အခန်း (၄၈၉-၄၉၃)
Vol. 36 Ch. 489-493
အပိုင်း(၄၈၈): ပျက်သုန်းတော့မယ်(၂)
ဓားစွမ်းအင်စက်ကွင်းအတွင်း ရှိနေခဲ့သော ဆဋ္ဌမအဆင့်ရှိ မဟာဧကရာဇ်မင်းသည်ပင် ဤကြောက်မက်ဖွယ်ကောင်းသော ဓားစွမ်းအင်ပေါက်ကွဲမှုကို ခုခံနိုင်စွမ်းမရှိခဲ့လေရာ သူ၏ စိတ်ဝိညာဉ်ပင်လျှင် ဖျက်ဆီးခံခဲ့ရသည်။
အဆိုပါ ဓားစွမ်းအင်ပေါက်ကွဲမှုတွင်၊ ကံကောင်းထောင်မစွာဖြင့် လွတ်မြောက်ခဲ့ကြသော ပြင်ပသန်မာသူများသည်လည်း ဒဏ်ရာအပြင်းအထန် ရရှိခဲ့သည်။ ၎င်းတို့သည် ဓားစွမ်းအင်လှိုင်းနှင့် တိုက်ရိုက်ထိမှန်ခဲ့ရာ အဝေးသို့ လွင့်ထွက်သွားခဲ့ပြီး ၊ ပြင်းထန်သော အခြေအနေမျိုးတွင် မူးမေ့လဲခြင်း သို့မဟုတ် အရိုးများကျိုးပဲ့ခဲ့ရသည်။
ထို့အပြင် ၊ မူလက သောင်းနှင့်ချီသော ဧကရာဇ်အစောင့်တပ်ဖွဲ့များ၏လမ်းကို ပိတ်ဆို့ထားခဲ့သည့် သိန်းနှင့်ချီသော ပြင်ပတပ်များသည်လည်း စူးချန်ကဲ၏တိုက်ခိုက်မှုအောက်တွင် တစ်ဖွဲ့လုံးဖြိုခွင်းခံလိုက်ရသည်။
" ချန်ကဲ မဟာဧကရာဇ်မင်းက ငါတို့အတွက် လမ်းဖွင့်ပေးပြီးပြီ ၊ ကွေးယွမ်သူတော်စင်နယ်မြေအတွက် ၊ တိုက်မြေသုံးထောင်အတွက် ၊ ချီတတ်!! "
သောင်းနှင့်ချီသော ဧကရာဇ်အစောင့်စစ်သည်တော်များသည် ကျယ်လောင်စွာ ဟစ်ကြွေးလိုက်ကြသည်။
ကျန်ရှိသော ဧကရာဇ်အစောင့်စစ်သည်တော်များ အားလုံးသည် ၎င်းတို့၏ နောက်ဆုံးခွန်အားကို အစွမ်းကုန်ပေါက်ကွဲရင်း ချီတတ်လာကြသည်။
ဧကရာဇ်အစောင့်စစ်သည်တော် တစ်ဦးချင်းစီတိုင်း၏ ခွန်အားသည် အလွန်အင်အားကြီးမားသော်လည်း သို့သော် အရေအတွက် ကွာခြားချက်မှာ အတော်လေး ကြီးမားသည်ဖြစ်သောကြောင့် ဆုံးရှုံးမှုများစွာ ကြုံတွေ့ခဲ့ရသည်။
သို့သော် ဤအခိုက်အတန့်အထိ ၊ စစ်သည်တော်တိုင်း၏ မျက်လုံးများသည် တိုက်ပွဲဝင်စိတ်ဓာတ်အပြည့်ဖြင့် တောက်လောင်နေကြသည်။
အကယ်၍ သူတို့မအောင်မြင်ပါက ၊ ပြင်ပတပ်များသည် ဖော့ရွှီသစ်ပင်မှ ဖွင့်လှစ်ထားသော အာကာသလမ်းကြောင်းမှ တဆင့် အဆက်မပြတ် ဝင်ရောက်လာပေတော့မည်။
ထိုအတိုင်းသာဆိုရင်ဖြင့် ၊ ယခင်က ကြိုးပမ်းမှုများသည် ကျရှုံးသွားရုံသာမက ရှေ့တန်းစစ်မြေပြင်သည် လုံးဝ အားနည်းသွားပေမည်။
သို့ဖြစ်ရာ ၊ နယ်မြေခံတပ်များသည် ခွန်အားအပြည့်ဖြင့် ပေါက်ကွဲထွက်လာကြသည်။
စူးချန်ကဲမှ သွေးလမ်းမကြီး ဖွင့်လှစ်ပေးခဲ့ပြီး အဆုံးထိ ရန်သူကို သတ်ဖြတ်ခဲ့သည်။ သူတို့ ဖြတ်သန်းသွားသည့် နေရာတိုင်း ရန်သူသည် သွေးမြေကျရပြီး ရှုံးနိမ့်ခြင်းနှင့် ကြုံတွေ့ခဲ့ရသည်။
"ဒါက ဖော့ရွှီသစ်ပင်လား...?"
စူးချန်ကဲသည် ဓားကို ထိန်းချုပ်လျက် ပြင်ပစစ်သည်တစ်ဦးကို သတ်ဖြတ်ပြီးနောက် ၊ နောက်ဆုံးမှာတော့ သူသည် ဖော့ရွှီသစ်ပင်ကို မြင်တွေ့လိုက်ရသည်။
၎င်း၏ ဘေးတစ်ဝိုက်တွင် ထူးဆန်းသော အငွေ့အသက်များဖြင့် ပြည့်နှက်နေသည်။
နက်မှောင်သော စည်းချက်များ တရွေ့ရွေ့ တည်ရှိနေပြီး ၊ အမည်မသိ တစ်နေရာကို ဆက်သွယ်ထားပုံရသော အာကာသမှော်အခင်းအကျင်းမှ ထူးဆန်းသော ပြင်ပစစ်သည်တော်များ တစ်သုတ်ပြီး တစ်သုတ် ထွက်လာနေသည်။
ထိုမြင်ကွင်းကို မြင်သည်နှင့် ၊ စူးချန်ကဲ၏ မျက်လုံးများသည် အေးစက်စွာ တောက်ပသွားသည်။
သို့သော် သူသည် ဓားကိုးလက်စလုံးကို မထိန်းချုပ်ရသေးမီ ၊
ရုတ်တရက် ၊ မထင်မှတ်ထားသော အရာတစ်ခု ဖြစ်ပွားခဲ့သည်။
ဝီ!!!
ဟင်းလင်းပြင် ကွက်လပ်ထဲတွင် မှော်ပုံစံကွက် ဆယ်ခု ရုတ်တရက် ဖြစ်ပေါ်လာသည်။
နတ်ဆိုးမျက်လုံး၊ နတ်ဆိုးနဂါး ၊ သွေးနီရောင် ဆူးတောင်ပံများ အစရှိသဖြင့် ။
" ဒါဟာ တိုက်မြေပြင်ပက မူလဘိုးဘေးတွေ ဝင်ရောက်စွက်ဖက်ခဲ့တဲ့ လက္ခဏာပဲ!"
ပြင်ပသန်မာသူ လူတစ်ဦးက ဝမ်းသာအားရ အော်ဟစ်လိုက်သည်။
တစ်ချိန်တည်းမှာပင် ၊ ရှုံးနိမ့်မှုကို ကြုံတွေ့နေရသော တိုက်မြေပြင်ပ စစ်သည်တော်များ၏ မျက်နှာများသည် ရွှင်လန်းလာကြသည်။
" မူလဘိုးဘေးတွေ ဝင်ရောက်စွက်ဖက်ခဲ့ပြီ ၊ တိုက်မြေ သုံးထောင်က ဒီအယုတ်တမာကောင်တွေ ဇာတ်သိမ်းပြီ!"
"ဟားဟား!! "
ဤမြင်ကွင်းသည် ပြင်ပစစ်သည်တော်များ၏ စိတ်ဓာတ်ကို မြှင့်တင်ပေးနိုင်ခဲ့ပြီး ၊ ၎င်းတို့သည် ဧကရာဇ်အစောင့်တပ်ဖွဲ့များနှင့် ထပ်မံယှဉ်ပြိုင်ရန် သတ္တိရှိလာခဲ့သည်။
......
ဝီ!
ပြိုးပြိုးပျက်ပျက် တောက်ပနေသော ထူးဆန်းသောအလင်းတန်းများသည် ဖော့ရွှီသစ်ပင်ပေါ်သို့ တိုက်ရိုက်ဆင်းသက်လာသည်။
ဘုန်း ! !
မူလက ဖော့ရွှီသစ်ပင်၏ ဘေးတစ်ဝိုက်တွင် ဝန်းရံထားသော မှော်စွမ်းအားများသည် နားမလည်နိုင်သော အင်အားတစ်ခု၏ ကောင်းချီးပေးမှုကို လက်ခံရရှိခဲ့ပုံပေါ်သည်။
ချက်ခြင်းပင်၊ ဖော့ရွှီသစ်ပင်ကြီးတစ်ခုလုံး အသက်ဝင်လာပုံရသည်။
မူလက ကွက်လပ်ထဲတွင် အမြစ်တွယ်ထားသော ထူထပ်ပြည့်ကျပ်စွာ ရှိနေသည့် သစ်ပင်အမြစ်များသည် တစ်ခုနှင့်တစ်ခု တွန့်လိမ်ကာ သက်ဝင်လှုပ်ရှားလာသည်။
ခရက်ခ်! ခရက်ခ်!
ကွက်လပ်တွင် ကခုန်လှုပ်ရှားနေသော အနက်ရောက် နွယ်များ၏ ရိုက်ခတ်မှုကြောင့် ကွက်လပ်သည်ပင် ရွဲ့စောင်းပုံပျက်သွားသည် ။
တစ်ကိုယ်လုံး မည်းနက်နေသောသစ်ပင်၏ အမြစ်များသည် နတ်ဆိုးတစ်သိုက် ကခုန်နေသကဲ့သို့ အသိစိတ်ရှိပုံရပြီး ၊ ပြင်ပစစ်သည်များကို လျစ်လျူရှုကာ ဧကရာဇ်အစောင့်တပ်ကိုသာလျှင် တိုက်ခိုက်လာခဲ့သည် ။
ဝုန်း !!!
သွေးအန်သံ!!!
သစ်ပင်အမြစ်များ ကျရောက်သွားသည့် ဧရိယာတိုင်း မှန်ကဲ့သို့ ကွဲအက်မှုဖြစ်ပေါ်ကာ ဧကရာဇ်အစောင့်စစ်သည်တော်တို့၏ အသွေးအသားတို့မှာ တစ်စစီဖြစ်ခဲ့ရသည်။
ဧကရာဇ်အစောင့်တပ်တစ်ခုလုံး မတုံ့ပြန်နိုင်ခင်မှာဘဲ ၊
လူးလိမ့်နေသော နွယ်ပင်များသည် စူးချန်ကဲထံသို့ ပြေးဝင်သွားသည်။
ထိပ်တန်း မဟာဧကရာဇ်မင်း ဆယ်ဦး၏ မျက်နှာများသည် သိသိသာသာ ပြောင်းလဲသွားကြပြီး ကြီးကျယ်ခမ်းနားသော ဧကရာဇ် တန်ခိုးစွမ်းအားများဖြင့် ပေါက်ကွဲထွက်လာကြသည်။
"မကောင်းတော့ဘူး၊ ချန်ကဲ မဟာဧကရာဇ်မင်းကို ကာကွယ်ကြ!"
အပိုင်း(၄၈၉): ချန်ကဲ မဟာဧကရာဇ်မင်းကို ဒေဝလောကတစ်ခွင်လုံး ကျော်ကြားအောင်လုပ်မည်
ဘုန်း ! !
မဟာဧကရာဇ်မင်း ဆယ်ဦးစလုံးသည် ၎င်းတို့၏ ကြောက်ခမန်းလိလိ ဧကရာဇ်တန်ခိုးစွမ်းအားများကို တပြိုင်နက်တည်း ပေါက်ကွဲခဲ့သည်။
တခဏအတွင်း။
ဟင်းလင်းပြင် တစ်ခုလုံး လုံးလုံးလျားလျား ရွဲ့စောင်းသွားခဲ့ပြီး ၊ နိယာမစည်းချက်များသည် အကန့်အသတ်မရှိသော မုန်တိုင်းများကို နှိုးဆော်ခဲ့သည်။
မဟာဧကရာဇ်မင်း ဆယ်ဦးစလုံးသည် ၎င်းတို့၏ ဧကရာဇ်အတတ်ပညာများကို တပြိုင်နက်တည်း အသက်သွင်းလိုက်ချိန်တွင် ဧကရာဇ်လမ်းစဉ်၏ အရောင်စုံသော ရောင်ခြည်မျှင်များသည် အောက်သို့ကျဆင်းလာပြီး စူးချန်ကဲ၏ရှေ့တွင် တောက်ပသောတောင်တန်းကြီးတစ်ခုအဖြစ် ထွက်ပေါ်လာသည်။
နောက်အခိုက်အတန့်တွင် ၊ ထူထပ်ပြီး နက်မှောင်သော သစ်ပင်အမြစ်များသည် လှုပ်ရှားသက်ဝင်ကာ ပြေးဝင်လာသည်။
ဝုန်း ! !
အမြစ်ကျရောက်ရာ နေရာတွင် ၊ အကန့်အသတ်မရှိသော အနက်ရောက်မီးတောက်လုံးကြီးသည် ဝုန်းခနဲ့ ထတောက်လာသည်။
မီးအပူချိန်သည် ကောင်းကင်ကို လောင်မြိုက်ကာ ပင်လယ်ရေကို ပွက်ပွက်ဆူစေသည့်အထိပင် ။ မိုင်ပေါင်း ဘီလီယံနှင့်ချီသော ဟင်းလင်ပြင်အတွင်းရှိ အရာအားလုံးသည် အနန္တဗလာအဖြစ် သန့်စင်ခံလိုက်ရသည်။
ပေါက်ကွဲသည့်နေရာကို ဗဟိုပြုလျက် ၊ ဘေးတစ်ဝိုက် ကွက်လပ်တစ်ခုလုံးသည် ပွက်ပွက်ဆူကာ ကျယ်လောင်သော ဆူညံများ အဆက်မပြတ် ထွက်ပေါ်လာသည်။
ပြင်ပတပ်များသည် အသင့်ပြင်ဆင်ထားကြသော်လည်း ၊ ဤကြောက်မက်ဖွယ်ရာ ဧကရာဇ်လမ်းစဉ်၏ နောက်ဆက်တွဲရိုက်ခတ်မှုကို နည်းနည်းမှ မခုခံနိုင်ခဲ့ပေ။
သူတို့အကုန်လုံး တယောက်ပြီး တယောက် လွင့်စင်ကာ ၊ မည်သည့်နေရာထိ လွင့်စင်သွားသည်ကိုပင် မည်သူမှ မသိနိုင်ချေ။
ဤသို့ဖြင့် ၊ ရန်သူ၏ ပထမအချီ တိုက်ခိုက်မှုကို တားဆီးနိုင်ခဲ့သည်။
သို့သော် ဖော့ရွှီသစ်ပင်၏ အမြစ်များက တစ်ဖန် လှုပ်ရှားလာပြန်သည် ။
ဘုန်း ဘုန်း ဘုန်း ! !
ပေါက်ကွဲသံများ ဆက်တိုက်ဆိုသလို ထွက်ပေါ်လာသည်။
အကန့်အသတ်မရှိသော အာကာသသည်လည်း အလွှာပေါင်းများစွာ ပြိုကွဲပျက်စီးခဲ့ရသည်။
ဤတိုက်ခိုက်မှုအောက်တွင် ကျန်ရှိသော ဧကရာဇ်အစောင့်စစ်သည်များသည်လည်း ပြင်းထန်သော ထိုးနှက်ချက်ကို ခံခဲ့ရကာ ၊ ၎င်းတို့ထဲမှ ၃၀% ကျော်သည် ချက်ခြင်းလက်ငင်း သေဆုံးသွားခဲ့ရသည်။
" သေသင့်တဲ့ကောင်တွေ!"
စူးချန်ကဲ၏ မျက်လုံးများသည် မကြုံစဖူး ဒေါသများဖြင့် တောက်ပလာသည်။ ဤသောင်းနှင့်ချီသော ဧကရာဇ်အစောင့် စစ်သည်တော်များသည် သူနှင့်အတူ အချိန်အတော်ကြာ မနေခဲ့ရသော်လည်း၊ သို့သော် သေခြင်းတရားကို အတူတူဖြတ်သန်းခဲ့ဖူးသော ညီအစ်ကိုများဟု ဆိုနိုင်သည်။
ယခင်က မိမိတို့၏ တပ်ဖွဲ့အင်အားသည် ဆုံးရှုံးမှု သိပ်မရှိခဲ့သော်လည်း ၊ သို့သော် ယခုတွင် ဖော့ရွှီသစ်ပင်၏ လက်ချက်ဖြင့် လူအများအပြား သေဆုံးခဲ့ရသည်။
ဒါကို သူဘယ်လိုလုပ် သည်းခံနိုင်မှာလဲ! ?
သူ့လက်ထဲက ဓားသည် သက်ဝင်လှုပ်ရှားလာခဲ့သည် ။
ဝှစ် ဝှစ် ဝှစ်!!!
အဆုံးမရှိသော ဓားအလင်းများသည် အာကာသထဲသို့ ထိုးဖောက်ဝင်ရောက်လာခဲ့သည်။ကြီးကျယ်ခမ်းနားသော ဓားစွမ်းအင်များ၏ ရောင်ပြန်ဟပ်မှုအောက်တွင် ၊
ဓားမှော်သင်္ကေတများသည် အဆုံးမရှိ တလိပ်လိပ် ရိုက်ခတ်နေပြီး ၊ နတ်ဓား၏ ကြီးမားသော အရိပ်နှင့်အတူ ဓားစွမ်းအင်များသည် တဟုန်းဟုန်း တောက်လောင်နေသည်။
ဤအခိုက်အတန့်တွင် ၊ ၎င်းတို့အားလုံး၏ ပေါက်ကွဲမှုနှင့်အတူ မူလက မှောင်မိုက်နေသော ဟင်းလင်းပြင်ကွက်လပ်သည် ဝင်းထိန်တောက်ပသွားသည်။
မူလက ဟောက်သံပြုနေသော ဓားစွမ်းအင်များသည် အမှောင်စကြာဝဠာတစ်ခုလုံးကို လင်းထိန်သွားစေခဲ့ပြီး ၊
ဓားစွမ်းအင်များ ဖြတ်သန်းသွားလေရာ နေရာတိုင်း ၊ ကောင်းကင်နှင့် မြေကြီးတို့သည် တုန်လှုပ်သွားခဲ့ရသည်။
အဘယ်ကြောင့်ဆိုသော် ၊ ဓားကိုးလက်တွင် တစ္စေဓားအမရှင် မသေဆုံးခင်က ပေးသွင်းခဲ့သော ဓားစွမ်းအင်များ ပါ၀င်နေသည့်အပြင် ၊ စူးချန်ကဲ၏ ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာသော သူတော်စင်ကိုယ်ထည်၏ ရောင်ဝါနှင့် ပေါင်းစပ်သွားလေရာ ထူးဆန်းသောရောင်ဝါများဖြင့် ပြည့်နှက်နေသော ဖော့ရွှီသစ်ပင်အတွက်တော့ ဂြိုလ်ဆိုးတစ်ခုလိုပင်။
ဝုန်း !!
ကြီးကျယ်ခမ်းနားသော ဓားစွမ်းအင်သည် တစ်ခုနှင့်တစ်ခု ရောယှက်နေသည့် နက်မှောင်သော နွယ်ပင်များစွာကို ဖြတ်တောက်ပစ်လိုက်သည်။
သို့သော် ၊ ပြည့်ကျပ်စွာဖြင့်ရှိနေသော သစ်ပင်၏အမြစ်များအပေါ် ကြီးကြီးမားမား ထိခိုက်မှုမရှိခဲ့ပေ။
ယင်းက အခြားသော မဟာဧကရာဇ်မင်း ဆယ်ဦးစလုံးကို အံ့သြသွားစေသည်။
သူတို့ဆယ်ဦးစလုံး ပူးပေါင်းလက်တွဲကာ ဖော့ရွှီသစ်ပင်၏ တိုက်ခိုက်မှုကို တားဆီးခဲ့စဉ်က ၊ သူတို့သည် ၎င်းထံမှ ပြင်းထန်သော စွမ်းအားတစ်ခုကို ခံစားလိုက်ရသည်။
ထိုအရာသည် ပေါင်တစ်ထောင်လောက် လေးလံရုံသာမကဘဲ ခိုင်မာပြီး ခံနိုင်ရည်ရှိသော ရွှေမည်းသံမဏိနှင့် တူသည်။
သို့သော် ၊ စူးချန်ကဲမှ အသုံးပြုခဲ့သော ဓားသည်လည်း ဤမျှလောက် ကြောက်စရာကောင်းသော စွမ်းအားရှိနေလိမ့်မည်ဟု ထင်မထားခဲ့ပေ။
" ကျွန်တော့်အတွက် စိတ်မပူနဲ့!"
စူးချန်ကဲသည် မဟာဧကရာဇ်မင်းဆယ်ဦးကို လှမ်းဆိုလိုက်သည်။
" အစွမ်းကုန် အင်အားသုံးပြီး ၊ ဒီဖော့ရွှီသစ်ပင်ကို အရင်ဖျက်စီးပစ်!"
ထိုအချိန်တွင် ၊ မဟာဧကရာဇ်မင်း ဆယ်ဦးစလုံးသည် တစ်ယောက်ပြီးတစ်ယောက် တုံ့ပြန်ခဲ့ကြသည်။
မဟာဧကရာဇ်မင်း ဆယ်ဦးစလုံးသည် ဧကရာဇ်ရင်းမြစ်ကျောက်ကို အသုံးပြုပြီးနောက် ၊ ၎င်းတို့၏ခွန်အားကို အသစ်ပြန်လည်ရရှိခဲ့စေသည်။ ယခုတစ်ကြိမ်တွင် ၎င်းတို့သည် နောက်ဆုတ်ခြင်းမရှိ မိမိ၏အသက်ကိုပင် စတေးရန် ဆုံးဖြတ်ထားသည်။
အကယ်၍ သူတို့သည် ဤသစ်ပင်ကို မချိုးဖျက်နိုင်ပါက ၊ သူတို့အားလုံးသည် ဒီမှာတင် သေဆုံးရပေမည်။ ထိုသို့ဖြစ်လာပါက၊ တိုက်ပွဲတွင် ထိခိုက်မှုရှိလာမည်။
သို့ဖြစ်၍ ၊ သူတို့သည် အပြစ်သားများ ဖြစ်လာပေတော့မည်။
ဝုန်း ! !
မဟာဧကရာဇ်မင်း ဆယ်ဦးစလုံး၏ နောက်ဘက်တွင် နတ်ဘုရားများကဲ့သို့ ဂုဏ်ယူဝံ့ကြွားစွာ ရပ်တည်နေသော ဧကရာဇ် ဓမ္မကာယကိုယ်ထည်ကြီးများ ထွက်ပေါ်လာသည်။
ထိပ်တန်း မဟာဧကရာဇ်မင်း ဆယ်ဦးတို့သည် အစွမ်းကုန် ပေါက်ကွဲထွက်လာခဲ့ရာ မူလက တန်ပြန်တိုက်ခိုက်လိုသော ပြင်ပတပ်ဖွဲ့ကြီးကို တုန်လှုပ်သွားစေခဲ့သည်။
ပြင်းထန်လွန်းသော ဖိနှိပ်စွမ်းအားများကြောင့် ဒူးများ ကွေးညွတ်မတတ် တဆက်ဆက် တုန်ရီလာသည်။
သို့သော် ၊ ဖော့ရွှီသစ်ပင်၏ ကောင်းချီးပေးမှုအောက်တွင် သူတို့သည် တောင့်ခံနိုင်ခဲ့သည်။
"ဒီကောင်တွေ ခေါင်းမာနေတုန်းပဲ!"
" ဟွန်း ! အကြွင်းမဲ့အင်အားရဲ့ ရှေ့မှောက်မှာ ခုခံနေလည်း အပိုပဲ"
ပြင်ပတပ်ဖွဲ့ကြီးသည် ဖော့ရွှီသစ်ပင်နှင့်ပူးပေါင်းကာ စူးချန်ကဲနှင့် လက်ကျန် ဧကရာဇ်အစောင့် စစ်သည်တော်များကို ထပ်မံ တိုက်ခိုက်ခဲ့ပြန်သည်။
"ဒီတိုက်ပွဲမှာ ငါတို့မှာ ရွေးချယ်စရာမရှိဘူး"
"အနိုင်ရပြီး အသက်ရှင်မလား "
"အရှုံးနဲ့သေမလား "
စူးချန်ကဲသည် တည်ငြိမ်သော အမူအရာဖြင့် ပေါ့ပေါ့ပါးပါး ဆိုလိုက်သည်။
ထိုနောက် ၊ သူ့ ညာလက်ကို ဆန့်ထုတ်လိုက်သည်။
ဖြည်းညှင်းစွာ လက်သီးဆုပ်ဖွဲ့လိုက်လေရာ ၊ အကန့်အသတ်မရှိသော ဓားစွမ်းအင်များသည် သူ့လက်ထဲသို့ စုဝေးရောက်ရှိလာခဲ့သည်။
သူသည် ဓားစွမ်းအင်များကို ရန်သူဘက်သို့ ဖိနှိပ်လိုက်သည်။
ထို့နောက် ၊ အေးစက်သောလေသံဖြင့် စကားတစ်ခွန်းကို ရွတ်ဆိုလိုက်သည်။
"သတ်!"
ထိုစကားသံ ထွက်လာသည်နှင့် ။
ထိပ်တန်း မဟာဧကရာဇ်မင်း ဆယ်ဦးနှင့် လက်ကျန် ဧကရာဇ်အစောင့် စစ်သည်များအားလုံး၏ မျက်လုံးများသည် ဝင်းလက်တောက်ပလာခဲ့သည်။
ဘုန်း --!!
တစ်ချိန်တည်းမှာပင် ၊ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများ ပေါက်ကွဲထွက်ပေါ်လာသည်။
ပြင်းထန်သော ကြွေးကြော်သံများက ကမ္ဘာကြီးကို တုန်လှုပ်စေခဲ့သည်။
"ဒီတိုက်ပွဲမှာ ငါတို့ မနိုင်ရင် သေမယ်!"
" တိုက်မြေ သုံးထောင်အတွက်၊ ကွေးယွမ် အတွက်၊ ချန်ကဲ မဟာဧကရာဇ်မင်း အတွက်!!"
ဂျုန်း! ! !
ထို့နောက်တွင်၊ အမှောင်စကြဝဠာကြီးထဲသို့ ပြိုးပြိုးပျက်ပျက် တောက်ပသော နတ်အလင်းတန်းများစွာ ထိုးဖောက်ဝင်ရောက်လာသည် ။
ဖော့ရွှီ သစ်ပင်အတွက် ခြိမ်းခြောက်မှုတစ်ရပ် ဖြစ်လာခဲ့သည်။
သစ်ပင်အမြစ်တစ်ခု ကျိုးပျက်သွားသော်လည်း ၊ သို့သော် ဧကရာဇ်အစောင့် စစ်သည်တော် အများအပြားသည် သွေးဗွက်အိုင် ဖြစ်ခဲ့ရသည်။
ထိပ်တန်း မဟာဧကရာဇ်မင်းဆယ်ဦးစလုံးသည်လည်း အခြေအနေမကောင်းပေ။ သူတို့သည် စဉ်ဆက်မပြတ် တဖွဲဖွဲဝင်ရောက်လာသော ပြင်ပသန်မာသူများကို ရင်ဆိုင်ရရုံသာမကဘဲ ဖော့ရွှီသစ်ပင် အမြစ်များ၏ ရံဖန်ရံခါ တိုက်ခိုက်ခြင်းကိုလည်း ခံရပြန်သေးသည်။
အပြတ်အသတ် အားနည်းနေသည့် အခြေအနေအောက်တွင် ၊ သူတို့တွင် ရွေးချယ်စရာမရှိတော့ချေ။ မရေမတွက်နိုင်သော ဧကရာဇ်အစောင့် စစ်သည်တော်တို့သည် မိမိကိုယ်မိမိ ဖျက်ဆီးကာ ပြင်ပသန်မာသူများကို အဆုံးထိရောက်အောင် ဆွဲခေါ်ချသွားခဲ့သည်။
ပေါက်ကွဲသံများက ဆက်တိုက်ဆိုသလို ထွက်ပေါ်လာသည်။
အသွေးအသား အပိုင်းအစများက မရေမတွက်နိုင်အောင်ပင် ပြန့်ကျဲနေသည်။
အနက်ရောင် ဒီရေလှိုင်းများကြား ဧကရာဇ်အစောင့် စစ်သည်တို့သည် မိမိကိုယ်ကို စတေးကာ တောက်ပသော နတ်အလင်းများအဖြစ် ဆက်တိုက် ပေါက်ကွဲလို့နေလေသည်။
" ကွေးယွမ် သူတော်စင် နယ်မြေ အနိုင်ရရမယ်!"
" ကွေးယွမ် သူတော်စင် နယ်မြေ အနိုင်ရရမယ်!"
တစ်ယောက်ပြီးတစ်ယောက် ကြွေးကြော်လျက် ၊ မိမိကိုယ်ကို ဖျက်ဆီးခြင်းဖြင့် ပြင်ပစစ်သည် အများအပြား ကျဆုံးခဲ့ရသည်။
" ချန်ကဲ မဟာဧကရာဇ်မင်းကိုကာကွယ်မယ်!"
" ကွေးယွမ် သူတော်စင် နယ်မြေ အနိုင်ရရမယ်!"
ထိုအချိန်တွင်၊ သစ်ပင်အမြစ်၏ ရင်ဘက်ထုတ်ချင်း ဖောက်ခံလိုက်ရသော မဟာဧကရာဇ်မင်းတစ်ပါးက အော်ဟစ်လိုက်သည်။
သူသည် တဖက်တည်းသာ ကျန်ရှိတော့သော သူ၏ညာလက်ဖြင့် လှံကို ဆုပ်ကိုင်ကာ သစ်ပင်၏ ဦးတည်ရာဆီသို့ ထပ်မံပစ်ခွင်းလိုက်သည်။
ဤလှံသည် ထပ်တူထပ်မျှပင် ကြောက်မက်ဖွယ်ကောင်းပြီး စကြဝဠာကြီးတစ်ခုလုံးကို တုန်လှုပ်စေကာ လောကကြီးကို ဖျက်ဆီးပစ်နိုင်စွမ်း ရှိပေသည်။
သို့သော်၊ တဖက်ကို လုံးဝမှ အကျိုးမသက်ရောက်ခဲ့ပေ ။
အခြားမဟာဧကရာဇ်မင်းများသည် ကယ်ဆယ်ရန် ကြိုးစားအားထုတ်ခဲ့သော်လည်း ၊ ထူထပ်စွာ ပြည့်ကျပ်နေသော သစ်ပင်အမြစ်များကြောင့် ဆုတ်ခွာခဲ့ရသည်။
"ချန် ရွှီ!!!"
အဆုံးတွင် ၊သူတို့အားလုံး ဒေါသနှင့်အတူ ကူကယ်ရာမဲ့စွာ အော်ဟစ်ရုံသာတတ်နိုင်ခဲ့သည်။
ချန်ရွှီ မဟာဧကရာဇ်မင်းသည် နောက်ဆုံးအကြိမ်အဖြစ် လှည့်ကြည့်လာခဲ့သည်။ သူ့ကိုယ်သူ လှောင်ပြောင်နေသကဲ့သို့ ရှိုက်ကြီးတငင် ပြုံးကာ ညည်းညူလိုက်သည်။
"ငါက ပထမဆုံး ထွက်သွားရလိမ့်မယ်လို့ မမျှော်လင့်ထားဘူး"
" ဒါပေမဲ့ ငါဟာ မဟာဧကရာဇ်မင်းတစ်ပါး ဖြစ်တဲ့အတွက် ငါဘဝတစ်ခုလုံးကို ခေတ်ကာလတစ်လျှောက်လုံး မြှုပ်နှံထားခဲ့တယ်"
"ကိုးခါသေရင်တောင် ငါ နောင်တမရဘူး!"
ထိုသို့ ပြောပြီးနောက်၊ ချင်ရွှီ မဟာဧကရာဇ်မင်း၏ ဧကရာဇ်တန်ခိုးစွမ်းအားများသည် တဟုန်ထိုး မြင့်တတ်လာသည်။
ဝီ--!!
ထို့နောက် ၊ အဆုံးမရှိသော မှော်စွမ်းအားများနှင့် မဟာလမ်းစဉ်၏ နိယာမများ ရောယှက်လျက်ရှိသော အံ့အားသင့်ဖွယ်ရာ စွမ်းအားများ ပေါက်ကွဲထွက်လာသည်။
ကြယ်အစုအဝေးကြီး ပေါက်ကွဲသွားသကဲ့သို့ပင် ။
မဟာဧကရာဇ်မင်းတစ်ပါးသည် ချောင်ပိတ်ခံလိုက်ရပြီး ၊ မိမိကိုယ်ကို ပေါက်ကွဲကာ သူ့အသက်သူ အဆုံးသတ်ရုံသာတတ်နိုင်ခဲ့သည်။
"ချန်ရွှီ မဟာဧကရာဇ်မင်း!!!"
စူးချန်ကဲ၏ မျက်လုံးများမှာလည်း နီရဲနေသည်။ ဤသည်မှာ ကွေးယွမ်သူတော်စင်နယ်မြေ မှ မဟာဧကရာဇ်မင်းတစ်ပါး သူ၏ရှေ့မှောက်တွင် ကျဆုံးသွားသည်ကို ပထမဆုံးအကြိမ်အဖြစ် မြင်တွေ့ခဲ့ရခြင်း ဖြစ်သည်။
သို့သော် သူ ဝမ်းနည်းလို့မဆုံးသေးခင် ၊
ဝုန်း!!
မူလက ဟောင်းလောင်းပေါက်ကြီး ဖြစ်သွားခဲ့သော ဖော့ရွှီသစ်ပင်သည် တစ်ဖန် ဟောက်သံပြုလာခဲ့သည်။
သာမန်မျက်စိဖြင့် မြင်နိုင်သော အရှိန်ဖြင့် မည်းနက်နေသော နွယ်လက်များသည် မရေမတွက်နိုင်အောင် ပွားများလာခဲ့သည်။
ဤမြင်ကွင်းသည် လူတိုင်းကို ထိတ်လန့်သွားစေခဲ့သည်။
မဟာဧကရာဇ်မင်းမြတ်သည် မိမိကိုယ်ကို ဖျက်ဆီးခဲ့သည့်တိုင် ဖော့ရွှီသစ်ပင်သည် အကောင်းတိုင်း ရှိနေဆဲသာ ဖြစ်သည်။
" - ီးပဲ ! ဒီထူးဆန်းတဲ့သစ်ပင်က ဒီကြယ်နယ်မြေကို စွမ်းအင်အဖြစ် သုံးပုံရတယ်!"
မဟာဧကရာဇ်မင်းတစ်ဦးသည် နောက်ဆုံးတွင် သဲလွန်စကို သတိပြုမိခဲ့သည်။
"ဒီကြယ်နယ်မြေတစ်ခုလုံး မခြောက်ခမ်းသရွေ့ ဒီသစ်ပင်က ဘယ်တော့မှ သေမှာမဟုတ်ဘူး!"
"ဒါမှမဟုတ်ရင် ဒီသစ်ပင်ကို တစ်ရှိန်ထိုး သတ်ဖြတ်ပစ်တာကလွဲပြီး ဒါကို ဖြေရှင်းဖို့ နည်းလမ်းမရှိဘူး!"
ထိုစကားများထွက်လာသည်နှင့်တပြိုင်နက် ပတ်ဝန်းကျင်၏ လေထုသည် အနည်းငယ် လေးလံလာခဲ့သည်။
စူးချန်ကဲမှ မပြောရသေးခင် ၊
ထိပ်တန်း မဟာဧကရာဇ်မင်း တစ်ဦးက အသက်ပြင်းပြင်းရှူကာ စူးချန်ကဲကို ဦးညွှတ်လိုက်ပြီး ဆိုလိုက်သည်။
" ချန်ကဲ မဟာဧကရာဇ်မင်း၊ ဒါကို ငါတို့နဲ့ ထားခဲ့လိုက်ပါ!"
"လူတိုင်းသေနိုင်ပေမယ့် မင်း သေလို့မဖြစ်ဘူး!"
" ချန်ကဲ မဟာဧကရာဇ်မင်း ၊ မင်းက ငါတို့ရဲ့ သူတော်စင် နယ်မြေအတွက် ကောင်းကင်မှာ တောက်ပစေမယ့် အလင်းရောင်ပဲ"
"မဟုတ်ဘူး!"
စူးချန်ကဲသည် တိုက်ရိုက်ငြင်းဆိုခဲ့သည်။ ဤလူများသည် ကိုယ့်ကိုယ်ကို စတေးကာ သူ့အတွက် အချိန်ဆွဲပေးရန် ကြံစည်နေသည်ကို သူ အဘယ့်ကြောင့် မသိရှိမည်နည်း။
သို့သော်။
အခြားသော မဟာဧကရာဇ်မင်း အားလုံးက စူးချန်ကဲကို လေးနက်စွာ ဦးညွှတ်လာကြပြီး တတ်ညီလက်ညီ ဆိုခဲ့သည်။
" ကျွန်တော်တို့ရဲ့ ကြီးမားတဲ့ရည်မှန်းချက်က ချန်ကဲ မဟာဧကရာဇ်မင်းကို ဒေဝလောကတစ်ခုလုံး ကျော်ကြားစေဖို့ပဲ ၊ ချန်ကဲ မဟာဧကရာဇ်မင်း ရှိနေသ၍ ကျွန်တော်တို့လည်း ရှိနေမယ်!"
ထိုစကားများ ထွက်လာသည်နှင့်။
ကျန်ရှိသော ဧကရာဇ်အစောင့် စစ်သည်တော်များကလည်း စုရုံးလာကြပြီး သူ့တို့ခန္ဓာကိုယ်များကို အသုံးပြုကာ စူးချန်ကဲအတွက် တံတိုင်းတစ်ခု တည်ဆောက်ခဲ့ကြသည်။
" ကျွန်တော်တို့ရဲ့ ကြီးမားတဲ့ရည်မှန်းချက်က ချန်ကဲ မဟာဧကရာဇ်မင်းကို ဒေဝလောကတစ်ခုလုံး ကျော်ကြားစေဖို့ပဲ ၊ ချန်ကဲ မဟာဧကရာဇ်မင်း ရှိနေသ၍ ကျွန်တော်တို့လည်း ရှိနေမယ်!"
အပိုင်း(၄၉၀): သေခြင်းတရားကို ရင်ဆိုင်၍ ကံကြမ္မာကို စိန်ခေါ်မည်
ကြွေးကြော်သံသည် ကောင်းကင်ကြီးကို တုန်လှုပ်စေခဲ့သည်။
ယခင်က သောင်းနှင့်ချီသော ဧကရာဇ်အစောင့်စစ်သည်တော်များသည် လေးထောင်သာ ကျန်ရှိတော့သည်။
တစ်ဖက်တွင်မူ ၊ ပြင်ပတပ်ဖွဲ့သည် စူးချန်ကဲနှင့် သူ၏အဖွဲ့ဆီသို့ ဒီရေအလား အဆက်မပြတ်ချီတက်နေသည်။
" အိုင်ယိုး ! တိုက်မြေ သုံးထောင်က လူယုတ်မာကောင်တွေက ဒရမ်မာခင်းပြနေတာပဲ !"
"ဟားဟား၊ ငါ့ကို အူတက် သေအောင်လုပ်နေတာပဲ ၊ ပိုပြီးဝမ်းနည်းစရာကောင်းတာက ရလဒ်ကို ပြောင်းလဲနိုင်မယ်လို့ ထင်နေလား?"
"သေတဲ့အထိ ခေါင်းမာနေတယ် ၊ ညီအစ်ကိုတို့၊ သတ်ပစ်ကြ!"
"ဒီလူယုတ်မာတွေကို လက်ဝါးကပ်တိုင်မှာ ရိုက်ပြီး ငါ့ရဲ့ တိုက်မြေပြင်ပနယ်မြေကို ရန်သူဖြစ်ခြင်းရဲ့ နောက်ဆက်တွဲအကျိုးဆက်တွေကို ဒင်းတို့သိစေရမယ်!"
“.......”
ဝုန်း !!
မရေမတွက်နိုင်သော ပြင်ပတပ်ဖွဲ့၏ ချီတတ်မှုနှင့်အတူ ၊ ဖော့ရွှီသစ်ပင်၏ မရေမတွက်နိုင်သော နွယ်လက်များသည် ဒီရေလှိုင်းကဲ့သို့ တဟုန်ထိုး ထွက်လာသည်။
" ချန်ကဲ မဟာဧကရာဇ်မင်း ၊ စိမ်းလန်းသောတောင် ရှိနေသရွေ့ ဘယ်တော့မှ ထင်းမကုန်ခမ်းဘူး "
စူးချန်ကဲသည် ထွက်ခွာရန်ရည်ရွယ်ချက်မရှိသည်ကို မြင်လိုက်ရသဖြင့် မဟာဧကရာဇ်မင်း တော်တော်များများက စိုးရိမ်ပူပန်လာကြသည်။
ဘယ်သူမဆို သေလို့ရတယ် စူးချန်ကဲကိုတော့ သေခွင့်မပေးနိုင်ဘူး !
စူးချန်ကဲ၏ အလားအလာကို သူတို့အားလုံး တွေ့မြင်ကြပြီး ဖြစ်သည်။
သူ၏ ဘဝသည် ယခုလေးတင်မှ စတင်သည်။
သူ၏ အောင်မြင်မှုသည် ယခုမှ အစသာရှိသေးသည်။
ဒီနေရာမှာ သူ့ကို ဘယ်လိုလုပ်သေခွင့်ပေးနိုင်မှာလဲ !
"တောင်တန်းများ စိမ်းလန်းနေသရွေ့ ဘယ်တော့မှ ထင်းမကုန်ခမ်းဘူး ? "
စူးချန်ကဲက ပြုံးသည်။
သူ ဘယ်လမ်းကို လျှောက်ခဲ့သလဲ?
အရာအားလုံးကို ကျော်လွန်၍၊ ဒေဝလောကတစ်ခုလုံးကို ကျော်လွန်၍ စိုးမိုးမည်။
အကယ်၍ သူသည် ဤလူများကို စွန့်ပစ်ပြီး ထွက်ပြေးပါက ၊ သူသည် မိမိလျှောက်သောလမ်းစဉ် ၊ မိမိ၏ တာအိုနှလုံးသားနဲ့ ထိုက်တန်ပေမည်လော ။
ဝုန်း ! !
တစ်ချိန်တည်းမှာပင်၊ စူးချန်ကဲ၏ ဘေးတဝိုက်တွင် ဧကရာဇ်လမ်းစဉ်ဆိုင်ရာ ရောင်ခြည်များ ဖြာထွက်လာပြီး အမိန့်သံကြိုးများ အဆုံးမရှိ တိုးဝင်လာခဲ့ကာ ဟင်းလင်းပြင်အာကာသတစ်ခုလုံးကို လုံးလုံးလျားလျား ဖုံးလွှမ်းသွားခဲ့သည်။
သူတော်စင်ခန္ဓာကိုယ်အုပ်စိုးရှင်ဘုရင် ကိုယ်ထည်လေးထည်၏ ရောင်ဝါတို့သည် လုံးဝနိုးထလာခဲ့ချေပြီ။
ဝီ! !
တစ်ချိန်တည်းမှာပင်၊ အလွန်တောက်ပသော ကြယ်အလင်းတန်း လေးခုသည် စူးချန်ကဲ၏ ဘေးတဝိုက်တွင် ရွေ့လျားလည်ပတ်နေသည်။၎င်းတွင် လျှို့ဝှက်ဆန်းကြယ်သော အနန္တဗလာ အငွေ့အသက်များ လွင့်မျောနေသည်။
ဟောက်သံများကြား ၊ စကြဝဠာကြီးကို တုန်လှုပ်စေသော စွမ်းအားများ ထွက်ပေါ်လာသည်။
စူးချန်ကဲကို ဗဟိုပြုလျက် မိုင်ထောင်ပေါင်းများစွာရှိ ဧရိယာတစ်ဝှမ်းလုံးကို အဆိုပါ ကြောက်ခမန်းလိလိ ဆန္ဒတစ်စုံကဖုံးအုပ်ထားသည်။
စူးချန်ကဲသည် ဤစကြဝဠာလောက၏ အရှင်သခင်ဖြစ်သကဲ့သို့၊ သူသည် ဤကမ္ဘာကြီးကို ထိန်းချုပ်နိုင်သော စွမ်းအားအရှိဆုံးပုဂ္ဂိုလ်နှင့် တူသည်။
မူလက ချီတတ်တိုက်ခိုက်နေသော ပြင်ပတပ်များနှင့် ဖော့ရွှီသစ်ပင်တို့သည် ဤနယ်မြေကို ကျူးကျော်ဝင်ရောက်လာသည်နှင့် အဆိုပါ ကြောက်မက်ဖွယ် ကောင်းသော စွမ်းအား၏ ဟန့်တားမှုကိုခံခဲ့ရသည်။
လူတိုင်း မှင်သေလျက်။
"ဒါက..."
ကျန်ရှိသော မဟာဧကရာဇ်မင်းကိုးဦးတို့၏ အမူအရာများသည် သိသိသာသာ ပြောင်းလဲသွားကြသည်။
"ဧကရာဇ် နယ်ပယ်စက်ကွင်း!"
ဧကရာဇ်နယ်ပယ်စက်ကွင်းဟူသည် တန်ခိုးကြီးမားသော မဟာဧကရာဇ်မင်း၏ အစွမ်းသတ္တိကို ဖော်ပြပြီး ၎င်းသည် နယ်မြေတစ်ခုကို ခြယ်လှယ်နိုင်သလို ၊ လောကနိယာမ စည်းမျဉ်းများကို ထိန်းချုပ်ခြင်းကာ သာမန်အရာများကို အံ့ဩဖွယ်အဖြစ်သို့ ပြောင်းလဲနိုင်သည်။
သို့သော် ပထမတန်း မဟာဧကရာဇ်မင်းပင်လျှင် ဧကရာဇ်နယ်ပယ်စက်ကွင်းကို ထိန်းချုပ်တတ်ဖို့ အချိန်ယူရပေမည်။
စူးချန်ကဲသည် စတုတ္ထမြောက် မဟာဧကရာဇ်မင်းတစ်ဦး ဖြစ်လျက်သားနဲ့ ၊ သူသည် အဘယ်ကြောင့် ဧကရာဇ်နယ်ပယ်စက်ကွင်းကို ထိန်းချုပ်နိုင်သနည်း။
ဤအချိန်တွင်။
စူးချန်ကဲထံမှ စွမ်းအားများ တဟုန်ထိုးထွက်ပေါ်လာပြန်သည်။
ဝုန်း ! !
ဟင်းလင်းပြင်တွင် ကြောက်စရာကောင်းသော အက်ကွဲကြောင်းတစ်ခု ရုတ်တရက် ဖြစ်ပေါ်လာခဲ့ပြီး မျက်နှာပြင်အစိတ်အပိုင်းများ ပြိုကျလာသည်။
နိယာမဆိုင်ရာ မှော်သင်္ကေတများ တလိမ့်လိမ့် ရိုက်ခတ်လာပြီး ၊ နောက်ဆုံးတွင် ကြီးမားပြီး မှော်ဆန်သော စစ်တုရင်ခုံတစ်ခုအဖြစ် တဖြည်းဖြည်း ပေါင်းစပ်သွားသည်။
ထောင်ပေါင်းများစွာသော ပုံစံကွက်များဖြင့် ရစ်ဖွဲ့ထွင်းကျောက်ထားသကဲ့သို့၊ ရှေးကျသော ကြယ်တာရာလောကများကို တစ်ခုပြီးတစ်ခု ဖန်တီးနေသည့်ပုံရသည်။
ဤသည်မှာ ယခင်က ဧကရာဇ်လျှောက်လှမ်းတွင် သူရရှိခဲ့သော ကောင်းကင်နှင့်မြေကြီး စစ်တုရင်ဘုတ် ဖြစ်သည်။
ဤအခိုက်အတန့်တွင် ၊ ၎င်းသည် ထာဝရတောင်ထွပ်ကြီးတစ်ခုကဲ့သို့ တဖြည်းဖြည်း ကျဆင်းလာပြီး ၊ စူးချန်ကဲ၏ ခေါင်းထက်တွင် ဝဲပျံနေသည်။
" ငါ စူးချန်ကဲ လျှောက်တဲ့လမ်းစဉ်ဟာ အရာအားလုံးထက် သာလွန်ရမယ်!"
တစ်ချိန်တည်းမှာပင်။
စူးချန်ကဲသည် မာန်အပြည့်နှင့် အော်ဟစ်လိုက်သည်နှင့် သူတော်စင် ကိုယ်ထည်တို့၏ သွေးချီစွမ်းအားများသည် တဟုန်ထိုး တတ်လာပြီး နေရာပေါင်းစုံက ကြယ်စင်များကို ချေမှုန်းပစ်ခဲ့လေသည်။
မူလကတည်းက ကြောက်မက်ဖွယ်ကောင်းသည့် ဧကရာဇ်နယ်ပယ်စက်ကွင်းသည် ကောင်းကင်နှင့်မြေကြီး စစ်တုရင်ခုံ၏ ကောင်းချီးပေးမှုအောက်တွင် ပို၍ပင် ကြောက်စရာကောင်းလာသည်။
တွင်းနက်ကြီးကဲ့သို့ နက်ရှိုင်းသောရောင်ဝါတစ်စင်း၏ လက်အောက်တွင် ၊ မူလက စိတ်အားထက်သန်နေခဲ့ကြသော ပြင်ပတပ်ဖွဲ့ကြီးမှာ ထိတ်လန့်တုန်လှုပ်နေကြသည်။
သို့သော် သူတို့အားလုံး ဘာကိုမှရှင်းရှင်းလင်းလင်း မသိလိုက်ရသေးခင်မှာပဲ စူးချန်ကဲသည် သူ့လက်ကို ထပ်မံ ဝှေ့ယမ်းလိုက်သည်။
ဝီ--!!
ရှေးဟောင်းကြေးခေါင်းတလား အပိုင်းအစလေးခုသည် စူးချန်ကဲ၏ ဘေးတစ်ဝိုက်တွင် ထွက်ပေါ်ကာ ဝန်းရံထားသည်။
ထာဝရ တည်ရှိခဲ့သော ရှေးကျသောအငွေ့အသက်များသည် လောကတစ်ခွင် ဖုံးလွှမ်းသွားသည်။ ၎င်းအပေါ်ရှိ နက်နဲသိမ်မွေ့သော စကားလုံးများက မရေမတွက်နိုင်သော ပုံစံများကို ဖော်ပြပေးနေသည်။
လူကို ပို၍ထိတ်လန့်စေခဲ့သည်မှာ ၊ ၎င်းတွင် ယင် ယန် ပြန်လည်မွေးဖွားခြင်း၏ စွမ်းအားများ ကြွယ်ဝစွာ ပါဝင်နေခြင်းပင် ဖြစ်သည်။
ဓားသေတ္တာသည် စူးချန်ကဲ၏ စွမ်းအားကြောင့်အကျိုးသက်ရောက်မှု ရှိခဲ့ပုံရသည်။
မူလက အလွန်တရာမှိန်ဖျော့နေခဲ့သော ရှေးဟောင်းဓားကိုးလက်သည် တောက်ပစွာဖြင့် တစ်ဖန် ပေါက်ကွဲထွက်လာသည်။
စူးချန်ကဲ၏ ဘေးပတ်ပတ်လည်တွင် ကြယ်အစောင့်အရှောက်များကဲ့သို့ ပျံဝဲနေသော ဓားကိုးစင်းသည် ပြင်းထန်သော ဓားစွမ်းအင်များကို ထုတ်လွှတ်လာခဲ့သည်။
ဤတားမြစ်ပစ္စည်း သုံးခု၏ လွှမ်းမိုးမှုအောက်တွင် ရှိနေကြသော မရေမတွက်နိုင်သော ထူးဆန်းသောသတ္တဝါကောင်တို့သည်ခန္ဓာကိုယ်များ ကွဲအက်ကာ သွေးမြူမှုန်များအဖြစ်သို့ ဘဝကူးပြောင်းခံလိုက်ရသည်။
"ဒါက ဘယ်လိုစွမ်းအားမျိုးလဲ...!?"
"ဒီကောင်က စတုတ္ထအဆင့်ပဲ ရှိသေးတဲ့ မဟာဧကရာဇ်မင်းမဟုတ်လား ၊ သူက ဘာလို့ဒီလောက်တောင် ကြောက်စရာကောင်းတဲ့ စွမ်းအားတွေကို ပေါက်ကွဲနိုင်ရတာလဲ "
ပြင်ပတပ်များတင်မက ဧကရာဇ်အစောင့် စစ်သည်တော်များနှင့် မဟာဧကရာဇ်မင်းကိုးဦးစလုံးပင် အံ့အားသင့်ခဲ့ရသည်။
စူးချန်ကဲ၏ သူတော်စင် ကိုယ်ထည်များမှ ပေါက်ကွဲထွက်လာသော စွမ်းအားများနှင့်အတူ တားမြစ်ပစ္စည်း သုံးမျိုး၏ အကူအညီအောက်တွင် ၊ သူ၏ခန္ဓာကိုယ်အတွင်းမှ ပေါက်ကွဲထွက်လာသော အကြွင်းမဲ့ ခွန်အားသည် လူတိုင်းကို ကြောက်လန့်တကြား ဖြစ်စေခဲ့သည်။
ဤသည်မှာ စတုတ္ထအဆင့်သာ ရှိသေးသော မဟာဧကရာဇ်မင်းတစ်ဦးမှ ပေါက်ကွဲနိုင်သော စွမ်းအားသည်ပင်လော။
တစ်ချိန်တည်းမှာပင်။
ဖော့ရွှီသစ်ပင်သည် တဖက်လူ၏ ရန်ဆွမှုကိုခံလိုက်ရသကဲ့သို့ ဒေါသတကြီး တုံ့ပြန်လာခဲ့သည်။
မည်းနက်နေသော သစ်ပင်အမြစ်များသည် ကောင်းကင်သို့ ပျံတက်သွားပြီး စူးချန်ကဲမှ ချုပ်ကိုင်ထားသော ဧကရာဇ်နယ်ပယ်စက်ကွင်းထဲသို့ ကျူးကျော်ဝင်ရောက်လာခဲ့သည်။
ထိုအရာမြင်တော့ စူးချန်ကဲသည် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။
ကောင်းကင်လမ်းစဉ် အာဏာစက်ဓားသည် တစ်ဖန် ထွက်ပေါ်လာခဲ့သည်။
သူသည် ဓားဖြင့် ခုတ်ပိုင်းလိုက်သည်နှင့်၊
သူ၏ ဘေးတစ်ဝိုက်တွင် ပျံဝဲနေသော တားမြစ်ပစ္စည်း သုံးခုသည်လည်း တုနှိုင်းမရနိုင်သော စွမ်းအားများဖြင့် ပေါက်ကွဲထွက်လာသည်။
နေကိုဝန်းရံထားသော ကြယ်များကဲ့သို့၊ တဖျပ်ဖျပ် ခတ်နေသော မှော်သင်္ကေတများသည် အဆုံးစွန်သော ဓားအလင်း၏ဝန်းကျင်တစ်ဝိုက်တွင် ကပ်တွယ်နေသည်။
ချီ—!!!
ဤဓား၏ တန်ခိုးစွမ်းအားကို ဖော်ပြစရာစကားမရှိချေ။
တဟုန်းဟုန်း တောက်လောက်နေသော ဓားစွမ်းအင်လှိုင်းများသည် တောင်ထွပ်ကြီးသဖွယ် ကြီးမားပြီး ၊ ၎င်းသည် အောက်သို့ ဆင်းသက်လာသည်နှင့်အမျှ ဟင်းလင်းပြင်အလွှာများ တစ်လွှာပြီး တစ်လွှာ ပြိုကျအက်ကွဲလာသည်။
ဓားသွား၏ လက်အောက်တွင် မရေမတွက်နိုင်သော ထူးဆန်းသော သတ္တဝါကောင်တို့သည်
တခဏအတွင်းမှာပင် ပြာပုံအဖြစ်သို့ ပျောက်ကွယ်သွားခဲ့ရလေသည်။
ဝုန်း ! !
နောက်ဆုံးတွင် အဆုံးမရှိသော ဓားစွမ်းအင်များသည် ထူထပ်ပြီး နက်မှောင်သော နွယ်များဖြင့် ထိပ်တိုက်တွေ့ဆုံခဲ့သည်။
ပေါက်ကွဲထွက်လာသော ဓားစွမ်းအင်များနှင့် နက်မှောင်သော စွမ်းအင်တို့သည် ဓားပင်လယ်နှင့် တွင်းနက်ကြားက တိုက်ပွဲတစ်ခုလိုပင်။
အဆက်မပြတ် ပြင်းထန်သော ပေါက်ကွဲသံများနှင့်အတူ ဟင်းလင်းပြင်တစ်ခုလုံး ပုံပျက်ပန်းပျက် ဖြစ်နေသည်။
ထိုဧရိယာကို ဗဟိုပြုလျက် ၊ သန်းပေါင်းများစွာသော ရောင်ခြည်အလင်းတန်းများ ပြန့်ကျဲသွားသည်။
တစ်ချိန်တည်းမှာပင် စူးချန်ကဲသည် သူ့ခန္ဓာကိုယ်တွင်းရှိ စွမ်းအားများကို လှုံ့ဆော်ကာ ထပ်မံ ပေါက်ကွဲလာခဲ့သည်။
သူသည် ဓားတစ်ချောင်း ပစ်လွှတ်လိုက်တိုင်း မိုးကောင်းကင်တွင် ကြောက်မက်ဖွယ်ရာကောင်းသော ဓားရာများ ကျန်ရစ်နေခဲ့သည်။
တားမြစ်ပစ္စည်း အရာသုံးမျိုးသည် ဖျက်ဆီးနိုင်သော လက်နက်ကဲ့သို့ပင် ၊ တစ်ကြိမ်ပေါက်ကွဲတိုင်း မရေမတွက်နိုင်သော ပြင်ပသန်မာသူများသည် လေထဲတွင် တဟုတ်ချင်း ပျောက်ကွယ်သွားခဲ့ရသည် ။
သို့သော် စူးချန်ကဲသည် သူတော်စင်ခန္ဓာကိုယ်အုပ်စိုးရှင်ဘုရင် ကိုယ်ထည်လေးပါးကို အစွမ်းကုန် ပေါက်ကွဲခဲ့ရုံသာမက တားမြစ်ပစ္စည်းသုံးခုကိုလည်း ထိန်းချုပ်ထားပြီး ၊ ဓားစွမ်းအင်များကိုလည်း ဆက်လက်ပေါက်ကွဲစေသည်။
စူးချန်ကဲ၏ခန္ဓာကိုယ်သည် တုနှိုင်းမယှဉ်နိုင်သော်လည်း၊ သူ့ခန္ဓာကိုယ်ရှိ ဝိညာဉ်စွမ်းအင်ဆိုင်ရာ နိယာမတရားတို့သည် လျင်မြန်စွာ ပျောက်ကွယ်နေသည်။
အဆိုပါလှုပ်ရှားမှုသည် သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို လွန်ကဲသည့်အကျိုးသက်ရောက်မှုကို ယူဆောင်လာပေးသည်။
သို့သော် သူ့တွင် ထွက်လမ်းမရှိချေ။
စစ်ရှုံးနိမ့်ခဲ့ပါက ၊ သူ့နောက်လိုက် ဧကရာဇ်အစောင့် စစ်သည်တော်များနှင့် မဟာဧကရာဇ်မင်းများ သေရုံတင်မက ၊ အရင်က လူတိုင်း၏ စွန့်လွှတ်အနစ်နာခံမှုများသည်လည်း မည်သည့် အဓိပ္ပာယ်မှ ရှိတော့လိမ့်မည် မဟုတ်။
သူတို့သည် ကိုယ်ယုံကြည်လက်ခံထားသော အရာတစ်ခုအတွက် အသက်ကိုပင် စတေးနိုင်သည်။
စူးချန်ကဲသည်လည်း ထိုနည်းတူစွာပင်။
မဟာလမ်းစဉ် သုံးထောင်အနက် ၊ တစ်ခုနှင့် တစ်ခု မတူညီသည်ဟု လူတိုင်းပြောကြသည်။
သို့သော် သူတို့ လျှောက်လှမ်းနေသော လုပ်ငန်းစဉ်များသည် အတူတူပင် မဟုတ်ပေလော။
သေခြင်းတရားကို ရင်ဆိုင်၍ ကံကြမ္မာကို စိန်ခေါ်မည်။
" အကြိမ်တစ်သောင်း အသက်စွန့်ရပါစေ ၊ အပိုင်းပိုင်းပြတ်တောက်သွားပါစေ ဘာဖြစ်လဲ!"
အပိုင်း(၄၉၁): လုပ်သင့်တဲ့ကိစ္စ ၊ တစ်စုံတစ်ယောက်ကတော့ လုပ်ရမှာပဲ
စူးချန်ကဲ၏ တာအိုနှလုံးသားမှ ပေါက်ကွဲထွက်လာသော တောက်ပမှုနှင့်အတူ ၊
သူ့ခန္ဓာကိုယ်ထဲတွင် တားမြစ်ထားသော စွမ်းအားသည် တဖြည်းဖြည်း နိုးထလာခဲ့သည်။ဤသည်မှာ ကံကြမ္မာနတ္ထိ၏ စွမ်းအား ဖြစ်သည်။
စစ်မှန်သော အနန္တဗလာဆိုသည်မှာ ပျက်သုန်းပြီးနောက် ဘဝအသစ် ဖြစ်ပေါ်လာခြင်းပေတည်း။
အတွေးတစ်ချက်တည်းဖြင့် အရာအားလုံးကို မွေးထုတ်နိုင်သည်။
ယခုအခိုက်အတန့်တွင် ၊ အစွမ်းကုန် ပေါက်ကွဲခဲ့သော စူးချန်ကဲသည် ဓားအမတရှင်တစ်ပါးကဲ့သို့ ကောင်းကင်ပြင်တွင် လွတ်လပ်စွာ လှည့်ပတ်သွားလာနေသည်။
ဓားအလင်းတန်းတစ်ခု ကျရောက်သွားသည်နှင့် ပြင်ပတပ်ဖွဲ့ကြီးမှာ အလွယ်တကူ ဖြိုခွင်းခံလိုက်ရသည်။
ပေါက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်နေပြီး ၊ပရမ်းပတာပင်လယ်ထဲတွင် သွေးပန်းများ ပွင့်လန်းလာသလိုပင်။
စူးချန်ကဲ ဆင်မြန်းထားသော အဖြူထည်သည် ယခုအခါတွင် တိုက်မြေပြင်ပ၏ မရေမတွက်နိုင်သော သတ္တဝါကောင်တို့၏ သွေးများဖြင့် စွန်းထင်းနေသည်။
သူတစ်ယောက်တည်းဖြင့် ရန်သူကို တစ်ယောက်ပြီးတစ်ယောက် သတ်ဖြတ်သွားသည်မှာ သေမင်းနတ်ဘုရားတစ်ပါးအလား မှတ်ယူရသည်။
ကျိုးပဲ့နေသော သစ်ပင်အမြစ်များသည် နတ်ဆိုးတစ်သိုက်ကဲ့သို့ စူးချန်ကဲထံသို့ အရူးအမူး ပြေးဝင်လာကြသည်။
မဟာဧကရာဇ်မင်း ကိုးဦိးနှင့် လက်ကျန် ဧကရာဇ်အစောင့် စစ်သည်တော်လေးထောင်သည်လည်း စူးချန်ကဲ၏နောက်ကနေ လိုက်၍ အခြားလမ်းကြောင်းမှ ဝင်ရောက်လာသော တိုက်ခိုက်မှုများကို ပိတ်ဆို့ထားကြသည်။
အကယ်၍ သူတို့အနေဖြင့် တောင့်မခံနိုင်ပါက ၊ မိမိတို့၏ ကျင့်ကြံမှုကိုပင် စတေးကာ စူးချန်ကဲကို အန္တရာယ်မဖြစ်စေရန် ကာကွယ်ကြပေမည်။
တိုက်မြေပြင်ပ၏ တပ်ဖွဲ့ဝင်များသည် အလွန်များပြားသော်လည်း ၊ သို့သော် စူးချန်ကဲတို့အဖွဲ့၏ အသက်စတေးတိုက်ခိုက်မှုများနှင့် ရင်ဆိုင်ရချိန်တွင် ၎င်းတို့အဖို့ ခံနိုင်ရည်မရှိခဲ့ပေ။
" အရူးတွေ၊ ဒီကောင်တွေ အားလုံး ရူးနေကြပြီပဲ!"
"သူတို့နဲ့ ဝေးဝေးနေ ၊ ဒီကောင်တွေက အသေခံပြီးတော့ကို ငါတို့ကို ဆွဲချချင်နေတာ ၊ တကယ်ကို သေသင့်ကောင်တွေ!"
“.......”
တိုက်မြေပြင်ပမှ မရေမတွက်နိုင်သော သန်မာသူများသည် အသီးသီး ဆုတ်ခွာခဲ့ကြသည်။
သူတို့သည် အခက်အခဲများဖြင့် နောက်ဆုံးမှာတော့ အောင်မြင်မှုရထားခဲ့သော်လည်း ၊ ယခု တိုက်မြေ သုံးထောင်သည် သူတို့ကို အရူးအမှုး တိုက်ခိုက်လာခဲ့သည်။ ဤကဲ့သို့သော အရူးများနှင့်အတူ သေဖို့ဆွဲချခံရသည်မှာ ရှက်စရာပင် မဟုတ်ပေလော။
ထို့အပြင် သူတို့ တိုက်မြေပြင်ပရှိ အင်အားသည် အလွန်များပြားပြီး ၊ ဤအရူးများကို တားဆီးရန် တစ်စုံတစ်ယောက် အမြဲရှိနေပေလိမ့်မည်။ သို့ဖြစ်ရာ ၊ ၎င်းတို့ကို တိုက်ခိုက်ရန် အဘယ့်ကြောင့် မိမိ၏အသက်ကို စွန့်လွှတ်ရမည်နည်း ။
မထင်မှတ်ဘဲ ထိုအတိုင်းတွေးနေကြသူ အများအပြားရှိနေပြီး ၊ ၎င်းတို့သည် အရူးအမူး ရှောင်ပြေးပုန်းအောင်းကြလေသည် ။
ရလဒ်အနေဖြင့် ၊ စူးချန်ကဲနှင့် သူ၏အဖွဲ့သည် လျင်မြန်စွာ တိုးတတ်လာခဲ့ပြီး ၊ တခဏချင်းမှာပဲ သူတို့သည် ဖော့ရွှီသစ်ပင်ကြီးနှင့် မီတာတစ်ထောင် အကွာအဝေးရှိ နေရာသို့ ရောက်ရှိလာနိုင်ခဲ့သည်။
တစ်ချိန်တည်းမှာပင်။
လျို့ဝှက်နည်းလမ်းဖြင့် တိုက်ပွဲကို ကြည့်ရှုနေသော ထူးဆန်းသော မူလဘိုးဘေးဆယ်ဦးတို့၏ မျက်နှာများသည် ဒေါသအထွက်လွန်ကာ ပြာနှမ်းလာသည်။
“ အမှိုက်တွေ!တကယ်ကို သောက်သုံးမကျတဲ့ ကောင်တွေ!!”
" ထောင်ဂဏန်းပဲ ရှိတာလေ! ဒင်းတို့လက်အောက်မှာ ရှုံးနိမ့်ရသတဲ့လား "
ဒေါသတကြီး ဖြစ်ခဲ့ရသလို တစ်ချိန်တည်းမှာပင် ထိတ်လန့်ခဲ့ရသည်။
အထူးသဖြင့်၊ စူးချန်ကဲ၏ ပေါက်ကွဲနိုင်စွမ်းသည် သူတို့အတွက်တော့ မယုံနိုင်လောက်စရာပင်။
စတုတ္ထအဆင့်သာ ရှိသေးသော မဟာဧကရာဇ်မင်းတစ်ပါးသည် ဤကဲ့သို့သော စွမ်းအားမျိုးကို ပေါက်ကွဲနိုင်သည်။
အကယ်၍ သူသည် ရှေးဧကရာဇ် နယ်ပယ်အဆင့်ကို အောင်မြင်ကာ ၊ မိမိတို့ကဲ့သို့ ညဏ်အလင်းနယ်ပယ်အဆင့်သို့ ရောက်ရှိလာမည်ဆိုပါက မည်မျှကြောက်စရာကောင်းလိုက်မည်နည်း။
သို့ဖြစ်ရာ ၊ စူးချန်ကဲသည် သေကိုသေရမည်။
စူးချန်ကဲသည် မိမိတို့၏ တိုက်မြေပြင်ပမှ ဖြစ်ခဲ့ပါက၊ မိမိတို့သည်လည်း ထိုနည်းတူစွာ သူ့ကို ကာကွယ်ရန် တတ်နိုင်သမျှ လုပ်ဆောင်ကြပေမည်။ သို့သော် စူးချန်ကဲသည် သူတို့လူမဟုတ်သည်မှာ ထင်ရှားပေသည်။
အဲ့လိုဆိုမှတော့ သူ သေချာပေါက် သေရမယ်!
ထို့စဉ် ၊
အသီးသီး ဆုတ်ခွာနေသော ပြင်ပတပ်သားများ၏ စိတ်ထဲတွင် အသံတစ်ခု ထွက်ပေါ်လာသည်။
" ထွက်ပြေးတာနဲ့ သေမယ်!"
ထိုစကားများထွက်လာသည်နှင့် ပြင်ပတပ်ဖွဲ့ကြီးတစ်ခုလုံး တုန်လှုပ်သွားကြသည်။
ဤသည်မှာ မိမိတို့၏ မူလဘိုးဘေးအသံပင် ဖြစ်သည်။
ယခုလို အမိန့်ထုတ်ပြန့်လာခဲ့သောကြောင့် သူတို့အားလုံးသည် မဖြစ်မနေ လုပ်ဆောင်ရပေတော့မည်။
စူးချန်ကဲသည် ကြောက်စရာကောင်းသော်လည်း၊ သို့သော် သူတို့အားလုံး၏ စိတ်နှလုံးသားထဲတွင် မူလဘိုးဘေးကို ပို၍ကြောက်ရသည်။
"ငါတို့က အများကြီးပဲ၊ သူတို့ကို ဘာလို့ မသတ်နိုင်ရမှာလဲ "
"မှန်တယ်၊ တိုက်မြေသုံးထောင်က လူယုတ်မာကောင်တွေ ရုပ်ပိုင်းရော ၊ စိတ်ပိုင်းဆိုင်ရာပါ ပင်ပန်းနွမ်းနယ်နေပြီ ၊ ငါတို့သာ အတူတကွလုပ်ဆောင်မယ်ဆိုရင် သူတို့ ငါတို့ကို မတားစီးနိုင်ဘူး!"
"ဒီအဖြူကောင်ကို သတ်နိုင်တာနဲ့ မူလရင်းမြစ် သွေးနက်ကို ရမှာ ၊ ဒီအခွင့်အရေးကို ငါတို့ လက်လွတ်မခံသင့်ဘူး!"
"ဟားဟား ၊ ဒီကောင်ရဲ့ ခွန်အားက တဖြည်းဖြည်း အားနည်းလာပြီ ၊ သူ ကြာကြာ တောင်မခံနိုင်ဘူး ၊ သွေးနက်က ငါ့ဟာပဲ!"
၎င်းတို့၏ နှလုံးသားထဲတွင် ရှိနေသော အကြောက်တရားနှင့် လောဘ ၊ ထိုလွှမ်းမိုးမှု နှစ်ခုအောက်တွင်၊ ပြင်ပတပ်ဖွဲ့ကြီးသည် တစ်ဖန် ရူးသွပ်သွားပြန်သည်။
မူလက စူးချန်ကဲ နှင့် သူ၏အဖွဲ့သည် ဖော့ရွှီသစ်ပင်ထံသို့ ချဉ်းကပ်လာနိုင်ခဲ့ပြီ ဖြစ်သော်လည်း ၊ သို့သော် တိုက်မြေပြင်ပရှိ သန်မာသူများက ၎င်းတို့ကို အရူးအမူး ပိတ်ဆို့တားစီးခဲ့သည်။
"သတ်!"
စူးချန်ကဲ၏ မျက်လုံးများသည် အေးစက်နေပြီး အဖြူထည် အဝတ်စသည် လေနှင့်အတူ တဖျပ်ဖျပ်ခတ်လို့နေကာ ၊ သူသည် ဓားကိုကိုင်မြှောက်လျက် လွှဲယမ်းလိုက်သည်။
လျှို့ဝှက်ဆန်းကြယ်သော ဓားတံဆိပ်များစွာသည် သူ၏ ဘေးတစ်ဝိုက်တွင် ဖြည်းဖြည်း ချင်း ထွက်ပေါ်လာသည်။
ထောင်ပေါင်းများစွာသော ဓားစွမ်းအင်ဆိုင်ရာ နိယာမစည်းမျဉ်းများ၏ လွှမ်းမိုးမှုအောက်တွင် အလင်းတန်းများ ပေါက်ကွဲထွက်လာသည်။ စူးချန်ကဲကို ဗဟိုပြုလျက် အတိုင်းအဆ မရှိသော ဟင်းလင်းပြင်ကွက်လပ်တွင် ၎င်းတို့အားလုံးသည် စူးရှတောက်ပစွာဖြင့် ဟောက်သံပြုနေကြသည်။
ဝုန်း !!!
သို့သော်၊ ဖော့ရွှီသစ်ပင်နှင့် ပိုနီးကပ်လာသည်နှင့် ၊ ၎င်း၏ ထူးဆန်းသော အမှောင်ရောင်ဝါသည် ပို၍ အားကောင်းလေလေ ဖြစ်သည်။
ဖော့ရွှီသစ်ပင်၏ အမြစ်များကို ဖြတ်တောက်ပစ်လိုက်သော်လည်း၊
သို့သော် ၎င်း၏ ပြန်လည်ရှင်သန်နိုင်စွမ်းသည် အတော်လေး မြန်သည်။ တခဏအတွင်း ၊ ရာနှင့်ချီသော အမြစ်များ တစ်ဖန် ထွက်ပေါ်လာကာ စူးချန်ကဲထံသို့ ပြေးဝင်သွားသည်။
ဝီ--!!
တစ်ချိန်တည်းမှာပင် ၊ စူးချန်ကဲ၏ ဦးခေါင်းထက်တွင် ပျံဝဲနေသော ကောင်းကင်နှင့်မြေကြီး စစ်တုရင်ခုံသည် ပို၍ တောက်လောင်ကာ ဝင်းလက်သွားပြီး လျှို့ဝှက်ဆန်းကြယ်သော တာအိုစည်းမျဉ်းများ တသိမ့်သိမ့် ရိုက်ခတ်သွားသည်။
ဝှစ် ဝှစ်!!
အနက်ရောင် အလင်းတန်းနှင့် အဖြူရောင် အလင်းတန်းသည် နှစ်ခုရောယှက်ကာ အစွမ်းကုန် တောက်ပနေသည်။
အဖြူအမည်း စစ်တုရင်အပိုင်းအစများစွာသည် ကောင်းကင်ပေါ်သို့ ပျံတက်သွားပြီး ၊ ဖြိုခွင်းခြင်း နတ်ဘုရားတစ်ဆူကဲ့သို့ မျက်စိတမှိတ်အတွင်းမှာပင် မည်းနက်နေသောနွယ်ပင်များကို ဖျက်ဆီးပစ်ခဲ့သည်။
ဤစွမ်းအားသည် အလွန်အစွမ်းထက်သော်လည်း၊ စူးချန်ကဲအပေါ် ကြီးမားသောဝန်ထုပ်ဝန်ပိုး ဖြစ်စေသည်။
စူးချန်ကဲသည် ယခင်က ခွန်အားများစွာကို သုံးစွဲခဲ့သောကြောင့် လက်ရှိတွင် သူသည် အားနည်းလာခဲ့သည်။
"ဒီကောင် အားနည်းနေပြီ၊ ဒါက အခွင့်ကောင်းပဲ၊ တတ်ကြ !"
ပြင်ပသန်မာသူလူတစ်စုသည် ဤအခွင့်အရေးကို ဆုပ်ကိုင်ကာ စူးချန်ကဲဆီသို့ အပြေးအလွှား ချီတတ်လေတော့သည်။
" သေချင်နေတာပဲ!"
မဟာဧကရာဇ်မင်း ကိုးဦးစလုံး ဒေါသတကြီး ဖြစ်ခဲ့ကာ ၊ သူတို့အားလုံးသည် ဝံပုလွေအုပ်စုကဲ့သို့ အရူးအမူး ပြေးဝင်လာသော ပြင်ပသန်မာသူများနှင့် ထပ်မံတိုက်ခိုက်ခဲ့ကြသည်။
သို့သော်၊ သူတို့သည် ဒဏ်ရာအပြင်းအထန် ရထားသောကြောင့် ရလဒ်အနေဖြင့် တိုက်ပွဲတွင် အားနည်းချက်များ ရှိလာခဲ့သည်။
ဧကရာဇ် အစောင့်စစ်သည်တော်များသည် မိမိကိုယ်ကို စတေးကြသော်လည်း ၊ ဤအဆုံးမဲ့စစ်တပ်ကို ရင်ဆိုင်ရာတွင် ထိရောက်မှုမရှိပုံရသည်။
သို့သော်လည်း သူတို့သည် စူးချန်ကဲ၏ အနီးတွင် စောင့်ကြပ်နေဆဲ ဖြစ်သည်။
ဒုန်း!!!
ကြောက်မက်ဖွယ်ကောင်းသော ဝိညာဉ်စွမ်းအား ပေါက်ကွဲသံသည် အရပ်ရပ်သို့ ပဲ့တင်ထပ်သွားသည်။
မဟာဧကရာဇ်မင်း ကိုးဦးစလုံးသည် ပြင်ပသန်မာသူများ၏ လက်ချက်ဖြင့် အဝေးသို့ လွှင့်ထွက်သွားသည်။
ပထမအဆင့်ရှိ မဟာဧကရာဇ်မင်းများ အနေဖြင့် ၊ ၎င်းတို့သည် မဟာဧကရာဇ်မင်း၏ ထိပ်ဆုံးတွင် ရပ်တည်ကာ ဤကမ္ဘာပေါ်ရှိ မရေမတွက်နိုင်သော သန်မာသူများ၏ ဂုဏ်ပြုမှုကို ခံယူသင့်သော အဆင့်အတန်းဖြစ်သည် ။
ယခုမူကား၊ သူတို့သည် အလွန်ရှက်ရွံ့နေပုံရသည်။
သူတို့တစ်ကိုယ်လုံး သွေးများဖြင့် ပေကျံနေသည်။
အချို့မှာ လက်တစ်ဖက်တည်းသာ ကျန်ရှိတော့သည် ။ တစ်ချို့မှာ မျက်စိထဲကနေ သွေးများစီးကျကာ အမြင်အာရုံကွယ်ပျောက်ခဲ့ရသည်။
ဧကရာဇ် အစောင့်စစ်သည်တော်တို့သည် ပို၍ပင် သနားစရာကောင်းပေသည်။
ယခင်က လူလေးထောင် ရှိသည့်အနက် အဆက်မပြတ် ပေါက်ကွဲမှုကြောင့် လက်ရှိတွင် စစ်သည်တော် ၁၂၈ ဦးတည်းသာ ကျန်ရှိတော့သည် ။
မဟာဧကရာဇ်မင်း ကိုးဦးနှင့် ဧကရာဇ်အစောင့် စစ်သည်တော် ၁၂၈ဦးတို့သည် စူးချန်ကဲကို အလယ်မှာထား၍ ကာကွယ်ပေးနေကြဆဲပင် ဖြစ်သည်။
သူတို့တစ်ကိုယ်လုံး သွေးများဖြင့် ဖုံးလွှမ်းနေပြီး၊ မျက်လုံးများ နီရဲတွတ်နေကာ ရန်သူကို သတ်ဖြတ်လိုစိတ်မှတပါး တခြားမရှိ။
"ခေါင်းမာမနေနဲ့ ၊ ဒီအဖြူကောင်ကို ငါတို့လက်ထဲ အပ်လိုက် ဒါဆိုငါတို့ မင်းတို့ကို လွယ်လွယ်လေးနဲ့ ပေးသေမယ်"
ဆိုးသွမ်းသော ပြင်ပသန်မာသူ တစ်ဦးက ဆိုလေသည်။
"မဟုတ်ရင် မင်းတို့အားလုံး သေရုံတင်မကဘူး ၊ မင်းတို့ရဲ့ ဦးခေါင်းခွံတွေကိုလည်း ဝိုင်ပုလင်းအဖြစ် အသုံးပြုရလိမ့်မယ် "
သေပြီးနောက် ဦးခေါင်းခွံများကို ဝိုင်ပုလင်းအဖြစ် အသုံးပြုမည် ဟူသောစကားသည် သာမန် ခြိမ်းခြောက်မှု တစ်ခုသာမက လှောင်ပြောင်မှုလည်း ဖြစ်သည်။
သို့သော်လည်း ပြင်းထန်စွာ ဒဏ်ရာရရှိထားသော မဟာဧကရာဇ်မင်းများနှင့် စစ်သည်တော် ၁၂၈ဦးတို့သည် လုံးဝဆုတ်ခွာသွားခြင်းမရှိပေ။
စိတ်ဓာတ်ခိုင်မာမှုအပြည့်ဖြင့် ကျိန်ဆိုလိုက်ကြသည်။
" သေတဲ့အထိ ချန်ကဲ မဟာဧကရာဇ်မင်းကို ကာကွယ်...."
သို့သော် သူတို့ စကားမဆုံးခင် ။
ဝုန်း !!!
စူးချန်ကဲသည် အလွန်ကြောက်စရာကောင်းသော စွမ်းအားများဖြင့် တစ်ဖန် ပေါက်ကွဲထွက်လာသည်။
ရိုက်ခတ်သွားသော လှိုင်းတံပိုးများသည် ပတ်ဝန်းကျင်ရှိ နိယာမစည်းမျဉ်းများကို တိတ်ဆိတ် ငြိမ်သက်သွားစေသည်။
ယခင်ရရှိထားသော ဉာဏ်အလင်းသည် စူးချန်ကဲအား သူ့ခန္ဓာကိုယ်အတွင်းရှိ အမည်မသိ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပြန်လည် ချိတ်ဆက်နိုင်စေခဲ့သည်။
သူသည် နိယာမတရားများကို ထိန်းချုပ်ရာတွင် ပို၍ အားကောင်းလာပုံရသည်။
တစ်ချိန်တည်းမှာပင်။
စူးချန်ကဲ၏ လက်ထဲတွင် သံသရာစက်ဝန်းစွမ်းအားများ ထွက်ပေါ်လာသည်။
အာကာသ စွမ်းအားများသည် သူ၏လက်၌ ဖြည်းညှင်းစွာ စုဝေးလာသည်။
" ငါ စူးချန်ကဲ က တခြားသူတွေရဲ့ နောက်မှာ နေပြီး အသက်ရှင်ဖို့ တောင်းဆိုစရာလား!?"
သူသည် သူတော်စင်ခန္ဓာကိုယ်အုပ်စိုးရှင်ဘုရင် ကိုယ်ထည်လေးခု၏ အကူအညီဖြင့် ဖော့ရွှီသစ်ပင်၏ ဖိအားကို လျစ်လျူရှုထားနိုင်သည်။
ထို့ကြောင့် ဖော့ရွှီသစ်ပင်ကို ဖျက်ဆီးပစ်နိုင်သူမှာ သူတစ်ယောက်တည်းသာ ရှိသည်။
ဤမဟာဧကရာဇ်မင်းများနှင့် ဧကရာဇ် အစောင့် စစ်သည်တော်များသည် ယခုအချိန်အထိ သူနှင့်အတူ တိုက်ပွဲဝင်လာခဲ့သည်။ သူတို့အားလုံးသည် လုံလောက်စွာ တိုက်ပွဲဝင်ခဲ့ပြီးပြီ ဖြစ်သည်။ အဓိပ္ပါယ်မရှိသော စွန့်လွှတ်အနစ်နာခံမှုများကို သူ့အနေဖြင့် ဆက်အလိုမရှိတော့ပေ။
အတိုင်းအဆမရှိသော အာကာသပုံစံကွက်များသည် လေဟာနယ်အတွင်း ဖြေးညှင်းစွာ ရစ်ပတ်လျက်ရှိနေသည်။
ဝီ—! !
ထို့နောက် တစ်ဟုန်ထိုး ထွက်ပေါ်လာသော မှော်သင်္ကေတ အစီအရင်တစ်ခုမှ ကြီးမားသော အာကာသဂိတ်တစ်ခု ဖြစ်လာခဲ့သည်။
" ချန်ကဲ ၊ မင်း...!?"
မဟာဧကရာဇ်မင်းကိုးဦးစလုံး အနည်းငယ် ထိတ်လန့်တုန်လှုပ်သွားကြသည်။
စူးချန်ကဲသည် သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ ၊ အဆုံးမရှိသော နတ်အလင်းတန်းများ ဖြည်းညှင်းစွာ ကျရောက်လာပြီး သူတို့အားလုံးကို ဖုံးအုပ်ပစ်ခဲ့သည်။
" လုပ်သင့်တဲ့ကိစ္စ ၊ တစ်စုံတစ်ယောက်ကတော့ လုပ်ရမှာပဲ "
အပိုင်း(၄၉၂): အငွေ့အသက် ပျောက်ကွယ်သွားပြီ
ထိုစကားများ ထွက်လာပြီးနောက် ၊
စူးချန်ကဲသည် လုံးဝတွန့်ဆုတ်မသွားခဲ့ပေ။ သူ၏ လက်ချောင်းထိပ်တွင် အာကာသ သံသရာစက်ဝန်းစွမ်းအားများ ဝန်းရံထွက်ပေါ်လာခဲ့သည်။
မရေမတွက်နိုင်သော အာကာသဆိုင်ရာ မှော်သင်္ကေတများ တသိမ့်သိမ့် ရိုက်ခတ်လာခဲ့ပြီးနောက်တွင် ၊ မဟာဧကရာဇ်မင်းတို့၏ ခြေရင်းအောက်၌ နေရာရွေ့ပြောင်းခြင်း မှော်အခင်းအကျင်းတစ်ခုကို ပေါ်ထွက်လာသည်။
သူတို့အားလုံး မည်သည့်စကားမှ မတုံ့ပြန်ရသေးခင် ၊
စူးချန်ကဲသည် စကားလုံးတစ်လုံးကို ရေရွတ်လိုက်သည်။
" သွား !"
ဘုန်း ! !
ချက်ချင်းပင်၊ အာကာသ ဟင်းလင်းပြင်တွင် မရေမတွက်နိုင်သော အလင်းတန်းများ တောက်ပလာခဲ့ပြီး ၊ အာကာသတံခါးပေါက်ထဲမှ အလွန်အားကောင်းသော စုပ်ယူစွမ်းအားများ ထွက်လာသည်။
မည်သူမှ တုံ့ပြန်ချိန်မရလိုက်ပေ။ မဟာဧကရာဇ်မင်းများနှင့် လက်ကျန် ဧကရာဇ်အစောင့် စစ်သည်တော်များသည် မျက်စိတမှိတ်အတွင်း ချက်ချင်းစုပ်ယူခံလိုက်ရသည်။
"ဒီလူယုတ်မာကောင်က ဒီလူတွေအားလုံးကို အဝေးကို ပို့ဖို့ကြံစည်နေတာပဲ ၊ သူတို့ကို မြန်မြန် တား!"
မရေမတွက်နိုင်သော ပြင်ပသန်မာသူများသည် တုံ့ပြန်လာကြသည်။ ၎င်းတို့၏ မှော်စွမ်းအားကို အသက်သွင်းကာ ထိုအလင်းတန်းများကို ကြားဖြတ်ဟန့်တားခဲ့ကြသည်။
သို့သော် ၊ စူးချန်ကဲသည် ၎င်းတို့ကို အခွင့်အရေး ပေးလိမ့်မည်မဟုတ်။
သူသည် သူ၏လက်ချောင်းဖြင့်ဓားကို စေညွှန်ကာ ဟင်းလင်းပြင်ကွက်လပ်ကို ခုတ်ပိုင်းလိုက်သည်။
ဝှစ်!!!!
ထို့နောက်တွင် ၊
ပူပြင်းတောက်လောင်သော အလင်းများကို ဆောင်ကျဉ်းလာသော ရှေးဟောင်း ဓားကိုးလက်သည် မရေမတွက်နိုင်သော ပြင်ပသန်မာသူများကို ခုတ်ပိုင်းပစ်လေသည်။
ဝုန်း ! ဝုန်း ! !
ဖော့ရွှီသစ်ပင်သည် ဒေါသတကြီး တုံ့ပြန်လာသည်။ ဤသကောင့်သားများသည် သူ၏ပင်စည် တော်တော်များများကို ခုတ်ထစ် သတ်ဖြတ်ပစ်ခဲ့သည်။ သို့ဖြစ်ရာ ၊ ၎င်းတို့အားလုံးကို သတ်၍ သူ့အာဟာရအဖြစ်သို့ ပြောင်းလဲပစ်သင့်သည် ။
သို့သော် ဤလူယုတ်မာကောင်သည် သူ၏ သားကောင်များကို နေရာပြောင်းရွေ့လိုက်သောကြောင့် ၊ ယင်းက ဖော့ရွှီသစ်ပင်ကို အရူးတစ်ပိုင်းဖြစ်သွားစေသည် ။
ကောင်းကင်ကို ဖုံးလွှမ်းနိုင်လောက်သည့်အထိ မည်းနက်နေသော သစ်ပင်အမြစ်များသည် လူးလိမ့်ကာ လှုပ်ရှားလာခဲ့ပြီး အဆုံးတွင် ကောင်းကင်ကြီးကို အုပ်မိုးထားသော လက်ဝါးကြီးတစ်ခုအဖြစ် စူးချန်ကဲအား နှိပ်ကွပ်လာခဲ့သည်။
သူ့လူများကို အဝေးသို့ ပို့ဆောင်ကာ သေချာစစ်ဆေးပြီးနောက် ၊ စူးချန်ကဲသည် မည်သည့်လှုပ်ရှားမှုမှ မလုပ်ဘဲ တားမြစ်ပစ္စည်းသုံးမျိုးကို ပြန်လည်သိမ်းဆည်းလိုက်သည်။
ကြောက်မက်ဖွယ်ကောင်းသော နွယ်ပင်များသည် သူ့အား လုံးလုံးလျားလျား ဖုံးလွှမ်းသွားသည့်အချိန်ထိ ကူကယ်ရာမဲ့ ကြည့်နေခဲ့သည်။
"ဒီကောင် ရူးနေတာလား!?"
" မဖြစ်ဘူး ! ဒီကောင့်ကို ဖော့ရွှီသစ်ပင်ကို ဝါးမြိုခွင့်ပေးလိုက်ရင် ဒါဆို ငါတို့ရဲ့ မူလရင်းမြစ် သွေးနက်က ဆုံးရှုံးသွားပြီပေါ့!"
" -ီးပဲ ! ဒီလောက် ပြင်းပြင်းထန်ထန် ကြိုးစားပြီး ၊ လူတော်တော်များများ သေခဲ့ရတာတောင် ဘာအကျိုးအမြတ်မှ မရခဲ့ဘူး!"
ဤမြင်ကွင်းသည် ပြင်ပသန်မာသူများကို အတော်လေး ဒေါသထွက်စေခဲ့သည်။
ဖော့ရွှီသစ်ပင် အမြစ်များ၏ ဝါးမြိုမှုကြောင့် စူးချန်ကဲသည် သေချာပေါက် သေပေလိမ့်မည်။
၎င်း၏ စွမ်းအင်အမှုန်အမွှားများကို ဖော့ရွှီသစ်ပင်သည် ဖြိုဖျက်ကာ အာဟာရအဖြစ် စုပ်ယူသွားမည် ဖြစ်သည်။ အဆုံးတွင် ၊ သေဆုံးပြီးနောက် စိတ်ဝိညာဉ်သည်ပင် ပျက်သုဉ်းသွားပေလိမ့်မည်။
တစ်ချိန်တည်းမှာပင်။
ဖော့ရွှီသစ်ပင်၏ ခန္ဓာကိုယ်ထဲတွင် မြှုပ်နေသော စူးချန်ကဲသည် ခပ်ဖျော့ဖျော့ပြုံးရယ်လိုက်သည်။
၎င်း၏ မှန်းဆချက်အရ ၊ ဖော့ရွှီသစ်ပင်၏ မူလရင်းမြစ်သည် သူ၏ကိုယ်ထည် ဖြစ်နိုင်သည်။
အထဲသို့ မဝင်ရောက်နိုင်ပါက ၊ အပြင်ကနေ မည်မျှအားကောင်းသော အင်အားဖြင့် ဖြိုခွင်းပါစေ အကျိုးသက်ရောက်လိမ့်မည် မဟုတ်။
ဖောရွှီသစ်ပင် ကိုယ်တိုင်၏ လှုပ်ရှားမှုကို ထည့်မတွက်ရသေးခင် ၊ ပြင်ပသန်မာသူများ၏ ပိတ်ဆို့မှုများကြောင့် အောင်မြင်မှုနှုန်းမှာ အလွန်နည်းပါးသည်။
ဝုန်း !!
ထိုအချိန်တွင်၊ စူးချန်ကဲသည် သူ၏ နောက်ဆုံးခွန်အား အားလုံးကို စုစည်းလိုက်သည်။
ဤတစ်ကြိမ်တွင် သူတော်စင် ကိုယ်ထည်လေးခုသာမက ၊ စူးချန်ကဲ၏ ယခင်က ဉာဏ်အလင်းသည် ကံကြမ္မာနတ္ထိ ခန္ဓာကိုယ်နှင့် အနည်းငယ် ဆက်သွယ်မှုရှိခဲ့သည်။
သက်ရောက်မှုသည် သိပ်ကြီးကြီးမားမား မဟုတ်သော်လည်း ၊ ၎င်း၏ စွမ်းအင်တစ်စိတ်တစ်ပိုင်းကို ထိန်းချုပ်ထားနိုင်သည်။
" နိဗ္ဗာန်န အလင်း!"
" အနန္တဗလာ ပျက်သုန်းခြင်းအလင်း!"
" ချန်းကူ ကျုံတန့်ထျန်း !"
" နတ်ဘုရား ကြွမြန်းခြင်း!"
" ကမ္ဘာလောကကို ဝါးမြိုခြင်း!"
.......
သူတော်စင် ကိုယ်ထည်တို့၏ စွမ်းအားများသည် ပိုပို၍ ကြောက်စရာကောင်းလာကာ အာကာသ ဟင်းလင်းပြင်တစ်ခုလုံး ကမောက်ကမ ဖြစ်လာခဲ့သည်။
စူးချန်ကဲကို တစ်စစီ စုတ်ဖြဲရန် ကြံစည်နေသော နွယ်ပင်များသည် အဆိုပါ ကြောက်စရာကောင်းသော စွမ်းအားနှင့် ထိတွေ့မိချိန်တွင် တစ်စစီ ကြေမွသွားခဲ့သည်။
ပြန်လည်ကောင်းမွန်နိုင်သော နွယ်ပင်များပင်လျှင် နောက်တစ်ဖန် မထိဝံ့တော့ဘဲ လမ်းကြောင်းအရပ်ရပ်သို့ ဆုတ်ခွာသွားကြသည်။
တစ်ချိန်တည်းမှာပင်။
စူးချန်ကဲ ခန္ဓာကိုယ်၏ အနက်ရှိုင်းဆုံး အစိတ်အပိုင်းမှ အလွန်အစွမ်းထက်သော အင်အားတစ်ခု နိုးထလာခဲ့သည်။
ဤအငွေ့အသက်ကို ဖော်ပြရခက်ခဲသည်။ အနန္တဗလာ ၊ ဆိတ်သုန်းခြင်း နှင့် ပြန်လည် စတင်ခြင်းကဲ့သို့ သဘောတရားများ ပါဝင်နေသည်။
သူတော်စင် ကိုယ်ထည်များ၏ မွေးရာပါ မှော်စွမ်းအားများသည် ပို၍ အားကောင်းလာသည်နှင့်အမျှ၊ အဆိုပါ နားမလည်နိုင်သော အင်အားတစ်ရပ်သည် အဆက်မပြတ် နိုးထလာပုံရသည်။
မှိန်ဖျော့ဖျော့ ရောင်ဝါတစ်ခုမျှသာ ရှိသေးသော်လည်း ၊ ၎င်းသည် သူတော်စင်ခန္ဓာကိုယ်အုပ်စိုးရှင်ဘုရင် လေးခုစလုံးကို အမှန်တကယ် အမိန့်ပေးနိုင်သည် ။
ရုတ်တရက် ၊ စူးချန်ကဲ၏ စိတ်ထဲတွင် လျှို့ဝှက်ဆန်းကြယ်သော စကားတစ်ခွန်း ပေါ်ထွက်လာသည်။
သူ၏ မသိစိတ်က ထိုစကားကို ရေရွတ်လိုက်သည်။
" နိဗ္ဗာန်န ၊ အနန္တဗလာ !!"
ဝီ! ! !
ရုတ်တရက်၊ စူးချန်ကဲ တည်ရှိရာဧရိယာတစ်ဝိုက်ကို ဗဟိုပြုလျက် ၊
လွန်စွာ တောက်ပသော အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး နေရာအနှံ့ ဖြန့်ကျက်သွားသည် ။
ယင်း၌ ရှေးကျပြီး အချိန်အားဖြင့် တိုင်းတာ၍မရသော၊ သဘာဝတရား၏ နက်နဲမှုကိုပင် ဖော်ပြ၍မရနိုင်သော ရှေးဦးကမ္ဘာဦးကာလ ကဲ့သို့ သဘောသဘာဝမျိုး ပါဝင်နေသည်။
စည်းမျဥ်းစည်းကမ်းများ အားလုံးသည် ယခုမှ စတင်ဖြစ်ပေါ်လာခဲ့ပြီး အရာအားလုံးသည် အနန္တဗလာအဖြစ်သို့ ရောက်ရှိသွားပေတော့မည်။
......
အပြင်ဘက်တွင် ။
ပြင်ပသန်မာသူများက စူးချန်ကဲအား ဝါးမြိုသွားသော ဖော့ရွှီသစ်ပင်ကို ဆဲဆိုနေကြသည်။
သို့သော် ရုတ်တရက် ၊ အမည်မသိနိုင်သော ရောင်ဝါကို သိရှိခံစားလိုက်ရပြီး ပြင်ပသန်မာသူတိုင်း ထိတ်လန့်သွားကာ မျက်လုံးများ ပြူးကျယ်သွားသည် ။
ဖော့ရွှီသစ်ပင်၏ ကိုယ်ထည်မှ အလွန်ကြောက်စရာကောင်းသော စွမ်းအားတစ်ခုကို သူတို့အားလုံး ခံစားလိုက်ရသည်။
စကားလုံးတစ်လုံးတည်းနဲ့ ဖော်ပြရလျှင်ဖြင့် - သေခြင်းတရား !
"မြန်မြန် ပြေး !!"
ပြင်ပသန်မာသူတစ်ဦးက အော်ဟစ်လိုက်သည်။
ဝုန်း !!!
ကြယ်ရောင်စုံ ကောင်းကင်တွင် အမြစ်တွယ်နေခဲ့သော သစ်ပင်ကြီးသည် ကြီးမားသော ပေါက်ကွဲမှုတစ်ခု ရုတ်ချည်းဆိုသလို ဖြစ်ပေါ်ခဲ့သည်။
မိုးကုတ်စက်ဝိုင်းကို ဖြတ်သန်းဝင်ရောက်လာသော ရောင်ခြည်များသည် လောကတစ်ခုလုံးကို လွှမ်းခြုံသွားသည်။
သစ်ပင်ကို ဗဟိုပြုလျက် ၊ ဤလျှို့ဝှက်ဆန်းကြယ်သောအလင်းရောင်၏ ဖုံးလွှမ်းမှုကို ခံလိုက်ရသော အရာအားလုံးတိုင်းသည် ပြာအဖြစ် ၊ ဗလာအဖြစ် ပြောင်းလဲခံလိုက်ရသည်။
နိယာမတရားများ ၊ ဝိညာဉ်စွမ်းအားများ၊ အာကာသအချိန် ၊ မည်သို့ပင်ဖြစ်စေ ၎င်းတို့သည်လည်း ထိုနည်းတူစွာပင်။
......
တစ်ချိန်တည်းမှာပင်၊ အာကာသတံခါးမှတဆင့် လုံခြုံသောနေရာသို့ ပြောင်းရွေ့ခံလိုက်ရသော မဟာဧကရာဇ်မင်းများ နှင့် ဧကရာဇ်အစောင့် စစ်သည်များသည်လည်း အဆိုပါကြီးမားသော ပေါက်ကွဲမှုကြီးကို မြင်တွေ့ခဲ့ရသည်။
ဤစွမ်းအားကို ဖော်ပြစရာစကားမရှိ ။ ဤမျှ ကြောက်စရာကောင်းသော အာကာသပေါက်ကွဲမှုကြီးကို သူတို့ တစ်ခါမှပင် မမြင်တွေ့ဖူးချေ။
ထိုပေါက်ကွဲမှုအတွင်း၌ အရာအားလုံးသည် ပျက်သုန်းသွားခဲ့ရသည်။
" အဲ့ဒီနေရာက ဖော့ရွှီသစ်ပင်ရှိတဲ့ ဦးတည်ရာဘက်ပဲ..."
အားလုံး၏အမူအရာများသည် သိသိသာသာ ပြောင်းလဲကုန်ကြသည်။
ကူကယ်ရာမဲ့စွာဖြင့် နာကျည်းဝမ်းနည်းစွာ အော်ဟစ်လိုက်ကြသည်။
" ချန်ကဲ မဟာဧကရာဇ်မင်း!"
မသိစိတ်က မိမိ၏ခွန်အားကို အစွမ်းကုန်အသုံးချလျက် ထိုနေရာကို ပြေးသွားချင်သော်လည်း ၊
သို့သော်၊ သူတို့အားလုံးသည် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ နှစ်ခုလုံး ပင်ပန်းနွမ်းနယ်နေပြီ ဖြစ်ရာ ၊ ဤကြောက်မက်ဖွယ်စွမ်းအားနှင့် ရင်ဆိုင်ရချိန်တွင် နည်းနည်းမှ မချဉ်းကပ်နိုင်ဘဲ အဝေးသို့ လွင့်ထွက်သွားကြသည်။
......
တစ်ဖက်တွင်။
လက်ရှိတွင် ကံကြမ္မာပင်လယ်တွင် တိုက်ပွဲဝင်နေကြသော စူးချန်ကဲ၏နောက်လိုက်များသည် ရုတ်ချည်းဆိုသလို ဝမ်းနည်းမှုကို ခံစားလိုက်ရသည်။
သူတို့အားလုံးနီးပါးသည် နယ်မြေပြင်ပစစ်မြေပြင်၏ ဦးတည်ရာဘက်ဆီသို့ မျှော်ကြည့်လိုက်ကြသည်။
အမည်မသိနိုင်သော အကြောင်းရင်းကြောင့် သူတို့၏ စိတ်နှလုံးသားထဲတွင် ထူးဆန်းသော ခံစားချက်တစ်ခုကို ခံစားခဲ့ရသည်။
အထူးသဖြင့် ၊ လော့ရန်ယွီသည် စိုးရိမ်ပူပန်နေသော အကြည့်များဖြင့် နယ်မြေပြင်ပစစ်မြေပြင်၏ ဦးတည်ရာဘက်ဆီသို့ မျှော်ကြည့်နေသည်။
ဤအခိုက်အတန့်တွင် နှလုံးသားတစ်ခုလုံး မွန်းကျပ်ကာ စိတ်မသက်မသာ ဖြစ်နေသောကြောင့် သူမ၏ရင်ဘက်ကို လက်ဖြင့်ဖိနှိပ်ထားသည်။
" ချန်ကဲ..."
.......
တစ်ချိန်တည်းမှာပင်။
ကွေးယွမ် သူတော်စင် နယ်မြေ။
မျဲ့ရှန်း ရှေးဘိုးဘေးသည် ရုတ်တရက် မျက်လုံးပွင့်လာပြီး ၊ သူ့မျက်လုံးများသည် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။
" ချန်ကဲရဲ့ အငွေ့အသက် ပျောက်သွားပြီ!"
စူးချန်ကဲသည် မည်မျှပြင်းထန်သည်ကို သူကောင်းကောင်းသိသည်။
ယခင်က တွက်ချက်မှုအရ ၊ မိမိတို့၏ တပ်ဖွဲ့သည် ဆုံးရှုံးမှုများဖြင့် ကြုံတွေ့နိုင်သော်လည်း ပျက်သုန်းမည့်ကိန်း မဟုတ်ချေ။
ဤသည်မှာ စူးချန်ကဲအတွက် လေ့ကျင့်မှုတစ်ခု ဖြစ်မည်ဟု ယူဆခဲ့သောကြောင့် သူတို့သည် တိုက်ပွဲတွင် ဝင်ရောက်မစွက်ဖက်ခဲ့ပေ။
သို့သော် ယခု ရလဒ်မှာ ......
မျဲ့ရှန်း ရှေးဘိုးဘေး၏ မျက်လုံးများသည် ကြောက်စရာကောင်းသော ပျက်သုန်းခြင်းအလင်းများဖြင့် တောက်ပနေပြီး ၊ ၎င်း၏ ဘေးပတ်ပတ်လည်တွင် ရှိနေသော သတ်ဖြတ်လိုသော စိတ်ဆန္ဒသည် အမှန်တကယ် ဖြစ်လာခဲ့သည်။
ဝုန်း !!!
တိုက်မြေ သုံးထောင်တစ်ဝှမ်းလုံးရှိ ကောင်းကင်ကြီးသည် သာမန်မျက်စိဖြင့် မြင်နိုင်သော အရှိန်အဟုန်ဖြင့် မှောင်မိုက်သွားသည်။
မရေမတွက်နိုင်သော မိုးခြိမ်းသံများသည် ဤကမ္ဘာလောကကြီးကို ဖျက်ဆီးပစ်တော့မည့်အတိုင်း ဖိအားများစွာနှင့် ဒေါသတကြီး ပစ်ချလေသည်။
" တိုက်မြေ ပြင်ပ!"
" ဇီဝတားမြစ်နယ်မြေ !"
"မင်းတို့ သိပ်သတ္တိရှိနေတယ်ပေါ့!!!"
အပိုင်း(၄၉၃): အခုကစပြီး တိုက်မြေပြင်ပ နယ်မြေနဲ့ ဇီဝတားမြစ်နယ်မြေကို ချေမှုန်းပစ်မယ်
ဤအခိုက်အတန့်တွင်၊
တိုက်မြေသုံးထောင် တစ်ခုလုံးကို မှောင်မဲနေသော တိမ်တိုက်များက ဖုံးလွှမ်းထားပြီး ၊ လျှပ်စီးများ ဝင်းလက်နေကာ ၊ ကောင်းကင်ကြီးတစ်ခုလုံးသည် အုံ့မှိုင်းကာ ကြောက်စရာကောင်းနေသည်။
သေခြင်းတရား၏ အေးစက်မှုသည် နေရာတိုင်းတွင် အရိပ်တစ်ခုလိုရှိနေပြီး ၊ လောကကြီးတစ်ခုလုံးကို လွှမ်းခြုံထားသော ရက်စက်ကြမ်းကြုတ်သော သတ်ဖြတ်လိုစိတ်သည် ပျက်သုန်းခြင်းမြစ်တစ်စင်းနှင့် တူပေသည်။
ဤကြောက်စရာကောင်းသော မြင်ကွင်းသည် တိုက်မြေ သုံးထောင်ရှိ မရေမတွက်နိုင်သော သက်ရှိသတ္တဝါများကို တုန်လှုပ်စေခဲ့သည်။
" ဒါ ဘာဖြစ်တာလဲ...!?"
" ငါ စောနကတော့ နယ်မြေပြင်ပစစ်မြေပြင်ကနေလာတဲ့ ကြောက်စရာကောင်းတဲ့ စွမ်းအင်အတက်အကျကို ငါ ခံစားလိုက်ရတယ်... မဟုတ်မှလွဲရော အဲ့ဒီမှာ တစ်ခုခုဖြစ်သွားတာလား!?"
"မဖြစ်နိုင်ဘူး! ဒီလောက်ထိ ကြောက်စရာကောင်းတဲ့ သတ်ဖြတ်ခြင်းက စွမ်းအားရှင်ပုဂ္ဂိုလ်တစ်ယောက်ရဲ့ လက်ချက်ပဲ ဖြစ်ရမယ်!"
"ဒါပေမဲ့... ဘယ်လိုစွမ်းအားရှင်ပုဂ္ဂိုလ်ကများ တိုက်မြေသုံးထောင် တစ်ခုလုံးကိုတောင် သက်ရောက်စေခဲ့တာလဲ?"
“........”
လူတိုင်း ဆွေးနွေးနေကြစဉ် ၊
ဝုန်း ! !
ကြောက်စရာကောင်းလောက်အောင် ထိန်လင်းတောက်ပနေသော နတ်ဘုရားတိုင်တစ်ခုသည် ကွေးယွမ်သူတော်စင် နယ်မြေ၏ အတွင်းပိုင်းထဲကနေ ထွက်ပေါ်လာပြီး ကောင်းကင်သို့ တည့်တည့် ပစ်ခွင်းဝင်ရောက်သွားသည်။
အဆုံးမရှိသော နိယာမစည်းမျဉ်းများနှင့် တာအိုစည်းချက်များသည် အထက်ကောင်းကင်ယံမှ ဖြည်းညှင်းစွာကျဆင်းလာခဲ့ပြီး အဆုံးတွင် ကြီးမားသော မှော်စက်ဝိုင်းတစ်ခုအဖြစ် ဖန်တီးခဲ့လေသည်။
သို့သော် လူတိုင်းက ဘာမှ မတုံ့ပြန်နိုင်သေးခင်။
ဝုန်း !
မှော်စက်ဝိုင်းထဲသို့ မရေမတွက်နိုင်သော လူများ ဆင်းသက်လာသကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော ရောင်ဝါများ ရုတ်ချည်း ထွက်ပေါ်လာသည်ကို မြင်တွေ့လိုက်ရသည်။
"ဒါ ၊ ဒါ... ကွေးယွမ် သူတော်စင်နယ်မြေက နောက်ထပ် တပ်ဖွဲ့ကြီးကို ထပ်ပြီး ဆင်းလာခိုင်းတာလား?"
" ရူးနေပြီ ၊ လုံးဝကို ရူးနေပြီပဲ ! သိပ်မကြာခင်ကမှ မကောင်းဆိုးဝါး မျိုးနွယ်စု နဲ့ ကောင်းကင်လမ်းစဉ် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က ကောင်တွေနဲ့ တိုက်ပွဲကြီး ဆင်နွဲထားတာလေ ၊ ခု နောက်ထပ်တိုက်ပွဲကြီး စတင်တော့မှာလား?"
" ဘုရားရေ! ကွေးယွမ် သူတော်စင်နယ်မြေရဲ့ အခြေခံအုတ်မြစ်က ဘယ်လောက်တောင် နက်သလဲ၊ သူတို့ရဲ့ တပ်ဖွဲ့က ဘယ်တော့မှ မကုန်နိုင်တော့ဘူးလား?"
"........"
တိုက်မြေသုံးထောင်ရှိ မရေမတွက်နိုင်သော သန်မာသူတိုင်း ခေါင်းနားပန်းကြီးကုန်ကြသည်။ လူတိုင်း အသက်မရှုဝံ့ဘဲ ကောင်းကင်ယံပေါ်က မှော်စက်ဝိုင်းကြီးကိုသာ စိုက်ကြည့်နေကြသည်။
တစ်ဖန် ကျယ်လောင်သော မိုးခြိမ်းသံနှင့်အတူ ၊
ဝုန်း ဝုန်း ! !
ရုတ်တရက်။
ကောင်းကင်နှင့် မြေကြီးတစ်လျှောက် ဗုံတီးသံများ ထွက်ပေါ်လာပြီး သတ်ဖြတ်ခြင်း အငွေ့အသက်တို့သည် နေရာအနှံ့ ပျံ့နှံ့သွားသည်။
မှော်စက်ဝိုင်းထဲတွင် လက်နက်များကို ကိုင်ဆောင်ထားသော မရေမတွက်နိုင်သော စစ်သည်တော်များစွာ ပေါ်ထွက်လာသည်ကို တွေ့လိုက်ရသည်။
၎င်းတို့ဝတ်ဆင်ထားသော ချပ်ဝတ်တန်ဆာသည် ကြည်လင်တောက်ပနေသည်။
အလင်းရောင်၏ ရောင်ပြန်ဟပ်မှုအောက်တွင် လူကို ရင်သပ်ရှုမောဖွယ်ရာဖြစ်စေသည်။
အထူးသဖြင့် ၊ ၎င်းတို့သည် တညီတညွတ်တည်း ချီတက်လာကြသော ကောင်းကင်ဘုံစစ်သည်တော်များ ကဲ့သို့ပင်။
တချက်ကြည့်ရုံဖြင့် ၊ ၎င်းတို့သည် ရှုံးပွဲမရှိသော မရေမတွက်နိုင်သော တိုက်ပွဲများကို ဆင်နွှဲခဲ့ကြမှန်း တွေ့မြင်နိုင်သည်။
စစ်ဗုံ၏ စည်းချက်သံနှင့်အတူ ၊ ကြီးမားသော တပ်ဖွဲ့ကြီးသည် စကြာဝဠာကို ဖြတ်ကျော်ကာ ဆင်းသက်လာခဲ့သည်။
ဤအခိုက်အတန့်တွင် ၊ လောကကြီးတစ်ခုလုံး သတ်ဖြတ်ချင်စိတ်များဖြင့် ပွက်ပွက်ဆူနေသည်မှာ ကမ္ဘာကြီးကို တုန်လှုပ်စေပြီး နတ်ဘုရားများကိုတောင် ခြိမ်းခြောက်နေသဟန်ပင်။
တိုက်မြေ သုံးထောင်ရှိ သက်ရှိသတ္တဝါအားလုံးသည် ကောင်းကင်ကြီးကို ငေးမောကြည့်နေကြသည်။
" ကွေးယွမ် သူတော်စင်နယ်မြေ က ရေ....ဘယ်လောက်တောင် နက်ရှိုင်းလဲ?!"
ယခင်စစ်ပွဲကြီး အပြီးတွင် ၊ ကွေးယွမ် သူတော်စင် နယ်မြေ၏ အင်အားသည် ကုန်ဆုံးသွားခဲ့ပြီဟု ထင်ထားခဲ့သော်လည်း ၊ ယခုမြင်ကွင်းအရ ကွေးယွမ် သူတော်စင်နယ်မြေသည် လူတိုင်းတွေးထားတာထက် ကျော်လွန်နေသည်မှာ ထင်ရှားသည်။
ယခုအချိန်တွင်။
ပြည့်ကျပ်စွာရှိနေသော စစ်သည်တော်တို့သည် ကွေးယွမ် ဘိုးဘွားပိုင်နက်ဆီသို့ ဦးညွှတ်လိုက်ကြသည်။
"ကွေးယွမ် တာအိုတပ်ဖွဲ့ ၊ ဆင့်ခေါ်တဲ့အတိုင်း ရောက်လာခဲ့ပြီ ၊ ကွေးယွမ် သူတော်စင်နယ်မြေ အတွက် ရန်သူအားလုံးကို သတ်ပစ်ဖို့ဆန္ဒရှိပါတယ်!"
မြင်းတပ်သားများသည် စုရုံးကာ အသားကုန် ကြွေးကြော်လာခဲ့ကြသည်။
တစ်ချိန်တည်းမှာပင်။
ဝုန်း ! !
ကွေးယွမ် သူတော်စင်နယ်မြေ၏ အတွင်းပိုင်းထဲမှ ၊
တောက်လောင်လာသော နတ်အလင်းများ အဆုံးမရှိ ထွက်ပေါ်လာပြီး ၊ ကြောက်မက်ဖွယ်ကောင်းသော နိယာမစွမ်းအားများသည် ကမ္ဘာတစ်ခုလုံးကို ဝါးမြိုတော့မည့်အတိုင်းပင်။
ကြောက်မက်ဖွယ်ကောင်းသော ရောင်ဝါများ သက်ဝင်လှုပ်ရှားနေသည်မှာ လွန်စွာအားကောင်းသော အင်အားတစ်ရပ် ဆင်းသက်လာပြီဟု ကြေညာနေပုံရသည်။
ဤမျှ ကြောက်စရာကောင်းသော တဂျိန်းဂျိန်း ပစ်ခတ်နေသည့် လျှပ်စီးမိုးကြိုးများသည် တဖြည်းဖြည်း တိတ်ဆိတ်သွားခဲ့သည်။
"ဒီရောင်ဝါက... ဒဏ္ဍာရီလာ လွတ်မြောက်သူ..!"
ခေတ်ဟောင်း အင်အားစုခေါင်းဆောင်အချို့သည် ထိုအရာကို သတိထားမိခဲ့ကြပြီး၊ ၎င်းတို့၏ မျက်နှာများသည် မယုံကြည်နိုင်စရာများဖြင့် ပြည့်နှက်နေသည်။
" ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...!?"
" လက်ရှိ တိုက်မြေ သုံးထောင်ရဲ့ လောကနိယာမ တရားတွေက အားနည်းနေတာ ၊ ဘယ်လိုလုပ်ပြီး လွတ်မြောက်သူ ထွက်ပေါ်လာနိုင်တာလဲ?!"
ထိုအချိန်တွင်၊ နတ်ဘုရားများကဲ့သို့ ကောင်းကင်ပြင်ရှိ နိယာမသမုဒ္ဒရာထဲမှ ကြောက်စရာကောင်းသော ရုပ်ပုံသဏ္ဍာန်များစွာ ထွက်ပေါ်လာသည်။
ကွေးယွမ် သူတော်စင်နယ်မြေ၏ ဘိုးဘေးများစွာက ဦးဆောင်ထားပြီး ၊ လူတိုင်း၏ကိုယ်ပေါ်တွင် ဝန်းရံနေသော သတ်ဖြတ်လိုစိတ်များသည် လျှပ်စီးများလို တဖျပ်ဖျပ် ဝင်းလက်တောက်ပနေပြီး အာကာသ ဟင်းလင်းပြင်ကို ကွဲအက်သွားစေသည်။
ဤကြောက်မက်ဖွယ်ကောင်းသော အင်အားတစ်ရပ်ကြောင့် ကောင်းကင်တစ်ခုလုံး ပြိုကျလုနီးပါးဖြစ်နေပြီ ဖြစ်သည်။
ခေါင်းဆောင်သူ ကွေးယွမ်ဘိုးဘေး၏ မျက်နှာသည် အလွန်ကို အေးစက်နေပြီး ၊ သူသည် အေးစက်စွာဖြင့် အမိန့်ထုတ်ပြန်ခဲ့သည်။
"သွား၊ အခုကစပြီး"
" တိုက်မြေပြင်ပ နယ်မြေကို နင်းချေပြီး !"
" ဇီဝတားမြစ်နယ်မြေကို ဖျက်ဆီးပစ်မယ် !"
.......
ထိုစကားများ ထွက်လာသည်နှင့် ။
လောကကြီးတစ်ခုလုံး အေးခဲသွားပုံရပြီး လေထုသည် တိတ်ဆိတ်ငြိမ်သက်သွားသည် ။
တိုက်မြေ သုံးထောင်ရှိ စွမ်းအားရှင်တိုင်း မယုံကြည်နိုင်မှုအပြည့်ဖြင့် ၎င်းတို့၏ မျက်လုံးများကို ကျယ်ကျယ်ဖွင့်ကာ စိုက်ကြည့်နေကြသည်။
တိုက်မြေပြင်ပကို နင်းချေမတဲ့လား!?
ဇီဝတားမြစ်နယ်မြေကို ဖျက်ဆီးပစ်မယ်တဲ့လား!?
နယ်မြေပြင်ပစစ်မြေပြင်ရှိ နယ်မြေမငြိမ်မသက်မှုသည် နှစ်ပေါင်းမရေတွက်နိုင်အောင် တိုက်မြေ သုံးထောင်ကို ဒုက္ခပေးခဲ့သည်။
ကောင်းကင်ဘုံကိုးထပ်၏ အထက် ဖြစ်တည်မှု၊ အမတနယ်မြေ ရောက်ရှိလာခြင်းကို စောင့်ဆိုင်းပြီးသည်နှင့် တိုက်မြေ သုံးထောင်မှ လူများကို ရိတ်သိမ်းမည်ဟု ကြွေးကြော်ထားသော ဇီဝတားမြစ်နယ်မြေသာဆိုရင်ဖြင့် စကားနဲ့တောင် ထည့်ပြောစရာမလိုချေ။
ယခု ကွေးယွမ် သူတော်စင် နယ်မြေသည် ဤမျှ အလွန်ကြောက်စရာကောင်းသော အင်အားနှစ်ခုကို ဖျက်ဆီးပစ်မည်ဟု အမှန်တကယ် ကျိန်းဝါးခဲ့သည်။
" အမိန့်အတိုင်း ကျွန်တော်တို့ လိုက်နာပါ့မယ်!"
ကွေးယွမ် သူတော်စင် နယ်မြေ၏ အဆုံးမဲ့ တပ်ဖွဲ့ကြီးသည် နည်းနည်းမှ တွန့်ဆုတ်မသွားခဲ့ပေ။
တခဏအတွင်းမှာပင် ၊ ထောင်ပေါင်းများစွာသော စစ်သင်္ဘောများသည် ကောင်းကင်သို့ ဝင်ရောက်လာပြီး ၊ ဟင်းလင်းပြင်ကွက်လပ်တွင် နိယာမလှိုင်းတံပိုးများ ရိုက်ခတ်သွားသည်။
ဒဏ္ဍာရီလာငှက်များနှင့် သားရဲမျိုးစုံကို စီးနင်းလာသော မရေမတွက်နိုင်သော အုပ်စုများသည် မုန်တိုင်းတစ်ခုသဖွယ် အာကာသအနှံ့ ဖြတ်ကျော်ဝင်ရောက်လာခဲ့သည်။
ကွေးယွမ်ဘိုးဘေးများ၏ ဦးဆောင်မှုအောက်တွင် ကောင်းကင်သို့ တိုက်ရိုက်ဦးတည်သော လမ်းကြောင်းများ အသီးသီး ထွက်ပေါ်လာသည်။
မြင်းတပ်သားများသည် တိုက်မြေပြင်ပ နှင့် ဇီဝတားမြစ်နယ်မြေဆီသို့ ဦးတည်ကာ ချီတတ်နေကြသည်။
လေထဲသို့ ဖောက်ထွင်းဝင်ရောက်လာသော
တုနှိုင်းမဲ့တပ်ဖွဲ့ကြီးကြောင့် သန်မာသူပုဂ္ဂိုလ်များ၏ စိတ်နှလုံးသားသည်ပင် တုန်လှုပ်သွားခဲ့ရသည်။
" ကြည့်ရတာ ၊ ကြောက်စရာကောင်းတဲ့ ကိစ္စတစ်ခုခုဖြစ်သွားပုံပဲ..."
" နယ်မြေပြင်ပစစ်မြေပြင်မှာ ဘာဖြစ်သွားတာလဲ ၊ ကွေးယွမ် သူတော်စင်နယ်မြေက ဘာလို့ ဒီလောက်တောင် ဒေါသတကြီး တုံ့ပြန်လာရတာလဲ"
" မဟုတ်မှလွဲရော ၊တစ်ယောက်ယောက်ကများ ကွေးယွမ်ရဲ့ အသက်ကို ထိမိလိုက်တာများလား..."
လူတိုင်းအတွေးများနေကြသည်။
ကွေးယွမ်၏ အသက်အကြောင်း ဖော်ပြရလျှင်ဖြင့် ။
တစ်ခုတည်းသာ ရှိသည်။
ကွေးယွမ် သူတော်စင် နယ်မြေ၏ ဆက်ခံသူ၊ စူးချန်ကဲ!
" မဟုတ်မှလွဲရော စူးချန်ကဲ..."
တချို့သော သန်မာသူများမှာဖြင့် ဆက်ပြီးတောင် မတွေးဝံ့ကြပေ။ စူးချန်ကဲ၏ ခွန်အားသည် မည်မျှတောင် အားကောင်းလေသနည်း။ ထိုအရာကို တိုက်မြေသုံးထောင်တစ်ခုလုံး သက်သေခံနိုင်သည်။
အကယ်၍ တစ်စုံတစ်ခု ဖြစ်ခဲ့ပါက ၊ တိုက်မြေသုံးထောင် တစ်ခုလုံး ဇောက်ထိုးမိုးမျှော်တွေ ဖြစ်ကုန်တော့မှာ မဟုတ်ဘူးလား!?
........
တစ်ချိန်တည်းမှာပင်။
နယ်မြေပြင်ပစစ်မြေပြင်။
နယ်မြေအလယ်တွင် အမြစ်တွယ်ထားသော ဖော့ရွှီသစ်ပင်ကြီးသည်လည်း တဖြည်းဖြည်း ပြိုကျကာ ပျောက်ကွယ်သွားခဲ့သည်။
အမှောင်ထု၏ နိယာမစည်းမျဉ်းများသည်လည်း တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။
မရေမတွက်နိုင်သော တပ်ဖွဲ့များနှင့် ကွေးယွမ် သူတော်စင် နယ်မြေ၏ စစ်ကူများသည် ဤစစ်မြေပြင်သို့ အောင်မြင်စွာ ဝင်ရောက်လာခဲ့ကြသည်။
သူတို့ရှေ့က မြင်ကွင်းသည် လူကို ထိတ်လန့်စေသည့်အထိ ဖြစ်စေသည်။
နေရာတစ်ခုလုံးက သွေးများဖြင့်စွန်းထင်းနေပြီး ၊ အလောင်းများသည် အထပ်လိုက် စုပုံနေကာ သွေးများက မြစ်တစ်စင်းသဖွယ် စီးဆင်းနေသည်။
ဤမြေပြင်၌ ရှိနေသော သွေး နှင့် သေခြင်းတရားတို့၏ အနံ့ အသက်တို့သည် အတော်လေး ရွံရှာဖွယ်ကောင်းလှသည် ။
လှံ ၊ ဓားစသော လက်နက်တို့၏ တိုက်ခိုက်သံများက အဆက်မပြတ် ထွက်ပေါ်လာပြီး သေသူများ၏ ငိုကြွေးသံများကို တိမ်မြုပ်သွားစေခဲ့သည်။
အခြားတစ်ဖက်တွင် ။
ဝုန်း !!
တိ့ကျန့် မဟာဧကရာဇ်မင်း ဦးဆောင်သော ကွေးယွမ် သူတော်စင် နယ်မြေမှ မဟာဧကရာဇ်မင်းများစွာသည် ကြယ်နက္ခတ်တာရာများနှင့် စကြဝဠာကို ချိုးဖျက်ကာ ဖြတ်သန်းဝင်ရောက်လာကြသည်။
အလွှာအထပ်ထပ် ဖောက်ထွင်းပျက်စီးလျက် အာကာသရပ်ဝန်းများ ဆက်တိုက်ဆိုသလို ကွဲအက်ပြိုကျလျက်ရှိသည်။
အခက်အခဲများစွာ ကြုံဆုံပြီးနောက်၊ သူတို့သည် ဖော့ရွှီသစ်ပင်တည်ရှိရာနေရာသို့ ရောက်ရှိလာခဲ့သည်။
ပြိုကျပျက်စီးနေသော ဟင်းလင်းပြင် အက်ကွဲကြောင်းများမှလွဲ၍ စူးချန်ကဲ၏ အငွေ့အသက်ကို နည်းနည်းလေးမှ ရှာမတွေ့ခဲ့ချေ။
ဤမြင်ကွင်းသည် မဟာဧကရာဇ်မင်းတို့၏ မျက်လုံးများကို နီရဲသွားစေသည်။
တိ့ကျန့် မဟာဧကရာဇ်မင်းသည် သွားများကို ခပ်တင်းတင်း အံကြိတ်ထားပြီး ၊ အလွန်အေးစက်သော အသံကို ညှစ်ထုတ်ကာ အော်ဟစ်ပြောဆိုလိုက်သည်။
" ရှာကြ ၊ အသက်ရှင်နေရင် လူကိုတွေ့ရမယ် ၊ သေရင် အလောင်းကို တွေ့ရမယ် !"
"ပြင်ပနယ်မြေတစ်ခုလုံးကို သုံးပေတူးပြီးရှာထုတ်ရမယ်ဆိုတော့ စူးချန်ကဲကို ရအောင်ရခဲ့ကြ!"