပျောက်ကွယ်သွားပြီးနောက် ၊

စူးချန်ကဲသည် သူ့ရှေ့က မြင်ကွင်းကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည် ။

တဖိတ်ဖိတ် တောက်ပနေသော အလင်းမှုန်များသည် အချင်းချင်းပေါင်းစည်းသွားပြီး နောက်ထပ်ဧရိယာတစ်ခုသို့ ဦးတည်ကာ ညွန်ပြနေသည်။

ထူးဆန်းသော ဧရာမသတ္တဝါကြီးသည် အနန္တဓား၏ တန်ခိုးအာနုဘော်အောက်တွင် မည်းနက်နေသော ဒဏ်ရာအဖြစ် ဖြတ်တောက်ခံလိုက်ရသည်။

အဆုံးမရှိသော မှော်နက်သင်္ကေတများက နေရာအနှံ့ တိုးဝင်လာပြီး နံစော်ကာ မည်းနက်နေသောသွေးများသည် မြေပြင်တစ်ခုလုံးတွင် ပြန့်ကျဲနေသည်မှာ အတော်လေး ရွံစရာကောင်းသည် ။

“မင်းမှာ..ဘယ်လိုလုပ်ပြီး ...ဒီလိုတန်ခိုးစွမ်းအားမျိုး ရှိနေနိုင်တာလဲ..”

ထူးဆန်းသော ဧရာမသတ္တဝါကြီး၏ အသက်ရှုနှုန်းမှာ နှေးကွေးလာခဲ့ပြီး ၊ သူ့ပါးစပ်ထဲမှ လူသားစကားများ ပြတ်တောင်းပြတ်တောင်း ထွက်လာခဲ့သည်။

“အားချင် ... ဒါက မင်းငါ့ကို ကိုင်တွယ်တဲ့ နည်းလမ်းလား...”

အားချင်ဟု အမည်ရသော မှုန်ဝါးဝါး ပုံရိပ်သည်လည်း အခြေအနေ မကောင်းပုံရသည်။

ဘယ်အချိန်ကမှန်း မသိ မြေပြင်ပေါ်တွင် ဒူးထောက်ထားပြီး ၊ သူမကို ကြည့်ရသည်မှာ နာကျင်နေပုံပေါ်သည်။

“ဟား... မင်းနဲ့ငါက တစ်သားတည်းပဲ... မင်း ငါ့ကိုဒီလိုလုပ်တာ မင်းလည်း ထိုနည်းတူ ခံစားရမှာပဲ”

“ မင်း မေ့သွားပြီလား...?”

အားချင်ဟု အမည်ရသော မှုန်ဝါးဝါး ပုံရိပ်က အားတင်းကာ ရယ်လိုက်ရင်း။

“ကမ္ဘာ့ကပ်ဘေး စစ်ပွဲကြီးပြီးကတည်းက ငါဟာ အမှောင်ထုရဲ့ တိုက်စားတာကို ခံခဲ့ရတာ ကြာခဲ့ပြီ ...”

“မင်းက... လူတွေပြောနေကြတဲ့ ကောင်းကင်လမ်းစဉ်ရဲ့ အခြားတဖက်ခြမ်းပဲ... ...ငါ လျို့ဝှက်စွာ ခွဲထုတ်ထားတဲ့ အညစ်အကြေးတစ်ခုထက် မပိုဘူး....”

“နောက်ဆုံးတော့ ငါက မင်းပဲ၊ မင်းကလည်း ငါပဲ...”

“တစ်ချိန်က ငါတို့က တိုက်မြေ သုံးထောင်ရဲ့ အုပ်ထိန်းသူတွေ ဖြစ်ခဲ့ကြပေမယ့် အခုချိန်မှာတော့ ခေတ်ရဲ့တိုးတက်မှုကို ဟန့်တားနေတဲ့ နုန်းတွေပဲ...”

“ အခု... ခေတ်အသစ် စတင်တော့မယ် ၊ မင်းနဲ့ ငါ့လို အရင်ခေတ်က အညစ်အကြေးတွေ အတူတူ ပျောက်ကွယ်သွားသင့်ပြီ!”

စကားပြောနေစဉ်မှာပဲ ၊ အားချင်သည် သူ၏ညာလက်ဖြင့် သူ့ရင်ဘက်သူ ရိုက်ချလိုက်သည်။

“ ဒီခေတ်မှာ...”

“ပြန်လည် မွေးဖွားဖို့လိုတယ်!”

ထို့နောက်တွင် ၊

အားချင်၏ ခန္ဓာကိုယ်တစ်ကိုယ်လုံးသည် တောက်လောင်နေသော နတ်အလင်းရောင်များဖြင့် ပေါက်ကွဲထွက်လာခဲ့သည်။

တစ်ချိန်တည်းမှာပင် ၊ ထူးဆန်းသော ဧရာမသတ္တဝါကြီး၏ ခန္ဓာကိုယ်အတွင်းမှ ကောင်းကင်လမ်းစဉ်၏ စွမ်းအားများ ဖြည်းညှင်းစွာ ထွက်လာခဲ့သည်။

နောက်အခိုက်တန့်တွင် ၊

အာကာသထဲတွင် မူလက ဆိုင်းငံ့ထားခဲ့သော ကံကြမ္မာအမှတ်အသားသည် အနှိုင်းမဲ့ တောက်ပသော အလင်းတန်းများနှင့်အတူ ထွက်ပေါ်လာသည်။

၎င်းသည် အားချင် နှင့် ကောင်းကင်လမ်းစဉ်၏ အခြားတစ်ဖက်ခြမ်းကို စုပ်ယူနေပုံရသည်။

ဤမြင်ကွင်းသည် စူးချန်ကဲကို အနည်းငယ် ပဟေဠိဖြစ်စေခဲ့သော်လည်း ၊ သူဘာမှမပြောသေးခင် အားချင် က ဆက်ပြောလာခဲ့သည်။

“ စူးချန်ကဲ ၊ ငါဒီကို ဘာအပေးအယူလုပ်ဖို့ လာတာလဲဆိုတာကို မသိချင်ဘူးလား”

“အခု ပြီးသွားပြီဆိုတော့ မင်းကို ငါပြောပြမယ် ၊ အရင်ကတည်းက....အခုကိစ္စအတွက် ငါ ကွေးယွမ် သူတော်စင် နယ်မြေနဲ့ သဘောတူထားတယ်...”

“ ပြန်လည်ဝင်စားဖို့ကို စွန့်လွှတ်ပြီး ငါ့ရဲ့ မူလရင်းမြစ်ကို စတေးကာ မူလရင်းမြစ် ကံကြမ္မာအမှတ်အသား ဖြစ်လာဖို့ပဲ...”

“မူလရင်းမြစ် ကံကြမ္မာအမှတ်အသား...”

စူးချန်ကဲသည် အနည်းငယ် စိတ်ရှုပ်ထွေးနေသကဲ့သို့ မျက်မှောင်ကြုတ်သွားသည်။

“ဟားဟား...”

ထိုမြင်ကွင်းကိုမြင်တော့ အပြာရောင် နတ်အလင်းများ လွှမ်းခြုံထားခြင်းကြောင့် ဝင်းလက်တောက်ပနေသော အားချင် က ပြုံးရယ်လိုက်သည်။

“မင်းက ထာဝရတားမြစ်ချက်ပဲ ၊ ဒီကမ္ဘာမှာ မင်းဘာဆက်လုပ်မလဲ...?”

“သူများတွေ လျှောက်ခဲ့တဲ့လမ်းကို လျှောက်ပြီး တခြားသူတွေ လျှောက်ခဲ့တဲ့အတိုင်း ဆက်လျှောက်မလား”

“ဒါမှမဟုတ် ကိုယ်ပိုင်လမ်းကိုဖွင့်ပြီး ကိုယ့်လမ်းကို ဆက်လျှောက်မလား”

ထိုစကားကိုကြားပြီးနောက်။

စူးချန်ကဲသည် အနည်းငယ် ထိတ်လန့်သွားသည်။

“ ကိုယ်ပိုင်လမ်း.....”

သူသည် ယခင်က သူလျှောက်ခဲ့သောလမ်းတိုင်းကို ပြန်လည်သတိရလာခဲ့သည်။

သူလျှောက်ခဲ့သော လမ်းသည် ကမ္ဘာပေါ်က တခြားသူများနှင့် မတူညီခဲ့လေသလော။

သူသည် လွတ်လပ်မှု၊ စိတ်ချမ်းသာမှု ၊တုနှိုင်းမဲ့သော အောင်မြင်မှု နှင့် နှောင်ကြိုးမဲ့သော ဘဝကို လိုလားမှုစသော လမ်းကြောင်းအတိုင်း လျှောက်လှမ်းလိုသည်။

သူများတွေလျှောက်ခဲ့တဲ့လမ်းအတိုင်း လျှောက်လှမ်းမလား ?

၎င်းသည် သူအလိုရှိသောလမ်း မဟုတ်!

စူးချန်ကဲ၏ မျက်လုံးများသည် ပြတ်သားသော ဆုံးဖြတ်ချက်များဖြင့် တောက်ပလာပြီး ဆိုလိုက်သည်။

“ငါက ပိုပြီးသာလွန်တဲ့ တားမြစ်ချက်တစ်ခုဆိုမှတော့ တခြားသူတွေရဲ့လမ်းအတိုင်း လျှောက်လှမ်းစရာလား?”

“ငါ့လမ်းသာလျှင် ထာဝရတည်မြဲနေမယ် ၊ အရာအားလုံးရဲ့အထက်မှာ ရှိနေသင့်တယ်!”

“ကောင်းတယ်!”

အားချင် က ဟက်ဟက်ပက်ပက် ပြုံးလိုက်ပြီး ဆိုလိုက်သည်။

“ ဒီခေတ် ၊ နောင်လာမယ့်ခေတ်တွေမှာတောင် မင်းက ထာဝရ ပထမဆုံးသောဧကရာဇ်တစ်ပါး ဖြစ်ရမယ်!”

ဝီ--!!

ကြယ်သန်းပေါင်းများစွာ ပေါက်ကွဲသွားသကဲ့သို့ အဆက်မပြတ်စုဝေးနေသော ကောင်းကင်လမ်းစဉ်၏ တန်ခိုးစွမ်းအားများသည် လုံးလုံးလျားလျား ပေါက်ကွဲထွက်သွားသည်။

မူလက အလွန်မှုန်ဝါးစွာဖြင့် ရှိနေခဲ့သော ဤနေရာသည် ချက်ချင်းဆိုသလို ပွင့်လင်းမြင်သာလာသည်။

ပေါက်ကွဲထွက်လာသော ကောင်းကင်လမ်းစဉ်၏ တန်ခိုးစွမ်းအားများသည် စူးချန်ကဲဆီသို့ စုရုံးရောက်ရှိလာသည့်အခိုက်အတန့်မှာပဲ ၎င်းတို့သည် စွမ်းအားသစ်တစ်ရပ်အဖြစ် ပြောင်းလဲသွားသည်။

၎င်းသည် စူးချန်ကဲ နှင့် လုံးဝကိုက်ညီသော စွမ်းအားတစ်ခုဖြစ်သည်။

ဗလာနိတ္ထိ နှင့် ပျက်သုန်းခြင်း ၊

မဟာလမ်းစဉ်၏ အနက် ၊

အရာခပ်သိမ်းကို တည်ဆောက်နိုင်သည်။

ကံကြမ္မာသည် နတ္ထိ ၊ အတွေးတစ်ချက်ကနေ မွေးဖွားပြီး ထောင်ပေါင်းများစွာသော လမ်းစဉ်များကို ဖွင့်လှစ်ပေတော့မည်။

အပိုင်း(၄၆၇): အကြောင်းတရားနှင့် အကျိုးသက်‌ရောက်မှုထက် ကျော်လွန်သော တည်ရှိမှု

ဝုန်း !!

ဧကရာဇ်လျှောက်လှမ်းတစ်ခုလုံး အရူးအမူး တုန်ခါသွားသည် ။

မရေမတွက်နိုင်သော အလင်းတန်းများ ဖြည်းညှင်းစွာ ထိုးထွက်လာသည်။

ကောင်းကင်လမ်းစဉ်၏ အဆုံးမရှိသော မှော်သင်္ကေတများသည် စူးချန်ကဲ၏ တစ်ကိုယ်လုံးကို အပြည့်အ၀ ဖုံးအုပ်ထားသည်။

ထိုစွမ်းအားများသည် စူးချန်ကဲ၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်လာသည်နှင့် ၊

ကံကြမ္မာနတ္ထိ အစွမ်းသတ္တိ၏ ‌ဆေးကြောသန့်စင်မှုအောက်တွင်

စည်းမျဥ်းများထက် ကျော်လွန်သောစွမ်းအင်ကို ထုတ်ဖော်ပြသခဲ့သည်။

ကနဦးဝိညာဉ် ။

ခန္ဓာ ။

ချီ နှင့် သွေး။

ဧကရာဇ်အလိုဆန္ဒ။

ယခုအချိန်တွင်၊ ၎င်တို့သည် အဆက်မပြတ် ဆင့်ကဲပြောင်းလဲနေပြီး တောက်ပနေသည်။

ဝီ--!!

ထို့နောက် ၊

စူးချန်ကဲ၏ ခန္ဓာကိုယ်မှ အဆုံးမရှိသော ကြောက်ခမန်းလိလိ အလင်းတန်းများ ထွက်ပေါ်လာခဲ့သည်။

ယခုအခိုက်အတန့်တွင် ၊

နောက်ဆုံးသော ဧကရာဇ်လျှောက်လှမ်း တစ်ခုလုံးသည် တောက်လောင်သော အလင်းရောင်များဖြင့် ဝင်းလက်နေပြီး လောကတစ်ခွင်လုံးကို ရောင်ပြန်ဟပ်နေသည်။

ကြီးမားသော ဧကရာဇ်တန်ခိုးစွမ်းအားနှင့်အတူ ကောင်းကင်နှင့်မြေကြီးသည် ဟောက်သံပြုလို့နေသည်။

ထိုအချိန်တွင် ၊

နောက်ဆုံးသော ဧကရာဇ်လျှောက်လှမ်းပေါ်ရှိ ပါရမီရှင် အများအပြားသည်လည်း ဤကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းကို မြင်တွေ့ခဲ့ရသည်။

သူတို့အားလုံး၏ စိတ်ထဲတွင် တစ်စုံတစ်ခုကို ဆုံးရှုံးသွားသလိုမျိုး ကူကယ်ရာမဲ့ ဖြစ်လို့နေကြသည်။

“တန်ခိုးအကြီးမားဆုံး မဟာဧကရာဇ်မင်း တစ်ပါး မွေးဖွားလာခဲ့ပြီ “

“ ငါတို့ ဒီလောက်ကြာ ကြိုးစားခဲ့သမျှ အရာတွေဟာ စူးချန်ကဲရဲ့ အနာဂတ်ကို ပုံဖော်ဖို့ ဖြစ်လာလိမ့်မယ်လို့ မမျှော်လင့်ထားဘူး...”

ဝမ်ချင်ထျန်းက ညည်းညူလိုက်သည်။

စူးချန်ကဲကို တိုက်ခိုက်ရန် ယခင်က လက်တွဲခဲ့ကြသော ပါရမီရှင်ငါးဦိးသည်လည်း ကောင်းကင်ထက်တွင် ဖြစ်ပေါ်နေသော မြင်ကွင်းများကို ငေးကြည့်နေကြသည်။

ဤကဲ့သို့သော မဟာလမ်းစဉ်၏အနက်ကို သူတို့ တစ်ခါမှပင် မတွေ့ဖူးချေ။

၎င်းသည် သက်ရှိအားလုံး၏ အထက်တွင် ရှိနေသလိုပင် ။

အရာအားလုံး၏ အထက်။

ကောင်းကင်နှင့်မြေကြီး အထက်။

အလုံးစုံသော မဟာလမ်းစဉ်၏အထက်။

လူတစ်ယောက်သည် လူသားခန္ဓာကိုယ်ဖြင့် ကောင်းကင်နှင့်မြေကြီးထက် သာလွန်သော နည်းလမ်းများကို စုစည်းချုပ်ကိုင်နိုင်ခဲ့သည်မှာ လုံးဝမှကို မယုံနိုင်စရာပင်။

ဤအချက်ကိုအခြေခံ၍ စူးချန်ကဲ၏ အောင်မြင်မှုများသည် နိမ့်ကျသွားလိမ့်မည် မဟုတ်ပေ။

လော့ရန်ယွီ ၊ ယွင်ရှင်းယန်၊ လီဟောက်ထျန်း ၊ ယဲ့လင်ထျန်း နှင့် တခြားနောက်လိုက်များ အားလုံးက ဤမြင်ကွင်းကို စိုက်ကြည့်နေကြသည်။

“ ချန်ကဲ ဆက်ခံသူရဲ့ အမည်နာမက ဒေဝလောက တစ်ခွင်လုံး မြည်ဟိန်းနေလိမ့်မယ် ...”

သူတို့သည် ကံကြမ္မာ၏ မဟာဧကရာဇ်မင်းတစ်ပါး ဖြစ်လာမည့်အခွင့်ရေးကို ဆုံးရှုံးခဲ့ကြသော်လည်း ၊

သို့သော် စူးချန်ကဲ၏ နာမည်သည် ထာဝရကြယ်ရောင် ကောင်းကင်တစ်ခွင်လုံး မြည်ဟိန်းလာမည့်အခိုက်အတန့်ကို သူတို့အားလုံး မျှော်လင့်စောင့်စားနေကြသည်။

သူတို့၏ ဆက်ခံသူသခင်သည် စလာကတည်းက တုနှိုင်းမဲ့သူတစ်ဦး ဖြစ်ပေသည်။

အတိတ်မှာပင် ဖြစ်စေ ၊

အနာဂတ်မှာပင် ဖြစ်စေ ၊ ပြောင်းလဲသွားလိမ့်မည် မဟုတ်။

……

တစ်ချိန်တည်းမှာပင်။

တိုက်မြေသုံးထောင်တစ်ခုလုံးရှိ ကျင့်ကြံသူအားလုံးသည် ကောင်းကင်ကို မျှော်ကြည့်နေကြသည်။

စစ်ပွဲ၏ဒဏ်ကို ကြုံတွေ့ခဲ့ရသော တိုက်မြေ သုံးထောင်သည် များစွာပျက်စီးခဲ့ရသည်။

သို့သော် ဤအချိန်တွင်၊ အနှိုင်းမဲ့ လှပပြီး ပြိုးပျက်စွာ တောက်ပနေသော နိယာမစည်းမျဉ်းဆိုင်ရာ မှော်သင်္ကေတများသည် အထက်ကောင်းကင်တွင် ဘယ်အချိန်ကမှန်းမသိ ပေါ်ထွက်လာခဲ့သည်။

မဟာလမ်းစဉ်မှာ ဟောက်သံပြုနေပြီး ၊ ဝင်းလက်နေသော ရောင်စုံတိမ်တိုက်များနှင့်အတူ သန်းပေါင်းများစွာသော နတ်ရောင်ခြည်များသည် ခမ်းနားထည်ဝါသော ဧကရာဇ်တန်ခိုးစွမ်းအားကို ဆောင်ကျဉ်းလျက် ကောင်းကင်တစ်ခုလုံးကို လွှမ်းခြုံထားသည်။

ပဉ္စမအဆင့်အောက်ရှိ မဟာဧကရာဇ်မင်းများသည်ပင် ဤကြောက်မက်ဖွယ်ကောင်းသော ရောင်ဝါကို ရင်ဆိုင်ရချိန်တွင် လက်အောက်ခံအဖြစ် ဦးညွှတ်ကြရသည်။

သေမျိုးမဟာဧကရာဇ်များဖြစ်ခဲ့ကြသည့် စွမ်းအားရှင်များအဖို့ ၊ ၎င်းတို့၏စိတ်နှလုံးသားထဲက တုန်လှုပ်မှုကို ချုပ်တည်း၍မရနိုင်လောက်အောင် ဖြစ်ခဲ့ရသည်။

“ မဟာဧကရာဇ်မင်းရဲ့ တန်ခိုးအာဏာ ကောင်းကင်တစ်ခွင် လွှမ်းမိုးခဲ့ပြီ ၊ ဒီလောက်ကြီးမားတဲ့ တန်ခိုးစွမ်းအား.. ​​ ဒီခေတ်ရဲ့ ကံကြမ္မာမဟာဧကရာဇ်မင်း... ဆင်းသက်လာခဲ့ပြီပဲ!”

“ကြောက်စရာကောင်းလွန်းတယ်... မကြာသေးမီကမှ မဟာဧကရာဇ်မင်း ဖြစ်လာတာ ဒါပေမဲ့ သူ ထုတ်လွှတ်လိုက်တဲ့ ရောင်ဝါက ငါတို့ကို‌ နှိပ်ကွပ်နိုင်သတဲ့လား?!”

“ ဒါဟာ သာမာန်ကံကြမ္မာမဟာဧကရာဇ်မင်း မဟုတ်ဘူး....တစ်ချိန်က ငါလည်း ကံကြမ္မာ မဟာဧကရာဇ်မင်းတစ်ပါး ဖွားမြင်မှုကို ကြုံတွေ့ဖူးတယ်...ဒါပေမဲ့ ဒီလောက်ထိမပြင်းထန်ဘူး!”

“ မဟုတ်မှလွဲရော ဒါက အဲ့ဒီမျိုးဆက်သစ်လူငယ် တားမြစ်ချက် ဖြစ်နိုင်လား...?”

“ဖြစ်နိုင်တယ် ၊ သူကလွဲလို့ တခြားဘယ်သူမှ မလုပ်နိုင်ဘူး ...”

မရေမတွက်နိုင်သော ထာဝရ အင်အားစုများနှင့် ခေတ်ဟောင်းမိသားစုမှ မဟာဧကရာဇ်မင်းတို့သည် ယခုအခါ ဧကရာဇ်လျှောက်လှမ်း၏ အဆုံးသတ် ဦိးတည်ရာဆီသို့ မျှော်ကြည့်နေကြသည်။

စူးချန်ကဲသည် ဧကရာဇ်မင်းဖြစ်လာမည့် ဖြစ်စဉ်အတွင်းသာ ရှိသေးပြီး မဟာဧကရာဇ်မင်း အဖြစ် အပြည့်အဝမအောင်မြင်သေးပေ။

အကယ်၍ ၊ သူသည် တကယ့်ဧကရာဇ်မင်း တစ်ပါးဖြစ်လာခဲ့ပါက သူ၏ခွန်အားသည် မည်မျှ ကြောက်စရာကောင်းလိုက်မည်နည်း။

လော့ဟယ်ဓားဂိုဏ်း ။

ဝူကျီအောက်ထျန်း နှင့် လူငယ် ဓားသခင်တို့သည်လည်း ဧကရာဇ်တစ်ပိုင်းအဆင့်ကို ဖြတ်ကျော်သွားခဲ့ပြီ ဖြစ်သည်။

ဤကြောက်မက်ဖွယ်ကောင်းသော ရောင်ဝါကို ခံစားမိသည်နှင့် တပြိုင်နက် ၊ ၎င်းနှင့် သူတို့ကြားက အကန့်အသတ်မရှိသော ကွာဟချက်ကို ခံစားခဲ့ရသည်။

ဤခေတ်တွင်၊ သူတို့ လော့ဟယ်ဓားဂိုဏ်းသည် ဧကရာဇ်လျှောက်လှမ်းပေါ်သို့ ခြေမချခဲ့ပေ။

စူးချန်ကဲလိုမျိုး တားမြစ်ချက်ရှိနေသ၍ ၊ မည်သူကများ ဧကရာဇ်တစ်ပါးအဖြစ် အောင်မြင်နိုင်လိမ့်မည်နည်း။

ထို့အပြင်၊ ဧကရာဇ်လျှောက်လှမ်းတွင် ခြေချခဲ့ကြသောလူတိုင်း အဆုံးတွင် မည်မျှသေဆုံးခဲ့ရသနည်း။

“ ကြည့်ရတာ ငါတို့​ရွေးချယ်​မှု မှန်​တယ်”

ဝူကျီအောက်ထျန်းသည် ကူကယ်ရာမဲ့ ပြုံးလိုက်ရင်း ။

“ စူးချန်ကဲလို လူ့ဘီလူးတစ်ကောင် ရှိနေသရွေ့လူတိုင်းက ဇာတ်ပို့ဖြစ်မှာပဲ”

“ ကုံ လမ်းစဉ်သာလျှင် လမ်းစဉ်တွေထဲက တစ်ခုတည်းသော ဘုရင့်လမ်းစဉ်ပဲ !”

(T /N - ကုံ ဆိုတဲ့အဓိပ္ပာယ်က ၊ အင်တာနက်ဘန်းစကားအရ ဂိမ်းပြီးဆုံးချိန်အထိ အသက်ရှင်ကျန်ရစ်ပြီး ဖိုင်နယ်ထိ လုံခြုံစွာ ဝင်ရောက်နိုင်ခြင်းကို ပြောတာပါ )

ထိုစကားကို ကြားတော့ ၊ အခြားလူငယ်ဓားသခင်များကလည်း သံယောင်လိုက်ကြသည်။

“ငါတို့ ကုံလမ်းစဉ်ကို ကျင့်သုံးနေသရွေ့ ၊ ငါတို့ လုံလုံလောက်လောက် အသက်ရှည်နိုင်တယ်!”

“ စူးချန်ကဲ မရှိတဲ့တစ်နေ့ ၊ ငါတို့က အနှိုင်းမဲ့ဖြစ်လာလိမ့်မယ်”

“မှန်တယ်၊ အနှိုင်းမဲ့ ဖြစ်ဖို့ ငါတို့ ကုံလမ်းစဉ်အတိုင်း လျှောက်လှမ်းရမယ်!”

လော့ဟယ်တောင်ပေါ်တွင် ရပ်နေသော ခိုင်းထျန်း ဓားသခင်သည် အောက်ကမြင်ကွင်းကို ခိုကိုးရာမဲ့ ကြည့်နေမိသည်။

ကုံ ကျင့်စဉ်သည် လော့ဟယ်ဓားဂိုဏ်းတွင် အတော်လေး ရေပန်းစားလာခဲ့သည်။

မူလက ဤလမ်းစဉ်အပေါ် မကျေနပ်ကြသော ဂိုဏ်းတွင်းအဖွဲ့အစည်းက လူများသည်ပင် တိတ်တဆိတ် လက်ခံလာကြပြီး ဝက်ယောင်ဆောင်သော ကျား ဖြစ်လာကြသည်။

“ လမ်းစဉ်တိုင်းမှာ သူ့ကိုယ်ပိုင် အားသာချက်တွေ ရှိသလို ၊ ကုံလမ်းစဉ်ကလည်း..”

“သိပ်မဆိုးသလိုပဲ”

“ ကွေးယွမ် သူတော်စင် နယ်မြေက တုနှ်ိုင်းမဲ့ ပြိုင်ဘက်ကင်းလမ်းစဉ်ကို အဆုံးစွန်ထိ ယူဆောင်လာပေးတယ် ၊ ငါတို့ လော့ဟယ်ဓားဂိုဏ်းကလည်း တခြားနည်းလမ်းရှာပြီး ကုံ လမ်းစဉ်ကို အဆုံးစွန်ထိ မြှင့်တင်ရမယ် ! “

……..

အကန့်အသတ်မရှိသော ဧကရာဇ်တန်ခိုးစွမ်းအားများက ကောင်းကင်နှင့်မြေကြီးကို လွှမ်းခြုံထားသည်။

မကောင်းဆိုးဝါး မျိုးနွယ်ဝင်များကို လိုက်လံရှင်းထုတ်နေသည့် ကွေးယွမ် သူတော်စင် နယ်မြေမှ တပ်ဖွဲ့စုများသည်လည်း ဤမြင်ကွင်းကို သတိထားမိသည်။

မူလက တိုက်ပွဲ၏ ပင်ပန်းနွမ်းနယ်မှုများသည် ယခုအချိန်တွင် လုံးဝပျောက်ကွယ်သွားပြီ ဖြစ်သည်။

ယင်းအစား ၊ အဆုံးမရှိသော စိတ်လှုပ်ရှားမှု ခံစားချက်များက အစားထိုးဝင်ရောက်လာခဲ့သည်။

ဤသူကား သူတို့၏ ဆက်ခံသူ သခင်ပင်။

“ ချန်ကဲ ဆက်ခံသူ အနှိုင်းမရှိ !”

လူတစ်ယောက်က သူ့စိတ်လှုပ်ရှားမှုကို မထိန်းနိုင်ဘဲ ကျယ်လောင်စွာ အော်လိုက်သည်။

တစ်ချိန်တည်းမှာပင် ၊ ဤစကားများသည် လှိုင်းလုံးကြီးများ ရိုက်ခတ်သွားသလိုပင်။

စစ်သည်တော်များ အားလုံး တုံ့ပြန်လာကြသည်။

“ ချန်ကဲ ဆက်ခံသူ အနှိုင်းမရှိ !”

ကြွေးကြော်သံသည် တိုက်မြေ သုံးထောင် တစ်ခွင် မိုးခြိမ်းသံအလား ကျယ်လောင်စွာ ထွက်ပေါ်လာသည်။

ယင်းတွင် ၊ သူတို့ ကွေးယွမ် သူတော်စင် နယ်မြေ၏ တုနှိုင်းမဲ့သော ယုံကြည်မှုများ ပါရှိသည်။

တစ်ဖန် ၊ စူးချန်ကဲအပေါ် ထားရှိသည့် သူတို့၏ တုနှိုင်းမဲ့သော ယုံကြည်မှုများလည်း ပါရှိသည်။

“ စူးချန်ကဲ က ..... ကံကြမ္မာ မဟာဧကရာဇ်မင်းတစ်ပါး ဖြစ်သွားပြီ...”

ဤမြင်ကွင်းကိုမြင်ပြီးနောက် ၊ အစကတည်းက အရှုံးနှင့်ရင်ဆိုင်ခဲ့ရသော မကောင်းဆိုးဝါး မျိုးနွယ်ဝင် တပ်ဖွဲ့စုကြီးသည် လုံးလုံးလျားလျား ပြိုလဲသွားခဲ့သည်။

လွတ်မြောက်ဖို့ သတ္တိပင် မရှိတော့ချေ။ မြေပြင်ပေါ်တွင် ပစ်ထိုင်ကာ ဤထိတ်လန့်တုန်လှုပ်ဖွယ်ရာ မြင်ကွင်းကို ကြောင်တက်တက်ဖြင့် စိုက်ကြည့်လို့နေတော့သည်။

သူတို့ မကောင်းဆိုးဝါးမျိုးနွယ်စုသည် တစ်ဖန် ပြန်လည်နိုးထမည့် နောက်ဆုံးအခွင့်အရေးကို ဆုံးရှုံးခဲ့ရရုံသာမက။

ရန်သူအင်အားစုသည် ၎င်းတို့သည် သမိုင်းတစ်လျှောက် တန်ခိုးအကြီးမားဆုံး မဟာဧကရာဇ်မင်း တစ်ပါး ဖြစ်လာခဲ့ကြောင်းကိုလည်း ဂုဏ်ယူဝံ့ကြွားစွာ သက်သေပြခဲ့လေသည်။

ဤသည်မှာ ရှက်စရာကောင်းရုံသာမက ကြီးမားသော ဆုတ်ယုတ်မှုတစ်ခုလည်း ဖြစ်ခဲ့သည်။

“ဟမ်...ကောင်းကင်ဘုံ မကောင်းဆိုးဝါးတောင်တန်း မရှိတော့ဘူး...ပျောက်ကွယ်ပြီ! !”

တန်ခိုးကြီးမားသော အချို့သော မကောင်းဆိုးဝါးမျိုးနွယ်ဝင် စွမ်းအားရှင်များသည် ဤရလဒ်ကို လက်မခံနိုင်သကဲ့သို့ အော်ဟစ်ငိုကြွေးကြလေသည်။

တချို့က ဓားဆွဲကာ ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့ကြသည်။

“ တိုက်မြေ သုံးထောင်မှာ... ငါတို့ ကျရှုံးခဲ့တယ်...ဒါပေမဲ့ အမတနယ်မြေမှာလည်း ငါတို့ မကောင်းဆိုးဝါးတွေ ဆက်ပြီး ကျရှုံးမယ်လို့ မဆိုလိုဘူး...!”

အချို့က ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်းမပြုမီ ရက်စက်ကြမ်းကြုတ်သော စကားလုံးအချို့ကို ချန်ထားခဲ့သည်။

“ ကွေးယွမ် သူတော်စင် နယ်မြေ... စူးချန်ကဲ... မင်းတို့ ဘယ်လောက်ကြာကြာ ထိန်းထားနိုင်မှာလဲ!?”

“တားမြစ်နယ်မြေ ရောက်လာပြီ၊ ကုန်းပြင်မြင့် နိုးထလာတော့မယ် ..”

“လူသားမျိုးနွယ်အတွက် အကျပ်အတည်း ဖြစ်လာတော့မယ်.... ငါတို့မျိုးနွယ် သေချာပေါက် ပြန်လည်ရှင်သန်လာလိမ့်မယ်!!”

……

ကွေးယွမ် သူတော်စင်နယ်မြေ ဘိုးဘွားပိုင်နက်။

မျဲ့ရှိန် အဝေးဘိုးဘေးသည် သူ့မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။

အလင်းတန်းတစ်ခုသည် အချိန်ကာလကို ကျော်ဖြတ်ကာ ထိုးဖောက်ဝင်ရောက်လာပုံရသည်။

၎င်းသည် နောက်ဆုံးသော ဧကရာဇ်လျှောက်လှမ်း တည်ရှိရာ ဧရိယာပေါ် တိုက်ရိုက်ကျရောက်သွားသည်။

အကြောင်းတရားနှင့် အကျိုးသက်ရောက်မှုထက် ကျော်လွန်သော အချိန်မြစ်သည် ယခုလေးတွင်ဧကရာဇ်တစ်ပါး ဖြစ်လာသော စူးချန်ကဲ၏ ဦးခေါင်းထက်တွင် ဖြည်းညှင်းစွာ ထွက်ပေါ်လာသည်။

၎င်းတို့အနက်မှ ၊ မရေမတွက်နိုင်သော နိယာမစည်းမျဉ်းများစွာ ကျယ်ပြန့်လာသည်နှင့်အမျှ အချိန်အပိုင်းအစများသည် လေတွင် ပျံသန်းကာ သက်ဝင်လှုပ်ရှားနေသည်။

ဝုန်း ! !

ရုတ်တရက်။

ကြောက်မက်ဖွယ်ကောင်းသော ရုပ်သွင်လေးပါး ထွက်ပေါ်လာခဲ့သည်။

အမတဆိုင်ရာ နတ်အလင်းများ နှင့် ရှေးကျသော ရောင်ဝါများသည် ၎င်းတို့၏ ဘေးတစ်ဝိုက်တွင် ပျံလွင့်နေပြီး ဝင်သက်ထွက်သက် တချက် ရှုရှ်ိုက်ရုံမျှဖြင့် မဟာလမ်းစဉ်တစ်ခုလုံးကို သက်ရောက်စေနိုင်ပုံရသည်။

သူတို့သည် နှစ်ကာလများကို ပြောင်းပြန်လှန်ကာ အချိန်မြစ်စီးကြောင်းတစ်လျှောက် စူးချန်ကဲကို အမှန်တကယ်ပင် ရှာတွေ့ခဲ့သည်။

“ဒီကောင်ပဲ ၊ ဒေဝလောကရဲ့ တားမြစ်ချက်..”

“ငါတို့ အစီအစဉ်ရဲ့ ပြသနာအရင်းအမြစ်”

“သခင်က အမိန့်ပေးလိုက်တယ် ၊ ဒီကောင် သေကို‌သေရမယ်၊ အတူတူ လုပ်လိုက်ကြစို့”

ထိုအချိန် ၊ မျဲ့ရှိန် အဝေးဘိုးဘေးမှ ဝင်ရောက်မစွက်ဖက်ရသေးခင် ၊

အချိန်မြစ်ထဲမှ ရှေးကျသော စကားသံတချက် ပဲ့တင်ထပ်သွားခဲ့သည်။

“ ငါ့ရဲ့ တားမြစ် စူးမိသားစုအိမ်က လူက...”

“မင်းတို့လို လူတွေ လက်လှမ်းနိုင်တဲ့အရာ မဟုတ်ဘူး....”

“ကိုယ့်အလုပ်ကို မလုပ်ဘဲ တခြားသူအလုပ်ကို ဝင်စွက်ဖက်နေတာလား!?”

အပိုင်း(၄၆၈): သမိုင်းတွင် တန်ခိုးအကြီးမားဆုံး မဟာဧကရာဇ်မင်းတစ်ပါး မွေးဖွားခဲ့ပြီ

ထိုစကားလုံးများ ထွက်ကျလာသည်နှင့် ။

အချိန်မြစ်ထဲမှ အဆုံးမရှိသော လှိုင်းတံပိုးများ ရိုက်ခတ်လာခဲ့သည်။

ဘုန်း ! !

ထို့နောက် ချက်ချင်းပင်၊ အဆုံးမရှိသော နိယာမစည်းမျဉ်းများ တလိပ်လိပ် ထကြွလာသည်။ အဆိုပါ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအား၏ လွှမ်းမိုးမှုအောက်တွင် ၊

မူလက စူးချန်ကဲ၏ ဦးခေါင်းထက်တွင် ဖြတ်ကူးနေခဲ့သော အမည်မသိ အချိန်မြစ်သည် တုံ့ပြန်မှုရှိလာခဲ့သည်။

“တားမြစ် စူး မိသားစု ...!?”

တစ်ချိန်တည်းမှာပင်၊ တားမြစ် စူးမိသားစုမှ တစ်ယောက်ယောက် ထွက်ပေါ်လာမည်ဟု မမျှော်လင့်ထားပုံရကာ ၎င်းသည်အာမေဋိတ်ပြုလိုက်သည်။

ဝုန်း !!

တားမြစ် စူး မိသားစုမှ လူသည် ၎င်းတို့နှင့် အပိုစကားပြောရန် ပျင်းလွန်းသည်မှာ ထင်ရှားသည်။

“သေ!”

၎င်း၏နှုတ်မှ စကားတစ်လုံး ရေရွတ်လိုက်သည်နှင့် တပြိုင်နက် အဆုံးမရှိသော အမတဆိုင်ရာ နတ်အလင်းတန်းများ ပွင့်ထွက်လာပြီး ကြောက်မက်ဖွယ်ရာ အမတလမ်းစဉ်၏ စိတ်ဆန္ဒတို့သည် တဟုန်ထိုး ပေါက်ကွဲထွက်လာခဲ့သည်။

အဆိုပါ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအား၏ လွှမ်းမိုးမှုအောက်တွင် ၊ အချိန်မြစ်သည် ရုတ်တရက် လှိုင်းထန်လာပြီး ရိုက်ခတ်လေတော့သည်။

ကြောက်မက်ဖွယ်ကောင်းသော ရုပ်သွင်တို့သည် ပြင်းထန်သော တိုက်ပွဲတစ်ခုကို ဆင်နွဲခဲ့ကြသည်။

“ စူးထျန်းမင် ! မင်း ငါနဲ့ တိုက်ချင်တာလား...”

ဝုန်း ဝုန်း --! !

ပေါက်ကွဲသံတချက် ထွက်ပေါ်လာသည်။

ဒေါသသံသည် ရုတ်တရက် ရပ်တန့်သွားသည်။

အချိန်တခဏအကြာတွင် ၊

အချိန်မြစ်၏ အနက်ရှိုင်းဆုံးအရပ်မှ အနည်းငယ် ပြုံးနေသောအသံလိုမျိုး အမျိုးသားတစ်ဦး၏ အသံထွက်ပေါ်လာခဲ့သည်။

“ငါ့ရဲ့ တားမြစ် စူး မိသားစုကို တားမြစ် လို့ ခေါ်ရတဲ့ အကြောင်းရင်းက ဘာကိုဆိုလိုမှန်း မင်းမသိဘူးလား”

“ မင်းတို့ တောက် တရားရေးအဖွဲ့ နဲ့ အမတသခင် တရားစီရင်ရေးအဖွဲ့ ပူးပေါင်းထားတာနဲ့ပဲ ငါတို့ကို ဒါမျိုးလာလုပ်လို့ရမယ် မထင်နဲ့!”

“ ငါ မင်းရဲ့ ခွေးအသက်ကို ချန်ထားပေးလိုက်မယ် ၊ နောက်တစ်ခါ ထပ်လုပ်ဖို့ သတ္တိရှိနေသေးရင် သူတို့ကို ပြန်ပြောလိုက် “

“ဟမ်! အရင်းအမြစ်ချိုးဖျက်မယ့် ဒုတိယတိုက်ပွဲကို ထပ်ပြီးဆင်နွဲမယ် ဘယ်လိုလဲ?!”

အရာအားလုံး ငြိမ်သက်သွားပြီးနောက်။

အဝေးဘိုးဘေး၏ လူ့ဇာတိခံယူထားသော ပုံရိပ်သည် ဖြည်းဖြည်းချင်း ဆင်းသက်လာသည်။

“ တကယ်ကို မင်းတို့ စူး မိသားစုက ဖြစ်နေလိမ့်မယ်လို့ ထင်မထားဘူး “

“ မင်းတို့ အတော်လေး အကြံပိုင်တာပဲ ၊ မင်းတို့ရဲ့ သခင်ငယ်ကို ငါ့ရဲ့ ကွေးယွမ်အမတဂိုဏ်းကို ပို့တယ်ပေါ့လေ “

ထိုစကားကို ကြားတော့။

မှုန်ဝါးဝါး အသွင်ပုံရိပ်သည် ကူကယ်ရာမဲ့စွာ ပုခုံးတွန့်ပြရင်း။

“ မင်းတို့ ငါတို့ စူး မိသားစုအပေါ်ကို အပြစ်တင်တာ မှားနေပြီ ၊ ငါတို့က စိတ်ထင်သလို လုပ်တာ ဒါပေမဲ့ ဒါတွေအားလုံးက ကံကြမ္မာရဲ့ အလိုတော်အတိုင်းပဲလေ “

“ဟမ်... ကောင်းလိုက်တဲ့ ကံကြမ္မာ”

မျဲ့ရှိန် အဝေးဘိုးဘေးက ရယ်လေသည်။

“ဒါဆို အခုကစပြီး စူးချန်ကဲကို ငါတို့ ကွေးယွမ်အမတဂိုဏ်းလက်ထဲ အပြီးတိုင် အပ်လိုက် ၊ လိုအပ်အပ် မလိုအပ်အပ် ဘယ်တော့မှမလာနဲ့ “

“ အဲ့ကောင်လေးက ငါတို့ ကွေးယွမ်အမတဂိုဏ်းကပဲ ၊ ငါတို့ သူကို ကာကွယ်နိုင်တယ်”

ထိုစကားကိုကြားတော့ စူးထျန်းမင် ဟု အမည်ရသော မှုန်ဝါးဝါး အသွင်ပုံရိပ်သည် ဘာမှ ဆက်မပြောခဲ့ချေ။

စူးချန်ကဲသည် သူတို့ ကွေးယွမ်အမတဂိုဏ်းတွင် အချိန်ကြာမြင့်စွာ ရှိနေခဲ့သည်။ တားမြစ် စူးမိသားစုသည် ယခုမှလာပြီး သူ့အား ပြန်ခေါ်သွားမည်ဆိုပါက ဤလုပ်ရပ်သည် မတရားရာကျပေသည် မဟုတ်လော။

“ဒါပေမဲ့ ဒီလောက်ထူးချွန်တဲ့ သခင်ငယ်လေးက “

စူးထျန်းမင်က ညည်းညူလိုက်ရင်း။

“ ငါတို့ စူးမိသားစုရဲ့ ရတနာလေးလေ...”

တစ်ချိန်တည်းမှာပင်။

တောက်လောင်နေသော အပြာရောင်အလင်းတန်းများကြားရှိ စူးချန်ကဲမှာမူ ၊ ပြင်ပကမ္ဘာအကြောင်း ဘာမှမသိရှာပေ။

သူ၏ခန္ဓာကိုယ်သည် မူလရင်းမြစ် ကောင်းကင်လမ်းစဉ်အမှတ်အသား၏ လွှမ်းခြုံခြင်းကိုခံထားရပြီး ၊ သူ့ခန္ဓာကိုယ်ထဲက မရေမတွက်နိုင်သောဆဲလ်များသည် ဆင့်ကဲပြောင်းလဲမှုများ ဖြစ်ပေါ်နေသည်။

ကံကြမ္မာနတ္ထိ ခန္ဓာကိုယ်၏ လမ်းညွှန်မှုအောက်တွင် ၊

သူတော်စင်ခန္ဓာကိုယ် အုပ်စိုးရှင်ဘုရင် ကိုယ်ထည်လေးခုတို့သည် အနှိုင်းမဲ့သော အလင်းများဖြင့် တောက်ပလာခဲ့ပြီး အချင်းချင်း ရောင်ပြန်ဟပ်နေကြသည်။ ၎င်းတို့သည် မိမိတို့၏ ချို့ယွင်းချက်များကို ဖြည့်စွက်ရန် အချင်းချင်း၏ ခွန်အားကို အသုံးပြုနေကြသည်။

ခရက်ခ်! !

စူးချန်ကဲ၏ ခန္ဓာကိုယ်ထဲမှ ပိုးအိမ်ကွဲအက်သံကဲ့သို့သော အသံများနှင့်အတူ ၊

ဆဲလ်တိုင်းမှစတင်ကာ နောက်ဆုံးတွင် ကျင့်ကြံသွေးကြောများအထိ ပျံ့နှံ့သွားသည်။

ဂျိန်း!!

အဆုံးမရှိသော ပရမ်းပတာ မိုးခြိမ်းသံများ ပေါက်ကွဲထွက်လာခဲ့သည်။

တခဏအတွင်းမှာပင် ၊ မူလက တိတ်ဆိတ်ငြိမ်သက်နေခဲ့သော နေရာသည် မိုးခြိမ်းသံများဖြင့် ဖုံးလွှမ်းသွားသည်။

သို့သော်၊ ဤတစ်ခေါက် ပရမ်းပတာမိုးခြိမ်းသံထဲတွင် သန့်စင်သော အဖျက်စွမ်းအားများ ပါဝင်ရုံသာမက ၊

ပြန်လည်မွေးဖွားခြင်းနှင့် ဆင့်ကဲပြောင်းလဲမှုများလည်း ပါဝင်သည်။

မိုးခြိမ်းသံ၏ သန့်စင်မှုအောက်တွင် ၊ စူးချန်ကဲ၏ ခန္ဓာကိုယ်သည် ဧကရာဇ်တစ်ပါး၏ ခန္ဓာအဖြစ် ဆက်လက်ပြောင်းလဲလာခဲ့သည်။

စူးချန်ကဲ၏ နတ်ရင်းမြစ်တွင် ထွန်လင်းတောက်ပသော နေငါးလုံး ထွက်ပေါ်လာခဲ့သည်။

၎င်းတို့၏ ရောင်ဝါသည် ကွဲပြားခြားနားပြီး ၊ စူးချန်ကဲ၏ ခန္ဓာဖွဲ့စည်းပုံ အသွင်အပြင်ငါးခုကို ကိုယ်စားပြုသည်။

ကံကြမ္မာနတ္ထိ ခန္ဓာကိုယ်၏ အလုံးစုံသော စွမ်းအားနေမင်း၏ ဦိးဆောင်မှုအောက်တွင် ၊

ကျန်ရှိသော သူတော်စင်ကိုယ်ထည်များ ဖြစ်သည့် နေလေးစင်းသည် တစ်ခုနှင့်တစ်ခု လှည့်ပတ်ကာ ကြယ်များဖြင့် ပြည့်နှက်နေသော ကောင်းကင်တစ်ခုကို မွေးဖွားပေးခဲ့သည်။

သူ့ခန္ဓာကိုယ်အတွင်း၌ သိုဝှက်စွာဖြင့် ရှိနေသော ကမ္ဘာ့သစ်ပင်တောင်မှ ယခုအခိုက်အတန့်တွင် အပြောင်းအလဲများစွာ ဖြစ်ပေါ်နေသည်။

မူလက ဗလာပြင်အဖြစ် ရှိနေခဲ့သော ကမ္ဘာကြီးသည် ယခုတွင်မူ တောင်များ၊ မြစ်များ၊ အပင်များ ၊ အင်းဆက်များ၊ ငှက်များနှင့် တိရစ္ဆာန်များပင် ရှိလာခဲ့သည်။

နိယာမစည်းမျဉ်းများအဖြစ် ဖြစ်တည်လာသော လေသည် ကမ္ဘာ့သစ်ပင်ဖြင့် ပေါင်းစည်းထားသော ဤလောကတစ်ခွင်ကို တိုက်ခတ်သွားတိုင်း ဝိညာဉ်စွမ်းအင်ဆိုင်ရာ အမျိုးမျိုးသော စည်းမျဉ်းများ မွေးဖွားလာတတ်သည်။

ထိုသို့သောပြောင်းလဲမှုများအောက်တွင် ၊ စူးချန်ကဲ၏ ရောင်ဝါသည် ပိုပို၍ သန့်စင်လာသည်။

အရာခပ်သိမ်း ၊ အလုံးစုံသော မဟာလမ်းစဉ်များ စသော အရာတို့သည် သူ့ခန္ဓာကိုယ်ထဲတွင် ဖြစ်တည်နေသော အဆိုပါ လောက၏ အဓိပ္ပာယ်ဖွင့်ဆိုချက်အောက်တွင် ၊ စူးချန်ကဲသည် ဤကမ္ဘာပေါ်ရှိ အရာအားလုံး၏ အရှင်သခင်ပင် ဖြစ်သည်။

သူ၏ဝင်သက်ထွက်သက် တစ်ချက်တိုင်းသည် အနှစ်တစ်သောင်း ကြာမြင့်သည့် ကမ္ဘာ့အချိန်စက်ဝန်းတစ်ခု လှည်ပတ်နေသလိုပင် ။

သူ့လက်ကို ညင်ညင်သာသာ မြှောက်တင်လိုက်သည်နှင့် ယင် နှင့် ယန်တို့ ပေါင်းစပ်ခြင်း ၊ နေ့ နှင့် ည ထပ်တလဲလဲ ဖြစ်ပေါ်ခြင်း ၊ မွေးဖွားခြင်း နှင့် သေဆုံးခြင်းတို့ လှည်ပတ်ရာ သံယရာစက်ဝန်း စသောကိစ္စရပ်များ ဖြစ်ပေါ်လာစေခဲ့သည်။

……..

ပရမ်းပတာ လျှပ်စီးကြောင်းများသည် တစ်လောကလုံးကို ဖုံးလွှမ်းထားသည်။

၎င်းသည် ဧကရာဇ်လျှောက်လှမ်း တစ်ခုလုံးကို လုံးလုံး နစ်မြုပ်သွားစေသည်။

လာရောက်ကြည့်သူများသည်ပင် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရသည်။

သူတို့အားလုံးသည် ဘေးလွတ်ရာသို့ မရွှေ့ပြောင်းမီ ၊ နောက်ဆုံးသော ဧကရာဇ်လျှောက်လှမ်း၏ အနက်ရှိုင်းဆုံး အပိုင်းဆီသို့ မသိစိတ်က မျှော်ကြည့်ခဲ့ကြသေးသည်။

၎င်းတို့၏ အကြည့်ထဲတွင် ရောထွေးနေသော ခံစားချက်များနှင့်အတူ မနာလိုသော ခံစားချက်များ ရှိနေသည်။

ဤကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော ရူပါရုံမြင်ကွင်းသည် တိုက်မြေ သုံးထောင်တွင် တစ်ခါမှမကြုံဖူးသေးသော အရာပင်။

“ဧကရာဇ်အတိဒုက္ခကပ်ဘေးမှာ ပေါက်ကွဲထွက်လာတဲ့ ရောင်ဝါက စစ်မှန်တဲ့မဟာဧကရာဇ်မင်းထက် အဆပေါင်းများစွာ ကျော်လွန်တယ်...”

“ စူးချန်ကဲ ဒီကောင် တကယ်ပဲ မဟာဧကရာဇ်မင်းတစ်ပါး ဖြစ်လာခဲ့ရင်...ဘယ်လောက်တောင် အင်အားကြီးမားလိမ့်မလဲ”

လူတစ်ချို့က စပ်စုကြသည်။

“ စူးချန်ကဲသာ မဟာဧကရာဇ်မင်းတစ်ပါး ဖြစ်လာပြီးရင် ဘယ်ကိုသွားလိမ့်မလဲ...”

“ နယ်မြေပြင်ပစစ်မြေပြင် လား ဒါမှမဟုတ် ဇီဝတားမြစ် နယ်မြေကို သွားမလား...”

“ဟေး...ဘာလို့ အဲ့လောက်ထိတွေးနေမှာတုန်း”

“အခုကစပြီး၊ တိုက်မြေ သုံးထောင်ဟာ စူးချန်ကဲရဲ့ ခေတ်ပဲ ... ငါတို့မှာ အခွင့်အရေးမရှိဘူး”

ထိုစကားကိုကြားပြီးနောက် ပါရမီရှင်အုပ်စုတစ်စုက မထီမဲ့မြင်ဆိုလိုက်သည်။

သူတို့၏ နောက်ကွယ်က ဘိုးဘေးဖြစ်သူများသည် သူတို့အား ရှင်းပြထားခဲ့ပြီး ဖြစ်သည်။

အမတနယ်မြေ ဆင်းသက်လာတော့မည် ဖြစ်ရာ ၊ အမတလျှောက်လှမ်းသည်လည်း ဖွင့်လှစ်တော့ပေမည်။

အနာဂတ်မှာလည်း စူးချန်ကဲကို ကျော်တက်ဖို့ အခွင့်အလမ်းရှိမည် မဟုတ်ကြောင်း သူတို့အားလုံး ယုံကြည်ထားသည်။

ဝုန်း ! !

ထိုအချိန်တွင် ၊ ပရမ်းပတာ မိုးခြိမ်းသံသည် နောက်ဆုံးတစ်ချက်အဖြစ် ပစ်ခွင်းလာခဲ့သည်။

ထို့နောက်တွင် ၊ အရာအားလုံး ခေတ္တငြိမ်သက်သွားပုံရသည်။

ဝီ! !

ထိုစဉ် ၊ ပြိုးပြိုးပျက်ပျက် တောက်ပသော အလင်းရောင်သည် ဖြည်းညှင်းစွာ မြင့်တက်လာခဲ့သည်။

မှော်သင်္ကေတများ တသိမ့်သိမ့် ရိုက်ခတ်လျက် ၊ ဧကရာဇ်လမ်းစဉ်၏ အလိုဆန္ဒတို့သည် နေရာအနှံ့ ဖုံးလွှမ်းသွားခဲ့လေသည်။

မှောင်မိုက်ပြီး အကန့်အသတ်မရှိသော အနက်ရောင်ဒီရေလှိုင်းများကြား ကြီးကျယ်ခမ်းနားသော အသွင်အပြင်တစ်ခု ထွက်ပေါ်လာခဲ့ပုံရသည်။

ထိုအနှီပုဂ္ဂိုလ်သည် အဖြူထည်ဝတ်ရုံကို ဝတ်ဆင်ထားပြီး မတ်တပ်ရပ်နေသည်။

တစ်ကိုယ်လုံး ပြိုးပျက်စွာတောက်ပနေသည်မှာ လောကကို လွှမ်းမိုးချုပ်ကိုင်ထားသော နတ်ဘုရားတစ်ပါး ဆင်းသက်လာသလိုပင်။

တစ်ချိန်တည်းမှာပင်၊ ကမ္ဘာကြီးတစ်ခုလုံးကို တုန်လှုပ်သွားစေသည့် စိတ်ဝိညာဉ်လှိုင်းလုံးကြီးသည် အရပ်ရှစ်မျက်နှာတစ်ခွင် ရိုက်ခတ်သွားသည်။

ဝုန်း ! !

ဤအခိုက်အတန့်တွင် ၊ တိုက်မြေ သုံးထောင်ရှိ လူတိုင်း ဧကရာဇ်မင်း၏ဓမ္မကာယကိုယ်ထည်သည် အာကာသထဲသို့ ထိုးဖောက်ဝင်ရောက်လာသည်ကို တွေ့လိုက်ရသည်။

ကွဲအက်သံ! !

မိုင်ထောင်ပေါင်းများစွာအတွင်းရှိ အာကာသသည် မှန်တစ်ချပ်ကဲ့သို့ ကွဲအက်သွားသည်။

အဆုံးမရှိသော နိယာမများသည် တဟုန်ထိုး မြင့်တက်လာသည်။

၎င်းတို့အနက် ။

အသွင်ပုံရိပ်တစ်ခုသည် ဖြည်းညှင်းစွာ ထွက်ပေါ်လာသည်။

၎င်းသည် အလွန်ကြီးကျယ်ခမ်းနားပြီး ၊ ဘေးတစ်ဝိုက်တွင် နတ်အလင်းများ ပြင်းထန်စွာ တောက်လောင်နေသည်။

၎င်း၏ ချီ နှင့် သွေးစွမ်းအားများသည် သမုဒ္ဒရာကဲ့သို့ တဟုန်းဟုန်း တောက်လောက်နေပြီး ၊ အသားအရေများသည် ကျောက်စိမ်းပမာ ကြည်လင်တောက်ပကာ ယခင်က ဒဏ်ရာများအားလုံးသည်လည်း ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

ပြီးပြည့်စုံသော ကြွက်သားဖွဲ့စည်းပုံများကို ကြည့်ရသည်မှာ လက်ရာသေသပ်စွာ ပွတ်တိုက်ထားသလိုပင်။

ဧကရာဇ်အလိုဆန္ဒ၏ မှော်သင်္ကေတတို့သည် တလိပ်လိပ် ရိုက်ခတ်ကာ ထကြွလာလေသည်။

သူ ထွက်ပေါ်လာသည့် အခိုက်အတန့်မှာပင် ၊

လောကရှိ နိယာမတရားတို့သည် ဟောက်သံပြုလျက် လူးလိမ့်ရိုက်ခတ်နေသည်။

ဧကရာဇ်သစ်ဖွားမြင်ခြင်းအတွက် ဆင်နွှဲဂုဏ်ပြုနေကြသလိုပင်။

ထိုအခိုက်အတန့်တွင် ၊

တိုက်မြေ သုံးထောင်ရှိ လူတိုင်း ထိုအနှီရုပ်သွင်ကို မြင်တွေ့လိုက်ရသည်။

မဟာဧကရာဇ်မင်းများသည်ပင် ဤမျှ ကြီးကျယ်ခမ်းနားသော ဧကရာဇ်အလိုဆန္ဒများ ရှိသည့် ဧကရာဇ်နယ်ပယ်အဆင့် စွမ်းအားရှင်ကို တစ်ခါမျှ မတွေ့မြင်ဖူးခဲ့ပေ။

ဤသည်မှာ မကြုံစဖူး ဖြစ်ရပ်တစ်ခု ဖြစ်သည်။

နေရာတွင် ရပ်နေရုံမျှဖြင့် ဖြာထွက်နေသော ရောင်ဝါသည် အရာအားလုံးကို ဦိးညွှတ်စေလောက်အောင်ပင်။

ဤသည်မှာ သမိုင်းတွင် အမြဲတမ်းတွင်ကျန်ရစ်မည့် ထာဝရ ပထမဆုံးသောဧကရာဇ် တစ်ပါးပင် ဖြစ်သည်။

သူသည် တိုက်မြေ သုံးထောင်၏သမိုင်းတွင် တန်ခိုးအကြီးမားဆုံးဧကရာဇ်မင်း ဖြစ်လာပေမည်။

ရှေးအင်အားစုများ၏ ပါရမီရှင်များ နှင့် ဆက်ခံသူများသည် ယခုအချိန်တွင် တိတ်ဆိတ်နေကြသည်။

စူးချန်ကဲ၏နောက်လိုက်များမှာမူ ၊ စိတ်လှုပ်ရှားစွာဖြင့် မျက်ရည်များပင်စီးကျလို့နေသည်။

စူးချန်ကဲ ရှိရာ ဦးတည်ရာဘက်ဆီသို့ ဒူးထောက်ကာ ကြွေးကြော်လိုက်ကြသည်။

“ ချန်ကဲ မဟာဧကရာဇ်မင်းကို နှုတ်ခွန်းဆက်သပါတယ်!”

တစ်ချိန်တည်းမှာပင် ၊

ကွေးယွမ် သူတော်စင် နယ်မြေ၏ တပ်ဖွဲ့ဝင်များနှင့် မဟာမိတ်တွဲဖက်တပ်များအားလုံး။

စူးချန်ကဲ ရှိရာ ဦးတည်ရာဘက်ဆီသို့ ဒူးထောက်လျက် ဦးညွှတ်ကြလေသည်။

၎င်းတို့၏ ကြွေးကြော်သံသည် စကြဝဠာတစ်ခွင်လုံးကို ဆူနာမီကဲ့သို့ တုန်လှုပ်သွားစေခဲ့သည်။

“ချန်ကဲ မဟာဧကရာဇ်မင်းကို နှုတ်ခွန်းဆက်သပါတယ်!”

“ချန်ကဲ မဟာဧကရာဇ်မင်းကို နှုတ်ခွန်းဆက်သပါတယ်!”

………

အပိုင်း(၄၆၉): ထိုနှစ်က ဧကရာဇ်လျှောက်လှမ်းရဲ့ အမှန်တရား၊ အမှောင်ထု၏ အကြွင်းအကျန်

ဤအခိုက်အတန့်တွင်၊

မရေမတွက်နိုင်သော ကျင့်ကြံသူများသည် စူးချန်ကဲအား ဦးညွှတ်ကာ ဂုဏ်ပြုခဲ့ကြသည်။

ဤသည်မှာ လူသန်းပေါင်းများစွာ၏ ကြောက်ရွံ့ထိတ်လန့်မှုနှင့် ကိုးကွယ်မှုပင် ဖြစ်သည်။

ယခင်က ပြင်းထန်သောတိုက်ပွဲသည် ပျက်သုန်းခြင်း နှင့် ခေတ်ဟောင်း၏ အဆုံးသတ်ကို ကိုယ်စားပြုသည်။

မဟာဧကရာဇ်မင်း ဖြစ်လာသော စူးချန်ကဲသည် ပြန်လည်မွေးဖွားခြင်း နှင့် ခေတ်သစ်၏ စတင်မှုကို ကိုယ်စားပြုသည်။

ကြီးကျယ်ခမ်းနားသော ဧကရာဇ်တန်ခိုးစွမ်းအားတို့သည် အမြင့်ဆုံးခွန်အား၏ သင်္ကေတတစ်ခုလည်း ဖြစ်သည်။

မဟာဧကရာဇ်မင်းသည် တိုက်မြေ သုံးထောင်တွင် ထိပ်တန်းတည်ရှိမှု ဖြစ်ပြီး ၊

မရေမတွက်နိုင်သော ထာဝရ အင်အားစုများ၏ အကြီးမားဆုံး အခြေခံအုတ်မြစ်လည်း ဖြစ်သည်။

ထို့အပြင် ၊ စူးချန်ကဲ၏ ခန္ဓာကိုယ်မှ ဖြာထွက်လာသော ဧကရာဇ်တန်ခိုးစွမ်းအားများသည် အခြားမဟာဧကရာဇ်မင်းများထက် သာလွန်ပြီး သူ၏ အကြွင်းမဲ့ခွန်အားကို ထင်ရှားစွာသက်သေပြနိုင်ခဲ့သည်။

သမိုင်းတွင် အမြဲတမ်းတွင်ကျန်ရစ်မည့် ထာဝရ ပထမဆုံးသောဧကရာဇ် ဆိုသည်မှာ ဤကဲ့သို့ ဖြစ်နေသင့်သည် မဟုတ်ပေလော။

အဝတ်အစားသစ်တစ်စုံ ပြောင်းလဲလိုက်ပြီးနောက် ၊ ဧကရာဇ်တန်ခိုးစွမ်းအားများဖြင့် ပြည့်နှက်နေသော မြူခိုးထုအတွင်းမှ စူးချန်ကဲသည် ဖြည်းညှင်းစွာ လှည့်ထွက်လာခဲ့သည်။

မရေမတွက်နိုင်သော မိုးခြိမ်းသံများက သူ၏ ဘေးတစ်ဝိုက်တွင် ရှိနေသည်။

ပြင်းထန်သော ၎င်း၏ရောင်ဝါများသည် အရပ်ရှစ်မျက်နှာတစ်ခွင်လုံးကို နှိပ်ကွပ်ထားပြီး စကြဝဠာတစ်ခုလုံးကို တုန်လှုပ်စေနိုင်သည်။

နှင်းစက်များကဲ့သို့ ဖြူဖွေးသော အဖြူထည် ဝတ်ရုံစသည် အညစ်အကြေးကင်းစင်စွာဖြင့် လေနှင့်အတူ ကခုန်ပျံဝဲလို့နေသည်။

နက်မှောင်သော ဆံနွယ်များက လေထဲတွင် တဖျပ်ဖျပ်ခတ်လျက် ၊ သူ၏ တည်ကြည်လေးနက်သော မျက်ဝန်းတစ်စုံသည် ‌ကြယ်စင်များကဲ့သို့ တောက်ပနေသည်။

အထူးသဖြင့် သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော ကိုယ်ရည်ကိုယ်သွေးတို့သည် ယခင်ကထက် ပို၍သာလွန်ပေသည်။

လေထဲတွင် ရပ်နေရုံမျှဖြင့် ၊ ကြီးကျယ်ခမ်းနားသော ဧကရာဇ်တန်ခိုးစွမ်းအားများကို နောက်ခံပြုလျက် လူတိုင်းသည် သူ့ကို ကိုးကွယ်ရုံမှတစ်ပါး မတတ်နိုင်သလို ၊ ၎င်းတို့၏ ချီ နှင့် သွေးစွမ်းအားတို့သည်ပင် ဟောက်သံပြုနေကြသည်။

ဝီ--!!

ထိုအချိန် ၊

ကွက်လပ်တွင် လှိုင်းတံပိုးများ ရုတ်တရက် လှုပ်ခတ်သွားသည်။

ချီရွှမ် စစ်မှန်သူဆရာသခင်သည် ထိုနေရာမှ ဖြည်းညှင်းစွာ ထွက်လာခဲ့သည်။

“ ကောင်... ချန်ကဲ မဟာဧကရာဇ်မင်းကို နှုတ်ဆက်ပါတယ်!”

သူ၏မသိစိတ်က ကောင်လေး ဟု ခေါ်ဆိုရန် ဟန်ပြင်လိုက်သော်လည်း ၊ သို့သော် ယခုတွင် စူးချန်ကဲသည် ဧကရာဇ်မင်းတစ်ပါး ဖြစ်လာခဲ့ပြီ ဖြစ်သည်။ စူးချန်ကဲတွင် ဘွဲ့အမည် မရှိသေးသော်လည်း သို့ဆိုတောင် သူသည် လေးစားသမှုဖြင့် ချန်ကဲ မဟာဧကရာဇ်မင်းဟု ခေါ်ဆိုရန်လိုအပ်ပေသည်။

ဤမြင်ကွင်းသည် လူတိုင်းကို ပဟေဠိဖြစ်စေခဲ့သည်။

“အဲ့ဒီလူက ဘယ်သူလဲ...ဘာလို့ သူ့ရဲ့ အငွေ့အသက်ကို ရှင်းရှင်းလင်းလင်း မခံစားမိရတာလဲ”

“ဟမ်...ပုံစံကိုကြည့်ရတာ သူက ဧကရာဇ်လျှောက်လှမ်း စောင့်ကြည့်သူ ဖြစ်နိုင်တယ်”

“ ဧကရာဇ်လျှောက်လှမ်း စောင့်ကြည့်သူ? သူက ဆက်ခံသူ သခင်ကို ဘာလို့ လာတွေ့တာလဲ? “

“……”

“မင်္ဂလာပါ ချီရွှမ် လူကြီးမင်း”

စူးချန်ကဲသည် ချီရွှမ် စစ်မှန်သူဆရာသခင် အား ဦးညွှတ်လိုက်သည်။

သူသည် မဟာဧကရာဇ်မင်း တစ်ပါး ဖြစ်လာခဲ့သော်လည်း ၊ ဤလောက၌ အနှိုင်းမဲ့ပုဂ္ဂိုလ်တစ်ဦးဟု မဆိုနိုင်‌သေးပေ။

“ ချန်ကဲ မဟာဧကရာဇ်မင်း ၊ မင်းက အခု မဟာဧကရာဇ်မင်းဖြစ်သွားပြီဆိုတော့ ငါတို့အရင်က သဘောတူညီချက်ကို ပြီးမြောက်အောင် လုပ်လိုက်ကြမလား”

ထိုစကားကိုကြားတော့ ၊ စူးချန်ကဲသည် မျက်ခုံးပင့်သွားသည် ။

ကံကြမ္မာ မဟာဧကရာဇ်မင်း အဆင့်အတန်းကို ရရှိပြီးနောက် ၊ စူးချန်ကဲသည် ဧကရာဇ်လျှောက်လှမ်း တစ်ခုလုံး၏ အသိအမှတ်ပြုခြင်းကို လက်ခံရရှိခဲ့သည်။

ဧကရာဇ်လျှောက်လှမ်းမှ ပြန်လည်မထွက်ခွာမီ၊ ကံကြမ္မာစွမ်းအင်၏ ကောင်းချီး‌ပေးမှုအောက်တွင် ၊ သူ၏ တန်ခိုးစွမ်းအားများဖြင့် ဧကရာဇ်လျှောက်လှမ်း တစ်ခုလုံးကို လွှမ်းမိုးချုပ်ကိုင်ရန် လုံလောက်ပေသည်။

ချီရွှမ် စစ်မှန်သူဆရာသခင်သည် သူ့အား ဧကရာဇ်လျှောက်လှမ်း၏ ချုပ်လှောင်မှုကို ချိုးဖျက်ကာ အကျဉ်းကျနေသော သက်ရှိအပေါင်းတို့ကို လွတ်မြောက်စေချင်ပုံ ရသည်။

“တောင်းပန်ပါတယ် ခင်ဗျားရဲ့တောင်းဆိုချက်ကို ကျုပ်သဘောမတူနိုင်ဘူး”

ထိုစကားများ ထွက်လာသည်နှင့်။

မူလက မျှော်လင့်ချက်များစွာဖြင့် စောင့်မျှော်နေခဲ့သော ချီရွှမ် စစ်မှန်သူဆရာသခင်သည် ထိုနေရာ၌ပင် ထိတ်လန့်သွားခဲ့သည်။

ဒါက သူထင်ထားသလို မဟုတ်ဘူး!

“ဘာလို့လဲ?!”

“အခု မင်းက ကံကြမ္မာမဟာဧကရာဇ်မင်း ဖြစ်လာခဲ့ပြီလေ ၊ မင်းမှာ ဧကရာဇ်လျှောက်လှမ်းရဲ့ ချုပ်နှောင်မှုတွေကို ချိုးဖျက်ဖို့အခွင့်အရေးရှိပြီ !”

ချီရွှမ် စစ်မှန်သူဆရာသခင်သည် စိတ်လှုပ်ရှား‌စွာဖြင့် ထပ်ဆိုပြန်သည်။

“ ဧကရာဇ်လျှောက်လှမ်းမှာ ရှိနေတဲ့ သက်ရှိတွေ နှစ်ဘယ်လောက်ကြာအောင် အကျဉ်းကျနေခဲ့တာလဲဆိုတာ မင်းသိရဲ့လား ၊ အခု သူတို့အတွက်မျှော်လင့်ချက် ရှိလာပြီ ၊ မင်းက သူတို့ရဲ့ မျှော်လင့်ချက်တွေကို ဒီတိုင်းပဲထားတော့မှာလား”

ထိုစကားကိုကြားတော့ ၊

စူးချန်ကဲသည် စိတ်ဆိုးသွားခြင်းမရှိပေ။

သူသည် မူလရင်းမြစ် ကံကြမ္မာအမှတ်အသားကို စုပ်ယူခဲ့စဉ်က ကောင်းကင်လမ်းစဉ်၏ မှတ်ဉာဏ်ကိုလည်း စုပ်ယူခဲ့သည်။

ကမ္ဘာ့ကပ်ဘေးစစ်ပွဲအတွင်း ၊ အမှောင်ထု၏ တပ်ဖွဲ့များသည် ဧကရာဇ်လျှောက်လှမ်းကို ကျူးကျော်ဝင်ရောက်ခဲ့ဖူးသည်။

မရေမတွက်နိုင်သော အင်အားကြီးတပ်ဖွဲ့များဖြင့် ဤနေရာတွင် ကာကွယ်မှုများပြုလုပ်ကာ အင်အားကြီးမားသော အမှောင်ထုကို တွန်းလှန်ခဲ့ကြသည်။

အဆုံးတွင် မရေမတွက်နိုင်သော မှော်နက်သင်္ကေတများသည် ဧကရာဇ်လျှောက်လှမ်းပေါ်တွင် အက်ကွဲပျောက်ကွယ်သွားခဲ့သည်။

တိုက်ပွဲတွင် ကျဆုံးသွားသူများ အပါအဝင် အရာအားလုံးသည် ဧကရာဇ်လျှောက်လှမ်း၏ စုပ်ယူခြင်းကို ခံခဲ့ရသည်။

ဧကရာဇ်လျှောက်လှမ်းတွင် အမှောင်ထု၏ အငွေ့အသက်များ မရှိတော့သော်လည်း ၊

သို့သော် ရေမျက်နှာပြင်အောက်တွင် အဆုံးမရှိသော အမှောင်ထုကြီး ရှိနေသေးသည်။

ဧကရာဇ်လျှောက်လှမ်းတွင် ပျောက်ဆုံးသွားသူများသည် အရင်ကတည်းက ကျရှုံးသူများ ဖြစ်နေခဲ့ပြီ ဖြစ်ပြီး ၊ ၎င်းတို့သည် ဧကရာဇ်လျှောက်လှမ်း၌ အချိန်ကြာမြင့်စွာ ရှိနေခဲ့သောကြောင့် ၎င်းတို့၏ ဝိညာဉ်များသည် အမှောင်ထု၏ နှစ်ရှည်လများ တိုက်စားခြင်းကိုခံထားရသည်။

လက်ရှိ သူတို့သည် ပျောက်ဆုံးသူများအဖြစ် ရှိနေရုံတင်သာမက ၊

ပြည်ပြေး ပြည်သူများအဖြစ် နားလည်နိုင်သည်။ တစ်နည်းအားဖြင့် ၊ တိုက်မြေသုံးထောင်၏ နောင်လာနောက်သားမျိုးဆက်များသည် ဧကရာဇ်လျှောက်လှမ်းပေါ်သို့ ‌ခြေချချိန်တွင် သူတို့ကို ဧကရာဇ်တစ်ပါးဖြစ်လာနိုင်စေရန် ၎င်းတို့ကို စမ်းသပ်ခံအဖြစ် အသုံးချထားသည် ဟု ဆိုရပေမည်။

ဧကရာဇ်လျှောက်လှမ်း၏ ချုပ်လှောင်မှုများကို ချိုးဖျက်ကာ ဤလူများအား လွှတ်ပေးခဲ့မည်ဆိုပါက ၊

တိုက်မြေသုံးထောင်အပေါ် ကြီးမားသော သက်ရောက်မှုတစ်ခု ဖြစ်လာမည်ကို စိုးရိမ်ရသည်။

စိတ်ထဲတွင် ထိုမှတ်ဉာဏ်ကို တိုတိုတုတ်တုတ် ပြန်စဉ်းစားနေပြီးနောက် ၊

စူးချန်ကဲသည် ချီရွှမ် စစ်မှန်သူဆရာသခင်ကို တိုက်ရိုက် ပြောဆိုခဲ့သည်။

“ လူကြီးမင်း၊ အခုဆို ခေတ်က ခေတ်သစ်တစ်ခုထဲ ဝင်ရောက်လာခဲ့ပြီ “

“ဒီခေတ်ရဲ့ ကံကြမ္မာမဟာဧကရာဇ်မင်း အဖြစ်၊ အမှောင်ကျူးကျော်သူတွေကို ကမ္ဘာမှာရှင်သန်ခွင့်မပြုနိုင်တာ သဘာဝကျပါတယ် “

သူပြောပြီးသည်နှင့်။

စူးချန်ကဲသည် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။

ဝုန်း !!

သဘာဝနိယာမစည်းမျဉ်းများမှ အသွင်ပြောင်းလာသော လေပြင်းများ တိုက်ခတ်သွားသည်။

တခဏချင်းမှာပင် ၊ ချီရွှမ် စစ်မှန်သူဆရာသခင်၏ ဝတ်ရုံလက်ကို အပိုင်းပိုင်း ပြတ်တောက်သွားခဲ့သည်။

အမှောင်ထု၏ နှစ်ရှည်လများ တိုက်စားခံထားရသော ၎င်း၏မည်းနက်နေသော လက်မောင်းများကို မြင်လိုက်ရသည်။

အထူးသဖြင့် ၊ မှော်နက်သင်္ကေတများသည် အရိုးများကို လိုက်စားနေသော လောက်ကောင်ကဲ့သို့ ရွံရှာဖွယ်ကောင်းအောင် လှုပ်လှုပ်ရွရွ လှုပ်ရှားနေသည်။

“ဟမ်...အမှောင်ထု အငွေ့အသက် !?”

“ဧကရာဇ်လျှောက်လှမ်းမှာ ဘယ်လိုလုပ်ပြီး အမှောင်ထု ထွက်ပေါ်လာတာလဲ?”

“ကမ္ဘာ့ကပ်ဘေး စစ်ပွဲအတွင်းမှာ အမှောင်ထုက ပျောက်ကွယ်သွားခဲ့ပြီ မဟုတ်လား?”

“ဧကရာဇ်လျှောက်လှမ်း စောင့်ကြည့်သူတွေကိုတောင် အမှောင်ထုကတိုက်စားခဲ့ပြီလား?”

“…….”

အချို့သောစွမ်းအာရှင်များသည် ထိုမြင်ကွင်းကို မြင်ပြီးနောက် ၊ အမူအရာများသည် သိသိသာသာ ပြောင်းလဲသွားကြပြီး လူတစ်ကိုယ်လုံး အေးစက်သွားသည်ကို ခံစားလိုက်ရသည်။

သို့သော် ၊ ကမ္ဘာ့ကပ်ဘေးစစ်ပွဲကို တွေ့ကြုံခဲ့ဖူးသော ခေတ်ဟောင်း စွမ်းအားရှင်အချို့က ထိုမြင်ကွင်းကို မြင်တွေ့ပြီးနောက် ခေါင်းတယမ်းယမ်းဖြင့် သက်ပြင်းချလေသည်

“တကယ်ကို ဒီလိုပါ့လား...?”

“အမှောင်ထုရဲ့အကြွင်းအကျန်တွေက ဒီမှာရှိနေတုန်းပဲ!”

…….

စူးချန်ကဲသည် အေးစက်သောလေသံဖြင့် ဆိုလိုက်သည်။

“လူကြီးမင်း၊ ခင်ဗျားက အရင်တုန်းက ချီရွှမ် စစ်မှန်သူဆရာသခင် မဟုတ်တော့ဘူး”

“မဟုတ်ဘူး...”

“မင်း ဒီလိုလုပ်လို့မရဘူး...”

“ငါတို့ ဧကရာဇ်လျှောက်လှမ်းမှာ ပိတ်မိနေတာ ကြာပြီ...”

ချီရွှမ် စစ်မှန်သူဆရာသခင်သည် ဤရလဒ်ကို လက်မခံနိုင်ပုံပေါ်သည်။

“အခုမှ မျှော်လင့်ချက်ကို မြင်ရတာ.. နောက်ဆုံးတော့ လွတ်လပ်မှုရနိုင်တော့မှာလေ...”

“မင်း ငါ့ကို ကတိ​ပေးခဲ့တယ်​လေ...!”

ဝုန်း ! !

တစ်ချိန်တည်းမှာပင်။

နှစ်ကာလများစွာ ဖိနှိပ်ခံထားရသော အမှောင်ထုသည် ချီရွှမ် စစ်မှန်သူဆရာသခင်၏ ခန္ဓာကိုယ်ထဲမှ ဒီရေအလား ပေါက်ကွဲထွက်လာသည်။

အမှန်စစ်စင်။

ဤမရေမတွက်နိုင်သော နှစ်ကာလများအတွင်း။

ချီရွှမ် စစ်မှန်သူဆရာသခင် နှင့် ဧကရာဇ်လျှောက်လှမ်း စောင့်ကြည့်သူအများအပြားသည် အမှောင်ထု၏ တိုက်စားမှုကိုခံခဲ့ရသည်။

မရေမတွက်နိုင်သော ခေတ်ကာလများစွာ တိုက်စားလာမှုကြောင့် ၎င်းတို့၏ တာအိုစိတ်နှလုံးသားများသည် အမှောင်ထု၏ လွှမ်းမိုးခြင်းကို ခံထားရသောကြောင့် သူတို့ကိုယ်တိုင်နှင့် လက်တွေ့ကိုပင် ပိုင်းခြားနိုင်စွမ်းမရှိတော့ချေ။

လွတ်လပ်လိုသောဆန္ဒသည် အမြစ်တစ်ခုလို တွယ်ကပ်နေကာ ၊ ယင်းက သူတို့၏ တာအိုစိတ်နှလုံးသားများကို လုံးလုံးလျားလျား ကွဲအက်သွားစေသည့်အထိပင်။

“ ဒါ မင်း ငါ့ကိုဖိအားပေးတာပဲ !!”

ချီရွှမ် စစ်မှန်သူဆရာသခင်သည် ဒေါသတကြီး ဟောက်လိုက်သည်။

အမှောင်ထုအငွေ့အသက်များ ရှိနေသော သူ၏လက်ဝါးဖြင့် စူးချန်ကဲကို ရိုက်ထုတ်လိုက်သည်။

ဝုန်း !!

အဆုံးမရှိ ထူးဆန်းသော မှော်နက်သင်္ကေတများသည် အဖျက်စွမ်းအားများကိုဆောင်ကျဉ်းလျက် ဒရဟော ပေါက်ကွဲထွက်လာခဲ့သည်။

အပိုင်း(၄၇၀): အသစ်တစ်ခုရဲ့ အစ

ဤရုတ်တရက် မြင်ကွင်းသည် လူတိုင်းကို အံ့အားသင့်စေခဲ့သည်။

ယခုလေးတင်မှ မဟာဧကရာဇ်မင်း ဖြစ်လာခဲ့သော စူးချန်ကဲသည် အမှောင်ထု၏ တိုက်စားခြင်းကို ခံထားရသော ဧကရာဇ်လျှောက်လှမ်း စောင့်ကြည့်သူနှင့် ချက်ချင်းပင် တိုက်ပွဲတစ်ခု ဆင်နွဲခဲ့ရပြန်သည်။

ဤအခိုက်အတန့်တွင်၊ အမှောင်ထု၏ အငွေ့အသက်များ ထွက်ပေါ်လာသည်။

သူတို့ ရောက်ရှိနေသောနေရာနှင့် မိုင်ထောင်ပေါင်းများစွာ ဝေးကွာသော်လည်း ၊ ဤထူးဆန်းသော အမှောင်ထု၏ အငွေ့အသက်သည် သူတို့အားလုံးကို တုန်လှုပ်ခြောက်ချားသွားစေသည်။

သို့သော် ၊ အမှောင်ထုလှိုင်းတံပိုး၏ အလယ်တွင် ရှိနေသော စူးချန်ကဲသည် ဤအရာများသည် သူမျှော်လင့်ထားသည့်အတိုင်း ဖြစ်နေသကဲ့သို့ တည်ငြိမ်မှုအပြည့်ဖြင့် ရှိနေသည်။

သူ၏တုံ့ပြန်မှုသည် လျင်မြန်သည်။ သူ၏လက်ညိုးကို ဆန့်ထုတ်ကာ ‌ပေါ့ပေါ့ပါးပါး ညွှန်ကြားလိုက်သည်နှင့် ၊

ဝီ——!!

တခဏအတွင်း ၊

ကွက်လပ်ထဲတွင် တောက်ပသော မှော်သင်္ကေတ လေပွေမုန်တိုင်းကြီးတစ်ခု ထွက်ပေါ်လာပြီး အရပ်ရှစ်မျက်နှာတစ်ခွင်လုံးကို ရိုက်ခတ်သွားသည်။

ရွှေဝါရောင်လှိုင်းတံပိုးများ ဖြတ်သန်းရိုက်ခတ်သွားလေသည့် နေရာတိုင်း ၊ ဟင်းလင်းပြင်နေရာလပ်ထဲသို့ ရွှေဝါရောင်အလင်းကြောင်းများ ဖြန့်ကျက်သွားသည်။

နိယာမစည်းမျဉ်း‌များသည် တောင်ကြီးတစ်ခုသဖွယ် တဟုန်ထိုး တတ်လာခဲ့သည်။

နက်မှောင်သော လှိုင်းတံပိုးများကြား ထွက်ပေါ်လာသော အနန္တအမြင့်မြတ်ဆုံးသော တောင်ကြီးတစ်ခုနှင့် တူပေသည်။

ဝုန်း ! !

အမှောင်လှိုင်းများသည် စူးချန်ကဲအား လုံးဝမှ မထိတွေ့နိုင်ခဲ့ပေ။

“ဖျက်ဆီး “

တစ်ချိန်တည်းမှာပင်။

စူးချန်ကဲမှ ရွတ်ဆိုလိုက်သည်နှင့် ၊

မူလက ရွှေရောင်အလင်းတန်းများသည် ပို၍ပင် တောက်လောင်လာခဲ့သည်။

၎င်းတို့ထဲတွင် ၊ မရေမတွက်နိုင်သော ဓားအလင်းများရှိနေပြီး ၎င်းတို့မှ ထုတ်လွှတ်လိုက်သော အလင်းရောင်များသည် နေရောင်ကဲ့သို့ စူးရှတောက်ပနေသည်။

ဝှစ် ဝှစ်!

၎င်းသည် သိပ်သည်းကျစ်လစ်စွာဖြင့်ရှိနေသော အမှောင်လှိုင်းကို တွန်းလှန်လိုက်သည့်နှင့် တပြိုင်နက်၊

အဖျက်သဘောဆောင်သော နတ်အလင်းများအဖြစ် ပြောင်းလဲသွားပြီး အမှောင်လှိုင်းများကို တိုက်ရိုက်ဆုတ်ဖြဲကာ လေနှင့်အတူ ပျံလွင့်သွားစေခဲ့သည်။

ဘုန်း ! !

ကျယ်လောင်သောပေါက်ကွဲသံနှင့်အတူ။

ချီရွှမ် စစ်မှန်သူဆရာသခင်သည် အဝေးသို့ လွင့်ထွက်သွားပြီး တောင်ကမ်းပါးနှင့် ပြင်းပြင်းထန်ထန် ထိမှန်သွားခဲ့သည်။

ဖုန်မှုန့်လုံးကြီးသည် အပေါ်သို့ လိပ်တက်လာခဲ့သည်။

“ လူကြီးမင်း ၊ ဒါက ဒီခေတ်ရဲ့ ကံကြမ္မာပဲ”

စူးချန်ကဲသည် ပေါ့ပေါ့ပါးပါးရှိသော လေသံဖြင့် ဆိုလိုက်သည်။

“ ခင်ဗျားက ကမ္ဘာ့ကပ်ဘေး စစ်ပွဲကြီးကို ကြုံခဲ့ဖူးမှတော့ ခင်ဗျားလည်း သိမှာပါ ၊ ဒီအရာက ခေတ်ရဲ့ တိုးတက်မှုကို အဟန့်အတားဖြစ်စေလိမ့်မယ် “

“အဟွတ်...”

ချီရွှမ် စစ်မှန်သူဆရာသခင်သည် မည်းနက်နေသော သွေးများကို ထွေးထုတ်လိုက်သည်။

“ဒီလို ကြီးကျယ်ခမ်းနားတဲ့ စည်းမျဥ်းစည်းကမ်းတွေအကြောင်း မင်းငါ့ကို ပြောရလောက်အောင် မင်းမှာ ဘာအရည်အချင်းရှိလို့လဲ!”

“ အဲ့တုန်းက ငါ အမှောင်ထုကို တွန်းလှန်နေချိန်မှာ မင်းဆိုတဲ့ကောင်က မွေးတောင်မှ မမွေးသေးဘူး”

“ ငါသာ အမှောင်ထုနဲ့စစ်ခင်းတဲ့တိုက်ပွဲမှာ ငါ့ရဲ့ ကျင့်ကြံမှုအများစုကို မဆုံးရှုံးခဲ့ရင် မင်းက ငါ့ရဲ့ပြိုင်ဘက်ဖြစ်နိုင်ပါ့မလား!”

“ ငါ ဧကရာဇ်လျှောက်လှမ်းမှာ ပိတ်မိနေခဲ့တာ နှစ်လပေါင်းများစွာ ကြာခဲ့ပြီ ၊ ဒါဟာ သေတာထက် ပိုဆိုးတဲ့ဘဝပဲ ၊ ငါ ဘယ်လိုခံစားရလဲ ဆိုတာ မင်းသိလား !?”

လက်ရှိတွင် ၊ သူသည် စူးချန်ကဲနှင့် မယှဉ်နိုင်မှန်း သိထားပုံရသည်။

ချီရွှမ် စစ်မှန်သူဆရာသခင်သည် အမှောင်စွမ်းအားကို သူ့လက်ထဲတွင် အသက်သွင်းလိုက်သည်။

ဝုန်း !!

အဆုံးမရှိသော မှော်နက်သင်္ကေတများသည် လမ်းကြောင်းအရပ်ရပ်သို့ ပျံ့နှံ့သွားပြီး အဆုံးတွင် အနက်ရောင်မျဉ်းကြောင်းများအဖြစ် ပြောင်းလဲသွားသည်။

အနက်ရောင်မျဉ်းကြောင်းများမှ ကြီးမားသော မှော်စက်ဝိုင်းတစ်ခုအဖြစ် ပြန်လည်စုစည်းသွားသည်။

သက်ဝင်လှုပ်ရှားနေသော အမှောင်မှော်စက်ဝိုင်းနှင့်အတူ ၊

လေနှင့်တိမ်တိုက်များ တလိပ်လိပ် ထကြွလာပြီး မှော်နက်သင်္ကေတက အဆုံးမရှိ တဟုန်ထိုး မြင့်တတ်လာသည်။

‌အမှောင်လေများ ဝှေ့ယမ်းတိုက်ခတ်သွားသည်နှင့် တစ်ချိန်တည်းမှာပင် ကောင်းကင်တွင် ထူးဆန်းသော အမှောင်ထု အမှတ်အသား ပေါ်ထွက်လာသည်။

တခဏအတွင်းမှာပဲ ၊

ဝုန်း ! !

တလိပ်လိပ် ရိုတ်ခတ်နေသော အမှောင်လှိုင်းတံပိုးများကြား မရေမတွက်နိုင်သော ထူးဆန်းသောရုပ်သွင်များ ထွက်ပေါ်လာခဲ့သည်။

သူတို့အားလုံးသည် အမှောင်ထု၏ကူးစက်မှုကို ခံထားရသော ဧကရာဇ်လျှောက်လှမ်း၏ ပျောက်ဆုံးသူများပင် ဖြစ်သည်။

ဤမရေတွက်နိုင်သော ပျောက်ဆုံးသူများကြားတွင် ကောင်းကင်တစ်ခုလုံးကို အမှောင်အဖြစ်သို့ ပြောင်းလဲသွားစေသည့် အနက်ရောင် စစ်တုရင်ဘုတ်ကြီးတစ်ခု ရှိနေခဲ့သည်။

“ကိစ္စတွေက ဒီလိုဖြစ်လာပြီဆိုမှတော့ “

ထိုမြင်ကွင်းကို မြင်တော့ စူးချန်ကဲက ဆိုလိုက်သည်။

“ ကျွန်တော်လည်း လူကြီးမင်းကို လိုက်ပါပို့ဆောင်ပေးဖို့ကလွဲပြီး ရွေးစရာမရှိတော့ဘူးပဲ”

ထို့နောက် စူးချန်ကဲသည် သူ့လက်ဖဝါးဖြင့် ကျပန်း ရိုက်ချလိုက်သည်။

မဟာလမ်းစဉ်တို့သည် ဟောက်သံပြုလျက် ၊ ဧကရာဇ်အလိုဆန္ဒ ရောင်ခြည်မျှင်များသည် သန်းပေါင်းများစွာ ရောယှက်ကာ ကောင်းကင်ပြင် တစ်ခုလုံးကို အုပ်မိုးထားသော လက်ဝါးကြီးအဖြစ် ပြောင်းလဲသွားကာ ချီရွှမ် စစ်မှန်သူဆရာသခင်ရှိရာ ဦးတည်ရာဘက်ဆီသို့ ကျရောက်သွားသည်။

“အားလုံး တတ် ၊ သူ့ကိုသတ်ပစ်!”

ချီရွှမ် စစ်မှန်သူဆရာသခင် က အော်ဟစ်လိုက်သည်။

အမှောင်ထု၏ကူးစက်မှုကို ခံထားရသော ဧကရာဇ်လျှောက်လှမ်း၏ ပျောက်ဆုံးသူများသည် အမှောင်စွမ်းအားများနှင့်အတူ ပေါက်ကွဲထွက်လာကြပြီး ၊ ၎င်းတို့၏လက်နက်များသည် တိုက်စားခြင်းအငွေ့အသက်များဖြင့် ပြည့်နှက်နေသည်။

ဝုန်း ——!!

နောက်အခိုက်တန့်တွင် ၊

စူးချန်ကဲမှ ဖန်တီးထားသော လက်ဝါးကြီးနှင့် အမှောင်လှိုင်းထုကြီးသည် ထိပ်တိုက် ဆုံတွေ့ခဲ့ကြသည်။

မြေကြီးတုန်ခါသံများ ထွက်ပေါ်လာသည်။

စူးချန်ကဲ၏ သူတော်စင်ခန္ဓာကိုယ်သည် အပြည့်အဝ ဖွံ့ဖြိုးနေပြီဖြစ်သည်။

သူတော်စင်ကိုယ်ထည် အုပ်စိုးရှင်ဘုရင် လေးမျိုးစလုံးသာဆိုရင်ဖြင့် ထည့်ပြောစရာပင် မလိုချေ။

စူးချန်ကဲ၏ လက်ဝါးရှေ့တွင် ဤအမှောင်စွမ်းအားများသည် ချက်ချင်းပင် ပျက်သုဉ်းသွားခဲ့ရသည်။

ချီရွှမ် စစ်မှန်သူဆရာသခင်သည် ထပ်မံ၍ အဝေးသို့ လွင့်ထွက်သွားခဲ့ပြန်သည်။

သို့သော် ဤတစ်ကြိမ်တွင် စူးချန်ကဲ၏ လက်ဝါးထဲရှိ စွမ်းအားများသည် သိသိသာသာ တိုးမြင့်လာခဲ့သည်။

သူ၏ လက်ဝါးကို ရိုက်ထုတ်လိုက်သည့် တစ်ချိန်တည်းမှာပင် မရေမတွက်နိုင်သော ချုပ်နှောင်မှုသံကြိုးများ ထွက်ပေါ်လာကာ တဖက်လူကို လုံးဝ ချုပ်နှောင် နှိမ်နှင်းခဲ့သည်။

ဒုန်း ဒုန်း.....

သူတော်စင်ခန္ဓာကိုယ်၏ ရောင်ဝါသည် အမှောင်၏ သဘာဝ ရန်သူဖြစ်သောကြောင့် ချီရွှမ် စစ်မှန်သူဆရာသခင်ကို တားဆီးနှိမ်နှင်းနေစဉ်အတွင်းမှာပဲ သူတော်စင်ခန္ဓာကိုယ်၏ တန်ခိုးစွမ်းအားများကို ထုတ်လွှတ်ခဲ့သည်။

“ဟားဟား...စူးချန်ကဲ... မဟာဧကရာဇ်မင်း ဖြစ်လာရုံနဲ့ မင်းကိုယ်မင်း ဒီကမ္ဘာမှာ အနှိုင်းမဲ့ဖြစ်နိုင်တယ်လို့ ထင်နေသလား!”

အမှောင်ထု၏ စွမ်းအားကို အလွန်အကျွံသုံးစွဲခြင်းကြောင့် ဖြစ်ကောင်းဖြစ်နိုင်ပြီး ချီရွှမ် စစ်မှန်သူဆရာသခင်၏ စွမ်းရည်များသည် အတော်လေး ချို့ယွင်းသွားခဲ့သည်။

“အမှောင်ထုက တစ်ဖန်ပြန်လာမှာ သေချာပေါက်ပဲ... ဒုတိယ ကမ္ဘာ့ကပ်ဘေး စစ်ကြီးဟာလည်း ပြန်လည် စတင်လာလိမ့်မယ်!”

“ဒီတစ်​ခါ​မှာတော့ ​...ဒေဝလောကတစ်ခုလုံး တကယ် ပျက်စီးရလိမ့်မယ်!”

နောက်အခိုက်တန့်တွင် ၊

ထူးဆန်းသော မှော်နက်သင်္ကေတများသည် ၎င်း၏ခန္ဓာထဲမှ ထွက်လာပြီး အဆုံးတွင် အနက်ရောင် မီးတောက်များအဖြစ် သူ့တစ်ကိုယ်လုံးကို လောင်မြိုက်သွားခဲ့သည်

စူးချန်ကဲသည် ဤမြင်ကွင်းကို ဘေးကနေ ရပ်ကြည့်နေသည်။

ချီရွှမ် စစ်မှန်သူဆရာသခင်သည် အမှောင်စွမ်းအားကို အသုံးပြုလိုက်သည်နှင့် သူ၏ နောက်ဆုံးကျန်ရှိနေသော အသိဉာဏ်သည် အပြီးတိုင် ဝါးမြိုခံလိုက်ရပြီမှန်း သူ သိလိုက်သည်။

ထိုအချိန်မှစ၍ ဤသည်မှာ နောက်ဆုံးရလဒ်ဖြစ်သည်။

“ဒုတိယကမ္ဘာ့ကပ်ဘေး စစ်ပွဲကြီး...”

“အမှောင်ထု ပြန်​နိုးထ​လာမယ်​…”

စူးချန်ကဲသည် ထိုစကားများကို ရေရွတ်ရင်း တစ်စုံတစ်ခုကို သတိပြုမိသွားပုံရသည်။

သူသည် အနည်းငယ် မျက်မှောင်ကြုတ်ကာ မိုးကုတ်စက်ဝိုင်းဆီသို့ လှမ်းကြည့်လိုက်သည်။

“အယုတ်တမာကောင်တွေ!”

ထို့နောက် သူ့လက်ကို မြှောက်ကာ ထိုလမ်းကြောင်းဘက်ကို တိုက်ရိုက် ကြည့်လိုက်သည်။

တခဏအတွင်း ၊

နတ်အလင်းများ အဆုံးမရှိ တောက်ပလာသည်။

ဝုန်း ! !

အထက်ကောင်းကင်မှ ကြောက်မက်ဖွယ်ကောင်းသော အဖျက်အလင်းတန်းများ ကျရောက်လာပြီး စကြာဝဠာတစ်ခွင်လုံးကို ထိုးဖောက်ဝင်ရောက်ကာ အရာအားလုံးကို ဖျက်ဆီးပစ်လိုက်သည်။

ဘုန်း ! !

ဧကရာဇ်တန်ခိုးစွမ်းအားများ အပြည့်လွှမ်းခြုံသွားသည်။

သို့သော် စူးချန်ကဲ၏ တိုက်ခိုက်မှုကြောင့် အမှောင်ထဲတွင် ပုန်းအောင်းနေသော ထူးဆန်းသော အမှောင်သတ္တဝါများသည် ပြာအဖြစ်သို့ ပြောင်းလဲကာ၊ ခန္ဓာကိုယ်နှင့် ဝိညာဉ်တို့သည် တစ်စစီ ပျက်သုန်းသွားလေတော့သည်

ဧကရာဇ်လျှောက်လှမ်း၏အပြင်ဘက်တွင် ဤမြင်ကွင်းကိုကြည့်ရှုနေကြသော ခေတ်ဟောင်း တည်ရှိမှုများသည်ပင် ဆွံ့အနေကြသည်။

ပထမတစ်ချက်အနေဖြင့် စူးချန်ကဲ၏ခွန်အားသည် ဩချရလောက်အောင်ပင်။

စူးချန်ကဲမှ အရေးယူတိုက်ခိုက်စဉ် ၊ သူထုတ်လွှတ်လိုက်သော ဧကရာဇ်တန်ခိုးစွမ်းအားများသည် စတုတ္ထအဆင့် မဟာဧကရာဇ်မင်းနှင့်ပင် ယှဉ်ပြိုင်နိုင်သည်။

ဆိုလိုသည်မှာ စူးချန်ကဲသည် ဆဋ္ဌမတန်း သို့မဟုတ် ပဉ္စမတန်းနယ်ပယ်အဆင့်ကို တိုက်ရိုက် ချိုးဖျက်နိုင်လိမ့်မည်ဟု ယူဆန်ိုင်သည်။

ခေတ်အဆက်ဆက်တွင် မည်သူကများ ဤသို့ လုပ်နိုင်မည်နည်း။

ဒုတိယအချက်မှာ အမှောင်ထု ပြန်လည်နိုးထလာခြင်း ဖြစ်ပြီး ၊ ဤသည်မှာ နိမိတ်လက္ခဏာတစ်ခုဖြစ်သည်။

“အိုင်း.....”

“အခု ကန့်သတ်နယ်မြေလည်း ရောက်လာတော့မယ် ၊ နယ်မြေပြင်ပစစ်မြေပြင် အခြေအနေကလည်း တင်းမာနေတယ် “

“အမှောင်ထုရဲ့ ခြေရာလက်ရာတွေကိုလည်း ပြန်မြင်နေရပြီ “

“ ဒေဝလောကတစ်ခုလုံး... တစ်ဖန် ဖရိုဖရဲ ဖြစ်မယ့်လမ်းကြောင်းကို ဦိးတည်နေပြီပဲ!”

All Chapters