အတွင်းနတ်ဆိုးကို ဖြေဖျောက်ခြင်း
Vol. 18 Ch. 199
၎င်းမှာ အလွန်တိုတောင်းသော မှတ်ဉာဏ်တစ်ခု သို့မဟုတ် သေတမ်းစာတစ်ခုပင် ဖြစ်သည်။
ထန်ထျန်းက ၎င်းကို ဖွင့်ကြည့်လိုက်သောအခါ ဝါးတောတာအိုဆရာ၏ ရုပ်သွင်ကို နောက်ဆုံးတွင် မြင်တွေ့လိုက်ရသည်။
သူက ကြင်နာတတ်သော အဘိုးအိုတစ်ဦးဖြစ်ပြီး သိက္ခာရှိကာ နူးညံ့သိမ်မွေ့သူ ဖြစ်သည်။ မျက်နှာတွင် အမြဲတမ်း အပြုံးခပ်ဖွဖွ ရှိနေတတ်ပြီး လူတိုင်းကို နွေးထွေးသော ခံစားချက် ပေးစွမ်းနိုင်သူ ဖြစ်သည်။
ထန်ထျန်းက သူ့ အရှိန်အဝါကို ဖျောက်ထားပြီး မှတ်ဉာဏ်အပိုင်းအစထဲမှ ဝါးတောတာအိုဆရာက သူ့ကို မြင်တွေ့နိုင်ခြင်း မရှိအောင် ပြုလုပ်ထားသည်။
စစ်ဆေးကြည့်ပြီးနောက် ပြဿနာမရှိသည်ကို အတည်ပြုပြီးမှ သေတ္တာလေးကို ပြန်ပိတ်လိုက်သည်။
ဤသည်မှာ ဝါးတောတာအိုဆရာနှင့် ချီယွမ်တို့ကြားက သံယောဇဉ်ဖြစ်ရာ သူ့ အနေဖြင့် ဝင်စွက်ဖက်ရန် မလိုအပ်ပေ။
"စိတ်ချပါ၊ ဘာပြဿနာမှ မရှိပါဘူး။"
လုချန်းကျီက ပြောသည်။ "ငါက အတိတ်က ကိစ္စတွေကို အဆုံးသတ်ပေးချင်ရုံတင်ပါ။"
" ဒါက အဖိုးရဲ့ နောက်ဆုံးဆန္ဒလည်း ဖြစ်နေလို့ပေါ့။"
ထန်ထျန်း စကားမပြောပေ။
သူနှင့် လုချန်းကျီကြားက ပဋိပက္ခမှာ ရာထူးပြိုင်ဆိုင်မှုအတွက်သာ ဖြစ်သည်။
ယခုအခါ ထိုရာထူးကိစ္စမှာလည်း အဖြေထွက်သွားပြီဖြစ်ရာ ချီယွမ်ကို အသုံးချပြီး တစ်ခုခု ထပ်လုပ်ရန် လုချန်းကျီတွင် အကြောင်းပြချက် မရှိတော့ပေ။
သူက သေချာစွာ ထပ်မံစစ်ဆေးပြီးနောက်တွင်လည်း တစ်စုံတစ်ရာ ပြဿနာရှိသည်ကို မတွေ့ရပေ။
"အကယ်၍ မင်း မယုံဘူးဆိုရင် ချီယွမ်ကို အခုပဲ ခေါ်လာလို့ရတယ်။"
" တစ်ခုခု ထူးခြားတာနဲ့ မင်း ငါ့ကို တိုက်ရိုက် သတ်ပစ်လိုက်ရုံပဲ။ "
"ငါ ဒီမှာပဲ စောင့်နေပေးမယ်၊ ဒါမှမဟုတ် မင်းနဲ့အတူ လိုက်ခဲ့ပေးမယ်။"
လုချန်းကျီက ပြော သည်။
ထန်ထျန်းက သူ့ကို တစ်ချက်ကြည့်ကာ တည်ငြိမ်စွာပင် "မလိုဘူး"
ထို့နောက် သူက လက်ညှိုးဖြင့် တစ်ချက်ထိုးလိုက်ရာ လေထဲ၌ ဟင်းလင်းပြင်လှိုင်းများ ရုတ်တရက် ပေါ်ထွက်လာသည်။
ထို့နောက်တွင်မူ သတိမေ့မြောနေဆဲဖြစ်သော ချီယွမ်က သူတို့ရှေ့၌ ပေါ်လာခဲ့တော့သည်။
လုချန်းကျီမှာ မှင်တက်သွားပြီး "ဝိုး... မင်းက လူတစ်ယောက်လုံးကို မင်းနားမှာ တစ်ပါတည်း ခေါ်ထားနိုင်တာလား"
" မင်းကတော့ တကယ်ပဲ ထူးခြားဆန်းပြားတဲ့ နည်းလမ်းတွေ တစ်ခုပြီးတစ်ခု ရှိနေတာပဲ။"
" အခုတော့ မင်းနဲ့ ရန်သူဖြစ်မိတာကို နည်းနည်း နောင်တရလာပြီ။ အကယ်၍ မင်းက အငြိုးအတေးကြီးတဲ့သူဆိုရင် ငါ ချီယွမ်ကို ကယ်ပေးရင်တောင် ငါတော့ သေပြီ ထင်တာပဲ။ "
"မင်း အဲ့ဒီလောက်အထိတော့ မရက်စက်ဘူး မဟုတ်လား"
သူက ထန်ထျန်းကို အနည်းငယ် ထိတ်လန့်ဟန်ဖြင့် ကြည့်နေသော်လည်း ၎င်းမှာ တမင် ဟန်ဆောင်နေခြင်းလားဆိုသည်ကိုမူ မသိနိုင်ပေ။
ထန်ထျန်းက သူ့ကို လျစ်လျူရှုထားပြီး ခုခံသည့် အစီအရင်တစ်ခု ပြုလုပ်ကာ ချီယွမ်ကို နှိုးရန် ပြင်လိုက်သည်။
မနေ့ညက သူသည် ချီယွမ်ကို ယွင်ခုံးအား စောင့်ရှောက်ခိုင်းထားခဲ့သော်လည်း အစည်းအဝေးသို့ လူကြီးများ သွားကြချိန်တွင် သူက ချီယွမ်ကို သူ၏ ကမ္ဘာငယ်လေးထဲသို့ ပြောင်းရွှေ့ထားခဲ့ခြင်း ဖြစ်သည်။
ထိုနေရာတွင် သက်ရှိများကို ထားရှိနိုင်သဖြင့် ချီယွမ်၏ ဘေးကင်းရေးအတွက် ထိုသို့ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
ထန်ထျန်းက အင်မော်တယ်စွမ်းအားတစ်ခုကို ထုတ်လွှတ်ပြီး ချီယွမ်၏ စိတ်အာရုံထဲသို့ ထည့်သွင်းပေးလိုက်သည်။
ပိတ်ထားသော အသိစိတ်များမှာ လျင်မြန်စွာ နိုးထလာခဲ့သည်။
သို့သော် ချီယွမ်၏ အသိစိတ်မှာ ဝေဝါးနေဆဲဖြစ်ပြီး အတွင်းနတ်ဆိုးက သူ့ကို လုံးဝ လွှမ်းမိုးထားဆဲ ဖြစ်သည်။
ချီယွမ် နိုးလာသည်နှင့် သူက မည်သူ့ကိုမျှ မမှတ်မိဘဲ ထပ်မံ ရူးသွပ်သွားပေလိမ့်မည်။
ထန်ထျန်းက အာရုံစိုက်ကာ စောင့်ဆိုင်းနေသည်။ ချီယွမ် မျက်လုံးပွင့်လာပြီး ရူးသွပ်တော့မည့် ဆဲဆဲတွင် သေတ္တာလေးကို ဖွင့်ကာ ဝါးတောတာအိုဆရာ ချန်ထားခဲ့သော မှတ်ဉာဏ်အပိုင်းအစများကို ချီယွမ်၏ ရှေ့မှောက်၌ အကုန် ချ ပြလိုက်သည်။
ချီယွမ်၏ မျက်လုံးများမှာ နီမြန်းနေပြီး အသက်စွမ်းအားများကို လောင်မြိုက်စေကာ အချုပ်အနှောင်များမှ ရုန်းထွက်ရန် ကြိုးစားနေသည်။
သို့သော် နောက်တစ်ခဏ၌ သူက မယုံကြည်နိုင်စရာ မြင်ကွင်းတစ်ခုကို မြင်တွေ့လိုက်ရသလိုပင် တစ်ကိုယ်လုံး တုန်ယင်သွားပြီး မှင်တက်သွားခဲ့သည်။
တစ်ချိန်တည်းမှာပင် အတွင်းနတ်ဆိုး၏ မှောင်မိုက်မှုများကို ခွင်းလျက် ကြည်လင်သော အသိစိတ်တစ်ခု သူ၏ မျက်လုံးများထဲ၌ ပြန်လည် ပေါ်ထွက်လာခဲ့သည်။
"လူအိုကြီး ..."
ချီယွမ်က အက်ရှရှအသံဖြင့် ထိုစကားလုံးကို ခက်ခဲစွာ ပြောလိုက်သည်။
ထို့နောက်တွင်မူ သူ၏ မျက်လုံးများမှ သွေးမျက်ရည်များ စီးကျလာခဲ့တော့သည်။
ထိုအချိန်တွင် ထန်ထျန်းက အစီအရင် နောက်တစ်ခုကို ထပ်မံပြုလုပ်ပြီး အတွင်း၌ ဖြစ်ပျက်သမျှကို အပြင်နှင့် လုံးဝ အဆက်အသွယ် ဖြတ်ထားလိုက်သည်။
ချီယွမ်၏ မျက်လုံးများမှာ တဖြည်းဖြည်း ကြည်လင်လာပြီး နောက်ဆုံးတွင် ဒူးထောက်လျက် အော်ဟစ်ငိုကြွေးနေသည်ကိုသာ တွေ့ရတော့သည်။
အတွင်းနတ်ဆိုးများမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး အသိစိတ်မှာ ပြန်လည် နိုးထလာခဲ့ပြီ ဖြစ်သည်။
"အဖိုးက သူ့အတွက် ဘာ စကားတွေ ချန်ထားခဲ့လဲဆိုတာ မင်း မသိချင်ဘူးလား"
လုချန်းကျီက မေးသည်။
ထန်ထျန်းက ခေါင်းခါပြလိုက်သည်။
"ဒါက သူ့ရဲ့ အတိတ်ကိစ္စတွေပဲ။"
ပြောပြီးသည်နှင့် သူက လုချန်းကျီ၏ ပခုံးကို ဆွဲကိုင်ကာ ရေတွင်းအပြင်ဘက်သို့ အတင်းအကျပ် ခေါ်ထုတ်လာခဲ့ပြီး ကျန်ရှိသည့် အချိန်များကို ချီယွမ် တစ်ဦးတည်းအတွက်သာ ချန်ထားပေးလိုက်သည်။
သို့သော် သူ၏ အာရုံကတော့ ချီယွမ်ထံမှ လုံးဝ မခွာပေ။
အပြင်သို့ ရောက်သောအခါ လုချန်းကျီက ချက်ချင်းပင် နောက်သို့ ဆုတ်ကာ ရင်ဘတ်ကို ဖိလျက် "လန့်လိုက်တာ။ "
"မင်းက ပြီးရင် နွားကို သတ်သလိုမျိုး ငါ့ကို သတ်ပစ်တော့မယ် ထင်နေတာ။"
ထန်ထျန်းက သူ့ကို တစ်ချက်ကြည့်ကာ "ငါ့မှာ တကယ်ပဲ အဲ့ဒီလို အတွေးရှိတယ်။"
" မင်းက ငါ့ကို အကြိမ်ကြိမ် တိုက်ခိုက်ခဲ့သလို ချီယွမ်ကို သုံးပြီးတော့လည်း ငါ့ကို ဖိအားပေးခဲ့တယ်။"
" မင်းကို သတ်ဖို့အတွက် ငါ့မှာ အကြောင်းပြချက်တွေ အများကြီး ရှိနေပြီးသားပဲ။"
လုချန်းကျီက နောက်သို့ ထပ်ဆုတ်ကာ "လူအချင်းချင်း ဒီလို မလုပ်သင့်ဘူးလေ။"
" ငါတို့က အရင်က ပြိုင်ဘက်တွေဖြစ်နေလို့ ငါက မင်းကို တားဆီးဖို့ တစ်ခုခု လုပ်ခဲ့တာပေါ့၊ ဒါပေမဲ့ မင်းအသက်ကို ရန်ရှာဖို့တော့ ငါ တစ်ခါမှ မတွေးခဲ့ပါဘူး။"
" ပြီးတော့ ချီယွမ် ကိစ္စကလည်း လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ရာကျော်က အငြိုးကို ပြေချင်လို့ပါ။ "
"အခုတော့ သူ့ကို အတွင်းနတ်ဆိုးကနေ လွတ်အောင် ကူညီပေးပြီးပြီဆိုတော့ အပြစ်တွေ ကျေပြီလို့ ပြောလို့ရတာပေါ့။"
" မင်းက ဒီလောက်အထိ ရက်စက်ပြီး ငါ့ကို မသတ်နဲ့လေ"
သူ၏ ဟန်ဆောင်နေသော အမူအရာများကို ကြည့်ရင်း ထန်ထျန်းက မျက်လုံးမှေးလိုက်သည်။
"မဟန်ဆောင်ပါနဲ့တော့။"
" မင်းက ခရမ်းရောင်ဝါးခြံဝင်းကို တစ်ယောက်တည်း လာရဲတယ်ဆိုကတည်းက လွတ်အောင် ထွက်ပြေးနိုင်မယ့် နည်းလမ်း ရှိပြီးသားပဲ မဟုတ်လား"
" မင်းမှာလည်း ဖုံးကွယ်ထားတဲ့ စွမ်းအားတွေ ရှိတယ်ဆိုတာ ငါသိတယ်။"
" ဒါပေမဲ့ မင်း ငါ့ကို ဒီလိုမျိုး ထပ်ပြီး စိတ်အနှောင့်အယှက် ပေးနေဦးမယ်ဆိုရင်တော့ မင်းရဲ့ ပြင်ဆင်မှုတွေက လုံလောက်ရဲ့လားဆိုတာ ငါကိုယ်တိုင် စမ်းသပ်ကြည့်ဖို့ ဝန်မလေးဘူးနော်။"
ထန်ထျန်း၏ စကားထဲမှ အေးစက်မှုကို ခံစားလိုက်ရသောအခါ လုချန်းကျီမှာ ခဏမျှ ကြောင်သွားပြီးမှ မူလပုံစံသို့ ပြန်ပြောင်းလိုက်သည်။
"ဟားဟား၊ သိပ်ပြီး စိတ်ထဲ မထားပါနဲ့ကွာ။"
"နှစ်ပေါင်း တစ်ရာကြာပြီးမှ ဒီခြံဝင်းထဲကို ပြန်ရောက်လာတာဆိုတော့ အရင်တုန်းကလိုမျိုး ခံစားချက်တွေ ပြန်ဝင်လာလို့ပါ။"
" ကောင်းပါပြီ၊ မင်း မကြိုက်ရင် ငါ အဲ့ဒီလို မပြောတော့ဘူး။"
ပြောပြီးသည်နှင့် သူက ရှေ့သို့ လှမ်းလာခဲ့သည်။
ယခုတစ်ခါတွင်မူ သူက သစ်ပင်အောက်၌ မထိုင်တော့ဘဲ ကျောက်စားပွဲ၌ ထန်ထျန်းနှင့် မျက်နှာချင်းဆိုင် ထိုင်လိုက်သည်။
"မင်းက ငါမြင်ဖူးသမျှထဲမှာ အထူးဆန်းဆုံးနဲ့ စိတ်ဝင်စားစရာ အကောင်းဆုံးလူပဲ။ "
"မင်းနဲ့သာ စောစော သိကျွမ်းခဲ့ရင် ကောင်းမှာပဲ။"
လုချန်းကျီက သက်ပြင်းချရင်း ပြော သည်။
ထန်ထျန်းက နှာခေါင်းရှုံ့လိုက်ကာ "တွေ့တော့ တွေ့ခဲ့သားပဲ"
" ဒါပေမဲ့ ပထမဆုံး တွေ့ကတည်းက မင်းက ငါ့ကို တိုက်ခိုက်ဖို့ပဲ လုပ်နေတာလေ။"
လုချန်းကျီက အရှက်ရသလို ပြုံးလိုက်သည်။
ထိုစဉ်က အဖြစ်အပျက်များမှာ တိုက်ဆိုင်မှုများကြောင့် ဖြစ်သည်။
ထန်ထျန်းက တစ်နှစ်အတွင်းမှာပင် ဤမျှအထိ တိုးတက်လာလိမ့်မည်ဟု မည်သူက ခန့်မှန်းနိုင်မည်နည်း။
"အခုတော့ မင်းက အဲ့ဒီရာထူးကို ရသွားပြီ။ ချင်းယွဲ့ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ဟောင်းကလည်း ပြန်လာဖို့ မရှိသလောက်ပဲ၊ ယွင်ခုံးကလည်း ဂိုဏ်းချုပ်သစ် ဖြစ်လာဖို့ဆိုတာ အလှမ်းဝေးနေသေးတယ်။ "
"နောက်ပိုင်း အချိန်အတော်ကြာအထိ မင်းက ဒီဂိုဏ်းမှာ သြဇာ အကြီးဆုံးလူ ဖြစ်လာတော့မယ်။ မဟာအကြီးအကဲနဲ့ အင်မော်တယ် အကြီးအကဲတွေတောင် မင်းစကားကို နားထောင်ရတော့မှာ။ "
"ဒါတောင်မှ မင်းက ထျန်းဖူနန်းတော်ကို သွားဖို့ စိတ်ကူးထားတုန်းပဲလား"
လုချန်းကျီက မေးသည်။
သို့သော် ထန်ထျန်း ပြန်မဖြေမီမှာပင် သူက ဆက်ပြောသည်။ "မင်း သေချာပေါက် သွားမှာပါ။ "
"မင်းအတွက်တော့ ချင်းယွဲ့ဂိုဏ်းက သေးလွန်းတယ်၊ ထျန်းဖူနန်းတော်ကမှ မင်းအတွက် တကယ့် စင်မြင့်ကြီးပဲ"
" မဟုတ်လား"
ထန်ထျန်းက ဘာမှမပြောဘဲ ဝန်ခံလိုက်သည်။
ထျန်းဖူနန်းတော်ကို သူ သေချာပေါက် သွားမည်ဖြစ်ပြီး အဆင်သင့်လည်း ဖြစ်နေပြီဖြစ်သည်။
ဂိုဏ်းပေါင်းစုံ တိုက်ပွဲ မှာ အောင်မြင်ခဲ့သည့် တပည့်များနှင့်အတူ သူ လိုက်သွားပေလိမ့်မည်။
"ငါ သိနေတယ်။"
လုချန်းကျီက သက်ပြင်းရှည်ကြီးကို ချလိုက်သည်။
"မင်းက တကယ်ပဲ သန်မာပါတယ်။ "
"ဒါပေမဲ့ ငါ မင်းကို တစ်ခုတော့ သတိပေးချင်တယ်။ အဲ့ဒီကို မသွားခင်မှာ သေချာ ထပ်ပြီး စဉ်းစားစေချင်တယ်။ "
"အဲ့ဒီမှာ... ရလဒ်ကောင်း တွေ ရှိလာမှာ မဟုတ်ဘူး။"
လုချန်းကျီက ထန်ထျန်း၏ မျက်လုံးများကို ကြည့်ကာ အလွန်လေးနက်သော လေသံဖြင့် ပြောလိုက်တော့သည်။