← Chapters

အခန်း (၄၈၅-၄၈၈)

Vol. 35 Ch. 485-488

အခန်း (၄၈၅-၄၈၈)

Vol. 35 Ch. 485-488

အပိုင်း(၄၈၅): ချန်ကဲ နောင်တမရဘူး

“ဟာဟား... တိုက်မြေသုံးထောင်က ဒီကောင်တွေ ဒီလောက်ထိ ခံနိုင်ရည်ရှိမယ်လို့ထင်မထားဘူး”

“ဒါပေမယ့် ဒီလောက်နဲ့ပဲ ရပ်ဖို့ အချိန်တန်ပြီ”

နတ်ဆိုးမျက်လုံးနန်းတော်၏ ထူးဆန်းသော မူလဘိုးဘေးဖြစ်သူ ၊ နတ်ဆိုးမျက်လုံး မူဘဘိုးဘေး၏ နှုတ်ခမ်းများသည် ဆိုးသွမ်းသောအပြုံးတစ်ခုအဖြစ် ကွေးညွှတ်သွားသည်။

ထို့နောက် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။

အဆုံးမရှိသော အမှောင်ရောင်ဝါများ ပျံ့နှံ့တိုးဝင်လာပြီး ၊ ကွက်လပ်ထဲတွင် အနက်ရောင် နတ်ဆိုးမျက်လုံးပုံစံတစ်ခု ဖြည်းညှင်းစွာထွက်ပေါ်လာသည်။

၎င်းမှ ထွက်လာသော မထင်မရှားသော မှော်စွမ်းအားသည် တစ်စုံတစ်ခုနှင့် ချိတ်ဆက်ထားပုံရသည်။

“ ‌နတ်ဆိုးမျက်လုံး အရှင်သခင် ၊ အစီအစဉ် စလို့ရပြီ “

“ဟုတ်”

တစ်ချိန်တည်းမှာပင်။

နယ်မြေပြင်ပစစ်မြေပြင်၏ တစ်ဖက်ခြမ်းရှိ ထောင့်တစ်နေရာတွင်

နတ်ဆိုးမျက်လုံးအရှင်သခင်သည် သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ ကွက်လပ်တွင် ရှိနေသော နတ်ဆိုးမျက်လုံးပုံစံသည် ကြီးသထက်ကြီးလာသည်။

ဝီ——!!

မှိတ်တုတ်မှိတ်တုတ် ခတ်နေသောအလင်းတန်းများနှင့်အတူ၊

မရေမတွက်နိုင်သော အမှောင်စွမ်းအင်မျှင်များသည် အောက်သို့ကျဆင်းလာပြီး မည်းနက်နေသော သစ်ပင်ကြီးတစ်ခုအဖြစ် ဖြည်းဖြည်းချင်း ပေါင်းစည်းသွားသည်။

အထူးသဖြင့် ၊ သစ်ပင်ကြီးပေါ်တွင် နိယာမတရားများကို ညှိုးနွမ်းစေပြီး ကမ္ဘာကြီးကို ယိုယွင်းအောင်လုပ်နိုင်စွမ်းရှိသည့် ထူးဆန်းသော အမှောင်စွမ်းအင်များ တည်ရှိနေသည်။

ဖော့ရွှီသစ်ပင် ။

၎င်းသည် ဇီဝတားမြစ်နယ်မြေရှိ ဖော့ရွှီရှေးဟောင်းသစ်ပင်၏ အကိုင်းအခက်မှ ဆင်းသက်လာခြင်းဖြစ်သည်။

၎င်းတွင်ပါရှိသော အထူးနိယာမသည် သူတို့၏ ထူးဆန်းသောစွမ်းအားကို လျစ်လျူရှုနိုင်ရုံသာမက အာကာသလမ်းကြောင်းကို တိုက်ရိုက်ဖွင့်လှစ်ပေးနိုင်သည်။

ဝုန်း ——!!

ထူထပ်သော အနက်ရောင်နွယ်ပင်များသည် ဖော့ရွှီသစ်ပင်ကြီးမှ တဆင့် ဖြာထွက်လာပြီး ၊ ၎င်းတို့ဖြတ်သန်းသွားသည့် နေရာတိုင်း လေထုအလွှာများ ပြိုကျကာ နိယာမတရားများ ပျက်စီးခဲ့ရသည်။

ထိုသစ်ပင်အမြစ်များသည် အာကာသထဲတွင် အမြစ်တွယ်လာခဲ့ပြီးနောက် ၊

ဖော့ရွှီသစ်ပင်ကြီးကို ဗဟိုပြုလျက် ၊

မိုင်ရာနှင့်ချီသော အချင်းဝက်အတွင်း ကြယ်ရောင်စုံကောင်းကင်ကြီးသည် တိုက်စားခံလိုက်ရပြီး အဆုံးတွင်၊ ၎င်းသည် ထူးဆန်းသောနယ်မြေအဖြစ်သို့ ပြောင်းလဲသွားသည်။

ထို့အပြင်၊ မရေမတွက်နိုင်သော ထူးဆန်းသော သတ္တဝါကောင်များသည် ထိုနယ်မြေထဲမှ ဖြည်းဖြည်းချင်း ထွက်လာကြပြီး ၊ နယ်မြေပြင်ပစစ်မြေပြင်တွင် အခြားသော တပ်ဖွဲ့ကြီး တစ်ခုဖြစ်လာခဲ့သည် ။

“ ဇီဝတားမြစ်နယ်မြေက ကောင်တွေ ပေးတဲ့ အရာတွေက တကယ်မိုက်တာပဲ “

တိုက်မြေပြင်ပတပ်များသည် အဆက်မပြတ် ဝင်ရောက်လာသည်ကို ကြည့်ရင်း နတ်ဆိုးမျက်လုံး အရှင်သခင်သည် အေးစက်စွာ ပြုံးလိုက်သည်။

“ တိုက်မြေသုံးထောင်၊ မင်းတို့ ဒီကပ်ဆိုးကြီးကို ဘယ်လိုမျိုး တားဆီးမလဲ “

“ တိုက်မြေသုံးထောင်ရဲ့ မဟာဧကရာဇ်မင်း အားလုံးကို သတ်ပြီး ၊ သူတို့ရဲ့ စွမ်းအားကို စုပ်ယူနိုင်ရင်၊ ငါဟာ ဒီခေတ်မှာ အမတတစ်ပါး ဖြစ်လာနိုင်မှာ သေချာတယ်!”

……….

ဇီဝတားမြစ်နယ်မြေ။

ကောင်းကင်ပမာ မြင့်မားသော ရှေးသစ်ပင်ကြီးတစ်ပင် ရှိနေသည်။ ၎င်းအပေါ်တွင် သက်ဝင်စီးဆင်းနေသော အနက်ရောင်ကြယ်ဝဲဂယက်များရှိနေပြီး အချိန်စွမ်းအားများ ရောယှက်နေသည်။

ဤသည်မှာ ဒေဝလောကတစ်ခုလုံး၏ အဖျက်စွမ်းအားများကို ထိန်းချုပ်ထားသော ဒဏ္ဍာရီလာ ကမ္ဘာ့ဖျက်ရှေးသစ်ပင်ကြီးဖြစ်သည်။

၎င်း၏အောက်တွင် ၊

ကြောက်မက်ဖွယ်ကောင်းသော ရောင်ဝါများကို ပိုင်ဆိုင်ထားသော မှုန်ဝါးဝါးအသွင်ပုံရိပ်ဖြင့် ပုဂ္ဂိုလ်ဆယ်ဦးတို့သည် ကြီးမားသော ရှေးဟောင်းသစ်ပင်ကြီးတစ်ပင်၏ အောက်တွင် စုဝေးနေကြသည် ။

“ တိုက်မြေပြင်ပတိုက်ခိုက်မှုက စတင်နေပြီ၊ ငါတို့ အစီအစဉ်ရဲ့ ပထမခြေလှမ်းကို စတင်နိုင်ခဲ့ပြီ”

ခေါင်းဆောင်ဖြစ်သော မသေမျိုးဘုရင်က မိန့်ကြားလိုက်သည်။

အခြားသော မသေမျိုးဘုရင်များက ခေါင်းညိတ်လိုက်ကြသည်။

ထို့နောက် သူတို့၏ မှော်စွမ်းအားများကို အသက်သွင်းလိုက်ကြပြီး ၊ ကမ္ဘာဖျက် ရှေးဟောင်းသစ်ပင်ကြီးဆီသို့ ဦးတည်ခဲ့ကြသည်။

ဝီ——!!

ရုတ်တရက်။

မူလကပိတ်ထားသော ကမ္ဘာဖျက် ရှေးဟောင်းသစ်ပင်ကြီးသည် ပင့်ကူခေတ္တာပန်းကဲ့သို့ ပွင့်လန်းလာခဲ့သည်။

သစ်ပင်၏ ပင်စည်များသည် အပြင်ဘက်သို့ ပြန့်ကျဲသွားပြီး နောက်ဆုံးတွင် အာကာသနှင့် ချိတ်ဆက်သွားသည်။

“ ကွေးယွမ် သူတော်စင်နယ်မြေ... ဒီ​ခေတ်​မှာတောင် မင်းတို့ ငါတို့ကို တားနိုင်​​ဦးမှာလား...?”

ခေါင်းဆောင်ဖြစ်သူ မသေမျိုးဘုရင်သည် စူးရှသော မျက်လုံးများဖြင့် ပွင့်လန်းနေသော ကမ္ဘာဖျက်ရှေးဟောင်း သစ်ပင်ကြီးကို ကြည့်လိုက်သည် ။

သူတို့ ဇီဝတားမြစ်နယ်မြေသည် ပြင်ပကမ္ဘာနှင့် ဝေးကွာနေခဲ့သည်မှာ ကြာမြင့်ခဲ့ပြီဖြစ်ပြီး ၊ ၎င်းတို့၏ခန္ဓာကိုယ်များပင်လျှင် ယနေ့ခေတ်၏ လောကနိယာမများနှင့် လိုက်လျောညီထွေမဖြစ်သေးချေ ။

တစ်ခုနှင့်တစ်ခု လိုက်လျောညီထွေဖြစ်ဖို့ဆိုတာ စွမ်းအင်နှင့် အချိန်များစွာလိုအပ်ပေသည်။

ထို့ကြောင့်၊ တိုက်မြေသုံးထောင်၏ သက်ရှိအပေါင်းကို သုတ်သင်ပြီး ၎င်းတို့၏နတ်အရင်းအမြစ် စွမ်းအားဖြင့် မိမိကိုယ်ကို အသွင်ပြောင်းလဲခြင်းက ပို၍ကောင်းပေမည်။

…….

တစ်ချိန်တည်းမှာပင် ။

နယ်မြေပြင်ပစစ်မြေပြင်တွင် မူလက အမြစ်တွယ်ထားသော ဖော့ရွှီသစ်ပင်ကြီးသည် ၎င်းနှင့် ပဲ့တင်ထပ်နေပုံရပြီး သာမန်မျက်စိဖြင့်မြင်ရသောအရှိန်ဖြင့် အလွန်မြင့်မားလာသည်။

နောက်ဆုံးတွင် ၎င်းသည် ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။

ဝုန်း ! !

နိယာမမြူခိုးမည်းများသည် နောက်ဆုံးတွင် နယ်မြေပြင်ပ စစ်မြေပြင်တစ်ခုလုံးကို လုံး၀ ဖုံးလွှမ်းသွားခဲ့သည်။

၎င်းကို တိုက်မြေသုံးထောင်မှ လုံးဝခွဲထုတ်ကာ အမည်မသိကမ္ဘာတစ်ခုအဖြစ် ရောက်ရှိသွားသလိုပင်။

“ဒီမှာ ....ဘာဖြစ်နေတာလဲ?!”

နယ်မြေပြင်ပစစ်မြေပြင်တွင် အပြင်းအထန်တိုက်ခိုက်နေကြသော တိုက်‌မြေသုံးထောင်မှ စစ်သည်တော်များသည် ဤရုတ်တရက်ပြောင်းလဲမှုကြောင့် ထိတ်လန့်သွားကြသည်။

သို့သော်လည်း ၊ အဆိုပါ မြင်ကွင်းကိုကြည့်ရင်း တိုက်မြေပြင်ပ ပြည်သူများက ဝမ်းမြောက်ဝမ်းသာ ဖြစ်နေကြသည်။

“ဟာဟားဟား ၊ ငါတို့ တိုက်မြေပြင်ပရဲ့ ဖော့ရွှီသစ်ပင်ကြီး ရောက်လာပြီ ၊ တိုက်မြေ သုံးထောင်က လူယုတ်မာကောင်တွေ မင်းတို့ရဲ့ ကံကြမ္မာက ရောက်လာပြီ “

“သတ်ပစ်! တိုက်မြေ သုံးထောင်က ဒီလူယုတ်မာကောင်တွေကို သတ်ပစ်!”

ဖော့ရွှီသစ်ပင်၏ လွှမ်းမိုးမှုသည် တိုက်မြေ ပြင်ပလူအုပ်စု၏ ခွန်အားကို မြှင့်တင်ပေးနိုင်ရုံသာမက ၎င်းတို့၏ စိတ်ဓာတ်ကိုလည်း ပိုမိုမြှင့်တင်ပေးနိုင်ခဲ့သည်။

၎င်းတို့သည် တိုက်မြေသုံးထောင်ရှိ တပ်ဖွဲ့အများအပြားကို ထိုးစစ်အသစ်တစ်ခု စတင်ခဲ့သည်။

ဘုန်း ! !

ပိုင်ကျန့် မဟာဧကရာဇ်မင်းသည် သူ့ရှေ့က ရန်သူများကို လက်သီးတစ်ချက်ဖြင့် ချေမှုန်းပြီးနောက် ၊ တိ့ကျန့် မဟာဧကရာဇ်မင်း၏ ရှေ့မှောက်တွင် ထွက်ပေါ်လာခဲ့သည်။

သူ့အမူအရာသည် ကြည့်ရဆိုးနေသည်။

“ တိ့ကျန့် ၊ ဒီကောင်တွေ အံ့ဩစရာကောင်းတဲ့ တစ်စုံတစ်ခုကို သုံးခဲ့ပုံရတယ် ၊ ဒီနေရာက ချုပ်လှောင်ခံလိုက်ရပြီ “

“ငါတို့ စစ်ကူတွေ အချိန်တိုအတွင်း ရောက်လာနိုင်မှာ မဟုတ်ဘူး “

“ ပြီးတော့ ဒီကောင်တွေက ငါတို့နောက်ကွယ်မှာ အာကာသလမ်းကြောင်းတစ်ခုကို ဖွင့်လိုက်တယ်”

“ဒီလှုပ်ရှားမှုက ငါတို့ဘက်ပေါင်းစုံကနေ တိုက်ခိုက်ခံနေရသလိုပဲ…”

တိ့ကျန့် မဟာဧကရာဇ်မင်းသည် တိတ်ဆိတ်နေပြီး ၊ သူ့လက်ထဲက ဓားကို ဝှေ့ယမ်းရင်း ရန်သူများကို မရေမတွက်နိုင်အောင် သတ်ပစ်လိုက်သည်။

တိ့ကျန့် မဟာဧကရာဇ်မင်းသည်လည်း လက်ရှိအခြေအနေသည် အလွန်စိုးရိမ်ရကြောင်း သိထားသည်။

ရန်သူသည် ဘက်ပေါင်းစုံမှ တိုက်ခိုက်လာခဲ့သည်။ သူတို့ကို လုံးလုံးလျားလျား မသုတ်သင်နိုင်သော်လည်း သို့သော် ဆိုးရွားသော ထိုးနှက်မှုကို ကြုံတွေ့ရကိန်းရှိသည်။

“ဒီကောင်တွေ...”

တိ့ကျန့် မဟာဧကရာဇ်မင်း၏ အမူအရာသည် ပို၍ ကြည့်ရဆိုးလာပြီး ၊ သူ့ခန္ဓာကိုယ်၌ လွှမ်းခြုံထားသော နတ်အလင်းတို့သည်လည်း ပို၍ပင် ကြောက်စရာကောင်းလာသည်။

“ ဆရာတူအစ်ကို၊ ချန်ကဲ နောက်ကရန်သူတွေကို တားဆီးဖို့ တပ်ဖွဲ့တွေကို ဦးဆောင်လိုပါတယ်”

ကောင်းကင်လမ်းစဉ် အာဏာစက်ဓားနှင့်အတူ အခြား မဟာဧကရာဇ်မင်းများစွာနှင့် ပူးပေါင်းပြီး ကျန်ဘုရင်လေးပါးကို သတ်ဖြတ်ပြီးနောက်၊

စူးချန်ကဲသည်လည်း တိ့ကျန့် မဟာဧကရာဇ်မင်းထံသို့ ရောက်ရှိလာခဲ့သည်။

သူ၏ စိတ်ဝိညာဉ်သည် အလွန်အစွမ်းထက်နေပြီဖြစ်ပြီး ၊ သူအာရုံခံနိုင်သည့် အကွာအဝေးမှာလည်း အလွန်ကြီးမားသောကြောင့် သူတို့၏နောက်ကွယ်တွင် ပြင်ပတပ်သားတစ်စု ဝင်ရောက်လာသည်ကို သဘာဝအတိုင်း ခံစားသိရှိနိုင်ခဲ့သည်။

“မဟုတ်ဘူး!”

တိ့ကျန့် မဟာဧကရာဇ်မင်းသည် ထိုကိစ္စကို မစဉ်းစားဘဲ ငြင်းဆန်ခဲ့သည်။

ထိုဧရိယာတစ်ဝိုက်သည် မည်မျှအန္တရာယ်ရှိသည်ကို စကားနဲ့တောင်ဖော်ပြ၍မရချေ။

ထို့အပြင်၊ ဖော့ရွှီသစ်ပင်မှထုတ်လွှတ်သော အငွေ့အသက်သည် ၎င်းတို့အပေါ် ဖိနှိပ်ချုပ်ချယ်နိုင်သော အကျိုးသက်ရောက်မှုရှိသည်။

ဖော့ရွှီသစ်ပင်နှင့် ပို၍နီးကပ်လေလေ ၊ အကျိုးသက်ရောက်မှုက ပို၍သိသာလာပေလိမ့်မည်။ စူးချန်ကဲသည် မည်မျှပင် အစွမ်းထက်ပါစေ ၊ သူ့မျက်လုံးထဲမှာတော့ စူးချန်ကဲ၏ကျင့်ကြံမှုသည် အရမ်းအားနည်းနေသေးသည်။

စစ်တပ်ကို ဦးဆောင်ခွင့်ပေးလိုက်ခြင်းသည် သူ့ကိုအသေခံဖို့ လွှတ်လိုက်ခြင်းပင် မဟုတ်ပေလော။

တိ့ကျန့် မဟာဧကရာဇ်မင်း၏ အတွေးကို မြင်သကဲ့သို့ စူးချန်ကဲသည် ပေါ့ပေါ့ပါးပါး ပြုံးလိုက်ပြီး ။

“ ဆရာတူအစ်ကို၊ စိတ်မပူပါနဲ့ ချန်ကဲ သိတယ်”

“ ပြီးတော့၊ ချန်ကဲထက် အဲဒီနေရာကို သွားဖို့ သင့်တော်သူမရှိဘူး”

ထို့နောက်၊ စူးချန်ကဲသည် သူ့ညာလက်ကို ဆန့်ထုတ်လိုက်သည်။

သူတော်စင်ခန္ဓာကိုယ်၏ ရောင်ဝါမျှင်များသည် သူ၏လက်ဖဝါးထဲတွင် လူးလိမ့်ရိုက်ခတ်နေသည်။

“ဒါက....!?”

တိ့ကျန့် မဟာဧကရာဇ်မင်း၏ မျက်လုံးများသည် ပြူးကျယ်သွားသည်။

လေထဲတွင် ပျံ့နှံ့နေသော ရန်သူ၏ ထူးဆန်းသောရောင်ဝါတို့သည် ပူပြင်းသော နေရောင်ဖြင့် ကြုံတွေ့လိုက်ရသကဲ့သို့ တဟုတ်ချင်း လွင့်စင်သွားသည်။

သူတော်စင်ခန္ဓာကိုယ်၏ စွမ်းအင်များသည် ဆိုးညစ်မှုများကို မောင်းထုတ်နိုင်သည်။ စူးချန်ကဲပိုင်ဆိုင်ထားသော သူတော်စင်ခန္ဓာကိုယ်အုပ်စိုးရှင်ဘုရင် ကိုယ်ထည်လေးမျိုးသာဆိုရင်ဖြင့် စကားနဲ့တောင်ဖော်ပြလို့ရနိုင်မည် မဟုတ်ပေ။

ကမ္ဘာဖျက် ရှေးဟောင်းသစ်ပင်သည် သူ့အပေါ်တွင် အနည်းငယ်သာ သက်ရောက်မှုရှိပေမည်။

တိ့ကျန့် မဟာဧကရာဇ်မင်းသည် ချီတုံချတုံဖြစ်နေဆဲပင် ဖြစ်သည်။

စူးချန်ကဲက သူ့လက်ကို ဆုပ်ကိုင်လိုက်ကာ ဆိုလေသည်။

“ ချန်ကဲက မဟာဧကရာဇ်မင်းဖြစ်လာပါပြီ ၊ အခု အမတနယ်မြေလည်း ထွက်ပေါ်လာပြီး ဒေဝလောကတစ်ခုလုံး ပြန်လည်စတင်တော့မယ်”

“ ကျွန်တော်က မဟာဧကရာဇ်မင်းတစ်ပါးဆိုမှတော့ လောကကြီးအတွက် ပြည်သူတွေအတွက် ကံကြမ္မာကို ထူထောင်မယ်”

“ဒီခရီးက သေခြင်းတရားနဲ့ ရုန်းကန်ရမယ်ဆိုတောင် ချန်ကဲ အလိုရှိတာဖြစ်လို့ နောင်တရစရာ မရှိပါဘူး “

ထိုစကားကိုကြားပြီးနောက်၊

တိ့ကျန့် မဟာဧကရာဇ်မင်းသည် ထပ်ပြောရန် ချီတုံချတုံ ဖြစ်ခဲ့ရသည်။

စူးချန်ကဲ၏ မျက်လုံးများမှတဆင့် သူ၏ ပြတ်သားသောစိတ်ကို မြင်နေရသည်။

“ကောင်းပြီ၊ ဒါဆို...”

“ ထျန်းလွင် ၊ ရန်ယန် ၊ ရွှယ်ထျောက်...”

တိ့ကျန့် မဟာဧကရာဇ်မင်းသည် အမိန့်ပေးလိုက်သည်။

ကြောက်မက်ဖွယ်ကောင်းသော ရောင်ဝါများရှိသော မဟာဧကရာဇ်မင်း ဆယ်ဦးသည် တိ့ကျန့် မဟာဧကရာဇ်မင်း၏ ရှေ့သို့ ရောက်ရှိလာကြသည်။ ၎င်းတို့အားလုံးသည် ပထမအဆင့် မဟာဧကရာဇ်မင်းများ ဖြစ်ပေသည်။

၎င်းတို့သည် သူတို့နှစ်ယောက်ကို ဦးညွှတ်ကာ နှုတ်ဆက်လိုက်ကြသည် ။

“ တိ့ကျန့် မဟာဧကရာဇ်မင်း နဲ့ ချန်ကဲ မဟာဧကရာဇ်မင်းကို နှုတ်ခွန်းဆက်သပါတယ်!”

“ အခု တိုက်မြေပြင်ပက နောက်ထပ်တပ်ကြီးတစ်ခု ရောက်ရှိလာတယ် ၊ ချန်ကဲ မဟာဧကရာဇ်မင်းက သူတို့ကို တားဆီးဖို့ စစ်တပ်ကို ဦးဆောင်လိမ့်မယ် “

တိ့ကျန့် မဟာဧကရာဇ်မင်းက ဆက်ဆိုသည်။

“မင်းတို့ရဲ့တာဝန်က ချန်ကဲ မဟာဧကရာဇ်မင်းကို ဘယ်လိုပဲပေးဆပ်ပါရစေ ကာကွယ်ပေးဖို့ပဲ၊ နားလည်လား”

၎င်းတို့ဆယ်ဦးစလုံးသည် လန့်ဖျပ်သွားသော်လည်း ၊ ချက်ချင်းပင် တညီတညွတ်တည်း တုံ့ပြန်ခဲ့ကြသည်။

“ ကျွန်တော်တို့ နားလည်ပါပြီ!”

“ကောင်းတယ်”

တိ့ကျန့် မဟာဧကရာဇ်မင်းသည် အနည်းငယ် ခေါင်းညိတ်လိုက်ရင်း ၊ အခြားတဖက်ကိုကြည့်ကာ ကျယ်လောင်စွာ အော်လိုက်သည်။

“ ‌ဖာထျန်းတပ်ဖွဲ့ရဲ့ ဧကရာဇ်အစောင့်တပ်တွေ ဘယ်မှာလဲ “

“ ဒီမှာ ရှိပါတယ်”

သွေးစွန်းနေသော ချပ်ဝတ်တန်ဆာများကို ဝတ်ဆင်ထားသည့် ထောင်သောင်းချီသော စစ်သည်များ ရောက်ရှိလာကြသည်။

သူတို့၏ မျက်လုံးများသည် လူသတ်မှု ကျူးလွန်ရန် ဆန္ဒများရှိနေကြပြီး ၊ ၎င်းတို့ထဲက အားအနည်းဆုံးသူသည် ဧကရာဇ်တစ်ပိုင်းအဆင့် ရှိသည်။

၎င်းတို့သည် မရေမတွက်နိုင်သော ရန်သူများကို သတ်ဖြတ်ပြီး မရေမတွက်နိုင်သော အောင်မြင်မှုများကို ရရှိထားသော တိ့ကျန့် မဟာဧကရာဇ်မင်းကွပ်ကဲသည့် အထက်တန်းစား တပ်ဖွဲ့ကြီးဖြစ်သည်။

“ဒီအချိန်ကစပြီး မင်းတို့အားလုံးက ချန်ကဲ မဟာဧကရာဇ်မင်းရဲ့ လက်အောက်ခံပဲ!”

“မင်းတို့အားလုံးက ချန်ကဲ မဟာဧကရာဇ်မင်းအတွက် အသန်မာဆုံးဒိုင်းကာနဲ့ အချွန်ဆုံးလှံပဲ!”

ထိုစကားသံအပြီးတွင် ၊

ထောင်ပေါင်းများစွာသော ဧကရာဇ်အစောင့်တပ်ဖွဲ့များသည် ပြန်လည်တုံ့ပြန်ခဲ့ကြပြီး၊ ၎င်းတို့၏ အော်သံများသည် ကောင်းကင်ကြီးတစ်ခုလုံးကို တုန်လှုပ်စေခဲ့သည်။

“ ကျွန်တော်တို့ ချန်ကဲမဟာဧကရာဇ်မင်းအတွက် မီးတောင်နဲ့ပင်လယ်ရေကို ဖြတ်ကျော်ပြီး ရန်သူအားလုံးကို သတ်ပစ်ဖို့ ဆန္ဒရှိပါတယ်!”

………

အပိုင်း(၄၈၆): ဘေးဒုက္ခအားလုံးကို ကြုံပြီးပြီးဖြစ်လို့ ရှင်ခြင်းသေခြင်းကို တည်ငြိမ်စွာ ရင်ဆိုင်နိုင်တယ်

စူးချန်ကဲသည် တိ့ကျန့် မဟာဧကရာဇ်မင်းကို ဦးညွှတ်ကာ ကျေးဇူးတင်စကားဆိုလိုက်သည် ။

“ ကျေးဇူးတင်ပါတယ် ဆရာတူအစ်ကို “

“ ချန်ကဲ ဒီတာဝန်ကို ကျေပွန်အောင်ထမ်းဆောင်ပါ့မယ် “

“ကောင်းတယ် ၊ အစ်ကိုကြီး မင်းကိုယုံတယ်”

တိ့ကျန့်မဟာဧကရာဇ်မင်း၏ မျက်နှာပေါ်တွင် အပြုံးတစ်ခုရှိနေပြီး ၊ သူသည် ခေါင်းညိတ်လိုက်သည်။

သူ၏အပြုံးကို ပြန်လည်ရုတ်သိမ်းပြီးနောက်၊

တိ့ကျန့် မဟာဧကရာဇ်မင်းသည် တဖက်ကိုလှည့်ကာ ပတ်ဝန်းကျင်က လူတိုင်းကို ကျယ်လောင်စွာ အော်ပြောလိုက်သည်။

“လူတိုင်း၊ သွေးစွန်းတဲ့လမ်းကို ဖွင့်လှစ်ကြစို့!”

ထိုစကားသံအဆုံးတွင် ၊

နယ်မြေပြင်ပတွင် တိုက်ခိုက်နေခဲ့သော ရန်သူတပ်နှင့် သန်မာသူများသည် အံ့အားသင့်သွားကြသည်။

ထို့နောက် သူတို့အားလုံးသည် ခွန်အားအပြည့်ဖြင့် ပေါက်ကွဲလာကြပြီး အော်ဟစ်ကြလေသည်။

“ဒီကောင့်ကို တားစီးကြ!”

“ ဘာတန်ကြေးပေးဆပ်ပါရစေ ၊ သူ့ကို သတ်!”

“ ငါတို့မျိုးနွယ်စုရဲ့ အစီအစဉ် ကျရှုံးလို့မဖြစ်ဘူး ၊ ဒီလူသားကောင်ကို သတ်ပစ်!”

ရန်သူတပ်သည် အရူးအမူး တန်ပြန်တိုက်ခိုက်လာကြသည် ။

စူးချန်ကဲ ဘာသွားလုပ်မည်ကို သူတို့ အတိအကျသိသည်။

စူးချန်ကဲအနေဖြင့် အောင်မြင်နိုင်မလား ဆိုတာ သူတို့အတပ်မပြောနိုင်သော်လည်း ၊ သို့သော် ဖြစ်နိုင်ချေကိုလည်း တွက်‌ဆထားရပေမည်။

နယ်မြေပြင်ပ၏ အင်အားကြီးမားသော စွမ်းအားရှင်များသည် နီမြန်းသော မျက်လုံးနှင့် ကြမ်းတမ်းသော ရောင်ဝါများ ရှိကြပြီး ၊ ၎င်းတို့သည် ထူးဆန်းသောလက်နက်မျိုးစုံကို ကိုင်ဆောင်ကာ စူးချန်ကဲဆီသို့ ပြေးဝင်လာကြသည်။

သို့သော်။

သူတို့အနားမကပ်ခင်မှာပဲ၊ တိုက်မြေ သုံးထောင်၏ စွမ်းအားရှင်ပုဂ္ဂိုလ် လူတော်တော်များသည် ၎င်းတို့ကို တားဆီးခဲ့ကြသည်။

“ ချန်ကဲ မဟာဧကရာဇ်မင်းက ငယ်ရွယ်ပေမယ့် သတ္တိရှိတယ် ၊ ငါတို့လို စီနီယာတွေက ဘာကြောက်စရာရှိလဲ!?”

“အသက်ကြီးပေမယ့် တိုက်ပွဲဝင်နိုင်သေးတယ်!”

“ဟာဟားဟား ၊ ဒဏ္ဍာရီလာ မျိုးဆက်သစ်တွေအတွက် လမ်းခင်းပေးနိုင်ခဲ့မယ်လို့ ငါ မထင်ထားဘူး ၊ ပေးဆပ်ရတာ တန်တယ် !”

“……”

တိုက်မြေသုံးထောင်ရှိ အင်အားစုတပ်ဖွဲ့များစွာ၏ မဟာဧကရာဇ်မင်းများသည် ၎င်းတို့၏ မွေးရာပါ ဧကရာဇ်လက်နက်များကို ဆင့်ခေါ်ခဲ့သည်။

မရေမတွက်နိုင်သော စစ်သည်တော်တို့သည် မူလရင်းမြစ်သွေးကို လောင်ကျွမ်းစေခဲ့ရာ ၊ အဆုံးမရှိသော နတ်အလင်းတန်းများသည် ကောင်းကင်တစ်ပြင်လုံးကို ဖုံးလွှမ်းသွားခဲ့သည်။

သွေးနှင့် စွမ်းအင် ကုန်ခံနေပြီး ဖြစ်သော သက်ကြီးပိုင်း မဟာဧကရာဇ်မင်းတစ်ပါးသည် သူ၏ ကျန်ရှိအသက်ကိုပင် စတေးကာ နောက်ဆုံးသော တန်ခိုးစွမ်းအားကို အသုံးပြုခဲ့သည်။

ဘုန်း ! ဘုန်း ! ဘုန်း !

တခဏအတွင်းမှာပင် ။

မရေမတွက်နိုင်သော ဧကရာဇ်တန်ခိုးစွမ်းအားများသည် တစ်လောကလုံးကို လွှမ်းခြုံသွားပြီး ကြောက်မက်ဖွယ်ရာ စွမ်းအင်နိယာမများသည် စကြဝဠာရှိ လမ်းကြောင်းအားလုံးကို လှုံ့ဆော်ပေးခဲ့သည်။

ဝုန်း ——!!

တစ်ခဏချင်းမှာပဲ ၊ စစ်တပ်နှစ်ခုသည် အချင်းချင်း ထိပ်တိုက်ဆုံတွေ့ခဲ့ကြသည်။

သို့သော် ယခုအကြိမ်သည် ယခင်ကထက် ပို၍ဝမ်းနည်းစရာကောင်းပေသည်။

မျက်စိတမှိတ်အတွင်းမှာပင် ၊

လူသန်းပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ရသည်။

သို့သော်၊ ဤဆိုရိုးစကားအတိုင်းပင် ဖြစ်နိုင်သည်။

‘ညသည် နောက်ဆုံးတွင် ပျောက်ကွယ်ကာ မိုးလင်းလာပေတော့မည်’

မရေမတွက်နိုင်သော မဟာဧကရာဇ်မင်းများနှင့် စစ်သည်တော်တို့၏ ပူးပေါင်းဆောင်ရွက်မှုဖြင့်။

မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေသော ဤသွေးလမ်းမကြီးသည် ပြင်းထန်သော စွမ်းအားများနှင့် အမှောင်လှိုင်းများကြောင့် ကွဲထွက်သွားသည်။

“လူတိုင်း ငါ့နောက်ကိုလိုက်ခဲ့ကြ သတ်!!”

၎င်းတို့အနက် ။

စူးချန်ကဲနှင့် ထိပ်တန်း မဟာဧကရာဇ်မင်းဆယ်ပါးတို့၏ ဦးဆောင်မှုအောက်တွင် ၊ သောင်းနှင့်ချီသော ဧကရာဇ်အစောင့်တပ်ဖွဲ့ကြီးသည် ရန်သူ၏ ဝိုင်းရံမှုကို ထိုးဖောက်နိုင်ခဲ့သည်။

ဖော့ရွှီသစ်ပင်၏ ဦးတည်ရာဆီသို့ လျင်မြန်စွာ ချီတတ်ခဲ့ကြသည်။

“ချန်ကဲ... မင်း လုံးဝ ဘာမှမဖြစ်စေနဲ့...!”

စူးချန်ကဲ၏ နောက်ကျောကို ငေးကြည့်ရင်း တိ့ကျန့် မဟာဧကရာဇ်မင်း၏ မျက်လုံးများတွင် စိုးရိမ်မှုပန်သော အရိပ်အယောင်များ ရှိနေခဲ့သည်။

စူးချန်ကဲသာ တစ်ခုခု ဖြစ်ခဲ့မည်ဆိုပါက ၊

သူဆိုတောင် ၊ ကွေးယွမ်သူတော်စင်နယ်မြေကို ဖြေရှင်းချက်ပေးရန် နည်းလမ်းမရှိချေ။

ကွေးယွမ်သူတော်စင်နယ်မြေ၏ အမျက်ဒေါသကို သူ ကြောက်မိသည်။

“အိုင်း...ရှေးဘိုးဘေးတွေနဲ့ အဝေးဘိုးဘေးတို့ တကယ်ကြီးစိတ်ဆိုးရင် တိုက်မြေ သုံးထောင်တင်မကဘူး ဒေဝလောကတစ်ခုလုံးကိုပါ ထိခိုက်သွားမှာကို စိုးရိမ်မိတယ် “

တစ်ချိန်တည်းမှာပင်၊ တိ့ကျန့် မဟာဧကရာဇ်မင်း၏ ဘေးတစ်ဝိုက်တွင် ရှိနေသော ဧကရာဇ်အလိုဆန္ဒသည် ပို၍ အားကောင်းလာသည်။

သူသည် ဤအမှိုက်များကို မြန်မြန်ဆန်ဆန် ကိုင်တွယ်ပြီး ၊ စူးချန်ကဲကို တတ်နိုင်သလောက် ကူညီပေးရန်ကြံစည်လိုက်သည်။

“လူတိုင်း ငါ့နောက်ကို လိုက်ခဲ့ ၊ အဲ့ကောင်တွေကို သတ်!”

တိ့ကျန့် မဟာဧကရာဇ်မင်း၏ ကြွေးကြော်သံနှင့်အတူ ၊

များစွာသော တပ်ဖွဲ့များနှင့် မဟာဧကရာဇ်မင်းများသည် ၎င်းတို့၏ မှော်စွမ်းအားများကို အစွမ်းကုန်မြှင့်တင်ကာ အတိုင်းအဆမရှိသော ရန်သူစစ်တပ်‌ဆီသို့ ပြေးဝင်သွားကြသည်။

…….

တစ်ချိန်တည်းမှာပင် ။

အခြားပြင်ပတပ် နောက်တဖွဲ့ ။

တပ်ဖွဲ့ကို ဦးဆောင်သော သန်မာသူများသည်လည်း ထိုသတင်းကို လက်ခံရရှိခဲ့သည်။

ယခုအချိန်တွင် ပိုက်စိပ်တိုက် နေရာချထားပြီးဖြစ်သည်။

“ ဘယ်သူလာပြီး အသေခံရဲလဲ? ငါ စောင့်ကြည့်လိုက်ဦးမယ် “

“ဟာဟားဟား၊ ပြောသံကြားတာတော့ မူလဘိုးဘေး ဆယ်ဦးက ချန်ကဲ မဟာဧကရာဇ်မင်းဆိုတဲ့ ကောင်ကိုသတ်နိုင်ရင် မူလရင်းမြစ် သွေးနက်ကို ချီးမြှင့်မယ်ဆိုပဲ “

“ဘာလဲ...!? မူလရင်းမြစ် သွေးနက်!?”

ထိုစကားများ ထွက်လာသည်နှင့် ။

သန်မာသူတို့၏ မျက်လုံးထဲတွင် အလိုလောကများ တောက်လောင်လာသည်။

မူလရင်းမြစ် သွေးနက်သည် ၎င်းတို့ကို အဆွဲဆောင်နိုင်ဆုံးအရာပင် ဖြစ်သည်။

၎င်းသည် သင့်အား ပို၍သန်မာလာစေရုံသာမကဘဲ သင်၏အသက်ကိုပါ ပိုမိုရရှိစေမည်ဖြစ်သည်။

အမတနယ်မြေ ဖွင့်လှစ်သောအချိန်တွင်၊ သူတို့သည် တစ်ရှိန်ထိုး အဆင့်ဖြတ်ကျော်ကာ အမတအဖြစ် အောင်မြင်ပြီး ၊ ဒဏ္ဍာရီထဲက မသေမျိုး စစ်မှန်အမတများ ဖြစ်လာနိုင်မည်ဖြစ်သည်။

ဤသွေးဆောင်မှုကြီးသည် လူတိုင်းကို ရူးသွပ်စေသည်။

“ဟားဟား ၊ အစကတော့ စစ်တိုက်ဖို့ငါ့ကိုလွှတ်လိုက်တာ ကံဆိုးပြီထင်နေတာ ၊ အခုတော့ ငါ တကယ် ကံကောင်းတာပဲ!”

ဆူးနတ်ဆိုးပင်လယ်မှ သန်မာသူတစ်ယောက်သည် ရက်စက်ကြမ်းကြုတ်စွာ ရယ်မောလိုက်သည် ။

-“ဒီကောင်ရဲ့ ခေါင်းကို ငါ ဖြုတ်နိုင်ရင်...”

သို့သော် ၊ သူ့စကားမဆုံးသေးခင်

ဝှစ်!!

ရုတ်တရက်။

မိုးကုပ်စက်ဝိုင်းတွင် အေးစက်စွာ တောက်ပနေသော ကြယ်များကိုတွေ့လိုက်ရသည်။

အလွန်တောက်ပသော ပရမ်းပတာနတ်ဓားသည် ကွက်လပ်ကို ဖြတ်ကျော်ကာ ထိုအနှီလူ၏ နဖူးတည့်တည့်ဆီသို့ တိုက်ရိုက် ထိုးဖောက်ဝင်ရောက်သွားသည် ။

ဓား၏ အရှိန်သည် အလွန်လျင်မြန်ပေရာ ၊ တိုက်မြေပြင်ပရှိ လူများစွာအဖို့ ဝင်ရောက်တုံ့ပြန်ရန်အချိန်မရလိုက်ပေ ။

ဝုန်း ! !

သွေးအန်သံ! !

ပေါက်ကွဲသံနှင့်အတူ ၊ အသွေးအသားများ တကွဲတပြားစီ ဖြစ်ကုန်သည်။

ဆူးနတ်ဆိုးပင်လယ်ထဲကလူ၏ ဦိးခေါင်းကို တိုက်ရိုက်ထိုးဖောက်ပြီးနောက် ၊ ဓားသည် ကျိုးပဲ့နေသော ရှေးဟောင်းကြယ်တစ်စင်းပေါ်သို့ ထိုးစိုက်သွားသည်။

“ဘယ်သူလဲ!?”

“ဆူးပင်လယ်ထဲက ငါ့လူတွေကို ဘယ်ကောင်တိုက်ခိုက်ရဲတာလဲ “

ပြင်ပသန်မာသူများသည် ဒေါသတကြီးဖြင့် တုံ့ပြန်လာကြပြီး ၊ ၎င်းတို့၏စိတ်တွင် ထိတ်လန့်ခဲ့ရသည်။

အသတ်ခံလိုက်ရသော ထိုအနှီလူ၏ ကျင့်ကြံဆင့်သည် မြင့်မားခြင်းမရှိသော်လည်း၊ သို့သော် သူသည် ပဉ္စမတန်းအဆင့်ရှိ မဟာဧကရာဇ်မင်းတစ်ပါးနှင့် နှိုင်းယှဉ်နိုင်သည်။

သို့သော် ၊ ရှင်းရှင်းလင်းလင်း မမြင်လိုက်ရသေးခင်မှာပဲ ကောင်းကင်မှ ဆင်းသက်လာသော နတ်ဓား၏ လက်ချက်ဖြင့် သေဆုံးခဲ့ရသည်။

ဘုန်း ! !

ရုတ်တရက် ၊ မိုးကုပ်စက်ဝိုင်းမှ မြင်းစီးသံများနှင့် စစ်သင်္ဘောတို့၏ ဟောက်သံများ ထွက်ပေါ်လာခဲ့သည်။

တိုက်မြေပြင်ပကလူတိုင်း မသိစိတ်ကနေ ထိုနေရာကို လှမ်းကြည့်လိုက်ကြသည်။

သို့သော် ရုတ်တရက်၊ အတိုင်းအဆ မရှိ ကြီးမားသော သွေးချီစွမ်းအားများသည် လူးလိမ့်ရိုက်ခတ်လာသည်။

ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်လိုသော စိတ်ဆန္ဒတို့သည် လက်တွေ့အဖြစ်သို့ ပြောင်းလဲသွားပြီး ဆူနာမီကဲ့သို့ပင် ၎င်းတို့ဆီသို့ တရှိန်ထိုးပြေးဝင်လာခဲ့သည်။

ထိုကဲ့သို့သော တန်ခိုးစွမ်းအားများကို ထုတ်လွှတ်ခဲ့သည်မှာ အကန့်အသတ်မရှိသော ကြီးမားသော တပ်ဖွဲ့ပင် ဖြစ်သည်။

အလယ်တွင်ရှိနေသော မဟာဧကရာဇ်မင်း ဆယ့်တစ်ပါးထံမှ ထွက်ပေါ်လာသည့် ဧကရာဇ်တန်ခိုး စွမ်းအားအလင်းတန်းများသည် ကွက်လပ်ကို လျင်မြန်စွာ ဖြိုခွဲပြီး ဖောက်ထွင်းဝင်ရောက်လာခဲ့သည်။

မဟာဧကရာဇ်မင်း ဆယ့်တစ်ပါး၏ ဦးဆောင်မှုအောက်တွင် ၊ သောင်းနှင့်ချီသော တပ်ဖွဲ့ဝင်များသည် အင်အားအပြင်းအထန်ဖြင့် တိုက်ခိုက်လာကြသည်။

တိုက်မြေပြင်ပဘက်တွင် တပ်ဖွဲ့ဝင်သိန်းပေါင်းများစွာ ရှိသည်ကိုသင်သိထားရမည်။

ဒါတင်မက ၊ ဖော့ရွှီသစ်ပင်မှ ဖွင့်ထားသော အာကာသလမ်းကြောင်းသည် စစ်ကူများကို ဆက်လက်ပေးပို့နိုင်သည်။

သို့သော် ၊ သောင်းနှင့်ချီသော တပ်ဖွဲ့များသည် ပြင်ပတပ်များကို သာလွန်သော အနေအထားတွင် ရှိနေခဲ့ပြီး ပြင်ပတပ်ဖွဲ့သည် အားနည်း‌သောအခြေအနေသို့ ရောက်ရှိနေခဲ့သည်။

သူတို့ကို ပို၍ ရှုပ်ထွေးစေခဲ့သည်မှာ ရှေ့တွင်ရှိနေသော ဝတ်ရုံဖြူအသွင်ပုံရိပ်ဖြစ်ပြီး ၊ ၎င်း၏ရောင်ဝါအရ အပြင်းထန်ဆုံးဟု ဆိုလို့မရချေ။

သို့သော် ၊ ထိုလူသည် သောင်းနှင့်ချီသော တပ်သားများနှင့် အခြား မဟာဧကရာဇ်မင်း ဆယ်ပါးကို ဦးဆောင်နေပုံရသည်။

ဤအခိုက်အတန့်တွင် ၊ အေးစက်သော အမျိုးသားတစ်ဦး၏ အသံ ထွက်ပေါ်လာသည်။

“ဧကရာဇ်အစောင့်တပ်၊ အမိန့်ကို နာခံ!”

“ ငါတို့ဟာ ချန်ကဲ မဟာဧကရာဇ်မင်းအတွက် ရန်သူအားလုံးကို ဖျက်ဆီးပစ်ဖို့ ဆန္ဒရှိတယ်!”

မဟာဧကရာဇ်မင်းဆယ်ပါးနှင့် သောင်းနှင့်ချီသော တပ်သားများသည် ကြွေးကြော်လိုက်ကြပြီး၊ ၎င်းတို့၏ လက်နက်များကို ကိုင်မြှောက်ကာ တိုက်ခိုက်ဖို့အသင့်ဖြစ်နေကြသည်။

တစ်ချိန်တည်းမှာပင်။

စူးချန်ကဲ၏ဘေးတစ်ဝိုက်တွင် ရှိသော နတ်အလင်းရောင်တို့သည် ပို၍အားကောင်းလာသလို ၊ သူ့မျက်လုံးများက တောက်ပနေသည်။

“ဘေးဒုက္ခအားလုံးကို ကြုံပြီးပြီးဖြစ်လို့ ရှင်ခြင်းသေခြင်းကို တည်ငြိမ်စွာ ရင်ဆိုင်နိုင်တယ်!”

“ နယ်မြေပြင်ပ အေးချမ်းသာယာဖို့အရေး နောက်ဘဝအထိ ဘာအတွက်နဲ့စောင့်ဆိုင်းနေမှာလဲ!”

“ မိတ်ဆွေအပေါင်းတို့ ၊ ငါနဲ့အတူ ရန်သူကို ချေမှုန်းကြမယ် !”

အပိုင်း(၄၈၇): ကြီးစိုးနိုင်လွန်းသော ကွေးယွမ်အမတဂိုဏ်း

“သတ်!”

“သတ်!”

“သတ်!”

စူးချန်ကဲ၏ နောက်လိုက် သောင်းနှင့်ချီသော စစ်သည်တော်တို့သည် တညီတညွတ်တည်း ကြွေးကြော်ပြီးသည်နှင့် မှော်စွမ်းအားများနှင့် အတူ ပေါက်ကွဲထွက်လာကြသည်။

စူးချန်ကဲ နှင့် ထိပ်တန်း မဟာဧကရာဇ်မင်း ဆယ်ပါးတို့၏ ဦးဆောင်မှုအောက်တွင် ၊ မှော်လက်နက်များသည် ‌ လေကိုပစ်ခွင်း၍ ထိုးဖောက်ဝင်ရောက်လာသည်။

တခဏအတွင်းမှာပဲ ၊

ဧကရာဇ်အစောင့်တပ်များသည် ပြစ်ဒဏ်ပေးတော့မည့် ကောင်းကင်ဘုံအရှင်သခင်ကဲ့သို့ တိုက်ပွဲထဲသို့ ပြေးဝင်လာကြသည်။

ရုတ်တရက်ဆန်သည့် ဤသတ်ဖြတ်နေသော ပုံရိပ်မြင်ကွင်းများသည် ဧကရာဇ်အစောင့်တပ်၏ အရေအတွက်ထက် အဆများစွာရှိသော ပြင်ပတပ်ဖွဲ့ကို ထိတ်လန့်စေခဲ့သည်။

သောင်းနှင့်ချီသော တပ်ဖွဲ့သည် သိန်းနှင့်ချီသော တပ်ဖွဲ့ကို ယှဉ်ပြိုင်နိုင်ခဲ့သည်။

အချို့က တဖက်လူ၏ ပြင်းထန်သော ထိုးနှက်မှုကြောင့် ထိတ်လန့်ကာ လှည့်ထွက်ပြေးရန် ကြိုးစားကြသည်။

သို့သော် ၊ ပြင်ပသန်မာသူများသည် ဒေါသတကြီးဖြင့် တုံ့ပြန်လာကြသည်။

“ဘာတွေ ပြေးနေတာလဲ!?”

“ဒီကောင်တွေက သောင်းဂဏန်းပဲရှိတယ်၊ ငါတို့မှာ သန်းနဲ့ချီရှိတယ်။”

“ပထမဆုံး ပြေးဝင်လာတဲ့ ဝတ်ရုံဖြူနဲ့ကောင်က မူလဘိုးဘေးတွေ အလိုရှိတဲ့သူတစ်ယောက်ပဲ!”

“ငါတို့ သူ့ကိုသတ်​နိုင်ရင်​ မူလရင်း​မြစ် သွေးနက်​ကို ရနိုင်​တယ်​!”

ထိုစကားသံအဆုံးတွင် ၊

မရေမတွက်နိုင်သော ပြင်ပသန်မာသူများသည် အလိုလောဘများ တဟုန်းဟုန်း တောက်လောက်လာခဲ့သည်။ မူလဘိုးဘေးအဖြစ် အောင်မြင်မည်ဆိုပါက ဒဏ္ဍာရီလာ မသေမျိုးစစ်မှန်အမတ တစ်ဦးဖြစ်လာနိုင်မည့် အခွင့်အရေးကို ရနိုင်ပေတော့မည်။

ဤကဲ့သို့သွေးဆောင်မှုကြီးကို လောကတွင် မည်သူကများ ခုခံနိုင်မည်နည်း။

ထို့အပြင် ၊ အကယ်၍ထွက်ပြေးပါက မူလဘိုးဘေးဆယ်ယောက်စလုံး၏ သတ်ဖြတ်ခြင်းကိုခံရနိုင်သည်။

“သတ် ၊ တိုက်မြေသုံးထောင်က ဒီကောင်တွေကို သတ်ကြဟေ့!”

ပထမတန်းအဆင့်ရှိ မဟာဧကရာဇ်မင်းများနှင့် ယှဉ်ပြိုင်နိုင်သော ပြင်ပသန်မာသူများသည် ကြွေးကြော်လေသည်။

ပြင်ပစစ်တပ်ကြီးသည် ဧကရာဇ်အစောင့်တပ်ဆီသို့ အသားကုန်ပြေးဝင်ကာ သတ်ဖြတ်ရန်ကြိုးပမ်းလေသည်။

ပြင်ပတပ်၏ အရေအတွက်သည် များပြားသော်လည်း ဧကရာဇ်အစောင့်တပ်သည် အထက်တန်းစားများထဲမှ ထိပ်တန်းတပ် ဖြစ်ပေသည်။ ၎င်းတို့၏ ကျင့်ကြံမှုအဆင့်များသည် ပြိုင်ဘက်များထက် မြင့်မားရုံသာမက ပေါင်းစပ်တိုက်ခိုက်ရေး နည်းစနစ်တွင်လည်း ကျွမ်းကျင်သည်။

ဧကရာဇ်အစောင့်တပ် စစ်သည်တော် တစ်ဦးချင်းစီတိုင်းသည် ရန်သူများကို မရေမတွက်နိုင်အောင် သတ်ဖြတ်နိုင်ပြီး ၊ ရာနှင့်ချီသော တိုက်ပွဲအတွေ့အကြုံများ ရှိကြသောကြောင့် ၎င်းတို့၏ ထိုးနှက်မှုတိုင်းသည် လူကိုသေစေနိုင်သည်။

ထို့ကြောင့် ကနဦးတိုက်ခိုက်မှုတွင် ၊ ဧကရာဇ်အစောင့်တပ်များသည် ဒေါသကြီးသော တံစဉ်နှင့်တူပြီး ၊ ပြင်ပတပ်များသည် မြက်ပင်များကဲ့သို့ တစ်သုတ်ပြီးတစ်သုတ် ကျရှုံးခဲ့ရသည်။

ထိပ်တန်း မဟာဧကရာဇ်မင်းဆယ်ပါးတို့သည် ကြယ်များဖြင့်ဝန်းရံထားသော လကဲ့သို့ပင် စူးချန်ကဲကို ဗဟိုပြုလျက် ဝန်းရံထားကြသည်။

ဝုန်း ! ဝုန်း ! ဝုန်း !

လှံသည် နဂါးတစ်ကောင်အလား ကွက်လပ်ကို ထိုးဖောက်လျက် ၊ ကောင်းကင်တစ်ခုလုံးကို လှံအလင်းဖြင့် လွှမ်းခြုံထားသည်။

ဧကရာဇ်စည်းတံဆိပ်သည် ကောင်းကင်ပမာ အရာအားလုံးကို နှိပ်ကွပ်လျက်၊ အဆုံးမဲ့မုန်တိုင်းကို နှိုးဆော်နေသည်။

လှံနှင့်ဓားတို့သည် နဂါးတစ်ကောင်ကဲ့သို့ အေးစက်စွာ ဝင်းလက်နေသည် ။

သတ်ဖြတ်လိုသော စိတ်ဆန္ဒများ ပေါ်လွင်နေပြီး ၊ နေရာအနှံ့ သွေးချီစွမ်းအားများဖြင့် ပြည့်နှက်နေသည်။

..…..

ထိပ်တန်း မဟာဧကရာဇ်မင်းဆယ်ပါးသည် မဟာဧကရာဇ်မင်းများကြားတွင် ထိပ်တန်းဆိုသည့်အတိုင်း ၎င်းတို့၏ ခွန်အားသည် မဟာဧကရာဇ်မင်း ခြောက်ပါးပြီးရင် ဒုတိယဖြစ်သည်။

( T/N - တိ့ကျန့် ၊ ဟွမ်ထျန်း ၊ ရွှမ်ယွီ ၊ ထျန်းတု၊ ယွီ့ထျန်း ၊ ပိုင်ကျန့် )

စူးချန်ကဲကို ကာကွယ်ပေးနေပြီး တစ်ချိန်တည်းမှာပင် ၊ စစ်သည်များကို ဦးဆောင်ကာ ဖော့ရွှီသစ်ပင်ရှိရာ ဦးတည်ရာဆီသို့ ချီတတ်လာခဲ့သည်။

စူးချန်ကဲ ကိုယ်တိုင်ကလည်း အရမ်းသန်မာသည်ဟုဆိုနိုင်သည်။

ယခုတစ်ကြိမ်တွင် ၊ စူးချန်ကဲသည် သူ့ကိုယ်ပိုင် မှော်လက်နက်များစွာကို ဆင့်ခေါ်ခဲ့သည်။

မဟာဧကရာဇ်မင်းဖြစ်လာပြီးနောက် ၊ စူးချန်ကဲသည် ဓားသေတ္တာကိုးလက်၏စွမ်းအားကို အပြည့်အဝအသုံးချနိုင်ခဲ့သည်။

တစ်ချက် တွေးလိုက်ရုံဖြင့် ၊ ဓားသေတ္တာသည် သူ့ရှေ့သို့ ရောက်ရှိလာသည်။

ဝုန်း ! !

လက်နှင့်တစ်ချက် ရိုက်ချလိုက်သည်နှင်၊ ဓားသေတ္တာသည် လုံးဝပွင့်သွားသည် ။

တခဏချင်းမှာပင်၊ ဓားအလင်းများသည် နဂါးငွေ့တန်းဂလက်ဆီကဲ့သို့ အကန့်အသတ်မရှိ ထွက်ပေါ်လာပြီး ဓားစွမ်းအင်များသည် အရပ်ရှစ်မျက်နှာတစ်ခွင် ပြန့်ကျဲသွားသည်။

“ ထ!”

စူးချန်ကဲ၏ တီးတိုးသံနှင့်အတူ၊

ဝှစ်!

အေးစက်တောက်ပသော အလင်းတန်းကိုးခုသည် ကောင်းကင်သို့ ပျံတတ်သွားသည်။

ဆီးနှင်းခဲဓား!

မိုးကြိုး ဓား !

လေ ဓား!

ကြယ်ကြွေဓား !

မီးလျှံ ဓား !

အဖျက်ဗလာ ဓား !

ဖျက်စီးခြင်းပရိယာယ် သုံးပါးဓား!

သေမျိုးဓား!

မရဏဓား !

…….

ကြောက်မက်ဖွယ်ကောင်းသော ရောင်ဝါများကို ထုတ်လွှတ်ပေးနေသော ဓားကိုးလက်သည် အသက်ရှိနေသကဲ့သို့ စူးချန်ကဲကို ပတ်ပတ်လည်ဝန်းရံထားသည်။

“ဟမ် ၊ မင်းမှာ ဓားတွေအများကြီးရှိတာနဲ့ မင်းလုပ်ချင်တာမှန်သမျှ လုပ်လို့ရမယ်လို့ မင်းထင်နေလား?”

“ လူငယ်လေး၊ သိပ်မောက်မာမနေနဲ့!”

တတိယတန်းအဆင့်ရှိ မဟာဧကရာဇ်မင်းနှင့် ယှဉ်ပြိုင်နိုင်သော တိုက်မြေပြင်ပမှ သန်မာသူသည် အလစ်သုတ်တိုက်ခိုက်လာခဲ့သည်။

၎င်း၏အမြန်နှုန်းသည် ခရမ်းရောင်လျှပ်စီးကြောင်းကဲ့သို့ပင် မြန်ဆန်ပြီး ၊ ၎င်း၏တိုက်ခိုက်လာမှုကို ရှောင်တိမ်းရန် ခက်ခဲလှသည်။

“ ထျန်းယွမ်ဝိညာဉ်မြို့ရဲ့ ဟွင်ယွမ်ဘုရင်ကိုယ်တိုင် အရေးယူခဲ့တာပဲ!”

တိုက်မြေပြင်ပ၏ သန်မာသူတစ်ဦးက ထိတ်လန့်စွာ ဆိုလိုက်သည်။

“ ဟွင်ယွမ်ဘုရင်က ရှေးအမွေအနှစ်ဖြစ်တဲ့ ဟွင်ယွမ်တစ္ဆေစွမ်းအားကို ရယူထားတာ ၊ သူ့ရဲ့ ငါးကြိမ်ဆက်တိုက် တိုက်ခိုက်မှုကို ဘယ်သူမှ မရှောင်တိမ်းနိုင်ဘူး”

ဟွင်ယွမ်ဘုရင်သည် တိုက်မြေပြင်ပမှ တန်ခိုးကြီးမားသော နတ်တစ္စေကို ဤလှုပ်ရှားမှုဖြင့် ထိုးနှက်ခဲ့သည်ဟု ကောလဟာလများ ထွက်ပေါ်ခဲ့ဖူးသည်။

တိုက်မြေပြင်ပက သန်မာသူလူအများစုသည် စူးချန်ကဲ၏ဦးခေါင်းကို ပထမဆုံး ရယူနိုင်သူမှာ ဟွင်ယွမ်ဘုရင်ဖြစ်မည်ဟု ယူဆနေကြသည်။

သို့သော် ၊ စူးချန်ကဲသည် သူ့ခေါင်းလှည့်ကြည့်ဖို့တောင် စိတ်မ၀င်စားပေ။

အေးစက်သောအမူအရာဖြင့် ရှိနေပြီး၊ သူ့လက်ချောင်းဖြင့် ဓားကိုစေညွှန်ကာ ထိုနေရာကို အသာအယာခုတ်ပိုင်းလိုက်သည်။

“ ဆီးနှင်းခဲ၊ ဖြတ် !”

ရွှမ်း! ! !

ချက်ခြင်းပင်၊ ဆီးနှင်းခဲ စွမ်းအားများဖြင့် ဝန်းရံထားသော ရှေးဟောင်းဓားတစ်လက်သည် ကောင်းကင်သို့ ပျံတက်လာခဲ့သည်။

ထို့နောက် ၊ သူသည် အလွန်လျင်မြန်သော အရှိန်ဖြင့် ဟွင်ယွမ်ဘုရင်ထံသို့ ပြေးဝင်ကာ ခုတ်ပိုင်းပစ်လိုက်သည်။

လူတိုင်း ဘာမှ မတုံ့ပြန်နိုင်သေးခင် ။

ဝုန်း ——!!

ထို့နောက် တုန်လှုပ်ချောက်ချားစရာကောင်းသော ပေါက်ကွဲသံတစ်ခုသည် ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့သည်။

ထို့နောက် ချက်ခြင်းပင်၊ အဆုံးစွန်သော အေးစက်မှုတို့နှင့်အတူ ဓားစွမ်းအင်လှိုင်းများသည် ဒီရေအလား ဝင်ရောက်လာခဲ့သည်။

တိုက်မြေပြင်ပမှ သန်မာသူများသည် ဟွင်ယွမ်ဘုရင်၏ ဦးတည်ရာဆီသို့ လှမ်းကြည့်လိုက်ကြသည်။ သူတို့ရှေ့က ဤမြင်ကွင်းကြီးသည် အတော်လေး ထိတ်လန့်စရာကောင်းပေသည်။

အာကာသအက်ကွဲကြောင်းများမှ ထွက်ပေါ်လာသော ရေခဲပွင့်များအပြင် ၊ ဤနေရာတွင် ဟွင်ယွမ်ဘုရင်၏ အသွင်ပုံရိပ်သည် ဘယ်နေရာမှာများ ရှိနေခဲ့လေသနည်း။

တစ်နည်းအားဖြင့်ဆိုရသော် ၊ ဟွင်ယွင်ဘုရင်သည် တစ်ချက်တည်းဖြင့် အသတ်ခံခဲ့ရသည်။

တစ်ချိန်တည်းမှာပင် ၊ စူးချန်ကဲ၏အသက်ကို သိမ်းပိုက်လိုသော ပြင်ပသန်မာသူအချို့သည် ချက်ချင်းပင် ဖြူဖျော့သွားကြသည်။

ဓားတစ်လက်တည်းဖြင့် လူတစ်ဦးကို သေစေနိုင်သည်။ ဓားကိုးလက်သာဆိုရင်ဖြင့် မည်မျှကြောက်စရာကောင်းလိုက်မည်နည်း။

“ဒီကောင့်ရဲ့ ဓားသေတ္တာက အဆင့်မြင့် ဧကရာဇ်လက်နက်နဲ့တောင် ယှဉ်နိုင်တယ်၊ ငါတို့ အတူတူတိုက်ခိုက်ကြရလိမ့်မယ်”

ပြင်ပသန်မာသူတစ်ယောက်၏ ကြွေးကြော်သံနှင့်အတူ ၊ အခြားသော ပြင်ပသန်မာသူကိုးဦးသည် လျင်မြန်စွာ ပြေးထွက်လာကြသည်။

“ နောက်မှာကျန်မနေခဲ့နဲ့ ၊ ဒီကောင်ကိုသတ်ပြီးမှ သွေးနက်အကြောင်း ဆွေးနွေးမယ်!”

သူ့ဆီသို့ ပြေးဝင်တိုက်ခိုက်လာသော ပြင်ပသန်မာသူလူကိုးဦးကို ကြည့်ရင်း စူးချန်ကဲက ရယ်လေသည်။

“ ငါ့ကို ကုန်ပစ္စည်းတစ်ခုလို ဆက်ဆံနေတာပဲ”

“ဒါဆိုလည်း မင်းတို့အသက်ရှင်ဖို့ အခွင့်အရေးရှိသေးလားဆိုတာ ကြည့်ရတာပေါ့!”

စူးချန်ကဲသည် ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။ ထို့နောက် သူ၏လက်ချောင်းကို ဓားအဖြစ် စေညွှန်ကာ ကောင်းကင်ကို တိုက်ရိုက် ချိန်ရွယ်လိုက်သည်။

“ဓား ကိုးလက် !”

ချွင်——!!

ရှေးဟောင်း ဓားကိုးလက်သည် စူးချန်ကဲ၏ ဘေးတစ်ဝိုက်တွင် တောက်လောင်သောအလင်းရောင်များနှင့်အတူ ပေါက်ကွဲထွက်လာသည်။

စူးချန်ကဲသည် သူ၏လက်ချောင်းများဖြင့် ဓားကို ညွှန်ကြားနေပြီး ၊ ကြီးကျယ်ခမ်းနားသော ဓားစွမ်းအားများနှင့်အတူ ပြင်ပသန်မာသူကိုးဦးကို ထိုးနှက်လိုက်သည်။

ရှေးဟောင်း ဓားကိုးလက်ကို တစ်ပြိုင်နက်တည်း ကိုင်တွယ်ခြင်းသည် သူ့အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်ခဲ့သော်လည်း၊ သို့သော် ဤသည်မှာ သူ၏စွမ်းရည်ကို အထိရောက်ဆုံး မွေးမြူရန် အကောင်းဆုံးနည်းလမ်းဖြစ်သည်။

ယခင်တိုက်ပွဲအတွင်း ၊ စူးချန်ကဲသည် သူစုဆောင်းထားသော ခွန်အားဖြင့် စတုတ္ထအဆင့်ကို အောင်မြင်စွာဖြတ်ကျော်နိုင်ခဲ့သည်။ သို့ဖြစ်ရာ ၊ဆက်​လက်တိုက်​ပွဲဝင်ပါက သူသည် ပို၍သန်မာလာနိုင်သည်။

စူးချန်ကဲသည် ရန်သူကို သတ်ဖြတ်နေသည့် အတောအတွင်း ၊ ဧကရာဇ်အစောင့်တပ်ဖွဲ့ နှင့် မဟာဧကရာဇ်မင်းဆယ်ပါးတို့သည်လည်း ထိုနည်းတူစွာ ကြိုးစားပမ်းစားတိုက်ခိုက်နေသည်။

တခဏအတွင်းမှာပင် ၊ ပြင်ပတပ်သား သိန်းနှင့်ချီ သေဆုံးခဲ့သည်။

……..

တစ်ချိန်တည်းမှာပင်။

ကွေးယွမ်ဘိုးဘွားပိုင်နယ်မြေ ။

ကွေးယွမ် သူတော်စင် နယ်မြေ၏ ဘိုးဘေးများစွာသည် လေးနက်သော အမူအရာများဖြင့် ရှိနေသည်။

ဖော့ကျွင်းဘိုးဘေးက စပြောလာသည်။

“ တိုက်မြေပြင်ပက ရုတ်တရက်ကြီး စစ်ပွဲထဖြစ်လာတာ ၊ ဇီဝတားမြစ်နယ်မြေက အဲ့ကောင်တွေက အမှောင်ထဲကနေ လှုံ့ဆော်နေပုံပဲ “

“ဒီကောင်တွေ ဒုက္ခပေးရုံတင်မကဘူး တိုက်မြေသုံးထောင်က အဓိကအင်အားစုတပ်တွေနဲ့ အဆက်သွယ်မရအောင် ဖြတ်တောက်ပစ်လိုက်တယ် “

“တိ့ကျန့် နဲ့ ချန်ကဲအတွက် ခက်ခဲသွားမှာကိုစိုးရိမ်မိတယ်

“ ဟွန်း ! ပြင်ပကမ္ဘာနဲ့ ဇီဝတားမြစ်နယ်မြေက ကောင်တွေရဲ့ ရည်မှန်းချက်တွေကို ငါတို့ အရင်ကတည်းက သိထားပြီးသားပဲ “

ပါ့ချန်ဘိုးဘေးက အေးစက်စွာ ဆိုလေသည်။

“အထူးသဖြင့် ဇီဝတားမြစ်နယ်မြေကကောင်တွေ တားမြစ်ကုန်းပြင်မြင့်ကို အကြောင်းပြပြီး ဘာမဆိုလုပ်လို့ရမယ်လို့ ထင်နေတာလား!?”

“ပြင်ပကောင်တွေကို ဖျက်ဆီးပစ်ပြီး ၊ တားမြစ်နယ်မြေကို မှုန့်မှုန့်ညက်ညက်ကြေအောင် ဖြိုခွင်းပစ်ဖို့ တပ်ဖွဲ့ဝင်တွေ စေလွှတ်တာက ပိုအကောင်းဆုံးပဲ!”

ကျန့်ရှင်းဘိုးဘေး၏ မျက်လုံးထဲတွင် သတ်ဖြတ်လိုသော ဆန္ဒများဖြင့် ပြည့်နှက်နေသည်။

“ အရင်တုန်းကသာ ဇီဝတားမြစ်နယ်မြေကို ချေမှုန်းပစ်ခဲ့ရင် ဒီကောင်တွေ ခုလိုမြောက်ကြွမြောက်ကြွ လုပ်နိုင်မှာလား?”

ကွေးယွမ် သူတော်စင် နယ်မြေ၏ ဇာတ်မြစ်သည် အမတနယ်မြေရှိ ကွေးယွမ်အမတဂိုဏ်းဖြစ်သည်။

တိုက်မြေ သုံးထောင် ပေါ်ပေါက်လာစဉ် ၊

ဇီဝတားမြစ်နယ်မြေက ထိုသကောင့်သားများသည် တိုက်မြေသုံးထောင်ကို မျက်စိကျသည်ဟု အခိုင်အမာပြောဆိုခဲ့ပြီး ၊ တားမြစ်ကုန်းပြင်မြင့်၏ အားကိုးဖြင့် သူတို့၏ ကွေးယွမ်အမတဂိုဏ်းကို ရင်ဆိုင်ခဲ့သည်။

ထိုစဉ်က ၊ အမတလျှောက်လှမ်းကို မဖြတ်တောက်ရသေးသောကြောင့် ရလဒ်မှာ သိသာသည်။

ကွေးယွမ်အမတဂိုဏ်းသည် ထိုကဲ့သို့ အာချောင်သောသူများကို မကြိုက်လေရာ ၊ တပ်ဖွဲ့ကိုစေလွှတ်ခဲ့သည်။

ကပ်ဘေးကိုးပါး အမတရှင်ဧကရာဇ်ခြောက်ဦး ဦးဆောင်သော အမတတပ်ဖွဲ့သည် တိုက်ရိုက်‌ဆင်းသက်လာခဲ့သည်။

မူလ ဇီဝတားမြစ်နယ်မြေ ခြောက်ခုသည် မြို့တော်ကို ကာကွယ်ရန် တိုက်ပွဲအဖြစ် ပြောင်းလဲသွားခဲ့သည်။

ဇီဝတားမြစ်နယ်ခြောက်ခုအနက် လေးခုသည် ချေမှုန်းခံလိုက်ရသည် ။

အပိုင်း(၄၈၈): ပျက်သုန်းတော့မယ်(၁)

နောက်ဆုံးတွင်၊ ဇီဝတားမြစ်နယ်မြေ၏ ကျောထောက်နောက်ခံဖြစ်သော တားမြစ်ကုန်းပြင်မြင့်ကိုလည်း ဤပျော်ပွဲရွှင်ပွဲကြီးတွင် ပါဝင်စေလိုခဲ့သည်။

မူလက သူတို့သည် တားမြစ်ကုန်းပြင်မြင့်ကို အတူတကွ တိုက်ခိုက်လိုခဲ့သည်။

သို့ရာတွင်၊ အမြင့်မြတ်ဆုံး အမတသခင်တရားစီရင်ရေးရုံးတော် နှင့် ထာဝရ တောက် တရားရေးအဖွဲ့တို့သည် ထပ်မံတိုက်ခိုက်မည်ဆိုပါက ဒေဝလောကတစ်ခုလုံး ပျက်စီးရတော့မည်ဆိုသော အကြောင်းပြချက်ဖြင့် ဝင်ရောက်တားစီးခဲ့သည်။

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ထည့်သွင်းစဉ်းစားမှုများကြောင့် ကွေးယွမ်အမတဂိုဏ်းသည် တပ်ဖွဲ့ကိုပြန်လည်ရုတ်သိမ်းခဲ့သည်။

“ဟားဟား... အဲ့တုန်းက ဇီဝတားမြစ်နယ်မြေက ကောင်တွေ ပစ္စည်းကောင်းတွေကို ယူပြီး တားမြစ်ဇုန်နှစ်ခုဆီ ရွှေ့ပြောင်းခဲ့ရတယ် ....”

ထျန်းဝိန့်ဘိုးဘေးသည် သူ၏မုတ်ဆိတ်မွေးများကို သပ်ချကာ ပြုံးလိုက်သည်။

“ ဇီဝတားမြစ်နယ်မြေကို ဒီတစ်ခေါက်အခွင့်အရေးမှာ အပြီးတိုင်ချေမှုန်းပြီး ပစ္စည်းကောင်းတွေအကုန်လုံးကို သိမ်းယူကြတာပေါ့ကွာ “

ထိုစကားများထွက်လာသည်နှင့် ၊ ဘိုးဘေးများ၏မျက်လုံးများသည် အရောင်တောက်လာခဲ့သည်။

ကွေးယွမ် သူတော်စင် နယ်မြေတွင် ရတနာပစ္စည်းများစွာ ရှိသော်လည်း ၊ ဒါပေမဲ့ ရန်သူဆီက လုယက်တာထက် ကောင်းတာဘာရှိဦးမလဲ!?

“ဘာတွေဆက်ဖြစ်မလဲ စောင့်ကြည့်တာပေါ့”

ထိုအချိန်တွင်။

မျဲ့ရှန်း ရှေးဘိုးဘေး၏ အသံထွက်ပေါ်လာသည်။

“ လက်ရှိမှာ ငါတို့ ကွေးယွမ်အမတဂိုဏ်းရဲ့ အင်အားစုတော်တော်များများက အမတနယ်မြေမှာ ရှိနေတာ ၊ တပ်တွေစေလွှတ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး”

“ဒါ့အပြင်၊ ချန်ကဲ နဲ့ တိ့ကျန့်တို့ရဲ့ ပင်ကိုယ်စွမ်းရည်နဲ့ အားသာချက်တွေကြောင့် ဒါဟာ အန္တရာယ်များပေမယ့် သူတို့အတွက် ကောင်းမွန်တဲ့ လေ့ကျင့်မှုတစ်ခုဖြစ်မယ်လို့ ငါ ယုံကြည်တယ် “

“ ဒီဓားသွေးကျောက်တွေ သူတို့ရဲ့ အခန်းကဏ္ဍကို အပြည့်အဝပါဝင်ပြီးရင် သုတ်သင်ဖို့ နောက်မကျသေးပါဘူး “

ထိုစကားများ ပြောပြီးသည်နှင့်၊ ဘိုးဘေးတော်တော်များများသည် ရုတ်တရက် သဘောပေါက်သွားခဲ့သည်။

ရှေးဘိုးဘေးလို့ မပြောရဘူး ၊ ပြန်လည်အသုံးချတဲ့နေရာမှာတော့ ဆရာတစ်ဆူပဲ!

ရှင်းပြပြီးနောက်။

မျဲ့ရှန်း ရှေးဘိုးဘေးသည် တိတ်ဆိတ်သွားပြန်သည်။ သူသည် ကံကြမ္မာ၏ လျှို့ဝှက်ဆန်းကြယ်မှုများကို တွက်ချက်ရာတွင် အကောင်းဆုံးဖြစ်သည်။

သူသည် ယခင်က တိ့ကျန့် မဟာဧကရာဇ် အပါအဝင် အခြားမဟာဧကရာဇ်မင်းများစွာကို မှန်းဆတွက်ချက်ခဲ့ဖူးသည်။

ဒဏ်ရာရရှိသော်လည်း မသေဆုံးခဲ့ချေ။

စူးချန်ကဲတွင် တားမြစ်ကိုယ်ထည်ရှိသည်။ ရှေးဘိုးဘေး၏ ကျင့်ကြံမှုမှာ အလွန်အားကောင်းသော်လည်း သို့သော် မှန်းဆတွက်ချက်ရဲပါက ၊ သူသည် သက်ရောက်တုံ့ပြန်မှုကိုခံရပေမည်။

ကံကြမ္မာနတ္ထိ ခန္ဓာကိုယ်ဟူသည် လမ်းစဉ်အားလုံးကို ဆုတ်ခွာစေနိုင်သည်။

မျဲ့ရှန်း ရှေးဘိုးဘေးသည် နယ်မြေပြင်ပစစ်မြေပြင်ကို သူ၏နက်နဲသော မျက်လုံးများဖြင့် ကြည့်နေသည်။

“တကယ်လို့ ချန်ကဲသာ တစ်ခုခုဖြစ်သွားရင် ...”

ကြောက်မက်ဖွယ်ကောင်းသော လူသတ်လိုသော ရည်ရွယ်ချက်များ ပေါက်ဖွားလာသကဲ့သို့ မျဲ့ရှန်း ရှေးဘိုးဘေး၏ ဘေးတစ်ဝိုက်တွင် တာအိုစည်းချက်များက တသိမ့်သိမ့် ရိုက်ခတ်နေသည်။

……..

တစ်ချိန်တည်းမှာပင် ။

နယ်မြေပြင်ပ၏ တစ်နေရာတွင်။

သောင်းချီသော ဧကရာဇ်အစောင့်တပ်များသည် သိန်းပေါင်းချီသော ပြင်ပတပ်ကို သတ်ဖြတ်နေသည့် မြင်ကွင်းအား လျို့ဝှက်နည်းလမ်းဖြင့် စောင့်ကြည့်နေသူ ထူးဆန်းသောမူလဘိုးဘေး၏ မျက်နှာသည် ပို၍ နီမြန်းလာသည်။

သူတို့သည် တိုက်မြေပြင်ပတွင် ယနေ့အတွက် နှစ်ပေါင်းများစွာ ပြင်ဆင်ခဲ့သည်။

ဤရှုံးနိမ့်မှုမြင်ကွင်းသည် သူတို့အတွက်တော့ ကြီးစွာသော စော်ကားမှုတစ်ခုဟု ဆိုရပေမည်။

“အမှိုက်တွေ! အမှိုက်တွေ!!”

နတ်ဆိုးမျက်လုံးမူလဘိုးဘေး၏ မျက်နှာပေါ်တွင် ရက်စက်သောအကြည့်များ ရှိနေသည်။ တိုက်ပွဲအောင်မြင်မှုကို ရရှိရန် မိမိနတ်ဆိုးမျက်လုံးနန်းတော်၏ စစ်တပ်သည် ရှေ့ဆောင်အဖြစ် ချီတတ်ခဲ့သည်။

သို့သော် ၊ ဤမျှပြင်းထန်သော ထိုးနှက်ချက်ကို ခံစားခဲ့ရပြီး ၊ နတ်ဆိုးမျက်လုံးနန်းတော်သည် အသေအပျောက်အများဆုံး ဖြစ်ခဲ့သည်။

“ ဖော့ရွှီသစ်ပင်ရဲ့ အကူအညီရှိတာတောင် တိုက်မြေ သုံးထောင်က ကောင်တွေကို မနှိမ်နင်းနိုင်ဘူးလား ၊ ဒီကောင်တွေကို ဘာကြောင့်မတားနိုင်ရတာလဲ”

“အထူးသဖြင့် အဖြူရောင်ဝတ်စုံနဲ့ အဲ့ကောင် ၊ ဒင်းက ဓားကိုးလက်နဲ့ ငါ့ရဲ့ ပြင်ပသန်မာသူ ၁၀ဦးကို သတ်ပစ်ခဲ့တယ်!”

“ သေသင့်တယ် ! ဖော့ရွှီသစ်ပင်က အဲ့သကောင်သားအပေါ် အကျိုးသက်ရောက်ပုံမပေါ်ဘူး ၊ ဘာလို့ဒီလိုဖြစ်ရတာလဲ?!”

စူးချန်ကဲသည် ရှေးဟောင်းဓားကိုးလက်ကို ထိန်းချုပ်ကာ ရန်သူကို သတ်ဖြတ်နေသည့် မြင်ကွင်းကြောင့် ၎င်းတို့၏မျက်နှာမှာ ကြည့်ရဆိုးနေသည်။

ငယ်ရွယ်စဉ်ကတည်းက ၊ သူသည် ထိပ်တန်း ခွန်အား ၊ အထွတ်အထိပ် အရည်အချင်းနှင့် တုနှိုင်းမယှဉ်နိုင်သော ရုပ်ရည်မျိုးကို ပိုင်ဆိုင်ထားသည်။

ဤကဲ့သို့သောဒဏ္ဍာရီပုဂ္ဂိုလ်သည် အဘယ်ကြောင့် တိုက်မြေသုံးထောင်တွင် တည်ရှိနေသနည်း။

သူတို့ တိုက်မြေပြင်ပတွင် အဘယ့်ကြောင့် မရှိသနည်း။

ကွေးယွမ် သူတော်စင်နယ်မြေ၏အမည်ကိုလည်း သူတို့အားလုံး သိထားကြသော်လည်း၊ သို့သော် ယခုအချိန်တွင် သူတို့သည် ကွေးယွမ်နှင့် အသက်ရန်ငြိုးဖွဲ့ပြီးဖြစ်သည်။

ထို့ကြောင့် မသတ်ချင်ရင်တောင် သတ်ရမည်။

ကြယ်ခုနစ်ပွင့် ငရဲနန်းတော်၏ အရှင်သခင်၊ ငရဲဘုရင် မူဘဘိုးဘေးက ဆိုလိုက်သည်။

“ ဝင်စွက်ဖက်တော့ ၊ ဖော့ရွှီသစ်ပင်သာ ဒီကောင်လေးရဲ့ ဖျက်ဆီးမှုကိုခံရရင်”

“ငါတို့ရဲ့ အစီအစဉ်‌တွေ လုံးဝပျက်ပြားသွားလိမ့်မယ် ၊ ဒီလိုမျိုး ဖြစ်လို့မရဘူး”

ထိုစကားလုံးများ ထွက်လာသည်နှင့်။

မူလဘိုးဘေးများစွာသည် မျက်မှောင်ကြုတ်သွားကြသည်။ အကယ်၍ သူတို့ကြားဝင်စွက်ဖက်ပါက ၊ အစီအစဉ်ကို ကြိုတင်စတင်သလို ဖြစ်ပေတော့မည်။

သို့သော် ဖော့ရွှီသစ်ပင်သည် အလွန်အရေးပါပြီး အမှားအယွင်းဖြစ်လို့ မရချေ။

အတော်တန်ကြာစဉ်းစားပြီးနောက် ၊ ထူးဆန်းသော မူလဘိုးဘေးဆယ်ဦးသည် ခေါင်းညိတ်လိုက်ကြသည်။

ထို့နောက် သူတို့၏ လက်များကို ဆန့်ထုတ်လိုက်သည်။ ထူးဆန်းသော စွမ်းအင်အငွေ့အသက်များသည် ၎င်းတို့၏လက်ဖဝါးပေါ်တွင် ရစ်ဝဲနေကာ ထို့နောက် ဖော့ရွှီသစ်ပင်ဆီသို့ ဖိချလိုက်သည်။

……

တခြားတစ်ဖက်တွင် ။

နယ်မြေပြင်ပစစ်မြေပြင် ။

“တားမြစ်ဓားအတတ်၊ ဓားကိုးစင်း မြှုပ်နှံခြင်း”

လူတစ်​​ယောက်​၏အသံသည်​ အရပ်​ရပ်​သို့ ပဲ့တင်​ထပ်​သွားသည်​။

တခဏအတွင်း။

အလွန်တောက်ပသော ဓားအလင်းတန်း ကိုးစင်းသည် ကောင်းကင်သို့ တည့်တည့် ပစ်ခွင်းဝင်ရောက်သွားသည်။

ထို့နောက် ချက်ချင်းဆိုသလိုပင် မရေမတွက်နိုင်သော ဓားအလင်းများ ပေါက်ကွဲထွက်ပေါ်လာသည်။

ဓားစွမ်းအင်မီးပွားများ၏ ပေါက်ကွဲသံနှင့်အတူ ၊

လျှပ်တစ်ပြက်။

ကွက်လပ်သည် ရုတ်တရက် ကွဲအက်သွားသည်။

အက်ကွဲကြောင်းမှတဆင့် အနန္တတန်ခိုးရှိသော အလင်းတန်းကြီး ကိုးသွယ် ထိုးဖောက်ထွက်လာပြီး မိုးကြိုးဒဏ်ချမှတ်သကဲ့သို့ ပြင်ပတပ်များအပေါ်သို့ ပစ်ခတ်လိုက်လေသည်။

All Chapters